Wednesday, April 22, 2026

အခန်းကြီး - ၇၂။ ငါ့ကိုအောက်မေ့ဖို့ရာ

 

ငါ့ကိုအောက်မေ့ဖို့ရာ

 

ရှင်မဿဲခရစ်ဝင် ၂၆း၂၀-၂၉။ ရှင်မာကု ၁၄း၁၇-၂၅။ ရှင်လုကာ ၂၂း၁၄-၂၃။ ရှင်ယောဟန် ၁၃း၁၈-၃၀ တို့ကို အခြေပြုထားပါသည်။

 

         “သခင်ယေရှုသည် ရန်သူလက်သို့အပ်နှံခြင်းခံရသောနေ့ညမှာ မုန့်ကို ယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ ဤမုန့်ကားသင်တို့အဖို့အလိုငှာ ချိုးဖဲ့သောငါ၏ကိုယ်ဖြစ်၏၊ ယူ၍စားကြလော့။ ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့ ဟုမိန့်တော်မူ၏။ ထိုနည်းတူ ညစာစားပြီးမှခွက်ကိုလည်းယူ၍ ဤခွက်ကားငါ၏ သွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။ ဤခွက်ကိုသောက်သောအခါခါ၊ ငါ့ ကိုအောက်မေ့ဖို့ရာသောက်ကြလော့ဟု မိန့်တော်မူ၏။” ၁ကော ၁၁း၂၃-၂၆။

         ခရစ်တော်သည် အိမ်ထောင်မှုစီမံအုပ်ချုပ်သည့် နည်းစနစ်နှစ်ခုနှင့် ထို စနစ်များအတွက် အထူးကျင်းပသော ပွဲတော်ကြီးနှစ်ခု၏ စပ်ကူးမပ်ကူးအချိန်တွင် ရပ်တည်တော်မူလျက်ရှိပါသည်။ နှစ်ပေါင်းလေးထောင်တိုင်တိုင် မိမိ၏အသေသတ် ခံခြင်းကိုပြညွှန်ခဲ့သော ပုံဆောင်မှုများနှင့် ဝိနည်းထုံးဖွဲ့ဆိုင်ရာစနစ်များကိုအဆုံး သတ်သွားစေရန် ဘုရားသခင်၏အပြစ်ကင်းသော သိုးသငယ်တည်းဟူသော ကိုယ် တော်သည် မိမိကိုယ်ကိုအပြစ်ဖြေရာယဇ်ကောင်အဖြစ် ဆက်ကပ်ရပေတော့မည်။ ကိုယ်တော်ရှင်သည် တပည့်တော်များနှင့်အတူ ပသခါပွဲဝင်နေစဉ်တွင် မိမိပြုလုပ် မည့်မဟာဆက်ကပ်မှုကြီးကို အောက်မေ့သတိရစေမည့် အခမ်းအနားတစ်ခုကို ထိုပသခါပွဲ၏နေရာတွင် အစားထိုးကျင်းပခဲ့ပါသည်။ ယုဒတစ်မျိုးသားလုံးနှင့် ဆိုင် သောထိုပွဲတော်ကြီးသည် ထာ၀စဉ်ပျောက်ကွယ်သွားပေတော့မည်။ ခရစ်တော်တည် ထောင်ခဲ့သော ဤအခမ်းအနားကို ခေတ်အဆက်ဆက်တွင် ကမ္ဘာအနှံ့အသက်ရှင် နေထိုင်ကြမည့် ကိုယ်တော်၏နောက်လိုက်များက ဆက်လက်ကျင်းပကြရန်ဖြစ်ပါ သည်။

         အဲဂုတ္တုတွင်ကျွန်ခံနေရာမှ ဣသရေလများလွတ်မြောက်လာခြင်းကို အောက်မေ့သတိရစေရန် ပသခါပွဲကိုကျင်းပတော်မူခဲ့ပါသည်။ ဤအခမ်းအနား ကျင်းပခြင်း၏ရည်ရွယ်ချက်ကို သားသမီးကမေးသောအခါ ဤရာဇဝင်ကလေးကို နှစ်စဉ်နှစ်တိုင်းထပ်ခါတလဲလဲပြန်လည်ပြောပြနိုင်စေရန်အတွက် ပသခါပွဲကျင်းပ ရန် ဘုရားသခင်ညွှန်ကြားတော်မူခဲ့ခြင်းဖြစ်ပါသည်။ ဤနည်းအားဖြင့် အံ့ဖွယ်သော ထိုလွတ်မြောက်မှုကို လူအားလုံး၏စိတ်တွင် သတိရနေစေခဲ့ပါသည်။ ပွဲတော်မင်္ဂလာ အခမ်းအနားမှာမူ ခရစ်တော်အသေခံခြင်းအားဖြင့် ဖြစ်ပေါ်လာမည့်ကြီးကျယ်သည့် လွတ်မြောက်မှုကြီးကို သတိရအောက်မေ့စေရန် ဘုရားသခင်ကျင်းပစေခဲ့ပါသည်။ ခရစ်တော်သည် ဘုန်းတန်ခိုးအာနု ဘော်ကိုဆောင်၍ ဒုတိယအကြိမ်ကြွလာသည့် တိုင်အောင် ဤအခမ်းအနားကို ကျင်းပရန်ဖြစ်ပါသည်။ ကျွန်ုပ်တို့အတွက် ကိုယ် တော်ပြုတော်မူသည့် ကြီးမား သောအမှုတော်ကို ဤနည်းအားဖြင့် ကျွန်ုပ်တို့၏စိတ် တွင် ထာ၀စဉ်သတိရအောက်မေ့စေလိမ့်မည်ဖြစ်ပါသည်။

         ဣသရေလများသည် အဲဂုတ္တုပြည်မှလွတ်မြောက်လာသောအချိန်တွင် ပသခါပွဲဝင်ခဲ့စဉ်က မတ်တတ်ရပ်လျက်၊ ခါးပတ်ကိုပတ်လျက်၊ လက်ထဲတွင် တောင် ဝှေးများကိုကိုင်လျက် သွားရမည့်ခရီးအတွက်အသင့်အနေအထားဖြင့် စားခဲ့ကြရပါ သည်။ ၎င်းတို့သည် ထိုအခမ်းအနားတို့ကို အခြေအနေနှင့်လိုက် လျောညီစွာကျင်းပ ခဲ့ခြင်းဖြစ်ပါသည်။ အကြောင်းမူကား၊ သူတို့သည် ထိုတိုင်းပြည်မှနှင်ထုတ်ခြင်းခံရ ကာ ခက်ခဲကြမ်းတမ်းသော တောလမ်းခရီးကို အစပြုရတော့မည်ဖြစ်သောကြောင့် တည်း။ သို့ရာတွင် ခရစ်တော်၏အချိန်တွင်မူ အခြေအနေများသည် ပြောင်းလဲနေ ပေပြီ။ သူတို့သည်ယခုတွင် သူစိမ်းနိုင်ငံတစ်ခု၏ နှင်ထုတ်ခြင်းကိုမခံကြရဘဲမိမိတို့ အမိနိုင်ငံတွင်နေထိုင်လျက်ရှိသူများဖြစ်ကြပါသည်။ ဖြစ်ပေါ်နေသည့်အခြေအ နေအရပ်ရပ်နှင့်ဆီလျော်ကိုက်ညီရန် ထိုသူများသည် ထိုအချိန်ကလဲလျောင်းလျက် ပသခါပွဲကိုစားခဲ့ကြ ပါသည်။ ဧည့်သည်များသည် စားပွဲပတ်လည်တွင်ချထားသည့် ညောင်စောင်းများပေါ်တွင် ဘယ်ဘက်လက်နှင့်ထောက်ပြီးလဲလျောင်းကာ ညာဘက် လက် နှင့်ယူ၍စားရန်ဖြစ်ပါသည်။ ဤကိုယ်အနေအထားနှင့် လဲလျောင်းနေသော ဧည့်သည်တစ်ဦးသည် မိမိထက်မြင့်သောနေရာတွင် ကပ်လျက်လဲလျောင်း နေသူ၏ ရင်ခွင်တွင် ခေါင်းအုံးလျက်လဲလျောင်းနိုင်ကြပါသည်။ ညောင်စောင်းအစွန်းတွင်ရှိ သော ခြေထောက်များကိုမူ စားပွဲဝိုင်းအပြင်မှ လှည့်ပတ်သွားလာကာ တစ်ယောက် သောသူကဆေးကြောပေးပါသည်။

         ခရစ်တော်သည် ပသခါပွဲအတွက်ပြင်ဆင်ထားသော စားပွဲတွင်လဲလျောင်း နေဆဲဖြစ်ပါသည်။ တဆေးမပါဘဲစီမံထားသည့်ပသခါမုန့်သည် ၎င်း၏ရှေ့တော်တွင် ရှိနေပါသည်။ ပသခါပွဲအတွက်ပြင်ဆင်ထားသည့် ကစော်မပေါက်သေးသည့် စပျစ် ရည်သည် စားပွဲပေါ်တွင်ရှိနေပါသည်။ အပြစ်အနာ အဆာကင်းစင်သော မိမိ၏အ သေသတ်ခံခြင်းဆိုင်ရာ ပူဇော်ဆက်ကပ်မှုကို ရုပ်လုံးဖော်ရန် ခရစ်တော်သည် အထိမ်းအမှတ်ပစ္စည်းများကို အသုံးပြုတော်မူထားပါသည်။ အပြစ်နှင့်သေခြင်းကို ပုံဆောင်သည့် ကစော်ပေါက်ခြင်းအားဖြင့် ညစ်ညမ်းမှုမရှိသောအရာများသည် ]] ဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့်ကင်းစင်သော သိုးသငယ်ကိုပုံဆောင်ထားပါ သည်။}} ၁ပေ ၁း၁၉။

         ]]ထိုအခါ စားလျက်နေကြစဉ်တွင် ယေရှုသည်မုန့်ကိုယူ၍ကျေးဇူးတော် ကိုချီးမွမ်းပြီးမှမုန့်ကိုဖဲ့၍ ဤမုန့်ကားငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့ဟု မိန့်တော် မူလျက် တပည့်တော်တို့အားပေးတော်မူ၏။ ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီး မွမ်းပြီးမှ သူတို့အားပေးတော်မူ၍ သင်တို့ရှိသမျှ သည်သောက်ကြလော့။ ဤခွက် ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏ အပြစ်ကိုလွတ်ခြင်းငှာ သွန်းသော ငါ၏အသွေးဖြစ်၏။ ငါဆိုသည်ကား၊ ဤစပျစ်ရည်မျိုးအသစ်ကို ငါ့ခမည်းတော်၏ နိုင်ငံ၌ သင်တို့နှင့်အတူငါမသောက် မီနေ့တိုင်အောင် ယခုမှစ၍ တစ်ဖန်ငါမသောက် ရဟုမိန့်တော်မူ၏။

         ကိုယ်တော်ကိုအပ်နှံမည့်ယုဒသည် ထိုပွဲတော်မင်္ဂလာတွင် ပါဝင်လျက်ရှိပါ သည်။ ချိုးဖဲ့ခြင်းခံရမည့်ကိုယ်တော်၏အသားနှင့် သွန်းလောင်းခြင်းခံရမည့်ကိုယ် တော်၏အသွေးများကို ပုံဆောင်ထားသော စပျစ်ရည်နှင့်မုန့်ကို ခရစ်တော်ထံမှ သူ ရရှိခဲ့ပါသည်။ “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့” ဟူသောစကားများကို လည်းသူကြားခဲ့ရပါသည်။ ယုဒသည် ဘုရားသခင်၏ သိုးသငယ်ရှေ့တွင်ထိုင်လျက် ရှိစဉ်မှာပင် မိမိ၏ညစ်သောအကြံများကိုသာ တအုံနွေးနွေးစဉ်းစားနေကာ လက်စား ချေလိုသောမိမိ၏ သဘောထားကိုသာ တွယ်တာမြတ်နိုးနေခဲ့ပါသည်။

         မိမိသည် ယုဒ၏ဇာတိရုပ်မှန်ကိုကောင်းစွာသိရှိကြောင်း ထင်ရှားစေသည့် သက်သေအထောက်အထားကို ခြေဆေးမင်္ဂလာပွဲတွင် ခရစ်တော်ဖော်ပြသည့်အ နေဖြင့် “သင်တို့တွင် တချို့မစင်ကြယ်” ဟု မိန့်တော်မူခဲ့ပါသည်။ ခရစ်တော်သည် မိမိလျှို့ဝှက်ချက်များကိုသိရှိကြောင်း ဤစကားများကမှားယွင်းသော ထိုတပည့်တော် အားသဘောပေါက်စေခဲ့ပါသည်။ ယခုတွင် ခရစ်တော်သည် စားပွဲပတ်လည်တွင် လျောင်းလျက်ရှိနေကြသော တမန်တော်အပေါင်းအား ကြည့်တော်မူကာပို၍ရှင်း လင်းစွာမိန့်တော်မူသည်ကား၊ သင်တို့ ရှိသမျှကိုရည်မှတ်၍ ပြောသည်မဟုတ်၊ ငါရွေး ကောက်သောသူတို့ကိုငါသိ၏။ ကျမ်းစာချက်ပြည့်စုံစေမည်အကြောင်း ငါနှင့်အတူ စားသောသူသည် ငါ့ကို ခြေနှင့်ကျောက်သတည်းဟူ၍ဖြစ်၏။

         တမန်တော်များသည် ယခုအချိန်တိုင်အောင် ယုဒအားမယုံသင်္ကာမရှိခဲ့ကြ ချေ။ သို့ရာတွင်ခရစ်တော်သည် အကြီးအကျယ် ဒုက္ခရောက်ပုံပေါ်နေသည်ကို ၎င်း တို့တွေ့မြင်ခဲ့ရပါသည်။ မိမိတို့အားလုံးအပေါ်တွင်ကျရောက် တော့မည့်ဒုက္ခနှင့် ကြောက်လန့်ဖွယ်ကောင်းသော ဘေးဆိုးကြီးအတွက် နိမိတ်မကောင်းကြောင်းကို သူတို့နားမလည်ခဲ့ကြချေ။ တမန်တော်များသည် ဆိတ်ငြိမ်စွာပွဲတော်မင်္ဂလာစားနေ ကြစဉ်တွင် ယေရှုကငါအမှန်အကန်ဆိုသည်ကား၊ သင်တို့တွင်တစ်စုံတစ်ယောက် သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်ဟူ၍ဖြစ်၏။ ထိုစကားများသည် ၎င်းတို့အားအံ့ ဩထိတ်လန့်သွားစေခဲ့ပါသည်။ မိမိတို့အထဲမှ တစ်စုံတစ်ယောက်သောသူသည် ကိုယ်တော်ဘုရားအား သစ္စာဖောက်ကာ အပ်နှံမည်ဆိုသည်ကို သူတို့နားမလည် နိုင်အောင်ဖြစ်နေကြပါသည်။ မည်သည့်အကြောင်းကြောင့် ကိုယ်တော်အား သူတို့ အပ်နှံကြရမည်နည်း။ မည် သူများထံတွင်အပ်နှံလိမ့်မည်နည်း။ ထိုကဲ့သို့သောအကြံ မျိုးကိုမည်သူကြံစည်နေပါသနည်း။ အခြားသူများထက် ကိုယ်တော်၏သွန်သင်ချက် များကို အနီးကပ်ကြားနာခွင့်ရခဲ့ပြီး ကိုယ်တော်ရှင်၏ အံ့ဖွယ်မေတ္တာကို မျှဝေခံစားခဲ့ ကြသော မိမိနှင့်ရင်းရင်းနှီးနှီးမိတ်သဟာယဖွဲ့ခြင်းအားဖြင့် ထိုကဲ့သို့သောအရေးတ ယူမှုကို  ယေရှုရှင်ဖော်ပြတော်မူခြင်းခံရသည့် ဤတမန်တော်တစ်ဆယ့်နှစ်ပါးထဲက မည်သူကမျှသစ္စာဖောက်ကြလိမ့်မည်မဟုတ်ဟု သူတို့ယူဆနေကြပါသည်။

         ကိုယ်တော်စကားများ၏အရေးပါပုံကို သူတို့သိရှိလာသောအခါ မိန့်တော်မူ ချက်တို့သည် မှန်ကန်ကြောင်းသတိရကာ စိုးရွံ့မှုနှင့်ကိုယ့်ကိုကိုယ် အားမကိုးစိတ် မချမှုများကို သူတို့ခံစားလာခဲ့ကြရပါသည်။ သူတို့သည် မိမိတို့၏သခင်အပေါ် မမှန် ကန်သော သဘောထားတစ်စုံတစ်ခုရှိမရှိသိရန် မိမိတို့၏စိတ်နှလုံးကို စတင်ဆန်းစစ် ခဲ့ကြပါသည်။ တပည့်တော်များသည် စိတ်ထိခိုက်စွာဖြင့် “သခင်၊ အဘယ်သူနည်း” ဟုတစ်ယောက်တစ်ပေါက် မေးလျှောက်ကြသော်လည်း ယုဒရှကာရုတ်မှာမူ နှုတ် ဆိတ်လျက်ရှိခဲ့ပါသည်။  နောက်ဆုံးတွင် ယောဟန်ကစိတ်ပူစွာဖြင့် သခင်၊ အဘယ် သူနည်းဟုမေး လျှောက်ရာယေရှုကလည်းငါနှင့်အတူ ပန်းကန်တွင်လက်နှိုက်သော သူသည် ငါ့ကိုအပ်နှံလိမ့်မည်။ ကျမ်းစာလာသည့်အတိုင်း လူသားကိုအပ်နှံသောသူ သည် အမင်္ဂလာရှိ၏။ ထိုသူသည်ဖွားမြင်ခြင်းကို မခံရလျှင်အနေသာ၍ကောင်း သည်ဟု မိန့်တော်မူလိုက်ပါသည်။ တပည့်တော်များသည် တစ်ယောက်မျက်နှာတစ် ယောက်စေ့စေ့ကြည့်ကာ သခင်၊ အကျွန်ုပ်လောဟုအသီးသီး မေးလျှောက်ကြပါ သည်။ ယုဒတစ်ယောက်တည်းကသာ မေးလျှောက်ခြင်းမပြုသဖြင့် အားလုံးကအံ့ အားသင့်ခဲ့ကြပါသည်။ မေးမြန်းသံများနှင့်အံ့အားသင့် သံများဆူညံနေသဖြင့် ယော ဟန်၏အမေးကို တုံ့ပြန်တော်မူသည့် ခရစ်တော်၏အဖြေကို ယုဒမကြားလိုက်ရချေ။ သို့သော်လည်း တမန်တော်များ၏ စစ်စစ်ပေါက်ပေါက်မေးမြန်းမှုများကို ရှောင်ရှားရန် အခြားတမန်တော်များမေးသကဲ့သို့ “အရှင်ဘုရား၊ အကျွန်ုပ်လောဟု ယုဒကမေး လျှောက်ခဲ့ရာ သင်ဆိုသည်အတိုင်းမှန်သည်ဟု ယေရှုရှင်တုံ့ပြန်တော်မူ၏။” မိမိ၏ လျှို့ဝှက်အကြံထုတ်ဖော်ပြခြင်းခံလိုက်ရသဖြင့် ယုဒသည်အံ့အားသင့်စွာ စိတ်ရှုပ် ထွေးစွာဖြင့် အခန်းထဲမှထွက်သွားရန် အမြန်မတ်တတ်ထလိုက်ပါသည်။ “ယေရှုက လည်း၊ သင်  ပြုရသောအမှုကိုအလျင်အမြန်ပြုလော့ဟု ထိုသူအားမိန့်တော်မူ၏----ယုဒရှကာရုတ်သည် မုန့်တစ်လုပ်စာကိုခံပြီးမှ ချက်ချင်းထွက်သွား၏။ ထိုအချိန် ကား ညအချိန်ဖြစ်၏” ခရစ်တော်ကိုကျောခိုင်းကာ အပြင်အမှောင်ထု ထဲသို့ထွက် သွားသောအချိန်တွင် ထိုသစ္စာဖောက်အတွက်မှောင်မိုက်သောအချိန် ဖြစ်ခဲ့ပါသည်။

         ဤအခြေအနေသို့မရောက်မီတိုင်အောင်ယုဒအနေဖြင့် နောင်တရနိုင်သေး သည့် အခြေအနေတွင်ရှိနေပါသည်။ သို့ရာတွင် ခရစ်တော်နှင့်တကွလုပ်ဖော် ဆောင်ဖက်မိတ်ဆွေများအား စွန့်ခွာခဲ့သောအချိန်တွင် နောက်ဆုံးသော ဆုံးဖြတ် ချက်ကိုချခဲ့ချေပြီ။ သူသည်သတ်မှတ်ထားသောအငန်းအတာတစ်ခုကို ကျော်လွန် သွားခဲ့ချေပြီ။

         မိမိအားစုံစမ်းခြင်းပြုခဲ့သော ဤအသက်ဝိညာဉ်နှင့်ဆက်ဆံရာတွင် တွေ့ မြင်ခဲ့ရသော ခရစ်တော်၏စိတ်ရှည်ခြင်းသည် အံ့ဩစရာပင်ဖြစ်ပါသည်။ အသုံးပြု နိုင်သမျှသောနည်းမျိုးစုံကိုအသုံးပြုကာ ယုဒအားကယ်တင်ခဲ့ပါသည်။ သူသည် မိမိ ၏သခင်အားအပ်နှံရန် နှစ်ကြိမ်နှစ်ခါပြုလုပ်ခဲ့ပြီးသည့်အချိန်၌ပင် ခရစ်တော်သည် နောင်တရခွင့်ကို ၎င်းအားဆက်လက်ပေးထားဆဲဖြစ်ပါသည်။ ခရစ်တော်သည် ထိုသစ္စာဖောက်၏ စိတ်နှလုံးလျှို့ဝှက်မှုများကို ဖတ်တော်မူလျက် မိမိ၏ဘုရားဇာတိ နှင့်ပတ်သက်သော သဘောပေါက်စေနိုင်သည့် နောက်ဆုံးအထောက်အထားတစ် ခုကို ယုဒအားပေးတော်မူခဲ့ပါသည်။ အရာအားဖြင့်မှားယွင်းသော ထိုတပည့် တော်အား နောင်တရစေရန်အလိုငှာ နောက်ဆုံးအကြိမ်အဖြစ်ခေါ်တော်မူခဲ့ပါသည်။ ၎င်းအားနောင်တလမ်းထဲသို့ ပို့ဆောင်ရန် ခရစ်တော်သည် မည်သည့်အရာကိုမျှ ခြွင်းချန်ခြင်းမပြုဘဲ တတ်နိုင်သမျှကြိုးစား၍ ခေါ်တော်မူခဲ့ပါသည်။ ဇွဲနပဲကြီးသော မာန်မာနစိတ်၏ပြန် လည်တွန်းလှန်ခြင်းခံရသော ကရုဏာတော်လှိုင်းတံပိုးများသည် နူးညံ့ပျော့ပျောင်းစေသောမေတ္တာ၏ ပိုမိုပြင်းထန်သည့် ဒီရေတစ်ခုအသွင်ဖြင့် ပြန် လည်တုံ့ပြန်လာပါသည်။ ယုဒသည် မိမိ၏အပြစ်များကိုပြန်၍ တွေ့မြင်လာသဖြင့် အံ့ အားသင့်ခဲ့ရသော်လည်း ပို၍ပင်စိတ်ခိုင်မာလာခဲ့ပါသည်။ ထို့ကြောင့် ကိုယ်တော် အားအပ်နှံခြင်းအမှုကို ပြီးမြောက်အောင်လုပ်ဆောင်ရန် ပွဲတော်မင်္ဂလာမှသူထွက် သွားခဲ့ပါသည်။

         သခင်ယေရှုသည် ယုဒအပေါ်ကျရောက်မည့် အမင်္ဂလာကိုမြွက်ဆိုခြင်း ရာတွင် အခြားတပည့်တော်များအတွက်လည်း ကရုဏာအကြံအစည်တစ်ခုရှိနေပါ သေးသည်။ မိမိသည်မေရှိယဖြစ်ကြောင်း အရေးကြီးသောအထောက်အထားတစ်ခု ကို ၎င်းတို့အား ဤနည်းအားဖြင့်ပေးတော်မူရန်ဖြစ်ပါသည်။  “ဤအမှုအရာရောက် သောအခါ ငါသည်ဤမည်သောသူဖြစ်သည်ကို သင်တို့ယုံကြည်စေခြင်းငှာမရောက် မီ ယခုပင်သင်တို့အားငါပြောနှင့်ပြီ” ဟုကိုယ်တော်မိန့်တော်မူ၏။ အကယ်၍ခရစ် တော်သည် မိမိအပေါ်ကျရောက်မည့်အရာများကို မသိကျိုးကျွန်ပြုကာ ဆိတ်ဆိတ် နေခဲ့မည်ဆိုလျှင် မိမိတို့အရှင်ဘုရား၌ ဥာဏ်အမြော်အမြင်မရှိဟုထင်ကြကာ အံ့ အားသင့်ပြီး သွေးငတ်နေသော လူအုပ်ကြီး၏လက်သို့ ကိုယ်တော်ကိုအပ်နှံခဲ့ကြလိမ့် မည်ဖြစ်ပါသည်။ မိမိသည် တပည့်တော်တစ်ဆယ့်နှစ်ပါးကို ရွေးချယ်ခဲ့ကြောင်း၊ ထို အထဲမှတစ်ယောက်သည် နတ်ဆိုးဖြစ်ကြောင်းကိုတစ်နှစ်ကြိုတင်၍ ကိုယ်တော်မိန့် တော်မူခဲ့ပါ သည်။ ၎င်း၏သစ္စာဖောက်လုပ်ငန်းအကြောင်းကို ပြည့်ပြည့်စုံစုံသိရှိထား ကြောင်းဖော်ပြနေသော ၎င်းအားမိန့်တော်မူနေသည့် ကိုယ်တော်၏စကားများသည် ကိုယ်တော်အား ကပ်တိုင်တင်ကြစဉ်တွင် သစ္စာရှိသောတပည့်တော်များ၏ ယုံကြည် ခြင်း ကိုတိုးပွားစေခဲ့ပါသည်။ ယုဒသည်ကြောက်မက်ဖွယ်ရာ ဘ၀နိဂုံးကို ရင်ဆိုင်လာ ရသောအချိန်တွင် ၎င်းအပေါ်ခရစ်တော်မိန့်ဆိုခဲ့သော စီရင်ချက်များကို သူတို့သတိ ရပါလိမ့်မည်။

         ခရစ်တော်၌ရှိသော အခြားအလိုတော်တစ်ခုမှာ မိမိအားသစ္စာဖောက်မည့် သူကိုပင် အမှုထမ်းဆောင်ခွင့်မရုပ်သိမ်းရန်ဖြစ်ပါသည်။ သင်တို့တွင်တချို့မစင် ကြယ်ဟူ၍ ခြေဆေးမင်္ဂလာတွင် မိန့်တော်မူခဲ့သောစကားများနှင့် ငါနှင့်အတူစား သောသူသည် ငါ့ကိုခြေနှင့်ကျောက်သတည်းဟူ၍ ပွဲတော်မင်္ဂလာစားသုံးမည့်စားပွဲ တွင် မိန့်တော်မူခဲ့သောစကားများကို တပည့်တော်များနား မလည်ခဲ့ကြချေ။ ယော ဟန် ၁၃း၁၁၊၁၈။ သို့ရာတွင် နောက်ပိုင်း၌ ကိုယ်တော်ရှင်၏ဆိုလိုချက်များကို ထင် ထင်ရှားရှားသိမြင်လာကြသောအချိန်တွင် အကြီးအကျယ်မှားယွင်းခဲ့သူတစ်ဦးအ ပေါ်တွင်ထားရှိသည့် ဘုရားသခင်  ၏သည်းခံခြင်းစိတ်နှင့်ကရုဏာတော်များအ ကြောင်းကို သူတို့စဉ်းစားသုံးသပ် လာကြပါသည်။

         သခင်ယေရှုသည် ယုဒအကြောင်းကို မူလအစကတည်းက သိရှိထားတော် မူခဲ့သော်လည်း ၎င်း၏ခြေကိုဆေးပေးတော်မူခဲ့ပါသည်။ ခရစ်တော်နှင့်အတူပွဲတော် မင်္ဂလာဝင်ရန်အခွင့်ကိုလည်း ၎င်းအားပေးတော်မူခဲ့ပါသည်။ စိတ်ရှည်တော်မူသော ကယ်တင်ရှင်သည် မိမိအားလက်ခံရန်၊ နောင်တရရန်နှင့်အပြစ်အညစ်အကြေးများ မှ ဆေးကြောခြင်းခံရစေရန် ၎င်းအားနည်းအမျိုးစုံဖြင့် ဆွဲဆောင်တော်မူခဲ့ပါသည်။ ဤပုံသက်သေသည် ကျွန်ုပ်တို့အတွက်ပြုလုပ်ထားခဲ့ခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ပုဂ္ဂိုလ်တစ်ဦးအား မှားယွင်းသည့်အပြစ်ရှိသည်ဟု အထင်ရှိသောအချိန်တွင် ထိုသူ နှင့် အဆက်ဖြတ်ပစ်တတ်ပါသည်။ ထိုသို့အဆက်ဖြတ်ပစ်ရန်မဟုတ်ပါချေ။ မည် သည့်ခွဲခွာထားရစ်ခြင်းအားဖြင့်မျှ ၎င်းအားစုံစမ်းခြင်း၏ သားကောင်တစ်ကောင်အ ဖြစ် စွန့်ပစ်ထားရန်မဟုတ်ချေ။ ဤနည်းသည် ခရစ်တော်အသုံးပြုသော နည်းစနစ်မ ဟုတ်ပါချေ။ ထို့ကြောင့်ခရစ်တော်အနေနှင့် ၎င်းတို့၏ခြေများကိုဆေးကြောခြင်းအား မှားယွင်းသည်ဟု ၎င်းတို့အပြစ်တင်ခဲ့ကြပါသည်။ သို့ရာတွင် ခရစ်တော်အသုံးပြုခဲ့ သော နည်းစနစ်ကြောင့် ယုဒမှလွဲ၍ကျန်တပည့်တော်အားလုံးသည် နောင်တလမ်း ထဲသို့ဆောင်ယူခြင်းခံခဲ့ကြရပါသည်။

         ပွဲတော်မင်္ဂလာကို မည်သူများမပါဝင်ရဟူသော ကန့်သတ်မှုများကို ခရစ် တော်၏ပုံသက်သေကတားမြစ်ထားပါသည်။ အပြစ်ဒုစရိုက်များကို လူသိရှင်ကြား ကျူးလွန်နေသူများကို ပွဲတော်မဝင်ရန်တားမြစ်ခြင်းသည် မှန်ကန်ပါသည်။ သန့်ရှင်း သောဝိညာဉ်တော်သည် ဤအရာကိုရှင်းလင်းစွာသွန်သင် ထားပါသည်။ ၁ကော ၁၅း ၁၁။ သို့ရာတွင် ထိုအငန်းအတာထက်ပို၍ မည်သူမျှတရားစီရင်ရန်အကြာင်းမရှိပါ။ ဤအခါသမယမျိုးတွင် မည်သူမည် ဝါသည် ပွဲတော်ဝင်ရမည်ဟုပြောရန်အခွင့်ကို လူသားများအားဘုရားသခင် ပေးအပ်တော်မမူချေ။ အကြောင်းမူကား၊ မည်သူသည် အခြားသူတစ်ဦး၏ စိတ်နှလုံးကိုသိရှိနိုင်ပါသနည်း။ မည်သူသည် စပါးပင်နှင့်ပေါင်း ပင်ကိုခွဲခြားနိုင်ပါသနည်း။ “လူတိုင်း ကိုယ်ကိုကိုယ်စစ်ကြောပြီးမှမုန့်ကိုစားစေ၊ ထို နည်း တူခွက်ကိုလည်းသောက်စေ” “သခင်ဘုရား၏မုန့်နှင့်ခွက်ကိုမထိုက်မတန်ဘဲ စားသောက်သောသူမည်သည်ကား သခင်ဘုရား၏ကိုယ် (ခန္ဓာ) တော်နှင့်အသွေး တော်ကိုပြစ်မှားရာရောက်၏” “မထိုက်မတန်ဘဲစားသောက်သောသူသည် သခင် ဘုရား၏ကိုယ် (ခန္ဓာ) တော်ကိုပိုင်းခြား၍မသိသောကြောင့် မိမိအပေါ်သို့အပြစ် ရောက်စေခြင်းငှာ စားသောက်သောသူဖြစ်၏” ၁ကော ၁၁း၂၈၊၂၇၊၂၉။

         ယုံကြည်သောသူများသည် ဘာသာရေးအခမ်းအနားများကို ကျင်းပရန် စု ရုံးလာသောအချိန်တွင် မျက်မြင်မရသောတမန်တော်များသည် ထိုပွဲများ၌ရောက် ရှိနေကြပါသည်။ ယုဒကဲ့သို့ပုဂ္ဂိုလ်မျိုးလည်းရှိကောင်းရှိနေမည်ဖြစ်သဖြင့် အမှောင် ဘုရင်ထံမှစေတမန်များလည်း ထိုနေရာများတွင်ရှိနေတတ်ပါသည်။ အကြောင်းမူ ကား၊ ၎င်းတို့သည်သန့်ရှင်းသောဝိညာဉ်တော်၏ အုပ်စိုးမှုကိုမခံလိုသောသူများအား ကြည့်ရှုစောင်မကြပါသည်။ မျက်မြင်မရသော ကောင်းကင်တမန်များသည် ထိုအခါ သမယမျိုးတွင်ရောက်ရှိနေကြပါသည်။ သမ္မာတရားနှင့်သန့်ရှင်းခြင်းကို စိတ်နှလုံး အားဖြင့် ခံယူချက်မရှိဘဲနှင့် ထိုသို့သောအခမ်းအနားမျိုးကို တက်ရောက်လာသူတ ချို့ရှိကောင်းရှိပေလိမ့်မည်။ အကယ်၍ရှိပါကလည်း ထိုသူများကိုမတားဆီးသင့်ပါ ချေ။ တမန်တော်များနှင့်တကွ ယုဒ၏ခြေတို့ကိုခရစ်တော်ဆေးပေးနေသောအချိန် တွင် အတူရှိခဲ့ ကြသောသက်သေခံများသည် ထိုပွဲတွင်အတူရှိနေကြပါသည်။ ၎င်း တို့သည် လူသားမျက်စိဖြင့်မြင်နိုင်စွမ်းရှိသည်ထက် ပို၍မြင်နိုင်စွမ်းရှိကြပါသည်။

         မိမိတည်ထောင်ခဲ့သော ပွဲတော်မင်္ဂလာအစီအစဉ်ကို အသိအမှတ်ပြုရန် ခရစ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ထိုနေရာတွင်ရှိနေပါသည်။ စိတ်နှလုံးများကို အမှန်တရားနှင့်နူးညံ့သိမ်မွေ့လာစေရန် ထိုနေရာတွင် ကိုယ်တော် တိုင်ရှိနေပါသည်။ ကြေကွဲသောမည်သည့်အကြည့်၊ မည်သည့်အတွေးတစ်ခုကိုမျှ ကိုယ်တော်လျစ်လျူရှုတော်မမူချေ။ နောင်တရ၍စိတ်နှလုံး ကြေကွဲသောသူများကို ကိုယ်တော်ကြည့်ရှုတော်မူနေပါသည်။ ထိုအသက်ဝိညာဉ်ကိုလက်ခံကြိုဆိုရန်အ တွက် အရာခပ်သိမ်းသည် အဆင်သင့်ရှိနေကြပါသည်။ ယုဒ၏ခြေကိုဆေးပေးတော် မူခဲ့သောကိုယ်တော်သည် စိတ်နှလုံးတိုင်းမှအပြစ်၏အစွန်းအကွက်များကို ဆေး ကြောပေးရန်တောင့်တတော်မူ လျက်ရှိပါသည်။

         မထိုက်တန်သောသူများပွဲတော်ဝင်သည့်အတွက် မိမိတို့ပွဲတော်မဝင်ဟု မည်သူမျှမပြောသင့်ကြချေ။ တပည့်တော်တိုင်းအား လူသိရှင်ကြားပါဝင် ကြရန် ခေါ်တော်မူနေပါသည်။ လူတိုင်းသည် ခရစ်တော်အား မိမိ၏ပုဂ္ဂလိကကယ်တင်ရှင် အဖြစ်လက်ခံကြောင်း၊ ဤနည်းအားဖြင့်သက်သေခံနိုင်ကြပါသည်။ ခရစ်တော်သည် မိမိကိုယ်တော်တိုင်ချိန်းချက်တော်မူသည့်အတိုင်း မိမိ၏သားသမီးများနှင့်တွေ့ဆုံ တော်မူပြီး အတူနေထိုင်တော်မူခြင်းအားဖြင့် ၎င်းတို့အား အားရှိစေတော်မူပါသည်။ မထိုက်တန်သောစိတ်နှလုံးများနှင့် လက်များသည်ပင်လျှင် ဤအခမ်းအနားတွင် လုပ်အကျွေးပြုနိုင်ကြပါသည်။ ကိုယ်တော်သည်လည်း မိမိ၏သားသမီးများကို လုပ်အကျွေးပြုရန် ထိုနေရာ တွင်ရှိနေတော်မူပါသည်။ ကိုယ်တော်ရှင်အားခိုင်မာ သောယုံကြည်စိတ်ဖြင့် ပွဲတော်ဝင်ကြသူများသည် ကြွယ်၀စွာကောင်းချီးချပေးခြင်း ခံကြရပါလိမ့်မည်။ သန့်ရှင်းမွန်မြတ်သော ဤအခွင့်ထူးကိုလျစ်လျူရှုသူအပေါင်းတို့ သည်ဆုံးရှုံး မှုကိုခံစားကြရလိမ့်မည်။ ထိုသူများအားရည်စူး၍ “သင်တို့တွင်တချို့မ စင် ကြယ်” ဟုမိန့်တော်မူခဲ့ခြင်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

         တပည့်တော်များနှင့်အတူ မုန့်နှင့်စပျစ်ရည်ကို စားသုံးတော်မူခြင်းအားဖြင့် ခရစ်တော်သည်မိမိကိုယ်ကို ၎င်းတို့၏ကယ်တင်ရှင်တစ်ပါးအနေဖြင့် သစ္စာကတိပြု တော်မူလိုက်ပါသည်။ ကိုယ်တော်သည် ၎င်းတို့အားအသစ်သော ပဋိညာဉ်ကိုပေး တော်မူခဲ့ပါသည်။ ထိုပဋိညာဉ်အသစ်ကြောင့် ကိုယ်တော်ရှင်ကို ယုံကြည်သူအ ပေါင်းသည် ဘုရားသခင်၏ သားသမီးများဖြစ်လာခဲ့ပြီး၊ ခရစ်တော်နှင့်အတူအမွေ တော်ကိုခံကြရမည်ဖြစ်ပါသည်။ ပစ္စုပ္ပန်နှင့်တမလွန်ဘ၀အတွက် ကောင်းကင်မှချ ပေးနိုင်သမျှသော ကောင်းချီးမင်္ဂလာအဖြာဖြာသည် ဤပဋိညာဉ်အားဖြင့် ၎င်းတို့ခံ စားခွင့်ရရှိလာကြပါသည်။ ဤပဋိညာဉ်ပြုခြင်းကို ခရစ်တော်၏ အသွေးတော်အား ဖြင့် အတည်ပြုရန်ဖြစ်ပါသည်။ ၎င်းပြင် ပွဲတော်မင်္ဂလာဝင်ခြင်းအမှုသည် အပြစ်တွင် ကျဆုံးလျက်ရှိသော လူသားတစ်ဦးစီအတွက် ပြုတော်မူခဲ့သောမဟာ ဆက်ကပ်မှု ကြီးဖြစ်ကြောင်း တပည့်တော် များ၏စိတ်တွင်ထင်ဟပ်နေစေရန်ဖြစ်ပါသည်။

         သို့ရာတွင် ပွဲတော်မင်္ဂလာဝင်သည့်အချိန်သည် ဝမ်းနည်းပူဆွေးနေရမည့် အချိန်တစ်ခုဖြစ်ရန်မဟုတ်ချေ။ ဝမ်းနည်းပူဆွေးခြင်းသည် ပွဲတော်မင်္ဂလာ၏ရည် ရွယ်ချက်တစ်ခုမဟုတ်ချေ။ သခင်ဘုရား၏တပည့်တော်များသည် ပွဲတော်မင်္ဂလာ စားပွဲပတ်လည်တွင် စုရုံးလာကြသောအချိန်တွင် မိမိတို့၏ချို့ယွင်းချက်များကို သတိ ရအောက်မေ့စေပြီး ဝမ်းနည်းပူဆွေးနေကြ ရန်မဟုတ်ချေ။ သူတို့သည် မိမိတို့၏အ တိတ်ကဘာသာရေးအတွေ့အကြုံများကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေဗာ ရာဏသီချဲ့နေရန်မဟုတ်ချေ။ မိမိတို့အချင်းချင်း၌ဖြစ်ပွားနေသော မသင့်မတင့်မှုက လေးများကို ပြန်ပြောင်းသတိရနေကြရန်မဟုတ်ချေ။ ပွဲတော်မင်္ဂလာဝင်ရန် ပြင်ဆင် ခြင်းအခမ်း အနားဖြစ်သောခြေဆေးမင်္ဂလာသည် ဤအရာအားလုံးကိုပြင်ဆင်ပေး ခဲ့ပြီးဖြစ်ပါသည်။ ခြေဆေးမင်္ဂလာပွဲတွင် မိမိကိုယ်ကိုဆန်းစစ်ခြင်း၊ အပြစ်ကိုဝန်ချ တောင်းပန်ခြင်း၊ မသင့်မတင့်မှုများကို စေ့စပ်ညှိနှိုင်းခြင်းများကို ပြုလုပ်ခဲ့ပြီးချေပြီ။ ယခုတွင် သူတို့သည် ကပ်တိုင်၏အရိပ်တွင်ရပ်ကြရန်မဟုတ်ဘဲ ကယ်တင်ခြင်းအ လင်းတော်တွင် ရပ်ကြရန်ဖြစ်ပါသည်။ သူတို့သည် ဖြောင့်မတ်ခြင်းနေမင်းကြီးထံမှ ဖြာထွက်လာသော တောက်ပသည့်ရောင်ခြည်များ၌ မိမိတို့၏အသက်ဝိညာဉ်ကို ထင်ရှားစေရန်ဖြစ်ပါသည်။ သူတို့သည် ခရစ်တော် ၏အမွန်မြတ်ဆုံးသော အသွေး တော်အားဖြင့် အပြစ်ဆေးကြောခြင်းခံခဲ့ရသော စိတ်နှလုံးများဖြင့် ကိုယ်တော်ရှင် အတူရှိနေကြောင်း ကောင်းစွာသိရှိလျက် ကိုယ်တော်ရှင်ကိုမမြင်ကြရသော်လည်း “ငြိမ်သက်ခြင်းကိုသင်တို့၌ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကိုသင်တို့အားငါပေး၏။ လောကီသားတို့ပေးသကဲ့ သို့ငါပေးသည်မဟုတ်” ဟူသော ကိုယ်တော်၏ မိန့်တော် မူသံများကိုကြားနာ ကြရန်ဖြစ်ပါသည်။ ယောဟန် ၁၄း၂၇။

         သခင်ဘုရားမိန့်တော်မူနေသည်ကား အပြစ်ရှိကြောင်းထင်ရှားစွာသိသော အချိန်တွင် ငါသည်သင့်အတွက် အသေခံတော်မူခဲ့သည်ကိုသတိရပါ။ ငါ့ကြောင့် သော်လည်းကောင်း၊ ဧဝံဂေလိတရားတော်ကြောင့်သော်လည်းကောင်း ဖိနှိပ်ချုပ် ချယ်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းများခံရသော် သင့်ကိုအသက်ပေး၍ ချစ်ခဲ့သော မေတ္တာကိုသတိရပါ။ အခံရခက်သောဘေးဒုက္ခအတွက် သင့်စိတ်နှလုံးတွန့်ဆုတ် နေသောအချိန်တွင် သင့်အတွက်ကြားဖျန်ဖြေမှုလုပ်ရန် သင်၏ကယ်တင်ရှင်သည် အသက်ရှင်လျက်ရှိကြောင်းကိုသတိရပါ။ သင်ထမ်းဆောင်နေရသော တာဝန်ဝတ္တ ရားများသည် ကြမ်းတမ်းသယောင်၊ ပြင်းထန်သယောင်ဖြစ်နေသောအချိန်တွင် မထီ မဲ့မြင်ပြုခြင်းကိုခံကာ သင့်အတွက် ကပ်တိုင်ထမ်းခဲ့ရသောငါ့အဖြစ်ကိုသတိရပါ။

         ပွဲတော်မင်္ဂလာသည် ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းကိုပြညွှန်နေပါ သည်။ ဤမျှော်လင့်ခြင်းကို တပည့်တော်များ၏စိတ်ထဲတွင် ထင်ထင်ရှားရှားပေါ် လွင်နေစေရန် ပွဲတော်မင်္ဂလာကိုရည်စူး၍ ကျင်းပတော်မူခဲ့ခြင်း ဖြစ်ပါသည်။ ကိုယ် တော်ရှင်၏သေခြင်းကို သတိရအောက်မေ့ဖို့ရန် သူတို့စုရုံး ကြသောအခါ ဤခွက် ကားပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများအဖို့အလိုငှာ သွန်းသောငါ၏အသွေးဖြစ် ၏။ ငါအမှန်အကန်ဆိုသည်ကား ဤစပျစ်ရည် မျိုးအသစ်ကို ဘုရားသခင်၏နိုင်ငံ တော်၌ ငါမသောက်မီနေ့တိုင်အောင် ယခုမှစ၍တစ်ဖန်ငါမသောက်ရဟူသော ကိုယ်တော်ရှင်၏မိန့်မြွက်သံကို ပြန်လည် သတိရခဲ့ကြပါသည်။ သူတို့သည် ဒုက္ခ ဆင်းရဲခြင်းများကိုခံစားနေကြစဉ်တွင် ခရစ်တော်ကြွလာခြင်းအားမျှော်လင့်ခြင်း၌ နှစ်သိမ့်မှုကိုတွေ့ခဲ့ကြပါသည်။ “သင်တို့သည် ထိုမုန့်ကိုစား၍ ထိုခွက်ကိုသောက် သောအခါခါ သခင်ဘုရား အသေခံတော်မူခြင်းကို ကြွလာတော်မမူမီတိုင်အောင်ပြု ကြ၏” ဟူသောအတွေး ကလေးသည် ၎င်းတို့အတွက် မပြောနိုင်လောက်အောင် အဖိုးတန်လှပါသည်။ ၁ကော ၁၁း၂၆။

          ဤအခြင်းအရာများသည် ကျွန်ုပ်တို့အနေနှင့်မည်သည့်အခါမျှ မမေ့ ပျောက်ရမည့်အရာများဖြစ်ပါသည်။ အနိုင်အထက်တန်ခိုးနှင့်ပြည့်စုံတော်မူသော ခရစ်တော်၏မေတ္တာတော်ကို ကျွန်ုပ်တို့အမြဲတမ်းသတိရနေကြရန်ဖြစ် ပါသည်။ ကျွန်ုပ်တို့ကိုယ်စားဖွင့်ဟတော်မူခဲ့သော ဘုရားသခင်၏မေတ္တာ တော်အကြောင်းကို သိသိသာသာထင်ရှားစေသော ဤအခမ်းအနားကို ခရစ်တော် တည်ထောင်တော်မူ ခဲ့ပါသည်။ ခရစ်တော်မှလွဲ၍မည်သူကမျှ ကျွန်ုပ်တို့၏အသက်ဝိညာဉ်ကို ဘုရား သခင်နှင့်ပြန်လည်ပေါင်းစည်းအောင် မလုပ်နိုင်ပါချေ။ ညီအစ်ကိုများအကြားရှိ ချစ် ခင်ပေါင်းသင်းမှုများကို ခရစ်တော်၏ မေတ္တာတော်အားဖြင့် ထာ၀ရခိုင်မြဲစေရမည် ဖြစ်ပါသည်။ ခရစ်တော်၏အသေ ခံခြင်းကသာလျှင် ကိုယ်တော်၏မေတ္တာကို ကျွန်ုပ် တို့အတွက်တန်ခိုးအာနိသင် ဖြစ်စေနိုင်ပါသည်။ ကိုယ်တော်၏အသေခံခြင်းကြောင့် သာ ကျွန်ုပ်တို့သည် ၎င်း၏ဒုတိယအကြိမ်ကြွလာခြင်းကို ဝမ်းသာအားရဖြင့်မျှော် ကြည့်နိုင်ကြမည်ဖြစ်ပါသည်။ ကိုယ်တော်ရှင်၏အသေခံခြင်းသည် ကျွန်ုပ်တို့၏ မျှော်လင့်ခြင်းအတွက် ပဓာနကျသောအရာတစ်ခုဖြစ်ပါသည်။ ဤမျှော်လင့်ခြင်းအ ပေါ်တွင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မြဲမြံခိုင်ခံ့စေကြရန်ဖြစ်ပါသည်။

         ခရစ်တော်၏နှိမ့်ချမှုနှင့် ဆင်းရဲဒုက္ခများကိုညွှန်ပြနေသော ဤအခမ်းအနား များသည် လုပ်ရိုးလုပ်စဉ်အနေဖြင့်သာ အများအားဖြင့် သဘောထားခဲ့ကြပါသည်။ အမှန်မှာ ထိုအခမ်းအနားများကိုရည်ရွယ်ချက်တစ်ခုဖြင့် တည်ထောင်ထားခဲ့ခြင်း ဖြစ်ပါသည်။ စစ်မှန်သောဘုရားတရားရှိခြင်း၏နက်နဲမှုကို ဆုပ်ကိုင်နိုင်ရန် ကျွန်ုပ်တို့ အသိတရားများကို နိုးကြားအောင်လုပ်ဖို့လိုအပ်ပါသည်။ ခရစ်တော်၏အပြစ်ဖြေ ခြင်းဆိုင်ရာအသေခံခြင်းအကြောင်းကို ကျွန်ုပ်တို့သိမြင်နားလည်သည် ထက်ပို၍ နားလည်ကြရန် လူသားအားလုံး၌အခွင့် အရေးရှိနေကြပါသည်။ “မောရှေသည် တော၌မြွေကိုမြှောက်ထားသကဲ့သို့ လူသားသည်မြှောက်ထားခြင်းကိုခံရမည်။ ကြောင်းမူကား ထိုသားတော် ကိုယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက် ထာ၀ရအသက် ကိုရမည်အကြောင်းတည်း” ယောဟန် ၃း၁၄-၁၅။ ကျွန်ုပ်တို့သည် ခရစ်တော် ၏ကရာနီကုန်းထက်မှ ကပ်တိုင်ကိုကြည့်ကြရပါမည်။

         ]]ငါအမှန်အကန်ဆိုသည်ကား၊ လူသား၏အသားကိုမစား၊ အသွေးကိုမ သောက်လျှင် သင်တို့၌အသက်မရှိ----ငါ့အသားသည်စားစရာကောင်း၏။ ငါ၏ အသွေးလည်းသောက်စရာကောင်း၏” ဟု ယေရှုရှင်မိန့်တော်မူ၏။ ယောဟန် ၆း -၅၅။ ဤမိန့်ဆိုချက်သည် ကျွန်ုပ်တို့၏ခန္ဓာကိုယ်သဘာ၀ နှင့်လည်းကိုက်ညီပါ သည်။ ဤလောကအသက်တာအတွက်ပင် ခရစ်တော်၏ အသေခံခြင်း၌ ကျွန်ုပ်တို့ အကြွေးတင်လျက် ရှိကြပါသည်။ ကျွန်ုပ်တို့စားသည့် မုန့်သည် ကိုယ်တော်၏ ကြေမွ သောခန္ဓာကိုယ်နှင့်လဲလှယ်ထားသောအရာဖြစ်ပါသည်။ ကျွန်ုပ်တို့သောက်သော စပျစ်ရည်သည် ကိုယ်တော်၏သွန်းတော် မူသောအသွေးတော်နှင့် ဝယ်ယူသည့်အ ရာဖြစ်ပါသည်။ သူတော်စင်ဖြစ်စေ၊ သူယုတ်မာဖြစ်စေ မည်သူမဆိုနေ့စဉ်အစာမ စားသော်လည်း ခရစ်တော်၏အသွေးအသားအားဖြင့် ကျွေးမွေးပြုစုခြင်းကိုခံနေရပါ သည်။ ကရာနီကုန်းမှကပ်တိုင်တံဆိပ်ကို အစားအစာတိုင်းပေါ်တွင် ရိုက်နှိပ်ထားပါ သည်။ ခရစ်တော်သည်  မိမိ၏ဆက်ကပ်ပူဇော်ခြင်းနှင့် စပ်ဆိုင်သောအထိမ်းအ မှတ်များကို ပြညွှန်ရာတွင် ဤအရာများကိုသွန်သင်တော်မူခဲ့ပါသည်။ အထက်ခန်း တွင်ကျင်းပခဲ့ သောပွဲတော်မင်္ဂလာမှ ထွန်းတောက်နေသည့်အလင်းတော်သည် ကျွန်ုပ်တို့ နေ့စဉ်စားသုံးရမည့်အစားအစာများကို သန့်စင်လျက်ရှိပါသည်။ မိသားစု အစည်းအဝေးသည် သခင်ဘုရားပွဲတော်မင်္ဂလာဝင်မည့်စားပွဲကဲ့သို့ဖြစ်လာပြီး စား သမျှအစာများသည် ပွဲတော်မင်္ဂလာမုန့်ကဲ့သို Yဖြစ်လာကြပါသည်။

         ခရစ်တော်၏ နှုတ်ထွက်စကားများသည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးအသက်တာ အတွက် ပို၍မှန်ကန်နေပါသည်။ ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်း သောက် သောသူသည် ထာ၀ရအသက်ကိုရ၏ဟု ကိုယ်တော်မိန့်မြွက်ခဲ့ပါသည်။ ကျွန်ုပ်တို့ သည် သန့်ရှင်းသောအသက်တာနှင့် နေထိုင်အသက်ရှင်နိုင်စေရန်အလိုငှာ ကျွန်ုပ် တို့အတွက်ကရာနီကုန်းထက်မှကပ်တိုင် ပေါ်ဝယ်သွန်းတော်မူခဲ့သော အသက် တော်ကို လက်ခံရယူကြရပါမည်။ ကိုယ်တော်၏ နှုတ်ထွက်စကားများကို နာကြားခံ ယူခြင်းအားဖြင့်သော်လည်းကောင်း၊ မိန့်တော်မူသမျှတို့ကို ကျင့်ဆောင်ခြင်းအားဖြင့် သော်လည်းကောင်း ထိုအသက်တာမျိုးကို ကျွန်ုပ်တို့ရရှိကြပါသည်။ ဤနည်းအား ဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော် နှင့်တစ်လုံးတစ်၀တည်းဖြစ်လာကြပါသည်။ “ငါ၏ အသားအသွေးကို သောက်စားသောသူသည် ငါ၌တည်၏။ ထိုသူ၌လည်းငါတည်၏။ အသက် ရှင်တော်မူသောခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူ၍ ငါသည်ခမည်း တော်အားဖြင့်အသက်ရှင်သည်နည်းတူ ငါ့ကိုစားသောသူသည် ငါ့အားဖြင့် အသက် ရှင်လိမ့်မည်}} ဟု ကိုယ်တော်မိန့်တော်မူ၏။ ယောဟန် ၆း၅၄၊၅၆-၅၇။ ဤကျမ်း ချက်ကို သန့်ရှင်းသောပွဲတော်မင်္ဂလာအတွက် အထူးအဓိပ္ပါယ် တစ်မျိုးဖြင့်အသုံးပြု ထားပါသည်။ ယုံကြည်သောစိတ်သည် ကိုယ်တော်ရှင် ပြုတော်မူခဲ့သော မဟာဆက် ကပ်ကြီးအပေါ် အာရုံပြုလာသည်နှင့်အမျှ ထိုအသက်ဝိညာဉ်သည် ခရစ်တော်၏ ဝိညာဉ်ရေးအသက်တာနှင့်တစ်သားတည်းဖြစ်လာပါသည်။ ထိုအသက်ဝိညာဉ်သည် ပွဲတော်မင်္ဂလာဝင်သည့်အခါတိုင်းတွင် ဝိညာဉ်ခွန်အားများရရှိလာပါလိမ့်မည်။ ထိုအ ခမ်းအနားသည် ထိုယုံကြည်သူအား ခရစ်တော်နှင့်လည်းကောင်း၊ အဖဘုရားသခင် နှင့်လည်းကောင်း အနှောင်အဖွဲ့ဖြစ်စေသော တိုးတက်ကြီးပွားနေသည့် ဆက်နွှယ်မှု တစ်ခုကိုဖြစ်ပေါ်စေပါသည်။ ဤအခမ်းအနားသည် ခွန်အားနည်းသော လူသားနှင့် ထာ၀ရ ဘုရားအကြား ထူးခြားသောအဓိပ္ပါယ်တစ်မျိုးဖြင့် ဆက်နွှယ်မှုတစ်ခုကိုဖွဲ့ စည်းပေးပါသည်။

         ကျွန်ုပ်တို့သည် ခရစ်တော်၏ ကြေမွသောအသားနှင့် သွန်းတော်မူသော အသွေးတို့ကိုပုံဆောင်ထားသည့်မုန့်နှင့် စပျစ်ရည်ကိုသောက်နေကြသော အချိန် တွင် အထက်ခန်းတွင်ကျင်းပခဲ့သော ထိုပွဲတော်မင်္ဂလာ၌ စိတ်ကူးအားဖြင့် ကျွန်ုပ်တို့ ပါဝင်နေကြခြင်းဖြစ်ပါသည်။ လောကီသားတို့၏အပြစ်များကို ယူတင်ဝတ်ဆောင်ခဲ့ သော ကိုယ်တော်ခံစားခဲ့ရသည့် ဒုက္ခဝေဒနာအားဖြင့်ကြည် ညိုလေးစားဖွယ်ဖြစ်စေ ခဲ့သော ဂေသရှေမန်ဥယျာဉ်ထဲတွင် ကျွန်ုပ်တို့ဖြတ်၍ လျှောက်နေသယောင် စိတ် တွင် ထင်မှတ်နေကြပါသည်။ ဘုရားသခင်နှင့် ကျွန်ုပ်တို့အကြားပြန် လည်သင့်မြတ် စေရန် ပြုတော်မူခဲ့သော ရုန်းကန်လှုပ်ရှားမှုကိုလည်း ကျွန်ုပ်တို့မျက်မြင်ကိုယ်တွေ့ မြင်တွေ့ကြရပါသည်။ ကပ်တိုင်အတင်ခံခဲ့ရသော ခရစ်တော်၏ရုပ်ပုံလွှာသည် ကျွန်ုပ်တို့အလယ်တွင် ပေါ်ထွက်လာ ပါသည်။

         ကျွန်ုပ်တို့သည် ကပ်တိုင်ထက်မှကယ်တင်ရှင်ကိုကြည့်ခြင်းအားဖြင့် ကိုယ်တော်ပြုတော်မူခဲ့သော အသေသတ်ခံခြင်းအရေးပါပုံနှင့်အနက်အဓိပ္ပါယ် ကို ပို၍ပြည့်စုံစွာပိုင်းခြားသိမြင်လာကြပါသည်။ ကယ်တင်ခြင်းစီမံကိန်းသည် ကျွန်ုပ် တို့ရှေ့မှောက်တွင် အသရေတင့်တယ်လျက်ရှိပြီး ကပ်တိုင်အကြောင်း ဆင်ခြင်သုံး သပ်မှုသည် ကျွန်ုပ်တို့၏နှလုံးသားထဲတွင် သန့်ရှင်းသောစိတ်ထား ကိုနိုးကြားစေပါ သည်။ ကျွန်ုပ်တို့သည် နှလုံးအားဖြင့်သော်လည်းကောင်း၊ ပါးစပ်အားဖြင့်သော်လည်း ကောင်း ဘုရားသခင်နှင့်သိုးသငယ်တို့ကို ချီးမွမ်းထောမနာပြုနေကြပါလိမ့်မည်။ ကြောင်းမူကား၊ ကရာနီအကြောင်းကို အမြဲတမ်းသတိရအောက်မေ့နေသော ထိုအ သက်ဝိညာဉ်၌ မာနထောင်လွှားစိတ်များနှင့် မိမိကိုယ်ကိုကိုးကွယ်လိုစိတ်များသည် မဖွံ့ဖြိုးမတိုးပွားသောကြောင့် ဖြစ်ပါသည်။

         ကယ်တင်ရှင်၏အတုမရှိသောမေတ္တာတော်ကို ကြည့်ရှုသူများသည် အတွေး အခေါ်များတိုးတက်ကောင်းမွန်လာကာ စိတ်နှလုံးသန့်ရှင်းစင်ကြယ်လာပြီး အကျင့် စာရိတ္တများပြောင်းလဲလာပါလိမ့်မည်။ ထိုသူသည် နက်နဲသောဤမေတ္တာတော်ကို တော်လျော်စွာထွန်းလင်းပေးရန် မိမိသည်လောက၏ အလင်းဖြစ်ကြောင်း ကြွေး ကြော်ပါလိမ့်မည်။ ကျွန်ုပ်တို့သည် ခရစ်တော်၏ ကပ်တိုင်ကိုစေ့စေ့ကြည့်ရှုလေလေ၊ ရှင်ပေါလုမိန့်ဆိုခဲ့သောအောက်ပါ  ကျမ်းချက်ကို ပို၍နားလည်လေလေဖြစ်ပါလိမ့် မည်။ “ငါတို့သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်မှတစ်ပါး၊ အဘယ်အရာ၌ မျှဝါကြွားခြင်းမရှိပါစေနှင့်။ ဤလက်ဝါးကပ်တိုင်တော်မှာ ဤလောကသည် ငါ့အဖို့ ရိုက်ထားခြင်းကိုခံလျက် ရှိ၏။ ငါသည်လည်း ဤလောကအဖို့ရိုက်ထားခြင်း ကိုခံ လျက်ရှိ၏” ဂလာတိ ၆း၁၄။

 


No comments:

Post a Comment