ခေါ်ဖိတ်ခြင်း
ရှင်မဿဲ
၁၁း၂၈-၃၀ ကိုအခြေပြုထားပါသည်
ဝန်လေး၍
ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်း သာပေးမည်။
ယေရှုသည်
ဤနှစ်သိမ့်စကားများကို နောက်တော်သို့ လိုက်လာသော လူ အုပ်ကြီးအား
မိန့်တော်မူခဲ့ပါသည်။ လူများသည် မိမိအားဖြင့်သာ ဘုရားသခင်ကို
သိကျွမ်းခြင်းအခွင့်ကို ရရှိနိုင်ကြောင်းနှင့် မိမိ၏တပည့်တော်များသည် ကောင်းကင်
နိုင်ငံတော်နှင့် ပတ်သက်သောအရာများကို သိကျွမ်းခြင်းအခွင့် ပေးသနားတော် မူ
ခြင်းခံရမည့် အကြောင်းများကိုလည်း မိန့်တော်မူခဲ့ပါသည်။ လူအားလုံးကို ကိုယ်
တော်ရှင်၏ ကြည့်ရှုစောင့်ရှောက်ယုယမှု ရနိုင်လောက်သည့် အခြေအနေတွင် အ
သက်ရှင်စေခဲ့ပါသည်။ ဝန်လေး၍ ပင်ပန်းသောသူတိုင်းတို့သည် ကိုယ်တော်ရှင်ထံ သို့
လာနိုင်စေရန် လမ်းဖွင့်ထားပါသည်။
ဘာသာရေး
ဓလေ့ထုံးစံများအပေါ် တိတိကျကျ အာရုံစိုက်နေကြသော ဖါရိရှဲများသည်
အာပတ်ဖြေခြင်းအားဖြင့် မည်သည့်အခါမျှ ကျေနပ်မှုမပေးနိုင်ခဲ့ သောလိုအပ်ချက်များကို
သိရှိခံစားလာကြပါသည်။ အခွန်ခံများနှင့် အပြစ်သားများ သည် လောကစည်းစိမ်နှင့်
ကာမဂုဏ်ခံစားခြင်းများတွင် ကျေနပ်နှစ်သိမ့်နေကြသ ယောင်ရှိသော်လည်း ၎င်းတို့၏
စိတ်နှလုံးများထဲတွင်မူ မယုံကြည်မကိုးစားမှုများနှင့် ကြောက်ရွံ့မှုများ
ရှိနေခဲ့ကြပါသည်။ သခင်ယေရှုသည် မျှော်လင့်ချက်များ ပျက်ပြား ကာ
သောကဗျာပါဒရောက်ပြီး ဝန်ပိနေသော နှလုံးသားများကို လည်းကောင်း၊ အ သက်ဝိညာဉ်၏
တောင့်တမှုများကို လောကပျော်ရွှင်မှုများအားဖြင့် တိတ်ဆိတ်သွား အောင် ကြိုးစားလျက်
ရှိနေကြသူများကိုလည်းကောင်း ခရစ်တော်သည် မျှော်ကြည့် တော်မူ၍ သူ့ထံ၌
သက်သာခြင်းအခွင့်ကို လာရောက်ရှာဖွေကြရန် ခေါ်ဖိတ်တော်မူ ပါသည်။
ငါ့ထမ်းပိုးကိုတင်၍ထမ်းကြလော့၊ ငါ့ထံ၌နည်းခံကြလော့၊ ငါသည်နူးညံ့
သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏၊ သင်တို့၏စိတ်နှလုံးသည် သက်သာခြင်းကို
ရလိမ့်မည်။ အကြောင်းမူကား ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏ ဟု
ဝန်လေးပင်ပန်းနေသူများအား နူးညံ့သိမ်မွေ့စွာဖြင့် ကိုယ်တော်ရှင် ခေါ်ဖိတ်ခဲ့ပါ
သည်။
ခရစ်တော်သည်
ဤစကားများအားဖြင့် လူသားတိုင်းကို မိန့်တော်မူလျက် ရှိပါသည်။ လူသားအားလုံးသည်
မိမိ၏အခြေအနေမှန်ကို သိသည်ဖြစ်စေ၊ မသိ သည်ဖြစ်စေ၊ ဝန်လေး၍ ပင်ပန်းနေသူများသာ
ဖြစ်ကြပါသည်။ လူခပ်သိမ်းသည် ခရစ်တော်တစ်ပါးတည်းကသာ ဖယ်ရှားနိုင်တော်မူသော
ဝန်များအောက်တွင် ပိ လျက်ရှိကြပါသည်။ ထိုဝန်များကို ကျွန်ုပ်တို့ဘာသာ
ထမ်းပိုးစေခဲ့မည်ဆိုလျှင် ကျွန်ုပ် တို့အားလုံး စိစိညက်ညက်
ကြေကုန်ကြလိမ့်မည်ဖြစ်ပါသည်။ သို့သော် အပြစ်ကင်း စင်သော ကိုယ်တော်ရှင်သည်
ကျွန်ုပ်တို့ကိုယ်စား အနာခံတော်မူခဲ့ပါသည်။ ထာ၀ရ ဘုရားသည် ခပ်သိမ်းသော
ငါတို့၏အပြစ်များကို သူ့အပေါ်၌တင်တော်မူ၏။ ဟေရှာ ယ ၅၃း၆။ ကိုယ်တော်သည်
ကျွန်ုပ်တို့၏ အပြစ်ဝန်များကို သယ်ပိုးတော်မူခဲ့ပါသည်။ ပင်ပန်းနွမ်းလျနေသော
ကျွန်ုပ်တို့၏ ပခုံးထက်တွင်ရှိနေသော ဝန်များကိုလည်း သယ်ပိုးပေးကာ ကျွန်ုပ်တို့အား
သက်သာခြင်းအခွင့်ကို ပေးတော်မူလိမ့်မည်။ ပူပင် သောကဝန်ထုပ်များကိုလည်း
သယ်ပိုးပေးတော်မူလိမ့်မည်။ ထို့ကြောင့် ပူပင်သော ကအပေါင်းကို
ကိုယ်တော်အပေါ်သို့တင်ကြရန် ဖိတ်ခေါ်နေခြင်း ဖြစ်ပါသည်။ အကြောင်းမူကား
ကိုယ်တော်သည် ကျွန်ုပ်တို့အား မိမိ၏ နှလုံးသားတွင် ပွေ့ပိုက်တော် မူပါသည်။
ကျွန်ုပ်တို့၏
အစ်ကိုကြီးဖြစ်သော ခရစ်တော်သည် ထာ၀ရပလ္လင်တော်နား မှာရှိတော်မူ၍
မိမိအားကယ်တင်ရှင်အဖြစ် အားကိုးယုံကြည်သော သူတိုင်းအား ကြည့်ရှုမစတော်မူလျက်
ရှိပါသည်။ ကိုယ်တော်ရှင်သည် မိမိ၏ အတွေ့အကြုံ အားဖြင့် လူသားများ၏ အားနည်းချက်များ
ကိုလည်းကောင်း၊ ကျွန်ုပ်တို့၏ လိုအပ် ချက်များကိုလည်းကောင်း ကျွန်ုပ်တို့၏
စုံစမ်းခံရခြင်းအတွက် ခွန်အားရှိသည့်နေရာ ကိုလည်းကောင်း သိတော်မူပါသည်။
အကြောင်းမူကား ကိုယ်တော်သည် အပြစ်မ ကျူးလွန်ဖူးသော်လည်း ကျွန်ုပ်တို့ထိုကဲ့သို့
အဘက်ဘက်မှ စုံစမ်းခြင်းကို ခံခဲ့ဖူး သည့်အတွက်ကြောင့် ဖြစ်ပါသည်။ ကိုယ်တော်သည်
ဘုရားသခင်ကို ကြောက်ရွံ့ တုန်လှုပ်သော ကလေးငယ်ဖြစ်သော သင့်အား
ကြည့်ရှုစောင့်ရှောက်လျက်ရှိပါ သည်။ သင်သည် စုံစမ်းနှောင့်ယှက်ခြင်း ခံနေရပါသလား။
ကိုယ်တော်သည် သင့် အား ကယ်လွှတ်တော်မူလိမ့်မည်။ သင်သည် အားနည်းနေပါသလား။ ကိုယ်တော်
သည် သင့်ကိုအားပေးတော်မူလိမ့်မည်။ သင်သည် ထိခိုက်ဒဏ်ရာရနေပါ သလား။ သင်၏အနာကို
ကိုယ်တော်ရှင် ပျောက်ကင်းစေပါလိမ့်မည်။ ထာ၀ရဘုရားသည် “ကြယ်များကိုရေတွက်၍
အသီးသီးတို့ကို သမုတ်တော်မူ၏။ စိတ်ကြေမွသော သူတို့ကိုနှစ်သိမ့်စေ၍ သူတို့၏အနာကို
ကုတော်မူ၏။” ဆာလံ ၁၄၇း၄၊၃။ “ငါ့ထံ သို့လာလော့” ဟူသောစကားသည် ကိုယ်တော်ရှင်၏
ဖိတ်ခေါ်ချက်ဖြစ်ပါသည်။ သင်၏စိတ်ပူပန်မှုများနှင့် ဆင်းရဲဒုက္ခများကို
ကိုယ်တော်ရှင်၏ ရှေ့မှောက်တွင် တင်ပြပါ။ သင်၏စိတ်ကိုခံနိုင်ရည်ရှိစေရန် အတွက်
တောင့်တင်းခိုင်မာစေလိမ့်မည်။ သင့်အတွက် အခက်အခဲများနှင့် စိတ်အနှောင့်အယှက်
ဖြစ်မှုများမှ လွတ်မြောက်စေ သည့်လမ်းကို ဖွင့်ပေးတော်မူလိမ့်မည်။ သင်သည်
မိမိကိုယ်ကိုအားနည်းကြောင်း၊ ခိုကိုးရာမဲ့ကြောင်းသိလေလေ၊ ကိုယ်တော်၌
ပိုမိုခွန်အားကောင်း လေလေဖြစ်လာ လိမ့်မည်။ သင်၏ဝန်ထုပ်များသည် လေးလေလေ၊
ထိုဝန်ထုပ်များကို ခရစ်တော်၏ ခြေတော်ရင်းတွင် ချလိုက်ခြင်းအားဖြင့် သက်သာခြင်းအခွင့်ကို
ပိုမိုခံစားရလေ လေဖြစ်ပါသည်။ ခရစ်တော်ပေးတော်မူမည့် သက်သာခြင်း အခွင့်သည် အခြေအ
နေပေါ်မူတည်၍ ပေးခြင်းဖြစ်သော်လည်း ထိုအခြေအနေများကို ကွဲကွဲပြားပြား
ခွဲခြားသိနိုင်ပါသည်။ ထိုအခြေအနေများသည် ကျွန်ုပ်တို့ လိုက်လျောနိုင်သည့် အရာ
များသာ ဖြစ်ကြပါသည်။ ကိုယ်တော်သည် သက်သာခြင်းကို တွေ့နိုင်မည့်နည်း လမ်းကိုလည်း
ကျွန်ုပ်တို့အား မိန့်တော်မူထားပါသည်။
“ငါ့ထမ်းပိုးကိုတင်၍
ထမ်းကြလော့”ဟူ၍ သခင်ယေရှုမိန့်တော်မူထားပါ သည်။ ထိုထမ်းပိုးသည်
လုပ်ဆောင်မှုတစ်ခုတွင် အသုံးပြုသည့် ပစ္စည်းကိရိယာ တစ်ခုဖြစ်ပါသည်။ နွားများကို
အလုပ်လုပ်ရန်အတွက် ထမ်းပိုးတင်ပါသည်။ အလုပ် ကို ထိထိရောက်ရောက်လုပ်
ဆောင်နိုင်ရန်အတွက် ထမ်းပိုးသည် မရှိမဖြစ်လိုအပ် သော အရာတစ်ခုဖြစ်ပါသည်။
ခရစ်တော်သည် ဤသာဓကအားဖြင့် အသက်ရှင် နေသရွေ့ကာလပတ်လုံး အမှုတော်ကို ဆောင်ရန်
ကျွန်ုပ်တို့အား ခေါ်တော်မူနေ ကြောင်းကို သွန်သင်နေပါသည်။ ကျွန်ုပ်တို့သည်
ကိုယ်တော်ရှင်နှင့် အတူလုပ် ဆောင်သည့် လုပ်ဖော်ဆောင်ဖက်များ ဖြစ်လာနိုင်စေရန်အလို့ငှါ
ကိုယ်တော်၏ ထမ်းပိုးကို တင်၍ ထမ်းကြရပါမည်။
အမှုတော်ဆောင်ရွက်ရန်
ကျွန်ုပ်တို့အပေါ်တွင် တင်ထားသော ထမ်းပိုး သည် ဘုရားသခင်၏ ပညတ်တော်ပင်ဖြစ်ပါသည်။
ဧဒင်ဥယျာဉ်တွင် ဖော်ပြခဲ့ပြီး သိနာတောင်ပေါ်တွင် ကြေညာခြင်းခံခဲ့ရကာ
ပဋိညာဉ်သစ်တွင် နှလုံးသားများ၌
ရေးထားလျက်ရှိသော မေတ္တာတော်၏ မဟာပညတ်တော်သည် လူသားများကို ဘုရားသခင်၏
အလိုတော်နှင့် ပူးတွဲချည်နှောင်ထားသည့် အရာဖြစ်ပါသည်။ ကျွန်ုပ် တို့အား
မိမိတို့သဘောအတိုင်း လုပ်ချင်သည့် အရာကိုလုပ်ရန်၊ သွားချင်သည့် နေရာသို့သွားရန်
ပစ်ထားခဲ့မည်ဆိုလျှင် စာတန်နှင့် အမျိုးအစားတူသွားမည်ဖြစ်ပြီး ကျွန်ုပ်တို့သည်
၎င်း၏ကြန်အင်လက္ခဏာများကို ပိုင်ဆိုင်လာကြ လိမ့်မည်ဖြစ်ပါ သည်။ ထို့ကြောင့်
ဘုရားသခင်သည် ကိုယ်တော်၏ ကြီးမြတ်မြင့်မား၍ ကောင်းမွန် တိုးတက်စေလိုသော
အလိုတော်ဖြင့် ကျွန်ုပ်တို့အား ဘောင်ခတ်ထားပါသည်။ ကျွန်ုပ် တို့သည်
သည်းခံစိတ်ရှည်စွာ၊ ဥာဏ်အမြော်အမြင် ပြည့်စုံစွာဖြင့် လုပ်ငန်းတာဝန် များကို
ထမ်းရွက်ကြရန် ကိုယ်တော်ရှင် အလိုတော်ရှိပါသည်။ ခရစ်တော်သည် အမှု တော်ဆောင်ခြင်း
ထမ်းပိုးကြီးကို လူသားဇာတိတွင် ထမ်းရွက်ခဲ့ပြီးဖြစ်ပါသည်။ “ကိုယ်တော်၏
အလိုကိုဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။ ကိုယ် တော်၏ တရားသည်လည်း
အကျွန်ုပ်နှလုံးထဲမှာရှိပါ၏။” ဆာလံ ၄ဝး၈။ “ငါသည် ကိုယ်အလိုသို့လိုက်ခြင်းငှါ
ကောင်းကင်မှ ဆင်းသက်သည်မဟုတ်၊ ငါ့ကိုစေလွှတ် တော်မူသောသူ၏
အလိုတော်သို့လိုက်ခြင်းငှါ ဆင်းသက်၏။” ယောဟန် ၆း၃၈။ ဘုရားသခင်ကို
ချစ်သောမေတ္တာတော် သည်လည်းကောင်း၊ ထာ၀ရဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေလိုသည့်
စိတ်ထက်သန်မှုဖြင့်လည်းကောင်း၊ အပြစ်တရား တွင်ကျဆုံးနေသော လူသားများအပေါ်
ထားရှိသည့် မေတ္တာတော်သည် လည်း ကောင်း ခရစ်တော်အား
ဤကမ္ဘာသို့ကြွဆင်းလာ၍ ဆင်းရဲဒုက္ခခံကာ အသေခံစေ တော်မူခဲ့ပါသည်။ ထိုအရာသည်
ကိုယ်တော်၏ အသက်တာကို ထိန်းချုပ်ထားသော တန်ခိုးဖြစ်ပါသည်။ ဤစည်းမျဉ်းအတိုင်း
လိုက်နာဆောင်ရွက်ရန် ကျွန်ုပ်တို့အား ကိုယ်တော်ရှင် မိန့်တော်မူနေပါသည်။
သောကဗျာပါဒဝန်ထုပ်၏
အောက်တွင် နာကျင်မှုဝေဒနာကို ခံစားနေရသူ များစွာရှိကြပါသည်။ အကြောင်းမှာ
ထိုသူတို့သည် လောကအဆင့်တန်းကို မီအောင် ကြိုးစား လုပ်ဆောင်နေကြခြင်း
ကြောင့်ဖြစ်ပါသည်။ သူတို့သည် လောကအလုပ် များကိုသာ ရွေးချယ်ခဲ့ပြီး လောက၏
စိတ်ရှုပ်စရာများကို လက်ခံခဲ့ကြကာ လောက ၏အကျင့်ဓလေ့များကိုသာ လက်ခံကျင့်သုံး
ခဲ့ကြပါသည်။ ထိုသို့သောနည်းအားဖြင့် ၎င်းတို့အကျင့်စာရိတ္တများသည်
ပျက်ယွင်းကုန်ကြပြီး ၎င်းတို့၏ အသက်တာသည် ငြီးငွေ့ဖွယ် တစ်ခုဖြစ်လာခဲ့ပါသည်။
လောကနှင့်ဆိုင်သော ရည်မှန်းချက်များနှင့် အလိုဆန္ဒများကို နှစ်ကြိုက်စေရန်အလိုငှါ
သူတို့သည် မိမိတို့၏ ဩတ္တပ္ပစိတ်ကို နာကျင်စေခဲ့ကြပြီး မိမိတို့အပေါ်တွင်
နောင်တသံဝေဂရခြင်း တည်းဟူသော နောက် ဆက်တွဲဝန်ထုပ်ကို ကျရောက်စေကြပါသည်။
အဆက်မပြတ်စိတ် ပူပန်မှုဖြစ်ခြင်း သည် အသက်တာ၏ ခွန်အားများကို လျော့ပါးပျက်စီးစေ
လျက်ရှိပါသည်။ ကျွန်ုပ် တို့သည် ထိုအချုပ်အနှောင်ဝန်များကို စွန့်ပစ်ကြရန်
ကိုယ်တော်ရှင် အလိုရှိတော်မူ ပါသည်။ ထို့ကြောင့် ငါ့ထမ်းပိုးသည် ထမ်းလွယ်၍
ငါ့ဝန်သည်လည်းပေါ့၏ ဟုမိန့် တော်မူကာ ကိုယ်တော်၏ ထမ်းပိုးကိုတင်၍ထမ်းကြရန်
ကိုယ်တော်သည် ကျွန်ုပ် တို့အား ဖိတ်ခေါ်နေပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား
ဘုရားသခင်၏ နိုင်ငံ တော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာရှာကြရန်
မိန့်တော်မူပြီး ထိုသို့ပြုပါက အသက်တာအတွက် လိုအပ်ချက်များကို
ထပ်လောင်းမစမည့်အကြောင်း ကတိ တော်ပေးထားပါသည်။ သောကရောက်ခြင်းသည်
မျက်စိကိုကန်းစေပြီး အနာဂတ် ရေးရာများကို မသိမြင်နိုင်စေတော့ပါ။ သို့သော်
ခရစ်တော်သည် အစမှအဆုံးတိုင် တွေ့မြင်တော်မူပါသည်။ အခက်အခဲတိုင်းအတွက်
ပြင်ဆင်ထားသော လွတ်မြောက် စေမည့်နည်းလမ်းများ ကိုယ်တော်၌ ရှိတော်မူပါသည်။
ကောင်းကင်ဗိုလ်ခြေအရှင် ကျွန်ုပ်တို့၏ အဖဘုရားသခင်၌ ကျွန်ုပ်တို့အားမစရန်
ကျွန်ုပ်တို့မသိသော နည်းလမ်း ပေါင်းများစွာရှိပါသည်။ ဘုရားသခင်နှင့် အမှုတော်၏ ဂုဏ်သရေတော်ကို အထွတ်
အမြတ်ဖြစ်စေသော စည်းမျဉ်းတစ်ခုကို လက်ခံသောသူများသည် စိတ်သောက ရောက်မှုများ
ပြေပျောက်ကာ ဖြောင့်ဖြူးသောလမ်းကို လျှောက်လှမ်းကြရပါလိမ့် မည်။
“ငါ့ထံ၌နည်းခံကြလော့။
ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘော ရှိ၏။ သင်တို့၌ စိတ်နှလုံးသည်
သက်သာခြင်းကို ရလိမ့်မည်။” ကိုယ်တော့်ထံမှ နူးညံ့သိမ်မွေ့ခြင်းနှင့်
နှိမ့်ချခြင်းကို သင်ယူကြရန် ခရစ်တော်၏ ကျောင်းတွင် ကျွန်ုပ် တို့
တက်ရောက်သင်ယူကြရပါမည်။ ကယ်တင်ခြင်း ဆိုသည်မှာ အသက်ဝိညာဉ် တစ်ခုအား
ကောင်းကင်နိုင်ငံတော်သို့ ဝင်စားရန်အတွက် သင်တန်းပေးရာတွင် အသုံးပြုသော အဆင့်ဆင့်လုပ်ဆောင်မှု တစ်ခုသာ ဖြစ်ပါသည်။
ဤသင်တန်းသည် ခရစ်တော်အား သိကျွမ်းရန် ရည်ရွယ်ပါသည်။ ၎င်းပြင် စာတန်၏ ကျောင်းမှတတ်
မြောက်ရရှိခဲ့သော အတွေးအခေါ်များ၊ အကျင့်ဓလေ့များနှင့် အမူအကျင့်များမှ
လွတ်မြောက်ရန်ကိုလည်း ရည်ရွယ်ပါသည်။ အသက်ဝိညာဉ်သည် ဘုရားသခင်ကို သစ္စာစောင့်
ခြင်းမှဆန့်ကျင်သော အရာရာတိုင်းမှ ကယ်လွှတ်ခြင်းကိုခံရပါလိမ့်မည်။
ဘုရားသခင်နှင့်
သွေးစည်းညီညွတ်မှုစိုးစံရာ ခရစ်တော်၏ စိတ်နှလုံးတွင် စုံလင်သော
ငြိမ်သက်မှုရှိပါသည်။ ကိုယ်တော်ရှင်ကို ကျွန်ုပ်တို့၏ ချီးမွမ်းခြင်းအားဖြင့်
ဝမ်းမြောက်မှုမဖြစ်စေသကဲ့သို့ အပြစ်တင်ခြင်း၊ ဟန့်တားခြင်းအားဖြင့်လည်း မမှိုင်
တွေစေနိုင်ပါ။ ကိုယ်တော်သည် မိမိအား အကြီးအကျယ် ဆန့်ကျင်မှုများနှင့် ရက်
စက်စွာပြုကျင့်မှု ခံစားရစဉ်တွင်ပင် ရဲစွမ်းသတ္တိနှင့်ပြည့်စုံဆဲဖြစ်ပါသည်။
သို့သော် များစွာသော ခရစ်ယာန်များသည် သောကပူပန်၍ စိတ်ဒုက္ခရောက်နေကြပါသည်။
အကြောင်းမူကား သူတို့သည် မိမိကိုယ်ကို ထာ၀ရဘုရားထံတော်၌ မအပ်နှံဝံ့ကြ သောကြောင့်
ဖြစ်ပါသည်။ သူတို့သည် ပတ်သက်လာမည့် အကျိုးဆက်များကို ရင်ဆိုင်ရန်
တွန့်နေကြသောကြောင့် ကိုယ်တော်အား လုံးလုံးလျားလျားဆက်ကပ် အပ်နှံမှုများကို
မပြုခဲ့ကြချေ။ လုံးလုံးလျားလျားဆက် ကပ်အပ်နှံမှုမပြုလျှင် သူတို့ သည် သက်သာခြင်းက dkတွေ့ရှိနိုင်ကြမည fမဟုတ်ချေ။
ကိုယ်ကိုကိုယ်
ချစ်မြတ်နိုးခြင်းသည် စိတ်မငြိမ်သက်မှုကို ဖြစ်စေပါသည်။ ကျွန်ုပ်တို့သည် အထက်အရပ်၏
အသစ်သောမွေးဖွားခြင်းကို ခံယူပြီးသောအချိန် တွင် ကျွန်ုပ်တို့အား
ကယ်တင်နိုင်ရန်အလိုငှါ နှိမ့်ချမှုရှိသည့် ခရစ်တော်တွင် ရှိသော စိတ်ထားသည်
ကျွန်ုပ်တို့နှလုံးထဲတွင် ရောက်ရှိလာ မည်ဖြစ်ပါသည်။ ထိုအခါ ကျွန်ုပ် တို့သည်
အမြင့်မားဆုံးသော ရာထူးရာခံများကို ရရန်မကြိုးစားတော့ဘဲ ခရစ်တော် ၏
ခြေတော်ရင်းတွင်ထိုင်၍ ကိုယ်တော်ရှင်ထံတွင် နည်းခံရန်ဆန္ဒရှိလာကြလိမ့်မည်။
ကျွန်ုပ်တို့၏ အလုပ်တန်ဖိုးသည် ဟန်ပြလုပ်ဆောင်ခြင်းများ၊ အော်ဟစ်ကြွေး ကြော်ခြင်းများနှင့်
ကိုယ်အစွမ်းသတ္တိဖြင့် အားတက်သရော တက်တက်ကြွကြွလုပ် ဆောင်မှုများတွင်
အဓိကအချက်အချာမကျကြောင်းကို ကျွန်ုပ်တို့ နားလည်လာကြ ပါလိမ့်မည်။ ကျွန်ုပ်တို့၏
အလုပ်တန်ဖိုးသည် သန့်ရှင်းသောဝိညာဉ်တော်ကို မျှဝေ ခံစားမှု အချိုးအဆပေါ်တွင်
မူတည်ပါသည်။ အောင့်အည်းသည်းခံခြင်းဖြင့် မိမိတို့၏ အသက်ဝိညာဉ်ကို
ပိုင်ဆိုင်ခွင့်ရလာနိုင်စေရန် အလိုငှါ ထာ၀ရဘုရားကို ကိုးစားခြင်း သည် ကျွန်ုပ်တို့၏ စိတ်သဘောထားများတွင်
ပိုမိုသန့်ရှင်းသော အရည်အသွေးများ က dkဖြစ်စေပါသည်။
ဝန်ကိုဆွဲယူရာတွင်
အကူအညီပေးရန်နှင့် ဆွဲသောဝန်ကိုပေါ့ပါး စေရန်နွား များအပေါ်သို့
ထမ်းပိုးကိုတင်ပါသည်။ ခရစ်တော်၏ ထမ်းပိုးသည်လည်း ထိုနည်း နှင်နှင်ပင်ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ အလိုဆန္ဒများကို ဘုရားသခင်အလိုတော်က လွှမ်းမိုးသွားသောအခါ
ကျွန်ုပ်တို့သည် ကိုယ်တော့်ထံမှ ရရှိသည့်ဆုကျေးဇူးများကို သူတစ်ပါးအား
အကျိုးပြုရန်အသုံးချလာပြီး ကျွန်ုပ်တို့၏အသက်တာတွင် ထမ်းနေရ သော
ဝန်များလည်းပေါ့လာသည်ကို တွေ့ရှိပါလိမ့်မည်။ ဘုရားသခင်၏ ပညတ် တော်လမ်းတွင်
လျှောက်လှမ်းနေသောသူသည် ခရစ်တော်ကို အဖော်ပြု၍
လျှောက် လှမ်းနေခြင်းဖြစ်ပါ သည်။ ၎င်းပြင် ကိုယ်တော်၏မေတ္တာ၌ ၎င်း၏စိတ်နှလုံးသည်
ငြိမ်သက်မှု ရှိလာပါသည်။ “မျက်နှာရကြောင်းကို အကျွန်ုပ်သိပါမည်အကြောင်း ကိုယ်တော်၏
လမ်းကိုပြတော်မူပါ”ဟု မောရှေဆုတောင်းသောအခါ “ငါကိုယ်တိုင် သွား၍
ငြိမ်ဝပ်ခြင်းချမ်းသာကို ပေးမည်”ဟု ထာ၀ရဘုရား မိန့်တော်မူ၏။ (ထွက် မြောက်
၃၃း၁၃-၁၄)။ ယေရမိပုရောဖက်အားဖြင့် ထာ၀ရဘုရား မိန့်တော်မူသည် ကား “လမ်းနားမှာရပ်၍
ကြည့်ရှုလော့၊ ရှေးလမ်းဟောင်းတို့ကို ရှာဖွေလျက် ကောင်း သောလမ်းသည် အဘယ်မှာ
ရှိသနည်းဟုမေးမြန်း၍ ထိုလမ်းသို့လိုက်ကြလော့၊ သို့ပြုလျှင် စိတ်နှလုံး
သက်သာကြလိမ့်မည်။” ယေရမိ ၆း၁၆။ ၎င်းပြင် “သင်သည် ငါ၏ပညတ်တို့ကို
စောင့်ရှောက်ပါစေသော၊ သို့ပြုလျှင် သင်၏ချမ်းသာသည် မြစ်ကဲ့ သို့လည်းကောင်း၊
သင်၏ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့ လည်း ကောင်း
ဖြစ်ရလိမ့်မည်။” ဟေရှာ ၄၈း၁၈။
ခရစ်တော်ကို
ယူတင်ဝတ်ဆောင်၍ မိမိတို့အသက်တာကို ကိုယ်တော်၏ ထိန်းသိမ်းမှုအောက်တွင်
ဆက်ကပ်အပ်နှံကာ ကိုယ်တော်၏ အစီအစဉ်အတိုင်း အသက်ရှင် နေထိုင်သူအပေါင်းတို့သည်
ငြိမ်သက်ခြင်း နှင့်ငြိမ်းချမ်းခြင်းအခွင့်ကို တွေ့ရှိကြလိမ့်မည်။
ကိုယ်တော်ရှင်နှင့်အတူ ပါရှိခြင်းအားဖြင့် ခရစ်တော်က ၎င်းတို့ အား
ဝမ်းမြောက်စေသောအချိန်တွင် လောက၏ မည်သည့်အရာ တစ်စုံတစ်ခုကမျှ ၎င်းတို့အား
ဝမ်းနည်းစေခြင်းငှါ တတ်နိုင်ခြင်းမရှိချေ။ ကိုယ်တော်ရှင်အား မငြင်းဆန် ဘဲ
လုံးလုံးလက်ခံခြင်းသည် စုံလင်သောသက်သာခြင်း အခွင့်ပင်ဖြစ်ပါသည်။ “စိတ်
နှလုံးတည်ကြည်သောသူသည် ကိုယ်တော်၌ ခိုလှုံသောကြောင့် ငြိမ်သက်ခြင်း သက်
သက်ရှိမည်အကြောင်း စောင့်ရှောက်တော်မူလိမ့်မည်။” ဟေရှာ ၂၆း၃။ ကျွန်ုပ်တို့၏
အသက်တာသည် ရှုပ်ထွေးပွေလီသော အရာတစ်ခုဖြစ်ကောင်း ဖြစ်နိုင်သော်လည်း
မိမိတို့ကိုယ်ကို ခရစ်တော်ထံ ဆက်လက်အပ်နှံသော အချိန်တွင် ကိုယ်တော်သည်
မိမိ၏ဘုန်းတော်ကို ထင်ရှားစေမည့် အသက်တာနှင့် စာရိတ္တပုံစံများကို ကျွန်ုပ်တို့၌
ဖြစ်ပေါ်ထင်ရှားစေပါသည်။ ခရစ်တော်၏ စာရိတ္တနှင့် ဘုန်းတော်ကို ဖော်ပြနေ
သောထိုသူကို ဘုရားသခင်၏ ပါရဒိသုဘုံသို့ဝင်စားရန် ကြိုဆိုကြပါလိမ့်မည်။ အသစ်
ပြုပြင်ခြင်းခံရသော လူသားမျိုးစုသည် အပြစ်ကင်းသော အသက်တာဖြင့် ကိုယ် တော်နှင့်အတူ
လမ်းလျှောက်ကြလိမ့်မည်။ အကြောင်းမူကား ထိုသူတို့သည် ထိုက် တန်သောသူများ
ဖြစ်ကြသောကြောင့် ဖြစ်ပါသည်။
ကျွန်ုပ်တို့သည်
ခရစ်တော်အားဖြင့် သက်သာခြင်းသို့ဝင်စားသော အချိန် တွင် ကောင်းကင်နိုင်ငံတော်သည်
ကျွန်ုပ်တို့၌ အစပြုနေပါသည်။ ငါ့ထံသို့လာ၍ နည်းခံကြလော့ဟူသော ကိုယ်တော်၏
ဖိတ်ခေါ်သံကို ကျွန်ုပ်တို့ တုံ့ပြန်၍ ကိုယ် တော့်ထံသို့ချဉ်းကပ်ခြင်းအားဖြင့်
ကျွန်ုပ်တို့သည် ထာ၀ရအသက်ကို အစပျိုးနေကြ ပါသည်။ ကောင်းကင်နိုင်ငံတော်သည်
ခရစ်တော်အားဖြင့် ဘုရားသခင်ထံသို့ မရပ် မနားချဉ်းကပ်နေသော အရာတစ်ခုဖြစ်၏။
ကျွန်ုပ်တို့သည် ကောင်းကင်၏ သုခချမ်း သာတွင် ပို၍ကြာကြာတည်ရှိလေလေ၊ ဘုန်းတော်ကို
ပို၍မြင်ရလေလေဖြစ်ကာ ထာ၀ရဘုရားကို ပို၍သိလေလေဖြစ်ပြီး
ပို၍ပျော်ရွှင်ဝမ်းမြောက်လေလေဖြစ်ပါသည်။ ယခုအသက်တာတွင် ကျွန်ုပ်တို့သည်
ခရစ်တော်နှင့်အတူ လမ်းလျှောက်သောအခါ ကျွန်ုပ်တို့အား ကိုယ်တော်၏
မေတ္တာတော်နှင့်ပြည့်၀စေ၍ ကိုယ်တော်ရှင်အတူပါရှိမှု ကြောင့်
ကျေနပ်ရောင့်ရဲမှုများကိုဖြစ်စေပါသည်။ လူသားသဘာ၀အရ ခံယူနိုင်သည့် အရာခပ်သိမ်းကို
ထိုအချိန်တွင် ကျွန်ုပ်တို့ရရှိနိုင်ကြပါသည်။ သို့သော် ယခုရရှိသော ငြိမ်သက်သာယာသော
ဘ၀သည် တမလွန်ဘ၀နှင့် မည်သည့်အရာများကွာခြား နေပါသနည်း။ “ဘုရားသခင်၏
ပလ္လင်တော်ရှေ့မှာ နေရာကိုရ၍ ဗိမာန်တော်၌ ဘုရားဝတ်ကို နေ့ညမပြတ်ပြုရကြ၏။
ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူသည် သူတို့ တွင် ကိန်းဝပ်တော်မူမည်။ သူတို့သည်
နောက်တစ်ဖန် ရေစာကိုမငတ်မမွတ်ရကြ။ နေရောင်ခြည် အလျှင်းမထိရ။ အဘယ်အပူကို မျှမခံရကြ။
အကြောင်းမူကား ပလ္လင် တော်အတွင်း၌ ရှိသော သိုးသငယ်သည် သူတို့ကိုလုပ်ကျွေး၍
အသက်စမ်းရေတွင်း သို့ လမ်းပြလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့မျက်စိ၌
မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်” ဟု
ဘုရားသခင်မိန့်တော်မူ၏။ ဗျာဒိတ် ၇း၁၅-၁၇။
No comments:
Post a Comment