ထိုသခင်သည်တိုးပွားခြင်းရှိရမည်
ရှင်ယောဟန်ခရစ်ဝင်
၃း၂၂-၃၆ ကိုအခြေပြုပါသည်
အခိုက်အတန့်အားဖြင့်
ဗတ္တိဇံဆရာယောဟန်၏ ပြည်သူများအပေါ်ဩဇာသက်ရောက်မှုသည် ယဇ်ပုရောဟိတ်များ၊
ယုဒအကြီးအကဲများနှင့် တိုင်းပြည်အုပ်ချုပ်သူများထက် သာလွန်ခဲ့ပါသည်။ သူသည်
မိမိကိုယ်ကို မေရှိယဖြစ်ကြောင်းကြေညာ၍ ရောမအစိုးရအား ပုန်ကန်ရန်
လှုံ့ဆော်လိုက်မည်ဆိုလျှင် ယဇ်ပုရောဟိတ်များနှင့်တကွ ယုဒလူများသည်
၎င်း၏အလံအောက်တွင် စုရုံးလာကြမည်ဖြစ်ပါသည်။ ကမ္ဘာလောက၏အောင်နိုင်သူများ၏
ရည်မှန်းချက်မျိုးကိုတောင်းခံရန် စဉ်းစားဆင်ခြင်ချက်တိုင်းကိုလုပ် ဆောင်ဖို့
ဆရာယောဟန်အား အားပေးတိုက်တွန်းရန် စာတန်အဆင်သင့်ရှိခဲ့ပါသည်။ သို့သော် ကိုယ်တော်၏
တန်ခိုးတော်အကြောင်းကို မျက်မြင်ကိုယ်တွေ့ထင်ရှားစွာ တွေ့မြင်ခဲ့ရသည့်အတွက်
ဆရာယောဟန်သည် ကြီးကျယ်ခမ်းနားသော ထိုလာဘ်လာဘများကို ငြင်းပယ်ခဲ့ပြီး
မိမိအပေါ်အာရုံပြု လာမှုများကို ခရစ်တော်ထံ သို့လွှဲပေးခဲ့ပါသည်။
ယခုတွင်မိမိအပေါ်ရေပန်းစားခြင်းသည်
ခရစ်တော်အပေါ်သို့ ဦးလှည့်သွားကြောင်းကို သူတွေ့မြင်ခဲ့ ရပါသည်။
သူ့အနားတွင်ဝိုင်းအုံနေသောလူအုပ်ကြီးသည် တစ်နေ့တခြားနည်းပါးလာခဲ့ပါသည်။ သခင်ခရစ်
တော်သည် ယေရုရှလင်မြို့မှ ယော်ဒန်မြစ်သို့ရောက်လာသောအခါ
ကိုယ်တော်ရှင်၏တရားဒေသနာတော်ကို နားထောင်ရန်လူများစုဝေးလာခဲ့ကြပါသည်။
ကိုယ်တော်ရှင်၏တမန်တော်အရေအတွက်သည်တစ်နေ့တခြား တိုးပွားခဲ့ပါသည်။ လူများစွာတို့သည်
နှစ်ခြင်းခံရန်လာခဲ့ကြပါသည်။ ခရစ်တော်သည် ကိုယ်တိုင်နှစ်ခြင်းပေး တော်မမူခဲ့ဘဲ
တမန်တော်အားနှစ်ခြင်းမင်္ဂလာအစီအစဉ်ကို ဦးစီးလုပ်ဆောင်ခွင့်ပြုတော်မူခဲ့ပါသည်။
ဤနည်း အားဖြင့် ကိုယ်တော်၏ရှေ့ပြေးကြိး ဗတ္တိဇံဆရာယောဟန်၏ အမှုတော်ကို
အသိအမှတ်ပြုတော်မူခဲ့ပါသည်။ သို့သော် ဆရာယောဟန်၏တပည့်များသည် ခရစ်တော်အားပိုမို၍
ရေပန်းစားလာခြင်းကိုဝန်တိုသောအကြည့် ဖြင့် ကြည့်ခဲ့ကြပါသည်။ သူတို့သည်
ကိုယ်တော်၏အမှုတော်အပေါ်ဝေဖန်ရန် စောင့်ဆိုင်းခဲ့ကြရာ မကြာမီတွင် ဝေဖန်ဖို့အတွက်
ပေါ်လာခဲ့ပါသည်။ နှစ်ခြင်းခံခြင်းအားဖြင့် အပြစ်မှဆေးကြောခွင့်ရသည်၊ မရသည်နှင့်
စပ်လျဉ်း၍ ၎င်းတို့နှင့် ယုဒလူများအကြားတွင် မေးခွန်းတစ်ခုပေါ်ထွက်လာခဲ့ပါသည်။
ခရစ်တော်၏နှစ်ခြင်း မင်္ဂလာသည် ဆရာယောဟန်ပေးသောနှစ်ခြင်းမင်္ဂလာနှင့်
အနှစ်သာရအားဖြင့် ကွဲပြားခြားနားမှုမရှိကြောင်း သူတို့က အခိုင်အမာပြောလာခဲ့ပါသည်။
မကြာမီတွင်ပင် ၎င်းတို့သည် နှစ်ခြင်းမင်္ဂလာပွဲတွင် အသုံးပြုရမည့်
သင့်လျော်သည့်စကားလုံးအသုံးအနှုန်းများကြောင်းနှင့် စပ်လျဉ်း၍ ခရစ်တော်၏
တမန်တော်များနှင့် အငြင်းအခုံဖြစ်လာကြပြီး နောက်ဆုံးတွင် ခရစ်တော်တမန်တော်များ၏
နှစ်ခြင်းမင်္ဂလာပေးပိုင်ခွင့်နှင့် ပတ်သက်၍ မေးခွန်းထုတ်လာခဲ့ကြပါသည်။
ဆရာယောဟန်၏ တပည့်များသည်
ဝမ်းနည်းနာကြည်းစွာဖြင့် သူ့ထံသို့ရောက်ရှိလာကြပြီး “အရှင်ဘုရား၊
ယော်ဒန်မြစ်တစ်ဖက်၌ကိုယ်တော်နှင့်တကွရှိ၍ ကိုယ်တော်သက်သေပေးသောသူသည် ဗတ္တိဇံ
ကိုပေးလျက်နေ၏။ ထိုသူ့ထံသို့ လူအပေါင်းတို့သည် ရောက်ကြပါ၏” ဟုလျှောက်၏။ (ယောဟန်
၃း၂၆)။ စာတန်သည် ထိုစကားများအားဖြင့် ဆရာယောဟန်ကို စုံစမ်းနှောင့်ယှက်ခဲ့ပါသည်။
ဆရာယောဟန်၏ အမှုတော်သည် ဆုံးခန်းတိုင်သို့ ရောက်လုသယောင်ဖြစ်နေသော်လည်း
သူ့အနေနှင့်ကိုယ်တော်၏အမှုတော်ကို အဟန့်အတားပြုရန်ဖြစ်နိုင်ဆဲဖြစ်ပါသည်။ သူသည်
မိမိကိုယ်ကိုသနားနေပြီး ကိုယ်ထက်သာလွန်သွားခြင်းကို တွေ့သဖြင့် စိတ်ပျက်ကြောင်း၊
ဝမ်းနည်းကြောင်း ထုတ်ဖော်ခဲ့လျှင် သူ၏အပြုအမူများသည် စိတ်ဝမ်းကွဲပြား
မှုမျိုးစေ့ကို ကြဲခြင်းဖြစ်လိမ့်မည်။ ငြူစူမှုနှင့်မနာလိုမှုများကို
တိုးပွားစေလိမ့်မည်။ ဧဝံဂေလိလုပ်ငန်း၏ တိုးတက်ကြီးပွားရေးကို
အကြီးအကျယ်အဟန့်အတားဖြစ်စေပါလိမ့်မည်။
ဆရာယောဟန်၌ သဘာဝအားဖြင့်
အခြားသူများမှာကဲ့သို့ပင် မှားယွင်းမှုများ၊ အားနည်းမှုများ ရှိပါသည်။
သို့ပါသော်လည်း ဘုရားသခင်၏မေတ္တာတော်နှင့်ထိတွေ့မှုသည် ၎င်းအား အသစ်သော အပြောင်း
အလဲကို ဖြစ်စေခဲ့ပါသည်။ သူသည် တစ်ကိုယ်ကောင်းဆန်ခြင်းနှင့်
ရည်မှန်းချက်ကြီးလွန်းခြင်းများဖြင့် မညစ်ညမ်းသောပတ်ဝန်းကျင်တွင်နေခဲ့ရပါသည်။
မနာလိုဝန်တိုခြင်းအငွေ့အသက်ဆိုးများနှင့်လည်း ကင်းဝေး ခဲ့ပါသည်။ သူသည်
မိမိ၏တပည့်တော်များ၏မကျေနပ်မှုကို သနားသက်ဝင်ကြောင်းမပြသခဲ့ဘဲ မိမိနှင့်
မေရှိယအကြားဆက်နွှယ်မှုကို မည်မျှရှင်းလင်းစွာနားလည်ကြောင်းနှင့် မိမိသည်သူ့အတွက်လာရောက်
လမ်းပြခဲ့သူ ဖြစ်သောကြောင့် ထိုပုဂ္ဂိုလ်အား ဝမ်းပန်းတသာကြိုဆိုကြောင်းများကိုသာ
ပြသခဲ့ပါသည်။
“ကောင်းကင်ဘုံမှပေးတော်မမူလျှင် လူသည်
အဘယ်အရာမျှမခံနိုင်ရာ၊ ငါသည် ခရစ်တော်မဟုတ်။ ခရစ်တော်ရှေ့၌ စေလွှတ်သောသူဖြစ်သည်ဟု
ငါဆိုသည်ကို သင်တို့သည် ငါ၏သက်သေဖြစ်ကြ၏။ မင်္ဂလာဆောင်သတို့သမီးကိုရသောသူသည်
မင်္ဂလာဆောင်လုလင်ဖြစ်၏။ မင်္ဂလာဆောင်လုလင်၏အနားမှာ နေ၍ သူ၏စကားကိုကြားရသောအဆွေခင်ပွန်းသည်
ထိုစကားသံကိုကြားသောအားဖြင့် ဝမ်းမြောက်ခြင်း ရှိ၏။
ထိုနည်းတူငါ၏ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံ၏” ဟု ဆရာယောဟန်ပြောခဲ့၏။ ဆရာယောဟန်သည်
လက်ထပ်ထိမ်းမြားနိုင်ရန် စေ့စပ်ကြောင်းလမ်းထားသည့်သူ နှစ်ဦးအကြား
အောင်သွယ်တစ်ဦးအနေနှင့် ဆောင်ရွက်ပေးနေသည့် မိတ်ဆွေတစ်ဦးအနေဖြင့် မိမိကိုယ်ကို
ပုံဆောင်ဖော်ပြထားပါသည်။ သတို့သားသည် သတို့သမီးနှင့်လက်ထပ်ပြီးသည့်အချိန်တွင်
ယင်းမိတ်ဆွေ၏ လုပ်ငန်းသည် ပြီးစီးသွားခဲ့ပါသည်။ ၎င်း၏ ကြိုးစားမှုကြောင့်
တစ်လုံးတစ်ဝတည်းဖြစ်သွားသော ဇနီးမောင်နှံ၏ပျော်ရွှင်မှု၌ သူလည်းဝမ်းမြောက်ခဲ့ပါ
သည်။ ယုဒလူများအားခရစ်တော်ထံသို့ပြညွှန်ရန်ဆရာယောဟန်အားခေါ်တော်မူခဲ့သောကြောင့်
ခရစ်တော်၏ အမှုတော်အောင်မြင်မှုကို သက်သေခံရန်မှာသူ့အတွက်
ဝမ်းမြောက်စရာဖြစ်ခဲ့ပါသည်။ “ထိုနည်းတူ ငါ၏ ဝမ်းမြောက်ခြင်းပြည့်စုံ၏။
ထိုသခင်သည်တိုးပွားခြင်းရှိရမည်။ ငါမူကားဆုတ်ယုတ်ခြင်းရှိရမည်” ဟု
သူပြောဆိုခဲ့ပါသည်။
ဆရာယောဟန်သည်
ကယ်တင်ရှင်ကိုယုံကြည်သောစိတ်နှင့်ကြည့်ခြင်းအားဖြင့် ကိုယ်တော်၏အလို
ကိုလိုက်လျှောက်ရန် ကိုယ်အလိုကိုငြင်းပယ်ခြင်းကို အရှိန်တိုးမြှင့်ခဲ့ပါသည်။
လူများသည် မိမိကိုအာရုံစူးစိုက် လာစေရန် သူမကြိုးစားခဲ့ဘဲ
၎င်းတို့၏အတွေးအခေါ်များသည် ဘုရားသခင်၏သိုးသငယ်အပေါ် မှီခိုလာနိုင်
သည့်အခြေထိမြင့်သည်ထက်မြင့်အောင် မြှင့်ပေးခဲ့ပါသည်။ သူ့ကိုယ်တိုင်မှာမူ
တောထဲတွင် အော်ဟစ်ခဲ့သော အသံတစ်ခုသာဖြစ်ခဲ့ပါသည်။ လူများ၏မျက်လုံးများသည် အသက်တာ၏
အလင်းအရှင်ဘက်သို့ ဦးလှည့် သွားစေရန်အတွက် သူသည် ယခုတွင် ဆိတ်ငြိမ်မှုနှင့်
ဇဝေဇဝါဖြစ်မှုကို ဝမ်းမြောက်ဝမ်းသာစွာဖြင့်လက်ခံခဲ့ ပါသည်။
ဘုရားသခင်၏စေတမန်များအဖြစ်
ခေါ်တော်မူခြင်းအပေါ်သစ္စာရှိသောသူများသည် မိမိတို့အား
အရိုအသေပေးမှုများကိုရရှိရန် ကြိုးစားကြလိမ့်မည်မဟုတ်ချေ။
မိမိကိုယ်ကိုချစ်ခင်မြတ်နိုးခြင်းသည် ခရစ်တော်အား ချစ်သည့်မေတ္တာတွင်
နစ်မြုပ်ပျောက်ကွယ်သွားပါလိမ့်မည်။ မည်သည့်အန်တုဖက်ပြိုင်မှုကမျှ
မွန်မြတ်လှသောဧဝံဂေလိအမှုတော်ကို ပျက်ပြားစေလိမ့်မည် မဟုတ်ချေ။ “ဤလောက၏အပြစ်ကို
ဆောင် သွားသော ဘုရားသခင်၏သိုးသငယ်ကိုကြည့်လော့” ဟူ၍
ဆရာယောဟန်ဟစ်ကြွေးခဲ့သကဲ့သို့သူတို့သည် လည်း မိမိတို့၏အလုပ်သည်
ထိုကဲ့သို့ဟစ်ကြွေးရန်ဖြစ်ကြောင်း အသိအမှတ်ပြုလာကြလိမ့်မည်။ သူတို့သည်
ကိုယ်တော်ရှင်အား မြှောက်တင်ကြသဖြင့် လူသားများသည် ကိုယ်တော်ရှင်နှင့်အတူ
မြှောက်တင်ခြင်းကို ခံကြရလိမ့်မည်။” သန့်ရှင်းခြင်းဟု နာမရှိတော်မူသော၊
အနန္တကာလတည်းဟူသော ဘုံဗိမာန်၌စံတော်မူထ သော၊ အထွတ်အမြတ်ဖြစ်တော်မူသော
ဘုရားမိန့်တော်မူသည်ကား၊ ငါသည် မြင့်မြတ်သန့်ရှင်းသော အရပ်၌ နေ၏။
စိတ်နှိမ့်ချသောသူနှင့် နှလုံးကြေကွဲသောသူတို့၏စိတ်ဝိညာဉ်အသက်ရှင်စေခြင်းငှါ
ကြေကွဲနှိမ့်ချသော စိတ်သဘောရှိသောသူတို့၌လည်း ငါနေ၏။” ဟေရှာယ ၅၇း၁၅။
တစ်ကိုယ်ကောင်းစိတ်လုံးလုံးမရှိသော
ထိုပုရောဖက်၏ဝိညာဉ်သည် ဘုရားသခင်၏အလင်းတော် နှင့် ဖြည့်ဆည်းခြင်းကိုခံခဲ့ရပါသည်။
ခရစ်တော်၏ဘုန်းအာနုဘော်တော်အကြောင်းကိုသက်သေခံစဉ် ဆရာ ယောဟန်အသုံးပြုပြောဆိုခဲ့သော
စကားလုံးများသည် ခရစ်တော်ကိုယ်တိုင် နိကောဒင်အားမိန့်တော်မူခဲ့သော
စကားများနှင့်တူညီလုနီးပါး ဖြစ်ခဲ့ပါသည်။ “အထက်မှလာသောသူသည်
အလုံးစုံတို့၏အထွတ်အမြတ်ဖြစ် ၏။ မြေကြီးမှဖြစ်သောသူသည် မြေကြီးနှင့်စပ်ဆိုင်၍
မြေကြီးအရာကိုပြောတတ်၏။ ကောင်းကင်ဘုံမှကြွ လာသောသူသည်အလုံးစုံတို့၏
အထွတ်ဖြစ်တော်မူ၏။ ဘုရားသခင်စေလွှတ်တော်မူသော သူသည် ဘုရားသခင်၏စကားတော်ကို
ပြောတတ်၏။ ထိုသူအား ဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအရှည် မရှိဘဲ ပေးတော်မူ၏”
ဟု ဆရာယောဟန်ပြောကြားခဲ့၏။ ခရစ်တော်ကမူ “ငါသည် ကိုယ်အလိုသို့မလိုက်၊
ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်၏အလိုသို့လိုက်၏” ဟုမိန့်တော်မူ၏။ ရှင်ပေါလုကလည်း
“ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကိုနှစ်သက်၍ မတရားသောအမှုကို မုန်းတော်မူ၏။
ထို့ကြောင့် အိုဘုရားသခင်၊ ကိုယ်တော်၏ဘုရားသခင်သည် ကိုယ်တော်၏အပေါင်းအဖော်တို့ထက်
ကိုယ်တော်ကို ချီးမြှောက်၍ ဝမ်းမြောက်ခြင်းဆီနှင့် ဘိသိက်ပေးတော်မူပြီဟု
မြွက်ဆိုခဲ့ပါသည်။ (ဟေဗြဲ ၁း၉)။ အဖဘုရား သည် ကိုယ်တော်အား ဝိညာဉ်တော်ကို
အတိုင်းအရှည်မရှိဘဲ ပေးတော်မူ၏။
ထိုနည်းအတိုင်းပင် ခမည်းတော်ဘုရားသခင်သည်
ခရစ်တော်၏နောက်လိုက်များအပေါ်တွင်လည်း ဝိညာဉ်တော်မိုးကို သွန်းလောင်းနေပါသည်။
ကျွန်ုပ်တို့သည် တစ်ကိုယ်ကောင်းစိတ်များ ကင်းရှင်းရန် ဆန္ဒရှိ သော အချိန်မှသာလျှင်
ကောင်းကင်၏အလင်းတော်ကိုရရှိနိုင်ကြပါသည်။ ခရစ်တော်၏အမိန့်တော် များအား
နားထောင်မှုရှိရန် မိမိစိတ်နှလုံးအကြံအစည်များကို ပေးအပ်ရန်အလိုမတူကြလျှင်
ကျွန်ုပ်တို့သည် ထာဝရ ဘုရား၏ စာရိတ္တတော်ကို မသိမြင်နိုင်ကြမည့်ပြင်
ခရစ်တော်ကိုလည်း ယုံကြည်ခြင်းအားဖြင့် လက်ခံ နိုင်မည် မဟုတ်ချေ။
ခရစ်တော်၏အလိုတော်ကို နားထောင်ရန် အလိုတူသောသူများအား သန့်ရှင်းသော ဝိညာဉ်တော်
တန်ခိုးများကို အတိုင်းအတာမရှိပေးသနားတော်မူပါသည်။ “ဘုရားသခင်၏ ဇာတိအဖြစ်တော်၏
ပြည့်စုံခြင်း အပေါင်းသည် ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကိန်းဝပ်တော်မူ၏။
အထွတ်အမြတ်အာဏာစက် ရှိသမျှကို အုပ်စိုးတော်မူသော ထိုသခင်၌ သင်တို့သည်
စုံလင်ခြင်းရှိကြ၏။” ကောလောသဲ ၂း၉-၁၀။
လူအများသည်
ခရစ်တော်ထံသို့သွားကုန်ကြပြီဖြစ်ကြောင်းကို တပည့်တော်များသည် ဗတ္တိဇံဆရာ ယောဟန်အား
ပြောပြကြရာ သူသည် အမြင်ကြည်စွာဖြင့်ကြည့်၍ အနည်းငယ်သောသူများကသာ
ကိုယ်တော်အားအပြစ်မှကယ်တင်မည့် ကယ်တင်ရှင်အဖြစ်လက်ခံရန် အဆင်သင့်ရှိသောကြောင့်
“ထိုသက်သေခံချက်ကို အဘယ်သူမျှမခံမယူ” ဟုပြောဆိုခဲ့၏။ သို့သော်
“သက်သေခံတော်မူချက်ကို ခံယူ သောသူသည်ကား ဘုရားသခင်သည် သစ္စာစောင့်တော်မူသည်ဟု
တံဆိပ်ခတ်၏။” ယောဟန် ၃း၃၃။ “သားတော်ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။” ယောဟန်
၃း၃၆။ ခရစ်တော်၏ကရုဏာ တော်သည် အသက်ဝိညာဉ်များအား အသက်ကိုပေးတော်မူသဖြင့် ခရစ်တော်ပေးသောနှစ်ခြင်းမင်္ဂလာနှင့်
ဆရာယောဟန်ပေးသော နှစ်ခြင်းမင်္ဂလာတို့တွင် မည်သူ၏နှစ်ခြင်းမင်္ဂလာသည်
အပြစ်ကိုဖြူစင်စေသည် ဆိုသည့်အကြောင်းနှင့်စပ်လျဉ်း၍ အငြင်းပွားစရာမလိုပါချေ။
ခရစ်တော်မပါလျှင် အခြားသောအခမ်းအနား များမှာကဲ့သို့ပင် နှစ်ခြင်းမင်္ဂလာအခမ်းအနားသည်လည်း
တန်ဖိုးမဲ့မည်သာဖြစ်ပါသည်။ သားတော်ကို မယုံ ကြည်သောသူသည် အသက်ကိုမတွေ့ရ။
ဗတ္တိဇံဆရာယောဟန်ရရှိနေသည့်
ခရစ်တော်၏အမှုတော်အတွက် အောင်မြင်မှုများအကြောင်းကို လည်း ယေရုရှလင်မြို့ရှိ
ယုဒအာဏာပိုင်များထံသို့ သတင်းပေးပို့ခဲ့ကြပါသည်။ ယုဒလူများသည် တရားဇရပ် များကို
စွန့်ခွာ၍ တောတွင်သွားရောက်စုရုံးနေကြသည်ကို သူတို့မြင်တွေ့သောအခါ ဆရာယောဟန်၏ဩဇာ
သက်ရောက်မှုအတွက် စိုးရိမ်နေရသည့်အချိန်တွင် ထိုဆရာထက် လူထု၏အာရုံကို
ဆွဲဆောင်နိုင်သော ပုဂ္ဂိုလ်တစ်ပါးသည် ထိုနေရာတွင် ပေါ်ထွန်းလာခဲ့ပါသည်။
ကိုယ်တော်သည် တိုးပွားခြင်းရှိ၍ ကျွန်ုပ်သည် “ဆုတ်ယုတ်ခြင်းရှိပါသည်” ဟု ဆရာယောဟန်
ပြောသကဲ့သို့ ပြောဆိုရန် ယုဒခေါင်းဆောင်များတွင် ဆန္ဒမရှိကြချေ။ လူအများအား
သူတို့ထံမှဆွဲဆောင်နေသော ထိုလုပ်ငန်းကို အဆုံးသတ်ရန် ဆုံးဖြတ်ချက် အသစ်တစ်ခုကို
သူတို့ချမှတ်ခဲ့ကြပါသည်။
မိမိတပည့်တော်များနှင့် ဆရာယောဟန်၏
တပည့်တော်များအကြား ကွဲပြားမှုရှိလာရန် သူတို့အစွမ်း ကုန်ကြိုးစားကြလိမ့်မည်
ဖြစ်ကြောင်းကို သခင်ယေရှုသိတော်မူခဲ့ပါသည်။ ကမ္ဘာပေါ်တွင် ပေါ်ထွန်းခဲ့သော
အကြီးမြတ်ဆုံးပုရောဖက်များထဲမှ တစ်ပါးကို သုတ်သင်ဖယ်ရှားမည့် မုန်တိုင်းတစ်ခုသည်
အားယူလျက်ရှိ ကြောင်းကိုလည်း ကိုယ်တော်သိတော်မူပါသည်။ အချင်းချင်း၏
စိတ်ဝမ်းကွဲပြားမှုများနှင့် နားလည်မှုမှားခြင်း များကို ရှောင်ရှားရန်ဆန္ဒဖြင့်
မိမိ၏အမှုတော်ကို တိတ်ဆိတ်စွာရပ်တန့်၍ ဂါလိလဲသို့ ကြွမြန်းတော်မူခဲ့ ပါ သည်။
ကျွန်ုပ်တို့သည်လည်း သမ္မာတရားကို သစ္စာစောင့်သိနေစဉ်တွင်
ကွဲပြားခြားနားမှုများနှင့် နားလည်မှုမှား ခြင်းများကို ရှောင်ရှားရန်ဆန္ဒဖြင့်
မိမိ၏အမှုတော်ကို တိတ်ဆိတ်စွာရပ်တန့်၍ ဂါလိလဲသို့ကြွမြန်း တော်မူခဲ့ပါသည်။
ကျွန်ုပ်တို့သည်လည်း သမ္မာတရားကိုသစ္စာစောင့်သိနေစဉ်တွင်
ကွဲပြားခြားနားခြင်းများနှင့် နားလည်မှုလွဲမှားခြင်းများ
ဖြစ်စေနိုင်သည့်အရာခပ်သိမ်းကို ရှောင်ရှားရန် ကြိုးစားသင့်ပါသည်။ အကြောင်းမူ ကား
စိတ်ဝမ်းကွဲပြားမှုများနှင့် နားလည်မှုလွဲမှားခြင်းများ
ဖြစ်စေနိုင်သည့်အရာခပ်သိမ်းကို ရှောင်ရှားရန် ကြိုးစားသင့်ပါသည်။ အကြောင်းမူကား
စိတ်ဝမ်းကွဲပြားမှုများနှင့် နားလည်မှုလွဲခြင်းများ ဖြစ်ပေါ်လာသည့် အခါတိုင်း
အသက်ဝိညာဉ်များအား ဆုံးရှုံးမှုများသာဖြစ်ပေါ်စေခဲ့ပါသည်။ အချင်းချင်းကွဲပြားရန်
ခြိမ်းခြောက် မည့်အခြေအနေများ ဖြစ်ပေါ်လာသည့်အခါတိုင်းတွင်
ခရစ်တော်ယေရှုနှင့်ဆရာယောဟန်တို့၏ ပုံသက်သေ များအတိုင်း ကျွန်ုပ်တို့လိုက်လျှောက်သင့်ကြပါသည်။
ဆရာယောဟန်သည်
ဘာသာရေးပြုပြင်ပြောင်းလဲသူတစ်ဦးအနေဖြင့် ဦးဆောင်လုပ်ကိုင်ရန်
ခေါ်တော်မူခြင်းခံခဲ့ရပါသည်။ ထိုအကြောင်းကြောင့် ဆရာယောဟန်သည်
ဘုရားသခင်အသုံးပြုတော်မူသော အသုံးခံပစ္စည်းကလေးတစ်ခုသာဖြစ်ကြောင်းကို
သူတို့မျက်ခြည်ပြတ်ကာ အမှုတော်၏ အောင်မြင်မှုသည် သူ၏လုပ်ဆောင်မှုအပေါ်တွင်
မူတည်နေကြောင်း ခံစားမှတ်ယူပြီး ၎င်းအပေါ်၌သာအာရုံပြုနေသည့်
အန္တရာယ်တစ်ခုရှိနေခဲ့ပါသည်။ သို့သော် ဆရာယောဟန်၏လုပ်ဆောင်မှုများသည်
ခရစ်ယာန်အသင်းတော် ကြီးအတွက် တိုက်မြစ်ချရန် မလုံလောက်ပါချေ။
သူလုပ်ဆောင်ရမည့်လုပ်ငန်းများ ပြီးဆုံးသွားသောအခါ သူ၏သက်သေခံခြင်းအားဖြင့်
မပြီးမြောက်နိုင်ခဲ့သေးသည့် အခြားလုပ်ငန်းကို လုပ်ကိုင်ရန် လိုအပ်နေပါသေး သည်။
ဤအကြောင်းကို သူ၏တပည့်တော်များ နားမလည်ကြချေ။ အမှုတော်ကို ဆက်လက်လုပ်ဆောင်ရန်
ခရစ်တော်ကြွလာကြောင်း သူတို့မြင်ကြရသောအခါ ငြူစူမှုများနှင့် မကျေနပ်မှုများ
ဖြစ်လာကြပါသည်။
ထိုအန္တရာယ်မျိုးသည် ယနေ့တိုင်အောင်
ဆက်လက်တည်ရှိနေပါသည်။ ဘုရားသခင်သည် လုပ်ငန်းတစ်ခုကိုလုပ်ဆောင်ရန်
လူတစ်ဦးကိုခေါ်တော်မူလိုက်သည်။ ထိုသူသည် မိမိတတ်အားသရွေ့
ကြိုးစားဆောင်ရွက်ပြီးသောအခါ ဘုရားသခင်သည် ထိုလုပ်ငန်းကို
ပိုမိုကျယ်ပြန့်စွာဆက်လက် လုပ်ဆောင်ရန် အခြားသူများအား ခေါ်တော်မူလိုက်ပါသည်။
ထိုအချိန်တွင် များစွာသောလူများသည် ဆရာယောဟန်၏တပည့်များကဲ့သို့ပင်
ထိုလုပ်ငန်း၏အောင်မြင်မှုသည် ပထမလုပ်ဆောင်သွားသူအပေါ်တွင် အဓိကဖြစ်သည်ဟု
မှတ်ယူကြပါသည်။ ဘုရားသခင်၏အစီအစဉ်ဖြစ်သည်ဟု စွဲလမ်းရမည့်အစား
လူ၏လုပ်ဆောင်မှုအပေါ်တွင် အာရုံစူးစိုက်လာသောအခါ ငြူစူမှုများဖြစ်ပေါ်လာပြီး
အမှုတော်ကို ပျက်ယွင်း စေခဲ့ပါသည်။ မထိုက်တန်ဘဲ ဂုဏ်ပြုခြင်းခံရသောသူသည်
ကိုယ့်ကိုကိုယ်စိတ်ချခြင်းရှိလာစေရန် အစုံစမ်းခံ ရခြင်းဖြစ်ပါသည်။
ဘုရားသခင်ကိုမှီခိုအားကိုးနေသည့် မိမိအခြေအနေကို သူမသိရှိပါချေ။ လူသား
အချင်းချင်း၏ ဦးဆောင်မှုအပေါ်တွင် အားထားမိကြသဖြင့် အမှားမှားအယွင်းယွင်း
ဖြစ်ကုန်ကြပြီး ထာဝရဘုရားထံမှလမ်းလွှဲသွားကုန်ခဲ့ကြပါသည်။
ဘုရားသခင်၏အမှုတော်သည်
လူသားများ၏ရုပ်လုံးနှင့်အပြင်ပန်းဟန်များကိုဆောင်ရန်မဟုတ်ချေ။ ဘုရားသခင်သည်
မိမိ၏အကြံအစည်တော်ကို အကောင်းဆုံးအကောင် အထည်ဖော်နိုင်ကြမည့်သူများအား
မကြာခဏခေါ်ယူအသုံးပြုပါလိမ့်မည်။ “ထိုသခင်သည် တိုးပွားခြင်းရှိ၍ ငါသည်
ဆုတ်ယုတ်ခြင်းရှိမည်” ဟု ဆရာယောဟန်ပြောသည့်အတိုင်း မိမိကိုယ်ကိုနှိမ့်ချရန်
အလိုရှိသောသူများသည် မင်္ဂလာရှိကြ၏။
No comments:
Post a Comment