Tuesday, April 28, 2026

 

ခွဲခွာလို့မရသောလူ

သတ္တမပညတ်ချက်

 

         သူ့မယားကိုမပြစ်မှားနှင့်။” (ထွက်မြောက်ရာကျမ်း ၂၀း၁၄)။

       မည်သည့်နာရီကိုကမ္ဘာပေါ်ရှိအလှပဆုံးသောနာရီပဲဟုကျွမ်းကျင် သူများက ပြောလေမည်ကိုကျွန်ုပ်မသိပါ။ ကျွန်ုပ်အဖို့မှာတော့ ဘိုးဘိုး၏ အင်္ကျီအောက်ဘက်၊ ဘယ်ဘက်အိတ်ထဲတွင် အမြဲရှိနေတတ်သော အချိန်ကိုက်နာရီကလေးသာ အလှဆုံးဟုထင်ပါသည်။ ရွှေအစစ်ဖြင့် ပြု  လုပ်ထား၏။ တစ်ခါတစ်ရံ ဘိုးဘိုးကပြသည်။ ရွှေလက်တံကလေးများ၊ အိပ်ရာဝင်ခါနီးတိုင်း ဘိုးဘိုးအမြဲတမ်းလှည့်နေကျ သံပတ်ကြိုးခွေဘေး တွင် ဘီးကလေးများစသည်ဖြင့် နာရီကလေးသည် ချက်ချက်၊ ချက်ချက် နှင့် အနေအထားအားလုံးက လှပခြင်းအတိ။ ဘိုးဘိုးအဖို့မှာလည်း ထို နာရီကလေးပါမှ သူ့ဘဝမှာပြည့်စုံသည့် သဘောရှိသည်။

         ကျွန်ုပ် ၆ နှစ်သားအရွယ်၊ တစ်နေ့သော မနက်စောစောတွင် မီးဖို ဆောင်ထမင်းစားခန်းတွင် နံနက်စာစားနေကြသော ဘိုးဘိုးနှင့် ဘွားဘွား တို့နှင့် အတူရှိနေချိန်၊ စားပွဲပေါ်သို့လက်ကိုတင်ကာ လက်ပေါ်မေးစေ့ကို တင်လျက် ဘိုးဘိုးကို ငေးကြည့်နေခဲ့မိသည်။ ဘိုးဘိုး၏ အင်္ကျီအိတ်က ကြယ်သီးမတပ်ထားသောကြောင့် တွဲကျနေသော နာရီ၏ ကြိုးကွင်း ကလေးကို မြင်နေရ၏။ စိတ်ထဲမှ ရုတ်တရက်ထွက်လာသည့် ထူးဆန်း သောအတွေးဖြင့် ဘိုးဘိုးအားပြောလိုက်မိတော့သည်။

         ဘိုးဘိုး၊ ဘိုးဘိုးသေသွားခဲ့ရင် အဲဒီနာရီလေးသားကို ပေးခဲ့ပါ လား” ထိုအချိန်တွင် အပြာရောင်မျက်လုံးများ ဘယ်လောက်ပြူးဝိုင်း တောက်ပသွားခဲ့သည်ကို မမှတ်မိတော့ပါ။ သို့သော် သူ၏ ဖြေကြားသံ ကတော့ ကျွန်ုပ်၏ နားထဲတွင် ယခုတိုင်အောင်ပဲ့တင်ထပ်နေဆဲ---


“ကောင်းပြီ၊ ---- ငါသေသွားတဲ့တစ်နေ့မှာ ဒီနာရီဟာ မင်းရဲ့နာရီ ဖြစ်ရ မယ်။”

         ပြောမပြတတ်အောင် ကျွန်ုပ်ဝမ်းသာခဲ့၏။ နံနက်စာကိုပင် မစား နိုင်တော့။ ဝမ်းသာအားရနှင့် မေမေ့ကိုလည်း ပြောပြ၏။ ထိတ်လန့် တုန်လှုပ်သွားသောမေမေကြောင့် ကျွန်တော့မှာ ကြောင်အမ်းအမ်း ဖြစ် သွားသည်။ ဝမ်းသာမှုများတဒင်္ဂတွင် ပျောက်ကုန်၏။ မေမေ့အသံကြောင့် ကျွန်ုပ်မှာ အမှန်တကယ် ကြောက်မက်ဖွယ် အမှုတစ်ခုပြုခဲ့မိကြောင်း ထင်ရှားနေ၏။ “ဟဲ့သား၊ အဲလိုပဲပြောလိုက်လား” အနောက်တွန့်လျက် စကားမပြောနိုင်ဘဲ ခေါင်းသာညိတ်ပြ လိုက်သည်။ “ဟယ် အဲ့လိုပြော လိုက်တော့ ဘိုးဘိုးကို မြန်မြန်သေစေချင်တဲ့ သဘောရောက်သွားတယ် ဆိုတာ သားသိရဲ့လား” မေမေကရှင်းပြ၏။

         ကျွန်ုပ်စိတ်ရှုပ်ထွေးသွား၏။ ထို့ကြောင့် နာရီနှင့် ပတ်သက်၍ ကျွန်ုပ်ဘာတစ်ခုမှ ဘိုးဘိုးအား မပြောဖြစ်တော့ပါ။ သို့သော် ဘိုးဘိုးက မမေ့ပါ။ နောက်နှစ်နှစ်အကြာ သူမသေဆုံးမီတွင် မေမေ့အား သူမှာခဲ့ သည်မှာ “ဇိုလာလော်ရွန်ဟာ ငါ့ရဲ့ နာရီကိုပိုင်ဆိုင်ရမယ်ဆိုတာကို သတိ ရပါ” ဟူ၏။

         သူသေဆုံးသွားပြီးသောအခါ မေမေက ကျွန်ုပ်အား နာရီကို ပြပြီး ဘူးထဲထည့်ကာ လုံခြုံရာ အမြင့်ဗီရိုပေါ်သို့ တင်ထားလိုက်၏။ လိုအပ် သလိုနာရီကိုထုတ်ပြီး ဖုန်သုတ်ခြင်း၊ သံပတ်ပေးခြင်းတို့ကို ပြုစေရင်း နှစ် များကြာညောင်းလာခဲ့၏။ ဤသို့ဖြင့် ဘိုးဘိုး၏ မေတ္တာကို အမြဲတမ်း အောက်မေ့စရာဖြစ်စေခဲ့၏။

         ကျွန်ုပ် ၁၄ နှစ်ပြည့်သော တစ်နေ့မှာ နာရီကိုသူ့နေရာသို့ ပြန် မထားတော့ဘဲ “မေမေ၊ ကျွန်တော်နာရီကို ကောင်းကောင်းကြည့်ရှု ထိန်း သိမ်းတတ်တဲ့အရွယ်ရောက်လာပြီဟု” မေမေ့ကိုပြောလိုက်၏။

         အတော်လေးကြာမှ မေမေက “မေမေတော့မထင်ဘူး၊ ဒါပေမယ့် သားရွေးချယ်နိုင်ပါတယ်” ဟု ပြန်ပြော၏။

         နောက်နေ့မနက်မှစ၍ ဘိုးဘိုး၏ နာရီကလေးသည် ကျွန်ုပ်၏ လီဗိုက်ဂျင်းအရှေ့ဘက်အိတ်ထဲမှ ကျောင်းသို့ လိုက်ပါသွား၏။ ဘယ် ကျောင်းသားမှ ကျွန်ုပ်ကဲ့သို့ ရွှေအစစ်ဖြင့်ပြီးသော အိတ်ဆောင်နာရီကို ကိုင်ဆောင်နိုင်မည်မဟုတ်ပါ။ အချိန်ကြည့်ရန် နာရီကို ထုတ်လိုက်ထည့် လိုက်လုပ်နေသည်ကို အတန်းဖော်များ သတိထားမိကြ၏။ နေ့လယ် ကျောင်းဆင်းချိန်တွင် ကျွန်ုပ်၏ အံ့ဖွယ်ရွှေနာရီလေးကို လာဝိုင်းကြည့် ကြတော့မည်ဟု ထင်ခဲ့ပါသည်။ သို့သော် ခေါင်းလောင်းထိုးသည်နှင့် ခါတိုင်းကဲ့သို့ပင် ဘေ့(စ်)ဘောကစားရန် စိတ်စောကာ အခန်းတံခါးဝသို့ အလုအယက်ပြေးကြ၏။

         ထိုအခါမှကျောင်းပွဲတွင် ကျွန်ုပ်တို့အဖွဲ့အလှည့်ကျသည်ကို သတိ ရတော့၏။ (၃၅) စက္ကန့်အတွင်း ပြင်ဆင်မှုပြီး၍ စတင်ကစားကြတော့ သည်။

         ပထမဦးဆုံး “ဘာဇီ” ကစ၏။ ဒုတိယ “လာရီ” ရိုက်လိုက် ပြန်၏။ ကျွန်ုပ်အလှည့်ကျလာသောအခါ ရိုက်ချက်တွင် ဘုရင်ဟု အမှတ်ပေးခံခဲ့ ရသော ကျွန်ုပ်၏ ယခုရိုက်ချက်ကြောင့် လုံးဝနာမည် ပျက်ပြီထင်သည်။ ပထမအကြိမ်မှာပင် အနောက်ဘက်ကွင်းရောက်သွားသည်။ တစ်ဖန် တစ်ဖက်မှပစ်သည်ကို သူရဲလုပ်ပြီး ဒိုင်ဗင်ထိုး၍ ဖမ်းလိုက်၏။

         ရင်ခုန်စရာအတိ၊ ဩဘာသံများသောသောညံ၊ တစ်ဘဝမှာ မမေ့ နိုင်စရာစက္ကန့်လေးများဖြစ်သည်။မတ်တတ်ရပ်လိုက်၏။အရပ်တစ်လက်မပိုမြင့်လာသည်ထင်ရ၏။ ပေသွားသော ဖုန်များကို လက်ဖြင့်ပုတ်ခါ လိုက်ရင်း ဘောင်းဘီ၏ အရှေ့ညာဘက်ခြမ်းအိတ်ထဲတွင် မာမာပြားပြား တစ်ခုရှိနေသည်ကို ပြန်သတိရ၏။ သို့သော် ကွေးကောက်နေသည်ဟု ထင်ရ၏။ “အိုး၊--- မဟုတ်ပါစေနဲ့၊” သို့သော် ဟုတ်ခဲ့ပါပြီ။ ထိုအဖြစ်
အပျက်လေးကို ပြန်စဉ်းစားလိုက်တိုင်း ယနေ့ထက်တိုင် တုန်လှုပ်မိဆဲ ဖြစ်သည်။

         ကမ္ဘာပေါ်တွင် အမိုက်မဲဆုံး ကလေးတစ်ယောက်ဖြစ်ခဲ့မှန်း နား လည်သွားပြီ။ ၁၄ နှစ်သားအရွယ်တွင် အိတ်ဆောင်ရွှေနာရီလေး၏ တန်ဖိုးကို ကျွန်ုပ်သိပ်မသိခဲ့သော်လည်း ဘိုးဘိုးကို ကျွန်ုပ်ဘယ်လောက် ချစ်မှန်းသိခဲ့၏။ ဘိုးဘိုးကလည်း ကျွန်တော့်ကို စိတ်ချ၍ အပ်နှင်းခဲ့သော ဥစ္စာပဲမဟုတ်ပါလား။ စက္ကန့်ပိုင်းအတွင်း သင်ပြုလိုက်သော အမှုတစ်ခု သည် နှစ်နှင့်ချီပြီးသတိရစရာဖြစ်သွားနိုင်၏။ မတော်သင့် တစ်သက်တာ လုံးတွင် ယူကြုံးမရဖြစ်ခြင်းလော။

         သတ္တမပညတ်ချက်နှင့် ပတ်သက်၍ နားလည်ရာဖြစ်၏။ ကျိုးပဲ့ ပျက်စီးလွယ်သော အဖိုးထိုက်ရတနာ၊ မူလသို့ပြန်ရောက်ရန် အလွန့် အလွန်ခက်သော တစ်ခါတစ်ရံ လုံးဝမဖြစ်နိုင်တော့သည့် ထိခိုက်ဆုံးရှုံး စရာ ကျူးလွန်မှုပင်ဖြစ်သည်။

         တချို့သောသူများတော့ လက်မခံချင်ဘဲ ရှိလိမ့်မည်။ မကြာသေး ခင်က တီဗွီဖန်သားပေါ်မှာ ရေပန်းစားသူတစ်ယောက် ထင်ရှားပေါ်လွင် သောသူမ၏အသက်တာ (Lifestyle) အသေးစိတ်တွင် နာမည်များကို လှပစွာနေရာချလျက် ခေါ်ဆိုရင်း ၎င်း၏ ပရိသတ်ကို ပေါ့ပါးသွက်လက် စွာဧည့်၀တ်ပြုနေသည်။ ကျွန်ုပ်တီဗွီ၏ အဝေးထိန်းခလုတ် (remote control) ကို လှမ်းယူစဉ်မှာပင် သူမနှင့်အတူ ပျော်ပါးခဲ့သည်ဟုဆိုသော ထင်ရှားကျော်ကြားသူများ၏ နာမည် ဒါဇင်ဝက်ကို ခေါ်ပြီးသားဖြစ်၏။ ထိုသို့လုပ်ဆောင်နိုင်ခြင်းကို ကမ္ဘာသစ်၏ ပြုပြင်ပြောင်းလဲရေးနှင့် ကြီး စွာသော လွတ်မြောက်ခြင်း၊ အချုပ်အနှောင်မဲ့ကင်းသော လွတ်လပ်ပျော် ရွှင်မှုတံခါးကို ဖွင့်လှစ်လိုက်ခြင်းဟု ရှုမြင်သုံးသပ်ကြသေး၏။

         သူတို့၏အမြင်မှားချေပြီ။ ၎င်းတို့၏အပျော်အပါးကို ဖျက်ဆီးရန် အရေးပါသူတစ်စုံတစ်ယောက်က အမိန့်ထုတ်လိုက်သောကြောင့်မဟုတ်၊ သတ္တမပညတ်ချက်က ကျွန်ုပ်တို့၏ နှလုံးသားနှင့် အတွေးအခေါ်များကို သန့်စင်လောင်ကျွမ်းစေမည့် အသက်တာ၏ အခြေခံစည်းမျဉ်းဥပဒေက အလေးအနက်ဖေါ်ပြနေသောကြောင့်ပင်ဖြစ်သည်။ နက်ရှိုင်းသော နှောင် ဖွဲ့မှုဖြင့် စီမံပြဌာန်းထား၍ ကျစ်လျစ်ခိုင်မာသော စည်းမျဉ်းဖြစ်သည်။

         သမ္မာကျမ်းစာမှ အထင်ရှားဆုံးကျမ်းပိုဒ်က ကျွန်ုပ်တို့အား ဤ နက်ရှိုင်းသော နှောင်ဖွဲ့ခြင်းကို ပို၍ သဘောပေါက်စေပါသည်။ “င်ရှား” သည်ဆိုရာ၌ ကျမ်းစာအုပ်ကို တစ်ကြိမ်တစ်ခါမျှ မဖွင့်ဖူးသူပင် ကြားသိ နေကျအရာဖြစ်ပြီး တစ်ခါတစ်ရံ ၎င်းဖြစ်ရပ်ကို ရယ်စရာတစ်ခုအဖြစ်ပင် ခံယူတတ်ကြသေးသည်။ ပြက်ရယ်ပြုခြင်းကို ထားခဲ့ပြီး ၎င်းကိုလေးစား အပ်သည့်အတိုင်း ဂရုစိုက်ဆင်ခြင်ပါမူ ၎င်း၏ နက်ရှိုင်းသောသဘောကို နားလည်ခံယူနိုင်လိမ့်မည်ဖြစ်သည်။ ကျမ်းစာ လာသည်အတိုင်း

         ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကို ကြီးစွာသော အိပ် ခြင်းဖြင့်အိပ်စေတော်မူ၍ လူသည် အိပ်ပျော်နေစဉ် နံရိုးတစ်ချောင်းကို ဘုရားသခင်ထုတ်ပြီးလျှင် ထိုအရိုးအစားအသားကို စေ့စပ်စေတော်မူ၏။ ထာဝရအရှင်ဘုရားသခင်သည် လူထဲက ထုတ်သောနံရိုးဖြင့် လူမိန်းမကို ဖန်ဆင်း၍ လူရှိရာသို့ခေါ်ဆောင်တော်မူခဲ့၏။” (ကမ္ဘာဦး ၂:၂၁၊၂၂)။

         အာဒံ၏ပထမဦးဆုံးစကားများတွင် ဤလှပသောသူ (မိန်းမ) ကို မြင်သောအခါမှာ ဘာဖြစ်ပျက်ခဲ့သည်ကို နားလည်သဘောပေါက်ပြီး ပြင်း ပြစွာသော စိတ်လှုပ်ရှားမှုဖြင့် ထုတ်ဖော်ဖွင့်ဆိုခဲ့သည်ကား ယခု ဤသူ သည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲက အသားဖြစ်၏။” (အခန်းငယ် ၂၃)။

         ထိုအပိုဒ်တွင် အာဒံ၏ နှစ်ထောင်းအားရမှုသည် ၎င်းတို့၏ ပထမ ဦးဆုံးသော ကာမဆက်ဆံရေးကို ထင်ဟပ်စေခဲ့ကြောင်း ဆက်လက်၍ ဖော်ပြသည်မှာ- “ထိုအကြောင်းကြောင့် (မိန်းမကို ယောက်ျား၏ ကိုယ် ခန္ဓာမှ ထုတ်ယူခဲ့သောကြောင့်) ယောက်ျားသည် ကိုယ်မိဘကို စွန့်၍ ဇနီး
သည်ကို မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့် မည်” (အခန်းငယ် ၂၄)။ သူတို့နောက်တစ်ဖန် တစ်သားတစ်ကိုယ်တည်း ထပ်ဖြစ်လာရခြင်းမှာလည်း ၎င်းတို့၏ တစ်သားတစ်ကိုယ်တည်း ဖြစ်ခဲ့ ခြင်းနှင့် ဆက်စပ်ပါသည်။ ထို့ကြောင့် ကာမဆိုင်ရာဆက်စပ်မှုအားဖြင့် ကိုယ်ခန္ဓာချင်းနှင့် စိတ်ဝိညာဉ်ချင်းတို့မှာ တစ်လုံးတစ်ဝတည်းဖြစ်တည် ရန် ဘုရားသခင်က ပုံစံချမှတ်ထားခြင်းဖြစ်ပါသည်။

         ကမ္ဘာဦးကျမ်း ၂း၂၂-၂၄ ပါရှိသော အတွေးအခေါ်ကို စိတ္တဗေဒ ပညာ၏အဆို၌“မည်သူမည်ဝါဟုထုတ်ဖေါ်တင်ပြခြင်း” (identification) ဆိုသော ဝေါဟာရဖြင့် လူသိများကြသည်။ မိမိကိုယ်ကို တစ်ဦးတစ် ယောက်နှင့်တူညီကြောင်း ထုတ်ဖော်တင်ပြခြင်းသည် ၎င်းအတွက် ခံစား ပေးခြင်း၊ ၎င်းနှင့်ပတ်သက်ရာကို ဂရုစိုက်ခြင်းတို့ထက် သာလွန်သော အဓိပ္ပါယ်ရှိပါသည်။ ထိုကဲ့သို့ဖော်ပြခြင်းသဘောဖြင့် ကမ္ဘာကြီးကို ၎င်းတို့ ၏ မျက်စိဖြင့်ရှုမြင်နိုင်ပြီး ၎င်းတို့၏ ဝမ်းမြောက်ခြင်းနှင့် နာကျင်ခြင်းတို့ ကို နားလည်သိရှိနိုင်ပေသည်။

         အာဒံသည် လှပသော ဤမိန်းမကို မြင်သည်နှင့် ၎င်းနှင့်တူညီ ကြောင်းဖော်ပြလိုသော စိတ်ဆန္ဒဖြစ်ပေါ်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှ လာသောကြောင့် သူမသည်သူ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ထို အကြောင်းကြောင့် ပထမဦးဆုံးအတွေ့အကြုံအဖြစ် ရင်တွင်းသို့ တိုးဝှေ့ လာသောကြည်နူးမှုဖြင့် “ငါ့အရိုးမှအရိုး၊ ငါ့အသားမှအသားဟု နှုတ်ဖွင့် ကြွေးကြော်ခဲ့ခြင်းဖြစ်ပေမည်။ သာလွန်ထူးကဲသောသဘာဝ၌ အာဒံသည် သူမအားပွေ့ဖက်လိုက်ရာ သူ၏ခန္ဓာကိုယ်သို့ ထိတွေ့လိုက်သော ဘုရား သခင်စီမံပေးထားသည့် ပြန်လည်ဆက်စပ်မှုဖြင့် မျှဝေခံစားသောအခါ တွင် မည်မျှကြည်နူးသာယာလိမ့်မည်နည်း။ လူသားတို့၏ မူလနှင့်သက် ဆိုင်ရာနှောင်ဖွဲ့ခြင်းကို ဖော်ဆောင်ရန် ဘုရားသခင်သည် ဖိုမဆိုင်ရာ စည်းလုံးသာယာမှုကို အစွမ်းထက်သော တန်ဆာပလာအဖြစ် ဖန်တီးစီမံ ထားပါသည်။ တစ်နည်းအားဖြင့် ဖိုမဆိုင်ရာစည်းလုံးသာယာမှုကို အနက် ရှိုင်းဆုံးစွဲနစ်ရာဖြစ်သော နှလုံးသား၌ကပ်သော ကော်ဟုလည်း ခေါ်ဆို နိုင်ပါသည်။

         နူးညံ့သာယာပြီး ထက်မြက်သော သီအိုရီတစ်ခုမျှသာ မဟုတ်ပါ။ သိပ္ပံအဆို၌ လိင်ဆက်ဆံမှုပြုနေချိန်အတွင်းမှာ ကိုယ်ခန္ဓာမှ အစွမ်းထက် သောဓါတုပစ္စည်းများထုတ်လွှတ်ပေးသည်ဟု တွေ့ရှိပါသည်။ ပေါင်းဖက် စေသော ချည်နှောင်မှုကို ပြင်းပြစေသည်။ ထိုသို့ဆက်ဆံနေစဉ်မှာ ဦးနှောက်၏ အောက်ခြေ၌ ကပ်လျက်ရှိသော ပစ်ကျူထရီဂလင်းမှ ထွက် လာသော အောက်စီတိုစင် (Oxytocin) ဟော်မုန်းသည် ဦးနှောက်သို့ တိုက်ရိုက်စီးဝင်ပြီး တစ်ဦးနှင့်တစ်ဦး ဆက်စပ်မှုနှင့် တူညီမှုဆိုင်ရာ အသိ ကိုအားပေးသည်။ ထို့ကြောင့် ဘုရားသခင်သည် ထိမ်းမြားမင်္ဂလာကို နှလုံးသားနှင့်အသိစိတ်တို့၏အနက်ရှိုင်းဆုံး၌ တည်ရှိစေရန် ဖိုမဆက်ဆံ ရေးအသွင်၌ စီမံဖန်တီးထားခဲ့သည်ဟု အဓိပ္ပါယ်ရပါသည်။

         တမန်တော်ရှင်ပေါလုကလည်း ကာမဆိုင်ရာ နှောင်ဖွဲ့နှင့် ပတ် သက်၍ ထိမ်းမြားမင်္ဂလာဆောင်နှင်းရန် မရည်ရွယ်ဘဲ ကာမဆက်ဆံမှု ပြုလျှင်လည်း နှောင်ဖွဲ့မှုရှိသွားသည်ဟုဆို၏။ လိင်ဆက်ဆံမှုပြုပြီး ထွက် သွားသည်။ အိမ်ထောင်ဖက်အဖြစ် ပေါင်းသင်းနေထိုင်ရန် မဟုတ်သော ကြောင့် ဘာမှမဖြစ်နိုင်ဟု ထင်မှတ်ကြသည်။

         အဘယ်သို့နည်း။ ပြည့်တန်ဆာ၌ မှီဝဲသောသူသည် ထိုပြည့်တန် ဆာနှင့် တစ်သားတစ်ကိုယ်တည်းဖြစ်ကြောင်းကို မသိကြသလော” ဟု ရှင်ပေါလုမေးခွန်းထုတ်၏။ “ထိုသူနှစ်ယောက်တို့သည် တစ်သား တစ် ကိုယ်တည်းဖြစ်ရလိမ့်မည်ဟု ကျမ်းစာလာ၏။” (၁ကော ၆း၁၆)။ အိပ်ရာ မှခွာ၍ အဝတ်ပြန်ဝတ်ပြီး သင်ထွက်သွားပြီဆိုသော်လည်း တစ်စုံတစ်ရာ ဖြစ်ခဲ့ပြီ၊ ထိုအတွက် သင်နှင့်အတူ တစ်စုံတစ်ရာလိုက်ပါသွားပြီ နှောင်ဖွဲ့ ခြင်းဖြစ်၏။ နောင်တွင် မကြာမကြာ ကျက်စားရာဖြစ်ပြီး ရှုပ်ထွေးသည့်
မာယာကွန်ယက်တွင်း သက်ဆင်းရသည့် အဖြစ်သို့ ရောက်သွားစေတော့ သည်။

         အစအဦး၌ ဖန်ဆင်းတော်မူသောသူသည် ယောက်ျားနှင့် မိန်းမ နှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူနှစ်ယောက် တို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်ဟု ကျမ်းဆိုသည်ကို သင်တို့မဖတ်ဖူးသလော။ ထိုကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ် တစ်ဦးတည်းဖြစ်၏။ ဘုရားသခင်ဖက်စပ်၍ ထမ်းပိုးတင်တော်မူသော အရာကို လူမခွဲခွာစေနှင့်” (မဿဲ ၁၉း ၄-၆)။

         ရှင်ပေါလုနည်းတူ သခင်ယေရှုကလည်း ကာမဆက်ဆံရေးသည် လူနှစ်ဦး၏ ပေါင်းစည်းခြင်းကို မြဲမြံခိုင်ခံ့စေသော ကိုယ်စားလှယ်အဖြစ် ဘုရားသခင်က သန့်ရှင်းစွာခန့်အပ်ထားရှိကြောင်း မိန့်တော်မူ၏။

လုံခြုံသောလိင်ဆက်ဆံခြင်း

         လိင်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးသမားများ လက်ကိုင်ထား သော အသုံးအနှုန်းတစ်ခုမှာ “လုံခြုံသောလိင်ဆက်ဆံခြင်း” safe sax ဖြစ်သည်။ ထိုစကားစုက ရှုပ်ပွေသောအသက်တာပုံစံ (life style) က ဘေးအန္တရာယ်ကင်းသည်ဟု သန်းပေါင်းများစွာသော သူတို့အား အထင် ရောက်စေခဲ့၏။ ကွန်တုံးဖြင့် ရောဂါကာကွယ်နိုင်သည်ဟူသော အဆို ကြောင့်လည်းဖြစ်ပါသည်။ ကာကွယ်ခြင်းဆိုရာ၌ ရောဂါဖြစ်မှုကို လျော့ နည်းစေနိုင်သော်လည်း ဘေးအန္တရာယ် ဖြစ်လာနိုင်သည့် အလားအလာ ကိုတော့ လုံးဝမပျောက်စေနိုင်ပါ။ ထို့အပြင် ဤလှည့်စားမှုကြောင့် ရောဂါ ဆိုးသည် ထိုသို့လိင်အပျော်လိုက်စားမှုကြောင့် မလိုလားအပ်သော အဖိုး အခအဖြစ်သာ တည်ပေသည်။ စင်စစ်မှာတော့ သတ္တမပညတ်ချက်ကို ချိုးဖေါက်ခြင်း၏အကျိုး ရလဒ်ဆိုးသည် တာရှည်ပြီး အသွင်အမျိုးမျိုးဖြင့် မျက်နှာဖော်တတ်၏။

         ထိုလှည့်စားမှုကဲ့သို့ပင် “သင်ကားမဝယ်မီ အလျင်မောင်း ကြည့် ပါ” ဆိုသော စိတ်ကူးကလည်းရှိသေးသည်။ သဘာဝကျသည်ဟု ပြောနိုင် ပါသည်။ လက်မထပ်မီအတူနေခြင်း၊ အပျော်အပါးနေခြင်းသည် အိမ် ထောင်ပြုရန်၊ ဆီလျော်အပ်စပ်မှု ရှိမရှိသိရှိရန် ဘေးကင်းသော စမ်းသပ် စစ်ဆေးနည်းတစ်ရပ်ဟု ထင်ရသည်။ ပြည့်စုံသည့် အိမ်ထောင်ရေး မြောက်စေသော နည်းစနစ်ကောင်းဖြစ်သည်ဟု ထင်ကြပေမည်။

         ထူးဆန်းသည်က စစ်တမ်းကောက်လိုက်သောအခါမှာ အဖြေက လွဲနေခြင်းဖြစ်၏။ အထက်ကနည်းဖြင့် အိမ်ထောင်ပြုခဲ့သူများတွင် (တစ်ခါတည်း လက်ထပ်သူများနှင့် နှိုင်းယှဉ်သောအခါ) ၁ဝ နှစ်အတွင်း လင်မယားကွဲမှု နှစ်ကြိမ်ဖြစ်ကြသည်ဟု American Sociological Review ၌ ဖော်ပြခဲ့၏။

         ထိုထက်မက မကြာသေးမီက လေ့လာတွေ့ရှိချက်အရ လက်မ ထပ်ဘဲ အတူနေထိုင်ကြသူများတွင် လက်ထပ်ထားသူများထက် ကာယ ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုသုံးကြိမ်ပိုဖြစ်ပြီး ပြင်းထန်သော အကြမ်းဖက်မှု ငါးကြိမ်ပိုဖြစ်ကြောင်း တွေ့ရပါသည်။ ထို့အတူ အတူတကွနေထိုင်လာခဲ့ ပြီးမှလက်ထပ်ကြသူတို့တွင်လည်း အိမ်ထောင်၌အဖုအထစ် (ကတောက် ကဆတ်) ဖြစ်လာသောအခါ တစ်ယောက်နှင့် တစ်ယောက်သစ္စာဖေါက် ရန် ပို၍လွယ်ကူဖြစ်မြောက်၏။ လက်မထပ်ဘဲ အတူပေါင်းသင်းနေထိုင်မှု ထဲမှ အမျိုးသမီးများသည် လက်ထပ်ပေါင်းသင်းမှု၌တည်သော အမျိုး သမီးများထက် စိတ်ဖိစီးမှုနှုန်းပို၍မြင့်မားပြီး ကာမဆိုင်ရာ စိတ်ကျေနပ်မှု နှုန်းပို၍ နည်းပါးနေသည်မှာ အံ့ဩစရာမရှိလောက်ပါ။

         ယနေ့ဖြစ်ပေါ်နေသော STDs (လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက် သောရောဂါများ) သည် safe sex (လုံခြုံသောလိင်ဆက်ဆံခြင်း၏ အဆို ကို ပို၍ပင်ခြိမ်းခြောက်နေပေပြီ။ သိပ္ပံစာစောင်များမှလည်း ကွန်တုံးသည် HIV ပိုးကူးစက်ခြင်းမှမကာကွယ်နိုင်ကြောင်း ဖော်ပြ၏။ ထို့ကြောင့်သာလွန်ခဲ့သော ၂၅ နှစ်ကျော်မှကွန်တုံးကို အသုံးပြုလာခဲ့သော်လည်း STDs အသစ်အဆန်းများကပို၍ လျင်မြန် ကျယ်ပြန့်စွာပွားများလာသည်ကို တွေ့ရပေသည်။

         Sexual Revolution ခေါ် လိင်မှုဆိုင်ရာပြုပြင်ပြောင်းလဲရေး မတည်မရှိမီ ၁၉၆ဝ ခုနှစ်များတွင် တွေ့ခဲ့ရသော လိင်မှတစ်ဆင့် ကူးစက် သည့်ရောဂါများမှာ ကာလသားရောဂါ (syphilis)နှင့် ဆီးပူ ညောင်းကျ ရောဂါ (gonorrhea) တို့ဖြစ်ပြီး ပဋိဇီဝပိုးသတ်ဆေးများ ပေါ်ပေါက်လာ သောကြောင့် ယင်းရောဂါများပပျောက်ပြီဟု ဆိုနိုင်ပါသော်လည်း ယနေ့ ဆေးသိပ္ပံမှ နေရာအနှံ့အပြားတွင် တွေ့နိုင်သော STDs အမျိုးပေါင်း (၂ဝ) ထက်မကရှိနေကြောင်း တွေ့ရှိထားကာ အမေရိကန်၌ ပျှမ်းမျှအားဖြင့် တစ်နှစ်လျှင် (၁၅) သန်းအထက်မှာရှိသော အသစ်အဆန်းများပေါ်လျက် ရှိသည်ဟု ဆိုပါသည်။ ထို STDs ၏ သုံးပုံနှစ်ပုံသည် အသက် ၂၅ နှစ် အောက်လူငယ်များကို တိုက်ခိုက်လျက်ရှိသည်။ နှစ်စဉ် ၃ သန်းလောက် သော US ရှိ ဆယ်ကျော်သက်များသည် STDsတစ်မျိုးနှင့် ရင်ဆိုင်နေရပါ သည်။ ခြုံငုံ၍ကြည့်လျှင် လိင်မှုဆိုင်ရာလှုပ်ရှားမှု၌ပါဝင်သည့် အနည်းဆုံး လေးပုံတစ်ပုံလောက်သော ဆယ်ကျော်သက်များတွင် ရောဂါစွဲကပ်နေပါ သည်။

ကလေးများနှင့်ပတ်သက်၍

         မိဘမစုံသော (တစ်ခြမ်းပဲ့ဖြစ်သော ကလေးငယ်များ၌ ရောဂါ ဖြစ်ပွားမှုဦးရေက ၅ဆမြင့်မားနေသည်မှာ လိင်မှုဆိုင်ရာ ပြောင်းလဲရေး (sexual revolution) ၏ သာ၍ ဝမ်းနည်းဖွယ်ကောင်းသော ရလဒ်ဖြစ်၏။ အမေရိကန်ပြည် အမျိုးသားဗဟိုကျန်းမာရေးဌာန၏ စာရင်းအရ ၁၉၆ဝ ခုနှစ်၌ မွေးဖွားသော ကလေးအားလုံးတွင် တရားဝင်လက်မထပ်သော မိဘများမှ မွေးသောကလေးရာခိုင်နှုန်းမှာ ၇ သာရှိပြီး ၂၀၀၂ ခုနှစ်တွင်မူ ၃၃ ရာခိုင်နှုန်းအထိ မြင့်မားလာသည်ကို တွေ့ရ၏။ မမွေးဖွားဘဲ ဖျက်ချထားသောကိုယ်ဝန်များလည်း နှစ်စဉ် ၁.၃ သန်းရှိ၏။

         တစ်ခြမ်းပဲ့မိဘများမှ ကလေးများသည် ပို၍ အလွဲသုံးပြုကျင့် ခံရ လေသည်။ အိမ်၌၊ ကျောင်း၌ နောက်ဆုံးအကျဉ်းထောင်သို့ ရောက်သည့် တိုင်အောင်ဖြစ်ရသည်။ စာသင်ခန်း၌ စာမလိုက်နိုင်ခြင်း၊ ကျောင်းမှ ထုတ် ပစ်ခံရခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ လက်နက်ကိုင်ဆောင်ခြင်း၊ ရုပ်ပိုင်း နှင့် စိတ်ပိုင်းဆိုင်ရာဖိနှိပ်မှုများကြား ကျင်လည်ရင်း လိင်နှင့်ပတ်သက် သော အလွဲသုံးစားပြုမှုများ၊ နောက်ဆုံးတော့ ၎င်းတို့ ကိုယ်တိုင်က လက်မထပ်သောမိဘများဖြစ်လာကြပြီး မိမိကိုယ်ကို အဆုံးစီရင်ကြသည် အထိ စိတ်ဖိစီးမှုများနှင့် လုံးပါးကြရလေသည်။

         ဤအရာအားလုံးတို့သည် “လွတ်လပ်ခြင်း” နှင့် “လွတ်မြောက် စေခြင်း” တို့တွင် အစားထိုးဝင်လာသော မြင်သာထင်ရှားသည့် အကျိုး ရလဒ်များဖြစ်ပေသည်။

ထိန်းချုပ်မှုပြုပါ

         သခင်ယေရှုက မတရားသောမေထုန် (ဖေါက်ပြန်ကျူးလွန်ခြင်း) သည် ၎င်း၏လမ်းဆုံးဖြစ်သော “စိတ်နှလုံး” မှအစပြုကြောင်း မိန့်တော်မူ ၏။ “သူ့မယားကိုမပြစ်မှားရဟူသော ရှေးပညတ်စကားကို သင်တို့ကြားရ ပြီ။ ငါ့ပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကို ကြည့်ရှုသောသူ သည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့်ပြစ်မှားပြီ” (မဿဲ ၅:၂၇၊၂၈)။

         ကာမထကြွလှုပ်ရှားမှုသည် စိတ်နှလုံးမှအစပြုကြောင်းနှင့် စိတ် နှလုံးသို့ရောက်ရန် အမြင်အာရုံမှ အစပြုကြောင်း “ကိလေသာစိတ်နှင့် ကြည့်ရှုခြင်း” ဟု မိန့်ဆိုခဲ့သည်။ စိတ္တဇအာရုံခံ၊ အချုပ်အချယ်ကင်းသော ကာမစိတ်ကူးယဉ်၊ အပြစ်ကင်းစင်သော သာယာမှုဟု ထင်ခဲ့မိမည် ဖြစ် သော်လည်း မဟုတ်ပါ။ ထိုသို့သော အကြည့်အားဖြင့်သော်လည်းကောင်း၊ နားဆင်ခြင်းအားဖြင့်သော်လည်းကောင်း၊ လိင်ကိစ္စနှင့် ပတ်သက်သော အပြာစာများကို ဖတ်ရှုခြင်းအားဖြင့်သော်လည်းကောင်း ထိုစိတ်များကိုပြင်းပြစွာထကြွစေသည်။ ထိုကြောင့် တိုက်လှန်မှုပြုရန် စိတ်နှလုံးကို စတင်ထိန်းချုပ်ရမည်ဖြစ်ပါသည်။

         အများအားဖြင့် စက်ရုံအလုပ်ရုံကြီးများက လေထုညစ်ညမ်းမှုကို ဖြစ်စေသည်ဟုသာဆိုကြသည်။ သို့သော် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေ သည့် ကြော်ငြာရုပ်ကားချပ်ကြီးများ၊ စာစောင်များ၊ တီဗွီများ၊ ရုပ်ရှင်ရုံ၊ ကပွဲရုံစသည်များတို့တွင် လိင်နှိုးဆွမှုကို ဖြစ်စေသော မြင်ကွင်းတို့ဖြင့် ကျယ်ကျယ်ပြန့်ပြန့်ကြီး ထိခိုက်စေပါသည်။

         လိင်မှုဆိုင်ရာပညာပေးခြင်းနှင့်ပတ်သက်၍ ယနေ့အငြင်းပွားကြ ၏။ လူငယ်များအား ပညာပေးရာတွင် လိင်မှုဆိုင်ရာလုံခြုံမှုအတွက် ဖြစ် နိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ လုံးဝရှောင်ရှားခြင်း၊ “မလုပ် ဘူး” ဆိုသော ငြင်းဆိုခြင်းသာဖြစ်သည်ဟု အုပ်စုတစ်စုက အဆိုပြု၏။ ကျန်တစ်ဖွဲ့ကမူ မဖြစ်နိုင်ဘူး၊ လူငယ်များအား အကြိမ်ပေါင်းမည်မျှ များစွာပြောသော်လည်း လုပ်မည်ကား လုပ်မည်သာဖြစ်ကြောင်း ဆန့် ကျင်လျက်ပြော၏။ နှစ်ဖွဲ့စလုံးကမှန်ပါသည်။ လူငယ်များအား လုံးဝ ရှောင်ရှားရန်အမြဲပြောနေသော်လည်း “မလုပ်ဘူး ဟု ၎င်းတို့ကို ငြင်းဆန် နိုင်စေမည်မဟုတ်ပါ။ နေ့နေ့ညည ထိုကိစ္စနှင့်ပတ်သက်၍ နှိုးဆွစေသော ရုပ်ကားများ၊ သဘောဝါဒများနှင့် သတင်းမီဒီယာများတို့က နေရာတကာ မှာ လွှမ်းမိုးထားနေမှတော့ အဘယ်သို့လျှင် တတ်နိုင်မည်နည်း။ သခင် ခရစ်တော်ပြောခဲ့သည့်အတိုင်း ကာမဆိုင်ရာထိန်းချုပ်မှုသည် ကျွန်ုပ်တို့ ၏ စိတ်မှ အစပြုကြောင်း ဆယ်ကျော်သက်ရွယ်များအားရှင်းပြပြီး ၎င်းတို့ သာမဟုတ် ကျွန်ုပ်တို့အားလုံးလည်း ပါဝင်ရမည်အကြောင်း ခံယူပြသရ မည်သာဖြစ်သည်။ မိမိကိုယ်ကို စုံစမ်းခြင်း၏ အနားစွန်းသို့ တစ်ကြိမ်ပြီး တစ်ကြိမ်ရောက်ခွင့်ပြုပြီး တကယ့်အတိဒုက္ခရောက်ကာမှ ရပ်ဆိုင်းတော့ မည့်အခြေအနေမျိုး၊ အမူအကျင့်မျိုး၌သာ ရှိနေပါမူ ကျွန်ုပ်တို့အမှန် တကယ်ကျဆုံးမည်သာဖြစ်သည်။

         ဤနေရာတွင် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၏ တန်ခိုးကို အသုံး ပြုရမည်။ ကြော်ငြာများက စိတ်ထကြွစေသော ရုပ်ပုံများကို ပုံနှိပ်ထုတ် ဝေသော်လည်း ကြည့်ရှုဝယ်ယူရန် ၎င်းတို့က ကျွန်ုပ်တို့အား အတင်း အကျပ်မပြုနိုင်ပါ။ ထိုနည်းတူ အောက်တန်းစား (ညစ်ညမ်းကြမ်းတမ်း သော) တေးဂီတများ၊ စာပေကဗျာများစသည်တို့နှင့် မည်သည့်အရာမျှ၊ မည်သူကမျှ ကျွန်ုပ်တို့၏ ဆန္ဒကိုဆန့်ကျင်လျက် ခြယ်လှယ်ရန် တာဝန် မရှိပါ။ မှားယွင်းသောလုပ်ရပ်များ၌ စွမ်းဆောင်နိုင်သော အတွေ့အကြုံ ဗဟုသုတတို့ကို ဖောက်သည်ချ ဝါကြွားတတ်သော သူငယ်ချင်းတို့နှင့် ပေါင်းဖော်ရန်လည်း မဆွဲဆောင်နိုင်ပါ။

         သို့သော် သခင်ယေရှုက ကျွန်ုပ်တို့အား သတ္တမပညတ်ချက်နှင့် ပတ်သက်၍ နယ်နိမိတ်၏အနီးသို့ မချဉ်းကပ်ရန် ရှင်းလင်းပြတ်သားစွာ သတိပေးခဲ့၏။ သင်ရှုမြင်ရန်နှင့် စဉ်းစားဆင်ခြင်ရမည်အရာကို သင့်အဖို့ သင်ကိုယ်တိုင်ရွေးချယ်ပါဟု ပြောခဲ့၏။

သမ္မာတရားနှင့်ဆိုင်သောအကျင့်၊

လျောက်ပတ်သောအကျင့်၊

ဖြောင့်မတ်သောအကျင့်၊

စင်ကြယ်သောအကျင့်၊

သူတစ်ပါးနှစ်သက်ဖွယ်သောအကျင့်၊

ချီးမွမ်းဖွယ်သောအကျင့်ရှိသမျှ၊

ပါရမီတစ်ပါးပါး၊

ကောင်းသောအကျင့်တစ်ပါးပါးနှင့်ဆိုင်သောအကျင့်၊

၎င်းတို့ကိုနှလုံးသွင်းကြလော့။”                (ဖိလိပ္ပိ ၄း၈)။

         ဖြူစင်မှုအတွက် တိုက်ပွဲတွင် ကျွန်ုပ်တို့စည်းသားရမည့်အရာ ဖြစ် သည်။ ဆိုးသောအမှုမှ ပြန်လှည့်ခြင်း၊ စိတ်ထားမြတ်စေသော အတွေး အကြံ၌ စူးစိုက်ခြင်း၊ ဘုရားသခင်အား မိမိအသက်တာ၏ နံပါတ်တစ် Text Box: ခွဲခွာလို့မရသောလူ

နေရာတွင် ထားရှိခြင်းအားဖြင့်သာ ဤတိုက်ပွဲကို အောင်မြင်နိုင်မှာ ဖြစ်ပါ သည်။ “စိတ်နှလုံးတည်ကြည်သောသူသည် ကိုယ်တော်၌ ခိုလှုံသော ကြောင့် ငြိမ်သက်ခြင်းသက်သက်ရှိမည်အကြောင်း စောင့်ရှောက်တော်မူ လိမ့်မည်” (ဟေရှာယ ၂၆:၃)။

ပြန်လည်ပြည့်စုံနိုင်ခွင့်

         ကြေမွလျက် နာကျင်နေသော ကမ္ဘာမြေကြီး၌ ကျွန်ုပ်တို့ အသက် ရှင်နေထိုင်ကြ၏။ အများသောသူတို့က ၎င်းတို့ရင်ဆိုင်ခဲ့ရသမျှကို မေ့ပစ် ဖို့ထက် ပြန်လှည့်ကြည့်နေကြမည်မှာ သံသယ ဖြစ်ဖွယ်မရှိပါ။

         ကြောက်မက်ဖွယ်နေ့တစ်နေ့တွင် လူတစ်စုသည် အမျိုးသမီး တစ်ယောက်ကို တရွတ်တိုက်ဆွဲခေါ်ကာ ညစ်ထေးသော အဝတ်ကဲ့သို့ သခင်ယေရှု၏ခြေတော်ရင်း၌ ပစ်ချကြ၏။ “ဆရာ” သူတို့က ခေါ်၏။ “ဒီအမျိုးသမီးဟာ မှားယွင်းခြင်းအမှုကို ပြုနေတုန်း ဖမ်းမိလို့ ခေါ်လာပါ တယ်” (ယောဟန် ၈း၄) ဟူ၍အပ်၏။

         ထိုကြောင်သူတော်များနှင့် ရင်ဆိုင်ပြီးသောအခါ သခင်ယေရှု သည် အမျိုးသမီးဘက်သို့ လှည့်ကာ “သင့်ကို အပြစ်တင်သောသူတို့ သည် အဘယ်မှာရှိကြသနည်း” ဟု မေးတော်မူ၏။

         အံ့အားသင့်လျက် အနီးအနားသို့ လှည့်ပတ်ကြည့်ပြီးသော် “အဘယ်သူမျှမစီရင်ပါသခင်” ဟု အမျိုးသမီးက ပြန်လျှောက်၏။

         သခင်ယေရှု၏ မေးခွန်းသည် ထိုအမျိုးသမီးကဲ့သို့ပင် မိမိ၏ အပြစ်ရုတ်တရက်ထင်ရှားလျက် ပူလောင်သောသံဝေဂဖြင့် မျှော်လင့်ရာ မဲ့ဖြစ်နေသော ကျွန်ုပ်တို့အားလုံးတို့အတွက် ဖြစ်ပါသည်။ သခင်ယေရှုက “ငါသည်လည်း သင်၏အမှုကိုမစီရင်၊ သွားလော့၊ နောက်တစ်ဖန်ဒုစရိုက်

ကိုမပြုနှင့်” ဟု မိန့်တော်မူ၏။

         လောကီသားတို့အား အပြစ်စီရင်ခြင်းငှာ ဘုရားသခင်သည် သားတော်ကို ဤလောကသို့စေလွှတ်တော်မူသည်မဟုတ်၊ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်မည် အကြောင်း စေလွှတ်တော်မူ၏။” (ယောဟန် ၃း၁၇)။ “သားတော်ကို ယုံကြည်သော သူသည် အပြစ်စီရင်ခြင်းကို မခံရ” (ယောဟန် ၃း၁၈)။

         “မေမေတော့ မထင်ဘူး” .... ကျွန်ုပ်၏ မိခင်က ဘိုးဘိုး၏ နာရီကို ကျောင်းသို့ယူသွားရန် ခွင့်မပြုချင်ခဲ့ပါ။

         ဟေး... ကျွန်တော်အခု (၁၄) နှစ်ပြည့်ပြီ။ ကျွန်တော် နားလည် တယ်” နာရီကို ကျွန်ုပ်ယူသွားခဲ့၏။

         ရုတ်တရက် ဘေးဒုက္ခကျရောက်လာသောအခါတွင်မူ ထိုထက် နာကျင်မှုကို မပြုစေနိုင်တော့သည့် ကမ္ဘာပေါ်ရှိ တန်ဖိုးအရှိဆုံးသော အရာတစ်ခုကို ကျွန်ုပ်ဖျက်ဆီးပစ်မိပြီဟု ခံစားခဲ့ရပါသည်။ သို့သော် ပြန်လည်ပြုပြင်ပြီးသောအခါ သက်သာရာရခဲ့၏။ လောက၌ တိုင်းတာ၍ မရအောင် ရွှေနာရီထက်များစွာတန်ဖိုးရှိသော အရာများရှိလျက် ၎င်းတို့ ကို ဖျက်ဆီးမိခြင်းအတွက် ကျွန်ုပ်တွေးဆနိုင်သည်ထက်ပင် ထိခိုက် နာကျင်စေမည်ဖြစ်သည်။ သို့သော် နေရာမှန်သို့ ပြန်လည်ရောက်စေနိုင် သေးသည့် မျှော်လင့်ခြင်းအတွက် ဖြေသာနိုင်ပါသည်။

         ထိုနေ့က ကျွန်ုပ်ပျက်စီးစေခဲ့သော ဘိုးဘိုး၏ နာရီကို ပြန်လည် ပြုပြင်နိုင်ခွင့်ရခဲ့၏။ နောင်သတင်းပတ်အနည်းငယ်တွင် ယခင်ကကဲ့သို့ အချိန်မှန်မှန်ပြန်၍ လည်ပတ်မြဲဖြစ်ကာ ယနေ့ထက်တိုင် ကျွန်ုပ်၏ လက်ဝယ်ထားရှိပိုင်ခွင့်ရပေသည်။

         သတ္တမပညတ်ချက်အတွက် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်း ပါသည်။ ဆိုးရွားသောဘေးအန္တရာယ်နှင့် ကင်းလွတ်ရန် လုံလောက်သော သတိပေးချက်ဖြင့် ကျွန်ုပ်တို့အား ချစ်ကြောင်း၊ ဂရုစိုက်ကြောင်းကို ဖော် ပြပေသည်။ ထိုခွင့်လွှတ်ခြင်းနှင့် မူလအခြေအနေသို့ ပြန်လည်တည်မြဲစေ ခြင်းကို လူတိုင်းအခမဲ့မရရှိနိုင်ခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော်ပင် ဖြစ်ပေသည်။


No comments:

Post a Comment