ငါတို့သည်
မေရှိယကိုတွေ့ကြပြီ
ယောဟန်
၁း၁၉-၅၁ ကိုအခြေပြုထားပါသည်
ယခုတွင် ဗတ္တိဇံဆရာယောဟန်သည်
ယော်ဒန်မြစ်တစ်ဖက်ဗေသနိရွာ၌ တရားဟောကာ နှစ်ခြင်း မင်္ဂလာပေးလျက်ရှိနေခဲ့ပါသည်။
ထိုရွာသည် ဣသရေလများကျော်ဖြတ်ပြီးသည့်တိုင်အောင် ဘုရားသခင် သည်
ယော်ဒန်မြစ်ရေကို ရပ်တန့်စေခဲ့သောနေရာနှင့် များစွာမဝေးကွာလှချေ။
ဤနေရာမှမဝေးကွာလှသော နေရာတွင် ကောင်းကင်တပ်မများ ဖြိုဖျက်ခဲ့သည့်
ယေရိခေါခံတပ်ရှိပါသည်။ ဤအချိန်တွင် အဖြစ်အပျက် များကို
ပြန်လည်သတိရအောက်မေ့ခြင်းသည် ဆရာယောဟန်၏ သတင်းစကားကိုအထူး စိတ်ဝင်စား စေခဲ့ ပါသည်။ အတိတ်ကာလများတွင်အလွန်အံ့ဖွယ်သောအရာများကို ပြုတော်မူခဲ့သောဤသူသည်
ဣသရေလ များကိုကယ်လွှတ်ရန်အတွက်
မိမိတန်ခိုးတော်ကို တစ်ဖန်ထင်ရှားစေလိမ့်ဦးမည်လား၊ ဟူသောအတွေးများ သည်
ယော်ဒန်မြစ်ကမ်းတွင် နေ့စဉ်စုရုံးလာသောလူများ၏ စိတ်နှလုံးများထဲတွင်
နိုးထလျက်ရှိခဲ့ပါသည်။
ဆရာယောဟန်၏ဟောကြားချက်သည်ဘာသာရေးကိစ္စများအပေါ်သို့
အာရုံပြုလာစေရန်ယုဒလူမျိုး များအား နက်ရှိုင်းစွာဩဇာလွှမ်းမိုးခဲ့ပြီးဖြစ်ပါသည်။
ထကြွသောင်းကျန်းမည့်အန္တရာယ်ကြောင့် ရောမအစိုးရ သည်
လူအစုအဝေးတိုင်းကိုမယုံသင်္ကာသဘောဖြင့်ကြည့်ရှုခဲ့ကြပြီး လူထုထကြွမှုကိုဖြစ်စေသောအရာ
တိုင်းသည်ယုဒလူအကြီးအကဲများ၏ကြောက်ရွံ့မှုကိုဖြစ်ပေါ်စေခဲ့ပါသည်။ ဆရာယောဟန်သည်
ဆန်ဟီဒရင် အဖွဲ့၏ဩဇာအာဏာကို အသိအမှတ်မပြုခဲ့ချေ။ မိမိ၏အမှုတော်ကို
ဆောင်ရွက်ရန်အတွက် ၎င်းတို့ထံတွင် အမိန့်တစ်စုံတစ်ရာ တောင်းခံခြင်းမပြုခဲ့သည့်ပြင်
ယုဒလူအကြီးအကဲများ၊ သာမန်ယုဒလူများ၊ ဖါရိရှဲများနှင့် ဇဒ္ဒုကဲများကို အပြစ်ဖော်ပြ၍
ဆုံးမပဲ့ပြင်ခဲ့ပါသည်။ သို့စေကာမူ၊ လူအများသည် ၎င်း၏နောက်သို့ စိတ်အား
ကြီးစွာလိုက်ခဲ့ကြပါသည်။ သူ၏အမှုတော်အပေါ် ထိုသူများ၏စိတ်ဝင်စားမှုများသည်
အဆက်မပြတ်တိုးပွား ခဲ့ပါသည်။ သူသည် ၎င်းတို့၏ဆန္ဒကိုထောက်ထားခဲ့သော်လည်း
ပြည်သူ့ဆရာတစ်ဦးအနေနှင့် ၎င်းတို့၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသည်ဟု
ဆန်ဟီဒရင်အဖွဲ့ကမှတ်ယူခဲ့ပါသည်။
ဆန်ဟီဒရင်အဖွဲ့ကို ရွေးချယ်ထားသော
ယဇ်ပုရောဟိတ်များ၊ နိုင်ငံတော်အကြီးအကဲများနှင့် ကျမ်းတတ်ဆရာများဖြင့်
ဖွဲ့စည်းထားပါသည်။ ယဇ်ပုရောဟိတ်မင်းသည် များသောအားဖြင့် ဥက္ကဌတာဝန်ကို
ထမ်းဆောင်ရပါသည်။ အဖွဲ့ဝင်များသည် အသက်ငယ်ရွယ်သူများဖြစ်၍ ယုဒဘာသာရေးနှင့်
ယုဒသမိုင်းကို ရေးသားသီကုံးနိုင်ရုံသာမက အထွေထွေ ဗဟုသုတကြွယ်ဝသော
ပညာတတ်များဖြစ်ကြပါသည်။ ထိုသူများ သည် ခန္ဓာကိုယ်ချို့ယွင်းသူများမဖြစ်ရချေ။
အိမ်ထောင်ရှိသော ယောကျာ်းများဖြစ်ရမည်။ ထောက်ထားစာနာ၊
ကြင်နာသနားတတ်သောဖခင်များဖြစ်ရမည်။ ၎င်းတို့၏ အစည်းအဝေးခန်းမသည် ယေရုရှလင်မြို့ရှိ
ဗိမာန် တော်နှင့်ဆက်လျက်ရှိသောအခန်းတစ်ခုတွင်ဖြစ်ပါသည်။
ယုဒပြည်လွတ်လပ်ရေးရရှိနေသည့်အချိန်များတွင် ဆန်ဟီဒရင်အဖွဲ့နိုင်ငံရေးနှင့်
ဘာသာရေးဩဇာအာဏာများကို ပိုင်ဆိုင်ထားသော နိုင်ငံတော်အာဏာပိုင်အဖွဲ့ တစ်ခု
ဖြစ်ခဲ့ပါသည်။ ယခုအခါတွင် ယုဒပြည်သည်ရောမဘုရင်ခံများလက်အောက်သို့ ကျရောက်နေ
သော်လည်း ထိုအဖွဲ့သည် ဘာသာရေးကိစ္စနှင့် နိုင်ငံရေးကိစ္စနှစ်ခုစလုံးတွင်
တန်ခိုးဩဇာရှိဆဲဖြစ်ပါသည်။
ဆန်ဟီဒရင်အဖွဲ့သည်ဆရာယောဟန်၏လုပ်ဆောင်မှုများအတွက်
စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်ရွှေ့ ဆိုင်းထားနိုင်ခြင်းမရှိတော့ချေ။
ဗိမာန်တော်တွင်ဇာခရိအားပေးတော်မူခဲ့သောဗျာဒိတ်တော်ကိုလည်းကောင်း၊
မေရှိယ၏ရှေ့ပြေးတစ်ဦးအဖြစ် မိမိ၏သားငယ်အား ရည်ညွှန်းပြောဆိုခဲ့သော ဖခင်၏အနာဂတ္တိစကားကို
လည်းကောင်း သတိရသောလူအချို့ရှိခဲ့ပါသည်။ ရုန်းရင်းဆန်ခတ်မှုများနှင့်
နှစ်ပေါင်းသုံးဆယ်အတွင်း ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲများကြောင့်
ဤအရာများကိုများစွာ မျက်ခြည်ပြတ်ခဲ့ကြပါသည်။ ယခုအချိန် တွင်မူ
ဆရာယောဟန်၏အမှုတော်နှင့်ပတ်သက်သော စိတ်လှုပ်ရှားမှုအားဖြင့် ထိုအရာများကိုပြန်လည်
သတိရလာခဲ့ကြပါသည်။
ဣသရေလပြည်တွင်
ပုရောဖက်တစ်ပါးပေါ်ထွန်းခဲ့သည်မှာ ကြာမြင့်ခဲ့ပေပြီ။ ယခုအချိန်တွင်
ဆောင်ရွက်ဆဲဖြစ်သော ဘာသာရေးပြုပြင်ပြောင်းလဲမှုမျိုးကိုလည်း တွေ့ခဲ့ကြဖူးသည်မှာ
ကြာမြင့်ခဲ့ပေပြီ။ သို့ရာတွင် အပြစ်ဝန်ချရန်တောင်းဆိုနေခြင်းသည်
အသစ်အဆန်းတစ်ခုကဲ့သို့လည်းကောင်း၊ ကြောက်လန့် စရာတစ်ခုကဲ့သို့လည်းကောင်း
ဖြစ်နေပါသည်။ မိမိတို့၏လျှို့ဝှက်ချက်များ ပေါ်သွားမည်စိုး၍ များစွာသော
ယုဒခေါင်းဆောင်များသည် ဆရာယောဟန်၏ ဝေဖန်ပြောဆိုခြင်းနှင့်
ထုတ်ဖော်စွပ်စွဲခြင်းများကို သွားရောက် နားမထောင်ခဲ့ကြချေ။ သို့စေကာမူ သူ၏ဟောကြားချက်သည်
မေရှိယနှင့်ပတ်သက်သော တိုက်ရိုက်ကြေညာ ချက်တစ်ရပ်ဖြစ်နေပါသည်။ မေရှိယကြွလာခြင်းကို
ခြုံငုံထားသည့် ဒံယေလ၏ သီတင်း(၇၀) အနာဂတ္တိ စကားသည်ကုန်ဆုံးလုနီးပြီဖြစ်ကြောင်းကို
ကောင်းမွန်စွာသိရှိခဲ့ကြပါသည်။ ယုဒလူအားလုံးတို့သည် ထိုအချိန်က
၎င်းတို့မျှော်လင့်ထားခဲ့သော နိုင်ငံတော်ဂုဏ်အသရေကို ထိုခေတ်ဦးမှာပင်
အတူတကွခံစားကြရန် စိတ်အားထက်သန်ခဲ့ကြပါသည်။ လူအများဆန္ဒပြင်းစွာဖြင့်
စောင့်ကြည့်နေသည့်အရာမှာ ဆန်ဟီဒရင်အဖွဲ့ အနေဖြင့်
ဆရာယောဟန်၏အမှုတော်ကိုခွင့်ပြုရန် (သို့မဟုတ်) ငြင်းပယ်ရန်ဆုံးဖြတ်ချက်တစ်ခုခုကို
မကြာမီ တွင်ပြုလုပ်ရတော့မည့် ကိစ္စပင်ဖြစ်ပါသည်။ ၎င်းတို့၏တန်ခိုးအာဏာသည်
လူထုအကြားတွင် ဆုတ်ယုတ် လျော့ပါးနေပေပြီ။ ထို့ကြောင့်
မိမိတို့၏ရာထူးများကိုမည်ကဲ့သို့ဆက်လက်ချုပ်ကိုင်ရမည်ဆိုသည့် အရေးကြီး
သောအချက်တစ်ခုပေါ်ပေါက်လာပါသည်။ ထိုအချက်အတွက် အဖြေရမည်အထင်ဖြင့် ၎င်းတို့သည်
ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးသားများ၏ကိုယ်စားလှယ်များကို
ဆရာယောဟန်နှင့်တိုင်ပင်နှီးနှောရန် ယော်ဒန်မြစ်သို့စေလွှတ်ခဲ့ကြပါသည်။
ထိုကိုယ်စားလှယ်များချဉ်းကပ်လာသောအချိန်တွင်
လူထုကြီးသည် ဆရာယောဟန်ပြောသော စကားများကို နားထောင်လျက် စုရုံးနေကြပါသည်။
လူများအားသိမ်းသွင်းရန်နှင့် ပုရောဖက်၏သူတထူးအား အလိုလိုက်လျောခြင်းကို
အမိန့်ပေးတားမြစ်ရန်ရည်ရွယ်၍ ဩဇာသံနှင့်စကားပြောတတ်သော မာနတစ်ခွဲ သားနှင့်
ကျမ်းတတ်ဆရာတစ်စုသည်ချဉ်းကပ်လာခဲ့ပါသည်။ ကြောက်ရွံ့လေးစားသည့်သဘောဖြင့် လူအုပ်
ကြီးသည် ၎င်းတို့အားကျော်ဖြတ်သွားနိုင်စေရန်လမ်းဖွင့်ပေးခဲ့ပါသည်။
သားနားသောဝတ်ရုံများကိုဝတ်လျက် ရာထူးနှင့်တန်ခိုးအာဏာများကြောင့် မာန်မာန
ထောင်လွှားနေကြသော ထိုလူများတို့သည် တောမှပုရောဖက် ၏ရှေ့တွင် ရပ်လိုက်ကြပါသည်။
“သင်သည်အဘယ်သူနည်း” သူတို့ကမေးကြ၏။
၎င်းတို့၏အကြံအစည်ကိုသိသောဆရာယောဟန်က
“ငါသည် ခရစ်တော်မဟုတ်” ဟုဖြေဆိုခဲ့၏။
“သို့ဖြစ်လျှင်သင်သည် အဘယ်သူနည်း။
ဧလိယလော”
“ငါသည် ဧလိယမဟုတ်”
“ဤမည်သောပုရောဖက်ဖြစ်သလော”
“မဟုတ်ပါ”
“သင်သည် အဘယ်သူနည်း။
ငါတို့ကိုစေလွှတ်သောသူတို့အား ပြန်လျှောက်စရာရှိစေခြင်းငှါ သင်သည် မိမိကိုယ်ကို
အဘယ်သူဖြစ်သည်ဟု ဆိုမည်နည်း။”
“ငါသည် ပုရောဖက်ဟေရှာယဟောဖူးသည်နှင့်အညီ
ထာဝရဘုရား၏ လမ်းခရီးတော်ကို ဖြောင့်စေ ကြလော့ဟု တော၌ဟစ်ကြော်သောသူ၏အသံဖြစ်သည်”
ဟုဆို၏။ ဆရာယောဟန်ရည်ညွှန်း၍ ပြောသော သမ္မာကျမ်းစကားသည် ဟေရှာယအနာဂတ္တိကျမ်း
၄၀း၁-၅ ဖြစ်ပါသည်။ “သင်တို့၏ဘုရားသခင် မိန့်တော်မူ သည်ကား၊ ငါ၏လူတို့ကို
နှစ်သိမ့်စေကြလော့။ သင်၏အပြစ်လည်းဖြေရှင်းပြီဟု ယေရုရှလင်မြို့အား နှစ်သိမ့်
သောစကားကိုပြော၍ ကြွေးကြော်ကြလော့။ တော၌ဟစ်ကြော်သောအသံမှာ ထာဝရဘုရားကြွတော်မူရာ
လမ်းကို ပြင်ကြလော့။ ငါတို့ဘုရားသခင်၏ လမ်းခရီးတော်ကို လွင်ပြင်၌ ဖြောင့်စေကြလော့။
ချိုင့်ဝှမ်းရာ ရှိသမျှတို့ကိုဖို့ရမည်။ တောင်ကြီးတောင်ငယ်ရှိသမျှတို့ကို
ဖြိုရမည်။ ကောက်သောလမ်းများကို ဖြောင့်စေရ မည်။ ကြမ်းတမ်းသောလမ်းများကိုလည်း
သုတ်သင်ပြင်ဆင်ရမည်။ ထာဝရဘုရား၏ဘုန်းတော်ပေါ်ထွန်း၍ လူအပေါင်းတို့သည်
အတူမြင်ရကြလတ္တံ့ဟု ထာဝရဘုရား၏နှုတ်တော်ထွက် အမိန့်တော်ရှိ၏။”
ရှေးခေတ်အခါတွင်ဘုရင်တစ်ပါးသည်
မိမိ၏တိုင်းပြည်အတွင်းရှိအသွားအလာနည်းသောဒေသများ သို့ တိုင်းခန်းလှည့်လည်သောအခါ
ဘုရင်ကြီးသည် လုံလုံခြုံခြုံနှင့် အတားအဆီးမရှိခရီးသွားနိုင်စေရန်အလို့ငှါ
မတ်စောက်သောလမ်းများကိုဖြိုချရန်အတွက်သော်လည်းကောင်း၊ ချိုင့်ဝှမ်းများကိုဖို့ရန်အတွက်သော်လည်း
ကောင်း လူတစ်စုကို ရှေ့ပြေးအဖြစ် စေလွှတ်တတ်ပါသည်။ ပုရောဖက်သည်
ဧဝံဂေလိတရားဟောကြားခြင်း အလုပ်ကို ပုံဆောင်ပြောကြားရန် ဤဓလေ့ကိုအသုံးပြုထားပါသည်။
ချိုင့်ဝှမ်းတိုင်းကိုဖို့၍ တောင်များကို ဖြိုချလိမ့်မည်။ ဘုရားသခင်၏ဝိညာဉ်တော်သည်
မိမိ၏အံ့ဖွယ်သောတန်ခိုးတော်များနှင့် အသက်ဝိညာဉ်များ ကို ထိတွေ့သောအချိန်တွင်
ထိုဝိညာဉ်တော်တန်ခိုးသည် လူသားများ၏မာနတရားများကို ကျဆင်းစေပါသည်။
လောကစည်းစိမ်များ၊ ရာထူးရာခံ၊ တန်ခိုးအာဏာများသည် ဘာမှတန်ဖိုးမရှိကြောင်းကို
တွေ့မြင်လာပေမည်။ “ထိုလက်နက်တော်အားဖြင့် လူတို့၏အကြံအစည်တို့ကိုလည်းကောင်း၊
ဘုရားသခင်ကိုသိသောပညာကို ဆီးတားသော မာန်မာနရှိသမျှတို့ကိုလည်းကောင်း
နိမ့်ချမှောက်လှန်၍ ခပ်သိမ်းသောစိတ်တို့ကိုဖမ်းသွားချုပ် ထားလျက် ခရစ်တော်၏စကားကို
နားထောင်စေကြ၏။” ၂ကော၊ ၁၀း၅။ ထိုအခါတွင် လူအများတန်ဖိုး မထား ကြသော
နှိမ့်ချခြင်းနှင့် မိမိကိုယ်ကိုဆက်ကပ်သည့် မေတ္တာများကို တစ်ခုတည်းသော
တန်ဖိုးရှိသည့်အရာများ အဖြစ် မြှောက်တင်ကြလိမ့်မည်။ ဤအရာများသည်
တစ်စိတ်တစ်ဒေသအဖြစ် ဆရာယောဟန်၏ သတင်း စကားပါဝင်သော
ဧဝံဂေလိအမှုတော်လုပ်ငန်းဖြစ်ပါသည်။ ထိုသူတို့ကလည်း သင်သည် ခရစ်တော်မဟုတ်၊
ဧလိယမဟုတ်၊
ဤမည်သောပုရောဖက်မဟုတ်သည်မှန်လျှင်အဘယ်ကြောင့်ဗတ္တိဇံကိုပေးသနည်းဟုမေးပြန် ကြ၏။
“ဤမည်သောပုရောဖက်” ဟုဆိုရာတွင် မောရှေကိုရည်ညွှန်းပြောဆိုခြင်းဖြစ်ပါသည်။
မောရှေသည် သေခြင်းမှရှင်ပြန်ထမြောက်ပြီး ကောင်းကင်သို့ယူဆောင်ခြင်းခံရလိမ့်မည်ဟု
ယုဒလူများသည်ယုံကြည်စွဲ လမ်းခဲ့ကြပါသည်။ သူသည် ထမြောက်သွားပြီဖြစ်ကြောင်း
သူတို့မသိခဲ့ကြချေ။ ဗတ္တိဇံဆရာယောဟန်သည် အမှုတော်ကိုစတင်ခဲ့သည့်အချိန်တွင်
အနာဂတ္တိစကားနှင့်ပတ်သက်၍လည်းကောင်း၊ ယုဒရာဇဝင်အကြောင်း ကိုလည်းကောင်း
ကျေကျေညက်ညက်သိထားသလိုဖြစ်နေသည့်အတွက် ၎င်းအားသေခြင်းမှထမြောက်ခဲ့ သော
ပုရောဖက်မောရှေဖြစ်မည်ဟု အများစုကထင်မြင်ခဲ့ပါသည်။
မေရှိယကြွမလာမီတွင်ဧလိယသည်ခန္ဓာကိုယ်အားဖြင့်
ပေါ်ထွန်းခဲ့လိမ့်မည်ဟူ၍လည်းယုံကြည်ခဲ့ကြ ပါသည်။
ဤအမြင်ကိုဆရာယောဟန်သည်ငြင်းပယ်ခဲ့သော်လည်း ၎င်း၏စကားများတွင်နက်နဲသောအဓိပ္ပါယ်
ရှိနေပါသည်။ “သင်တို့သည် ငါ့စကားကိုနာခံနိုင်လျှင် ဤသူကားလာလတ္တံ့သော ဧလိယ ဖြစ်သ
တည်း” ဟူ၍ နောက်ပိုင်းတွင် ဆရာယောဟန်ကိုရည်စူး၍ ယေရှုခရစ်မိန့်တော်မူခဲ့ပါသည်။
ဧလိယလုပ်ဆောင်ခဲ့သော အမှုတော်မျိုးကိုဆောင်ရွက်ရန်အတွက် ဆရာယောဟန်သည်
ဧလိယ၏တန်ခိုး၊ ဧလိယ၏ဝိညာဉ်အားဖြင့် လာခဲ့ပါသည်။ ယုဒလူများသည်
၎င်းအားလက်ခံခဲ့ကြလျှင် သူတို့အတွက် ပြီးမြောက်အောင်လုပ်ကိုင် ဆောင်ရွက်နိုင်ခဲ့လိမ့်မည်။
သို့သော် ၎င်းတို့သည် ဆရာယောဟန်၏သတင်းစကားကို လက်မခံခဲ့ကြချေ။ ထိုသူများအတွက်
သူသည် ဧလိယမဟုတ်ခဲ့ချေ။ ပြီးမြောက်အောင်ဆောင်ရွက်ရန် မိမိလာရောက်လုပ်ကိုင်ခဲ့ သော
အမှုတော်ကို သူတို့အတွက် မဖြည့်ဆည်းနိုင်ခဲ့ချေ။
ယောဒန်မြစ်တွင်စုရုံးခဲ့ကြသောသူများထဲမှ
များစွာသောလူများသည် ခရစ်တော်၏နှစ်ခြင်းမင်္ဂလာပွဲ တွင်ရှိခဲ့ကြသော
သူများဖြစ်သော်လည်း ထိုအချိန်ကပြခဲ့သောနိမိတ်လက္ခဏာကို လူအနည်းငယ်ကသာ
တွေ့မြင်ခဲ့ကြရပါသည်။ ဆရာယောဟန်အမှုတော်၏အဦးပိုင်းလများတွင်
များစွာသောသူများသည်နောင်တ
ရခြင်းအတွက်ခေါ်တော်မူခြင်းကိုနားထောင်ရန်ငြင်းဆန်ခဲ့ကြပါသည်။
ဤနည်းအားဖြင့်၎င်းတို့သည်စိတ်နှလုံး မာကျော၍ နားလည်မှုမှောင်မိုက်ကျခဲ့ကြပါသည်။
နှစ်ခြင်းခံစဉ်တွင် ယေရှုခရစ်အား ဘုရားသခင်သက်သေ ပြုတော်မူခဲ့သည်ကို
သူတို့မသိမြင်ခဲ့ကြချေ။ မျက်မြင်မရသောကိုယ်တော်ကိုယုံကြည်ခြင်းအားဖြင့်မကြည့်ခဲ့
ကြသော မျက်လုံးများသည် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားခြင်းကို မမြင်တွေ့လိုက်ကြရချေ။
ကိုယ်တော် ရှင်၏အသံတော်ကို နားမထောင်ခဲ့သောနားများသည်
သက်သေခံချက်စကားသံများကိုမကြားခဲ့ရချေ။ ယခုအချိန်တွင်လည်း
ထိုနည်းအတူဖြစ်ပျက်နေပါသည်။ လူအများစုရုံးဝတ်ပြုပွဲများတွင် ခရစ်တော်နှင့်
အစေခံကျွန် ကောင်းကင်တမန်များသည် မကြာခဏအတူရှိခဲ့သော်လည်း ၎င်းတို့၏အတူရှိခြင်းကို
မသိလိုက် ရသောသူများစွာရှိကြပါသည်။ သူတို့သည် ထူးဆန်းစွာဖြစ်ပျက်နေသောအရာများကို
မသိမြင်လိုက်ကြရချေ။ သို့ရာတွင် တချို့အတွက် ကိုယ်တော်ရှင်သည် ထင်ရှားတော်မူခဲ့ပါသည်။
ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း သည်
၎င်းတို့၏စိတ်နှလုံးကိုလှုပ်ရှားစေခဲ့ပါသည်။ ထိုသူများသည်
နှစ်သိမ့်ခြင်းကိုလည်းကောင်း၊ အားပေး ခြင်း ကိုလည်းကောင်း၊
ကောင်းချီးပေးခြင်းကိုလည်းကောင်း ခံခဲ့ကြရပါသည်။
ယေရုရှလင်မှလာသော ကိုယ်စားလှယ်များသည်
“အဘယ်ကြောင့် ဗတ္တိဇံကို ပေးသနည်း” ဟု ဆရာယောဟန်အား မေးမြန်းကြကာ
အဖြေကိုစောင့်စားနေခဲ့ကြပါသည်။ ရုတ်တရက်သူသည် လူအုပ်ကြီးကို ကြည့်နေစဉ်တွင်
သူ၏မျက်လုံးများသည် မီးကဲ့သို့ဝင်းဝင်းတောက်နေပြီး သူ၏မျက်နှာသည် ဘုန်းရောင်ခြည်
များနှင့် ထွန်းလင်းနေကာ လူတစ်ကိုယ်လုံးသည် ပြင်းထန်သောစိတ်လှုပ်ရှားမှုကြောင့်
သိမ့်သိမ့်တုန်နေပါ သည်။ ဆရာယောဟန်သည် လက်ကိုဆန့်၍ “ငါသည် ရေ၌ဗတ္တိဇံကိုပေး၏။
သင်တို့အလယ်၌ သင်တို့မသိ သောသူတစ်ယောက်ရှိ၏။ ထိုသူသည် ငါ့နောက်ကြွလာသော်လည်း
ငါ့ထက်သာ၍ကြီးမြတ်၏။ ထိုသူ၏ ခြေနင်းတော်ကြိုးကိုမျှဖြည်ခြင်းငှါ
ငါမထိုက်ဟုပြန်ပြော၏။” ယောဟန် ၁း၂၆-၂၇။
ဤသတင်းစကားသည်
ဆန်ဟီဒရင်အဖွဲ့ထံပြန်လည်ယူဆောင်သွားရမည့် ထူးဆန်း၍အဓိပ္ပါယ် အမျိုးမျိုးရှိသော
သတင်းစကားဖြစ်နေပါသည်။ ဆရာယောဟန်၏စကားများသည် ကြာမြင့်စွာ စောင့်မျှော်ခဲ့ ရသော
မေရှိယမှလွဲ၍ အခြားမည်သူနှင့်မျှမသက်ဆိုင်နိုင်ချေ။ မေရှိယသည်
သူတို့အထဲတွင်ရှိသည်ဆိုပါ လား။ ဆရာယောဟန်ညွှန်ပြနေသောသူကိုတွေ့နိုင်ရန်
မျှော်လင့်လျက် ယဇ်ပုရောဟိတ်နှင့် အကြီးအကဲများ သည် အံ့ဩစွာဖြင့်
၎င်းတို့၏အနီးတစ်ဝိုက်တွင် ကြည့်ရှုကြပါသည်။ သို့ပါသော်လည်း ကိုယ်တော်ကို
လူအုပ်ကြီးတွင် ခွဲခြားသိမြင်နိုင်စွမ်းမရှိကြချေ။
သခင်ယေရှု၏နှစ်ခြင်းမင်္ဂလာပွဲ၌
ဆရာယောဟန်သည် ဘုရားသခင်၏သိုးသငယ်ကဲ့သို့ဖြစ်တော်မူ သောကိုယ်တော်အား
ပြညွှန်သောအချိန်၌ အသစ်သောအလင်းတော်သည် မေရှိယ၏အမှုတော်အပေါ်သို့
ကျရောက်တော်မူခဲ့ပါသည်။ “ထိုသူသည်အသေသတ်ခြင်းငှါ ဆောင်သွားသောသိုးသငယ်ကဲ့သို့
သူတို့ ဆောင် သွား၍ “ ဟူသော ဟေရှာယ၏စကားများဘက်သို့ ထိုပုရောဖက်၏စိတ်သည်
ဦးတည်နေပါသည်။ နောက်ပိုင်း ရက်သတ္တပတ်များတွင်ဆရာယောဟန်သည်
အနာဂတ္တိစကားများနှင့်ပူဇော်ဆက်ကပ်ခြင်းဆိုင်ရာ သွန်သင် ချက်များကို
စိတ်ဝင်စားစွာဖြင့်လေ့လာခဲ့ပါသည်။ ဒုက္ခဆင်းရဲခံရသောယဇ်ကောင်တစ်ကောင်အနေနှင့် သော်
လည်းကောင်း၊ အောင်နိုင်သောဘုရားတစ်ပါးအနေနှင့်သော်လည်းကောင်း
ခရစ်တော်ပါဝင်ဆောင်ရွက်ရမည့် အမှုတော်၏ကဏ္ဍနှစ်ခုအကြောင်းကိုသူသည်
ရှင်းလင်းစွာခွဲခြားမသိမြင်ခဲ့ချေ။ သို့သော်လည်းကိုယ်တော်ရှင် ၏ကြွလာခြင်းတွင်
နက်နဲသောထူးခြားချက်များရှိကြောင်း ထိုယဇ်ပုရောဟိတ်များနှင့် ယုဒလူများသိမြင်
နားလည်သည်ထက် ဆရာယောဟန်သည် ပိုမိုတွေ့မြင်ခဲ့ပါသည်။ တောမှပြန်လာပြီး လူထုထဲတွင်
ရောက်နေ တော်မူသော ယေရှုခရစ်ကို သူတွေ့မြင်သောအခါ ကိုယ်တော်၏ဇာတိရုပ်မှန်ထင်ရှား
စေရန်အတွက် ယုဒလူ များအားနိမိတ်လက္ခဏာပြပေးရန်
စိတ်ချစွာဖြင့်သူမျှော်ကိုးခဲ့ပါသည်။ သူသည်အမှုတော်အတွက် ကိုယ်တော်
ရှင်၏ကြေညာသံကိုကြားရန် အောင့်အည်းသည်းခံ၍ စောင့်မျှော်ခဲ့သော်လည်း
စကားတစ်လုံးကိုမျှ မိန့်တော် မမူ။ နိမိတ်လက္ခဏာတစ်ခုကိုမျှ ပြတော်မမူခဲ့ချေ။
သခင်ယေရှုသည် ဗတ္တိဇံဆရာယောဟန်၏ ကြေညာချက် ကိုမတုံ့ပြန်ခဲ့သော်လည်း
မိမိ၏အထူးလုပ်ငန်းအတွက် မည်သည့်အပေါ်ယံအထောက်အထားကိုမျှမပြရုံ သာမက
မိမိအားအာရုံစိုက်လာအောင်လည်း မည်သည့်ဆောင်ရွက်ချက်ကိုမျှမပြုဘဲ ယောဟန်၏
တပည့်တော်များနှင့်ရောထွေးယှက်တင်နေထိုင်ခဲ့ပါသည်။
နောက်တစ်နေ့တွင်ခရစ်တော်ကြွလာသည်ကို
ဆရာယောဟန်တွေ့မြင်ပါသည်။ ဘုရားသခင်၏ဘုန်း ရောင်ခြည်တော်ကျရောက်ခြင်းခံရသော
ထိုပုရောဖက်ကြီးသည် လက်ကိုဆန့်တန်းကာ “ဤလောက၏
အပြစ်ကိုဆောင်သွားသောဘုရားသခင်၏သိုးသငယ်ကိုကြည့်ရှုလော့။
ငါမရှိမီရှိနှင့်သည်ဖြစ်၍ ငါ့ထက်သာ၍ ကြီးမြတ်သောသူသည် ငါ့နောက်ကြွလာသည်ဟု ငါဆိုရာ
ထိုသူကိုဆိုလို၏။ အစကထိုသူကို ငါမသိ။ သို့သော်လည်း ထိုသူကိုဣသရေလလူတို့အား
ထင်ရှားစေခြင်းငှါ ငါသည် ရေ၌ဗတ္တိဇံကိုပေးလျက်လာ၏။ ထိုမှတစ်ပါး ဝိညာဉ်တော်သည်
ကောင်းကင်မှချိုးငှက်ကဲ့သို့ဆင်းသက်၍ သူ၏အပေါ်၌ နားတော်မူသည်ကို ငါမြင်ရပြီ။ အစကငါမသိ။
ရေ၌ဗတ္တိဇံကိုပေးစေခြင်းငှါငါ့ကိုစေလွှတ်တော်မူသောသူကအကြင်သူ၏အပေါ် ၌
ဝိညာဉ်တော်ဆင်းသက်၍ နားတော်မူသည်ကိုသင်မြင်လျှင် ထိုသူကား သန့်ရှင်းသောဝိညာဉ်တော်၌
ဗတ္တိဇံကို ပေးသောသူပေတည်းဟု မိန့်တော်မူသည်နှင့်အညီ ငါသည်မြင်၍
ဤသူသည်ဘုရားသခင်၏သားတော်ဖြစ် တော်မူကြောင်းကို သက်သေခံသည်ဟု ယောဟန်ဆိုလေ၏။” ယောဟန်
၁း၂၉-၃၄။
“ဤသူသည်ခရစ်တော်ဖြစ်သလား”
ဟုမေးခွန်းထုတ်ကာ ဘုရားသခင်၏သားတော်ဖြစ်ကြောင်း ကြေညာခြင်းခံရသော
ကိုယ်တော်အားအံ့ဩထိတ်လန့်စွာဖြင့် ကြည့်ရှုခဲ့ကြပါသည်။ သူတို့သည် ဆရာယောဟန်
၏စကားကြောင့် များစွာလှုပ်ရှားသွားခဲ့ပါသည်။ သူသည် ယုဒလူများအား ဘုရားသခင်၏
နာမတော်အားဖြင့် ပြောကြားခဲ့ပါသည်။ သူတို့သည် မိမိတို့၏အပြစ်များအတွက် ဆရာယောဟန်
ဆုံးမသည် ကိုတစ်နေ့ပြီးတစ်နေ့ သွားရောက်နားထောင်ခဲ့ကြပြီးလျှင်
တစ်နေ့ထက်တစ်နေ့မိမိတို့၏အပြစ်များကို ထင်ရှားစွာ တွေ့မြင်လာခဲ့ကြပါသည်။ သို့သော်
ဆရာယောဟန်ထက်သာ၍ ကြီးမြတ်သည် ဟူသောပုဂ္ဂိုလ် သည် မည်သူနည်း။ ကိုယ်တော်၏
ဝတ်စားဆင်ယင်မှုနှင့်ပြုမူပုံများသည် ဂုဏ်ဒြပ်မြင့်မားခြင်းအသွင်ကို မဆောင်ချေ။
ကိုယ်တော်သည် ဆင်းရဲသားများဝတ်သည့် နိမ့်ကျသောဝတ်ရုံကိုဝတ်ဆင်ကာ အမြင်အားဖြင့်
သာမန်လူတစ်ယောက်သာဖြစ်ခဲ့ပါသည်။
ခရစ်တော်၏နှစ်ခြင်းမင်္ဂလာပွဲတွင်
ကိုယ်တော်ပေါ်သို့ရောက်ခဲ့သော ဘုရားသခင်၏ဘုန်းတော်ကို မြင်တွေ့ခဲ့ကြပြီး
ဘုရားသခင်၏အသံတော်ကိုကြားခဲ့ရသော လူအချို့သည် လူအုပ်ထဲတွင်ရှိခဲ့ကြပါသည်။
သို့သော်လည်း ထိုအချိန်မှစ၍ ကိုယ်တော်ရှင်၏အသွင်အပြင်လက္ခဏာသည်
များစွာပြောင်းလဲခဲ့ပါသည်။ နှစ်ခြင်းမင်္ဂလာခံယူစဉ်တွင် သူတို့သည်
ကိုယ်တော်၏မျက်နှာတော်ပေါ်၌ ကောင်းကင်မှအလင်းတော်များ နှင့်တောက်ပနေသည်ကို
မြင်ခဲ့ရသော်လည်း ယခုတွင်မူ ကိုယ်တော်၏မျက်နှာတော်သည် ဖြူဖပ်ဖြူရော်ဖြစ် ကာ
ပိန်ချုံးနေသောကြောင့် ပုရောဖက်ဆရာယောဟန်တစ်ပါးတည်းသာ ကိုယ်တော်ကိုမှတ်မိခဲ့ပါသည်။
သို့သော် လူအများသည်
ကိုယ်တော်ရှင်အားကြည့်ရှုကြရာ မျက်နှာတော်ပေါ်တွင် ဘုရားသခင်၏
သနားခြင်းကရုဏာနှင့်သိမြင်ခြင်းတန်ခိုးများရောယှက်နေကြောင်းကို တွေ့မြင်ကြရပါသည်။
မျက်လုံးတော် ၏ အကြည့်တိုင်းတွင်သော်လည်းကောင်း၊
မျက်နှာတော်၏အမူအရာတိုင်းတွင်သော်လည်းကောင်း နှိမ့်ချခြင်း နှင့်တကွ
နှုတ်ဖြင့်ဖော်ပြနိုင်သည့်မေတ္တာတော်ကို ဖော်ပြနေပါသည်။ ကိုယ်တော်ရှင်သည်
ဝိညာဉ်တော်၏ ဩဇာ သက်ရောက်မှုဖြင့် ခြံရံမှုကိုခံစားနေရသယောင်ဖြစ်နေပါသည်။
ကိုယ်တော်၏လုပ်နည်းလုပ်ဟန်များ သည် နူးညံ့သိမ်မွေ့၍ ဟိတ်ဟန်မပါဘဲရှိစဉ်တွင်
၎င်းတို့အားဖုံးကွယ်ထားသော်လည်း အလုံးစုံကိုဖုံးကွယ် ခြင်းငှါ မတတ်စွမ်းသော
တန်ခိုးတော်အသိအားဖြင့် ကိုယ်တော်သည် လူတို့၏နှလုံးသားကို စွဲမှတ်စေတော်မူ
ခဲ့ပါသည်။ ဣသရေလများသည် အချိန်ကြာမြင့်စွာကတည်းက စောင့်မျှော်ခဲ့သောသူသည်
ဤပုဂ္ဂိုလ် ဖြစ်ပါ သလား။
ကျွန်ုပ်တို့၏ကယ်တင်ရှင်တစ်ပါးဖြစ်သကဲ့သို့
ကျွန်ုပ်တို့၏ ပုံသက်သေတစ်ခုဖြစ်နိုင်စေရန်အလိုငှါ ခရစ်တော်သည်
ဆင်းရဲခြင်းနှင့်နှိမ့်ချခြင်းများကိုခံယူလျက် ကြွမြန်းလာခဲ့ပါသည်။ အကယ်၍
ကိုယ်တော် သည် ဘုရင်များ၏ပကာသနမျိုးဖြင့် ပေါ်ထွန်းတော်မူခဲ့လျှင်
နှိမ့်ချခြင်းကို မည်ကဲ့သို့သွန်သင်ပေးနိုင်လိမ့် မည်နည်း။ တောင်ပေါ်ဒေသနာထဲတွင်
ပါဝင်သောထိရောက်သည့် သမ္မာတရားများကို မည်ကဲ့သို့သွန်သင်နိုင် လိမ့်မည်နည်း။ ခရစ်တော်သည်
ဘုရင်တစ်ဆူအနေဖြင့် လူများထဲတွင်နေတော်မူခဲ့လျှင် နိမ့်ကျသောလူတန်း စားများ၏
မျှော်လင့်ချက်သည် အဘယ်မှာရှိလိမ့်မည်နည်း။ လူထုကြီးအတွက်မူ ဆရာယောဟန်ဖော်ညွှန်း
နေသော ပုဂ္ဂိုလ်သည် ၎င်းတို့၏ကြီးမားသောမျှော်မှန်းချက်များနှင့်
ဆက်စပ်၍မရနိုင်သလိုဖြစ်နေခဲ့ပါသည်။ သို့အတွက် များစွာသောလူတို့သည်
စိတ်ပျက်ခဲ့ကြပြီး များစွာစိတ်ရှုပ်ထွေးခဲ့ကြပါသည်။
ပုရောဟိတ်များနှင့်ကျမ်းတတ်ဆရာများတို့
အလွန်ကြားချင်နေသည့် စကားများဖြစ်သည့် “ခရစ်တော်သည် ယခုတွင် ဣသရေလနိုင်ငံကို
ပြန်လည်ရယူတော့မည်” ဟူသောစကားများကို ကိုယ်တော်မိန့်တော်မမူခဲ့ချေ။
ထိုကဲ့သို့သောဘုရင်မျိုးကို သူတို့စောင့်စားခဲ့ကြသည်။ ထိုကဲ့သို့သော ဘုရင်မျိုးကို
လက်ခံကြိုဆိုရန် သူတို့အသင့်ရှိခဲ့ကြသည်။ သို့သော် မိမိတို့၏ စိတ်နှလုံးထဲတွင်
ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်းတို့နှင့်ယှဉ်သော နိုင်ငံတော်ကို တည်ထောင်ရန်
ကြိုးစားခဲ့သော ပုဂ္ဂိုလ်တစ်ပါးကို သူတို့လက်မခံခဲ့ကြချေ။
နောက်တစ်နေ့တွင်တပည့်တော်နှစ်ဦးသည်အနီး၌ရပ်နေကြစဉ်ဆရာယောဟန်သည်လူများ
အလယ်
တွင်ရှိသောခရစ်တော်ကိုတစ်ဖန်မြင်တွေ့ခဲ့ပြန်သည်။ပုရောဖက်၏မျက်နှာတော်သည်ဘုရားသခင်၏
အလင်း တော်ဖြင့် တစ်ဖန်ထွန်းလင်းလာပြီး “ဘုရားသခင်၏သိုးသငယ်ကိုကြည့်လော့” ဟု
ဟစ်ကြော်ခဲ့ပါသည်။ ဤစကားများသည် တမန်တော်များ၏နှလုံးသားကို
သိမ့်သိမ့်တုန်စေခဲ့ပါသည်။ ခရစ်တော်အား ဆရာယောဟန် ကင်ပွန်းတပ်ခဲ့သည့်
“ဘုရားသခင်၏သိုးသငယ်” ဟူသောအမည်နာမ၏ အဓိပ္ပါယ်ကို
တမန်တော်များပြည့်ပြည့်စုံစုံနားမလည်ခဲ့ကြချေ။ ဆရာယောဟန်ကိုယ်တိုင်ကလည်း
ရှင်းမပြခဲ့ချေ။
သူတို့သည် ဆရာယောဟန်ကိုစွန့်ခွာလျက်
ခရစ်တော်ထံသို့ထွက်သွားခဲ့ကြပါသည်။ ထိုနှစ်ယောက် ထဲမှတစ်ယောက်သောသူသည်
ရှိမုန်၏ညီအန္ဒြေဖြစ်ပြီး ကျန်တစ်ယောက်မှာ တမန်တော်ယောဟန်ဖြစ်ပါ သည်။
သူတို့သည်ခရစ်တော်၏လက်ဦးတမန်တော်များဖြစ်ကြပါသည်။ ချုပ်တည်း၍မရနိုင်သောစိတ်ဇော၏
လှုံ့ဆော်မှုကြောင့် သူတို့သည် ခရစ်တော်နောက်သို့လိုက်ခဲ့ကြပါသည်။
ကိုယ်တော်နှင့်စကားပြောရန် အလွန် စိတ်စောနေကြသော်လည်း “ဤသူသည် မေရှိယလား”
ဟူသောအတွေး၏မခံမရပ်နိုင်အောင် ဖိစီးထားသည့် အရေးပါမှုတွင်နစ်မျောကာ
ထိတ်လန့်ငြိမ်သက်လျက်ရှိကြပါသည်။
တမန်တော်များသည်
မိမိနောက်တော်သို့လိုက်လာကြသည်ကို ခရစ်တော်သိတော်မူခဲ့ပါသည်။ ထိုသူများသည်
ကိုယ်တော့်အမှုတော်၏အဦးသီးသောအသီးများဖြစ်ကြပြီး မိမိ၏ကရုဏာကို ထိုသူများက
တုံ့ပြန်ကြသောကြောင့် နှလုံးတော်တွင်းဝမ်းသာပီတိဖြစ်ခဲ့ရပါသည်။ သို့စေကာမူ နောက်တော်သို့လှည့်၍
“အဘယ်အလိုရှိသနည်း” ဟု ယေရှုကမေးတော်မူ၏။ ကိုယ်တော်သည် ၎င်းတို့အား လာလမ်းအတိုင်း
ပြန်သွားရန်နှင့် မိမိတို့၏ဆန္ဒကိုတင်ပြရန်အတွက် လွတ်လပ်သောရွေးချယ်ခွင့်ကို
ပေးတော်မူခဲ့ပါသည်။
သူတို့၏အသိစိတ်ဓာတ်တွင်
ရည်ရွယ်ချက်တစ်ခုသာရှိပါသည်။ “ရဗ္ဗိ၊ ကိုယ်တော်သည်အဘယ်မှာနေ တော်မူသနည်း”
ဟုမေးလျှောက်ကြ၏။ လမ်းနံဘေးတွင် ခေတ္တခဏစကားပြောကြစဉ် မိမိတို့မျှော်လင့်သော
အရာကို သူတို့မသိနိုင်ခဲ့ကြချေ။ သူတို့သည် ကိုယ်တော်၏ခြေတော်ရင်းတွင်ထိုင်ကာ
နှုတ်တော်ထွက်စကား များကို ကြားနာပြီး
ကိုယ်တော်နှင့်အတူနေထိုင်ကြရန်ဆန္ဒရှိခဲ့ကြပါသည်။ “ယေရှုကလည်း လာ၍ကြည့်ကြ လော့ဟု
မိန့်တော်မူ၏။ ထိုသူတို့သည် နေတော်မူရာအရပ်ကိုသွား၍
ကြည့်ကြ၏။-----မိုးချုပ်သည်တိုင် အောင်အထံတော်၌နေကြ၏။”
ယောဟန်နှင့်အန္ဒြေတွင်
ယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီးအကဲများ၌ ရှိနေသည့် မယုံကြည် သောစိတ်ထားများ
ရှိနေခဲ့ပါလျှင် ထိုသူတို့ကို ခရစ်တော်၏ခြေတော်ရင်းတွင် တရားနာနေသော ပုဂ္ဂိုလ်များ
အဖြစ်တွေ့ရလိမ့်မည်မဟုတ်ချေ။ ဝေဖန်သူများအနေဖြင့် ကိုယ်တော်၏စကားများကို တရားစီရင်ရန်
အတွက်သာ ကိုယ်တော့်ထံသို့ သူတို့လာခဲ့ကြပါလိမ့်မည်။ ထိုသို့သောအားဖြင့်
များစွာသောလူများသည် အလွန်အဖိုးထိုက်တန်သော အခွင့်အရေးများကိုမရရှိစေရန်
တံခါးကိုပိတ်ထားတတ်ကြသည်။ ဤရှေးဦး တမန်တော်နှစ်ပါးမှာမူ ထိုကဲ့သို့မဟုတ်ခဲ့ချေ။
သူတို့သည် ဗတ္တိဇံဆရာယောဟန်၏ ဟောပြောချက်မှ သန့်ရှင်းသောဝိညာဉ်တော်၏
ခေါ်သံကိုတုံ့ပြန်ခဲ့ကြပါသည်။ ယခုတွင် သူတို့ကြားခဲ့ရသည့် ကောင်းကင်မှ
အသံတော်ကိုလည်း အသိအမှတ်ပြုခဲ့ကြသည်။ ကိုယ်တော်၏သွန်သင်ချက်များသည် ၎င်းတို့အဖို့
အားတက်စရာများ၊ သမ္မာတရားများ၊ တင့်တယ်မှုများနှင့် ပြည့်ဝသောသွန်သင်ချက်များဖြစ်ခဲ့ပါသည်။
ဘုရားသခင်၏ဘုန်းတန်ခိုးထွန်းလင်းတောက်ပခြင်းသည် ဓမ္မဟောင်းကျမ်းစာ၏
ဤသွန်သင်ချက်အပေါ်တွင် သက်ရောက်တော်မူခဲ့ပါသည်။ သမ္မာတရား၏
အဘက်ဘက်ဆိုလိုရင်းအချက်များသည် အသစ်သော အလင်းတော်တွင်
အဆုံးတိုင်မြဲမြံတော်မူခဲ့ပါသည်။
လူတို့သည် စိတ်နှလုံးကြေကွဲခြင်း၊
ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာအားဖြင့်သာ ကောင်းကင်မှ ဉာဏ်တော်ကို
ရရှိနိုင်ကြပါသည်။ မေတ္တာတော်အားဖြင့်ကျင့်သုံးနေသော ယုံကြည်ခြင်းသည် အသိပညာ၏
အချက်အချာဖြစ်၍ ချစ်ခြင်းမေတ္တာရှိသောသူတိုင်းသည် ဘုရားသခင်ကို သိကြပါသည်။ ၁ယော၊ ၄း၇။
တမန်တော်ရှင်ယောဟန်သည် ဇွဲလုံ့လရှိသော၊
လှိုက်လှိုက်လှဲလှဲချစ်တတ်သော၊ စိတ်အားထက်သန်
သောသူတစ်ယောက်ဖြစ်သော်လည်းစဉ်းစားဆင်ခြင်တတ်သူတစ်ဦးလည်းဖြစ်ပါသည်။ သူသည်ခရစ်တော်
၏ဘုန်းအာနုဘော်ကိုအစပြု၍ သိမြင်နားလည်ခဲ့ရာတွင်
ကျမ်းတတ်ဆရာများက၎င်းအားမျှော်လင့်ရန် သွန်သင်ခဲ့သော လောကီပကာသနများနှင့်
တန်ခိုးအာဏာများမဟုတ်ဘဲ “ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ ဘုန်းကဲ့သို့
သူ၏ဘုန်းတော်ကို” သူမြင်ခဲ့ရပါသည်။ သူသည် အံ့ဩဖွယ်ရာများကို အာရုံစူးစိုက်
ခြင်းတွင် စိတ်နှလုံးနစ်မျောနေခဲ့ပါသည်။
အန္ဒြေသည် မိမိခံစားရသော
ဝမ်းမြောက်ခြင်းပျော်ရွှင်မှုကိုမျှဝေရန် ကြိုးစားခဲ့ပါသည်။ သူသည်
မိမိညီအစ်ကိုရှိမုန်ကို ရှေးဦးစွာတွေ့လျှင် ငါတို့သည်
မေရှိယကိုတွေ့ကြပြီဟုပြောဆို၏။ ဗတ္တိဇံဆရာ ယောဟန်၏
သွန်သင်ချက်ကိုကြားနာပြီးဖြစ်သော ရှိမုန်သည် ဒုတိယအကြိမ်ဖိတ်ခေါ်မှုကို
မစောင့်ဆိုင်း တော့ဘဲ ကယ်တင်ရှင်ထံသို့အမြန်သွားခဲ့ပါသည်။ ခရစ်တော်သည်
ထိုသူကိုကြည့်ရှုရာ သူ၏စိတ်မြန်သော သဘောသဘာဝ ချစ်တတ်၊
ကိုယ်ချင်းစာနာတတ်သောစိတ်နှလုံး၊ သူ၏ရည်ရွယ်ချက်နှင့် မိမိကိုယ်ကို စိတ်ချ
လွန်းမှု၊ သူ၏ကျဆုံးခြင်းနှင့်နောင်တရခြင်း၊ သူ၏အမှုတော်လုပ်ငန်းနှင့်
မာတုရသေခြင်း စသည်တို့ကို ရှုမှတ်၍တွေ့သိပြီး “သင်သည် ယောန၏သားရှိမုန်ဖြစ်၏။
ကေဖအမည်သစ်ကိုရလတ္တံ့ဟု မိန့်တော်မူ၏။ ကေဖအနက်ကား ပေတရုဟုဆိုလိုသတည်း။”
နောက်တစ်နေ့၌ဂါလိလဲပြည်သို့ကြွခြင်းငှါအလိုတော်ရှိလျှင်ဖိလိပ္ပုကိုတွေ့၍
ငါ့နောက်သို့လိုက်လော့ ဟု မိန့်တော်မူ၏။ ဖိလိပ္ပုသည် အမိန့်တော်ကိုနာခံ၍
ချက်ခြင်းပင်ခရစ်တော်၏အမှုဆောင်တစ်ဦးဖြစ်လာ ခဲ့ပါသည်။
ဖိလိပ္ပုသည် နာသနေလကို
ခရစ်တော်၏နောက်သို့လိုက်ရန်ခေါ်ခဲ့၏။ ဗတ္တိဇံဆရာသည် ခရစ်တော် အားညွှန်ပြ၍
ဘုရားသခင်၏သိုးသငယ်ဖြစ်ကြောင်းပြောနေသောအချိန်တွင် လူအုပ်ထဲတွင် နာသနေလရှိခဲ့
ပါသည်။ နာသနေလသည် ယေရှုကိုမြင်တွေ့သောအခါ စိတ်ပျက်သွားခဲ့ပါသည်။ ဆင်းရဲနုံချာ၍
ပင်ပန်းနွမ်းလျ ပုံပေါ်နေသော ဤသူသည် မေရှိယဖြစ်နိုင်ပါမည်လား။ ဗတ္တိဇံဆရာ၏
သတင်းစကားသည် ၎င်း၏ စိတ်နှလုံး အား
ထင်ထင်ရှားရှားသိမြင်စေပြီးဖြစ်သည့်အတွက်ကြောင့် နာသနေလသည် ခရစ်တော်အား
ငြင်းပယ်ရန် ဆုံးဖြတ်နိုင်စွမ်းမရှိခဲ့ချေ။
ဖိလိပ္ပုသည် ၎င်းအားခေါ်သောအချိန်တွင်
နာသနေလသည် ဗတ္တိဇံဆရာ၏ ကြေညာချက်အပေါ် တွင်လည်းကောင်း၊ မေရှိယနှင့်ပတ်သက်သော
အနာဂတ္တိစကားများအပေါ်တွင် လည်းကောင်း၊ အာရုံပြုရန်
ငြိမ်သက်သောတောအုပ်ငယ်ကလေးထဲသို့ ဆုတ်ဝင်သွားခဲ့ပါသည်။
ဆရာယောဟန်ပြညွှန်သောပုဂ္ဂိုလ်သည် ကယ်တင်ရှင်ဖြစ်ပါလျှင် မိမိအားသိမြင်စေတော်မူပါဟု
သူဆုတောင်းခဲ့ရာ ဘုရားသခင်သည် မိမိလူမျိုးတို့ထံ အလည်အပတ်ကြွလာ၍ ၎င်းတို့အတွက်
ကယ်တင်ခြင်းဦးချိုကို မြှောက်တင်တော်မူခဲ့ကြောင်း အာမခံချက် နှင့်တကွ
သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းအပေါ်သို့ကြွဆင်းတော်မူခဲ့ပါသည်။ မိမိ၏သူငယ်ချင်းသည်
အနာဂတ္တိစကားများကို စူးစမ်းရှာဖွေနေကြောင်းကိုဖိလိပ္ပုသိရှိခဲ့ပါသည်။
နာသနေလသည်သင်္ဘောသဖန်းပင် အောက်တွင် ဆုတောင်းနေစဉ်တွင် ၎င်း၏ဘာဝနာစီးဖြန်းခြင်းကို
ဖိလိပ္ပုတွေ့မြင်ခဲ့ပါသည်။ သူတို့သည် ဆိတ်ငြိမ်သောသစ်ပင်များအောက်တွင်
မကြာခဏအတူတကွ ဆုတောင်းခဲ့ကြပါသည်။ “မောရှေသည် ပညတ္တိကျမ်း၌လည်းကောင်း၊
ပုရောဖက်တို့သည် သူတို့ကျမ်း၌လည်းကောင်း အကြောင်းပြုရေးထားသော
သူ----ကိုငါတို့တွေ့ကြပြီ” ဟူသောသတင်းစကားသည် နာသနေလ၏ဆုတောင်းချက်ကို
တိုက်ရိုက်အဖြေ ပေးသကဲ့သို့ ဖြစ်နေပါသည်။ သို့သော် ဖိလိပ္ပု၏ယုံကြည်ခြင်းသည်
စနောင့်စနင်းဝိုးတိုးဝါးတားယုံကြည်ခြင်း မျိုးသာဖြစ်နေပါသေးသည်။ အကြောင်းမှာ သူသည်
“နာဇရက်မြို့သားဖြစ်သော ယောသပ်၏သားယေရှု”
ဟူ၍သံသယရှိစွာဖြင့်ကိုယ်တော်ကိုခေါ်ဝေါ်ခဲ့ပါသည်။ထိုအခါနာသနေလ၏စိတ်နှလုံးထဲတွင်
တစ်ဖက်သတ် အထင်လွဲမှုသည် ဖြစ်ပေါ်လာခဲ့ကာ “နာဇရက်မြို့ထဲက ကောင်းသောအရာတစ်စုံတစ်ခုမျှ
ထွက်နိုင်သလော” ဟုမေးလေ၏။
ဖိလိပ္ပုသည်
နာသနေလနှင့်အငြင်းပွားမနေတော့ဘဲ “လာ၍ကြည့်ပါ” ဟုဆို၏။ နာသနေလ လာသည် ကို
ယေရှုသည်မြင်တော်မူလျှင် “လှည့်စားခြင်းအပြစ်နှင့်ကင်းလွတ်သော
ဣသရေလလူစစ်ကိုကြည့်လော့” ဟု နာသနေလကို အမှတ်ပြု၍မိန့်တော်မူ၏။
နာသနေလအံ့အားသင့်စွာဖြင့် ကိုယ်တော်သည် အဘယ်သို့သော အားဖြင့်အကျွန်ုပ်ကိုသိတော်မူသနည်းဟု
မေးလျှောက်သော် ယေရှုက “ ဖိလိပ္ပုသည်သင့်ကိုမခေါ်မီသင် သည်
သင်္ဘောသဖန်းပင်အောက်၌ရှိသည်ကို ငါမြင်၏” ဟု မိန့်တော်မူ၏။
ယခုလောက်မိန့်တော်မူလျှင် လုံလောက်ပေပြီ။
သင်္ဘောသဖန်းပင်အောက်တွင် နာသနေလသည် ဆိတ်ငြိမ်စွာဆုတောင်းနေစဉ်
သက်သေခံတော်မူခဲ့သော ဘုရားသခင်၏ဝိညာဉ်တော်သည် ယခုတွင် ယေရှုခရစ်၏ နှုတ်တော်ထွက်စကားအားဖြင့်
နာသနေလအား မိန့်တော်မူနေပါသည်။ သံသယရှိခဲ့သော်လည်း တစ်ဖက်သတ်အထင်လွဲမှုကို
စိတ်လျှော့လျက် နာသနေလသည် သမ္မာတရားကိုသိရှိရန် ရိုးသားသောဆန္ဒဖြင့်
ခရစ်တော်ထံသို့တိုးဝင်ခဲ့ပါသည်။ ယခုတွင်မူ ၎င်း၏အလိုဆန္ဒပြည့်ဝသွားပေပြီ။ သူ့အား
ခရစ်တော်ထံသို့ ခေါ်ဆောင်ခဲ့သော သူထက်ပင် နာသနေလ၏ ယုံကြည်ခြင်းသည်
သာလွန်သွားခဲ့ပါသည်။ “ အရှင်ဘုရား၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်တော်မူ၏။
ဣသရေလလူတို့၏ရှင်ဘုရင်လည်းဖြစ်တော်မူ၏” ဟု နာသနေလလျှောက်လေ၏။
နာသနေလသည်
ကျမ်းတတ်ဆရာများ၏လမ်းပြမှုကိုသာ ကိုးစားပါလျှင် ယေရှုခရစ်ကိုတစ်ခါမျှ
တွေ့နိုင်လိမ့်မည်မဟုတ်ချေ။ မိမိကိုယ်ကို မြင်တွေ့ခြင်း၊
ကိုယ်တိုင်ဆုံးဖြတ်ခြင်းအားဖြင့် သူသည် တမန်တော်တစ်ပါးဖြစ်လာခဲ့ပါသည်။
ထိုနည်းအတိုင်းပင် ယနေ့လူများအား လူကောင်းများဖြစ်မလာစေရန် အတွက်
တစ်ဖက်သတ်အထင်လွဲမှုများက ဟန့်တားထားပါသည်။ သူတို့သည် လာ၍ကြည့်ခဲ့လိမ့်မည်ဆိုလျှင်
အလွန်ခြားနားသောအဖြေကိုရကြပါလိမ့်မည်။
သူတို့သည် လူသားများ၏လမ်းပြမှုကို
ကိုးစားသောအချိန်တွင် မည်သည့်အရာတစ်စုံတစ်ခုမျှ သမ္မာတရား၏
ကယ်တင်ခြင်းအသိဉာဏ်ဖြစ်လာလိမ့်မည်မဟုတ်ချေ။ ကျွန်ုပ်တို့သည် နာသနေလကဲ့သို့
မိမိတို့ကိုယ်တိုင် နှုတ်ကပတ်တော်ကိုလေ့လာရန် လိုအပ်သည့်ပြင်
သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးကို ရရန်အတွက်လည်း ဆုတောင်းဖို့လိုပါသည်။
သင်္ဘောသဖန်းပင်အောက်တွင်ရှိသော နာသနေလကိုတွေ့မြင် တော်မူသောပုဂ္ဂိုလ်သည်
လျှို့ဝှက်သောနေရာများတွင် ဆုတောင်းနေသောကျွန်ုပ်တို့ကို မြင်တွေ့တော်မူ လိမ့်မည်။
အလင်းကမ္ဘာမှ ကောင်းကင်တမန်များသည် နှိမ့်ချစွာဖြင့် ဘုရားသခင်၏လမ်းပြမှုကို
ရှာဖွေနေကြ သောသူများ၏အနီးအနားတွင် ရှိတော်မူ၏။
ယောဟန်၊ အန္ဒြေ၊ ရှိမုန်၊ ဖိလိပ္ပုနှင့်
နာသနေလတို့ကိုခေါ်တော်မူ၍ ခရစ်ယာန်အသင်းတော်၏ တိုက်မြစ်ကို အစပျိုးတော်မူခဲ့ပါသည်။
No comments:
Post a Comment