အိုင်နားတွင်နောက်ထပ်တစ်ကြိမ်တွေ့ဆုံခြင်း
ယောဟန် ၂၁း၁-၂၂ ကိုအခြေပြုထားပါသည်။
သခင်ယေရှုက မိမိအားဂါလိလဲပြည်တွင်လာရောက်တွေ့ဆုံရန် တပည့် တော်များကိုချိန်းဆိုထားတော်မူသဖြင့် ပသခါပွဲပြီးဆုံးသွားသည်တစ်ပြိုင်နက် သူတို့ သည် ထိုနေရာသို့ခြေဦးလှည့်ခဲ့ကြပါသည်။ ၎င်းတို့သည် ပသခါပွဲကိုတက်ရောက် ရန်ပျက်ခဲ့လျှင် ဖောက်ပြန်ရေးသမားအဖြစ် သမုတ်ခြင်းခံရမည်ဖြစ်သည့်အတွက် ထိုပွဲပြီးဆုံးသည်အထိရောက်ခဲ့ကြပြီး ပွဲပြီးသွားသည် နှင့်တစ်ပြိုင်နက် ညွှန်ကြား တော်မူသည်အတိုင်း ကယ်တင်ရှင်ဘုရားအားဖူးတွေ့ကြရန် နေရင်းပြည်သို့ပြန်ခဲ့ ကြပါသည်။
တမန်တော်များထဲမှခုနစ်ပါးသည် တစ်စုတစ်ရုံးတည်းခရီးသွားခဲ့ကြပါ သည်။ သူတို့သည် တံငါသည်များ၏ နုံချာသောအဝတ်များကိုဝတ်ထားကာ လော ကီပစ္စည်းဥစ္စာချို့တဲ့သော သူများဖြစ်ကြသော်လည်း ဘုရားသခင်၏ရှေ့တော်ဝယ် ၎င်းတို့အားအကြီးမြတ်ဆုံးသော ဆရာသမားဖြစ်စေသည့် သမ္မာတရားကိုလက်ခံ ကျင့်သုံးမှုအပိုင်းနှင့် သိကျွမ်းခြင်းအပိုင်းတွင် ကြွယ်၀သော သူများဖြစ်ကြပါသည်။ သူတို့သည် ပုရောဖက်ကျောင်းများတွင် မနေခဲ့ဖူးကြ သော်လည်း၊ ကမ္ဘာ့သမိုင်းတွင် အကြီးဆုံးဖြစ်သောပညာရှိကြီး သခင်ယေရှုထံတွင် သုံးနှစ်လုံးလုံးသွန်သင်မှုခံယူခဲ့ ကြသဖြင့် သူတို့သည်တိုးတက်ကောင်း မွန်လာကာ အသိအလိမ္မာနှင့်ပြည့်စုံပြီး ရည် မွန်သောကိုယ်စားလှယ်များဖြစ် လာခဲ့ကြပါသည်။ ၎င်းတို့အားဖြင့် လူသားများအား သမ္မာတရား၏အသိ ပညာများကို သိကျွမ်းစေတော်မူမည်ဖြစ်ပါသည်။
ခရစ်တော်သည် မိမိ၏အမှုတော်လုပ်ငန်းများကို ထိုဂါလိလဲအိုင်နားတွင် အချိန်များများပေး၍ လုပ်ဆောင်တော်မူခဲ့ပါသည်။ တပည့်တော်များသည် အနှောင့် အယှက်မရှိ တန်ရာသောနေရာတစ်ခုတွင် စုရုံးခဲ့ကြသော်လည်း မိမိတို့သည်သခင် ယေရှုအား သတိရစေသောအရာများနှင့် ကိုယ်တော်၏ မဟာလက်ရာတော်များအ လယ်တွင် ရောက်ရှိနေကြကြောင်းတွေ့ကြရပါသည်။ ဤအိုင်ပေါ်တွင် ပြင်းထန် သောမုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်ကြတော့ မည်ဆဲဆဲ မိမိတို့အလွန်ကြောက် လန့်တုန်လှုပ်နေကြသောအချိန်၌ ခရစ်တော် သည် မိမိတို့အားကယ်ဆယ်ရန် ထို လှိုင်းတံပိုးများပေါ်တွင် လမ်းလျှောက်ခဲ့ဖူးပါသည်။ ထိုအချိန်က ကိုယ်တော်၏အမိန့် တော်ကြောင့် လှိုင်းတံပိုးများသည် ငြိမ်သက်သွားခဲ့ပါသည်။ လှမ်း၍မြင်ရသောကမ်း ပေါ်တွင် လူတစ်သောင်းလောက်ကို မုန့်အနည်းငယ်၊ ငါးအနည်းငယ်နှင့်၀အောင် ကျွေးတော်မူခဲ့ဖူးပါသည်။ ထိုနေရာမှများစွာမဝေးကွာလှသည့် ကပေရနောင်မြို့တွင် ပြတော်မူခဲ့ သောနိမိတ်လက္ခဏာများကိုလည်း များစွာမြင်တွေ့ခဲ့ဖူးကြပါသည်။ တပည့်တော်များသည် ထိုနေရာဆီသို့လှမ်း၍မျှော်ကြည့်နေစဉ်တွင် ကယ်တင်ရှင် ဘုရားမိန့်တော်မူခဲ့သောစကားနှင့် ပြုတော်မူခဲ့သောအံ့ဖွယ်နိမိတ်လက္ခဏာများကို ပြန်၍ သတိရခဲ့ကြပါသည်။
ထိုညနေခင်းသည် သာသာယာယာရှိလှပါသည်။ ငါးဖမ်းခြင်းကို မြတ်နိုးဆဲ ဖြစ်သောပေတရုက ဂါလိလဲအိုင်တွင်ငါးသွားဖမ်းကြရန် အကြံပြုခဲ့ပါသည်။ ထိုအ ကြံပြုချက်ကို အားလုံးကသဘောတူခဲ့ကြပါသည်။ အကြောင်းမှာ ၎င်းတို့၌အဝတ်နှင့် အစားများချို့တဲ့နေလျက်ရှိရာ တစ်ညတာဖမ်းမိမည့် ငါးများကိုရောင်းချ၍ ရသည့် ငွေကြေးများသည် ၎င်းတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဖြစ်သော ကြောင့်တည်း။ ထို့ကြောင့် သူတို့သည် လှေများဖြင့်သွားရောက်ငါးဖမ်းခဲ့ကြသော် လည်း တစ်ကောင်မျှမမိခဲ့ကြချေ။ တစ်ညလုံးပင်ပင်ပန်းပန်းကြိုးစား၍ ငါးဖမ်းခဲ့ကြ သော်လည်း အောင်မြင်မှုမရ ရှိခဲ့ချေ။ သူတို့သည် မောပန်းနွမ်းလျလျက်ရှိသော ထိုအချိန်များတွင် ၎င်းတို့ နှင့်အတူမရှိသောသခင်ဘုရားအကြောင်းကိုပြောဆိုကာ ဤအိုင်ဝန်းကျင်တွင် အမှုတော်ဆောင်စဉ် ကိုယ်တော်ပြုတော်မူခဲ့သည့် အံ့ဖွယ်ဖြစ် ရပ်များအကြောင်း ကို ပြန်လည်သတိရခဲ့ကြပါသည်။ မိမိတို့၏အနာဂတ်ရေးနှင့်စပ် လျဉ်း၍ သူတို့သံသယဝင်လာကာ သူတို့ရှေ့တွင်ရှိနေသောအခြေအနေများကြောင့် ဝမ်းနည်းပူဆွေးခဲ့ကြပါသည်။ ထိုစဉ်တွင် ကမ်းပါးပေါ်တွင် တစ်ကိုယ်တည်းစောင့် ကြည့်နေသည့် သာမန်မျက်စိများဖြင့် မမြင်နိုင်သောကိုယ်တော်သည် သူတို့နောက် မှလိုက်လာတော်မူခဲ့ပါသည်။ မကြာမီတွင် မိုးစင်စင်လင်းလာခဲ့ပါသည်။ ၎င်းတို့စီး လာသောလှေသည် ကမ်းနှင့်မလှမ်းမကမ်းသို့ရောက်နေပါသည်။ ကမ်းပါးပေါ်တွင် ပ်နေသောထိုသူက ၎င်းတို့အား “ချစ်သားတို့ စားစရာတစ်စုံတစ်ခုရှိသလောဟု မေး တော်မူလျှင် မရှိပါဟုပြန်ပြောကြ၏။” ထိုအခါထိုသူက “လှေ၏လက်ယာဘက်၌ ပိုက်ကိုပစ်ချလော့။ ထိုသို့ပြု လျှင် ရလိမ့်မည်ဟုမိန့်တော်မူသည်အတိုင်း သူတို့သည် ပစ်ချ၍ များစွာသော ငါးတို့ကိုအုပ်မိသောကြောင့် ပိုက်ကွန်ကိုဆွဲ၍မရနိုင်။”
ယောဟန်သည် ထိုသူကိုမှတ်မိသွားကာ “ငါတို့သခင်ပေတည်း” ဟု ပေတရုအားပြောလေ၏။ ပေတရုသည် အလွန်ဝမ်းသာအားရခြင်းရှိလှသဖြင့် ရေထဲ သို့ခုန်ဆင်းသွားပြီး၊ သခင်ဘုရား၏နံဘေးတွင် မတ်တတ်ရပ် လိုက်ပါသည်။ အခြား တပည့်တော်များသည်လည်း ငါးအပြည့်ဖြင့်ပြီးသော ပိုက်ကွန်ကိုဆွဲယူကာ ၎င်းတို့ လှေကိုကမ်းသို့ကပ်ခဲ့ကြပါသည်။ “ကမ်းပေါ် သို့ရောက်သောအခါ မီးခဲပုံကိုလည်း ကောင်း၊ ကင်ထားသောငါ့ကိုလည်း ကောင်း၊ မုန့်ကိုလည်းကောင်းတွေ့မြင်ကြ၏။”
ထိုမီးနှင့်ငါးများ၊ မုန့်များသည်အဘယ်ကရောက်လာသည်ကို မမေးနိုင် လောက်အောင် အံ့ဩတွေဝေခဲ့ကြပါသည်။ ထိုစဉ်တွင် ယေရှုက “ယခုရသောငါး အချို့ကိုယူခဲ့ကြ” ဟု မိန့်တော်မူ၏။ ပေတရုသည် မိမိပစ်ချခဲ့သောပိုက်ကွန်ရှိရာ ဆီသို့ တစ်ဟုန်ထိုးပြေးဆင်းသွားပြီး ညီအစ်ကိုများကို ကူညီကာ ထိုပိုက်ကွန်ကို ကုန်းပေါ်သို့ဆွဲတင်ပေးခဲ့ပါသည်။ ထိုလုပ်ငန်းပြီးစီး ၍ ညစာပြင်ဆင်ပြီးကြသောအခါ ၎င်းတို့အား ညစာလာရောက်စားသုံးကြရန် ယေရှုကခေါ်ဖိတ်လိုက်ပါသည်။ ထို နောက် ကိုယ်တော်သည် မုန့်ကိုဖဲ့၍ တပည့်တော်များကိုဝေပေးလိုက်ပါသည်။ ဤအ ရာကို တမန်တော်ခုနစ်ယောက် စလုံးသိရှိလက်ခံခဲ့ကြပါသည်။ တောင်ပေါ်တွင် လူ ငါးထောင်အားကျွေးမွေးခဲ့သည့်ဖြစ်ရပ်ကို သူတို့ပြန်လည်သတိရခဲ့ကြသော်လည်း သူတို့သည်စိုးရွံ့ ထိတ်လန့်နေကြပြီး ရှင်ပြန်ထမြောက်တော်မူခဲ့သည့် ကိုယ်တော် ရှင်အား ငြိမ်ပြီးစူးစိုက်ကြည့်နေခဲ့ကြပါသည်။
သခင်ယေရှုက မိမိနောက်တော်သို့လိုက်ခဲ့ရန် ၎င်းတို့အားအိုင်နားတွင် မိန့်တော်မူခဲ့သည့်မြင်ကွင်းကိုလည်း သူတို့ထင်ထင်ရှားရှားကြီးသတိရ ခဲ့ကြပါသည်။ ကိုယ်တော်ရှင်၏အမိန့်အရ ရေနက်ထဲသို့လှေကိုလှော်သွားကာ ပိုက်ကွန်ကိုချခဲ့ကြ ရာ ပိုက်ကွန်စုတ်လုမတတ် များပြားလှသောငါးများ ကိုဖမ်းမိခဲ့ကြကြောင်းကိုလည်း သူတို့သတိရခဲ့ကြပါသည်။ ယခုအချိန်တွင်မူ ခရစ်တော်သည် မိမိတို့၏ ငါးဖမ်းလှေ များကို စွန့်ခွာခဲ့ကြရန်ခေါ်တော်မူပြီး၊ ၎င်းတို့အားလူကိုမျှားသောတံငါဖြစ်စေမည်ဟူ သော ကတိတော်ကိုပေးခဲ့ပါသည်။ ၎င်းတို့၏စိတ်အာရုံတွင် ထိုမြင်ကွင်းကိုမှတ်မိ နေစေရန်နှင့် ထိုမြင်ကွင်းကို စွဲလမ်းနေစေရန် ထိုနိမိတ်လက္ခဏာကို ကိုယ်တော် တစ်ဖန်ပြုတော်မူခဲ့ပါသည်။ ကိုယ်တော်၏လုပ်ဆောင်ချက်သည် တပည့်တော်များ အားပေးအပ်ထားသော အထူးတာဝန်ကို ပြန်လည်ဆန်းသစ်စေခဲ့ပါသည်။ ကိုယ် တော်အသေခံတော် မူခြင်းအားဖြင့် မိမိတို့လုပ်ဆောင်ရန် သတ်မှတ်ထားသောအ လုပ်တာဝန်များသည် လျော့ပါးမသွားကြောင်းကို ဤလုပ်ဆောင်ချက်က ထင်ရှားစေ ခဲ့ပါ သည်။ ကိုယ်တော်ရှင်သည် ၎င်းတို့နှင့်အတူတကွမနေထိုင်တော့သော်လည်း၊ ၎င်းတို့၏အလုပ်ဟောင်းဖြစ်သော ငါးဖမ်းခြင်းလုပ်ငန်းမှထောက်ပံ့ငွေများ မရရှိကြ တော့သော်လည်း၊ ထမြောက်ခြင်းအရှင်ခရစ်တော်သခင်သည် ၎င်းတို့အား ဆက် လက်၍ မစစောင့်ရှောက်တော်မူပါလိမ့်မည်။ ကိုယ်တော်၏အမှုတော်ကို ထမ်း ဆောင်စဉ် လိုအပ်သည့်အရာများအတွက် ကိုယ်တော်စီစဉ်ပေးတော်မူပါလိမ့်မည်။ လှေ၏လက်ယာဘက်တွင်ကပ်၍ ပိုက်ကွန်ကိုချခိုင်းခြင်းအမှုတွင် ကိုယ်တော်၌ကြံ ရွယ်ချက်တစ်ခုရှိတော်မူပါသည်။ ၎င်းမှာကိုယ်တော်သည် လှေ၏လက်ယာဘက် တွင် ရှိသောကုန်းပေါ်တွင် ရပ်နေတော်မူသောကြောင့်တည်း။ ထိုလက်ယာဘက် သည် ယုံကြည်ခြင်းနှင့်ပတ်သက်သောဘက်ဖြစ် ပါသည်။ လူသားများ၏ကြိုးစားအား ထုတ်မှုကို ကိုယ်တော်၏ ဘုရားတန်ခိုးတော်နှင့်ပေါင်းစပ်ကာ ကိုယ်တော်နှင့်ဆက် နွှယ်လုပ်ဆောင်ခဲ့ကြမည်ဆိုလျှင် ထိုသူတို့သည် မုချအောင်မြင်မည်သာတည်း။
ခရစ်တော်သည် ဤသို့လုပ်ဆောင်ရာတွင် အထူးသဖြင့်ပေတရုနှင့်ပတ် သက်၍ သင်ခန်းစာတစ်ခုပေးရန် ရည်ရွယ်ပါသည်။ သခင်ဘုရားအပေါ် သစ္စာ စောင့်ပါမည်ဟု ယခင်ကပေတရုပြောဆိုချက်နှင့် နောက်ပိုင်းတွင်ပြုလုပ် ခဲ့သော ငြင်းပယ်ချက်များသည် ရှက်ဖွယ်ကောင်းလောက်အောင် တစ်ခုနှင့် တစ်ခုဆန့်ကျင် နေပါသည်။ သူသည် ခရစ်တော်အားစော်ကားခဲ့သဖြင့် ညီအစ်ကိုများ၏မယုံကြည်မ ကိုးစားမှုကို ခံခဲ့ရပါသည်။ သူသည် တမန်တော် များတွင် ယခင်အနေအထားနှင့် တာဝန်ဝတ္တရားများကို ပြန်လည်အပ်နှင်း ခြင်းခံရတော့မည်မဟုတ်ဟု သူတို့ထင်မြင် ခဲ့ကြပါသည်။ သူကိုယ်တိုင်လည်း မိမိအား၊ ကိုယ်တော်ကိုအပ်နှံထားသော အရာ အားလုံး လက်လွတ်ဆုံးရှုံးရပြီဟု ခံစားမိခဲ့ပါသည်။ ထို့ကြောင့် မိမိ၏တမန်တော်ရာ ထူးကိုပြန်လည် ထမ်းဆောင်ရန်ခေါ်တော်မူခြင်းမခံယူမီ မိမိသည်စစ်မှန်သော နောင် တရခဲ့ပြီ ဖြစ်ကြောင်းကို ကျန်တမန်တော်များအားလုံးရှေ့မှောက်တွင် သူဖော်ပြရ မည် ဖြစ်ပါသည်။ ထိုကဲ့သို့ထင်ရှားစွာမဖော်ပြခဲ့လျှင် နောင်တရခဲ့ပြီးဖြစ်စေကာမူ ၎င်းကျူးလွန်ခဲ့သောအပြစ်သည် ခရစ်တော်အမှုတော်ဆောင်တစ်ဦး အနေဖြင့် အမှု ဆောင်သောအခါ ၎င်း၏ဩဇာသက်ရောက်မှုများကို ဖျက်ဆီးပစ်ကောင်းပစ်နိုင်ပါ သည်။ မိမိ၏ညီအစ်ကိုများထံမှ ယုံကြည်စိတ်ချမှုကို ပြန်လည်ရရှိနိုင်ရန်နှင့် ဧဝံဂေ လိတရားအပေါ် ၎င်းပြုလုပ်ခဲ့သောအပြစ်တင်မှုများကို ဖယ်ရှားပစ်နိုင်ရန် သူ့အား ခရစ်တော်အခွင့်အရေးပေးတော်မူခဲ့ပါသည်။
ဤနေရာတွင် ခရစ်တော်၏နောက်လိုက်အားလုံးကို သင်ခန်းစာတစ်ခုပေး နေပါသည်။ ဧဝံဂေလိတရားတော်သည် ဒုစရိုက်အပြစ်နှင့် မည်သည့်အလျှော့ပေး ညှိနှိုင်းမှုကိုမပြုလုပ်ပါ။ ထိုတရားတော်သည် အပြစ်ကိုခွင့်မပြု နိုင်ပါချေ။ လျှို့ဝှက် သောအပြစ်များကို ဘုရားသခင်ထံ၌ လျှို့ဝှက်စွာဝန်ချ တောင်းပန်ရန်ဖြစ်ပြီး၊ လူသိ ရှင်ကြားကျူးလွန်သောအပြစ်များအတွက် လူသိရှင်ကြားဝန်ချတောင်းပန်ရန်လိုပါ သည်။ တပည့်တော်များ၏အပြစ်များကို ပြစ်တင်ရှုတ်ချခြင်းသည် ခရစ်တော်အပေါ် သို့ကျရောက်စေပါသည်။ ထိုကဲ့သို့ လုပ်ဆောင်ခြင်းသည် စာတန်အားအောင်ပွဲဆင် စေပြီး၊ ယုံကြည်ခြင်းအားနည်း သူများအတွက် ထိမိ၍လဲစရာဖြစ်စေပါသည်။ ထို တမန်တော်သည် မိမိတတ်စွမ်းသမျှကြိုးစားကာ နောင်တရကြောင်းအထောက် အ ထားပေးခြင်းအားဖြင့် ဤပြစ်တင်ရှုတ်ချမှုကို ဖယ်ရှားပစ်ရန်ဖြစ်ပါသည်။
ခရစ်တော်နှင့်တပည့်တော်များသည် အိုင်နားတွင်အတူတကွ စားသောက် နေကြစဉ်တွင် ယေရှုက “ယောန၏သားရှိမုန်၊ ဤသူတို့သည် ငါ့ကိုချစ်သည်ထက် သင်သည်သာ၍ချစ်သလော” ဟု ရှိမုန်ပေတရုအားမေး တော်မူ၏။ ဤသူတို့ဟုဆို ရာ၌ အနီးအနားတွင်ရှိနေကြသော ၎င်း၏ညီ အစ်ကိုများကိုရည်ညွှန်းပါသည်။ ပေတရုသည် တစ်ချိန်ကဤကဲ့သို့အမေး ခံရစဉ်တွင် “ဤသူရှိသမျှတို့သည် ကိုယ်တော်ကြောင့်စိတ်ပျက်ကြသော်လည်း အကျွန်ုပ်သည် စိတ်အလျှင်းမပျက်ပါ” ဟု ဖြေဆိုခဲ့ဖူးပါသည်။ မဿဲ၊ ၂၆း၃၃။ သို့ရာတွင် ယခု၌မူ “ဟုတ်ပါ၏သခင်၊ ကိုယ်တော်ကိုအကျွန်ုပ် ချစ်သည်ကို ကိုယ်တော်သိတော်မူပါ၏” ဟူ၍သာ မိမိ၏အခြေအနေမှန် ကိုဖော်ပြခဲ့ပါသည်။ မိမိညီအစ်ကိုများကချစ်သည်ထက် ကိုယ်တော်ကိုသူက ပိုချစ်သည်ဟူသော လေလုံးထွားသည့်အာမခံချက်မျိုး၊ ထို အဖြေထဲတွင်မပါဝင် ပါချေ။ မိမိ၏ဆက်ကပ်မှုနှင့်ပတ်သက်၍ မိမိအမြင်ကိုသူမ ဖော်ပြတော့ချေ။ “ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူပါ ၏” ဟူ၍ မိမိ၏ရိုးသားတည်ကြည်မှုနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက်ပေးရန် စိတ်နှလုံး အကြံအစည်အားလုံးကိုသိတော်မူသော ကိုယ်တော်ထံတွင် အသနားခံခဲ့ရာ “ငါ၏ သိုးတို့ကိုကျွေးမွေးလော့” ဟု ယေရှုကထပ်လောင်းမိန့်မြွက်တော်မူခဲ့ ပါသည်။
တစ်ဖန်ယေရှုက “ယောန၏သားရှိမုန် သင်သည်ငါ့ကိုချစ်သလော” ဟု မေးပြန်၏။ ဤအကြိမ်တွင် သင်၏ညီအစ်ကိုများထက် သင်သည်ငါ့ကို ချစ်သလော ဟု ပေတရုကိုမေးတော်မမူတော့ချေ။ ဒုတိယအကြိမ်တုံ့ပြန်မှုမှာ ပထမအကြိမ်မှာ ကဲ့သို့ပင် လေလုံးထွားမှုများနှင့်ကင်းရှင်းသော “ဟုတ်ပါ၏ သခင်၊ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူပါသည်” ဟူသောအဖြေကိုသာ ပေတရုပေးခဲ့ပါသည်။ ထိုအခါတွင် ငါ့သိုးတို့ကိုထိန်းလော့ဟု ယေရှုမိန့်မြွက်တော်မူ ၏။ ထိုနောက် တစ်ဖန်တတိယအကြိမ်အဖြစ် “ယောန၏သားရှိမုန် သင်သည်ငါ့ကို ချစ်သလော” ဟုမေးတော်မူပြန်သဖြင့် ခရစ်တော်သည် မိမိ၏အချစ်ကို သံသယ ဝင်နေပြီဟုအထင်ရှိကာ ပေတရုသည် စိတ်ထိခိုက်သွားခဲ့ပါသည်။ ကိုယ်တော်သည် မိမိအားမယုံကြည်မှုများဖြစ်ပေါ် အောင်လုပ်နေကြောင်းသိရှိကာ စိတ်နှလုံးနာကျင် စွာဖြင့် “ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကိုသိတော်မူ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟုလျှောက်သော် ငါ့သိုးတို့ကိုကျွေး မွေးလော့ဟု ယေရှုရှင်မိန့်တော်မူ၏။”
ပေတရုသည် မိမိသခင်ဘုရားအားသုံးကြိမ်တိုင်တိုင် ဗြောင်ကျကျငြင်း ပယ်ခဲ့ပါသည်။ ထို့ကြောင့် သူ၏နှလုံးသားကိုထိခိုက်စေသည့် အချွန်အတက်များ သောမြားကဲ့သို့သော ထိုမေးခွန်းများဖြင့် ပိုင်ပိုင်နိုင်နိုင်မေးခွန်း ထုတ်ကာသူ၏ မေတ္တာနှင့်သစ္စာကို ထင်ရှားစေမည့်အာမခံချက်ကို ကိုယ်တော်ဆွဲယူတော်မူခဲ့ပါ သည်။ ခရစ်တော်သည် ဤနည်းအားဖြင့် ပေတရုရရှိထား သည့်နောင်တစိတ်၏ နက်ရှိုင်းမှုကိုလည်းကောင်း၊ တစ်ချိန်ကကြွားလုံးထုတ်ခဲ့သော ထိုတမန်တော်ကြီး သည် မည်မျှစိတ်နှိမ့်ချမှုရှိသွားပြီဖြစ်ကြောင်းကို လည်းကောင်း စုရုံးနေကြသော တပည့်တော်များရှေ့တွင် ထင်ရှားစွာပြသတော် မူခဲ့ပါသည်။
ပေတရုသည် သဘာ၀အားဖြင့်လောဘကြီးသူ၊ စိတ်မြန်သူတစ်ဦးဖြစ်ပါ သည်။ စာတန်သည် ၎င်းအားချုပ်ကိုင်ရန် ဤအကျင့်စာရိတ္တများကို အခွင့်ကောင်း ယူအသုံးချခဲ့ပါသည်။ ပေတရုသည် ခရစ်တော်အားမငြင်းပယ် မီကလေးတွင် “ရှိ မုန်၊ ရှိမုန် ဂျုံဆန်ကိုဆန်ခါနှင့်ချသကဲ့သို့ စာတန်သည် သင်တို့ကိုချရမည်အ ကြောင်း အခွင့်တောင်းသည်ဖြစ်၍၊ သင်သည်သတိရပြန်သောအခါ သင်၏ ညီ အစ်ကိုတို့ကို တည်ကြည်စေလော့” ဟု ကိုယ်တော်ရှင် မိန့်ကြားတော်မူခဲ့ပါသေး သည်။ လုကာ ၂၂း၃၁-၃၂။ ထိုအချိန်သည် ယခု ရောက်လာခဲ့ချေပြီ။ ပေတရုအ သက်တာ၏ပြောင်းလဲမှုသည် ထင်ရှားခဲ့ချေပြီ။ ခရစ်တော်နောက်ဆုံးမေးခဲ့သောမေးခွန်းသည် ကိုယ်ကိုကိုယ်အထင်ကြီးကာ အ လောတကြီးဖြေဆိုမည့်တုံ့ပြန်မှုကို ထွက်ပေါ်လာရန်မလှုံ့ဆော်နိုင်ခဲ့ချေ။ စိတ်နှိမ့်ချခြင်းနှင့်နောင်တစိတ်များကြောင့် ပေတရုသည် သိုးစုကိုကျွေးမွေးစောင့် ရှောက်ရန် ယခင်ကထက်ပို၍အဆင်သင့်ဖြစ်လာခဲ့ပါသည်။
ခရစ်တော်သည် ပေတရုအားပြန်လည်ရရှိခဲ့ပြီးနောက် လုပ်ဆောင်ရန် ၎င်းအားပထမဦးဆုံး အပ်နှင်းခဲ့သောတာဝန်မှာ သိုးတို့ကိုကျွေးမွေးရန်ပင်ဖြစ်ပါသည်။ ပေတရုသည် ဤလုပ်ငန်းတွင်အတွေ့အကြုံမရှိခဲ့ပါ။ ဤအလုပ်ကိုလုပ်ရန် သတိဝီရိယနှင့်နူးညံ့သိမ်မွေ့ခြင်း၊ ဇွဲလုံ့လနှင့်စိတ်ရှည်ခြင်းများ လိုအပ်ပါသည်။ ကိုယ်တော်သည်၎င်းအား ယုံကြည်ခြင်းနုနယ်သူများထံ သွားရောက်အမှုဆောင်ရန် ကိုယ်တော်ရှင်အားမသိရှိကြသေးသူများအား၊ ကျမ်းစာကိုဖွင့်၍သွန်သင်ပေးရန်၊ ထို့နောက်ထိုသူများကို ကိုယ်တော်၏အမှုတော်မြတ်တွင် အသုံးဝင်သောသူများဖြစ် လာအောင် ပညာပေးရန်ခေါ်တော်မူခဲ့ပါသည်။ ထိုအချိန်အထိ ပေတရုသည် ထို လုပ်ငန်းများကိုလုပ်ဆောင်ရန် မသင့်လျော်သေးရုံမျှမက ထိုလုပ်ငန်းများ၏အရေး ပါမှုကိုပင် နားမလည်ခဲ့ သေးချေ။ သို့ရာတွင် ထိုအလုပ်ကိုလုပ်ဆောင်ရန် ခရစ် တော်သည် ပေတရုအားခေါ်တော်မူခဲ့ပါသည်။ ၎င်း၏ကိုယ်တွေ့ဗဟုသုတများနှင့် နောင်တစိတ် များက ဤလုပ်ငန်းအတွက် ၎င်းအားပြင်ဆင်ပေးခဲ့ပါသည်။
ပေတရုသည် ခရစ်တော်ကိုမငြင်းပယ်မီအချိန်က စိတ်မြန်မှုကြောင့်အမြော် အမြင်ကင်းမဲ့စွာဖြင့် စကားပြောဆိုလေ့ရှိပါသည်။ သူသည် အခြားသူများ၏အမှား ကိုပြင်ဆင်ပေးရန်အတွက်သော်လည်းကောင်း၊ မိမိ၏အခြေအနေမှန်ကိုမသိမီ၊ မိမိ ဘာပြောရမည်ကိုမသိမီတွင် မိမိ၏သဘောထားကို ဖော်ပြရန်အတွက်သော်လည်းကောင်း အမြဲတမ်းအဆင်သင့်ရှိခဲ့ပါသည်။ သို့ရာတွင် စိတ်နှလုံးပြောင်းလဲလာပြီဖြစ် သောပေတရုသည် ယခင်အခြေအနေ နှင့်အလွန်ကွာခြားလှပါသည်။ သူသည်မိမိ၌ ယခင်ကရှိခဲ့ဖူးသော စိတ်ထကြွထက်သန်မှုများကိုချုပ်ထိန်းခဲ့သဖြင့် ခရစ်တော်၏ ကရုဏာတော်သည် ၎င်း၏ စိတ်ထက်သန်မှုကို စည်းကမ်းတကျအသုံးပြုရန် စီမံ ပေးတော်မူခဲ့ပါသည်။ သူသည် တစ်ရှူးထိုးသမားကိုယ့်ကိုကိုယ်စိတ်ချနေသူ၊ ကိုယ့် ကိုကိုယ်ချီးမြှောက် နေသူတစ်ဦးမဟုတ်တော့ဘဲ စိတ်အေးသူ၊ စိတ်တည်ငြိမ်သူ အ သွန်သင်ခံ သူတစ်ဦးဖြစ်လာခဲ့ပေပြီ။ ထိုအချိန်တွင်သူသည် ခရစ်တော်၏သိုးကြီး များ ကိုကျွေးမွေးနိုင်သကဲ့သို့ သိုးသငယ်များကိုလည်း ကျွေးမွေးစောင့်ရှောက်နိုင် လာခဲ့ပါသည်။
ပေတရုနှင့်ဆက်ဆံရာတွင် ကိုယ်တော်ရှင်အသုံးပြုခဲ့သောနည်းနာသည် ပေတရုအတွက်သော်လည်းကောင်း၊ ၎င်း၏ညီအစ်ကိုများအတွက်သော်လည်းကောင်း သင်ခန်းစာတစ်ခုဖြစ်ခဲ့ပါသည်။ ကျူးလွန်သူတစ်ဦးကိုစိတ်ရှည်ခြင်း၊ ကြင်နာသနားခြင်းနှင့်အပြစ်လွှတ်သည့် ချစ်ခြင်းမေတ္တာများဖော်ပြလျက်တွေ့ဆုံရန် ၎င်း တို့အားထိုသင်ခန်းစာက သွန်သင်ထားပါသည်။ ပေတရုသည် သခင်ဘုရားအားငြင်း ပယ်ခဲ့သော်လည်း ၎င်းအပေါ်တွင်ထားသော ကိုယ်တော်၏မေတ္တာသည် မည်သည့် အခါမှမယိမ်းယိုင်ခဲ့ချေ။ လက်အောက် ခံသိုးထိန်းဖြစ်သောပေတရုသည် မိမိအား အပ်နှံထားသည့်သိုးကြီးများနှင့် သိုးငယ်များကိုထိုကဲ့သို့သောမေတ္တာမျိုးဖြင့် ချစ်ခင် သင့်ပါသည်။ သူသည် မိမိအားနည်းချက်နှင့်ရှုံးနှိမ့်မှုများကို ပြန်လည်အောက်မေ့လျက် ခရစ်တော်သည် သူ့အားဆက်ဆံခဲ့သကဲ့သို့ နူးညံ့သိမ်မွေ့စွာဖြင့် ကိုယ်တော် ၏ သိုးစုကိုဆက်ဆံ ရန်ဖြစ်ပါသည်။
ပေတရုအားခရစ်တော်မေးခဲ့သောမေးခွန်းသည် အရေးပါလှပါသည်။ အမှု တော်တွင် တပည့်တော်အဖြစ်ပါဝင်ရန်တစ်ခုတည်းသောအခြေအနေကို ကိုယ်တော် ဖော်ပြတော်မူခဲ့ပါသည်။ ၎င်းမှာ “သင်သည်ငါ့ကိုချစ်သလော” ဟူ၍ ခရစ်တော် မေးခဲ့သောမေးခွန်းပင်ဖြစ်ပါသည်။ ဤအရာသည် အမှုတော် အတွက်မရှိမဖြစ်လို အပ်သော အရည်အချင်းတစ်ခုဖြစ်ပါသည်။ ပေတရုအနေ နှင့်အခြားအရည်အချင်း များရှိလျှင် ရှိနိုင်မည်ဖြစ်သော်လည်း ခရစ်တော်ကို သူမချစ်ခဲ့လျှင် ကိုယ်တော်၏ သိုးစုများအပေါ်စောင့်ရှောက်ကြည့်ရှုရသည့် သစ္စာရှိသောသိုးထိန်းကောင်းတစ်ဦး ဖြစ်မလာနိုင်ပါချေ။ ဗဟုသုတကြွယ်၀ ခြင်း၊ ကျေးဇူးပြုတတ်ခြင်း၊ စကားပြောကောင်း ခြင်း၊ ကျေးဇူးသိတတ်ခြင်း၊ စိတ်အားထက်သန်ခြင်း စသည်တို့သည် ကောင်းမြတ် သောလုပ်ငန်းများအတွက် အကူအညီပေးနိုင်သော စိတ်ထားများဖြစ်သော်လည်း စိတ်နှလုံးထဲတွင် ခရစ်တော်ကိုချစ်သည့်မေတ္တာမရှိလျှင် ထိုခရစ်ယာန်အမှုတော် ဆောင်၏ အမှုတော်သည် ဆုံးရှုံးမှုနှင့်ရင်ဆိုင်ရမည်သာတည်း။
ခရစ်တော်၌ ပေတရုတစ်ဦးတည်းကိုသာ ပြောချင်သောအရာများရှိသဖြင့် ကိုယ်တော်သည် ၎င်းတစ်ဦးတည်းနှင့် သတ်သတ်လမ်းလျှောက်ထွက်ခဲ့ပါသည်။ ယေရှုခရစ်သည် အသက်တော်ကိုမစွန့်မီတွင် “ငါသွားရာအရပ် သို့သင်သည် ယခု မလိုက်နိုင်၊ နောက်မှလိုက်ရလိမ့်မည်” ဟု ပေတရုအားမိန့် တော်မူခဲ့ပါသည်။ ထိုအ ခါပေတရုက “သခင်၊ အကျွန်ုပ်သည် ကိုယ်တော် နှင့်အတူအဘယ်ကြောင့်ယခုမ လိုက်နိုင်သနည်း။ ကိုယ်တော်အဖို့အကျွန်ုပ်၏ အသက်ကိုစွန့်ပါမည်” ဟု တုံ့ပြန်ခဲ့ ပါသည်။ ယောဟန် ၁၃း၃၆-၃၇။ ထိုသို့ပေတရုတုံ့ပြန်သောအချိန်တွင် ခရစ်တော် မိန့်မြွက်ခဲ့သည့်စကား၏ အတိမ်အနက်သည် မည်သို့ဦးတည်နေသည်ကို သူမသိခဲ့ ပါချေ။ စမ်းသပ်မှုကိုခံရ သောအချိန်တွင် ပေတရုသည်ကျဆုံးခဲ့ပါသည်။ သို့ရာတွင် သူအနေနှင့် ခရစ်တော်အပေါ်ထားရှိသည့် မိမိ၏မေတ္တာကိုထုတ်ဖော်ရန် အခွင့်အ ရေးကို တစ်ဖန်ရယူရန်ဖြစ်ပါသည်။ ၎င်း၏ယုံကြည်ခြင်းအား နောက်ဆုံးအစမ်းသပ် ခံရမည့်အချိန်အတွက် ခွန်အားပြည့်ဖြိုးနေစေရန် ကယ်တင်ရှင်သည် ၎င်း၏ အနာ ဂတ်ရေးကိုပေတရုအားဖော်ပြတော်မူခဲ့ပါသည်။ သူ၏အသက်အရွယ်က သူ၏ခွန် အားကို သိသာထင်ရှားစေလျက်ရှိသော အချိန်ဖြစ်သည့်အသုံးဝင်၊ အကျိုးဖြစ်ထွန်း သော အသက်တာတစ်ခုကို နေထိုင်ပြီးသည့်နောက်တွင် သူသည် မိမိနောက်သို့ လိုက်လိမ့်မည်ဖြစ်ကြောင်း၊ ကိုယ်တော်သည် ပေတရုအားရည် မှတ်၍မိန့်တော်မူခဲ့ပါ သည်။ “ငါအမှန်အကန်ဆိုသည်ကား၊ သင်သည်ပျိုသော အသက်ရှိစဉ် ကိုယ်ကို ကိုယ်ပတ်စည်း၍ အလိုရှိရာအရပ်သို့သွားလာတတ်၏။ သင်သည်အိုသောအခါ လက်နှစ်ဖက်ကိုဆန့်ပြီးလျှင် သူတစ်ပါးသည်သင့်ကို ပတ်စည်း၍ သင်အလိုမရှိရာအ ရပ်သို့ယူဆောင်သွားလိမ့်မည်ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသော် အဘယ်သို့ သော သေခြင်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေမည့် အရိပ်ကိုပေးတော်မူ၏။”
ဤနည်းအားဖြင့်ပေတရုသည် မည်သည့်သေခြင်းမျိုးနှင့်သေရမည်ကို ဖော်ပြတော်မူခဲ့၏။ သူ၏လက်များသည်လည်း ကပ်တိုင်တွင်အရိုက်ခံရမည်ကို ကိုယ်တော်ကြိုတင်မိန့်မြွက်တော်မူခဲ့ပါသည်။ ထိုနောက်မှ “ငါ့နောက်သို့လိုက် လော့” ဟု ထိုတပည့်တော်အားမိန့်တော်မူ၏။ ဤဖော်ပြချက်ကြောင့် ပေတရုသည် စိတ်ဓာတ်ကျခြင်းမရှိပါ။ သူသည် မိမိ၏သခင်ဘုရားအတွက် မည်သည့်သေခြင်းမျိုး ကိုမဆို ရင်ဆိုင်ရန်ဆန္ဒပြင်းပြလျက်ရှိပါသည်။
ခရစ်တော်အား လူအများယခုအချိန်တွင်သိနေကြသကဲ့သို့ ပေတရုသည် ထိုအချိန်အထိ ဇာတိပကတိအားဖြင့်သာ ကိုယ်တော်ကိုသိရှိခဲ့ပါသည်။ သို့ရာတွင် ထိုအချိန်တွင်မူ ထိုသို့မဟုတ်တော့ပြီ။ လူသားဇာတိတွင်ရှိသော ကိုယ်တော်နှင့် ပေါင်းသင်းဆက်ဆံစဉ်က ကိုယ်တော်အားသိရှိခဲ့သကဲ့သို့မဟုတ်တော့ပြီ။ သူသည် ကိုယ်တော်ရှင်အား လူသားတစ်ဦးအနေဖြင့်သော်လည်းကောင်း၊ ကောင်းကင်မှစေ လွှတ်လိုက်သော ဆရာတစ်ပါးအနေနှင့်သော်လည်း ကောင်း ချစ်ခဲ့ပါသည်။ ယခု တွင်မူ ဘုရားတစ်ဆူအနေနှင့် ကိုယ်တော်အား သူချစ်ခဲ့ပါသည်။ ခရစ်တော်သည် မိမိအားအချစ်ခင်အမြတ်နိုးဆုံးဖြစ်ကြောင်း ဖော်ပြသည့်သင်ခန်းစာကိုလည်း သူ လေ့ကျက်ခဲ့ရချေပြီ။ ယခုတွင်သူသည် ကိုယ်တော်နှင့်အတူအသေခံ၍ အမှုတော် ဆောင်ရန် အဆင်သင့်ရှိနေပါသည်။ နောက်ဆုံးတွင် ကပ်တိုင်အတင်ခံရသောအခါ ၎င်း၏တောင်းဆိုချက်အရ၊ ပေတရုသည် ကပ်တိုင်ဇောက်ထိုးအတင်ခံခဲ့ရပါသည်။ မိမိ၏သခင်ဘုရား ကဲ့သို့ပုံမှန်အတိုင်း၊ ကပ်တိုင်အတင်ခံခြင်းသည် မိမိအတွက် မထိုက်တန်ဟု အထင်ရှိခဲ့ပါသည်။
“ငါ့နောက်သို့လိုက်လော့” ဟူသောစကားများသည် ပေတရုအတွက် ပြည့် စုံသောညွှန်ကြားချက်ဖြစ်ခဲ့ပါသည်။ ၎င်း၏သေခြင်းအတွက်သာမဟုတ်ဘဲ ၎င်း၏အ သက်တာအဆင့်ဆင့်အတွက်လည်း ဤသင်ခန်းစာကိုပေးထားခဲ့ခြင်း ဖြစ်ပါသည်။ ပေတရုသည် ထိုအချိန်အထိကိုယ့်အားကိုယ်ကိုးပြီး၊ လုပ်တတ် သောသဘောရှိနေ ပါသည်။ သူသည်ဘုရားသခင်၏ အစီအစဉ်ကိုလိုက်လျှောက်ရန် စောင့်ဆိုင်းရမည့် အစား ဘုရားသခင်၏အမှုတော်အတွက် မိမိ အစီအစဉ်ဖြင့်လုပ်ဆောင်ရန်ကြိုးစားခဲ့ ပါသည်။ သို့ရာတွင် ဘုရားသခင့်ရှေ့ မှသွားခြင်းအားဖြင့် မည်သည့်အောင်မြင်မှုကို မျှ သူမရရှိနိုင်ခဲ့ချေ။ ထို့ကြောင့် ယေရှုက “ငါ့နောက်သို့လိုက်လော့” ဟု သူ့အား မိန့်မှာခဲ့ခြင်းဖြစ်ပါသည်။ အဓိပ္ပါယ်မှာ ငါ့ရှေ့ကမသွားနှင့်၊ ငါရှေ့ကသွားလျှင် သင် သည်တစ်ယောက် တည်းဖြင့် စာတန်၏နတ်ဆိုးများကို တစ်ယောက်တည်းရင်ဆိုင် နိုင်လိမ့်မည် မဟုတ်ချေ။ ငါ့ကိုသင့်ရှေ့မှာသွားခွင့်ပြုပါ။ သွားခွင့်ပြုလျှင် သင်၏ရန်သူ များသည် သင့်ကိုမအောင်မြင်နိုင်ရာ” ဟူ၍ဖြစ်ပါသည်။
မိမိသည် ခရစ်တော်၏နံဘေးမှာ လမ်းလျှောက်လာစဉ်တွင် ယောဟန်သည် နောက်မှလိုက်လာကြောင်း၊ ပေတရုတွေ့လိုက်ရပါသည်။ ထိုအခါ ယောဟန်၏ အနာဂတ်ရေးကို သိချင်စိတ်ပေါ်လာသဖြင့် ပေတရုက “သခင်၊ ဤသူ၌အဘယ် သို့ဖြစ်ပါလိမ့်မည်နည်းဟုမေးလျှောက်သော် ယေရှုကငါကြွလာသည့်ကာလတိုင် အောင် ထိုသူကိုနေစေခြင်းငှာ ငါအလိုရှိလျှင် သင်သည်အဘယ်သို့ဆိုင်သနည်း။ သင်မူကား၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။” သခင်ဘုရားသည် မိမိသိ သင့်သိထိုက်သောအရာများအားလုံး ကို မိမိအားဖော်ပြတော်မူသည်ဟု ပေတရု အနေဖြင့် သဘောထားသင့်ပါသည်။ ခရစ်တော်၏နောက်လိုက်များ၏တာဝန်မှာ အခြားသူများအတွက် သတ်မှတ် ခွဲဝေထားသည့်လုပ်ငန်းနှင့်စပ်လျဉ်း၍ တော်လျော် မှုမရှိသောစိတ်သောကရောက် မှုကင်းရှင်းစွာဖြင့် ခရစ်တော်၏နောက်သို့လိုက်ကြ ရန်ဖြစ်ပါသည်။ “ငါကြွ လာသည့်ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှာ ငါအ လိုရှိလျှင်” ဟူ၍ ယောဟန်အကြောင်းနှင့်ပတ်သက်၍ ခရစ်တော်မိန့်ဆိုခဲ့သောစ ကားတွင် ယောဟန်သည် သခင်ဘုရားဒုတိယအကြိမ်ကြွလာသည့် အချိန်တိုင် အောင် အသက်ရှင်လိမ့်မည်ဟု အာမခံချက်ပေးထားခြင်းမဟုတ်ပါ။ မိမိ၏မဟာ တန်ခိုးတော်ကို အခိုင်အမာဖြစ်ကြောင်းသိသာရုံသာ မိန့်မြွက်ခြင်းဖြစ်ပါသည်။ အကယ်၍ ထိုကဲ့သို့ဖြစ်ဖို့ကိုယ်တော်ရှင်အလိုတော်ရှိလျှင်တောင်မှ ပေတရု၏ အမှု တော်လုပ်ငန်းကို မည်သို့မျှထိခိုက်နိုင်လိမ့်မည်မဟုတ်ချေ။ ပေတရုနှင့် ယောဟန် နှစ်ဦးစလုံးတို့၏အနာဂတ်ရေးသည် သခင်ဘုရား၏လက်တော်တွင် ရှိပါသည်။ ၎င်း တို့တစ်ဦးစီတို့၏တာဝန်မှာ ကိုယ်တော်ရှင်၏နောက်တော် သို့လိုက်ခြင်းအားဖြင့်နား ထောင်မှုရှိရန်သာဖြစ်ပါသည်။
လူပေါင်းမည်ရွေ့မည်မျှသည် ပေတရုလုပ်ဆောင်ခဲ့သကဲ့သို့ ယနေ့လုပ် ဆောင်နေကြပါသနည်း။ ထိုသူများသည် မိမိ၏တာဝန်ဝတ္တရားများကို လျစ်လျူ ရှုမည့်အန္တရာယ်ရှိနေစဉ်တွင် အခြားသူများကိစ္စကို စိတ်ဝင်စားကာ ၎င်းတို့လုပ်ရ မည့်တာဝန်များကို သိချင်စိတ်ပြင်းထန်နေကြပါသည်။ ကျွန်ုပ်တို့လုပ်ရမည့် တာ ဝန်မှာ ခရစ်တော်ကိုကြည့်၍ ကိုယ်တော်၏နောက်သို့လိုက် ကြရန်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အခြားသူများ၏အသက်တာများတွင် အမှားအယွင်းများနှင့် စာရိတ္တ ဖောက်ပြန်မှုများကို တွေ့မြင်ကြရပါလိမ့်မည်။ အကြောင်းမှာ လူသားများသည် ချွတ် ယွင်းအားနည်းမှုများနှင့်ပြည့်၀နေသူ များဖြစ်ကြပါသည်။ သို့ရာတွင် ခရစ်တော်၌ စုံလင်ခြင်းကိုသာ ကျွန်ုပ်တို့ တွေ့မြင်ကြရပါလိမ့်မည်။ ကျွန်ုပ်တို့သည် ကိုယ်တော် ကိုကြည့်ခြင်းအားဖြင့် ဇာတိပကတိမှဝိညာဉ်ပကတိသို့ ပြောင်းလဲလာကြပါလိမ့်မည်။
ယောဟန်သည် အသက်အရွယ်အိုမင်းရင့်ရော်သည်အထိ အသက်ရှည်ခဲ့ ပါသည်။ ဤကမ္ဘာကြီး၏နောက်ဆုံးသောပြိုလဲပျက်စီးခြင်းကို ပုံဆောင်ထားသည့် ယေရုရှလင်မြို့အဖျက်ဆီးခံရခြင်းနှင့် ဗိမာန်တော်ကြီးပျက်စီးသွားခြင်းများကို သူ သည် မျက်စိနှင့်တပ်အပ်တွေ့မြင်ရသူတစ်ဦးဖြစ်ပါသည်။ ယောဟန်သည် နောက် ပိုင်းအသက်တာများတွင် ခရစ်တော်၏နောက်တော်ပါးသို့ ရင်းနှီးစွာဖြင့်လိုက် လျှောက်ခဲ့ပါသည်။ “ချစ်သူတို့၊ ငါတို့သည်အချင်း ချင်းချစ်ကြကုန်အံ့။” “ချစ်ခြင်း မေတ္တာ၌တည်သောသူသည် ဘုရားသခင်၌ တည်၏။ ဘုရားသခင်သည်လည်း ထို သူ၌တည်တော်မူ၏” ဟူသောအချက်သည် ၎င်း၏သက်သေခံများ၏ အဓိကချက် များဖြစ်ခဲ့ပါသည်။ ၁ယောဟန် ၄း၇၊၁၆။
ပေတရုသည် ပြန်လည်၍တမန်တော်စာရင်းဝင်ဖြစ်ခဲ့သော်လည်း ခရစ် တော်ထံမှ ၎င်းရရှိခဲ့သောချီးမြှောက်မှုနှင့်အခွင့်အာဏာများသည် ၎င်း၏ ညီအစ် ကိုများအပေါ်အအုပ်အချုပ်လုပ်ရန် သူ့အားခွင့်မပြုခဲ့ပါ။ “ဤသူ၌ အဘယ်သို့ဖြစ် လိမ့်မည်နည်း” ဟူသော ပေတရု၏အမေးကိုတုံ့ပြန်သည့် “သင်နှင့်အဘယ်သို့ ဆိုင်သနည်း။ သင်မူကား၊ ငါ့နောက်သို့လိုက်လော့” ဟူသောအဖြေတွင် ဤကိစ္စကို ခရစ်တော်ရှင်းလင်းဖော်ပြတော်မူထားပါသည်။ ပေတရုအား အသင်းတော်၏ဦး ခေါင်း (ခေါင်းဆောင်) အဖြစ် ဂုဏ်ပြုခဲ့ခြင်း မရှိခဲ့ပါ။ ၎င်း၏အယူဝါဒဖောက်ပြန်မှုအ တွက် အပြစ်လွှတ်ခြင်းနှင့် သိုးစု ကိုကျွေးမွေးစောင့်ရှောက်ရန် တာဝန်ပေးခြင်းတွင် ခရစ်တော်ပြတော်မူခဲ့သော မျက်နှာသာပေးမှုနှင့် ခရစ်တော်၏နောက်တော်သို့ လိုက်ရာတွင် ပေတရု ကိုယ်တိုင်၏သစ္စာရှိမှုများသည် ၎င်းအားအခြားညီအစ်ကိုများ ၏ ယုံကြည် စိတ်ချမှုကို ရရှိစေခဲ့ပါသည်။ သူသည် ထိုအသင်းတော်အပေါ်တွင် များ စွာ ဩဇာတိက္ကမရှိခဲ့ပါသည်။ ဂါလိလဲအိုင်နားတွင် သူ့အားကိုယ်တော်ရှင်သွန်သင်ခဲ့ သော ထိုသင်ခန်းစာကို ပေတရုတစ်သက်လုံးမှတ်ယူကျင့်သုံးခဲ့ပါသည်။ သန့်ရှင်း သောဝိညာဉ်တော်၏တန်ခိုးအားဖြင့် အသင်းတော်များသို့ သူဩဝါဒ ပေးခဲ့သည်မှာ -
“သင်းအုပ်အရာ၌လည်းကောင်း၊ ခရစ်တော်၏ဆင်းရဲဒုက္ခဝေဒနာကို သိ မြင်သောသက်သေအရာ၌လည်းကောင်း ခန့်ထားသောသူ၊ ထင်ရှားစေတော် မူလ တ္တံ့သော ဘုန်းအသရေတော်ကိုဆက်ဆံသောသူဖြစ်သောငါပေတရုသည် သင်တို့ တွင်ရှိသော သင်းအုပ်ချင်းတို့ကိုတောင်းပန်ပါ၏။ သင်တို့နှင့်အတူရှိသော ဘုရား သခင်၏သိုးတော်စုကိုထိန်းခြင်းအမှုမှာ အနိုင်ထိန်းရသော ကြောင့်မဟုတ်၊ မစင် ကြယ်သောစီးပွားကို တပ်မက်သောကြောင့်မဟုတ်ဘဲ အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။ အသီးအသီးအုပ်သော အသင်းတော်တို့ကို အာဏာ ထား၍ အစိုးတရပြုသည်မဟုတ်ဘဲ သိုးတော်စုရှေ့မှာ ပုံသက်သေကိုပြသောသူဖြစ် ကြလော့။ သို့ဖြစ်လျှင် သိုးထိန်းအကြီး ပေါ်ထွန်းတော်မူသောအခါ သင်တို့သည် မ ညှိုးမနွမ်းတတ်သောဘုန်းကြီးသော ပန်းဦးရစ်သရဖူကိုခံရကြလိမ့်မည်။” ၁ပေ ၅း ၁ -၄။
No comments:
Post a Comment