Tuesday, April 28, 2026

 

အကျိုးမရှိသည့်တစ်စုံတစ်ခုသောအရာ

အဌမပညတ်ချက်

         သူ့ဥစ္စာကိုမခိုးနှင့်။” (ထွက်မြောက်ရာကျမ်း ၂၀:၁၅။)

         ပြတင်းပေါက်မှာလူတစ်ယောက်၊

         အထိတ်တလန့်ထွက်ပေါ်လာသော ဇနီးသည်၏စကားသံကြောင့် အိပ်ရာမှကျွန်ုပ်တုံ့ခနဲလန့်နိုးလာခဲ့၏။ ကျွန်ုပ်တို့၏ သားဒေးဗစ်နှင့်အတူ အားလပ်ရက်၌ မက္ကဆီကိုမြို့တွင် ခေတ္တလာရောက်နေခဲ့စဉ်ကဖြစ်သည်။ သာယာသော ထိုနေ့ညနေချမ်း၌ ပြတင်းတံခါးကို ဖွင့်လျက် လေညင်းခံ ရင်း အိပ်ရာသို့ဝင်ခဲ့၏။ အတွင်းခြံဝင်းထဲမှ အိမ်၏ တတိယအထပ်တွင် ဖြစ်သောကြောင့် ပြတင်းပေါက်ကို ဖွင့်ထားခြင်းသည် အမှန်တော့ လုံခြုံ သည်ဟု ထင်ခဲ့ပါသည်။

         ဝေဝါးနေသောအရိပ်ကို စက္ကန့်အတန်ကြာအောင်စိုက်ကြည့်ခဲ့၏။ ညမိုးချုပ်ပြီမို့မသဲကွဲပါ။ ဘာများပါလိမ့်။ တကယ့်လူပဲလား။ စိတ်ထင်သာ ဖြစ်ပါလိမ့်မည်။ သေချာအောင်လို့ ရုသ်အန်းနှင့်စကား အနည်းငယ်ပြော ကြည့်လိုက်ရာတွင် ထိုအရိပ်က အနည်းငယ်လှုပ်ရှားလာ၏။ တကယ့်လူ တစ်ယေက်ပါကလား။ အခန်းထဲဝင်လာဖို့သေချာ၏။

         ရှေ့သို့မဆက်မီခေတ္တရပ်ထားကာ မေးခွန်းတစ်ခုမေးချင်ပါသည်။ ထိုသူဘာကိုလိုချင်သည်ဟု သင်ထင်ပါသနည်း။

       ရယ်စရာကောင်းသောမေးခွန်းဟုသင်ထင်ကောင်းထင်လိမ့်မည်။ ကျွန်ုပ်တို့၏ ပိုင်ဆိုင်ပစ္စည်းတချို့ကြောင့် ကျွန်ုပ်တို့ကို သက်သာစေပါ မည်လား။ ခိုးမှုနှင့်ပတ်သက်သောအဓိပ္ပါယ်ကို ပို၍နားလည်ရန် မေးခြင်း ဖြစ်ပါသည်။

         ခိုးယူခြင်းနှင့်ပတ်သက်သော စာရင်းတချို့ကို ဖော်ပြပါသည်။ ပြတင်းပေါက်မှလူနှင့်ဆက်စပ်သောအချက်များ၊ ၎င်း၏ ကြံစည်ရည်ရွယ် ချက်ရှိသည့် စိတ်နေသဘောထားများကို ဖော်ပြသည်။

         (၁) ခိုးယူခြင်း (theft) - ပိုင်ရှင်၏ခွင့်ပြုချက်မပါဘဲ တစ်စုံတစ်ခု ကို ယူလိုက်ခြင်း၊ ခေတ္တငှားရမ်းထားသောအရာကို ပြန်မပေးဘဲ ယူထား ခြင်းမျိုးဖြစ်သည်။

         (၂) တရားမဝင်ကူးယူခြင်း (illegal copying) – စာမူ၊ ပန်းချီနှင့် ပုံနှိပ်ထုတ်ဝေမှုတို့တွင် တရားမဝင်ကူးယူခြင်း၊ မူရင်းကို အသိအမှတ်ပြု ခြင်းဖြင့် နေရာမှန်မပေးခြင်း။

         (၃) သူတစ်ပါး၏ အတွေးအခေါ်၊ စကားလုံးကိုခိုးချခြင်း (plagiarism) -သူတစ်ပါး၏ လုပ်ဆောင်ချက်ကို မိမိ၏ ကိုယ်ပိုင် လုပ် ဆောင်ချက်အဖြစ် အမြတ်ထုတ်ခြင်း။

         (၄) အလိမ်သတင်း (information manipulation)- ကိုယ်ကျိုး အမြတ်ထုတ်မှုအတွက် အမှန်သတင်းကို လျော့ပြောခြင်း၊ ချဲ့ကားပိုပြော ခြင်း (သို့မဟုတ်) လိမ်လည်ပြီး အမှားပြောခြင်း၊ ကလိန်ကျခြင်း။

         (၅) အသရေဖျက်ခြင်း (slander, defamation) - သူတစ်ပါး၏ ကျော်ကြားမှု၊ နာမည်ကောင်းနှင့် ဂုဏ်သတင်းကို- အတားအဆီးပြုခြင်း၊ မမှန်ကန်သောစွဲဆိုချက်နှင့် အဆိုပြုခြင်းများဖြင့် သူတစ်ပါးလုပ်ငန်းကို ထိခိုက်နစ်နာစေခြင်း။

         (၆) အားထုတ်မှုနည်းခြင်း (slacking off on the job) - အလုပ် တွင်ပျင်းရိခြင်း၊ လုပ်နိုင်သည်ထက်လျှော့၍လုပ်ခြင်း၊ အလုပ်သို့ နောက် ကျရောက်ပြီး စောပြန်ခြင်း။

         (၇) ဖြုန်းတီးခြင်း (waste) - သူတစ်ပါး၏အချိန်နှင့် ဥစ္စာများကို အလဟဿဖြစ်အောင် မှားယွင်းစွာအသုံးပြုခြင်း။

         (၈) ဂရုမစိုက်ခြင်း (carelessness) - သူတစ်ပါး အကျိုးယုတ်စေ ရန် မိမိ၌တာဝန်မရှိသကဲ့သို့လျစ်လျူရှုခြင်း။

         (၉) ဈေးပိုတင်ခြင်း(overcharging) – အမြတ်ကြီးစားခြင်း၊ ဝယ်ယူသူမှာရွေးစရာမရှိသောကြောင့် အခွင့်အရေးယူခြင်း။


         (၁ဝ) တန်ဖိုးလျှော့ခြင်း (underpayment) – ဈေးနှိမ်ခြင်း၊ ကိုယ့် အမြတ်အတွက် သူတစ်ပါး၏ ပစ္စည်းကိုတန်ဖိုးလျှော့ပေးဝယ်ယူခြင်း၊ သူတစ်ပါးအခက်အခဲရောက်၍ အရဲစွန့်ရချိန်တွင် လုပ်အားခလျှော့ပေးပြီး အလုပ်ခိုင်းခြင်း။

         (၁၁) ကလေးများအားအလွဲပြုမူခြင်း (abuse or neglect of children) – ကလေးများအား ပုံမှန်ဂရုမစိုက်သောမိဘများသည် ကလေး များ၏အခွင့်အရေးကို ခိုးယူခြင်းမည်၏။

         (၁၂) အိမ်ထောင်ရေးသစ္စာဖေါက်ဖျက်မှု (marital un faithfulness) – အိမ်ထောင်သည်တစ်ဦးအနေဖြင့် ထိမ်းမြားခြင်းဆိုင်ရာ ကတိသစ္စာအားဖြင့်တည်သော မိမိ၏ အိမ်ထောင်ဖက်အပေါ် ကာမ ဆိုင်ရာကျေနပ်မှု၊ စီးပွားရေးပံ့ပိုးမှု၊ ကလေးများအား ပညာပေးမှုစသည့် ဝတ္တရားများပျက်ကွက်ခြင်း၊ အဆိုးဆုံးလုယူမှုဖြစ်သော မတရားသော မေထုန်မှီဝဲခြင်း၊ သူတစ်ပါးနှင့်ဆိုင်၍ ကိုယ့်ရပိုင်ခွင့်မဟုတ်သော အရာကို ယူခြင်းဖြစ်သည်။

         (၁၃) ပြန်ပေးဆွဲခြင်း၊ ကျွန်ပြုခြင်း၊ မှားယွင်းသော ထောင်ချခြင်း (Kidnapping, Slavery, wrongful imprison- တရားဟောရာကျမ်း ၂၄း၇။ UN ၏စာရင်းအရ ကမ္ဘာအနှံ့၏ နယ်စပ်များတွင် ဖြတ်သန်းသွား သောလူမှောင်ခိုမှုသည် နှစ်စဉ် ၆ သိန်း မှ ၈ သိန်းအထိ (အများအားဖြင့် အမျိုးသမီးများ နှင့်ကလေးများ) ရှိသည်ဟုဆို၏။ မှားယွင်းစွာထောင်ချမှု များလည်း ပါဝင်နိုင်ပါသည်။

         (၁၄) ဆယ်ဖို့တစ်ဖို့မပေးဘဲ ထားရှိခြင်း (withholding tithe) – ဝမ်းမြောက်ဖွယ်သတင်းစကားကို အများကြားနာခွင့်နှင့် မိမိအသက်တာ ၏ငြိမ်သက်ခြင်း၊ မျှော်လင့်ခြင်းနှင့် သာယာမှုကို ဆုံးရှုံးစေသည်။ ဆယ်ဖို့ တစ်ဖို့ကို သစ္စာရှိစွာပြန်အပ်ခြင်းဖြင့် သူတစ်ပါးထံသို့ ဘုရားရှင်၏ မေတ္တာ သတင်းစကားကို ရောက်စေနိုင်ပါသည်။ (မာလခိ ၃း၈)။

         အခြားသောခိုးယူမှုမျိုးလည်း ရှိပါလိမ့်ဦးမည်။

         နောက်တစ်ဖန် ပြန်၍မေးပါရစေ - မက္ကဆီကိုမြို့တော်မှာ ရှိခဲ့စဉ် က ကျွန်ုပ်တို့၏ ပြတင်းပေါက်မှ တိတ်တဆိတ်ဝင်လာခဲ့သော ထိုသူခိုး သည် ဘာကိုလိုချင်ခဲ့ပါသနည်း။

         အထက်ပါစာရင်း၌ လိုလားသူများနှင့် တစ်ထပ်တည်းပင် ဖြစ်ပေ လိမ့်မည်။ မပေးသောအရာကို ရယူခြင်း၊ ရပိုင်ခွင့်မရှိသောကြောင့် ၎င်းတို့ ၏ဥစ္စာမဟုတ်သောအရာကို ရယူခြင်းဖြစ်သည်။ ထို့ကြောင့် ပြတင်း ပေါက်မှထိုသူခိုးသည် အချည်းနှီးသော (ဘာမှမဟုတ်သော) အရာကို ရယူလိုခြင်းသာဖြစ်ပါသည်။

 

ချွေးကိုအရင်းပြုလျက်

         ခိုးယူခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သော ပထမဦးဆုံးကျမ်း သက် သေစည်းမျဉ်းကို ကမ္ဘာဦးကျမ်း ၃း၁၉ တွင် “သင်၏မျက်နှာမှ ချွေးထွက် လျက် အစာကိုစားရမည်” ဟု ဖေါ်ပြထားပါသည်။ ရှင်ပေါလုကလည်း “ခိုးတတ်သောသူသည် နောက်တစ်ဖန်မခိုးဘဲ ဆင်းရဲသောသူအား ပေး ကမ်းဝေငှရန်ရှိစေခြင်းငှါ၊ မိမိလက်နှင့် ကောင်းသောအလုပ်ကို လုပ် ဆောင်အားထုတ်စေ” ဟု ဆုံးမခဲ့ပေသည်။ (ဧဖက် ၄း၂၈)။

         ခိုးယူခြင်းနှင့်ပတ်သက်၍ ထိုကျမ်းချက်တွင် နှစ်ပိုင်းခွဲပြီး ပြဌာန်း ထားသည်ကိုတွေ့ရ၏။ ပထမအပိုင်းမှာ မိမိကိုယ်ကို ထောက်မရန်ဖြစ် သည်။ “ခိုးတတ်သောသူသည် မိမိလက်နှင့်ကောင်းသော အလုပ်ကို လုပ် ဆောင်အားထုတ်စေ” ရလိုသည့်အရာအတွက် တန်ရာကို ပေးဆပ်ရ မည်ဟု ဆိုလို၏။

         ၁၆ ရာစုပြုပြင်ပြောင်းလဲရေးသည် ပြင်းထန်သော ဘာသာရေး အတွေးအခေါ်ဆိုင်ရာ လှုပ်ရှားမှုကြီးဖြစ်သည်။ ဥရောပအဆောက်အအုံ ကို လှုပ်ခါစေခဲ့သော လူမှုရေးဆိုင်ရာ ပြောင်းလဲမှုကြီးတစ်ရပ်လည်း ဖြစ်ပေသည်။ လူသားတိုင်း၏ နှလုံးသားကိုတို့ထိလျက် အတွေးအခေါ်ကို ပြောင်းလဲစေခြင်းတွင် ဘာသာရေးကို ဆန့်ကျင်နေကြသူများသို့ပင် အကျိုးသက်ရောက်ပေသည်။

         ဂျွန်ခဲလ်ဗင်း၏အုပ်ချုပ်မှုအောက်တွင်ရှိသော ဂျင်နီဗာမြို့ရှိ လူတို့ ၏ အသက်တာကို ပြုပြင်ပြောင်းလဲရေးစိတ်ဓါတ်နှင့် အတွေးအခေါ် အတွက် စံနမူနာထားလောက်သည်။ ပြုပြင်ပြောင်းလဲမှုကြီး (Refor- mation) က ရှေ့ဆက်လာသည်အလျောက် စစ်ဆေးညှဉ်းပန်းမှု မီးလျှံ လည်း တက်လာသည်ဖြစ်ရာ ဂျင်နီဗာမြို့လည်း ဒုက္ခသည်များ စုဝေးရာ အရပ်ဖြစ်လာတော့၏။ အများအားဖြင့် ဗလာကျင်းနှင့် ရောက်လာကြ၏။ သို့သော် ဂျင်နီဗာမြို့က ၎င်းတို့ကို စောင့်ရှောက်ထားသည်။ အုပ်စုအဖွဲ့မှ မဟုတ်သော သီးခြားတချို့လည်း အသက်ကြီးသူအိုမင်းမစွမ်းများနှင့် အစွန့်ပစ်ခံများဖြစ်ကြရာ ၎င်းတို့အတွက်ကိုလည်း ဂျင်နီဗာက စီမံပေးရ ပေသည်။ မြို့ကိုရပ်ကွက်အလိုက်ခွဲပြီး အသင်းထောက်များက ဆင်းရဲချို့ တဲ့သူများစာရင်းကို ပြုစေသည်။ ထပ်ဆင့်၍ ၎င်းတို့၏ လိုအပ်ချက်များ အတွက် အတိုးမရှိချေးငှားပေးခြင်းနှင့် ၎င်းတို့၏ ကလေးများအတွက် အခြေခံပညာသင် စရိတ်အလွတ်စီစဉ်ပေးသည်။

         သို့သော် ဆင်းရဲခြင်းအတွက် ထိုသို့စီစဉ်ပေးသောအခါမှာ ပျင်းရိ သော သဘောကဝင်လာ၏။ ထို့ကြောင့် ခဲလ်ဗင်းက အလုပ်လုပ်ခြင်း၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးရ၏။ အလုပ်ကြိုးစားလုပ်ဆောင်သူထံမှ အလုပ်မလုပ်သောသူက ခံစားခွင့်ကိုမူ သူလုံးဝအားမပေးချေ။ ဆာလံ ကျမ်း ၁၂၈း၂ ကိုလက်စွဲပြုဟန်ရှိသည်။ “သင်သည် မိမိလက်နှင့် လုပ် ဆောင်၍ ရသောအစာကို စားရလိမ့်မည်။ မင်္ဂလာရှိ၍ ကောင်းစားလိမ့် မည်။” ထို့အတူ သုတ္တံကျမ်း ၁၀း၄ မှ “ပျင်းရိသော သူသည် ဆင်းရဲခြင်း၊ လုံ့လဝီရိယရှိသော သူသည် ကြွယ်ဝခြင်းသို့ ရောက်တတ်၏” ဟူသော အဆို၌လည်းတည်၏။

         သမ္မာကျမ်းကိုအခြေပြုသောခဲလ်ဗင်း၏ စည်းမျဉ်းကို အစိုးရက လက်တွေ့အသုံးချသည်နှင့် နှစ်အနည်းငယ်အတွင်းမှာ ဂျင်နီဗာသည် ဥရောပ၏ အကြွယ်ဝဆုံး မြို့ဖြစ်လာခဲ့၏။ အိမ်ရာပိုင်ဆိုင်သူများအား လည်း မိမိတို့၏ အိမ်ခြံရှေ့လမ်းများကို ရှင်းလင်းစေကြသောကြောင့် အသန့်ရှင်းဆုံးနှင့် ကျန်းမာရေးအကောင်းဆုံးသော အခြေအနေသို့ ရောက်ခဲ့၏။ ထို့ကြောင့်လည်း ထိုပတ်ဝန်းကျင်၌ ခိုးဆိုးမှု၊ အဓမ္မ အမှုများကို မကြားခဲ့ရသည်မှာ အံ့သြစရာမရှိပါ။

         ကောင်းချီးခံစားရန် ချွေးကိုအရင်းပြုရမည့်အပိုင်းကို ဘုရားသခင် က စီမံပေးခဲ့ခြင်းပင်ဖြစ်သည်။ စိတ်ဖိစီးမှုမှလွတ်ကင်းရန် ခန္ဓာအတွက် အသက်ရှည်ရာအနာမဲ့ကြောင်းနှင့်စိတ်ပိုင်း၌စီစဉ်တကျရှိလျက်အေးချမ်း သာယာမှုရရန်အတွက်ပင်ဖြစ်ပေသည်။

သွားခွင့်ပြုပါဦးခင်ဗျား”

         မက္ကဆီကို၌ ဆုံဆည်းခဲ့ရသော ထိုသူခိုး၏ အတွေးအခေါ်ကို ကျွန်ုပ်လိုက်၍မမီခဲ့။ ကျွန်ုပ်အသံခပ်မာမာဖြင့် ၎င်းအားစကားပြောပြီး နောက်ခဏအကြာတွင် အင်္ဂလိပ်စကားဖြင့် အလွန်ယဉ်ကျေးစွာ ပြော လိုက်သည်မှာ “ကျေးဇူးပြု၍ သွားခွင့်ပြုပါဦးခင်ဗျာ” တဲ့။ ထို့နောက် သတိနှင့် ပိုက်လုံးကိုဖက်တွယ်လျက် အောက်သို့ ဆင်းသွားတော့၏။ အံ့သြစရာတော့အကောင်းသား။ အင်္ဂလိပ်စကားပြောနိုင်သည့် မက္ကဆီ ကန်တော့ ခပ်ရှားရှားပင်။ ဖြစ်နိုင်သည်က ထိုကဲ့သို့လုပ်စားနေကျသူများ မှာ သိပ်တော့မခေလှ။ ၎င်းတို့က မိမိတို့ကိုယ်ကို ကျွန်ုပ်တို့များထက်ပင် စမတ်ကျသည်ဟု ထင်တတ်ကြသေးသည်။ သိပ်အား မစိုက်ရဘဲ ငွေများ များရနိုင်ပါလျက်နှင့် အဘယ်ကြောင့် ဝင်ငွေနည်းသော အလုပ်အတွက် အချိန်ကုန်ခံရသနည်း။

         သင့်သောမေးခွန်းတစ်ခုဖြစ်သည်။ ထိုထက်အနည်းငယ်ချဲ့လျှင် ၅ မိနစ်အတွင်း အင်တာနက်မှရနိုင်သည့် အချက်အလက်များအတွက်
နာရီများဖြင့် ကျွန်ခံဦးမည်လော။ ထိုက်သင့်သော အဖိုးအခကို မရသော ကြောင့် ကျွန်ုပ်ခို၍၊ လျော့၍လုပ်မည်။ အလုပ်ချိန်မှတ်တမ်း၌ နည်းနည်း ပိုတင်မည်။ စမတ် (smart) ကျသည့် လူလည်များလုပ်နေကျအလုပ် မဟုတ်ပါလား။ လူမှုဖူလုံရေးစာရင်း နှစ်နေရာတွင် နာမည်ပါသောသူ တစ်ဦးက ၎င်းသည် နေ့စဉ်နံနက် ၉ နာရီတွင် အလုပ်တက်ရသော သူများ ထက် ပို၍ပင်သက်သာပြီး အဆင်ပြေသေးသည်ဟု ကြွား၍ပြောဖူးပါ သည်။

လူတစ်ယောက်၏အဆိုးဆုံးသောနေ့

         သောမတ်(စ်)ဂျက်ဖာဆင်၌ ထူးခြားသောအတွေးအခေါ် တစ်ခုရှိ ခဲ့၏။ “လူတစ်ယောက်ရဲ့အဆိုးဆုံးနေ့ဟာ အရင်းမစိုက်ရဘဲ အမြတ်ရဖို့ ထိုင်ပြီး စီစဉ်နေတဲ့နေ့တစ်နေ့ပဲဖြစ်တယ်” ဟု သူကဆို၏။ ဂျက်ဖာဆင် က သူခိုးထွင်းဖောက်မှုကြောင့် ပျက်စီးသွားနိုင်သည့်အပိုင်းကို ပြောခြင်း မဟုတ်ဘဲ ထိုသို့တပ်မက်သူ၏ အပေါ်သို့ ကျရောက်မည့် ပျက်စီးဆုံးရှုံးမှု ကိုဆိုပါသည်။ အဌမပညတ်ချက်၏ သတိပေးချက်အတွက် အရေးပါ သောအထောက်အထားတစ်ခုဖြစ်သည်။

         လူလည်များသည် အလွယ်လိုက်ရင်း အန္တရာယ်များသော ကုန် သွယ်မှုများကို ပြုတတ်ကြသည်။ ၎င်းတို့၏ ဂုဏ်သိက္ခာတန်ဖိုးနှင့် အများ လေးစားမှုကိုပင် အသပြာနှင့် လဲလှယ်သည်အထိ ဖြစ်သည်။ အမှန် တကယ် သူတို့ဘာရရှိသွားသနည်း။

(၁)   မရိုးသားမှုသည် ကျွန်ုပ်တို့၏ ကိုယ်ပိုင်စိတ်ကျေနပ်မှုနှင့် မိမိ ကိုယ်ကိုလေးစားသည့်အသိတရားကို ပျက်ပြားစေသည်။ မရိုးသားမှုကို အခြားသူမသိအောင်ပြုနိုင်သော်လည်း မိမိကိုယ်ကို မိမိကွယ်ဝှက်၍ တော့ မရနိုင်ပါ။ မှန်သောအကျိုးနှင့် စုံလင်သောဝမ်းမြောက်ခြင်းကို မိမိ ကိုယ်တိုင်ကောင်းမွန်ကျေပွန်စွာ ပြီးမြောက်အောင်မြင်စေနိုင်ခြင်းမှ ရရှိ ပါသည်။

(၂) အရင်းမစိုက်သောအမြတ်၏ သဘောသည် စာရိတ္တကို ညံ့ဖျင်း ကျဆင်းစေပါသည်။ ဆိုးရွားသော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတိုင်အောင် နိမ့်ဆင်းသွားစေသော စွဲစေတတ်သည့် သဘောမျိုးဖြစ်သည်။ လောင်း ကစားမှုနှင့် အလစ်သုတ်မှုကို လိုက်စားခြင်းသည် သန်းပေါင်းများစွာ သော အသက်တာကို ဖျက်ဆီးလျက်ရှိသည်။ ကာမဆိုင်ရာစွဲလမ်းမှုနှင့် အလုပ်၌သာ အာရုံစွဲလမ်းနေမှုတို့သည်လည်း ထိုသဘောနှင့်နီးကပ်စွာ ဆက်စပ်လျက် ၎င်းမှလွန်မြောက်ရန် ခက်ခဲလှ၏။ ထိုသို့မရိုးသားသော သဘောကို ကျင့်သုံးကြောင်း အများက ပြောလာသည့်အခါ ဖြစ်စေ၊ လျစ်လျူရှုခံရသည့်အခါမှာဖြစ်စေ၊ မိမိကိုယ်ကိုသော်လည်းကောင်း၊ သူ တစ်ပါးအားသော်လည်းကောင်း ဆိုးရွားသော ဖျက်ဆီးခြင်းကို ပြုစေနိုင် သည်။

(၃) ထို “အကျိုးမရှိသည့်တစ်စုံတစ်ခုသောအရာ” ဝါဒသည် အခြားသူများ နှင့်ဆက်ဆံရေးအခြေအနေကို နိမ့်ကျစေသည်။ သူတစ်ပါး၏ အကုန် အကျ၌သာခံယူခြင်းသည် သူ့အကျိုးကိုထုတ်ယူ (နုတ်ယူ) ခြင်းဖြစ်သော ကြောင့် ကိုယ့်ကို သူနှင့်ဆန့်ကျင်သော အတိုက်အခံဖြစ်စေသည်။ ထို ထက်မက မရိုးသားသောအပြုအမူ၏ နောက်တွင် ဂုဏ်သိက္ခာကင်းမဲ့စေ ပြီး ကိုယ်ပြုသလို သူပြုလေဦးမည်ဆိုသော အသိဖြင့် သိမ်ငယ်ရတော့ မည်ဖြစ်သည်။

မေတ္တာကိုအရင်းပြုလျက်

         ကျမ်းစာကိုအခြေခံသော ပြဌာန်းချက်၏ ပထမအပိုင်းမှာ မရိုး သားမှုကိုဖယ်ရှားသည့် ကိုယ်ထူကိုယ်ထစနစ်ဖြစ်ပြီး ဒုတိယအပိုင်းမှာမူ စေတနာထက်သန်ခြင်းပင်ဖြစ်သည်။ ကျမ်းချက်၌ပြောထားသည့်အတိုင်း “မိမိလက်နှင့်ကောင်းသော အလုပ်ကို လုပ်ဆောင်အားထုတ်စေ။ ဆင်းရဲ သောသူအား ပေးကမ်းဝေငှရန်ရှိစေခြင်းငှာ” (ဧဖက် ၄:၂၈) ဟု လာ၏။

         ခိုးယူခြင်း၏ ဆန့်ကျင်ဘက်ကား ပေးကမ်းခြင်းဖြစ်၏။ ဘက်မ လိုက်သောဆက်ဆံရေး၊ တစ်စုံတစ်ရာပြန်ရဖို့ မျှော်လင့်မထားဘဲ မေတ္တာ ဖြင့် ပေးဝေခြင်းသာဖြစ်၏။

         သခင်ယေရှု၏ ကောင်းသော ရှမာရိပုံပြင်သည် ဤစည်းမျဉ်း အတွက် ပြည့်စုံသောနမူနာဖြစ်၏။ ဓားပြက ထိုခရီးသွားကို တိုက်ခိုက်ပြီး ရှိသမျှကိုယူသွား၏။ လမ်းဘေးသို့ပစ်ထားခြင်းတွင် အသက်ပင် သေသွား ပြီဟု ထင်ထားပုံပေါက်၏။ (လုကာ ၁၀း၃၀-၃၆)။ ကောင်းသောရှမာရိ၏ သဘောက ဆန့်ကျင်ဘက်၌ရှိ၏။ သူခိုးဓားပြများက ယူသွားသည်ကို ထိုသူကပေး၏။ အခြေအနေကပြောင်းပြန်လှည့်ပြီး သူ့အတွက်အန္တရာယ် ရှိနိုင်သည်ကို သူဂရုမစိုက်၊ လူနာက သူ့အား အန္တရာယ်မပြုနိုင်၊ ထို့အပြင် ၎င်းထံမှ ပြန်ရမည့်အရာ ဘာတစ်စုံတစ်ခုကိုမျှ မျှော်လင့်စရာမရှိနိုင် ကြောင်းကို သူသိ၏။ သို့သော် လိုအပ်သည်ကို သူဖြည့်ဆည်းပေးခဲ့၏။ မေတ္တာကြောင့်ဖြစ်၏။ သူချစ်သောကြောင့် သူပေးခဲ့ပါသည်။

         ခိုးယူခြင်းသည် တစ်ကိုယ်ကောင်းစိတ်ကိုဖော်ပြခြင်းသာ မဟုတ် ဘဲ ရိုင်းပျမှုကို တဲ့တိုးဖော်ပြခြင်းဖြစ်၏။ ထိုသို့ခိုးခြင်းက ယူသော်လည်း ချစ်ခြင်းကပေး၏။ ချစ်ခြင်းသည် တစ်ကိုယ်ကောင်းကို ကုသရာဖြစ်၏။ ချစ်ခြင်းသည် ချစ်ခြင်းခံရသူ၏ တစ်ကိုယ်ကောင်းစိတ်ကို မကုသပေးနိုင် သော်လည်း ချစ်သောသူ (ပြုသောသူ) အတွက် တကယ်ကုသရာဆေး ဖြစ်ပါသည်။

         မေတ္တာမပါသောချွေး (မေတ္တာကြောင့်မဟုတ်ဘဲ ရခဲ့သည်ကို တုံ့ ပြန်ခြင်း)သည် အမှန်ပြည့်ဝသော ကုသခြင်းမဟုတ်ပါ။ အရနှင့်ယှဉ်သော အပေးသည် သူများ၏ စိတ်သဘောမှာသာ မူတည်ပြီး ကိုယ့်စိတ်ကိုယ် မပိုင်သောကြောင့် ကျွန်ုပ်တို့မှာ လောဘနှင့်ဒေါသကိုသာ တွယ်ဖက်ရာ ရှိသေး၏။ ထို့ကြောင့် ကျွန်ုပ်တို့၏ ကိုယ်ပိုင်အားထုတ်မှုနှင့် စိတ်ရင်းတွင် သူတစ်ပါးကို ပြုစုစေသော သနားစုံမက်ခြင်းနှင့် ဘက်မလိုက်သော မေတ္တာပါရှိရမည်ဖြစ်သည်။ ရှင်ပေါလုပြောသော “မိမိလက်နှင့် (ဆင်းရဲ သောသူ) အား ပေးကမ်းရန်ရှိစေခြင်းငှာ ကောင်းသောအလုပ်ကို လုပ် ဆောင်အားထုတ်စေ” ကဲ့သို့ပင်ဖြစ်သည်။

ဘုရားသခင်ထံမှအရင်းမစိုက်သောအမြတ်ကိုရယူလိုခြင်း

         အရင်းမစိုက်ဘဲ အမြတ်ရလိုသောသဘောကို ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးတွင်ပါဝင်စေခြင်းသည် အကြီးမားဆုံး အန္တရာယ် မျိုးဖြစ်၏။ သမ္မာကျမ်းစာက ကယ်တင်ခြင်းသည် “အခမဲ့ လက်ဆောင်” ဟုဆိုသောကြောင့် ဤအကြောင်းအရာနှင့်ပတ်သက်၍ ရှုပ်ထွေးသွားစေ နိုင်သည်။ အကြောင်းမှာ “အခမဲ့လက်ဆောင်” ဆိုသော သတင်းစကား သည် ဝမ်းမြောက်ဖွယ်သတင်းစကား၏ အရေးပါဆုံးသော သတင်းစကား ဖြစ်သောကြောင့်ပင်။ ကိုယ်၏ကောင်းသော လုပ်ရပ်များဖြင့် မည်သူမျှ ကယ်တင်ခြင်းကို မရနိုင်။ ထိုအလုပ်က ဘယ်တော့မှ မပေးနိုင်သည်မှာ မှန်ပါသည်။

         သို့သော် တချို့သူများက ဤအချက်ကို ကောင်းသော လုပ် ဆောင်မှုများမလိုအပ်ဘူးဟု ဆိုလိုက်သောအခါ ဒုက္ခရောက်တော့သည်။ ပညတ်တော်၌ ကိုယ်ကြိုက်ရာကို စောင့်ထိန်းပြီး ကျန်သောအချက်မှာ ကျေးဇူးတော်ကြောင့်ပယ်လိုက်ပြီဆိုသော မီးဖိုချောင်စနစ် (ကြိုက်တာ ရွေးစား) မျိုးဖြစ်သည်။ ပညတ်တော်မှ (သို့မဟုတ်) သမ္မာကျမ်း၏ အခြား အပိုင်းမှဖေါ်ပြသော ဘုရားသခင်၏ စကားများကို ဆက်ခါဆက်ခါ ငြင်း ဆန်နေရင်းနှင့်ပင် ကယ်တင်ခြင်းကို ရနိုင်သည်ဟု ကျွန်ုပ်တို့ပြောနိုင်ပါ သလား။

         ဂျွန်မက်အာသာက ချက်ကျလက်ကျ ဤသို့ဖြေ၏။ “ယနေ့ ခေတ်စားနေသောဧဝံဂေလိသည် အပြစ်သားတို့အား မှားယွင်းသော မျှော်လင့်ခြင်းကို အကျယ်တဝင့် ဟောပြောနေသည်။ ဘုရားသခင်အား ပုန်ကန်သည့် အသက်တာဖြင့် ဆက်လက်နေထိုင်ရင်းနှင့်ပင် ကယ်တင်ခြင်းရနိုင်သည်ဟု ကတိပေးနေသည်။ သခင်ယေရှုအား မိမိ၏ ကိုယ်ပိုင် သခင်အဖြစ် မခံယူတော့ဘဲ ကယ်တင်ရှင်အဖြစ်သာ တောင်းဆိုရန် အမှန် တကယ်အားပေးနေသည်။ အမှန်တကယ်လိုအပ်သောအပြစ် ဒုစရိုက်မှ လွတ်မြောက်ရန်မဟုတ်ဘဲ ငရဲမှကယ်တင်ရန်သာ ကတိပေးနေသည်။ ကာမဂုဏ်ပျော်ပါးခြင်း၌ မြူးထူးနေကြသူများအား စိတ်ချလုံခြုံမှု အတု ကိုပေးပြီး စင်ကြယ်ခြင်းလမ်းစဉ်ကို ပယ်ချနေသည်။ ယုံကြည်ခြင်းကို သစ္စာစောင့်ခြင်းနှင့် တခြားစီခွဲလိုက်ခြင်းအားဖြင့် ကိုယ့်အသိတရားက သမ္မာတရားကို အပြည့်အဝနာခံသကဲ့သို့ ခိုင်မာသည်ဟု သွန်သင်နေပါ သည်။”

         ထိုသဘောကို ဆရာကြီး Dietrich Bonhoefffer က “အပေါစား ကျေးဇူးတော်” “cheap grace” ဟုခေါ်ဆိုထားသည်။ အပေါစားကျေးဇူး တော်ဆိုသည်မှာ နောင်တမလိုသော ခွင့်လွှတ်ခြင်း၊ အသင်းတော် စည်းမျဉ်းမပါသောနှစ်ခြင်းနှင့် ဝန်ချခြင်းမရှိသောပွဲတော် မင်္ဂလာတို့ကို အားပေးနေသောသြဝါဒများသာဖြစ်သည်။

         အမှန်ကျေးဇူးတော်မှာကား ဧဝံဂေလိတရား၏ ဗဟိုနှလုံးသား ဖြစ်ပါသည်။ ကိုယ်ရှိတဲ့ အခြေအနေမှာ ခရစ်တော်ထံ လာနိုင်ပါသည်။ ဘယ်အခြေအနေအတွက်မှ စောင့်နေစရာမလိုပါ။ မိမိ၏ အမှတ်စာရင်း တွင် ခြစ်ထားသောအမှားများ၊ ကျရှုံးခြင်း မှတ်ချက်များနှင့် ပြည့်နှက် နေပါစေ၊ တွန့်ဆုတ်နေစရာမလိုပါ။ ထိုက်တန်စရာမရှိသော်လည်း ဧဝံ ဂေလိတရားက “ရဲရင့်သောစိတ်” ဖြင့် အထံတော်သို့တိုးဝင်စေ နိုင်ပါ သည်။ (ဟေဗြဲ ၄း၁၆)။ သို့သော် ရဲရင့်စွာ အပြစ်လုပ်နိုင်ခြင်းကိုတော့ မဆိုလိုပါ။ ထိုအခြေအနေကို ရှင်ပေါလုသိထားသည်။ “ထိုသို့ မှန်လျှင် အဘယ်သို့ ပြောရမည်နည်း။ ကျေးဇူးတော်ပွားများစေခြင်းငှါ အပြစ် တရားကို ကျင့်၍နေရမည်လော။ ထိုသို့မနေရ---” ဟုပင် သူက သတိပေး ထားခဲ့၏။ (ရောမ ၆း၁)။

         အဖွင့်၌ ဆိုခဲ့သည့် ကတိတစ်ခုကိုသတိရပါ။ အလွန်အရေးကြီး သောဤအကြောင်းအရာအတွက်မျက်စိမှိတ်လက်ခံစရာမလိုပါ။သို့သော် ကျစ်လျစ်ခိုင်မာစွာ တည်ဆောက်ထားသော ဥပဒေများကို သင်ကိုယ်တိုင် စမ်းသပ်မွေ့လျော်နိုင်ရန်သာ ဖြစ်ပေသည်။ သင်ကိုယ်တိုင် သက်ဝင်လိုက် လျှောက်ခြင်းဖြင့် ထူးသာယာစေမည် ဖြစ်သည်။ သင့် ကိုယ်ပိုင်ကမ္ဘာ အတွက် သင်အစပြုပြီဟု ကျွန်ုပ်မျှော်လင့်ပါသည်။ သင်တကယ်ပြုမိပြီ ဆိုက ကျွန်ုပ်ပြောသမျှ သင်သိနှင့်ပြီဖြစ်မည်။ အကြောင်းမှာ အကျိုးသက် ရောက်မှုကား လက်ငင်းနှင့်ထိရောက် ထက်မြက်ခြင်းတို့ကြောင့် ဖြစ်ပေ သည်။

No comments:

Post a Comment