အခန်း (၆)
“တောင့်တင်းခိုင်မာသောမိသားစုတစ်ခု”
အသင်းအုပ်ဆရာ၏မိသားစုတစ်ခုသည် တန်ဖိုးဖြတ်မရနိုင်သော အရာ ဖြစ်ပါသည်။ အိမ်ထောင်မိသားစုတွင် ကျရှုံးခြင်းသည် အမှုတော်ဆောင်ခြင်း လုပ်ငန်းတွင်ပါ ကျရှုံးမှုဖြစ်စေပါသည်။ သင်၏ဇနီးသည်နှင့်သားသမီးတို့နှင့် ပျော်ရွှင်စွာမနေနိုင်ပါက သင်သည် အခြားသောသူတို့၏ မိသားစုတို့ကို မည်ကဲ့သို့အကြံဉာဏ်ပေးပြီး ဦးဆောင်မှုပေးနိုင်မည်နည်း။ ကောင်းမွန်သော အိမ်ထောင်မိသားစုအသက်တာတစ်ခုကို ထိန်းသိမ်းထားနိုင်ရန်အတွက် သင် သည် အချိန်နှင့်စွမ်းအားတို့ကို လုံးလုံးလျားလျားအပ်နှံထားရန် လိုအပ်လှပါ သည်။
အမှုတော်ဆောင်တစ်ယောက်၏ အိမ်ထောင်မိသားစု အသက်တာသည် သူ၏ တရားဟောရာစင်မြင့်ထက် ဩဇာသက်ရောက်မှုပိုမိုကြီးမားပါသည်။ “အမှုတော်ဆောင်တစ်ယောက်က ဟောပြောနိုင်သော တစ်စုံတစ်ရာသော တရားဟောချက်ထက် စွမ်းအားအထူးထက်မြက်သည့်အရာမှာ လူသားတို့၏ နှလုံးသားများနှင့်အသက်တာများအပေါ် စစ်မှန်သည့်သူ၏အိမ်ထောင်မိသားစု ၏ ကောင်းမွန်သောအမူအကျင့်ဆိုင်ရာ ဩဇာသက်ရောက်မှုပင်ဖြစ်ပါသည်။” ဤအချက်သည် ကျွန်ုပ်တို့က ကျွန်ုပ်တို့၏ အိမ်ထောင်မိသားစုအပေါ် လျစ်လျူ ရှုထားအောင် စာတန်မာရ်နတ်က သွေးဆောင်ရသည့် အကြောင်းရင်းပင်ဖြစ် ပါသည်။ သင်းအုပ်ဆရာအား သူ၏မိသားစုအပေါ်အချိန် မပေးနိုင်စေရန် အတွက် စာတန်သည် ထိုတရားဟောဆရာကို အလုပ်အထူးများပြားစေသည့် အနေအထားတွင် ရှိနေစေပါသည်။
အသင်းအုပ်ဆရာအများအပြားတို့သည် သူတို့၏ အလုပ်နှင့်မိသားစုတို့ စပ်ကြား ရွေးချယ်ရမည့်အရာနှင့်ပတ်သက်ပြီး နားလည်မှုလွဲနေကြသည့်ပုံပေါ် နေကြပါသည်။ စင်စစ်အမှန်တရားမှာ၊ မည်သည့်အသင်းအုပ်ဆရာမဆို ဖခင်ကောင်း တစ်ယောက်၊ ခင်ပွန်းကောင်းတစ်ယောက်နှင့်နိုင်ငံသားကောင်း တစ်ယောက်ဖြစ်သည့်တိုင် ခရစ်ယာန်ကောင်းတစ်ယောက် ဖြစ်မလာနိုင်ပါ။ အောင်မြင်သောမိသားစု အသက်တာသည် မတော်တဆပုံစံမျိုးဖြင့် ဖြစ်မလာ ပါ။ ဤကဲ့သို့မျိုးဖြစ်လာနိုင်ရန်မှာ ရည်ရွယ်ချက်ရှိရှိဖြင့် စီမံထားသော အစီ အစဉ်နှင့် မိသားစုတွင်းဆက်ဆံရေးတိုးတက်မှုရှိစေသည့် လုပ်ဆောင်ချက်မျိုး များ ပါဝင်မှုရှိရပါမည်။
“အစုအဖွဲ့ပုံစံဖြင့်အမှုတော်ဆောင်သောအသင်းအဖွဲ့တစ်ခု”
သူမ၏ခင်ပွန်းသည် အမှုတော်ဆောင်လုပ်ငန်းတွင် အသင်းအုပ်ဆရာ၏ ဇနီးသည် မရှိမဖြစ်လိုအပ်လှပါသည်။ သို့သော် သူမသည် အသင်းအုပ်ဆရာ၏ ဇနီးသည်သာဖြစ်ပြီး၊ အသင်းတော်၏ဇနီးသည်မဟုတ်သည့်အချက်ကိုသတိရ ပါ။ သင်၏ပုဂ္ဂလိကအသက်တာကို မွန်းကျပ်မှုဖြစ်စေသည့် သင်၏အလုပ်နှင့် ပတ်သက်သည့် စိတ်ဖိစီးမှုများတို့ကို ခွင့်မပြုရန်နှင့် စည်းခြားသတ်မှတ်မှုကို ထူထောင်ရန်တို့သည် အရေးကြီးသော အချက်များဖြစ်ကြပါသည်။ ထိုကဲ့သို့ လုပ်ဆောင်နိုင်ရန်မှာ အသင်းအုပ်ဆရာတစ်ယောက်၏ အိမ်ထောင်ဘက်သည် သူမခင်ပွန်းသည်၏ အမှုတော်ဆောင်ခြင်းဆိုင်ရာ သဘောတရားခံယူချက်ကို ဝေငှပေးရပါမည်။ ၎င်းသည် အတင်းအဓမ္မပြဌာန်းမှုမျိုးပင်ဖြစ်စေပါ။ ပင်ကိုယ် သဘာ၀အားဖြင့်သာ တိုးတက်မှုမျိုးဖြစ်စေရပါမည်။ သူတို့ ဇနီးမောင်နှံ နှစ်ဦး လုံးတို့သည် အစေခံကြရန်အတွက် ဘုရားသခင်ခေါ်တော်မူခြင်းကို အသိ အမှတ်ပြုနေရကြမည့်အပြင် မိမိတို့ကိုယ်ကို မိမိတို့အမှုတော်ဆောင်ခြင်း လုပ် ငန်းတွင် ဆက်ကပ်အပ်နှံရကြပါမည်။ အယ်လင်ဝှိုက်က “ထာ၀ရဘုရားသည် သူ၏ အမှုတော်တွင် အမှုတော်ဆောင်များနှင့် သူတို့၏အိမ်ထောင်ဘက်တို့ကို နီးနီးကပ်ကပ်ဖြင့် စည်းလုံးမှုရှိကြရန် အလိုတော်ရှိတော်မူပါသည်။ ခင်ပွန်း သည်နှင့်ဇနီးသည်တို့သည် ခင်ပွန်းသည်၏ ပါရမီဖြည့်ဘက်ဖြစ်ရပါမည်ဟူ၍ ပြောဆိုခဲ့ဖူးပါသည်။ အသင်းအုပ်ဆရာတစ်ယောက်၏ မိသားစုဝင်တို့သည် ထိုအသင်းအုပ်ဆရာ၏ အမှုတော်ဆောင်လုပ်ငန်းတွင် တမင်သက်သက်ဝင် ရောက်လုပ်ကိုင်ဆောင်ရွက်ကြခြင်းမရှိကြပါ။ ဤကဲ့သို့ ဖြစ်ရခြင်းမှာလည်း သူတို့သည် ထိုသင်းအုပ်ဆရာ၏ ဇနီးသည် သို့မဟုတ် သားသမီးများအဖြစ် ဖြင့်သာ ဖြစ်ပေါ်လာကြခြင်းကြောင့်ဖြစ်ပါသည်။ ဘုရားသခင်သည် သူတို့အား သူ၏အစေကိုခံကြရန်အတွက် ခေါ်တော်မူသည့်အပြင် ဤနည်းအားဖြင့် သူတို့ သည် အစုအဖွဲ့ပုံစံဖြင့် အမှုတော်ဆောင်ခြင်းဆိုင်ရာသဘော တရားခံယူချက် ကို တိုးတက်မှုရှိစေရန်အတွက် အတူတကွလုပ်ဆောင်ကြရမည်ဆိုခြင်းကို သူ တို့နားလည် ထားသင့်ကြပါသည်။
“မိသားစုကိုဦးစားပေးပါ”
မိသားစု၏တန်ဖိုးဖြစ်သည့် သင်၏သားသမီးနှင့် ပြေပြေပြစ်ပြစ် ဆက်ဆံ ရေးသည် အလွန်အရေးပါလှပါသည်။ မိသားစုအရေးကိစ္စများနှင့်ပတ်သက်ပြီး၊ ဇွတ်အတင်း ရုန်းကန်ခဲ့သည့်အသင်းအုပ်ဆရာတစ်ဦးရှိပါသည်။ ဘုရားသခင် ၏ လုပ်ငန်းဆောင်တာတို့ကို ဂရုတစိုက်ရှိပါက ဘုရားသခင်သည်လည်း သင်၏ လုပ်ငန်းကိုင်ငန်းတို့ကို ဂရုတစိုက်သဘောထားတော်မူမည်ဆိုသည့် အချက်ကို ယုံကြည်မှုအပြည့်ဖြင့်ရှင်သန်သူဖြစ်ပါသည်။ သူသည် သူ၏မိသားစု နှင့်အတူအချိန်ကို ကုန်လွန်စေခဲ့သည့်အပြင်၊ သူ၏အသက်တာကိုလည်း အမှု တော်ဆောင်ခြင်းလုပ်ငန်းအတွက် ဆက်ကပ်အပ်နှံခဲ့သူဖြစ်ပါသည်။ ဘုရား သခင်၏ အမှုတော်ကိုထမ်းဆောင်ခြင်းအတွက်ကြောင့် ဘုရားသခင်သည် သူ၏ မိသားစုကို စောင့်မကြည့်ရှုတော်မူမည်ဆိုခြင်းကို သူကခံယူထားခဲ့ပါ သည်။
ဤသဘောထားအယူအဆနှင့်ပတ်သက်ပြီး ကျွန်ုပ်အနေဖြင့် ပျက်ပြယ် သွားစေရန်လိုလားပါသည်။ ဘုရားသခင်အတွက် ကျွန်ုပ်တို့၌ တာဝန်ယူရမှု ရှိကြသကဲ့သို့၊ အားလုံးသောကျွန်ုပ်တို့သည် မိမိတို့၏ မိသားစုတို့အတွက် တာဝန်ယူကြရပါမည်။ “လူသိသူသိအသက်တာတွင် အောင်မြင်ခြင်းမရှိပါက၊ အိမ်ထောင်မိသားစု အတွင်း ကျဆုံးမှုဖြင့်ပေးဆပ်ရနိုင်ပါသည်” (Benjamin Disraeli)... ကျွန်ုပ်တို့၏ မိသားစုများအပေါ် ဂရုတစိုက်မရှိကြပါက၊ ကျွန်ုပ်တို့၏ အမှုတော်ဆောင်လုပ်ငန်းသည်လည်း အဓိပ္ပါယ်ကင်းမဲ့သွားပေမည်။ အထက်ဖော်ပြပါအသင်းအုပ်ဆရာသည် မကြာမီ အတောအတွင်း ထိုအမှန် တရားကိုသဘောပေါက်လာခဲ့ပြီးနောက် “ကျွန်ုပ်သည် အကယ်၍ကမ္ဘာပေါ် တွင် အကြီးကျယ်ဆုံးသော တရားဟောဆရာကြီးတစ်ယောက်ဖြစ်ပြီး၊ ကျွန်ုပ်၏ မိသားစုကို လက်လွှတ်လိုက်ရမည်ဆိုပါက ကျွန်ုပ်၏အမှုတော်ဆောင်ခြင်း လုပ်ငန်းသည်လည်း ကျဆုံးသွားပြီးဖြစ်ပေမည်” ဟူ၍ရေးသားခဲ့ပါသည်။ လူ တစ်ယောက်သည် မိမိအဖို့မိမိပံ့ပိုးထောက်ပံ့မှုမရှိခဲ့ပါသော်၊ သူသည် အယူ တိမ်းသူတစ်ယောက်ထက်ပိုမိုဆိုးရွားသူဖြစ်ပြီး ယုံကြည်ခြင်းကိုလည်း ငြင်းပယ် ပြီးသားဖြစ်သွားပါသည်။
အသင်းအုပ်ဆရာ၏အဦးဆုံးသော တာဝန်ယူရမှုအပိုင်းနှင့်ပတ်သက်ပြီး (၁တိ ၃း၅) က “မိမိအိမ်ကိုမအုပ်စိုးတတ်လျှင်၊ ဘုရားသခင်၏အသင်းတော်ကို အဘယ်သို့ ပြုစုလိမ့်မည်နည်း” ဟူ၍ ကျွန်ုပ်တို့အား သတိပေးထားပါသည်။ ကျွန်ုပ်တို့၏မိသားစု အသက်တာနှင့် ကျွန်ုပ်တို့ထမ်းဆောင်ရကြသည့် အမှု တော်ဆောင်ခြင်းလုပ်ငန်းတို့ နှစ်ခုကို ဟန်ချက်ညီအောင် ကြိုးပမ်းဆောင်ရွက် သင့်ကြပါသည်။ အယ်လင်ဝှိုက်က “အပြင်ဖက်ရှိပိုမိုကြီးမားသည့်အဝန်းအဝိုင်း ကို ဦးစားပေးရခြင်းကြောင့်၊ အတွင်းဖက်ရှိ သေးငယ်သောအဝန်းအဝိုင်းကို လျစ်လျူရှုထားသည့်အမှုတော်ဆောင်ကို မည်သို့သောနည်းမျိုးဖြင့်မျှ ခွင့်လွှတ် နိုင်စရာအကြောင်းမရှိပါ။ သူ၏မိသားစုဆိုင်ရာဝိညာဉ် ရေးရာအကြောင်းကိစ္စ သည် ဦးစားပေးအဆင့်တွင်ရှိရပါမည်။ သူသည် လူ့လောကသို့ခေါ်ဆောင် လာခဲ့သော သူ၏သားသမီးတို့အား ခရစ်တော်ထံတော်သို့ ပို့ဆောင်ပေးရန် တာဝန်ယူမှုနှင့်ပတ်သက်ပြီး သူမည်သည့်အရာကို လုပ်ဆောင်ခဲ့သည်ဆိုခြင်း ကို နောက်ဆုံးသောတရားစီရင်ရာနေ့ရက်တွင် ဘုရားသခင်က သူ့အားစစ် ဆေးမေးမြန်းတော်မူမည်ဖြစ်ပါသည်။ သူ၏သားသမီးအရင်းအချာတို့အား ဂရု စိုက်ရမည့် ဘုရားသခင်အပေါ်တင်ရှိသည့်အကြွေးကို သူ့အနေဖြင့် အခြား သောသူတို့အတွက် ကြီးမားသော ကောင်းမွန်သည့်လုပ်ဆောင်ချက်မျိုးလုပ် ဆောင်ပေးခြင်းဖြင့် မချေဖျက်နိုင်ပါ” ဟူ၍ပြောဆိုခဲ့ပါသည်။
ဂျက်(စ်)ဟိုင်း(လ်စ်) က သူ၏ “ဧဝံဂေလိသတင်းစကားဆိုင်ရာ အသင်း တော်တစ်ခုကို ကျွန်ုပ်တို့တည်ထောင်ကြပါစို့” ဆိုသည့်စာအုပ်တွင် သူသည် မည်သည့်မိသားစုကမျှ အသင်းအုပ်ဆရာ၏ မိသားစုမျိုးလောက် ပိုမို၍ အနီးကပ်ဆက်စပ်မှုမျိုး အဘယ်ကြောင့် မရှိကြသည့်အကြောင်းရင်း အတော် များများတို့ကို တင်ပြပေးထားပါသည်။
၁။ အသင်းအုပ်ဆရာကိုယ်၌ကြောင့်သာဖြစ်ပါသည် - အကြောင်းရင်း အတော်များများတို့၌ အသင်းတော်တွင်းတွင် အထီးကျန်အဖြစ်ဆိုးသောသူမှာ အသင်းအုပ်ဆရာပင်ဖြစ်ပါသည်။ အားလုံးတို့အပေါ် သူ၏တာဝန်ယူရမှုများ အရ၊ သူသည် မကြာခဏ၌ပင် နည်းပါးလှသော မိတ်ဆွေအရင်းအချာများ သာ ရှိတတ်ပါသည်။ ဘက်လိုက်မှုကိုပြသရမည်ကို ကြောက်ရွံ့ခြင်းကြောင့် အသင်းအုပ်ဆရာသည် ယေဘုယျအချိန်များတွင် တစ်စုံတစ်ရာသောအနီးကပ် ပုဂ္ဂိုလ်ရေးအနှောင်အဖွဲ့များမှ ကင်းကင်းကွာကွာရှိနေတတ်ကြပါသည်။ ဤ အချက်သည် သူ၏မိသားစုထံသို့ သူ့ကို ဦးတည်သွားစေသင့်ပါသည်။ ဤကဲ့သို့ သောအခြေအနေမျိုးကြောင့် အသင်းအုပ်ဆရာသည် သူ၏မိသားစု၏ လူမှု ဆက်ဆံရေးပုံစံကို တစ်စုတစ်စည်းတည်းဖြစ်လာအောင် လုပ်ဆောင်သင့်ပါ သည်။
၂။ သူ၏ဇနီးသည်ကြောင့်သာဖြစ်ပါသည် - ယေဘုယျအချိန်များတို့တွင် အသင်းတော်၌ အထီးအကျန်ဆုံးသောအမျိုးသမီးမှာ အသင်းအုပ်ဆရာ၏ ဇနီးသည်သာဖြစ်ပါသည်။ ဝေဖန်မှုနှင့်အတွေ့အကြုံတို့အရ သူမကိုအနီးကပ် ပုဂ္ဂိုလ်ရေး ရင်းနှီးမှုရှိသည့်မိတ်ဆွေများတို့ကိုရရှိခြင်းမှ အလှမ်းဝေးသွားစေ ပါသည်။ ဤအကြောင်းခြင်းရာကြောင့် သူမသည်ပျော်ရွှင်ခြင်းရှိပြီး အနီးကပ် ဆက်စပ်ပေါင်းစည်းမှုရှိသည့် အိမ်ထောင်မိသားစုဆိုင်ရာ ကောင်းချီးပေး ခြင်းမျိုးကို လိုအပ်ပါသည်။
၃။ သူ၏သားသမီးများကြောင့်သာဖြစ်ပါသည် – ကျွန်ုပ်တို့က ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျွန်ုပ်တို့၏သားသမီးတို့သည် ဖန်လုံအိမ်တစ်ခုထဲတွင်နေထိုင်ကြပါသည်။ ကျွန်ုပ်တို့ကယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ကျွန်ုပ်တို့၏သားသမီးများတို့သည် အခြားသောကလေးသူငယ်များတို့နှင့်မတူ ကွဲပြားသော ဆင်ခြင်တွေးတောထင်မြင်ခံရမှုကိုခံရကြပါသည်။ အသင်းအုပ် ဆရာ၏ကလေးငယ်သည် မကြာခဏဝေဖန်ခံရတတ်ပါသည်။ ဤအကြောင်း ရင်းကြောင့် သူတို့သည် သူတို့၏မိသားစုအပေါ် အားကိုးအားထားပြုရကြပါ မည်။ သူတို့သည် အိမ်ထောင်မိသားစုတွင် ပျော်ရွှင်ဖွယ်ရာဝမ်းမြောက် ကြည် နူးမှု၊ နွေးထွေးမှုနှင့် ချစ်ခြင်းမေတ္တာတို့ကို ရှာဖွေရကြပါမည်။
၄။
အသင်းအုပ်ဆရာကပြသသောစံနမူနာကြောင့်သာဖြစ်ပါသည် - ဝိညာဉ်ရေးဆိုင်ရာ ဦးစီးခေါင်းဆောင်များဖြစ်ကြသည်အလျောက် ကျွန်ုပ်တို့ သည် အသင်းတော်အသင်းဝင်သူများတို့အတွက် စံပြနမူနာအဖြစ်ရှိနေကြပါ သည်။ အသင်းတော်သားများတို့အနေဖြင့် အိမ်ထောင်၏ မိသားစုတွင် နီးနီး ကပ်ကပ်ဖြင့် နှောင်ဖွဲ့မှုရှိကြရန်နှင့်၊ ပျော်ရွှင်ဖွယ်ရာ အိမ်ထောင်မိသားစု အသက်တာအဖြစ်သို့ရောက်ရှိရေးအတွက် ကျွန်ုပ်တို့က ဦးဆောင်ပေးကြရပါ မည်။ ဤကဲ့သို့လုပ်ဆောင်နိုင်ရေးအတွက် အကောင်းဆုံးသောနည်းလမ်းမှာ နမူနာပြသခြင်းပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အိမ်ထောင်မိသားစုများအတွင်း နှင့် ကျွန်ုပ်တို့၏ပုဂ္ဂိုလ်ရေးအသက်တာများတွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ဟော ပြောကြသည့်အတိုင်း နေထိုင်ပြုမူရကြပါမည်။
“ပြန်လည်ချင့်တွယ်မှုလုပ်ဆောင်ရန်အတွက်အချိန်ကိုရယူခြင်း”
အသင်းအုပ်ဆရာတစ်ယောက်၏ဇနီးသည်နှင့်ပတ်သက်သည့် အကြောင်း
အရာတစ်ခုကို ကျွန်ုပ်ကြားသိခဲ့ရပါသည်။ သူမ၏ခင်ပွန်းသည်သည် နှလုံး ရောဂါဖြင့် ကွယ်လွန်ချိန်တွင် သူမသည် အသက်ငါးဆယ်အရွယ်၌ မုဆိုးမဘ၀ အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ သူမ၏မိတ်ဆွေများထဲမှ တစ်ယောက်သော မိတ်ဆွေတစ်ယောက်က၊ သူမထံသို့ ပန်းစည်းတစ်စည်းဖြင့်ရောက်ရှိလာခဲ့ပြီး သူမကိုနှစ်သိမ့်ရန် ကြိုးပမ်းခဲ့ပါသည်။ ထိုမုဆိုးမ၏ မိတ်ဆွေအမျိုးသမီးက ထိုမုဆိုးမ၏ကွယ်လွန်သွားသောခင်ပွန်းသည်သည် မည်မျှတော်သော အသင်း အုပ်ဆရာတစ်ဦးဖြစ်ကြောင်းကို ချီးမွမ်းခန်းဖွင့်ခဲ့ပါသည်။ သို့သော်လည်း ပူပူ နွေးနွေးမုဆိုးမက၊ ထိုမိတ်ဆွေအမျိုးသမီး၏ စကားကိုဖြတ်ပြီး “သူငယ်ချင်း ရယ်၊ မင်းရဲ့စေတနာကို ငါသဘောပေါက်အသိအမှတ်ပြုပါတယ်။ မင်းရဲ့ ခင်မင်ရင်းနှီးမှုကို အသိအမှတ်ပြုဂုဏ်ယူပါတယ်။ ဒါပေမယ့် ငါဘယ်လိုခံစား နေရသလဲဆိုတာ မင်းအမှန်တကယ်မသိပါဘူး။ ငါ့ရဲ့အိမ်ထောင်ရေးနဲ့ ပတ် သက်ပြီး ငါမင်းကိုဘယ်သောအခါမှအဖြစ်မှန်ကို အသိပေးခဲ့ခြင်းမရှိခဲ့ဖူးဘူး။ အမှန်မှာက ပြီးခဲ့တဲ့သီတင်းပတ်ဟာ၊ (၂၈) နှစ်အတွင်း အမြဲတမ်းဆိုသလို သိမ်သိမ်ငယ်ငယ်နဲ့နေခဲ့ရ၊ ဒါမှမဟုတ် အပြစ်တင်အဝေဖန်ခံရတဲ့ ဘ၀က လွတ်ကင်းသွားတဲ့ ပထမဦးဆုံးသော သီတင်းပတ်ပါပဲသူငယ်ချင်း။ ငါ့ရဲ့ ဝတ်စားဆင်ယင်မှုကနေချက်ရေးပြုတ်ရေးအထိ ကျယ်ပြောများပြားတဲ့ အမှား တွေအတွက် တစ်နေ့တစ်နေ့ကို ဆယ်ကြိမ်လောက်ပြစ်တင် ဝေဖန်ခံခဲ့ရတယ်။ အခုနောက်ဆုံးသော သီတင်းပတ်ဟာ အင်မတန်ကြာညောင်းခဲ့တဲ့ အချိန် အတွင်း ငါ့ရဲ့နှလုံးသားမှာအေးချမ်းမှုနဲ့ နိုးထလာခဲ့ရပြီး၊ ငါ့ရဲ့ဘ၀အသက်တာ မှာ ပျော်ပျော်ရွှင်ရွှင်နဲ့အိပ်ရာထဲဝင်ခဲ့ရတဲ့ ပထမဦးဆုံးသောသီတင်းပတ်ဘဲ။ ငါ့ရဲ့ လင်တော်မောင်ဟာ ကျွမ်းကျင်မှုရှိတဲ့လူ၊ ကြင်နာတတ်တဲ့ထောက်ပံ့ ပေးကမ်းတတ်သူ၊ ဒါ့အပြင်အကျင့်သီလစင်ကြယ်တဲ့ခေါင်းဆောင်တစ်ယောက် ပါ။ သူဟာဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတာသိရှိတဲ့သူပါ။ ဒါပေမယ့် သူဟာအကြင်နာတရားနဲ့ချစ်ခြင်းမေတ္တာမရှိတဲ့ လင်ယောက်ျားတစ်ယောက်ဖြစ်တဲ့အလျောက်၊ ငါ့အနေနဲ့ သူငယ်ချင်းထင်သ လို သူ့အတွက်ပူဆွေးသောကဖြစ်ပြီး လွမ်းတသက်သက်မဖြစ်မိဘူး သူငယ် ချင်း” ဟူ၍ ပြန်လည်ရင်ဖွင့်ပြောပြခဲ့ပါသည်။
အမှုတော်ဆောင်ခြင်းလုပ်ငန်းတွင် အလွယ်ကူဆုံးသော အရာများမှ တစ်ခုခုကိုလုပ်ဆောင်ရန်မှာ သင်၏အသက်တာတွင် ချိန်ခွင်လျှာညီမျှမှုကို လက်လွတ်ခံရန်ပင်ဖြစ်ပါသည်။ သင်သည် ထာ၀ရဘုရားအား အစေခံသော အခါ သင်၏မိသားစု၊ သင့်ကိုယ်ကို၊ ထို့အပြင် ဘုရားသခင်ကိုပါ လျစ်လျူရှု ထားရန် လွယ်ကူလှသည့်အပြင် သင်၏အမှုတော်ဆောင်လုပ်ငန်းသည် သင်၏ အသက်တာကိုစိုးမိုးသွားအောင် ခွင့်ပြုနေလိုသော သဘောထားရှိလာပါလိမ့် မည်။ သင့်အနေဖြင့် အမှုတော်ဆောင်လုပ်ငန်းတွင် သင်၏အသက်တာကို ကာ ကွယ်ရန်အတွက် နယ်ခြားမျဉ်းတို့ကိုဖန်တီးရပါမည်။ ထို့အပြင် အမှုတော်ထမ်း ဆောင်မှုကြောင့် ကိုယ်အားစိတ်အားချုံးချုံးကျခြင်းသည် သင်ဖန်တီးထားသော နယ်ခြားမျဉ်းတို့ကိုအကျိုးဖြစ်ထွန်းမှုမရှိစေတော့ရန်ခြေရာကောက်နိုင်ပါသည်။
ကျေနပ်ဖွယ်သောအနေအထားဖြင့် နေထိုင်နိုင်အောင်ကြိုးစားပြီး သင်၏ သားသမီးဇနီးမယားတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးကိုတည်ဆောက်ပါ။ သူတို့သည် သင်၏အသင်းတော်နှင့်အဦးဆုံးသော အမှုတော်ဆောင်ခြင်း လုပ်ငန်းဖြစ်ကြပါသည်။ စနစ်တကျနှင့်စည်းကမ်းတကျရှိသော မိသားစုတစ်စု သည် ဟောပြောနိုင်ကြသော တရားဟောချက်အားလုံးတို့ထက် ခရစ်ယာန် ဘာသာ၏ကိုယ်စားပိုမို၍ပြောကြားပေးနိုင်ပါသည်။
“သင်၏မိသားစုကိုလျစ်လျူမရှုပါနှင့်”
သင်၏ လှုပ်ရှားဆောင်ရွက်မှုတို့တွင် သင့်အားကူညီနိုင်မည့်သူတို့အား တာဝန်ပေးအပ်ခြင်းဖြင့် ထိုလှုပ်ရှားမှုတို့ကို ထိန်းညှိပါ။ ဤလုပ်ရပ်သည် သင်၏ တာဝန်ယူရမူတို့ကို ဟန်ချက်ညီအောင်ကူညီနိုင်မည့်အပြင် သင်သည် ခင်ပွန်းသည်တစ်ယောက်အဖြစ်နှင့် ဖခင်တစ်ယောက်အဖြစ်ဖြင့်ရှိနေနိုင်ရန် သင့်အတွက် အချိန်ဖန်တီးပေးနိုင်မည်ဖြစ်သည်။ သင်၏သားသမီးငယ်တို့ အပေါ် အထူးတလည်ဖြစ်သော အာရုံစိုက်မှုမျိုးဖြင့်အာရုံစိုက်ပြီး သင့်အနေဖြင့် သူတို့ကို ချစ်သည့်အကြောင်းကို သူတို့အားပြသပါ။ မိသားစုအပျော်ခရီးတို ထွက်ခြင်းတို့ကိုစီစဉ်ပြီး၊ သင်၏သားသမီးတို့၏တစ်ဦးချင်း လိုအပ်မှုများတို့ကို ဂရုပြုပါ။ သူတို့သည် သင့်အားအသည်းအသန် လိုအပ်နေကြပါသည်။ သင့် အနေဖြင့်သူတို့အတွက် သူတို့နှင့်အတူရှိရမည်ဖြစ်ပြီး၊ သူတို့အရွယ် ရောက်လာ ပြီး ရင့်ကျက်လာချိန်တွင် အကူအညီပေးခြင်း၊ သူတို့၏ စီးကျလာသော မျက်ရည်များနှင့် ရွှင်လန်းဝမ်းမြောက်မှုတို့တွင် မျှဝေခံစားပေးခြင်းတို့နှင့် သူတို့ မှီခိုနိုင်သော လက်ရုံးတစ်ခုအဖြစ် ရှိနေရပါမည်။ ထိုအချက်အလက်မျိုးမပါရှိပါ က သင်၏ ဆုတောင်းခြင်းများနှင့် သင်၏မိသားစုအတွက် သင်၏မျှော်လင့် ချက်တို့သည် အဆင့်မီသည့်အနေအထားတွင် မရှိနိုင်ပါ။ “ကျွန်မအနေနဲ့ အသင်းတော်ရဲ့အတွင်းရေးမှူးနဲ့ တွေ့ဆုံမှုတစ်ခုအတွက် ဖေဖေ့ဆီက အကူ အညီဖြစ်ဖြစ်၊ အကြံဉာဏ်ဖြစ်ဖြစ် အချိန်တိုင်းမှာရရှိဖို့လိုအပ်ပါတယ်ရှင်” ဆိုသည့်စကားကို ပြောဆိုခဲ့သည့် အသင်းအုပ်ဆရာ၏ သမီးတစ်ယောက် အကြောင်းကို ဖတ်ရှုခဲ့ရခြင်းကို ကျွန်ုပ်မကြာခဏပြန်လည်သတိရမိခဲ့ပါသည်။ သူမ၏ပြောစကားသည် မည်မျှဝမ်းနည်းဖွယ်ရာကောင်းပါသနည်း။
“လူတစ်ယောက်သည် မည်သည့်အရာများကိုသူလိုအပ်သနည်းဆိုခြင်းကို ရှာဖွေရန်အတွက် ကမ္ဘာတစ်ဝန်းလုံးကို ခရီးနှင်ခဲ့ပြီးနောက် ၎င်းကိုတွေ့ရှိရရန် သူ၏ အိမ်သို့ပြန်လာပါတော့သည်” ဂျော့(ဂ်ျ)မိုး(ရ်)။ သင်၏မိသားစုကို သင် ဆုံးရှုံးခံလိုက်ပါက သင်၏အမှုတော်ဆောင်ခြင်းအလုပ်ကို သင်ဆုံးရှုံးခံရမည် ဆိုသည်ကိုသတိရပါ။ သင်၏ပူလောင်ပြင်းပြသော အိမ်ထောင်ရေးကို မီးဖြင့် ထိန်းထားပါ။ သင်၏ဇနီးသည်သည် မိခင်တစ်ယောက်အဖြစ်သာမကဘဲ၊ အသင်းအုပ်ဆရာ၏ဇနီးသည်အဖြစ်နှင့်ပါ ကြီးမားသောခက်ခဲမှု အနေအထား တစ်ခုနှင့် ကြုံတွေ့နေရပါသည်။ သူမအနေဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအာရုံစိုက်မှု၊ ချစ်ခြင်းမေတ္တာပါရှိသော ခင်တွယ်မှုနှင့် သူမ၏ စိတ်ဝင်စားမှုများအတွက် အချိန်ရရှိနိုင်ရေးတို့ကို လိုအပ်ပါသည်။ အတူတကွခေတ္တအနားယူပါ။ ကြာ ရှည်ခံသည့်အမှတ်တရအကြောင်းအရာများအဖြစ် များစွာသောမိသားစု ဆိုင် ရာအမှတ်တရနေ့ရက်များကို ဖန်တီးပေးပါ။
ကျွန်ုပ်တို့၏လုပ်ငန်းခွင်တွင် အောင်မြင်မှုရရှိကြရန်အတွက် ကျွန်ုပ်တို့ သည် ကြိမ်ဖန်များစွာအထူးဆန္ဒစောနေကြသည်အလျောက် ကျွန်ုပ်တို့သည် ထိုလုပ်ငန်းစဉ်၏အရေးအကြီးဆုံးသောကဏ္ဍဖြစ်ကြသောကျွန်ုပ်တို့၏ကိုယ်ပိုင် အိမ်ထောင်မိသားစုများနှင့် မိသားစုဆိုင်ရာကိစ္စရပ်များတို့တွင် ကျရှုံးမှုများနှင့် ကြုံတွေ့ရကြပါသည်။ ဤအချက်သည် ကျွန်ုပ်တို့၏ပထမဦးဆုံးသော တာဝန် ယူရမှုပင်ဖြစ်ပါသည်။ အချိန်နည်းပါးမှုကြောင့် ကျွန်ုပ်တို့သည် ၎င်းတာဝန်ယူရ မှုအပိုင်းကို သတိလက်လွတ် ခေါင်းထဲစိတ်ထဲမှဖယ်ထုတ်ထားခြင်းကို မလုပ် ဆောင်သင့်ကြပါ။ ကျွန်ုပ်တို့၏မိသားစုများတို့အပေါ် အာရုံစိုက်ဂရုပြုနိုင်ခြင်း မရှိရလောက်အောင် အလုပ်ရှုပ်လှပါက၊ ကျွန်ုပ်တို့သည် ချစ်ခင်မြတ်နိုးရန်နှင့် ချစ်ခြင်းမေတ္တာရှိပါမည်ဆိုသည့်ကတိကိုပေးရန်အတွက် မီးရှို့ရာ ယဇ်ပလ္လင် ရှေ့တွင် မည်သည့်အခါမျှမတ်တတ်ရပ်နေရန်မသင့်ပါ။
“မိသားစု၏အမှုထားစရာပူပန်သောကကိစ္စရပ်များ”
“ဦးဆောင်မှုမဂ္ဂဇင်း” ၏ စီမံခန့်ခွဲမှုဖြင့် အသင်းအုပ်ဆရာတို့၏ ရှင်သန် နေထိုင်မှုပုံစံတို့ကို စုံစမ်းစစ်ဆေးရာတွင် သူတို့၏လုပ်ငန်းခွင်တွင်ရော၊ အိမ် ထောင် မိသားစုတွင်ပါ စုံစမ်းစစ်ဆေးခဲ့ကြပါသည်။ ၉၄% သောအသင်းအုပ် ဆရာတို့သည် စံပြမိသားစုတစ်ခုရရှိကြရန်အတွက် စိတ်ဖိစီးမှုတို့ကို ခံစားကြရ ပါသည်။ ၂၄% တို့သည် လင်ခန်းမယားခန်းနှင့်ပတ်သက်သည့် ကျွမ်းကျင်သူ တို့၏ဆွေးနွေးလမ်းညွှန်မှုတို့ကို လက်ခံခဲ့ကြ သို့မဟုတ် ရယူနေကြပါသည်။ ၆၉%သော အသင်းအုပ်ဆရာလုပ်ငန်းနှင့်ဆိုင်သော အိမ်ထောင်ဘက်များတို့ သည် မိမိတို့အိမ်ကုန်ကျစရိတ် အလျဉ်မီအောင်၊ အိမ်ထောင်မိသားစု၏ ပြင်ပ သို့သွားပြီး အလုပ်လုပ်ကိုင်ရကြပါသည်။ အခြားသောခရစ်ယာန်ဘာသာရေး အကြီးအကဲ၏ အိမ်ထောင်ရေးတွင် ကြုံတွေ့ရသော ထိပ်ဆုံးအခက်အခဲ ပြဿနာများမှာ အချိန်မလုံမလောက်ဖြစ်မှု သုံးစွဲရသည့်ငွေကြေး ပမာဏဝင် ငွေအနေအထား၊ ဆက်သွယ်ရေးဆိုင်ရာအခက်အခဲများ၊ အသင်းသားဖြစ် လာမည့်လူအရေအတွက် ဆိုင်ရာမျှော်မှန်းချက်များတို့ဖြစ်ကြပါသည်။ အသင်း အုပ်ဆရာမိသားစုများတို့သည်လည်း အိမ်ထောင်ရေးအသိုက်အဝန်းတို့ ကြုံ တွေ့နေရကြသည့် အထက်ကဘာသာရေးအကြီးအကဲတို့ ကြုံတွေ့ရသည့် အခြေအနေမျိုးတို့နှင့် အလားတူ ထိပ်ဆုံးအနေအထားတွင်ရှိနေသော စိတ် ဖိအားအကြောင်းခြင်းရာများတို့ကို မျှယူခံစားကြရာတွင် ယေဘုယျအားဖြင့် ငွေရေးကြေးရေးအချိန်၊ ထို့အပြင် ရင်းရင်းနှီးနှီးဆက်ဆံရေးတို့ပင်ဖြစ်ပါသည်။ ထို့အပြင် သူတို့သည် အခြားသောသူတို့၏ စဉ်ဆက်မပြတ်စောင့်ကြည့်ခြင်း ခံရသည့် ထပ်ဆောင်းစိန်ခေါ်မှုမျိုးကိုပါ ကြုံတွေ့ရကြပါသည်။ ဤအချက်သည် များစွာသောအသင်းအုပ်ဆရာမိသားစုများတို့အနေဖြင့် အဘယ်ကြောင့် ကျဆုံးခြင်းအန္တရာယ်နှင့်ရင်ဆိုင်ရကြခြင်းအကြောင်းရင်းပင်ဖြစ်ပါသည်။
အသင်းအုပ်ဆရာတို့၏ မိသားစုများအတွင်း မိသားစုပြဿနာတို့၏ အရေအတွက်ကိုတိုးလာစေသည့် အခြေအနေတစ်ရပ် ရှိပါသေးသည်။ ဇနီး မောင်နှံ တရားဝင်ကွာရှင်းမှု ပမာဏသည်မြင့်မားလာပြီး များစွာသောကလေး သူငယ်များတို့သည် အသင်းတော်မှထွက်ခွာသွားကြပါသည်။ ဤအချက်သည် သင်းအုပ်ဆရာတို့နှင့် သူတို့၏အိမ်ထောင်ဘက်များတို့၏ မလိုလားအပ်သည့် အမှားဖြစ်ပါသည်။ ထို့အပြင် ဤအကြောင်းကြောင့် များစွာသောဆင်းရဲဒုက္ခ တို့ကိုဖန်တီးစေသည်အလျောက် ဤကဲ့သို့သောမိသားစုများတို့သည် ကျွန်ုပ်တို့ ၏ဆုတောင်းခြင်းနှင့်အာရုံစိုက်မှုတို့ကို လိုအပ်ကြပါသည်။
သူတို့ပါးစပ်မှ ထုတ်ဖော်ပြောဆိုသည်ဖြစ်စေ၊ မပြောဆိုသည်ဖြစ်စေ အသင်းသူ အသင်းသားတို့သည် အသင်းအုပ်ဆရာတို့နှင့် သူတို့၏မိသားစုများ ထံမှ မျိုးစုံလှသောမျှော်မှန်းချက်များရှိကြပါသည်။ သူတို့သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ သို့မဟုတ် ယဉ်ကျေးမှုတစ်မျိုးနှင့်တစ်မျိုး ကွဲပြားခြားနားမှုရှိကြပေ မည်။ အချို့တို့သည် မျှတသောစိတ်နေစိတ်ထားရှိကြသော်လည်း အချို့တို့တွင် မူ ထိုစိတ်ဓာတ်မျိုးမရှိကြပါ။ သင်၏မိသားစုအရေးကြောင့် သင့်အနေဖြင့် မျှော်မှန်းချက်များတို့ကိုခွဲခြားနိုင်ပြီး အလွယ်တကူနားလည်အောင် ရှင်းပြနိုင်ရ ပါမည်။ သို့မဟုတ်ပါက ထိုမျှော်မှန်းချက်တို့သည် သင့်အတွက်၊ သင်၏ မိသားစုအတွက်နှင့် သင်၏ အသင်းသူအသင်းသားတို့အပေါ် ကြီးမားသော ဖိအားကိုဖြစ်ပေါ်စေပါလိမ့်မည်။
“ခိုင်မာတောင့်တင်းသောမိသားစုများ”
မိသားစုဝင်များတို့သည် မိမိတို့၏ မိသားစုတောင့်တင်းခိုင်မာမှုရှိအောင် လုပ်ဆောင်ရကြပါမည်။ တစ်စုံတစ်ရာသော လူမှုဆက်ဆံရေးနှင့်အလားတူစွာ ပင် လူတို့သည်အောင်မြင်ရန်အတွက် မိမိတို့ကိုယ်တိုင်အားထုတ်ကြိုးပမ်းမှုရှိရ ကြပါမည်။ မိသားစုကိုအားကောင်းခိုင်ခံ့မှုရှိလာစေရန်အတွက် မိသားစုဝင် တိုင်းတို့သည် ပါဝင်ဆောင်ရွက်ရသည့်အခန်းကဏ္ဍရှိပါသည်။
ဆယ်နှစ်ကျော်ကာလအတွင်း ကမ္ဘာတစ်ဝန်းရှိမိသားစုပေါင်း (၃၀၀၀) ကျော်ကိုလေ့လာကြည့်ရာတွင် ထူးထူးခြားခြားတောင့်တင်းခိုင်မာပြီး ပျော်ရွှင်မှု ရှိသော မိသားစုခြောက်စုတို့ကိုသာ ဖော်ထုတ်ရွေးချယ်နိုင်ခဲ့ပါသည်။
၁။ သူတို့သည်တစ်ဦးကိုတစ်ဦးကတိကဝတ်ပြုထားပါသည် - မိသားစု အစုငယ်တစ်ခုအတွင်း၊ ပေါင်းစည်းညီညွတ်မှုကို တောင့်တကြသော သူတို့ အနေဖြင့် သူတို့၏မိသားစုအရေးကို သူတို့၏ကိုယ်ရေးကိုယ်တာလိုအပ်ချက် များနှင့်အလိုဆန္ဒတို့ထက် ဦးစားပေးရကြပါမည်။ မိသားစုအတူတကွ နေထိုင် ရန်ဆုံးဖြတ်ရေးသည် သူတို့၏အကြီးမားဆုံးသောဆန္ဒဖြစ်ရပါမည်။ တောင့် တင်းခိုင်မာသောမိသားစုများတွင် ပါဝင်ကြသော မိသားစုဝင်တို့သည် တစ်ဦး တစ်ယောက်၏အရေးအရာကိစ္စရပ်နှင့်ပျော်ရွှင်မှုတို့ကို တစ်ဦးတစ်ယောက်က မြှင့်တင်ပေးကြရန်အတွက် ဘ၀ကိုမြှုပ်နှံထားကြပြီးဖြစ်ပါသည်။ (ကမ္ဘာ ၂း၂၃-၂၄) သူတို့သည် မိသားစုစည်းလုံးညီညွတ်မှုကို တန်ဖိုးထားပါသည်။
၂။ သူတို့သည်ဂုဏ်ယူအသိအမှတ်ပြုမှုဆိုင်ရာ ခိုင်မာသောအသိတရား မျိုးရှိကြပါသည်။ တောင့်တင်းခိုင်မာပြီး ပျော်ရွှင်ဖွယ်ရာကောင်းသောမိသားစု သည် ကြီးသောအမှုနှင့်သေးငယ်သောအမှုတို့တွင် ဂုဏ်ယူအသိအမှတ်ပြုခြင်း ကို ထုတ်ဖော်ပြောကြားကြပါသည်။ ပျော်ရွှင်ဖွယ်ရာအိမ်ထောင်မိသားစုတွင် “ကျေးဇူးတင်တယ်” ဟူသော စကားလုံးတို့သည် တေးဂီတအသံနှင့်အလား သဏ္ဌာန်တူကြပါသည်။
၃။ သူတို့သည်ကောင်းမွန်ပိုင်နိုင်စွာ အဆက်အသွယ်ပြုကြပါသည် - သင့်တင့်ကောင်းမွန်သော လူမှုဆက်ဆံရေးတို့မည်သည်မှာ ဆက်သွယ်ရေး အပေါ်တွင် အခြေခံတည်ဆောက်ထားခြင်းဖြစ်ပါသည်။ ဆက်သွယ်ရေးမပါရှိ ဘဲ လူမှုဆက်ဆံရေးဆိုသည်မှာလည်းမရှိနိုင်ပါ။ ရက်သတ္တပတ်အတွင်း မိနစ် ပေါင်း (၁၀၀၈၀) ရှိပါသည်။ ဤမိနစ်များအထဲမှ ရက်သတ္တပတ်တစ်ပတ်တွင် မိနစ် (၃၀) ခန့်မျှပင်မရှိ သောအချိန်အတိုင်းအတာလောက်သာလျှင် ပျှမ်းမျှ အားဖြင့် ဇနီးမောင်နှံစုံတွဲတို့သည် စကားစမြည်ပြောဖြစ်ကြပါသည်။ ကျွန်ုပ်တို့ ၏လူမှုဆက်ဆံရေးနှင့်ပတ်သက်ပြီး ထိုဖြစ်ရပ်က မည်သည့်အရာကို ပြောဆို နေပါသနည်း။ တောင့်တင်းခိုင်မာသောမိသားစုများတို့သည် ကောင်းမွန်သော ဆက်သွယ်ရေးကျွမ်းကျင်မှုမျိုးများရှိနေကြပြီး၊ တစ်ယောက်ကိုတစ်ယောက် စကားစမြည်ပြောဆိုကြခြင်းဖြင့်အချိန်ကိုအသုံးချကြပါသည်။ (ဧဖက် ၆း၁-၄)။
၄။ သူတို့သည်အချိန်ကို အတူတကွအသုံးချကုန်လွန်စေခဲ့ကြပါသည်- အသင်းအုပ်ဆရာ၏မိသားစုတွင်း ခင်မင်ရင်းနှီးမှုသည် ဦးစားပေးအဆင့်တွင် ရှိသင့်ပါသည်။ မိသားစုစည်းလုံးညီညွတ်မှုစိတ်နေစိတ်ထားကို တိုးတက်လာ စေရန်အတွက် အတူတကွလုပ်ဆောင်ကြခြင်းဖြင့် ပြီးမြောက်နိုင်သောအရာ အများအပြားရှိနေကြပါသည်။
အစားအစာကိုအတူတကွစားသုံးကြပါ။ အသင်းအုပ်ဆရာတစ်ယောက်၏ မိသားစုအနေဖြင့် ထမင်းစားပွဲပတ်ပတ်လည်တွင် ခင်မင်ရင်းနှီးမှုအချိန်ကာလ ကို လိုလားနှစ်သက်သင့်ကြပါသည်။ တစ်နေ့တာအတွင်း မိသားစု၏အတူ တကွမဟုတ်သော မိသားစုဝင်တစ်ယောက်ချင်းစီက မတူညီသောအချိန်တွင် သီးခြားစီစားသောက်ကြခြင်းသည် မည်မျှဝမ်းနည်းဖွယ်ရာကောင်းပါသနည်း။
အချို့သောညချမ်းကာလတွင် အတူတကွကုန်လွန်ပါစေ။ ညချမ်းကာလ တစ်ခုကို မိသားစုနှင့်ကုန်လွန်ရန်အတွက် အစီအစဉ်ဆွဲခြင်းသည် တစ်ဦးနှင့် တစ်ဦး ဆုံတွေ့စကားစမြည်ပြောဆိုခြင်းကဲ့သို့ပင်၊ မိသားစုဝင်အချင်းချင်း တစ်ဦးနှင့်တစ်ဦး နှောင်ဖွဲ့ထားနိုင်ကြပါသည်။ သင်၏မိသားစုနှင့်အတူ သင်၏ အချိန်ကိုတန်ဖိုးရှိပါစေ။ ဤအချက်မပါရှိဘဲ အတူတကွ တိုးတက်ဖြစ်ထွန်းမှုရှိ ကြရန်မဖြစ်နိုင်ပါ။
ဘုရားကျောင်းသို့အတူတကွသွားကြပါ။ ကျွန်ုပ်သည် ဘုရားကျောင်းသို့ ကျွန်ုပ်၏ မိသားစုနှင့်အတူတကွသွားကြသောအလေ့အကျင့်မျိုးကို နှစ်အတော် ကြာကြာ အတွင်း လုပ်ဆောင်ခဲ့ပါသည်။ တစ်နည်းအားဖြင့်ပြောရမည်ဆိုလျှင် မိသားစုဝင်များတို့သည် ဘုရားကျောင်းသို့မတူညီသောအချိန်တွင် သွားရောက် ခြင်းမပြုရန်ကို ဆိုလိုခြင်းဖြစ်ပါသည်။ အားလုံးသောကျွန်ုပ်တို့သည် ဘုရား ကျောင်းသို့သွားရောက်ရန်အတွက်အတူတကွပြင်ဆင်ကြရမည်ဖြစ်ပြီး၊ ကလေး ငယ်များတို့ကို အဝတ်အစားဝတ်ဆင်ရာတွင် အကူအညီပေးရန်နှင့် ဘုရား ကျောင်းသို့သွားရောက်ခြင်းကို သူတို့နှစ်သက်ကြရန်အတွက် ဘုရားကျောင်းသို့ ခပ်စောစောသွားပေးပါ။ ဤကဲ့သို့သော အချိန်မျိုးသည် အဖိုးထိုက်တန်လှ သောအချိန်ကာလများပင်ဖြစ်ပါသည်။
ရက်သတ္တပတ်အတွင်းအားလပ်ရက်တစ်ရက်ရယူပါ။ နေရာအတော် များ များရှိအသင်းအုပ်ဆရာများတို့သည် ဤကဲ့သို့သောလုပ်ဆောင်ချက်မျိုးကို လုပ် နေကြပါသည်။ အသင်းတော်တွင်းချိန်းဆိုတွေ့ဆုံမှုများကဲ့သို့ပင် မိသားစု အတွက်အချိန်ပေးခြင်းသည်လည်း အရေးပါလှကြောင်းကို ထိုအသင်းအုပ် ဆရာတို့က အသိအမှတ်ပြုကြပါသည်။ အသင်းသူအသင်းသားတို့သည် အသင်းအုပ်ဆရာ၏မိသားစုအတွက် အချိန်ရယူမှုကို တန်ဖိုးမထားကြပါက စိန်ခေါ်မှုတစ်ရပ်ဖြစ်ပေါ်လာနိုင်ပါသည်။ “လူတစ်ယောက်မည်မျှဆင်းရဲသည် ကို ကျွန်ုပ်ဂရုမစိုက်ပါ။ အကယ်၍သာသူသည် မိသားစုရှိနေပါက သူချမ်းသာ နေပါသည်” (Dan Wilcox and Thad Mumford).
ရည်ရှည်အားလပ်ရက်ကိုအတူတကွကုန်လွန်ပါ။ သင်၏မိသားစုအတွက် ကောင်းမွန်သောရက်ရှည်အားလပ်ရက်ကိုစီစဉ်ပါ။ စောစီးစွာစီစဉ်ပါ။ ရက်ရှည် အားလပ်ရက်ရောက်ရှိသည်အထိ သင်၏ ကလေးငယ်တို့ကို ထိုအားလပ်ရက် ရောက်ရှိရန်လို နေသေးသောရက်အရေအတွက်တို့ကို သတိပေးပါ။ ပျော်ရွှင် စရာမိသားစုအနေအထားကို ထိန်းထားနိုင်ရန် အကောင်းဆုံးသောနည်းလမ်း များအနက် နည်းလမ်းတစ်သွယ်မှာ အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်သည့်ဖြစ်ရပ် များတို့ကို အတူတကွလှမ်းမျှော်ကြည့်ကြရန်ဖြစ်ပါသည်။
မိသားစုအလိုက်ဝတ်ပြုခြင်းအချိန်ကို ကျင်းပပါ။ အသင်းတော်ထဲတွင် မိသားစုဝတ်ပြုခြင်းအတွက် အခက်ခဲဆုံးသော အခြေအနေမျိုးနှင့်ကြုံတွေ့ရ သည့် မိသားစုတစ်စုမှာ၊ အသင်းအုပ်ဆရာ၏ မိသားစုဖြစ်ကောင်းဖြစ်နိုင်ပေ သည်။ မိသားစုဝတ်ပြုခြင်းအတွက်စီစဉ်ထားမှုသည် ကြားဖြတ်ကိစ္စရပ်များ ဝင်ရောက်မှုအလွန်များပြားလှပြီး မိသားစုဝင်များတို့ကို တကွဲတပြားဖြစ်စေ သည့် များပြားလှသည့်မတူကွဲပြားသော လှုပ်ရှားမှုများပေါ်ပေါက်လေ့ရှိပါ သည်။ နံနက်ပိုင်းတွင် မိသားစုအတူတကွဝတ်ပြုခြင်း အနေအထားမဖြစ်နိုင် ပါက ညဦးပိုင်းတွင်အတူတကွဝတ်ပြုခြင်းပြုလုပ်နိုင်အောင် အချိန်ရယူပါ။
အထူးသဖြင့် အသင်းတော်ကျောင်းဝင်းအတွင်းရှိ အိမ်ရာများတွင်နေထိုင် ကြသော ဂိုဏ်းကွဲခရစ်ယာန်ဘုန်းတော်ကြီးမိသားစုတို့သည် သူတို့အတွက်အမှု တော်ဆောင်လုပ်ငန်းနှင့် မိသားစုအသက်တာစပ်ကြား၊ နယ်ခြားမျဉ်းတို့ကို သတ်မှတ်ထားရန်မှာ မကြာခဏတွင်ပင် မလွယ်သောအလုပ်ဖြစ်နေပါသည်။ သို့သော် အဆင့်အတန်းရှိသောမိသားစု၏အချိန်သည် ပြတ်သားလှစွာဖြင့် တည်ထောင်ထားပြီး အကာအကွယ်ပေးနိုင်သော နယ်ခြားကျွန်းတစ်ခုဖြစ်ပါ သည်။
၅။ သူတို့သည် ဒူပေဒဏ်ပေခံနိုင်မှုရှိကြပါသည်။ ပြဿနာအခက်အခဲ များတို့သည် ခိုင်မာတောင့်တင်းသော မိသားစုတို့ကို တစ်စုတစ်စည်းတည်းဖြစ် အောင် လုပ်ဆောင်နေချိန်တွင် အားနည်းမှုရှိကြသော မိသားစုတို့ကို တစ်ကွဲ တစ်ပြားစီဖြစ်အောင်တွန်းပို့ပေးပါသည်။ ခိုင်မာတောင့်တင်းသော မိသားစုတို့ သည် ခက်ခဲကြမ်းတမ်းသော ကာလတွင် အတူတကွပါဝင်ပတ်သက်ကြပြီး တစ်ဦးကိုတစ်ဦးကူညီကြပါသည်။ ဤအချက်သည် ဝမ်းနည်းဖွယ်ရာအဖြစ် ဆိုးရိုက်ခတ်မှုရှိသောအခါ၊ အပြစ်ပုံချတတ်သောမိသားစုတို့နှင့် အထူးကွဲပြား ခြားနားမှုရှိလှပါသည်။ တောင့်တင်းခိုင်မာသော မိသားစုများတို့သည် ဖိအား သို့မဟုတ် အရေးအခင်းများတို့ကို အခွင့်အလမ်း များဖြစ်ထွန်းလာတော့မည့် အမြင်မျိုးဖြင့် ရှုမြင်ကြပါသည်။ (ဧဖက် ၆း၄။ ၁သက် ၂း၁၁)။
၆။ သူတို့သည် ဝိညာဉ်ရေးဆိုင်ရာချမ်းသာသုခကို ပေါ်ထွက်စေပါသည်။ ကျန်းမာခြင်းသုခနှင့်ပြည့်စုံသောမိသားစုတို့သည် သူတို့၏ နေ့စဉ်အသက်တာ တို့တွင် ဘုရားသခင်ကိုပါဝင်စေပါသည်။ သူတို့၏ ပြုမူကျင့်ကြံခြင်းများတို့ အတွက် သူတို့သည် တစ်ယောက်ကိုတစ်ယောက်တာဝန်ခံမှုရှိကြပါသည်။ ခိုင်မာတောင့်တင်းသောမိသားစုများတို့သည် သူတို့၏အသက်တာများ၌ ဘုရား သခင်၏ပိုမိုကြီးမားသော ကောင်းမြတ်တော်မူခြင်းနှင့် ဘုန်းတန်ခိုးတော်နှင့် ပတ်သက်သည့်ခံစားတတ်သည့် စိတ်သဘောထားမျိုး ရှိနေကြပါသည်။ ဤ ယုံကြည်ချက်သည် သူတို့အားခွန်အားနှင့်ရည်ရွယ်ချက်တို့ကိုပေးကမ်းပါသည်။ (တမန်တော် ၂း၃၈-၃၉။ တရား ၁၁း၁၈-၂၁)။
တောင့်တင်းခိုင်မာသော မိသားစုတစ်စုသည် အခက်အခဲပြဿနာများ တို့ကို ခံနိုင်ရည်ရှိသည်ဟူသော အရာမဟုတ်သည်ကို သတိတရရှိပါ။ သူတို့ သည် အခြားသော မိသားစုများရင်ဆိုင်နေကြရသည့် အလားတူအခက်အခဲ များဖြစ်ကြသည့် နာမကျန်းဖြစ်မှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ မော်တော်ယာဉ်မတော် တဆဖြစ်မှု၊ ကပ်ဘေးဆိုက်မှု၊ သေဆုံးမှုနှင့် လူတို့သိထားကြသော အခြားသော အခက်အခဲတိုင်းတို့ကိုလည်း ကြုံတွေ့ခံစားရကြပါသည်။ သို့သော်လည်း တောင့်တင်းခိုင်မာသော မိသားစုတို့သည် သူတို့တွင် စိန်ခေါ်မှုများရှိနေကြ သည့်တိုင် မမှိတ်မသုန်ဆက်လက်လုပ်ဆောင်ကြပါသည်။
“အသင်းအုပ်ဆရာ၏ဇနီးသည်”
အသင်းအုပ်ဆရာများတို့သည် သူတို့၏အမှုတော်ဆောင်လုပ်ငန်း အခြေ အနေကောင်းစေရန် သူတို့၏အိမ်ထောင်ဘက်တို့သည် အရေးပါအရာ ရောက် လှသည့် ထောက်ပံ့ကူညီမှုပေးကြကြောင်းကို အမြဲမပြတ်သတင်းပို့နေကြပါ သည်။ အသင်းသူ အသင်းသားများမဟုတ်ကြသည့်အပြင် လောကမှ လူပုဂ္ဂိုလ် များတို့နှင့် သို့မဟုတ် အခြားသောသင်းအုပ်ဆရာများတို့နှင့် အနီးကပ် ခင်မင် ရင်းနှီးမှုကို တိုးမြှင့်နိုင်ရန်အတွက် အသင်းအုပ်ဆရာများတို့တွင် ကန့်သတ် ချုပ်ချယ်မှုရှိသောအခွင့်အလမ်းမျိုးသာ ရရှိကြပါသည်။ အကျိုးရလဒ် အဖြစ်၊ သူတို့၏အိမ်ထောင်ဘက်တို့၏ အခန်းကဏ္ဍသည် မိတ်ဆွေအဖြစ်ဖြင့် အပြင် အထောက်အကူပြုသူအဆင့်ထက် ပိုမို၍အရေးပါလာပါသည်။ အောက်ပါ အချက်တို့သည် လူမှုဆက်ဆံရေးတွင် တိုးတက်စေရန်နှင့် လက်ရှိအနေအထား ကိုထိန်းထားနိုင်ရန်အတွက်အကြံပေးချက်အချို့တို့ကိုဖော်ပြရမည်ဆိုပါက- အသင်းအုပ်ဆရာ၏ ဇနီးသည်သည် “နံပါတ်တစ်ဦးစားပေးအဆင့်တွင်
ရှိရမည်ဖြစ်ပြီး အသင်းတော်ကိုဦးစားပေးအဆင့်တစ်” တွင်ထားရှိရန်မဟုတ် ပါ။ အမှုတော်ဆောင်တစ်ယောက်အနေဖြင့် ဘုရားသခင်က သင့်အား ခေါ် တော်မူပါကအသင်းတော်သည်သင်၏ဦးစားပေးအရာ၌ထားရှိရမည့် အဓိပ္ပါယ် မျိုးမသက်ရောက်ပါ။ သင့်အနေဖြင့် သင်၏ဇနီးသည်နှင့် သင်၏ သားသမီး တို့ကို ထိပ်ဆုံးဦးစားပေးနေရာတွင်ထားရှိရပါမည်။ ဤအချက်သည် သင့်အနေ ဖြင့် သူတို့၏လိုအပ်ချက်များတို့ကို သင်၏အစီအစဉ်များနှင့် သင်၏စိတ်ထဲတွင် အထင်ကရအဖြစ်ထားရှိရမည့် အဓိပ္ပါယ်ပင်ဖြစ်ပါသည်။
ဧဝံဂေလိတရားဟောပြောခြင်းများတွင် သူမပါဝင်ဆောင်ရွက်ခြင်းရှိ ရပါမည် - ဧဝံဂေလိသတင်းစကားဖြန့်ဝေခြင်းသည် သူမ၏ကိုယ်ရေးကိုယ်တာ အမှုတော်ဆောင်ခြင်းလုပ်ငန်းတွင် တစ်စိတ်တစ်ပိုင်းအဖြစ် ပါရှိရပါမည်။ အမှုတော်ဆောင်ခြင်းလုပ်ငန်းဆိုင်ရာကဏ္ဍတွင်၊ အချို့သောအသင်းအုပ်ဆရာ တို့၏ ဇနီးသည်များတို့သည် ပါဝင်လုပ်ဆောင်မှု အလွန်နည်းပါးလှသည်ကို ကျွန်ုပ်သတိပြုမိပါသည်။ သူတို့သည် သာသနာပြုလည်ပတ်ခြင်းများ သို့မဟုတ် ကျမ်းစာသင်ပေးခြင်းလုပ်ငန်းများတို့တွင် မိမိတို့ကိုယ်ကို မြှုပ်နှံထားမှုမရှိကြပါ။ သူမတို့သည် အိမ်ထဲတွင် သားသမီးတို့နှင့်အလုပ်များနေကြပြီး အမှုတော် ဆောင်ခြင်းလုပ်ငန်း၌ လှုပ်ရှားဆောင်ရွက်သည့် အခန်းကဏ္ဍတွင် ပါဝင်မှုမရှိ ကြပါ။ ထိုအနေအထား၏အကျိုးရလဒ်အဖြစ် သူတို့သည် ဝိညာဉ်ရေးနှင့် ပတ်သက်သည့်ဖွံ့ဖြိုးမှုအခွင့်အရေးရရှိစေရန်အတွက် မိမိတို့ကိုယ်ကို မိမိတို့ ငြင်းပယ်ကြသကဲ့သို့ဖြစ်သွားပါသည်။
သူမသည် သူမ၏ခင်ပွန်းသည်နှင့်အတူ အထူးလည်ပတ်ခြင်းများတို့ကို လုပ်ဆောင်သင့်ပါသည် - အသင်းသူအသင်းသားများတို့သည် မိမိတို့၏ အိမ်ထောင်မိသားစုများထံသို့ အသင်းအုပ်ဆရာနှင့်သူ၏ ဇနီးသည်တို့အလည် အပတ် သွားရောက်ကြသည်ကို ဂုဏ်ယူအသိအမှတ်ပြုကြပါသည်။ ကျွန်ုပ်၏ ဇနီးသည် ရေကယ်(လ်) သည် ကျွန်ုပ်အသင်းသူ^သားတို့ထံသို့ လိုက်လံလည် ပတ်ရာတွင် မကြာခဏပါဝင်လည်ပတ်ခဲ့ပါသည်။ ဤလုပ်ရပ်သည် အမှုတော် ဆောင်ခြင်းဆိုင်ရာ အတွေ့အကြုံနှင့်ပတ်သက်သည့် ကျေနပ်နှစ်သိမ့်မှုကို ကျွန်ုပ်တို့နှစ်ဦးအတူတကွရရှိ ကြပါသည်။
သူမသည် အသင်းတော်ဆိုင်ရာ အရာရှိတစ်ယောက်မဟုတ်ပါ – တစ်ခါ တစ်ရံတွင် အသင်းသူအသင်းသားများတို့သည် စံပြဖြစ်သည့်အသင်းအုပ် ဆရာ၏ဇနီးသည်ကို ပုံသေကားချပ်ပုံစံဖြင့် မျှော်လင့်ထားတတ်ကြပါသည်။ သူတို့က အသင်းအုပ်ဆရာ၏ဇနီးသည်သည် စန္ဒရားတီးပေးမည်၊ အထူးသီချင်း ဆိုပေးမည် သို့မဟုတ် အနည်းဆုံးဓမ္မတေးသံစုံအဖွဲ့တွင် ပါဝင်သီဆိုပေးလိမ့် မည်ဟု ထင်မြင်ထားကြပါသည်။ အမှန်မှာ အသင်းအုပ်ဆရာတို့၏ ဇနီးသည် အများစုတို့သည် တစ်စုံတစ်ရာသော တူရိယာကိုတီးခတ်တတ်ခြင်း သို့မဟုတ် သံစုံအဖွဲ့တွင် ကောင်းမွန်စွာသီဆိုနိုင်ခြင်းမရှိကြပါ။ အသင်းတော်အနေဖြင့် ထိုကဲ့သို့သောတေးဂီတတွင် အားသန်မှုမရှိသောဇနီးသည်၏ခင်ပွန်းသည်သည် အသင်းအုပ်ဆရာတစ်ယောက်ဖြစ်သည်ဆိုခြင်းနှင့် အသင်းအုပ်ဆရာ၏ ဇနီး သည်၏အကောင်းဆုံးသော ဩဇာသက်ရောက်မှုမရှိရပါ။ လုပ်ဆောင်နိုင်သော စွမ်းရည်များအပေါ်တွင်အခြေခံသည့် တစ်မူထူးခြားသော အလုပ်အတွက် ခေါ်တော်မူခြင်းကို လူတိုင်းကရရှိနေကြပြီး၊ အသင်းအုပ်ဆရာ၏ ဇနီးသည် သည်လည်း ၎င်းခေါ်တော်မူခြင်းတွင် ခြွင်းချက်မရှိပါဝင်ကြပါသည်။
သူမသည်အသင်းတော်၏အိမ်ရှင်မမဟုတ်ပါ - လူတိုင်းကဝတ်ပြုခြင်း အခမ်းအနားတွင် မွေ့လျော်မှုရှိရေးကို သေချာအောင်လုပ်ဆောင်သော အလုပ်တွင် သူမသည် တာဝန်ယူစရာမလိုပါ။ အကယ်၍ မှားယွင်းမှုအခြင်း အရာများဖြစ်ပေါ်လာပါက သို့မဟုတ် သူမ၏ခင်ပွန်းသည်နှင့်ပတ်သက်ပြီး တစ်စုံတစ်ယောက်က မပျော်မရွှင်ဖြစ်ပါက သို့မဟုတ် ဝတ်ပြုခြင်းအခမ်းအနား နှင့်ပတ်သက်သည့်ကဏ္ဍ အချို့နှင့်ပတ်သက်၍ မပျော်မရွှင်ဖြစ်လာပါက၊ ဌို အခက်အခဲ ပြဿနာဖြစ်ပေါ်လာမှုအတွက် သူမအနေဖြင့် တာဝန်ယူရမည့် အရာ မဟုတ်ပါ။
သူမသည်အသင်းတော်အတွက်လူမှုရေးစည်းရုံးရေးမှူးမဟုတ်ပါ - အစီ အစဉ်ရေးဆွဲရန် သို့မဟုတ် ကြုံရာထမင်းဟင်းပုံမှန်ကျွေးမွေးပွဲတိုင်းကိုတက် ရောက်ရန် သို့မဟုတ် (သတို့သမီးလောင်းမိခင်လောင်းတို့ကို) လက်ဆောင် ဝိုင်းဝန်းပေးသည့် ပွဲတို့ကိုတက်ရောက်ရန်မှာ သူမ၏အလုပ်မဟုတ်ပါ။ ဤ ကဲ့သို့သောပွဲမျိုးတို့ကို အသင်းသူအသင်းသားများတို့က အစုအဖွဲ့ပုံစံဖြင့် တာဝန်ယူလက်ခံဆောင်ရွက်ရကြပါမည်။ အသင်းအုပ်ဆရာ၏ဇနီးသည်သည် အသင်းတော်တွင် ရှိနေကြသော အသင်းသားတိုင်းတို့ကိုလည်း ညစာစားပွဲ ကျင်းပပေးစရာမလိုပါ။ ဧည့်ဝတ်ကျေပွန်ခြင်းအတွက် အသင်းတော်တစ်ခုလုံး ကို လုပ်ပိုင်ခွင့်ပေးထားခြင်းဖြစ်ပြီး အသင်းအုပ်ဆရာ၏မိသားစုကိုသာ ပေးထားခြင်းမဟုတ်ပါ။ “သင်ဆင်းသက်လာသော မိသားစုသည် သင်ရရှိ လာမည့်မိသားစုလောက်အရေးမကြီးပါ” ရင်း(န်ရ်)လာ့(ရဒ်)နပ်(ရ်)။
သူမသည် အမျိုးသမီးရေးရာနှင့်ပတ်သက်သည့် အမှုတော်လုပ်ငန်းများ တို့၏ညွှန်ကြားရေးမှူးအဖြစ်သို့ အလိုအလျောက်ဖြစ်မလာပါ။ အကယ်၍ သူမ သည် သင်ကြားပို့ချရန်အတွက်လိုလိုလားလားမရှိပါက သူမအားကျမ်းစာသင် ပေးခြင်းသင်တန်းများတွင် သင်ကြားပို့ချပေးရန်နှင့် ဥပုသ်စာဖြေသင်တန်းများ တွင်ဦးဆောင် ဆွေးနွေးပေးရန်အတွက် သို့မဟုတ် အမျိုးသမီးရေးရာနှင့်ပတ် သက်သည့် အမှုတော်ဆောင်လုပ်ငန်းများတို့၏ ညွှန်ကြားရေးမှူးအဖြစ် တင် မြှောက်ခြင်းဖြင့် သူမအား ဖိအားကိုမခံစားစေသင့်ပါ။ ဒေသတွင်းအသင်း တော်တွင်ရှိနေကြသော မည်သူ့ကိုမျှ အဆင့်အတန်းအနေအထားပေါ် မူတည် ပြီး တာဝန်ပေးရွေးချယ်တင်မြှောက်ရန်မသင့်သော်လည်း အရည်အချင်းပြည့်မီ ခြင်းနှင့်အထုံပါရမီရှိမှုအပေါ်မူတည်ပြီး ရွေးချယ်နိုင်ပါသည်။ အမှန်အားဖြင့် သူမသည် အကယ်၍အသင်းတော်ရှိ တိုးတက်မှုရှိသော တစ်စုံတစ်ရာသော အမှုတော်အတွက် တာဝန်ပေးအပ်ခြင်းခံရပါက၊ သူမအနေဖြင့် သူမ၏ဝိညာဉ် ရေးဆုကျေးဇူးများအရ၊ သူမသည် အမှုတော်ကိုဆောင်ရွက်နိုင်ပါသည်။
“အကယ်၍သာသင်သည်အသင်းအုပ်ဆရာတစ်ယောက်မဟုတ်ပါက”
အကယ်၍သာသင်သည်အချိန်ပြည့်အမှုတော်ဆောင်တစ်ယောက်မဟုတ် ပါက၊ ဤနေရာတွင် ကျွန်ုပ်သည် တစ်စုံတစ်ရာသောအကြောင်းအရာကို ပြော ဆိုလိုပါသည်။ အမှုတော်ဆောင်လုပ်ငန်းလောက် မည်သည့်အလုပ်အကိုင်ကမျှ ပိုမိုပြီး မခက်ခဲပါ။ အလုပ်ပြီးချိန်နေ့တစ်နေ့၏ကုန်ဆုံးချိန်၌ လူတစ်ယောက် အနေဖြင့် အိမ်သို့ ပြန်သွားပြီး သက်သောင့်သက်သာဖြင့်အနားယူနိုင်ပါတော့ သည်။ အသင်းအုပ်ဆရာ တစ်ယောက်မှာမူ ထိုသို့အနားယူခြင်းမပြုနိုင်ပါ။ အသင်းအုပ်ဆရာတစ်ယောက်နှင့် သူ၏မိသားစုတို့သည် အချိန်တိုင်းတွင်ပင် စေ့စေ့စပ်စပ် စောင့်ကြည့်ခြင်းခံနေရကြပါသည်။ သူတို့သည် အစဉ်တစိုက် အကဲခတ်ဂရုပြုမှုခံနေရကြပါသည်။
အသင်းတော်မိသားစုအတွက် အသင်းအုပ်ဆရာနှင့် သူ၏မိသားစုတို့၏ လုပ်ကိုင်ဆောင်ရွက်ပေးမှုအားလုံးတို့အတွက် ဂုဏ်ယူအသိအမှတ်ပြုပေးနိုင် သည့် နည်းလမ်းတို့ကိုရှာဖွေပါ။ သူတို့၏သားသမီးငယ်တို့ကို သင်၏သားသမီး ငယ်တို့နှင့်အတူ အပျော်ခရီးတိုထွက်ပေးပါ။ သင်၏အသင်းအုပ်ဆရာနှင့် သူ၏မိသားစုတို့ကို သင်၏ချစ်ခြင်းမေတ္တာနှင့်ဂုဏ်ယူအသိအမှတ်ပြုမှုတို့ဖြင့် လွှမ်းခြုံပေးပါ။ အသင်းတော်တစ်ခုကို ဂရုစိုက်နေချိန်တွင် မိသားစုတစ်ခုကို ကျွေးမွေးစောင့်ရှောက်ရန်မှာ ခက်ခဲမှုရှိလှပါသည်။ လူတို့အပေါ်ချစ်ခင်ရင်းနှီး မှုအပြည့်ရှိသည်ဆိုခြင်းကို အသင်းအုပ်ဆရာ၏မိသားစုတို့က သိရှိနိုင်ကြရန် သေချာအောင်လုပ်ဆောင်ပါ။
“ခိုင်မာတောင့်တင်းသောအသင်းအုပ်ဆရာ၏မိသားစုပုံစံမျိုးမရှိပါဘဲ သင့်အနေဖြင့်ကောင်းသောအသင်းအုပ်ဆရာတစ်ယောက်ဖြစ်နိုင်ပါမည်လား”
ရောင်ပြန်ဟပ်မှုစဉ်းစားသုံးသပ်ခြင်း သို့မဟုတ် ဆွေးနွေးတိုင်ပင်ညှိနှိုင်း ခြင်းတို့အတွက်မေးခွန်းများ -
၁။
အသင်းအဖွဲ့အလိုက် အမှုတော်ဆောင်ခြင်းဆိုင်ရာအမြင်သဘောထား အကြောင်းကို သင်မည်ကဲ့သို့လေ့ကျင့်ပါသနည်း။
၂။
အသင်းအုပ်ဆရာအများအပြားတို့၏ သားသမီးတို့သည် အဘယ်ကြောင့် ချောင်ထိုးခံရပြီး လမ်းဘေးရောက်သွားရသည်ကို သင်၏အမြင်သဘော ထားမည်သို့ရှိပါသနည်း။
၃။
သင်၏ မိသားစုနှင့်အတူ၊ သင်၏အချိန်ကို သင်မည်ကဲ့သို့ အသုံးချပါ သနည်း။
၄။
ခိုင်မာတောင့်တင်းသောမိသားစုတစ်စုကို တည်ဆောက်ခြင်း၌ အရေး အကြီးဆုံးသောထူးခြားသည့်ပင်ကိုယ်လက္ခဏာသုံးမျိုးမှာ အဘယ်အရာ များနည်း။
၅။ အသင်းတော်တွင် သင်၏ဇနီးသည်လုပ်ဆောင်နိုင်သော အရေးအကြီးဆုံး သောလှုပ်ရှားမှုများမှာ အဘယ်အရာများဖြစ်ကြပါသနည်း။
No comments:
Post a Comment