ငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်
“ထိုသားကိုဧမာနွေလအမည်ဖြင့်မှည့်ရကြရလတ္တံ့။
ဧမာနွေလအနက်ကား ငါတို့နှင့်အတူရှိ တော်မူသော ဘုရားသခင်ဟုဆိုလိုသတည်း။”
ဘုရားသခင်၏ဘုန်းတော်ကိုသိသောဉာဏ်ပညာ၏ အလင်းတော်ကိုယေရှုခရစ်၏မျက်နှာတော်၌တွေ့မြင်ရပါသည်။
ထာဝရကာလမှစ၍သခင်ယေရှု ခရစ် သည်အဘဘုရားသခင်နှင့် အတူရှိတော်မူခဲ့ပြီးလျှင် ကိုယ်တော်သည်
ဘုရားသခင်နှင့် တစ်သဏ္ဌန် တည်းဖြစ်တော်မူ၍ ထာဝရဘုရား၏ကြီးမြတ်ခြင်းနှင့် ဘုန်းအာနုဘော်တော်၏ပုံသဏ္ဌန်
ဖြစ်ပြီးဘုရား သခင်၏ဘုန်းတော်ထွန်း တောက်ခြင်းဖြစ်တော်မူပါသည်။ ဤဘုန်းတော်ကိုထင်ရှားစေရန်
ကိုယ်တော်ရှင်သည် ကျွန်ုပ်တို့၏ကမ္ဘာမြေသို့ကြွမြန်း တော်မူခဲ့ပါသည်။ ထာဝရဘုရားသည်
အပြစ် မှောင်မိုက်ကျနေသောဤကမ္ဘာတွင်ကျွန်ုပ်တို့နှင့်အတူရှိကြောင်းကိုဖော်ပြရန်အတွက်ဘုရားသခင်၏
မေတ္တာရောင်ခြည်ကိုထွန်းလင်းစေရန် ကိုယ်တော်သည် ဤကမ္ဘာမြေသို့ ကြွမြန်းခဲ့ပါသည်။ ထို့ကြောင့်
“သူ၏ အမည်ကို ဧမာနွေလ” ဟုခေါ်ဝေါ်ကြရမည်ဟု ကြိုတင်ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
သခင်ယေရှုသည် ကျွန်ုပ်တို့နှင့်အတူ
လာရောက်နေထိုင်ခြင်း အားဖြင့် လူသားများနှင့် ကောင်းကင်တမန်များအား
ဘုရားသခင်၏ရုပ်လုံးကို ဖော်ပြရန်ဖြစ်ပါသည်။ ကိုယ်တော်သည် ဘုရားသခင်၏
သဘောထားကိုကြားစေနိုင်သောဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်ပါသည်။ “ကိုယ်တော်သည် အကျွန်ုပ်ကိုချစ်တော်မူသောမေတ္တာသည်
သူတို့၌ရှိစေခြင်းငှါလည်းကောင်း၊ အ ကျွန်ုပ်သည်သူတို့၌ ရှိစေခြင်းငှါလည်းကောင်း၊ ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ၍
စိတ်ရှည် ခြင်း၊ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့်ကြွယ်ဝတော်မူ
ထသောကိုယ်တော်၏နာမကို သူတို့အား ပြညွှန်ပါပြီ” ဟု တပည့်တော်များ အတွက် ဆုတောင်း
စဉ်တွင်သခင်ယေရှုမြွက်ဆိုတော်မူခဲ့ပါသည်။ သို့သော် ကမ္ဘာပေါ်တွင်မွေးဖွားခဲ့သည့်
ကိုယ်တော်၏သားသမီးများအတွက်သာဖော်ပြတော်မူခဲ့ခြင်း မဟုတ်ချေ။ ကျွန်ုပ်တို့
နေထိုင်သည့် သေးငယ်သောကမ္ဘာကလေး သည်စကြဝဠာကြီး ၏သင်ခန်းစာ စာအုပ်တစ်အုပ်ဖြစ်ပါသည်။
ဘုရားသခင်က ရုဏာတော်၏အံ့သြဖွယ်သောအကြံအစည်တော်နှင့် ကယ်လွှတ်တော်မူခြင်း မေတ္တာ၏သိမ်မွေ့နက်နဲခြင်းများသည်
ကောင်းကင်တမန်များကြည့်ရန် ဆန္ဒရှိသော အဓိကအရာတစ်ခုဖြစ်သည့်အပြင် ခေတ်အဆက်
ဆက်၄င်းတို့၏လေ့လာသင်ယူရမည့် အရာလည်းဖြစ်ပါလိမ့်မည်။ ကယ်တင်ခြင်းခံရသူများနှင့်
မဖောက်ပြန်သေးသည့် ကောင်းကင်တမန် များသည်၄င်းတို့၏ လေ့လာ
ဆည်းပူးနေသည့်အရာနှင့်၄င်းတို့သီ ဆိုနေသောသီချင်းကို ခရစ်တော်၏ ကပ်တိုင်တွင်တွေ့ရပါလိမ့်မည်။သခင်ယေရှု၏မျက်နှာတော်တွင်
ထွန်းတောက်နေသောဘုန်းရောင် ခြည်သည် ကိုယ်ကျိုးစွန့်သောမေတ္တာတော်၏
ဘုန်းရောင်ခြည်ဖြစ် ကြောင်းမြင်တွေ့ရပါလိမ့်မည်။ ကိုယ်အလိုကိုစွန့်သောမေတ္တာတော်၏စည်းမျဉ်းသည်
ကောင်းကင်နှင့်မြေကြီးပေါ်တွင်အသက်ရှင် ကျင်လည်ကြမည့်အသက်တာများ၏စည်းမျဉ်းဖြစ်ကြောင်းကိုလည်းကောင်း၊
ကိုယ်ကျိုးမရှာတတ် သောမေတ္တာသည် ဘုရားသခင်၏ နှလုံးတော်မှယိုစီးလာခဲ့
ကြောင်းကိုလည်းကောင်း၊အလင်း တော်သည်
စိုးစံတော်မူ၍မည်သူတစ်ဦးတစ်ယောက်မျှအနီးသို့မချဉ်းကပ်နိုင်သော ထာဝရဘုရား၏ စာရိတ္တတော်သည်
နူးညံ့သိမ်မွေ့၍နှိမ့်ချတော်မူသော ကိုယ်တော်ရှင်၏အသက်တာတွင်ထင်ရှား လျက်ရှိကြောင်းကိုလည်းကောင်း၊
ကရာနီမှအလင်းတော်တွင်မြင်တွေ့ နိုင်ပါလိမ့်မည်။
အစအဦး၌ဖန်ဆင်းထားသော
လက်ရာတော်အားလုံးတွင်ဘုရားသခင်အားထင်ရှား စေခဲ့ပါသည်။ ကောင်းကင်ကိုဖြန့်ကြက်၍အုတ်မြစ်ကိုတည်ခဲ့သောပုဂ္ဂိုလ်သည်
ခရစ်တော် ဖြစ်ပါ သည်။ ကမ္ဘာများအားလွတ်လပ် လဟာတွင်ချိတ်ဆွဲ တော်မူ၍
ကွင်းပြင်မှပန်းပွင့်ကလေးများ ကိုခြယ်သတော်မူ သောလက်တော်သည်
ကိုယ်တော်၏လက်တော်ဖြစ်တော်မူ၏။ ကိုယ်တော်သည် တန်ခိုးနှင့်ပြည့်စုံ၍
အားကြီးသောကြောင့်တောင်များကိုတည်စေတော်မူ၏။ ပင်လယ်ကိုလည်း ဖန်ဆင်း၍ပိုင်တော်မူ၏။ ကုန်းကိုလည်းလက်တော်နှင့်ပြုပြင်တော်မူ၏။
ကိုယ်တော်သည်ကမ္ဘာကြီး အားအလှအပနှင့်ပြည့်စုံစေ၍ လေထုကိုသီချင်းသံများနှင့်
ပြည့်ဝစေတော်မူသည်။ ၄င်းပြင်ကမ္ဘာပေါ်ရှိ အရာဝတ္တုများတွင်သော်လည်းကောင်း၊
လေထုနှင့်ကောင်းကင်ယံတွင်သော်လည်းကောင်း၊ အဖ ဘုရားသခင် မေတ္တာတော်၏သတင်း စကားကိုရေးသားတော်မူခဲ့ပါသည်။
ယခုအချိန်တွင်အပြစ်သည်ထာဝရဘုရား၏
စုံလင်သောလက်ရာများကို ပျက်စီး ယိုယွင်းစေခဲ့သော်လည်းလက်ရာတော်များသည်
ဆက်လက်တည်မြဲဆဲဖြစ်ပါသည်။ ယခုအချိန်တိုင် အောင်ခပ်သိမ်းသောအရာ
များသည်ကိုယ်တော်၏ဘုန်းတော်ကိုပြညွှန်နေပါသည်။ လူသား၏ အတ္တများသော စိတ်နှလုံးမှလွဲ၍
အရာရာ တိုင်းသည် မိမိကောင်းစားရေးအတွက်သာအသက်ရှင်သော
အရာဟူ၍မရှိချေ။အခြားသက်ရှိသတ္တဝါများအားအကျိုးမပြုသည့်ငှက်တစ်ကောင်တစ်လေမျှလေထဲ
တွင်ပျံသန်းခြင်းမရှိသကဲ့သို့ ကုန်းပေါ်တွင်သွားလာ နေသောသတ္တဝါများလည်း မရှိကြချေ။
အကျိုး သက်ရောက်စေခြင်းမရှိသည့် သစ် ရွက်တစ်ရွက်မှ သစ်တောတွင် မရှိသကဲ့သို့မြက်ရွက်
တစ်ရွက်မှ လည်း မြက်ခင်းပြင်တွင်မရှိချေ။ လူသားများနှင့်
တိရိစ္ဆာန်များအသက်ရှင်ရန်မရှိမဖြစ်လိုအပ်သော အခြေခံပစ္စည်းများကို သစ်ပင်တိုင်း၊
ချုံပုတ်တိုင်းနှင့်သစ်ရွက်တိုင်းမှ ထုတ်လွှင့်ပေးလျက်ရှိပါသည်။ ပန်းပွင့်များသည်
မွှေးရနံ့များထုတ်လွှင့်၍၄င်းတို့ ၏အလှကိုကမ္ဘာသူကမ္ဘာသားများအတွက် ကောင်းချီး
မင်္ဂလာအနေဖြင့်ဖော်ပြနေသည်။ နေသည်များစွာသောကမ္ဘာတို့အား ဝမ်းမြောက်ရွှင်လန်းစေရန်
၄င်း၏အလင်းရောင်များကိုဖြာထွက်စေသည်။ စမ်းရေတွင်းများ၏ အရင်မူလဖြစ်သော သမုဒ္ဒရာသည်
အရပ်ရပ်မှစီးဆင်းလာသောချောင်းရေ မြစ်ရေများကို လက်ခံစုသိမ်းပါသည်။ သို့သော် သမုဒ္ဒရာ၏ရယူခြင်းသည်စိမ့်စမ်းများအားပေးဝေရန်အတွက်ဖြစ်သည်။
သမုဒ္ဒရာ၏ရေမျက်နှာပြင်မှ အထက်သို့တက်သွားသောရေခိုးရေ ငွေ့များသည်ကမ္ဘာမြေကြီးကို ရေလောင်းရန်မိုးစက်ကလေးများ
အသွင်ဖြင့်အထက် မှကျလာသော သစ်ပင်များကိုဖြစ်ထွန်း ဖူးငုံစေပါသည်။
ဘုန်းတော်နှင့်ပြည့်စုံသောကောင်းကင်တမန်များသည်ဖောက်ပြန်ကျဆုံး၍ မသန့်ရှင်း
တော့သည့် အသက်ဝိညာဉ်များအားမမောတမ်း မပန်းတမ်းကြည့်ရှု စောင့်ရှောက်ခြင်း လုပ်ငန်းများနှင့်
မေတ္တာတရားပွားများခြင်း လုပ်ငန်းများတွင် ပျော်ရွှင်မှုကိုတွေ့ကြရပါသည်။ ကောင်းကင်သားများ
သည် လူသားများ၏နှလုံးသားကို မေတ္တာစကားပြောနေကြသည်။ အထက် ရွှေနန်းမှ အလင်းတော်ကို
အမှောင်ကမ္ဘာ သို့ဆောင်ကြဉ်းလာကြသည်။
၄င်းတို့ကိုယ်တိုင်ရရှိသည့်ရင်းနှီးမှုထက်ပိုသော ရင်းနှီးမှု
ဖြင့်ခရစ်တော်နှင့်မိတ်သဟာယဖွဲ့နိုင်ရန်အတွက် ပျောက်ဆုံးနေသောလူသားများကိုကိုယ်တော်
ထံသို့ ပို့ဆောင်ရန် ကောင်းကင်တမန်များသည် လူသားများ၏စိတ်နှလုံးကို
ကျိုးနွံစိတ်ရှည်စွာဖြင့်နှိုးဆော် တိုက်တွန်းကြပါ၏။
သို့သော်သာ၍သေးငယ်နိမ့်ကျသောရုပ်လုံးဖော်မှုများကိုကျောခိုင်း၍ကျွန်ုပ်တို့သည်ခရစ်တော်၌ဘုရားသခင်ကိုကြည့်ရှုကြ၏။
သခင်ယေရှုကိုမျှော် ကြည့်ခြင်းဖြင့် ကျွန်ုပ်တို့အားပြသမည့် ဘုရားသခင်၏ ဘုန်းတော်ကို
ကျွန်ုပ်တို့ မြင်တွေ့ကြရပါသည်။ “ငါသည်ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှမပြု၊
အသက်ရှင်တော်မူသော ခမည်းတော်သည်ငါ့ကိုစေလွှတ်တော်မူ၍ငါသည် ခမည်းတော်
အားဖြင့်အသက်ရှင်သည်။ ငါသည်ကိုယ့်ဘုန်းအသရေကိုမရှာ၊ ငါ့ကိုစေလွှတ်တော်မူ
သောသူ၏ဘုန်းအသရေကိုသာရှာ၏။”(ယောဟန် ၈း၂၈။၆း၅၇။၈း၅၀)။ ဤစကားများအားဖြင့်
စကြဝဠာပေါ်တွင်ရှိသောလူသားများအတွက် အရေးကြီးသော အသက်တာစည်းမျဉ်းကိုဖော်ပြနေ ပါသည်။
ဘုရားသခင်ထံမှခရစ်တော် ဘုရားရယူခဲ့သော အရာခပ်သိမ်းသည်ပေးဆပ်ရန် အတွက်သာ ဖြစ်ပါသည်။
ကောင်းကင်ရွှေနန်းတွင်သော်လည်းကောင်း၊ ဖန်ဆင်းခြင်းခံရသောသတ္တဝါအားလုံး အတွက်
ကိုယ်တော်၏အမှုတော်လုပ်ငန်းတွင်သော်လည်းကောင်း၊ အဖဘုရားသခင်၏ အသက်တာ သည်ခပ်သိမ်းသောသတ္တဝါများထံသို့
သားတော်အားဖြင့်ယိုစီးသွားသကဲ့သို့သတ္တဝါများ၏ချီးမွမ်းခြင်း နှင့်ဝမ်းမြောက်ဝမ်းသာ
အမှုတော်ဆောင်ခြင်းများသည်လည်း ထိုသားတော်မှတဆင့်အဖဘုရား သခင်ထံသို့ ပြန်လည်ရောက်ရှိသွားပါသည်။
ထိုကဲ့သို့အသက်တာ စည်းမျဉ်းတည်းဟူသော ဘုရားသခင်၏ စာရိတ္တတော်ကို
ပုံဆောင်သောကောင်းမှု ကုသိုလ်သံသရာသည် ခရစ်တော်အားဖြင့် ပြီးမြောက်
ပြည့်စုံသွားပါသည်။
ဤစည်းမျဉ်းကို ကောင်းကင်နိုင်ငံ၌ပင်လျှင်
ချိုးဖောက်ခဲ့ကြပြီး ဖြစ်ပါသည်။ အပြစ်သည်ကိုယ်ကျိုးရှာခြင်းမှအစပြုခဲ့ပါသည်။
ပဋိညာဉ်သေတ္တာတော်ကို လွှမ်းမိုးရသောခေရုဗိမ် လူစီဖာသည် ကောင်းကင်နိုင်ငံတွင်
အထွတ်အထိပ်နေရာ ကိုရယူလိုခဲ့ပါသည်။ သူသည်ကောင်းကင် တမန်များကိုထိန်းချုပ်ရန်အတွက်သော်လည်းကောင်း၊
၄င်းတို့အားဖန်ဆင်းရှင်မှဝေးကွာစေ၍ ၄င်းတို့ ၏ကိုးကွယ်မှုကိုမိမိရရှိစေရန်အတွက်သော်လည်းကောင်း၊
ကြိုးစားခဲ့ပါသည်။ ထို့ကြောင့် ကိုယ်တော် အား မိမိကိုယ်မိမိချီးမြှောက်ရန်ဆန္ဒရှိသောသူ
ဖြစ်ကြောင်းယိုးစွပ်လျက်သူသည် ဘုရားသခင်ကို မှားယွင်းစွာရုပ်လုံးဖော်ခဲ့ပါသည်။
ချစ်ခင်မြတ်နိုးအပ်သောဖန်ဆင်းရှင်အားမိမိ၏ ဒုစရိုက်အကျင့် စာရိတ္တများဖြင့် ဆင်ယင်အပ်နှင်းရန်သူကြိုးစားခဲ့ပါသည်။
ထိုကဲ့သို့သောနည်းအားဖြင့်ကောင်းကင် တမန်များကိုလိမ်လည်ခဲ့ပါသည်။ ထို့နည်းအတူလူ
သားများကိုလည်းလှည့်ဖြားခဲ့ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုသံသယရှိ
လာစေရန်အတွက်သော်လည်းကောင်း၊ ကိုယ်တော်၏ ကောင်းမြတ်ခြင်းကို မယုံကြည်စေရန်အတွက်သော်လည်းကောင်း၊သူဖြားယောင်းခဲ့ပါသည်။
ထာဝရ ဘုရားသည် ဖြောင့်မတ်စွာတရားစီရင်၍ကြီးမြတ်သောဘုန်းအာနုဘော်တော်ရှိသည့် ဘုရားသခင်
ဖြစ်သောကြောင့်ကိုယ်တော်အားရက်စက်ကြမ်းကြုတ်၍ခွင့်မလွှတ်တတ်သောဘုရားအဖြစ် ရှုမြင်ရန်
လူသားများအားသူသွေးဆောင်ခဲ့ပါသည်။ ထိုနည်းအားဖြင့်စာတန်သည်ဘုရားသခင်အား ဆန့်ကျင် သောလုပ်ဆောင်မှုတွင်လူသားများပါဝင်လာရန်ဆွဲဆောင်ခဲ့၍ဝမ်းနည်းခြင်း၏ညကိုတည်တံ့ခိုင်မြဲစေ
ခဲ့ပါသည်။
ကမ္ဘာလောကသည်
ဘုရားသခင်၏အကြောင်းကိုနားလည်မှု လွဲနေ သည့်အတွက် ဝိညာဉ်ရေးမှောင်မိုက်ကျခဲ့ပါသည်။
ဝိညာဉ်ရေးမှောင်မိုက်ကျနေခြင်းမှ အလင်းတရားများပြန်လည် ရရှိလာစေရန်နှင့်
ကမ္ဘာသူကမ္ဘာသားများအားဘုရားသခင်ထံသို့ ပြန်လည်ပို့ဆောင်နိုင်ရန်စာတန်၏ လှည့်စားမှု
တန်ခိုးများကိုချိုးဖျက်ပစ်ရမည်ဖြစ်ပါသည်။ ဤကိစ္စသည်အင်အားသုံး၍လုပ်နိုင်သော ကိစ္စမဟုတ်ချေ။
အင်အားသုံး ခြင်းသည်ဘုရားသခင်နိုင်ငံတော်၏ စည်းမျဉ်းများနှင့်ဖီလာ ဆန့်ကျင်ပါသည်။
မေတ္တာတရားအပေါ်တွင်အခြေခံသည့် လုပ်ဆောင်မှုကိုသာ ကိုယ်တော်ရှင် အလိုရှိ တော်မူပါသည်။
အမိန့်ပေးခြင်းဖြင့်မေတ္တာကိုမရယူနိုင်ချေ။ အင်အားသုံးခြင်းအားဖြင့်သော်
လည်းကောင်း၊ အာဏာသုံးခြင်းအားဖြင့်သော်လည်းကောင်း၊ မေတ္တာကိုမပိုင်ဆိုင်နိုင်ချေ။
မေတ္တာကို မေတ္တာအားဖြင့်သာလျှင်နှိုးထစေနိုင်ပါသည်။ဘုရားသခင်ကိုသိခြင်းအရာသည်ကိုယ်တော်ကို
ချစ်ခြင်း ဖြစ်၏။ ကိုယ်တော်၏စာရိတ္တတော်များသည် စာတန်၏စာရိတ္တများနှင့်ခြားနားစွာ ထင်ရှားစေရ
မည်ဖြစ်သည်။ ဤအလုပ်ကိုစကြဝဠာတွင် တစ်ဆူတည်းရှိတော်မူသောဘုရားသခင်တပါးတည်း ကသာ ပြုလုပ်နိုင်တော်မူပါသည်။
ထာဝရဘုရား၏မေတ္တာတော်အတိမ်အနက်ကို သိတော်မူသော ကိုယ်တော်တစ်ပါးတည်းကသာလူအများနားလည်သိရှိအောင်လုပ်နိုင်စွမ်းရှိပါသည်။ကမ္ဘာလောက၏
မှောင်မိုက်ညတွင်"တရားတော်နေမင်းသည်အနာပျောက်စေသောအတောင်တို့နှင့်ပေါ်ထွန်းတော်
မူမည်။” (မာလခိ ၄း၂)။
ကျွန်ုပ်တို့အတွက်ကယ်တင်ခြင်းစီမံကိန်းသည်
အာဒံကျဆုံးပြီးသည့်အချိန်ကျမှစီစဉ် ဖန်တီးလိုက်သော“သူခိုးနောက်မှအကြံရ”
စီမံကိန်းမျိုးမဟုတ်ချေ။ ထိုစီမံကိန်းသည် ရှေးကပ်ကာလ ပတ်လုံးဝှက်ထားပြီးလျှင် ယခုမှထင်ရှားသည့်
နက်နဲသောအရာတစ်ခုဖြစ်ပါသည်။ ထိုစီမံကိန်းသည် ထာဝရကာလမှစ၍ ဘုရားသခင်ပလ္လင်တော်
၏အခြေခံစည်းမျဉ်းများကို ဖွင့်ဟဖော်ပြခြင်း ဖြစ်ပါသည်။ ထာဝရဘုရားရှင်နှင့်
ခရစ်တော်ဘုရားသည် အစအဦးမှစ၍စာတန်ဖောက်ပြန်မည့် အကြောင်းကိုလည်းကောင်း၊
စာတန်၏မှားယွင်းသော လှည့်ဖျားမှုများအားဖြင့်လူသားများ၏
ကျဆုံးခြင်းကိုလည်းကောင်းသိရှိတော်မူခဲ့သည်။ ထာဝရဘုရားသည် အပြစ်တရားကိုမဖန်ဆင်းခဲ့
သော်လည်း အပြစ်၏တည်ရှိမှုကို ကြိုတင်မြင်တွေ့တော်မူခဲ့ပါသည်။
၎င်းပြင်ကြောက်လန့်ဖွယ် ထိုအရေးပေါ်ကိစ္စကို
ရင်ဆိုင်ရန်ပြင်ဆင်မှုများကိုပြုလုပ်ခဲ့ပါသည်။ ကမ္ဘာသူကမ္ဘာသားများအပေါ် ထားရှိသော
ကိုယ်တော်ရှင်၏မေတ္တာတော်သည် ကြီးမားလှသောကြောင့်သားတော်ကိုယုံကြည်သူ အပေါင်း
တို့သည်ပျက်စီးခြင်း သို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှါ မိမိ၏တစ်ပါးတည်းသော သားတော်ကို
စွန့်ရန် ထာဝရဘုရားသည် ပဋိညာဉ်ပြုတော်မူခဲ့သည်။
လူစီဖာက “
ဘုရားသခင်၏ကြယ်တို့အပေါ်မှာ
ငါ့ပလ္လင်ကိုငါချီးမြှောက်မည်---အမြင့်ဆုံးဘုရားကဲ့သို့ငါနေမည်” ဟု ပြောဆိုခဲ့သော်လည်း
ခရစ်တော်မှာမူ “ ဘုရားသခင်၏ သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍
ဘုရားသခင်နှင့် ပြိုင်သောအမှုကို လုယူခြင်းအမှုဟူ၍ မထင်မှတ်လျက်ပင်
မိမိအသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကို ဆောင်လျက်လူကဲ့သို့သော အဖြစ်၌ဖွားမြင်ခြင်းကိုခံတော်မူ၏”
(ဟေရှာ ၁၄း၁၃-၁၄။ဖိလိပ္ပိ ၂း၆-၇)။
ကိုယ်တော်၏ဆက်ကပ်ခြင်းသည်
မိမိအလိုအတိုင်းပြုသော ဆက်ကပ်ခြင်းမျိုးဖြစ် သည်။ သခင်ယေရှုသည် အဖဘုရားသခင်၏
လက်ယာဘက်တွင် ဆက်လက်စိုးစံမည်ဆိုလျှင် စိုးစံ နိုင်ခွင့်ရှိသည်။
ဘုန်းတန်ခိုးအာနုဘော်တော်များနှင့် ကောင်းကင်တမန်များ၏ ဂါရဝပြုကန်တော့ခြင်း ကိုလည်းဆက်လက်ခံယူခွင့်ရှိသည်။
သို့သော်လည်း ကိုယ်တော်သည်မှောင်မိုက်ကမ္ဘာအတွက် အလင်းကိုပို့ဆောင်၍
ပျက်စီးတော့မည့်အခြေအနေတွင်ရှိသော သူများထံသို့အသက်ကိုယူဆောင် သွားနိုင်ရန်အတွက်အာဏာတော်ကိုအဖဘုရားသခင်၏လက်တော်တွင်ပြန်လည်အပ်နှံ၍စကြဝဠာ၏
ပလ္လင်တော်ပေါ်မှဆင်းသက်ခဲ့ရန် ရွေးချယ်ခဲ့ပါသည်။
လွန်ခဲ့သောအနှစ် ၂၀၀၀
လောက်၌ကောင်းကင်နိုင်ငံတော်ရှိ ဘုရားသခင်၏ ပလ္လင်တော်မှနက်နဲသော အဓိပ္ပါယ်ပါသည့်အသံကို
ကြားခဲ့ရပါသည်။"အို---ဘုရားသခင်၊ကိုယ်တော် သည် ယဇ်နှင့်ပူဇော်သက္ကာကို
အလိုမရှိသည်ဖြစ်၍ အကျွန်ုပ် အဖို့ ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ---အကျွန်ုပ်သည်
ကိုယ်တော်၏အလိုတော်ကိုဆောင်အံ့သောငှါ သွားပါမည်ဟု အကျွန်ုပ်ဝန်ခံပါသည်”
ဟူသောအသံတည်း။ ဟေဗြဲ ၁၀း၅-၇ ။ထာဝရကာလတစ်လျှောက်လုံး
ဝှက်ကွယ်ထားခဲ့သော အကြံအစည်တော်ပြည့်စုံမှုကို ဤစကားများတွင်ထုတ်ဖော်ကြေညာလိုက်ပါသည်။
ခရစ်တော်သည် အကျွန်ုပ်ကမ္ဘာသို့ ခေတ္တခဏလာရောက်၍ လူဇာတိကိုခံယူတော်မူမည် ဖြစ်ပါသည်။
“အကျွန်ုပ်အဖို့ ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ” ဟုကိုယ်တော်မြွက်ဆိုတော်မူခဲ့ပါသည်။
ကိုယ်တော်၏ ကိုယ်ခန္ဓာကို ကမ္ဘာမတည်မရှိမီ အဖဘုရားသခင်နှင့်အတူနေခဲ့
စဉ်ကရှိနှင့်ပြီးသောဘုန်းတန်ခိုးများနှင့်ပေါ်ထွန်း ခဲ့မည်
ဆိုလျှင်ကိုယ်တော်၏ဘုန်း ရောင်ခြည်တော်ကို ကျွန်ုပ်တို့ခံရပ်နိုင်ကြမည်မဟုတ်ချေ။
ကျွန်ုပ်တို့သည် ပျက်စီးခြင်းမရှိဘဲကိုယ်တော်အားကြည့်ရှုနိုင်ရန်အတွက် သခင်ဘုရား၏ဘုန်းရောင် ခြည်တော်ကိုဖုံးကွယ်ထားရပါသည်။
ကိုယ်တော်၏ဘုရားဇာတိတော် ကိုလူသားဇာတိအဖြစ်ဖုံးကွယ် ထားခဲ့ရပါသည်။ မျက်မမြင်ရသော ဘုန်းရောင်ခြည်တော်ကိုမျက်မြင်ရသော
လူသားအဆင်း သဏ္ဌာန်ဖြင့် ဖုံးကွယ်ခဲ့ရပါသည်။
ဤကြီးကျယ်သောအကြံအစည်တော်ကိုပုံဆောင်မှုများ၊
အထိမ်းအမှတ်လက္ခဏာ များအားဖြင့် အရိပ်နိမိတ်ပြတော်မူခဲ့ပါသည်။ မောရှေအားခရစ်တော်
ကိုယ်ထင်ပြရာတွင် အသုံးပြုခဲ့သည့် မီးလောင်နေသော
ချုံပုတ်သည်ထာဝရဘုရားအားထင်ရှားစေခဲ့ပါသည်။ ထာဝရ ဘုရားသခင်အားကိုယ်စားပြုရန်
ရွေးချယ်ခြင်းခံရသော အထိမ်းအမှတ်သည်ဆွဲဆောင်မှု မရှိသယောင် ဖြစ်သောနိမ့်ကျသည့်ချုံပုတ်တစ်ခုဖြစ်သော်လည်း
အနန္တတန်ခိုးရှင်သည် ထိုအထဲတွင်ရှိတော် မူခဲ့ပါသည်။
မောရှေသည်ထိုချုံပုတ်ကိုကြည့်ရှု၍ ဆက်လက်အသက်ရှင်နေနိုင်ရန် ကိုယ်တော်၏ ဘုန်းတော်ကို
အနိမ့်ကျဆုံးသောပုံဆောင်မှုတွင် သနားခြင်းကရုဏာအရှင် ထာဝရဘုရားသခင်အနေ
ဖြင့်ဖုံးကွယ်ထားခဲ့ပါသည်။ ထိုနည်းအတိုင်းပင်ဘုရားသခင်သည်
မိမိ၏အလိုတော်ကိုလူအများသိရှိ ရန်ထုတ်ဖော်၍ကရုဏာတော်အားမျှဝေလျက်နေ့အချိန်တွင် မိုးတိမ်တိုင်အားဖြင့်သော်လည်းကောင်း၊
ညအချိန်တွင် မီးတိမ်တိုင်အားဖြင့်သော်လည်းကောင်းအဆက်အသွယ်ပြုခဲ့ပါသည်။ ခွန်အားနည်း-ပါး
သော လူသားများအနေဖြင့် တွေ့မြင်နိုင်စေရန် ထာဝရဘုရား၏ ဘုန်းတန်ခိုးတော်ကို
အရှိန်အဝါလျှော့၍ဘုန်းအာနုဘော်တော်ကို ကာကွယ်ထားတော်မူခဲ့ပါသည်။ ထိုနည်းအတိုင်းပင်
ခရစ်တော်သည် ယုတ်ညံ့သောကျွန်ုပ်တို့ကဲ့သို့သော လူဇာတိကိုခံတော်မူ၏။
လောကအမြင်အားဖြင့် နှစ်သက်စွဲလမ်းစေလောက်သော လှပတင့်တယ်မှု
တစ်စုံတစ်ခုမျှမရှိသော်လည်း ကိုယ်တော်သည် ကောင်းကင်နှင့်မြေကြီး၏ အလင်းဖြစ်တော်မူသောဘုရားဇာတိမှ
ခံယူခဲ့သူတစ်ပါးဖြစ်တော်မူခဲ့ပါ သည်။ ကိုယ်တော်သည် ဝမ်းနည်းကြေကွဲလျက်စုံစမ်း
ခြင်းခံနေရသော လူသားများအား အပါးတော်သို့ တွဲခေါ်နိုင်ရန်ဘုန်းတော်ကိုဖုံး
အုပ်တော်မူ၍ ဘုန်းအာနုဘော်တော်နှင့် ကြီးမြတ်တော်မူခြင်းများကို ကွယ်ကာထား
တော်မူခဲ့ပါသည်။
ထာဝရဘုရားသခင်က “ငါသည်သင်တို့တွင်ကိန်းဝပ်ရာဖို့သန့်ရှင်းရာဌာနကိုလုပ်ကြ
စေ” ဟု ဣသရေလလူများအတွက် မောရှေအားမိန့်တော်မူ၍ ၎င်းတို့၏အလယ်တွင်သော်လည်း ကောင်း၊
သန့်ရှင်းရာဌာနတော်တွင်သော်လည်းကောင်း ကိန်းဝပ်တော်မူခဲ့သည်။တော၌ပင်ပန်း ဆင်းရဲစွာ
သွားလာခဲ့ရသော ခရီးတစ်လျှောက် လုံးတွင်ကိုယ်တော်သည် ၎င်းတို့နှင့်အတူရှိတော်မူ ခဲ့သည်။
ထိုသို့နည်းအားဖြင့် ခရစ်တော်သည် ဣသရေလလူများ၏ တဲစခန်းအလယ်တွင် ကိုယ်တော်၏ တဲတော်ကို
ဆောက်တည်ခဲ့သည်။ ကျွန်ုပ်တို့အထဲတွင်ကိန်းဝပ်နိုင်စေရန်အတွက် သော်လည်းကောင်း၊
ကိုယ်တော်၏ဘုရားဇာတိတော်နှင့် အသက်တာကိုကျွန်ုပ်တို့နှင့်ရင်းနှီးစေရန်
အတွက်သော်လည်းကောင်း ကိုယ်တော်သည်မိမိ၏တဲတော်ကို လူသားများ၏ တဲများနံဘေးတွင် စိုက်ထူခဲ့ပါသည်။
“နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍ ကျေးဇူးတော်နှင့် လည်းကောင်း၊
သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက်ငါတို့တွင်တည်နေတော်မူသည် ဖြစ်၍ ခမည်းတော်၌
တစ်ပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည်မြင်ရကြပြီ” (ယော၊
၁း၁၄)။
ခရစ်တော်သည်
ကျွန်ုပ်တို့နှင့်အတူ လာရောက်နေထိုင်တော်မူခဲ့ သောကြောင့် ထာဝရဘုရားသည်
ကျွန်ုပ်တို့ခံရသောစုံစမ်းခြင်းများကိုခံစားခဲ့ရပြီးကျွန်ုပ်တို့၏ ဝမ်းနည်းကြေကွဲ စရာများအတွက်
ကျွန်ုပ်တို့အားသနားကြင်နာမည်ဖြစ်ကြောင်းသိပါသည်။ ဖန်ဆင်းရှင်ဘုရားသည် အပြစ်သားများ၏မိတ်ဆွေဖြစ်ကြောင်းကိုအာဒံ၏သားသမီးတိုင်းနားလည်နိုင်သည်။
ကယ်တင်ရှင်၏ လောကအသက်တာတွင်တွေ့ခဲ့ရသော
ကရုဏာတော်အတွက်သွန်သင်ချက်တိုင်းတွင်သော်လည်း ကောင်း၊ ဝမ်းမြောက်ရွှင်လန်းမှုအတွက်
ကတိတော်တိုင်းတွင်သော်လည်းကောင်း၊ မေတ္တာပြ သည့် လုပ်ငန်းတိုင်းတွင်သော်လည်းကောင်း၊
ဘုရားသခင်နှင့်ပတ်သက်သော စိတ်စွဲလမ်းစရာတိုင်းတွင် သော်လည်းကောင်း၊
ဘုရားသခင်သည်ကျွန်ုပ်တို့နှင့်အတူရှိတော်မူကြောင်းကို ကျွန်ုပ်တို့တွေ့မြင် ကြရပါသည်။
စာတန်သည် မေတ္တာကိုအရင်းခံသော
ဘုရားသခင်၏ ပညတ်တော်ကို စိတ်ပေါ်တွင် အခြေခံသောပညတ်တစ်ခုအဖြစ် ဖော်ပြထားပါသည်။ ထိုပညတ်ပေါ်တွင်
ပါရှိသည့်ပြဌာန်း ချက်များ သည် ကျွန်ုပ်အနေနှင့် လိုက်နာကျင့်ဆောင်ရန်
မဖြစ်နိုင်ကြောင်းကို သူထုတ်ဖော်ခဲ့ပါသည်။ ကျွန်ုပ်တို့၏ မိဦးဖဦးများ
အပြစ်တွင်ကျဆုံးခဲ့ရမှုနှင့် ထိုကဲ့သို့ကျဆုံးမှုကြောင့်ခံစားလာရကြသည့်
သောကဗျာပါဒများအတွက် ဘုရားသခင်သည် တရားခံဖြစ်ကြောင်း စွပ်စွဲလျက် ဘုရားသခင်သည် အပြစ်ဒုစရိုက်၊
ဒုက္ခဆင်းရဲခြင်းနှင့် သေခြင်းတရားများ၏ လက်သည်ဖြစ်ကြောင်းလူအများရှုမြင် စေရန်
သွေးဆောင်လျက် သူသည် ဖန်ဆင်းရှင်အား အပြစ်တင်ခဲ့သည်။ သခင်ယေရှုသည် ဤလိမ်ညာမှုကို
ထုတ်ဖော်ခဲ့ပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကဲ့သို့သော လူသားတစ်ဦးအနေဖြင့်
နားထောင်ခြင်းအတွက် စံနမူနာတစ်ခုကိုပြသရမည် ဖြစ်ပါသည်။ ထိုအကြောင်းကြောင့်
သခင်ယေရှု သည် လူသားဇာတိကိုယူတင်ဝတ်ဆင်၍ ကျွန်ုပ်တို့ကဲ့သို့
အသက်ရှင်ခဲ့ခြင်းဖြစ်ပါသည်။ “ ခရစ်တော် သည်---မိမိညီအစ်ကိုတို့နှင့်
လုံးလုံးလျားလျားတူရသောအကြောင်းရှိ၏” (ဟေဗြဲ ၂း၁၇) ။ ခရစ်တော်မခံစားခဲ့ဖူးသော
စုံစမ်းခြင်းများကို ကျွန်ုပ်တို့ခံစားရမည်ဆိုလျှင် ထိုအချက်ကိုထောက်ပြ၍
ဘုရားသခင်၏ တန်ခိုးတော်သည် ကျွန်ုပ်တို့အတွက် မလုံလောက်ကြောင်းစာတန်ကဖော်ပြပေ လိမ့်မည်။
ထို့ကြောင့်ခရစ်တော်သည် ကျွန်ုပ်တို့နည်းတူ
အမျိုးမျိုးသောစုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံစားဖူးသောသူ ဖြစ်တော်မူ၏။
ကိုယ်တော်သည် ကျွန်ုပ်တို့တွင် ဖြစ်တတ်သော စုံစမ်းခြင်းအားလုံးကို
ခံတော်မူခဲ့ရပါသည်။ ၎င်းပြင်ကိုယ်တော်သည် ၎င်းအားလွတ်လပ်စွာသုံးစွဲခွင့်ပြုမထားသည့်
မည်သည့်တန်ခိုးအာဏာကိုမျှ မိမိကိုယ်ကျိုးအတွက် အသုံးမပြုခဲ့ချေ။
လူသားတစ်ဦးအနေနှင့် ကိုယ်တော်သည် စုံစမ်းနှောင့်ယှက်ခြင်းများကို
ရင််ဆိုင်ခဲ့ရပြီး ဘုရားသခင်ပေးသနားတော်မူသော ခွန်အားများအားဖြင့်
ကျော်လွှားခဲ့ပါသည်။ “ ကိုယ်တော်၏ အလိုကိုဆောင်ရာ၌ ကျွန်ုပ်သည်အားရ ဝမ်းမြောက်ပါ၏။
ကိုယ်တော်၏တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာရှိပါ၏” ဟု ကိုယ်တော် မြွက်ဆိုခဲ့ပါသည်။
ကိုယ်တော်သည် ကောင်းမြတ်သောအလုပ်များကို လုပ်ကိုင်ရန်နှင့် စာတန်၏
နှောင့်ယှက်မှုကြောင့် ရောဂါဝေဒနာခံစားနေရသူများအား ကုသရန်သွားလာလှုပ်ရှားစဉ်
ဘုရားသခင့် ပညတ်တော်၏ ဂုဏ်အင်္ဂါနှင့် ကိုယ်တော်အမှုတော်၏
သဘာဝကိုလူအများအားထင်ရှားစွာ သိမြင်စေခဲ့ပါသည်။ ကျွန်ုပ်တို့အနေနှင့်
ဘုရားသခင်၏ပညတ်တော်ကို လိုက်နာကျင့်စောင့်ရန် ဖြစ်နိုင်ကြောင်းကို ကိုယ်တော်၏အသက်တာက
သက်သေပြခဲ့ပါသည်။
ခရစ်တော်သည်လူဇာတိအားဖြင့်
လူသားများကိုထိတွေ့တော်မူ၍ ကိုယ်တော်၏ ဘုရားဇာတိအားဖြင့် ဘုရားသခင်၏ပလ္လင်တော်ကို စွဲကိုင်တော်မူ၏။
ကိုယ်တော်သည် လူသားတစ်ဦး အနေနှင့်နားထောင်ခြင်း
စံနမူနာကိုကျွန်ုပ်တို့အားပြ၍ဘုရားသခင်၏သားတော်အနေနှင့် နားထောင် ရန် တန်ခိုးကိုပေးတော်မူ၏။
“ ငါဖြစ်သည်အတိုင်းငါဖြစ်၏။ ငါဖြစ်သည်ဟုအမည်ရှိသောသူသည် ငါ့ကိုသင်တို့ရှိရာသို့စေလွှတ်တော်မူပြီဟုဣသရေလအမျိုးသားတို့အား
ပြန်ပြောလော့” ဟု ဟောရ တောင်ပေါ်ရှိချုံပုတ်ထဲမှ မောရှေအားစကားပြောခဲ့သောသူသည်
ခရစ်တော်ဖြစ်ပါသည်။ ဤစကား တော်သည် ဣသရေလလူများ၏ လွတ်မြောက်ရေးအတွက်ကတိဝန်ခံချက်ဖြစ်ပါသည်။
ထို့ကြောင့် ကိုယ်တော်သည် လူ၏ပုံသဏ္ဌာန်နှင့်အညီကြွလာခဲ့စဉ်ကမိမိကိုယ်ကို
“ငါဖြစ်သည်” ဟုထုတ်ဖော် ပြောကြားခဲ့ပါသည်။ နှိမ့်ချ၍ နူးညံ့သောကယ်တင်ရှင်တည်းဟူသော
ဗက်လင်မြို့မှသူငယ်သည် ကိုယ်ခန္ဓာ၌ ပေါ်ထွန်းတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။
၎င်းပြင် “ငါသည်ကောင်းသော သိုးထိန်းဖြစ်၏။ ငါသည်အသက်မုန့်ဖြစ်၏။
ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်း ကောင်း
စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှတို့ကိုငါခံရပြီ”
ဟူ၍လည်းကျွန်ုပ်တို့အားကိုယ်တော်က မြွက်ဆိုတော်မူပါသည်။ “ငါဖြစ်တော်မူသည်”
မကြောက်လန့်ကြနှင့်၊ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် အတူရှိတော်မူသည်ဟူသောကတိတော်သည်
အပြစ်မှကျွန်ုပ်တို့လွတ်မြောက်ခြင်းအတွက်အာမခံ ချက်တစ်ခုဖြစ်ပြီး ဘုရားသခင်၏
ပညတ်တော်ကိုစောင့်ရှောက်နိုင်ရန် ဘုရားသခင်ပေးသနားမည့် တန်ခိုးတော်အတွက်
အာမခံချက်တစ်ခုလည်းဖြစ်ပါသည်။
မိမိကိုယ်ကိုလူဇာတိခံယူရန်
နှိမ့်ချခြင်းအရာတွင် စာတန်၏အကျင့်စာရိတ္တနှင့် ဆန့်ကျင်သော စာရိတ္တတော်ကို ခရစ်တော်ဖော်ပြခဲ့ပါသည်။
သို့သော်လည်းကိုယ်တော်သည် နှိမ့်ချခြင်းအရာတွင် ပို၍နိမ့်ကျသောအသက်တာဖြင့်
အစဉ်တစိုက်ပါဝင်ခဲ့ပါသည်။ “ထိုသို့လူ၏ ဂုဏ်အင်္ဂါ လက္ခဏာနှင့် ပြည့်စုံလျက်
အသေခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်း တိုင်အောင် အစေကျွန်ခံ၍
ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏” (ဖိလိပ္ပိ ၂း၈)။ ယဇ်ပုရောဟိတ်မင်းများ သည်
အလွန်ခမ်းနားကြီးကျယ်သော ဝတ်ရုံကိုချွတ်၍ သာမန်ယဇ်ပုရောဟိတ်များ ဝတ်ဆင်သော အဖြူရောင်ဝတ်ရုံကိုသာဝတ်ဆင်ပြီး
အမှုတော်ဆောင်သကဲ့သို့ ခရစ်တော်သည် အစေခံကျွန်တစ်ဦး၏ ပုံသဏ္ဌာန်တော်ကိုဆောင်လျက်
မိမိကိုယ်တိုင် ယဇ်ပုရောဟိတ်လုပ်၍ မိမိ၏ခန္ဓာကိုယ်တည်းဟူသော
ယဇ်ကောင်ကိုပူဇော်တော်မူ၏။ “ထိုသူသည်
ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့်နာကျင်စွာထိုးခြင်း၊ နှိပ်စက်ခြင်းကိုခံရလေ၏။ငါတို့၏ငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေသောဆုံးမခြင်းသည်
သူ့အပေါ်သို့ ရောက်၍ သူခံရသောဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏”
ဟေရှာ ၅၃း၅။
ကျွန်ုပ်တို့သည်
ခရစ်တော်စံစားထိုက်သော အရာကို စံစားနိုင်ရန်အလို့ငှါ ကိုယ်တော်သည်
ကျွန်ုပ်တို့ခံစားထိုက်သည့်အပြစ်ဒဏ်ကိုခံစားတော်မူခဲ့သည်။ ကျွန်ုပ်တို့နှင့်မထိုက်
တန်သော ကိုယ်တော်၏ဖြောင့်မတ်ခြင်းတရားအားဖြင့် ကျွန်ုပ်တို့သည်
ဖြောင့်မတ်ရာသို့ရောက်စေ ခြင်းငှါ ကိုယ်တော်သည် ကျွန်ုပ်တို့၏အပြစ်များကြောင့်
မိမိနှင့်မပတ်သက်သော အပြစ်ဒဏ်စီရင်ခြင်း ကိုခံစားတော်မူသည်။ ကျွန်ုပ်တို့သည်
ကိုယ်တော်ပိုင်ဆိုင်ရာဖြစ်တော်မူသော အသက်ရှင်ခြင်းကို ရစိမ့်သောငှါ ကိုယ်တော်သည်
ကျွန်ုပ်တို့၏ အငန်းအတာဖြစ်သောသေခြင်းကို ခံတော်မူခဲ့ပါသည်။ ကိုယ်တော်ခံရသော
ဒဏ်ချက်များအားဖြင့် ကျွန်ုပ်တို့သည် အနာပျောက်လျက်ရှိကြ၏။
ခရစ်တော်သည်
မိမိ၏အသက်တာနှင့်အသေခံခြင်းအားဖြင့် အပြစ်ကြောင့်ဖြစ်ပေါ် ခဲ့ သောဆုံးရှုံးမှုထက်
ပိုမိုများပြားသောအောင်မြင်မှုများ ကိုရရှိခဲ့ပါသည်။ စာတန်၏အကြံသည်
ကျွန်ုပ်တို့အား ဘုရားသခင်နှင့် ထာဝရခွဲခြားစေရန်ဖြစ်သော်လည်း ကျွန်ုပ်တို့သည်
ခရစ်တော်အားဖြင့် အပြစ်မကျူးလွန်မီကကဲ့သို့ ဘုရားသခင်နှင့်ပိုမို၍
နီးကပ်စွာတစ်လုံးတစ်ဝတည်း ဖြစ်လာခဲ့ပါသည်။ ကယ်တင်ရှင်သည်
လူဇာတိကိုခံယူတော်မူခြင်းအားဖြင့် လူသားများနှင့် ခိုင်မြဲသောနှောင်ဖွဲ့မှု
တစ်ခုကို ပြုတော်မူခဲ့ပါသည်။ ကိုယ်တော်သည် ထာဝရကာလတစ်လျှောက်လုံး
ကျွန်ုပ်တို့နှင့် အဆက် အသွယ်ပြု တော်မူခဲ့ပါသည်။ “ ဘုရားသခင်သည်
မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူ သည်တိုင်အောင်
လောကီသားတို့ကိုချစ်တော်မူ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့အပြစ်များကိုခံယူရန်
အတွက်သာသားတော်ကို စေလွှတ်တော်မူခဲ့သည်မဟုတ်ဘဲ ကျွန်ုပ်တို့၏ယဇ်ကောင်အနေဖြင့်လည်း
အသေသတ်ခံရန် အပြစ်တွင်ကျဆုံးနေသောကျွန်ုပ်တို့ထံသို့စေလွှတ်တော်မူခဲ့ပါသည်။
ကိုယ်တော်၏ မပြောင်းမလဲတည်ရှိတော်မူသော ငြိမ်သက်မှုအတွက် အကြံဉာဏ်ပေးချက်ကို
အမြဲထိန်းသိမ်းထားရန်
ဘုရားသခင်သည်တစ်ပါးတည်းသောသားတော်ကိုလူသားမိသားစုဝင်တစ်ဦးဖြစ်စေတော်မူခဲ့ပါသည်။
“ငါတို့အဖို့ သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကိုသနားတော်မူ၏။
ထိုသူသည်အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်” ဆိုသည့်ကိုယ်တော်၏စကားတော်ကို
ဤအာမခံချက်အားဖြင့်ပြည့်စုံစေ တော်မူလိမ့်မည်။ ဘုရားသခင်သည် လူသားဇာတိကို သားတော်တည်းဟူ
ပုဂ္ဂိုလ်တော်အားဖြင့် ခံယူ တော်မူ၍
လူသားများကိုအမြင့်ဆုံးကောင်းကင်သို့တိုင်အောင် ယူဆောင်တော်မူခဲ့သည်။ ထိုသား
တော်သည် စကြဝဠာ၏ ပလ္လင်တော်တွင် အဖခမည်းတော်နှင့်အတူ စံမြန်းတော်မူခဲ့သည်။
ထိုသားတော်ကို အံ့သြဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊
ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ကြလိမ့်မည်ဖြစ်ပါသည်။ ထို “ ငါဖြစ်သည်” ဟူသော
ပုဂ္ဂိုလ်သည် ဘုရားသခင်နှင့်လူသားများအကြား နှစ်ဖက်စလုံးအပေါ်သို့ လက်ကိုတင်၍
ပေါင်းကူးပေးထားသည့် ကြားဖျန်သူဖြစ်တော်မူပါသည်။ သန့်ရှင်းစင်ကြယ်၍ အညစ်အကြေးနှင့်
ကင်းလွတ်လျက် အပြစ်ရှိသောသူတို့နှင့် မဆက်ဆံသောကိုယ်တော်သည် ကျွန်ုပ်တို့အား
ညီအစ်ကိုဟု ခေါ်ခြင်းငှါရှက်ကြောက်တော်မမူချေ။ ကောင်းကင်မိသားစုများနှင့်
မြေကြီးမိသားစုများသည် ခရစ်တော်၌ တစ်လုံးတစ်ဝတည်းနှောင်ဖွဲ့တော်မူ၏။
ဘုန်းတော်နှင့်ပြည့်ဝတော်မူသော ခရစ်တော်သည် ကျွန်ုပ်တို့၏ညီအစ်ကိုဖြစ်တော်မူ၏။
ဘုရားသခင်သည်လူသား ဇာတိကိုကိန်းဝပ် တော်မူ၍ လူသားဇာတိကို အနန္တမေတ္တာတော်ရှင်၏
ရင်ခွင်တော်တွင် ပိုက်ပွေ့တော်မူ၏။ “သူတို့သည် မြေတော်၌
ထင်ရှားသောသရဖူမျက်မွန်ကဲ့သို့ဖြစ်ကြလိမ့်မည်။ ကျေးဇူးတော်သည်အလွန်ကြီးစွ တကား၊
ဂုဏ်အသရေတော်လည်းအလွန်ကြီးစွတကား” ဟု ထာဝရဘုရားသခင်သည် မိမိ၏
လူမျိုးများအကြောင်းကို မြွက်ဆိုတော်မူသည်။ ကယ်တင်ခြင်းခံစားရသူများအား
ချီးမြှောက်ခြင်း အရာသည် ထာဝရဘုရား၏ကရုဏာတော်အတွက် ထာဝရသက်သေခံတစ်ခု
ဖြစ်ပါလိမ့်မည်။ အနာဂတ်ကာလများတွင် ကိုယ်တော်သည် ထိုသခင်အားဖြင့် ကျေးဇူးပြု၍
ကျေးဇူးတော်၏ အလွန်ကြွယ်ဝခြင်းကို ထင်ရှားစေတော်မူသည်။ “ငါတို့သခင်ယေရှုကို
အကြောင်းပြု၍ထာဝရ အကြံတော်ရှိသည်နှင့်အညီ ကောင်းကင်အရပ်တို့၌
အထွတ်အမြတ်အာဏာစက်တို့သည် ဘုရားသခင်၏ထူးဆန်းသော ပညာတော်ကိုသိရမည်အကြောင်းတည်း။”
ဧဖက် ၂း၇။ ၃း၁၀-၁၁။
ခရစ်တော်၏ကယ်တင်ခြင်းလုပ်ငန်းများအားဖြင့်
ဘုရားသခင်၏အုပ်စိုးခြင်းသည် ဖြောင့်မတ်စွာရပ်တည်နေပါသည်။ အနန္တတန်ခိုးတော်အရှင်အား
မေတ္တာတော်အရှင်ဘုရားသခင် အဖြစ်သိသာထင်ရှားစေခဲ့ပါသည်။ စာတန်၏စွပ်စွဲချက်များသည်
မှားယွင်းကြောင်း ထင်ရှားစေခဲ့သည့် အပြင် ၎င်း၏စာရိတ္တကိုလည်း
သိသာစေရန်ဖွင့်ပြတော်မူသည်။ ဆန့်ကျင်မှုသည် နောက်တစ်ဖန် ဝင်မလာနိုင်တော့ချေ။
ထာဝရကာလတစ်လျှောက်လုံးတွင် ခပ်သိမ်းသောသတ္တဝါများသည် အယူလွဲ၊ ဖောက်ပြန်ခြင်းမှ
ကင်းဝေးကြလိမ့်မည်ဖြစ်သည်။ မေတ္တာကိုအခြေခံသော ကိုယ်ကျိုးစွန့်ခြင်းအားဖြင့်
မြေကြီးသားများနှင့် ကောင်းကင်သားများတို့သည်မပျက်နိုင်သောအနှောင်အဖွဲ့များအားဖြင့်
၎င်းတို့၏ ဖန််ဆင်းရှင်ထာဝရဘုရားသခင်၌ ရစ်ပတ်နှောင်ဖွဲ့ခြင်းကို ခံကြရပါသည်။
ကယ်တင်ခြင်းအလုပ်သည်
ပြီးစီးစုံလင်သွားလိမ့်မည်။ အပြစ်တရားလွှမ်းမိုးခဲ့သည့် နေရာတွင်
ထာဝရဘုရား၏ကရုဏာသည် ပိုမိုများပြားစွာကြွယ်ဝလျက်ရှိပါသည်။ မိမိပိုင်သည်ဟု
စာတန်ကြေညာထားသော ဤကမ္ဘာလောကကို ပြန်လည်ရွေးယူရုံသာမက ချီးမြှောက်ရန်လည်း ဖြစ်
ပါသည်။ ကိုယ်တော်၏ဂုဏ်ကျက်သရေနှင့် တင့်တယ်လှပသည့် ဖန်ဆင်းခြင်းခံရသော အရာများ
တွင် အပြစ်ကျိန်ခြင်းအောက်တွင် အမှောင်ထုလွှမ်းမိုးခဲ့သောသေးငယ်သည့် ကျွန်ုပ်တို့၏
ဤကမ္ဘာလေး သည်စကြဝဠာတွင်ရှိသော အခြားကမ္ဘာများအထက်တွင်ချီးမြှောက်ခြင်းကို
ခံရလိမ့်မည်။ လူသားများ အကြားတွင် သားတော်ဘုရားကိန်းဝပ်တော်မူခဲ့သော ဤကမ္ဘာတွင်
ဘုန်းတန်ခိုးအရှင် ခရစ်တော်ရှင် ကိုယ်တိုင်နေထိုင်တော်မူခဲ့ပြီး
ဒုက္ခအမျိုးမျိုးကိုခံစား၍အသေသတ်ခြင်းကိုခံခဲ့ရသော ဤကမ္ဘာတွင်
ခပ်သိမ်းသောအရာများကို အသစ်ပြုပြင်၍ ဘုရားသခင်သည် လူသားများနှင့်အတူစိုးစံမည့်
ဤကမ္ဘာတွင်ကိုယ်တော်သည် လူသားများနှင့်အတူရှိနေမည်ဖြစ်ပြီး သူတို့သည် ကိုယ်တော်၏
လူများ ဖြစ်ကြလိမ့်မည်။ ၎င်းပြင် ထာဝရဘုရားကိုယ်တော်တိုင်သည်
သူတို့နှင့်အတူရှိတော်မူ၍ သူတို့၏ဘုရားဖြစ်တော်မူလိမ့်မည်။
ကယ်တင်ခြင်းခံရသူများသည် အဆုံးမရှိသောကာလ တစ်လျှောက်လုံးတွင်
ဘုရားသခင်၏အလင်းတော်တွင် လျှောက်လှမ်းကြစဉ်တွင် နှုတ်ဖြင့်မမြွက်ဆို နိုင်လောက်သော
ကိုယ်တော်၏သနားခြင်းဆုကျေးဇူးတော်အတွက် သူတို့သည်ကိုယ်တော်အား
ချီးမွမ်းထောမနာပြုကြပါလိမ့်မည်။
No comments:
Post a Comment