ငြိမ်ဝပ်ခြင်းချမ်းသာကိုတွေ့ရှိခြင်း
စတုတ္ထပညတ်ချက်
“ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှါ
ထိုနေ့ရက်ကို အောက်မေ့လော့။ ခြောက်ရက်ပတ်လုံးအလုပ်မျိုးကို ကြိုးစား၍
လုပ်ဆောင်လော့။ သတ္တမ နေ့ရက်သည် သင်၏ ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌
သင်မှစ၍ သင်၏ သားသမီး၊ ကျွန်ယောကျ်ားမိန်းမ၊ တိရစ္ဆာန်၊ သင်၏ တံခါးအတွင်း၌နေသော ဧည့်သည်အာဂန္တုသည်
အလုပ်မလုပ်ရ။ အကြောင်းမူကား ထာဝရဘုရားသည် မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊
အရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်တွင် ဖန်ဆင်း၍ သတ္တမနေ့ရက်၌
ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက် ကိုကောင်းချီးပေး၍
သန့်ရှင်းစေတော်မူ၏။” (ထွက်မြောက်ရာကျမ်း ၂၀း၈-၁၁)။
ဂွါတီမာလာ၏ အရှေ့မြောက်ကမ်းခြေဘက်သို့ မကြာခဏ
ခရီး ဆန့်ခဲ့သော်လည်း ဤတစ်ကြိမ်တော့ ခါတိုင်းနှင့်မတူ၊ ညနေ (၅) နာရီ လောက်တွင်
ဆိပ်ကမ်းမှ ထွက်ခွါချိန်၊ မှောင်ရီစပျိုးလာပြီဖြစ်သည်။ ခါတိုင်းလေညင်းခံကြသော်လည်း
မိုးကြီးသည်းမည်းရွာချသောကြောင့် လူတိုင်းသည် မိမိတို့အခန်းထဲတွင် ဝင်နေကြ၏။
ပင်လယ်ပြင်ကြီးသို့ ထွက်သွားသည်နှင့် မုန်တိုင်းလည်း အပြင်းအထန် တိုက်ခတ်လေ၏။
လေကြမ်းဝှေ့ယမ်း၍ မိုးပေါက်များလည်း ပြင်းထန်စွာ
ရိုက်ခတ် သည်နှင့် ပြတင်းတံခါးမှာ ပြိုကျမလားထင်ရ၏။ လက်တစ်ဖက်ဖြင့် သင်္ဘောနံရံကို
ကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် ဦးခေါင်းကို ကိုင်ရင်း မူး ဝေအော့အန်ခြင်းမှ လွတ်မြောက်ရန်
ကြိုးစားသော်လည်း အခြေအနေက သာ၍ဆိုးရွားလာကာ နိမ့်ချီ မြင့်ချီ ဖြစ်နေသော လှိုင်းလုံးကြားတွင်
သင်္ဘောလည်း ဦးမော့လိုက် ငုံ့လျှိုးလိုက် ဖြစ်နေတော့၏။ စကားစမြည် ပြောခြင်းငှါ မစွမ်းနိုင်ကြတော့ပါ။
အခြားခရီးသွားဖော်များထံမှ ညည်း တွားသံ၊ ဘုရားတပ်သံ၊ မြည်တွန်ဆဲရေးသံတို့ကိုသာ ကြားနိုင်ခဲ့၏။
အလျင်အခေါက်များ၌ ကမ်းခြေတစ်လျှောက်တွင် ဝင်းခနဲ လက်ခနဲလင်း နေတတ်သောမီးအလင်းကိုကြည့်ရင်း
မိမိ၏ ခရီးပေါက်လာမှုကိုခန့်မှန်း နိုင်ခဲ့သော်လည်း ယခုတွင်မူ ထိုအိမ်များမှ အလင်းကို
မဆိုထားနှင့်၊ ကိုယ် စီးလာသောသင်္ဘော၏ ဦးပိုင်းဆီကိုပင်မမြင်နိုင်ခဲ့။
ခါတိုင်းဆိုလျှင် ထိုခရီးကိုမိနစ်(၉၀)သာ သွားခဲ့ရသော်လည်း
သည်တစ်ခါတော့ အမြဲသာကြာနေတော့မည်ထင်ရ၏။ သင်္ဘောကပ္ပတိန် တော့ လမ်းပျောက်နေလောက်မည်ဟု
ထင်ခဲ့မိသော်လည်း မယုံနိုင် အောင် ငြိမ်သက်မှုက ရုတ်တရက်ဆိုသလို ဆိုက်ရောက်လာသောအခါ
သင်္ဘောမှာလူးလဲ၊ နိမ့်မြင့်ဖြစ်မနေတော့ဘဲရေယာဉ်ကြောတွင် ဟန်ချက် ညီစွာ
အသာလျှောလျက်နှင့် ကျွန်ုပ်တို့လည်း မိုးရေကြားမှ ခရီးလမ်းဆုံး အလင်း တံခါးကို
ကြည်နူးစွာမြင်တွေ့ရပေတော့သည်။
အဘယ်အရာက ခြားနားမှုကိုပြုခဲ့သနည်း။ မုန်တိုင်းက
လွန်မ သွားသေးပါ။ သမုဒ္ဒရာပြင်မှ လှိုင်းလုံးကြီးများက ဒေါသပုန်ထဆဲ၊ ရိုင်းပျ နေဆဲပင်။
သို့သော် ကျွန်ုပ်တို့ကို ဘယ်တော့မှ မထိတ်လန့်စေနိုင်တော့ ပါ။
ကျွန်ုပ်တို့လုံခြုံပြီ။ လုံခြုံဆိုခိုလှုံရာဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ပြီမှပဲကိုး။
ကမ္ဘာမြေကြီး၏ အစအဦး၌ ကြီးစွာသော လေပြင်းမုန်တိုင်း
တိုက်ခတ်လျက်၊ မထွင်းဖောက်နိုင်သောအမှောင်ထု၊ ရေထု၊ လေထု၊ ကျောက်ဆောင်များ ဖုံးလွှမ်းလျက်နှင့်
ပြင်းထန်သော ဝဲကြီးမွှေနှောက် လျက် ဖရိုဖရဲဖြစ်ခဲ့သည်ဟု
သမ္မာကျမ်းကဖော်ပြထားပါသည်။ (ကမ္ဘာဦး ကျမ်း ၁း၁၊၂)။
ဘုရားသခင်အမိန့်ရှိတော်မူသောအခါအလင်းအတွက် မှောင်မိုက်
ဖယ်ရှားရ၏။ တစ်ဖန်မိန့်တော်မူပြန်သော် ပတ်ဝန်းကျင် လေပြည်သွေး လာ၏။
ကုန်းမြေပြင်များ ပေါ်ထွန်းလာ၏။ တောင်ကြီးများလည်း မြင့်
တက်လာကြ၏။ ပင်လယ်ရေပြင်သည်လည်း
နေရာတကျ တည်ကုန်ကြ ၏။ ဖန်ဆင်းခြင်း၏ ဖြစ်စဉ်၌ ကစဉ့်ကလျားမှစီစဉ်တကျသို့၊
ရုန်းရင်းဆန် ခတ်မှ ငြိမ်းချမ်းသာယာမှုများသို့ ရောက်စေခဲ့ပါသည်။ တစ်စုံတစ်ရာပြီး မြောက်သောအခါတိုင်း
ဖြစ်ပေါ်သောဘုရား သခင်၏ စိတ်ကျေနပ်မှုမှာ စိတ်ဝင်စားဖွယ်ကောင်းပေသည်။ အခန်းငယ်
(၁၀) တွင် “ကောင်းသည်” ဟုမိန့်တော်မူ၏။ အလင်း၊ လေ၊ ရေ
နှင့်မြေကြီးတည်ရှိလာခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ အပင်ပေါက်ရောက်ရန်
ထိုဓာတ်ကြီးလေးပါးက အရေး တကြီးလိုအပ်ပေသည်။ တစ်နည်းအားဖြင့် နောက်တစ်ဆင့်အတွက် အဆင်သင့်ဖြစ်ပြီ။
ထိုနေ့မှာပင် ဆက်၍မြေကြီးသည် စိမ်းလန်းသော အဝတ်ကို
ယူ တင်လျက် မြက်ပင်များ၊ အရွက်ကျယ်များ၊ ရေညှိပင်များနှင့် နွယ်ပင်များ ပေါက်ရောက်လာကြ၏။
ခန့်ညားသောသစ်ပင်ကြီးများလည်း ၎င်းတို့၏ လက်တံများကို ကောင်းကင်သို့ ဆန့်ထုတ်လျက်၊
ထင်းရှူးပင်များအပြင် ပန်းမန်တို့သည်လည်း မြေမျက်နှာပြင်ကို အရောင်စုံဖြင့် ခြယ်မှုန်းကာ
လေညင်းကိုလည်း သင်းရနံ့တို့ဖြင့်မွှေးပျံ့စေတော့၏။
ဟင်းသီးဟင်းရွက်များလည်း မိမိတို့၏ အစိမ်းရောင်အရွက်တို့မှ
နေရောင်ခြည်စွမ်းအင်ကို အသုံးပြု၍ အစာအဖြစ်ပြောင်းလဲပေးသော အံ့ဖွယ် photosynthesis
စနစ်ဖြင့် သက်ရှိတိရစ္ဆာန်များကို အလုပ် အကျွေးပြုလျက်
အစာနှင့်အောက်စီဂျင်ကို ထုတ်လုပ်ပေး၏ တစ်ဖန် ဘုရားသခင်က ထိုအမှုကို “ကောင်းသည်”
ဟုထပ်၍ မိန့်တော်မူ၏။ (အခန်းငယ် ၁၂)။
ပဉ္စမနေ့နှင့် ဆဌမနေ့နံနက်ပိုင်းတွင်
အမိန့်ရှိတော်မူပြန်၍ ရေ ပြင်၊ မြေပြင်နှင့် ကောင်းကင်လေပြင်တို့၌ ရေကူး၊
လမ်းလျှောက်၊ ပျံသန်း၊ တွားသွားတတ်သော အကောင်တို့ဖြင့် ပြည့်နှက်လျက်ရှိ၏။ တစ်ဖန်
ဖန်ဆင်းရှင်သည် စိတ်ကျေနပ်မှုကို နှုတ်မြွက်ပြန်၏။ (အခန်းငယ် ၂၅)။
ထို့နောက် ဘုရားသခင်က “ငါတို့ပုံသဏ္ဌာန်နှင့်တညီ
တသဏ္ဌာန် တည်း လူကိုဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးတို့ကို လည်းကောင်း၊
မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ သားယဉ်တို့ကိုလည်းကောင်း၊
မြေတစ်ပြင်လုံးနှင့်တကွ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်အပေါင်း တို့ကိုလည်းကောင်း
အုပ်စိုးစေ” ဟုအမိန့်တော်ရှိ၏။ (အခန်းငယ် ၂၆)။
ထိုသို့အသိဉာဏ်ရှိသော သတ္တဝါက ကမ္ဘာကို အုပ်စိုးစေခြင်းသည်
ဘုရားသခင်က ဖရိုဖရဲဖြစ်နေခြင်းမှ စီစဉ်တကျဖြစ်စေသော လုပ်ဆောင် ချက်တို့၏ နောက်ဆုံးအဆင့်ပင်ဖြစ်သည်။
ဖန်ဆင်းရှင်ကြီးသည် မိမိပြု သောအမှုကိုရှုမြင်လျက် ဝမ်းမြောက်ဝမ်းသာမဆုံးဖြစ်ကာ
မိမိ၏ အမှုကို လက်စသတ်လေ၏။ ထိုအခါ၌ “အလွန်ကောင်းသည်” ဟု ထူးထူးခြား ခြားထုတ်ဖော်ကြေညာပေတော့သည်။
(အခန်းငယ် ၃၁)။
သိပ္ပံပညာ၏အဆိုအရ အရာဝတ္ထု(matter)တွင် အီလက်ထရွန် နှင့်ပရိုတွန်တည်းဟူသော လျှပ်စစ်အမဓာတ်နှင့် အဖိုဓာတ်တို့
ဖွဲ့စည်း ပါဝင်ကာ စွမ်းအင်ကို ဖြစ်စေသည်။ အရာဝတ္ထု(matter)သည်လည်း
ဒြပ်စင်များ(အပေါ့ပါးဆုံးဟိုက်ဒြိုဂျင်မှစ၍ တစ်စက္ကန့်၏ အစိတ်အပိုင်းမျှ သာ
တည်ငြိမ်နေနိုင်သော ရေဒီယိုအက်တစ် (ခေါ်) ဓာတ်ရောင်ခြည် ထုတ်လွင့်သော အရာအထိ)၏ အသွင်သဏ္ဌာန်တို့၌
အမျိုးအစား သတ် မှတ်လျက်ရှိသည်။
သဘာဝတရား၏ဆန့်ကျင်ဘက်၌
ရူပဗေဒပညာရှင်များက thermodynamic (ခေါ်) အပူဓာတ်နှင့် လှုပ်ရှားမှုတို့၏ ဆက်သွယ်ခြင်းအကြောင်းကို နိယာမ (၃)
ရပ်ဖြင့် ပေါင်း စပ်ဖွဲ့စည်းထားသည်ဆို၏။ ဒုတိယနိယာမတွင် သဘာဝတရား၌ရှိသမျှ သောအဖွဲ့အစည်းများသည်
ပြိုကွဲခြင်း၊ ကစဉ့်ကလျားဖြစ်ခြင်းနှင့် စွမ်း အင်ဆုံးရှုံးခြင်းသို့ရောက်မည်သာတည်း။
ထိုတရားကို သိပ္ပံပညာရှင်များ က entropy ဟုခေါ်ကြသည်။
ဖန်ဆင်းခြင်းက လုံးဝခြားနားစွာပြုသည်။ ဇီဝဓာတုနှင့် ရုပ်ခန္ဓာ က
ကြီးစွာသော ရှုပ်ထွေးခြင်းအသွင်သို့ ပြောင်းစေသည်။ ဘုရားသခင် တော့ဖြင့်
ဖရိုဖရဲဖြစ်နေသော ဂြိုဟ်ကို အစီအစဉ်တကျနှင့်တည်သော ကမ္ဘာတစ်ခုသို့ ပြောင်းလဲစေသည်။
“အလွန်ကောင်း” ဟုမြွက်ဆိုရာ၌ မုန်တိုင်းမှ လွန်မြောက်ခြင်း၊ ကစဉ့်ကလျားမှ နိုင်နင်းအောင်မြင်ခြင်း၊
ဖရို ဖရဲမှစီစဉ်တကျဖြစ်ခြင်းနှင့် ကမ္ဘာတစ်ခုလုံးရှိ မျိုးကွဲသက်ရှိအပေါင်းတို့ သည်
သဟဇာတကျ ပူးပေါင်းနေထိုင်နိုင်ခြင်းကို ဖြစ်တည်စေပါသည်။
ဖန်ဆင်းခြင်းနှင့်စပ်ဆိုင်ရာ ကိုယ်စီတို့သည် အများအကျိုးပြုရန် ရည်စူး စီစဉ်ထားပေသည်။
တစ်သဘောတစ်သံတည်းဖြင့် မိမိအားဖြစ်တည်စေ လျက် ပုံသွင်းပဲ့ပြင်သော ပုဂ္ဂိုလ်၏ မေတ္တာတော်နှင့်
အနှိုင်းမဲ့ဉာဏ်ပညာ ကို အရာရာ၌သက်သေပြုလိမ့်မည်တည်း။
ဖန်ဆင်းခြင်းအမှုအရာ၏ အဆုံး၌ ဘုရားသခင်၏ နောက်ဆုံး
ကြေညာချက်တွင် တွေ့ရသော သဘောအကြံအစည်များ၏ ဆက်စပ်မှု သည်
တိုက်ဆိုင်မှုတစ်ခုမဟုတ်ပါ။ ၎င်းမိန့်ဆိုချက်တွင်-
(က) အလွန်ကောင်းသည်ကိုမြင်တော်မူ၍၊ ထိုနောက်
(ခ) ငြိမ်ဝပ်စွာနေတော်မူ၏။
ဖန်ဆင်းရှင်ဘုရားနားနေရာ၌ ခြေကုန်လက်ပန်းကျလျက်
မော ပန်းခြင်းကြောင့်မဟုတ်ကြောင်း ထင်ရှားပါသည်။ ဖရိုဖရဲမှ စီစဉ်တကျ ဖြစ်သွားသောကြောင့်
နားခြင်းဖြစ်၏။ မုန်တိုင်းနောက်၌ ငြိမ်သက်ခြင်း နှင့်သာယာခြင်း၊ အမှုအရာပြီးဆုံး၍
ငြိပ်ဝပ်စွာနေတော်မူခြင်းဖြစ်၏။
အမှုပြီးစီးခြင်း
ဤကျမ်းပိုဒ်၌ ဘုရားသခင်၏ ထုတ်ဖော်ကြေညာချက်မှ
စကား အသုံးအနှုန်းကိုသတိပြုပါ။
“ဘုရားသခင်သည် မိမိ “ဖန်ဆင်း”
သမျှသော အရာတို့ကို ကြည့် ရှုလျှင် အလွန်ကောင်းသည်ကို မြင်တော်မူ၍
ညဦးနှင့်နံနက်သည် ဆဌမ နေ့ရက်ဖြစ်လေ၏။ ထိုသို့ ကောင်းကင်မြေကြီးနှင့်တကွ
ခပ်သိမ်းသော တန်ဆာတို့သည် “ပြီးစီး” လျက်ရှိကြ၏။
သတ္တမနေ့ရက်ရောက်လျှင် ဘုရားသခင်သည် “ဖန်ဆင်း” သော အမှုကို လက်စသတ်တော်မူခဲ့ပြီး သည်ဖြစ်၍ “ဖန်ဆင်း”
သမျှသော အမှုအရာတို့သည် “ပြီးစီး” ပြီးမှ
ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုသတ္တမနေ့ကို ဘုရားသခင် သည် ကောင်းချီးပေး၍
သန့်ရှင်းစေတော်မူ၏။ အကြောင်းမူကား “ဖန် ဆင်း” ပြုပြင်တော်မူသော အမှုအရာအလုံးစုံတို့သည်
“ပြီးစီး”သော ကြောင့် ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။”
(ကမ္ဘာဦးကျမ်း ၁း၃၁-၂း၃)။
ထိုအတိုချုပ်ခုနစ်ချက်တွင် ဖန်ဆင်းခြင်းသည်
ပြီးစီးသွားသော အမှုတစ်ခုဖြစ်ကြောင်း ကျွန်ုပ်တို့အား ပြန်လည်သတိပေးနေသည်။ ထို့ ကြောင့်
ဘုရားသခင် “ငြိမ်ဝပ်စွာနေ” တော်မူရာ၌
လုပ်ဆောင်သော အမှုပြီးပြည့်စုံသောကြောင့် ရပ်နားခြင်းဖြစ်ပေသည်။ သတိမပြုမိသော ကြောင့်
တစ်စုံတစ်ရာ လစ်လပ်နေခြင်းမရှိကြောင်း ဖော်ပြသည်။ စုံလင် သောညီညွတ်မှုအသိုက်အဝန်းတွင်
လုပ်ဆောင်မှုမရှိဘဲ သီးခြားနေသော အစိတ်အပိုင်းတစ်ခုမှမရှိ။ “ဘုရားသခင်သည်
မိမိဖန်ဆင်းသမျှသော အရာတို့ကို ကြည့်ရှုလျှင် အလွန်ကောင်းသည်ကိုမြင်တော်မူ၏။”
ပြည့်စုံသောကြိုတင်ပြင်ဆင်မှုတစ်ရပ်၏လက္ခဏာ
လူသားအာဒံအား ဖန်ဆင်းပြီးစအချိန်၌ ဘုရားရှင်၏ ခြေတော်
ရင်းသို့ သူရောက်ရှိလာခဲ့မည့်အကြောင်းကို စဉ်းစားမိသည်။
“အရှင်ဘုရား၊ တစ်ခုခုကူညီဖို့ တပည့်တော်ကို မလိုအပ်ဘူးလား”
အာဒံကမေးခဲ့လိမ့်မည်။
“မလိုအပ်ပါဘူးအာဒံရယ်၊ အလုပ်ကပြီးသွားပြီပဲ” ဖန်ဆင်းရှင်က
ပြုံးလျက်ပြန်ပြောပေလိမ့်မည်။
“ဒါပေမယ့် ကျွန်တော်လုပ်နိုင်တာ တစ်ခုခုတော့ရှိရမယ်။
မတော် လိပ်ပြာလေးတွေရဲ့တောင်ပံတွေကို အလှဆင်ပေးလို့ရမလား။”
“လိပ်ပြာရဲ့တောင်ပံတွေမှာ
သူ့အရောင်နဲ့သူလှပြီးသားပါကွယ်။”
“ဟို၊ ဒါဆိုငှက်ကလေးတွေကို သီချင်းသင်ပေးရမလား။”
“ဪ ငှက်ကလေးတွေကို မင်းသင်ပေးနိုင်တာထက် သူတို့က
ဆိုတတ်ပါတယ်ကွယ်။”
“ဪသိပြီး လေထုထဲမှာရှိတဲ့ အောက်စီဂျင်ရဲ့အတိုင်းအဆကို
စစ်ဆေးပေးမယ်၊ ဘာဖြစ်လဲဆိုတော့ ဓာတ်ငွေ့က များသွားတာဖြစ်ဖြစ်၊ နည်းသွားတာဖြစ်ဖြစ်
အန္တရာယ်ရှိတယ်။”
“ဟုတ်တာပေါ့၊ ဒါပေမယ့်
ငါကိုယ်တိုင်စစ်ဆေးပြီးသားပါပဲ။”
“ဒါပေမယ့်အရှင်ဘုရား၊ ကျွန်တော်မျိုး လုပ်နိုင်တာတစ်ခုခုတော့
ရှိစေရမယ်။”
“ဟာ ရှိတာပေါ့။ အမှန်အကန်ပဲ။”
“အရှင်ဘုရား၊ ဘာများပါလိမ့်။”
“ငါမင်းကိုနားနေစေချင်တယ်။”
“ဘုရား၊ နားနေရမယ်၊ ကျွန်တော်မျိုး ဘာမှမလုပ်ရဘဲနဲ့
ဘယ်လို လုပ်နားနေရပါ့မလဲ။”
“မင်းငါ့ကိုကိုးစားစေချင်တယ် အာဒံရယ်၊
မင်းလိုအပ်မယ့် အရာ တွေအားလုံးကို စုံစေ့အောင် ငါတကယ်ပြည့်ပြည့်ဝဝလုပ်ထားပေးပြီ ဖြစ်
တဲ့အတွက် အလုပ်ပြီးပြီဆိုတာကို မင်းယုံဖို့လိုအပ်တယ်။”
ထိုအရာကား သတ္တမနေ့တွင် နားနေရမည့်အကြောင်း၏
အနက် အဓိပ္ပါယ်ဖြစ်သည်။ အကယ်၍ လူကိုအစောပိုင်းမှာဖန်ဆင်းခဲ့လို့ ကျန်တဲ့ အရာတွေအတွက်
လိုအပ်သည်တို့တွင် လူ၏ အကြံဉာဏ် တချို့ကို ဘုရားသခင်က ခံယူခဲ့ရမည်ဆိုလျှင်
လုပ်ဆောင်မှုအတွက် ဝါကြွားစရာ တချို့ရှိလိမ့်မည်မဟုတ်ပါလား။ သို့သော်
သူထိုသို့မပြုခဲ့။ ဥပုသ်နေ့ကို စောင့်ထိန်းခြင်းအမှုသည် အစအဦးမှတည်ခဲ့၍ ယခုနှင့်
နောင်အဆက် ဆက်တွင် ဘုရားသခင်၏ အမှုတော်(လုပ်ဆောင်ချက်)ကို အောက်မေ့ ဂုဏ်ပြုရန်ဖြစ်သည်။
(ကျွန်ုပ်တို့၏ လုပ်ရပ်အတွက် မဟုတ်ပါ)။ အာဒံကဲ့ သို့ပင် ကျွန်ုပ်တို့၏ အရေးအရာအစုံအလင်အတွက်
ဘုရားသခင်က အမှန် တကယ်ပြည့်စုံစွာ ကြိုတင်စီမံလျက် လုပ်ဆောင်ပေးပြီးဖြစ်သည်ကို ယုံ
ကြည်ကိုးစားကြောင်း ဖော်ပြသောအားဖြင့် ကျွန်ုပ်တို့နားနေခြင်း (ဥပုသ် စောင့်ခြင်း)ဖြစ်ပါသည်။
ကျွန်ုပ်တို့အဖို့ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စီမံပြင်ဆင်ပေးမှုကိုကိုးစားပြီး
လက်တော်မြတ်သို့ စိတ်ချလက်ချအပ်နှံ သော ငြိမ်ဝပ်ခြင်း(နားနေခြင်း)ဟု
အဓိပ္ပါယ်ရပါသည်။
အဆုံး၌ ထာဝရဘုရား၏ ဖန်ဆင်းရှင်အရာထူးနှင့်
ကျွန်ုပ်တို့၏ အဖန်ဆင်းခံဆုကျေးဇူးကို သိမှတ်ဝန်ခံခြင်း သဘောအဓိပ္ပါယ်ကို အလေး
အနက်ပြုလျက် သတ္တမနေ့တွင် ငြိမ်ဝပ်စွာနေခြင်းသည် ဝတ်ပြုကိုးကွယ် ခြင်းမည်ပေသည်။
မှားယွင်းသော ခရစ်ယာန်အပါအဝင် မှားယွင်းသော သဘာဝ
တရားတိုင်းလိုလိုတို့၏ ဝတ်ပြုခြင်းတွင် ‘လုပ်ဆောင်ခြင်း” (doing) အမှု တို့ကိုပြုကြ၏။ သမ္မာကျမ်းစာ၌ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုကိုထားခဲ့ ခြင်း၊
အားထုတ်မှုနှင့်တိုက်လှန်မှုများကို ချထားခြင်း၊ ကျွန်ုပ်တို့၏ ကိုယ် စားအားလုံးလုပ်ဆောင်ပြီးစီးပြီ
ဖြစ်ကြောင်းစိတ်ချလျက် မိမိတို့၏ အလုပ်မှရပ်နားရန်သာ သွန်သင်ထားပေသည်။
“သတ္တမနေ့ရက်သည် ဥပုသ်နေ့ဖြစ်၏” ဟု စတုတ္ထပညတ်၌ ကြေညာထားရာတွင် “ဥပုသ်” ဆို သောစကားလုံး၏
အဓိပ္ပါယ်ရင်းမှာ “နားနေခြင်း” ဖြစ်သည်။ ဘုရား သခင်က သူ၏ နားနေခြင်းအမှု၌
ပူးပေါင်းပါဝင်ရန် ကျွန်ုပ်တို့အား ဖိတ် ခေါ်၏။
သူနှင့်အတူနားနေခြင်းအားဖြင့် ဘုရားနှင့်ကျွန်ုပ်တို့ကြား တည်ရှိ သောယုံကြည်ခြင်း၌အခြေခံသည့်
ဆက်စပ်မှု၏ လက္ခဏာ သက်သေ တစ်ခုဖြစ်ကြောင်းကို စကြဝဠာသို့ကြေညာလိုက်ခြင်းဖြစ်၏။
ဥပုသ်နေ့၌ နားနေခြင်းသည် ထိုဆက်စပ်မှုကို ပုံဆောင်နေရုံ
သာမကဘဲ ၎င်းပုံဆောင်မှု၏ သရုပ်အမှန်သို့ ပါဝင်လာခြင်းလည်းဖြစ်၏။ ထို့အတူ ငြိမ်သက်ခြင်းအတွက် အာမခံချက်သည်သာမကဘဲ ဘုရား သခင်၏ မေတ္တာ၌တည်သော
ထိုငြိမ်သက်ခြင်းကိုရ၏။ ထိုအမှုသည် ဘုရားသခင်နှင့် သူ၏ ဖန်ဆင်းခြင်းစပ်ကြားတည်သော ဆက်စပ်မှုကို
ပြောဆိုထားသလို အတည်ပြုခြင်းလည်းဖြစ်၏။
ထိုအကြောင်းကြောင့် ဥပုသ်နေ့သည် ဘုရားသခင်ကိုသာ
ဝတ် ပြုရန်နှင့် သူ့အား ကျွန်ုပ်တို့၏ အသက်တာ၌ ပထမဦးစားပေးနေရာတွင် ထားရှိရန်
မိန့်မှာသော ပထမပညတ်ချက်သုံးပါးတို့၏ ပြည့်စုံရာနှင့် အာမ ခံချက်ဖြစ်၏။
ပထမပညတ်ချက်သုံးပါးကို ကျွန်ုပ်တို့၏ စိတ်နှလုံးထဲတွင်
စောင့် ထိန်းနေသော်လည်း ရုပ်တုရှေ့၌ ဦးမညွတ်ခြင်းကို တစ်ပါးသူက သတိ ထား၍
နားလည်ချင်မှ နားလည်မည်။ သို့သော် ဥပုသ်စောင့်ခြင်းသည် အမှန်တကယ်ထင်ရှားသော
ရပ်တည်မှုတစ်ပါးဖြစ်၏။ ထို့ကြောင့်သာ နှုတ်ကပတ်တော်က ဥပုသ်နေ့ကို
ဘုရားသခင်နှင့်တူ၏။ လူတို့စပ်ကြား တွင်ထားရှိသောပဋိညာဉ်၏ “လက္ခဏာသက်သေ” ဟု
ခေါ်ဆိုထားခြင်း ဖြစ်နိုင်၏။ (ယေဇကျေလ ၂၀း၁၂၊ ၂၀)။
ကရုဏာပညတ်ချက်တစ်ပါး
ယနေ့လူသားတွေမှာ ဘဝအသက်တာ၏ လုပ်ဆောင်ရာများနှင့်
ပြဿနာတို့ကြောင့် မည်မျှစိတ်ဓာတ်ပျက်ပြားနေကြသည်ကို သတိပြုမိ ပါသလား။
ပျာယာခတ်နေရင်းသောကပွားနေရ၏။ အချိန်ကားမလောက် နိုင်။ စားရေး၊ ဝတ်ရေး၊ နေရေးနှင့်
လူမှုရေး၊ စီးပွားရေး၊ ပညာရေး စသည့်အရေးအရာများ၌ ဝန်ပိနေကြ၏။ ထိုထက်မက
သောင်းခြောက် ထောင်သော အမှုအရာတို့မှာလည်း ကျယ်လောင်စွာ ဟစ်ကြွေးလျက် စိတ်အာရုံ ၌မွန်းကျပ်ကုန်၏။
ရမှာက အကန့်အသတ်နှင့် လိုအပ်ချက်၏ တောင်းဆိုမှုများမှာတော့ မဆုံးနိုင်။
ရလေလိုလေတည်း။ တစ်ချိန်က ကျော်ကြားခဲ့သော Cecil Rhodes အိပ်ရာပေါ်မှာ
သေချိန်ကို စောင့်နေ ရင်း လေသံတစ်ဝက်ဖြင့် “နည်းနည်းပဲပြီးတယ်၊ လုပ်စရာကအများကြီး”
ဟု ညည်းညူခဲ့ရရှာ၏။ မရေမတွက်နိုင်သော လူသားများ၌လည်း သူ၏ ရှုံးနိမ့်သံထဲတွင်
ပဲ့တင်ထပ်နေ၏။
အရှိန်ပြင်းပြင်းနှင့်ရွေ့လျားနေသော ဘဝပြိုင်ပွဲများနှင့်
မခံမရပ် နိုင်လောက်သောဘဝ၏ လိုအပ်ချက်များအလယ်၌ “တန်တော့” ဟု မဆို တတ်သော သင်္ချိုင်း၏
ခံတွင်းကဲ့သို့ဖြစ်၏။ ဥပုသ်စောင့်ထိန်းသူ ဆရာ ကြီး Herman Wouk က “ဥပုသ်နေ့သည် ပင်ပန်းနွမ်းနယ်သော သားငယ်အတွက် ဆန့်သောမိခင်၏ လက်များဖြစ်သည်”
ဟု ဖွင့်ဆိုခဲ့၏။
“ခြောက်ရက်ပတ်လုံးအလုပ်မျိုးကို
ကြိုးစားလုပ်ဆောင်လော့” ဟုပညတ်ချက်ရှိ၏။ သင့်အတွက် ခွဲဝေသတ်မှတ်ထားသော အချိန်ပင်
ဖြစ်သည်။ လုပ်ဆောင်ပါ၊ ရုန်းကန်ပါ၊ ထိုခြောက်ရက်အတွင်း သင့် အကောင်းဆုံးကို ပေးဆပ်ပါ။
သို့သော် အားလုံးအတွက် ကန့်သတ်ချက် ကား ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်နားနေရမည်။
စတုတ္ထပညတ်ချက်က အလုပ်လုပ်ရန်မိန့်မှာ၏။
သို့သော် ကုန် ခန်းသည့် တိုင်လုပ်ပါ” ဟူ၍ကားမဆို။ သင့်အလုပ်ပြီးမှ သင် အနားရမည် ဖြစ်သောကြောင့်
မပြီးမချင်း ကြိုးစားလုပ်ပါဟုလည်း မဆိုထားပါ။ သို့သော် သင်လုပ်ရမည့်အရာတွင်
အတိုင်းအတာတစ်ခုရှိသည်ဟု ဆိုခြင်း ဖြစ်၏။
ဥပုသ်နေ့သည် ဘဝအသက်တာ၏ ပုံဆောင်ဥပမာတစ်ခု ဖြစ် သည်။ တစ်နေ့ဘဝနေဝင်ချိန် နောက်ဆုံးထွက်သက်ရှူရသည့်ချိန်တိုင်
လုပ်ကိုင်စရာများ ကျန်နေတတ်သောသင်ခန်းစာ၊ ကျွန်ုပ်တို့အတွက် ခွဲ ဝေသတ်မှတ်ထားသော အချိန်၌
လုပ်နိုင်သည်ကို လုပ်ဆောင်ပြီး နားရ မည့် အချိန်တွင်နားနေရမည့်သင်ခန်းစာ၊
မိမိတို့ကိုယ်တိုင်၏ စုံလင်ခြင်း ကို စံထားပြီး မိမိတို့၏ ပြီးမြောက်အောင်မြင်မှုကို
မတိုင်းတာဘဲ ဘုရား သခင်၏ မေတ္တာအားဖြင့်တိုင်းတာရန် စသည့်သင်ခန်းစာများကို ရနိုင်ပါ
သည်။
စိတ်ထားအရိုးအမှန်ဖြင့် မိမိ၏ အကောင်းဆုံးကို လုပ်ဆောင်လို
သည်ရှိသော် မချုပ်တည်းနိုင်ခြင်းနှင့် လွန်ကဲခြင်းများ ဖြစ်တတ်သော ကြောင့်
ဘုရားသခင်က ကျွန်ုပ်တို့အား ကရုဏာမိန့်မှာချက်အဖြစ် ပညတ်တော်ဆယ်ပါးမှ
ဤစတုတ္ထကျင့်ဝတ်ကို ပေးထားခြင်းဖြစ်၏။
ဥပုသ်နေ့သည် လူသားများအတွက်ဖြစ်ကြောင်း
သခင်ယေရှု မိန့် မှာခဲ့၏။ (မာကု ၂:၂၇)။ ကျွန်ုပ်တို့အဖို့ အကျိုးကျေးဇူးနှင့်
အကာအကွယ် အဖြစ်စီမံပေးသော ဆုလာဘ်တစ်ပါးဖြစ်ပေသည်။ မဆုံးနိုင်သော မုန် တိုင်း၏ ဒဏ်မှ
အကာအကွယ်ပေးသည့် ဆိပ်ကမ်းဖြစ်သကဲ့သို့ နွမ်းနယ် သောကန္တာရခရီးသည်အဖို့
အားသစ်အင်သစ်ကို ဖြစ်စေသော အိုအေစစ် လည်းဖြစ်ပေသည်။
ကျဆုံးသောကမ္ဘာရှိဥပုသ်နေ့
“ဥယျာဉ်၌ရှိသမျှသော အပင်တို့၏ အသီးကို
သင်တို့မစားရဟု ဘုရားသခင်က အမှန်ပင်ပညတ်ထားပါသလော။
အန္တရာယ်ပြုမည့်သဘောမပါသော မေးခွန်းဟု စိတ်ထင်ရသည်။
မိန်းမလည်းသံသယမရှိဘဲ ချက်ချင်းအဖြေပေး၏။ ဖန်ဆင်းရှင်အား မမှန် မကန်အပြစ်ဆိုခြင်းမှကာကွယ်ပေလိမ့်မည်။
“မဟုတ်ပါဘူး” သူမ ဖြေ၏။ “ဥယျာဉ်မှာရှိတဲ့အပင်တွေရဲ့အသီးကို ကျွန်မတို့ စားခွင့်ရှိပါတယ်။
ဒါပေ မယ့် ဥယျာဉ်အလယ်မှာရှိတဲ့ အပင်တစ်ပင်ရဲ့အသီးကိုတော့ “သင်တို့
မစားရ၊ မကိုင်ရ၊ မဟုတ်ရင်သေမယ်” လို့ ဘုရားသခင် ပြောပါတယ်။”
“မင်းတို့ တကယ်မသေရပါဘူး၊” ရန်သူက ပြုံးဖြဲဖြဲနှင့်ပြော၏။
“မင်းတို့စားလိုက်ရင် မင်းတို့အမြင်တွေ ရှင်းသွားမယ်၊ ကောင်းတာ မကောင်းတာ သိလာမယ်၊
သူနဲ့တူလာမယ်၊ ဒါကိုဘုရားသိလို့ပါ” (ကမ္ဘာ ဦးကျမ်း ၃း၁-၅)။
ဘုရားသခင်၌ သင်မသိသင့်၊ မသိစေလိုသော အရာတချို့ရှိ၏။
သင့်ကောင်းကျိုးအဖို့အလိုငှါ အသိမပေးခဲ့ခြင်းဖြစ်၏။
ဥပုသ်နေ့သည် ယုံကြည်မှုနှင့်ဆိုင်သော သတင်းစကားဖြစ်၏။
“ငါ့ကိုယုံပါ၊ ပြည့်စုံတဲ့ကြိုတင်ပြင်ဆင်မှုတွေနဲ့ အမှန်တကယ် စီမံထား တာကိုလက်ခံပါ။”
သို့သော် ရန်သူ၏ သတင်းစကားသည် လုံးဝ ဆန့်ကျင် ဘက်ဖြစ်၏။ “ဘုရားသခင်စီမံထားတဲ့အရာက မပြည့်စုံဘူး။
တစ်ခုခု တော့လိုနေတယ်။ သူ့အစီအမံနဲ့ ခွါနေဖို့လိုမယ်။ သင့်စိတ်ကြိုက်လမ်း ကိုသင်ရွေး၊
သင့်ကိုယ်သင်ကာကွယ်ပါ။”
အာဒံနှင့်ဧဝသည် စာတန်၏သိမ်းသွင်းမှုကို လက်ခံကာ ၎င်း၏
သစ္စာမဲ့ခြင်းနှင့်နားမထောင်ခြင်းသဘောအတိုင်း ပါသွားတော့၏။ ထို အတွက် လူသားတို့ကို
ရှုပ်ထွေးမှုထဲမှ ကယ်ဆယ်ပြီး ယုံကြည်ခြင်း၊ ကိုးစားခြင်းနှင့်
နားထောင်ခြင်းတို့ဖြင့် တည်သော ဘုရားသခင်နှင့် ဆက် စပ်မှုကိုပြန်လည်ရရှိမည့်
ထပ်ဆင့်စီမံမှုလိုအပ်လာခဲ့၏။
ဘုရားသခင်၏ ဖန်ဆင်းခြင်းကို လက်စသတ်ကာ
ပြီးစီးသော အလုပ်မှ ရပ်နားလိုက်သောနေ့သည် သောကြာနေ့ဖြစ်၏။ ထို့အတူ သခင် ယေရှု၏ရွေးနုတ်ကယ်တင်ခြင်းလုပ်ငန်းကိုအပြီးသတ်ကာ
“အမှုပြီးပြီ” (ယော ၁၉း၃ဝ) ဟု ကြွေးကြော်လျက်
အသက်စွန့်ခဲ့သောနေ့သည်လည်း သောကြာနေ့ပင်ဖြစ်၏။ ပြီးနောက် တပည့်တော်တို့သည် အလောင်းတော်ကို ကပ်တိုင်မှချကာ
ယောသပ်၏အုတ်ဂူ အသစ်သို့ အလျင်အမြန် သွင်းပြီးချိန်မှာ နေလည်းဝင်သွားပြီ။
သမ္မာကျမ်း၌ “ထိုနေ့ကား အဖိတ် နေ့ဖြစ်၍ ဥပုသ်နေ့အချိန်နီးသတည်းဟု မှတ်သားထား၏”
(လုကာ ၂၃:၅၄)။ တစ်ဖန်ကယ်တင်ရှင်သည် မိမိ၏ လုပ်ငန်းပြီးစီး၍ သတ္တမနေ့၌ နားနေပြန်၏။
ဥပုသ်နေ့သည် ပြည့်စုံသော ကမ္ဘာတစ်ခုအဖြစ်
ဘုရားသခင်၏ ပြင်ဆင်ပေးမှုအတွက် အထိမ်းအမှတ်ပြုသောနေ့ဖြစ်၏။ ထို့အတူ အပြစ် ထဲကျရောက်သွားသောကမ္ဘာအား
ပြန်လည်ရွေးနုတ်လျက်၊ အပြစ်နာကို ကုသလျက်၊
ယုံကြည်ခြင်းနှင့်ကိုးစားခြင်းဖြင့်တည်သော၊ ဆက်စပ်မှုကို ပြန်လည်ရရှိစေသော
ပုံဆောင်မှုအဖြစ်၌လည်း တည်၏။ ဤဒုတိယ အဓိပ္ပါယ်သည် လက်ဝါးကပ်တိုင်မရှိမီ
ရှေးလွန်ခဲ့သော အချိန်မှတည်ရှိခဲ့ ၏။ သိနာတောင်၌ ဘုရားသခင်က ပညတ်တော်ဆယ်ပါးကို ပေးသော
အခါတွင် ဥပုသ်နေ့ကို ဖန်ဆင်းခြင်းသို့ပြန်၍ ညွှန်ပြစေသည်။ နောက် အနှစ်(၄၀)ကြာသောအခါ
မောရှေက ထိုအကြောင်းကို ကိုးကားလျက် ထပ်မံ၍ဆို၏။“သင်သည်အဲဂုတ္တုပြည်၌ကျွန်ခံကြောင်းကိုလည်းကောင်း၊
သင်၏ဘုရားသခင်ထာဝရ ဘုရားသည် အားကြီးသော လက်ရုံးတော်ကို ဆန့်၍ ထိုပြည်မှ သင့်ကို
နုတ်ဆောင်တော်မူကြောင်းကိုလည်းကောင်း အောက်မေ့လော့။ ထိုအကြောင်းကြောင့် သင်သည်
ဥပုသ်နေ့ကို စောင့်ရ မည်ဟု သင်၏ ဘုရားသခင်ထာဝရဘုရားမှာ ထားတော်မူ၏။” (တရား ဟောရာကျမ်း
၅း၁၅)။
အုပ်စိုးခြင်းအရာ၌တည်ရန် လူကို
ဘုရားသခင်ဖန်ဆင်းခဲ့သည်။ (ကမ္ဘာ ၁း၂၆၊၂၇)။ ကျွန်အရာ၌မဟုတ်၊ သူ၏ လူများကို
၎င်းတို့၏ လက်ရှိ ကျွန်ဘဝမှကယ်ဆယ်ရုံသာမဟုတ်၊ သူနှင့်ကိုးစားခြင်းဆိုင်ရာဆက်စပ်မှု
ကို ပြန်လည်ရစေရန် ရည်သန်သည်။ (ထွက် ၁၉:၄)။ ထပ်ဆင့်၍ “မင်း စည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး”
တိုင်အောင် ချီးမြှောက်လျက် ဦးဆောင်မှုအရာသို့ ရောက်စေ၏။ (ထွက် ၁၉:၅၊၆။ ၁ပေ ၂း၉။
ဗျာ ၅း၁၀)။
ဤသို့ဖြင့် ဥပုသ်နေ့သည်
ဖန်ဆင်းခြင်းအတွက်သာမဟုတ်၊ ကယ်တင်ခြင်းအတွက်ပါ ကျင်းပသောနေ့မြတ်လည်းဖြစ်၏။
သူ၏ငြိမ်ဝပ်ရာချမ်းသာထဲသို့
တစ်ခါတစ်ရံ မူမမှန်သောသဘောထားက ကျွန်ုပ်တို့ကို
အနိုင်ယူ တော့မလိုဖြစ်၏။ ထိုအခါမျိုး၌ ငြိမ်သက်ခြင်းကိုမတွေ့နိုင်။ ရှင်ပေါလုက
လူ့စိတ်သဘော၏ အခြေအနေကို သူ့ကိုယ်တွေ့ခံစားချက်နှင့် ယှဉ်၍ ပြော၏။ “ငါသည်
ကိုယ်ကျင့်သောအကျင့်ကို မနှစ်သက်၊ ကျင့်ချင်သော အကျင့်ကိုမကျင့်၊
ရွံရှာသောအကျင့်ကိုကျင့်၏။ ငါသည် အတွင်းလူအား ဖြင့် ဘုရားသခင်၏ ပညတ်တရားတော်ကိုနှစ်သက်၏။
သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ၌ရှိသော တရားတစ်ပါးသည် စိတ်ဝိညာဉ်ဆိုင်ပြိုင်တိုက်
လှန်သဖြင့် ငါ့ကိုယ်အင်္ဂါများ၌ရှိသော အပြစ်တရား လက်သို့ ငါ့ကိုဖမ်း သွားအပ်နှံသည်ကို
ငါမြင်၏။” (ရောမ ၇း၁၅-၂၃)။
တမန်တော်ကြီးက လူ့သဘာဝ၌ မိမိ၏ အဖြစ်မှန်ကို
ရိုးရိုးသား သားဝန်ခံ၏။ သူသူကိုယ်ကိုယ် ရင်ဆိုင်ကြရသော ဝိညာဉ်ရေး မုန်တိုင်း ဖြစ်သည်။
ဝိညာဉ်ရေးတိုက်ပွဲတွင် အကျင့်ဟောင်းနှင့်စွဲလမ်းမှုများ၌ ပိတ်
မိနေကြောင်းသိရလင့်ကစား၊ ပြောင်းလဲမှုနှင့် တိုးတက်ကောင်းမွန်ခြင်း လိုအပ်သည်ကို
နားလည်သဘောပေါက်စေသော အကျိုးကျေးဇူးကို တွေ့နိုင်၏။
ကြမ်းတမ်းပြင်းထန်သော မုန်တိုင်းအလယ်၌
ယိမ်းယိုင်ပြိုလဲ သွားအောင် ကျွန်ုပ်တို့အား အမြဲတမ်းလွှမ်းမိုးထားမည်မဟုတ်ပါ။
ဆိပ် ကမ်းကဲ့သို့ ခိုကိုးရာအရပ်ကို ရှာတွေ့နိုင်ကြောင်း တမန်တော်ကြီးက ဤသို့ဆို၏။
“ငါတို့သခင်ယေရှုအားဖြင့် ကယ်လွှတ်တော်မူသော ဘုရား
သခင်၏ ကျေးဇူးတော်ကြီးလှပေ၏။
(ရောမ ၇း၂၅)။ “ယေရှု ခရစ်၌တည် ၍ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်း
ကျင့်သောသူတို့ သည် အပြစ်စီရင်ခြင်းနှင့်လွတ်ကြ၏။ ယေရှုခရစ်၌ တည်၍ အသက်ရှင် စေသောဝိညာဉ်တော်၏
တရားသည် အပြစ်တရား၏ လက်မှလည်း ကောင်း၊ သေခြင်းတရား၏ လက်မှလည်းကောင်း
ငါ့ကိုကယ်လွှတ်ပြီ။” (ရောမ ၈း၁၊၂)။
အခြားကျမ်းပိုဒ်တွင်လည်း ဥပုသ်နေ့ကို ဝိညာဉ်ရေးရာငြိမ်ဝပ်
ခြင်းချမ်းသာအဖြစ် ဤသို့ ဖော်ပြသေး၏။ “ထိုကြောင့် ဘုရားသခင်၏ လူတို့အဖို့အလိုငှါ
ငြိမ်ဝပ်ခြင်းချမ်းသာတစ်မျိုးသည် ကျန်ရစ်သေး၏။ ဘုရားသခင်သည် မိမိအမှုအရာတို့ကို ပြီးစီး၍
ငြိမ်ဝပ်စွာနေတော်မူသည် နည်းတူ ထိုချမ်းသာထဲသို့ဝင်ရသောသူသည်လည်း
မိမိအမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာနေရ၏။” (ဟေဗြဲ ၄း၉၊၁ဝ)။
ဟေဗြဲ (၄) အရ ယခုဥပုသ်စောင့်ထိန်းခြင်းသည် ကရာနီ
လက်ဝါး ကပ်တိုင်ပေါ်တွင် ခရစ်တော်သည် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းအတွက်
အမှန်တကယ်ပြီးမြောက်စေခဲ့သည်ကို ကျွန်ုပ်တို့လက်ခံကြောင်း အဓိ ပ္ပါယ်သက်ရောက်၏။
ကိုယ်တော်ပြီးမြောက်စေခဲ့သော ကယ်တင်ခြင်း သည်လည်း “ယုံကြည်သောသူအပေါင်းတို့”
(ယောဟန် ၃း၁၆) အပေါ်သို့ အကန့်အသတ်မရှိသက်ရောက်၏။
ဤယုံကြည်ကိုးစားခြင်းဆိုင်ရာ ဆက်စပ်မှုသည်လည်း သတ္တမ
နေ့၌ ငြိမ်ဝပ်စွာနေခြင်းအားဖြင့် ဖိလိပ္ပိ ၄း၇ ၌ ဖော်ပြသော “အဘယ်သူမျှ ကြံ၍မမီနိုင်သော
ဘုရားသခင်၏ ငြိမ်သက်ခြင်း” သည် “ယေရှုခရစ်အား ဖြင့်” သက်ရောက်လိမ့်မည်ဖြစ်သည်။
ဒုက္ခပင်လယ်ပြင်ထဲ လူးလာကူး ခတ်ကာ သောကပွားမနေတော့ဘဲ ဆိပ်ကမ်း၌
ငြိမ်ဝပ်စွာနားနေရလိမ့် မည်။
အဘယ်သို့ပြုရမည်ကိုပင် သင်တွေးတောနေသလား။
ဆုတ်ဆိုင်း ၍မနေသင့်တော့ပါ။ ရွှင်လန်းအားရစွာရဲရင့်သော ခြေလှမ်းများဖြင့် ဥပုသ် ငြိမ်သက်ခြင်းထဲသို့လှမ်းခဲ့ဖို့
ကျွန်ုပ်တိုက်တွန်းပါသည်။ “ဘုရားသခင်၏ ချမ်းသာထဲသို့ ဝင်ရသောအခွင့်ကိုပေးသော ကတိတော်သည်
ငါတို့၌ရှိရစ် လျက်နှင့် သင်တို့တွင် အချို့တို့သည်မမီဘဲနေမည်ကို စိုးရိမ်ကြကုန်အံ့။”
(ဟေဗြဲ ၄း၁)။
No comments:
Post a Comment