Wednesday, April 22, 2026

အခန်းကြီး - ၇၃။ သင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်

 

သင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်

 

ရှင်ယောဟန်ခရစ်ဝင် ၁၃း၃၁-၃၈။ ၁၄-၁၇ ကိုအခြေပြုထားပါသည်။

 

         ခရစ်တော်သည် တပည့်တော်များကို ချစ်ခင်သနားသောစိတ်ဖြင့် မျှော် ကြည့်တော်မူလျက် မိန့်တော်မူသည်ကား၊ “ယခုတွင်လူသားသည် ဘုန်း ထင်ရှား ခြင်းရှိသည်ဖြစ်၍ ဘုရားသခင်သည်လည်း လူသားအားဖြင့်ဘုန်းတော်ထင်ရှားခြင်း ရှိ၏။” ယုဒသည်အထက်ခန်းထဲမှထွက်သွားခဲ့ပြီးနောက် ခရစ်တော်သည် ကျန်တ မန်တော်ဆယ့်တစ်ပါးနှင့် အထက်ခန်းတွင် ကျန်ရစ်တော်မူခဲ့ပါသည်။ ၎င်းတို့နှင့်မ ကြာမီတွင်ခွဲခွာရတော့မည့်အကြောင်းကို ကိုယ်တော်ပြောလုဆဲဆဲ ဖြစ်သော်လည်း ဤအရာကိုမပြောကြားမီ မိမိ အမှုတော်၏အဓိကရည်ရွယ်ချက်ကို ဖော်ပြတော်မူခဲ့ ပါသည်။ ကိုယ်တော်သည် ဤရည်ရွယ်ချက်ကို စွဲစွဲမြဲမြဲဆုပ်ကိုင်ထားပါသည်။ မိမိ ခံစားရသည့်အသရေယုတ်မှုများနှင့် ဒုက္ခဆင်းရဲခြင်းများသည် အဖဘုရားသခင်၏ နာမတော်အား ဘုန်းထင်ရှားစေမည်ဖြစ်သဖြင့် ကိုယ်တော်ဝမ်းမြောက်တော်မူခဲ့ပါ သည်။ မိမိ၏ တမန်တော်များအား ဤအရာကိုအာရုံပြုကြရန် ပထမဦးစွာကိုယ်တော် ညွှန် ကြားတော်မူခဲ့ပါသည်။

         ထိုနောက် “ချစ်သားတို့၊ ငါသည်သင်တို့နှင့်အတူခဏသာနေရ၏။ သင်တို့ သည်ငါ့ကိုရှာကြလိမ့်မည်။ ငါသွားရသောအရပ်သို့ သင်တို့မရောက်နိုင်ကြဟု ယုဒလူ တို့အားငါပြောသကဲ့သို့ ယခုသင်တို့အားငါပြော၏” ဟူ၍ ချစ်ခင်လေးစားဖွယ် သုံးအနှုန်းဖြင့် တပည့်တော်များအား ကိုယ်တော်မိန့်တော်မူခဲ့ပါသည်။

         ဤအကြောင်းကိုကြားရသောအချိန်တွင် တမန်တော်များသည် မပျော်ရွှင် နိုင်ကြတော့ဘဲ စိုးရိမ်ကြောက်ရွံ့လာခဲ့ကြပါသည်။ ထို့ကြောင့် ကယ်တင်ရှင်အနား သို့ သူတို့တိုးဝင်ချဉ်းကပ်လာကြပါသည်။ သူတို့၏အရှင်ဘုရားလည်းဖြစ်၊ သခင် ဘုရားလည်းဖြစ်သည့်ပြင် ချစ်လှစွာသောဆရာတစ်ပါးနှင့် မိတ်ဆွေ တစ်ဦးလည်း ဖြစ်သည့်ကိုယ်တော်သည် ၎င်းတို့အတွက် အသက်ထက်ပင် တန်ဖိုးရှိနေပါသည်။ သူတို့သည် အခက်အခဲနှင့်ရင်ဆိုင်ရသည့်အခါတိုင်း ကိုယ်တော်ထံတွင် အကူအညီ တောင်းခံခဲ့ကြပါသည်။ စိတ်ပျက်ဝမ်းနည်း သည့်အချိန်များတွင် ကိုယ်တော့်ထံ၌ နှစ် သိမ့်မှုကိုတောင်းခံခဲ့ကြပါသည်။ ယခုအချိန်တွင်မူ ကိုယ်တော်သည် အထီးကျန်ဆန် အမအစလိုနေသော  ၎င်းတို့အဖွဲ့ကလေးကို ထားရစ်ခဲ့ရပေတော့မည်။ ၎င်းတို့၏ စိတ်ထဲတွင် နိမိတ်ဆိုးများဖြင့်ပြည့်၀နေကြပါသည်။

         သို့ရာတွင် ၎င်းတို့အားမိန့်မှာထားတော်မူသော ကယ်တင်ရှင်၏မိန့်မြွက်စ ကားများသည် မျှော်လင့်ချက်အပြည့်ရှိနေပါသည်။ ထိုသူများသည် စာတန်၏ တိုက် ခိုက်မှုကိုခံရမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ စာတန်၏ပါးနပ်မှုသည် အခက် အခဲတွေ့နေသူများအပေါ် အောင်မြင်မှုရှိနေသည်ကိုလည်းကောင်း ကိုယ်တော် သိတော်မူပါသည်။ ထို့ကြောင့် “ထင်ရှားသောအရာတို့ကိုမကြည့် မမှတ်ဘဲမထင် ရှားသောအရာတို့ကိုကြည့်မှတ်စေခြင်းငှာ” ၎င်းတို့အား ကိုယ်တော်ညွှန်ပြတော်မူခဲ့ ပါသည်။ ၂ကော ၄း၁၈။ ကိုယ်တော်သည် ၎င်းတို့၏ အတွေးအခေါ်များကို မြေကြီး နှင့်ဆိုင်သော တစ်ကျွန်းတစ်နိုင်ငံသားဘ၀မှ ကောင်းကင်နိုင်ငံရှိအိမ်တော်သို့ ဦး လှည့်ပေးတော်မူပါသည်။

         “တစ်ဖန်တုံယေရှုက၊ စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင်ကို ယုံ ကြည်ကြလော့။ ငါ့ကိုလည်းယုံကြည်ကြလော့။ ငါ့အဖ၏အိမ်တော်၌  နေစရာအခန်း အများရှိ၏။ သို့မဟုတ်လျှင်မဟုတ်ကြောင်းကို သင်တို့အားငါ မပြောဘဲမနေ၊ သင် တို့နေစရာအရပ်ကိုပြင်ဆင်ခြင်းငှာငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာအရပ် ကို ပြင်ဆင်ပြီးမှ တစ်ဖန်ပြန်လာ၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကိုငါ့ ထံသို့ သိမ်းဆည်းမည်။” ငါသည်သင့်အတွက် ကြောင့် လောကသို့ကြွလာခဲ့ရပြီး ယခုတွင်သင့်ကိုယ်စား အမှုတော်ဆောင်ရွက်လျက်ရှိပါသည်။ ငါသည်သင်နှင့်ခွဲခွာ နေစဉ်၌လည်း သင့်အတွက်စိတ် အားထက်သန်စွာ ဆက်လက်လုပ်ဆောင်လျက်ရှိ ပါသည်။ သင်သည်ငါ့အား ယုံကြည်နိုင်စေရန်အလိုငှာ မိမိကိုယ်ကိုဖော်ပြရန် လောကသို့ကြွလာခဲ့ခြင်းဖြစ်သည်။ သင့်ကိုယ်စား၊ အဖဘုရားသခင်နှင့် ပူးတွဲလုပ် ဆောင်ရန် ကိုယ်တော့်ထံသို့ငါသွားရ၏ဟူ၍ ခရစ်တော်မြွက်ဆိုခဲ့ပါသည်။ ခရစ်တော် ခွဲခွာသွားရခြင်း၏ရည်ရွယ်ချက်သည် တမန်တော်များ စိုးရိမ်ပူပန်နေသောအရာနှင့် ဆန့်ကျင်ဘက်ဖြစ်နေပါသည်။ ထိုခွဲခွာခြင်းသည် နောက်ဆုံးခွဲခွာခြင်း မဟုတ်သေး ဘဲ တစ်ဖန်လာပြန်၍ ကိုယ်တော်ထံသို့ သိမ်းဆည်းနိုင်စေရန်အလိုငှာ ၎င်းတို့အ တွက်နေစရာအခန်းကိုပြင်ဆင်ရန် ကိုယ်တော်သွားတော်မူခဲ့ခြင်းသာ ဖြစ်ပါသည်။ ကိုယ်တော်သည် သူတို့အတွက်နေစရာအခန်းများကို ပြင်ဆင်နေစဉ်တွင် ၎င်းတို့ အနေနှင့်လည်း သန့်ရှင်းသောစာရိတ္တများကိုတည်ဆောက် ကြရန်ဖြစ်ပါသည်။

         တမန်တော်များသည် စိတ်ရှုပ်ထွေးလျက်ရှိနေဆဲဖြစ်ပါသည်။ သံသယ စိတ်ကြောင့် အမြဲတမ်းစိတ်ဒုက္ခရောက်နေသော သောမက ]]သခင်၊ ကိုယ်တော် သည် အဘယ်အရပ်သို့ သွားတော်မူမည်ကို အကျွန်ုပ်မသိသည်ဖြစ်၍ လမ်းခရီးကို အဘယ်သို့သိနိုင်ပါမည်နည်းဟုလျှောက်လျှင်၊ ယေရှုက ငါသည်လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏၊ အသက်လည်းဖြစ်၏၊ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ၊ သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမ နေရ။ ယခုမှစ၍ ခမည်းတော်ကို သိမြင်ကြ၏ဟုမိန့်တော်မူ၏။

        ကောင်းကင်နိုင်ငံတော်သို့ဝင်စားနိုင်မည့်နည်းလမ်းများစွာမရှိပါ။ လူတိုင်း သည် မိမိ၏ကိုယ်ပိုင်နည်းလမ်းကို ရွေးချယ်နိုင်ခွင့်မရှိပါ။ “ငါသည် လမ်းခရီးဖြစ် --- ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှခမည်းတော်ထံသို့ မရောက်ရ” ဟု ခရစ် တော်မိန့်တော်မူ၏။ မိန်းမ၏အမျိုးအနွှယ်သည် မြွေ၏ ခေါင်းကိုကြိတ်လိမ့်မည်ဟု ဧဒင်ဥယျာဉ်ထဲတွင်မိန့်မြွက်တော်မူခဲ့သည့်ဝမ်း မြောက်ဖွယ်သတင်းစကားကို ပထမ ဦးဆုံးအကြိမ်မိန့်ကြားခဲ့သည့်အချိန်မှစ၍ ခရစ်တော်သည်လမ်းခရီးအဖြစ်၊ သမ္မာ တရားအဖြစ်၊ အသက်အဖြစ်မြှောက် တင်ခြင်းကိုခံခဲ့ပြီးဖြစ်ပါသည်။ အာဒံအသက် ရှင်ထင်ရှားရှိခဲ့စဉ်ကလည်းကောင်း၊ ကယ်တင်ရှင်သွန်းလောင်းမည့် အသွေးတော် ကိုပုံဆောင်သော ယဇ်ပူဇော်ခြင်းခံရသည့် သိုးသငယ်၏အသွေးကို ဘုရားသခင်ထံ တော်၌ အာဗေလဆက်သနေ သောအချိန်တွင်လည်းကောင်း ခရစ်တော်သည် လမ်းခရီးဖြစ်တော်မူခဲ့ပါသည်။ ရှေးဘိုးဘေးများနှင့်ပုရောဖက်ကြီးများသည်လည်း ခရစ်တော်အားဖြင့်ကယ် တင်ခြင်းရခဲ့ကြပါသည်။ ကိုယ်တော်ရှင်တည်းဟူသော တစ် ခုတည်းသောဤ လမ်းခရီးအားဖြင့်သာ ကျွန်ုပ်တို့သည် ဘုရားသခင့်ထံတော်သို့ တိုး ဝင်ချဉ်းကပ် နိုင်ကြပါသည်။

         “သင်တို့သည်ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေရကြ။ ယခုမှစ၍ ခမည်းတော်ကိုသိမြင်ကြ၏” ဟု ခရစ်တော်မိန့်တော်မူခဲ့ပါသည်။ သို့စေကာမူ တမန် တော်များသည် ယခုအချိန်တိုင်အောင်နားလည်ခြင်းမရှိကြသေးဘဲ “သခင်၊ ခမည်း တော်ကို အကျွန်ုပ်တို့အားပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့အလိုပြည့်စုံ ပါမည်” ဟု ဖိလိပ္ပုကလျှောက်ထားခဲ့၏။

         ခရစ်တော်သည် ထိုတမန်တော်၏ ထိုးထွင်းသိမြင်မှုနှေးကွေးခြင်းကြောင့် အံ့ဩတွေဝေခဲ့ရပြီး အံ့အားသင့်စွာဖြင့် မေးတော်မူသည်ကား၊ “ဖိလိပ္ပု ဤမျှကာလ ပတ်လုံးငါသည် သင်တို့နှင့်အတူရှိပြီးမှ သင်သည်ငါ့ကိုမသိသေးသလော” ငါ့အား ဖြင့် အဖဘုရားသခင်ပြုတော်မူသည့်အရာများတွင် ခမည်းတော်ဘုရားကို သင်မ တွေ့မမြင်ခဲ့သလော။ အဖဘုရားကိုသက်သေခံရန် ငါကြွလာခဲ့ကြောင်းကို သင်မယုံ ကြည်သလော။ ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါဟု သင်သည်အဘယ် သို့ဆိုရသနည်း။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏” ဟူ၍ဖြစ်၏။ ခရစ် တော်သည် လူသားတစ်ဦးဖြစ်လာသဖြင့် ဘုရားဇာတိတော်မှ ရပ်ဆိုင်းတော်မူခြင်း ရှိခဲ့ချေ။ ကိုယ်တော်သည် လူဇာတိကိုခံယူကာ မိမိကိုယ်ကိုနှိမ့်ချတော်မူခဲ့သော် လည်းသုံးပါးတစ်ဆူဘုရား၌ ပါဝင်နေဆဲဖြစ်တော်မူပါသည်။ ခရစ်တော်တစ်ပါး တည်းကသာ အဖဘုရားသခင်၏ရုပ်လုံးတော်ကို လူသားများအားထင်ရှားစေနိုင်ပါ သည်။ တမန်တော်များသည် ဤရုပ်လုံးတော်ကို သုံးနှစ်ကျော်ကြည့်မြင်ခွင့်ရခဲ့ကြပါ သည်။

         “ငါသည်ခမည်းတော်၌ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိ တော်မူသည်ကိုလည်းကောင်း ယုံကြလော့။ ငါ့စကားကိုမယုံလျှင် ငါ့အမှုတို့ကို ထောက်၍ယုံကြလော့။” မည်သူတစ်စုံတစ်ယောက်မျှ မပြုလုပ်ခဲ့ဖူးသော၊ မပြုလုပ် နိုင်ခဲ့သော ခရစ်တော်ပြုတော်မူသည့်အမှုတွင် ထင်ရှားလျက်ရှိသည့် အထောက်အ ထားအပေါ်တွင် မိမိတို့၏ယုံကြည်ခြင်းကို ဘေးကင်းလုံခြုံစွာ အခြေစိုက်နိုင်ကြပါ သည်။ ခရစ်တော်ပြုတော်မူသည့် အမှုတော်သည် မိမိ၏ဘုရားဇာတိတော်ကို ထင် ရှားစေခဲ့ပါသည်။ အဖဘုရားသခင်သည် ကိုယ်တော်အားဖြင့် ထင်ရှားတော်မူခဲ့ပါ သည်။

         တမန်တော်များသည် ခမည်းတော်နှင့်သားတော်အကြား အရေးကြီးသော ဤဆက်နွှယ်မှုကို ယုံကြည်ခဲ့ကြမည်ဆိုလျှင် ပျက်စီးအံ့ဆဲဆဲကမ္ဘာကြီးအားကယ် တင်ရန် ခရစ်တော်ခံစားခဲ့ရသော ဒုက္ခဝေဒနာများနှင့် အသေခံခြင်းများကိုတွေ့မြင် သောအချိန်တွင် ယုံကြည်မှုပျက်ပြားခဲ့ကြလိမ့်မည်မဟုတ်ချေ။ ကိုယ်တော်သည် လူဇာတိကိုခံယူကာ ဘုရားသခင်ဖြစ်ကြောင်းကို အမှန်တကယ်သိရှိနားလည်ခဲ့ကြ လျှင် နိမ့်ကျသောယုံကြည်ခြင်းအခြေအနေမှသည် သူတို့ခံစားကြရမည့် ဗဟုသုတ အတွေ့အကြုံများကို ခံစားခွင့်ရသည်အထိ ၎င်းတို့အားမြှင့်တင်လမ်းပြရန် ခရစ် တော်ကြိုးစားတော်မူခဲ့ပါသည်။ သူတို့၏ယုံကြည်ခြင်းသည် ၎င်းတို့အားဘုရားသခင် ထံသို့ တဖြည်းဖြည်းလမ်းခင်းပေးနေသည်ကိုလည်းကောင်း၊ ထိုယုံကြည်ခြင်းကို ဘုရားသခင်၌ စွဲမြဲခိုင်မာစေကြသည်ကိုလည်းကောင်း ကိုယ်တော်တွေ့မြင်လိုလှပါ သည်။ မကြာမီ အချိန်တွင်း၌ ၎င်းတို့အားရိုက်ခတ်တော့မည့် စုံစမ်းခြင်းမုန်တိုင်းကို ရင်ဆိုင်နိုင်ရန်အတွက် ကျွန်ုပ်တို့၏ကယ်တင်ရှင်သည် ထိုသူများအားမနားမနေ ကြိုးစား၍ ပြင်ဆင်ပေးတော်မူခဲ့ပါသည်။ ၎င်းတို့အားဘုရားသခင်၌ မိမိနှင့်အတူဝှက် ထားတော်မူခဲ့ပါသည်။

         ခရစ်တော်သည် ဤနှုတ်ကပတ်တော်များကို မိန့်တော်မူနေစဉ်တွင် ဘုရား သခင်၏ဘုန်းတန်ခိုးတော်သည် ကိုယ်တော်၏မျက်နှာတော်ဝယ် ထွန်းလင်းလျက်ရှိ နေပါသည်။ အနားတွင်ရှိနေသူများသည် နှုတ်တော်ထွက်စကားများကို ဝမ်းမြောက် ဝမ်းသာ နားထောင်နေကြစဉ်တွင် စိုးရွံ့ထိတ်လန့်မှုတစ်ခုကို ခံစားခဲ့ကြရပါသည်။ သူတို့၏စိတ်နှလုံးများကို ကိုယ်တော့်ထံသို့သိသာ ထင်ရှားစွာဆွဲယူတော်မူပြီး ခရစ် တော်၏မေတ္တာတော်အားဖြင့် ၎င်းတို့အား ဆွဲယူတော်မူစဉ်တွင် သူတို့အချင်းချင်း လည်း မေတ္တာအားဖြင့်ဆွဲယူနေကြပါသည်။ ကောင်းကင်နိုင်ငံတော်သည် အလွန် နီးကပ်လျက်ရှိကြောင်း မိမိတို့ ကြားနာခဲ့ရသောနှုတ်ထွက်စကားသည် မိမိတို့အ တွက်ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင်ထံမှလာသော သတင်းစကားတစ်ခု ဖြစ်ကြောင်း သူတို့သိရှိ ခဲ့ကြပါသည်။

         မိမိ၏ဘုရားဇာတိတော်သည် လူသားဇာတိဖြင့်ပေါင်းစပ်ရခြင်း အကြောင်း ရင်းကို တမန်တော်များသိရှိနားလည်ဖို့ ခရစ်တော်များစွာအလိုရှိပါသည်။ ထို့ကြောင့်  “ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှုတို့ကိုပြု လိမ့်မည်” ဟု ခရစ်တော်ဆက်လက် မိန့်ဆိုတော်မူခဲ့ပါသည်။ ပြုပြင်ခြင်းတန်ခိုး တော်အားဖြင့် လူသားများကိုမြှင့်တင်နိုင်ရန်အလိုငှာ ဘုရားသခင်၏ဘုန်းတော်ကို ဖော်ပြရန် ဤကမ္ဘာလောကသို့ ကိုယ်တော်ကြွမြန်းလာခဲ့ခြင်းဖြစ်ပါသည်။ သူတို့အား ဖြင့်ခရစ်တော်ကို ထင်ရှားနိုင်စေသကဲ့သို့ ခရစ်တော်အားဖြင့် ဘုရားသခင်ကို ထင် ရှားစေခဲ့ပါသည်။ မိမိအားယုံကြည်ခြင်းအားဖြင့် လူသားများမရရှိနိုင်သော မည်သည့် အရည်အချင်းများကိုမျှ ကိုယ်တော်မဖော်ပြခဲ့သည့်ပြင် မည်သည့်တန်ခိုးတော်ကိုမျှ လည်းအသုံးမပြုခဲ့ပါချေ။ တပည့်တော်များသည် ခရစ်တော်ပြုတော်မူသကဲ့သို့ ဘုရား သခင်ထံ၌ မိမိကိုယ်ကိုဆက်ကပ်အပ်နှံကြလိမ့်မည်ဆိုလျှင် ၎င်းတို့ပိုင်ဆိုင်ကြမည့် အသက်တာသည် ခရစ်တော်၏စုံလင်သောအသက်တာမျိုးပင်ဖြစ်ပါလိမ့်မည်။

         ထိုအမှုတို့ထက်သာ၍ကြီးသောအမှုတို့ကိုလည်းပြုလိမ့်မည်။ အကြောင်း မူကား၊ ငါသည်ခမည်းတော်ထံသို့သွား၏ဟူသောစကားရပ်က တမန်တော်များ၏ လုပ်ဆောင်ချက်များသည် ကိုယ်တော့်လုပ်ဆောင်ချက်ထက်အရည် အသွေးသာ သည်ဟုမဆိုလိုပါ။ ကိုယ်တော်သည် နိမိတ်လက္ခဏာပြခြင်းတစ်ခုကိုသာ ရည်ညွှန်း မိန့်မြွက်နေခြင်းမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုအောက်တွင် ဖြစ်ပျက်မည့်အရာအားလုံးကို မိန့်တော်မူနေခြင်း ဖြစ်ပါသည်။

         သခင်ဘုရားကောင်းကင်နိုင်ငံတော်သို့ တက်ကြွတော်မူသည့် နောက်ပိုင်း တွင် ကတိတော်များပြည့်စုံလာကြောင်းကို တမန်တော်များသိမြင်လာခဲ့ကြပါသည်။ ခရစ်တော်အားကပ်တိုင်တင်ခဲ့ကြသည့်မြင်ကွင်း၊ ကိုယ်တော်ရှင်သေခြင်းမှထ မြောက်ခဲ့သည့်မြင်ကွင်းနှင့် ကောင်းကင်သို့တက်ကြွတော်မူသည့် မြင်ကွင်းများသည် မိန့်တော်မူခဲ့သည့်အတိုင်း အမှန်တကယ်ဖြစ်ပျက် လာခဲ့သောအခြင်းအရာများဖြစ် ကြပါသည်။ အနာဂတ်ပြုခဲ့သောအရာများသည် တိုက်ရိုက်ပြည့်စုံနေကြောင်းကို သူ တို့မြင်တွေ့ခဲ့ရပါသည်။ သူတို့သည် သမ္မာကျမ်းစာကိုသေချာစွာလေ့လာခဲ့ကြပြီး ယခင်ကမသိခဲ့သော ယုံကြည်စိတ်ချမှုမျိုးဖြင့် သမ္မာကျမ်းစာ၏ သွန်သင်ချက်များ ကို လက်ခံခဲ့ကြပါသည်။ ကိုယ်တော် သည်ဖြစ်လိမ့်မည်ဟု မိမိမိန့်တော်မူသမျှကို လုံး၀ဖြစ်စေနိုင်သည့်ပုဂ္ဂိုလ်တစ်ပါး ဖြစ်ကြောင်းကို သူတို့သိရှိလာခဲ့ကြပါသည်။ ထိုနောက် မိမိတို့ခံစားခဲ့ရသော အတွေ့အကြုံများကိုသူတို့ပြောပြကာ ဘုရားသခင် မေတ္တာတော်ကို မြှောက်တင်လာကြသောအချိန်တွင် လူများ၏နှလုံးသားများ သည် နူးညွှတ် ပျော့ပျောင်းလာကာ သခင်ယေရှုကို လက်ခံယုံကြည်လာကြပါသည်။

         ထိုတပည့်တော်များကို ပေးတော်မူခဲ့သည့် ကိုယ်တော်၏ကတိတော်သည် နောက်ဆုံးခေတ်၌တည်ရှိနေသော ကိုယ်တော်၏ အသင်းတော်အတွက်လည်း ဖြစ်ပါသည်။ မိမိ၏အံ့ဖွယ်ကောင်းသော ကယ်တင်ခြင်းစီမံကိန်းသည် မဖြစ်စ လောက်အကျိုးကျေးဇူးများဖြင့်သာ အဆုံးသတ်သွားဖို့ ကိုယ်တော်ရှင်မရည်ရွယ် ခဲ့ချေ။ မိမိတို့၏စွမ်းဆောင်နိုင်မှုများအပေါ် အားကိုးခြင်းမရှိဘဲ မိမိတို့အတွက်သော် လည်းကောင်း၊ မိမိတို့ကိုအသုံးပြု၍သော်လည်းကောင်း ဘုရားသခင်ပြုတော်မူနိုင် သည့်အမှုများအပေါ် အားကိုးလျက် အမှုတော်ဆောင်ကြမည့် သူအပေါင်းတို့သည် ကိုယ်တော်ရှင်၏ ကတိတော်ပြည့်စုံကြောင်းကို သေချာပေါက်တွေ့မြင်ကြပါလိမ့် မည်။ “ထိုအမှုတို့ထက်သာ၍ကြီးသောအမှုတို့ကို လည်းပြုလိမ့်မည်။ အကြောင်း မူကား ငါသည်ခမည်းတော်ထံသို့သွား၏။

         တပည့်တော်များသည် ယခုအချိန်တိုင်အောင် ခရစ်တော်၏အနန္တတန်ခိုး တော်နှင့်စွမ်းပကားများကို ကောင်းမွန်စွာမသိရှိကြသေးချေ။ ထိုကြောင့် ယခုတိုင် အောင် ငါ၏နာမကိုအမှီပြု၍ သင်တို့သည်အဘယ်ဆုကိုမျှမတောင်းကြသေးဟု ကိုယ်တော်မိန့်တော်မူခဲ့ပါသည်။ ယောဟန် ၁၆း၂၄။ အောင်မြင်မှု၏ လျှို့ဝှက်ချက် သည် ကိုယ်တော်၏နာမတော်၌ ခွန်အားအစွမ်းနှင့်ကျေးဇူးတော်များကို ၎င်းတို့ တောင်းခံခြင်းအပေါ်တွင် မူတည်နေပါသည်။ ကိုယ်တော်သည် ၎င်းတို့အတွက် အသနားခံပေးရန် အဖဘုရားသခင်၏ရှေ့တော်တွင် ရှိနေပါသည်။ ခရစ်တော်သည် စိတ်နှလုံးကြေကွဲနေသူများ၏ဆုတောင်းချက် များကို မိမိ၏ဆုတောင်းချက်သဖွယ် ကိုယ်စားပြုတင်ပြတော်မူပါမည်။ ရိုးသားပွင့်လင်းသော ဆုတောင်းချက်တိုင်းကို ကောင်းကင်နိုင်ငံတော်မှ နားညောင်းလျက်ရှိပါသည်။ ထိုဆုတောင်းချက်များသည် ပြေပြစ်မှုရှိချင်မှရှိကြမည်ဖြစ်သော်လည်း စိတ်ပါလက်ပါဆုတောင်းချက်ဖြစ်လျှင် ခရစ်တော်အမှုတော်ထမ်းဆောင်နေသည့် ဗိမာန်တော်သို့ရောက်ရှိသွားလိမ့်မည် ဖြစ်ပြီး ကိုယ်တော်သည် ထိုဆုတောင်းချက်အား မိမိ၏စုံလင်ခြင်းနံ့သာများဖြင့် တင့် တယ်နေသော ပြေပြစ်ဆီလျော်သည့် စကားလုံးများကိုအသုံးပြုလျက် အဖဘုရားသ ခင်ထံတွင် တင်ပြပေးတော်မူပါလိမ့်မည်။

         ရိုးသားဖြူစင်ခြင်းနှင့် တည်ကြည်ဖြောင့်မတ်ခြင်းလမ်းစဉ်သည် အဟန့်အ တားကင်းရှင်းသည့် လမ်းစဉ်တစ်ခုမဟုတ်ပါချေ။ သို့သော် ကျွန်ုပ်တို့သည် အခက် အခဲနှင့်ရင်ဆိုင်ခဲ့ရသည့် အခါတိုင်းတွင် ဆုတောင်းခြင်းအားဖြင့် ခရစ်တော်ထံ တောင်းလျှောက်ကြရန်ဖြစ်ပါသည်။ ဘုရားသခင်ထံမှတန်ခိုးတော်နှင့် အစွမ်းသတ္တိ များကိုမရရှိဘဲ အသက်ရှင်နေသူဟူ၍ တစ်စုံတစ်ယောက်မျှ မရှိပါချေ။ ထိုတန်ခိုး တော်အရှင်သည် အားနည်းဆုံးသော လူသားတစ်ဦးကိုပင် လက်လှမ်းနေပါသည်။ “သင်တို့သည် ငါ၏နာမကိုအမှီပြုလျက်တောင်းသမျှ အတိုင်းငါပြုမည်။ အကြောင်း မူကား ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားခြင်းရှိမည်အကြောင်း တည်း” ဟုသခင်ယေရှုမိန့်တော်မူခဲ့ပါသည်။

         ငါ၏နာမကိုအမှီပြုလျက်ဆုတောင်းပါဟု တပည့်တော်များအား ခရစ်တော် မိန့်တော်မူခဲ့ပါသည်။ တပည့်တော်အပေါင်းတို့သည် ဘုရားသခင်၏ရှေ့မှောက်တွင် ကိုယ်တော်၏ နာမတော်ကိုအမှီပြု၍ ရပ်တည်ကြရမည်ဖြစ်ပါသည်။ ၎င်းတို့အတွက် ပြုတော်မူခဲ့သောဆက်ကပ်ခြင်း၏ အရေးပါမှုကြောင့် သူတို့သည်ထာ၀ရဘုရား၏ မျက်မှောက်တော်ဝယ် တန်ဖိုးရှိလှပါသည်။ ခရစ်တော်ထံမှရရှိသည့် ဖြောင့်မတ်ခြင်း ကြောင့် သူတို့သည်အဖိုးထိုက်သူများအဖြစ် မှတ်ယူခြင်းခံကြရပါသည်။ ထာ၀ရ ဘုရားသည် ခရစ်တော်ပြုတော်မူခဲ့သော ဆက်ကပ်မှုကိုထောက်ထား၍ ကိုယ် တော်ကိုကြောက်ရွံ့သူများအား အပြစ်လွှတ်တော်မူပါသည်။ ကိုယ်တော်ရှင်သည် ၎င်းတို့၌အပြစ်သား၏ဆိုးရွား မှုကိုမမြင်တော့ဘဲ ၎င်းတို့၏ယုံကြည်သော သားတော် ဘုရား၏ရုပ်လုံးတော်ကို သာမြင်တွေ့တော်မူပါသည်။

         ကိုယ်တော်ရှင်၏လူများသည် မိမိကိုယ်ကိုအထင်သေးကြသောအခါဘုရား သခင်သည် စိတ်နှလုံးမကြည်မသာ ဖြစ်တော်မူပါသည်။ ရွေးချယ်ခြင်းခံရသောသူ များသည် ကိုယ်တော်ရှင်ပေးတော်မူခဲ့ရသော အဖိုးအခနှင့်လျော်ညီစွာ မိမိကိုယ်ကို တန်ဖိုးထားကြဖို့ ထာ၀ရဘုရားလိုလားတော်မူပါသည်။ ထာ၀ရဘုရားသည် ၎င်းတို့ အားကယ်တင်ရန် အလိုရှိတော်မူခြင်းကြောင့်သာ ထိုကဲ့သို့သော အရေးကြီးသည့် ဆောင်ရွက်မှုတစ်ခုအတွက် မိမိ၏သားတော်ကို စေလွှတ်ခဲ့ခြင်းဖြစ်ပါသည်။ ကိုယ် တော်၌၎င်းတို့အတွက် အသုံးချစရာတစ်ခုရှိတော်မူပါသည်။ သူတို့သည် နာမတော် ချီးမြှောက်နိုင်စေရန်အလိုငှာ ကိုယ်တော်ထံ၌ ဆုပတ္ထနာများကို အပူတပြင်းတောင်း ခံလာကြသောအချိန်တွင် ကိုယ်တော်သည် အလွန်နှစ်သက်တော်မူ၏။ ၎င်းတို့သည် ကိုယ်တော်၏ကတိတော် ၌ယုံကြည်ခြင်းရှိလျှင် များစွာသောဆုကျေးဇူးများကို ရရှိ ကြလိမ့်မည်ဟု မျှော်လင့်နိုင်စရာအကြောင်းရှိပါသည်။

         သို့ရာတွင် ခရစ်တော်၏နာမတော်ကိုမှီခို၍ ဆုတောင်းခြင်း၌များစွာ အဓိ ပ္ပါယ်လေးနက်ပါသည်။ နာမတော်ကိုအမှီပြု၍ ဆုတောင်းသည်ဟုဆိုရာ၌ ကိုယ် တော်၏ စာရိတ္တတော်ကိုခံယူ၍ ကိုယ်တော်၌ရှိသော စိတ်နေသဘောထားကို ထင် ရှားစေလျက် ကိုယ်တော်၏အမှုတော်ကို ဆောင်ရွက်ခြင်းကိုဆိုလိုပါသည်။ ကယ်တင်ရှင်ပြုတော်မူခဲ့သောကတိတော်သည် အခြေအနေပေါ်မူတည်၍ ပြည့်စုံ မည်ဖြစ်ပါသည်။ ကိုယ်တော်သည် အပြစ်သားများကိုအပြစ်ထဲ တွင်သာကယ်တင် တော်မမူဘဲ အပြစ်မှကယ်တင်တော်မူပါသည်။ ကိုယ်တော်အားချစ်သောသူအ ပေါင်းတို့သည် နားထောင်ခြင်းအားဖြင့် မိမိ၏မေတ္တာကို ဖော်ပြကြရမည်ဖြစ်သဖြင့် “ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကိုစောင့်ရှောက်ကြ လော့” ဟုမိန့်တော်မူခဲ့ပါသည်။

         စစ်မှန်သောနားထောင်မှုအားလုံးသည် နှလုံးသားမှပေါက်ဖွားပါသည်။ နား ထောင်ခြင်းဆိုသည်မှာ ခရစ်တော်နှင့်အတူလုပ်ဆောင်သည့် နှလုံးသား၏ဆောင် ရွက်ချက် တစ်ရပ်သာဖြစ်ပါသည်။ ၎င်းပြင် ကျွန်ုပ်တို့ကသဘောတူခွင့်ပြုလျှင် ကိုယ် တော်တိုင်သည် ကျွန်ုပ်တို့၏အတွေးအခေါ်ရည်ရွယ်ချက်များနှင့်အတူ ပါရှိလိမ့်မည် ဖြစ်ပြီး ကိုယ်တော်၏အမိန့်တော်များကို နားထောင်လိုက်လျှောက်နေသော အချိန် တွင် ကျွန်ုပ်တို့သည် မိမိတို့၏ကိုယ်ပိုင်ခံစားမှုများကို အကောင်အထည်ဖော်နေသ ကဲ့သို့ဖြစ်လာစေရန်အတွက် ကျွန်ုပ်တို့၏စိတ်နေသဘောထားများကို ကိုယ်တော် ရှင်၏အလိုတော်နှင့်ကိုက်ညီအောင် သမပေးတော်မူပါလိမ့်မည်။ သန့်စင်စေပြီးသည့် ကျွန်ုပ်တို့၏အလိုဆန္ဒများသည်လည်း ကိုယ်တော်ရှင်၏အမှုတော်ကို ဆောင်ရွက် ခြင်းတွင် အထူးနှစ် ခြိုက်မှုရှိလာပါလိမ့်မည်။ ကျွန်ုပ်တို့သည် ဘုရားသခင်အားသိ ကျွမ်းခွင့်ရှိသကဲ့သို့ အမှန်တကယ်သိကျွမ်းလာသောအချိန်တွင် ကျွန်ုပ်တို့၏ သက်တာသည် နားထောင်ခြင်းနှင့်ပြည့်၀သောအသက်တာဖြစ်လာပါလိမ့်မည်။ ခရစ်တော်၏ ဂုဏ်တော်ကိုအမွန်အမြတ်ထားခြင်းအားဖြင့်သော်လည်းကောင်း၊ ဘုရားသခင် နှင့်မိတ်သဟာယဖွဲ့ခြင်းအားဖြင့်သော်လည်းကောင်း ကျွန်ုပ်တို့သည် အပြစ်ကို မုန်းတီးရွံ့ရှာလာပါလိမ့်မည်။

         ခရစ်တော်သည်လူသားဇာတိတွင် ပညတ်တော်အတိုင်းအသက်ရှင်နေ ထိုင်နိုင်သကဲ့သို့ ကျွန်ုပ်တို့သည် ထိုကဲ့သို့နေထိုင်အသက်ရှင်နိုင်စေရန် ခရစ်တော် ကိုဆုပ်ကိုင်ထားလိမ့်မည်ဆိုလျှင် ကိုယ်တော်နည်းတူ ပညတ်တော်အတိုင်း သက်ရှင်နေထိုင်နိုင်ကြမည်ဖြစ်ပါသည်။ သို့ရာတွင် မိမိတို့ပြုရမည့် တာဝန်ကို သူတစ်ပါးအပေါ်သို့လွှဲချကာ မည်သည့်အရာကိုလုပ်ဆောင်ဖို့ ၎င်းတို့ကကျွန်ုပ်တို့ အား ပြောသည်အထိ စောင့်ဆိုင်းနေကြရန်မဟုတ်ချေ။ ကျွန်ုပ်တို့သည် အကြံဥာဏ် ရရှိရန်အတွက် လူသားများအပေါ်မမှီခိုနိုင်ပါချေ။ အခြားသူများအား စိတ်အားထက် သန်စွာ သွန်သင်တော်မူမည်ဖြစ်သကဲ့သို့ ကျွန်ုပ်တို့အားလည်း လုပ်ဆောင်ရန် တာဝန်များကို ကိုယ်တော်သွန်သင်တော်မူပါလိမ့်မည်။ ကိုယ်တော့်ထံသို့ယုံကြည် ခြင်းနှင့်ချဉ်းကပ်လာကြလျှင် ကိုယ်တော်သည် မိမိ၏နက်နဲသောအရာများကို ကျွန်ုပ် တို့အား နှစ်ကိုယ်ကြားမိန့်တော်မူပါလိမ့်မည်။ ကိုယ်တော်သည် ဧနောက်၌ပြုတော်မူ သကဲ့သို့ ကျွန်ုပ်တို့ထံသို့မိတ် သဟာယဖွဲ့ရန် ချဉ်းကပ်လာသောအချိန်တွင် ကျွန်ုပ် တို့၏ နှလုံးသားများသည် မကြာခဏတောက်လောင်နေပါလိမ့်မည်။ ကိုယ်တော်ရှင် မနှစ်သက်သော မည်သည့်အရာကိုမဆို မလုပ်ဆောင်ရန်ဆုံးဖြတ်ထားသူများသည် မိမိ၏တွေ့ ကြုံနေရသောပြဿနာကို ကိုယ်တော်ရှင်၏ရှေ့မှောက်၌ တင်ပြပြီးသော အချိန် တွင် မည်သို့ဖြေရှင်းရမည်ကို သိရှိလာကြပါလိမ့်မည်။ ထိုသူများသည် ဥာဏ် ပညာများသာမက တန်ခိုးခွန်အားများကိုပင်ရရှိလာကြပါလိမ့်မည်။ ခရစ်တော်သည် ကတိတော်ထားသည့်အတိုင်း အလိုတော်ကိုလိုက်လျှောက်နိုင်ရန် တန်ခိုးနှင့်အမှု တော်ဆောင်ရန်အစွမ်းသတ္တိများကို ၎င်းတို့အား ပေးသနားတော်မူပါလိမ့်မည်။ ခရစ် တော်အားပေးလှူသမျှသော အရာခပ်သိမ်းကို လူသားများ၏ ခေါင်းဆောင်တစ်ဦး အနေဖြင့် ကိုယ်တော်အားပေးတော်မူခဲ့ပါသည်။ အပြစ်တွင်ကျဆုံးနေသော လူသား များ၏လိုအပ်ချက်ကို ဖြည့်ဆည်းခြင်းသည် ခရစ်တော်အား ပေးလှူခြင်းဖြစ်ပါသည်။ “ငါတို့သည် ပညတ်တော်တို့ကိုစောင့်ရှောက်၍ နှစ်သက်တော်မူသော အကျင့်တို့ကို ကျင့်သောကြောင့် ဆုတောင်းသမျှတို့ကို ဘုရားသခင်ထံတော်မှရကြ၏။” ၁ယော ၃း၂၂။

         ခရစ်တော်သည် ယဇ်ကောင်အနေဖြင့်မိမိကိုယ်ကိုမပူဇော်မီ ကျေးဇူးတော် ၏ကြွယ်၀မှုများကို တပည့်တော်များလက်လှမ်းမီနိုင်သည့် နေရာသို့ယူဆောင်ပေး နိုင်မည့် အဓိကအကျဆုံးနှင့် အပြည့်စုံဆုံးသောဆုမင်္ဂလာတစ်ခုကို ၎င်းတို့အပေါ် သို့ချပေးရန် စီစဉ်တော်မူခဲ့ပါသည်။ ထိုကြောင့် ငါသည်ခမည်းတော်ကိုတောင်း၍ ခမည်းတော်သည် သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တစ်ပါး တည်းသောဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူအစဉ်မပြတ် တည်နေစေခြင်းငှာ သင်တို့အားပေးတော်မူမည်။ ထိုဝိညာဉ်တော်ကို လောကီသားတို့သည် မသိမမြင် သောကြောင့်မခံမယူနိုင်ကြ။ ထိုဝိညာဉ်တော်သည် သင်တို့နှင့်အတူတည်နေ၍ သင် တို့၌ရှိတော်မူသောကြောင့် သင်တို့သိရကြ၏။ ငါသည်သင်တို့ကို မိဘမဲ့ဖြစ်စေခြင်း ငှာ စွန့်ပစ်မည်မဟုတ်။ သင်တို့ဆီ သို့လာဦးမည်ဟုမိန့်တော်မူခဲ့ပါသည်။

         ဝိညာဉ်တော်သည် ထိုအချိန်မတိုင်မီကတည်းက ဤကမ္ဘာလောကထဲတွင် ရှိနေတော်မူခဲ့ပြီး ကယ်တင်ခြင်းလုပ်ငန်းအစပျိုးသည့်အချိန်မှစ၍ ကိုယ်တော်သည် လူသားများ၏စိတ်နှလုံးများဝယ် လှုပ်ရှားတော်မူလျက်ရှိပါသည်။ သို့ရာတွင် လောက၌ ခရစ်တော်အသက်ရှင်နေထိုင်စဉ်တွင် တပည့်တော်များသည် မည်သည့် အမအစများကိုမျှမလိုအပ်သေးချေ။ ခရစ်တော်သည် ၎င်းတို့အားခွဲခွာမသွားမီမှာပင် ၎င်းတို့သည် ဝိညာဉ်တော်ရရှိဖို့လိုအပ်ကြောင်း သိရှိခဲ့ကြလျှင် ဝိညာဉ်တော်သည် ထိုအချိန်မှာပင်ကြွလာခဲ့ပါလိမ့်မည်။

         သန့်ရှင်းသောဝိညာဉ်တော်သည် ခရစ်တော်၏ ကိုယ်စားလှယ်ဖြစ်တော်မူ သော်လည်း ၎င်း၌လူသားများ၏ ပင်ကိုစရိုက်လက္ခဏာမျိုးမရှိဘဲ အချုပ်အခြာမရှိ သောပုဂ္ဂိုလ်တစ်ပါးဖြစ်ပါသည်။ လူသားဇာတိကို ဝတ်ဆောင်ထားသော ခရစ်တော် သည် တစ်ချိန်တည်းတွင်နေရာအသီးသီး၌ ကိုယ်တိုင်မရှိ နိုင်ခဲ့ချေ။ ထိုကြောင့်ကိုယ် တော်သည် ခမည်းတော်ထံသို့သွား၍ ဤကမ္ဘာတွင်မိမိအား ဆက်ခံသူအဖြစ် ဝိညာဉ် တော်အားစေလွှတ်မည်ကို သူတို့စိတ်ဝင်စားခဲ့ကြပါသည်။ မိမိတို့နေထိုင်သော ရပ်ဒေသကြောင့်လည်းကောင်း၊ ခရစ်တော်ကို မိမိကိုယ်တိုင်မဆက်သွယ်ခြင်းတို့ ကြောင့်လည်းကောင်း ထိုအချိန်ကမည်သူတစ်ဦးတစ်ယောက်မျှ ထိုအခွင့်ထူးကို မခံစားခဲ့ရချေ။ ကယ်တင်ရှင်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လူတိုင်းထံ တွင်ချဉ်းကပ်ဆက်ဆံရန် လွယ်ကူလာပါလိမ့်မည်။ ထိုကြောင့် ကောင်းကင်နိုင်ငံသို့ မတက်ကြွမီ အချိန်ကထက် တက်ကြွသွားပြီးသောအချိန်တွင် ခရစ်တော်သည် ၎င်း တို့ နှင့်ပို၍နီးကပ်လာပါလိမ့်မည်။

         ငါ့ကိုချစ်သောသူကို ငါ့ခမည်းတော်သည်ချစ်တော်မူသည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့အားကိုယ်တိုင်ထင်ရှားမည်။” ခရစ်တော်သည် တပည့်တော်များ အနာဂတ်ရေးကို သိရှိထားတော်မူပါသည်။ တမန်တော်တစ်ဦးသည် ကြိုးစင်အ တင်ခံရမည်ကိုလည်းကောင်း၊ တစ်ဦးသည်ကပ်တိုင် အတင်ခံရမည်ကိုလည်း ကောင်း၊ နောက်တစ်ဦးသည် ပင်လယ်ထဲတွင်ရှိသော လူသူမနီးသည့်တစ်ကျွန်းသို့ နယ်အနှင်ခံရမည်ကိုလည်းကောင်း၊ ကျန်တမန်တော်များသည် သေသည်တိုင် အောင် နှိပ်စက်ညှဉ်းပန်းခြင်းခံကြရမည်ကိုလည်းကောင်း ကိုယ်တော်တွေ့မြင်တော် မူခဲ့ပါသည်။ ဒုက္ခဆင်းရဲခြင်းခံရသောအချိန်တိုင်းတွင် မိမိသည် ၎င်တို့နှင့်အတူရှိ နေမည်ဖြစ်ကြောင်း ၎င်းတို့အား ကိုယ်တော်ကတိပြုအားပေးခဲ့ပါသည်။ ပေးတော်မူ ခဲ့သော ကတိတော်သည် လုံး၀ပျက်ကွက်ခြင်းမရှိပါချေ။ ကိုယ်တော်သည် မိမိအ တွက်ကြောင့် အကျဉ်းခံရမည့် (သို့မဟုတ်) တစ်ကျွန်းအပို့ခံရမည့် သစ္စာရှိတမန် တော်များအကြောင်းကို သိရှိထားတော်မူပြီး ကိုယ်တော်တိုင်၎င်းတို့ထံသွားရောက်၍ နှစ်သိမ့်တော်မူပါ သည်။ ယုံကြည်သူတစ်ဦးသည် သမ္မာတရားအတွက်ကြောင့် တရားမျှတမှု မရှိသောတရားရုံးများတွင် အမှုဆိုင်ရသောအချိန်တွင် သူ၏နံဘေး၌ ကိုယ်တော်ရပ်လျက်ရှိပါသည်။ ထိုယုံကြည်သူအား ပြစ်တင်ရှုတ်ချသမျှအတိုင်း ခရစ်တော်အားလည်းသူတို့ပြုကြပြီ။ ခရစ်တော်သည် ထိုတပည့်တော်အားဖြင့် တရား စီရင်ခြင်းကိုတစ်ဖန်ခံရပြီ။ ယုံကြည်သူတစ်ဦးအား အကျဉ်းထောင်တွင်အကျဉ်းချခံ ရသောအချိန်တွင် ခရစ်တော်သည် မိမိ၏မေတ္တာတော်အားဖြင့် ၎င်း၏စိတ်နှလုံးကို ပီတိဖြစ်စေတော်မူပါသည်။ မိမိအတွက်ကြောင့် အသေခံရသော ယုံကြည်သူတစ်ဦး အား ခရစ်တော်မိန့်တော်မူသည်ကား “ငါသည်အသက်ရှင်သောသူလည်းဖြစ်၏။ ငါ သည်အရင်သေသည်ဖြစ်၍ ကမ္ဘာအဆက်ဆက် အသက်နှင့်ပြည့်စုံ၏။ မရဏာနှင့် မရဏာနိုင်ငံကိုလည်း ငါအစိုးရ၏” ဟူ၍ ဖြစ်၏။ ဗျာဒိတ် ၁း၁၈။ ကိုယ်တော်အ တွက် အနစ်နာခံခဲ့သောအသက်တာကို ထာ၀ရဘုရား၏ ဘုန်းအသရေတော်သို့ ဝင် စားသည့်တိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ထားတော်မူပါသည်။

         အလားအလာမကောင်းသည့်ပြင် ရှုပ်ထွေးနေသော အနာဂတ်ရေးများနှင့် ပြည့်နေသောနေရာတိုင်းအချိန်တိုင်း၌ ဖြစ်ပျက်နေသည့် ဝမ်းနည်းစရာအဖြာဖြာနှင့် ဒုက္ခဆင်းရဲခြင်းအလီလီတွင် အကူအညီလိုအပ်နေသည့် အထီးကျန်ဘ၀ကို ကျွန်ုပ် တို့ခံစားနေရသောအချိန်၌ ယုံကြည်ခြင်းအားဖြင့် ပတ္ထနာပြုခြင်းများကို တုံ့ပြန်သည့် အနေဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကို စေလွှတ်တော်မူလိမ့်မည်။ အကြောင်းခြင်း ရာအမျိုးမျိုးကြောင့် ကျွန်ုပ်တို့သည် လောကမိတ်ဆွေတစ်ဦးနှင့် ခွဲခွာရမည်ဖြစ် သော်လည်း မည်သည့်အခြေအနေ၊ မည်သည့်ခရီးအကွာအဝေးကမျှ ကျွန်ုပ်တို့အား သန့်ရှင်းသောဝိညာဉ်တော်နှင့် မခွဲခွာစေနိုင်ပါချေ။ ကျွန်ုပ်တို့သည် မည်သည့်နေရာ ၌ရှိသည်ဖြစ်စေ၊ မည်သည့်အရပ်သို့သွားသည်ဖြစ်စေ၊ ကျွန်ုပ်တို့အားထောက်မ ကျွေးမွေးအားပေးနှစ်သိမ့်ရန် ကျွန်ုပ်တို့၏လက်ယာဘက်တွင် ကိုယ်တော်အမြဲရှိနေ တော်မူပါသည်။

         တမန်တော်များသည် ခရစ်တော်၏စကားများကို ဝိညာဉ်ရေးအမြင်အားဖြင့် နားလည်မှုမရှိကြသေးသဖြင့် ကိုယ်တော်သည် ထိုစကားများကို တစ်ဖန်ရှင်းပြတော် မူခဲ့ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကိုယ်တိုင်ထင်ရှားတော်မူမည်ဖြစ် ကြောင်းကို ဆက်လက်၍မိန့်တော်မူသည်ကား၊ “ခမည်းတော်သည်ငါ့အတွက် ကြောင့် စေလွှတ်တော်မူသောဥပဇ္ဈာယ်ဆရာတည်းဟူသော သန့်ရှင်းသောဝိညာဉ် တော်သည် သင်တို့အားခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူမည်” ဟူ၍ ဖြစ်ပါသည်။ သင်ကကျွန်ုပ်နားမလည်ပါ။ ကျွန်ုပ်မမြင်ပါဟုမည်သည့်အခါမျှ ပြောရ လိမ့်မည်မဟုတ်ချေ။ အကြောင်းမှာသင်သည် သန့်ရှင်းသောသူများတို့၏နည်းတူ အနံ၊ အလျား၊ အနက်၊ အမြင့်တို့ကိုပိုင်းခြား၍ ကိုယ်ဥာဏ်နှင့်မသိနိုင်သော ခရစ် တော်၏ မေတ္တာတော်ကို သိရှိနိုင်လာလိမ့်မည်။ ဧဖက် ၃း၁၈-၁၉။

         တပည့်တော်တစ်ဦး၏တာဝန်မှာ ခရစ်တော်၏သက်တော်စဉ်နှင့် လုပ် ဆောင်ခဲ့သည့်အရာများကို သက်သေခံရန်ဖြစ်ပါသည်။ ၎င်းတို့၏နှုတ်ထွက်စကား များမှတစ်ဆင့် ကိုယ်တော်သည် ကမ္ဘာပေါ်တွင်ရှိကြသော လူအပေါင်းတို့အားမိန့် တော်မူရန်ဖြစ်ပါသည်။ သို့ရာတွင် ၎င်းတို့သည် ခရစ်တော်အသေခံတော်မူခြင်းအား ဖြင့် စုံစမ်းစစ်ဆေးခြင်းများနှင့် စိတ်ပျက်အားငယ် မှုများကိုခံစားကြရလိမ့်မည်။ ထို နောက်မှ ၎င်းတို့၏ဟောကြားချက်များသည် တိကျပြတ်သားလာနိုင်စေရန်အလိုငှာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် “ကိုယ်တော် ပြောခဲ့သမျှသောစကားတို့ကို မှတ်မိသောဥာဏ်ကို ၎င်းတို့အားပေးဖို့ ခရစ်တော်ကတိထားတော်မူခဲ့ပါသည်။

         သင်တို့သည် ငါပြောစရာစကားများရှိသော်လည်း သင်တို့သည်ယခုမခံနိုင် ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ သမ္မာ တရားကိုသင်တို့အားအကြွင်းမဲ့သွန်သင်ပြသလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလို အလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သူတို့အား ဖော်ပြလိမ့်မည်။ ထိုသူသည် ငါ့ ဘုန်းကိုထင်ရှားစေလိမ့်မည်။ အကြောင်း မူကား၊ ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အားဖော်ပြလိမ့်မည်ဟူ၍ မိန့်တော်မူကာ သခင်ယေရှုသည် ကျယ်ပြန့်သော သမ္မာတရားစာလွှာတစ်ခု ကို တပည့်တော်များရှေ့တွင်ဖွင့်ပြတော်မူခဲ့ပါသည်။ သို့ ရာတွင် ၎င်းတို့အနေနှင့် ကိုယ်တော်သွန်သင်ချက်များကို ဖာရိရှဲနှင့်ကျမ်းပြုဆရာတို့ သွန်သင်သော ရိုးရာဓလေ့များ၊ ဆိုရိုးစကားများနှင့်ခွဲခြားသိရှိနိုင်ရန် အလွန်ခက်ခဲလှ ပါသည်။ ရဗ္ဗိများ၏သွန်သင်ချက်များကို ဘုရားသခင်၏မိန့်ဆိုချက်အနေဖြင့်ခံယူရန် ၎င်းတို့အားပညာပေးထားပြီးဖြစ်ပါသဖြင့် ထိုသွန်သင်ချက်များသည် ၎င်းတို့၏ တွေးအခေါ်များအပေါ်ဩဇာလွှမ်းမိုးဆဲ၊ ၎င်းတို့၏အယူအဆများကိုပုံသွန်း ထားဆဲ ဖြစ်ပါသည်။ လောကီအတွေးအခေါ်များနှင့် လောကီအရာများကိုဦးစားပေး၍ သူတို့ စဉ်းစားဆင်ခြင်ကြဆဲဖြစ်ပါသည်။ ခရစ်တော်အနေနှင့် မကြာခဏရှင်းလင်းမိန့်ကြား တော်မူခဲ့သော်လည်း ကိုယ်တော်တည်ထောင်မည့် နိုင်ငံတော်၏ဝိညာဉ်ပကတိသ ဘာ၀ကို သူတို့နားမလည်ခဲ့ကြချေ။ သူတို့၏စိတ်နှလုံးများသည် မကြည်မလင်ဖြစ် လာကာ ကိုယ်တော်ရှင်ဟောကြားတော်မူသည့် သမ္မာကျမ်းစာ၏တန်ဖိုးကိုလည်း သိနားမလည်ခဲ့ကြချေ။ ကိုယ်တော်၏ သွန်သင်ချက်အများစုသည် ၎င်းတို့အတွက် အကျိုးမရှိသယောင်ဖြစ်နေကြောင်း မိန့်တော်မူချက်တို့၏ ဆိုလိုရင်းအဓိပ္ပါယ်ကို သူ တို့မဆုပ်ကိုင်နိုင်ခဲ့ကြောင်း ကိုယ်တော်တွေ့မြင်တော်မူခဲ့ပါသည်။ ထိုကြောင့် စကားများကိုပြန်လည်သတိရစေရန် သန့်ရှင်းသောဝိညာဉ်တော်က မစလိမ့်မည်ဖြစ် ကြောင်း ကြင်နာယုယစွာဖြင့် ကိုယ်တော်ကတိထားတော်မူခဲ့ပါသည်။ ၎င်းပြင် တမန် တော်များအနေဖြင့် နားလည်နိုင်စွမ်းမရှိသေးသဖြင့် မပြောဘဲချန်ထားသည့်စကား များလည်းရှိနေပါသေးသည်။ ၎င်းတို့သည် ထိုအရာများကိုလည်း သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် နားလည်သိမြင်ခွင့် ရရှိကြပါလိမ့်မည်။ ကောင်းကင်နိုင်ငံ တော်နှင့်ပတ်သက်သောအရာများကို သူတို့အလေးအမြတ်ထားလာစေ ရန်အလိုငှာ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့၏အသိဥာဏ်ကိုတိုးပွား စေပါလိမ့်မည်။ “သမ္မာတရားနှင့်ပြည့်စုံသောဝိညာဉ်တော်သည်ရောက်လာ သောအခါ သမ္မာတရား ကိုသင်တို့အားအကြွင်းမဲ့သွန်သင်ပြသလိမ့်မည်။

         ဥပဇ္ဈာယ်ဆရာကို သမ္မာတရားနှင့်ပြည့်စုံသော ဝိညာဉ်တော်ဟုလည်းခေါ် ကြပါသည်။ ဝိညာဉ်တော်၏အလုပ်မှာ သမ္မာတရားကိုအနက်ဖွင့်၍ ဆက်လက်တည် မြဲစေရန်ဖြစ်ပါသည်။ ကိုယ်တော်သည် ရှေးဦးစွာ၌ သမ္မာတရားနှင့်ပြည့်စုံသော ဝိညာဉ်တော်အနေဖြင့် စိတ်နှလုံးထဲတွင် ကိန်းအောင်းတော်မူ၍ ဤသို့သောနည်း အားဖြင့် ဆရာတစ်ပါးဖြစ်လာပါသည်။ သမ္မာတရားတွင်နှစ်သိမ့်မှုနှင့် ငြိမ်သက်ခြင်း များရှိသော်လည်း မုသားစကားများတွင် စစ်မှန်သောနှစ်သိမ့်မှုနှင့် ငြိမ်သက်ခြင်းများ ကို မတွေ့ရှိနိုင်ချေ။ စာတန်သည် မှားယွင်းသောနိယာမများနှင့် ရိုးရာဓလေ့များအား ဖြင့် လူသားများ၏စိတ်သဘောထားများကို လွှမ်းမိုးအနိုင်ယူလျက်ရှိပါသည်။ သူ သည်လူသားများအား မှားယွင်းသောစည်းစနစ်များကို ကျင့်သုံးရန်လမ်းညွှန်ကာ ၎င်းတို့၏စာရိတ္တကို အကျည်းတန်စေပါသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သမ္မာကျမ်းစာမှတစ်ဆင့် လူသားများအားမိန့်မြွက်နေပြီး တရားတော်ကိုစိတ်နှလုံး များတွင် စွဲမှတ်စေလျက်ရှိပါသည်။ ဤနည်းအားဖြင့် ဝိညာဉ်တော်သည် မှားယွင်း ချက်များကို ဖော်ပြတော်မူပြီး ထိုအမှားများကို အသက်ဝိညာဉ်များမှ ထုတ်ပစ်တော် မူပါသည်။ ခရစ်တော်သည် ဘုရားသခင်၏နှုတ်ကပတ်တော်မှတစ်ဆင့် လုပ်ဆောင် လျက် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ရွေးချယ်တော်မူသည့်လူများအား မိမိထံ သို့သိမ်းသွင်းတော်မူပါသည်။

         သခင်ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုများကို တပည့်တော်များအား ဖော်ပြရာတွင် မိမိ၏စိတ်နှလုံးတော်ကို ပဲ့ပြင်ခဲ့သောဝမ်း မြောက်မျှော်လင့်မှုများကိုအသုံးပြု၍ ပဲ့ပြင်ရန်ကြိုးစားတော်မူခဲ့ပါသည်။ မိမိသည် သင်းတော်အတွက် လုံလောက်ကြွယ်၀သော အမအစများကို ပြင်ဆင်ပေးခဲ့ပြီး ဖြစ် သောကြောင့် ကိုယ်တော်ဝမ်းမြောက်တော်မူ၏။ မိမိ၏လူများကိုမြှင့်တင်ပေးရန် တွက် ခမည်းတော်ထံမှမိမိတောင်းခံနိုင်သည့် ဆုကျေးဇူးအားလုံးအနက် သန့်ရှင်း သောဝိညာဉ်တော်သည် အမြင့်မားဆုံးဆုကျေးဇူးဖြစ်ပါသည်။ လိုအပ်သောအမအစ များပေးစွမ်းနိုင်သည့် တန်ခိုးတစ်ခုအနေဖြင့် ထိုဝိညာဉ်တော်ကိုပေးတော်မူခဲ့သဖြင့် ဝိညာဉ်တော်မပါရှိလျှင် ခရစ်တော်၏အသေခံခြင်းသည် တစ်စုံတစ်ခုသော အကျိုး ကျေးဇူးကိုမျှ ဖြစ်ထွန်းခဲ့လိမ့်မည်မဟုတ်ချေ။ အမှောင်ဘုရင်၏တန်ခိုးသည် ရာစု နှစ်ပေါင်းများစွာ အတွင်းခွန်အားကောင်းလျက်ရှိပြီး ၎င်း၏လက်အောက်တွင် လူ သားများ၏ အညံ့ခံမှုများမှာလည်း ကြောက်ခမန်းလိလိများပြားလာလျက်ရှိပါသည်။ ဘုရားသခင်၏ပြည့်စုံသော တန်ခိုးတော်ဖြင့်ကြွလာမည့် သုံးပါးတစ်ဆူဘုရားတွင် တတိယပုဂ္ဂိုလ်ဖြစ်သော သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်သာ အပြစ်ဒုစရိုက်ကို တွန်းလှန်အောင်မြင်နိုင်မည်ဖြစ်ပါသည်။ ကယ်တင်ရှင်ဘုရား ပြုတော်မူခဲ့သော အမှု အရာများကို အကျိုးဖြစ်ထွန်းနိုင်စေသည့်ပုဂ္ဂိုလ်မှာ သန့်ရှင်းသောဝိညာဉ်တော် ဘု ရားပင်ဖြစ်ပါသည်။ ယုံကြည်သူတစ်ဦးသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် မြင့်မြတ်သောသဘာ၀များကို မျှဝေရယူနိုင်သူတစ်ဦး ဖြစ်လာပါသည်။ မျိုးရိုးအား ဖြင့်သော်လည်းကောင်း၊ မိမိကိုယ်တိုင်ပြုစုပျိုးထောင်ခြင်းအားဖြင့်သော်လည်း ကောင်း ဖြစ်ပေါ်လျက်ရှိသောမကောင်းသည့် သဘောထားများကို အောင်မြင်ကျော် လွှားကာ ကိုယ်တော်၏စာရိတ္တတော်ကို အသင်းတော်၌ထင်ရှားလာစေမည့် တန်ခိုး တစ်ခုအနေဖြင့် သန့်ရှင်းသောဝိညာဉ် တော်ကို ခရစ်တော်ပေးတော်မူခဲ့ပါသည်။

         ထိုသူသည် ငါ့ဘုန်းကိုထင်ရှားစေလိမ့်မည်ဟူ၍ သန့်ရှင်းသောဝိညာဉ်တော် အကြောင်းကို ခရစ်တော်မိန့်တော်မူထားပါသည်။ ခရစ်တော်သည် မိမိ၏မေတ္တာ တော်ကိုဖော်ပြခဲ့ခြင်းအားဖြင့် ဘုရားသခင်ကို ထင်ရှားစေတော်မူသကဲ့သို့ သန့်ရှင်း သောဝိညာဉ်တော်သည် လောကသားများအပေါ်ထားရှိသည့် ကိုယ်တော်၏ ကရုဏာတော်ကိုဖော်ပြခြင်းအားဖြင့် ခရစ်တော်ကို ထင်ရှားစေရန်ဖြစ်ပါသည်။ ကြောင်းမှာ ဘုရားသခင်၏ပုံသဏ္ဌာန်တော်ကို လူသားများတွင် ပြန်လည်ဖြစ်ပွားစေ ရန်ဖြစ်ပါသည်။ ခမည်းတော်ဘုရား နှင့်သားတော်ဘုရားတို့၏ဂုဏ်အသရေများသည် ကိုယ်တော့်သားသမီးများ၏ စာရိတ္တစုံလင်ခြင်းတွင် ပါဝင်ပတ်သက်နေပါသည်။

         ဆရာသည်ရောက်လာလျှင် ဒုစရိုက်အပြစ်ကိုလည်းကောင်း၊ အပြစ်ကင်း ခြင်းကိုလည်းကောင်း၊ အပြစ်စီရင်ခြင်းကိုလည်းကောင်း လောကီသားတို့အား ထင် ရှားစွာဖော်ပြတော်မူလိမ့်မည်။ ထိုကြောင့် နှုတ်ကပတ်တော်ကို ဟောကြားခြင်းသည် ဝိညာဉ်တော်၏အတူရှိမှု၊ မစမှုမပါရှိလျှင် တစ်စုံတစ်ရာသော အကျိုးကိုမျှဖြစ်ထွန်း လိမ့်မည်မဟုတ်ချေ။ သန့်ရှင်းသောဝိညာဉ်တော် သည်သာလျှင် သမ္မာတရားကို ကျိုးဖြစ်ထွန်းစွာ သွန်သင်တော်မူသည့် ဆရာတစ်ပါးဖြစ်တော်မူပါသည်။ တရားတော် ကိုသန့်ရှင်းသောဝိညာဉ်တော်အား ဖြင့်စိတ်နှလုံးသို့ပို့ဆောင်မှသာ ဩတ္တပ္ပစိတ်ကို နိုးထစေနိုင်ပြီး အသက်တာကို ပြုပြင်ပြောင်းလဲစေနိုင်ပါသည်။ တစ်စုံတစ်ယောက် သောသူသည် ဘုရားသခင်၏နှုတ်ထွက်စကားများကို တင်ဆက်နိုင်ကောင်းတင် ဆက်နိုင်ပါမည်။ ကတိတော်များနှင့် မိန့်တော်မူချက်အားလုံးကို ကျေကျေညက် ညက်သိထားကောင်း သိထားနိုင်မည်ဖြစ်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်က ထို တရားတော်ကို၎င်းတို့၏စိတ်ထဲတွင် မစွဲလမ်းစေခဲ့လျှင် မည်သူတစ်ဦးတစ် ယောက်မျှ စိတ်နှလုံးကြေကွဲကာ နောင်တသံဝေဂရလာကြလိမ့်မည်မဟုတ်ချေ။ သန့်ရှင်းသောဝိညာဉ်တော်၏ ပူးတွဲဆောင်ရွက်မှုမပါရှိလျှင် မည်မျှပင်ပညာတတ် စေကာမူ၊ မည်မျှပင်အခွင့်ထူးများကိုရစေကာမူ ထိုသူသည်အလင်းပေးသူတစ်ဦး ဖြစ်မလာနိုင်ပါချေ။ ကောင်းကင်မှဆင်းသက်လာသည့် သန့်ရှင်းသောဝိညာဉ်တော် တည်းဟူသောနှင်းမှုန်အားဖြင့် အသက်သွင်းပေးခြင်းမခံရလျှင် မည်သည့်ဧဝံဂေလိ တရားမျိုးစေ့မျှအောင်မြင်စွာ အပင်ပေါက်လိမ့်မည်မဟုတ်ချေ။ ဓမ္မသစ်မှစာအုပ် တစ်အုပ်ကိုမျှမရေးသားမီ ခရစ်တော်ကောင်းကင်သို့ တက်ကြွသွားပြီးသည့် နောက် ပိုင်းတွင် ဧဝံဂေလိတရားတစ်ပိုဒ်မျှ မဟောကြားမီကပင် ဆုတောင်းနေကြသော တမန်တော်များအပေါ်သို့ သန့်ရှင်းသောဝိညာဉ် တော်ကျရောက်ခဲ့ပြီးဖြစ်ပါသည်။ ထိုအချိန်၌ ၎င်းတို့အားရန်မူသူများက “ယေရုရှလင်မြို့ကို သင်တို့၏အယူဝါဒနှင့် ပြည့်စေကြသည်” ဟုသက်သေခံ ခဲ့ကြပါသည်။ တမန်တော် ၅း၂၈။

         အသင်းတော်အား သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူးကို ပေးသနား မည်ဖြစ်ကြောင်း ခရစ်တော်ကတိထားတော်မူခဲ့ရာ ထိုကတိတော်သည် ရှေးဦး တမန်များအတွက်ဖြစ်သကဲ့သို့ ကျွန်ုပ်တို့အတွက်လည်းဖြစ်ပါသည်။ သို့ရာတွင် ဤကတိတော်သည် အခြားသောကတိတော်များကဲ့သို့ပင် အခြေအနေပေါ်မူတည် ပြည့်စုံလိမ့်မည်ဖြစ်ပါသည်။ ခရစ်တော်၏ကတိတော်ကို ယုံကြည်၍ ထိုကတိ တော်ကိုမိမိတို့ခံစားထိုက်ကြောင်း ဖွင့်ဆိုကြသူများစွာရှိကြပါသည်။ ထိုသူများသည် ခရစ်တော်၏အကြောင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အကြောင်းကိုပြောဆိုနေ ကြသော်လည်း မည်သည့်အကျိုးကျေးဇူးကိုမျှ မခံစားကြရတော့ချေ။ သူတို့သည် မြင့်မြတ်သောတန်ခိုးတော်များ၏ လမ်းပြမှုနှင့် ထိန်းချုပ်မှုကိုရရှိရန်လည်း မိမိကိုယ် ကိုမဆက်ကပ်အပ်နှံကြချေ။ သန့်ရှင်းသောဝိညာဉ်တော်ကို အသုံးချဖို့အခွင့်သည် ကျွန်ုပ်တို့၌မရှိပါချေ။ သန့်ရှင်းသောဝိညာဉ်တော်ကသာ ကျွန်ုပ်တို့ကို အသုံးပြုရန် ဖြစ်ပါသည်။ ကိုယ်တော်၏ သားသမီးများအား “အလိုရှိစေခြင်းငှာလည်းကောင်း၊ အကျင့်ကျင့်စေခြင်း ငှာလည်းကောင်း သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပြုပြင် တော်မူသောသူကား ဘုရားသခင်ပေတည်း။” ဖိ ၂း၁၃။ သို့ရာတွင် လူအများစုသည် ဤအရာ ကိုဝန်မခံကြဘဲ၊ မိမိတို့ဘာသာ ကိုယ့်အားကိုယ်ကိုး၍ လုပ်ဆောင်လိုကြပါ သည်။ အကြောင်းမှာဝိညာဉ်တော်ဆုကျေးဇူးကို သူတို့မရရှိသေးသောကြောင့်ဖြစ်ပါ သည်။ မိမိကိုယ်ကိုနှိမ့်ချလျက် ကိုယ်တော်ရှင်၏ လမ်းပြပို့ဆောင်မှုနှင့်ကရုဏာ တော်ကိုရရှိဖို့ စောင့်စားနေကြသူများနှင့် ဘုရားသခင်အားငံ့လင့်နေသူများကို သာ ဝိညာဉ်ဆုကျေးဇူးကို ပေးသနားပါသည်။ ဘုရားသခင်၏တန်ခိုးတော်သည် ၎င်းတို့ တောင်းဆိုလာမည့်အချိန်နှင့် လက်ခံရယူမည့်အချိန်ကို စောင့်စားနေပါသည်။ ယုံ ကြည်ခြင်းအားဖြင့် တောင်းခံခွင့်ရှိသော ကတိထားတော်မူသည့် ဤကောင်းချီးမင်္ဂ လာများကိုပါ တစ်ပါတည်းဆောင်ကြဉ်းလာတတ်ပါသည်။ ဤကောင်းချီးမင်္ဂလာကို ခရစ်တော်၏ကြွယ်၀သောကရုဏာအား ဖြင့်ပေးသနားတော်မူပြီး အသက်ဝိညာဉ် တိုင်းကလက်ခံရယူနိုင်သောအတိုင်း အတာအလျောက်ဖြည့်ဆည်းပေးရန် ကိုယ် တော် အဆင်သင့်ရှိတော်မူပါသည်။

         သခင်ယေရှုသည် တပည့်တော်များနှင့်ယခုကဲ့သို့ စကားလက်ဆုံကျစဉ်တွင် မိမိခံစားရမည့်ဒုက္ခဝေဒနာများနှင့် အသေခံခြင်းများကိုရည်ဆောင်၍ မည်သည့်ဝမ်း နည်းစကားတစ်လုံးကိုမျှ မမြွက်ဆိုခဲ့ချေ။ ကိုယ်တော်ရှင်နောက် ဆုံးပေးတော်မူခဲ့ သည့်အမွေအနှစ်မှာ ငြိမ်သက်ခြင်းပင်ဖြစ်ပါသည်။ ငြိမ်သက်ခြင်းကိုသင်တို့၌ ငါ ထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ လောကီသားတို့ပေးသကဲ့သို့ ငါပေးသည်မဟုတ်၊ သင်တို့၏စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်။

         ကိုယ်တော်သည် အထက်ခန်းမှထွက်ခွာမသွားမီ တပည့်တော်များနှင့်အတူ သီချင်းတစ်ပုဒ်အားဖြင့် ချီးမွမ်းထောမနာပြုခဲ့ပါသည်။ ဝမ်းနည်းမြည်တမ်းသည့်သံ စဉ်မျိုးဖြင့်မဟုတ်ဘဲ ဝမ်းမြောက်စရာကောင်းသည့် ပသခါသီချင်းတေးသွားဖြင့် ချီးမွမ်းသွားသည့် ကိုယ်တော်၏အသံကိုကြားခဲ့ကြရပါသည်။

         “လူမျိုးအပေါင်းတို့၊ ထာ၀ရဘုရားကိုချီးမွမ်းကြလော့၊ လူအနွှယ်အပေါင်း တို့၊ အလွန်ချီးမွမ်းကြလော့၊ အကြောင်းမူကား ငါတို့၌ကရုဏာတော်ကြီးလှ၏။ ထာ၀ရဘုရား၏သစ္စာတော်သည် အစဉ်အမြဲတည်၏။ ဟာလေလုယ။” ဆာလံကျမ်း ၁၁၇။

         သူတို့သည် ကျေးဇူးတော်ကိုချီးမွမ်းထောမနာပြုပြီး နောက်အထက်ခန်းမှ ထွက်ခွာသွားခဲ့ကြပါသည်။ လူစည်ကားလျက်ရှိသောလမ်းများတွင် သူတို့တိုးဝှေ့ သွားလာခဲ့ရပြီး နောက်ဆုံးတွင်မြို့တံခါးကိုဖြတ်ကျော်ကာ သံလွင်တောင်ပေါ်သို့ ဦးတည်လျှောက်လှမ်းခဲ့ကြပါသည်။ သူတို့သည် အတွေးကိုယ်စီဖြင့် နှေးကွေးစွာ လျှောက်လှမ်းလာကြရာ သံလွင်တောင်ကိုစတင်၍ တက်ရမည့်နေရာသို့ ရောက် သော်ယေရှုက၊ ကျမ်းစာလာသည်ကား၊ သိုးထိန်းကိုငါရိုက်သတ်၍ သိုးတို့သည် ကွဲ လွင့်ရကြလိမ့်မည်ဟု ဝမ်းနည်းနေသောလေသံဖြင့် မိန့်တော်မူ၏။ မဿဲ ၂၆း၃၁။ တမန်တော်များသည် ဝမ်းနည်းကြေကွဲပြီး အံ့ဩတွေဝေစွာဖြင့် နားထောင်နေကြပါ သည်။ ယေရှုသည် ကပေရနောင်မြို့ ရှိတရားဇရပ်ထဲတွင် မိမိကိုယ်ကိုအသက်မုန့် ဖြစ်ကြောင်းမိန့်တော်မူစဉ်က လူအများစိတ်ပျက်ကာ ကိုယ်တော်အားကျောခိုင်းခဲ့ကြ သည်ကို သူတို့သတိရအောက်မေ့ခဲ့ကြပါသည်။ သို့ရာတွင် ထိုစဉ်ကတမန်တော်တစ် ဆယ့်နှစ်ပါးသည် သစ္စာဖောက်သည့်အပြုအမူမျိုးကိုမပြခဲ့ကြချေ။ ပေတရုသည် ခရစ်တော်အပေါ်တွင် သစ္စာစောင့်သိကြောင်း အခြားတမန်တော်အားလုံးကိုယ်စား ဖွင့်ဟခဲ့ပါသည်။ ထိုအခါယေရှုကလည်း၊ တစ်ကျိပ်နှစ်ပါးသောသင်တို့ကိုငါရွေး ကောက်သည်မဟုတ်လော၊ သို့သော်လည်း သင်တို့တွင်ရန်သူတစ်ယောက်ပါသည် ဟု မိန့်တော်မူ၏။ ယောဟန် ၆း၇၀။ တစ်ကျိပ်နှစ်ပါးသောတမန်တော် များထဲမှ တမန်တော်တစ်ပါးသည် မိမိအားအပ်နှံမည်ဖြစ်ကြောင်းနှင့် ပေတရုသည် မိမိအား ငြင်းပယ်လိမ့်မည်ဖြစ်ကြောင်း ထိုအထက်ခန်းထဲတွင် ကိုယ်တော်ရှင်မိန့်တော်မူခဲ့ပါ သည်။ သို့ရာတွင် ယခု၌ကိုယ်တော်၏မိန့်ဆိုချက်များသည် ထိုအရာအားလုံးကို ကျုံးဝင်စေခဲ့ပါသည်။

         ထိုသူရှိသမျှတို့သည် စိတ်ပျက်ကြသော်လည်း အကျွန်ုပ်သည်စိတ်မပျက် ပါဟူသော ပေတရု၏ပြင်းပြင်းထန်ထန်ငြင်းဆိုချက်ကို ယခုတွင်ကြားကြရပါသည်။ သူသည်အထက်ခန်းတွင်ပသခါပွဲစားစဉ်က “ကိုယ်တော်အဖို့ အကျွန်ုပ်၏အသက် ကိုစွန့်ပါမည်” ဟုပြောခဲ့ဖူးပါသည်။ ထိုအခါယေရှုက၊ သူသည်ထိုနေ့ည၌ပင် ကယ် တင်ရှင်ကို ငြင်းဆိုလိမ့်မည်ဖြစ်ကြောင်း သတိပေးခဲ့ဖူးပြီး ယခုတစ်ဖန် “ယနေ့ည တွင်ပင် ကြက်နှစ်ခါမတွန်မီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့် မည်” ဟုထပ်မံ၍သတိပေးတော်မူလိုက်ရာ ပေတရုက ]]ကိုယ်တော်နှင့်တကွ သေ ရသော်လည်း အကျွန်ုပ်သည်ကိုယ်တော်ကို မငြင်းမပယ်ပါဟု သာ၍ခိုင်ခံ့သော စကားနှင့်လျှောက်ပြန်၏။ ထိုသူအပေါင်းတို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။” မာကု ၁၄း၂၉-၃၀၊၃၁။ သူတို့သည် ကိုယ်တော်၏ထပ်မံသတိပေးချက်ကို မိမိကိုယ် ကိုစိတ်ချ ယုံကြည်သောစိတ်များဖြင့် ငြင်းဆိုခဲ့ကြပါသည်။ တွေ့ကြုံရမည့်စုံစမ်း နှောင့်ယှက်ခြင်းအတွက် သူတို့အဆင်သင့်မရှိကြသေးချေ။ စုံစမ်းခြင်းနှင့်တွေ့ကြုံ ရသောအချိန်တွင် မိမိတို့၏အားနည်းချက်များကို သူတို့နားလည်သဘောပေါက်ကြ ပေလိမ့်မည်။

         မိမိသည်ထောင်ထဲသို့ဖြစ်စေ၊ ကပ်တိုင်သို့ဖြစ်စေ၊ ကိုယ်တော်ရှင်နှင့်မခွဲခွာ ဘဲ အတူလိုက်မည်ဖြစ်ကြောင်း ပေတရုပြောဆိုသောအချိန်တွင် အမှန်တကယ်ပင် ထိုကဲ့သို့ဆိုလိုခြင်းဖြစ်သော်လည်း၊ မိမိ၏အခြေအနေမှန်ကို သူမသိရှိခဲ့ချေ။ ဖြစ် ပျက်နေသောအခြေအနေများကို အသက်ဝင်လာစေနိုင်သည့် ဒုစရိုက်စိတ်များ သည် ၎င်းတို့၏စိတ်နှလုံးထဲတွင် ကိန်းအောင်းနေဆဲဖြစ်ပါသည်။ ထိုအန္တရာယ်ကို သူသတိမပြုခဲ့ပါလျှင် ထာ၀ရဆုံးရှုံးခြင်းကိုဖြစ်စေပါလိမ့်မည်။ ၎င်း၏စိတ်နှလုံးထဲတွင် ကိုယ်ကိုကိုယ်ချစ်တတ်သောစိတ်ထားနှင့် ခရစ်တော် ကိုမိမိချစ်သည်ထက် ပို၍အာ မခံချက်ပေးတတ်သော စိတ်ထားများကို ခရစ်တော်တွေ့မြင်တော်မူခဲ့ပါသည်။ ချို့ ဖဖဖဖဖဖဖဖဖဖယွင်းချက်များစွာကိုလည်းကောင်း၊ ဆက်လက်ကျူးလွန်နေသော အပြစ်များကိုလည်းကောင်း အလျင်စလိုလုပ်တတ်သောစိတ်၊ ညစ်ပတ်သောစိတ်နှင့် စုံစမ်းခြင်းထဲသို့ ပါသွားစေနိုင်သည့် အရေးမစိုက်သောစိတ်ဓာတ်များကို လည်း ကောင်း ပေတရု၏အသက်တာတွင်ထင်ရှားစွာ တွေ့မြင်နေရပါသည်။ ခရစ်တော်၏ သတိပေးချက်သည် စိတ်နှလုံးကိုပြင်ဆင်ရန် ဆင့်ဆိုချက်တစ်ရပ်ဖြစ်ပါသည်။ ပေတရုအနေဖြင့် မိမိကိုယ်ကိုမကိုးစား တော့ဘဲ ခရစ်တော်အပေါ်လေးနက်စွာ ယုံကြည်ဖို့လိုအပ်နေခဲ့ပါသည်။ သူသည် နှိမ့်ချသောသဘောဖြင့် ထိုသတိပေးချက် ကို လက်ခံခဲ့မည်ဆိုလျှင် ကိုယ်တော်၏ သိုးတို့ကိုစောင့်ရှောက်ထိန်းသိမ်းခွင့်ပြုရန် သိုးထိန်းကြီးအား အသနားခံခဲ့လိမ့်မည်ဖြစ်ပါသည်။ ဂါလိလဲအိုင်တွင် ရေနစ်တော့ မည်ဖြစ်စဉ်က ကယ်တော်မူပါသခင်ဟု သူအော်ဟစ်တောင်းခံခဲ့ပါသည်။ ထိုသို့ တောင်းခံခဲ့သဖြင့် ခရစ်တော်သည် လက်တော်ကိုဆန့်တန်း၍ သူ၏လက်ကိုဖမ်းကိုင် ကယ်ဆယ်ခဲ့ပါသည်။ ယခုလည်းကျွန်ုပ်တို့အား ကယ်တော်မူပါသခင်ဟုတောင်းပန် ခဲ့လျှင် သူသည် ခရစ်တော်၏မစစောင့်ရှောက်ခြင်းကိုခံခဲ့ရပါသည်။ သို့သော်လည်း၊ ခရစ်တော် သည် မိမိအားမယုံကြည်တော့ကြောင်းပေတရုသိရှိခဲ့ပြီး ထိုသို့ယုံကြည်မှု မရရှိခဲ့ခြင်းကို စိတ်ထိခိုက်စေသော အမှုတစ်ခုအဖြစ် သူမှတ်ယူခဲ့ပါသည်။ ပေတရု သည်စိတ်နာကြည်းစွာဖြင့် ပို၍ပင်ကိုယ့်ကိုကိုယ်စိတ်ချယုံကြည်လာခဲ့ပါသည်။

         သခင်ယေရှုသည် ကြင်နာသနားစွာဖြင့် တပည့်တော်များအား ကြည့်တော်မူ ၏။ ကိုယ်တော်သည် ၎င်းတို့အားစုံစမ်းစစ်ဆေးမှုများမှ မကယ်တင်နိုင်သော်လည်း နှစ်သိမ့်မှုမပေးဘဲ စွန့်ပစ်ထားတော်မမူချေ။ မိမိသည် သေခြင်းအနှောင်အဖွဲ့များကို ချိုးဖဲ့ပစ်မည်ဖြစ်ကြောင်း၊ ၎င်းတို့အပေါ်ထားရှိသည့် မိမိ၏မေတ္တာတော်သည် ဆက် လက်တည်မြဲနေမည်ဖြစ်ကြောင်းများကို ၎င်းတို့အား ခရစ်တော်အာမခံချက်ပေး တော်မူခဲ့သည်။ ထိုကြောင့် ငါသည်ထမြောက်ပြီးမှသင်တို့ရှေ့ ဂါလိလဲပြည်သို့သွား မည်ဟု မိန့်တော်မူခဲ့ပါသည်။ မဿဲ ၂၆း၃၂။ သူတို့သည်ကိုယ်တော်ရှင်အား မငြင်း ပယ်မီကပင် အပြစ်လွှတ်ခြင်းအာမခံချက် ကိုရရှိထားပါသည်။ ကိုယ်တော်ရှင်ထ မြောက်ပြီးသည့်နောက်ပိုင်းတွင် မိမိတို့သည်အပြစ်လွှတ်ခြင်းခံရပြီးကြောင်းကို လည်းကောင်း၊ ကိုယ်တော်ရှင်အတွက် တန်ဖိုးရှိလှသောသူများဖြစ်ကြောင်းကို လည်းကောင်း သူတို့သိရှိခဲ့ကြပါသည်။

         သခင်ယေရှုသည် တပည့်တော်များလိုက်ပါလျက် သံလွင်တောင်ခြေတွင် ရှိသော ဂေသရှေမန်ဥယျာဉ်သို့ ဦးတည်၍သွားတော်မူခဲ့ပါသည်။ ကိုယ်တော်သည် ဆုတောင်းရန်နှင့် တရားတော်ကိုဆင်ခြင်သုံးသပ်ရန် ထိုနေရာသို့ မကြာခဏသွား ရောက်ခဲ့ဖူးပါသည်။ မိမိလုပ်ဆောင်မည့်လောကအမှုတော် လုပ်ငန်းကိုလည်း ကောင်း၊ ကိုယ်တော်ရှင်နှင့် ဝိညာဉ်ရေးဆက်သွယ်မှုရရှိရန် ၎င်းတို့ဆက်လက်လုပ် ဆောင်ရမည့်အရာများကိုလည်းကောင်း တပည့်တော်များအား ကိုယ်တော်ရှင်းလင်း မိန့်မြွက်တော်မူခဲ့ပြီးဖြစ်ပါသည်။ ယခုတွင် ကိုယ်တော်သည် ထိုသင်ခန်းစာကို သာဓ ကများဖြင့် ရှင်းလင်းဖော်ပြတော်မူပါသည်။ ထိန်ထိန်သာနေသော လရောင်အောက် ဝယ် တွေ့မြင်နေရသောအညွန့် တလူလူနှင့်ပေါက်ရောက်နေသည့် စပျစ်နွယ်ပင်ကို တပည့်တော်များအား အာရုံပြုစေလျက် ပုံဆောင်မှုတစ်ခုအနေဖြင့်အသုံးပြုကာ -

         ငါသည်မှန်သော စပျစ်နွယ်ပင်ဖြစ်၏ ဟုမိန့်တော်မူ၏။ ခရစ်တော်သည် မိမိ ကိုယ်တိုင်ကိုပုံဆောင်ရန် တင့်တယ်သောစွန်ပလွံပင်၊ မြင့်မားသောအာရဇ်ပင် (သို့မ ဟုတ်) ခိုင်ခံ့သောဝက်သစ်ချပင်များကို မရွေးချယ်ဘဲ တစ်ခုခုအပေါ်မှာ နွယ်၍ရ သော စပျစ်နွယ်ပင်ကိုရွေးချယ်ခဲ့ပါသည်။ စွန်ပလွံပင်၊ အာရဇ်ပင် နှင့်ဝက်သစ်ချပင် များသည် ၎င်းတို့ဘာသာရပ်တည်နိုင်ကြပါသည်။ အပင်များသည် မိမိတို့အားအ ထောက်အမပြုပေးဖို့ရန် စင်မလိုပါချေ။ သို့ရာတွင် စပျစ်ပင်မှာမူ ကြက်တူရွေးတန်း များတွင် နှာမောင်းဖြင့်ရစ်ပတ်ကာ အထက်သို့တက်ရပါသည်။ ထိုနည်းအတူ လူဇာ တိကိုခံယူထားသည့်ခရစ်တော်သည် ဘုရားသခင်ထံမှတန်ခိုးအစွမ်းများကို မှီခိုအား ထားခဲ့ရပါသည်။ ငါသည်ကိုယ် အလိုအလျောက်အဘယ်အမှုကိုမျှမပြုနိုင်ဟု ကိုယ် တော်မိန့်တော်မူခဲ့ပါသည်။ ယောဟန် ၅း၃၀။

         ငါသည်မှန်သောစပျစ်နွယ်ပင်ဖြစ်၏။ ယုဒများသည် စပျစ်ပင်ကိုအမွန်မြတ် ဆုံးသောအပင်မျိုး၊ အစွမ်းအထက်ဆုံးအကောင်းဆုံးအသီးအသီး ဆုံးအပင်မျိုးအ ဖြစ် အမြဲတမ်းမှတ်ယူခဲ့ကြပါသည်။ ဣသရေလများအား ကတိထားတော်မူသော ပြည်၌ ဘုရားသခင်စိုက်တော်မူခဲ့သော စပျစ်ပင်တစ်ပင် အနေဖြင့်ရုပ်လုံးဖော်ခဲ့ပါ သည်။ ယုဒလူများသည် ကယ်တင်ခြင်းနှင့်ပတ်သက်သော မိမိတို့၏မျှော်လင့်ချက် ကို ဣသရေလများနှင့်မိမိတို့အကြား ဆက်နွှယ်မှုအပေါ်တွင်အခြေပြုထားကြပါ သည်။ သို့ရာတွင် ငါသည်မှန်သောစပျစ်နွယ် ပင်ဖြစ်သည်ဟုမိန့်တော်မူခြင်းအားဖြင့် ဣသရေလများနှင့် ဆက်နွှယ်ရုံလောက်နှင့် သင်တို့သည်ဘုရားသခင်ထံမှ ထာ၀ရ အသက်ကိုရယူနိုင်သူများဖြစ်မလာနိုင်ပါ၊ ကတိတော်နှင့်ဆိုင်သော အမွေခံများဖြစ် မလာနိုင်ပါ၊ ငါ့အားဖြင့်သာ ဝိညာဉ်ရေးအသက်တာကိုသင်တို့ရရှိလိမ့်မည်ဟု ယေရှု ရှင်မိန့်တော်မူနေပါသည်။

         “ငါသည်မှန်သော စပျစ်နွယ်ပင်ဖြစ်ပါသည်။ ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏။” ကောင်းကင်ဗိုလ်ခြေအရှင်ထာ၀ရဘုရားသခင်သည် ဤစပျစ်နွယ်ပင်ကိုပါ လေတိနတိုင်းရှိတောင်ကုန်းများထက်ဝယ် စိုက်ထားတော်မူခဲ့ ပါသည်။ ခမည်းတော်ကိုယ်တော်တိုင်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏။ လူ များစွာတို့သည် ဤစပျစ်နွယ်ပင်၏တင့်တယ်မှုကို စွဲလမ်းခဲ့ကြပြီး၊ Jမင့်မြတ်သော ဇာတိတော်ကို ဖွင့်ဟခဲ့ကြပါသည်။ သို့ရာတွင် ထိုစပျစ်ပင်သည် ဣသရေလခေါင်း ဆောင်ကြီးများအတွက်မူ ခြောက်သွေ့သောမြေပေါ်မှာနေသော အမြစ်တစ်ခုကဲ့ သို့ဖြစ်နေပါသည်။ သူတို့သည် ထိုအပင်ကိုဆွဲနုတ်ချိုးဖဲ့ပြီး၊ မသန့်ရှင်းသောမြေပေါ် တွင် နင်းချေခဲ့ကြပါသည်။ ထိုစပျစ်နွယ်ပင်အား ထာ၀ရပျက်စီးသွားစေရန်အလိုငှာ သူတို့အလိုရှိခဲ့ကြပါသည်။ သို့ရာတွင် ဥယျာဉ်စောင့်ကြီးသည် မိမိစိုက်ပျိုးခဲ့သော ထိုအပင်များကို မျက်ခြည်ပြတ်မခံခဲ့ပါချေ။ ၎င်းတို့က ထိုအပင်ကိုမိမိတို့သတ်ပစ်ခဲ့ ကြပြီဟုအထင်ရှိခဲ့ကြသော်လည်း၊ ကိုယ်တော်သည် ထိုအပင်ကိုတစ်ဖန်ယူ ပြန်၍ တံတိုင်းတစ်ဘက်တွင်စိုက်ပျိုးပြန်ပါသည်။ ထိုစပျစ်ပင်၏ပင်စည်သည် လူသားများ ရက်စက်လှသော ချင်းနင်းတိုက်ခိုက်မှုများအလယ်တွင် လုံး၀ပျောက်ကွယ်သွား ဖို့သူတို့လိုလားခဲ့ကြသော်လည်း၊ ထိုအပင်၏ အကိုင်းအခက်များသည် တံတိုင်းပေါ် ဝယ်စည်ကားကြီးပွားလျက် ရှိနေပါသည်။ ထိုအကိုင်းအခက်များသည် စပျစ်နွယ်ပင် ကြီးကိုရုပ်လုံးဖော်ကြရန်ဖြစ်ပါသည်။ ထိုအကိုင်းအခက်များနှင့် ကိုင်းဆက်ခြင်းအား ဖြင့် စပျစ်နွယ်ပင်နှင့်အဆက်အသွယ်ပြုနိုင် ကြဆဲဖြစ်ပါသည်။ အနားမှဖြတ်သွားသူ များကခူးဆွတ်ခဲ့ကြသည့် ရိတ်သိမ်းမှုတစ်ခုလည်း ပြီးမြောက်ခဲ့ပြီးဖြစ်ပါသည်။

         ငါသည်စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏ဟု တပည့် တော်များအား ခရစ်တော်မိန့်တော်မူခဲ့ပါသည်။ ကိုယ်တော်သည် ၎င်းတို့နှင့်ခွဲခွာရ တော့မည့်ဆဲဆဲဖြစ်သော်လည်း ကိုယ်တော်နှင့်ဝိညာဉ်ရေးဆက် သွယ်မှုမှာအ ပြောင်းအလဲမရှိပါချေ။ စပျစ်နွယ်ပင်နှင့်အခက်များ၏ ဆက်နွှယ်မှုသည် သင်တို့နှင့် ငါအကြားဆက်နွှယ်မှုကို ပုံဆောင်သည်ဟု ခရစ်တော်မိန့်တော်မူပါသည်။ ဆက်မည့် အကိုင်းကိုကြီးပွားတိုးတက်နေသော စပျစ်ပင်ကြီးတွင်ဆက်လိုက်သောအခါ အမျှင် အချင်းချင်း၊ အကြောအချင်းချင်းဆက်စပ်မိကာ ထိုအကိုင်းကလေးသည် စပျစ်ပင် ကြီးနှင့်တစ်သားတည်းကျသွားပြီး အသက်ရှင်လာပါသည်။ နွယ်ပင်၏အသက်သည် ထိုအကိုင်းကလေး၏ အသက်ဖြစ်ပါသည်။ ထိုနည်းတူပြစ်မှားကျူးလွန်မှုများနှင့် ပြစ်ဒုစရိုက်များတွင် အသေဖြစ်လျက်ရှိသော အသက်ဝိညာဉ်တစ်လုံးသည် ခရစ် တော်နှင့် ဆက်နွှယ်ခြင်းအားဖြင့် အသက်ရှင်လာပါသည်။ ကိုယ်တော်ရှင်အား မိမိ၏ ပုဂ္ဂလိကကယ်တင်ရှင်အဖြစ် ယုံကြည်ခြင်းအားဖြင့် ထိုဆက်နွှယ်မှုသည်ဖြစ် ပေါ် လာပါသည်။ ထိုအပြစ်သားသည် မိမိ၏အားနည်းချက်ကို ခရစ်တော်၏ ပြည့်စုံခြင်း နှင့်လည်းကောင်း၊ မိမိချွတ်ယွင်းပျက်စီးလွယ်သောသဘာ၀ကို ခရစ်တော်၏ခိုင်ခံ့ သော တန်ခိုးတော်နှင့်လည်းကောင်း၊ ပေါင်းစပ်ထားသော အချိန်တွင် သူ၌ခရစ် တော်၏ စိတ်နေသဘောထားမျိုးရှိလာပါသည်။ ခရစ်တော်၏ လူသားဇာတိသည် ကျွန်ုပ်တို့၏လူသားဇာတိနှင့်ထိတွေ့ကာ ကျွန်ုပ်တို့ ၏လူသားဇာတိသည် ဘုရားဇာ တိတော်နှင့်ထိတွေ့ပါသည်။ ထိုကဲ့သို့သောဝိညာဉ်တော်၏ တန်ခိုးတော်ကြောင့် လူ သားများသည် ဘုရားဇာတိတော်ကို မျှဝေခံစားရသူများဖြစ်လာကြပါသည်။ ထိုသူ ကိုခရစ်တော်အားဖြင့် ဘုရားသခင်လက်ခံတော်မူပါသည်။

         ခရစ်တော်နှင့်ဤကဲ့သို့ တစ်ကြိမ်တစ်ခါပြုခဲ့ပြီးသော တစ်လုံးတစ်၀ရှိခြင်းကို ဆက်လက်ထိန်းသိမ်းရမည်ဖြစ်ပါသည်။ “ငါ၌တည်နေကြလော့၊ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ခက်သည်အပင်၌မတည်လျှင် ကိုယ်အလိုအလျောက် အသီးမသီးနိုင်ကြ” ဟု ခရစ်တော်မိန့်တော်မူခဲ့ပါသည်။ ခရစ်တော်၌တည်နေခြင်း သည် ရံဖန်ရံခါသာတည်နေခြင်းမျိုး၊ ဆက်လိုက်ဖြုတ်လိုက်ဖြစ်နေသည့် တည်နေ ခြင်းမျိုးမဟုတ်ရချေ။ အဆက်မပြတ်တည်နေခြင်း မျိုးဖြစ်ရပါမည်။ သို့မှသာထိုအ ခက်သည် စပျစ်နွယ်ပင်ကြီး၏အစိတ်အပိုင်း တစ်ခုဖြစ်လာပါမည်။ အမြစ်နှင့်အ ကိုင်းအခက်တို့၏ဆက်နွှယ်နေမှုသည် ပြတ်တောက်ခြင်းမရှိဘဲ ထာ၀စဉ်ဆက်နွှယ်မှု သာဖြစ်ရပါမည်။ ထိုအခက်သည် စပျစ်နွယ်ပင်နှင့်ကွာသွားလျှင် အသက်ရှင်နိုင် တော့မည်မဟုတ်ချေ။ ထိုကြောင့် ငါနှင့်ကွာလျှင် သင်တို့သည်အသက်မရှိနိုင်ကြ။ ငါ့ ထံမှသင်ရရှိထားသော အသက်သည် ငါနှင့်အစဉ်မပြတ်အဆက်အသွယ်ပြုခြင်း အားဖြင့်သာ ဆက်လက်ရှင်သန်စေပါလိမ့်မည်။ ငါနှင့်ကွာလျှင် သင်သည်အပြစ်ကျူး လွန်ခြင်းကို မကျော်လွှားနိုင်ပါချေ။ သို့တည်းမဟုတ် စုံစမ်းနှောင့်ယှက်ခြင်းများကို လည်း တွန်းလှန်နိုင်ကြလိမ့်မည်မဟုတ်ဟု ကိုယ်တော်မိန့်တော်မူခဲ့ပါသည်။

         ငါ၌တည်နေလော့။ ငါသည်လည်း သင်တို့၌တည်နေမည်ဟု ခရစ်တော်မိန့် တော်မူရာတွင် သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးကို အစဉ်မပြတ်ရယူကာ အမှု တော်မြတ်အတွက် အကြွင်းမဲ့ဆက်ကပ်လုပ်ဆောင်သော အသက်တာကိုဆိုလိုပါ သည်။ လူသားများနှင့်၎င်း၏ ဘုရားသခင်အကြား၌ရှိသော ဆက်သွယ်ရေးလမ်း ကြောင်းကို အမြဲတမ်းဖွင့်ထားရပါမည်။ စပျစ်ခက်များသည် စပျစ်နွယ်ပင်ကြီးမှ သစ် ရည်များကို အစဉ်မပြတ်စုပ်ယူလျက်ရှိသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ခရစ်တော်ကို မှီခိုအားထားလျက် ယုံကြည်ခြင်းအားဖြင့် လိုအပ်သောခွန်အားများနှင့် ကိုယ်တော်၏ ပြည့်စုံသောစာရိတ္တတော်ကို ရယူကြရန်ဖြစ်ပါသည်။

         အမြစ်သည်အကိုင်းမှတစ်ဆင့် အစွန်အဖျားတွင်ရှိသော အခက်များသို့အ စာရေစာများကိုပို့ပေးသကဲ့သို့ ခရစ်တော်သည် ယုံကြည်သူတိုင်းထံသို့ ဝိညာဉ်ခွန် အားများကို ဆက်သွယ်ပေးပို့တော်မူပါသည်။ ထိုအသက်ဝိညာဉ်သည် ခရစ်တော် နှင့် ဆက်သွယ်နေသမျှကာလပတ်လုံး ညှိုးနွမ်းခြင်းနှင့်ပျက်ယွင်းခြင်း အန္တရာယ်မှ ကင်းဝေးပါသည်။

         အကိုင်းအခက်များအပေါ်တွင် သီးပွင့်နေသော မွှေးပျံ့နေသည့်အသီးများ ကိုကြည့်ခြင်းအားဖြင့် ထိုစပျစ်နွယ်ပင်သည် အသက်ရှင်လျက်ရှိကြောင်း ထင်ရှားပါ လိမ့်မည်။ ထိုကြောင့် “အကြင်သူသည်ငါ၌တည်၍ ငါသည်လည်း သူ၌တည်၏။ ထို သူသည်များစွာသော အသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အ မှုကိုမျှမတတ်နိုင်ကြ” ဟု ကိုယ်တော်ရှင်မိန့်တော်မူခဲ့ပါသည်။ ကျွန်ုပ်တို့သည် ယုံ ကြည်ခြင်းအားဖြင့် ခရစ်တော်၌တည်နေသော အချိန်တွင် ဝိညာဉ်ဆုကျေးဇူးအသီး အပွင့်အားလုံးကို ကျွန်ုပ်တို့၏အသက်တာတွင် တွေ့မြင်ကြရပါလိမ့်မည်။

         “ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၍ ငါ၌အသီးမသီး သောအခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။” စပျစ်နွယ်ပင်နှင့် အပေါ်ယံအားဖြင့် သာ ကိုင်းဆက်ထားခြင်းသည် အရေးပါသောပေါင်းစည်းမှုတစ်ခုခုကို မျှဖြစ်နိုင်လိမ့် မည်မဟုတ်ဘဲ ဆက်ထားသောထိုကိုင်းသည် ကြီးပွားတိုးတက် ခြင်းမရှိသည့်အပြင် အသီးလည်းမသီးနိုင်ပါချေ။  ထိုနည်းအတူ ယုံကြည်ခြင်းအားဖြင့် ခရစ်တော်နှင့် မှန်တကယ် ဆက်သွယ်မှုမရှိသည့် အပေါ်ယံအပြင်ပန်း ဆက်သွယ်မှုမျိုးလည်း ရှိ ကောင်းရှိနိုင်ပါသည်။ ဘာသာတရားတစ်ခုကို လက်ခံလိုက်ခြင်းအားဖြင့် လူမျိုးများ သည် အသင်းတော်ထဲသို့ ရောက်ရှိလာနိုင်သော်လည်း၊ ၎င်းတို့သည် ခရစ်တော်နှင့် ဆက်နွှယ်မှုရှိသည်- မရှိသည် ကို ၎င်းတို့၏အကျင့်စရိုက်များကဖော်ပြနေပါသည်။ သူတို့သည်အသီးမသီးကြလျှင် စပျစ်နွယ်ပင်၌တည်သော စပျစ်ခက်များမဟုတ်ကြ ချေ။ သူတို့သည် ခရစ်တော်ထံမှကွာဝေးကြလျှင် ခြောက်သွေ့သွားသည့် စပျစ်ကိုင်း ကဲ့သို့ ပျက်စီးသွားကြမည်သာတည်း။ ငါ၌မတည်သောသူသည် သွေ့ခြောက်သော အခက်ကဲ့သို့ ပြင်သို့ပစ်လိုက်ခြင်းကိုခံရ၏။ ထိုသို့သောအခက်များကို လူတို့သည် စုသိမ်း၍မီးထဲသို့ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ရောက်ကြ၏ဟုခရစ်တော် မိန့် တော်မူ၏။

         “အသီးသီးသော အခက်ရှိသမျှတို့ကိုသာ၍ သီးစေခြင်းငှာ သုတ်သင်ရှင်း လင်းတော်မူ၏။” ရွေးချယ်တော်မူခြင်းခံရသည့် တမန်တော်တစ်ဆယ့်နှစ်ပါးအ နက် တစ်ပါးသည်ညှိုးနွမ်းသွေ့ခြောက်သော အကိုင်းဖြစ်နေသဖြင့် ပစ်ပယ်ရတော့ မည်ဖြစ်ပြီး၊ ကျန်ဆယ့်တစ်ပါးမှာမူ ခါးသီးသောဒုက္ခဝေဒနာ  တည်းဟူသော အကိုင်း အခက်ဖြတ်သည့် ဓား၏အောက်တွင် ကျော်ဖြတ်ကြရမည်ဖြစ်ပါသည်။ အကိုင်းအ ခက်များကိုဖြတ်ခြင်း၊ တိခြင်း၊ ချိုးခြင်းများသည် အပင်အားနာကျင်မှုကိုဖြစ်စေသော် လည်း၊ ထိုဓားကိုအသုံးပြုမည့်သူမှာ အဖခမည်းတော်ဖြစ်သဖြင့် ကိုယ်တော်သည် စည်းမဲ့ကမ်းမဲ့လုပ်ဆောင်တတ်သော လက်ကိုအသုံးပြု၍ စိတ်မပါ့တပါနှင့် ထိုအ ကိုင်းများကိုတိဖြတ်လိမ့်မည်မဟုတ်ကြောင်း၊ ဥယျာဉ်စောင့်၏လုပ်ဆောင်မှုများကို နူးညံ့သိမ်မွေ့စွာ ကိုယ်တော်ရှင်ပြတော်မူခဲ့ပါသည်။ မြေကြီးပေါ်တွင်ဖြာလျက်နွယ် တက်နေသော စပျစ်ခက်တချို့ရှိနေကြပါသည်။ မြေကြီး၏အထောက်အမများကို ရစ်ပတ် ထားကြသည့် ၎င်းတို့၏နွယ်နှာမောင်းများကို ဖြတ်တောက်ပစ်ရမည်ဖြစ်ပါ သည်။ ထိုအခက်များသည် အထက်အရပ်သို့သာနွယ်တက်သွားကာ အထောက် အမများကို ဘုရားသခင်ထံ၌ရှာကြံကြရန်ဖြစ်ပါသည်။ အသီးသီးခြင်းကို အဟန့်အ တားဖြစ်လောက်အောင် အဆမတန်စည်ကားပွားများနေသည့် အရွက်များကိုလည်း ဖြတ်ပစ်ရပါမည်။ တရားတော်နေမင်းကြီးထံမှ အနာပျောက်ကင်းစေသည့် လင်း ရောင်ခြည်များရရှိရန် အဆမတန်များပြားနေသည့်အရွက်များ ကိုဖြတ်တောက်ပစ် ရမည်ဖြစ်ပါသည်။ အသီးများကောင်းမွန်များပြားစွာ သီးလာနိုင်စေမှုကို ထိခိုက်နစ် နာစေသည့် အရွက်များနှင့်အကိုင်းအခက်များကို ဥယျာဉ်စောင့်ကြီးကဖြတ်တောက် ရှင်းလင်းတော်မူပါသည်။

         “သင်တို့သည် များစွာသောအသီးကိုသီးသောအားဖြင့် ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ၏။” ဘုရားသခင်သည် မိမိ၏စာရိတ္တတော်တည်းဟူ သောသန့် ရှင်းခြင်း၊ ကျေးဇူးပြုခြင်းနှင့်သနားကြင်နာခြင်းများကို သင်၏အသက်တာအားဖြင့် ထင်ရှားစေလိုတော်မူပါသည်။ သို့စေကာမူ ကိုယ်တော်သည် တပည့်တော်များအား အသီးကိုသီးရန်မလုပ်ဆောင်ခိုင်းဘဲ မိမိ၌တည်နေရန် သာခိုင်းစေတော်မူပါသည်။ “သင်တို့သည်ငါ၌တည်၍ ငါ့စကားသည်သင် တို့၌တည်လျှင် သင်တို့သည်တောင်း ချင်သမျှကိုတောင်း၍ရကြလိမ့်မည်” ဟု ကိုယ်တော်မိန့်တော်မူပါသည်။ အဓိပ္ပါယ် မှာ နှုတ်ထွက်စကားများအားဖြင့် ခရစ်တော်သည် တပည့်တော်များ၌တည်နေ ပါသည်။ ဤအရာသည် ပွဲတော်မင်္ဂလာတွင် ပုံဆောင်အသုံးပြုထားသော ကိုယ် တော်၏အသားနှင့်အသွေးကို စားသုံးခြင်းတို့၌ ရုပ်လုံးဖော်ထားသည့် အရေးပါ သောဆက်နွှယ်မူများနှင့် အတူတူပင်ဖြစ်ပါသည်။ ခရစ်တော်၏နှုတ်ထွက်စကား များသည် ဝိညာဉ်လည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ထိုနှုတ်ကပတ်တော်များကို လက်ခံခြင်းအားဖြင့် သင်သည်အသက်ကိုရရှိပါသည်။ သင်သည် “ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ရှင်လိမ့်မည်။” မဿဲ ၄း၄။ သင့်အထဲတွင်ရှိသော ခရစ်တော်ပေးတော်မူသည့် ထိုအသက်သည် ကိုယ်တော်၌သီးသောအသီးများကို သီးလာစေပါသည်။ သင်သည် ခရစ်တော်၌ အသက်ရှင်ခြင်းအားဖြင့်လည်းကောင်း၊ ခရစ်တော်ထံမှ အမအစရရှိခြင်းအားဖြင့်လည်းကောင်း ခရစ်တော်ထံမှအစာရေစာ များကိုစုပ်ယူလျက် ကိုယ်တော်၏အသက်တာတွင် ထင်ရှားစေခဲ့သော အသီးများ နှင့် တထေရာတည်းဟူသည့်အသီးများကို သီးပွင့်လာစေပါသည်။

         တပည့်တော်များနှင့် နောက်ဆုံးအကြိမ်အဖြစ်တွေ့ဆုံခဲ့သော ဤအချိန် တွင် ၎င်တို့အတွက်ကိုယ်တော်ရှင်ဖွင့်ဟရန် အလွန်ဆန္ဒပြင်းပြနေသောအရာမှာ ကိုယ်တော်သည်၎င်းတို့အား ချစ်သည်နည်းတူ ၎င်းတို့အချင်းချင်းလည်း ချစ်ကြ ဖို့ပင်ဖြစ်ပါသည်။ ထိုကြောင့် သင်တို့သည်အချင်းချင်း ချစ်စေခြင်းငှာ ဤပညတ် တို့ကိုငါပေး၏ဟု ထပ်ခါတလဲလဲ ကိုယ်တော်မိန့်တော်မူခဲ့ပါသည်။ သင်တို့သည် အချင်းချင်းတစ်ယောက်ကို တစ်ယောက်ချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။ အထက်ခန်းတွင် တပည့်တော်များနှင့် သီးသန့်ရှိစဉ်က ပထမဦးစွာမိန့်တော်မူခဲ့ဖူး ပါသည်။ ခရစ်တော်သည် ၎င်းတို့အားချစ်သကဲ့သို့ အချင်းချင်းမချစ်ကြသော ထို တမန်တော်များအတွက် ဤပညတ်သည် ပညတ်သစ်ဖြစ်နေပါသည်။ မိမိ၏အသက် တာနှင့်အသေခံခြင်းကြောင့် သူတို့သည်မေတ္တာ တရားနှင့်ပတ်သက်သည့် အသစ် သော စိတ်ကူးစိတ်သန်းများရရှိလာကာ အသစ်သောအတွေးအခေါ်များနှင့် အသစ် သောစိတ်ဇောများ၏ ထိန်းချုပ်မှုကိုခံရပြီး အသစ်သောစည်းမျဉ်းများကို ကျင့်သုံး လာမည်ကို ကိုယ်တော်တွေ့မြင်တော်မူထားပါသည်။ အချင်းချင်းချစ်ကြလော့ဟူ သောပညတ်၌ ကိုယ်တော်ရှင်ပြုတော်မူသော မိမိကိုယ်ကိုဆက်ကပ်ခြင်းဆိုင်ရာအ လင်းတရားတွင် အသစ်သောအဓိပ္ပါယ်ရှိနေပါသည်။ ကျေးဇူးတော်၏ပြည့်စုံသော လုပ်ဆောင်မှုသည် သူတစ်ပါးအားချစ်ခြင်း၊ ကိုယ်အလိုကိုငြင်းပယ်ခြင်း၊ မိမိကိုယ် ကိုဆက်ကပ် ကြိုးစားခြင်းများ၏အဆက်မပြတ်လုပ်ဆောင်မှုပင်ဖြစ်ပါသည်။ လောက၌ ခေတ္တခဏလာရောက်နေထိုင်ခဲ့သော ခရစ်တော်၏အသက်တာ တစ် လျှောက်လုံးတွင် ဘုရားသခင်၏မေတ္တာတော်သည် ကိုယ်တော်ထံမှ အဆက်မပြတ် ယိုစီးနေခဲ့ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်၀သောသူများသည် ကိုယ် တော်ရှင်ပြုတော်မူခဲ့သည့်အတိုင်း အချင်းချင်းချစ်ကြပါလိမ့်မည်။ ခရစ်တော်အားနှိုး ဆွပေးခဲ့သောမူလစွမ်းအင်ကလေးသည် အချင်းချင်းဆက်ဆံရေးများအတွက် ကျွန်ုပ်တို့အားနှိုးဆွပေးပါလိမ့်မည်။

         ဤချစ်ခြင်းမေတ္တာသည် ကိုယ်တော်ရှင်၏တပည့်တော်ဖြစ်ကြောင်း ထောက်အထားတစ်ခုဖြစ်ပါသည်။ ထိုကြောင့် သင်တို့သည်အချင်းချင်း ချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည်ငါ၏ တပည့်ဖြစ်သည်ကို သိရလိမ့်မည်ဟု ခရစ်တော်မိန့်မြွက်တော်မူခဲ့ပါသည်။ သူတစ်ပါးကအတင်းအကျပ် ခိုင်းစေမှုကြောင့်မဟုတ်၊ မိမိအမြတ်အစွန်းရရှိရေးအတွက်ကြောင့်မဟုတ်ဘဲ မေတ္တာ ကို အခြေခံ၍အတူတကွ စည်းရုံးညီညာမှုရှိသောအချိန်တွင် မိမိတို့သည်မြင့်မြတ် သော တန်ခိုးတော်၏လုပ်ဆောင်မှုအောက်တွင်ရှိနေကြောင်း ဖော်ပြနေခြင်းဖြစ်ပါ သည်။ ဤကဲ့သို့တစ်လုံးတစ်၀တည်းရှိနေခြင်းသည် လူသားများ၌ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ပြန်လည်ရရှိကြောင်းနှင့် အသက်တာ၏အသစ်သော စည်းမျဉ်းများ ကို ခိုင်မာစေလျက်ရှိကြောင်းများအတွက် အထောက်အထားဖြစ်ပါသည်။ ဒုစရိုက်၏ သဘာ၀လွန်တန်ခိုးများကို တွန်းလှန်နိုင်သောတန်ခိုးတော်သည် မြင့်မြတ်သော သဘာ၀တွင်တည်ရှိ နေတော်မူကြောင်း၊ ဇာတိပကတိစိတ်နှလုံးထဲတွင်စွဲငြိနေသော တစ်ကိုယ်ကောင်းစိတ်ကို ဘုရားသခင်၏ကျေးဇူးတော်က ချေဖျက်ပစ်နိုင်ကြောင်း ကိုလည်း ထိုအရာက ထင်ရှားပေါ်လွင်စေပါသည်။

         ဤမေတ္တာမျိုးသည် အသင်းတော်ထဲတွင် တည်ရှိနေမည်ဆိုလျှင် စာတန် သည်အမျက်ထွက်လာမည်မှာ ဧကန်အမှန်ပင်ဖြစ်ပါသည်။ ခရစ်တော်သည် တပည့် တော်အားပန်းခင်းသောလမ်းကို လျှောက်လှမ်းရန် ပြညွှန်တော်မူခဲ့သည်မဟုတ်ချေ။ လောကီသားတို့သည် သင်တို့ကိုမုန်းလျှင် သင်တို့ကိုမမုန်းမီ ငါ့ကိုမုန်းကြသည်ဟု သိ မှတ်ကြလော့။ သင်တို့သည်လောကီနှင့် ဆက်ဆံလျှင် လောကီသားတို့သည် မိမိတို့ နှင့်ဆက်ဆံသော သင်တို့ကိုချစ်ကြလိမ့်မည်။ သင်တို့သည်လောကီနှင့်မဆက်ဆံ၊ လောကီထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့် လောကီသားတို့သည် သင် တို့ကိုမုန်းကြ၏။ ကျွန်သည် သခင်ထက်သာ၍ကြီးမြတ်သည်မဟုတ်ဟု ငါပြောခဲ့ပြီး သော စကားကိုအောက်မေ့ကြလော့။ သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင်သင်တို့ကို ညှဉ်း ဆဲကြလိမ့်မည်။ ငါ့စကားကိုနားထောင်လျှင် သင်တို့၏စကားကိုနားထောင်ကြလိမ့် မည်။ ထိုသူတို့သည် ငါ့ကိုစေလွှတ်တော်မူသော သူကိုမသိသည်ဖြစ်၍ ငါ၏နာမ ကြောင့် သင်တို့အား ထိုအမှုရှိသမျှတို့ကို ပြုကြလိမ့်မည်ဟု ခရစ်တော်ဆက်လက်          မိန့်ကြားတော်မူခဲ့ပါသည်။ ဧဝံဂေလိတရားတော်သည် ဆန့်ကျင်မှုများ၊ ဘေး အန္တရာယ်များ၊ ဆုံးရှုံးမှုများနှင့်ဒုက္ခဝေဒနာများ၏အလယ်တွင် တိုက်လှန်မှုများကို ရင်ဆိုင်လျက် ဆက်လက်ပြန့်ပွားစေရမည်သာဖြစ်ပါသည်။ ဤကဲ့သို့ လုပ်ဆောင်နေ သူများသည်သာ သခင်ဘုရား၏ခြေတော်ရာများကိုလိုက်လျှောက် နေကြသူများဖြစ် ကြပါသည်။

         ခရစ်တော်သည် လောကကမ္ဘာ၏ ကယ်တင်ရှင်တစ်ပါးအနေဖြင့်ကြီးကျယ် သောဆုံးရှုံးမှုများနှင့် ရင်ဆိုင်တော်မူခဲ့ရပါသည်။ ကရုဏာတော်၏ စေတမန်ဖြစ် သော ကိုယ်တော်သည် လူသားများအားကယ်တင်ရန် မိမိလုပ်လိုသောအရာများမှ အလွန်အနည်းငယ်သောအရာကိုသာ လုပ်ကိုင်ဆောင်ရွက် ခဲ့သယောင်ဖြစ်နေပါ သည်။ သို့သော်လည်း စိတ်ဓာတ်ကျဆင်းတော်မမူခဲ့ချေ။ စာတန်၏ဘက်တော်သား များသည် ကိုယ်တော်၏လမ်းစဉ်များကို အစဉ်သဖြင့် ဆန့်ကျင်ခဲ့ကြပါသည်။ ဟေရှာ ယအားဖြင့် ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ ငါကလည်းအကျိုးမရှိဘဲ ငါလုပ် ဆောင်ရပြီ။ အချည်းနှီးသက်သက်ငါ့ ခွန်အားကုန်ရပြီ။ သို့သော်လည်း ငါ့အမှုသည် ထာ၀ရဘုရားရှေ့တော်၌ရှိ၏။ ငါခံရသောအခလည်း ငါ၏ဘုရားသခင်လက်တော်၌ ရှိသည်ဟုဆို၏။--- ဣသရေလအမျိုးထံတော်၌ စုဝေးစေခြင်းကိုမခံသော်လည်း---- ငါသည် ထာ၀ရဘုရားရှေ့တော်၌အသရေထင်ရှား၍ ငါ့ဘုရားသခင်သည် ငါ့ ကိုခိုင်ခံ့ စေတော်မူသည်ဟူ၍ဖြစ်၏။ ခရစ်တော်အတွက် ကတိထားတော်မူသည် ကား၊ ဣသရေလအမျိုးကိုရွေးနုတ်တော်မူ၍ ထိုအမျိုး၏သန့်ရှင်းသောထာ၀ရဘုရား သည် အဘယ်သူမျှမနှစ်သက်၊ တစ်ပြည်လုံးရွံရှာဖွယ်ဖြစ်၍ မင်းထံ၌ကျွန် ခံရသော သူအားမိန့်တော်မူသည်ကား--- ထာ၀ရဘုရားမိန့်တော်မူသည်မှာ ---သင့်ကို လည်းငါစောင့်ရှောက်၍ သင်သည်ပြည်တော်ကိုပြုပြင်လျက် ဆိတ်ညံသောအမွေ ခံရာအရပ်တို့ကို အမွေပေးစေမည်အကြောင်းထွက်ကြလော့ဟု ချုပ်ထားသော သူတို့အားလည်းကောင်း၊ ပေါ်လာကြလော့ဟု မှောင်မိုက် ထဲမှာနေသောသူတို့အား လည်းကောင်းပြောစေမည်အကြောင်း လူမျိုးအား ပဋိညာဉ်တရားကိုပြုစရာဖို့ သင့် ကိုခန့်ထားမည်။ ထိုသူတို့သည် လမ်းခရီးတို့အနားမှာစားရ၍ မြင့်သောအရပ်ရပ်တို့၌ ကျက်စားရာကိုတွေ့ရကြလိမ့်မည်။ သူတို့သည် ရေစာကိုမငတ်မမွတ်ရ။ အပူကို လည်းမခံရကြ။ နေရောင်ခြည် မထိရ။ အကြောင်းမူကား၊ သူတို့ကိုသနားသောသူ သည် သူတို့ကိုပို့ဆောင်၍ စမ်းရေတွင်းအနားသို့ လမ်းပြလိမ့်မည်ဟူ၍ဖြစ်၏။ ဟေ ရှာ ၄၉း၄-၅၊          -၁၀။

         သခင်ယေရှုသည် ဤကတိတော်အပေါ်တွင်ရပ်တည်တော်မူပြီး စာတန်ကို မည်သည့် အခွင့်ထူးတစ်စုံတစ်ခုကိုမျှ မပေးခဲ့ချေ။ နောက်ဆုံးအဆင့် ဖြစ်သောအ သရေယုတ်ညံ့မှုကို ခရစ်တော်ခံရမည့်ဆဲဆဲတွင် ကိုယ်တော်၏ စိတ်ဝိညာဉ်သည် လွန့်အလွန်ပူဆွေးဝမ်းနည်းနေသောအချိန်၌ “ဤလောကကိုအစိုးရသော မင်း သည်လာဆဲဖြစ်၏။ လာသော်လည်း ငါ၌အဘယ် အခွင့်အရာကိုမျှမတွေ့ရ” “ လောကကိုအစိုးရသောမင်းသည် အပြစ်စီရင် ခြင်းကိုခံရသည်” “ယခုတွင် လောကကိုအစိုးရသောမင်းသည် ပြင်သို့ နှင်ထုတ်ခြင်းကိုခံရလိမ့်မည်” ဟု တပည့် တော်များအား ကိုယ်တော်မိန့်တော် မူခဲ့ပါသည်။ ယောဟန် ၁၄း၃၀။ ၁၆း၁၁။ ၁၂း ၃၁။

         ခရစ်တော်သည် နောက်ဆုံးအချိန်တွင် ဖြစ်ပျက်မည့်မဟာတိုက်လှန်ပွဲကြီး အကြောင်းကို အနာဂတ်ဖြစ်ရပ်များအား ထိုးဖောက်မြင်နိုင်စွမ်းရှိသော မျက်ဝန်း တော်ဖြင် hကြည့်တော်မူပါသည်။ အမှုပြီးပြီဟု မိမိမိန့်မြွက်သောအချိန်တွင် ကောင်း ကင်နိုင်ငံတစ်ခုလုံးကအောင်ပွဲဆင်ကြမည်ကို ကိုယ်တော်သိရှိတော်မူပါသည်။ ကောင်းကင်ရွှေနန်းတော်မ Sထွက်ပေါ်လာသောအောင်မြင်ခြင်းအတွက် ချီးမွမ်းသံ များဟစ်ကြွေးသံများကို နားတော်သည်ကြားနေခဲ့ရပါသည်။ စာတန်၏အင်ပါယာ ကြီး ကျဆုံးသွားကြောင်းကိုအထိမ်းအမှတ်ပြုပြီး ထိုးသည့်ခေါင်းလောင်းသံကိုလည်း ကောင်း၊ မိမိ၏နာမတော်အကြောင်းကို စကြ၀ဠာအတွင်းရှိ ကမ္ဘာအရပ်ရပ်သို့ ကြေ ညာမောင်းခတ်နေသည့် ကြွေးကြော်သံများကိုလည်းကောင်း ကိုယ်တော်ကြားသိ တော်မူခဲ့ပါသည်။

         ခရစ်တော်သည် တပည့်တော်များ တောင်းလျှောက်နိုင်သည်ထက် (သို့မ ဟုတ်) ၎င်းတို့စဉ်းစားနိုင်သည်ထက်ပို၍ လုပ်ဆောင်နိုင်ခဲ့သဖြင့် ဝမ်းမြောက်ရွှင် လန်းတော်မူခဲ့ရပါသည်။ ဤကမ္ဘာကြီးအား မဖန်ဆင်းမီကပင် ခိုင်ခံ့သောအမိန့်တစ် ခုကို မိမိအားပေးထားကြောင်းသိရှိထားသဖြင့် အာမခံချက်ပေး၍မိန့် တော်မူခဲ့ပါ သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အနန္တတန်ခိုးတော်ဖြင့် လက်နက်တပ်ဆင် ထားသော သမ္မာတရားသည် ဒုစရိုက်နှင့်တိုက်လှန်ပွဲတွင်အောင်ပွဲဆင်မည်ကို လည်းကောင်း၊ သွေးစွန်းထားသောအလံတော်သည် ခရစ်တော်၏ နောက်လိုက်များ အပေါ်ဝယ် တလူလူလွင့်နေမည်ဖြစ်ကြောင်းကိုလည်းကောင်း ကိုယ်တော်သိရှိထား တော်မူပါသည်။ မိမိအားယုံကြည်ကိုးစားကြသော တပည့်တော်များ၏ အသက်တာ သည် မိမိ၏အသက်တာကဲ့သို့ပင် ယခုအချိန်တွင် မမြင်တွေ့ရသေးသော်လည်း နောက်ပိုင်းတွင်အသိအမှတ်ပြုလာကြမည့်အဟန့် အတားရှိသောအောင်ပွဲများကို တသီတတန်းကြီးဆင်နွှဲကြမည်ကို ကိုယ်တော်ရှင် သိရှိထားတော်မူပါသည်။

         သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှာ ဤစကားကို ငါဟော ပြောပြီ၊ သင်တို့သည်ဤလောက၏ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ သို့သော်လည်း စိုးရိမ်ကြနှင့်၊ ငါသည်လောကကိုအောင်ပြီဟုမိန့်တော်မူ၏။ “ခရစ်တော်သည် လုပ် ဆောင်ရမည့်တာဝန်များကို ပျက်ကွက်ခဲ့ခြင်းမရှိသည့် ပြင် စိတ်ဓာတ်ကျခြင်းလည်း မရှိခဲ့ချေ။ ကိုယ်တော်၏နောက်လိုက်များသည်လည်း ထိုကဲ့သို့ကြံ့ခိုင်သည့် ယုံကြည် ခြင်းမျိုးကို ပြသဖို့လိုအပ်ပါသည်။ သူတို့သည်ကိုယ်တော်ရှင်အား မဟာအမှုတော် ဆောင်ကြီးအဖြစ်မှီခိုအားထားလျက် ကိုယ်တော်ရှင်အသက်ရှင်နေထိုင်သကဲ့သို့ သူ တို့အသက်ရှင်နေထိုင်ကြရပါမည်။ ကိုယ်တော်ရှင်လုပ်ဆောင်တော်မူခဲ့သည့်အတိုင်း သူတို့လုပ်ဆောင်ကြရပါမည်။ သူတို့၌ရဲရင့်သောစိတ်ထား၊ လုပ်ဆောင်နိုင်သော စွမ်း အားနှင့်ဇွဲလုံ့လများ ရှိကြရပါမည်။ သိသာထင်ရှားသည့်အခက်အခဲများက ၎င်းတို့ အား အဟန့်အတားပြုသော်လည်း ကျေးဇူးတော်ကိုအမှီပြု၍ ဆက်လက်လုပ်ဆောင် ကြရပါမည်။ အခက်အခဲများကြောင့် ဝမ်းနည်းပူဆွေးနေကြမည့်အစားထို အခက်အ ခဲများကို ကျော်လွှားသွားကြရန်အတွက် ၎င်းတို့အားဆင့်ဆိုတော်မူပါသည်။ သူတို့ သည်မည်သည့်အကြောင်းကြောင့်မျှ စိတ်ပျက်ဖို့မလိုဘဲ အရာရာအတွက် မျှော်လင့် ချက်ထားကြရပါမည်။ ခရစ်တော်သည် မိမိ၏အတုမရှိ သောမဟာမေတ္တာတော် ရွှေ ကြိုးကြီးဖြင့် ၎င်းတို့အား ဘုရားသခင်၏ပလ္လင် တော်နှင့်နှောင်ဖွဲ့ထားတော်မူပါသည်။ ကိုယ်တော်၏အကြံအစည်မှာ တန်ခိုးတော်အပေါင်း၏ အရင်းမူလမှ အလိုလိုထွက် ပေါ်နေသည့် အမြတ်ဆုံးသော တန်ခိုးတော်ကို သူတို့ပိုင်ဆိုင်ကြဖို့ဖြစ်ပါသည်။ ပြစ်ဒုစရိုက်ကိုတွန်းလှန်ရန် သူတို့၌တန်ခိုးရှိဖို့လိုပါသည်။ ထိုတန်ခိုးမျိုးကို ကမ္ဘာမြေ ကြီးကလည်းကောင်း၊ သေခြင်းတရားကလည်းကောင်း၊ ငရဲကလည်းကောင်း အနိုင် အထက် မပြုနိုင်ပါချေ။ ထိုတန်ခိုးမျိုးကိုရလျှင် သူတို့သည်ခရစ်တော်အောင်မြင် ကျော်လွှားနိုင်ခဲ့သကဲ့သို့ အောင်မြင်ကျော်လွှားနိုင်ကြလိမ့်မည်ဖြစ်ပါသည်။

         ကောင်းကင်နိုင်ငံတော်၏ဖွဲ့စည်းပုံ၊ ကောင်းကင်နိုင်ငံတော်၏ အုပ်ချုပ်ပုံစီ မံကိန်းနှင့် ကောင်းကင်နိုင်ငံတော်၏ ညီညာမှုများကို ဤလောကရှိအသင်းတော် အားဖြင့်သရုပ်ဖော်ရန် ခရစ်တော်ကြံရွယ်ထားပါသည်။ ဤနည်းအားဖြင့် ကိုယ်တော် သည် မိမိလူမျိုးအလယ်၌ ဘုန်းထင်ရှားတော်မူပါလိမ့်မည်။ တရားတော် နေမင်းကြီး သည် သူတို့အားဖြင့် ကမ္ဘာအားတောက်ပသော ရောင်ခြည်များထွန်းလင်းပေးပါလိမ့် မည်။ ကိုယ်တော်သည် မိမိ၏အသွေးတော်ဖြင့် ဝယ်ယူထားသည့်ကယ်တင်ခြင်းခံရ မည့်သူများမှ ပြန်လည်ပေးအပ်မည့် ချီးမွမ်းထောမနာမှုများကို ရရှိစေရန်အလိုငှာ အသင်းတော်အားသင့်လျော် သောအမအစများကို ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ သူတို့ အနေနှင့် ကိုယ်တော်၏ ပြည့်စုံကုံလုံမှုကိုရုပ်လုံးဖော်နိုင်စေရန် လုပ်ဆောင်နိုင်သည့် စွမ်းအားများနှင့် ကောင်းချီးများကို ၎င်းတို့အပေါ်သို့ ကိုယ်တော်သွန်းလောင်းချပေး ခဲ့ပြီးဖြစ်ပါသည်။ ခရစ်တော်၏ဖြောင့်မတ်ခြင်းတရားနှင့် ပြည့်၀လျက်ရှိသော သင်းတော်သည် ကိုယ်တော်ပိုင်ပစ္စည်းများသိုထားရာနေရာတစ်ခုဖြစ်ပါသည်။ ထိုအ ထဲတွင် ကိုယ်တော့်ကရုဏာတော်၊ ကျေးဇူးတော်နှင့်မေတ္တာတော်များ၏ကြွယ်၀မှု များကို အပြည့်အဝထင်ရှားစေရန်ဖြစ်ပါသည်။ ခရစ်တော်သည် သန့်ရှင်းစုံလင်ခြင်း နှင့်ပြည့်၀သောမိမိ၏ သားသမီးများအား မိမိအသေခံခြင်း၏ဆုလာဘ် အနေဖြင့် လည်းကောင်း၊ မိမိ၏ဘုန်းတော်ကိုပြည့်စုံစေရန် ဖြည့်စွက်ပေးသော သူများအနေ ဖြင့်သော်လည်းကောင်း မှတ်ယူတော်မူပါသည်။

         ကိုယ်တော်ရှင်သည်ခိုင်ခံ့ပြင်းထန်၍ မျှော်လင့်ချက်နှင့်ပြည့်၀သော နှုတ် တော်ထွက်စကားများဖြင့် မိမိ၏သွန်သင်ချက်ကိုအဆုံးသတ်ထားပါသည်။ ထိုနောက် ကိုယ်တော်သည် မိမိ၏အသက်ဝိညာဉ်ကိုဖိစီးထားသောဝန်ထုပ် ဝန်ပိုးများကို တမန် တော်များအတွက်ဆုတောင်းပေးရာတွင် ဖွင့်ဟသွန်းလောင်း တော်မူခဲ့ပါသည်။ ကောင်းကင်ကိုမျှော်ကြည့်လျက် ကိုယ်တော်မိန့်တော်မူ သည်ကား၊ “အိုအဖ၊ အကျွန်ုပ်၏အချိန်ရောက်ပါပြီ။ ကိုယ်တော်သည် သားတော်လက်သို့ အပ်ပေးတော်မူ သမျှသောသူတို့အား ထာ၀ရအသက်ကိုပေးစေခြင်းငှာ လူမျိုးအပေါင်းတို့ကို အစိုးရ သောအခွင့်တန်ခိုးကို သားတော်အား ပေးတော်မူသည်နှင့်အညီ သားတော်သည် ကိုယ်တော်၏ဘုန်းတော်ကိုထင်ရှား စေပါမည်အကြောင်း၊ သားတော်၏ဘုန်းကို ထင် ရှားစေတော်မူပါ။ ထာ၀ရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ် တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကို လည်းကောင်း သိကျွမ်းခြင်းပေတည်း။

         ခရစ်တော်သည် မိမိအားလုပ်ဆောင်ရန် ပေးထားတော်မူသောအမှုတော် ကိုပြီးစီးအောင် လုပ်ဆောင်ခဲ့ပါသည်။ ဤကမ္ဘာပေါ်ဝယ်ဘုရားသခင်၏ ဘုန်းတော် ကို ထင်ရှားစေခဲ့ပါသည်။ မိမိ၏အမှုတော်ကို ဆက်လက်လုပ်ဆောင်ကြမည့်သူများ ကို စုရုံးပေးခဲ့ပါသည်။ ထိုနောက် ဆက်လက်၍ “ထိုအရာတို့ အားဖြင့်အကျွန်ုပ် သည် ဘုန်းထင်ရှားပါ၏။ ယခုမှစ၍အကျွန်ုပ်သည်ဤလောက ၌မရှိပါ။ ဤသူတို့ မူကား၊ ဤလောက၌ရှိရစ်ရကြပါမည်။ အကျွန်ုပ်သည် ကိုယ်တော်ထံသို့သွားရပါမည်။ သန့်ရှင်းတော်မူသောအဖ၊ ကိုယ်တော်နှင့် အကျွန်ုပ်သည် တစ်လုံးတစ်၀တည်း ဖြစ်သကဲ့သို့ အကျွန်ုပ်အားပေးတော်မူသော ဤသူတို့သည်ဖြစ်ရပါမည်အ ကြောင်း၊ သူတို့ကိုကိုယ်တော်၏ နာမတော်၌တည်စေတော်မူပါ” “ထိုသူတို့အဖို့ ကိုသာ အကျွန်ုပ်ဆုတောင်းသည်မဟုတ်ပါ။ သူတို့ဟောပြောခြင်းအားဖြင့် အကျွန်ုပ်ကို ယုံကြည်သော သူတို့အဖို့ကိုလည်းဆုတောင်းပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို လောကီသားတို့သည် ယုံမည်အကြောင်း ထိုသူအပေါင်းတို့သည် တစ်လုံးတစ်၀တည်းဖြစ်လျက်----အကျွန်ုပ်သည် သူတို့ ၌ရှိ၍ ကိုယ်တော်သည်လည်း အကျွန်ုပ်၌ရှိတော်မူသောအားဖြင့် သူတို့သည် တစ် လုံးတစ်၀တည်းဖြစ်၍ တစ်လုံးတစ်၀တည်း၌ စုံလင်စေခြင်းငှာလည်းကောင်း၊ ကိုယ် တော်သည်အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကိုချစ်တော်မူသကဲ့ သို့ သူတို့ကိုလည်း ချစ်တော်မူကြောင်းကို လောကီသားတို့သိစေခြင်းငှာ လည်း ကောင်း----- အကျွန်ုပ်အလိုရှိပါ၏” ဟုမြွက်ဟတော်မူခဲ့ပါသည်။

         မြင့်မြတ်သော တန်ခိုးအာဏာရရှိထားသော ကိုယ်တော်သည် ထိုကဲ့သို့အ သုံးအနှုန်းများကိုအသုံးပြုလျက် မိမိရွေးချယ်ထားသည့်အသင်းတော်ကို အဖခမည်း တော်၏ လက်တော်သို့အပ်နှံခဲ့ပါသည်။ ကိုယ်တော်သည် သန့်ရှင်းသော ယဇ်ပုရော ဟိတ်မင်းကြီးအနေဖြင့် မိမိလူများအတွက်ကြားဝင်ဖျန်ဖြေပေး တော်မူခဲ့ပါသည်။ ကိုယ်တော်သည် သစ္စာရှိသောသိုးထိန်းကြီးအနေဖြင့် မိမိသိုးစုကိုခိုင်ခံ့စိတ်ချသော ခိုလှုံရာတွင် တန်ခိုးကြီးသော လက်တော်အောက်၌ စုရုံးပေးတော်မူခဲ့ပါသည်။ စာ တန်နှင့်ရင်ဆိုင်ရမည့် နောက်ဆုံးသောတိုက်လှန်ပွဲကြီးသည် ကိုယ်တော်အားစောင့် မျှော်နေပါသည်။ ထိုကြောင့် ထိုတိုက်လှန် ပွဲကြီးကိုရင်ဆိုင်ရန် ကိုယ်တော်ထွက်ခွာ သွားတော်မူခဲ့ပါသည်။

 


No comments:

Post a Comment