Tuesday, April 28, 2026

 

မိဘများနှင့်သားသမီးများ

ပဉ္စမပညတ်ချက်

 

         သင်၏ ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသော ပြည် ၌ သင်၏အသက်တာရှည်မည်အကြောင်း သင်၏ မိဘကို ရိုသေစွာပြု လော့။” (ထွက်မြောက်ရာကျမ်း ၂၀း၁၂)

        မှုများကြုံရတတ်သည်ဖြစ်ရာ ထိုအချိန်ကျလျှင် နောက်ဆုံးသော အနမ်း ကို အမှတ်ပြုသင့်သည်။ သင့်မိဘတို့အား နောက်ဆုံးနှုတ်ဆက်ခဲ့သည့် အချိန်ထဲက သင်ဘာကိုအမှတ်ပြုမည်နည်း။

         ကျွန်ုပ်၏ မိတ်ဆွေတစ်ဦးတွင် သူ၏ ဖခင်သည် အသက်အရွယ် ကြီးရင့်လာသည်အလျောက် စိတ်အာရုံလည်း သိပ်မကြည်လင်တော့ပါ။ ဖခင်ကြီး၏ မွေးနေ့ရက်ရောက်လာသောတစ်နေ့၌ ကျွန်ုပ်၏ မိတ်ဆွေက တယ်လီဖုန်းဖြင့် ဖခင်ထံသို့ “မင်္ဂလာမွေးနေ့ပါ ဖေဖေ၊ ဘုရားသခင် ကောင်းချီးပေးပါစေ” ဟုနှုတ်ခွန်းဆက်လိုက်၏။

         ချက်ချင်းပြန်ဆိုလိုက်သောအဖြေစကားထဲမှ ဖခင်ကြီး၏ အတွေး စိတ်နှင့်ဆက်စပ်လျက် သူ့မှာ စိတ်ကြည်နူးမှုရခဲ့သည်ဆို၏။ ဖခင်ကြီးက “ဘယ်ဟုတ်မလဲသားရဲ့။ ကောင်းချီးက မင်းအတွက်ပါ။ ဖေဖေ့ကို သား အမြဲတမ်းရိုသေဂုဏ်ပြုနေတဲ့အတွက် ဘုရားသခင်က သားကိုကောင်းချီး ပေးတယ်လေ” ဟုဆိုလေ၏။ နောက်နှစ်လကြာသောအခါ ကျွန်ုပ်၏ မိတ်ဆွေမှာ သူ့ဖခင်၏ အသုဘကိုသူပို့ခဲ့ရ၏။ သူ့ဖခင်ကြီးနှင့်နောက်ဆုံး နှုတ်ဆက်ခဲ့စဉ်က စကားလုံးများကို အောက်မေ့သတိရနေရခြင်းသည် မည်မျှသက်သာရာနှင့် ကျေနပ်ဖွယ်ဖြစ်လိမ့်မည်နည်း။

         ကျွန်ုပ်တက်ရောက်ခဲ့ရသမျှ အသုဘအခမ်းအနားများတွင် ပြုမိ၍ ဖြစ်ရသောနောင်တနှင့် မပြုမိ၍ဖြစ်ရသော နောင်တတို့ဖြင့် တည်သော ကြေကွဲမှုများမှာ ဖြေဆည်မရဖြစ်ခဲ့ကြရသည်ကို မြင်ရပါသည်။

         ထိုကြောင့် သင့်၌ အခွင့်အရေးရှိနေသေးချိန်မှာ ဆင်ခြင်ပါ။ သင် တစ်ခုခုလုပ်နိုင်၊ ပြောနိုင်သေးသည့်အရာက သင့်အားထူးခြားမှုကို ပေး လိမ့်မည်။ နောက်ဆုံးအနမ်းကိုသတိရပါ။ အချိန်ကျလာလိမ့်မည်။ သင်၏ ဖခင်နှင့်မိခင်ကို ရိုသေလေးစားပါ။ လောက၌တည်သော သင့်အသက် တာရှည်ရုံသာမက စိတ်နှလုံးငြိမ်သက်သာယာခြင်းနှင့် အောင်မြင်မှုကို သင်ရလိမ့်မည်။

No comments:

Post a Comment