Monday, April 27, 2026

 

ကျမ်းဦးစကား

 

    ဤနောက်ဆုံးသောကာလ၏ နေ့ရက်များတွင် ကျွန်ုပ်တို့အတွက် အပူ တပြင်း လိုအပ်သောအရာမှာ၊ အသင်းအုပ်ပိုင်းဆိုင်ရာ ဦးဆောင်မှုပင် ဖြစ်ပါ သည်။ ဧဝံဂေလ တရားဆိုင်ရာ အမှုတော်တာဝန် အမှန်တကယ် ပြီးမြောက် ပြည့်စုံစေရန်အတွက် ကျွန်ုပ်တို့၏ ခေါင်းဆောင်များတို့သည် သူတို့၏ အလွန် အရေးပါသော အခန်းကဏ္ဍအကြောင်းကို ခရေစေ့တွင်းကျ သိရှိနိုင်သော သိနားလည်မှု ဥာဏ်မျိုးကို မဖြစ်မနေပိုင်ဆိုင်ကြရပါမည်။ လူတို့အားခေါ်တော် မူခြင်းကို သူတို့အနေဖြင့် တက်တက်ကြွကြွဖြင့်တုံ့ပြန် ဖြေကြားရပါမည်။ ကမ္ဘာပေါ်ရှိလူသားများထံသို့ သူတို့၏ အမှုတော်ဆောင်နိုင်ရေးအတွက် သူတို့ ၏လုပ်ရပ်ကို တရားဝင်အပ်နှင်းရသည်။ သူတို့၏ အခန်းကဏ္ဍကို နားလည် ပေးနိုင်သော အသင်းအုပ်ဆရာများတို့ကို ကျွန်ုပ်တို့လိုအပ်ကြပါသည်။

    ထက်မြက်သောအနေအထားဖြင့် အသင်းတော်ကို ကွပ်ကဲရာတွင် မရှိ မဖြစ် လိုအပ်သော အချက်အလက် အစိတ်အပိုင်းများကို ကျမ်းစာအုပ်က ရှင်းလင်းစွာဖော်ပြထားပါသည်။ ဘုရားသခင်၏လူစုတော်တို့အား အထောက် အကူပြုရန်နှင့် စိတ်ဓာတ်ရေးရာ၌ အဆင်သင့်ဖြစ်စေရန် အတွက်လိုအပ်ကာ မရှိမဖြစ်သည့် စိတ်နေသဘောထားကောင်းများ၊ လေ့ကျင့်ရေးသင်တန်းနှင့် ကျွမ်းကျင်မှုများတို့သည် ခေါင်းဆောင်များတို့အား တက်ကြွမှုရှိအောင် လုပ် ဆောင်ပေးခြင်းနှင့်သင်တန်းပေးခြင်းတို့ဖြင့်ပေးအပ်ခဲ့ကာ၊ ၎င်းတို့ကိလက်တွေ့ ကျကျအသုံးချစေပါသည်။

    အခြေခံကျသည့်အမှန်တရားဖြစ်ကာ၊ လေးနက်မှုရှိသည့် ပုဂ္ဂိုလ်ရေး ဆိုင် ရာဘုရားသခင်နှင့်ချိတ်ဆက်မှုရှိသည့် ဆုတောင်းခြင်း၏ တန်ခိုးသည် အသင်း အုပ်ဆရာ၏ အမှုတော်ဆောင်ခြင်းနှင့် ကိုယ်ရေးကိုယ်တာ အသက်တာဆီသို့ ဗဟိုပြုသည်ဆိုသည့် သိနားလည်ခြင်းသည် မီးမောင်ထိုးပြခြင်း ခံရပြီးဖြစ်ပါ သည်။ အသင်းအုပ်ဆရာ၏ မိသားစုအသက်တာ သမာဓိရှိမှု၊ လူတို့၌ရှိသင့် ရှိထိုက်သည့်ကျွမ်းကျင်မှုများနှင့် ဦးဆောင်နိုင်မှုတို့သည်လည်း အများ၏ အာရုံ စိုက်မှုကိုခံလာရတတ်ပါသည်။ အသင်းအုပ်ဆရာဆိုင်ရာလုပ်ငန်း၏ မရှိမဖြစ် လိုအပ်သည့် အချက်တစ်ခုဖြစ်သည့် ကြည့်ရှုစီရင်ခြင်းနှင့် ပတ်သက်သည့် သေရေးရှင်ရေး အမှုတော်လုပ်ငန်းသည် အထူးပြုအလေးပေးခံနေရပါသည်။


ကျမ်းဦးစကား

 

    ထာ၀ရဘုရား၏ လူစုတော်အတွက် အစေခံခွင့်ကို ဘုရားသခင်က ပေး သနားတော်မူခြင်းသည် ထူးမြတ်သည့် အခွင့်ထူးပင်ဖြစ်ပါသည်။ ထိရောက်မှု ရှိပြီး ဝိညာဉ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်အပ်နှင်းခံရသည့် အမှုတော်၏ ဆုလာဘ် တို့သည်အံ့ဩဖွယ်ရာကောင်းလှပါသည်။ ထိရောက်မှုမရှိသည့်အပြင်၊ ဆုံးဖြတ် ချက်လွဲမှားသော အမှုတော်လုပ်ငန်းဆိုင်ရာ ကြိုးပမ်းမှုများတို့မှ ထွက်ပေါ်လာ သည့် မီးလောင်ပြာကျသည့်ဆိုးကျိုးကို ရှောင်ရှားနိုင်ရန်အတွက် ဤစာအုပ် သည် အသင်းအုပ်များနှင့်အသင်းတော်ခေါင်းဆောင်များတို့အား ကူညီပေးပါ လိမ့်မည်။ ထာ၀ရဘုရား၏ အမှုတော်ဆောင်ရွက်မှုတွင် ကျွန်ုပ်တို့က အတူ တကွပူးပေါင်းပြီး ကျွန်ုပ်တို့အားပေးထားတော်မူသော အခြေခံစည်းမျဉ်းများ အတိုင်း လုပ်ဆောင်ကြပါက ထွက်ပေါ်လာမည့် အကျိုးရလဒ်များတို့သည် အစဉ်ထာ၀ရထွန်းလင်းတောက်ပပါလိမ့်မည်။

ဂျယ်ရီအိုင်(န်)ဖိတ်(ဂ်ျ)

ကမ္ဘာ့သာသနာဌာနချုပ်၊ ဓမ္မရေးရာဌာန

အတွင်းရေးမှူး

No comments:

Post a Comment