မှတ်သားဖွယ်ရာ
ကျမ်းစာပုံပြင်များ
(ပထမတွဲ)
မိုးဦးဇွန်ပန်း (A.W.R)
ပြုစုသည်
ပုံပြင်- ၁ စကြဝဠာကြီးဘယ်လိုဖြစ်လာသလဲ
ပုံပြင်- ၂ ကမ္ဘာ့လူသားဘယ်ကစ
ပုံပြင်- ၃ မြွေရဲ့စကားတစ်ချက်လူရဲ့အမှားတစ်သက်
ပုံပြင်- ၄ ပထမဆုံးလူသတ်မှု
ပုံပြင်- ၅ ကမ္ဘာ့ပထမဆုံးသင်္ဘောသား
ပုံပြင်- ၆ ဘာသာစကားတွေဘယ်လိုစကွဲလာသလဲ
ပုံပြင်- ၇ ဘုရားသခင်ညွှန်ရာဦးတည်လာသူ
ပုံပြင်- ၈ ကျွန်မကလေးဟာဂရ
ပုံပြင်- ၉ ထူးဆန်းသောဧည့်သည်တော်များ
ပုံပြင်-၁၀ သောဒုံမြို့သားတို့ရဲ့အပြစ်ဒဏ်
ပုံပြင်-၁၁ ဆားတိုင်ဖြစ်သွားသောအမျိုးသမီး
ပုံပြင်-၁၂ ယဇ်ကောင်ကလေးဣဇာက်
ပုံပြင်-၁၃ ဣဇာက်အတွက်အိမ်ထောင်ဘက်
ပုံပြင်-၁၄ လူမျိုးနှစ်မျိုးဖြစ်လာသောအမြွှာညီနောင်
ပုံပြင်-၁၅ ယာကုပ်ရတဲ့အဖေပေးသောကောင်းချီး
ပုံပြင်-၁၆ ဧသောကောင်းချီးမင်္ဂလာမှလွတ်သွားခြင်း
ပုံပြင်-၁၇ ယာကုပ်နဲ့ထူးဆန်းသောလှေကား
ပုံပြင်-၁၈ အိမ်ထောင်ရေးအတွက်အစေခံလေးယာကုပ်
ပုံပြင်-၁၉ လာဗန်နဲ့ယာကုပ်တို့ရဲ့နောက်ဆုံးကတိသစ္စာ
ပုံပြင်-၂၀ အငြိုးပြေတဲ့ညီအစ်ကို
ပုံပြင်-၂၁ ရောင်းစားခံရသောညီငယ်လေး
ပုံပြင်-၂၂ သစ္စာရှိသောလူငယ်လေး၏ကံကြမ္မာ
ပုံပြင်-၂၃ အိပ်မက်ဆရာအကျဉ်းသားလေး
ပုံပြင်-၂၄ ရှင်ဘုရင်အိပ်မက်ကိုအနက်ဖွင့်နိုင်သောယောသပ်
ပုံပြင်-၂၅ ဉာဏ်ပညာနှင့်ပြည့်စုံသောအီဂျစ်ဘုရင်ခံလေး
ပုံပြင်-၂၆ ပညာပေးခံရသောညီအစ်ကိုတစ်စု
ပုံပြင်-၂၇ ဘုရင်ခံကိုညီဖြစ်မှန်းမသိတဲ့ညီအစ်ကိုတစ်စု
ပုံပြင်-၂၈ ခွင့်လွှတ်တတ်တဲ့ဘုရင်ခံလေး
ပုံပြင်-၂၉ ကောင်းချီးပေးခံရသောကလေးနှစ်ဦး
ပုံပြင်-၃၀ ရေထဲမှမင်းသားလေး
ပုံပြင်-၃၁ အမျိုးကိုသိသောမောရှေ
ပုံပြင်-၃၂ ဘုရားသခင်တာဝန်ပေးခြင်းခံရသော သိုးထိန်းလေး
ပုံပြင်-၃၃ ဖါရောဘုရင်နှင့် မောရှေညီအစ်ကို
ပုံပြင်-၃၄ အီဂျစ်ပြည်မှအံ့ဖွယ်နိမိတ်လက္ခဏာများ
ပုံပြင်-၃၅ နှစ်ခြမ်းကွဲသောပင်လယ်
ပုံပြင်-၃၆ မိုးကောင်းကင်မှကျလာသောမုန့်
ပုံပြင်-၃၇ ငါ့ကိုချစ်ရင်ငါ့ပညတ်ကိုစောင့်ပါ
ပုံပြင်-၃၈ ရွှေနွားရုပ်
ပုံပြင်-၃၉ လောင်မီးကျလို့သေဆုံးသူနှစ်ယောက်
ပုံပြင်-၄ဝ ဆောင်ရန်ရှောင်ရန်အစားအစာများ
ပုံပြင်-၄၁ လေထဲမှငုံးငှက်များ
ပုံပြင်-၄၂ ဒဏ်ခတ်ခံရသောမိရိအံ
ပုံပြင်-၄၃ မတူညီတဲ့သူလျှိုဆယ့်နှစ်ယောက်
စာရေးသူ၏အမှာစာ
ကလေးတို့ကို ပြောချင်တာက. . .
ကလေးတို့ဟာ လူမျိုးတိုင်းရဲ့ မျိုးဆက်သစ်ခေတ် ကလေးသူငယ် တွေ ဖြစ်ကြတဲ့အတွက် နည်းပညာတွေ တိုးတက်ထွန်းကား လွှမ်းမိုးနေ တဲ့ခေတ်မှာ ထာဝရဘုရားသခင်က သွန်သင်ထားတဲ့ ခရစ်ယာန်သမ္မာ ကျမ်းစာမှ ဘုရားသခင်ရဲ့ နှုတ်တော်ထွက်စကားတွေနဲ့ ဝေးကွာသွားပြီး မေ့လျော့၊ လမ်းမှား၊ သွေဖည်၊ ပျောက်ကွယ်သွားမှာ စိုးရိမ်မိတယ်လေ။ ဒါကြောင့်. . . သင်ခန်းစာရယူနိုင်တဲ့ ခရစ်ယာန်သမ္မာကျမ်းစာထဲက ပုံပြင် တွေကို ကလေးတို့ဖတ်မိ၊ သိရှိစိတ်ဝင်စားပြီး အလွယ်တကူ မှတ်မိမှတ် သားနိုင်ဖို့အတွက် ရှာဖွေထုတ်နုတ်ရေးသားပေးလိုက်တယ်။
ခရစ်ယာန်သမ္မာကျမ်းစာတစ်အုပ်လုံးထဲက ပထမတွဲ၊ ဒုတိယတွဲ၊ တတိ ယတွဲနှင့် စတုတ္ထတွဲဆိုပြီး ထုတ်နုတ်ရေးသားပေးမှာ ဖြစ်တယ်။ အခု “ပထမတွဲ” အဖြစ်ထုတ်တဲ့ပုံပြင်ကို ကလေးတို့ ဖတ်လို့ရပါပြီ။
ပုံပြင်လို့ဆိုပေမယ့် တကယ့်ဖြစ်ရပ်မှန်တွေကွယ့်။ ဖတ်ရှုတဲ့ ကလေး၊ သူငယ်၊ လူကြီးအားလုံးရဲ့ ဘဝအသက်တာတစ်လျှောက်မှာ သင်ခန်းစာရစရာ၊ ဆင်ခြင်စရာ၊ မှတ်သားစရာ၊ ဝိညာဉ်ခွန်အား တိုးပွား စရာတွေဖြစ်ပြီး ထာဝရဘုရားသခင်ကပေးတဲ့အလင်းတရား တွေရရှိနိုင် ကြပါစေ. . . လို့ ယေရှုခရစ်တော်၏ နာမတော်မြတ်၌ ဆုမွန်ကောင်း တောင်းရင်း. . . ဖတ်ရှုသူတိုင်းအပေါ် ဘုရားသခင်ရဲ့ ကြွယ်ဝသော ကောင်းချီးမင်္ဂလာသက်ရောက်ပါစေ။
မိုးဦးဇွန်ပန်း (A.W.R)
အခန်းကြီး - ၁
ပုံပြင်-၁
စကြဝဠာကြီးဘယ်လိုဖြစ်လာသလဲ
ကမ္ဘာဦး ၁။ ၂။
ကလေးတို့ရေ. . . ကလေးတို့ရဲ့အိမ်မှာ ကစားစရာအရုပ်ကလေး တွေဖြစ်တဲ့ မော်တော်ကား၊ မီးရထား၊ ကော်ရုပ်လှလှလေးတွေ ရှိကြမှာ ပေါ့နော်။ ဒီလိုလှလှပပအရုပ်ကလေးတွေကို ပြုလုပ်တဲ့လူရှိတယ်ကွယ့်။ ပြုလုပ်တဲ့လူရှိမှလည်း သိမှာပေါ့နော်။ ပြုလုပ်တဲ့လူ မရှိဘဲ အလိုလိုဖြစ် လာတာတော့ ဘယ်ရှိမလဲကွယ်။
ဒီလိုပဲကွယ့်၊ အခုကလေးတို့ရော၊ လူတွေ၊ တိရစ္ဆာန်တွေရော နေထိုင်ပြီး သစ်ပင်၊ သီးပင်တွေ၊ မြက်ပင်တွေပေါက်ရောက်နေတဲ့ ဒီကမ္ဘာ ကြီးကိုလည်း ပြုလုပ်တဲ့ ပုဂ္ဂိုလ်ရှိတယ်ကွယ့်။ ကမ္ဘာကြီးကို သာမကဘူး စကြဝဠာကြီးတစ်ခုလုံးကိုလည်း အဲဒီပုဂ္ဂိုလ်ပဲ ပြုလုပ်ဖန်ဆင်းခဲ့တယ်။ အဲဒီပုဂ္ဂိုလ်က ဘယ်သူလဲသိလား။ မသိရင်မှတ်ထားနော်။ အဲဒီပုဂ္ဂိုလ်က ထာဝရဘုရားသခင်ဖြစ်တယ်။ ထာဝရဘုရားသခင်ဟာ လက်နဲ့ပြုလုပ် ထားတာတော့မဟုတ်ဘူးပေါ့။ တန်ခိုးတော်နဲ့ဖန်ဆင်းတာလေ။
ဘယ်လိုစပြီးဖန်ဆင်းခဲ့သလဲဆိုတာ ပြောပြမယ်။ ဘုရားသခင် ဟာ ကမ္ဘာကြီးကိုဖန်ဆင်းတဲ့အခါမှာ ကမ္ဘာကြီးဟာ အသွင်သဏ္ဌာန် မရှိ ဘူးကွယ့်။ သမုဒ္ဒရာရေပြင်ကြီးဟာလည်း မှောင်လို့နေတာပေါ့။ ဘုရား သခင်က “အလင်းရောင်ဖြစ်စေ” လို့ အမိန့်ချမှတ်လိုက်တာနဲ့ အလင်း ရောင်ဖြစ်လာသတဲ့ကွယ်။
နောက်ပြီးအလင်းနဲ့အမှောင်ကို ပိုင်းခြားလိုက်တယ်။ အလင်းကို နေ့လို့ခေါ်တွင်စေပြီး၊ အမှောင်ကိုညဉ့်လို့ခေါ်တွင်စေခဲ့တယ်။ ညဉ့်ဦးက နေ နံနက်အထိ တစ်ရက်လို့ခေါ်ပြီး ပထမနေ့ရက် လို့သတ်မှတ်လိုက် သတဲ့ကွယ်။ ဒုတိယနေ့မှာ မိုးမျက်နှာကြက်ကို ဖန်ဆင်းပြီး မိုးမျက်နှာ
ကြက်ရေနဲ့ အောက်ရှိရေဆိုပြီး နှစ်ပိုင်းခွဲခြားလိုက်တယ်။
ရေဟာ သက်ရှိသတ္တဝါတွေကို အပင်အတွက် မရှိမဖြစ်တဲ့အရာ ပေါ့။ မိုးမျက်နှာကြက်ကို မိုးကောင်းကင်လို့ ခေါ်တွင်စေသတဲ့ကွယ်။ တတိယနေ့မှာတော့ ကုန်းနဲ့ရေကိုဖန်ဆင်းတယ်။ ကုန်းကို မြေကြီးလို့ ခေါ်တွင်စေပြီး ရေကိုတော့ ပင်လယ်လို့ခေါ်တွင်စေသတဲ့။
နောက်ပြီး ဘုရားသခင်က “ကောက်ပဲသီးနှံနဲ့ သစ်သီးပင် အမျိုး မျိုးကို မြေကြီးပေါ်မှာပေါက်စေ” လို့ အမိန့်ပေးလိုက်တဲ့အတိုင်း မြေကြီး ပေါ်မှာ အပင်အမျိုးမျိုး ပေါက်လာကြသတဲ့ကွယ်။ စတုတ္ထနေ့ရောက် တော့ မိုးကောင်းကင်မှာ အလင်းဗိမာန်တွေကို ဖန်ဆင်းပြီး မြေကြီးပေါ် မှာ အလင်းရစေခဲ့တယ်။ နေ့နဲ့ညဉ့်ကိုခွဲခြားပြီး ရက်၊ လ၊ နှစ်ကို သတ် မှတ်နိုင်ဖို့အတွက် နေ့မှာအလင်းပေးကြီးစိုးဖို့ “နေ” ညဉ့်မှာအလင်းပေး ကြီးစိုးဖို့ “လ” နဲ့ “ကြယ်” တွေကိုဖန်ဆင်းခဲ့တယ်။
နောက်ပြီး ပဉ္စမနေ့ရက်မှာ ရေထဲမှာရှိတဲ့ သတ္တဝါအမျိုးမျိုးဖြစ် ပွားစေ၊ လေထဲမှာလည်း ငှက်တွေပျံဝဲစေလို့ အမိန့်ပေးလိုက်တဲ့အခါ ရေသတ္တဝါအမျိုးမျိုးနဲ့ ငှက်အမျိုးမျိုး ပေါက်ပွားတိုးပွားလာခဲ့တယ်။ သတ္တ ဝါအားလုံးကိုဖန်ဆင်းပြီး ဘုရားသခင်ဟာ ကောင်းချီးပေးသတဲ့ကွယ်။ ဆဌမနေ့ရက်ကို ရောက်တဲ့အခါမှာတော့ ဘုရားသခင်ဟာ တိရစ္ဆာန် အယဉ်နဲ့တိရစ္ဆာန်အရိုင်း အကြီးအငယ်အမျိုးမျိုးကို ကမ္ဘာမြေကြီးပေါ်မှာ ဖန်ဆင်းခဲ့တယ်။ အဲဒီဆဌမနေ့မှာပဲ ဘုရားသခင်က မိမိပုံသဏ္ဌာန်နဲ့တူတဲ့ လူယောက်ျားနဲ့လူမိန်းမကို ဖန်ဆင်းပြီး သူတို့ကို ကောင်းချီးပေးသတဲ့ ကွယ်။
ကလေးတို့ရေ၊ ဒါကြောင့် စကြဝဠာကြီးနဲ့ လူသတ္တဝါအားလုံးကို ထာဝရဘုရားသခင်က ဖန်ဆင်းခဲ့တယ်ဆိုတာ သိကြပြီပေါ့နော်။ ဒီအထဲ မှာကလေးတို့လည်းပါတာပေါ့။ ဒါကြောင့် ခရစ်ယာန်သမ္မာကျမ်းစာက ဘယ်လိုဖော်ပြထားသလဲဆိုရင် ဘုရားသခင်ဟာ ကောင်းကင်နဲ့မြေကြီး ကို ဖန်ဆင်းရုံသာမကဘူးကွယ့်၊ စကြဝဠာကြီးတစ်ခုလုံးကို ဖန်ဆင်းခဲ့ တယ်။ သူဖန်ဆင်းတဲ့ သူ့သားသမီးအားလုံးကို မေတ္တာ၊ ကရုဏာရှိပြီး အမြဲချစ်နေတဲ့အတွက်ကြောင့် အမြဲကောင်းချီးပေးနေပါတယ်။ ဘုရား သခင်ချစ်တဲ့ ကလေးတို့အားလုံးလည်း ဘုရားသခင်ပေးတော်မူတဲ့ ကောင်းချီးမင်္ဂလာအဖြာဖြာခံစားကြရပါစေကွယ်။
အခန်းကြီး - ၂
ပုံပြင်-၂
ကမ္ဘာ့လူသားဘယ်ကစ
ကမ္ဘာဦး
၁:၂၆-၃၁။
၂း၁-၂၄။
ကလေးတို့ရေ. . ဒီနေ့ကမ္ဘာပေါ်မှာ
တိုင်းပြည်တိုင်း၊ မြို့တိုင်း၊ ရွာတိုင်းမှာ လူတွေတော်တော်များလာတယ်။ ဒီလူတွေဟာ
ဟိုး.. အစက ဘယ်လိုစပြီး လူဖြစ်လာသလဲဆိုတာ စဉ်းစားမိကြသလားကွယ်။ လူစ ဖြစ်လာပုံကိုပြောပြမယ်လေ။
ဒီလိုကွယ့်၊ ဟိုးရှေးရှေးတုန်းက
ကမ္ဘာမြေကြီးပေါ်မှာ “လူ” ဆို တာမရှိသေးဘူး။ လူကိုလည်း ဘုရားသခင်က ဖန်ဆင်းခဲ့တာပဲ။
ဒါပေ မယ့် ဘုရားသခင်ဟာ လူကိုဖန်ဆင်းတာ ထူးဆန်းတယ်ကွယ့်။ သူ့ရဲ့ ပုံသဏ္ဌာန်နဲ့အညီ
လူကိုဖန်ဆင်းခဲ့တယ်။ စပြီးပြုလုပ်ဖန်ဆင်းပုံကတော့ ဘုရား သခင်ဟာ မြေကြီးကိုယူပြီး
လူကို မိမိပုံသဏ္ဌာန်နဲ့ တူအောင် ကောင်းကောင်းပြုလုပ်တယ်။ ပြီးတော့ လူရဲ့နှာခေါင်းထဲကို
ဇီဝအသက် မှုတ်သွင်းတဲ့အခါ လူဟာအသက်ရှင်တဲ့သတ္တဝါဖြစ်လာတာပေါ့ကွယ်။
နောက်ပြီး ဘုရားသခင်က “လူဟာတစ်ယောက်ထဲ နေထိုင်ဖို့
မသင့်လျော်ဘူး။ ပျင်းစရာလည်း ဖြစ်လိမ့်မယ်။ သူ့ကို ကူညီဖို့သင့်လျော် တဲ့အဖော်ကို ဖန်ဆင်းပေးမှပဲ”
ဆိုပြီး လူကိုနှစ်နှစ်ခြိုက်ခြိုက် အိပ်မော ကျစေသတဲ့ကွယ်။ အဲ. .
လူအိပ်မောကျသွားတဲ့အခါမှာ လူရဲ့နံရိုး တစ် ချောင်းကို ထုတ်ယူပြီးတော့ အသားကို ပြန်ပိတ်တယ်။
အဲဒီ ထုတ်ယူတဲ့ နံရိုးနဲ့ မိန်းမကိုဖန်ဆင်းပြီး လူရှေ့ကိုခေါ်ဆောင်သွားတယ်။
ဘုရားသခင် က “သူ့ကို လူယောက်ျားမှ ထုတ်ယူရတဲ့အတွက် လူမိန်းမလို့ မှည့်ခေါ်ရ
မယ်”
လို့ဆိုသတဲ့ကွယ်။
လူမိန်းမနဲ့လူယောက်ျားကို နှစ်ဦးစုံဖက်ပေးပြီး
ဘုရားသခင်က ကောင်းချီးပေးတယ်ကွယ့်။ နောက်ပြီး “သင်တို့ သားသမီး အများကြီး မွေးဖွားကြပါ။
ကမ္ဘာမြေကြီးကိုလည်း စိုးပိုင်ကြပါ။ ရေဆိုပြီး သတ္တဝါနဲ့ တိရစ္ဆာန် အရိုင်းအယဉ် အမျိုးမျိုးတို့ကို
အုပ်စိုးကြပါ” ဘုရားသခင်က လူတို့ကိုမိန့်တော်မူသတဲ့ကွယ်။ ဘုရားသခင်ဟာ
သူဖန်ဆင်းထားသမျှကို ကြည့်ပြီး အင်မတန်မှ နှစ်သက်သဘောကျတာပေါ့ကွယ်။
စကြဝဠာကြီးနဲ့ လူ၊ တိရစ္ဆာန်တွေကို ဖန်ဆင်းတာ၊
ဆဌမနေ့မှာ အားလုံးပြီးစီးသွားတယ်။ သတ္တမနေ့ရောက်တဲ့အခါမှာ ဘုရားသခင်ဟာ ရပ်နားပြီး
အဲဒီနေ့ကို ကောင်းချီးပေးတယ်။ အထူးနေ့အဖြစ်လည်း သတ် မှတ်လိုက်သတဲ့ကွယ်။
အဲဒီအထူးနေ့ကတော့ ဥပုသ်နေ့ပေါ့။ ဒါကြောင့် သတ္တမနေ့ကို ရောက်တဲ့အခါ လူတွေဟာ
မိမိတို့အလုပ်ကို ရပ်နားပြီး စိတ်အေးလက်အေးဘုရားသခင်နဲ့ မိတ်သဟာယဖွဲ့
ဥပုသ်စောင့်ကြတာ ဒီနေ့အထိပဲကွယ့်။ ကလေးတို့ရေ၊ ဘုရားသခင်ဟာ စကြဝဠာကြီးကို ဖန်ဆင်းပြီးတဲ့အခါမှာ
မြေပေါ်ကို မိုးမရွာစေသေးဘူးကွယ့်။ ဒါပေမယ့် မြေအောက်ကနေ ရေထွက်စေတဲ့အတွက် မြေကို စွတ်စိုစေတာပေါ့။
ဘုရားသခင်ဟာ အရှေ့ဘက်မှာရှိတဲ့ဧဒင်အရပ်မှာ ဥယျာဉ်ကို တည်ပြီး
ဖန်ဆင်းထားတဲ့လူတွေကို ဧဒင်ဥယျာဉ်ကြီးထဲမှာ နေစေသတဲ့ကွယ်။
ဥယျာဉ်ထဲမှာလည်း ရှုချင်စဖွယ်အရာတွေနဲ့
စားချင်စဖွယ် ကောင်းတဲ့အသီးပင်အမျိုးမျိုးကို ပေါက်စေခဲ့တယ်။ ဥယျာဉ်ရဲ့အလယ်
မှာတော့ အသက်ရှင်စေတဲ့အသက်ပင်ရှိတယ်။ နောက်ပြီး အကောင်းနဲ့ အဆိုးကို ပိုင်းခြားသိမြင်စေနိုင်တဲ့အပင်လည်း
ရှိသေးတယ်ကွယ့်။ ဘုရား
သခင်ဟာ ဧဒင်ဥယျာဉ်ကို ထွန်ယက်စိုက်ပျိုးဖို့နဲ့
စောင့်ရှောက်ထိန်းသိမ်း ဖို့ လူကိုဥယျာဉ်ထဲမှာနေစေတယ်။ ဘုရားသခင်က လူကို
အကောင်းနဲ့ အဆိုးပိုင်းခြားသိမြင်နိုင်တဲ့အပင်ရဲ့အသီးကိုမစားရဘူး။ ကျန်တဲ့အပင်ရဲ့ အသီးကို
စားလို့ရတယ်။ အကောင်းနဲ့အဆိုးကို ပိုင်းခြားသိမြင်နိုင်တဲ့
အပင်ရဲ့အသီးကိုစားရင်သေရလိမ့်မယ်” လို့မိန့်တော်မူထားသတဲ့ကွယ်။
ဘုရားသခင်ဟာ
ဖန်ဆင်းတဲ့တိရစ္ဆာန်နဲ့ငှက်အားလုံးကို အသီးသီး နာမည်မှည့်ခေါ်ဖို့ လူဆီကို ခေါ်သွားတယ်ကွယ့်။
လူကမှည့်ခေါ်တဲ့ အတိုင်း ဒီနေ့အထိနာမည်တွင်စေခဲ့သတဲ့ကွယ်။
ဒါကြောင့် တိရစ္ဆာန်လေးတွေဟာ ခွေး၊ ကြောင်၊
ကျား၊ ခြင်္သေ့၊ ဝက်ဝံဆိုပြီး သူ့နာမည်နဲ့သူရှိကြတာပေါ့။ လူယောက်ျားကိုလည်း အာဒံ လို့
ဘုရားသခင်ကနာမည်မှည့်သတဲ့။ အဲဒီအချိန်ကစပြီး လူယောက်ျား အာဒံဟာ သူ့ဇနီးလူမိန်းမနဲ့
ဧဒင်ဥယျာဉ်ကြီးထဲမှာ လှပတဲ့ပန်းပင်တွေ၊ နှစ်သက်ဖွယ်ကောင်းတဲ့သစ်သီးပင်တွေနဲ့ ချစ်စဖွယ်ကောင်းတဲ့
တိရစ္ဆာန် လေးတွေနဲ့အတူ ဘုရားသခင်ရဲ့စကားကို နားထောင်ပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြသတဲ့ကွယ်။
ကလေးတို့ရေ.. ဘုရားသခင်ဟာ လူကိုဖန်ဆင်းတဲ့အခါ
“ဖြစ်စေ” ဆိုပြီး မဖန်ဆင်းဘဲ သူ့ပုံသဏ္ဌာန်အတိုင်း ရွှံ့နဲ့သေသေချာချာပြုလုပ်ပြီး
ဇီဝအသက်ကို နူးညံ့သိမ်မွေ့စွာ မှုတ်သွင်းတာကို ကြည့်ခြင်းဖြင့် သူဖန် ဆင်းထားတဲ့သားသမီးတွေကို
ဘယ်လောက်ဂရုစိုက်လဲ၊ ဘယ်လောက် မေတ္တာကရုဏာရှိသလဲဆိုတာ သိနိုင်တာပေါ့။ ဒါကြောင့်
ကလေးတို့ လည်း ဘုရားသခင်ဖန်ဆင်းထားတဲ့ သားသမီးလေးတွေဖြစ်တဲ့အတွက်
ဘုရားသခင်ရဲ့မေတ္တာတော်ကို နားလည်နိုင်ကြပါစေကွယ်။
အခန်းကြီး - ၃
ပုံပြင်-၃
မြွေရဲ့စကားတစ်ချက်လူရဲ့အမှားတစ်သက်
ကမ္ဘာဦးကျမ်း
၃။
ကလေးတို့ရေ.
. . ဘုရားသခင်ဖန်ဆင်းထားတဲ့ ဧဒင်ဥယျာဉ်ကြီး
ထဲမှာ ဘုရားသခင် ဖန်ဆင်းထားတဲ့ လူယောက်ျားအာဒံနဲ့ လူမိန်းမရယ်၊ အပင်အမျိုးမျိုး၊
တိရစ္ဆာန်အမျိုးမျိုး ရှိတာပေါ့ကွယ်။ ဘုရားသခင်က အာဒံနဲ့ လူမိန်းမကို ဥယျာဉ်ထဲက အပင်တွေရဲ့အသီးအားလုံးကို
စားလို့ရ တယ်။ ဒါပေမယ့် ဥယျာဉ်အလယ်မှာရှိတဲ့အပင်ရဲ့အသီးကိုတော့မကိုင်နဲ့၊
မစားနဲ့လို့ကောင်း ကောင်းသတိပေးမှာထားသတဲ့ကွယ်။
အဲဒီအချိန်မှာ ဥယျာဉ်ထဲက ဘုရားသခင်ဖန်ဆင်းထားတဲ့
မြွေဆို တဲ့တိရစ္ဆာန်ဟာ တခြားတိရစ္ဆာန်တွေထက် လိမ္မာသတဲ့ကွယ်။ အဲ..... စာတန်က အခွင့်ကောင်းယူပြီး မြွေကိုဝင်ပူးလိုက်တယ်။ ပြီးတော့ လူမိန်း မဆီသွားသတဲ့ကွယ်။
ဖြစ်ချင်တော့ လူမိန်းမက ဘုရားသခင် တားမြစ် ထားတဲ့ဥယျာဉ်အလယ်မှာရှိတဲ့အပင်ရဲ့အနားမှာ
တစ်ယောက်ထဲရှိနေတဲ့ အချိန်ပေါ့။ မြွေဟာ လူမိန်းမအနားကို ကပ်ပြီး
“ဥယျာဉ်အလယ်မှာရှိတဲ့ အပင်ရဲ့အသီးကို မစားရဘူးလို့ ဘုရားသခင် တကယ်ပြောသလားလို့”
မေးသတဲ့ကွယ်။ လူမိန်းမက “ဟုတ်တယ်ရှင့်၊ တခြားဥယျာဉ်ထဲမှာရှိတဲ့ အပင်တွေရဲ့အသီးကို စားလို့ရတယ်။
ဒီဥယျာဉ် အလယ်မှာရှိတဲ့အပင်ရဲ့ အသီးကိုစားလို့ရှိရင် သေလိမ့်မယ်” လို့ ဘုရားသခင်က ပြောထားတယ်
ဆိုပြီး မြွေကိုပြန်ပြောတာပေါ့။
ဒါနဲ့မြွေကလည်း “စားလို့ရတယ်၊ ခင်ဗျားတို့ တကယ်သေရမှာ
မဟုတ်ပါဘူး။
ဘာဖြစ်လို့လဲဆိုရင် အဲဒီအသီးကိုစားတဲ့နေ့မှာ ခင်ဗျားတို့ ဟာမျက်စိပွင့်လင်းလာပြီး
ကောင်းမကောင်းကို သိတယ်” လို့ မိန်းမကို မယုံယုံအောင်သွေးဆောင်တာပေါ့။ အဲဒီအပင်ဟာအဆင်းလည်းလှတယ်။ အသီးဟာလည်း စားချင် စဖွယ်ကောင်းပုံပေါ်တယ်။
ပညာတိုးပွားစေမယ့်ပုံ၊ နှစ်သက်စရာကောင်း တဲ့ပုံဖြစ်တာကို မိန်းမကမြင်တဲ့အခါမှာ
မြွေပြောတာကို ယုံပြီး အသီးကို ခူးစားပါလေရောကွယ်။ ဒီအချိန်မှာပဲ သူမရဲ့ယောက်ျား
အာဒံဟာ သူမ အနားကို ရောက်လာတဲ့အခါ မိန်းမက အာဒံကို အသီးပေးကျွေးတော့
အာဒံလည်းစားလိုက်သတဲ့ကွယ်။ အဲ.... ဒီအချိန်မှာ
ဘာတွေဖြစ်သွားလဲ ဆိုတော့ သူတို့နှစ်ယောက်စလုံးဟာ သူတို့ဆီမှာရှိတဲ့ ဘုရားသခင်ရဲ့ တန်ခိုးတော်ပျောက်ကွယ်သွားပြီး
သူတို့ အဝတ်အချည်းစည်းရှိတာကို သိမြင်လာကြတယ်။ သူတို့ဝတ်ဖို့ သင်္ဘောသဖန်းပင်အရွက်ကို
ချုပ်ပြီး ခါးစည်းတွေ၊ ဝတ်စုံတွေချုပ်တော့တာပဲတဲ့ကွယ်။
ဒါနဲ့ပဲနေအေးသွားတဲ့အချိန်ရောက်တော့ ဘုရားသခင်ဟာ
ဧဒင် ဥယျာဉ်ထဲကိုကြွလာတာပေါ့။ ဘုရားသခင်ကြွလာတဲ့အသံကို အာဒံနဲ့လူ မိန်းမတို့ကြားတဲ့အခါမှာ
ကြောက်ပြီးတော့ အပင်တွေရဲ့ အောက်မှာ လိုက်ပုန်းနေကြသတဲ့ကွယ်။ ဘုရားသခင်က အာဒံကို
ခေါ်တာပေါ့။ ဒီလို ခေါ်တဲ့အခါ အာဒံက “ကိုယ်တော်ဘုရားသခင်ရဲ့ အသံကို ကျွန်တော်မျိုး
ကြားပါတယ်။ ကျွန်တော်တို့ အဝတ်ချည်းစည်းရှိတဲ့အတွက် ကြောက်လို့ ပုန်းနေပါတယ်” လို့
ပြန်လျှောက်တာပေါ့ကွယ်။ ဘုရားသခင်ကလည်း “အဝတ်ချည်းစည်းရှိတာကို သင့်ကို
ဘယ်သူပြောသလဲ၊ ငါ “မစားရ” လို့ ပြောထားတဲ့အပင်ရဲ့အသီးကိုစားပြီး မဟုတ်လား”
လို့မေးတော့ အာဒံက “ကိုယ်တော် ကျွန်တော့်အတွက် ဖန်ဆင်းပေးတဲ့မိန်းမက ကျွန်တော့်ကို
ကျွေးလို့စားမိပါတယ်” လို့ ပြန်လျှောက်တာပေါ့။
ဘုရားသခင်က မိန်းမကို “သင် ဘယ်လိုလုပ်လိုက်တာလဲ၊
ဘာ ဖြစ်လို့ဒီအသီးကိုစားရတာလဲ” လို့မေးတော့၊ မိန်းမက “မြွေဟာ ကျွန်မကို လှည့်စားပြီး
စားခိုင်းလို့စားရပါတယ်” ဆိုပြီး တစ်ဦးအပေါ် တစ်ဦးလွဲချ ကြသတဲ့ကွယ်။
ဒါနဲ့ပဲထာဝရဘုရားသခင်က မြွေကိုခေါ်ပြီး
အပြစ်ဒဏ်ပေးလိုက် တယ်ကွယ့်။ ဘယ်လိုအပြစ်ဒဏ်လဲဆိုတော့ “သင်ဟာ သားယဉ်၊ သားရဲ တွေထက် ကျိန်ခြင်းခံရမယ်၊
ဝမ်းနဲ့သွားပြီး မြေမှုန့်ကို တစ်သက်လုံးစားရ မယ်၊ သင်နဲ့မိန်းမကိုရော၊
သင်ရဲ့အမျိုးအနွယ်နဲ့ မိန်းမရဲ့အမျိုးအနွယ်ကို ရော ရန်ငြိုးဖွဲ့စေမယ်။ သူဟာ
သင်ရဲ့ခေါင်းကို ချေလိမ့်မယ်။ သင်ဟာ လည်း သူရဲ့ဖနှောက်ကို ပေါက်လိမ့်မယ်” လို့
ပြောလိုက်သတဲ့ကွယ်။
နောက်ပြီးဘုရားသခင်က မိန်းမကိုလည်း “သင်ဟာ
ကိုယ်ဝန် ဆောင်ပြီး သားဖွားတဲ့ဝေဒနာကို ပင်ပင်ပန်းပန်းခံရမယ်။ သင်ရဲ့ခင်ပွန်း အလိုကိုလိုက်ရပြီး
သင့်ကို အုပ်စိုးလိမ့်မယ်” လို့ ပြောတယ်။ ယောက်ျား ကိုလည်း “အဲဒီအပင်ရဲ့အသီးကို မစားရဘူးလို့
ငါပညတ်ထားပေမယ့် သင့်မယားစကားကို နားထောင်ပြီးစားတဲ့အတွက်ကြောင့် မြေကြီးဟာ ကျိန်စာသင့်ရတယ်။
သင်ဟာ မိမိရဲ့ ဝမ်းစာအတွက် မြေကသီးနှံထွက်စေ ဖို့ တစ်သက်လုံး ပင်ပင်ပန်းပန်းလုပ်ကိုင်ရမယ်၊
မြေမှဆူးချုံနဲ့ပေါင်းပင် တွေပေါက်လိမ့်မယ်၊ လယ်မှာ ဖြစ်တဲ့ဟင်းသီးဟင်းရွက်ကို သင်စားရလိမ့်
မယ်။ သင်ဟာမြေကနေ ဖြစ်လာတဲ့အတွက်ကြောင့် မြေကိုပြန်သွားရတဲ့ အထိမြေမှသီးနှံထွက်စေဖို့
ပင်ပင်ပန်းပန်းလုပ်ကိုင်ရမယ်။ သင်ဟာ မြေမှ
ထွက်လာပြီး
မြေကိုပြန်ရလိမ့်မယ်” လို့ အာဒံကို မိန့်တော်မူသတဲ့ကွယ်။
အာဒံက ဘယ်စိတ်ကောင်းမလဲကွယ်။ ဒါပေမယ့် သူ့ပြစ်ဒဏ်
သူခံရတာပေါ့။ ဘယ်တတ်နိုင်မလဲ။ သူရဲ့မိန်းမကိုလည်း ဧဝလို့ အဲဒီ အချိန်ကစပြီး
နာမည်မှည့်ခေါ်သတဲ့။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာလော က
လူသားအပေါင်းရဲ့မိခင်ဖြစ်လာလို့ပေါ့ကွယ်။ ဘုရားသခင်ဟာ အာဒံနဲ့
ဧဝတို့အတွက်သားရေဝတ်လုံတွေပြုလုပ်ပေးပြီးဝတ်ဆင်စေသတဲ့ကွယ်။
အဲဒီအချိန်ကစပြီး လူဟာဘုရားသခင်စကားကို
နားမထောင်ဘဲ တားမြစ်ထားတဲ့အသက်ပင်ရဲ့အသီးကိုစားမိတဲ့အတွက် ကျဆုံးပြီးအသေ မျိုးဖြစ်ခဲ့ရတယ်ကွယ့်။
လူဟာ အကောင်းအဆိုးကိုလည်း သိမြင်လာပြီး တဲ့အချိန်မှာ အမြဲအသက်ရှင်စေတဲ့အပင်မှ
အသီးကိုစားပြီး အမြဲအသက် ရှင်ဖို့ ဘုရားသခင်ဟာခွင့်မပြုပါဘူး။
ဒါကြောင့် ဘုရားသခင်ဟာ လူကိုဥယျာဉ်ထဲက နှင်ထုတ်လိုက်
တယ်။ မြေကဖြစ်တဲ့လူကို မြေမှာပဲထွန်ယက်စိုက်ပျိုးစေပြီး အသက်မွေး ဝမ်းကျောင်းပြုစေသတဲ့။
နောက်ပြီး အသက်ပင်ရဲ့အနားကို ဘယ်သူမှ မကပ်နိုင်အောင်
လည်ပတ်နေတဲ့ဓါးမီးစက်လက်နက်နဲ့တကွ ခေရုဗိမ်တို့ ကို ဥယျာဉ်ရဲ့အရှေ့ဘက်မှာ အစောင့်ချထားပြီး
ဘုရားသခင်က ထိန်း သိမ်းထားသတဲ့ကွယ်။
အခန်းကြီး - ၄
ပုံပြင်-၄
ပထမဆုံးလူသတ်မှု
ကမ္ဘာဦးကျမ်း
၄:၁-၁၆
ကလေးတို့ရေ....
ကမ္ဘာ့ပထမဆုံးလူသားတွေဖြစ်တဲ့ အာဒံနဲ့ ဧဝ ဇနီးမောင်နှံဟာ ဘုရားသခင်စကားကို နားမထောင်တဲ့အတွက်
အပြစ် ကျူးလွန်သူတွေဖြစ်လို့ ဘုရားသခင်က ငြိမ်းချမ်းလှပသာယာ လှတဲ့ဧဒင် ဥယျာဉ်ကြီးထဲကနေ
အပြင်ဘက်ကို နှင်ထုတ်လိုက်သတဲ့ကွယ်။ ဥယျာဉ် ကိုလည်း မီးစက်လက်နက်နဲ့ကာကွယ်ထားပြီး
ကောင်းကင်တမန်တို့ကို အစောင့်ချထားတာပေါ့။ အာဒံနဲ့ဧဝဟာ ဥယျာဉ်ထဲကို ဘယ်တော့မှပြန် မဝင်ရတော့ဘူးတဲ့ကွယ်။
ကမ္ဘာပေါ်မှာနေလာလိုက်တာ တော်တော်လေး ကြာသွားတယ်
ကွယ့်။ လယ်မြေတွေကိုလည်း ထွန်ယက်စိုက်ပျိုးစားသောက်ကြရတာ ပေါ့။ ဒီလိုနဲ့နေလာရင်း
ဧဝဟာ သားလေးတစ်ယောက်မွေးဖွားတယ်။ ဧဝက ထာဝရဘုရားသခင်မစတဲ့အတွက် “ထာဝရ
ဘုရားသခင်ရဲ့လူကို ငါရပြီ” လို့ဆိုပြီး အဲဒီသားကို ကာဣနလို့နာမည် မှည့်သတဲ့ကွယ်။
နောက်မကြာခင်မှာဘဲ သားယောက်ျားတစ်ယောက် ထပ်ရသ တဲ့။
အဲဒီသားကို အာဗေလလိုနာမည်မှည့်သတဲ့ကွယ်။ သားနှစ်ယောက် အရွယ်ရောက်လာတဲ့အခါမှာ
သူတို့ရဲ့ဝါသနာအရ ညီအာဗေလက သိုး ထိန်းဖြစ်တယ်။ အစ်ကိုကြီးကာဣနက
လယ်သမားဖြစ်သတဲ့ကွယ်။
အချိန်တန်တဲ့အခါမှာ မိဘတို့ရဲ့ သွန်သင်လမ်းညွှန်တဲ့အတိုင်း
ထာဝရဘုရားသခင်ကိုပူဇော်ဖို့ သူတို့ရဲ့ပစ္စည်းတွေကိုယူလာကြတာပေါ့။
ဒီလိုယူလာတဲ့အခါမှာ ကာဣနဟာ
ထာဝရဘုရားသခင်ကို ပူဇော်ဖို့ အသီးအနှံတွေယူလာသတဲ့။ အာဗေလကတော့ သူရဲ့သိုးအုပ်ထဲမှ အဦး
ဆုံးပေါက်တဲ့သိုးကိုသတ်ပြီး အကောင်းဆုံးအပိုင်းကို ထာဝရဘုရားသခင် ကိုပူဇော်သတဲ့။
ထာဝရဘုရားသခင်က အာဗေလနဲ့ သူရဲ့ပူဇော်သကာကို နှစ်သက်ပြီးတော့
ကာဣနနဲ့သူရဲ့ပူဇော်သကာကို တော့မနှစ်သက်ဘူးတဲ့ ကွယ်။
ဒါကြောင့်ကာဣနဟာအင်မတန်မှ ဒေါသထွက်ပြီး မျက်နှာ
မျက် ခွက်ပျက်နေတာပေါ့။ ထာဝရဘုရားသခင်ကလည်း ကာဣနကို “သင်က ဘာဖြစ်လို့စိတ်ဆိုးပြီး
မျက်နှာပျက်နေရတာလဲ၊ သင်ဟာ မှန်မှန်ကန်က န်ပြုရင် မျက်နှာပြုံးရွှင်နိုင်ရမယ်။
ဒါပေမယ့် သင်ဟာ မကောင်းမှုကို ပြုခဲ့ တဲ့အတွက် အပြစ်တရားဟာ သားရဲတိရစ္ဆာန်လို
သင့်တံခါးအနီးမှာ ချောင်းမြောင်းနေတယ်။ အပြစ်က သင့်ကိုအုပ်စိုးလိုပေမယ့် သင်ကအ ပြစ်ကိုနိုင်ရမယ်”
လို့ မိန့်တော်မူတာပေါ့။ ဒါပေမယ့် ကာဣနဟာသဘော မပေါက်မကျေနပ်ဘဲရှိနေသတဲ့ကွယ်။
တစ်နေ့တော့ကာဣနဟာ သူရဲ့ညီအာဗေလကို ခေါ်ပြီး လမ်း
လျှောက်ထွက်မယ်ဆိုပြီးတော့ လယ်ထဲကိုထွက်လာကြသတဲ့။ လယ်ထဲ ရောက်တဲ့အခါ ကာဣနဟာ
သူ့ညီအာဗေလကို ရန်လုပ်ပြီး အသေသတ် လိုက်သတဲ့ကွယ်။ အဲဒီလိုသတ်ပြီးမသိသလို၊
အပြစ်မရှိသလိုနေသတဲ့။ ဒါနဲ့ထာဝရဘုရားသခင်က “သင့်ညီ အာဗေလ ဘယ်မှာရှိသလဲ” လို့ ကာဣန ကိုမေးတာပေါ့။
ကာဣနက “ကျွန်ုပ် မသိပါဘူး၊ ကျွန်ုပ်ဟာ ညီကိုစောင့်ထိန်းရတဲ့သူဖြစ်သလား” လို့
ပြန်လျှောက်သတဲ့ကွယ်။ ထာ ဝရဘုရားသခင်ကလည်း “သင်ဟာ ဘာဖြစ်လို့ ဒီဆိုးယုတ်တဲ့အမှုကို
ပြုရသလဲ၊ သင့်ညီအသွေးရဲ့အသံဟာ မြေထဲကနေငါ့ဆီကို အော်ဟစ်နေ ပြီ၊ ဒါကြောင့် သင်ဟာမြေကြီးရဲ့
ကျိန်ခြင်းကို ခံရတဲ့အတွက်ကြောင့် မြေကိုထွန်ယက်စိုက်ပျိုးပေမယ့်
အသီးအနှံမထွက်ဘူး။ သင်ဟာ မြေကြီး ပေါ်မှာပြေးနေရတဲ့သူ၊
လှည့်လည်နေရတဲ့သူဖြစ်လိမ့်မယ်” လို့မိန့်တော်မူ သတဲ့ကွယ်။
ဒါနဲ့ကာဣနဟာ တော်တော်စိတ်မကောင်းဖြစ်ပြီး
“ကျွန်ုပ် အပြစ် ဟာ မဖြေနိုင်လောက်အောင်ကြီးမားပါတယ်။ ကိုယ်တော်ပေးတဲ့ အပြစ် ဒဏ်ဟာ
ပြင်းထန်လှပါတယ်။ ကိုယ်တော်ပေးတဲ့ အပြစ်ဒဏ်ဟာ ပြင်း ထန်လှပါတယ်။ ကိုယ်တော်ဟာ
ကျွန်ုပ်ကို ဒီမြေမှ နှင်ထုတ်တော်မူပြီ၊ ကိုယ်တော်၏ မျက်မှောက်တော်မှလည်း
နှင်ထုတ်တော်မူပြီ၊ အိုးအိမ်မဲ့ပြီး မြေကြီးပေါ်မှာ လှည့်လည်နေရပါမယ်၊
တွေ့သမျှလူတွေဟာ ကျွန်ုပ်ကို သတ်ကြလိမ့်မယ်” လို့ပြန်လျှောက်သတဲ့ကွယ်။
ဒီအခါမှာ မေတ္တာကရုဏာရှိတဲ့ ထာဝရဘုရားသခင်က
“သင်ဒီလို မဖြစ်စေရပါဘူး။ သင့်ကို သတ်တဲ့သူဟာ အပြစ်ဒဏ်ခုနစ်ဆခံရမယ်” လို့ ပြန်မိန့်တော်မူသတဲ့ကွယ်။
ဒါကြောင့် ထာဝရဘုရားသခင်က ကာဣနကို တွေ့တဲ့လူတွေ၊ သူ့ကိုမသတ်ဖို့ သတိပေးတဲ့အမှတ်လက္ခဏာ
သူ့အပေါ် မှာမှတ်သားပေးလိုက်တယ်။ ကာဣနဟာ ထာဝရဘုရားသခင်ဆီကနေ ထွက်သွားပြီး
ဧဒင်အရှေ့ဘက်မှာရှိတဲ့ “လှည့်လည်ရာ” လို့ ခေါ်တွင်တဲ့ အရပ်မှာနေထိုင်သတဲ့ကွယ်။
ကလေးတို့ရေ၊ “ရာဇဝတ်ဘေးပြေးမလွတ်ဘူး” ဆိုတဲ့စကား
လို ပေါ့။ ကာဣနဟာ အပြစ်ရှိတဲ့အတွက် ဘယ်လိုမှရှောင်ပုန်းလို့ မရဘူးပေါ့ ကွယ်။
ဒါပေမယ့်အပြစ်သားဟာ အပြစ်ရှိမှန်းသိပြီး နောင်တနဲ့ဘုရား
သခင်ဆီမှာဝန်ချတောင်းပန်ရင်း
ဘုရားသခင်ဟာ သူ့သားသမီးတွေ အားလုံးကို မေတ္တာကရုဏာနဲ့ အပြစ်လွှတ်နေပါတယ်ကွယ်။
ကလေးတို့ လည်း အပြစ်ပြုလုပ်မိတဲ့အခါ မိမိအမှားကို ပြန်မြင်ပြီး စစ်မှန်တဲ့ နောင် တနဲ့
ဘုရားသခင်ဆီမှာ ပြန်ဝန်ချတောင်းပန်တတ်တဲ့ ကလေးတွေ ဖြစ်ကြပါစေကွယ်။
အခန်းကြီး - ၅
ပုံပြင်-၅
ကမ္ဘာ့ပထမဆုံးသင်္ဘောသား
ကမ္ဘာဦးကျမ်း ၆။ ၇။ ၈။
ကလေးတို့ရေ....
ဘုရားသခင်ဟာ ကမ္ဘာမြေကြီးကို ဖန်ဆင်းပြီး လူအာဒံနဲ့ဧဝကို ဖန်ဆင်းခဲ့တယ်ကွယ့်။
အာဒံနဲ့ဧဝကနေ ပေါက်ဖွားလာ တဲ့သားသမီးတွေဟာ နှစ်ပေါင်းထောင်ချီလာတဲ့အခါ
ကမ္ဘာအဝန်းပြည့် လို့နေတာပေါ့ကွယ်။
လူတွေဟာ ဘုရားသခင်ကို သိတဲ့လူတွေရော၊ ဘာသာတရား
မသိတဲ့လူတွေရော ရောနှောစုံဖက်ကြသတဲ့ကွယ်။ ပေါက်ပွားလာတဲ့ လူ တွေဟာလည်း
ဆိုးသွမ်းမိုက်ရိုင်းပြီး အပြစ်မကောင်းမှုအမျိုးမျိုးပြုလုပ် ကြတဲ့အတွက်
ကမ္ဘာကြီးဟာညစ်ညမ်းလို့နေတော့တာပေါ့ကွယ်။
ဒါကိုဘုရားသခင်က လူရော၊ တိရစ္ဆာန်တွေကိုပါ
အားလုံး သုတ် သင်ပယ်ရှင်းဖို့ စီစဉ်တယ်။ ဒီလိုဆိုးသွမ်းပြီး
မကောင်းမှုနဲ့ပြည့်နေတဲ့ ကမ္ဘာကြီးကိုဆေးကြောဖို့ဖြစ်တာပေါ့။
ဒီလိုဆိုးသွမ်းတဲ့လူ ထုနဲ့ဒေးရှိတဲ့အထဲမှာမှ
နောဧဆိုတဲ့ လူတစ် ယောက်ကတော့ ဘာသာတရားကိုင်းရှိုင်းပြီး ဘုရားသခင်စကား နား ထောင်တဲ့လူဖြစ်တဲ့အတွက်
ဘုရားသခင်ကလည်း စိတ်တော်နဲ့ တွေ့တာ ပေါ့။ နောဧမှာတော့ သူ့ဇနီးသည်၊ သားသုံးယောက်နဲ့
ချွေးမသုံးယောက် ရှိသတဲ့ကွယ်။ နောဧရဲ့သားတွေကတော့ ရှေမ၊ ဟာမ၊ ယာဖက်တို့ ဖြစ် တယ်။
နောဧဟာ သူတော်ကောင်းတစ်ယောက်ဖြစ်ပြီး ဘုရားသခင်နဲ့ မိတ်သဟာယဖွဲ့၊
အသက်ရှင်နေထိုင်သတဲ့ကွယ်။
တစ်နေ့တော့ ဘုရားသခင်ဟာ နောဧကိုခေါ်ပြီး ဘာပြောလဲ ဆိုတော့ “ကမ္ဘာမြေကြီးဟာ
အကျင့်ပျက်ဆိုးယုတ်နေတဲ့လူတွေရဲ့ အပြစ် နဲ့ ညစ်ညမ်းပြည့်နှက်နေတဲ့အတွက်
ကမ္ဘာမြေကြီးကို ရေနဲ့ ဆေးကြော မယ်။ ဒါကြောင့် သင်္ဘောကြီးတစ်စင်းကို ဆောက်ပါ။
အခန်းတွေဖွဲ့ပြီး အတွင်းအပြင် ထင်းရှူးစေးနဲ့သုတ်ပါ။ သင်္ဘောရဲ့ အလျားကို ပေလေးရာ့
ငါးဆယ်၊ အနံပေခုနစ်ဆယ့်ငါး၊ အမြင့်ပေ လေးဆယ့်ငါးရှိရမယ်။
သင်္ဘောအပေါ်မှာ အမိုးတင်ပြီး
သင်္ဘောနံဘေးပတ်လည်ကို အမိုးနဲ့ တစ်ဆယ့်ရှစ်လက်မကွာစေရမယ်။ အထပ်သုံးထပ် အဆင့်ဆင့် တည်ပြီး
ဘေးဘက်မှာတံခါးတစ်ပေါက် ဖေါက်ရမယ်။ သက်ရှိသတ္တဝါ တွေကို သေကြေပျက်စီးစေဖို့
ကမ္ဘာကြီးပေါ်မှာရေလွှမ်းမိုးစေမယ်။
သင်နဲ့တော့ ပဋိညာဉ်ဖွဲ့မယ်။
သင်နဲ့သင်ရဲ့သားမယား၊ တိရစ္ဆာန် ချွေးမအားလုံးတို့ကို သင်္ဘောပေါ်တက်စေရမယ်။
သင်တို့ တိရစ္ဆာန်တွေ စားဖို့ အစားအစာအမျိုးမျိုးယူဆောင်ရမယ်။ စင်ကြယ်
တဲ့တိရစ္ဆာန်တွေ ထဲက တစ်မျိုးကိုခုနစ်စုံ၊ မစင်ကြယ်တဲ့တိရစ္ဆာန်တွေမှ
တစ်မျိုးကိုအထီး အမနှစ်စုံသာ ခေါ်ဆောင်ရမယ်။ ငှက်တစ်မျိုးကို
ခုနစ်စုံစီကိုခေါ်ရမယ်။ တိရစ္ဆာန်နဲ့ငှက်တွေ မြေကြီးပေါ်မှာ မျိုးပွားနိုင်ဖို့ဖြစ်တယ်။
နောက်ပြီး ရက်(၄၀)ကြာလောက် မိုးရွာစေမယ်လို့
နောဧကို ပြောသတဲ့ကွယ်။ နောဧဟာ ဘုရားသခင်မိန့်မှာတဲ့အတိုင်း ဆောင်ရွက် တာပေါ့။
နောဧနဲ့မိသားစုအားလုံး၊ တိရစ္ဆာန်အမျိုးမျိုးတို့ဟာ သင်္ဘော
ကြီးဆောက်လို့ပြီးသွားတဲ့အခါ သင်္ဘောကြီးထဲကို ဝင်ကြသတဲ့ကွယ်။ နောဧဟာ
ရေလွှမ်းမိုးမယ့်အကြောင့် လူတွေကိုပြောပြပေမယ့် လူတွေက နားမထောင်ဘဲ
နောဧကိုလှောင်ပြောင်ကြသတဲ့။
တိရစ္ဆာန်တွေအစုံလိုက်အစုံလိုက်တိရစ္ဆာန်အမျိုးမျိုး
သင်္ဘောကြီး ထဲကို စုံစုံလင်လင်ရောက်တဲ့အခါမှာ ဘုရားသခင်ဟာ သင်္ဘောကြီးရဲ့ တံခါးကို
ပိတ်လိုက်သတဲ့ကွယ်။ လူတွေဘယ်လိုမှဖွင့်လို့ မရတော့ဘူးတဲ့။ ခုနစ်ရက်ကြာတဲ့အခါမှာ
ကမ္ဘာမြေကြီးစပြီး ရေလွှမ်းမိုးတော့တာပေါ့။
အဲဒီအချိန်က နောဧရဲ့ အသက်ခြောက်ရာပြည့်တဲ့နှစ်ပေါ့။
နော ဧအသက်ခြောက်ရာပြည့်လို့ ဒုတိယလတစ်ဆယ့်ခုနစ်ရက်နေ့မှာ သမုဒ္ဒ ရာစမ်းရေပေါက်တွေ၊
မိုးကောင်းကင်ရေတံခါးတွေ အားလုံးပွင့်ပြီး ကမ္ဘာ မြေကြီးပေါ်မှာ အရက်လေးဆယ် နေ့ညဉ့်မပြတ်
မိုးရွာသွန်းသတဲ့ကွယ်။ မိုးတွေရွာ၊ မြေကြီးအောက်ကလည်း ရေပြွန်ကြီးတွေကနေ ရေထွက် တော့
ရေတွေလွှမ်းမိုးလာတာပေါ့။
အပြင်မှာရှိနေတဲ့လူတွေ၊ တိရစ္ဆာန်တွေ ကြောက်ရွံ့လာကြပြီး
ပြေးလွှားကြ၊ တောင်ပေါ်ပြေးတက်၊ သစ်ပင်ပေါ်ပြေးတက်ကြရုံမကဘူး၊ နောဧကြီးကိုလည်း
သူတို့ကို ကယ်ဖို့တောင်းဆိုကြတဲ့အခါ နောဧကြီးက ဘယ်ကူညီနိုင်တော့မလဲ။
သင်္ဘောတံခါးကြီးကို ဘုရားသခင်ပိတ်ထား လိုက်ပြီလေ။ သင်္ဘောကြီးလည်း ရေတက်လာတော့
မြေကနေကြွတက် လာတာပေါ့ကွယ်။ ရေပိုနက်လာလေ၊ သင်္ဘောကြီး ရေပေါ်ပိုပေါ်လာလေ ပဲတဲ့။
အမြင့်ဆုံးတောင်ကြီးတွေတောင်
မြုပ်ရုံမကဘူးကွယ့်။ တောင် တွေရဲ့ထိပ်ကို (၂၅၀) ပေအထိရေတက်သတဲ့။
ကမ္ဘာမြေပြင်ပေါ်မှာ ရက် ပေါင်းတစ်ရာ့ငါးဆယ်ပတ်လုံး ရေလွှမ်းမိုးနေသတဲ့ကွယ်။
ကမ္ဘာမြေကြီး ပေါ်မှာ လူ၊ တိရစ္ဆာန်နဲ့ငှက်တွေ အားလုံးသေကြေပျက်စီးပြီး သင်္ဘော အတွင်းမှာရှိနေကြတဲ့လူတွေနဲ့
တိရစ္ဆာန်အပေါင်းသာ အသက်ချမ်းသာ
ရသွားကြသတဲ့ကွယ်။
မိုးစဲသွားပြီးတာတောင် ရက်ပေါင်း တစ်ရာ့ငါးဆယ်ကြာအောင်
တဖြည်းဖြည်းရေကျဆင်းသွားသတဲ့။ ရေတွေတော်တော် ကျဆင်းသွား တဲ့အခါမှာ သင်္ဘောကြီးဟာ
အာရရတ်တောင်ပေါ်မှာ တင်နေသတဲ့။ ရေဆက်ကျသွားတော့ တောင်ထိပ်တွေပေါ်လာတာပေါ့ကွယ်။
နောက်ပြီးတော့ ဘုရားသခင်ဟာ
မိုးကောင်းကင်တိမ်ထဲမှာ သက်တံကိုပေါ်စေပြီး ကမ္ဘာမြေကြီးကို နောက်ဘယ်တော့မှ ရေလွှမ်းမိုး
ခြင်းဘေးမဖြစ်စေတော့ဘူးလို့ ကတိပြုသတဲ့ကွယ်။ သက်တံဟာ ကမ္ဘာ မြေကြီးပေါ်မှာရှိတဲ့ လူသတ္တဝါအပေါင်းနဲ့
ဘုရားသခင်ပြုတဲ့ ကတိတော် ရဲ့လက္ခဏာသက်သေတစ်ခုပေါ့။
ကလေးတို့ရေ. . ဆိုးသွမ်းတဲ့လူတွေ အများကြီးရှိတဲ့အထဲက
နောဧဟာ ဘုရားသခင်ကိုချစ်ပြီး ဘုရားသခင်စကားနားထောင်တဲ့သူဖြစ် လို့ ဘုရားသခင်ဟာ
သူ့ကိုချစ်ပြီး ရွေးကောက်ခဲ့တာပေါ့။ ဒါကြောင့် လည်း
သူ့မိသားစုတွေအသက်ရှင်ကြတာပေါ့။
ဒါကြောင့် ကလေးတို့လည်း နောဧလို ဘုရားသခင်စကား
နားထောင်ပြီး ဘုရားသခင်ကို ချစ်တဲ့ကလေးတွေဖြစ်ကြပါစေကွယ်။
အခန်းကြီး - ၆
ပုံပြင်-၆
ဘာသာစကားတွေဘယ်လိုစကွဲလာသလဲ
ကမ္ဘာဦးကျမ်း
၁၁:၁-၉။
ကလေးတို့ရေ. . ဟိုးရှေးရှေးတုန်းက ကမ္ဘာကြီးကို ရေလွှမ်းမိုးပြီး
တဲ့နောက်ပိုင်းမှာ တိရစ္ဆာန်တွေဟာ အများကြီး ပေါက်ပွားလာကြပြန် တယ်။
နောဧရဲ့မိသားစုတွေကလည်း နောဧရဲ့မျိုးဆက်တွေအနေနဲ့ သား သုံးယောက်မှ ဆင်းသက်ပေါက်ပွားလာခဲ့ကြတယ်။
နောဧဟာ တောင်သူ လယ်သမားတစ်ဦးဖြစ်ပြီး စပျစ်ဥယျာဉ်ကိုလည်း စိုက်တယ်။ ရေလွှမ်းမိုး ပြီးတဲ့နောက်
နောဧဟာ နှစ်ပေါင်းသုံးရာ့ငါးဆယ် ဆက်ပြီးအသက်ရှင် နေထိုင်တဲ့အတွက်
အသက်ကိုးရာ့ငါးဆယ်နှစ်ရှိတဲ့အခါမှ ကွယ်လွန်သွား သတဲ့ကွယ်။
နောဧရဲ့သားတွေကနေ ဆင်းသက်လာတဲ့ မျိုးဆက်မျိုးနွယ်တွေ
ဟာ အစပထမတော့ ကမ္ဘာတစ်ဝန်းဘာသာစကားတစ်မျိုးတည်း ပြော ကြသတဲ့ကွယ်။ သူတို့ဟာ
အရှေ့မျက်နှာဘက်ကို ခရီးဦးတည်ပြုသွား ကြတဲ့အခါ ရှိနာပြည်ရှိမြေပြန့်တစ်နေရာကို ရောက်ကြပြီး
အဲဒီနေရာမှာ အခြေချနေထိုင်ကြသတဲ့ကွယ်။ အဲဒီအရပ်မှာနေထိုင်ကြရင်း စိုက်ပျိုးလုပ် ကိုင်စားသောက်ကြတာပေါ့။
ဒီလိုနေထိုင်ရင်း ခေါင်းဆောင်တချို့က ဘယ်လိုအကြံရလာသလဲဆိုတော့ သူတို့ကမ္ဘာ
အရပ်ရပ်ကို မကွဲပြား အောင်၊ ထင်ရှားကျော်ကြားအောင်ဆိုပြီး အကြံရလာသတဲ့ကွယ်။ ဒါ ကြောင့်ခေါင်းဆောင်တွေက
သူတို့လူတွေကို “လာကြပါ၊ ငါတို့တတွေ ခိုင်မာတဲ့အုတ်တွေကို ဖုတ်ကြရအောင်” လို့
ပြောတယ်။ ဒီလိုနဲ့ဆောက်
လုပ်ဖို့ ကျောက်နေရာမှာအုတ်၊
အုတ်တွေကို ထိန်းထားဖို့သရွတ်အရာမှာ ရေညှိတစ်မျိုးကိုရရှိကြတယ်။ နောက်ပြီး
သူတို့အချင်းချင်း “မိုးထိအောင် မြင့်မားတဲ့ရဲတိုက်ကြီးနဲ့ မြို့ကို
တည်ဆောက်ကြမယ်။ ဒီလိုနည်းနဲ့လုပ် ရင် ငါတို့တစ်တွေဟာ ထင်ရှားကျော်ကြားလာပြီး
ကမ္ဘာအရပ်ရပ်ကို မကွဲ လွှင့်ဘဲရှိကြလိမ့်မယ်” လို့ ပြောကြသတဲ့ကွယ်။
သူတို့ပြောဆို တိုင်ပင်ကြတဲ့အတိုင်းပဲ
ဆောက်လုပ်ကြသတဲ့။ အဲဒီအချိန်မှာ ဘုရားသခင် သူတို့ ဆောက်လုပ်တဲ့မြို့နဲ့ ရဲတိုက်ကိုရှူစားဖို့
ကြွလာပြီး ဘုရားသခင်က “ဒီလူတွေဟာ လူမျိုးတစ်မျိုးတည်း ဖြစ်ကြ တယ်။
ဘာသာစကားတစ်ခုတည်းကိုလည်း ပြောကြတယ်။ ဒီလိုပြုလုပ် တည်ဆောက်တာအစပဲရှိသေးတယ်။
နောင်မှာတော့သူတို့ စိတ်ကူးသမျှ လုပ်ချင်တာတွေလုပ်ကြတော့မယ်။
သူတို့စိတ်ထင်ရာလုပ်နေကြတယ်။ ဒါကြောင့်သူတို့အချင်းချင်း နားမလည်ကြစေဖို့အတွက်
သူတို့ရဲ့ဘာသာ စကားကို ရှုပ်ထွေးစေမယ်” လို့ မိန့်တော်မူပြီး ကမ္ဘာအရပ်ရပ်ကို ကွဲလွင့်
စေတဲ့အတွက် လူတွေဟာ မြို့နဲ့ရဲတိုက်ကို ဆောက်တဲ့အခါ အပေါ်ထပ် က အုတ်မှာရင်
သံကိုပို့ပေးတယ်။ သံမှာရင် တခြားပစ္စည်းတွေပို့ပေးပြီး
တစ်ဦးနဲ့တစ်ဦးနားမလည်ဘဲအမှားမှားအယွင်းယွင်းတွေဖြစ်လို့ပေါ့ကွယ်
ဒါကြောင့် သူတို့ရဲ့ ရဲတိုက်ကြီးကို
ဘယ်လိုမှဆောက်လို့ မဖြစ် တော့လို့ရပ်ဆိုင်းထားကြရတာပေါ့။ နောက်လည်း ဘယ်တော့မှ
ဆောက် လို့မရတဲ့အခြေအနေဖြစ်သွားတော့တာပေါ့ကွယ်။
ကလေးတို့ရေ. . လူတွေကို ဘုရားသခင်ဖန်ဆင်းထားတဲ့အတွက်
လူတို့ရဲ့အကြံအစည်တွေဟာ ဘုရားသခင်ရဲ့အလိုတော်နဲ့ ညီတဲ့ကြံစည် ဆောင်ရွက်မှုသာ ဖြစ်သင့်တာပေါ့ကွယ်။
ဘုရားသခင်ရဲ့ အလိုတော်ကို မခံယူဘဲ ကိုယ်ထင်ရာကြံစည်ဆောင်ရွက်တာတွေ၊
ဘုရားသခင်ကိုအံတု ပြီး ကြံစည်ဆောင်ရွက်တာတွေ လုပ်မယ်ဆိုရင် အောင်မြင်မှုမရဘဲ
ပျက်စီးဆုံးရှုံးမှာအမှန်ပဲဖြစ်ပါတယ်ကွယ်။
ဒါကြောင့်ကလေးတို့အားလုံးလည်း ဘုရားသခင်ဖန်ဆင်း
ထား တဲ့ချစ်စရာကလေးတွေဖြစ်တဲ့အတွက် ဘယ်အရာကိုပဲလုပ်လုပ် ဘုရား သခင်ရဲ့အလိုတော်နဲ့ညီတဲ့
လုပ်ဆောင်ချက်တွေဖြစ်နိုင်ကြပါစေကွယ်။
အခန်းကြီး - ၇
ပုံပြင်-၇
ဘုရားသခင်ညွှန်ရာဦးတည်လာသူ
ကမ္ဘာဦးကျမ်း
၁၂။
ကလေးတို့ရေ. . ဟိုးရှေးရှေးတုန်းက
နောဧရဲ့သားသုံးယောက် ထဲက ရှေမရဲ့သားစဉ်မြေးဆက်ထဲမှာပါတဲ့ တေရရဲ့သား အာဗြံဆိုတဲ့ လူတစ်ယောက်ရှိသတဲ့ကွယ်။ သူဟာ ဘုရားသခင်ရဲ့စကားကို နား ထောင်ပြီး
ယုံကြည်ခြင်းကြီးမားတဲ့လူ ဖြစ်တယ်ကွယ့်။ ဒါကို ဘုရား သခင်ကသိတော့
သူ့ကိုအမိန့်ပေးပြီး စေခိုင်းလိုက်သတဲ့ကွယ်။ ဘုရား သခင်က ဘယ်လိုပြောသလဲဆိုတော့ “အာဗြံ၊ သင့်တိုင်းပြည်၊ သင့်ဆွေ မျိုးသားချင်းနဲ့ သင့်ဖခင်အိမ်တို့ကို စွန့်ပြီး
ငါညွှန်ပြမယ့် ပြည်ကိုသွားပါ။ ငါဟာ သင်ရဲ့သားမြေးတွေကို များပြားစေမယ်။ သူတို့ကို
လူမျိုးကြီး ဖြစ်စေမယ်။ သင့်ကိုကောင်းချီးပေးပြီး သင့်နာမကို ကြီးမြတ်စေတဲ့ အတွက်
လူတွေဟာ သင့်အားဖြင့်ကောင်းချီးပေးမယ်။ သင့်ကို ကျိန်ဆဲတဲ့ လူကို ငါအပြစ်ပေးမယ်။
ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးအပေါင်းတို့ဟာ သင့် အားဖြင့် ကောင်းချီးခံစားရလိမ့်မယ်”
လို့မိန့်တော်မူသတဲ့ကွယ်။
အာဗြံဟာ
ဘုရားသခင်မိန့်မှာတဲ့အတိုင်း ခါရန်မြို့က ထွက်လာ တဲ့အခါမှာ
အသက်ခုနစ်ဆယ့်ငါးနှစ်ရှိပါပြီ။ အာဗြံဟာ သူ့မယားစာရဲ၊
တူလောတနဲ့ ရှိသမျှပစ္စည်း၊ ဥစ္စာတွေနဲ့ ခါရန်မြို့မှ ရရှိတဲ့ကျေးကျွန်တွေ အားလုံးခေါ်ပြီး
ခါနာန်ပြည်ကို ခရီးထွက်လာခဲ့တယ်တဲ့ကွယ်။ ခါနာန် ပြည်ကိုရောက်တဲ့အခါမှာ
အဲဒီပြည်ကိုဖြတ်သွားပြီးတော့ ရှိခင်အရပ်မှာ ရှိတဲ့ မောရေသပိတ်ပင်ကိုရောက်ရှိတယ်။
ဘုရားသခင်ဟာ အာဗြံကို ကိုယ်ထင်ပြပြီး
“ဒီတိုင်းပြည်ကို သင် ရဲ့ အဆက်အနွှယ်တွေကို ငါပေးမယ်” လို့ မိန့်တော်မူသတဲ့ကွယ်။ အာဗြံ
ဟာ သူ့ကိုကိုယ်ထင်ပြတဲ့ဘုရားသခင်အတွက် ယဇ်ပလ္လင်ကို တည်ထား
တာပေါ့။
နောက်ပြီးအဲဒီအရပ်ကနေ ဗေသလမြို့ အရှေ့တောတောင်
ထူ ထပ်တဲ့အရပ်ကို ပြောင်းရွှေ့စခန်းချသတဲ့ကွယ်။ အဲဒီစခန်းရဲ့ အနောက် ဘက်မှာ
ဗေသလမြို့၊ အရှေ့ဘက်မှာ အာဣမြို့ရှိတာပေါ့။ အဲဒီမှာလည်း
ဘုရားသခင်အတွက် ယဇ်ပလ္လင်တည်ပြီး ဘုရားသခင်ကို ကိုးကွယ်တယ်။
နောက်ပြီးအဆင့်ဆင့်ပြောင်းပြီး ခါနာန်ပြည်ရဲ့ တောင်ပိုင်းကို ရောက်ရှိ လာကြသတဲ့ကွယ်။
ကလေးတို့ရေ. . အာဗြံရောက်သွားတဲ့ခါနာန်ပြည်ဟာ
မမျှော်လင့် ဘဲ အစာခေါင်းပါးခြင်းဘေးဆိုက်ရောက်လာရောတဲ့ကွယ်။ အခြေအနေ က ဆိုးတဲ့အတွက်ကြောင့်
အာဗြံဟာ အီဂျစ်ပြည်မှာခဏ နေထိုင်ဖို့ တောင်ဘက်ကို ခရီးထွက်လာခဲ့သတဲ့။
သူဟာအီဂျစ်ပြည်ထဲကို ဝင်ဖို့ နယ်စပ်ကိုဖြတ်ကျော်ခါနီးမှာ သူရဲ့မယားစာရဲကို
“မိန်းမ၊ နင်ဟာရုပ်ရည် လှပတဲ့အမျိုးသမီးဖြစ်တယ်။ အီဂျစ်ပြည်သားတွေက မြင်လို့ရှိရင်
သူဟာ အာဗြံရဲ့မယားဖြစ်တယ်ဆိုပြီး ငါ့ကိုသတ်လိမ့်မယ်။
နင့်ကိုတော့ အသက် ချမ်းသာပေးလိမ့်မယ်။ ဒါကြောင့်သူတို့ကမေးလို့ရှိရင်
နင်ဟာငါရဲ့နှမဖြစ် တယ်လို့ပြောပါ။ အဲဒီလိုပြောရင် နင့်အတွက် ငါကောင်းစားမယ်။ နင့် ကျေးဇူးကြောင့်လည်းငါအသက်ချမ်းသာရလိမ့်မယ်”လို့ပြောသတဲ့ကွယ်။
ဒါနဲ့ပဲသူတို့ခရီးထွက်လာကြတာပေါ့။ အီဂျစ်ပြည်ကို
ရောက်တဲ့ အခါမှာ အာဗြဲရဲ့မယားဟာ သိပ်ပြီးအဆင်းသဏ္ဌာန်လှပတာကို အီဂျစ်
လူတွေကမြင်တာပေါ့ကွယ်။
ဖါရောဘုရင်ရဲ့မှူးတော်မတ်တော်တို့လည်း မြင်ပြီးချီးမွမ်းကြတယ်။
နောက်ပြီးနန်းတော်ကို သွင်းကြသတဲ့ကွယ်။ ဖါ ရောဘုရင်ဟာ အဲဒီမိန်းမအတွက်ကြောင့် အာဗြံကို
ကောင်းကောင်းပြုစု ပြီး သိုးတွေ၊ နွားတွေ၊ ဆိတ်တွေ၊ မြည်းတွေ၊ ကျေးကျွန်တွေနဲ့
ကုလား အုတ်တွေကို ဆုချပေးသနားတော်မူသတဲ့ကွယ်။
ဒါပေမယ့်ဘုရင်ဟာ စာရဲကို သိမ်းပိုက်မိတဲ့အတွက်ကြောင့်
ထာဝရဘုရားသခင်ဟာ ဖါရောဘုရင်နဲ့ သူရဲ့နန်းတွင်းသူနန်းတွင်းသား အားလုံးကို
ကြောက်စရာကောင်းတဲ့ရောဂါဆိုးကြီးဒဏ်ကို ကျရောက်စေ သတဲ့ကွယ်။ ဒီအခါမှာရှင်ဘုရင်ဟာ အာဗြံကို ဆင့်ခေါ်ပြီး “အာဗြံ သင် ဟာ
ငါ့ကိုဘယ်လိုလုပ်လိုက်တာလဲ၊ စာရဲဟာ သင့်ရဲ့မယားဖြစ်ကြောင်း ငါ့ကိုဘာဖြစ်လို့ မပြောပြတာလဲ၊
သူ့ကို ငါ့မိဖုရားအဖြစ်သိမ်းပိုက်စေဖို့ သူဟာ သင်ရဲ့နှမဖြစ်တယ်လို့ ဘာဖြစ်လို့ ပြောရတာလဲ။
အခုသင်ရဲ့ မယားကိုခေါ်ပြီးထွက်သွားပါ” လို့အမိန့်ပေးလိုက်သတဲ့ကွယ်။
အဲဒီလို အမိန့်ပေးလိုက်တဲ့အတိုင်း
မင်းမှုထမ်းတွေကလည်း အာဗြံကို သူပိုင်ဆိုင်တဲ့ပစ္စည်းတွေနဲ့ မယားကိုပါခေါ်ဆောင်စေပြီး
အဲဒီ အီဂျစ်ပြည်ကနေ ထွက်ခွာသွားစေသတဲ့။ အာဗြံလည်း သူ့မယားနဲ့
ပိုင် ဆိုင်သမျှပစ္စည်းတွေကို ယူဆောင်ပြီး ထွက်သွားသတဲ့ကွယ်။
ကလေးတို့ရေ. . အာဗြံဟာ
ဘုရားသခင်စေခိုင်းတဲ့အတိုင်း ယုံ ကြည်ခြင်းများစွာနဲ့ ဘုရားသခင်ကို အားကိုးပြီး ထွက်လာခဲ့တဲ့သူ
ဖြစ်ပေ မယ့် လူသားတစ်ယောက်အနေနဲ့ အားနည်းချက်တော့ ရှိတာပေါ့ကွယ်။ ဒါပေမယ့်
ဘုရားသခင်ဟာ သူ့ကိုပစ်မထားဘဲ ဖါရောဘုရင်ရဲ့ စိတ်ကို တွေ့ထိပြီး အာဗြံကို ထွက်သွားစေခဲ့တယ်။ အန္တရာယ်မပြုဘဲ အသက် ဘေးမှလည်းချမ်းသာရစေတယ်။
ဒါကြောင့် ဘုရားသခင်ဟာ သူ့ကို ယုံကြည်ကိုးစားတဲ့ အာဗြံကို
လမ်းညွှန်ပြီး ကာကွယ်စောင့်ရှောက်နေပါ တယ်ကွယ်။ ကလေးတို့လည်း ဘုရားသခင်ကို အာဗြံလို ယုံကြည်ကိုးစား နိုင်ကြပါစေကွယ်။
အခန်းကြီး - ၈
ပုံပြင်-၈
ကျွန်မကလေးဟာဂရ
ကမ္ဘာဦးကျမ်း
၁၆း၁-၁၆
ကလေးတို့ရေ.. ဟိုးရှေးရှေးတုန်းက အာဗြံနဲ့စာရဲဆိုတဲ့ ဇနီး မောင်နှံနှစ်ယောက်ရှိသတဲ့ကွယ်။ အာဗြံနဲ့စာရဲတို့ဇနီးမောင်နှံမှာ သား သမီးတစ်ယောက်မှ မထွန်းကားတဲ့အတွက်
သိပ်ပြီးတော့ သားသမီးလို ချင်တာပေါ့ကွယ်။ စာရဲမှာ ဟာဂရလို့ခေါ်တဲ့ အီဂျစ်ပြည်သူကျွန်မတစ်
ယောက်လည်းရှိသတဲ့ကွယ်။
တစ်နေ့တော့စာရဲဟာ သူ့ခင်ပွန်းအာဗြံကို ဘာပြောလဲဆိုတော့ “အာဗြံရေ၊ ထာဝရဘုရားသခင်ဟာ
ကျွန်မကို သားသမီးမထွန်းကားစေ ဘူး။ ဒါကြောင့် ကျွန်မရဲ့ကျွန်မကို သိမ်းပိုက်ပါ။
သူ့အားဖြင့် ကျွန်မသား ရနိုင်လိမ့်မယ်” လို့ပြောသတဲ့ကွယ်။
အာဗြံလည်း သူ့ဇနီးစာရဲ အကြံပေးတာကို
လက်ခံတာပေါ့။ ဒါကြောင့် ခါနာန်ပြည်မှာ ဆယ်နှစ်နေထိုင်ပြီးနောက် ဟာဂရကို မယား ငယ်အဖြစ်
သိမ်းပိုက်လိုက်သတဲ့ကွယ်။
မကြာခင်မှာဘဲ ဟာဂရဟာ ကိုယ်ဝန်ရှိလာတာပေါ့။
ဟာဂရဟာ ကိုယ်ဝန်ရှိလာတာ သူ့ကိုယ်သူသိလာတဲ့အခါ မာန်မာနတွေ တက်လာပြီး
သူ့သခင်မစာရဲကို မထီလေးစားပြုလုပ်လာသတဲ့ကွယ်။ ဒီအခါမှာ စာရဲ က စိတ်ဆိုးပြီး အာဗြံကို “ကိုယ်တော်ကြောင့် ဟာဂရဟာ ကျွန်မကို မထီ လေးစားပြုပါပြီ။
သူမဟာကိုယ်ဝန်ရှိတာကို သူ့ကိုယ်သူသိတာနဲ့ ကျွန်မ ကို မထီလေးစား ပြုလာပါတယ်။
ကိုယ်တော်နဲ့ ကျွန်မတို့နှစ်ယောက် အတွက် တရားသဖြင့် ဖြစ်စေဖို့ ထာဝရဘုရားသခင် စီရင်တော်မူပါစေ”
လို့ပြောသတဲ့ကွယ်။
ဒါနဲ့အာဗြံကလည်း “ဟာဂရဟာ
သင့်ကျွန်မဖြစ်တဲ့အတွက် သင် ရဲ့လက်ထဲမှာပဲ ရှိတယ်။ သူ့ကိုသင်ပြုလုပ်ချင်သလို ပြုလုပ်နိုင်ပါတယ်”
လို့ပြန်ပြောတာပေါ့ကွယ်။ ဒီအခါမှာစာရဲဟာ ဟာဂရကိုမနေနိုင်လောက် အောင်
ညှဉ်းဆဲတဲ့အတွက် ဟာဂရအိမ်ကနေ ထွက်ပြေးရှာသတဲ့ကွယ်။
ဒီလိုဟာဂရထွက်ပြေးသွားပြီးတော့ရှူရမြို့ကိုသွားတဲ့လမ်း၊တော
ထဲမှာရှိတဲ့စမ်းရေတွင်းနားရောက်တဲ့အခါ မောမောနဲ့ နားနေသတဲ့ ကွယ်။
အဲဒီအချိန်မှာ ထာဝရဘုရားသခင်ရဲ့ ကောင်းကင်တမန်က
ဟာ ဂရကို တွေ့သွားတာပေါ့။ ကောင်းကင်တမန်ကလည်း “စာရဲရဲ့ ကျွန်မ ဟာဂရ သင်ဘယ်အရပ်ကို သွားမလို့လဲ”
လို့ မေးတဲ့အခါမှာ ဟာဂရက “ကျွန်မသခင်မဆီကနေ ထွက်ပြေးလာတာပါ” လို့ပြန်ပြောတာပေါ့။
ကောင်းကင်တမန်က “သင်ရဲ့သခင်မဆီကို ပြန်ပြီး ကျွန်ခံပါ” လို့ ပြော တယ်။
နောက်ပြီး “သင်ရဲ့အမျိုးအနွယ်ကို မရေမတွက်နိုင်အောင်
များ ပြားစေမယ်။ သင်ဟာသားကို ဖွားမြင်လိမ့်မယ်။ ထာဝရဘုရားသခင်ဟာ
သင်ရဲ့ညည်းတွားသံကို ကြားတော်မူပြီး မွေးလာတဲ့သားကို ဣရှမေလလို့ နာမည်မှည့်ခေါ်ရမယ်။
ဒါပေမယ့်သင်ရဲ့သားဟာ လူရိုင်းလိုနေရလိမ့်မယ်။
သူဟာ လူ တိုင်းနဲ့ရန်ဘက်ဖြစ်ပြီး လူတိုင်းကလည်း သူ့ကို ရန်ဘက်ပြုကြလိမ့်မယ်။ သူဟာ မွေးချင်းပေါက်ဖော်တို့နဲ့
ခွဲခွာနေထိုင်ရလိမ့်မယ်” လို့ ပြောသတဲ့
ကွယ်။
အဲဒီအခါမှာ ဟာဂရက “ငါဟာ ထာဝရဘုရားသခင်ကို တကယ်ပဲ
ဖူးမြင်ရပြီးတဲ့နောက်
အသက်ရှင်သေးပါလား” လို့တွေးပြီး သူ့ကို မိန့် တော်မူတဲ့ထာဝရဘုရားသခင်ကို
“မြင်တော်မူသောဘုရားသခင်" ဆိုတဲ့ နာမည်နဲ့ခေါ်ဝေါ်သတဲ့ကွယ်။
အဲဒီအကြောင်းကြောင့် ကာဒေရှမြို့၊ ဗေရက်မြို့ရဲ့
စပ်ကြားမှာ ရှိတဲ့ရေတွင်းကို “ဗေရလဟဲရော” လို့ ခေါ်တွင်သတဲ့ကွယ်။ အဓိပ္ပါယ်က
“ငါ့ကို မြင်တော်မူသည့်အသက်ရှင်တော်မူသောအရှင်၏ ရေတွင်း” လို့ဆို သတဲ့။
အာဗြံဟာ ဟာဂရအားဖြင့်
သားကိုရပြီး သူဟာ အဲဒီသားကို ဣရှမေလလို့ နာမည်မှည့်ခေါ်သတဲ့ကွယ်။
အဲဒီသားဖွားမြင်တဲ့ အချိန်မှာ အာဗြံရဲ့အသက်ဟာ
ရှစ်ဆယ်ခြောက်နှစ်ရှိပြီဖြစ်ပါတယ်။
ကလေးတို့ရေ. . ဘုရားသခင်ဟာ မေတ္တာကရုဏာအရှင် ဖြစ်
တော်မူပါတယ်ကွယ်။ စိတ်ဆင်းရဲဒုက္ခရောက်နေတဲ့ ဟာဂရကို သနား ကြင်နာပြီး
ကြည့်ရှုစောင်မတာကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်ဟာ သူ့သားသမီးတွေ ဘယ်လိုအခြေအနေဖြစ်ဖြစ်၊
ဘယ်လိုအဆင့်အတန်းပဲ ဖြစ်ဖြစ် အမြဲမေတ္တာကရုဏာနဲ့ကြည့်ရှုစောင်မနေပါတယ်ကွယ်။
ခရစ်ယာန်သမ္မာကျမ်းစာတော်မြတ်ထဲမှာ
“ဘုရားသခင်သည် လူ တို့ခိုလှုံရာဖြစ်၍ ခွန်အားကို ပေးတော်မူ၏။ ဘေးရောက်သည့်ကာလ
အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏” ဆိုပြီး ဖော်ပြထား တာနဲ့အညီ
ဘေးဒုက္ခရောက်နေတဲ့ကျွန်မကလေး ဟာဂရကို ကူညီစောင့် ရှောက်သလို လူတိုင်းကိုလည်း
ကြည့်ရှုမစစောင့်ရှောက်နေပါတယ်။
ဒါကြောင့် ကလေးတို့လည်း ဒီလိုမေတ္တာကရုဏာနဲ့ ပြည့်ဝတဲ့
ဘုရားသခင်ကိုအစဉ် အားကိုးခိုလှုံနိုင်ကြပါစေကွယ်။
အခန်းကြီး - ၉
ပုံပြင်-၉
ထူးဆန်းသောဧည့်သည်တော်များ
ကမ္ဘာဦးကျမ်း
၁၈။
ကလေးတို့ရေ... ဘုရားသခင်ဟာ
မံရေသပိတ်တောနားမှာ အာဗြ ဟံဆိုတဲ့ပုဂ္ဂိုလ်ကြီးကို ကိုယ်ထင်ပြသတဲ့ကွယ်။ အဲဒီနေ့
နေအင်မတန်မှ ပူနေတဲ့အချိန်မှာ အာဗြဟံဟာ တဲဝမှာထိုင်နေတဲ့အခါ မျက်နှာကို မော် ကြည့်လိုက်တော့
လူသုံးယောက်ရပ်နေတာကို တွေ့ရသတဲ့ကွယ်။ အာဗြ ဟံဟာ သူတို့ကိုမြင်တဲ့အခါမှာ
ခရီးဦးကြိုဖို့ ပြေးသွားတာပေါ့ကွယ်။ အာဗြဟံဟာ ဦးညွှတ်ပျပ်ဝပ်ပြီးတော့
ဘာပြောလဲဆိုတော့ “အရှင်သခင် တို့၊ အရှင်တို့ကို ဧည့်ဝတ်ပြုပါရစေ၊
အကျွန်ုပ်ရဲ့အိမ်ကို မဝင်ဘဲမနေပါ နှင့်၊ ခြေထောက်တွေဆေးဖို့ ရေကိုယူလာခဲ့ပါရစေ။
ဒါမှအားပြည့်ပြီး ခရီး ဆက်နိုင်ပါလိမ့်မယ်။ ဒီကျေးဇူးတော်ကိုခံစားရဖို့ အရှင်တို့၊
ကျွန်ုပ်ဆီကို ရောက်လာကြပါပြီ။ ဒါကြောင့် အရှင်တို့ကို ဧည့်ဝတ်ပြုပါရစေ” လို့ ဧည့်
သည်တွေကို ပြောသတဲ့ကွယ်။
ဒါနဲ့အဲဒီလူတွေက “သင်ပြောတဲ့အတိုင်း ပြုလုပ်ပါလို့
ပြောတာ ပေါ့။ ဒီလိုနဲ့အာဗြဟံဟာ တဲထဲကိုအမြန်သွားပြီး ဇနီးသည် စာရာကို
“အကောင်းဆုံးမုန့်ညက်ကို ယူပြီး မုန့်အမြန်ဖုတ်ပါ” လို့ စေခိုင်းလိုက် သတဲ့ကွယ်။
အာဗြဟံဟာ နွားအုပ်ရှိတဲ့နေရာကိုပြေးပြီးတော့ ဆူဖြိုးနု နယ်တဲ့နွားကလေးတစ်ကောင်ကိုရွေးပြီး
ကျွန်တစ်ယောက်ကို ဟင်းချက် ဖို့ပြင်ဆင်စေပါတယ်။ နောက်ပြီး မလိုင်၊
နို့နဲ့အမဲသားဟင်းတွေကို ဧည့်သည်တွေအရှေ့မှာ တည်ခင်းသတဲ့ကွယ်။ အာဗြဟံကိုယ်တိုင်
သူတို့
ကိုသစ်ပင်အောက်မှာ ဧည့်ခံကျွေးမွေးတဲ့အတွက်
သူတို့လည်း အားပါး တရစားသုံးကြတာပေါ့။
နောက်ပြီးဧည့်သည်လူတွေက အာဗြဟံကို သင်ရဲ့မယား
စာရာ ဘယ်မှာရှိသလဲ” လို့မေးတော့ အာဗြဟံက တဲထဲမှာရှိတယ်လို့ ပြန်ဖြေ တာပေါ့။
သူတို့ထဲက ဧည့်သည်တစ်ယောက်က အခုကစပြီး (၉) လကြာ တဲ့အခါမှာ ငါပြန်လာဦးမယ်။
အဲဒီအချိန်မှာ သင်ရဲ့မယားစာရာဟာ
သားဖွားလိမ့်မယ်လို့ ပြော သတဲ့ကွယ်။ ဒီအချိန်မှာစာရာဟာ
အဲဒီလူရဲ့နောက်ကွယ်တဲဝမှာနေပြီး သူရဲ့ပြောစကားကိုနားထောင်နေတာပေါ့။
အာဗြဟံနဲ့စာရာတို့ဟာ အရွယ်လွန်ပြီ၊
အသက်လည်းကြီးပြီ ဖြစ် ကြတာပေါ့ကွယ်။ စာရာဟာ ကလေးလည်းမရနိုင်တော့ဘူး။ သူ့ခင်ပွန်း သည်လည်း
အိုနေပြီဆိုတာတွေးတောရင်းပြုံးနေသတဲ့။
အာဗြဟံကို ဧည့်သည်က “စာရာဟာ ငါဒီလောက်အရွယ်
ကြီးရင့် လာမှ သားသမီးရနိုင်ဦးမှာလားဆိုပြီး ဘာဖြစ်လို့ ပြုံးရယ်နေရပါသလဲ။
ထာဝရဘုရားသခင် မတတ်နိုင်တဲ့အရာရှိလို့လား။ ငါပြောတဲ့အတိုင်း နောက်ကိုးလကြာရင်
ငါပြန်လာဦးမယ်။ အဲဒီအခါမှာ စာရာဟာ သားကို ရပါလိမ့်မယ်” လို့ အာဗြဟံကို ထပ်ပြောသေးသတဲ့ကွယ်။
စာရာကကြောက်နေတာပေါ့။ ဒါကြောင့်လည်း စာရာက
“ကျွန်မ မရယ်ပါဘူး” လို့ ပြောလိုက်တယ်၊ ကောင်းကင်တမန်က “သင်တကယ် ရယ်ပါတယ်” လို့ ပြန်ပြောတယ်။
နောက်ပြီး အဲဒီဧည့်သည်နှစ်ယောက်ဖြစ်တဲ့ ကောင်းကင်တမန်
တို့ဟာ သောဒုံမြို့ကို ရှေးရှုသွားကြသတဲ့ကွယ်။ ဘုရားသခင်က “ငါပြု မယ့်ကိစ္စကို
အာဗြဟံကို အသိမပေးဘဲမဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုရင် အာဗြဟံရဲ့အဆက်အနွှယ်ဟာ
တန်ခိုးအင်အားကြီးတဲ့လူမျိုးဖြစ် မယ်။ သူ့အားဖြင့် ကမ္ဘာပေါ်ရှိ လူမျိုးအပေါင်းတို့ကို
ကောင်းချီးပေးမယ်။ သူဟာ သူရဲ့သားမြေးတို့ကို ဘုရားသခင်စကားကို နားထောင်စေဖို့နဲ့
မှန်ကန်ဖြောင့်မတ်စွာ ကျင့်ကြံရင် အာဗြဟံကို ကတိထားသမျှအတိုင်း ငါပြုမယ်”
လို့အကြံရှိတော်မူသတဲ့ကွယ်။
နောက်ပြီး ထာဝရဘုရားသခင်က အာဗြဟံကို ဘာပြောလဲဆို
တော့ “သောဒုံနဲ့ဂေါမောရတို့ကို အပြစ်တင်စွပ်စွဲသံ ပြင်းထန်လှပါတယ်။
အဲဒီမြို့ရဲ့အပြစ်ဟာလည်း ကြီးလေးလှပါတယ်။ ငါဟာ ကြားရတဲ့စွပ်စွဲ ချက်တွေ မှန်မမှန် သိဖို့သွားစုံစမ်းမယ်”
လို့ မိန့်တော်မူသတဲ့ကွယ်။ အာဗြ ဟံဟာ ထာဝရဘုရားသခင်ဆီကို ချဉ်းကပ်ပြီး
“ကိုယ်တော်ဟာ အပြစ်မဲ့ တဲ့သူတို့ကို အပြစ်ရှိသူတို့နဲ့အတူ အမှန်ပဲ သေကြေပျက်စီးစေတော်မူ
မလား၊ တကယ်လို့မြို့ထဲမှာ လူကောင်း (၅၀) ရှိရင် အဲဒီလူငါးဆယ်ကို ထောက်ထားပြီး
မြို့ကိုချမ်းသာမပေးဘဲ နေမလား။ အပြစ်မဲ့တဲ့လူတွေ ဟာ အပြစ်ရှိတဲ့လူတွေနဲ့အတူ ဒဏ်မခံရပါစေနဲ့။
ကမ္ဘာကြီးတစ်ခုလုံးကို တရားစီရင်တဲ့အရှင်ဟာ တရားမျှတစွာ စီရင်မှာ မဟုတ်ဘူးလား”
လို့ လျှောက်သတဲ့ကွယ်။
ထာဝရဘုရားသခင်ကလည်း သောဒုံမြို့ထဲမှာ
အပြစ်မဲ့တဲ့ ဦးရေ ငါးဆယ်ရှိရင် ဒီလူတွေကို ထောက်ပြီး တစ်မြို့လုံးကို ချမ်းသာပေးမယ်”
လို့ပြောသတဲ့။ နောက်ပြီးအာဗြဟံက ဘုရားသခင်ကို ဆက်ပြီး ဘယ်လို တောင်းသလဲဆိုတော့
အပြစ်မဲ့တဲ့လူ လေးဆယ်ငါးယောက်ပဲရှိရင်ရော တစ်မြို့လုံးကို ဖျက်ဆီးပစ်မှာလားလို့ မေးလျှောက်သတဲ့။
ထာဝရဘုရား
သခင်ကလည်း “အပြစ်မဲ့ပြီး
ဖြောင့်မတ်သူ လေးဆယ်ငါးယောက်ရှိရင် မြို့ကိုမဖျက်ဆီးပါဘူး” လို့ပြောတယ်။
နောက်ပြီး အာဗြဟံက
“အပြစ်မဲ့တဲ့လူလေးဆယ်ရှိရင်ရော မြို့ကို ဖျက်ဆီးမလား” လို့မေးပြန်တယ်။
ထာဝရဘုရားသခင်က “မဖျက်ဆီးပါ ဘူး” လို့မိန့်တော်မူပြန်တယ်။
အာဗြဟံဟာ နောက်ထပ် လူသုံးဆယ်၊ ပြီးတော့လူနှစ်ဆယ်ပဲရှိရင်ရော ဖျက်ဆီးဦးမှာလားလို့
မေးတဲ့အခါမှာ ဘုရားသခင်က “မဖျက်ဆီးပါဘူး” လို့ပြန်ပြောတာပေါ့။
ဒါနဲ့အာဗြဟံက “ကျွန်ုပ်တစ်ကြိမ်ပဲ ပြန်လျှောက်ပါရစေ၊
တကယ် လို့လူဆယ်ယောက်ပဲရှိရင် မြို့ကို ဖျက်ဆီးဦးမှာလားလို့ မေးတဲ့အခါမှာ
ဘုရားသခင်က “ဆယ်ယောက်ပဲ ကျန်ရင်လည်း မဖျက်ဆီးပါဘူး" လို့ ပြောသတဲ့။
နောက်ပြီးအာဗြဟံနားကနေ ထွက်သွားတော့တာပေါ့။
ကလေးတို့ရေ....
ဘုရားသခင်ဟာ မြို့ထဲမှာဆိုးသွမ်းသူ၊ အပြစ်ရှိ သူတွေဘယ်လောက်ပဲများများ အပြစ်မဲ့သူ၊
ဖြောင့်မတ်သူ နည်းနည်း လေးပဲရှိပါစေ၊ ဘယ်တော့မှမဖျက်ဆီးပါဘူး။
ဒါကိုကြည့်ခြင်းဖြင့် ဘုရား သခင်ဟာ သူ့သားသမီးတွေကို ဖျက်ဆီးရမှာ
အင်မတန်မှသနားတယ်ဆို တာကိုသိရတာပေါ့ကွယ်။ သားသမီးတွေ အပေါ်မှာလည်း မေတ္တာကရု ဏာရှိလို့ပေါ့။
ဒါကြောင့် ကလေးတို့ အားလုံးလည်း ဘုရားသခင်ရဲ့ မေတ္တာကိုနားလည်နိုင်ကြပါစေကွယ်။
အခန်းကြီး - ၁၀
ပုံပြင်-၁၀
သောဒုံမြို့သားတို့ရဲ့အပြစ်ဒဏ်
ကမ္ဘာဦး
၁၉း၁-၁၁
ကလေးတို့ရေ......
ဟိုးရှေးရှေးတုန်းက သောဒုံလို့ခေါ်တဲ့ မြို့တစ် မြို့မှာ
ဘာသာတရားကိုင်းရှိုင်းပြီး စိတ်ထားကောင်းတဲ့ လောတဆိုသူ လူတစ်ယောက်ရှိသတဲ့ကွယ်။
သူဟာ သူအင်မတန်မှချစ်လှတဲ့ ဇနီး၊ သမီး နှစ်ယောက်နဲ့အတူနေထိုင်တာပေါ့။
တစ်နေ့တော့ညဉ့်ဦးအချိန်လေးမှာ လောတဟာ
မြို့ရဲ့တံခါးနား မှာထိုင်နေသတဲ့ကွယ်။ အဲဒီအချိန်မှာပဲ ကောင်းကင်တမန်နှစ်ပါးဟာ
သောဒုံမြို့ကို ရောက်လာတော့ လောတကိုမြင်တာပေါ့။ လောတလည်း သူတို့ကိုမြင်တဲ့အခါမှာ
ကောင်းကင်တမန်တွေမှန်း သိတယ်တဲ့ကွယ်။
ဒါကြောင့်လောတက ခရီးဦးကြို ပြုတာပေါ့။ လောတဟာ
ကောင်းကင်တမန်တွေရဲ့ရှေ့မှာဦးညွှတ်ပြီး “သခင်တို့၊ ကျွန်ုပ်တို့ဟာ သခင်တို့ကို ဧည့်ဝတ်ပြုပါရစေ၊
ကျွန်ုပ်အိမ်မှာ ကြွတော်မူပါ။ ခြေကို ဆေးပြီး တစ်ညဉ့်လုံး အေးအေးဆေးဆေးအနားယူပြီး တည်းခိုကြပါ။
“မနက်စောစောမှ ခရီးဆက်ကြပါလို့”
ဖိတ်ခေါ်သတဲ့ကွယ်။ လောတလည်း ကောင်းကင်တမန်တွေကို အကြိမ်ကြိမ် ဖိတ်ခေါ်တဲ့
အတွက်ကြောင့် သူ့အိမ်ကိုဝင်ပြီး ဧည့်သည်နှစ်ဦးက တည်းကြတာပေါ့ ကွယ်။
ဒီအခါမှာ လောတဟာ သူ့အစေခံတွေကို
မုန့်တွေဖုတ်စေတယ်။ စားကောင်းသောက်ဖွယ်တွေကိုပြင်ဆင်စေသတဲ့ကွယ်။
နောက်ပြီးဧည့်သည်တွေကိုသုံးဆောင်စေတယ်။ ဧည့်သည်တွေ ကိုလည်း
ကောင်းကောင်းကျွေးမွေးဧည့်ခံသတဲ့ကွယ်။
ဒီလိုနဲ့ဧည့်သည်တွေရော၊ အိမ်သားအားလုံးရော
အိပ်ချိန်ရောက် လို့ အိပ်ရာဝင်ခါနီးမှာ ယောက်ျားအကြီးအငယ်အပါအဝင် သောဒုံမြို့သား တွေဟာ
လောတရဲ့အိမ်ကို ဝိုင်းထားကြသတဲ့ကွယ်။
နောက်ပြီးလောတကိုလည်း “ဟေ့လောတ၊ ခင်ဗျားဆီမှာ
တည်း ခိုဖို့ရောက်လာတဲ့သူတွေ ဘယ်မှာရှိသလဲ၊ သူတို့ကို ထုတ်ပေးပါ” လို့ အော်ဟစ်တောင်းဆိုကြသတဲ့ကွယ်။
ဒီလူတွေဟာ ဧည့်သည်တွေကို ယောက်ျားချင်း ဆက်ဆံချင်ကြ
လို့တောင်းဆိုတာ ဖြစ်တယ်တဲ့ကွယ်။ ဒီလောက်ဆိုးယုတ်တဲ့ လူတွေကို လောတက
တံခါးကိုပိတ်ပြီး ဘယ်လိုပြောသလဲဆိုတော့ “မိတ်ဆွေတို့ ခင်ဗျား၊ ဧည့်သည်တွေကို
ဒီလိုယုတ်မာတဲ့အမှုမပြုကြဖို့ တောင်းပန် ပါတယ်။ ကျွန်ုပ်မှာ အပျိုစင်သမီးနှစ်ယောက်ရှိတယ်၊
သူတို့ကိုတော့ ခင်ဗျားတို့ လုပ်ချင်သလိုလုပ်နိုင်ပါတယ်။ ထုတ်ပေးပါ့မယ်။ သူတို့က တော့
ကျွန်ုပ်ရဲ့ ဧည့်သည်ဖြစ်လို့ သူတို့ကို စောင့်ရှောက်ဖို့ တာဝန်ရှိပါ တယ်” လို့ တောင်းပန်တာပေါ့ကွယ်။
ဒါပေမယ့် သောဒုံမြို့သားတွေက “သင်ဟာ တစ်ရပ်
တစ်ကျေးမှ လာပြီး ငါတို့ကို ဩဇာမပေးနဲ့။ ဖယ်ပေးပါ၊ သင်မဖယ်ပေးရင် သူတို့ခံရ တာထက်
ပိုပြီးခံရလိမ့်မယ်” လို့လောတကို ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြော သတဲ့ကွယ်။
သောဒုံမြို့သားတွေဟာ လောတကို တွန်းထုတ်ပြီး အိမ် တံခါးကို ချိုးဖျက်ဖို့ အရှေ့ကို တက်လာကြတယ်။
ဒါပေမယ့် ဧည့်သည် နှစ်ဦးက တံခါးကိုဖွင့်ပြီး လောတကို အိမ်ထဲဆွဲသွင်းလိုက်တယ်။
ပြီးတော့
တံခါးကိုပိတ်လိုက်ကြတယ်။
နောက်ပြီးအပြင်ဘက်မှာရှိတဲ့
သောဒုံမြို့သားတွေကို ဒဏ်ခတ် တဲ့အနေနဲ့ အားလုံးကိုမျက်စိကွယ်စေလိုက်တယ်တဲ့ကွယ်။
ဒါကြောင့် ဆိုးသွမ်းတဲ့သောဒုံမြို့သားတို့ဟာ
မျက်စိလည်း မမြင် ကြရတော့ တံခါးကိုလည်း ရှာမတွေ့၊ လမ်းလည်းမလျှောက်တတ်တော့ ဘဲ
ချော်လဲသူလဲ၊ ကျွမ်းထိုးမှောက်ခုံဖြစ်တဲ့သူဖြစ်ပြီး မျက်မမြင် ဒုက္ခိတ တွေဖြစ်လို့နေကြသတဲ့ကွယ်။
ကလေးတို့ရေ....
ဒီလောက်ဆိုးသွမ်းတဲ့ သောဒုံမြို့သားတွေရဲ့ ခံစားရတဲ့ရလဒ်ဟာ
အင်မတန်မှကြောက်စရာကောင်းတယ်ကွယ့်။ သူတို့ က ဧည့်သည်နှစ်ယောက်ဟာ ဘုရားသခင်ရဲ့ ကောင်းကင်တမန်တွေ
ဆိုတာလည်း နားမလည်ကြဘူးလေ။ သူတို့အပြစ်နဲ့သူတို့ ခံကြရတာပေါ့။ လောတကတော့ ဧည့်သည်ကို
ကောင်းကောင်းပြုစုစောင့်ရှောက်ကျွေး မွေးတဲ့အတွက်
ဘုရားသခင်ကောင်းချီးခံစားရတာပေါ့။
ကလေးတို့ရေ....
သောဒုံမြို့ သားတွေလိုမဖြစ်ဖို့ ကြိုးစားကြရ မယ်။ နောက်ပြီး လောတမိသားစုလို
ကိုယ့်အိမ်ကို လာတဲ့ဧည့်သည်ကို ရှိ တာနဲ့ဧည့်ဝတ်ပျူငှာစွာ ကျွေးမွေးစောင့်ရှောက်ကြရမယ်။
ဘာဖြစ်လို့လဲ ဆိုရင် ကိုယ့်ဆီလာတဲ့ဧည့်သည်ဟာ တစ်ခါတလေ ကောင်းကင်တမန် ဖြစ်နေတတ်တယ်ကွယ့်။
ဒါကြောင့်ကလေးတို့လည်း မိမိတို့ရဲ့ဧည့်သည် တွေကို စေတနာထားပြီး ဧည့်ဝတ်ပျူငှာစွာ ဆက်ဆံနိုင်ကြပါစေကွယ်။
အခန်းကြီး - ၁၁
ပုံပြင်-၁၁
ဆားတိုင်ဖြစ်သွားသောအမျိုးသမီး
ကမ္ဘာဦး
၁၉း၁၂-၂၉
ကလေးတို့ရေ.... တစ်နေ့တော့
သောဒုံမြို့မှာနေထိုင်တဲ့ လောတ ဆိုတဲ့ပုဂ္ဂိုလ်ဆီကို ထူးဆန်းတဲ့ ဧည့်သည်နှစ်ယောက် ရောက်လာသတဲ့
ကွယ်။ ဒီဧည့်သည်နှစ်ယောက်ဟာ ကောင်းကင်တမန်နှစ်ဦးဖြစ်သတဲ့။ လောတလည်း
ကောင်းကင်တမန်တွေဖြစ်တာကို သိနေသတဲ့ကွယ်။
ဧည့်သည်နှစ်ယောက်က ဘာပြောလဲဆိုတော့ “ငါတို့ဟာ
ဒီအရပ် ကို ဖျက်ဆီးပစ်မှာဖြစ်လို့ မြို့ထဲမှာသင်နဲ့ဆိုင်တဲ့ သင့်သမီးတို့၊ သမက် တို့နဲ့
တခြားဆွေမျိုးသားချင်းတွေရှိလို့ရှိရင် ဒီအရပ်က ထုတ်ဆောင်သွား ပြီး
ထွက်ခွာသွားကြပါ။ ဘာဖြစ်လို့လဲဆိုရင် သောဒုံမြို့သားတို့ဟာ ဘုရား သခင်ရဲ့ရှေ့တော်မှာ
ကြီးလေးတဲ့အပြစ်ရှိလို့ သူတို့ကို ပြစ်တင်တဲ့ အသံတွေ ဘုရားသခင်ကြားရတဲ့အတွက်
သောဒုံမြို့ကို ဖျက်ဆီးပစ်ဖို့ ကျွန်ုပ်တို့ကို ဘုရားသခင်က စေလွှတ်လိုက်တယ်” လို့ လောတကို
ပြောသတဲ့ကွယ်။
အဲဒီအခါမှာ လောတဟာ သူ့သမက်လောင်းတွေဆီ သွားပြီး
“ဒီ အရပ်ကနေအမြန်ထွက်ကြပါ။ ထာဝရဘုရားသခင်ဟာ ဒီမြို့ကို ဖျက်ဆီး တော်မူမယ်”လို့တိုက်တွန်းပြောဆိုသတဲ့ကွယ်။
ဒါပေမယ့်သမက်လောင်း တွေဟာ လောတကျီစားပြောနေတယ်လို့ပဲ ထင်ကြတာပေါ့ကွယ်။ ဒါနဲ့ မနက်အရုဏ်တက်ချိန်ရောက်တော့
ကောင်းကင်တမန်တွေက လောတ ကို အမြန်ထွက်သွားဖို့ တိုက်တွန်းကြသတဲ့။
ကောင်းကင်တမန်တို့က “မြို့ကိုဖျက်ဆီးတဲ့အခါမှာ
သင့်မယားနဲ့ သမီးနှစ်ယောက်အသက်မဆုံးရှုံးစေဖို့အတွက် သူတို့ကိုလည်း ခေါ်ပြီး
အခုထွက်သွားပါ” လို့ပြောတာပေါ့။ ဒီလိုပြောတဲ့အခါမှာ လောတဟာ
တုံ့ဆိုင်းလို့နေသတဲ့ကွယ်။
ထာဝရဘုရားသခင်ဟာ လောတကိုချစ်တဲ့အတွက် သိပ်လည်း သနားတာပေါ့။
ဒါကြောင့် ကောင်းကင်တမန်တွေဟာ လောတနဲ့သူ့ဇနီး သည်၊ သမီးနှစ်ယောက်ကို လက်ဆွဲပြီး
မြို့ရဲ့အပြင်ဘက်ကို ဆွဲထုတ်သွား သတဲ့ကွယ်။ နောက်ပြီး ကောင်းကင်တမန်တစ်ပါးက
“အသက်ဘေးက နေ လွတ်အောင်ပြေးကြပါ။ နောက်ကို လှည့်မကြည့်နဲ့။ မြေညီတဲ့ အရပ်မှာမနေနဲ့။
အသက်ချမ်းသာရာရဖို့ တောင်ပေါ်ကို ပြေးကြပါ” လို့ မှာကြားထားသတဲ့ကွယ်။
လောတက “ကိုယ်တော် ကျွန်ုပ်တောင်ပေါ်ကို မပြေးပါရစေနဲ့၊
ကိုယ်တော်ရဲ့ကျေးဇူးတော်ကြောင့် အသက်ချမ်းသာရပါပြီ၊ တောင်တွေ ကခရီးဝေးလှပါတယ်။
တောင်ပေါ်ကို မရောက်ခင် ဘေးတစ်စုံတစ်ခု တွေ့ပြီး
သေဘေးနဲ့တွေ့ကြုံရမှာစိုးရိမ်ပါတယ်။ ရှေ့မှာမြို့ ကလေးတစ် မြို့တော့ရှိတယ်။
အဲဒီမြို့ဟာ နီးတဲ့အတွက်ကြောင့် ရောက်လွယ်ပါ တယ်။ အဲဒီမြို့ကလေးကို ပြေးပါရစေ။
မြို့ငယ်ကလေးဖြစ်တဲ့အတွက် ကျွန်ုပ်တို့ အတွက် လုံခြုံမှုရှိပါမယ်” လို့
လျှောက်သတဲ့ကွယ်။
ကောင်းကင်တမန်ကလည်း “ကောင်းပြီ၊ လောတ၊
အဲဒီမြို့ကို မဖျက်ဆီးဘူး။ မြန်မြန်ပြေးပါ။ အဲဒီမြို့ကို မရောက်ခင်မှာ ငါဟာ သောဒုံ
မြို့ကိုဒဏ်မစီရင်ပါဘူး” လို့ ပြောသတဲ့ကွယ်။ လောတဟာ အဲဒီမြို့ ကလေးကို
ဇောရမြို့လို့ခေါ်တွင်သတဲ့ကွယ်။ နေထွက်ချိန်မှာ ဇောရမြို့
ကိုရောက်ရှိသွားသတဲ့။
ဒီအချိန်မှာပဲ ထာဝရဘုရားသခင်ဟာ သောဒုံမြို့ နဲ့ဂေါမောရမြို့တွေပေါ်ကို
ကန့်မီးမိုးရွာချစေတော်မူတဲ့အတွက် အဲဒီမြို့ တွေနဲ့ချိုင့်ဝှမ်းတစ်လျှောက်လုံးရှိတဲ့လူတွေနဲ့
အပင်တွေ အားလုံး သေ ကြေပျက်စီးစေတာပေါ့။ လောတရဲ့မယားကတော့ အနောက်ကို လှည့် ကြည့်မိတဲ့အတွက်
ဆားတိုင်ဖြစ်သွားသတဲ့ကွယ်။
နောက်တစ်နေ့မနက်စောစောမှာ အာဗြဟံဟာ ထာဝရ ဘုရား သခင်ရဲ့ရှေ့တော်မှာ
ရပ်နေခဲ့ဖူးတဲ့နေရာကိုသွားပြီး သောဒုံမြို့နဲ့ ဂေါမော ရမြို့တစ်လျှောက်လုံးနဲ့
ချိုင့်ဝှမ်းတစ်လျှောက်လုံးကို လှမ်းကြည့်လိုက် တဲ့အခါမှာ မီးဖိုကြီးတစ်ခုမှ
မီးခိုးတက်သလိုပဲ မြေပြင်မှအခိုး တက်နေ တာကို မြင်ရတာပေါ့ကွယ်။ လောတကိုတော့
ပျက်စီးခြင်းဘေးကနေ လွတ်မြောက်စေသတဲ့ကွယ်။
ကလေးတို့ရေ.... လောတဟာ
ဘုရားသခင်ကို ချစ်ကြောက် ရိုသေပြီး ဘုရားသခင်စကားနားထောင်တဲ့လူဖြစ်တဲ့အတွက်
ဘုရားသခင် က သူနဲ့မိသားစုကိုပျက်စီးခြင်းမှ ကာကွယ်ခဲ့တာပေါ့ကွယ်။ ဒါပေမယ့် လောတရဲ့ဇနီးသည်ကတော့
တပ်မက်တဲ့စိတ်ထားနဲ့ သူရဲ့ သောဒုံမှာ ကျန်ရစ်ခဲ့တဲ့ပစ္စည်းတွေကို နှမြောတသနဲ့ နောက်ကို
လှမ်းကြည့်လိုက် တော့ ဆားတိုင်ဖြစ်သွားတော့တာပေါ့ကွယ်။
ကလေးတို့လည်း လောတလို ဘုရားသခင်ရဲ့စကားကို
တစ်သဝေ မတိမ်းနားထောင်တတ်တဲ့ ကလေးတွေဖြစ်ပြီး လောတရဲ့ဇနီးလိုလောက တပ်မက်တဲ့စိတ်တွေ
ကင်းဝေးနိုင်ကြပါစေကွယ်။
အခန်းကြီး - ၁၂
ပုံပြင်-၁၂
ယဇ်ကောင်ကလေးဣဇာက်
ကမ္ဘာဦး
၂၂း၁-၁၉
ကလေးတို့ရေ...
အာဗြဟံနဲ့စာရာဆိုတဲ့ ဇနီးမောင်နှံနှစ်ယောက် မှာ အသက်ကြီးမှရတဲ့ သားငယ်လေးတစ်ယောက်ရှိသတဲ့ကွယ်။
အဲဒီ သားငယ်လေးရဲ့နာမည်က ဣဇာက်လို့ခေါ်သတဲ့။ တစ်နေ့တော့ ဘုရား သခင်ဟာ
အာဗြဟံရဲ့နာခံခြင်းနဲ့၊ ယုံကြည်ခြင်းကို စစ်ဆေးချင်တာနဲ့ အာဗြဟံဆီလာတာပေါ့။
ပြီးတော့အာဗြဟံကို ခေါ်ပြီး “အာဗြဟံ၊ သင် အင်မတန်မှချစ်တဲ့ သင်ရဲ့တစ်ဦးတည်းသောသား
ဣဇာက်ကို ခေါ်ပြီး မောရိပြည်ကိုသွားပါ။ အဲဒီအရပ်မှာရှိတဲ့ ငါပြမယ့်တောင်ပေါ်မှာ
သူ့ကို ယဇ်ကောင်အဖြစ်သတ်ပြီး ငါ့ကိုပူဇော်ပါ” လို့အမိန့်ပေးသတဲ့ကွယ်။
အာဗြဟံရဲ့ ရင်ထဲမှာတော့ တစ်ဦးတည်းသော အင်မတန်မှ
ချစ်တဲ့သားလေးကို ယဇ်ကောင်အဖြစ် ကိုယ်တိုင်ပူဇော်ရမယ်ဆိုတော့
ဘယ်လောက်စိတ်ထိခိုက်မလဲနော်။ ဒါပေမယ့် ဘုရားသခင်စကားကို
တစ်သဝေမတိမ်းနားထောင်တတ်တဲ့ အာဗြဟံဟာ ရင်ထဲမှာဖြစ်နေတာ ကို မျိုသိပ်ပြီး
သားလေးနဲ့အတူ တောင်ပေါ်သွားပြီး ယဇ်ပူဇော်ဖို့စီစဉ် သတဲ့ကွယ်။
နောက်တစ်နေ့မနက်စောစော အာဗြဟံဟာ ယဇ်ပူဇော်ဖို့
ထင်း ကို မြည်းပေါ်တင်ပြီး သားလေးဣဇာက်နဲ့ အစေခံနှစ်ယောက်ကို ခေါ် တယ်။
သူတို့မထွက်ခင်မှာ သားလေးက ဘာမှမသိရှာဘဲ သူ့အဖေနဲ့ အတူတူ ယဇ်ပူဇော်ဖို့တောင်ပေါ်ကို
လိုက်သွားမယ့်အကြောင်း မိခင်ကြီး
ကို သွားပြောပြနှုတ်ဆက်သတဲ့ကွယ်။
မိခင်ကြီးကလည်း သူ့သားလေးကို အားရအောင်နမ်းပြီး သူ့အဖေနဲ့အတူတူ လိုက်ခွင့်ပေးလိုက်သတဲ့။
သား လေးဣဇာက်ဟာပျော်ရွှင်ပြီး သွက်သွက်လက်လက် ပေါ့ပေါ့ပါးပါးနဲ့ သူ့ အဖေနဲ့အစေခံတို့နောက်ကို
လိုက်သွားတာပေါ့ကွယ်။
ဒီလိုခရီးဆက်လာလို့ တတိယနေ့ကို ရောက်လာတော့တာပေါ့
ကွယ်။ အဲဒီနေ့မှာ သွားရမယ့်အရပ်ကို အဝေးကနေမြင်ရတယ်။ ဘုရား သခင်ညွှန်ပြလိုက်တဲ့နေရာပေါ့။
အာဗြဟံဟာ သူ့အစေခံတွေကို “မင်းတို့ ဒီနေရာမှာမြည်းနဲ့အတူ နေရစ်ကြ။ ငါနဲ့ငါ့သားက
ဟိုအရပ်ကို သွားပြီး ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပြီးရင် ပြန်လာမယ်” လို့
မှာကြားသတဲ့ ကွယ်။ အာဗြဟံဟာ ယဇ်ပူဇော်ဖို့ထင်းကို သားလေးဣဇာက်ကို သယ် ခိုင်းပြီး
မီးနဲ့ဓါးကိုတော့ သူကိုယ်တိုင်ယူဆောင်သွားတယ်။
ဒီလိုနဲ့ သားအဖနှစ်ယောက်အတူတူ လမ်းလျှောက်လာနေတဲ့
အချိန်မှာ ဣဇာက်ကလေးက “အဖေ....”လို့ ခေါ်လိုက်တဲ့အခါ အာဗြဟံ ကလည်း
“ငါ့သား” လို့ ပြန်ထူးတာပေါ့။ ဣဇာက်က “အဖေ မီးလည်းပါပြီ၊ ထင်းလည်းပါပြီ၊
ယဇ်ပူဇော်ဖို့ သိုးသငယ်ဘယ်မှာရှိသလဲ” လို့ မေးတာ ပေါ့။ အာဗြဟံကလည်း “ငါ့သား၊
ဘုရားသခင်ကိုယ်တော်တိုင် ယဇ် ကောင်စီမံပေးပါလိမ့်မယ်” လို့ ပြန်ပြောသတဲ့ကွယ်။
နောက်ပြီးသားအဖ နှစ် ယောက် ဆက်ပြီးလျှောက်သွားကြတယ်။
ဘုရားသခင်ညွှန်ပြတဲ့နေရာကို ရောက်တဲ့အခါမှာ
အာဗြဟံဟာ ယဇ်ပလ္လင်ကိုတည်ပြီး ထင်းကိုပလ္လင်ပေါ်မှာ ပုံတယ်။ နောက်တော့ သူ့ သားဣဇာက်ကို
ကြိုးနဲ့တုပ်နှောင်လိုက်ပြီး ယဇ်ပလ္လင်ပေါ်ရှိ ထင်းပေါ်ကို တင်လိုက်တယ်။
ဣဇာက်လေးဟာ ထင်းပုံပေါ်မှာ ငြိမ်ငြိမ်လေးပဲနေ သတဲ့ကွယ်။
တချို့ကလေးဆိုရင်ကြောက်ပြီး ထင်ပုံပေါ်ကနေ ခုန်ချရုန်း ကန်မှာပဲနော်။ ဒါပေမယ့်
ဣဇာက်ကလေးဟာ သူ့အဖေစကားနားထောင် တဲ့ကလေးဆိုတော့ ငြိမ်ငြိမ်လေးနေသတဲ့ကွယ်။ အာဗြဟံဟာ
သားလေး ဣဇာက်ကိုသတ်ဖို့ ဓါးကိုကိုင်ပြီး လက်ကိုဆန့်လိုက်တယ်ဆိုရင်ပဲ ထာဝရ ဘုရားသခင်ရဲ့ကောင်းကင်တမန်က
“အာဗြဟံ၊ အာဗြဟံ” လို့ ကောင်း ကင်ကနေခေါ်လိုက်သံကိုကြားတော့ အာဗြဟံလည်း
“ကျွန်ုပ်ရှိပါတယ် ဘုရားသခင်” လို့ ပြန်ထူးတာပေါ့။
ကောင်းကင်တမန်က “အဲဒီသူငယ်ကို မထိမခိုက်မနာကျင်စေနဲ့။
သင်ဟာတစ်ဦးတည်းသောသားကို ငါ့ကို ပူဇော်ဖို့မငြင်းဆိုခဲ့တဲ့အတွက်
ဘုရားသခင်ကိုကြောက်ရွံ့ရိုသေပြီး အမိန့်တော်ကိုနာခံတဲ့သူဖြစ်ကြောင်း အခုငါသိရပြီး”
လို့ မိန့်တော်မူတယ်။ နောက်ပြီး အာဗြဟံဟာမော်ကြည့် တဲ့အခါမှာ ချုံထဲမှာ ဦးချိုငြိနေတဲ့သိုးထီးတစ်ကောင်ကို
မြင်ရသတဲ့ကွယ်။ သူဟာသွားပြီး အဲဒီသိုးကိုယူလိုက်တယ်။ သားလေးဣဇာက်ရဲ့ကိုယ်စား မီးရှို့ရာယဇ်ကောင်အဖြစ်
ပူဇော်လိုက်တာပေါ့၊ အာဗြဟံဟာ အဲဒီအရပ် ကို “ထာဝရဘုရားသခင် ပြင်ဆင်ပေးတယ်”
လို့ခေါ်ဝေါ်သတဲ့ကွယ်။
ဒါကြောင့်တောင်ပေါ်မှာ “ထာဝရဘုရားသခင် ပြင်ဆင်ပေးတော်
မူမယ်” လို့ဒီနေ့ထက်တိုင်အဆိုရှိကြသတဲ့ကွယ်။ ထာဝရဘုရားသခင်ရဲ့ ကောင်းကင်တမန်ဟာ
ကောင်းကင်ကနေ အာဗြဟံကို ဒုတိယအကြိမ် ပြန်ခေါ်ပြီး ဘယ်လိုမိန့်ကြားသလဲဆိုတော့
“အာဗြဟံ သင်ဟာတစ် ယောက်တည်းသောသားကို ငါတောင်းတာ မငြင်းဆန်ဘဲ ပူဇော်တဲ့ အတွက်
သင့်အမျိုးအနွယ်ကို မိုးကောင်းကင်မှာရှိတဲ့ သဲပွင့်တွေလို များ ပြားစေမယ်။
သင်ရဲ့အမျိုးအနွယ်တို့ဟာ သူတို့ရန်သူတွေကို တိုက်ခိုက်
အောင်မြင်လိမ့်မယ်။ သင်ဟာ ငါရဲ့အမိန့်ကို
နာခံတဲ့အတွက်ကြောင့် သင်ရဲ့အမျိုးအနွယ်တို့ဟာ ကောင်းချီးမင်္ဂလာကို ခံစားကြရမယ်”
လို့ ပြောသတဲ့ကွယ်။
နောက်ပြီးအာဗြဟံဟာ သူ့အစေခံတွေရှိတဲ့နေရာကို ပြန်လာပြီး
သူတို့နဲ့အတူ ပြန်သွားကြတယ်။ အာဗြဟံတို့မိသားစုဟာ ဗေရရှေဘ အရပ်မှာပဲ
ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြသတဲ့ကွယ်၊
ကလေးတို့ရေ. . . အာဗြဟံဟာ
အင်မတန်မှယုံကြည်ခြင်းကြီးတဲ့ အတွက် ဘုရားသခင်စေခိုင်းတဲ့အတိုင်း ဆောင်ရွက်နိုင်ပါတယ်ကွယ်။
ဒါဟာ သူရဲ့ကြီးမားတဲ့ ယုံကြည်ခြင်းနဲ့ ဘုရားသခင်ကို အပ်နှံတာဖြစ် တယ်ကွယ့်။
ဒါကြောင့်သူ့ကို ယုံကြည်ခြင်းရဲ့ ဖခင်လို့တောင် ခေါ်ဝေါ်ကြ သတဲ့ကွယ်။
ဣဇာက်လေးဟာလည်း သူ့ဖခင်ရဲ့စကားကို နားထောင်ပြီး လိမ္မာလှတဲ့ကလေးဖြစ်တဲ့အတွက်
သူ့အမျိုးအနွယ်တွေဟာ ကောင်းကင် ကကြယ်တွေလို၊ သမုဒ္ဒရာထဲကသဲလုံးတွေလို
တိုးပွားများပြားလာအောင် ဘုရားသခင်ကောင်းချီးပေးခြင်းခံရသတဲ့ကွယ်။
ကလေးတို့လည်း ဘုရားသခင်ကို ယုံကြည်အားကိုးပြီး
ဣဇာက် လေးလိုလိမ္မာတဲ့ကလေးတွေဖြစ်ကြပါစေကွယ်။
အခန်းကြီး - ၁၃
ပုံပြင်-၁၃
ဣဇာက်အတွက်အိမ်ထောင်ဘက်
ကမ္ဘာဦး
၂၄။
ကလေးတို့ရေ. . .
ဘုရားသခင်ကို အင်မတန်ရိုသေကိုင်းရှိုင်းတဲ့ အာဗြဟံဆိုတဲ့ ပုဂ္ဂိုလ်ကြီးဟာ
အသက်အရွယ်လည်း ကြီးရင့်လို့လာသတဲ့ ကွယ်။ ထာဝရဘုရားသခင်ဟာ သူ့ကို အရာရာ ကောင်းချီးပေးတယ်။
တစ်နေ့တော့ အာဗြဟံဟာ သူ့အိမ်မှာပစ္စည်းဥစ္စာတွေကို အုပ်ထိန်းရတဲ့ အသက်အကြီးဆုံး အစေခံကိုခေါ်ပြီး
“သင်ဟာ ငါ့သား ဣဇာက်အတွက် မယားကို ခါနာန်လူမျိုးတွေမှာမရှာဘဲ ငါမွေးတဲ့ဇာတိပြည်ကို
သွားပြီး ငါ့အမျိုးသားချင်းတွေထဲမှာ ငါရဲ့သားအတွက် မယားရှာခဲ့ရမယ်။ ထာဝရ ဘုရားသခင်ရဲ့နာမတော်ကို
တိုင်တည်ပြီးတော့ သစ္စာဆိုပါ” လို့ ပြောသ တဲ့ကွယ်။
ဒီအခါမှာအစေခံက “တကယ်လို့တွေ့တဲ့ အမျိုးသမီးဟာ
သူ့အိမ် ကို စွန့်ပြီးမလိုက်နိုင်ဘူးလို့ပြောရင်” ဘယ်လိုလုပ်မလဲ။ အရှင်ရဲ့သားကို
အရှင်ရဲ့ဇာတိပြည်ကို ခေါ်သွားရမလားလို့မေးတော့ “ငါ့သားကို အဲဒီပြည် ကို မခေါ်သွားရဘူး၊
ထာဝရဘုရားသခင်က ငါ့ကိုအဲဒီပြည်ကနေ ခေါ်ခဲ့ပြီး ငါ့အမျိုးအနွယ်အတွက်
အခုဒီပြည်ကိုပေးမယ်ဆိုတာ ကတိသစ္စာပြုထား ပြီ။ တကယ်လို့သင်တွေ့တဲ့ အမျိုးသမီးဟာ
သင်နဲ့မလိုက်ရင် သင်ထားတဲ့ ကတိဟာပျက်ပြယ်စေမယ်။ ထာဝရဘုရားသခင်ဟာ ကောင်းကင်တမန် ကို
သင့်အလျင်အဲဒီပြည်ကို စေလွှတ်တော်မူမယ်။ ဘယ်အကြောင်းနဲ့မှ ငါ့သားကိုတော့ငါ့ဇာတိပြည်ကိုမခေါ်သွားရဘူး”လို့ပြောလိုက်သတဲ့ကွယ်
ဒီလိုနဲ့အစေခံလည်း သူ့သခင်ရဲ့ ကုလားအုတ်ဆယ်စီးကို
ယူပြီး မက်ဆိုပိုတေးမီးယားပြည် မြောက်ပိုင်းမှာရှိတဲ့ နာခေါ်နေထိုင်တဲ့မြို့ကို
ခရီးထွက်ခဲ့တယ်။ အဲဒီအရပ်ကိုရောက်တော့ ရေတွင်းနားမှာ ကုလား အုတ်တွေကိုနားစေတယ်။
အဲဒီအချိန်ဟာ အမျိုးသမီးတွေ ရေခပ်ဆင်းတဲ့ အချိန်ဖြစ်တယ်။ အာဗြဟံကျွန်က
“အကျွန်ုပ်ဘုရားသခင်၊ အကျွန်ုပ်လာ တဲ့ကိစ္စထမြောက်အောင်မြင်စေတော်မူပါ၊ ကျွန်ုပ်သခင်ကိုထားတဲ့ ကတိ အတိုင်းပြုတော်မူပါ။ အခုကျွန်ုပ်ဟာ
မိန်းမပျိုတွေရေခပ်ဆင်းမယ့် ရေ တွင်းနား ရောက်နေပါပြီ။ သူတို့အထဲမှ
တစ်ယောက်ယောက်ကို စပြီး စကားပြောပါမယ်” ဆိုပြီး ဆုတောင်းတယ်။ သူဆုတောင်းလို့ မဆုံးသေး
ခင်မှာ ရေဗက္ကဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ ရေကရားကို ပခုံးပေါ် တင်ပြီးရောက်ရှိလာတယ်။
သူက ဗေသွေလရဲ့သမီး အာဗြဟံရဲ့မြေး ဖြစ် သတဲ့ကွယ်။ သူမဟာ အင်မတန်ရုပ်ရည်လှပတဲ့ အပျိုကညာလေးဖြစ်
သတဲ့ကွယ်။ သူမဟာ ရေကရားကို ရေဖြည့်နေတာပေါ့။ အစေခံဟာ အဲဒီမိန်းမပျိုလေးဆီ သွားပြီး
ရေတစ်ပေါက်လောက်သောက်ဖို့ တောင်း သတဲ့ကွယ်။ မိန်းမပျိုလေးက သူမရဲ့ရေကရားမှရေကို သောက်ဖို့ပေး
တယ်။ သူ့ကို ရေတိုက်ပြီးတဲ့အခါမှာ ကုလားအုတ်တွေကို ရေတိုက်ဖို့ ရေခပ်နေသတဲ့။
အစေခံကတော့ သူ့အကြံအထမြောက်အောင်မြင်ခွင့် ဘုရားသခင်ပေးမပေးကို စောင့်ကြည့်နေသတဲ့။
မိန်းမပျိုလေးက သူမကုလားအုတ်တွေကို ရေတိုက်ပြီးတဲ့အခါမှာ
အစေခံကျွန်က အချိန်ငါးမူးရှိတဲ့ရွှေနားဆွဲနဲ့အကျပ်တစ်ဆယ် အချိန်ရှိတဲ့ ရွှေလက်ကောက်တစ်ရန်ကို
ဝတ်ဆင်စေပြီး သူမရဲ့မိဘတွေ နာမည်နဲ့ သူမရဲ့အိမ်မှာ တစ်ညတည်းခိုဖို့နေရာရှိသလားလို့မေးတော့
သူမရဲ့မိဘ တွေနာမည်ရော၊ အိမ်မှာတည်းခိုဖို့နေရာရှိကြောင်းပါ ပြောလိုက်တာပေါ့ ကွယ်။
နောက်ပြီး မိန်းမပျိုလေးရေဗက္ကဟာ သူ့မိဘအိမ်ကို ပြေးပြီး
အကျိုးအကြောင်းပြောပြသတဲ့ကွယ်။
ဒါနဲ့ရေဗက္ကရဲ့မောင် လာဗန်ဟာ ရေဗက္ကကိုမေးတော့
အကြောင်း စုံပြောပြလိုက်သတဲ့။ လာဗန်ဟာ အာဗြဟံရဲ့ကျွန်ဆီသွားပြီး “ဒီမှာဘာ ဖြစ်လို့ရပ်နေရတာလဲ။
ကျွန်ုပ်အိမ်ကိုဝင်ပါ၊ တည်းခိုဖို့ အခန်းရှိတယ်၊
ကုလားအုတ်စားဖို့အစားအစာလည်းရှိတယ်” လို့ ပြောတော့ ကျွန်လည်း ကျေနပ်သွားတာပေါ့။
ဒီလိုနဲ့အစေခံကျွန်ဟာ လာဗန်အိမ်ကို ရောက်လာ တော့တာပဲတဲ့ကွယ်။
လာဗန်ဟာကုလားအုတ်တွေဆီကဝန်စည်တွေကိုချပြီးတိရစ္ဆာန်တွေကို
ကောက်ရိုးနဲ့အစာ ကျွေးတာပေါ့။ အစေခံနဲ့အဖော်တွေ ခြေ ထောက်ဆေးဖို့ ရေလည်းယူလာသတဲ့။
အစေခံကျွန်က သူရဲ့ သခင်ကို ဘုရားသခင်ကောင်းချီးပေးကြောင်း၊ တိရစ္ဆာန်နှင့် ရွှေ၊
ငွေ မြောက်မြားစွာ ရှိကြောင်း၊ အသက်ကြီးတဲ့သူရဲ့မယားမှာ အရွယ်အိုမှ သားတစ်ယောက်ရ ကြောင်း၊
ပစ္စည်းအားလုံးဟာလည်း သားပိုင်ဆိုင်စေမည်ဖြစ်ကြောင်း၊ သူ့သားအတွက် ဇနီးရှာတဲ့အခါမှာ
ခါနာန်ပြည်သူတွေကို မရှာဘဲ သူ့ရဲ့ ဆွေမျိုးတွေထဲကရှာဖို့ပြောကြောင်း ပြောပြတယ်။
နောက်ပြီး သူနဲ့သူ့သခင် သစ္စာပြုတာရော၊
ကတိသစ္စာပြုတာ ပျက်ပြယ်စေမယ့် အကြောင်းတွေရော ပြောပြတယ်။ သူဒီပြည်ကို
ရောက်တဲ့အခါမှာ ရေဗက္ကနဲ့တွေ့ပုံ၊ ရေခပ်ပေးပုံ၊ ရွှေလက်ကောက်၊ နား ဆွဲပေးပုံတွေကိုလည်း
ပြောပြတယ်။ ရေဗက္ကဟာ ဘုရားသခင်က အလို ရှိနေတဲ့
ထာဝရဘုရားသခင်စီရင်တဲ့ကိစ္စဖြစ်ကြောင်းကိုပါ ပြောပြသတဲ့ ကွယ်။ နောက်ပြီး ရေဗက္ကကိုလည်း
ပြန်ခေါ်သွားဖို့ တောင်းတာပေါ့။ လာဗန်နဲ့ဗေသွေလလည်း သဘောတူပြီး
ခေါ်ဆောင်ခွင့်ပေးသတဲ့။ အစေခံဟာ ရွှေ၊ ငွေ၊ အဝတ်တန်ဆာတွေကို ရေဗက္ကကိုပေးတယ်။
သူ့မိခင်နဲ့သူ့မောင်ကိုလည်း အဖိုးထိုက်တဲ့ လက်ဆောင်တွေ ပေးသတဲ့ ကွယ်။
ရေဗက္ကရဲ့မောင်နဲ့မိခင်က ရေဗက္ကကို ကျွန်တော်တို့နဲ့ အတူ (၁ဝ) ရက်လောက်နေပါစေ။
ပြီးမှသွားပါ” လို့ပြောတဲ့အခါ အစေခံကျွန်က ကျွန်ုပ်ကို မတားပါနဲ့၊
မိန်းကလေးကိုခေါ်ပြီး သူ့သဘောကိုမေးမယ်” လို့ပြောပြီး ရေဗက္ကကိုခေါ်မေးတဲ့အခါ
ရေဗက္ကကလိုက်ပါမယ်လို့ ဖြေတဲ့ အတွက် “မောင်နဲ့မိခင်တို့က သင်ဟာ
လူပေါင်းသိန်းသန်းတို့ရဲ့ မိခင်ဖြစ် ပါစေ” သင့်အမျိုးအနွယ်တို့ဟာ သူတို့ကို တိုက်ခိုက်အောင်မြင်ကြပါစေ
ဆိုပြီး ကောင်းချီးပေးသတဲ့ကွယ်။
ရေဗက္ကနဲ့သူ့ကျွန်မတွေဟာ အာဗြဟံရဲ့ အစေခံကျွန်နောက်ကို
လိုက်သွားသတဲ့ကွယ်။ ဣဇာက်ဟာ “ငါ့ကိုမြင်တော်မူသည့် အသက်ရှင် တော်မူသောအရှင်၏ရေတွင်း”
အမည်ရှိတဲ့အရပ်မှာ ရောက်နေသတဲ့။ ညနေချမ်းရောက်တဲ့အခါ လယ်ကွင်းထဲက ကုလားအုတ်တွေကို ရေဗက္က
မြင်တဲ့အခါ အစေခံကျွန်ကိုမေးတာပေါ့။ ဣဇာက်ဖြစ်မှန်းလည်းသိရော သူမရဲ့ပဝါကိုယူပြီး
မျက်နှာဖုံးလိုက်တယ်။ အစေခံကျွန်ကလည်း သူ ဆောင်ရွက်သမျှ ဣဇာက်ကိုအကုန်
ပြောပြသတဲ့ကွယ်။ ဣဇာက်လည်း ရေဗက္ကကို သူ့အမေနေထိုင်တဲ့ တဲထဲကိုခေါ်ဆောင်သွားတယ်။
နောက် ဆုံးထိမ်းမြားလက်ထပ်ပြီးတော့ အကြင်လင်မယား ဖြစ်သွားကြတာပေါ့ ကွယ်။
ကလေးတို့ရေ. . . ဣဇာက်ဟာ လိမ္မာပြီး မိဘနဲ့ဘုရားသခင် စကားကို နားထောင်တဲ့အတွက်
ဘုရားသခင်ဟာ သူ့အတွက် အကောင်း ဆုံးအိမ်ထောင်ရေးနဲ့ အကောင်းဆုံးပျော်ရွှင်သာယာမှုကို
ဖြစ်စေအောင် မစကူညီပေးတာပေါ့။ ဒါကြောင့်ကလေးတို့လည်း လိမ္မာပြီး ဘုရားသခင် စကားကိုနားထောင်တဲ့ကလေးတွေဖြစ်ကြပါစေကွယ်။
အခန်းကြီး - ၁၄
ပုံပြင်-၁၄
လူမျိုးနှစ်မျိုးဖြစ်လာသောအမြွှာညီနောင်
ကမ္ဘာဦး
၂၅း၁၉-၃၄
ကလေးတို့ရေ. . . ဟိုးရှေးရှေးတုန်းက
ဣဇာက်နဲ့ ရေဗက္ကဆိုတဲ့ ဘုရားသခင်ကို အင်မတန်မှ ယုံကြည်ကိုးစားတဲ့ဇနီးမောင်နှံ
နှစ်ယောက် ရှိသတဲ့ကွယ်။ သူတို့ဟာအိမ်ထောင်ကျပေမယ့် သားသမီးတစ်ယောက်မှ မထွန်းကားဘူးတဲ့။
သူတို့သားသမီးအရမ်းပဲ လိုချင်ကြတာပေါ့။
တစ်နေ့တော့ဣဇာက်ဟာ သားသမီးလိုချင်လို့
ဘုရားသခင်ဆီမှာ တောင်းလျှောက်သတဲ့ကွယ်။ ဒီလိုတောင်းလျှောက်တော့ ဘုရားသခင်က နားညောင်းတော်မူသတဲ့။
ဒီလိုနဲ့မကြာခင်မှာပဲ ရေဗက္ကဟာ
ပဋိသန္ဓေစွဲလာတာပေါ့။ သူမရဲ့ ပဋိသန္ဓေမှာ ကလေးအမြွှာဖြစ်ပြီး အဲဒီကလေးတွေဟာ
မမွေးဖွားခင်က တည်းက အမိရဲ့ဝမ်းတွင်းထဲမှာ အချင်းချင်းရန်ဖြစ်ကြသတဲ့ကွယ်။ အဲဒီ အခါ
ရေဗက္ကက “ကျွန်မဟာ ဘာဖြစ်လို့ဒီလို ဖြစ်ရပါလိမ့်” ဆိုပြီး ထာဝရ ဘုရားသခင်ကို လျှောက်ထားသတဲ့။
ထာဝရဘုရားသခင်ကလည်း
“သင်ရဲ့ဝမ်းထဲမှာလူနှစ်မျိုးရှိတယ်။
သင်ဟာအချင်းချင်းပြိုင်ဆိုင်တဲ့လူနှစ်မျိုးဖွားမြင်မယ်။ လူမျိုးတစ်မျိုးဟာ
တခြားတစ်မျိုးထက်ခွန်အားကြီးမယ်၊ အကြီးဖြစ်တဲ့လူက အငယ်ရဲ့အစေ ကို ခံရလိမ့်မယ်”
လို့ မိန့်တော်မူသတဲ့ကွယ်။
အချိန်တန်လာတဲ့အခါမှာ ရေဗက္ကဟာ သားအမြွှာလေးတွေ ဖွား
မြင်လာတယ်။ အလျင်ဦးဆုံးဖွားမြင်တဲ့သားဟာ အဆင်းနီပြီး အမွေးထူ တဲ့အတွက်ကြောင့်
ဧသောလို့နာမည်မှည့်ခေါ်သတဲ့။ ဒုတိယမွေးတဲ့သား ဟာ ဧသောရဲ့ဖနှောင့်ကိုကိုင်ပြီး မွေးလာတဲ့အတွက်
ယာကုပ်လို့နာမည် မှည့်ခေါ်တာပေါ့ကွယ်။
အဲဒီအမြွှာတွေ မွေးဖွားတဲ့အခါမှာ ဣဇာက်ဟာ
အသက်ခြောက် ဆယ်ရှိနေပြီတဲ့ကွယ်။
ဒီလိုနဲ့အမြွှာညီနောင်လေးနှစ်ယောက်ဟာ
နေထိုင်လာခဲ့ကြတာ ရက်တွေ၊ လတွေ၊ နှစ်တွေအလီလီ ပြောင်းလဲလို့လာတဲ့အခါ အရွယ် ရောက်လို့လာကြတာပေါ့။
အကြီးကောင်ဧသောကတောမှာ ကျက်စားတဲ့ မုဆိုးကောင်းကြီးဖြစ်လာသတဲ့ကွယ်။
သားငယ်ယာကုပ်ကတော့ အိမ်မှာအေးအေးချမ်းချမ်း
နေထိုင်တဲ့ သူဖြစ်တယ်။ ဣဇာက်ဟာ ဧသောအမဲလိုက်လို့ရတဲ့ အမဲသားကို နှစ် သက်တဲ့အတွက်
ဧသောကိုချစ်သတဲ့ကွယ်။ ဒါပေမယ့် မိခင်ရေဗက္ကက တော့ သားငယ်ယာကုပ်ကိုချစ်သတဲ့။
တစ်နေ့တော့ယာကုပ်ဟာ ပဲဟင်းကိုချက်နေသတဲ့။ သူက
အိမ် မှာပဲနေပြီး မိခင်ကြီးကိုဝိုင်းကူတယ်။ အိမ်မှုကိစ္စတွေလည်း ဝိုင်းလုပ်ကိုင် ပေးသတဲ့ကွယ်။
သူပဲဟင်းချက်နေတဲ့အချိန်မှာ ဧသောဟာ
အမဲလိုက်ရာကနေ ပြန်ရောက်လာသတဲ့ကွယ်။ သူဟာ အင်မတန်မှဆာလောင်လို့ နေတာ ပေါ့။
ယာကုပ်ပဲဟင်းမွှေးမွှေးလေးရဲ့အနံ့ကိုလည်းခံရရော ဆာတာမနေ နိုင်တော့ဘူးတဲ့ကွယ်။
သူဟာ ဟန်မဆောင်နိုင်တော့တဲ့အခါမှာ ယာကုပ်ကို ဘယ်လို
ပြောလဲဆိုတော့ “ယာကုပ် ငါသိပ်ဆာနေတယ်၊ မင်းချက်တဲ့ ဒီပဲဟင်း
မွှေးမွှေးလေးကို ငါစားပါရစေ”
ဆိုပြီးတောင်းသတဲ့။
ဒါနဲ့ယာကုပ်က “ကဲ. . . ဒါဆိုရင်
ငါ့ကိုသားဦးအရာပေးရင်တော့ ငါ့ပဲဟင်းကိုမင်းစားရမယ်၊ မင်းကိုပေးကျွေးမယ်” လို့ ပြောသတဲ့ကွယ်။
ဧသောလည်း အခုငါသေလုအောင်ဆာနေပြီ၊ သားဦးအရာဟာ ငါ့အတွက် ဘာအကျိုးရှိမှာလဲလို့ ပြန်ပြောတဲ့အခါ
ယာကုပ်က “ကဲ. . . ဧသောရေ၊ မင်းရဲ့သားဦးအရာကိုပေးမယ်လို့
အလျင်ကတိသစ္စာပြု ကျိန်ဆိုရမယ်” လို့ပြောတာပေါ့။
ဧသောလည်း ယာကုပ်သဘောအတိုင်း
ကတိသစ္စာပြုကျိန်ဆိုပြီး သားဦးအရာကို ယာကုပ်ကို လွယ်လွယ်နဲ့ပေးလိုက်သတဲ့ကွယ်။
အဓိပ္ပါယ် က မွန်မြတ်တဲ့သားဦးအရာကို ပဲဟင်းလေးတစ်ခွက်နဲ့ ရောင်းလိုက်တာ ပေါ့။
ဒီအခါမှာ ယာကုပ်ဟာ ဧသောကို မုန့်နဲ့ ပဲဟင်းကိုပေးပြီး စား သောက်စေတာပေါ့။ ဧသောဟာ
မြိန်ရေရှက်ရေ အားရပါးရစားသောက် ပြီး ထွက်သွားတော့တာပဲတဲ့ကွယ်။
ဒီလိုအားဖြင့် ဧသောဟာ
သူရဲ့တန်ဖိုးရှိတဲ့သားဦးအရာကို မထီ လေးစားပြုလုပ်သတဲ့ကွယ်။
ကလေးတို့ရေ. . . ဧသောဟာ
သူရဲ့တန်ဖိုးရှိလှတဲ့သားဦး ရာကို တန်ဖိုးမထားဘဲ အစားကိုဦးစားပေးပြီး
ပဲဟင်းတစ်ခွက်နဲ့ အလဲအလှယ် လုပ်ခဲ့တယ်။ ဧသောရဲ့လုပ်ရပ်ဟာ တစ်နေ့တော့ ကောင်းကောင်း နောင်
တရမှာပေါ့ကွယ်။
အခန်းကြီး - ၁၅
ပုံပြင်-၁၅
ယာကုပ်ရတဲ့အဖေပေးသောကောင်းချီး
ကမ္ဘာဦး
၂၇း၁-၂၉
ကလေးတို့ရေ.
. . ဣဇာက်ဆိုတဲ့ပုဂ္ဂိုလ်ကြီးဟာ အသက်အရွယ် အိုမင်းလာရုံမက မျက်စိလည်းမမြင်တော့ဘဲ
အိုမင်းမစွမ်းဖြစ်လို့နေပြီတဲ့ ကွယ်။ တစ်နေ့တော့ သူ့ရဲ့သားကြီးဧသောကိုခေါ်ပြီး
“ငါ့သားဧသော၊ အဖေဟာအခုအသက်ကြီးပြီ။ မကြာခင်သေရလိမ့်မယ်။ သားဟာ လေးနဲ့ မြားကိုယူပြီး
တောထဲသွားပါ။ ပြီးတော့ အဖေ့အတွက် အမဲရှာဖွေခဲ့ပါ။
အဖေကြိုက်နှစ်သက်တဲ့အမဲဟင်းလျာကို ယူပြီး အဖေ့ဆီကိုလာခဲ့ပါ။ အဲဒီဟင်းကို အဖေစားပြီး
မသေခင်မှာ သားကိုကောင်းချီးပေးမယ်” လို့ မှာကြားသတဲ့ကွယ်။
ဣဇာက်က
ဧသောကိုမှာကြားနေတာ ဇနီးဖြစ်တဲ့သူ ရေဗက္ကက ကြားသွားသတဲ့ကွယ်။ ဒါကြောင့် ဧသောအမဲပစ်ထွက်သွားတဲ့အခါမှာ
ရေဗက္ကဟာ သားငယ်ယာကုပ်ကိုခေါ်ပြီး “သားငယ်ယာကုပ်ရဲ့ အဖေက
သားအစ်ကိုကြီးဧသောကိုခေါ်ပြီး အမဲပစ်ခိုင်းတယ်။ ဟင်းကိုလည်း ချက် ခိုင်းတယ်၊
ပြီးတော့ သူ့ဆီယူလာခိုင်းတယ်၊ သားအဖေစားပြီး ထာဝရ ဘုရားသခင်ရဲ့ရှေ့တော်မှာ
သားအဖေသူမသေခင် ကောင်းချီးပေးမယ်လို့ မှာထားတာ အမေကြားတယ်။ ဒါကြောင့် ငါ့သား
အမေ့စကားကိုနား ထောင်ပါ။ အမေပြောတဲ့အတိုင်းလည်းလုပ်ပါ။ ဆိတ်အုပ်ရှိတဲ့နေရာကို သွားပြီး
ဆူဖြိုးတဲ့ဆိတ်ငယ်နှစ်ကောင်ကိုယူခဲ့ပါ။ သားအဖေကြိုက်နှစ် သက်တဲ့ဟင်းကို
အမေချက်ပေးမယ်။ အဲဒီချက်ထားတဲ့အမဲဟင်းကို သား
အဖေဆီယူသွားပြီးကျွေးပါ။
သားကို ကောင်းချီးပေးလိမ့်မယ်” လို့ ပြော သတဲ့ကွယ်။
ယာကုပ်က
“အမေ၊ အစ်ကို ဧသောကအမွေးထူပြီး ကျွန်တော့် အသားအရေက ချောမွတ်တဲ့လူဖြစ်တယ်။ အဖေက
ကျွန်တော့်ကို စမ်း ကြည့်မိပြီး သူ့ကိုလှည့်ဖြားတာကို သိလို့ရှိရင်
ကျွန်တော်ကောင်းချီးမင်္ဂ လာခံရမယ့်အစား ကျိန်စာသင့်ခြင်းကိုခံရပါလိမ့်မယ်” လို့
မိခင်ကြီးကို ပြောပြသတဲ့ကွယ်။
ဒါနဲ့သူ့အမေက
“ငါ့သား၊ ငါ့သားခံရမယ့်ကျိန်စာကို အမေခံပါရ စေ။ အမေပြောတဲ့အတိုင်း
ဆိတ်တွေကိုယူလာခဲ့ပါ" လို့ မိခင်က ပြော တော့ ယာကုပ်ကဆိတ်တွေကိုယူလာပြီး
သူ့အမေရေဗက္ကက ဣဇာက် ကြိုက်နှစ်သက်တဲ့ အမဲဟင်းကို ချက်တော့တာပေါ့ကွယ်။ နောက်ပြီးအိမ်
မှာ ဧသောဝတ်ဆင်တဲ့အကောင်းဆုံးအဝတ်အစားကို ယာကုပ်ကို ဝတ် ဆင်စေသတဲ့။
သူရဲ့လက်မောင်းတွေနဲ့ အမွေးမပေါက်တဲ့ လည်ပင်းတွေ မှာ ဆိတ်သားရေကို ပတ်စည်းပေးသတဲ့ကွယ်။
နောက်ပြီးချက်ထားတဲ့ အမဲဟင်းနဲ့ ဖုတ်ထားတဲ့မုန့်ကို ယာကုပ်ကို ပေးပြီး
သူ့ဖခင်ကြီးဆီသွား ခိုင်းသတဲ့ကွယ်။
ယာကုပ်လည်း
သူ့ဖခင်ဣဇာက်ဆီကို သွားတော့တာပေါ့။ သူရဲ့ အဖေက “သားကြီးလား၊ သားငယ်လား”
လို့မေးတဲ့အခါ ယာကုပ်က “အဖေ၊ ကျွန်တော်ဟာ သားကြီးဧသောဖြစ်ပါတယ်၊ အဖေမှာတဲ့ အတိုင်း
ပြုလုပ်ပြီးပါပြီ။ အခုထပြီးကျွန်တော်ယူခဲ့တဲ့အမဲဟင်းကို သုံးဆောင်ပြီး
ကျွန်တော့်ကို ကောင်းချီးပေးပါ” လို့ပြောသတဲ့ကွယ်။ ဣဇာက်က သိပ်မ ယုံဘူးပေါ့။
ငါ့သား အမဲကောင်ရတာ တယ်မြန်ပါလားလို့ မေးတော့ ယာကုပ်က “အဖေရဲ့ဘုရားသခင် ထာဝရဘုရားသခင်ကူညီစောင်မခြင်း
ကြောင့် အမဲကောင်အမြန်ရတာဖြစ်ပါတယ်” လို့ ပြန်ပြောသတဲ့။
ဣဇာက်က
“အဖေ သားကိုစမ်းကြည့်ဖို့အနားတိုးလာပါ။ သား ဟာ ဧသောတကယ်ဖြစ်သလား” လို့မေးတာပေါ့။
ယာကုပ်က သူ့အဖေ နားတိုးသွားတဲ့အခါ သူ့အဖေက “သားရဲ့အသံက ယာကုပ်ရဲ့ အသံ၊ လက် တွေကတော့
ဧသောရဲ့လက်တွေဖြစ်တယ်” လို့ပြောတယ်။ ယာကုပ်ရဲ့ လက်တွေဟာ ဧသောရဲ့လက်တွေနဲ့တူပြီး
အမွေးထူတဲ့အတွက် ခွဲခြားလို့ မရဘူးပေါ့ကွယ်။
ဒါကြောင့်ယာကုပ်မှန်းမရိပ်မိဘူးပေါ့။
သူ့ကိုကောင်းချီးမပေးခင် မှာ “ငါ့သား၊ သင်ဟာတကယ်ပဲ ဧသောဖြစ်သလား” လို့ ထပ်မေးသတဲ့ ကွယ်။
ယာကုပ်ကလည်း “ဟုတ်ပါတယ်” လို့ ထပ်ပြီး ပြန်ဖြေသတဲ့။ ဒီအခါမှာ ဣဇာက်က ဒါဆိုရင် အမဲဟင်းကိုယူလာပါ။
အဖေစားပြီးရင် ငါ့သားကိုကောင်းချီးပေးမယ်” လို့ပြောသတဲ့ကွယ်။
ယာကုပ်ဟာ
သူ့ဖခင်ဆီကို ဟင်းယူခဲ့တယ်။ သောက်ဖို့ စပျစ်ရည် လည်းယူခဲ့တယ်။ နောက်တော့သူ့ဖခင်က
“ငါ့သား၊ ငါ့အနားကို တိုးပြီး အဖေ့ကိုနမ်းပါလို့ ခိုင်းတာပေါ့။ ယာကုပ်လည်း
ဖခင်ကြီး နားတိုးပြီး နမ်း လိုက်သတဲ့ကွယ်။ ဒီလိုနမ်းလိုက်တဲ့အခါမှာ ဣဇာက်က
သူရဲ့အင်္ကျီ အဝတ်အစားတွေကို အနံ့ခံပြီး “ငါ့သားရဲ့အနံ့ဟာ ထာဝရဘုရားသခင် ကောင်းချီးပေးတဲ့
လယ်ရဲ့ရနံ့လို သင်းကြိုင်ပါတယ်။ ဘုရားသခင်ဟာ
ငါ့သားကိုကောင်းကင်မှနှင်းကိုပေးတော်မူပြီး လယ်တွေကိုလည်း မြေဩ ဇာတွေထက်သန်စေမယ်။
ကောက်ပဲသီးနှံနဲ့စပျစ်ရည်တွေလည်း အများ ကြီးပေးလိမ့်မယ်။ တိုင်းနိုင်ငံတွေဟာ
သားရဲ့အစေကို ခံရလိမ့်မယ်။
အပြည်ပြည်မှာရှိ လူမျိုးအသီးသီးတို့ဟာ
သားကို ဦးညွှတ်ကြလိမ့်မယ်။ သားဟာ ဆွေမျိုးသားချင်းတို့ကို ကြီးစိုးရမယ်။
သားရဲ့အမိအဆက် အနွှယ်တို့ဟာ သားကိုဦးညွတ်ကြလိမ့်မယ်။ သားကိုကျိန်ဆဲသောသူတို့ ဟာ
ကျိန်ဆဲခြင်းကိုခံကြရမယ်။ သားကိုကောင်းချီးပေးတဲ့သူတို့ဟာ
ကောင်းချီးကိုခံကြရပါမယ်” ဆိုပြီး ယာကုပ်ကိုကောင်းချီးအပြည့်အစုံပေး သတဲ့ကွယ်။
ကလေးတို့ရေ.
. . သက်ကြီးရွယ်အို၊ မိဘ၊ ဘိုးဘွား၊ ဆရာသမား တွေ ကိုယ့်ကိုပေးတဲ့ကောင်းချီးမင်္ဂလာဟာ
အင်မတန်မှ မွန်မြတ်လှပါ တယ်။ ယာကုပ်ဟာ လိမ်လည်လှည့်ဖြားပြီး ဖခင်အိုကြီးကို
ကောင်းချီး တောင်းခံခဲ့တာဖြစ်ပေမယ့် မျက်မမြင်ဖခင်အိုကြီးပေးတဲ့ ကောင်းချီးက တော့
မွန်မြတ်ပြီး တန်ဖိုးမဖြတ်နိုင်တဲ့ကောင်းချီးမင်္ဂလာ တွေဖြစ်ပါတယ် ကွယ်။
ဒါကြောင့်ကလေးတို့လည်းလိမ္မာရေးခြားရှိတဲ့ကလေးတွေဖြစ်ပြီး
မိဘ၊ ဆရာသမား၊ ဘိုးဘွားတို့ပေးတဲ့ကောင်းချီးမင်္ဂလာကို ယာကုပ်လို လိမ်လည်လှည့်ဖြားပြီး
ယူစရာမလိုဘဲ မွန်မြတ်တဲ့ကောင်းချီး မင်္ဂလာကို
ထိုက်ထိုက်တန်တန်ရယူနိုင်ကြပါစေကွယ်။
အခန်းကြီး - ၁၆
ပုံပြင်-၁၆
ဧသောကောင်းချီးမင်္ဂလာမှလွတ်သွားခြင်း
ကမ္ဘာဦး
၂၇း၃ဝ-၄၅
ကလေးတို့ရေ.
. . ဣဇာက်ဆိုတဲ့ပုဂ္ဂိုလ်ကြီးမှာ အမြွှာသားတွေ ဖြစ်တဲ့
ဧသောနဲ့ယာကုပ်ဆိုတဲ့သားနှစ်ယောက်ရှိတဲ့အထဲမှ သားကြီးကို အမဲဟင်းလျာချက်ပြီး
သူ့ဆီလာပို့ရင် ကောင်းချီးမင်္ဂလာပေးမယ်လို့ ပြော ထားသတဲ့ကွယ်။ သားငယ်ယာကုပ်က
အဲဒီအကြောင်းတွေ သိတော့ သူ့အမေအကြံပေးတဲ့အတိုင်း သူ့အစ်ကိုကြီး
ဧသောထွက်သွားပြီးလို့ မကြာခင်မှာ သူ့အစ်ကိုဧသောရမယ့် ကောင်းချီးမင်္ဂလာအားလုံးကို
လိမ် လည်လှည့်ဖြားပြီး သူရဲ့မျက်မမြင် ဖခင်ကြီးဆီကနေယူသွားသတဲ့ကွယ်။
သူဟာ
ဧသောဟန်ဆောင်ပြီး လိမ်လည်ယူသွားတာကို သူ့ဖခင် ကြီးကမသိရှာဘဲ ကောင်းချီးတစ်ခုမကျန် ပေးလိုက်သတဲ့ကွယ်။
ဒီလို ဖခင်ကြီးက ကောင်းချီးပေးပြီးတဲ့အခါ ယာကုပ်ဟာ ထွက်သွားတာပေါ့။
ယာကုပ်ထွက်သွားပြီးလို့ မကြာခင်မှာဘဲ သူ့အစ်ကိုဧသောဟာ အမဲလိုက် ရာကနေပြန်လာတယ်။
သူဟာ စားသောက်ဖွယ်ကောင်းတဲ့ အမဲဟင်းကို ကောင်းကောင်းချက်ပြီးတော့ သူရဲ့ဖခင်ဆီကို
မုန့်နဲ့အတူ ယူလာတာပေါ့ ကွယ်။
နောက်ပြီးဧသောဟာ
သူရဲ့အဖေကို “အဖေ...အဖေ ကြိုက်တဲ့ အမဲဟင်းကို သားကြီးယူခဲ့ပါပြီ၊ ထပြီးစားပါ။
အဖေစားပြီး လို့ရှိရင် သား ကြီးကိုကောင်းချီးပေးပါ” လို့ပြောသတဲ့ကွယ်။ ဒီအခါမှာ
သူ့အဖေဣ ဇာက်က “သင်ဟာဘယ်သူလဲ” လို့ တအံ့တသြမေးလိုက်တာပေါ့။ ဧသော
က “ကျွန်တော်လေ အဖေ၊ အဖေ့သားကြီး ဧသောလေ
အဖေရဲ့” လို့ ပြန်ဖြေသတဲ့ကွယ်။
ဒီအခါမှာ
ဣဇာက်ဟာ အသားတွေ တဆတ်ဆတ်တုန်ခါနေ သတဲ့။ နောက်ပြီး “ငါ့ဆီကို အမဲဟင်းနဲ့မုန့်ယူလာတဲ့လူဟာ
ဘယ်သူလဲ၊
သားကြီးမလာခင် သူယူလာတဲ့ဟင်းကို
စားပြီးပြီ၊ အဲဒီလူကိုလည်း ကောင်းချီးပေးပြီးပြီ။ အဖေကောင်းချီးပေးခဲ့တဲ့အတိုင်း
သူခံစားရမယ်” လို့ပြောတာပေါ့ကွယ်။ ဧသောဟာ သူ့ဖခင်ရဲ့စကားကိုလည်း ကြားရော
ဘယ်ပြောကောင်းမလဲ၊ စိတ်တွေဆိုးပြီး မခံမရပ်နိုင်လောက်အောင်ဖြစ် ပြီး “အို. . .
အဖေ၊ ကျွန်တော်ကိုလည်း ကောင်းချီးပေးပါဦး” ဆိုပြီး သူ့ အဖေကို ကျယ်လောင်တဲ့အသံနဲ့အော်ဟစ်တောင်းပန်သတဲ့ကွယ်။
ဒါနဲ့ဣဇာက်က
သူ့သားငယ်သူ့ကို လိမ်လည်လှည့်ဖြားသွားတဲ့ အကြောင်းသိတဲ့အခါ “သားကြီး၊ သားကြီးရဲ့ညီ
ယာကုပ်ဟာ အဖေ့ကို လိမ်ညာလှည့်ဖြားပြီး သားကြီးခံစားရမယ့် ကောင်းချီးကို
ယူသွားပြီးသား ကြီးရေ” လို့ပြောတာပေါ့ကွယ်။ ဧသောဟာ အရမ်းစိတ်ဆိုးတာပဲတဲ့။
နောက်ပြီးဘာပြောလဲဆိုတော့ “သူဟာ ကျွန်တော့်ကို နှစ်ကြိမ်တိုင်တိုင်
ယာကုပ်ဆိုတဲ့နာမည်နဲ့လိုက်အောင် လှည့်စားခဲ့ပါပြီ။ သူဟာ ကျွန်တော် ရဲ့သားဦးအရာကိုတစ်ကြိမ်၊
အခုလည်း ကျွန်တော်ခံစားရမယ့် ကောင်းချီး ကို တစ်ကြိမ်ယူသွားပြန်ပြီ။
ကျွန်တော့်အတွက် ကောင်းချီးတစ်ပါးပါး မကျန်တော့ဘူးလားအဖေ” လို့ ဝမ်းနည်းကြေကွဲစွာနဲ့
ဖခင်ကြီးကို မေး သတဲ့ကွယ်။
ဣဇာက်က
“ငါ့သား၊ အဖေဟာ သူ့ကို ငါ့သားကြီးရဲ့အရှင်သခင် ဖြစ်စေပြီ။
ဆွေမျိုးသားချင်းအပေါင်းတို့ကိုလည်း သူရဲ့အစေကို ခံပြီ။ သူ့ ကိုကောက်ပဲသီးနှံနဲ့စပျစ်ရည်တို့နဲ့
ကြွယ်ဝပြည့်စုံစေပြီ။ ဒါကြောင့်ငါ့သား ကြီး၊ အဖေသားအတွက် ဘာလုပ်ပေးရမလဲ” လို့
ပြန်မေးသတဲ့ကွယ်။ ဧသောက “အို. . . အဖေ၊ အဖေ့ဆီမှာ ကျွန်တော့်ကို ပေးဖို့ ကောင်းချီး
မင်္ဂလာတစ်ပါးပါးနည်းနည်းလေးမှ မကျန်တော့ဘူးလား။ ကျွန်တော့်ကို လည်း
ကောင်းချီးပေးပါဦး” ဆိုပြီး ဝမ်းနည်းကြေကွဲစွာနဲ့ ငိုယိုတောင်းပန် သတဲ့ကွယ်။
ဧသောအင်မတန်မှစိတ်ထိခိုက်ပြီး
အကြီးအကျယ် ငိုကြွေးတော့ တာပဲတဲ့ကွယ်။ ဒီအခါဣဇာက်က “သား. . ငါ့သားရဲ့လယ်ထဲမှာ မြေဩ
ဇာမရှိ၊ မိုးကောင်းကင်မှနှင်းကိုလည်း မရနိုင်တော့ဘူးလား။ သားဟာ
ကိုယ့်ဓါးနဲ့အသက်မွေးရမယ်။ သားဟာ သားရဲ့ညီအစေကို ခံရမယ်။ ဒါပေမယ့်ငါ့သားကြီး၊
ကြိုးစားအားထုတ်လို့ရှိရင် သူရဲ့ အချုပ်အနှောင်က နေလွတ်မြောက်လိမ့်မယ်” လို့ ဧသောကိုပြောပြသတဲ့ကွယ်။
ယာကုပ်ဟာ
ဖခင်ကြီးဆီက ကောင်းချီးမင်္ဂလာခံစားရတဲ့အတွက် ဧသောက မခံမရပ်နိုင်အောင် စိတ်ဆိုးပြီး
ယာကုပ်ကို အငြိုးထားတာပေါ့။ နောက်ပြီးသူ့ဖခင်ကြီးကွယ်လွန်သွားလို့ရှိရင်
ကွယ်လွန်ချင်းချင်းယာကုပ် ကို သတ်မယ်လို့ကြုံးဝါးသတဲ့ကွယ်။
ဒါကတော့သူ့ဖခင်ကြီးအရှေ့မှာသတ်ရင်
သူ့ဖခင်ကြီး စိတ်ဆင်းရဲ မှာစိုးရိမ်လို့ပေါ့။ သူတို့ရဲ့မိခင်ရေဗက္ကဟာ ဧသောကြုံးဝါး
သံနဲ့အကြံကို သိတဲ့အခါမှာ ယာကုပ်ကိုခေါ်ပြီး “သားငယ်၊ သားရဲ့အစ်ကို ဧသောဟာ
သားကိုလက်စားချေသတ်ပစ်ဖို့ အကြံထုတ်နေတယ်။ ငါ့သား၊ အမေပြော တဲ့အတိုင်းပြုလုပ်ပါ။
ခါရန်မြို့မှာနေထိုင်တဲ့ အမေရဲ့အစ်ကိုလာဗန်ဆီကို အခုချက်ချင်းသွားဖို့ ပြင်ဆင်ပေတော့။
သားရဲ့အစ်ကိုကြီးစိတ်ဆိုးပြေပြီး
သားငယ်သူ့ကို ပြုမိတဲ့အရာတွေ မေ့ပျောက်တဲ့အချိန်အထိ
သားရဲ့ဦးကြီး လာဗန်ဆီမှာ ခဏလောက် တည်းခိုနေထိုင်ပါ။
အဲဒီအချိန်ရောက်လို့ရှိရင်
အမေဟာ သားဆီကို လူလွှတ်ပြီး ပြန် ခေါ်မယ်။ အမေဟာ တစ်နေ့ထဲကို သားနှစ်ယောက်စလုံး အဆုံးမခံနိုင်
ဘူးသား” ဆိုပြီး သားငယ်ယာကုပ်ကို ပြောတာပေါ့ကွယ်။ ဒီလိုပြောတော့ ယာကုပ်လည်း
သူ့အမေစကားကိုနားထောင်ပြီး အထုပ်အပိုးပြင်ဆင်ပြီး တော့
သူ့ဦးကြီးလာဗန်ရှိတဲ့ခါရန်မြို့ကို အမြန်ဆုံးထွက်ပြေးတော့တာ ပဲတဲ့ကွယ်။
ကလေးတို့ရေ.
. ဧသောဟာ သူ့ရဲ့သားဦးရာထူးကို အလေး မထားဘဲ ပဲဟင်းနဲ့လဲစားလိုက်တဲ့အတွက်
ဖခင်ကြီးပေးမယ့် တန်ဖိုးရှိလှ တဲ့ သားဦးအရာကောင်းချီးမင်္ဂလာမရရှိတော့တဲ့ အခြေအနေဖြစ်ရတော့
တာပေါ့ကွယ်။ ဒါကြောင့်ကလေးတို့လည်း ဘယ်အရာဟာ တန်ဖိုးထား သင့်သလဲ၊
ဘယ်အရာဟာကောင်းသလဲ၊ ဆိုးသလဲဆိုတာ ခွဲခြားသိမြင်ပြီး အရာရာကို လေးလေးနက်နက် သတိထားနိုင်ကြပါစေကွယ်။
အခန်းကြီး - ၁၇
ပုံပြင်-၁၇
ယာကုပ်နဲ့ထူးဆန်းသောလှေကား
ကမ္ဘာဦး
၂၈း၁၀-၁၁။ ၂၉:၁-၁၄။
ကလေးတို့ရေ
. . . ယာကုပ်ဆိုတဲ့ပုဂ္ဂိုလ်ဟာ ဗေရရှေဘအရပ်က နေပြီး သူ့ဦးရီးလာဗန်ရှိတဲ့
ခါရန်မြို့ကိုခရီးထွက်လာခဲ့တယ်။ ဒီလိုထွက် လာခဲ့တာ ခရီးအတော်ဝေးဝေးရောက်သတဲ့ကွယ်။
တစ်ခါမှ မရောက်ဖူး တဲ့နေရာဖြစ်တဲ့အတွက် နေရာတိုင်းဟာ သူ့အတွက် စိမ်းနေတာပေါ့။
ဒီလိုနဲ့ဆက်လျှောက်လာလိုက်တာ နေဝင်လို့ မိုးချုပ်စပြုလာတာပေါ့။ ဒီလိုနဲ့ယာကုပ်ဟာ
နေဝင်သွားတဲ့အခါ ခရီးဆက်ထွက်လို့ မဖြစ်တော့ တာနဲ့
တောထဲမှာပဲခရီးတစ်ထောက်နားသတဲ့ကွယ်။ မောမောနဲ့အိပ်ချင် လာတာပေါ့။
သူဟာအနီးအနားမှာရှိတဲ့ ကျောက်တုံးကြီးတစ်တုံးကို ခေါင်းအုံးပြီး
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာပေါ့။
အဲဒီလို
အိပ်ပျော်နေတဲ့အခါမှာ အိပ်မက်မက်သတဲ့ကွယ်။ အိပ် မက်ထဲမှာ ထူးဆန်းတဲ့လှေကားကြီးတစ်ခုတွေ့တယ်။
အဲဒီလှေကားကြီး ဟာ မြေပြင်ကနေမိုးကောင်းကင်ရောက်တဲ့အထိ ထောင်နေသတဲ့။ အဲဒီ လှေကားပေါ်မှာလည်း
ကောင်းကင်တမန်တွေ တက်လိုက်ဆင်းလိုက် လုပ်နေကြတာကို တွေ့မြင်သတဲ့ကွယ်။
ဒါတင်မကဘူးကွယ့်၊ ထာဝရ ဘုရားသခင်ဟာ သူ့ရဲ့အနီးမှာရပ်နေတာကိုလည်းမြင်ရသတဲ့ကွယ်။
နောက်ပြီး ထာဝရဘုရားသခင်က “ငါဟာ အာဗြဟံ၊
ဣဇာက်တို့ ရဲ့ ထာဝရဘုရားသခင်ဖြစ်တယ်။ အခုသင်နားနေတဲ့ပြည်ကို သင်နဲ့သင်ရဲ့ အမျိုးအနွယ်တို့ကို
ငါပေးမယ်။ သင်ရဲ့အမျိုးအနွယ်တို့ဟာ မြေမှုန့်လို
များပြားလိမ့်မယ်။ ငါဟာ
သင်နဲ့သင်ရဲ့အမျိုးအနွယ်တို့အားဖြင့် ကမ္ဘာပေါ် ရှိလူမျိုးအပေါင်းတို့ကို
ကောင်းချီးပေးမယ်။ ငါဟာ သင်နဲ့အတူရှိပြီး သင်သွားရာအရပ်တိုင်းမှာ
သင့်ကိုစောင့်ရှောက်မယ်။ သင့်ကို အဲဒီပြည်ကို တစ်ဖန်ပို့ဆောင်ဦးမယ်။
သင့်ကိုထားတဲ့ကတိအတိုင်း အကောင်အထည် မပေါ်မီ သင့်ကိုစွန့်ပစ်ပြီးမထားပါဘူး”
ဆိုပြီး ယာကုပ်ကိုမိန့်တော်မူသတဲ့ ကွယ်။
နောက်ပြီးယာကုပ်ဟာ အိပ်ရာကနေနိုးပြီး
“ထာဝရဘုရားသခင် ဟာ တကယ်တော့ဒီအရပ်မှာရှိတော်မူတယ်။ ရှိတော်မူကြောင်း ငါမသိပါ တကား”
လို့ ပြောသတဲ့ကွယ်။ သူဟာကြောက်ရွံ့ပြီး “ဒီအရပ်ဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ အရပ်ဖြစ်နေပါကလား၊
ဘုရားသခင် ကိန်း ဝပ်တော်မူရာဗိမာန်ကောင်းကင်ဘုံတံခါးဝတောင် ဖြစ်နေပါကလား” လို့ စိတ်ထဲမှာတွေးနေတယ်။
ယာကုပ်ဟာ သူခေါင်းအုံးတဲ့ ကျောက်တုံးကိုယူပြီး
မှတ်တိုင် အဖြစ် စိုက်ထူခဲ့တာပေါ့ကွယ်။ မှတ်တိုင်ပေါ်မှာ သံလွင်ဆီလောင်းပြီး
မှတ်တိုင်ကို ဘုရားသခင်ဆီ အပ်နှံသတဲ့ကွယ်။ အဲဒီအရပ်ကိုလည်း ဗေသလလို့ နာမည်မှည့်ခေါ်သတဲ့ကွယ်။
ယာကုပ်က ထာဝရ ဘုရား သခင်ကို “ကိုယ်တော်ဟာ ကျွန်ုပ်နဲ့အတူရှိပါ။ အကျွန်ုပ်သွားရမယ့်
ခရီး စဉ်မှာ စောင့်ရှောက်ပြီး အစားအစာနဲ့အဝတ်ကို ပေးသနားတော်မူပါ။
အကျွန်ုပ်ဖခင်အိမ်ကို ချောချောမောမော ပြန်လည်ပို့ဆောင်တော်မူမယ် ဆိုရင်
ကိုယ်တော်ဟာ အကျွန်ုပ်ရဲ့ ဘုရားသခင်ဖြစ်တော်မူပါမယ်။ ကျွန်ုပ် စိုက်ထူထားတဲ့ဒီမှတ်တိုင်ဟာ
ထာဝရဘုရားသခင်ကို ကိုးကွယ်ရာဌာန ဖြစ်ပါလိမ့်မယ်။ ကျွန်ုပ်လည်း
ကိုယ်တော်ဘုရားသခင်ပေးသနားတော်မူ သမျှထဲမှ ဆယ်ပုံတစ်ပုံကို ကိုယ်တော်အားလှူဒါန်းပါမယ်”
ဆိုပြီး သစ္စာ ပြုသတဲ့ကွယ်။ ယာကုပ်ဟာ ဒီလိုသစ္စာပြုပြီး အရှေ့ဘက်ကို ခရီးထွက် လာခဲ့တယ်။
အရှေ့ပြည်ကိုရောက်လာတဲ့အခါမှာ လယ်ကွင်းထဲက
သိုးစု သုံးစု ဝန်းရံနေတဲ့ရေတွင်းတစ်တွင်းကို တွေ့ရသတဲ့ကွယ်။ ဒါပေမယ့် ရေတွင်း ရဲ့အဝကို
ကျောက်တုံးကြီးနဲ့ ပိတ်ထားသတဲ့။ သိုးစုတွေ ရေတွင်းနား ရောက်တဲ့အခါ သိုးထိန်းဟာ
ကျောက်တုံးကိုရွှေ့ပြီး သိုးတွေကို ရေတိုက် လေ့ရှိသတဲ့ကွယ်။ နောက်ပြီး
ကျောက်တုံးကို ရေတွင်းဝပေါ် ပြန်တင် ထားလေ့ရှိသတဲ့။ ယာကုပ်က အဲဒီသိုးထိန်းတွေကို မိတ်ဆွေဖွဲ့ပြီး
သူတို့ ခါရန်မြို့က လာကြကြောင်းသိတဲ့အခါ သူရဲ့ဦးရီးတော်သူ လာဗန် အကြောင်းမေးတော့
အားလုံးကသိကြသတဲ့ကွယ်။
နောက်ယာကုပ်က သူ့ဦးရီးလာဗန် “နေကောင်းသလား၊
ကျန်းမာ ပါရဲ့လား” ဆိုပြီးမေးတာပေါ့ကွယ်။ သိုးထိန်းတို့က ယာကုပ်ကို “သိုးတွေ အားလုံးဒီနေရာကိုရောက်လာတဲ့အခါ
ကျောက်တုံးကိုရွှေ့ပြီး သိုးတွေကို ရေတိုက်ရပါတယ်” လို့ ပြောပြတာပေါ့ကွယ်။
ယာကုပ်ဟာ သိုးကျောင်း သားတွေနဲ့စကားပြောနေတဲ့အချိန်မှာ ရာခေလဟာ
သူ့အဖေရဲ့သိုးအုပ်နဲ့ အတူရောက်လာသတဲ့ကွယ်။ ယာကုပ်ဟာ သူ့ဦးရီးသိုးတွေနဲ့ သမီးကို တွေ့တဲ့အခါ
ရေတွင်းနားသွားပြီး ကျောက်တုံးကိုဖယ်၊ သိုးတွေကို ရေ တိုက်တာပေါ့။ နောက်ပြီး
ရာခေလကိုလည်း နမ်းပြီး ဝမ်းနည်းတဲ့အတွက် ငိုကြွေးတော့တာပဲတဲ့ကွယ်။
နောက်ပြီးငါဟာ ရေဗက္ကရဲ့သားဖြစ်တယ်။
နင်တို့ရဲ့ဆွေမျိုးရင်း ချာဖြစ်တဲ့အကြောင်းပြောသတဲ့ကွယ်။ ရာခေလလည်း သူမရဲ့ အဖေဆီ
ပြန်ပြေးပြီးပြောပြတာပေါ့။
ဒီလိုပြန်ပြောတဲ့အခါ၊ လာဗန်ဟာ ယာကုပ် သတင်းကြားတဲ့အခါ ပြေးပြီး သူ့ကို ဆီးကြိုဖက်ယမ်းနမ်းရှုပ်တယ်။
ပြီးတော့သူ့အိမ်ကိုပြန်ခေါ်လာခဲ့တာပေါ့။ ယာကုပ်ဖြစ်ခဲ့သမျှ အကြောင်း အကုန်ပြောပြတဲ့အခါ
လာဗန်က ယာကုပ်ကို သင်ဟာ ငါ့သွေးရင်းသား ရင်းဖြစ်တယ်လို့ ဝမ်းသာအားရပြောပြသတဲ့ကွယ်။
ယာကုပ်ဟာ သူရဲ့ ဦးရီးမိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားသတဲ့ကွယ်။
ကလေးတို့ရေ. . ယာကုပ်ဟာ သူ့ဖခင်ဆီ သားဦးအရာ
ကောင်း ချီးမင်္ဂလာကို ရရှိတဲ့သူဖြစ်တယ်ကွယ့်။ ဒါကြောင့်လည်း ယာကုပ်ဘယ် ကိုရောက်ရောက်
ဘုရားသခင်ဟာ သူနဲ့အမြဲအတူရှိပြီး စောင့်ထိန်းမစ လျက်ရှိပါတယ်ကွယ်။
တောထဲမှာရောက်နေတာတောင် သူနဲ့အတူရှိပြီး စောင့်ထိန်းမစနေတာပေါ့။
နောက်ဆုံး သူ့ဦးရီးအိမ်ရောက်တဲ့အထိ ပို့ဆောင်တော်မူရုံသာမ
က သူ့ဦးရီးမိသားစုကလည်း ချစ်ချစ်ခင်ခင်နွေးနွေးထွေးထွေး ကြိုဆိုကြ တာကိုကြည့်ခြင်းဖြင့်
ဘုရားသခင်ဟာ ယာကုပ်အတွက် အကောင်းဆုံး စီမံဆောင်ရွက်ပေးနေတယ်ဆိုတာသိရတာပေါ့ကွယ်။ ဒါကြောင့်ကလေးတို့တတွေလည်း
ဘုရားသခင်ကိုချစ်တဲ့ လူတွေ ဖြစ်ပြီး ဘုရားသခင်ဟာ သူချစ်တဲ့သားသမီးတွေကို
အမြဲကြည့်ရှုစောင်မ နေပါတယ်ဆိုတာ သိမြင်နိုင်ကြပါစေကွယ်။
အခန်းကြီး - ၁၈
ပုံပြင်-၁၈
အိမ်ထောင်ရေးအတွက်အစေခံလေးယာကုပ်
ကမ္ဘာဦး
၂၉း၁၅-၃၅
ကလေးတို့ရေ. .
.ယာကုပ်ဆိုတဲ့ လူငယ်လေးတစ်ယောက်ရှိသတဲ့ ကွယ်။ ဒီလူငယ်လေးဟာ ခါရန်မြို့မှာရှိတဲ့ သူ့ဦးရီးတော်သူ
လာဗန်ဆီကို ရောက်ရှိလို့လာတယ်။ သူ့ဦးရီးကလည်း သူ့ဆီရောက်လာတဲ့ တူတော် မောင်ကို
ကြည်ကြည်ဖြူဖြူ လက်ခံတာပေါ့။ အနေကြာလာတဲ့အခါမှာ သူ့ဦးရီးက ယာကုပ်ကို “မင်းဟာ
ငါ့ဆွေမျိုးရင်းဖြစ်တဲ့ အတွက် ငါ့ အတွက်အလုပ်ကို အခမဲ့ လုပ်ကိုင်မပေးသင့်ပါဘူး။
သင်လိုချင်တာကို တောင်းပါ” လို့ပြောသတဲ့ကွယ်။
ယာကုပ်ရဲ့ဦးရီးလာဗန်မှာ အင်မတန်မှလှပချောမောတဲ့
သမီးပျို နှစ်ယောက်ရှိသတဲ့ကွယ်။ သမီးအကြီးနာမည်က လေအာ ဖြစ်ပြီး သမီး ငယ်ရဲ့နာမည်က
ရာခေလဖြစ်တယ်ကွယ့်။ လေအာက မျက်လုံးမျက်ဖန် အင်မတန်လှပြီး ရာခေလကတော့
ကိုယ်လုံးကိုယ်ပေါက် အင်မတန်မှ လှ သတဲ့ကွယ်။ ယာကုပ်ကတော့ အငယ်မ ရာခေလကို ကြိုက်နှစ်သက်တဲ့
အတွက် သူ့ဦးရီးကို ဘယ်လိုပြောလဲဆိုတော့ ရာခေလနဲ့ထိမ်းမြားပေးရင် ဦးရီးဆီမှာ
ခုနစ်နှစ်အလုပ်လုပ် ပေးပါမယ်” လို့ပြောတာပေါ့ကွယ်။
ဒါနဲ့သူ့ဦးရီးက ရာခေလကို
တခြားလူတစ်ယောက်နဲ့ပေးစားတာ ထက် မင်းနဲ့ပေးစားတာက ပိုပြီးသင့်လျော်တယ်။ ဒါကြောင့်
ဦးရီးနဲ့နေ ပါ” လို့ပြောတယ်။ ဒါကြောင့်ယာကုပ်ဟာ ရာခေလကို ထိမ်းမြားနိုင်ဖို့ အတွက်
ခုနစ်နှစ်အလုပ်လုပ်ရသတဲ့ကွယ်။ ယာကုပ်ဟာ ရာခေလကို
အင်မတန်မှချစ်တဲ့အတွက်
အဲဒီခုနစ်နှစ်ကာလကို တိုတောင်းတယ်လို့ တောင် ထင်မှတ်သေးတယ်တဲ့ကွယ်။
ရက်၊ လ၊ နှစ်တွေ ကုန်လွန်လို့
ခုနစ်နှစ်လည်းရောက်ရော ယာကုပ်က “ဦးရီးခုနစ်နှစ်စေ့ပါပြီ၊ ဦးရီးရဲ့သမီးနဲ့ လက်ထပ်ခွင့်ပေးပါ”
လို့ ပြောတာပေါ့။ ဒါကြောင့်လာဗန်ဟာ လက်ထပ်မင်္ဂလာဧည့်ခံပွဲကျင်းပပြီး
လူတိုင်းကိုဖိတ်ကြားသတဲ့ကွယ်။ အဲဒီညမှာလာဗန်ဟာ ရာခေလအစား လေအာကို ယာကုပ်ဆီကို ပို့ပြီးအိပ်စေသတဲ့။
မိုးလင်းရောက်မှ ယာကုပ် ဟာ မိမိရဲ့မယားဟာ လေအာဖြစ်ကြောင်းသိရသတဲ့ကွယ်။
ယာကုပ်ဟာ လာဗန်ဆီကိုသွားပြီး “ဘာဖြစ်လို့ ဒီလိုလုပ်ရတာ
လဲ၊ ကျွန်ုပ်ဟာ ရာခေလကိုရဖို့အတွက် ခုနစ်နှစ်အလုပ်လုပ်ခဲ့ရတယ်။ ဘာဖြစ်လို့ လှည့်စားရတာလဲ”
လို့မေးတာပေါ့။ ဒီအခါမှာ လာဗန်က “ဒီအရပ်မှာသမီးကြီးကို အိမ်ထောင်မချမီ သမီးငယ်ကို
အိမ်ထောင်ချတဲ့ ထုံးစံမရှိပါဘူး။ သင်ဟာ ငါ့ဆီမှာ နောက်ထပ်ခုနစ်နှစ် အလုပ်လုပ်ရင်
သင့်ကို သမီးငယ်ရာခေလနဲ့ ပေးစားမယ်” လို့ ပြောပြန်သတဲ့ကွယ်။ ယာ ကုပ်လည်း ရာခေလကို နှစ်သက်မြတ်နိုးတဲ့အတွက်
သဘောတူလိုက် သတဲ့ကွယ်။
ခုနစ်နှစ်စောင့်ပြီး
မင်္ဂလာပွဲရက်သတ္တပတ်ကုန်တဲ့အခါမှာ ဦးရီး လာဗန်ဟာ သူ့သမီး ရာခေလနဲ့ ယာကုပ်ကို ပေးစားလိုက်သတဲ့ကွယ်။
သူဟာနောက်ထပ်ခုနစ်နှစ်ထပ်ပြီး ဦးရီးလာဗန်အတွက် အလုပ်လုပ်ရ တာပေါ့။ ယာကုပ်ဟာ
ရာခေလကို လေအာထက်ပိုပြီး ချစ်မြတ်နိုးသတဲ့ ကွယ်။ လာဗန်ဟာ သူ့သမီးတစ်ယောက်စီကို
ကျွန်မ တစ်ယောက်စီ အထိန်းအဖြစ် ပေးအပ်လိုက်သတဲ့ကွယ်။
ဒီလိုနဲ့ယာကုပ်ဟာ ယောက္ခမအိမ်မှာ
ဇနီးနှစ်ယောက်နဲ့ နေလာခဲ့ တာ နှစ်တွေကြာလာတော့ လေအာနဲ့ကလေးတွေ ဖွားမြင်လာတာပေါ့။
ပထမဆုံးသားက ရုဗင်လို့ နာမည်မှည့်သတဲ့ကွယ်၊ ဒုတိယသားကရှိ မောင်၊ တတိယသားက လေဝိ၊
စတုတ္ထသားက ယုဒ ဆိုပြီး နာမည်တွေ မှည့်ခေါ်သတဲ့ကွယ်။ နောက်ပြီး ဣသခါ၊ ဇာဗုလုန်၊
သမီးဒိနတို့ကို ဖွားမြင်ခဲ့တာပေါ့။ ရာခေလလည်း သားလေးယောသပ်ကို ဖွားမြင်ခဲ့သတဲ့ ကွယ်။
ယာကုပ်ဟာ သားပေါင်းဆယ့်နှစ်ယောက်နဲ့ သမီးတို့ကို ရရှိပြီး ဇနီးများနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြသတဲ့ကွယ်၊
ကလေးတို့ရေ. .
ယာကုပ်ဟာသူချစ်တဲ့ ချစ်သူအမျိုးသမီးအတွက် ခုနစ်နှစ်ကျွန်ခံအလုပ်လုပ်ခဲ့ရရုံမက
သူ့ယောက္ခမရဲ့ လှည့်ဖြားခြင်းကို လည်းခံရတယ်။ ယာကုပ်ဟာ သားဦးအရာကို သူ့အစ်ကို
ဧသောဆီက လှည့်ဖြားပြီးယူသလို သူလည်းပြန်ပြီး လှည့်ဖြားခံရတာပေါ့ကွယ်။ ဒါ ကြောင့် ကလေးတို့လည်း
သူတစ်ပါးကို လှည့်ဖြားတဲ့ လူတွေမဖြစ်အောင် နေထိုင်ကြိုးစားသလို မိမိကို သူတစ်ပါးမလှည့်ဖြားအောင်
သတိနဲ့နေထိုင် နိုင်ကြပါစေကွယ်။
အခန်းကြီး - ၁၉
ပုံပြင်-၁၉
လာဗန်နဲ့ယာကုပ်တို့ရဲ့နောက်ဆုံးကတိသစ္စာ
ကမ္ဘာဦး
၃၁း၁၄-၅၅
ကလေးတို့ရေ. . .
ဇနီးနှစ်ယောက်ရှိတဲ့ယာကုပ်ဟာ သူ့ဇနီးတွေ ဖြစ်ကြတဲ့၊ လာဗန်ရဲ့သမီးနှစ်ယောက်ဖြစ်တဲ့
ရာခေလနဲ့လေအာကို ဆိတ် တွေ၊ သိုးအုပ်တွေရှိတဲ့ လယ်ထဲကိုခေါ်ပြီး သင်တို့ရဲ့အဖေဟာ
ငါ့ကို မကြည်ဖြူကြောင်း ငါတွေ့ရတယ်။ ဒါပေမယ့် ငါ့ဘုရားသခင်ဟာ ငါနဲ့ အတူ ရှိတော်မူပါတယ်။
ငါဟာ သင်တို့ရဲ့အဖေအတွက် အစွမ်းကုန် အလုပ်လုပ်တာကိုလည်း သင်တို့သိကြတာပဲ၊ ဒါပေမယ့်
သူဟာ ငါ့ကို လှည့်စားပြီး ငါရသင့်တဲ့အခကို ဆယ်ကြိမ်လောက် ပြောင်းလဲခဲ့တယ်။
သင်တို့ရဲ့အဖေက အပြောက်ပါရှိတဲ့ဆိတ်တွေဟာ မင်းရဲ့အခဖြစ်တယ် ဆိုရင်
ဆိတ်ရှိသမျှတို့ဟာ အပြောက်ပါရှိတဲ့ သားကောင်တွေကို မွေးကြ တယ်။ အစင်းပါတဲ့ဆိတ်ဟာ
မင်းရဲ့ဆိတ်ဆိုရင် ဆိတ်ရှိသမျှဟာ အစင်း ပါတဲ့သားကောင်တွေကိုမွေးကြတယ်။
ဒါကြောင့် ဘုရားသခင်ဟာ ငါ့ကို ကြည့်ရှုမစတော်မူတယ်။
နောက်ပြီး ဘုရားသခင်က “သင်ဟာ ဒီပြည်ကထွက်ပြီး သင်ရဲ့နေရင်း ပြည်ကို ပြန်ဖို့အခုပြင်ဆင်ပါ”
လို့ မိန့်တော်မူပါတယ်ဆိုပြီး သူ့ဇနီး နှစ်ယောက်ကို ပြောတာပေါ့ကွယ်။
ရာခေလနဲ့လေအာတို့က “ကျွန်မတို့ ဟာ အဖေ့ဆီက အမွေရစရာမရှိတော့ပါဘူး။ အဖေဟာ
ကျွန်မတို့ကို သူစိမ်းတွေလို ဆက်ဆံပါတယ်။ ကျွန်မတို့ကို ရောင်းပြီးရသမျှ ငွေကို သုံးစွဲတယ်။
ကျွန်မတို့အဖေဆီက ဘုရားသခင်သိမ်းယူတော်မူတဲ့ ဥစ္စာ ပစ္စည်းရှိသမျှကို
ကျွန်မတို့သားသမီးတွေ ပိုင်တယ်။ ဒါကြောင့် ဘုရား သခင်မိန့်မှာတဲ့အတိုင်းလုပ်ပါ”
လို့ ယာကုပ်ကို ဇနီးတွေက ပြောပြတာ ပေါ့ကွယ်။ ဒါကြောင့်ယာကုပ်လည်း
သူရဲ့ဖခင်ရှိတဲ့ပြည်ကို ပြန်ဖို့ပြင်ဆင် တော့တာပေါ့ကွယ်။ သူ့မယားတွေကို
ကုလားအုတ်ပေါ်ကို တင်ပြီးစီးစေ သတဲ့။ သူဟာ မက်ဆိုပိုတေးမီးယားပြည်မှာ
ရရှိတဲ့ဥစ္စာပစ္စည်းတွေကို ယူဆောင်ပြီး သိုးအုပ်၊ ဆိတ်အုပ်တွေကို
မောင်းနှင်လာခဲ့တာပေါ့ကွယ်။
ယာကုပ်ဟာ သိုးတွေကို အမွေးညှပ်ဖို့ သွားနေတဲ့အချိန်မှာ
ရာခေ လဟာ သူ့အဖေလာဗန်ရဲ့ဘုရားသခင်ရုပ်တုတွေခိုးယူခဲ့တယ်။ ယာကုပ် ပြန်လာတဲ့အခါ
သူပိုင်သမျှပစ္စည်းအားလုံးကိုယူပြီး လာဗန်ကို အသိ မပေးဘဲ ထွက်လာခဲ့တယ်။ သူတို့ဟာ
ဥဖရတ်မြစ်ကို ဖြတ်ကျော်ပြီး ဂိလဒ်တောင်ဘက်ကို ခရီးထွက်ခဲ့သတဲ့ကွယ်။
သုံးရက်လောက်ကြာတဲ့ အခါမှာ လာဗန်ဟာ ယာကုပ်တို့ ထွက်ပြေးကြောင်းသိတဲ့အတွက် သူ့လူ တွေကိုခေါ်ပြီး
လိုက်ကြတာပေါ့။
ခုနစ်ရက်ကြာတော့ ဂိလဒ်တောင်အရောက်မှာ မီတော့တာပဲတဲ့
ကွယ်။ လာဗန်က ယာကုပ်ကို “ဘာဖြစ်လို့ ငါ့ကိုလှည့်စားသလဲ၊ ဘာဖြစ် လို့ ငါ့သမီးတွေကို
စစ်သုံ့ပန်းလိုခေါ်သွားရတာလဲ၊ ငါ့ကိုအသိပေးလို့ရှိရင် ပတ်သာတို့စောင်းတို့တီးပြီး
ပျော်ပျော်ရွှင်ရွှင်နဲ့ မင်းတို့ကို လွှတ်လိုက်မှာ ပေါ့။ မင်းဟာ
ငါ့သမီးနဲ့မြေးတွေကိုတောင် နှုတ်ဆက်ခွင့်မပေးဘူး။ မင်း မိုက်လိုက်တာ။ ငါဟာ
မင်းတို့ကိုဘေးဒုက္ခရောက်စေနိုင်တယ်။
ဒါပေမယ့် မင်းရဲ့ဘုရားသခင်က မင်းကို မခြိမ်းခြောက်ရဘူးလို့
သတိပေးထားတယ်။ မင်းဟာ မင်းမိဘအိမ်ကိုပြန်ချင်တာ ငါသိပေမယ့် မင်းတို့ဘာဖြစ်လို့ ငါရဲ့ရုပ်တုကို
ခိုးယူသွားကြတာလဲလို့ လာဗန်က ပြော တော့ ယာကုပ်က “အဖလာဗန်က သမီးတွေကို အနိုင်အထက်ပြုပြီး
သိမ်းယူသွားမှာစိုးရိမ်လို့ ပြေးလာရခြင်းဖြစ်ပါတယ်။
ရုပ်တုခိုးတဲ့ လူကို တွေ့ရင် ဒဏ်ပေးပါ့မယ်၊ ပစ္စည်းတွေကိုရှာပါ။ ရုပ်တုကိုတွေ့ရင်
ပြန်ယူ ပါ” လို့ ယာကုပ်ကပြောတာပေါ့ကွယ်။
လာဗန်ရဲ့ဘုရားသခင်ရုပ်တုတွေကို ရာခေလခိုးလာတာ
ယာကုပ် ကမသိဘူးတဲ့ကွယ်။ လာဗန်ဟာ ယာကုပ်ရဲ့ တဲထဲကိုဝင်ရှာတယ်။ မတွေ့
ဘူး၊
ဘယ်နေရာမှရှာလို့မတွေ့ဘူးတဲ့ကွယ်။
ဒါနဲ့ယာကုပ်က “ကျွန်ုပ်ဟာ ဘယ်အပြစ်ကို ကျူးလွန်မိပါသလဲ၊
ဘယ်အပြစ်ကြောင့် ကျွန်ုပ်ရဲ့နောက်ကို အပြင်းအထန် လိုက်ရတာလဲ။ အခုလည်း
ကျွန်ုပ်ရဲ့ပစ္စည်းတွေကိုလည်း ရှာပြီးပြီ၊ တွေ့လို့လား။ ကျွန်ုပ် ဟာ သင်နဲ့အတူ
နှစ်ပေါင်းနှစ်ဆယ်နေထိုင်ခဲ့ပါတယ်။ သင်ရဲ့သိုးတွေကို လည်း
အကောင်းဆုံးစောင့်ထိန်းခဲ့ပါပြီ။ နေ့ရော၊ ညရောစောင့်ထိန်းခဲ့တဲ့ အတွက် အအေးဒဏ်ရော၊
အပူဒဏ်ရော အကြိမ်ကြိမ်ခံခဲ့ရပြီး အအိပ် လည်းပျက်ခဲ့ပြီ၊
သင့်ရဲ့သမီးနှစ်ယောက်အတွက်လည်း တစ်ဆယ့်လေး နှစ်အလုပ်လုပ်ခဲ့ပေးပြီးပြီ။
နောက်ပြီး ခြောက်နှစ်လောက်
သင်ရဲ့တိရစ္ဆာန်တွေကို ထိန်း ကျောင်းခဲ့ပြီးပါပြီ။ အဲဒီလိုပြုလုပ်ပေးတာတောင်
ကျွန်ုပ်ရဲ့အခကို ဆယ် ကြိမ်လောက်ပြောင်းလဲခဲ့ပါပြီ။ ဒါပေမယ့် ကျွန်ုပ်ရဲ့ဘုရားသခင်က
ကျွန်ုပ် ခံရတဲ့ဆင်းရဲခြင်းနဲ့ ပင်ပင်ပန်းပန်းလုပ်ကိုင်ရတာကိုသိတဲ့အတွက် သင့် ကိုတောင်
ဆုံးမတော်မူပြီ” လို့လာဗန်ကိုပြောတာပေါ့။
လာဗန်က “ဒီသမီးတွေဟာ ငါ့သမီးတွေဖြစ်တယ်။ သူတို့
သား သမီးတွေဟာလည်း ငါ့သားသမီးတွေဖြစ်တယ်။ သူတို့ရဲ့ တိရစ္ဆာန်တွေ လည်း
ငါရဲ့တိရစ္ဆာန်တွေဖြစ်တယ်။ ဒါပေမယ့် သူတို့ကို ငါစောင့်ရှောက် ထားဖို့မဖြစ်တော့တဲ့အတွက်
သင်နဲ့ငါ ကတိသစ္စာပြုချင်တယ်။ ဒီကတိ သစ္စာပြုတာကို ငါတို့သတိရဖို့အတွက်
ကျောက်တုံးတစ်တုံးကို ယူပြီး ကျောက်တုံးတွေကိုထပ်ဆင့်ပုံစေတယ်။ အဲဒီ ကျောက်ပုံဟာ
လာဗန်နဲ့ ယာကုပ်တို့ရဲ့သက်သေဖြစ်တယ်။
နောက်ပြီးလာဗန်က ငါတို့အချင်းချင်း ခွဲခွာပြီး
ထာဝရဘုရား သခင် ဟာ ငါတို့ကို စောင့်ရှောက်ပါစေ။ “ဒီကျောက်ပုံကို ကျော်လွန်ပြီး
ငါ့ကိုအန္တရာယ်မပြုဖို့၊ ဒီကျောက်ပုံနဲ့မှတ်တိုင်သက်သေဖြစ်ပါစေ” ဆိုပြီး
ကတိပြုသစ္စာဆိုကြသတဲ့ကွယ်။
နောက်ပြီးယာကုပ်ဟာ သူ့ဖခင်ကိုးကွယ်တဲ့ဘုရားသခင်ရဲ့ နာမ တော်ကိုတိုင်တည်ပြီးတော့ သစ္စာအဓိဌာန် ဆိုသတဲ့ကွယ်။ သူဟာ တိရစ္ဆာန် တစ်ကောင်နဲ့ယဇ်ပူဇော်ပြီး ဆွေမျိုးသားချင်းတွေကို ဖိတ်ခေါ် ပြီးစားကြတယ်။ အဲဒီလိုစားသောက်ကြပြီး တောင်ပေါ်မှာ အိပ်ကြတာ ပေါ့ကွယ်။ နောက်နေ့နံနက်စောစောမှာ လာဗန်ဟာ သူ့ရဲ့ မြေးတွေနဲ့ သမီးတွေကိုနမ်းပြီး နှုတ်ဆက်တယ်။ ကောင်းချီးပေးပြီးတော့ သူရဲ့နေရပ် ကိုပြန်သွားသတဲ့ကွယ်။ ကလေးတို့ရေ. . . လာဗန်နဲ့ယာကုပ် ကတိသစ္စာ ပြုကြပြီး နောက်မှာ ကတိတည်ကြပြီး တစ်ဦးနဲ့တစ်ဦး အနှောင့်အယှက် အန္တရာယ်မပေးတော့ဘဲအေးအေးချမ်းချမ်းနေထိုင်သွားကြတာပေါ့ကွယ်
ဒါကြောင့်ကတိသစ္စာဆိုတာ တည်ကြည်မှုရှိရမယ်ကွယ့်၊
ဘုရား သခင်၊ လူကြီးမိဘ၊ ဆရာသမား၊ မိတ်ဆွေအပေါင်းအသင်းတွေကို ကတိ ပေးဖူးတာရှိကြမှာပေါ့ကွယ်။
ဒီလိုကတိပေးရင် တကယ်လည်း တည် ကြည်တဲ့လူတွေဖြစ်ကြရမယ်။ ဒါကြောင့် ကလေးတို့လည်း
ကတိတည် တဲ့ကလေးတွေဖြစ်နိုင်ကြပါစေကွယ်။
အခန်းကြီး - ၂၀
ပုံပြင်-၂ဝ
အငြိုးပြေတဲ့ညီအစ်ကို
ကမ္ဘာဦး
၃၁း၁-၂ဝ။ ၃၂။ ၃၃
ကလေးတို့ရေ. . .
ယာကုပ်ဆိုတဲ့ပုဂ္ဂိုလ်ကြီးတစ်ဦးရှိတယ်။ သူ့မှာ ဇနီးနှစ်ဦးရဲ့ကလေးတွေအများကြီးရှိသတဲ့။
တစ်နေ့တော့ ယာကုပ်ဟာ ဇနီးနှစ်ဦး၊ ကျွန်မနှစ်ဦးနဲ့ကလေးတွေကို ခေါ်ပြီး
သူ့အစ်ကိုဧသောရှိတဲ့ နေရာကိုသွားကြသတဲ့ကွယ်။ ယာကုပ်ဟာ ဧဒုံပြည်မှာရှိတဲ့ အစ်ကို ဧသောဆီကို
အခိုင်းအစေတွေကို ရှေ့ပြေးအဖြစ်စေလွှတ်တာပေါ့ကွယ်။ သူရဲ့အစေခံတွေကပြန်လာတော့
ယာကုပ်ကို ပြောပြတာပေါ့။ ဘယ်လို ပြောလဲဆိုတော့ “ကျွန်တော်တို့ဟာ
ကိုယ်တော်အစ်ကိုဧသောဆီကို ရောက်ခဲ့ပါတယ်။ သူလည်း သခင်နဲ့ တွေ့ဖို့လာနေပြီ။
သူ့မှာအင်အား လေးရာရှိပါတယ်” လို့ပြန်ပြောကြတယ်။
ဒီအခါမှာ ယာကုပ်က
အရမ်းစိုးရိမ်ကြောက်ရွံ့သွားသတဲ့ကွယ်။ သူနဲ့ပါလာတဲ့လူတွေ၊ တိရစ္ဆာန်တွေကို နှစ်စုခွဲထားတာပေါ့။
ဘာဖြစ်လို့ လဲဆိုတော့ ဧသောလာလို့ပထမတစ်စုကိုတိုက်ရင် ကျန်တဲ့ တစ်စုလွတ် မြောက်နိုင်လိမ့်မယ်လို့တွေးမိပြီး
နှစ်စုခွဲလိုက်သတဲ့ကွယ်။
နောက်ပြီး ယာကုပ်ဟာ သူ့အစ်ကိုဧသောက သူ့ကို တိုက်ခိုက်
ဖျက်ဆီးမှာကို စိုးရိမ်ပူပန်တဲ့အတွက် ဘုရားသခင်ရဲ့ကတိတော်ကို တိုင် တည်ပြီး
အကြီးအကျယ် ဆုတောင်းတာပေါ့ကွယ်။ အဲဒီအရပ်မှာ တစ်ည တည်းပြီး သူရဲ့အစ်ကိုဧသောကို လက်ဆောင်ပေးဖို့
တိရစ္ဆာန်တွေကို အုပ်စုခွဲပြီး တစ်အုပ်စီကို အစေခံတစ်ယောက်ကျ အုပ်ထိန်းစေပါတယ်။ ရှေ့ဆုံးမှသွားတဲ့အစေခံက ဧသောကို အလျင်တွေ့တဲ့အခါမှာ “ယာကုပ် ကိုယ်တိုင်နောက်မှလိုက်လာပါတယ်”
လို့ တစ်ဆင့်တစ်ဆင့် ပြောစေပြီး ယာကုပ်ပေးလိုက်တဲ့ လက်ဆောင်တွေနဲ့ အစ်ကိုဧသောကို
ပေးရင် ယာကုပ်အပြစ်မမြင်ဘဲ ခွင့်လွှတ်ကောင်းခွင့်လွှတ်လိမ့်မယ် ဆိုပြီး လက် ဆောင်တွေကိုကြိုတင်ပို့ကြသတဲ့ကွယ်။
ညတွင်းချင်းပဲယာကုပ်က ဇနီးနှစ်ယောက်နဲ့ သားသမီးတွေကို
ခေါ်ပြီး ယဗ္ဗုတ်မြစ်ကို ဖြတ်ကူးသတဲ့ကွယ်။ သားမယားတွေနဲ့ ပစ္စည်း တချို့ကိုတစ်ဖက်ကမ်းကိုပို့ပြီး
ယာကုပ်ကတော့တစ်ယောက်ထဲ ကျန်ရစ် ခဲ့သတဲ့ကွယ်။ ဒီအခါမှာ ယာကုပ်ဟာ လူတစ်ယောက်နဲ့
မိုးလင်းလုဆဲဆဲ ရောက်တဲ့အထိ နပန်းလုံးသတဲ့ကွယ်။ အဲဒီလူဟာ သူမနိုင်မှန်းသိတဲ့အခါ
ယာကုပ်တင်ပါးကို ထိုးလိုက်တဲ့အတွက် အဆစ်ပြုတ်သွားတယ်။ ယာ ကုပ်က သူ့ကို ဖမ်းဆွဲထားပြီး
“ကျွန်ုပ်ကို ကောင်းချီးပေးမှ လွှတ်မယ်" လို့ပြောလိုက်တယ်။
အဲဒီလူက သင်ရဲ့နာမည် ဘယ်လိုခေါ်လဲလို့ မေးလိုက်တယ်တဲ့
ကွယ်။ သူကလည်း ယာကုပ်လို့ ပြန်ဖြေတာပေါ့။ အဲဒီလူက နောင်အခါ သင့်ရဲ့နာမည်ကို
ယာကုပ်လို့ မခေါ်ရတော့ဘူး။ ဘာဖြစ်လို့လဲဆိုရင် ဘုရားသခင်နဲ့ရော၊
လူနဲ့ရောဆိုင်ပြိုင်အနိုင်ရခဲ့တဲ့အတွက် သင့်နာမည်ကို
ဣသရေလလို့ခေါ်ရမယ်လို့ပြောလိုက်သတဲ့ကွယ်။
ယာကုပ်ကလည်း သင်ရဲ့နာမည်ကို သိပါရစေလို့ပြောတဲ့အခါမှာ
အဲဒီလူက ငါရဲ့နာမည်ကို ဘာဖြစ်လို့သိချင်ရတာလဲလို့ ပြန်မေးပြီး ယာ ကုပ်ကိုကောင်းချီးပေးသတဲ့ကွယ်။
ယာကုပ်ဟာ သူ့ကိုယ်သူ “ငါဟာ ဘုရားသခင်ကို မျက်နှာချင်းဆိုင်ဖူးတွေ့ရပေမယ့်
အသက်ချမ်းသာရနေ
သေးတယ်” လို့ပြောပြီး
အဲဒီအရပ်ကို ပေနွေလလို့ ခေါ်ဝေါ်သတဲ့ကွယ်။ ယာကုပ်ဟာ ပေနွေလက ထွက်တဲ့အခါမှာ
နေထွက်နေပြီပေါ့။ သူဟာ ဒဏ်ရာကြောင့် ထော့ကျိုးထော့ကျိုးနဲ့ ဖြစ်နေတာပေါ့ကွယ်။
ဧသောဟာ လူလေးရာနဲ့လာနေတာကို ယာကုပ်မြင်တဲ့အခါ သူရဲ့ဇနီးသည်တွေနဲ့ ကလေးတွေကို
အရှေ့၊ အလယ်၊ အနောက်ဆိုပြီးနေရာချတယ်။ နောက် ဆုံးကတော့ ရာခေလနဲ့ယောသပ်ကို နေရာချထားသတဲ့ကွယ်။
ယာကုပ်ကတော့ အရှေ့ဆုံးမှာသွားပြီး
သူရဲ့အစ်ကိုဧသောဆီကို သွားတယ်။ သူ့အစ်ကိုကို ခုနစ်ကြိမ်ဦးညွှတ်ပြီး အရိုအသေပြုသတဲ့
ကွယ်။ ဧသောကလည်း သူ့ညီယာကုပ်ကိုလည်းတွေ့ရော ပြေးပြီး ဖက် ရမ်းနမ်းရှုပ်တာပေါ့ကွယ်။
နောက်ပြီး သူတို့နှစ်ယောက်စလုံး ငိုကြွေးကြ တယ်။ မိန်းမနဲ့ကလေးတွေကို တွေ့တဲ့အခါ
ဧသောက သူတို့ဟာ ဘယ်သူတွေလဲလို့မေးတော့ ယာကုပ်က ဘုရားသခင် ကျွန်တော့်ကို ပေး တဲ့ မိန်းမနဲ့ကလေးတွေဖြစ်တယ်လို့
ပြောတာပေါ့ကွယ်။ ယာကုပ်ရဲ့ ဇနီးတွေနဲ့ကလေးတွေလည်း ဧသောအနားချဉ်းကပ်ပြီးတော့
ဧသောကို ဦးညွှတ်ကြတယ်။
ဧသောက လမ်းမှာ တိရစ္ဆာန်အုပ်တွေကိုတွေ့ခဲ့ကြောင်း၊
ဘာ ကြောင့် အလျင်သွားခိုင်းလဲဆိုတဲ့အကြောင်းမေးတဲ့အခါ အစ်ကိုဆီက မျက်နှာရချင်တဲ့အကြောင်းပြောတော့
ဧသောက သူ့ဆီမှာလည်း ဥစ္စာ ပစ္စည်းအလုံအလောက်ရှိကြောင်း၊ ညီရဲ့ပစ္စည်းကို ပြန်ယူသွားဖို့ပြော
သတဲ့ကွယ်။ ယာကုပ်ကလည်း သူ့အစ်ကိုသူ့ကို ကြည်ကြည်ဖြူဖြူ လက်ခံတဲ့အတွက်
ကျေးဇူးတင်ကြောင်းလက်ဆောင်ကိုလည်း အတင်း ပေးတဲ့အတွက် နောက်ဆုံးဧသောဟာ လက်ခံလိုက်ရတယ်။
ယာကုပ်က သူ့ကလေးတွေလည်း ငယ်သေးတော့ နုနယ်ကြ တယ်။
တိရစ္ဆာန်တွေလည်း ခရီးပန်းလာခဲ့လို့ နောက်မှဖြည်းဖြည်းလိုက် ခဲ့မယ်လို့ပြောတော့
ဧသောက သူ့ညီယာကုပ်မိသားစုတွေကို ကူညီစောင့် ရှောက်ဖို့၊ သူ့လူတွေကို ထားခဲ့ဖို့ပြောပေမယ့်
ယာကုပ်က မလိုတဲ့အ ကြောင်း ပြန်ပြောတော့ ဧသောလည်း ဧဒုံကို ပြန်သွားတော့တာပေါ့ ကွယ်။
ယာကုပ်ဟာ ပါဒနာရံပြည်မြောက်ပိုင်းမှပြန်လာပြီး ခါနာန်ပြည်ရှိ ရှေခင်မြို့ကို
လုံလုံခြုံခြုံရောက်ရှိခဲ့တယ်။ မြို့နား မြေကွက်မှာ စခန်းချ တယ်။ အဲဒီအရပ်မှာ
ယဇ်ပလ္လင်ကိုတည်ပြီး ပလ္လင်ကို ဇလေလောဣသ ရေလလို့ ခေါ်တွင်စေသတဲ့ကွယ်။
ကလေးတို့ရေ. . ဧသောဟာ တစ်ချိန်က
ယာကုပ်ရဲ့သားဦးအရာ ကိစ္စကြောင့် တော်တော်လေးစိတ်ဆိုးပြီး အငြိုးထားတာပေါ့။
ဒါပေမယ့် နှစ်တွေ၊ လတွေကြာလာတာနဲ့အမျှ ညီအစ်ကိုနှစ်ယောက်ဟာ သားတွေ၊
သမီးတွေလည်းကိုယ်စီရှိလာ၊ ပစ္စည်းတွေလည်းကိုယ်စီ တိုးပွားလာခဲ့ကြ တာပေါ့ကွယ်။
ဒီအချိန်မှာ တေးထားငြိုးထားတဲ့ဒေါသစိတ်တွေ ပြေ ပျောက်ပြီး တစ်ယောက်နဲ့တစ်ယောက် ခွင့်လွှတ်နိုင်ခဲ့ကြတဲ့အတွက်
ညီအစ်ကိုနှစ်ယောက်ရဲ့မိသားစုအသီးသီးပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်သွား ကြသတဲ့ကွယ်။
ဒါကြောင့်ကလေးတို့လည်း တစ်ဦးနဲ့တစ်ဦး အငြိုးမထား ကြဘဲ တစ်ဦးအပြစ်ကို တစ်ဦးခွင့်လွှတ်ပြီး
ပျော်ရွှင်ချမ်းမြေ့မှုကို ရယူနိုင် ကြပါစေကွယ်။
အခန်းကြီး - ၂၁
ပုံပြင်-၂၁
ရောင်းစားခံရသောညီငယ်လေး
ကမ္ဘာဦး
၃၇း၁-၃၆
ကလေးတို့ရေ. . .
ယာကုပ်ဆိုတဲ့ပုဂ္ဂိုလ်ကြီးတစ်ဦးဟာ သားဆယ့် နှစ်ယောက်ရှိသတဲ့ကွယ်။ ဒီသားတွေဟာ
ဖအေတူမအေကွဲတွေပေါ့။ သားတွေအားလုံးထဲမှာ ယာကုပ်ဟာ ယောသပ်ဆိုတဲ့ သားလေးကို အချစ် ဆုံးဖြစ်တယ်တဲ့ကွယ်။
ယောသပ်ဟာ အသက်ဆယ့်ခုနစ်နှစ်ရောက်တဲ့ အခါမှာ ဖအေတူမအေကွဲညီအစ်ကိုတွေနဲ့အတူ သိုးတွေ၊
ဆိတ်တွေကို ထိန်းကျောင်းရတယ်။ သူဟာ အစ်ကိုတွေအကြောင်းကို တစ်ခါတလေ ဖခင်ကိုတိုင်တတ်တယ်။
ယာကုပ်က ယောသပ်လေးကို အသက်ကြီးမှ ရတဲ့အတွက် ပိုချစ်တာပေါ့ကွယ်။ သူဟာ ယောသပ်အတွက် ထူးခြားလှပ
တဲ့အင်္ကျီလေးကိုချုပ်ပေးတယ်။ ဖခင်က သူ့ကို ပိုချစ်တဲ့အတွက် သူ့အစ် ကိုတွေဟာ
သူ့ကိုကြင်နာတဲ့ စကားတစ်ခွန်းကိုမှ မပြောနိုင်လောက် အောင် ရွံ့မုန်းကြသတဲ့ကွယ်။
နောက်ပြီးယောသပ်ဟာ တစ်နေ့တော့ အိပ်မက်မက်သတဲ့ကွယ်၊
ဘယ်လိုအိပ်မက်လဲဆိုတာ အစ်ကိုတွေကို ဒီလိုပြောပြတယ်ကွယ့်။ “ကျွန်တော်တို့ဟာ
လယ်ထဲမှာ ကောက်လှိုင်းတွေကို စည်းနေကြတဲ့ အခါမှာ ကျွန်တော့်ရဲ့ ကောက်လှိုင်းစည်းလဲရာမှ
ထောင်မတ်လာတယ်။ အစ်ကို တို့ကောက်လှိုင်းစည်းတွေဟာ ကျွန်တော့်ကောက်လှိုင်းစည်းကို ဝိုင်းလာပြီး
ဦးညွှတ်ရှိခိုးကြတယ်” လို့ပြောပြတဲ့အခါ အစ်ကိုတို့က “မင်း ဟာ ငါတို့အပေါ်မှာ မင်းပြုပြီးအုပ်စိုးမှာလား”
လို့မေးပြီး သူ့အစ်ကိုတွေ က ပိုပြီးမုန်းကြပြန်သတဲ့ကွယ်။ နောက်တစ်ခါ အိပ်မက်မက်ပြန်တယ်။
ဒီအိပ်မက်ကို သူ့အစ်ကိုတွေကို ပြောပြပြန်သတဲ့ကွယ်။ ဘယ်လိုပြောလဲ ဆိုတော့
“အစ်ကိုတို့ ကျွန်တော်ဟာ အိပ်မက်မက်ပြန်ပြီ၊ အဲဒီအိပ်မက်ထဲ မှာ နေ၊ လ၊ ကြယ်
တစ်ဆယ့်တစ်လုံးတို့က ကျွန်တော့်ကို ဦးညွှတ်ကြ တယ်” လို့ ပြောတော့ သူ့အစ်ကိုတွေက ပိုပြီးမုန်းကြပြန်သတဲ့ကွယ်။
သူ့အဖေယာကုပ်ကို ပြောပြတော့ “ငါ့သားရဲ့အိပ်မက်ဟာ
ဘယ် လိုလဲ။ အမေ၊ အဖေနဲ့အစ်ကိုတွေက သားကို ဦးညွှတ်ရှိခိုးရမှာလား” လို့ ဆုံးမလိုက်တယ်။
ပြီးတော့သူ့အဖေက အဲဒီအကြောင်းကို မှတ်ထားသတဲ့ ကွယ်။
တစ်နေ့တော့ရှေ့ခင်မြို့အနီးမှာ သိုး၊ ဆိတ်တွေ ကျောင်းနေတဲ့
အစ်ကိုတွေဆီကို ယောသပ်ရဲ့အဖေက ယောသပ်ကို စေလွှတ်လိုက် တယ်။ “အစ်ကိုနဲ့ သိုး၊
ဆိတ်တွေ လုံခြုံမှုရှိရဲ့လား၊ ဘေးကင်းရဲ့လား ဆိုတာ အဖေ့ကို ပြန်ပြောပါ” လို့ မှာလိုက်တယ်။
ယောသပ်လည်း သူ့ အဖေလမ်းညွှန်တဲ့အတိုင်း သွားရှာတော့ ရှေခင်မြို့အနီးမှာ မတွေ့ဘဲ
ဒေါသန်မြို့မှာ ရှိတာသိရတဲ့အခါ ဒေါသန်မြို့အထိလိုက်သွားတယ်။ ယော သပ်အဝေးကလာနေတာကို
သူ့အစ်ကိုတွေကမြင်တော့ သူ့ကို သတ်ဖို့ တိုင်ပင်ကြသတဲ့ကွယ်။
သူရဲ့အစ်ကိုတွေက “ဟိုမှာ အိပ်မက်ဆရာလာနေပြီ၊ လာကြ၊
သူ့ကိုသတ်ပြီး တွင်းတစ်တွင်းထဲ အလောင်းကို ပစ်လိုက်ကြရအောင်။
သူ့ကိုသားရဲတိရစ္ဆာန်တစ်ကောင်ကောင်က ကိုက်သတ်လိုက်ပြီလို့ အဖေ့ ကိုပြန်ပြောကြမယ်။
ဒါမှအိပ်မက်အတိုင်းဖြစ်မဖြစ်ကို သိရမယ်” ဆိုပြီး အချင်းချင်းပြောကြတာပေါ့ကွယ်။
ဒါနဲ့သူရဲ့အစ်ကိုတစ်ယောက်အပါအဝင်ဖြစ်တဲ့ ရုဗင်ဆိုတဲ့ လူက
သူ့ညီအစ်ကိုတွေရဲ့အကြံကိုကြားတဲ့အခါ ယောသပ်ကိုကယ်ဖို့ ကြိုးစား တာပေါ့။
ရုဗင်ကဘာပြောလဲဆိုတော့ “ယောသပ်ကို မသတ်ကြပါနဲ့၊ သူ့ကိုဒီတောထဲမှာရှိတဲ့တွင်းထဲကို ပစ်ချကြရအောင်၊
သူ့ကို အနာတရ မဖြစ်စေနဲ့” လို့ ပြောသတဲ့ကွယ်။ ဒီလိုအကြံပေးတာဟာလည်း သူဟာ
ယောသပ်ကိုကယ်ပြီး အဖေဆီကိုပြန်အပ်ဖို့အကြံရှိသတဲ့ကွယ်။
ဒါနဲ့ပဲယောသပ်လေးဟာ သူ့အစ်ကိုတွေဆီကိုလည်း
ရောက်လာ ရော သူ့အစ်ကိုတွေက သူ့ကိုဖမ်းဆီးချုပ်ကိုင်ပြီး သူ့ဝတ်ရုံကို ချွတ်ပစ် ကြတယ်။
ပြီးတော့သူ့ကိုရေခန်းခြောက်တဲ့တွင်းထဲကို ချလိုက်ကြသတဲ့။
သူတို့တွေဟာ ယောသပ်လေးယူလာတဲ့အစားအစာတွေကို
ထိုင် စားနေတဲ့အခါမှာ ဂိလဒ်ပြည်ကနေအီဂျစ်ပြည်ကိုသွားမယ့် ဣရှမေလ အမျိုးသားတစ်စုကို
တွေ့တာပေါ့။ သူတို့ရဲ့ ကုလားအုတ်တွေပေါ်မှာ နံ့သာမျိုး၊ ဗာလစံစေးနဲ့မှရန်စေးတွေကို
တင်ဆောင်လာကြတယ်။ ဒါနဲ့ ယောသပ်တို့ရဲ့ အစ်ကိုတစ်ယောက်အပါအဝင်ဖြစ်သူ ယုဒဆိုသူက
သူ့ညီ တွေကို “ငါတို့ညီယောသပ်ကို သတ်ပြီး အဖြစ်မှန်ကို ဝှက်ထားပြီးနေရင်
ဘာအကျိုးရှိနိုင်မှာလဲ၊ သူ့ကို အနာတရဖြစ်စေမယ့်အစား ဣရှမေလလူ မျိုးတွေကိုရောင်းလိုက်ကြရအောင်။
သူဟာ ငါတို့ရဲ့ညီ၊ ငါတို့ရဲ့သွေးသား ပဲဖြစ်တယ်မဟုတ်လား” လို့ပြောသတဲ့ကွယ်။
သူရဲ့ညီအစ်ကိုတွေကလည်း သဘောတူတာပေါ့။ နောက်ပြီး
ယောသပ်ကိုတွင်းထဲကဆွဲတင်ပြီး ဣရှမေလအမျိုးသားတွေကို ငွေသား နှစ်ဆယ်နဲ့ရောင်းလိုက်ကြသတဲ့ကွယ်။
ကုန်သည်တွေလည်း ယောသပ် လေးကို အီဂျစ်ပြည်ကို ပြန်ခေါ်သွားကြတာပေါ့။
ဒီအကြောင်းကိုမသိတဲ့ရုဗင်ဟာ ယောသပ်ကို ပစ်ချလိုက်တဲ့
တွင်းထဲမှာလာရှာတဲ့အခါ မတွေ့တော့စိတ်ထိခိုက်ပြီး မိမိရဲ့အဝတ်တွေ ကို ဆုတ်ဖြဲလိုက်တယ်။
သူရဲ့ညီအစ်ကိုတွေကိုလည်း တွင်းထဲမှာ ယော သပ်မရှိတော့ဘူး။
ငါဘယ်လိုလုပ်ရမလဲလို့ပြောတာပေါ့၊ သူတို့ဟာ ဆိတ် တစ်ကောင်ကိုသတ်ပြီး
ယောသပ်ရဲ့ဝတ်ရုံကို ဆိတ်အသွေးထဲမှာ နစ် လိုက်တယ်။ နောက်ပြီးအဲဒီဝတ်ရုံကို
သူတို့ရဲ့ဖခင်ဆီကို ယူလာခဲ့ပြီး “ကျွန်တော်တို့ ဒီအင်္ကျီကိုတွေ့လို့ ယူလာခဲ့တယ်။
အဖေရဲ့သားအင်္ကျီဖြစ် သလား” လို့မေးကြတယ်။
ယာကုပ်ဟာ သူ့သားရဲ့အင်္ကျီကိုမှတ်မိတဲ့အတွက်
“ဒါဟာ ငါ့သား အင်္ကျီဖြစ်တယ်။ သားရဲတစ်ကောင်ကောင်သူ့ကို ကိုက်သတ်လိုက်ပြီ၊ ငါ့ သားကိုအပိုင်းပိုင်း
ကိုက်ဖြတ်လိုက်ပါလား” လို့ဆိုပြီး ဝမ်းနည်းကြေကွဲတဲ့ အတွက်
သူ့အင်္ကျီသူဆုတ်ဖြဲပြီး လျှော်တေအဝတ်ကိုဝတ်တယ်။ နောက် ပြီး သားအတွက် တော်တော်ကြာကြာ
ပူဆွေးတမ်းတနေသတဲ့ကွယ်။ သူ့သားသမီးတွေအားလုံးက သူ့ကို နှစ်သိမ့်ပေမယ့် ပူဆွေးတာ မပြေနိုင်
ဘူးပေါ့။
နောက်ပြီး “ငါဟာသေတဲ့အထိ ငါ့သားအတွက်ဝမ်းနည်း
ပူဆွေးရ တော့မယ်” လို့ပြောသတဲ့ကွယ်။ တစ်ချိန်လုံး သားယောသပ်အတွက် ဝမ်း နည်းပူဆွေးနေတော့တာပဲတဲ့။
အီဂျစ်ပြည်ကိုရောက်သွားတဲ့ ယောသပ်ခမျာမှာတော့
ဖါရော ဘုရင်ရဲ့အရာရှိတစ်ဦးဖြစ်တဲ့လူ၊ ကိုယ်ရံတော်တပ်မှူး ပေါတိဖါဆီကို
ရောင်းစားခံလိုက်ရသတဲ့ကွယ်။ ယောသပ်ဟာ အဲဒီကိုယ်ရံတော်တပ်မှူး
ပေါတိဖါအိမ်မှာပဲနေထိုင်ရတော့တာပေါ့။ ကိုယ်ရံတော်တပ်မှူး ပေါတိဖါ
ကလည်း သူ့ကို ချစ်ခင်တယ်တဲ့ကွယ်။
ကလေးတို့ရေ. . ယောသပ်ရဲ့အစ်ကိုတွေဟာ
ကိုယ့်ရဲ့ညီအစ်ကို အရင်းတစ်ယောက်ဖြစ်တဲ့ ယောသပ်ကို မနာလိုမုန်းတီးမှုတွေကြောင့်
အဖေ့ရဲ့မျက်နှာကိုတောင်မထောက်ဘဲ ယောသပ်ကို ရောင်းစားခဲ့တယ်။
အဖေကိုပြန်လိမ်ကြတယ်။မပြုလုပ်အပ်တဲ့အရာတွေကိုပြုလုပ်ကြတယ်။ မနာလိုမုန်းတီးမှုဟာ
လူရဲ့စိတ်နှလုံးထဲမှာ ရောက်လာရင် အင်မတန်မှ ကြောက်စရာကောင်းပါတယ်ကွယ်။ ဒါကြောင့် ကလေးတို့ရဲ့စိတ်ထဲမှာ
သူတစ်ပါးကို မနာလိုမုန်းတီးမှုတွေမထားဘဲ သူတစ်ပါးအပေါ်မှာ ချစ် ခြင်းမေတ္တာထားနိုင်ကြပါစေကွယ်။
အခန်းကြီး - ၂၂
ပုံပြင်-၂၂
သစ္စာရှိသောလူငယ်လေး၏ကံကြမ္မာ
ကမ္ဘာဦး
၃၉း၁-၂၃
ကလေးတို့ရေ. . .
ယောသပ်ဆိုတဲ့ လူငယ်လေးတစ်ယောက်ရှိ သတဲ့ကွယ်။ ဒီလူငယ်လေးဟာ
ကိုယ်ရံတော်တပ်မှူးပေါတိဖါကို ဣရှမေ လအမျိုးသားတွေကရောင်းစားထားတဲ့လူငယ်လေးပေါ့ကွယ်။
ယောသပ် ဟာ လိမ္မာပြီး ဘုရားသခင်ကိုချစ်တဲ့အတွက် သူ့ကို အကြံအစည်နဲ့လုပ် ကိုင် ဆောင်ရွက်တဲ့အရာတိုင်း
အောင်မြင်သတဲ့ကွယ်။
သူဟာ သူ့သခင်ပေါတိဖါဖြစ်တဲ့
အီဂျစ်အမျိုးသားအိမ်မှာ နေထိုင် ရတာပေါ့။ ယောသပ်ဟာ ဘုရားသခင် သူနဲ့အတူရှိတဲ့အတွက်
သူပြုလေ သမျှ အရာအားလုံးအောင်မြင်တာ သူ့သခင်သိတယ်လေ။ ဒါကြောင့် ပေါတိဖါဟာ
ယောသပ်ကို နှစ်သက်သဘောကျပြီး ချစ်ခင်တဲ့အတွက်
သူရဲ့ကိုယ်ရေးကိုယ်တာမှူး(အိမ်အုပ်အရာ)အဖြစ် ခန့်ထားပြီး သူပိုင်ဆိုင် သမျှဥစ္စာပစ္စည်းတွေနဲ့အိမ်မှုကိစ္စတို့ကို
အုပ်ထိန်းစေသတဲ့ကွယ်။
အဲဒီအချိန်ကစပြီး ယောသပ်ကြောင့် ဘုရားသခင်ဟာ
အဲဒီအီဂျစ် အမျိုးသားရဲ့အိမ်ထောင်ကိုရော၊ အိမ်စီးပွားရေးအတွင်းအပြင် အားလုံးကို ကောင်းချီးပေးသတဲ့ကွယ်။
ပေါတိဖါဟာ သူပိုင်သမျှဥစ္စာ ပစ္စည်းအားလုံး ကို ယောသပ်လက်ထဲကို လွှဲထားလိုက်တယ်။
သူစားတဲ့အစာက လွဲပြီး ဘယ်အရာမှဝင်ရောက်စွက်ဖက်မှု မပြုလုပ်ဘူးတဲ့ကွယ်။ ယောသပ်ဟာ
အရွယ်ရောက်လာတဲ့အခါ တဖြည်းဖြည်း ကိုယ်လုံးကိုယ်ပေါက်ကောင်း လာတယ်။
လူချောလူလှတစ်ယောက်လည်း ဖြစ်လာတာပေါ့။ ကြာလာ
တဲ့အခါမှာ
ကိုယ်ရံတော်တပ်မှူးပေါတိဖါရဲ့ဇနီးဖြစ်တဲ့ သူ့သခင်မဟာ ယောသပ်ကို
နှစ်သက်စွဲလမ်းလာတဲ့အတွက် သူမနဲ့အတူအိပ်ဖို့ ဖြား ယောင်းသွေးဆောင်သတဲ့ကွယ်။
ဒါပေမယ့် ယောသပ်ကငြင်းဆန်တာပေါ့။ နောက်ပြီး
ယောသပ် က “သခင်ဟာ ကျွန်တော်ကို တာဝန်ပေးထားပါတယ်။ ဒီအိမ်မှာ သခင် ဩဇာညောင်းသလို
ကျွန်တော်ရဲ့ဩဇာလည်းညောင်း ရပါတယ်။ သခင် ဟာ သခင်မကလွဲရင် ကျွန်တော်ရဲ့လက်ထဲကို
မအပ်တဲ့အရာဆိုတာ မရှိ ပါဘူး။ အဲဒီအတွက်ကြောင့် ကျွန်တော်ဟာ
ဒီလောက်ဆိုးယုတ်တဲ့ကိစ္စကို ကျွန်တော့် သခင်ကိုရော၊ ဘုရားသခင်ကို
ဘယ်လိုလုပ်ပြစ်မှားနိုင်ပါ့ မလား” လို့ ပြောသတဲ့ကွယ်။
သခင်မဟာလည်း ယောသပ်ကို နေ့တိုင်းနေ့တိုင်း သွေးဆောင်
ပေမယ့် ယောသပ်ဟာ အမြဲပဲငြင်းဆန်လေ့ရှိသတဲ့ကွယ်။ တစ်နေ့တော့ အိမ်မှာ
တခြားအစေခံတစ်ယောက်မှမရှိနေတဲ့အချိန်မှာပေါ့။ ယောသပ် ဟာ သူ့အလုပ်တာဝန်ကို ဆောင်ရွက်ဖို့
အိမ်ထဲကို ဝင်ရောက်လာသတဲ့။ အဲဒီအချိန်မှာ သခင်မက ယောသပ်ကို “ငါနဲ့အတူအိပ်ပါ” လို့ ပြောပြီး
သူရဲ့ဝတ်ရုံကို ကိုင်ဆွဲထားသတဲ့ကွယ်။ ယောသပ်လည်း ရုန်းတာပေါ့။
နောက်ဆုံးယောသပ်ဟာ သူ့ဝတ်ရုံကို ပြန်ဆွဲလို့မရတာနဲ့
ထားခဲ့ ပြီး အိမ်အပြင်ကို ပြေးထွက်သွားတော့တာပေါ့ကွယ်။ ဒါနဲ့ သခင်မဟာ အစေခံတွေကို အော်ခေါ်ပြီးတော့
“ဒီမှာကြည့်ပါ၊ သင်တို့ သခင်က ခေါ် ထားတဲ့ ဟေဗြဲအမျိုးသားက ငါ့ကိုစော်ကားပြီ။ သူဟာ
ငါ့အခန်းထဲဝင်ပြီး ငါနဲ့အတူ အိပ်ဖို့ကြံတဲ့အတွက် ငါအသံကုန်ဟစ်အော်လိုက်ရပါတယ်။
သူဟာ ငါ့အော်သံကြောင့် သူ့ဝတ်ရုံကို ငါရဲ့လက်ထဲမှာ ပစ်ခဲ့ပြီးတော့ ထွက်ပြေးတယ်”
လို့အော်ပြောသတဲ့ကွယ်။ သူမဟာ အဲဒီဝတ်ရုံကို သိမ်း ထားပြီး သူမရဲ့ခင်ပွန်းပေါတိဖါ
အိမ်ကိုပြန်ရောက်တဲ့အခါ ဘယ်လိုပြော လဲဆိုတော့ “ရှင်အိမ်ကို ခေါ်လာတဲ့ ဟေဗြဲအမျိုးသားကျွန်ဟာ
ကျွန်မ အခန်းထဲကိုဝင်ပြီး ကျွန်မကိုစော်ကားဖို့ ကြံစည်ပါတယ်။ ကျွန်မကအော် ဟစ်တဲ့အခါ
အဲဒီလူဟာ ဝတ်ရုံကို ကျွန်မလက်ထဲမှာထားခဲ့ပြီး ထွက်ပြေး သွားပါတယ်”
လို့တိုင်လိုက်သတဲ့ကွယ်၊
ဒီအခါ ပေါတိဖါဟာ အရမ်းစိတ်ဆိုးပြီး ယောသပ်ကို ဖမ်းဆီး
တယ်။ ပြီးတော့အမျက်သင့်တဲ့လူတွေထားတဲ့ ထောင်ထဲမှာ အကျဉ်းချ ထားတာပေါ့ကွယ်။
ယောသပ်ဟာ ထောင်ထဲမှာနေရပေမယ့်လည်း ထာဝရဘုရားသခင်ဟာ သူနဲ့အတူရှိပြီး
သူ့ကိုကောင်းချီးပေးတဲ့အတွက် သူဟာထောင်မှူးဆီမှာ မျက်နှာသာရသတဲ့ကွယ်။ ထောင်မှူးဟာ
ယော သပ်ကို တခြားအကျဉ်းသားတွေကို အုပ်ထိန်းကွပ်ကဲဖို့နဲ့ ထောင်ထဲမှာ ရှိသမျှကိစ္စတွေကိုစီမံဖို့
တာဝန်လွှဲအပ်ထားတာပေါ့။ ဘုရားသခင်ဟာ ယောသပ်ကိုကောင်းချီးပေးပြီး
ယောသပ်နဲ့အတူရှိတဲ့အတွက် သူတာဝန် ယူဆောင်ရွက်သမျှတို့မှာ အောင်မြင်လို့
ထောင်မှူးဟာ ယောသပ်ကို တာဝန်တွေအားလုံးစိတ်ချလက်ချ ယုံယုံကြည်ကြည် လွှဲအပ်ထားလိုက်
သတဲ့ကွယ်။
ကလေးတို့ရေ. . .
ယောသပ်ဆိုတဲ့လူငယ်လေးဟာ ဘုရားသခင် ကိုလည်းချစ်တယ်။ ဘုရားသခင်အပေါ်မှာလည်း
သစ္စာရှိတဲ့အတွက် သူရဲ့သခင်မ မကောင်းမှုဖြစ်အောင် ဆွဲဆောင်ခြင်းခံရပေမယ့် မကောင်း မှုကို
မပြုလုပ်ခဲ့ဘူးကွယ့်။ ဒါပေမယ့် မတရားထောင်ချခံခဲ့ရလည်း အရှုံးပဲ
လို့ပြောလို့မရဘူးကွယ့်။
သူ့အတွက် ဘုရားသခင် အကောင်းဆုံး အစီ အစဉ်ပြုလုပ်ပေးတာဖြစ်တယ်။
ဒါကြောင့်ကလေးတို့လည်း ဘုရားသခင်ကိုချစ်ပြီး
အမြဲပဲ ဘုရား သခင်အပေါ်မှာသစ္စာရှိနေမယ်ဆိုရင် ကလေးတို့ရဲ့အသက်တာကို ဘုရားသခင်အုပ်စိုးပြီး
အကောင်းဆုံး လမ်းပြသွန်သင်ပေးပါလိမ့်မယ်ကွယ်။ မကောင်းမှု ဆွဲဆောင်ဖြားယောင်းခံရတဲ့အခါ
ဘုရားသခင်အပေါ်မှာ သစ္စာရှိတဲ့ကလေးတွေဖြစ်ကြပါစေကွယ်။
အခန်းကြီး - ၂၃
ပုံပြင်-၂၃
အိပ်မက်ဆရာအကျဉ်းသားလေး
ကမ္ဘာဦး
၄၀း၁-၂၃
ကလေးတို့ရေ. . .
ဟိုးရှေးရှေးတုန်းက အီဂျစ်ပြည်မှာ ရှင်ဘုရင်ရဲ့ ဖလားတော်ဝန်နဲ့စားတော်ဆက်ဝန်တို့ဟာ
ရှင်ဘုရင်အမျက်သင့်ခံကြရ သတဲ့ကွယ်။ ဒါကြောင့်ရှင်ဘုရင်ဟာ အဲဒီအရာရှိနှစ်ဦးကို
အမျက်သင့်ခံရ တဲ့လူတွေ အကျဉ်းချထားတဲ့ထောင်ထဲမှာ အကျဉ်းချထားလိုက်သတဲ့။
အဲဒီထောင်ထဲမှာ အမျက်သင့်တဲ့ လူငယ်လေးတစ်ဦးလည်း အကျဉ်းချ ထားခံရတာရှိတာပေါ့။
ဒီလူငယ်လေးဟာ ကိုယ်ရံတော်မှူးအိမ်မှုအလုပ် လုပ်ခဲ့ဖူးတဲ့လူငယ်လေးပေါ့။ သူ့နာမည်က
ယောသပ်လို့ခေါ်တယ်ကွယ့်။
ကိုယ်ရံတော်မှူးဟာ
အကျဉ်းချခံရတဲ့အရာရှိနှစ်ဦးကို ပြုစုဖို့ ယောသပ်ကိုတာဝန်ပေးထားတယ်ကွယ့်။ တစ်ညတော့
ထောင်ထဲမှာ ရှိတဲ့ ဖလားတော်ဝန်နဲ့စားတော်ဝန်တို့ဟာ အိပ်မက်မက်ကြသတဲ့ကွယ်။
မနက်ရောက်လို့ သူတို့ကို ပြုစုဖို့ ယောသပ်သွားတဲ့အခါမှာ သူတို့နှစ် ယောက်စလုံးဟာ
မျက်နှာမသာမယာနဲ့ ညှိုးငယ်နေကြတာကို တွေ့ တော့ ယောသပ်က “သင်တို့ ဒီနေ့ဘာဖြစ်လို့ မျက်နှာမသာမယာဖြစ်ပြီး
ညှိုးငယ်နေရတာလဲ” လို့ သူတို့ကို မေးတာပေါ့။
သူတို့က “ငါတို့ တစ်ယောက်တစ်မျိုး အိပ်မက်မက်ကြတယ်။
အဲဒီငါတို့ရဲ့အိပ်မက်အနက်ကို ဖွင့်ပြနိုင်တဲ့လူမရှိဘူး။ ဒါကြောင့် ငါတို့ စိတ်ညစ်နေတာ”
လို့ သူ့ကို ပြန်ပြောသတဲ့ကွယ်။ ယောသပ်ကလည်း၊ “အိပ်မက်ရဲ့ အနက်အဓိပ္ပါယ်ပြနိုင်စွမ်းကို
ဘုရားသခင်သာ ပေးနိုင်ပါ
တယ်။ သင်တို့ရဲ့အိပ်မက်တွေကို
ကျွန်တော့်ကို ပြောပြကြပါ” လို့ ပြော တယ်တဲ့ကွယ်။
ဒီအခါမှာ ဖလားတော်ဝန်ဆက်က “ငါရဲ့အိပ်မက်ထဲမှာ
ငါ့ရှေ့မှာ စပျစ်နွယ်ရှိတယ်။ အဲဒီစပျစ်နွယ်မှာ အကိုင်းသုံးကိုင်းရှိတယ်။ အကိုင်း တွေက
အရွက်တွေထွက်လာတာနဲ့တစ်ပြိုင်နက် အပွင့်တွေ ပွင့်ပြီး စပျစ် သီးတွေမှည့်လာတယ်။
ငါဟာ ဖါရောဘုရင်ရဲ့ ဖလားတော်ကို ကိုင်ပြီး စပျစ်သီးတွေကိုယူ၊ ဖလားတော်ထဲကို
အရည်တွေ ညှစ်ထည့်လိုက် တယ်။ ပြီးတော့ဘုရင်ကြီးကို ဆက်သရပါတယ်” ဆိုပြီး
သူ့အိပ်မက်ကို ပြောပြ သတဲ့ကွယ်။
ယောသပ်က “သင်ရဲ့အိပ်မက်အနက်ကတော့ ဒီလိုပါ။
အကိုင်း သုံးကိုင်းဟာ သုံးရက်ကိုဆိုလိုပါတယ်။ သုံးရက်အတွင်း ဘုရင်ဟာသင့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး
သင်ရဲ့ရာထူးကို ပြန်ပေးတော်မူတဲ့အတွက် သင်ဟာ အလျင်က ဖလားတော်ဆက်ခဲ့ရတဲ့နည်းတူ
အခုတစ်ဖန်ပြန် ဆက်ရလိမ့်မယ်။ ဒါကြောင့် သင်ပြန်ပြီး ကောင်းစားလာတဲ့အခါ ကျွန် တော့်ကိုမမေ့ပါနဲ့၊
ဘုရင့်ဆီကို ကျွန်တော်အတွက် သံတော်ဦးတင်ပြီး ဒီထောင်ထဲက လွတ်မြောက်ဖို့အတွက်
ကူညီပေးပါ။
တကယ်တော့ ကျွန်တော်ဟာ ဟေဗြဲအမျိုးသားတို့ရဲ့ နိုင်ငံက
ခိုးထုတ်တာကိုခံခဲ့ရတယ်။ ဒီပြည်မှာလည်း ကျွန်တော်ဟာ အကျဉ်းခံ ထိုက်ရလောက်အောင်
“ဘယ်အပြစ်မှ မကျူးလွန်ခဲ့ပါဘူး” လို့ ဖလား တော်ဝန်ကို ပြောပြသတဲ့ကွယ်။
နောက်တစ်ယောက်ဖြစ်တဲ့ စားတော် ဆက်ဝန်ဟာ ဖလားတော်ရဲ့အိပ်မက်အနက်ကောင်းတာကို
ကြားရတဲ့ အခါ သိပ်ပြီးသဘောကျသွားတာပေါ့ကွယ်။
ဒါနဲ့သူရဲ့အိပ်မက်အကြောင်းကိုလည်း ပြောပြတာပေါ့။
ဘယ်လို ပြောပြလဲဆိုတော့ “ငါရဲ့အိပ်မက်ကဒီလိုပါ။ ငါဟာ မုန့်တောင်းသုံးလုံးကို
ဦးခေါင်းပေါ်မှာရွက်လာတယ်။ အပေါ်ဆုံး တောင်းထဲမှာ ဘုရင်ကို ဆက် သရတဲ့မုန့်မျိုးစုံပါရှိပြီး
ငှက်တွေဟာ အဲဒီတောင်းထဲက မုန့်တွေကို စားကြ တယ်” လို့ ပြောပြတာပေါ့ကွယ်။
ယောသပ်က “သင်ရဲ့အိပ်မက်အနက်ကဒီလိုပါ။
တောင်းသုံးလုံး ဟာ သုံးရက်ကို ဆိုလိုပါတယ်။ သုံးရက်အတွင်း ဘုရင်ဟာ သင့်ကို ထောင်ထဲမှလွှတ်ပြီး
သင့်ဦးခေါင်းကို ဖြတ်ပစ်လိမ့်မယ်။ နောက်ပြီး သင့် ခန္ဓာကိုယ်ကို
တိုင်ပေါ်မှာဆွဲထားပြီး ငှက်တို့ဟာ သင့်အသားကို စားကြ လိမ့်မယ်”
လို့စားတော်ဆက်ကိုပြောပြသတဲ့ကွယ်။
ဒါနဲ့သုံးရက်မြောက်နေ့ကို ရောက်တဲ့အခါမှာ
ရှင်ဘုရင်ဟာ သူ့ မွေးနေ့ကျရောက်တဲ့အတွက် မင်းမှုမင်းထမ်းအားလုံးတို့ကို စားသောက် ပွဲနဲ့
ဧည့်ခံသတဲ့ကွယ်။ ဒီအချိန်မှာ ဘုရင်ဟာ ဖလားတော်ဆက်ဝန်နဲ့ စားတော်ဆက်ဝန်ကိုခေါ်ပြီး
ထောင်မှလွှတ်တယ်။ မင်းပရိသတ်ရဲ့အရှေ့ ကို ခေါ်ဆောင်စေတယ်။ ဘုရင်ဟာ
ဖလားတော်ဝန်ဆက်ကို အရင်က ရာထူးနေရာမှာ ပြန်ခန့်ထားတယ်။ စားတော်ဝန်ကိုတော့
ကွပ်မျက်စေလို က်တယ်။ ဒါတွေဟာ ယောသပ်အနက် ဖွင့်ပြထားတဲ့အတိုင်း အမှန်ပဲ ဖြစ်ပျက်ခဲ့တာပေါ့ကွယ်။
ကလေးတို့ရေ. . ယောသပ်ဆိုတဲ့ လူငယ်လေးဟာ
ဘုရားသခင် ကို ချစ်ပြီး ဘုရားသခင်စကားနားထောင်တဲ့ ဟေဗြဲလူငယ်လေး တစ် ယောက်ပေါ့။
ဒါကြောင့် ဘုရားသခင်ဟာ သူ့ကို ကောင်းချီးပေးပြီး အိပ်မက်တွေရဲ့ အနက်အဓိပ္ပါယ်ကို
အတိအကျအနက်ဖွင့်နိုင်တဲ့ လူငယ်
လေးတစ်ယောက်အဖြစ်
ဉာဏ်ပညာရခဲ့တယ်။ ဉာဏ်ပညာဟာ ဘုရား သခင်ဆီကလာတာဖြစ်တဲ့အတွက် ကလေးတို့လည်း ယောသပ်လို ဉာဏ်
ပညာထူးချွန်တဲ့ကလေးတွေဖြစ်ချင်ရင် ဘုရားသခင်ဆီမှာ ဆုတောင်းကြ ရမယ်ကွယ့်။
ကလေးတို့အားလုံး ဉာဏ်ပညာထူးချွန်တဲ့ ကလေးတွေ ဖြစ်ကြပါစေကွယ်။
အခန်းကြီး - ၂၄
ပုံပြင်-၂၄
ရှင်ဘုရင်အိပ်မက်ကိုအနက်ဖွင့်နိုင်သောယောသပ်
ကမ္ဘာဦး
၄၁း၁-၃၆
ကလေးတို့ရေ. . .
အီဂျစ်တိုင်းပြည်ကိုအုပ်ချုပ်စိုးစံတဲ့ဘုရင်ကြီး တစ်ပါးရှိသတဲ့ကွယ်။
တစ်နေ့တော့ဘုရင်ကြီးဟာ အိပ်မက်မက်သတဲ့၊ ဘယ်လိုအိပ်မက်လဲဆိုတော့၊ အိပ်မက်ထဲမှာ
ဘုရင်ကြီးဟာ နိုင်းမြစ် အနားမှာရပ်နေတဲ့အခါ ၀ဖြိုးအဆင်းလှတဲ့နွားမခုနစ်ကောင်ဟာ
မြစ်ထဲမှ တက်လာပြီး မြက်တွေစားနေသတဲ့ကွယ်။ နောက်ပိန်လှီပြီး အဆင်းမလှ တဲ့နွားမခုနစ်ကောင်တို့ဟာလည်း
မြစ်ထဲကနေတက်လာကြပြီး မြစ်ကမ်း နားကို အလျင်ဦးဆုံးရောက်နေကြတဲ့ နွားမတွေနားကို
သွားရပ်နေကြ တယ်။
မကြာခင်မှာပိန်လှီပြီး အဆင်းမလှတဲ့ နွားမခုနစ်ကောင်ဟာ
ဝဖြိုးတဲ့နွားမခုနစ်ကောင်ကို မျိုလိုက်တယ်။ အဲဒီအချိန်မှာ ဘုရင်ကြီး
အိပ်ရာကနေနိုးလာတယ်။ နောက်တစ်ကြိမ်အိပ်ပျော်သွားပြီး ဘုရင်ကြီး ဟာ
အိပ်မက်မက်ပြန်တယ်။ အိပ်မက်ထဲမှာ၊ စပါးပင်တစ်ပင်ထဲမှာ အဆန်အောင်ပြီး
ဝင်းမှည့်နေတဲ့စပါးနှံခုနစ်နှံတို့ ထွက်နေကြတယ်။ နောက်ပြီးတော့အလုံးသေးပြီး
သဲကန္တာရလေပူဒဏ်ကြောင့် ညှိုးခြောက် တဲ့စပါးနှံ ခုနစ်နှံတို့လည်း ထွက်လာကြတယ်။
အလုံးသေးတဲ့စပါးနှံတို့က အဆန်အောင်တဲ့စပါးနှံခုနစ်နှံတို့ကို မျိုလိုက်ကြတယ်။
ဘုရင်ကြီးဟာ ဒီအချိန်မှာအိပ်ရာကနိုးလာပြီး
မိမိအိပ်မက်နေ ကြောင်းသိရတယ်။ မနက်အချိန်ရောက်တဲ့အခါမှာ ဘုရင်ကြီးဟာ စိတ်ပူ
ပင်သောကရောက်တဲ့အတွက်
အီဂျစ်ပြည်မှာရှိတဲ့ မှော်ဆရာနဲ့ ပညာရှိ အပေါင်းတို့ကိုဆင့်ခေါ်သတဲ့ကွယ်။ ဘုရင်ဟာ
သူ့အိပ်မက်ကို မှော်ဆရာ တွေနဲ့ပညာရှိတွေကိုပြောပြပေမယ့် တစ်ယောက်မှအနက်ကို ဖွင့်မပြနိုင်
ဘူးတဲ့ကွယ်။
ဒီအချိန်မှာရာထူးပြန်ရတဲ့ဖလားတော်ဝန်ဟာ
ဘုရင်ကြီးအိပ်မက် အကြောင်းကြားရတဲ့အခါ ချက်ချင်းပဲ ထောင်ထဲမှာ အတူတူနေခဲ့ရတဲ့
ဟေဗြဲလူငယ်လေးယောသပ်ကို သွားသတိရလိုက်တယ်။ ဖလားတော် ဆက်ဝန်ဟာ ဘုရင်ကြီးဆီသွားပြီး
ဘုရင်ကြီးကို “အရှင်မင်းကြီး ကျွန် တော်မျိုးမှာ
လစ်ဟင်းချက်တစ်ခုရှိကြောင်းဝန်ခံပါတယ်။ အရှင်မင်းကြီး ဟာ စားတော်ဆက်ဝန်နဲ့ ကျွန်တော်မျိုးကို
အမျက်တော်ရှတဲ့အခါ ကိုယ်ရံ တော်မှူးအိမ်မှာအကျဉ်းချထားခဲ့ပါတယ်။
တစ်ညမှာ ကျွန်တော်မျိုးတို့တစ်ဦးစီနဲ့ဆိုင်တဲ့ အိပ်မက်ကို
မြင် မက်ကြတယ်။ ကျွန်တော်မျိုးတို့နဲ့အတူ ကိုယ်ရံတော်မှူးရဲ့ကျွန် ဟေဗြဲလူ ငယ်တစ်ယောက်ရှိပါတယ်။
ကျွန်တော်မျိုးတို့ရဲ့ အိပ်မက်ကို သူ့ကို ပြောပြတဲ့အခါမှာ အိပ်မက်ရဲ့အနက်ကို ဖွင့်ပြပါတယ်။
သူအနက်ဖွင့်ပြ တဲ့အတိုင်း အရှင်မင်းကြီးဟာ ကျွန်တော်မျိုးကို မူလရာထူးမှာ ပြန်ခန့်
ထားပြီး စားတော်ဆက်ဝန်ကိုတော့ ကွပ်မျက်လိုက်ပါတယ်။ သူအနက် ဖွင့်တာမှန်ပါတယ်”
လို့ဘုရင်ကြီးကို လျှောက်ထားသတဲ့ကွယ်။
ဘုရင်ကြီးဟာ ဒီလိုသိရတော့ ချက်ချင်းပဲယောသပ်ကို
ရှေ့တော် ကို သွင်းဖို့ အမိန့်ပေးလိုက်တဲ့အတွက် သူ့ကို အကျဉ်းထောင်ကနေ ချက် ချင်းထုတ်ဆောင်လာခဲ့ကြတယ်။
သူ့ကို ကိုယ်လက်သန့်စင် အဝတ်အစား လဲပြီး အခစားဝင်စေတယ်။ ဘုရင်ကြီးက ယောသပ်ကို
မြင်တဲ့အခါမှာ “ငါဟာ အိပ်မက်ကို မြင်မက်တယ်၊ ဒါပေမယ့် ဘယ်သူမှအနက်ကို ဖွင့် မပြနိုင်ဘူး။
သင်ဟာအိပ်မက်အနက်ကို ဖွင့်ပြနိုင်စွမ်းရှိကြောင်း ငါကြား သိရတယ်”
လို့မိန့်တော်မူသတဲ့ကွယ်။
ယောသပ်က “အရှင်မင်းကြီး၊ ကျွန်တော်မျိုးမှာ
အဲဒီအစွမ်း မရှိ ပါဘူး။ ဒါပေမယ့် ဘုရားသခင်ဟာ ကျွန်တော်မျိုးကို သင့်မြတ်တဲ့ အနက်
အဓိပ္ပါယ်ဖွင့်ပြပါလိမ့်မယ်”
လို့ ပြန်လျှောက်သတဲ့ကွယ်။
ဒါနဲ့ဘုရင်ကြီးဟာ သူအိပ်မက်မက်တဲ့ ဝဖြိုးပြီး
အဆင်းလှတဲ့ နွား မခုနစ်ကောင်ကို ပိန်လှီပြီး အဆင်းမလှတဲ့နွားမခုနစ်ကောင်က
မျိုလိုက် တဲ့အကြောင်း၊ အဲဒီလိုမျိုးပြီးပေမယ့် သူတို့ဟာ ပိန်မြဲပိန်နေကြတဲ့အ ကြောင်း
ပြောပြတယ်။ နောက်ပြီးဝင်းမှည့်ပြီး အလုံးအဆန် အောင်မြင် တဲ့စပါးနှံခုနစ်နှံကို
ညှိုးခြောက်တဲ့ စပါးနှံခုနစ်နှံတို့က မျိုလိုက်ကြောင်း၊
မှော်ဆရာတွေကိုပြောပြပေမယ့် ဘယ်သူမှအနက်မဖွင့်နိုင်ကြကြောင်းကို ပြောပြသတဲ့ကွယ်။
ဒီအခါမှာယောသပ်က “အရှင်မင်းကြီးမြင်မက်တဲ့
အိပ်မက်နှစ်မျိုး ဟာ အနက်တစ်မျိုးတည်း ဖြစ်ပါတယ်။ ဘုရားသခင်က သူပြုလုပ်တဲ့ အရာကို
အရှင်မင်းကြီးသိအောင် အသိပေးခြင်းဖြစ်ပါတယ်။ ဝဖြိုးတဲ့ နွားမခုနစ်ကောင်တို့ဟာ
ခုနစ်နှစ်ကိုဆိုလိုပါတယ်။ အိပ်မက်ဟာ အနက် တစ်မျိုးတည်းရှိပါတယ်။ နောက်မှတက်လာတဲ့
နွားမခုနစ်ကောင်နဲ့ အလုံးသေးပြီး သဲကန္တာရရဲ့လေပူဒဏ်ကြောင့် ညှိုးခြောက်တဲ့ စပါးနှံ
ခုနစ်နှံတို့ဟာ အစာခေါင်းပါးတဲ့ခုနစ်နှစ်ကို ဆိုလိုပါတယ်။ ကျွန်တော်မျိုး ဟာ
အရှင်မင်းကြီးကိုလျှောက်ထားတဲ့အတိုင်း ဘုရားသခင်က အသိပေး ခြင်းဖြစ်ပါတယ်။
အီဂျစ်တစ်ပြည်လုံးမှာ အစားအစာပေါကြွယ်ဝတဲ့နှစ် ခုနစ်နှစ် ရှိပါလိမ့်မယ်။
အဲဒီနှစ်တွေလွန်ရင် အစာခေါင်းပါးတဲ့ ခုနစ်နှစ်ကို ဆိုက် ရောက်လာပါလိမ့်မယ်။
အဲဒီအခါ အစားအစာပေါကြွယ်ဝတဲ့ နှစ်တွေကို လူတို့သတိရကြမှာ မဟုတ်ဘူး။
အစာခေါင်းပါးခြင်းဘေးကြောင့် တစ် ပြည်လုံးပျက်စီးရလိမ့်မယ်။ ရောက်လာမယ့်
အစာခေါင်းပါးခြင်းကပ်ဟာ အင်မတန်မှဆိုးရွားမှာဖြစ်ပါတယ်။ အရှင်မင်းကြီးဟာ
အိပ်မက်နှစ်ကြိမ် တောင်မက်တဲ့အတွက် အဓိပ္ပါယ်ကဒီကိစ္စဟာ မကြာခင်ဖြစ်လိမ့်မယ်ဆို တဲ့အကြောင်း
ပြောပြသတဲ့ကွယ်။ “ဒါကြောင့်အရှင်မင်းကြီး၊ အသိဥာဏ် ပညာ အမြော်အမြင်ရှိတဲ့သူတစ်ဦးကို
ရွေးချယ်ပြီး တိုင်းပြည်ကို အုပ်ချုပ် စေတော်မူပါ။ ပေါကြွယ်ဝတဲ့ခုနစ်နှစ်မှာ
ထွက်သမျှကောက်ပဲသီးနှံထဲမှ ငါးပုံတစ်ပုံကိုကောက်ယူသိမ်းဆည်းဖို့ တစ်ပြည်လုံးမှာ ကြီးကြပ်ရေးမှူး
တွေကို ခန့်ထားတော်မူပါ။ အဲဒီလူတွေကို ပေါကြွယ်ဝတဲ့နှစ်တွေအတွင်း
ရိက္ခာစုဆောင်းပြီး၊ မြို့တွေမှာသိုလှောင်စေပြီး စောင့်ရှောက်စေတော်မူ ပါ။
အီဂျစ်ပြည်မှာ အစာခေါင်းပါးတဲ့ခုနစ်နှစ်အတွက် ရိက္ခာကို သို လှောင်ထားပြီး
သိမ်းဆည်းထားရင် အီဂျစ်ပြည်သူပြည်သားတွေဟာ အစာငတ်မွတ်ခေါင်းပါးတဲ့ဘေးမှ လွတ်မြောက်နိုင်ပါလိမ့်မယ်”
လို့ ဖာ ရောဘုရင်ကို လျှောက်ထားသတဲ့ကွယ်။
ကလေးတို့ရေ. . .
ယောသပ်ဆိုတဲ့လူငယ်လေးဟာ ဘုရားသခင် စကားနားထောင်ပြီး ဘုရားသခင်အပေါ်မှာ
သစ္စာရှိတဲ့အတွက် ဘုရား သခင်ဟာ ယောသပ်လေးကို အသိဉာဏ်ပညာပေးတဲ့အတွက် အိပ်မက်ရဲ့ အနက်အဓိပ္ပါယ်ကိုဖော်ပြနိုင်လို့
ရှင်ဘုရင်ကြီးရဲ့အိပ်မက်ကို အနက် အဓိပ္ပါယ်ဖွင့်ပေးနိုင်တာပေါ့ကွယ်။
ဒါကြောင့်မှော်ဆရာတွေ၊ ပညာရှိတွေရဲ့အရှေ့မှာ
ယောသပ်ဟာ မျက်နှာရပြီး ဘုရားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေတာပေါ့။ ကလေးတို့ အားလုံးလည်း
ဘုရားသခင်ရဲ့ဘုန်းတော်ကို ထင်ရှားစေတဲ့ ကလေးသူ ငယ်တွေဖြစ်နိုင်ကြပါစေကွယ်။
အခန်းကြီး - ၂၅
ပုံပြင်-၂၅
ဉာဏ်ပညာနှင့်ပြည့်စုံသောအီဂျစ်ဘုရင်ခံလေး
ကမ္ဘာဦး
၄၁း၃၇-၅၇
ကလေးတို့ရေ. . .
အီဂျစ်ပြည်ကို အုပ်စိုးတဲ့ ဘုရင်ကြီးတစ်ပါး ရှိသတဲ့ကွယ်။ တစ်နေ့တော့ဘုရင်ကြီးဟာ
ထူးဆန်းတဲ့ အိပ်မက်နှစ်ခုကို မြင်မက်တော့ အီဂျစ်ပြည်မှာရှိတဲ့
ကျော်ကြားတဲ့ပညာရှိတွေ၊ မှော်ဆရာ တွေကိုခေါ်ပြီး အနက်ဖွင့်စေတဲ့အခါ
ဘယ်သူမှမဖွင့်နိုင်တဲ့အတွက် ယော သပ်ဆိုတဲ့ဟေဗြဲလူငယ်လေးတစ်ဦးကိုခေါ်ပြီးအနက်ဖွင့်ပြစေသတဲ့ကွယ်
အဲဒီယောသပ်ဆိုတဲ့လူငယ်လေးဟာ ဘာသာတရား
ကိုင်းရှိုင်းပြီး ဘုရားသခင်အပေါ်ရော၊ လူတွေအပေါ်မှာရော သစ္စာရှိတဲ့ လူငယ်လေး ပေါ့။
ဒါကြောင့် ဘုရားသခင်က သူ့ကိုထက်မြက်တဲ့ ဉာဏ်ပညာပေးတာ ပေါ့ကွယ်။ ဒါကြောင့်လည်း ဘုရင်ကြီးရဲ့ထူးဆန်းတဲ့
အိပ်မက်အနက်ကို ဖော်ပြနိုင်တာပေါ့။
ဒါကြောင့် ရှင်ဘုရင်ကြီးနဲ့ မှူးမတ်အပေါင်းတို့ဟာ
ယောသပ်ရဲ့ အိပ်မက်အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုရော၊ ငတ်မွတ်ခေါင်းပါးဘေးကျရောက် မယ့်တိုင်းပြည်အတွက်
ပြုလုပ်ရမယ့်အစီအစဉ်အတွက် အကြံပေးတာ ရောသဘောကျသတဲ့ကွယ်။ နောက်ပြီးဘုရင်က
မှူးမတ်တွေကို ဘယ်လို မိန့်တော်မူလဲဆိုတော့ “ယောသပ်ဟာ ဘုရားသခင်ဆီကနေ ဉာဏ်ပညာ ကိုရရှိတဲ့လူဖြစ်တယ်။
သူ့ထက်သာတဲ့လူကို ရှာမတွေ့နိုင်တော့ဘူး” လို့ မိန့်တော်မူသတဲ့။
နောက်တစ်ခါဘုရင်ကြီးက ယောသပ်ကိုခေါ်ပြီး
“ဘုရားသခင်က သင့်ကိုအိပ်မက်အဓိပ္ပါယ်အားလုံးကို ဖွင့်ပြတော်မူတဲ့အတွက် သင့်ထက် ဉာဏ်ပညာအမြော်အမြင်သာတဲ့လူမရှိဘူး။
ငါဟာ သင့်ကို ငါ့တိုင်းပြည် ကိုအုပ်ချုပ်စေမယ်။ ငါရဲ့ပြည်သားအားလုံးတို့ဟာ
သင့်အမိန့်ကိုနာခံရ မယ်။ ထီးနန်းအရိုက်အရာအားဖြင့်သာလျှင် သင့်ထက်ငါကြီးမြတ်တယ်။
အခုသင့်ကို အီဂျစ်တစ်ပြည်လုံးကို အုပ်ချုပ်ရတဲ့ဘုရင်ခံအဖြစ်ခန့်အပ် တယ်”လို့မိန့်တော်မူသတဲ့ကွယ်။
ဒီလိုနဲ့ဘုရင်ကြီးဟာ မိမိရဲ့တံဆိပ်တော်ပါရှိတဲ့ လက်စွပ်ချွတ်ပြီး
တော့ ယောသပ်ရဲ့လက်မှာ ဝတ်ဆင်ပေးတယ်။ ယောသပ်ကို ပိတ်ချော ဝတ်ရုံကိုလည်း
ဝတ်စေတာပေါ့ကွယ်။ နောက်ပြီး လည်မှာလည်း ရွှေစ လွယ်ကိုဆွဲပေးတယ်။ ဒုတိယရထားတော်ကို
ယောသပ်ကို စီးစေပြီး သူ့ကိုယ်ရံတော်တွေကို ရှေ့ကသွားစေတယ်။ “လမ်းဖယ်ကြ၊ လမ်းဖယ် ကြ”
ဆိုပြီး ကိုယ်ရံတော်တွေကို အော်ဟစ်စေသတဲ့ကွယ်။
အဲဒီလိုယောသပ်ဟာ အီဂျစ်ပြည်တစ်ပြည်လုံးကို အုပ်ချုပ်ရတဲ့
ဘုရင်ခံအဖြစ် ခန့်အပ်ခြင်းခံခဲ့ရတယ်။ နောက်ပြီးဘုရင်ကြီးက ယောသပ် ကို “ငါဟာ
ဖါရောဘုရင်ဖြစ်တယ်။ အီဂျစ်တစ်ပြည်လုံးမှာ သင်ရဲ့ ခွင့်ပြု ချက်မရဘဲ
ဘယ်သူမှမိမိတို့ရဲ့လက်ခြေကို မကြွရ” လို့ မိန့်တော်မူသတဲ့ ကွယ်။ ဘုရင်ကြီးဟာ
ယောသပ်ကို ‘ဇာဖဏာသဖါဏ’ ဆိုတဲ့ ဘွဲ့နာမကို ချီးမြှင့်ပြီး
ဩနမြို့မှ ယဇ်ပုရောဟိတ်ပေါတိဖေရရဲ့ သမီးအာသနတ်နဲ့ ထိမ်းမြားစုံဖက်စေသတဲ့ကွယ်။
ယောသပ်ဟာ အီဂျစ်ပြည် ဖါရောဘုရင်ရဲ့မင်းမှုကို စတင်ထမ်း
ရွက်တဲ့အခါမှာ အသက်သုံးဆယ်ရှိသတဲ့ကွယ်။ သူဟာ ဘုရင်ဆီကနေ
ထွက်ပြီး
အီဂျစ်ပြည်တစ်ပြည်လုံးကို တိုင်းခန်းလှည့်လည်တော့တာပေါ့ ကွယ်။
ရိက္ခာပေါကြွယ်ဝတဲ့ခုနစ်အတွင်းမှာ တိုင်းပြည်ဟာ အသီးအနှံ အင်မတန်မှ အထွက်ကောင်းသတဲ့ကွယ်။
ယောသပ်ဟာ ခုနစ်နှစ်အတွင်း လယ်ယာတွေက ထွက်တဲ့အသီးအနှံတွေကို စုသိမ်းပြီး
မြို့ရွာတွေမှာ သိုလှောင်ထားသတဲ့။ သူစုဆောင်းရရှိတဲ့ စပါးသီးနှံတွေဟာ ပင်လယ် သဲလုံးတွေလောက်တောင်များလို့
မချင်တွယ်ပဲ ထားရသတဲ့ကွယ်။
အစာခေါင်းပါးတဲ့နှစ်တွေ မရောက်ခင်မှာ ယောသပ်ဟာ သား
နှစ်ယောက်ရရှိသတဲ့ကွယ်။ သားဦးကို မနာရှေလို့ နာမည်မှည့်တယ်။ ဒုတိယသားကိုတော့
ဧဖရိမ်လို့ နာမည်မှည့်သတဲ့။ ဒီလိုနဲ့ အီဂျစ်ပြည်မှာ
ရိက္ခာပေါကြွယ်ဝတဲ့ခုနစ်နှစ်ကာလ ကုန်ဆုံးပြီးတဲ့အခါ ယောသပ်ပြော ခဲ့တဲ့အတိုင်း
အစာခေါင်းပါးတဲ့ခုနစ်နှစ်ကပ် ဆိုက်ရောက်လာခဲ့သတဲ့ ကွယ်။
တခြားတိုင်းပြည်တွေလည်း အစာခေါင်းပါးတဲ့ကပ် ကျရောက်
တာပေါ့ကွယ်။ ဒါပေမယ့် အီဂျစ်ပြည်က ယောသပ်ရဲ့ စွမ်းဆောင်စု ဆောင်းထားတဲ့အတွက်
ရိက္ခာအပြည့်အဝရှိနေတာပေါ့။ ဒါနဲ့ အီဂျစ်ပြည် သားတွေဟာ
အစာခေါင်းပါးတဲ့ဒဏ်ကိုခံရတဲ့အခါ ဖါရောဘုရင်ကို ရိက္ခာ ပေးဖို့တောင်းကြတာပေါ့။
အဲဒီအခါ ဖါရောဘုရင်က “ယောသပ်ဆီကို သွားကြ၊ သူပြောတဲ့အတိုင်းပြုလုပ်ကြ” လို့ မိန့်တော်မူသတဲ့ကွယ်။
အစာခေါင်းပါးခြင်းကပ်ဟာ အီဂျစ်ပြည်အရပ်ရပ်ကို
ဆိုက်ရောက် တဲ့အတွက် အင်မတန်ဆိုးရွားလာလို့ ယောသပ်ဟာ စပါးကျီရှိသမျှကို ဖွင့်ပြီး
အီဂျစ်ပြည်သူ၊ ပြည်သားတွေကိုပါ စပါး ရောင်းချရတော့တာပေါ့။ ဒီအချိန်မှာ
ကမ္ဘာအရပ်ရပ်ကလည်း အစာခေါင်းပါးတဲ့ ကပ်ဆိုက်နေတဲ့ အတွက် တိုင်းပြည်အသီးသီးက လူတွေဟာ
ယောသပ်ဆီက စပါးတွေ ဝယ်ဖို့လာကြရတော့တာပေါ့ကွယ်။
ကလေးတို့ရေ. . .
ဘုရားသခင်ရဲ့ စကားနားထောင်ပြီး ဘုရား သခင် အပေါ်မှာသစ္စာရှိတဲ့အတွက် ဘုရားသခင်ရဲ့ ကောင်းချီးပေးခံရတဲ့
ယောသပ်ဟာ ဥာဏ်ပညာနဲ့ ပြည့်စုံထက်မြက်တဲ့အတွက် ဒုတိယဘုရင် ခန့်အပ်ခြင်းခံရရုံတင်မကဘူး၊
သူရဲ့အမြော်အမြင် ကောင်းတဲ့အတွက် အငတ်ဘေးကျရောက်လာတဲ့အချိန်မှာလည်း
တိုင်းသူပြည်သားလူအများ ကို အငတ်ဘေးမှကယ်တင်နိုင်တာပေါ့ကွယ်။
ဒါကြောင့် ကလေးတို့လည်း ယောသပ်လိုဘုရားသခင်
ကောင်း ချီးပေးခံရတဲ့ ကလေးသူငယ်လေးတွေဖြစ်အောင် ဘုရားသခင်ရဲ့စကား၊
မိဘဆရာသမားတွေရဲ့စကားကို နားထောင်ပြီး လိမ္မာကြရမယ့်ကွယ့်။ ကလေးတို့အားလုံး
ဘုရားသခင်ကောင်းချီးပေးခံရတဲ့ သူတွေဖြစ်ကြပါ စေကွယ်။
အခန်းကြီး - ၂၆
ပုံပြင်-၂၆
ပညာပေးခံရသောညီအစ်ကိုတစ်စု
ကမ္ဘာဦး
၄၂း၁-၃၈
ကလေးတို့ရေ. . .
ဟိုးရှေးရှေးတုန်းက အီဂျစ်ပြည်နဲ့အနီးအနား တိုင်းပြည်တွေအားလုံး
အစာငတ်မွတ်ခေါင်းပါးဘေးဒဏ် ကပ်ဆိုက် ရောက်နေတဲ့အချိန်မှာ
ခါနာန်ပြည်တစ်ပြည်လည်းပါဝင်ခဲ့တာပေါ့။
အဲဒီခါနာန်ပြည်မှာ ယာကုပ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးရှိသတဲ့။
သူ့ မှာသားဆယ့်နှစ်ယောက်ရှိသတဲ့ကွယ်။
သူရဲ့သားတွေအထဲက သူအချစ်ဆုံးဖြစ်တဲ့သားလေး
ယောသပ် ကို သားကြီးတွေက လိမ်လည်လှည့်ဖြားပြီး ရောင်းစားလိုက်ကြသတဲ့ ကွယ်။
ဒီလိုရောင်းစားခံရတဲ့ ယောသပ်ဟာ ဘုရားသခင်ကွယ်ကာ
စောင့်ရှောက်ပြီး ကောင်းချီးပေးတဲ့အတွက် အီဂျစ်ပြည်မှာ ဘုရင်ခံ
တစ်ယောက်ဖြစ်နေသတဲ့။ ဒါကိုသူရဲ့ဖခင်ကြီးယာကုပ်နဲ့အစ်ကိုကြီးတွေ ဟာ
မသိကြဘူးတဲ့ကွယ်။
အစာငတ်မွတ်ခေါင်းပါးချိန်ရောက်တဲ့အခါ ယာကုပ်ဟာ
အီဂျစ် ပြည်မှာ စပါးတွေရှိကြောင်းကြားသိရတော့ သားတွေခေါ်ပြီး “ဘာဖြစ်လို့ မှိုင်နေကြတာလဲ၊
အီဂျစ်ပြည်မှာစပါးရှိတာကိုငါသိတယ်၊ ငါတို့အစာငတ် ပြီးမသေအောင်
သားတို့အဲဒီပြည်ကိုသွားပြီး စပါးဝယ်ကြပါ” လို့ ခိုင်းတဲ့ အတွက်
ယောသပ်ရဲ့အစ်ကိုတစ်ကျိပ်တို့ဟာ အီဂျစ်ပြည်ကို စပါးဝယ်ဖို့ ထွက်ခွာသွားကြတာပေါ့။
ညီအငယ်ဆုံးလေး ဗယာမိန်ကတော့
ဘေးအန္တရာယ်ဖြစ်မှာစိုးလို့ အစ်ကိုတွေနဲ့အတူတူ မလွှတ်ဘူးပေါ့ကွယ်။
တခြားတိုင်းပြည်တွေက လည်း အီဂျစ်ပြည်မှာလာပြီး စပါးတွေကိုဝယ်ယူကြတာပေါ့။
အီဂျစ်ဘုရင်ခံဖြစ်တဲ့ယောသပ်က
အတိုင်းတိုင်းအပြည်ပြည်က စပါးလာရောက်ဝယ်တဲ့လူတွေကို စပါးရောင်းချနေတာပေါ့ကွယ်။
ဒီအချိန်မှာ ယောသပ်ရဲ့ အစ်ကိုဆယ်ယောက်ဟာလည်း
သူရဲ့ ရှေ့မှောက်မှာ ပျပ်ဝပ်နေကြသတဲ့ကွယ်။ ယောသပ်ဟာ သူရဲ့အစ်ကိုတွေ ကိုမြင်တော့
မှတ်မိပေမယ့် အစ်ကိုတွေကို မသိဟန်ဆောင်ပြီး “သင်တို့ ဘယ်အရပ်ကလာကြသလဲ” လို့ ကြမ်းကြမ်းတမ်းတမ်း
ခက်ခက်ထန်ထန် မေးသတဲ့ကွယ်။
သူ့အစ်ကိုတွေကလည်း “ကျွန်တော်တို့ဟာ
ရိက္ခာဝယ်ဖို့ ခါနာန် ပြည်ကနေလာကြတာပါ” လို့ဖြေတာပေါ့။ ယောသပ်က သူ့အစ်ကိုတွေ ကိုသိပေမယ့်
ယောသပ်မှန်း သူ့အစ်ကိုတွေက မသိကြဘူးတဲ့ကွယ်။ ယောသပ်ဟာ
သူတို့အကြောင်းနဲ့ပတ်သက်တဲ့အိပ်မက်ကို သတိရပြီး “သင်တို့ဟာ သူလျှိုတွေဖြစ်တယ်၊
ဒီတိုင်းပြည်ရဲ့ အားနည်းချက်ကို ထောက်လှမ်းဖို့လာကြတဲ့လူတွေဖြစ်တယ်” လို့
စွပ်စွဲလိုက်တယ်။
သူတို့ကလည်း မဟုတ်ကြောင်း၊
ရိက္ခာဝယ်ဖို့လာကြကြောင်း၊ ဖခင်တစ်ဦးတည်းကနေ ပေါက်ဖွားလာတဲ့ ညီအစ်ကိုတွေဖြစ်ကြောင်း၊
ရိုးသားတဲ့လူတွေဖြစ်ကြောင်း ပြောပြကြတာပေါ့ကွယ်။
ဒါနဲ့ယောသပ်ကလည်း “သင်တို့ရိုးသားတဲ့လူတွေ မဟုတ်ဘူး၊
ဒီတိုင်းပြည်ရဲ့အားနည်းချက်ကို ထောက်လှမ်းဖို့လာတဲ့ လူတွေဖြစ်တယ်”
ထို့နောက်တစ်ခါပြန်ပြီးစွပ်စွဲလိုက်ပြန်တယ်။
ဒီအခါသူတို့က “သခင်၊ သခင်ရဲ့ကျွန်တို့ဟာ ခါနာန်ပြည်မှာ နေထိုင်တဲ့
တစ်ယောက်တည်းသောသူရဲ့သားတစ်ဆယ့်နှစ်ယောက်ဖြစ် ပါတယ်။ ညီတစ်ယောက်သေဆုံးပြီး
ညီအငယ်ဆုံးဟာ အခုအဖေနဲ့အတူ ကျန်ရစ်ခဲ့ပါတယ်” လို့ ဘုရင်ခံယောသပ်ကို လျှောက်ထားသတဲ့ကွယ်။
ယောသပ်ကလည်း “ငါထင်တဲ့အတိုင်း သင်တို့ဟာ သူလျှိုဖြစ်ကြ
တယ်။ သင်တို့ပြောတာမှန်မမှန်စစ်ဆေးမယ်။ ဖါရောဘုရင်ရဲ့ အမိန့်အာ ဏာအရ၊
သင်တို့ညီအငယ်ဆုံးကို ဒီကိုမခေါ်ဆောင်နိုင်ခဲ့ရင် သင်တို့ဟာ ဖါရောဘုရင် အသက်ရှင်တော်မူတဲ့အတိုင်း
သူလျှိုတွေ အမှန်တကယ် ဖြစ်မှာပဲ” လို့ပြောပြီး သူတို့အားလုံးကို သုံးရက်
ချုပ်ထားသတဲ့ကွယ်။
နောက်သုံးရက်ကြာတဲ့အခါမှာ ယောသပ်က “ငါဟာ
ဘုရားသခင် ကို ကြောက်ရွံ့ရိုသေတဲ့လူဖြစ်တယ်။
ဒါကြောင့်သင်တို့အသက်ချမ်းသာဖို့နဲ့
သင်တို့ရိုးသားကြောင်းသိဖို့ သင်တို့ထဲက တစ်ယောက်ယောက်ကို အကျဉ်းထောင်ထဲမှာ ထားခဲ့ရ
မယ်။ ကျန်တဲ့လူတွေက ရိက္ခာပြတ်နေတဲ့မိသားစုအတွက် ဝယ်ယူတဲ့ စပါးပြန်ယူသွား၊
ပြီးတော့ ညီအငယ်ကို ငါ့ဆီခေါ်ခဲ့ကြ၊ ဒီလိုလုပ်ရင် သင်တို့စကားမှန်တာကိုသိမယ်။
သင်တို့လည်း အသက်ချမ်းသာရလိမ့်မယ်လို့ ထပ်ပြီး
ပြောင်း ပြောသတဲ့ကွယ်။
ဒါနဲ့သူတို့တွေဟာယောသပ်ပြောတဲ့အတိုင်း
သဘောတူကြတယ် တဲ့ကွယ်။ သူတို့အချင်းချင်းလည်း “တကယ်တော့ငါတို့ညီကို ငါတို့ပြုခဲ့ သမျှအတွက်
ငါတို့ခံရပြီ၊ ငါတို့ညီက သနားညှာတာဖို့ တောင်းပန်တာ ငါတို့မသနား၊ မညှာတာခဲ့ဘူး။
ဒါကြောင့်ငါတို့ ပြန်ခံနေရပြီ” လို့ ပြော
ကြတာပေါ့။
အဲဒီအခါရုဗင်က “ငါဟာသူငယ်ကို
ဘေးမရောက်ပါစေနဲ့ လို့ သတိပေးခဲ့တာ သင်တို့နားမထောင်ကြဘူး၊ အခုငါတို့ဝဋ်လည်ပြီ”
လို့ ပြောတယ်။
ယောသပ်ဟာ စကားပြန်ကို အသုံးပြုတဲ့အတွက်
သူတို့ပြောတာ ယောသပ်နားမလည်ဘူးလို့ ထင်ကြတယ်။ ဒါပေမယ့်ယောသပ် အားလုံး နားလည်သတဲ့ကွယ်။
ဒါကြောင့်ယောသပ်ဟာ သူတို့ဆီကထွက်သွားပြီး
ငိုကြွေးတော့ တာပဲတဲ့ကွယ်။ တော်တော်လေးကြာမှ သူတို့ဆီကိုပြန်လာပြီး ရှိမောင်ကို ရွေးထုတ်လိုက်တယ်။
နောက်ပြီးယောသပ်ဟာ သူ့အစ်ကိုတွေ အိတ်ထဲ
စပါးအပြည့် ထည့်စေတယ်။ စပါးဖိုးငွေလည်းထည့်စေတယ်။ လမ်းမှာစားဖို့ ရိက္ခာ လည်း ထည့်ပေးလိုက်စေသတဲ့။
တာဝန်ခံကလည်း အားလုံးစီစဉ်ပေး လိုက်တာပေါ့ကွယ်။
ညအချိန်လမ်းမှာသူတို့အထဲမှ တစ်ယောက်က
မြည်းအစာကျွေး ဖို့ သူ့အိတ်ကိုဖွင့်လိုက်တဲ့အခါ ငွေကိုတွေ့တော့ အရမ်းအံ့ဩပြီး
တုန်လှုပ် ချောက်ချားသွားကြသတဲ့ကွယ်။
ခါနာန်ပြည်မှာရှိတဲ့ သူတို့အဖေယာကုပ်ဆီ ပြန်ရောက်တဲ့အခါ
သူတို့ဖခင်ကြီးကို သူတို့ဖြစ်ပျက်ခဲ့တဲ့အကြောင်း၊ ဘုရင်ဟာ သူတို့ကို ခက်ခက်ထန်ထန်ဆက်ဆံကြောင်း၊
ရှိမောင်ကို ချုပ်ထားကြောင်း၊ ညီ အစ်ကိုထဲမှ အငယ်ဆုံးကိုခေါ်လာရမည်ဖြစ်ကြောင်း
ပြောပြသတဲ့ကွယ်။
သူတို့ရဲ့စပါးအိတ်တွေကို သွန်ချတဲ့အခါမှာ
လူတိုင်းရဲ့အိတ်ထဲက
ငွေထုပ်ကိုတွေ့ကြတော့
သူတို့အဖေရော အားလုံးက ကြောက်လန့်နေ ကြတာပေါ့။
နောက်ပြီးယာကုပ်က သူချစ်တဲ့သားယောသပ်လည်း မရှိတော့
ဘူး၊ ရှိမောင်လည်းမရှိတော့ဘူး၊ အခုဗင်္ယာမိန်ကိုလည်း ခေါ်သွားကြဦး
မယ်၊ ဒုက္ခပါပဲဆိုပြီး ညည်းညူတာပေါ့ကွယ်။
ဒီအခါမှာ ရုဗင်က “ဗင်္ယာမိန်ကို
အဖေ့ဆီပြန်မခေါ်လာလို့ရှိရင် ကျွန်တော်ရဲ့သားနှစ်ယောက် သေဒဏ်ခံရပါစေ၊ ဗင်္ယာမိန်အတွက် တာ ဝန်ယူပါတယ်” လို့ ပြောပေမယ့် သူ့အဖေယာကုပ်က ငါ့သား ယောသပ် လည်း
သေဆုံးပြီး သူ့ညီဗင်္ယာမိန်ပဲကျန်တယ်။
ငါလည်းအသက်ကြီးပြီ၊ သင်တို့နဲ့ငါ့သားကို မလွှတ်နိုင်ဘူး။
လမ်း မှာသေဘေးနဲ့တွေ့ရင် “ငါရင်ကွဲရလိမ့်မယ်” လို့ ပြန်ပြောပြီး ဗယာမိန်ကို မလွှတ်ဘဲနေသတဲ့ကွယ်။
ယောသပ်ရဲ့အစ်ကိုကြီးတွေလည်း စိတ်ဆင်းရဲ ကြတာပေါ့။
ကလေးတို့ရေ. . .
ယောသပ်ရဲ့အစ်ကိုကြီးတွေဟာ တစ်ချိန်က ယောသပ်စိတ်ဆင်းရဲအောင် ရက်ရက်စက်စက် ပြုလုပ်ကြတယ်လေ။
ယောသပ်က ကလဲ့စားချေတာမဟုတ်ပါဘူး။ သူတို့လည်း ကိုယ်ချင်းစာ တရားရှိအောင်
ပညာပြတာဖြစ်တယ်ကွယ့်။
ဒါမှလည်း သူများကို စိတ်ဆင်းရဲအောင်လုပ်ရင်
ကိုယ်လည်း ပြန်ခံရတတ်တယ်ဆိုတာ သူတို့သိသွားမှာပေါ့။
ဒါကြောင့် ကလေးတို့လည်း သူတစ်ပါးကို စိတ်ဆင်းရဲအောင်
မပြုလုပ်ကြဘဲ လူတိုင်းစိတ်ချမ်းသာမှုဖြစ်အောင် ကူညီဆောင်ရွက်နိုင် ကြပါစေကွယ်။
အခန်းကြီး - ၂၇
ပုံပြင်-၂၇
ဘုရင်ခံကိုညီဖြစ်မှန်းမသိတဲ့ညီအစ်ကိုတစ်စု
ကမ္ဘာဦး
၄၃း၁-၃၄
ကလေးတို့ရေ . . .
ဟိုးရှေးရှေးတုန်းက အစာငတ်မွတ်ဘေး ကျရောက်တဲ့တိုင်းပြည်တွေထဲမှာ
ခါနာန်ပြည်လည်းပါတဲ့အတွက် အဲဒီ ပြည်ကရှိတဲ့လတွေဟာ အီဂျစ်ပြည်ကို
ရိက္ခာတွေသွားဝယ်ကြရတာပေါ့။ ဒီအထဲမှာယာကုပ်ရဲ့မိသားစုဟာလည်း ပထမတစ်ခေါက်
အီဂျစ်ပြည်ကို သွားပြီး ဝယ်ထားတဲ့ရိက္ခာတွေစားလို့ကုန်သွားသတဲ့ကွယ်။
ယာကုပ်ဟာ သားတွေကိုခေါ်ပြီး အီဂျစ်ပြည်ကို ရိက္ခာသွားဝယ်ဖို့
စေခိုင်းပြန်သတဲ့ကွယ်။ ဒါနဲ့ပဲယုဒက “ကျွန်တော်တို့ညီကို မခေါ်ခဲ့ရင်
ဘုရင်ရဲ့ရှေ့မှောက်ကို မဝင်ရဘူးလို့ပြောခဲ့တယ်။ ဒါကြောင့် ညီဗင်္ယာမိန် ကိုခေါ်သွားခွင့်ပြုပါ။ သူမပါရင်ကျွန်တော်တို့ မသွားဝံ့ပါဘူး”
လို့ပြောတာ ပေါ့။
အဲဒီအခါမှာ ယာကုပ်က
“သင်တို့ရဲ့ညီတစ်ယောက်ရှိသေးတယ် လို့ ဘာဖြစ်လို့ပြောရတာလဲ၊
ငါ့ကိုစိတ်ဆင်းရဲအောင်ဘာဖြစ်လို့ လုပ်ရ တာလဲ” လို့ ပြောတဲ့အခါ သူ့သားကြီးတွေက
သူတို့မိသားစုကို သေသေ ချာချာမေးတဲ့အကြောင်း၊ ဖခင်ကြီးအသက်ရှင်သေးသလားဆိုတာ မေးတဲ့
အကြောင်း၊ သင်တို့မှာညီရှိသေးသလားဆိုတာမေးတဲ့အကြောင်း ပြောပြ တယ်။ သူတို့ညီကို
အီဂျစ်ပြည်ကိုခေါ်ဆောင်ခိုင်းလိမ့်မယ်ဆိုတာ သူတို့ မသိနိုင်တဲ့အကြောင်း၊
သူတို့ရဲ့ဖခင်ယာကုပ်ကို ပြောပြကြသတဲ့ ကွယ်။
နောက်ပြီးသားကြီးဖြစ်သူ ယုဒက “ညီလေးကို ကျွန်တော်တို့နဲ့ အတူထည့်လိုက်ပါ။
အခုပဲခရီးထွက်ကြမယ်၊ ကျွန်တော်ညီလေးအတွက် အာမခံမယ်၊ အဖေ့ဆီကို ဘေးကင်းလုံခြုံစွာပြန်ခေါ်ခဲ့မယ်၊
မခေါ်ခဲ့ရင် ကျွန်တော်တစ်သက်လုံး အပြစ်တင်ခံရပါစေမယ်၊ မနှောင့်နှေးလို့ရှိရင်
အီဂျစ်ပြည်ကို ခရီးနှစ်ခေါက်လောက် ရောက်နေပါပြီ” လို့ သူ့အဖေကို ပြောပြတာပေါ့ကွယ်။
သူတို့ရဲ့အဖေက “ဒါဆိုရင် ခါနာန်ပြည်မှာ ရှိတဲ့အကောင်းဆုံး
ထွက်ကုန် ဗာလစံစေးနည်းနည်း၊ ပျားရည်နည်းနည်း၊ နံ့သာမျိုး၊ မုရန်စေး၊ သစ်အယ်သီး၊
ဗာတံသီးတို့ကို ဘုရင်ခံကို လက်ဆောင်အဖြစ် ပေးဖို့ အိတ်တွေထဲ ထည့်သွားကြ။
သင်တို့အိတ်ထဲထည့်ပေးလိုက်တဲ့ ငွေကို ပြန်ပေးရမှာဖြစ်တဲ့အတွက်
ငွေလည်းနှစ်ဆယူသွားကြ။ ပြန်ထည့် ပေးလိုက်တဲ့ ငွေဟာမှားပြီးထည့်ပေးတာဖြစ်မယ်။
သင်တို့ရဲ့ ညီကို ခေါ် ပြီးသွားပါ။ ဗင်္ယာမိန်နဲ့ရှိမောင်ကို
သင်တို့လက်ထံပြန်ထည့်အောင် ဘုရား သခင်ဟာ သူ့စိတ်ကိုပြုပြင်ပေးပါစေ” ဆိုပြီး
ပြောလိုက်သတဲ့ကွယ်။
ဒီလိုနဲ့ညီအစ်ကိုတစ်စုဟာ လက်ဆောင်တွေနဲ့ ငွေနှစ်ဆကိုယူ၊
ဗယာမိန်ကိုခေါ်ပြီး အီဂျစ်ပြည်ကို သွားကြတာပေါ့ကွယ်။ အီဂျစ်ပြည်ကို ရောက်တဲ့အခါ
ယောသပ်ဆီကို အခစားဝင်ကြတယ်။
ယောသပ်ဟာ ဗယာမိန်ကိုတွေ့တဲ့အခါ အိမ်တော်ဝန်ကို
“ဒီလူ တွေကို ငါ့အိမ်ကိုခေါ်ဆောင်သွားပါ။ သားကောင်တစ်ကောင်ကို သတ်ပြီး
ဟင်းလျာပြင်ပါ။ ငါဟာ သူတို့နဲ့အတူ နေ့လယ်စာကို သုံးဆောင်မယ်” လို့ ခိုင်းလိုက်သတဲ့ကွယ်။
အိမ်တော်ဝန်က ယောသပ်ခိုင်းတဲ့အတိုင်း
ညီအစ်ကိုအားလုံးကို ခေါ်ဆောင်သွားတာပေါ့။ အဲဒီညီအစ်ကိုတွေက ပထမအခေါက်မှာ သူတို့ ရဲ့စပါးအိတ်ထဲ
ငွေပြန်ထည့်ပေးလိုက်တဲ့ကိစ္စနဲ့အကြောင်းပြုပြီး သူတို့ကို ဖမ်း၊ မြည်းတွေကိုလည်း သိမ်းယူပြီး
ကျွန်ခံခိုင်းမယ်အထင်နဲ့ တွေး ကြောက်နေကြသတဲ့ကွယ်။
နောက်ပြီးအဲဒီညီအစ်ကိုတစ်စုက အိမ်တော်ဝန်ကို
ငွေထည့်ထား တဲ့ကိစ္စနဲ့ပတ်သက်ပြီး အကြောင်းစုံပြောပြ တောင်းပန်ကြတာပေါ့။ အိမ် တော်ဝန်က
“သင်တို့မစိုးရိမ်ကြနဲ့၊ သင်တို့ဘုရားသခင်က သင်တို့စပါး အိတ်ထဲမှ ငွေထည့်ထားတာဖြစ်လိမ့်မယ်။
အဲဒီစပါးဖိုးငွေတွေလည်း ကျွန်တော်လက်ခံရရှိပြီးပြီ” လို့ပြောပြီး ရှိမောင်ကို
သူတို့ဆီ ခေါ်ထုတ်ခဲ့ တယ်။ အိမ်တော်ဝန်ဟာ သူတို့ကိုအိမ်ထဲဝင်စေတယ်၊
ခြေဆေးဖို့ရေခပ် ပေးတယ်၊ မြည်းတွေကိုလည်းအစာကျွေးပေးသတဲ့ကွယ်။
မွန်းတည့်အချိန်ရောက်တဲ့အခါ ယောသပ်ဟာ
သူတို့နဲ့အတူ စား သောက်မယ်ဆိုတာ သူတို့ကြားတော့ လက်ဆောင်တွေ ဘုရင်ခံ ယော သပ်ကိုပေးဖို့အဆင်သင့်ပြင်ထားတာပေါ့ကွယ်။
ဒီလိုနဲ့နေ့လယ်ရောက်တော့
ဘုရင်ခံယောသပ်အိမ်ကိုပြန်ရောက် တဲ့အခါ ညီအစ်ကိုတစ်စုဟာ လက်ဆောင်တွေကို ဆက်သပြီး
သူရဲ့ရှေ့ မှာပျပ်ဝပ်ကြတယ်။
နောက်ပြီးဘုရင်ခံယောသပ်က “သင်တို့ပြောတဲ့ သင်တို့ရဲ့ဖခင်
အိုကြီး အသက်ရှင်နေသေးလား၊ ကျန်းမာပါရဲ့လား” လို့မေးတော့ သူတို့ က ကျန်းမာကြောင်း၊
အသက်ရှင်သေးကြောင်း ဖြေကြတယ်။ နောက်ပြီး ယောသပ်ကိုဦးညွှတ်ရှိခိုးကြတယ်။
ဗယာမိန်ကိုမြင်တဲ့အခါမှာ သူ့အမေ
ရဲ့သား၊
သူရဲ့ညီအရင်းဖြစ်တာသိတော့မသိ ဟန်ဆောင်ပြီး “ဒါသင်တို့ရဲ့ ညီအငယ်ဆုံးဆိုတာလား”
လို့မေးတော့ သူတို့ကလည်း ဟုတ်ကြောင်း ပြန်ဖြေတယ်။
ဘုရင်ခံယောသပ်က “လူကလေး၊ သင့်ကိုဘုရားသခင် ကောင်း ချီးပေးပါစေ” လို့ ပြောလိုက်တယ်။
ညီကိုမြင်ရတဲ့အခါ မျက်ရည်မဆည်နိုင်တော့ဘဲ
သူ့အခန်းထဲကို ပြန်ဝင်ပြီး ငိုကြွေးတော့တာပဲတဲ့ကွယ်။ နောက်မှမျက်နှာသစ်ပြီး အပြင် ကိုထွက်လာတယ်။
သူ့စိတ်ကို ထိန်းပြီး စားသောက်ပွဲကိုပြင်ဖို့ အမိန့်ပေး တယ်။ သူ့ညီအစ်ကိုတွေကို စားဖို့စားပွဲတစ်ပွဲ၊
အီဂျစ်အမျိုးသားတွေ စားဖို့ စားပွဲတစ်ပွဲပြင်ဆင်ခိုင်းတယ်။
အဲဒီခေတ်က အီဂျစ်အမျိုးသားတွေဟာ
ဟေဗြဲအမျိုးသားတွေနဲ့ အတူစားသောက်ရင် ဂုဏ်ငယ်တယ်လို့ယူဆတဲ့အတွက်ကြောင့် အတူတူ မစားကြဘူးကွယ့်။
ယောသပ်ဟာ ညီအစ်ကိုတွေကို အသက်ကြီးစဉ်ငယ်လိုက်
သူ့ အရှေ့မှာထိုင်စေတဲ့အခါ ညီအစ်ကိုတွေက သူတို့ကိုကြီးစဉ် ငယ်လိုက် နေရာချတာကိုတွေ့ရတဲ့အခါ
တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီး အံ့ဩ နေကြသတဲ့ကွယ်။
ယောသပ်ဟာ သူ့စားပွဲကနေအစားအစာတွေကို
အဲဒီညီအစ်ကို တွေဆီ ပို့ပေးသတဲ့။ ဗယာမိန်ဟာ တခြားလူတွေထက် ငါးဆပိုရတယ်။ သူတို့ဟာ
ဘုရင်ခံယောသပ်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်အစာစားသောက်ကြ တာပေါ့။
ဒါပေမယ့် ဘုရင်ခံယောသပ်ဟာ သူတို့ညီဆိုတာ တစ်ယောက်မှ
မသိသေးဘူးတဲ့ကွယ်။
ကလေးတို့ရေ. . ယောသပ်ဟာ
ဘာသာတရားရိုသေကိုင်းရှိုင်းတဲ့ လူငယ်၊ အကြင်နာတရားရှိတဲ့ လူငယ်လေးတစ်ယောက်ဖြစ်တဲ့အတွက်
ဘုရင်ခံတစ်ဦးဖြစ်လာတဲ့အခါ သူ့ကိုရက်စက်ခဲ့တဲ့ ညီအစ်ကိုတွေကို ပြန်ပြီးကလဲ့စားချေရက်စက်လို့ရပေမယ့်
မပြုလုပ်ခဲ့ပါဘူးကွယ်။
သူ့ကိုယ်သူယောသပ်ဖြစ်တယ်ဆိုတာကို မပြောပြပေမယ့် သူ့ညီ
အစ်ကိုတွေကို ကြင်ကြင်နာနာဧည့်ဝတ်ကျေပွန်စွာကျွေးမွေးခဲ့ပါတယ်။
ကလေးတို့လည်း ယောသပ်ရဲ့စိတ်ထားကို အတုယူပြီး သူတစ်ပါး
ကို အကြင်နာတရားထားနိုင်ကြပါစေကွယ်။
အခန်းကြီး - ၂၈
ပုံပြင်-၂၈
ခွင့်လွှတ်တတ်တဲ့ဘုရင်ခံလေး
ကမ္ဘာဦး
၄၄။ ၄၅။ ၄၆။
ကလေးတို့ရေ. . .
အီဂျစ်ပြည်မှာ ယောသပ်ဆိုတဲ့ဘုရင်ခံတစ်ဦး ရှိသတဲ့ကွယ်။ သူဟာ ခါနာန်ပြည်က သူ့ညီအစ်ကိုတွေ
ရောင်းစားလိုက် တဲ့လူတစ်ယောက်ပေါ့။
သူဟာ ဘုရားသခင်ကိုချစ်ပြီး ဘုရားသခင်အပေါ်မှာ
သစ္စာရှိရုံ မက၊ ဥာဏ်ပညာထက်မြက်တဲ့ လူငယ်ဖြစ်တဲ့အတွက် အီဂျစ်ဘုရင်ကြီး က
ဘုရင်ခံရာထူးကိုပေးထားသတဲ့ကွယ်။
တိုင်းပြည်တွေ
အစာငတ်မွတ်ခေါင်းပါးဘေးကျရောက်တဲ့အခါ၊ ခါနာန်ပြည်က
သူ့ညီအစ်ကိုတစ်စုရိက္ခာလာဝယ်တဲ့အခါ သူ့ကို ယောသပ် မှန်းမသိကြဘူးပေါ့ကွယ်။
ဒါပေမယ့်ယောသပ်ဟာသူတို့ကိုရိက္ခာစပါးရောင်းပေးသတဲ့ကွယ်။
သူ့ညီအငယ်ဆုံးလေးဖြစ်သူ ဗယာမိန်ပါလာတဲ့အခေါက်မှာ ယောသပ် ဟာ အိမ်တော်ဝန်ကို
ညီအစ်ကိုတွေရဲ့အိတ်တွေထဲမှာ ရိက္ခာစပါးအပြင် စပါးဖိုးငွေတွေလည်း ပြန်ထည့်ပေးခိုင်းလိုက်တယ်။
ညီအငယ်ဆုံး ဗယာမိန်ရဲ့အိတ်ထဲမှာတော့ ဖလားနဲ့အတူ
စပါးဖိုး ငွေကိုထည့်ခိုင်းလိုက်တယ်။ အိမ်တော်ဝန်ကလည်း ယောသပ်စေခိုင်းတဲ့ အတိုင်းလုပ်တာပေါ့ကွယ်။
မနက်မိုးလင်းလို့ သူတို့ထွက်သွားကြတဲ့အခါ မြို့နဲ့မလှမ်းမကမ်း နေရာမှာရောက်တော့ ယောသပ်က အိမ်တော်ဝန်ကို သူတို့ နောက်လိုက်ခိုင်းလိုက်တယ်။
သူတို့ကိုမီတဲ့အခါ အိမ်တော်ဝန်က “သင်တို့ဟာ
ကျေးဇူးရှင်ကို ကျေးစွပ်တယ်။ ငါ့သခင်ရဲ့ဖလားကို သင်တို့ ခိုးလာခဲ့တယ်မဟုတ်လား။
ဒီဖလားဟာ ငါ့သခင်သောက်တဲ့ဖလား၊ နိမိတ်ဖတ်တဲ့ဖလား ဖြစ်တယ်။ သင်တို့ဟာကြီးလေးတဲ့ပြစ်မှုကို
ကျူးလွန်တယ်” လို့ ယောသပ်စေခိုင်းတဲ့ အတိုင်းပြောသတဲ့ကွယ်။
ညီအစ်ကိုတစ်စုလည်း “ဖလားကိုကျွန်တော်တို့ မခိုးပါဘူး။
ကျွန် တော်တို့အားလုံးထဲက တစ်ယောက်ယောက်မှာ တွေ့လို့ရှိရင် အဲဒီလူဟာ
သေဒဏ်သင့်ပါစေ။ ကျန်တဲ့လူတွေလည်း ကျွန်ခံပါ့မယ်” လို့ ပြောကြ တာပေါ့။ အိမ်တော်ဝန်က
ဖလားကိုခိုးတဲ့လူပဲကျွန်ဖြစ်စေမယ်၊ ကျန်တဲ့ လူတော့ချမ်းသာပေးပါမယ်” လို့ပြောပြီး ရှာတဲ့အခါ
ညီအငယ်ဆုံးဖြစ်တဲ့ ဗယာမိန်ရဲ့အိတ်ထဲမှာ ရှာတွေ့သတဲ့ကွယ်။ ဒါနဲ့ပဲညီအစ်ကိုတစ်စုဟာ
စိတ်ပျက်လက်ပျက်နဲ့ စပါးအိတ်တွေကို မြည်းပေါ်တင်ပြီး မြို့ထဲပြန် လိုက်လာကြတယ်။
ယောသပ်အိမ်ကိုရောက်တဲ့အခါ သူတို့ဟာ ယောသပ်ကို
ပျပ်ဝပ် ကြတယ်။ ယောသပ်က “သင်တို့ဘယ်လိုလုပ်တာလဲ၊ ငါဟာ သင်တို့ပြု လုပ်သမျှနိမိတ်ဖတ်ပြီး
သိနိုင်တဲ့အစွမ်းရှိတာ သင်တို့မသိဘူးလား” လို့ မေးတာပေါ့။
ဒါနဲ့ယုဒဆိုတဲ့အစ်ကိုကြီးက “ဘုရားသခင်ကိုယ်တော်တိုင် ကျွန် တော်တို့ရဲ့အပြစ်ကို ဖော်ထုတ်တော်မူပြီ၊ ဖလားကို ခိုးတဲ့လူပါမကဘူး၊ ကျွန်တော်တို့အားလုံး အရှင်ဘုရင်ခံဆီမှာ ကျွန်ခံပါမယ်” လို့ ပြောတော့ ယောသပ်က “ဖလားနဲ့အတူတွေ့တဲ့လူသာ ငါရဲ့ကျွန်ဖြစ်စေမယ်။ ကျန်တဲ့လူတွေက အဖေဆီပြန်သွားကြပါ” လို့ပြောတာပေါ့။
ဗင်္ယာမိန်ဟာနေခဲ့ရတော့တာပေါ့။
ဒီလိုနဲ့ယုဒဟာ “ဗင်္ယာမိန်ကို ခေါ်ထားမယ့်အစား ကျွန်တော်ပဲ ကျွန်ခံပါမယ်။
ဗင်္ယာမိန်မပါဘဲ ကျွန် တော့်အဖေဆီပြန်လို့မဖြစ်ဘူး။
ကျွန်တော်ဖခင်ကိုကတိပေးခဲ့တယ်။”
ဗယာမိန်ရဲ့အစ်ကိုအရင်းဟာလည်း
သေဆုံးသွားပြီဖြစ်လို့ သူ့ ဖခင်စိတ်ဆင်းရဲခဲ့ရကြောင်း၊ ကျွန်တော်ဟာ “ဖခင်ကြီး စိတ်ဆင်းရဲဖြစ်
နေတာကိုလည်း မမြင်ရက်ဘူး” ဆိုတဲ့အကြောင်း ပြောပြီး ဗင်္ယာမိန်
အတွက် အကြီးအကျယ်တောင်းပန်တော့တာပဲတဲ့ကွယ်။
အဲဒီအချိန်မှာယောသပ်ဟာ သူ့စိတ်ခံစားချက်ကို မချုပ်တည်း
နိုင်တဲ့အတွက်ကြောင့် သူ့အမှုထမ်းအားလုံးကို အခန်းထဲကနေ ထွက် သွားဖို့အမိန့်ပေးလိုက်သတဲ့ကွယ်။
ယောသပ်ဟာ သူ့ညီအစ်ကိုတွေကို မိမိရဲ့ဇာတိကို ထုတ်ဖော်
ပြတဲ့အချိန်ဟာ ဘယ်သူမှမရှိပေမယ့် သူရဲ့ကျယ်ကျယ်လောင်လောင်နဲ့ ငိုကြွေးလိုက်တဲ့အသံကို
အီဂျစ်အမျိုးသားတွေ ကြားလိုက်ရတယ်တဲ့ ကွယ်။ အဲဒီလိုငိုကြွေးတဲ့သတင်းဟာ
ဖါရောဘုရင်ရဲ့ နန်းတော်အထိ ပေါက်ကြားသွားသတဲ့ကွယ်။
နောက်ပြီး သူရဲ့ညီအစ်ကိုတွေကို “အကျွန်ုပ်ဟာ
သင်တို့ ရောင်း စားလိုက်တဲ့ သင်တို့ရဲ့ညီယောသပ်ဖြစ်တယ်” လို့ပြောလိုက်တဲ့အခါ သူရဲ့
ညီအစ်ကိုတွေက စိုးရိမ်ကြောက်လန့်ကြတဲ့အတွက်ကြောင့် ဘာမှပြန် မပြောနိုင်ကြဘူးတဲ့ကွယ်။
ယောသပ်က. . .
“ကျွန်ုပ်အနားတိုးလာကြပါလို့ပြောပြီး သင်တို့ဟာ
ကျွန်ုပ်ကို ဒီဒေသကို ရောင်းချမိတဲ့အတွက်ကြောင့် စိတ်မညှိုးငယ်ကြပါနဲ့၊ ကိုယ့်ကို
ကိုယ်လည်းအပြစ်မတင်ပါနဲ့။”
ဘုရားသခင်ဟာ လူအများကိုကယ်တင်ဖို့
ကျွန်ုပ်ကိုအလျင် ဒီကို စေလွှတ်ခဲ့ခြင်းဖြစ်တယ်။ အခု အစာငတ်မွတ်ခေါင်းပါးခြင်း
ကပ်ဆိုက် တာ နှစ်နှစ်ပဲရှိသေးတယ်။ နောက်ထပ်ငါးနှစ်ရှိသေးတယ်။
ဘုရားသခင်ဟာ သင်တို့သားသမီးမြေးတွေကိုကယ်ဖို့
ငါ့ကို ဒီ နေရာအလျင်စေလွှတ်လိုက်တာဖြစ်တယ်။
ငါဟာ အီဂျစ်ပြည်တစ်ပြည်လုံးကို အုပ်စိုးရတဲ့မင်းအဖြစ်
ခန့်ထား ခံရတယ်။ သင်တို့အဖေနဲ့တကွ မိသားစုတွေ၊ သိုး၊ နွား၊ ဆိတ်၊ ပစ္စည်းတွေ အားလုံးယူခဲ့ကြ”
လို့ မှာကြားသတဲ့ကွယ်။
နောက်ပြီး ယောသပ်က ညီငယ် ဗင်္ယာမိန်ကို ဖက်ပြီးငိုသတဲ့။ ဗင်္ယာမိန်ကလည်း ပြန်ဖက်ငိုတာပေါ့။
ညီအစ်ကိုတစ်ယောက်စီကို ဖက် နမ်းပြီးငိုသတဲ့ကွယ်။ ညီအစ်ကိုတွေဟာ ယောသပ်နဲ့ ရင်းရင်းနှီးနှီးစကား
ပြောကြတယ်။
ယောသပ်ရဲ့ညီအစ်ကိုတွေရောက်ရှိလာကြောင်း၊
ဖါရောဘုရင်နဲ့ မှူးမတ်တွေကြားရတဲ့အခါ သူတို့အားလုံးနှစ်ထောင်းအားရ ဝမ်းသာကြ သတဲ့ကွယ်။
ဖါရောဘုရင်ကြီးကလည်း ယောသပ်ရဲ့အဖေနဲ့ညီအစ်ကို
မောင် နှမအားလုံးကို အီဂျစ်ပြည်မှာလာနေဖို့ အီဂျစ်ပြည်မှာရှိတဲ့ လှည်းတွေကို ယူသွားစေသတဲ့။
ယောသပ်ရဲ့အစ်ကိုကြီးတွေလည်း ခါနာန်ပြည်ကို ပြန်သွားကြပြီး
သူတို့ဖခင်အိုကြီးနဲ့မိသားစုတွေကို ပြောပြတော့ သူတို့ရဲ့ဖခင်ကြီး ယာ ကုပ်ဟာ
“ငါမသေခင် ငါ့သားယောသပ်ကိုတွေ့ရမယ်။ ငါ့သားဆီသွား
မယ်ဆိုပြီး
မိသားစုတွေနဲ့တိရစ္ဆာန်ကိုပါ ယူဆောင်ပြီး အီဂျစ်ပြည်ကို ပြောင်းလာကြသတဲ့ကွယ်။
အီဂျစ်ပြည်ကိုရောက်တဲ့အခါ ယောသပ်ဟာ ဖခင်ကြီးရဲ့
မိသားစု တွေကို ကြိုဆိုဖို့ ဂေါရှင်အရပ်မှာစောင့်နေတာပေါ့။ သူ့ဖခင်ကြီးရောက် လာတဲ့အခါ
ဖခင်ကြီးကိုတွေ့ရတော့ ဝမ်းသာဝမ်းနည်းဖြစ်ပြီး ဖခင်ကြီး ကို ဖက်ပြီးငိုကြွေးတော့တာပဲတဲ့ကွယ်။
ဖခင်ကြီးယာကုပ်ကလည်း “ငါ့သားရဲ့မျက်နှာကို ငါပြန်မြင်ရလို့
ငါသေပျော်ပါပြီ” လို့ ပြောရှာသတဲ့ကွယ်။
အဲဒီအချိန်ကစပြီး ဖါရောဘုရင်ကြီးက
ယောသပ်ရဲ့ဖခင်ကြီးနဲ့ အစ်ကိုမိသားစုအားလုံးကို အီဂျစ်ပြည်မှာ အကောင်းဆုံးအရပ်ဖြစ်တဲ့
ဂေါရှင်အရပ်မှာနေထိုင်ခွင့်ပေးလိုက်သတဲ့ကွယ်။ ယောသပ်လည်း အင်မ တန်မှ ကျေနပ်နှစ်သိမ့်လို့
နေတာပေါ့။
ကလေးတို့ရေ. . ဘုရင်ခံလေးယောသပ်ဟာ သူ့ကိုစိတ်
နာကြည်း အောင် သူရဲ့အစ်ကိုတွေက ပြုမူဆောင်ရွက်ကြပေမယ့် သူဟာ ဘုရား သခင်ကိုချစ်တဲ့ဘုရင်ခံလေးတစ်ဦးဖြစ်လို့
ဖြစ်ပျက်ခဲ့တာတွေကို ခွင့် လွှတ်ပြီးတော့ ကောင်းကောင်းမွန်မွန် ပြန်လည်ဆက်ဆံတဲ့အတွက်
အသက်ကြီးတဲ့ဖခင်ကြီးကို ပြန်ပြီးတွေ့ဆုံရရုံမကဘူး၊ ဆွေမျိုးမိသားစု အားလုံးကို
ငတ်မွတ်ခေါင်းပါးတဲ့ဘေးဒဏ်ကနေကယ်တင်နိုင်ခဲ့တယ်။
ဒါကြောင့် ကလေးတို့လည်း ဘုရင်ခံလေးယောသပ်လို
သူတစ်ပါး ကိုခွင့်လွှတ်နိုင်ကြပါစေကွယ်။
အခန်းကြီး - ၂၉
ပုံပြင်-၂၉
ကောင်းချီးပေးခံရသောကလေးနှစ်ဦး
ကမ္ဘာဦး
၄၈း၁-၂၂
ကလေးတို့ရေ. . .
အသက်တစ်ရာကျော်ရှိပြီဖြစ်တဲ့ ဘိုးဘိုး ယာကုပ်ဟာ မကျန်းမမာရှိနေသတဲ့ကွယ်။
ဒီသတင်းကို သားယောသပ် ကြားတဲ့အခါ သူ့သားနှစ်ယောက်ဖြစ်တဲ့ မနာရှေနဲ့ဧဖရိမ်တို့ကို ခေါ်ပြီး
သူ့ဖခင်အိုယာကုပ်ဆီကိုသွားကြသတဲ့ကွယ်။
ယာကုပ်ဟာ သူ့သားယောသပ်လာတဲ့အကြောင်းကို ကြားသိတဲ့
အခါ အားတက်လာပြီး အိပ်ရာပေါ်မှာ ချက်ချင်းထထိုင်တာပဲတဲ့ကွယ်။
နောက်ပြီး သူ့သားယောသပ်ကို ဘာပြောလဲဆိုတော့
“ယောသပ်၊ ထာဝရတန်ခိုးရှင်ဘုရားသခင်ဟာ ခါနာန်ပြည်၊ လုဇမြို့မြင်ခြင်းမှာ ငါ့ကို ကောင်းချီးပေးပြီး
သင်ရဲ့အဆက်အနွှယ်တို့မှ လူမျိုးများစွာ ပေါ်ထွက်လာ စေဖို့အတွက် သင့်ကို
သားသမီးများစွာ ထွန်းကားစေမယ်။ သင်ရဲ့အမျိုး အနွယ်တို့ကိုလည်း
ဒီပြည်ကိုအပိုင်ရစေမယ်” လို့ ပြောသတဲ့ကွယ်။
ကလေးတို့ရေ၊ နောက်ဆက်ပြီး ဘိုးဘိုးယာကုပ်ဟာ ပြောသေး
တယ်ကွယ့်။ ဘယ်လိုပြောလဲဆိုတော့ “သားယောသပ်၊ ငါအီဂျစ်ပြည်ကို မရောက်ခင်
မွေးဖွားတဲ့သင်ရဲ့သားနှစ်ယောက်ဟာ ငါနဲ့ဆိုင်တယ်။ ဧဖရိမ် နဲ့မနာရှေတို့ဟာ
ရုဗင်နဲ့ရှိမောင်တို့လိုပဲ ငါ့သားတွေဖြစ်ကြတယ်။ သင့်မှာ နောက်ထပ်သားတွေရရှိလို့ရှိရင်
အဲဒီသားတွေဟာ ငါ့သားတွေမဟုတ် ဘူး။ အဲဒီသားတွေကတော့ ဧဖရိမ်နဲ့မနာရှေတို့မှ
တစ်ဆင့်သာ အမွေ ဆက်ခံခွင့်ရှိစေမယ်။”
ငါဟာ သင်ရဲ့မိခင်ရာခေလကြောင့် ဒီလိုစီစဉ်ရတာဖြစ်တယ်။ ငါဟာ
မက်ဆိုပိုတေးမီးယားပြည်မြောက်ပိုင်းမှပြန်လာစဉ် “ငါ့သားရဲ့ အမေရာခေလဟာ
ခါနာန်ပြည်ဧဖရတ်မြို့သွားတဲ့လမ်းအနီးမှာ သင်္ဂြိုဟ် ခဲ့တယ်” လို့ ပြောပြတာပေါ့ကွယ်။
ယာကုပ်ဟာ ယောသပ်သားနှစ်ယောက်ကိုတွေ့တဲ့အခါ
“သူတို့ ကိုကောင်းချီးပေးဖို့ ငါ့နားကို ခေါ်လာပါ” လို့ပြောတယ်။ ယာကုပ်ဟာ
အသက်အရွယ်အိုမင်းလာပြီဖြစ်တဲ့အတွက်ကြောင့် မျက်စိမှုန်ပြီး ကောင်း ကောင်းမမြင်ရဘူးပေါ့ကွယ်။
ယောသပ်ဟာ သားနှစ်ယောက်သူ့ဘေးမှာရောက်တဲ့အခါ
ဘိုးဘိုး ယာကုပ်ဟာ သူ့မြေးတွေကိုဖက်ပြီး နမ်းရှုပ်သတဲ့။ နောက်ပြီး ယာကုပ် ဟာ
သူ့သားယောသပ်ကို “ငါ့သား၊ အဖေဟာ နောက်တစ်ကြိမ် ငါ့သား ကိုမြင်ရဦးမယ်လို့မမျှော်လင့်ခဲ့ဘူး။
ဒါပေမယ့် ဘုရားသခင်က အခုအဖေ့ ကို ငါ့သားကိုသာမက မြေးတွေကိုတောင်
မြင်ခွင့်ပေးတော်မူတယ်” လို့ ပြောသတဲ့ကွယ်။
ယောသပ်ဟာ သူ့အဖေရဲ့အရှေ့မှာ ဦးညွှတ်ချတယ်၊
နောက်ပြီး ဧဖရိမ်ကို သူတို့ဘိုးဘိုးယာကုပ်ရဲ့ အနီးလက်ဝဲဘက်မှာ ထားတယ်။ မနာရှေကို
လက်ယာဘက်မှာရပ်စေတယ်။
ဒါပေမယ့် ဘိုးဘိုးယာကုပ်ဟာ သူ့လက်ကိုယှက်ပြီး
မြေးငယ် ဖြစ်သူဧဖရိမ်ရဲ့ဦးခေါင်းပေါ်မှာ လက်ယာလက်ကိုတင်၊ မြေကြီးဖြစ်သူ မနာရှေရဲ့ ဦးခေါင်းပေါ်မှာ
လက်ဝဲလက်ကိုတင်ပြီး ယောသပ်ကိုပါ ကောင်းချီးပေးသတဲ့ကွယ်။
ဒါနဲ့ယောသပ်ဟာ သူ့အဖေက ဧဖရိမ်ရဲ့ဦးခေါင်းပေါ်မှာ
လက် ယာလက်တင်တာကို မြင်တဲ့အခါမှာ စိတ်မချမ်းမသာ ဖြစ်သတဲ့။ သူဟာ
ဧဖရိမ်ရဲ့ဦးခေါင်းပေါ်မှ သူ့အဖေရဲ့လက်ကို မနာရှေရဲ့ ဦးခေါင်းပေါ်ကို ပြောင်းရွှေ့တင်စေလိုတဲ့အတွက်
“အဖေရဲ့လက်အထားမှားနေပါတယ်။ ဒီသူငယ်ဟာ သားကြီးဖြစ်တယ်။ သူ့ဦးခေါင်းပေါ်မှာ
အဖေ့ရဲ့လက်ယာ လက်ကိုတင်ပါ” လို့ပြောပြသတဲ့ကွယ်။
ဒါပေမယ့်ဘိုးဘိုးယာကုပ်ဟာ ငြင်းဆန်ပြီး “ငါ့သား၊
အဖေသိပါ တယ်။ မနာရှေရဲ့အဆက်အနွှယ်တွေဟာလည်း လူမျိုးကြီးဖြစ်လိမ့်မယ်။ ဒါပေမယ့်လည်း
သူ့ညီက သူ့ထက်တောင်ပိုပြီး ကြီးမြတ်မှာဖြစ်တဲ့ အတွက် သူ့အဆက်အနွှယ်တို့ဟာ
လူမျိုးကြီးတွေ ဖြစ်လာလိမ့်မယ်” လို့ ပြောသတဲ့ကွယ်။
ဘိုးဘိုးယာကုပ်က “ဣသရေလအမျိုးသားတွေဟာ
သင်တို့ရဲ့ နာမည်တွေကို အသုံးပြုပြီး ကောင်းချီးပေးကြလိမ့်မယ်။ သူတို့က ဧဖရိမ် နဲ့မနာရှေတို့လို
သင့်ကိုကြီးပွားစေဖို့ ဘုရားသခင်ကူမတော်မူပါစေသော” လို့ပြောကြလိမ့်မယ်ဆိုပြီး
အဲဒီနေ့မှာ သူငယ်တွေကို ကောင်းချီးပေးသတဲ့ ကွယ်။
ဒီနည်းနဲ့ ဘိုးဘိုးယာကုပ်ဟာ ဧဖရိမ်ရဲ့နာမည်ကို
မနာရှေရဲ့ နာမည်ရှေ့မှာထားလိုက်တယ်။ ယောသပ်ကိုလည်း “ဘုရားသခင်ဟာ
သင်တို့နဲ့အတူရှိတယ်။ သင့်ဘိုးဘေးတို့နေရာပြည်ကို ပြန်ပို့ဆောင်လိမ့် မယ်” လို့ ပြောပြသတဲ့ကွယ်။
ကလေးတို့ရေ. . .
ကျိန်ခြင်းအမင်္ဂလာထက် ကောင်းချီးမင်္ဂလာ ကို လူတိုင်းလိုလားနှစ်သက်ကြမှာ အမှန်ပါပဲကွယ်။
တချို့ကလေးတွေ
ဟာ
လူကြီးသူမကိုစိတ်ဆိုးအောင်လုပ်ရင် ဆဲဆိုခြင်း၊ ကျိန်ခြင်းခံရရှာ တယ်ကွယ့်။
တချို့ကျတော့လည်း ကောင်းချီးပေးခြင်း ခံကြရတယ်။ ဧဖရိမ်နဲ့မနာရှေတို့ ညီအစ်ကိုနှစ်ယောက်ကတော့
လူကြီးသူမတွေကို စိတ်ဆိုးအောင်မလုပ်ဘဲ လိမ္မာရေးခြားရှိတဲ့ ကလေးလေးတွေ ဖြစ်တဲ့ အတွက်
ကောင်းချီးပေးခြင်းခံရတာပေါ့ကွယ်။
ဒါကြောင့် ကလေးတို့အားလုံးလည်း
ကောင်းချီးပေးခံရတဲ့ ကလေးတွေဖြစ်ပါစေကွယ်။
အခန်းကြီး - ၃၀
ပုံပြင်-၃ဝ
ရေထဲမှမင်းသားလေး
ထွက်
၁း၁-၂၂။ ၂:၁-၁၀
ကလေးတို့ရေ. . .
ခါနာန်ပြည်ကနေပြီး အီဂျစ်ပြည်ကို ရောက်ရှိ လာတဲ့ဘုရင်ခံ ယောသပ်ရဲ့ဆွေမျိုးတွေဟာ
စုစုပေါင်း လူခုနစ်ဆယ်ရှိရာ မှ တဖြည်းဖြည်း လူဦးရေတိုးပွားလာပြီး
တစ်တိုင်းပြည်လုံးမှာ အနှံ့အပြား နေထိုင်ကြသတဲ့ကွယ်။
နှစ်ပေါင်းအတော်ကြာတဲ့အချိန်မှာ
ဘုရင်ခံယောသပ်အကြောင်း ကိုလုံးဝမကြားဘူးတဲ့ဘုရင်တစ်ပါးနန်းတက်လာသတဲ့ကွယ်။
အဲဒီဘုရင်က ပြည်သားတွေကို “ဒီဣသရေလလူမျိုးတွေဟာ
လူဦးရေများလာပြီး အင်အားကြီးမားလာတဲ့အတွက် ငါတို့ကို အန္တရာယ် ပြုနိုင်တယ်။
သူတို့လူဦးရေဒီထက်မကတိုးပွားအောင် လိမ္မာပါးနပ်စွာနဲ့ ငါတို့ပြုလုပ်ကြရမယ်။
တကယ်လို့စစ်မက်ဖြစ်ပွားရင် သူတို့ဟာ
တစ်ဘက်ရန်သူနဲ့ ပူး ပေါင်းပြီး ငါတို့ကို တိုက်ခိုက်လိမ့်မယ်။ ပြီးတော့ ဒီကနေထွက်ပြေးကြ
လိမ့်မယ်” လို့ပြောတယ်။
ပြီးတော့အီဂျစ်အမျိုးသားတွေဟာ
ဣသရေလအမျိုးသားတွေကို အုပ်ချုပ်ဖို့ အုပ်ချုပ်ရေးအရာရှိတွေကို ခန့်ထားပြီး
စိတ်ဓာတ်ကို ချိုးနှိမ်ဖို့ အလုပ်ကြမ်းတွေလုပ်ခိုင်းသတဲ့။
ဘုရင်ရဲ့ရိက္ခာသိုလှောင်ဖို့
ပိသုံမြို့နဲ့ရာမသက်မြို့ကို ဆောက် ခိုင်းတယ်။ ဒီလိုဣသရေလလူမျိုးတွေကို နှိပ်စက်ညှဉ်းဆဲလေ၊
ဣသရေ
လ အမျိုးသားတို့ဟာ
လူဦးရေပိုပြီးတိုးပွားပျံ့နှံ့လေဖြစ်သတဲ့ကွယ်။
ဒါကြောင့် အီဂျစ်ပြည်သားတွေဟာ
ဣသရေလလူမျိုးတွေကို ပိုပြီးကြောက်ရွံ့လာကြပြီး ကျွန်အဖြစ် အတင်းအကျပ် ခိုင်းလာတယ်။
ပိုပြီးညှဉ်းဆဲလာကြတယ်။
ဆောက်လုပ်ရေးတွေ၊ လယ်ယာလုပ်ငန်းတွေမှာ မညှာမတာဘဲ
ရက်ရက်စက်စက် ခိုင်းစေကြသတဲ့ကွယ်။ နောက်ပြီး အီဂျစ်ဘုရင်ဟာ
ရှိဖရနဲ့ပုအာလို့အမည်ရှိတဲ့ ဟေဗြဲဝမ်းဆွဲနှစ်ဦးကို ဟေဗြဲအမျိုးသမီးတွေ ကို သားဖွားပေးဖို့ခိုင်းထားတယ်။
မွေးဖွားလာတဲ့သားယောက်ျားလေးဆိုရင် သတ်ပစ်ရမယ်၊
မိန်း ကလေးဆိုရင်အသက်ချမ်းသာပေးရမယ်လို့ အမိန့်ထုတ်ထားသတဲ့ကွယ်။
ဒါပေမယ့်ဝမ်းဆွဲအမျိုးသမီးတွေဟာ ဘုရားသခင်ကို ကြောက်ရွံ့
တဲ့အတွက် ယောက်ျားလေးတွေမွေးလာပေမယ့် မသတ်ဘဲ အသက်ချမ်း သာခွင့်ပေးတာပေါ့။
ဘုရင်ကသိတဲ့အခါ စိတ်ဆိုးပြီး ဝမ်းဆွဲအမျိုးသမီး တွေကိုဆင့်ခေါ်ပြီး မေးတော့တာပေါ့ကွယ်။
ဒီအခါမှာ ဝမ်းဆွဲမတွေက “ဟေဗြဲအမျိုးသမီးတွေဟာ အီဂျစ်အမျိုးသမီးတွေနဲ့ မတူကြောင်း ပြော
တယ်။ ဟေဗြဲအမျိုးသမီးတွေဟာ သားဖွားလွယ်ကြတဲ့အတွက် ဝမ်းဆွဲ မရောက်ခင် ကလေးတွေကို ဖွားနှင့်ပြီးဖြစ်ပါတယ်”
လို့ ပြန်လျှောက် သတဲ့ကွယ်။ ဣသရေလအမျိုးသားတွေလည်း ပိုပြီး ပိုပြီး တိုးပွားများပြား
လာကြတယ်။
ဒါနဲ့ပဲအီဂျစ်ဘုရင်ဖြစ်တဲ့ ဖါရောဘုရင်ဟာ “ဣသရေလ
အမျိုး သမီးတွေကနေ ဖွားမြင်တဲ့သားယောက်ျားမှန်သမျှကို နိုင်းမြစ်ထဲ ပစ်ချ ရမယ်။
သမီးမိန်းကလေးတွေကိုတော့ အသက်ချမ်းသာခွင့်ပေးရမယ်” လို့
ပြည်သူပြည်သားတွေကိုအမိန့်ပေးပြန်သတဲ့ကွယ်။
ကလေးတို့ရေ. . .
ဣသရေလမျိုးနွယ်ဝင် လေဝိအမျိုးသား မိသား စုမှ သားလေးတစ်ယောက် ဖွားမြင်သတဲ့ကွယ်။
အင်မတန်မှ ချစ်စရာ ကောင်းတဲ့ကလေးလေးဖြစ်တာပေါ့။ သူရဲ့အမေဟာမပစ်ရက်ဘဲ အိမ်ထဲ မှာသုံးလကြာအောင်ဝှက်ထားသတဲ့ကွယ်။
ဒါပေမယ့်မိခင်ဟာ သားလေးကိုဆက်လက်ဝှက်ထားဖို့
မဖြစ်နိုင် တော့တဲ့အတွက် ကျူရိုးတွေနဲ့ခြင်းတောင်းတစ်လုံးကို ရက်တယ်။ ကတ္တ ရာနဲ့ သစ်စေးသုတ်ပြီးတော့
ကလေးကိုခြင်းထဲထည့်လိုက်တယ်။ နောက် ပြီးခြင်းတောင်းကို မြစ်ကမ်းစပ်မှာရှိတဲ့ ကိုင်းတောထဲမှာ
ချထားလိုက် တယ်။ ကလေးရဲ့အစ်မက ဘယ်လိုဖြစ်မလဲဆိုတာသိချင် လူ့အရိပ်အခြေ ကိုစောင့်ကြည့်နေသတဲ့ကွယ်။
မကြာခင် ဖါရောဘုရင်ရဲ့သမီးတော်ဟာ
ရေချိုးဖို့မြစ်ဆိပ်ကိုလာ ပြီး မြစ်ထဲဆင်းလာတာပေါ့ကွယ်။ သူ့အခြွေအရံတို့က
မြစ်ကမ်းပေါ်မှာ လမ်းလျှောက်ပြီး စောင့်ကြည့်နေသတဲ့ကွယ်။ ဘုရင့်သမီးတော်ဟာ ကိုင်း တောထဲကခြင်းတောင်းကိုမြင်တဲ့အခါမှာ
အံ့ဩသွားသတဲ့။
ဒါနဲ့ဘုရင့်သမီးတော်ဟာ ကျွန်မတစ်ယောက်ကို လွှတ်ပြီး
အဲဒီ ခြင်းတောင်းကို ယူခိုင်းတာပေါ့။ ဘုရင့်သမီးတော်ဟာ ခြင်းတောင်းကို ယူပြီးဖွင့်ကြည့်လိုက်တဲ့အခါ
ငိုနေတဲ့ကလေးလေးကိုတွေ့တော့ သိပ်ပြီး သနားသွားသတဲ့ကွယ်။ နောက်ပြီး “ဒီကလေးလေးဟာ
ဟေဗြဲ အမျိုး သားလေးပါလား” လို့ပြောတယ်။
အဲဒီအချိန်မှာပဲ ကလေးလေးရဲ့အစ်မက
ဘုရင့်သမီးတော်ကို “အရှင်မအတွက်
ဟေဗြဲနို့ထိန်းတစ်ဦးခေါ်ပေးရမလားရှင်” လို့ ဆိုပြီး
မေးတာပေါ့။ မင်းသမီးက
“သွားခေါ်ပါ” လို့မိန်းကလေးကို ပြောလိုက် တယ်။
ဒါကြောင့် မိန်းကလေးဟာ သူ့မိခင်ကို ခေါ်လာတာပေါ့။
ကလေး ရဲ့မိခင်ရောက်လာတဲ့အခါ ဘုရင်သမီးတော်က “ဒီကလေးကို ငါ့အတွက် နို့ထိန်းလုပ်ပေးပါ။
သင့်ကိုအခပေးမယ်” လို့ပြောသတဲ့၊ ဒါကြောင့် ကလေးလေးရဲ့မိခင်ဟာ ကလေးကိုယူပြီး ထိန်းတာပေါ့ကွယ်။
နည်းနည်း ကြီးလာတော့ ဘုရင့်သမီးတော်ကို ပြန်အပ်ရမယ့်အရွယ် ရောက်လာ တယ်။
အဲဒီအချိန်မှာမင်းသမီးက ဒီကလေးသူငယ်လေးကို
သားအဖြစ် မွေးစားပြီး၊ ရေထဲက ထုတ်ယူတဲ့ကလေးလေးဖြစ်တဲ့အတွက် သူ့ကို
မောရှေလို့နာမည်ပေးလိုက်သတဲ့။ ဒါကြောင့် ရေထဲက မင်းသားလေးဖြစ် တာပေါ့ကွယ်။
ကလေးတို့ရေ. . .
မောရှေလေးဟာ အများတကာကလေးတွေ အသတ်ခံရတဲ့အချိန်အခါမှာ ဘုရားသခင်ဟာ ဖါရောဘုရင်ရဲ့
သမီးတော် မွေးစားခြင်းအားဖြင့် သူ့ကိုအသက်ဘေးကနေ လွတ်မြောက် အောင်ကူမ ခဲ့တယ်။
ဘုရားသခင်ဟာ မောရှေလေးအတွက် ဘာအကြံအစည်ရှိသလဲ ဆိုတာ မသိနိုင်ဘူးပေါ့ကွယ်။ ဒီလိုပဲ ကလေးတစ်ဦးစီအတွက်
ဘုရား သခင်ဟာ အကြံအစည်ရှိပါတယ်ကွယ်။
ဒါကြောင့် ကလေးတို့အားလုံးအတွက် ဘုရားသခင်ဟာ အ ကောင်းဆုံး
အကြံအစည်ရှိလို့ နေ့စဉ်နဲ့အမျှ ကူညီစောင့်ထိန်းတော်မူတာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးတို့အားလုံးလည်း
ဘုရားသခင် ကာကွယ် စောင့်ထိန်းမှုကို ရယူခံစားနိုင်ကြပါစေကွယ်။
အခန်းကြီး - ၃၁
ပုံပြင်-၃၁
အမျိုးကိုသိသောမောရှေ
ထွက်
၂း၁၁-၂၂
ကလေးတို့ရေ . . .
ဟိုးရှေးရှေးတုန်းက အီဂျစ်ဘုရင်တစ်ပါးရဲ့ သမီးတော်ဟာ နိုင်းမြစ်ရေထဲမှာ ခြင်းတောင်းလေးထဲက
ကလေးတစ် ယောက်ကို တွေ့တော့ ရေထဲကဆယ်ယူပြီး မွေးစားထားလိုက်တယ်။ နာမည်ကိုတော့
မောရှေလို့မှည့်ထားသတဲ့။
မောရှေလေးဟာ အရွယ်ရောက်လာတာပေါ့။ သူဟာ အီဂျစ်လူ မျိုးတွေနဲ့မတူဘဲ
ရုပ်ရည်ရူပကာအဆင်းသိပ်လှတဲ့အတွက် အင်မတန်မှ မျက်နှာရသတဲ့ကွယ်။
ဒါပေမယ့်မောရှေဟာ သူ့ကိုယ်သူ ဟေဗြဲလူမျိုးဆိုတာ သူသိ
သတဲ့။ ဘာကြောင့်လဲဆိုရင် သူငယ်ငယ်က သူ့ကို သူ့အမေကိုယ်တိုင် နို့တိုက်ခဲ့ပြီး
ဟေဗြဲလူမျိုးဆိုတာ အသိပေးခဲ့မှာပေါ့။ သူ့အမေအရင်းက မပြောသည့်တိုင်အောင်
မွေးစားတဲ့အမေ ဘုရင့်သမီးတော်က ပြောပြမှာ ပေါ့ကွယ်။
တစ်နေ့တော့မောရှေဟာ
သူ့အမျိုးသားတွေရှိတဲ့နေရာကို သွား ပြီး သူတို့အလုပ်လုပ်ရတဲ့အခြေအနေကို လေ့လာကြည့်ရှုသတဲ့ကွယ်။
သူ့အမျိုးသား ဟေဗြဲလူတစ်ယောက်ကို အီဂျစ်လူတစ်ယောက်က ရိုက် တာကိုမြင်တဲ့အခါမှာ
မောရှေဟာမခံနိုင်ဘဲ ပတ်လည်ကို ကြည့်ရှုပြီး ဘယ်သူမှမရှိတာကို သိတဲ့အခါမှာ
အီဂျစ်လူကိုသတ်ပြီး သဲထဲမှာ မြှုပ် ထားလိုက်သတဲ့ကွယ်။
နောက်တစ်နေ့ရောက်တော့ မောရှေဟာ သူ့အမျိုးသားတွေကို ကြည့်ဖို့ထပ်ပြီးထွက်လာပြန်တာပေါ့ကွယ်။
ဒီအချိန်မှာဟေဗြဲ အမျိုးလူ နှစ်ယောက်ဟာ ရန်ဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် သတ်ပုတ်နေကြ
တာကိုမြင်တဲ့အခါ ညှဉ်းဆဲတဲ့သူကို “သင်ဟာ သင့်လူမျိုး၊ ကိုယ့်အပေါင်း အသင်းကို ဘာဖြစ်လို့အချင်းချင်း
အနိုင်ကျင့်ရိုက်သလဲ” လို့ မေးတဲ့အခါ အဲဒီလူက “ဘယ်သူ့က မင်းကို ငါတို့အပေါ်မှာ
အကဲအမှူးတရားသူကြီး အရာမှာ ခန့်ထားလို့လဲ၊ အီဂျစ်လူကို ဟိုနေ့က သတ်သလို ငါ့ကို သတ်ချင်
တာလား” လို့ ပြန်ပြောသတဲ့ကွယ်။
ဒီစကားကိုကြားတဲ့ မောရှေဟာ သူပြုတဲ့အမှုကိစ္စဟာ
လူတွေ သိသွားပြီဆိုတာသိလို့ ကြောက်လာသတဲ့။ ဒါကြောင့် ကြောက်ကြောက်
နဲ့အီဂျစ်ပြည်ကနေထွက်ပြေးတော့တာပဲတဲ့ကွယ်။
အဲဒီသတင်းကို ဖါရောဘုရင်ကြီးကြားတဲ့အခါ
စိတ်ဆိုးပြီး မော ရှေကို သတ်ဖို့ရှာတော့တာပေါ့။ ဒါပေမယ့် ဖါရောဘုရင်ကြီး နောက်ကျ သွားပြီးပေါ့ကွယ်။
မောရှေဟာထွက်ပြေးသွားပြီးလို့ မိဒျန်ပြည်ကိုတောင် ရောက်လို့နေပြီ။
တစ်နေ့တော့ရေတွင်းနားမှာထိုင်နားနေသတဲ့။
အဲဒီအချိန်မှာ မိဒျန်ပြည်မှာရှိတဲ့
ယဇ်ပုရောဟိတ်ကြီးရဲ့သမီးတွေ ဖြစ်ကြတဲ့ ညီအစ်မခုနစ်ယောက်တို့ဟာ
သူတို့ဖခင်ရဲ့သိုးတွေ၊ ဆိတ်တွေ ကို ရေတိုက်ဖို့ ရေခပ်ထည့်နေကြသတဲ့ကွယ်။
သိုးထိန်းတချို့လည်း သိုး၊ ဆိတ်တွေကို မောင်းလာကြတာပေါ့။
ဒီအခါမှာ မောရှေဟာထလာပြီး အမျိုးသမီးတွေရဲ့
သိုး၊ ဆိတ်တွေ ကို ရေတိုက်ပေးသတဲ့။ သိုးတွေ၊ ဆိတ်တွေကို ရေတိုက်ပြီးတော့ အမျိုး သမီးတွေဟာ
သူတို့အိမ်ပြန်ကြတာပေါ့။ အိမ်ရောက်တော့ သူတို့ အဖေ က
“ဘာဖြစ်လို့ဒီနေ့စောစောပြန်ရောက်လာကြရသလဲ” လို့ မေးတာပေါ့ ကွယ်။
အမျိုးသမီးတွေကလည်း “အဖေ၊ အီဂျစ်လူ တစ်ယောက်ဟာ ကျွန်မတို့ကို
သိုးထိန်းတွေနဲ့ယှဉ်ပြီး ရေလိုသမျှကို ဝိုင်းကူခပ်ပေးတဲ့ အတွက်၊ သိုးတွေ၊
ဆိတ်တွေကို ရေမြန်မြန်တိုက်ရတဲ့အတွက် စောစော ပြန်ရတာဖြစ်တယ်” လို့ သူတို့အဖေကိုပြောပြသတဲ့ကွယ်။
သူတို့ရဲ့အဖေ က “အဲဒီလူဘယ်မှာရှိသလဲ၊ ဘာဖြစ်လို့ သူ့ကို ပစ်ထားခဲ့ရသလဲ၊ အစာ
စားဖို့သူ့ကိုခေါ်ခဲ့ကြပါ”
လို့သမီးတွေကို ပြောတာပေါ့။
ဒါနဲ့အမျိုးသမီးတွေဟာ မောရှေကို သူတို့အဖေဆီ ခေါ်သွားကြ
တာပေါ့။ ယဇ်ပုရောဟိတ်ကြီးဟာ မောရှေကိုကြည့်ပြီး ချစ်ခင်သွားသတဲ့ ကွယ်။ မောရှေကို
သူ့အိမ်မှာခေါ်ထားလိုက်တယ်။ မောရှေလည်း သွား စရာနေရာမရှိတာနဲ့ အတော်ပဲ ဖြစ်တာပေါ့ကွယ်။
အနေကြာတော့ မောရှေလည်းပျော်လာတာပေါ့။
နောက်ပြီး ယဇ်ပုရောဟိတ်ကြီးရဲ့သမီးဇိပေါရကို
မောရှေနဲ့ ထိမ်း မြားပေးစားလိုက်သတဲ့ကွယ်။မကြာခင်မှာဘဲမောရှေဟာသားယောက်ျား လေးတစ်ယောက်ရတဲ့အခါမှာ
ဂေရရှုံလို့နာမည်မှည့်သတဲ့။ ဘာလို့ဒီလို မှည့်ရလဲဆိုတာ သူဟာ
တစ်ကျွန်းတစ်နိုင်ငံမှာ ဧည့်သည်ဖြစ်ပြီလို့ ဆိုလို တာပေါ့ကွယ်။
ကလေးတို့ရေ. . . မောရှေဟာ
ဟေဗြဲလူမျိုးထဲက ဘုရားသခင် ရွေးကောက်ထားတဲ့လူဖြစ်တယ်ကွယ့်။ ဒါကြောင့် သူဟာ
သူ့လူမျိုးတွေ ကိုသိတတ်တဲ့ မျိုးချစ်လူငယ်လေးတစ်ယောက်ပေါ့။ လိမ္မာရေးခြားရှိပြီး
ဘုရားသခင်ကို သိကျွမ်းတဲ့အတွက် သွားလေရာရာမှာ ဘုရားသခင် စောင့်ထိန်းပြီး
ကူညီမစခဲ့တာပေါ့ကွယ်။
ဒါကြောင့်ကလေးတို့လည်း မောရှေဆိုတဲ့ လူငယ်လေးလို ဘုရား သခင်ကို သိကျွမ်းတဲ့ကလေးတွေဖြစ်ပြီး
လိမ္မာရေးခြားရှိတဲ့ ကလေးတွေ ဖြစ်ကြပါစေကွယ်။
အခန်းကြီး - ၃၂
ပုံပြင်-၃၂
ဘုရားသခင်တာဝန်ပေးခြင်းခံရသောသိုးထိန်းလေး
ထွက်
၃း၁-၂၂။ ၄း၁-၁၇
ကလေးတို့ရေ. . .
ယောက္ခမအိမ်မှာနေရတဲ့ မောရှေဆိုတဲ့ လူငယ် လေးတစ်ယောက်ရှိသတဲ့ကွယ်။
သူဟာယောက္ခမရဲ့သိုးတွေ၊ ဆိတ်တွေ ကို ထိန်းကျောင်းရတာပေါ့။
တစ်နေ့တော့ သိုးတွေ၊
ဆိတ်တွေကိုသွားထိန်းကျောင်းတဲ့ အချိန် ဟောရပ်လို့ခေါ်တဲ့တောင်ပေါ်ကို ရောက်သွားသတဲ့ကွယ်။
အဲဒီအခါမှာ ဘုရားသခင်ရဲ့ကောင်းကင်တမန်ဟာ ချုံထဲမှာထွက်တဲ့ မီးလျှံမှာထင်ရှား လာတယ်။
ဒါကိုမောရှေကြည့်တဲ့အခါမှာ မီးလောင်ပြီး ချုံမကျွမ်းဘဲရှိနေ တာကိုမြင်တော့စိတ်ဝင်စားပြီး
“ဘာဖြစ်လို့ ချုံမကျွမ်းဘဲရှိသလဲ။ ဒီထူး ဆန်းတဲ့အရာကိုငါသွားကြည့်မယ်” လို့ဆိုပြီး
သွားကြည့်တာပေါ့ကွယ်။
ဒီလိုမောရှေသွားကြည့်တာကို
ထာဝရဘုရားသခင်မြင်တဲ့အခါ ချုံထဲကနေပြီး “မောရှေ၊ မောရှေ” လို့ခေါ်သတဲ့။ မောရှေ
ပြန်ထူးတဲ့အခါ ထာဝရဘုရားသခင်က “အနားမကပ်ပါနဲ့၊ သင့်ခြေနင်းကိုချွတ်ပါ၊ သင်နင်း တဲ့အရပ်ဟာ
သန့်ရှင်းတဲ့မြေဖြစ်တယ်” လို့ မိန့်တော်မူသတဲ့ကွယ်။
မောရှေလည်း ဘုရားသခင်ကိုမကြည့်ဝံ့ဘဲ မျက်နှာကို ဖုံးပြီး
နေ တာပေါ့။ ဒါနဲ့ဘုရားသခင်ကဆက်ပြီးတော့ မောရှေ၊ အီဂျစ်ပြည်မှာ ညှဉ်း ဆဲခြင်းခံရတဲ့
ငါ့ဣသရေလလူတွေရဲ့ညည်းတွားတဲ့အသံတွေ နာကြည်း တဲ့ဝေဒနာခံစားရတာတွေကိုငါသိတယ်။
သူတို့ကို အီဂျစ်လူတွေရဲ့လက် ထဲကနုတ်ပြီး နို့နဲ့ပျားရည်စီးတဲ့အစားအစာပေါများတဲ့
ပြည်ကိုပို့ဆောင်ဖို့
သင့်ကို
ဖါရောဘုရင်ဆီကိုငါစေလွှတ်မယ်။ သင်အခုသွားပါ” လို့ မိန့်တော် မူသတဲ့ကွယ်။
မောရှေကလည်း “ကျွန်တော်မျိုးဟာ
ဘာမို့လို့ဖါရောဘုရင်ဆီ ဝင်ပြီး ဣသရေလလူမျိုးတွေကို အီဂျစ်လူတွေရဲ့လက်ထဲက ကယ်နိုင်ပါ့
မလဲ” လို့ ဘုရားသခင်ကို ပြန်လျှောက်သတဲ့ကွယ်။ ဘုရားသခင်က လည်း “ငါဟာ
သင့်ဘက်မှာရှိမယ်” လို့ ကတိပေးတာပေါ့ကွယ်။
မောရှေက “ဣသရေလအမျိုးသားတွေဆီသွားပြီး
ရောက်တဲ့အခါ သင်တို့ဘိုးဘေးတို့ရဲ့ ဘုရားသခင်ဟာ ငါ့ကို သင်တို့ရှိတဲ့နေရာကို စေ လွှတ်တယ်လို့ပြောရင်၊
ဘုရားသခင်ရဲ့နာမဟာ ဘာလဲလို့မေးရင် ကျွန် တော်ဘယ်လိုဖြေရပါ့မလဲ” လို့ ပြန်ပြောတဲ့အခါ
ဘုရားသခင်က “သင်တို့ ရှိတဲ့နေရာကိုစေလွှတ်တယ်” လို့ ဣသရေလလူတွေကို ပြောလိုက်ပါဆို ပြီး
မောရှေကိုပြောသတဲ့ကွယ်။
နောက်ပြီးထာဝရဘုရားသခင်က “အာဗြဟံ၊ ဣဇာက်၊ ယာကုပ်
တို့ရဲ့ဘုရားသခင်ဟာ ငါဖြစ်တဲ့အကြောင်းပြောပြရမယ်။ သင့်ကိုလည်း ထင်ရှားစေတော်မူပြီဆိုတာလည်း
ပြောပြရမယ်။ ဣသရေလလူမျိုး အသက်ကြီးတဲ့လူတွေကိုခေါ်ပြီး အီဂျစ်ဘုရင်ဆီဝင်ရမယ်။
ဣသရေလ လူတွေရဲ့ဘုရားသခင်နဲ့တွေ့ပြီ၊ ဒါကြောင့် ကျွန်တော်တို့ရဲ့ဘုရားသခင်ကို ယဇ်ပူဇော်ဖို့
တောကိုသုံးရက်ခရီးသွားရတဲ့အခွင့်ပေးပါ” လို့ လျှောက် ရမယ်။
ဒါပေမယ့်အီဂျစ်ဘုရင်ဟာ ကြီးမားတဲ့တန်ခိုးကို မမြင်ရရင်၊
သင် တို့ကိုအခွင့်ပေးမှာမဟုတ်ဘူး။ ဒါကြောင့် ငါဟာလက်တွေကို ဆန့်ပြီး
အီဂျစ်ပြည်ထဲမှာ ငါရဲ့အံ့ဩဖွယ်ရှိသမျှတို့နဲ့ အဲဒီပြည်ကိုဒဏ်ခတ်မယ်။
ဒါမှအီဂျစ်ဘုရင်ဟာ သင်တို့ကိုလွှတ်လိမ့်မယ်ဆိုပြီး မောရှေကိုပြောသတဲ့ ကွယ်။
မောရှေကလည်း “တကယ်လို့ သူတို့ကို ကျွန်တော်ပြောတာကို
လည်းမယုံဘဲ သင်ရဲ့ထာဝရဘုရားသခင်ဟာ ထင်ရှားစေမှာ မဟုတ်ဘူး လို့ပြောရင်
ကျွန်တော်ဘာလုပ်ရပါ့မလဲ” လို့ ဘုရားသခင်ကို ပြန်လျှောက် တာပေါ့ကွယ်။
ဘုရားသခင်ကလည်း “သင်ရဲ့ လက်ထဲမှာ ဘာရှိသလဲ” လို့မေးတော့ မောရှေက “လှံတံရှိပါတယ်”
လို့ ပြန်လျှောက်တော့ လှံတံ ကိုပစ်ချခိုင်းလိုက်တယ်။ ပစ်ချလိုက်တာနဲ့
ချက်ချင်းပဲလှံတံဟာ မြွေဖြစ် သွားသတဲ့။ မောရှေလည်း ကြောက်ကြောက်နဲ့ထွက်ပြေးတာ တန်းနေ
တာပဲတဲ့ကွယ်။
ဒါနဲ့ဘုရားသခင်က မောရှေရဲ့လက်ကိုဆန့်ပြီး
အမြီးကို ကိုင်ခိုင်း လိုက်တာပေါ့ကွယ်။ မောရှေကလက်ဆန့်ပြီး မြွေအမြီးကို
ကိုင်လိုက်တဲ့ အခါမှာ လှံတံပြန်ဖြစ်သွားသတဲ့။
ဘုရားသခင်က “ဒီလိုအံ့ဩဖွယ်ပြရင်
သင့်ကိုဘုရားသခင်က ထင် ရှားစေပြီ၊ သင်နှင့်အတူရှိကြောင်း အဲဒီလူတွေ ယုံကြည်ကြလိမ့်မယ်”
လို့ မိန့်တော်မူသတဲ့ကွယ်။ နောက်ပြီးဘုရားသခင်က မောရှေကို “သင့်လက် ကို
သင့်ရင်ခွင်ထဲထည့်လိုက်ပါ။ နောက်ပြီး ရင်ခွင်ထဲကနေ ပြန်ထုတ် လိုက်ပါ” လို့ မိန့်တော်မူပြန်သတဲ့ကွယ်။
မောရှေလည်း သူရဲ့လက်ကို ရင်ခွင်ထဲထည့်လိုက်ပြီး ပြန်ထုတ်လိုက်တဲ့အခါ သူ့လက်ဟာ မိုးပွင့်လိုပဲ
ဖြူဖွေးပြီးနူသွားတာကိုတွေ့ရသတဲ့။
နောက်တစ်ကြိမ် မောရှေရဲ့အဲဒီလက်ကို ရင်ခွင်ထဲ ထည့်ခိုင်းပြီး
ပြန်ထုတ်ခိုင်းလိုက်တဲ့အခါ မောရှေရဲ့လက်ဟာ မနူတော့ဘဲ ပကတိ
အသားပြန်ဖြစ်နေတာတွေ့ရသတဲ့ကွယ်။ ဘုရားသခင်က “သူတို့ဟာသင့်ကိုမယုံဘဲ
ပထမနိမိတ်သက်သေကို နားမထောင်ရင် နောက်ဖြစ်တဲ့ နိမိတ်ကိုယုံလိမ့်မယ်။
အဲဒီနိမိတ်နှစ်ခုစလုံးကိုမယုံ၊ နားမထောင်ရင် မြစ် ရေတချို့ကိုယူပြီး ကုန်းပေါ်မှာ လောင်းလိုက်ပါ။
ကုန်းပေါ်မှာ လောင်းလိုက်တဲ့အခါ သွေးဖြစ်သွားလိမ့်မယ်” လို့မိန့်တော်မူသတဲ့ကွယ်။
မောရှေက “အိုဘုရားသခင်၊ ကျွန်တော်ဟာ
နှုတ်သတ္တိမရှိပါဘူး။ နှုတ်လေးတဲ့သူ၊ စကားနှေးနှေးပြောတတ်တဲ့သူလည်း ဖြစ်ပါတယ်”
လို့ ပြန်လျှောက်သတဲ့။ ဘုရားသခင်ကလည်း၊ “လူရဲ့နှုတ်ကို ဘယ်သူဖန် ဆင်းသလဲ။
စကားအတဲ့လူ၊ နားပင်းတဲ့လူ၊ မျက်စိမြင်တဲ့ လူ၊ မမြင်တဲ့လူ
ငါထာဝရဘုရားသခင်ဖန်ဆင်းတာမဟုတ်ဖူးလား။ ဒါကြောင့်သင်အခုသွားပါ။ “သင်ရဲ့နှုတ်မှာငါရှိတယ်။ သင် ဘယ် လိုပြောရမှာကို
ငါသွန်သင်မယ်။ လေဝိလူအာရုန်ဟာ သင့်အစ်ကိုမဟုတ် လား။ သူကသင့်ကိုကြိုနေမယ်။
သူနဲ့စကားပြောရမယ်။ သူ့ကိုပြောပြ ရမယ်။ သင်ရဲ့နှုတ်ကိုရော၊ သူရဲ့နှုတ်ကိုရော
ငါသွန်သင်မယ်။ သူဟာ သင့်စကားပြန်လုပ်ပြီး သင့်ကိုယ်စားပြောလိမ့်မယ်။
နိမိတ်သက်သေပြဖို့ လှံတံကိုယူသွားပါ” ဆိုပြီး မောရှေကို မိန့်တော်မူလိုက်သတဲ့ကွယ်။
မောရှေလည်း သူ့ယောက္ခမကြီးကို ခွင့်တောင်းပြီး
လှံတံကို ကိုင် ဆွဲ၊ သူ့ဇနီးနဲ့သားနှစ်ယောက်ကိုခေါ်ပြီး အီဂျစ်ပြည်ကို ပြန်သွားသတဲ့
ကွယ်။
ကလေးတို့ရေ.. သိုးထိန်းဘဝနဲ့နေရတဲ့ မောရှေဟာ
သူ့ကိုယ်သူ စကားနှေးတယ်။ ဘာမှမပြောတတ်ဘူးဆိုပြီး စိတ်အားငယ်တာပေါ့။ ဒါပေမယ့်
ဘုရားသခင်ရဲ့အားပေးမှု၊ တန်ခိုးပေးမှုကြောင့် ဘုရားသခင် စကားကိုနားထောင်ခဲ့တယ်။
ဒါကြောင့်ဘုရားသခင်ကို အားကိုးပြီး ဘုရား သခင်စေခိုင်းသမျှကိုထမ်းဆောင်ဖို့
စိတ်ဆုံးဖြတ်လိုက်တာပေါ့ကွယ်။ ကလေးတို့ အားလုံးလည်း ဘုရားသခင်ကို အားကိုးရင်
အရာရာတိုင်း အောင်မြင်နိုင်ကြမှာဖြစ်တဲ့အတွက် မောရှေလို ဘုရားသခင်ကို အားကိုး နိုင်ကြပါစေကွယ်။
အခန်းကြီး - ၃၃
ပုံပြင်
- ၃၃
ဖါရောဘုရင်နှင့်မောရှေညီအစ်ကို
ထွက်
၅:၁-၂၃
ကလေးတို့ရေ . . .
မောရှေနဲ့အာရုန်ဆိုတဲ့ ဣသရေလလူမျိုး ညီအစ်ကိုနှစ်ယောက်ရှိသတဲ့ကွယ်။
ဣသရေလလူမျိုးတွေဟာ အီဂျစ် လူမျိုးတွေရဲ့ကျွန်ခံနေရတဲ့အချိန်ပေါ့။
ဖါရောဘုရင်အုပ်ချုပ်တဲ့ အချိန် လည်းဖြစ်တယ်ကွယ့်။
မောရှေနဲ့အာရုန်ဟာ သူတို့လူမျိုးတွေ
ဖါရောဘုရင်ရဲ့ လက် အောက်မှ လွတ်မြောက်ချင်တဲ့အတွက် ဖါရောဘုရင်ကြီးဆီ သွားကြသ တဲ့ကွယ်။
ဖါရောဘုရင်ကြီးဆီရောက်တဲ့အခါ “ကျွန်တော်မျိုးရဲ့ ဘုရား သခင်ဟာ သူ့လူမျိုးတွေ
တောမှာပွဲခံဖို့ လွှတ်ပေးပါလို့ မိန့်တော်မူပါ တယ်” ဆိုပြီး
ဖါရောဘုရင်ကိုလျှောက်သတဲ့ကွယ်။ ဖါရောဘုရင်ကလည်း
ဣသရေလအမျိုးသားတွေကို
ငါလွှတ်ရမယ်ဆိုတဲ့ ဘုရားသခင်ဟာ ဘယ် လိုဘုရားသခင်လဲ။ အဲဒီဘုရားသခင်ကို ငါမသိဘူး။
ဣသရေလ အမျိုး သားတွေကိုလည်း ငါမလွှတ်ဘူး” လို့ပြောတယ်တဲ့ကွယ်။
မောရှေနဲ့အာရုန်ကလည်း “ဣသရေလတို့ ဘုရားသခင်ဟာ
ကျွန် တော်နဲ့တွေ့ပြီးပြီ။ တောကိုသုံးရက်ခရီးသွားပြီး ကျွန်တော်တို့ရဲ့ ဘုရား သခင်ကို
ယဇ်ပူဇော်ရတဲ့အခွင့်ပေးတော်မူပါ။ မဟုတ်ရင်တော့ ကာလနာ ဘေး၊ ထားဘေးတစ်ခုခုနဲ့ ဒဏ်ခတ်တော်မူလိမ့်မယ်”
လို့ လျှောက်ပြန် သတဲ့ကွယ်။ ဒါနဲ့အီဂျစ်ဘုရင်ဖါရောမင်းက မောရှေနဲ့ အာရုန်ကို
“သင်တို့ ဟာ ဣသရေလလူတွေကို ဘာဖြစ်လို့အလုပ်ပြတ်စေတာလဲ။ အခုအလုပ် သွားလုပ်ကြ။
သင်တို့ဟာ လူတွေကိုအမှုမထမ်းအောင် ပြုလုပ်ကြတာ လား” လို့ပြောသတဲ့ကွယ်။
နောက်ပြီးအဲဒီနေ့မှာပဲ ဖါရောဘုရင်ဟာ
အမိန့်ထုတ်သတဲ့။ ဘယ် လိုအမိန့်ထုတ်လဲဆိုတော့ အုပ်ချုပ်တဲ့အကြီးအမှူးတွေကို ခေါ်ပြီး
“အုတ် လုပ်စရာကောက်ရိုးကို ဒီလူတွေကိုအလျင်ကပေးသလိုမပေးနဲ့၊ သူတို့ ဘာသာသူတို့ ကောက်ရိုးရှာပါစေ။
အုတ်ကိုတော့ အရေအတွက် အလျင် ကလိုပဲ လုပ်ရမယ်။ နည်းနည်းမှမလျော့စေနဲ့။ သူတို့ဟာ ပျင်းရိကြတယ်။
ဒါကြောင့်လည်း ကြပ်ကြပ်မတ်မတ်လုပ်ပါ။ ပင်ပန်းကြပါလေ့စေ။ လူမိုက်တွေစကားကို
နားမထောင်ကြနဲ့” ဆိုပြီး အမိန့်ထုတ်သတဲ့ကွယ်။
အုပ်ချုပ်တဲ့သူအကြီးအကဲတွေကလည်း ဣသရေလလူမျိုးတွေ
ကို ဖါရောဘုရင်ပြောတဲ့အတိုင်းပဲ ကောက်ရိုးမပေး၊ လုပ်ရတဲ့အလုပ် လည်း
မလျော့ရဘူးဆိုပြီး ခိုင်းတဲ့အခါ ကောက်ရိုးအစား အမှိုက်တွေကို ရှာဖို့
အီဂျစ်ပြည်တစ်လျှောက်လုံးသွားရလို့ လူတွေအကွဲကွဲအပြားပြား ဖြစ်ကြတာပေါ့။
ဣသရေလလူမျိုးတွေလည်း ကောက်ရိုးအဆင်မပြေတဲ့ အတွက် အုတ်လုပ်ဖို့အခက်အခဲတွေ့တာပေါ့။
အုပ်ချုပ်တဲ့အကြီးအကဲ တွေက မောရှေတို့လူမျိုးတွေကို အုတ်လုပ်လို့မပြီးတဲ့အတွက်
စစ်ဆေးပြီး ရိုက်နှက်ကြသတဲ့ကွယ်။
ဒီအခါ ဣသရေလလူအကြီးအကဲတို့ဟာ
ဖါရောဘုရင်ဆီသွားပြီး “အရှင်မင်းကြီး၊ ဘာဖြစ်လို့အရှင်မင်းကြီးရဲ့လူတွေကို
ဒီလိုစီရင်ခိုင်းတာ လဲ။ ကျွန်တော်တို့ကိုကောက်ရိုးကိုလည်း မပေးဘူး၊ အုတ်ကိုလည်း လုပ်
ရမယ်၊ ကျွန်တော်တို့လည်းအရိုက်ခံကြရတယ်။ အရှင်မင်းကြီးရဲ့ လူတွေ ကသာ
အပြစ်ရှိကြတယ်” လို့သွားပြီး အော်ဟစ်ပြောဆိုကြသတဲ့ကွယ်။
ဖာရောဘုရင်ကလည်း သူတို့လူတွေဘက်မှာနေပြီး ဣသရေလ အမျိုးတွေကို
“သင်တို့ဟာတကယ်ပျင်းရိကြတယ်၊ ဒါကြောင့် ငါတို့ဘုရား သခင်ကို ပူဇော်ဖို့သွားကြစို့လို့၊
ပြောတာပေါ့လို့” ပြန်မိန့်တော်မူလိုက် တယ်၊ ဣသရေလအကြီးအကဲတွေဟာ သူတို့တော့
အမှုရောက်ပြီးဆို တာသိကြတာပေါ့ကွယ်။
စောင့်နေတဲ့မောရှေနဲ့အာရုန်ကို
ဣသရေလအကြီးအကဲတွေက တွေ့တဲ့အခါ “ဘုရားသခင်ဟာ သင်တို့ကို ကြည့်ရှုစီရင်တော်မူပါစေ။
ဖါရောဘုရင်နဲ့အကြီးအကဲအမှုထမ်းအားလုံးဟာ တို့တတွေကို ရွံရှာစေဖို့ နဲ့သတ်ခွင့်ရဖို့
သင်တို့ ပြုလုပ်ကြတာလား” လို့ ပြောကြသတဲ့ကွယ်။ မောရှေလည်း ဘုရားသခင်ဆီသွားပြီး
“အိုးဘုရားသခင်၊ ကိုယ်တော်ဟာ ဒီလူမျိုးကို ဘာကြောင့်ညှဉ်းဆဲရသလဲ၊ ကျွန်ုပ်ကိုလည်း
ဘာဖြစ်လို့စေ လွှတ်ပါသလဲ၊ ကျွန်ုပ်ဟာကိုယ်တော်အခွင့်နဲ့ပြောဖို့ ဖါရောမင်းဆီကိုဝင်
တဲ့နေ့မှစပြီး သူဟာ ဣသရေလလူမျိုးတွေကို ညှဉ်းဆဲပါပြီ။ ကိုယ်တော် ကျွန်ုပ်ရဲ့လူမျိုးတွေကို
လွှတ်တော်မူပါ” လို့ တောင်းလျှောက်သတဲ့ကွယ်။
ဘုရားသခင်ကလည်း “ငါဟာ ဖါရောဘုရင်ကို
ဘယ်လိုပြုလုပ် မှာကိုအခုသိလိမ့်မယ်။ သူဟာ ကြီးမားအံ့ဩစရာကောင်းတဲ့ တန်ခိုးတွေ မြင်ရရင်
ငါ့လူတွေကို သူ့ပြည်ကနေလွှတ်လိမ့်မယ်” လို့ မောရှေကို မိန့် တော်မူသတဲ့ကွယ်။
ကလေးတို့ရေ. . .
မောရှေတို့ညီအစ်ကိုဟာ သူတို့ရဲ့လူမျိုးတွေ ကျွန်ဘဝကလွတ်မြောက်ဖို့အတွက်
အရဲစွန့်ပြီး ဘုရင်နဲ့တွေ့ပေမယ့် ပိုပြီး ညှဉ်းပန်းနှိပ်စက်မှုကို ခံရတာတွေတဲ့အခါ
ဘုရားသခင်ကို အားကိုးပြီး ပြန်တောင်းလျှောက်တာပေါ့ကွယ်။ ဘုရားသခင်ရဲ့စကား ကိုနားထောင်
တဲ့ညီအစ်ကိုတွေဖြစ်တဲ့အတွက် ဘုရားသခင်ဟာ သူတို့ကို အကောင်းဆုံး ကူညီမစခဲ့ပါတယ်ကွယ်။
ဒါကြောင့်ကလေးတို့လည်း မောရှေတို့ညီ အစ်ကိုလို ဘုရားသခင်ကို အားကိုးအားထားပြီး ဘုရားသခင်စကားကို
နားထောင်တတ်တဲ့ကလေးတွေဖြစ်ကြပါစေကွယ်။
အခန်းကြီး - ၃၄
ပုံပြင်-၃၄
အီဂျစ်ပြည်မှအံ့ဖွယ်နိမိတ်လက္ခဏာများ
ထွက်မြောက်
၇။ ၈။ ၉။ ၁၀
ကလေးတို့ရေ. . .
အသက်ရှစ်ဆယ့်သုံးနှစ်ရှိတဲ့ အာရုန်နဲ့ အသက် ရှစ်ဆယ်ရှိတဲ့
မောရှေဆိုတဲ့ပုဂ္ဂိုလ်ကြီး ညီအစ်ကိုနှစ်ယောက်ရှိသတဲ့ ကွယ်။ သူတို့နှစ်ယောက်ကို
ဘုရားသခင်က ဣသရေလလူတွေကို အီဂျစ် မှထုတ်ဆောင်ဖို့ ဖါရောဘုရင်ဆီသွားပြီး တောင်းလျှောက်ကြတာပေါ့။
ဖါရောဘုရင်က ထူးဆန်းတဲ့တန်ခိုးကို ပြခိုင်းတဲ့အခါ အာရုန်ဟာ သူရဲ့ တန်ခိုးရှိတဲ့လှံတံကိုချလိုက်တာနဲ့
မြွေဖြစ်သွားသတဲ့။ အဲဒီအခါဖါရောက လည်း သူရဲ့ပညာရှိတွေ၊ ပြုစားတတ်တဲ့လူတွေကို
ခေါ်ပြီး အီဂျစ်အမျိုး ဝိဇ္ဇာအတတ်တွေနဲ့ သူတို့ကိုင်ဆောင်လာတဲ့ လှံတံတွေကို ချခိုင်းပြီး
မြွေ တွေဖြစ်စေကြတာပေါ့ကွယ်။
ဒါပေမယ့်အာရုန်ရဲ့လှံတံဟာ
အီဂျစ်ဝိဇ္ဇာအတတ်ဆရာတွေရဲ့ လှံ တံတွေအားလုံးကိုမျိုချလိုက်သတဲ့ကွယ်။
ဒီလိုထူးဆန်းတဲ့ နိမိတ်ပြပေ မယ့် ဖါရောဘုရင်ဟာ မောရှေနဲ့အာရုန်ရဲ့စကားကို
နားမထောင်ဘဲ ဣသ ရေလလူတွေကိုလည်း မလွှတ်ဘူးလို့ပြောသတဲ့။ မနက်ရောက်တဲ့အခါ
မောရှေနဲ့အာရုန်ဟာ ဘုရားသခင်စေခိုင်းတဲ့အတိုင်း စောစောကမြွေဖြစ် စေတဲ့လှံတံကိုကိုင်ပြီး
မြစ်ဆိပ်နားကိုသွားသတဲ့။ ဒီအချိန်မှာ ဖါရော ဘုရင်ဟာ မြစ်ကမ်းနားကိုသွားတဲ့
အချိန်လည်းဖြစ်တယ်။
မောရှေနဲ့ အာရုန်ဟာသူတို့လူမျိုးတွေ
ဘုရားသခင်ကို တောမှာ သွားဝတ်ပြုဖို့အတွက် လွှတ်ပေးဖို့တောင်းဆိုပြန်တာပေါ့။ ဘုရားသခင်
ဟာ တန်ခိုးကြီးတဲ့ဘုရားသခင်ဖြစ်ကြောင်း ဘယ်လိုပြလဲဆိုတော့ ဖါရော ဘုရင်နဲ့ကျွန်တွေရဲ့ရှေ့မှာ သူတို့ရဲ့လှံတံနဲ့ မြစ်ရေကို ရိုက်လိုက်တယ်။
မြစ်ရေတွေလည်း သွေးဖြစ်သွားပြီး မြစ်ထဲမှာရှိတဲ့ငါးတွေလည်း သေကြ တယ်။
ရေတွေလည်းနံတဲ့အတွက် အီဂျစ်လူတွေ မြစ်ရေကို မသောက် နိုင်ကြဘူးပေါ့။
အီဂျစ်ပြည်တစ်လျှောက်လုံး ရေတွေဟာ သွေးတွေဖြစ် ကုန်သတဲ့ကွယ်။
ဒါပေမယ့် ဖါရောဘုရင်ဟာဂရုမစိုက်ဘဲ နန်းတော်ကို
ပြန်သွား သတဲ့ကွယ်။ ခုနစ်ရက်အထိမြစ်ရေဟာ အသွေးဖြစ်နေတယ်တဲ့။ နောက် တစ်ခါမောရှေ့နဲ့အာရုန်ဟာ
ချောင်းရေ၊ မြစ်ရေ၊ အင်းအိုင်ရေတွေရဲ့ အပေါ်မှာ လှံတံကိုကိုင်ပြီး
လက်ကိုဆန့်တဲ့အတွက် ဖားတွေဖြစ်သွားပြီး
အီဂျစ်ပြည်တစ်ပြည်လုံးဖားတွေချည်းပဲရှိနေသတဲ့ကွယ်။
ဖါရောဘုရင်ဟာ မောရှေ့နဲ့အာရုန်ကိုခေါ်ပြီး
“ဖားတွေ၊ ငါ့လူတွေ ဆီကဖယ်ရှားပေးပါ။ ဣသရေလလူတွေ ဘုရားသခင်ကို ယဇ်ပူဇော်ရတဲ့ အခွင့်ပေးမယ်”
လို့ပြောသတဲ့ကွယ်။ မောရှေကလည်း “ကျွန်တော်တို့ ဘုရားသခင်နဲ့တူတဲ့
ဘုရားသခင်မရှိဘူး။ သင်တောင်းဆိုတဲ့အတိုင်း ဖား တွေကို အီဂျစ်လူတွေ၊
ကျွန်တွေရဲ့အိမ်ကနေ ထွက်စေမယ်” လို့ ပြော တယ်။ မောရှေဆုတောင်းတဲ့အခါ ဖားတွေဟာ
အိမ်၊ လယ်၊ ခြံတွေမှာ သေကြတဲ့အတွက် ဖားသေကောင်ရဲ့အနံ့ဟာ တစ်ပြည်လုံး နံနေသတဲ့ ကွယ်။
ဒါပေမယ့် ဖါရောဘုရင်ဟာ မောရှေတို့ရဲ့စကားကို
နားမထောင် ပြန်ဘူးတဲ့ကွယ်။ ဒါနဲ့မောရှေနဲ့အာရုန်ဟာ ဘုရားသခင် အမိန့်အတိုင်း
လှံတံကိုကိုင်ပြီး မြေမှုန့်ကိုရိုက်လိုက်တဲ့အခါ ခြင်ကောင်တွေဖြစ်သွားပြီး
အီဂျစ်ပြည်တစ်ပြည်လုံးမှာရှိတဲ့
မြေမှုန့်ရှိသမျှ ခြင်တွေ ဖြစ်ကုန်သတဲ့ ကွယ်။ အဲဒီမှာရှိတဲ့ဝိဇ္ဇာဆရာတွေဟာ
ဝိဇ္ဇာအတတ်နဲ့ ဘာမှမလုပ်တတ် ကြဘူးကွယ့်။ ဒီလိုလုပ်တာတောင် ဖါရောဘုရင်ဟာ
သူတို့စကားကို နားမထောင်ဂရုမစိုက်ဘဲနေသတဲ့ကွယ်။ ဒါနဲ့မောရှေနဲ့ အာရုန်လည်း ယင် ရဲကောင်တွေကို
အီဂျစ်ပြည်တစ်ပြည်လုံးပြည့်စေတယ်တဲ့ကွယ်။ ဣသ ရေလလူမျိုးတွေထဲမှာတော့ ယင်ရဲကောင်တွေ
မရှိစေဘဲ အီဂျစ် ပြည်ကိုတော့ ယင်ရဲကောင်တွေကြောင့် တိုင်းပြည်ပျက်သတဲ့ကွယ်။
ဖါရောဘုရင်လည်း မောရှေနဲ့အာရုန်ကိုခေါ်ပြီး
သင်တို့ရဲ့ ဘုရား သခင်ကို ဒီပြည်မှာပဲယဇ်ပူဇော်ကြပါလို့ပြောတဲ့အခါ မောရှေတို့က
အီဂျစ် ပြည်လူတွေရဲ့ ရွံရှာဖွယ်ဖြစ်တဲ့ဟာကို သူတို့ရှေ့မှာ ယဇ်ပူဇော်ရင် သူတို့ က
ကျွန်တော်တို့ကို ခဲနဲ့ပစ်ကြလိမ့်မယ်။ ဒါကြောင့် ဘုရားသခင်မိန့် တော်မူတဲ့အတိုင်း
တောမှာသုံးရက်ခရီးသွားပြီး ယဇ်ပူဇော်မယ်လို့ပြော တော့ ဖါရောဘုရင်က
“သင်တို့သွားတဲ့အခွင့်ကို ငါပေးမယ်။ ဒါပေမယ့် ဝေးဝေးမသွားရ” လို့ပြောတော့ မောရှေက
ဖါရောဘုရင်ကို ဆီးတားပြီး မလှည့်စားဖို့ပြောတယ်။ ပြီးတော့ ဘုရားသခင်ကို တောင်းပန်ပေးပြီး
ယင်ရဲတွေကို ဖါရောဘုရင်နဲ့သူရဲ့ကျွန်တွေ၊ လူတွေဆီ ကတစ်ကောင်မှ မကျန်အောင်
ဖယ်ရှားလိုက်သတဲ့ကွယ်။
ဒါပေမယ့်ဖါရောဘုရင်ဟာ ကတိမတည်ဘဲ၊ ဣသရေလ လူတွေ ကိုမလွှတ်ဘဲ
နေပြန်သတဲ့ကွယ်။ မောရှေတို့လည်း မြင်း၊ မြည်း၊ ကုလား အုတ်၊ သိုး၊ နွားတွေအပေါ်ကို
ပြင်းထန်တဲ့ ရောဂါစွဲကပ်စေတဲ့အတွက် အီဂျစ်လူတွေရဲ့တိရစ္ဆာန်အများကြီး သေကြသတဲ့ကွယ်။
ဣသရေလလူ တွေရဲ့ တိရစ္ဆာန်တွေက တစ်ကောင်မှမသေဘူးတဲ့။ ဒါပေမယ့် ဖါရော ဘုရင်ဟာ ဣသရေလလူတွေကို
မလွှတ်ဘဲနေပြန်သတဲ့။ နောက်တစ်ခါ မောရှေနဲ့အာရုန်တို့ဟာ မီးဖိုထဲက ပြာကိုယူပြီး
ဖါရောဘုရင်ရှေ့မှာ မိုးကောင်းကင်ကို ပစ်လွှတ်လိုက်တယ်။
ဒါနဲ့ပဲ လူနဲ့တိရစ္ဆာန်တွေမှာ အခဲအကျိတ်နဲ့ အနာဆိုးတွေဖြစ်
သတဲ့ကွယ်။ အဲဒီအနာတွေဟာ ဝိဇ္ဇာဆရာတွေရော၊ အီဂျစ်လူတွေရော အကုန်လုံးစွဲသတဲ့ကွယ်။
နောက်တစ်ခါ ဖါရောဘုရင်ဟာ မောရှေတို့ကို နားမထောင်ဂရုမစိုက်တဲ့အတွက် အင်မတန်ကြီးတဲ့
မိုးသီးကို ကျစေပြီး လူနဲ့တိရစ္ဆာန်တွေပေါ်မှာကျလို့သေကြတယ်။ မီးနဲ့ရောပြီး
ပြင်းထန်တဲ့ မိုးသီးဖြစ်သတဲ့။ ဖါရောဘုရင်လည်း မောရှေတို့ဆီကို လူလွှတ်ပြီး မိမိ မှား
တဲ့အကြောင်း၊
မိုးသီးစဲပေးပါရန် တောင်းဆိုသတဲ့ကွယ်။
နောက်ပြီး “သင်တို့ကိုလည်း ငါမဆီးတားဘဲလွှတ်မယ်”
လို့ ပြော သတဲ့ကွယ်။ မောရှေလည်း ထာဝရဘုရားသခင်ကိုတောင်းပန်တဲ့အတွက်
မိုးသီးကျတာစဲသွားသတဲ့ကွယ်။ နောက်တစ်ခါဖါရော ဘုရင်က ကတိ မတည်ဘဲ ဣသရေလလူတွေကို မလွှတ်တဲ့အခါ
အီဂျစ်ပြည်ကို ကျိုင်း ကောင်တွေကျစေပြန်တယ်။ တိုင်းပြည်ထဲမှာ ကျိုင်းကောင်တွေစား လိုက်တာ
စိမ်းတဲ့အပြင်တစ်ပင်မှမကျန်တော့ဘူးတဲ့ကွယ်။ ဖါရောဘုရင် ကလည်း
မိမိမှားကြောင်းဝန်ခံပြီး ဘုရားသခင်ကို တောင်းပန်ခိုင်းတယ်။
ဒါနဲ့မောရှေလည်း ဘုရားသခင်ကို တောင်းပန်တဲ့အခါ
ဘုရား သခင်က ကျိုင်းကောင်တွေကို ရှင်းပစ်လိုက်တယ်။ ဖါရောဘုရင်လည်း
ဣသရေလလူမျိုးတွေကို မလွှတ်ဘဲနေသတဲ့ကွယ်။ နောက်တစ်ခါ (၃) ရက်မှောင်မိုက်ကျစေတယ်။
ဖါရောဘုရင်လည်း မောရှေနဲ့ အာရုန်ကို ခေါ်ပြီး “ဘုရားသခင်ကိုဝတ်ပြုဖို့သွားကြ၊
သိုး၊ နွား၊ တိရစ္ဆာန်တွေကို
ထားခဲ့၊
ကလေးတွေကိုပဲခေါ်သွားရမယ်” လို့ပြောတဲ့အခါ မောရှေက လည်း
တိရစ္ဆာန်တစ်ကောင်မှမကျန်အောင် ယူသွားရမယ်။ ဘုရားသခင် ကို ယဇ်ပူဇော်ရင်ရွေးယူရမယ်။
ဘယ်အကောင်ရွေးရမယ်ဆိုတာ အခု မသိရဘူး” လို့ပြောတော့ ဖါရောဘုရင်က ဣသရေလလူတွေကို မလွှတ်
ဘူး။ မောရှေကိုလည်း သူ့ဆီကနေ ထွက်သွားခိုင်းပြီး မောရှေမျက်နှာ မမြင်ချင်ဘူးလို့ပြောသတဲ့ကွယ်။
မောရှေလည်း နောက်ဆိုကျွန်တော်တို့ရဲ့မျက်နှာကို မမြင်စေရ
ပါဘူးလို့ ပြန်ပြောတာပေါ့။ ဘုရားသခင်က ဖါရောဘုရင်နဲ့အီဂျစ်လူမျိုး တွေအပေါ်
တစ်မျိုးဒဏ်ခတ်တော်မူတယ်တဲ့ကွယ်။ ဒါကတော့ ဖါရော ဘုရင်နဲ့အီဂျစ်လူမျိုးတွေ၊
တိရစ္ဆာန်တွေအားလုံးရဲ့သားဦးတွေ ကိုသေစေ တဲ့ဒဏ်ခတ်မှုပေါ့။ ဒီလိုသားဦးတွေအားလုံး သေကြေကြတဲ့အတွက်
တစ်ပြည်လုံးဝမ်းနည်းပူဆွေးကြပြီး ငိုကြွေးမြည်တမ်းကြသတဲ့ကွယ်။
ဖါရောဘုရင်လည်း မောရှေနဲ့အာရုန်တို့ရဲ့
ဣသရေလလူမျိုးတွေ ကိုထွက်သွားခွင့်ပြုလိုက်ရတာပေါ့။ အီဂျစ်ပြည်မှာ ဣသရေလလူမျိုးတွေ နေထိုင်ခဲ့တဲ့
နှစ်ပေါင်းလေးရာ့သုံးဆယ့်ပြည့်တဲ့ရက်မှာ ထွက်သွားကြ သတဲ့ကွယ်။
ကလေးတို့ရေဘုရားသခင်ဟာသူ့ကိုအားကိုးတဲ့
မောရှေနဲ့အာရုန် တို့၊ ဣသရေလလူမျိုးတွေကို ကူညီမစခဲ့ပြီး ဖါရောဘုရင် လက်ထဲ ကနေ ထုတ်ဆောင်ခဲ့တဲ့အတွက်
ကျွန်ဘဝကနေ လွတ်မြောက်ခဲ့တာပေါ့ကွယ်။
ဒါကြောင့် ကလေးတို့အားလုံးလည်း ဘုရားသခင်ကို
အစဉ်အား ကိုးအားထားတဲ့ကလေးတွေဖြစ်နိုင်ကြပါစေကွယ်။
အခန်းကြီး - ၃၅
ပုံပြင်-၃၅
နှစ်ခြမ်းကွဲသောပင်လယ်
ထွက်
၁၄:၄-၃၁။ ၁၅:၁-၂၁
ကလေးတို့ရေ. . .
ဟိုးရှေးရှေးတုန်းက အရှေ့အလယ်ပိုင်းမှာ ရှိတဲ့ ပင်လယ်နီကြီးဟာ
နှစ်ခြမ်းကွဲခဲ့ဖူးတယ်ကွယ့်။ ဘာကြောင့်ကွဲခဲ့သလဲဆို တာတော့ ဒီလိုပေါ့။
ဘုရားသခင် ရွေးကောက်ခြင်းခံခဲ့ရတဲ့
မောရှေဆိုတဲ့ပုဂ္ဂိုလ်နဲ့ ဣသရေလလူမျိုးတွေဟာ အီဂျစ်ပြည်မှာ
နှစ်ပေါင်းလေးရာ့သုံးဆယ် ကျွန်ခံခဲ့ရပြီးတဲ့နောက်မှာ
ကျွန်ဘဝကနေလွတ်မြောက်ဖို့အတွက် မော ရှေတို့ညီအစ်ကိုက ထုတ်ဆောင်သွားသတဲ့ကွယ်။
အီဂျစ်ဘုရင်ကြီးကလည်း ခွင့်မပြုချင်ပေမယ့်
ခွင့်ပြုလိုက်ရတာ ပေါ့။ ဒီလိုနဲ့ဣသရေလလူမျိုးတွေဟာ ရှိသမျှပစ္စည်းတွေယူပြီး အီဂျစ်
ပြည်ကနေထွက်လာကြသတဲ့။ ဒီလိုဣသရေလလူမျိုးတွေ ထွက်သွားကြ ပြီဆိုတာ အီဂျစ်ဘုရင်က သိလည်းသိရော
ဘုရင်ရော၊ မှူးမတ်တွေပါ စိတ်ပြောင်းလဲပြီး ဣသရေလလူတွေကိုလိုက်ဖို့ ဘုရင့်ရဲ့
စစ်ရထားနဲ့စစ် တပ်ကို အသင့်ပြင်စေသတဲ့ကွယ်။ ဘုရင်ဟာ သူ့တပ်မှူးတွေ ဦးစီးတဲ့ လက်ရွေးစဉ်စစ်ရထားခြောက်ရာအပါအဝင်၊
စစ်ရထားအားလုံးကိုစုရုံးပြီး ချီတက်စေတာပေါ့။ ဒီလိုအလုံးအရင်း ချီတက်ပြီး
ဣသရေလလူမျိုးတွေ နောက်ကိုလိုက်ကြသတဲ့ကွယ်။
ဣသရေလလူမျိုးတွေကတော့
ကျွန်ဘဝကလွတ်မြောက်ပြီဆိုပြီး ပျော်ရွှင်ဝင့်ကြွားစွာနဲ့ထွက်လာခဲ့ကြတာပေါ့။
ဗာလဇေဖုန်မြို့နဲ့ ပိဟဟိ
ရုတ်မြို့နားရောက်တော့
ပင်လယ်နီကမ်းနားမှာ စခန်းချကြသတဲ့။ ဒီလို စခန်းချနေတုန်း
အီဂျစ်ဘုရင်ရဲ့စစ်တပ်ကြီးချီတက်လာတာ ဣသရေလ လူအမျိုးသားတွေမြင်တဲ့အခါမှာ အင်မတန်မှ
ကြောက်ရွံ့ထိတ်လန့်ကြပြီး ထာဝရဘုရားသခင်ကို ကယ်မတော်မူပါ ဘုရားသခင်ဆိုပြီး အော်ဟစ်
တောင်းလျှောက်ကြသတဲ့ကွယ်။
နောက်ပြီး ဣသရေလလူမျိုးတွေက မောရှေကို ဘယ်လိုအပြစ်
တင်ကြသလဲဆိုတော့ “ငါတို့ဟာ အီဂျစ်ပြည်မှာ သင်္ချိုင်းမရှိတဲ့အတွက်
ဒီတောထဲမှာသေဖို့ တို့တတွေကို ခေါ်ထုတ်လာတာလား။ အီဂျစ်ပြည် ကနေခေါ်ထုတ်လာတဲ့အတွက်
အခုဘယ်လိုအခြေအနေမျိုးရောက်နေပြီ လဲဆိုတာကြည့်ကြပါဦး။ မထွက်လာခင်တုန်းကလည်း
ဒီလိုပြောခဲ့တာပဲ မဟုတ်လား။ ငါတို့တွေ အီဂျစ်အမျိုးသားတွေဆီမှာပဲ
ကျွန်ခံမြဲခံနေပါရ စေတော့။ ဒီတောထဲမှာ သေရတာထက် ကျွန်ခံနေရတာကတောင် ကောင်းဦးမယ်”
ဆိုပြီး အပြစ်တင်ပြောဆိုကြသတဲ့ကွယ်။
ဒါနဲ့မောရှေက “မကြောက်ကြပါနဲ့၊
စိတ်ဓါတ်ကြံ့ခိုင်ကြပါ၊ ထာဝရဘုရားသခင်ဟာ သင်တို့ကို ဘယ်လိုကယ်တင်မလဲဆိုတာကို မြင် ကြပါလိမ့်မယ်။
သင်တို့ ဒီနေ့မြင်ရတဲ့ အီဂျစ်အမျိုးသားတွေကို နောင်ဆို ဘယ်တော့မှမြင်ရမှာ မဟုတ်ဘူး။
ထာဝရဘုရားသခင်ဟာ သင်တို့ အတွက် စစ်တိုက်တော်မူလိမ့်မယ်။ စိတ်မပူကြနဲ့” လို့
ဣသရေလလူတွေ ကို ပြန်ပြောသတဲ့ကွယ်။
လူတွေကလည်း မောရှေပြောတဲ့စကားကို ကြားတော့
အံ့ဩပြီး ငြိမ်နေကြတာပေါ့။ မောရှေကတော့ ထာဝရဘုရားသခင်ကိုပဲ ယုံကြည် အားကိုးတယ်။
ဣသရေလအမျိုးသားတွေရဲ့ရှေ့က မိုးတိမ်တိုင်အားဖြင့် လမ်းပြတဲ့ ကောင်းကင်တမန်တွေလည်း
အနောက်ဘက်ကို နေရာ ပြောင်းတဲ့အတွက် မိုးတိမ်တိုင်ဟာ အီဂျစ်တပ်နဲ့ဣသရေလ တပ်ကြားမှာ ရောက်ရှိနေတာပေါ့။
မိုးတိမ်တိုင်ဟာ အီဂျစ်အမျိုးသားတွေဘက်မှာ အမှောင်ကျစေပြီး
ဣသရေလအမျိုးသားတွေဘက်မှာတော့ အလင်း ရောင်ရစေတယ်။
ဒါကြောင့်အဲဒီညတစ်ညလုံး တစ်တပ်နဲ့တစ်တပ် မချဉ်းကပ်နိုင်
ကြဘူးပေါ့။ နောက်ပြီးမောရှေဟာ ပင်လယ်အပေါ်ကိုလက်ဆန့်လိုက်တဲ့ အခါ ဘုရားသခင်ဟာ
အရှေ့ဘက်မှလေပြင်းပြင်းကို တစ်ညလုံးတိုက် ခတ်စေတဲ့အတွက် ပင်လယ်ရေဟာကွဲပြီး
အောက်ခြေမှာ ခြောက်သွေ့တဲ့ မြေပေါ်လာသတဲ့ကွယ်။ ဒီအခါမှာ မောရှေဦးဆောင်တဲ့ ဣသရေလ လူမျိုးတွေဟာ
ရေတံတိုင်းနှစ်ခုအကြား ခြောက်သွေ့တဲ့ မြေပေါ်မှာ လျှောက်ပြီး
ပင်လယ်ကိုဖြတ်သွားကြသတဲ့ကွယ်။
ဒီအခြေအနေကိုမြင်တဲ့ အီဂျစ်ဘုရင်ရဲ့စစ်တပ်၊
ရထားတပ်၊ မြင်း တပ်တို့ဟာ ဣသရေလလူမျိုးတွေနောက်ကို ဆင်းလိုက်သွားကြတာပေါ့ ကွယ်။
မနက်အရုဏ်မတက်ခင်အချိန်မှာ ထာဝရဘုရားသခင်က အီဂျစ် စစ်တပ်ကို ဖရိုဖရဲဖြစ်စေသတဲ့။
ရထားဘီးတွေကိုလည်း ကျွတ်ထွက် ကုန်စေတဲ့အတွက် ရထားတွေလည်း အသွားရခက်စေတာပေါ့။ ဒါ ကြောင့်အီဂျစ်လူတွေက
“ထာဝရဘုရားသခင်ဟာ ဣသရေလ အမျိုး သားတွေဘက်မှာ နေပြီးတော့ ငါတို့ကို တိုက်ခိုက်နေပြီ၊
ထွက်ပြေးကြစို့” လို့ အချင်းချင်းပြောကြသတဲ့ကွယ်။
ဘုရားသခင်စေခိုင်းတဲ့အတိုင်း မောရှေဟာ
ပင်လယ်ပေါ်ကို လက်ပြန်ဆန့်လိုက်တဲ့အခါ ရေဟာ ပုံမှန်အတိုင်း ပြန်စီးသွားတာပေါ့။
ဒီအချိန်မှာ
ဣသရေလလူမျိုးတွေကတော့ ပင်လယ်ထဲမှာမရှိတော့ဘဲ တစ်ဖက်ကမ်းကုန်းပေါ်ကို ရောက်ရှိလို့ နေကြပြီပေါ့ကွယ်။
အီဂျစ် စစ် တပ်တွေကတော့ ရေပြန်တက်လာတဲ့အခါ ထွက်ပြေးကြပေမယ့် မလွတ် ဘဲနစ်မြုပ်ကြသတဲ့ကွယ်။
ပင်လယ်ထဲကို ဆင်းလိုက်လာကြတဲ့ ရထား တပ်၊
မြင်းတပ်နဲ့အီဂျစ်ဘုရင်ရဲ့တပ်အားလုံးတို့ဟာ တစ်ယောက်မှ မကျန် ဘဲ ရေနစ်ပြီး သေကုန်ကြသတဲ့ကွယ်။
ဣသရေလလူမျိုးတွေဟာ အီဂျစ်လူတွေရဲ့အလောင်းတွေကို
ပင် လယ်ကမ်းပေါ်မှာ အတုံးအရုံးရှိတာတွေကို တွေ့မြင်ကြရတယ်တဲ့ကွယ်။
ဣသရေလလူမျိုးတွေဟာ ဘုရားသခင်ရဲ့တန်ခိုးတော်နဲ့အီဂျစ်အမျိုးသား တွေကို
နှိမ်နှင်းအောင်မြင်သွားတာကို တွေ့မြင်တဲ့အတွက် ဘုရားသခင် ကို ကြောက်ရွံ့လာကြတယ်။
ဘုရားသခင်ကိုသာမက ဘုရားသခင်ရဲ့ ကျွန်မောရှေကိုလည်း ယုံကြည်ကိုးစားလာကြသတဲ့ကွယ်။
မောရှေနဲ့ အာရုန်တို့ရဲ့အစ်မမိရိတံကလည်း ပတ်သာဗုံကို ကိုင်ပြီးတီးတယ်။ တခြား အမျိုးသမီးတွေလည်း
ပတ်သာဗုံတီးပြီး ဝမ်းမြောက်ဝမ်းသာကပြီး လိုက် လာကြတာ ပျော်ရွှင်လို့နေတာပေါ့ကွယ်။
ကလေးတို့ရေ. . .
ဘုရားသခင်ဟာ သူ့ကို အားကိုးအားထားတဲ့ လူတိုင်းအတွက် ခိုလှုံရာသခင်ဖြစ်တယ်ကွယ့်။
သူ့ကိုယုံကြည် အားကိုး တဲ့လူတွေဒုက္ခရောက်ချိန်မှာ ကူညီမစဖို့ အဆင်သင့်အမြဲရှိနေတယ်။
မော ရှေနဲ့ ဣသရေလလူမျိုးတွေဟာ ဘုရားသခင်ကို ယုံကြည်အားထားတဲ့ အတွက်
ရန်သူစစ်တပ်ကြီးရဲ့လက်ထဲကျရောက်မယ့် အခြေအနေကနေ ကယ်တင်ပေးရုံမကဘူး၊
ရန်သူစစ်တပ်ကြီးကိုလည်း သေကြေပျက်စီးစေ ခဲ့တယ်မဟုတ်လား။
ဒါကြောင့်ကလေးတို့အားလုံးလည်း ဘုရားသခင်ကို ယုံကြည်
အားကိုးရင် ဒုက္ခနဲ့ရင်ဆိုင်ရတဲ့အခါ ဘုရားသခင် ကူညီမစပါလိမ့်မယ်။
ဘုရားသခင်ကိုယုံကြည်အားကိုးတဲ့ကလေးတွေဖြစ်ကြပါစေကွယ်။
အခန်းကြီး - ၃၆
ပုံပြင်-၃၆
ထွက်မြောက်
၁၆း၁-၃၆
ကလေးတို့ရေ. . ပေါင်မုန့်၊ ကိတ်မုန့်တွေကို စားဖူးကြမှာပေါ့နော်။
သိပ်စားလို့ကောင်းတယ်မဟုတ်လား။ မိုးကောင်းကင်က ကျလာတဲ့ထူး ဆန်းတဲ့မုန့်လည်းရှိတယ်ကွယ့်။
ဒီမုန့်ဟာ မိုးကောင်းကင်ကနေ ဘယ်လို ကျလာသလဲဆိုတဲ့အကြောင်းပြောပြမယ်။
ကလေးတို့ရေ. . .
အီဂျစ်တိုင်းပြည်မှာ နှစ်ပေါင်းများစွာ ကျွန်ခံ နေတဲ့ဣသရေလလူမျိုးတွေကို
ကျွန်ဘဝကနေ လွတ်မြောက်သွားအောင် မောရှေနဲ့အာရုန်ဆိုတဲ့ညီအစ်ကိုနှစ်ယောက်ဟာ
ဘုရားသခင်ကို အားကိုး ပြီးထုတ်ဆောင်လာခဲ့ကြသတဲ့ကွယ်။ လမ်းမှာ အီဂျစ်စစ်တပ်ရန်ကလွတ်
မြောက်ပြီးထွက်လာလိုက်ကြတာ ဧလိမ်ဆိုတဲ့အရပ်နဲ့ သိနာတောင်စပ် ကြားမှာရှိတဲ့သိန်တောကိုရောက်ရှိလာကြသတဲ့ကွယ်။
အဲဒီတောကိုရောက်ရှိတဲ့အခါ ဣသရေလလူမျိုးတွေဟာ
မောရှေ နဲ့အာရုန်တို့ကို ဘယ်လိုပြောကြသလဲဆိုတော့ “ဘုရားသခင်ဟာ ငါတို့ကို
အီဂျစ်ပြည်မှာသေစေခဲ့ရင်ကောင်းမယ်။ အဲဒီပြည်မှာ တို့တတွေဟာ အမဲ ဟင်းနဲ့မုန့်ကိုဝအောင်
စားကြရတယ်။ အခုတော့ တို့တွေအားလုံး အစာ ငတ်ပြီးသေဖို့အတွက် ဒီတောကို လာပို့တာပါလား”
ဆိုပြီး ညည်းညူ အပြစ်တင်ကြသတဲ့ကွယ်။
ဒါနဲ့ဣသရေလအမျိုးသားတို့ကို မောရှေနဲ့ အာရုန်က
ဘယ်လိုပြန် ပြောလဲဆိုတော့ “သင်တို့ကို အီဂျစ်ပြည်ကနေထုတ်ဆောင်လာတဲ့သခင် ဟာ
ထာဝရဘုရားသခင်ဖြစ်ကြောင်း သင်တို့ဒီနေ့ ညနေမှာ သိရလိမ့် မယ်။ ထာဝရဘုရားသခင်ဟာ
သင်တို့အပြစ်တင်ညည်းညူသံကို ကြား တဲ့အတွက် ညနေမှာ အသားကိုပေးမယ်။ မနက်မှာ မုန့်ကိုပေးမယ်။
သင်တို့ဟာ ကျွန်တော်တို့ကို အပြစ်တင်ညည်းညူကြတာဟာ တကယ် တော့ ထာဝရဘုရားသခင်ကို
အပြစ်တင်ညည်းညူခြင်းဖြစ်တယ်” လို့ ပြောတယ်။
အဲဒီနေ့ညနေမှာပဲ စခန်းတစ်ခုလုံး နေရာအနှံ့အပြားမှာ
ငုံးငှက် တွေဆင်းလာတယ်။ မနက်ရောက်တော့ စခန်းပတ်လည်မှာ နှင်းတွေကျ လာတယ်။
နှင်းကွဲသွားတဲ့အခါ မြေပြင်ပေါ်မှာ ပါးလွှာတဲ့ အချပ်ကလေး တွေကျန်ရစ်ခဲ့တယ်။
အဲဒီအချပ်လေးတွေဟာ ဆီးနှင်းပေါက်လိုပဲ သိပ်ပြီး နူးညံ့သတဲ့ကွယ်။
ဣသရေလလူမျိုးတွေဟာ အချပ်ကလေးတွေကို မြင်တော့ ဘာလဲဆိုတာ
မသိလို့အချင်းချင်းမေးကြတာပေါ့ကွယ်။ ဒီလိုနဲ့ မောရှေက “ဒီအရာဟာ ထာဝရဘုရားသခင်က
သင်တို့စားဖို့ပေးတဲ့ မုန့်ဖြစ်တယ်။ လူတိုင်းမိမိတို့လိုသမျှစုသိမ်းရမယ်။
လူတစ်ဦးစီက မိမိအိမ်မှာရှိတဲ့လူ အားလုံးအတွက်တစ်ယောက်ကိုတစ်ပြည်စုသိမ်းရမယ်ဖြစ်တဲ့အကြောင်း
ထာဝရဘုရားသခင်မိန့်တော်မူတယ်” လို့ ပြောပြသတဲ့ကွယ်။ လူတွေ လည်းလိုက်ပြီးစုသိမ်းကြတာပေါ့။
နောက်ပြီး မောရှေက “ဘယ်သူမှ မနက်ဖြန်အတွက်
ချန်မထား ရဘူး” လို့မှာတယ်။ ဒါပေမယ့်လူတချို့က မောရှေရဲ့စကားကို နားမ ထောင်ဘဲ
မုန့်တချို့ကို နောက်တစ်နေ့အထိ ချန်ထားတယ်တဲ့ကွယ်။ ဒါပေမယ့် နောက်တစ်နေ့မနက်မှာ
မုန့်တွေဟာ ပိုးကျပြီး ပုပ်သိုးကုန်
သတဲ့ကွယ်။ မောရှေက မနက်တိုင်း သူ့လူတွေတစ်ဦးစီလိုသမျှ
မုန့်ကို စုသိမ်းစေတယ်။ နေပူလာတဲ့အခါ မြေပြင်ပေါ်မှာ ကျန်ရှိခဲ့တဲ့ မုန့်တွေ အရည်ပျော်ကုန်တယ်။
ဆဌမနေ့ရောက်တဲ့အခါမှာ လူတစ်ဦးကို
မုန့်နှစ်ပြည်ကျ စုသိမ်း စေတယ်။ ဘာဖြစ်လို့လဲဆိုရင် သတ္တမနေ့ဟာ လူတွေနားနေတဲ့နေ့၊
ထာဝရဘုရားသခင်အတွက် အပ်နှံတဲ့ဥပုသ်နေ့ဖြစ်တယ်။ အဲဒီဥပုသ်နေ့ မှာ
မုန့်ရရှိမှာမဟုတ်လို့ နှစ်ဆပိုစုသိမ်းထားရတယ်။ မောရှေပြောတဲ့ အတိုင်း
စားစရာမုန့်ကို နှစ်ဆကောက်ပြီး နောက်တစ်နေ့အထိ ချန်ထား တဲ့အခါ
ပိုးမကျမပုပ်မသိုးဘဲရှိနေသတဲ့ကွယ်။
ဒါကြောင့် ခြောက်ရက်လုံးလုံးမုန့်ကို နေ့တိုင်း စုသိမ်းရပြီး
သတ္တမနေ့မှာတော့ ဥပုသ်စောင့်ကြရတာပေါ့။ တချို့က သတ္တမနေ့မှာ မုန့် ထွက်ရှာကြပေမယ့်
မတွေ့ကြဘူးတဲ့ကွယ်။ ဘာကြောင့်လည်းလဲဆိုရင် သတ္တမနေ့မှာ ဘုရားသခင်အတွက်
အပ်နှံတဲ့ဥပုသ်နေ့ ဖြစ်တယ်။ ဒါ ကြောင့်ဆဌမနေ့မှာ မုန့်နှစ်ဆစုသိမ်းခိုင်းရတာပေါ့။
ဣသရေလလူတွေ ဟာ အဲဒီမုန့်ကို မန္နမုန့်လို့ခေါ်တယ်။ အဲဒီမုန့်ဟာ
ပျားရည်နဲ့လုပ်တဲ့မုန့် လိုအရသာရှိသတဲ့ကွယ်။
ဣသရေလလူတွေဟာ
သူတို့နေထိုင်မယ့်ပြည်ကိုရောက်တဲ့တိုင် အောင် မန္နမုန့်ကိုနှစ်ပေါင်းလေးဆယ် စားသုံးကြရတယ်။
သူတို့ ဟာခါ နာန်ပြည်နယ်စပ်ကိုရောက်တဲ့အထိ မန္နမုန့်ကိုစားကြသတဲ့ကွယ်။
ကလေးတို့ရေ.. ဣသရေလလူမျိုးတွေဟာ ဘုရားသခင်
ဘယ်လို ပဲကူညီမစစောင့်ရှောက်ခဲ့ပေမယ့် အခက်အခဲနည်းနည်းလေးနဲ့ ရင်ဆိုင် ရရင်
မောရှေကို ပြစ်တင်ညည်းညူကြတော့တာပါပဲ။ ဘုရားသခင် မိန့်
တော်မူတဲ့စကားတွေကိုတော့
လျစ်လျူရှုကြတယ်ကွယ့်။
ဒါကြောင့်ကလေးတို့လည်း
နေ့တိုင်းအသက်ရှင်နေတဲ့အချိန်မှာ အခက်အခဲတွေအရှုပ်အရှင်းတွေ တွေ့ကြုံရမှာပဲ။
ဒီလိုတွေ့ကြုံရတဲ့အခါ မှာ ပြစ်တင်ညည်းညူခြင်းမရှိဘဲ ဘုရားသခင်ကိုသာ ကိုယ်ရော
စိတ်ပါ ယုံကြည်အားကိုးနိုင်ကြပါစေကွယ်။
အခန်းကြီး - ၃၇
ပုံပြင်-၃၇
ငါ့ကိုချစ်ရင်ငါ့ပညတ်ကိုစောင့်ပါ
ထွက်မြောက်
၁၉။ ၂ဝ
ကလေးတို့ရေ. . .
မောရှေဆိုတဲ့ ပုဂ္ဂိုလ်ကြီးဟာ အီဂျစ်ပြည်မှာ ကျွန်ခံနေရတဲ့ ဣသရေလလူမျိုးတွေကို ဦးဆောင်ပြီး
ခေါ်လာလိုက်တာ တတိယလ၊ တစ်ရက်နေ့ရောက်တဲ့အခါ သိနာတောကို ရောက်ရှိလာကြ သတဲ့ကွယ်။
သိနာတောင်ခြေရင်းမှာ စခန်းချကြတာပေါ့ကွယ်။ မောရှေ ကတော့ တောင်ပေါ်ကိုတက်သွားပြီး
ဘုရားသခင်ကို ဖူးတွေ့ဖို့ စီစဉ်တာ ပေါ့။ တောင်ပေါ်ရောက်တဲ့အခါမှာ ဘုရားသခင်က
မောရှေကို ခေါ်ပြီး “သင်တို့ဟာ ငါရွေးကောက်တဲ့လူမျိုးတွေ ဖြစ်ကြရမယ်။ သင်တို့ဟာ
ငါ့အတွက်သီးသန့်ထားတဲ့လူမျိုး၊ ငါရဲ့အမှုတော်ကို ဆောင်ရွက်တဲ့ ယဇ်ပု ရောဟိတ်တွေ ဖြစ်ကြရလိမ့်မယ်ဆိုတာ
ဣသရေလအမျိုးသားတို့ကို ပြောပြပါ” လို့ မိန့်တော်မူသတဲ့ကွယ်။
ဒါကြောင့် မောရှေလည်း တောင်အောက်ကိုဆင်းပြီး
လူအပေါင်း တို့ကို ပြောပြသတဲ့။ ဣသရေလလူအပေါင်းတို့က “ကျွန်ုပ်တို့ဟာ ထာဝရ ဘုရားသခင်မိန့်တော်မူသမျှကို
လိုက်နာပါမယ်” ဆိုပြီး တညီတညွတ် ပြောကြားကြတာပေါ့။
မောရှေလည်း ဣသရေလ လူတို့ရဲ့ဖြေကြားချက် ကို ဘုရားသခင်ဆီကိုပြန်လျှောက်ပေးသတဲ့ကွယ်။
နောက်နေ့ရောက်တော့ မောရှေဟာ ဣသရေလလူတွေကို စခန်း
မှခေါ်ဆောင်ပြီး ဘုရားသခင်ကိုဖူးတွေ့ဖို့ တောင်အောက်မှာ ရပ်နေကြ စေသတဲ့ကွယ်။
ဘုရားသခင်ဟာ သိနာတောင်ပေါ်ကို မီးတောက်မီးလျှံ အသွင်နဲ့ကြွဆင်းလာတာဖြစ်တဲ့အတွက်
တောင်တစ်ခုလုံး မီးခိုးတွေနဲ့ ဖုံးလွှမ်းနေတာပေါ့။ တစ်တောင်လုံးလည်း
ပြင်းပြင်းထန်ထန် ငလျင်လှုပ် သတဲ့ကွယ်။ လျှပ်စီးတွေလည်းလက်ပြီး မိုးကြိုးသံတွေလည်း
ကြားရတာ ပေါ့။ ဘုရားသခင်ဟာ မောရှေကို ခေါ်ပြီး ဣသရေလလူမျိုးတွေ စောင့် ရှောက်သွားရမယ့်
ပညတ်တော် (၁ဝ) ပါးကို ရေးသားသတဲ့ကွယ်။
အဲဒီပညတ်တော် (၁၀) ပါးကတော့ ပထမဆုံးတစ်ပါးက
ငါမှတစ် ပါး အခြားသောဘုရားသခင်ကို မကိုးကွယ်နှင့်လို့ ဖော်ပြထားတယ်။ ဒုတိ ယတစ်ချက်ကတော့
မိုးကောင်းကင်မှာရှိတဲ့သတ္တဝါတွေ၊ မြေကြီးပေါ်မှာ ရှိတဲ့သတ္တဝါတွေ၊
မြေကြီးအောက်ရေထဲမှာရှိတဲ့သတ္တဝါတွေနဲ့ ပုံသဏ္ဌာန် တူတဲ့ရုပ်တုကိုမလုပ်ရ၊ ဦးမချ၊
ဝတ်မပြုရ” လို့ ဖော်ပြထားတယ်။ တတိယတစ်ချက်က “သင်ရဲ့ဘုရားသခင်ထာဝရ ဘုရားသခင်၏ နာမ တော်ကို
မုသားနှင့်ဆိုင်၍ မမြွက်မဆိုနှင့်” လို့ ဖော်ပြထားတယ်။ စတုတ္ထ တစ်ချက်က
“ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှါ ထိုနေ့ရက်ကို အောက်မေ့ လော့” လို့ဖော်ပြထားတယ်။
ဘုရားသခင်က လူတွေကို “ခြောက်ရက်လုံးလုံး အလုပ်ကို
လုပ်ရ မယ်။ သတ္တမနေ့ရက် (၇) ရက်နေ့မှာ ဘုရားသခင်အတွက် သီးသန့်ထား ပြီး
အပ်နှံရတဲ့နေ့ဖြစ်တဲ့အတွက် ဘုရားသခင်ကောင်းချီးပေးတဲ့နေ့ဖြစ် တယ်။
ဒါကြောင့်ဥပုသ်နေ့ကိုစောင့်ထိန်းရမယ်” ဆိုတဲ့ အကြောင်း ဖော်ပြ ထားတာပေါ့ကွယ်။
နောက်ပဉ္စမပညတ်ချက်ကတော့ “သင်၏ ဘုရားသခင်ထာဝရ
ဘုရားသခင်ပေးတော်မူသောပြည်တွင် အသက်တာရှည်မည့် အကြောင်း သင်၏မိဘကို
ရိုသေစွာပြုလော့” လို့ ဖော်ပြထားတယ်။ နောက်ပြီး လူ့
အသက်ကိုမသတ်နှင့်။
သူ့မယားကိုမပြစ်မှားနှင့်။ သူ့ဥစ္စာကို မခိုးနှင့်။
ကိုယ်နှင့်စပ်ဆိုင်သောသူတစ်ဘက်၌ မမှန်သောသက်သေကို မခံနှင့်။
ကိုယ်နှင့်စပ်ဆိုင်သောသူ၏အိမ်ကို တပ်မက်လိုချင်သော စိတ်မရှိစေနှင့်” ဆိုပြီး
ပညတ်တော် (၁၀) ပါးကို မောရှေက ဣသရေလလူမျိုးတွေကို ပြန်ပြောသတဲ့ကွယ်။
ဣသရေလလူမျိုးတွေဟာ မိုးချုန်းသံ၊
တံပိုးမှုတ်သံနဲ့ လျှပ်စစ် ပြက်တာတွေ၊တောင်ပေါ်ကမီးခိုးထွက်တာတွေကိုမြင်ရတဲ့အခါ
ကြောက် ရွံ့တုန်လှုပ်ပြီး အဝေးမှာရပ်နေကြတယ်။ နောက်ပြီးသူတို့က မောရှေကို “သင်ကသာ
ကျွန်ုပ်တို့ကို ထာဝရဘုရားသခင်ရဲ့အမိန့်ကို ဆင့်ဆိုပါ။ ကျွန်ုပ်တို့နားထောင်မယ်။
ထာဝရဘုရားသခင်က ကျွန်ုပ်တို့ကို တိုက်ရိုက် မိန့်ကြားလို့ရှိရင်
ကျွန်ုပ်တို့သေပါလိမ့်မယ်။ သေမှာကို ကျွန်ုပ်တို့စိုးရိမ်ပါ တယ်” လို့
ပြောကြသတဲ့ကွယ်။
ဒီလိုနဲ့မောရှေကလည်း “မကြောက်ရွံ့ကြနဲ့၊
သင်တို့ကို စုံစမ်းဖို့နဲ့ သင်တို့ဟာ ဘုရားသခင်ရဲ့စကားကို နားထောင်ပြီး
အပြစ်မပြုလုပ်ဖို့ အတွက် ဘုရားသခင်ကြွလာခြင်းဖြစ်တယ်” လို့လူတွေကို ပြောပြတယ်။
ဒါပေမယ့်လူတွေဟာ အဝေးမှာပဲရပ်နေကြတယ်။ မောရှေက တော့
ဘုရားသခင်ရှိတော်မူတဲ့၊ မည်းမှောင်တဲ့တိမ်တိုက်အနီးကိုချဉ်းကပ် ပြီးနေသတဲ့ကွယ်။
ကလေးတို့ရေ. . .
ဘုရားသခင်ကချမှတ်ထားတဲ့ ပညတ်တော် တွေကို ဣသရေလလူမျိုးတွေဟာ
အီဂျစ်ပြည်မှာကျွန်ခံရတဲ့ အချိန်တွေ က နှစ်ပေါင်းတော်တော်ကြာတော့
မေ့ပျောက်ကြတာပေါ့။ ကျွန်ဘဝက နေလွတ်မြောက်လာတဲ့အခါမှာ မောရှေကနေတစ်ဆင့် ဘုရားသခင်ရဲ့
ပညတ်တော်တွေကို ပြန်သိရှိလာကြပြီး ပြန်စောင့်ရှောက်ကြတယ်။ ဘုရားသခင်က ပြောထားတယ်ကွယ့်။
“ငါ့ကိုချစ်ရင် ငါ့ပညတ်တို့ကို စောင့်လော့” တဲ့။
ဒါကြောင့် ဘုရားသခင်ကို ချစ်ရင်
သူရဲ့ပညတ်တော်တွေကို စောင့်ရမယ်။ ကလေးတို့အားလုံး ဘုရားသခင်ကို ချစ်တဲ့ကလေးတွေ
ဖြစ်ကြပါစေကွယ်။
အခန်းကြီး - ၃၈
ပုံပြင်-၃၈
ရွှေနွားရုပ်
ထွက်မြောက်
၃၂း၁-၃၅
ကလေးတို့ရေ. . .
အီဂျစ်ပြည်မှာကျွန်ခံနေရတဲ့ဣသရေလ လူမျိုး တွေကို
ဦးဆောင်ပြီးခေါ်ထုတ်လာခဲ့တဲ့မောရှေဟာ သိနာတောင်ပေါ်မှာ
ဘုရားသခင်ရဲ့မိန့်တော်မူတဲ့အချက်တွေ၊ ပညတ်တော်ချက်တွေကို ခံယူ ရင်း
တောင်အောက်ကိုမဆင်းတော့ဘဲ တောင်ပေါ်မှာ တော်တော်ကြာ ကြာနေတဲ့အခါမှာ လူတွေဟာ
အာရုန်ဆီကို စုရုံးရောက်ရှိလာပြီး အီဂျစ် ပြည်ကနေ သူတို့ကိုထုတ်ဆောင်လာတဲ့မောရှေဘယ်လိုဖြစ်သလဲဆိုတာ
မသိတဲ့အတွက် သူတို့ကို ရှေ့ဆောင်လမ်းပြပေးမယ့် ဘုရားသခင်တစ်ပါး သွန်းလုပ်ပေးဖို့
အာရုန်ကိုတောင်းဆိုကြသတဲ့ကွယ်။
ဒီလိုနဲ့အာရုန်ဟာ ဣသရေလလူတွေကို “ဒါဆိုရင်
သင်တို့ရဲ့ မယားနဲ့သားသမီးတွေဝတ်ဆင်ထားတဲ့ ရွှေနားတောင်းတွေကို ချွတ်ပြီး
ငါ့ဆီကိုယူခဲ့ကြပါ” လို့ပြောတယ်။
ဒါနဲ့လူတွေဟာ ရွှေနားတောင်းတွေကို ချွတ်ပြီး အာရုန်ဆီကို ယူဆောင်လာခဲ့ကြတာပေါ့ကွယ်။ အာရုန်ကလည်း
ရွှေနားတောင်းတွေ ကို အရည်ကျိုပြီး ရွှေနွားရုပ်တစ်ခုသွန်းလုပ်သတဲ့ကွယ်။ လူတွေက
သူတို့ အချင်းချင်း “ဣသရေလလူအပေါင်းတို့၊ ဒီဘုရားသခင်ဟာ သင်တို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာခဲ့တဲ့
ငါတို့ဘုရားသခင်ဖြစ်ပါတယ်” ဆိုပြီး ပြောကြသတဲ့ကွယ်။
နောက်ပြီးအာရုန်ဟာ ရွှေနွားရုပ်ရှေ့မှာ ပလ္လင်ကိုတည်ပြီး
မနက်
ဖြန်နေ့မှာ
“ထာဝရဘုရားသခင်အတွက်ပွဲခံကြရမယ်” လို့ကြေညာတယ်။ နောက်တစ်နေ့မနက်စောစောအချိန်မှာ
လူတွေဟာ မီးရှို့ရာယဇ်နဲ့ မိတ် သဟာယယဇ်တွေကိုပူဇော်ကြတယ်။ အဲဒီလိုပူဇော်ပြီးတော့
စားသောက် ပျော်ပါးမူးယစ်ကြသတဲ့ကွယ်။
ဒါနဲ့ဘုရားသခင်က မောရှေကို “မောရှေတောင်အောက်ကို
အမြန် ဆင်းပါ။ အီဂျစ်ပြည်ကနေ သင်ထုတ်ဆောင်ခဲ့တဲ့သင့်လူတွေဟာ ဘုရား သခင်ကိုစွန့်ပယ်ပြီ၊
ဘုရားသခင်ချမှတ်ထားတဲ့လမ်းစဉ်မှ သွေဖည်သွား ကြပြီ၊ ရွှေနွားငယ်ရုပ်ကို သွန်းလုပ်ပြီး
အဲဒီအရုပ်ကို ယဇ်ပူဇော်ရှိခိုးကြပြီ” ဆိုပြီး မောရှေကိုပြောသတဲ့ကွယ်။ မောရှေကလည်း
မျက်နှာပြင်နှစ်ဖက် စလုံးမှာ ပညတ်တော်တွေကို အက္ခရာတင်ထားတဲ့ ကျောက်ပြားနှစ်ချပ် ကိုယူဆောင်ပြီး
တောင်ပေါ်ကနေ ဆင်းလာတာပေါ့ကွယ်။ မောရှေဟာ စခန်းအနီးကိုရောက်တဲ့အခါမှာ
နွားငယ်ကိုရော၊ လူတွေကခုန်တာရော တွေ့မြင်ရတော့ အမျက်ဒေါသထွက်ပြီး
သူယူဆောင်လာတဲ့ကျောက်ပြား ကို တောင်ခြေရင်းမှာ ပစ်ချလိုက်တဲ့အခါ
အပိုင်းပိုင်းကျိုးကုန်ရောတဲ့ ကွယ်။
မောရှေဟာ နွားရုပ်ကို အရည်ကျိုအမှုန့်ဖြစ်အောင် ထောင်းပြီး
အမှုန့်ကိုရေပေါ်မှာ ဖြူးသတဲ့ကွယ်။ နောက်ပြီးဣသရေလအမျိုးသား တွေကို သောက်စေတယ်။
အာရုန်ကိုလည်း “ဒီလူတွေ ဒီလောက် ကြီး လေးတဲ့ အပြစ်ကိုပြုမိဖို့ သူတို့ဟာ
သင့်ကိုဘယ်လိုပြုလုပ်ကြသလဲ” လို့ မေးတဲ့အခါ အာရုန်က ကျွန်ုပ်ကို အမျက်မထွက်ပါနဲ့။
ဒီလူတွေက ငါတို့ကို အီဂျစ် ပြည်ကနေထုတ်ဆောင်လာတဲ့ မောရှေ၊ သေလား၊ ရှင်လားဆိုတာ မသိ
ခဲ့ရတဲ့အတွက် “ဘုရားသခင်တစ်ပါးကို သွန်းပေးပါ” လို့ပြောတော့
သူတို့ ရဲ့ရွှေဝတ်တန်ဆာကိုချွတ်ပြီး
“မီးနဲ့နွားရုပ်ပြုလုပ်တာပါပဲ” လို့ ပြောပြသတဲ့ကွယ်။
အာရုန်ရဲ့အားပေးမှုကြောင့် လူတွေ စည်းကမ်းမဲ့ကခုန်မြူးထူး
နေတာကို မောရှေမြင်ရသတဲ့ကွယ်။ ဒါကြောင့် သူဟာ တံခါးပေါက်မှာ ရပ်ပြီး
“ထာဝရဘုရားသခင်ရဲ့ဘက်တော်သားဖြစ်သူတို့၊ ငါ့ထံသို့ လာကြ လော့” ဆိုပြီး
မောရှေကအော်ဟစ်ဖိတ်ခေါ်သတဲ့ကွယ်။
ဒီအခါမှာ လေဝိအမျိုးသားတွေဟာ မောရှေရှေ့ဆီကို
စုရုံးလာကြ တဲ့အခါ သူတို့တစ်ယောက်စီ ဓါးကိုဆွဲပြီး စခန်းတစ်ဖက်မှ တစ်ဖက်ကို သွားစေတယ်။
ပြီးတော့ ညီအစ်ကိုအဆွေခင်ပွန်း၊ အိမ်နီးချင်းတွေကို သတ်ခိုင်းတဲ့အခါ
လူပေါင်းသုံးထောင်လောက်သေဆုံးသွား သတဲ့ကွယ်။ မောရှေဟာ လေဝိအမျိုးသားတွေကို
ယဇ်ပုရောဟိတ်တွေအဖြစ် အသိ အမှတ်ပြုပြီး တခြားအမျိုးသားတွေကိုတော့ “သင်တို့ဟာ
ကြီးလေးတဲ့ ပြစ်မှုကျူးလွန်ခဲ့ကြတဲ့အတွက် သင်တို့အပြစ်ကိုလွှတ်ဖို့ ထာဝရဘုရား သခင်ကို
တောင်းပန်ရလိမ့်မယ်” လို့ပြောတာပေါ့ကွယ်။
ဒါနဲ့ပဲမောရှေဟာ ဣသရေလလူမျိုးတွေအတွက်
ဘုရားသခင်ကို တောင်းပန်တဲ့အခါမှာ ဘုရားသခင်က “ပြစ်မှားတဲ့လူတွေကိုသာ သူတို့ရဲ့ နာမည်ကိုပယ်ဖျက်မယ်”
လို့ မိန့်တော်မူသတဲ့ကွယ်။ နောက်ပြီးဘုရား သခင်ကိုပြစ်မှားတဲ့ ဣသရေလလူမျိုးတွေမှာ
ကပ်ရောဂါကျရောက်စေ ခြင်းနဲ့ဒဏ်ခတ်တာပေါ့။ ဘာကြောင့်လဲဆိုရင် အာရုန်ကို
ရွှေနွားငယ်ရုပ် ကိုသွန်းစေပြီး ပူဇော်စေတဲ့အပြစ်ကြောင့် ဖြစ်တယ်ကွယ့်။
ကလေးတို့ရေ. . .
ဣသရေလလူမျိုးတွေဟာ အင်မတန်မှ ညည်း ညူကြသတဲ့ကွယ်။ မောရှေတောင်ပေါ်မှာ
ဘုရားသခင်နဲ့တွေ့ဖို့သွားတာ တောင် မောရှေသေသလား၊ ရှင်သလားမသိဘူးဆိုပြီး ပြန်အလာကို
မစောင့်နိုင်တော့ဘဲ ရွှေနဲ့နွားရုပ်ကို သွန်းလုပ်ပြီး ရှိခိုးပူဇော်ကြတယ်ဆို တော့
တော်တော့်ကို ကိုယ်စိတ်အလိုလိုက်ကြပြီး စိတ်လိုက်မာန်ပါပြု လုပ်ကြတာပဲကွယ်။
ဒါကြောင့် ဘုရားသခင်ကို စော်ကားပြစ်မှားတဲ့သူ တို့ကို ဘုရားသခင်က
တချို့ကိုအဆုံးစီရင်လိုက်တာပေါ့။ ဒီလိုမှမစီရင် လိုက်ရင် ဘုရားသခင်ကို ပြစ်မှားကျူးလွန်တဲ့လူတွေ
ပိုမိုတိုးပွားများပြား လာမှာပေါ့။
ဒါကြောင့်ကလေးတို့လည်း ဘုရားသခင်ကို စော်ကားပြစ်မှားတဲ့
လူတွေထဲမှာမပါဘဲ ဘာသာတရားရိုသေကိုင်းရှိုင်းပြီး လိမ္မာယဉ်ကျေးတဲ့ ကလေးတွေဖြစ်ကြပါစေကွယ်။
အခန်းကြီး - ၃၉
ပုံပြင်-၃၉
လောင်မီးကျလို့သေဆုံးသူနှစ်ယောက်
ဝတ်ပြုရာ
၁၀း၁-၁၁
ကလေးတို့ရေ. . ဟိုးရှေးရှေးတုန်းက အီဂျစ်ပြည်မှာ
ကျွန်ခံနေရ တဲ့ ဣသရေလလူမျိုးတွေဟာ ကျွန်ဘဝကလွတ်မြောက်ပြီး ခါနာန်ပြည် ကိုထွက်လာခဲ့ကြတယ်။
အီဂျစ်ပြည်ကနေ ထွက်လာတဲ့ ဣသရေလလူ တွေအထဲက မောရှေရဲ့အစ်ကိုအာရုန်နဲ့သူ့သားတွေကို
ယဇ်ပုရောဟိတ် အဖြစ် ခန့်ထားခြင်းခံရသတဲ့ကွယ်။
အာရုန်ဟာ ယဇ်ပူဇော်တဲ့ အမှုကိစ္စတွေကို ပြုလုပ်တဲ့အခါမှာ
တလေးတစား လုပ်ဆောင်ခဲ့တယ်။ လူအပေါင်းတို့ဟာလည်း ထာဝရ ဘုရားသခင်ရဲ့ တောက်ပတဲ့ တန်ခိုးအသရေတော်ကို
ဖူးမြင်ကြရတာပေါ့ ကွယ်။
နောက်ပြီးထာဝရဘုရားသခင်ဟာ မီးလျှံကို ရုတ်တရက်ကျ
ရောက်စေပြီးတော့ ယဇ်ပလ္လင်ပေါ်ရှိ မီးရှို့ရာ ယဇ်ကောင်နဲ့အဆီတွေကို လောင်ကျွမ်းစေတယ်။
လူတွေက သိမြင်ကြတဲ့အခါ တရိုတသေကြွေး ကြော်ပြီး ပျပ်ဝပ်ကြတယ်။
ကလေးတို့ရေ၊ အာရုန်နဲ့သားတွေဖြစ်ကြတဲ့
နာဒပ်နဲ့အဘိဟုတို့ ဟာ သူတို့ရဲ့တစ်ဦးစီနဲ့ဆိုင်တဲ့ မီးကျည်ခံတဲ့လင်းပန်းတွေကို ယူပြီး
မီး သွေးထည့်ကြတယ်တဲ့ကွယ်။ နောက်နံ့သာကိုဖြူးပြီး ထာဝရဘုရားသခင် ကိုပူဇော်လိုက်ကြသတဲ့။
ဒါပေမယ့် သူတို့ဒီလိုပူဇော်ဖို့ ဘုရားသခင်က အားမပေးတဲ့
အကွက်ကြောင့် အဲဒီမီးဟာ သန့်ရှင်းတဲ့မီးမဟုတ်ဘူးပေါ့။ ဒါကြောင့်
ချက်ချင်းပဲသူတို့အပေါ်မှာ လောင်မီးကျပြီး သေဆုံးသွားကြသတဲ့ကွယ်။
ဒီအခါမှာမောရှေဟာ အာရုန်ကိုပြောတာပေါ့။
ဘယ်လိုပြောလဲ ဆိုတော့ “အာရုန်. . ထာဝရဘုရားသခင်ကပြောတယ်။ သူရဲ့ အမှုတော်ကို ဆောင်ရွက်တဲ့လူအပေါင်းတို့ဟာ
သူရဲ့သန့်ရှင်းခြင်း ဂုဏ်ကျေးဇူးတော် ကို ရိုသေလေးစားကြရမယ်။ သူ့လူမျိုးတော်ကို
တန်ခိုးတော်ထင်ရှားစေ မယ်ဆိုပြီး” ပြောတဲ့အခါမှာ အာရုန်ဟာ ဘာမှမပြောတော့ဘဲ
တိတ်တိတ် ဆိတ်ဆိတ်နေလိုက်သတဲ့ကွယ်။ နောက်ပြီး မောရှေဟာ အာရုန်ရဲ့ဦးရီး တော်ဩဇေလရဲ့သား
တွေဖြစ်ကြတဲ့ မိရှေလနဲ့ဧလဇာဖန်တို့ကို ခေါ်ပြီး “သင်တို့ညီအစ်ကိုတွေရဲ့ အလောင်းတွေကို
သန့်ရှင်းရာတဲတော်မှစခန်း အပြင်ကို ထုတ်ဆောင်ပြီးသွားကြပါ” လို့ ခိုင်းလိုက်တယ်။
အဲဒီအခါမှာ မိရှေလနဲ့ဧလဇာဖန်တို့ဟာ
မောရှေခိုင်းတဲ့အတိုင်း အလောင်းတွေကို လက်နဲ့မထိမကိုင်မိစေဖို့ အဝတ်အင်္ကျီတွေက ဆွဲပြီး
စခန်းအပြင်ကို ထုတ်ဆောင်သွားကြသတဲ့ကွယ်။
နောက်ပြီး မောရှေက အာရုန်နဲ့ သူရဲ့တခြားသားတွေဖြစ်ကြတဲ့
ဧလာဇာနဲ့ဣသမာတို့ကို “သင်တို့ဟာ သေဆုံးတဲ့လူတွေအတွက် ဝမ်း နည်းကြေကွဲခြင်းပြဖို့
ဆံပင်ကိုမဖြီးဘဲမနေကြနဲ့၊ အဝတ်အင်္ကျီတွေကို လည်း မဆုတ်ဖြဲကြနှင့်၊
သင်တို့ဒီလိုလုပ်ရင်တော့ အသက်ဆုံးလိမ့်မယ်။ ဒါပေမယ့် သင်တို့ရဲ့သွေးချင်းသားချင်းတွေဖြစ်တဲ့
ဣသရေလအမျိုးသား အပေါင်းတို့ကတော့ လောင်မီးကျပြီးသေဆုံးတဲ့လူတွေအတွက် ဝမ်းနည်းကြေကွဲကြောင်းကို
ပြနိုင်တယ်။ သင်တို့ကတော့ ထာဝရဘုရားသခင်ရဲ့
သိက္ခာတင်ဆီလောင်းပြီး
အပ်နှံထားတဲ့လူတွေဖြစ်တဲ့အတွက် သင်တို့ ဟာ တဲတံခါးကနေထွက်ခွာပြီး မသွားရဘူး”
ဆိုပြီး မောရှေကမှာထား သတဲ့ကွယ်။ ဧလာဇာနဲ့ ဣသမာတို့လည်း မောရှေမှာထားတဲ့အတိုင်းပဲ လိုက်နာကြတာပေါ့။
ကလေးတို့ရေ. . .
ထာဝရဘုရားသခင်ဟာ ယဇ်ပုရောဟိတ်တွေ လိုက်နာရမယ့် စည်းကမ်းချက်နဲ့ပညတ်ချက်တွေကို
ချမှတ်ထားတယ် ကွယ့်။ မလိုက်နာတဲ့လူ၊ ချိုးဖောက်တဲ့လူ၊ ရိုသေလေးစားခြင်းမရှိတဲ့ လူ ကတော့
ချက်ချင်းပြစ်ဒဏ်ခံရတာပါပဲ။
ဒါကြောင့်လည်း အာရုန်ရဲ့သားတွေဖြစ်တဲ့
နာဒပ်နဲ့အဘိဟုတို့ ဟာ ဘုရားသခင်စကားကို နားမထောင်ဘဲ ကိုယ်ထင်ရာကိုယ်စွတ်လုပ် ကြတဲ့အတွက်
ချက်ချင်းသူတို့အပေါ် လောင်မီးကျပြီး သေဆုံးကြရတာ ပေါ့ကွယ်။
ကလေးတို့အားလုံးလည်း ဘုရားသခင်က ချမှတ်ထားတဲ့ ပညတ်
တော်တွေကို နားလည်စောင့်ထိန်းရမယ့်အပြင် မိဘ၊ ဆရာ သမားတွေရဲ့ စကားတွေ ချမှတ်ထားတဲ့
စည်းကမ်းတွေကို လိုက်လျှောက်နားထောင် တတ်တဲ့ကလေးတွေဖြစ်ကြပါစေကွယ်။
အခန်းကြီး - ၄၀
ပုံပြင်-၄ဝ
ဆောင်ရန်ရှောင်ရန်အစားအစာများ
ဝတ်ပြုရာ
၁၁း၁-၄၆
ကလေးတို့ရေ. . .
ဘုရားသခင်ဟာ ဣသရေလအမျိုးသားတွေ ကနေ၊ ဒီနေ့အသက်ရှင်နေတဲ့လူသားတွေတိုင်အောင်
အစားအစာနဲ့ ပတ် သက်ပြီး စားသင့်တဲ့အစားအစာ၊ မစားသင့်တဲ့အစား အစာဆိုပြီး တိရစ္ဆာန် တွေကိုခွဲခြားထားပါတယ်ကွယ်။
ဒီအစားအစာတွေနဲ့ပတ်သက်ပြီး
မောရှေနဲ့အာရုန်တို့ကနေ တစ် ဆင့်မှာထားသတဲ့ကွယ်။ ဘယ်လိုမှာထားသလဲဆိုတော့
ကုန်းသတ္တဝါ တွေအထဲမှာ ခွာကွဲပြီးစားမြုံ့ပြန်တတ်တဲ့တိ ရစ္ဆာန်ရဲ့အသားကို စားနိုင်
တယ်။ ဒါတွေကတော့ နွား၊ ကျွဲ၊ သမင်၊ ဒရယ်၊ ချေ၊ စိုင်၊ ဆတ် ဆိုတဲ့ တိရစ္ဆာန်တွေပေါ့။
ဒါပေမယ့် ကုလားအုတ်၊ ခွေးတူဝက်တူနဲ့
ယုန်တို့ရဲ့အသား ကို မစားရပါဘူး။ ဒီတိရစ္ဆာန်တွေဟာ စားမြုံ့ပြန်တတ်ပေမယ့်
ခွာမကွဲတဲ့ အတွက် စားဖို့မသန့်ရှင်းဘူးဆိုတာ မှတ်ရမယ်တဲ့ကွယ်။ နောက်ပြီးဝ က်သားကိုလည်းမစားရဘူး။
ဘာကြောင့်လည်းဆိုရင် ဝက်ဟာ ခွာကွဲပေ မယ့် စားမြုံ့မပြန်တဲ့အတွက်
စားဖို့မသန့်ရှင်းဘူးဆိုတာ မှတ်ရမယ်။ ဝက်သားကို စားတဲ့အတွက် လူတွေဟာ
သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အသည်းအဆီဖုံးရောဂါတွေရရှိလာတာပေါ့။
ဒါကြောင့် ဆရာဝန်တွေက များသောအားဖြင့် ဝက်သားကို
ရှောင် ဖို့သတိပေးကြတာပေါ့ကွယ်။
နောက်ပြီး ငါးတွေထဲမှာတော့ ဆူးတောင်နဲ့အကြေးရှိတဲ့ ငါးတွေ ကိုသာစားရမယ်လို့
ပြောထားတယ်။ ဆူးတောင်နဲ့အကြေးမရှိတဲ့ ငါးတွေ ကတော့ အင်မတန်မှ အဆိပ်ပြင်းတာကိုးကွယ့်။
ဘယ်အထိ ငါးအဆိပ် ပြင်းသလဲဆိုရင် အကြေးမရှိတဲ့ ငါးရဲ့ကိုယ်အရေပြားမှ အကျိအချွဲ အရည်
တွေကို ယုန်ပေါက်ကလေးတစ်ကောင်ရဲ့နားထဲကို ထည့်လိုက်မယ်ဆို ရင် မကြာခင်မှာဘဲ
ယုန်ပေါက်ကလေးဟာ သတိမေ့မြောပြီး သေသွားတဲ့ အထိဖြစ်သွားတယ်ဆိုတာ
ဆေးသိပ္ပံသုတေသီတစ်ယောက်က စမ်းသပ် တွေ့ရှိသွားတယ်လို့ သိရှိရပါတယ်ကွယ်။
ငှက်အမျိုးအစားထဲမှာဆိုရင် လင်းယုန်ငှက်၊
ဇီးကွက်၊ သိန်း ငှက်၊ လင်းတ၊ ကျီး၊ ငှက်ကုလားအုတ်၊ စင်ရော်၊ ငှက်ကျား၊ ဗျိုင်း၊
ငှက်ကြီးဝန်ပို၊ တင်ကျီးငှက်၊ တောင်သူဘီးနှင့်လင်းနို့ဆိုတဲ့ငှက်တွေကို မစားရဘူးကွယ့်။
မသန့်ရှင်းတဲ့အတောင်ရှိတဲ့ ပိုးကောင်ငယ်၊
တွားသွားတတ်တဲ့ တိရစ္ဆာန်အကောင်ငယ်လေးတွေကိုလည်းမစားရဘူးကွယ့်။ကျိုင်းကောင်၊
ပရစ်နဲ့နှံကောင်တွေကိုတော့ စားလို့ရတယ်တဲ့ကွယ်။
နောက်ထူးခြားချက်တစ်ခုက အသွေးကိုလည်း မစားရ၊
အလို အလျောက်သေတဲ့အကောင်ကိုမစားရ။ ဘာကြောင့်လဲဆိုရင် သွေးဟာ အသက်ဖြစ်တယ်။
အပြစ်ကိုပြေစေတယ်လို့ ဘုရားသခင်က မောရှေကို မိန့်တော်မူသတဲ့ကွယ်။
ပုရောဖက်ဟေရှာယကလည်း ဝက်သား၊ ကြွက်သား၊
ရွံရှာဖွယ် ကောင်းတဲ့အရာကိုစားပြီး စာတန်နောက်လိုက်တဲ့သူတို့ဟာ ပျက်စီးခြင်း ကိုရောက်လိမ့်မယ်လို့ပြောခဲ့တယ်။
ဒါကြောင့် မွန်မြတ်တဲ့အစားအစာတွေကိုသာ စားသောက်ကြရ
ပါမယ်။ ကလေးတို့ရေ၊ လူတွေအတွက် အန္တရာယ်ဖြစ်စေတာတော့ အရက်ဖြစ်တယ်။ အရက်ကို
တာရှည်သောက်ခြင်းဖြင့် အစာအိမ်ရောဂါ၊ အသည်းရောဂါ၊ အသည်းကျွတ်နာ၊ သွေးတိုး၊
လေဖြတ်ရောဂါ၊ နှလုံး ရောဂါတွေဖြစ်ပြီး နောက်ဆုံးအသက်သေဆုံးသွားနိုင်တဲ့အထိ လူကို ဒုက္ခ
ပေးနိုင်တယ်။
နောက်ပြီး ကွမ်းရွက်၊ ကွမ်းသီးတွေဟာ
တစ်ခုချင်းအနေနဲ့ ဆေး ဖက်ဝင်ပေမယ့် ထုံး၊ ရှားစေး၊ ဆေးရွက်ကြီးတွေနဲ့ အခြား ဆေးတွေ
ရောထားတဲ့ကွမ်းယာကတော့ လူတွေအတွက် သွားဖုံးကင်ဆာ၊ လျှာ ကင်ဆာ၊ ပါးစောင်ကင်ဆာ၊
ကျောက်ကပ်ပျက်စီးစေတဲ့ရောဂါတွေ ရနိုင် တယ်ကွယ့်။
နောက်တစ်ခုကတော့ ဆေးလိပ်တွေပဲ၊
ဆေးလိပ်အမျိုးမျိုး လူ တွေလုပ်တတ်ကြတယ်။ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်၊ စီးကရက်နဲ့
တခြားဆေးတွေထည့်ပြီး သောက်တဲ့ဆေးလိပ်တွေပေါ့။ ဘယ်ဆေးလိပ် ပဲဖြစ်ဖြစ်၊
သောက်ရင်လူတွေအတွက် ကျန်းမာရေးထိခိုက်မှာပါပဲ။ ဖြစ် တတ်တဲ့ရောဂါတွေကတော့
အဆုတ်ကင်ဆာ၊ လေပြွန်ကင်ဆာ၊ ပါးစပ် လျှာကင်ဆာ၊ နှုတ်ခမ်းအာခေါင်တွေကို အန္တရာယ်ဖြစ်စေတယ်ကွယ့်။
ဆေးလိပ်သောက်တဲ့ လူကြီးမိဘတွေနဲ့အတူနေတဲ့
မွေးကင်းစ ကလေးတွေနဲ့ အရွယ်မရောက်တဲ့ ကလေးသူငယ်တွေဟာ အဆုတ်ပြွန် ရောင်၊
အဆုတ်အမြှေးပါးရောင်၊ ပန်းနာရင်ကျပ်အသက်ရှူကျပ်၊ နား ကိုက်၊
နားပြည်ယိုတာတွေအဖြစ်များတယ်တဲ့ကွယ်။
ကလေးတို့ရေ. . . ဘုရားသခင်က လူတွေစားသောက်ရမယ့်
အစားအစာ၊ မစားသောက်ရမယ့် အစားအစာဆိုပြီး ခွဲခြားထားတာ အကြောင်းရှိပါတယ်ကွယ့်။
တချို့တိရစ္ဆာန်တွေရဲ့အသားတွေဟာ လူတို့ ကို ရောဂါဘယတွေ ဖြစ်ပွားစေနိုင်တဲ့အတွက်ကြောင့်
မစားစေတာ ဖြစ်တယ်။
တချို့တိရစ္ဆာန်တွေဆိုရင် လူတွေစားတဲ့အခါ
မတည့်လို့ အရေ ပြားတွေကိုပျက်စီးစေတယ်။ သွေးသားနဲ့မတည့်ရင် အနာရောဂါတွေ ဖြစ် ပွားစေတာပေါ့။
တစ်ချိန်တုန်းက လူတွေမသိပေမယ့် အခုခေတ်သိပ္ပံ ပညာ၊ ဆေးပညာတွေတိုးတက်လာတာနဲ့အမျှ
ရောဂါအတော်များများ ဟာ အစားအစာတွေကြောင့်ဖြစ်တယ်ဆိုတာ ဆရာဝန်တွေ၊ ဆေးသုတေ သီတွေ ကတွေ့ရှိလာကြပါပြီ။
ဒါကြောင့်အစားအစာတွေကို စားသုံးတဲ့ အခါမှာ
ခွန်အားရှိမယ့်အစားအစာ၊ အာဟာရပြည့်ဝပြီး လူတွေအတွက် အကျိုးရှိမယ့်
အစားအစာတွေကိုစားသုံးကြရမယ်။
ဒါကြောင့်ကလေးတို့လည်း စားသင့်တဲ့အစားအစာ၊
မစားသင့်တဲ့ အစားအစာကို ခွဲခြားပြီးစားသောက်တတ်တဲ့ ကလေးတွေဖြစ်ကြပါစေကွယ်။
အခန်းကြီး - ၄၁
ပုံပြင်-၄၁
လေထဲမှငုံးငှက်များ
တောလည်ရာ
၁၁း၄-၃၅
ကလေးတို့ရေ. . .
မောရှေဆိုတဲ့ ပုဂ္ဂိုလ်ကြီး ဦးဆောင်လာပြီး အီဂျစ်ပြည်ကနေ ထွက်လာခဲ့တဲ့
ဣသရေလအမျိုးသားတွေရော၊ ဣသ ရေလအမျိုးသားတွေနဲ့အတူ ပါလာတဲ့ အီဂျစ်နိုင်ငံသားတွေရော၊
အသား ကိုစားချင်လွန်းလို့ တောင့်တကြသတဲ့ကွယ်။
နောက်ပြီးသူတို့က “ငါတို့ဟာ အီဂျစ်ပြည်မှာ
ငါးကိုအဖိုးအခ မပေးရဘဲ လိုသလောက်စားရတယ်။ သခွားသီး၊ ဖရဲသီး၊ ကြက်သွန် မြိတ်၊
ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေလည်း စားရပါတယ်။ ဒါပေမယ့် အခုငါတို့ အားအင်ကုန်ခန်းပြီး
တစ်နေ့ပြီးတစ်နေ့ ဒီမန္နမုန့်အပြင် စားစရာမရှိဘူး” ဆိုပြီး ညည်းတွားကြသတဲ့ကွယ်။
ကလေးတို့ရေ. . .
မန္ဒမုန့်ဟာ ဝါဖျော့ဖျော့အရောင်ရှိတဲ့ သစ်စေ့ ကလေးတွေနဲ့တူတယ်။ ညအခါနှင်းနဲ့အတူ
စခန်းထဲကို ကျတယ်တဲ့ ကွယ်။ မနက်အချိန်မှာ လူတွေဟာ လှည့်လည်စုသိမ်းပြီး ကြိတ်လို့ပဲ
ဖြစ်ဖြစ်၊ ထောင်းပြီးတော့ပဲဖြစ်ဖြစ်၊ မုန့်ညက်ပြုလုပ်ကြတယ်။ နောက် မုန့်ညက်ကိုပေါင်းပြီး
မုန့်ပြားပြုလုပ်ကြရတယ်။ အရသာဟာ သံလွင်ဆီနဲ့ ဖုတ်ထားတဲ့မုန့်အရသာနဲ့တူတယ်လို့ဆိုတယ်ကွယ့်။
ဣသရေလလူတွေဟာ သူတို့ရဲ့တဲဝအသီးသီးမှာစုရုံးပြီး
ညည်း ညူနေကြတဲ့အသံကို မောရှေကြားသတဲ့ကွယ်။ မောရှေက စိတ်မချမ်း မသာဖြစ်တာပေါ့။
ဒီလိုနဲ့မောရှေက ဘုရားသခင်ကို “ကိုယ်တော်ဘုရား
သခင်ကိုယ်တော်၊ ဘာဖြစ်လို့ ကျွန်ုပ်ကို
ဆင်းရဲဒုက္ခရောက်စေပါသလဲ၊ ကျွန်ုပ်ဟာ ရှေ့တော်မှာဘာဖြစ်လို့မျက်နှာမရပါသလဲ၊
ဒီလူတွေအတွက် ကျွန်ုပ်ကိုဘာကြောင့်တာဝန်ပေးတော်မူပါသလဲ၊ ကိုယ်တော်ဟာ သူတို့ရဲ့ ဘိုးဘေးတို့ကိုပေးမယ်လို့
ကတိထားတော်မူတဲ့ပြည်ကို သွားရာလမ်းတစ် လျှောက်လုံးမှာ ဘာဖြစ်လို့ ကျွန်ုပ်ကို ကလေးထိန်းလို
သူတို့ကို ပိုက်ချီ ဆောင်ယူသွားစေပါသလဲ၊ ဒီလူတွေစားဖို့အသားကို ကျွန်ုပ်ဘယ်မှာရှာရ
မလဲ၊ သူတို့ဟာ အသားကိုတောင်းပြီး ညည်းတွားနေကြတယ်။
“ဒီလူတွေအတွက် ကျွန်ုပ်တစ်ဦးတည်း တာဝန်မယူနိုင်ပါဘူး။
ဒီတာဝန်ဟာ ကျွန်ုပ်အတွက် ကြီးလေးလွန်းတယ်။ ဒီတာဝန်ကို ထမ်း ဆောင်ရမယ်ဆိုရင်
ကိုယ်တော်ဟာ ကျွန်ုပ်ကို သနားသောအားဖြင့် အခုပဲ အသက်သေစေပြီး ဆင်းရဲဒုက္ခမှ ကင်းလွတ်စေတော်မူပါ”
ဆိုပြီး ဘုရား သခင်ကိုလျှောက်ထားသတဲ့ကွယ်။
နောက်ပြီးဘုရားသခင်က မောရှေကို
“ဣသရေလအမျိုးသားထဲ မှ ဂုဏ်သရေရှိသူ ခေါင်းဆောင်ခုနစ်ဆယ်ကို တဲတော်မှာ လာရောက်
စုရုံးပြီး သင်နဲ့အတူရပ်စေပါ။ ငါသင်နဲ့အတူ စကားပြောမယ်။ သင့်ကို
ပေးတဲ့စွမ်းရည်တချို့ကိုယူပြီး သူတို့ကိုပေးမယ်။”
အဲဒီအခါမှာ အဲဒီလူတွေထမ်းရတဲ့တာဝန်ကို သူတို့ဟာ
သင့်ကို ကူညီနိုင်တဲ့အတွက် အဲဒီတာဝန်ကို သင်တစ်ဦးတည်း ထမ်းဆောင်ဖို့ မလို တော့ပါဘူး။
သင်ဟာ သူတို့ကို ဘယ်လိုမှာကြားရမလဲဆိုတော့ သူတို့ ကိုယ်ကိုသူတို့သန့်စင်စေရမယ်။
အသားကိုလည်း စားစေရမယ်။ အသား ကို တစ်ရက်နှစ်ရက်မက ဆယ်ရက်၊ အရက်နှစ်ဆယ်မကဘဲ အသားဟာ
သူတို့နားကထွက်ပြီး အသားကိုရွံ့မုန်းလာတဲ့အထိ တစ်လလုံးလုံးစားရ မယ်။
“ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အီဂျစ်ပြည်ကို တသပြီး သူတို့နဲ့ အတူရှိတဲ့ဘုရားသခင်ကို
ပစ်ပယ်ပြီး ညည်းညူကြတဲ့အတွက်ကြောင့် ဖြစ်တယ်လို့" မောရှေကို မိန့်တော်မူသတဲ့ကွယ်။
ဒီအခါမောရှေဟာ တဲတော်အထဲကနေထွက်လာပြီး ဘုရားသခင်
ပြောကြားတဲ့အတိုင်း လူတွေကိုပြန်ပြောပြသတဲ့ကွယ်။
မောရှေဟာ
ဣသရေလလူအမျိုးသားခေါင်းဆောင်ခုနစ်ဆယ်ကို ခေါ်ပြီး တဲတော်ပတ်လည်မှာ ရပ်စေသတဲ့ကွယ်။
အဲဒီအချိန်မှာ ထာဝရ ဘုရားသခင်ဟာ မောရှေနဲ့စကားပြောတာပေါ့။ ထာဝရဘုရားသခင်ဟာ
မောရှေကို ပေးထားတဲ့စွမ်းရည်လို ခေါင်းဆောင်ခုနစ်ဆယ်ကို ပေးအပ် တယ်။ သူတို့လည်း စွမ်းရည်တွေကိုခံယူပြီး
ရရှိတဲ့အခါ ပုရောဖက်တွေလို ကြွေးကြော်ကြသတဲ့ကွယ်။
ခေါင်းဆောင်ခုနစ်ဆယ်ထဲမှ ဧလဒဒ်၊
မေဒဒ်ဆိုသူနှစ်ဦးက တဲ တော်ထဲမသွားဘဲ စခန်းထဲမှာကျန်ရစ်ခဲ့ပေမယ့် သူတို့အပေါ်
ဝိညာဉ် တော်ဆင်းသက်လာတဲ့အခါမှာ သူတို့လည်း ပုရောဖက်တွေလို ကြွေး ကြော်ကြတယ်။
နောက်ပြီး မောရှေနဲ့ဣသရေလ အမျိုးသားခေါင်းဆောင်တွေဟာ
စခန်းကိုပြန်သွားကြသတဲ့ကွယ်။ ထာဝရဘုရားသခင်ဟာ ပင်လယ်ဘက် မှလေကိုတိုက်စေတဲ့အတွက်
လေနဲ့အတူငုံးတွေပါလာတယ်။ အဲဒီငုံးတွေ ဟာ မြေပြင်အထက်သုံးပေအမြင့်မှပျံသန်းလာပြီး
စခန်းအတွင်းနဲ့ အပြင် မိုင်များစွာပတ်လည်အနှံ့အပြားမှာနားကြသတဲ့ကွယ်။
ဒါကြောင့်လူတွေဟာ တစ်နေ့လုံးတစ်ညလုံး
နောက်နေ့တစ်နေ့ လုံး ငှက်တွေကိုဖမ်းဆီးကြတယ်။ လူတစ်ဦးမှာ ငုံးငှက်တင်းငါးဆယ်
လောက်ဖမ်းမိတယ်။
စခန်းပတ်လည်မှာ ငှက်တွေကိုဖြန့်ပြီး အခြောက် လှမ်းကြသတဲ့ကွယ်။ လူတွေဟာ
ငုံးငှက်သားတွေကို အစားများတဲ့ အတွက် ကပ်ရောဂါတွေလည်းကျရောက်သတဲ့ကွယ်။
ကလေးတို့ရေ. . ဣသရေလလူတွေဟာ အသားမစားရတဲ့အခါ
အားကုန်ခန်းတယ်ဆိုပြီး ညည်းညူကြတယ်။ အသားကို ဘုရားသခင် ကျွေးတဲ့အခါမှာလည်း
ဆင်ခြင်မစားတဲ့အတွက် ကပ်ရောဂါတွေကျ ရောက်တဲ့အထိ စားသောက်ကြလို့ တချို့သေခဲ့ကြရတယ်။
ဒါကြောင့် ကလေးတို့လည်း
နေ့စဉ်စားသောက်နေထိုင်တဲ့အခါ မညည်းညူဘဲရှိတာနဲ့ ရောင့်ရဲတင်းတိမ် ကျေးဇူးတော်ချီးမွမ်းပြီး
စား သောက်နေထိုင်တတ်ကြပါစေကွယ်။
အခန်းကြီး - ၄၂
ပုံပြင်-၄၂
ဒဏ်ခတ်ခံရသောမိရိအံ
တောလည်
၁၂း၁-၁၆
ကလေးတို့ရေ. . .
အီဂျစ်ဘုရင်မမွေးစားခဲ့တဲ့ ရေထဲက ကလေး လေးတစ်ယောက်ဖြစ်တဲ့မောရှေဟာ
သူရဲ့ညီအစ်ကိုမောင်နှမအရင်းတွေ ရှိတာပေါ့ကွယ်။ မောင်နှမအရင်းတွေအထဲမှ အာရုန်နဲ့
မိရိအံဟာ သူ့ အစ်ကိုနဲ့အစ်မတွေဖြစ်တယ်။ မောရှေဟာ အရွယ်ရောက်လာလို့ ဘုရား သခင်က
ဣသရေလလူမျိုးတွေကို အီဂျစ်ပြည်ကနေ ထုတ်ဆောင်ဖို့ တာဝန်ပေးချိန်မှာ
သူ့အစ်ကိုနဲ့အစ်မဖြစ်တဲ့ အာရုန်နဲ့မိရိအံလည်း ပါလာ တာပေါ့ကွယ်။
အာရုန်နဲ့မိရိအံဟာ သူတို့ညီ၊ မောင်ဖြစ်တဲ့
မောရှေကို သိပ်ပြီး ချစ်ကြသတဲ့ကွယ်။ ဒီလိုနဲ့မောရှေဟာ အရွယ်ရောက်တဲ့အခါ
မိဒျန်အမျိုး သမီးနဲ့စုံဖက်တာကို အာရုန်နဲ့မိရိအံတို့သိတဲ့အခါ စိတ်ဆိုးကြပြီး
မောရှေ ကိုအပြစ်တင်ကြတာပေါ့ကွယ်။
အာရုန်နဲ့မိရိအံက “ထာဝရဘုရားသခင်ဟာ
မောရှေအားဖြင့်သာ လျှင် မိန့်ကြားတော်မူသလား၊ ငါတို့အားဖြင့်လည်း
မိန့်ကြားတော်မမူဘူး လား” လို့ ပြောကြသတဲ့ကွယ်။ အဲဒီစကားကို ထာဝရဘုရားသခင်က ကြားတော်မူသတဲ့။
ဒါနဲ့ချက်ချင်းပဲ ထာဝရဘုရားသခင်က မောရှေရယ်၊
အာရုန်ရယ်၊ မိရိအံတို့ သုံးယောက်ကို တဲတော်ဆီလာဖို့ ခေါ်လိုက်သတဲ့ကွယ်။ သူတို့ သုံးယောက်ဟာ
တဲတော်ကိုရောက်တဲ့အခါမှာ ဘုရားသခင်ဟာ မိုးတိမ် အားဖြင့်ကြွလာပြီး
တဲတော်ရဲ့တံခါးဝမှာ ရပ်နေပြီး “အာရုန်၊ မိရိအံ” လို့
ခေါ်လိုက်တယ်။
အဲဒီအခါ သူတို့နှစ်ဦးဟာ ထွက်လာတယ်။ ဘုရားသခင်က
“ငါမိန့် တော်မူသမျှကို နားထောင်ပါ။ သင်တို့မှာ ပုရောဖက်တွေရှိတဲ့အခါ သူတို့ ကို
အိပ်မက်နဲ့ဖြစ်စေ၊ မြင်ခြင်းနဲ့ဖြစ်စေ ဖေါ်ပြပေးတယ်။ ငါရဲ့အစေခံ မောရှေက ဒီလိုမဟုတ်ဘူး။
ငါရဲ့လူမျိုးတော် ဣသရေလအမျိုးသား အပေါင်းတို့ကို သူရဲ့လက်မှာ ငါအပ်ထားပြီး
အဲဒီအတွက်ကြောင့် ငါဟာ သူနဲ့အတူ မျက်နှာချင်းဆိုင်ပြီး ရှင်းရှင်းလင်းလင်း
ပြတ်ပြတ်သားသား စကားပြောဆိုတယ်။
စကားဝှက်နဲ့လည်း ပြောဆိုတာမရှိဘူး။ သူဟာ
ငါ့ပုံသဏ္ဌာန် တော်ကိုတောင် မြင်တွေ့ဖူးတယ်။ သင်တို့ဟာ ငါရဲ့အစေခံကျွန် မောရှေ ကို
ဘာဖြစ်လို့ အပြစ်တင်ပြောဆိုဝံ့သလဲ” ဆိုပြီး မိန့်တော်မူသတဲ့ကွယ်။ ဒီလိုပြောဆိုပြီး
ဘုရားသခင်ဟာပြန်ကြွသွားသတဲ့။
မကြာခင်မှာဘဲ မိရိအံမှာကြောက်စရာကောင်းတဲ့
ကိုယ်ရေပြား ရောဂါစွဲကပ်တဲ့အတွက် တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူလာသတဲ့ကွယ်။
ဒါနဲ့အာရုန်ဟာ မိရိအံရဲ့ကိုယ်မှာ ကိုယ်ရေပြားရောဂါစွဲတာကိုမြင်တဲ့အခါ မှာ
မောရှေဆီသွားပြီး “မောရှေ၊ တို့တတွေရဲ့ မိုက်မဲတဲ့အပြစ်ကြောင့် ဒဏ်မခံရပါစေနဲ့။
ဖွားစကပင် ကိုယ်ခန္ဓာတစ်ဝက်ကို ပုပ်ပျက်တဲ့အသေ ကောင်လို မိရိအံမဖြစ်ပါစေနဲ့”
ဆိုပြီး တောင်းပန်တာပေါ့ကွယ်။
ဒီလိုနဲ့မောရှေဟာ သူ့အစ်မမိရိအံရဲ့ရောဂါ ပျောက်ကင်းစေဖို့
ဘုရားသခင်ကို အော်ဟစ်တောင်းလျှောက်တော့တာပဲတဲ့ကွယ်။ ဘုရား သခင်က မောရှေကို ဘာပြောလဲဆိုတော့
တကယ်လို့ သူရဲ့ ဖခင်ဟာ သူမရဲ့မျက်နှာကို တံတွေးနဲ့ထွေးရင် သူဟာခုနစ်ရက်ပတ်လုံး
အရှက်ခွဲခံ
ရမယ်မဟုတ်လား။
“မိရိအံကိုစခန်းအပြင်မှာ ခုနစ်ရက်လောက် သီးခြားနေထိုင်စေ
ပါ။ ခုနစ်ရက်စေ့ရင် သူ့ကိုစခန်းအထဲကို ပြန်လည်ခေါ်ဆောင်စေရမယ်”
လို့မိန့်တော်မူသတဲ့ကွယ်။
ဒါကြောင့်မောရှေဟာ သူ့အစ်မမိရိအံကို
စခန်းအပြင်ဘက်ကို ခုနစ်ရက်သီးခြားနေထိုင်ဖို့ ထုတ်ထားတာပေါ့ကွယ်။ မိရိအံစခန်းထဲကို
ပြန်ရောက်မှ လူတွေဟာဆက်လက်ပြီး ခရီးဆက်ထွက်ကြသတဲ့ကွယ်။
မောရှေတို့အဖွဲ့ဟာ ဟာဇရုတ်စခန်းမှ ထွက်ခွာပြီး
ပါရန်လို့ခေါ် တဲ့ တောမှာ စခန်းချကြပြန်သတဲ့ကွယ်။
ကလေးတို့ရေ. . မောရှေဟာ စိတ်နှိမ့်ချတဲ့သူ ဖြစ်တယ်ကွယ့်။
ဘုရားသခင်ရဲ့စိတ်တော်နဲ့တွေ့ပြီး ဣသရေလလူမျိုးတွေကို ဦးဆောင်ဖို့ ဘုရားသခင်က
သူ့ကိုတာဝန်ပေးအပ်ထားတာဖြစ်တယ်။ ဒါကိုသူ့အစ်ကို နဲ့အစ်မဟာ ခေါင်းဆောင်မောရှေကို
ဆူပူပြစ်တင်ပြောဆိုလုပ်တဲ့အခါမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ကိုယ်ရေပြားရောဂါ
မိရိအံကို စွဲကပ်သွား တာပေါ့ကွယ်။ ဒါဟာ ဘုရားသခင်ခန့်အပ်ထားတဲ့ ခေါင်းဆောင်တွေကို အပြစ်တင်ဝေဖန်ရှုတ်ချရင်
အပြစ်ဒဏ်ခံရတတ်တယ်ဆိုတဲ့ သင်ခန်းစာ ပေါ့ကွယ်။
ဒါကြောင့်ကလေးတို့လည်း မိမိတို့ရဲ့အတန်း၊
မိမိတို့ရဲ့ကျောင်းနဲ့ မိမိတို့ရဲ့အသင်းတော်မှာ
ဘုရားသခင်ခန့်အပ်ထားတဲ့ခေါင်းဆောင်တွေရှိလိမ့်မယ်။ ဒီခေါင်းဆောင်တွေရဲ့ဦးဆောင်ဦးရွက်ပေးတာကို
ပြစ်တင်ဝေဖန်ရှုတ်ချမှုမရှိဘဲ နောက်လိုက်ကောင်းတွေပီသစွာ နေထိုင်တတ်တဲ့ ကလေးတွေဖြစ်ကြပါစေကွယ်။
အခန်းကြီး - ၄၃
ပုံပြင်-၄၃
မတူညီတဲ့သူလျှိုဆယ့်နှစ်ယောက်
တောလည်ရာ
၁၃။ ၁၄
ကလေးတို့ရေ. . .
ဘုရားသခင်ဟာ မောရှေကို အင်မတန်မှ ကူညီ စောင့်ရှောက်သတဲ့ကွယ်။ မောရှေဦးဆောင်တဲ့ ဣသရေလလူတွေလည်း
ဘုရားသခင်ကတိပေးထားတဲ့ ခါနာန်ပြည်နားကို ရောက်လို့ လာကြတာ ပေါ့ကွယ်။
ခါနာန်ပြည်ကို စုံစမ်းထောက်လှမ်းဖို့ ဣသရေလအနွယ်
တစ်ဆယ့်နှစ်နွယ်မှ ခေါင်းဆောင်တစ်ဦးကျစီရွေးဖို့ ဘုရားသခင်က မော ရှေကို မိန့်တော်မူလိုက်သတဲ့ကွယ်။
မောရှေလည်း ထာဝရဘုရားသခင်မိန့်တော်မူတဲ့အတိုင်း
အနွယ် တစ်ဆယ့်နှစ်နွယ်မှ ခေါင်းဆောင်တစ်ဦးကျစီကို ရွေးပြီး ခန့်ထားလိုက် တာပေါ့။
မောရှေခန့်ထားတဲ့လူတွေဟာ ခါနာန်ပြည်ကို စုံစမ်းထောက် လှမ်းဖို့
စေလွှတ်တဲ့သူလျှိုတွေဖြစ်တယ်။
မောရှေဟာ နုန်ရဲ့သားဩရှေကို ယောရှုဆိုတဲ့နာမည်
ပြောင်းပြီး မှည့်ခေါ်သတဲ့ကွယ်။ မောရှေဟာ အဲဒီသူလျှိုတွေကိုခေါ်ပြီး ဘယ်လိုမှာ ကြားလဲဆိုရင်
“သင်တို့ဒီအရပ်မှ မြောက်အရပ်ဘက်ကို သွားပြီး ခါနာန် ပြည်ရဲ့တောင်ပိုင်းကနေတောင်ကုန်းပေါ်ကိုတက်ပါ။
အဲဒီပြည်ဟာ
ဘယ်လိုပြည်ဖြစ်သလဲ၊ လူဦးရေဘယ်လောက် ရှိလဲ၊ အင်အားဘယ်လောက် တောင့်တင်းလဲဆိုတာ
စုံစမ်းထောက်လှမ်း ကြပါ။
နောက်ပြီး ဒီပြည်ဟာ နေထိုင်လို့ကောင်းမကောင်း၊
မြို့တွေဟာ လည်း တံတိုင်းအကာအရံရှိမရှိ စုံစမ်းထောက်လှမ်းကြပါ။
အဲဒီပြည်ဟာ မြေဩဇာထက်သန်လား၊ မထက်သန်လား၊ တော ထူထပ်လား၊
မထူထပ်လားစုံစမ်းပါ။
“အဲဒီပြည်ကထွက်တဲ့သစ်သီးတချို့ကိုလည်း
ယူခဲ့ကြပါ” လို့ မှာ လိုက်သတဲ့ကွယ်။ ဒီလိုမှာကြားလိုက်ပြီး သူလျှိုတွေကို လွှတ်လိုက်တာ
ပေါ့ကွယ်။ သူလျှိုတွေလည်း မြောက်ဘက်ကိုသွားပြီး အဲဒီပြည်တောင် ဘက် ဇိနခေါ်တဲ့တောမှ
မြောက်ဘက် ဟာမတ်တောင်ကြား အနီးရှိ ရဟောဘမြို့အထိ ရောက်အောင်
စုံစမ်းထောက်လှမ်းကြတယ်ကွယ့်။
ပထမဆုံးပြည်ရဲ့တောင်ပိုင်းကိုဝင်ပြီး
စုံစမ်းတဲ့အခါမှာ ကိုယ်ခန္ဓာ အင်မတန်ထွားကြိုင်းတဲ့ အာနကအမျိုးသားတို့ရဲ့ အဆက်အနွယ်တွေ
ဖြစ်တဲ့ အဟိမန်သားချင်းစု၊ ရှေ့ရှဲသားချင်းစုတွေ၊ တာလမဲသားချင်းစု တွေနေတဲ့
ဟေဗြုန်မြို့ကို ရောက်ရှိလာကြသတဲ့ကွယ်။
နောက်ပြီး သူလျှိုတွေဟာ
ဧရှကောလချိုင့်ဝှမ်းကိုရောက်တဲ့အခါ စပျစ်သီးတစ်ခိုင်ကို ခူးယူကြတယ်တဲ့ကွယ်။
အဲဒီစပျစ်ခိုင်ဟာ အင်မတန် မှ လေးတဲ့အတွက်ကြောင့် လူနှစ်ယောက်ထမ်းပိုးလျှိုပြီး
ထမ်းရသတဲ့ ကွယ်။
သလဲသီးနဲ့ သဖန်းသီးတွေလည်း ယူဆောင်လာကြတာပေါ့။ သူလျှိုတွေဟာ
ခါနာန်ပြည်ကို ရက်ပေါင်းလေးဆယ်စုံစမ်း ထောက်လှမ်း ပြီး မောရှေ၊
အာရုန်နဲ့ဣသရေလအမျိုးသားတို့ စခန်းချတဲ့ ကာဒေရှ စခန်းကိုပြန်လာကြသတဲ့ကွယ်။
သူလျှိုတို့ဟာ မောရှေတို့ဆီ ရောက်တဲ့
အခါမှာ ခါနာန်ပြည်ဟာ အစားအစာကြွယ်ဝကြောင်း၊ သစ်သီးတွေဟာ အဲဒီပြည်က အသီးတွေ ဖြစ်တဲ့အကြောင်း၊
နေထိုင်တဲ့မြို့တွေဟာလည်း အင်အားကြီးတဲ့ တံတိုင်း တွေကာရံထားပြီး လူတွေလည်း
ထွားကြိုင်းတဲ့ လူတွေဖြစ်တယ်ဆိုတာ ပြောပြကြတာပေါ့ကွယ်။
နောက်ပြီး အာမလက်အမျိုးသားတွေဟာ တောင်ပိုင်းမှာ နေထိုင်
တယ်။ ဟိတ္တိအမျိုးသား၊ ယေဗုသိအမျိုးသား၊ အာမောရိ အမျိုးသားတို့ ဟာ
တောင်ကုန်းတွေမှာ နေထိုင်ပြီး ခါနာန်အမျိုးသားတို့ဟာ မြေထဲ ပင်လယ်ကမ်းခြေနဲ့
ယော်ဒန်မြစ်ဝှမ်းတစ်လျှောက်မှာ နေထိုင်ကြတယ် လို့ ပြောပြကြသတဲ့ကွယ်။
ကာလက်ဆိုတဲ့လူကတော့ မောရှေ့ရှေ့မှာ ဘာပြောလဲဆိုတော့
“ငါတို့အဲဒီပြည်ကို ဝင်ရောက်သိမ်းပိုက်ကြရအောင်။ ငါတို့ဟာ အဲဒီပြည် ကို တိုက်ခိုက်အောင်မြင်ပါလိမ့်မယ်”
လို့ပြောတော့ တခြားလူတွေ ငြိမ် သွားကြတာပေါ့။
ဒါပေမယ့် ကာလက်နဲ့အတူ လိုက်ပါသွားကြတဲ့လူတွေကတော့
“ငါတို့ဟာ အဲဒီပြည်ကိုဝင်ရောက်အောင်မြင်မှာမဟုတ်ဘူး။ အဲဒီပြည်က လူတွေဟာ
တော်တော်အင်အားကြီးမားကြတယ်လို့ ပြောရုံမက သူတို့ စုံစမ်းခဲ့တဲ့ပြည်အကြောင်း”
မဟုတ်မမှန်တဲ့သတင်းဖြန့်ကြတယ်။
နောက်ပြီးအဲဒီပြည်က သူတို့ရဲ့ပြည်သားတွေအတွက် တောင်
သီးနှံလုံလောက်အောင် မထွက်ဘူး။ လူတွေဟာလည်း အရပ်မြင့်ပြီး ထွားကြိုင်းကြတယ်။
ငါတို့ဟာ သူတို့ရဲ့ရှေ့မှာ “နှံကောင်လေးတွေလိုပဲ သေးငယ်လှပါတယ်”
လို့ပြောကြသတဲ့ကွယ်။
ဒါနဲ့ပဲ ဣသရေလလူမျိုးတွေဟာ ဒီလိုကြားတော့
မောရှေနဲ့ အာရုန်ကို “အီဂျစ်ပြည်မှာဖြစ်ဖြစ်၊ ဒီမှာဖြစ်ဖြစ်သေရတာမှကောင်းဦး မယ်။
ဘုရားသခင်က ငါတို့ကို ဘာဖြစ်လို့အဲဒီပြည်ကို ပို့ရတာလဲ။ ငါတို့ စစ်ပွဲမှာကျဆုံးရတော့မယ်။
ငါတို့ရဲ့သားမယားတွေလည်း ရန်သူအဖမ်းခံ ရတော့မယ်။ အီဂျစ်ပြည်ကိုပြန်ပို့ဖို့
ခေါင်းဆောင်တစ်ဦးကို ရွေးပါလို့ အချင်းချင်းပြောဆိုပြီးညည်းညူကြပြန်သတဲ့ကွယ်။
ခါနာန်ပြည်ကို စုံစမ်းထောက်လှမ်းတဲ့လူတွေအနက်
ယောရှုနဲ့ ကာလက်တို့ နှစ်ယောက်ကတော့ သူတို့စုံစမ်းတဲ့ ခါနာန်ပြည်ဟာ
နေထိုင်ဖွယ်ကောင်းတဲ့ပြည်ဖြစ်ကြောင်း၊ ဘုရားသခင်ရဲ့စိတ်တော်နဲ့တွေ့ ရင်
အစာရေစာပေါကြွယ်ဝပြီး မြေဩဇာထက်သန်တဲ့ အဲဒီပြည်ကို အပိုင် စားပေးမယ်ဆိုတဲ့အကြောင်း
ပြောပြီး ထာဝရဘုရားသခင်ကို မပုန်ကန် ကြဖို့၊ ခါနာန်ပြည်သားတွေကိုလည်း
မကြောက်ကြဖို့၊ ဘုရားသခင်လည်း အတူရှိပြီး နှိမ်နှင်းအောင်မြင်မယ်။
မကြောက်ကြပါနဲ့လို့ လူတွေကို ပြော တယ်။ လူတွေဟာ ယောရှုနဲ့ကာလက်ကို ခဲနဲ့ပစ်သတ်ဖို့
ကြိုးစားကြတဲ့ အခါမှာ ဘုရားသခင်ရဲ့တန်ခိုးတော်ဟာ ချက်ချင်းပဲ တဲတော်ပေါ်မှာ ထွန်း တောက်ပြီး
တန်ခိုးပြတာသူတို့ တွေ့ရှိသွားတော့ ကြောက်ရွံ့ငြိမ်သက် သွားကြသတဲ့ကွယ်။
ကလေးတို့ရေ. . .
ဣသရေလလူမျိုးတွေဟာ ခါနာန်ပြည်ကို ရောက်ခါနီးတဲ့အထိ သူတို့ကို ကူညီမစစောင့်ရှောက်ခဲ့တဲ့
ဘုရားသခင်ကို အားကိုးယုံကြည်အပ်နှံမှုဟာ မပြည့်ဝကြသေးဘူးကွယ့်။
မဟုတ်မမှန်
လုပ်ကြံညည်းညူကြတုန်းပဲ ရှိကြသေးတယ်။ မှန် ရာကိုသာပြောတဲ့ လူတွေကိုတော့
ပြစ်တင်ငြူစူကြတယ်ကွယ့်။ ဒီလူမျိုး
တွေကို မောရှေက
ဘုရားသခင်တာဝန်ပေးတဲ့အတိုင်း ဆက်ထိန်းရဦးမှာ ပေါ့ကွယ်။
ဒါကြောင့်ကလေးတို့လည်း အခက်အခဲတွေနဲ့ တွေ့ကြုံလာခဲ့ရင်
ဣသရေလလူမျိုးတွေလိုမညည်းညူကြဘဲ ဘုရားသခင်ကိုသာ စိတ်နှလုံး အကြွင်းမဲ့ယုံကြည်အားကိုးနိုင်ကြတဲ့ကလေးတွေသာဖြစ်ကြပါစေကွယ်။

No comments:
Post a Comment