Monday, April 27, 2026

နိဂုံးပိုင်း

        ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့၊ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည်ကြီးလှပေ၏. . (မဿဲ ၅း၁၂)

        အသင်းအုပ်ဆရာတစ်ယောက်ဖြစ်လာရန်အတွက်သင်သည် ဘုရားသခင်  ခေါ်တော်မူခြင်းကိုခံနေရပြီးဖြစ်သည်။ မည်မျှရွှင်လန်းစရာဖြစ်ပြီး၊ အခွင့် ထူးအဖြစ်ရှိနေပါသနည်း။ အသင်းအုပ်ဆရာဆိုင်ရာ အမှုတော်ဆောင်ခြင်း လုပ်ငန်းသည် မြင့်မြတ်သော အလုပ်တစ်ခုဖြစ်ပါသည်။ သူ၏လူစုတော်တို့ကို သူတော်ကောင်း အသင်းအုပ်ဆရာများတို့ဖြင့် အထောက်အပံ့ပြုခြင်းသည် ဘုရားသခင်၏ အပြုသဘောဦးစားပေးတော်မူခြင်းများဖြစ်ပါသည်။ (ယေရမိ ၃း၁၅) အသင်းအုပ်ဆရာတစ်ယောက်ဖြစ်ရခြင်းကို ကျွန်ုပ်နှစ်သက်လှပါသည်။     ၎င်းနေရာမျိုးသည် တစ်ခါတစ်ရံသာလိုအပ်မှုရှိပါသော်လည်း ရှေ့ဆုံးတန်းတွင် ရောက်ရှိရပြီး၊ ဧဝံဂေလိတရားသည် အခက်အခဲ များတို့ကိုဖြေဖျောက်ပေးခြင်း ထက်သာလွန်သည့် လူတို့၏အသက်တာကိုပြောင်းလဲပေးခြင်းအမှုကို တွေ့မြင် ခွင့်ရသည့်ဆုလာဘ်မျိုးတို့ကိုရရှိပါသည်။

        သင်သည် ခေါ်တော်မူခြင်းခံရပါက၊ အသင်းအုပ်ဆရာတစ်ယောက်၏ အသက်တာအတွက် ၎င်းခေါ်တော်မူခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု ကျွန်ုပ်လက်ခံယုံကြည်ပါသည်။ ၎င်းအတွက်ဆုလာဘ်တို့သည် အမျိုးပေါင်းစုံ လှပါသည်။ ကျွန်ုပ်သည် ချစ်ခြင်းမေတ္တာထားရှိခြင်းခံရမှု၊ ဂုဏ်ယူအသိအမှတ် ပြုခံရမှု၊ ကျွန်ုပ်အား လိုအပ်သောသူရှိကြောင်းသိရှိမှု၊ ယုံကြည်ကိုးစားခံရမှုနှင့် အသိအမှတ်ပြုခံရမှုအားလုံးတို့သည် ကျွန်ုပ်၏လုပ်ဆောင်မှုအတွက် ရရှိသည့် ဆုလာဘ်များဖြစ်သည်ဟု ကျွန်ုပ်ခံစားရပါသည်။ သူ၏လူစုတော်တို့ကို ဝိညာဉ် ရေးဖွံ့ဖြိုးမှုရှိစေရန်အတွက် သူတို့ကို မြှင့်တင်ပေးရန်၊ ဘုရားသခင်သည် ကျွန်ုပ်အား ကိရိယာတန်ဆာပလာတစ်ခုအဖြစ် အသုံးပြုတော်မူပါသည်။ ကျွန်ုပ်သည် ဘုရားသခင်အား ကျေးဇူးဆပ်ရမည့်အကြွေး တစ်ခုတင်နေပါ သည်။ ဘုရားသခင်၏ ကျေးဇူးတော်၊ သခင်ခရစ်တော်၏ ချစ်ခြင်းမေတ္တာတော် နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ နှစ်သိမ့်မှုတို့အားဖြင့် အခြားသောသူထံသို့ စီးဆင်းသွားနိုင်သည့် ရေသွင်းမြောင်းသွယ်တစ်ခုအဖြစ်ဖြင့် ကျွန်ုပ်သည်ဂုဏ် ပြုခြင်းခံရပါသည်။

        အသင်းအုပ်ဆရာတစ်ယောက်ဖြစ်ခြင်းကြောင့် ကျွန်ုပ်ရရှိသည့် ထာ၀ရ တည်တံ့သည့်ဆုလာဘ်မှာ ကျွန်ုပ်၏ အမှုတော်ဆောင်ကာလအတွင်း၊ ကျွန်ုပ် အစဉ်အမြဲခံစားနေရသည့် အားမလိုအားမရဖြစ်ရခြင်းကို အလှမ်းကွာဝေးစွာ ဖြင့် ကျော်လွန်သွားနိုင်ခြင်းပင်ဖြစ်ပါသည်။ ကျွန်ုပ်သည် ဂျောင်(န်)ခဲ(လ်)ဗင်း ပြောကြားခဲ့သည့် သူ၏ ကတိတော်ကို သူ၏အစေကိုခံနေကြသောသူတို့အား ပြည့်၀သောအတိုင်းအတာဖြင့် ပေးတော်မူရန် မည်သည့်အရာမျှပျက်ကွက်မှု မရှိသော ဘုရားသခင်ကို အစေခံရခြင်းသည် ကျွန်ုပ်၏ပျော်ရွှင်မှုပင်ဖြစ် ပါသည် ဆိုသည့်စကားကို ကျွန်ုပ်ယုံကြည်ပါသည်။

        ကျွန်ုပ်တို့၏ကမ္ဘာလောကကြီးသည် အလုပ်များပြားလှပြီး၊ အလွန်လျင်မြန် စွာဖြင့်ရွေ့လျားနေပါသည်။ ကျွန်ုပ်တို့သည် လုပ်ကိုင်ရန်အတွက်တွန်းအားပေး ခံနေရပြီး၊ တစ်စုံတစ်ရာဖြစ်လာရန်အတွက် တွန်းအားပေးခံရခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့သည် ပြင်းထန်သည်ထက် ပြင်းထန်အောင်အလုပ်လုပ်ကြရန်အတွက် မိမိတို့ကိုယ်ကို မိမိတို့တွန်းအားပေးကြပြီး၊ ကျွန်ုပ်တို့ဝန်းကျင်ရှိ လူတို့အပေါ် အောင်ပွဲကိုရယူနိုင်ရန် မှာလွယ်ကူလှပါသည်။ ဘ၀အောင်မြင်ရန်အတွက် ကျွန်ုပ်တို့၏ မောင်းနှင်မှုသည် မိမိကိုယ်ကို ရပ်တန့်ထားပြီး ဘုရားသခင်၏ ခေါ်တော်မူခြင်းကိုနားထောင်ရန်အတွက် ကျွန်ုပ်တို့၏ အချိန်ယူမှုကို အတား အဆီးဖြစ်စေကြောင်းကို ကျွန်ုပ်တို့လေ့လာနေကြပါသည်။ သို့သော် လိမ္မာပါး နပ်မှုရှိကြသော အသင်းအုပ်ဆရာတို့သည် သူတို့၏ ထူးခြားသောလက္ခဏာ များ၊ ကျွမ်းကျင်မှုများနှင့်စိတ်နေသဘောထားတို့ကို ဘုရားသခင်၏ အမြင် သဘောတော်အားဖြင့် သုံးသပ်ရှုမြင်တတ်ကြပြီး၊ မိမိတို့၏ ကိုယ်ပိုင်အမြင် သဘောထားမျိုးတို့ဖြင့်မဟုတ်ပါ။

    အသင်းအုပ်ဆရာတစ်ယောက်အဖြစ် ကျွန်ုပ်၏ အသက်တာတွင် ဘုရားသခင်၏ ကြင်နာသနားတော်မူခြင်းနှင့် ပံ့ပိုးထောက်ပံ့တော်မူခြင်းအတွက် ကျွန်ုပ်သည်သူ့အား ထပ်ခါတလဲလဲကျေးဇူးတင်ပါသည်။ ကျွန်ုပ်သည် အမှား ပေါင်းများစွာတို့ကို လုပ်ကိုင်မိသည်ကို သတိထားမိပါသည်။ သို့သော်လည်း ကျွန်ုပ်သည် ၎င်းအမှားများထဲမှ သင်ခန်းစာတို့ကို ရရှိနိုင်ရန်မျှော်လင့်ပါသည်။ ကျွန်ုပ်သည် ခွင့်လွှတ်တော်မူခြင်း၊ ဉာဏ်ပညာနှင့်ပိုင်းခြား၍နားလည်နိုင်မှုတို့ အတွက်ဆုတောင်းပါသည်။ကောင်းကင်ဘုံတွင်ရှိသော ကျွန်ုပ်တို့၏ ဆုလာဘ် သည် ကမ္ဘာမြေကြီးဆိုင်ရာ ခရစ်တော်၏အမှုတော်ကိုကျွန်ုပ်တို့ဆောင်ရွက်ခြင်း နှင့် အစဉ်ထာ၀ရဆက်စပ်မှုရှိပါသည် (Jonas Arrais). ဘုရားသခင်၏ စိတ်နှလုံးတော်အတိုင်း အသင်းအုပ်ဆရာတစ်ယောက်ဖြစ်လိုပါသည်။ သစ္စာ ရှိသောအစေခံတစ်ယောက်အဖြစ်ဖြင့်ကျွန်ုပ်သည်အမှုတော်ဆောင်ခြင်းဆိုင်ရာ အလုပ်ကို ဆက်လက်လုပ်ဆောင်လိုပါသည်။ ဤကျွန်ုပ်၏လုပ်ဆောင် လိုချက် သည် ဘုရားသခင်၏ဆန္ဒတော်လည်းဖြစ်တော်မူသည်ဆိုခြင်းကို ကျွန်ုပ်သိရှိ နေပါသည်။ ကျွန်ုပ်ဆုတောင်းသောအချိန်တွင် ကျွန်ုပ်၌ရှိသောဆန္ဒမှာ ဘုရား သခင်က ကျွန်ုပ်အား “Jonas” အရှုံးမပေးပါနဲ့၊ ဆက်လက်ကြီးထွားပြီး ဆက်လက်ချီတက်ဖို့ ထွက်လာပါဟူ၍ မိန့်တော်မူစေလိုပါသည်။ အသက်တာ နှင့်အမှုတော်ဆောင်ခြင်း လုပ်ငန်းတို့သည် ကျွန်ုပ်အနေဖြင့် ဘုရားသခင်နှင့် အတူလျှောက်လှမ်းနေသမျှ ကာလပတ်လုံး၊ကြီးမားသော ခရီးလမ်းအဖြစ် ကျွန်ုပ်အဓိပ္ပါယ်သတ်မှတ်ထားပါသည်။                     ကျွန်ုပ်၏အမှုတော်ဆောင်ခြင်း အမှု ကြီးထွားလာခြင်းသည် မဆုံးနိုင်သောကျွန်ုပ်၏ လုပ်ငန်းစဉ်ဖြစ်ပါသည်၊ ကျွန်ုပ် တို့သည် ဘုရားသခင်က ကျွန်ုပ်တို့အား ဖြစ်စေတော်မူလိုသည့် အနေအထား အားလုံးဆီသို့ ရောက်ရှိကြအောင် ကျွန်ုပ်တို့ကြိုးပမ်းနေကြသည့်အလျောက်၊ ဤခရီးလမ်းအားဖြင့် အပြီးသတ်ဆီသို့ရောက်ရှိကြရန်အတွက် ကျွန်ုပ်တို့အထူး ပြောနေစရာမလိုပါ။

    ဤစာအုပ်သည် ကာလအပိုင်းအခြားတစ်ခုအတွင်း မပြီးဆုံးသေးဘဲ၊ စာ ကြောင်းပိုဒ်ကိုရပ်ထားသည့် ပုဒ်ရပ်သင်္ကေတအနေအထားအတွင်း၌သာ ရှိပါ သေးသည်။ အမှုတော်တွင်း ဆက်လက်ကြီးထွားရန်အတွက် ကျွန်ုပ်တို့၏ ဆန္ဒမှာ၊ နေ့စဉ်နေ့တိုင်းရှာဖွေခြင်းပင်ဖြစ်ပါသည်။ မည်သည့်အသင်းအုပ်ဆရာ ကမျှ ခြောက်ပြစ်ကင်းသဲလဲစင်အနေအထားမျိုးကို အစဉ်အမြဲမတောင်းခံ နိုင်ပါ။ ကျွန်ုပ်တို့သည် သခင်ယေရှုနှင့်မျက်နှာချင်းဆိုင် တွေ့ဆုံရသည်အထိ၊ အသင်းအုပ်ဆရာတို့သည်ခရစ်တော်အတိုင်းတူညီမှုရှိစေသည့်အရပ်သို့ဦးတည် သွားနေသည့်ခရီးလမ်းကို အဆုံးသတ်နိုင်ကြမည် မဟုတ်ပါ။ ထိုနောက်တွင် (၁ကော ၁၅း၅၂) အရ၊ ငါတို့ရှိသမျှသည် ပြောင်းလဲ ခြင်းသို့ရောက်ရကြမည် ဆိုသည့်အတိုင်း ကျွန်ုပ်တို့ပြောင်းလဲခြင်းသို့ ရောက်ရှိသွားကြမည်ဖြစ်ပါသည်။ ထိုအခြေအနေမျိုးရောက်ရှိသည်အထိ၊ အသင်းအုပ်ဆရာတို့ ဆက်လက်ကြီး ထွားရန်၊ ဆက်လက်ကြိုးပမ်းရယူရန်နှင့် မွန်မြတ်သောအလုပ်ကို ဆက်လက် ထိန်းထားကြပါ။

    သင်၏အသက်ဝိညာဉ်၏ နက်ရှိုင်းမှုများအတွင်းသို့ သင့်အနေဖြင့်ခရီးနှင် ပြီး သင်၏အသက်တာ၏နောက်ထပ်အခန်းများတွင်ဝိညာဉ်တော်၏ ဦးဆောင် မှုနောက်သို့လိုက်ပါသွားရန်အတွက် ကျွန်ုပ်သည် သင့်အားကမ်းလှမ်းဖိတ်ခေါ် ပါသည်။

စွန့်စားမှုကိုလိုလားနှစ်သက်လျက်...

Jonas Arrais

 

 

 

 

 


No comments:

Post a Comment