ယောသပ်၏သင်္ချိုင်း၌
သခင်ယေရှုသည် နောက်ဆုံး၌အသက်တော်ကို ချုပ်တော်မူခဲ့ပါသည်။ ရက် ရှည်လများ၊ အရှက်တကွဲဖြစ်ခဲ့မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများသည် အဆုံးသတ်သွားခဲ့ ချေပြီ။ ဥပုသ်တော်နေ့ကိုကြိုဆိုသည့် ဆည်းဆာချိန်၏နောက်ဆုံးသော နေခြည် ပျောက်ကွယ်သွားသောအချိန်တွင် သားတော်ဘုရားသည် ယောသပ်၏သချုØင်းထဲ တွင် ငြိမ်သက်စွာနားနေတော်မူခဲ့ပါသည်။ ကိုယ်တော်ဆောင်ရွက်ရမည့် အမှုတော် သည် ပြီးမြောက်ခဲ့ချေပြီ။ ငြိမ်သက်စွာဖြင့်လက် ပိုက်နားနေတော်မူပြီ။ ကိုယ်တော် သည် သန့်ရှင်းသောဥပုသ်တော်နေ့တစ်နေ့လုံး နားနေခဲ့ပါသည်။
အစဦးတွင် ခမည်းတော်ဘုရားနှင့်သားတော်ဘုရားတို့သည် ဖန်ဆင်းခြင်း အမှုပြီးသောအချိန်၌ ဥပုသ်တော်နေ့တွင်နားနေခဲ့ကြပါသည်။ ကောင်းကင်မြေကြီး နှင့်တကွ ခပ်သိမ်းသောတန်ဆာတို့ကို ဖန်ဆင်းပြီးသောအချိန်တွင် ဖန်ဆင်းရှင်နှင့် တကွ ကောင်းကင်သားအားလုံးသည် တွေ့မြင်ရသောထိုမြင်ကွင်းအတွက် ဝမ်း မြောက်ဝမ်းသာရှိခဲ့ပါသည်။ “နံနက်ကြယ်တို့သည် တညီတညွတ်တည်းသီချင်းဆို ၍ ဘုရားသခင့်သားအပေါင်းတို့သည် ဝမ်းမြောက်သဖြင့် ကြွေးကြော်ကြ၏” (ယော ဘ ၃၈း၇)။ ယခုတွင်မူ ခရစ်တော်သည် ကယ်တင်ခြင်းလုပ်ငန်းမှ အနားယူတော်မူခဲ့ လေပြီ။ ကိုယ်တော်ကိုချစ်သော ဤကမ္ဘာပေါ်ရှိလူများသည် ဝမ်းနည်းပူဆွေးနေကြ သော်လည်း ကောင်းကင်နိုင်ငံတော်တွင်မူ ဝမ်းမြောက်ဝမ်းသာဖြစ်နေကြပါသည်။ အ နာဂတ်အတွက် ထားတော်မူသောကတိတော်သည် ကောင်းကင်သားများ၏ မျက်လုံး ထဲတွင် ဂုဏ်အသရေနှင့်ပြည့်စုံလှပါသည်။ အပြစ်ကိုအောင်နိုင်ခဲ့ကြသဖြင့်မည် သည့်အခါမျှမကျ ဆုံးနိုင်တော့သည့် ပုံမှန်နေရာသို့ပြန်လည်ရောက်ရှိသွားသော ကိုယ်တော်ဖန်ဆင်းခဲ့သည့် အရာများနှင့် လူသားမျိုးနွယ်စုတို့သည် ခရစ်တော်၏စုံ လင် သောအမှုတော်၏ရလဒ်ဖြစ်ကြောင်း ဘုရားသခင်နှင့်တကွ၊ ကောင်းကင်သား များမြင်တွေ့ခဲ့ရပါသည်။ ခရစ်တော်နားနေခဲ့သည့် ထိုနေ့နှင့်ထိုမြင်ကွင်းများသည် အမြဲတမ်းဆက်နွှယ်နေပါသည်။ “ကိုယ်တော်၏အမှုတော်သည် စုံလင်သော ကြောင့်” “ဘုရားသခင်ပြုတော်မူသမျှသောအမှုသည် နိစ္စထာ၀ရဖြစ်သည်။” တရားဟော ၃၂း၄။ ဒေသနာ ၃း၁၄။ ကမ္ဘာဦးမှစ၍ သန့်ရှင်းသော ပုရောဖက်ဆရာ တော်တို့နှုတ်ဖြင့် ဘုရားသခင်ဗျာဒိတ်ထားတော်မူသော---၊ အလုံးစုံသောအရာ တို့ကို အသစ်ပြုပြင်သောအချိန်သို့ ရောက်သောအခါ၊ ယောသပ်သင်္ချိုင်းထဲတွင် ခရစ်တော်နားနေခဲ့သည့် ဖန်ဆင်းခြင်းနှင့်ဆိုင်သော ဥပုသ်နေ့သည်လည်း ဝမ်း မြောက်ဖွယ်ရာ နားနေရာနေ့တစ်နေ့အဖြစ် ဆက်လက်တည်ရှိနေပါလိမ့်မည်။ (တ မန်တော် ၃း၂၁)။ ကယ်တင်ခြင်းခံရသော လူမျိုးအပေါင်းတို့သည် ဥပုသ်နေ့အစဉ် အတိုင်း ဘုရားသခင်နှင့်သိုးသငယ်ရှေ့တွင် ဝမ်းမြောက်စွာကိုးကွယ်ဝတ်ပြုကြသော အချိန်တွင် ကောင်းကင်သားများနှင့် မြေကြီးသားများသည် အတူတကွချီးမွမ်းထော မနာပြုကြပါလိမ့်မည်။
ခရစ်တော်အားကပ်တိုင်တင်သည့် ထိုနေ့၏အဆုံးပိုင်းကလေးတွင် အနာ ဂတ္တိစကားပြည့်စုံမှုအတွက် အသစ်စက်စက်သော သက်သေအထောက်အထား တစ်ခုကို လူသားများအားပေးသနားတော်မူခဲ့ပါသည်။ ထိုအထောက်အထားက ခရစ်တော်၏ဘုရားဇာတိတော်ကို သက်သေခံခဲ့ပါသည်။ ကပ်တိုင်တွင်လွှမ်းမိုးထား သည့် အမှောင်ထုကြီးကွယ်ပျောက်သွားသည့်အချိန်တွင် ခရစ်တော်၏ အသက်ချုပ် မည့်အော်သံသည် ထွက်ပေါ်လာခဲ့ပါသည်။ ထိုနောက် ဆက်တိုက် “စင်စစ်၊ ဤသူ သည်ဘုရားသခင်၏သားတော်မှန်ပေ၏” ဟူ သောအသံတစ်ခုကို ကြားလိုက်ကြရ ပါသည်။ မဿဲ ၂၇း၅၄။
ဤစကားများကို တိုးတိုးကလေးပြောခဲ့သည်မဟုတ်ချေ။ အသံလာရာဘက် ဆီသို့ အားလုံးကလှည့်ကြည့်လိုက်ပါသည်။ မည်သူပြောခဲ့သနည်း။ ထိုစကားများကို ပြောခဲ့သောသူသည် ရောမစစ်ဗိုလ်ကလေးဖြစ်ပါသည်။ ကယ်တင်ရှင်၏ မြင့်မြတ် သောသည်းခံမှု၊ ကိုယ်တော်၏ရုတ်တရက်အသေခံမှုနှင့် နှုတ်တော်မှထွက်လာသည့် အောင်နိုင်မှုအတွက် ကြွေးကြော်သံများသည် ထိုသူအားစိတ်ထိခိုက်စေခဲ့ပါသည်။ ကပ်တိုင်ပေါ်တွင် ချိတ်ဆွဲထားခြင်းခံရသော ကျိုးပဲ့စုတ်ပြတ်နေသော ကိုယ်ခန္ဓာ တော်တွင် ဘုရားသားတော်၏ ရုပ်လုံးတော်ကို သူတွေ့မြင်ခဲ့ပါသည်။ ထိုအခါမိမိ၏ ယုံကြည်ခြင်းကိုမထုတ် ဖော်မဖွင့်ဟဘဲ မနေနိုင်တော့ချေ။ ကယ်တင်ရှင်သည် မိမိ အသက်ဝိညာဉ်၏ သားဖွားခြင်းဝေဒနာကဲ့သို့သော ပြင်းထန်သောဝေဒနာအ ကြောင်းကို တွေ့မြင်ခံစားရန် ထိုသို့နည်းအားဖြင့် တစ်ဖန်ထင်ရှားစေခဲ့ပါသည်။ ကိုယ်တော်ရှင် အသေခံတော်မူခဲ့သော ထိုနေ့ရက်ကြီးတွင် သဘာ၀ချင်းမတူညီ သောပုဂ္ဂိုလ်သုံးဦးက မိမိတို့၏ယုံကြည်ခြင်းကိုဖွင့်ဟခဲ့ကြပါသည်။ ထိုပုဂ္ဂိုလ်သုံးဦးမှာ ရောမစစ်သားများကို အမိန့်ပေးရသောပုဂ္ဂိုလ်တစ်ဦး၊ ကယ်တင်ရှင်၏ကပ်တိုင်ကို ကူ၍ထမ်းခဲ့သော ပုဂ္ဂိုလ်တစ်ဦးနှင့် ကိုယ်တော်ရှင်၏ကပ်တိုင်နံဘေးတွင် ကပ်တိုင် အတင်ခံခဲ့ရသောပုဂ္ဂိုလ်တစ်ဦးတို့ဖြစ်ကြပါသည်။
ညနေခင်းသို့ရောက်သောအခါ ထူးဆန်းသော ဆိတ်ငြိမ်မှုတစ်ခုသည် ကရာနီကုန်းပေါ်တွင် ကျရောက်နေပါသည်။ လူစုကွဲသွားပြီး များစွာသောလူများ သည် နံနက်ခင်းအချိန်တွင်လာခဲ့စဉ်ကကဲ့သို့မဟုတ်ဘဲ၊ စိတ်သဘောထားအသစ် နှင့် ယေရုရှလင်မြို့သို့ပြန်သွားခဲ့ကြပါသည်။ များစွာသောလူများသည် ခရစ်တော်ကို မုန်းသောကြောင့် စုရုံးလာခဲ့ခြင်းမဟုတ်ဘဲ စပ်စုချင်သည့် သဘောဖြင့်စုရုံးလာကြ ခြင်းသာဖြစ်ပါသည်။ တချို့ကမူယဇ်ပုရောဟိတ်များ၏ စွပ်စွဲချက်များကို ယုံကြည်ခဲ့ ကြပြီး၊ ခရစ်တော်အားရာဇဝတ်သားတစ်ဦး အဖြစ် မှတ်ယူခဲ့ကြပါသည်။ သူတို့သည် အထူးစိတ်လှုပ်ရှားစွာဖြင့် လူအုပ်ကြီးနှင့်ပူးပေါင်းခဲ့ကြကာ ကိုယ်တော်ရှင်အား နင်ပဲ ငဆပြောဆိုခဲ့ကြပါသည်။ သို့ရာတွင် ကမ္ဘာကြီးအား၊ အမှောင်ထုဖြင့်လွှမ်းမိုးရစ်ပတ် လိုက်သောအချိန်တွင် ၎င်းတို့သည် ဩတ္တပ္ပစိတ်၏ လှုံ့ဆော်မှုကြောင့် မိမိတို့၏မှား ယွင်းသောလုပ်ရပ်များကို သိရှိခံစားလာခဲ့ကြပါသည်။ ကြောက်စရာအမှောင်ထုကြီး ထဲဝယ် မည်သည့်ပြောင်လှောင်သရော်သံများကိုမျှ မကြားခဲ့ရချေ။ အမှောင်ထု ပျောက်ကွယ်သွားသောအချိန်တွင် စိုးရွံ့တိတ်ဆိတ်စွာဖြင့် သူတို့သည်အိမ်သို့သွား ခဲ့ကြပါသည်။ ယဇ်ပုရောဟိတ်များ၏ စွပ်စွဲချက်များသည် မှားယွင်းကြောင်းကိုလည်း ကောင်း၊ ခရစ်တော်သည် အယောင်အဆောင်သမားတစ်ဦး မဟုတ်ကြောင်းကို လည်းကောင်း သူတို့သဘောပေါက်ခဲ့ကြပါသည်။ ၎င်းနောက် ရက်သတ္တပတ်အနည်း ငယ်အကြာတွင် ပင်တေကုတ္တေပွဲ၌ ပေတရုတရားဟောသောအခါ ထိုသူများသည် ခရစ်တော်ဘက်သို့ပြောင်းလဲလာခဲ့ကြသော ထောင်ပေါင်းများစွာသော သူများတွင် အပါအဝင်ဖြစ်ခဲ့ကြပါသည်။
သို့ရာတွင် ယုဒခေါင်းဆောင်များသည် မိမိတို့မြင်တွေ့ခဲ့ရသော အဖြစ်အ ပျက်များကြောင့် စိတ်သဘောထား မပြောင်းလဲခဲ့ကြချေ။ ခရစ်တော်အပေါ်ထားရှိ သော ၎င်းတို့၏မှုန်းတီးမှုသည် လျှော့ပါးမသွားခဲ့ချေ။ ကိုယ်တော်အားကပ်တိုင်တင် စဉ်က ကမ္ဘာလောကကြီးအား လွှမ်းမိုးခဲ့သောအမှောင်ထုကြီးသည် ထိုယဇ်ပုရော ဟိတ်များနှင့် ယုဒအကြီးအကဲများ၏စိတ်နှလုံးများအား လွှမ်းမိုးထားသည့် အမှောင် ထုလောက် မထူထပ်မသိပ်သည်းခဲ့ချေ။ ကိုယ်တော်ရှင်အားမွေးဖွားခဲ့စဉ်က ထွန်း လင်းခဲ့သောကြယ်ကြီးသည် ခရစ်တော်အား သိကျွမ်းခဲ့ပြီး ကိုယ်တော်ရှင်အား သိပ် ထားသည့် နွားစားခွက်ရှိရာသို့မာကုပညာရှိများအား လမ်းပြပို့ဆောင်ခဲ့ပါသည်။ ထို ကောင်းကင်သားများသည် ကိုယ်တော်ရှင်ကိုသိကျွမ်းကြသဖြင့် ဗက်လင်မြို့၏ ကွင်း ပြင်ထက်ဝယ် ဂုဏ်တော်ချီးမွမ်းသည့်သီချင်းကို သီဆိုခဲ့ကြပါသည်။ ပင်လယ်ကြီး သည် ကိုယ်တော်ရှင်၏အသံကိုသိကျွမ်းသဖြင့် အမိန့်တော်ကိုနာခံခဲ့ပါသည်။ ရောဂါဘယများနှင့် သေခြင်းတရားသည် ကိုယ်တော်၏တန်ခိုးအာဏာကိုအသိအ မှတ်ပြုခဲ့ကြပြီး၊ ၎င်းတို့၏သားကောင်ကို ကိုယ်တော်ထံတွင် အရှုံးပေးအပ်နှံခဲ့ပါ သည်။ နေမင်းကြီးသည် ကိုယ်တော်ရှင်အား သိကျွမ်းခဲ့ပါသည်။ ထိုကြောင့် သေလု မြောပါးဒုက္ခဝေဒနာခံစားနေရသောမြင်ကွင်းကို မျက်ကွယ်ပြုခဲ့ပါသည်။ ကျောက် သားများသည် ကိုယ်တော်အားသိထားကြပါသည်။ ထိုကြောင့် ကိုယ်တော်ရှင်၏ အော်ဟစ်သံကိုကြားသောအခါ၊ အစိတ်စိတ် အမြွှာမြွှာကွဲကြေကုန်ခဲ့ကြပါသည်။ သက်မဲ့ဖြစ်သောသဘာ၀ပစ္စည်းများသည် ခရစ်တော်အားသိကျွမ်းခဲ့ပါသည်။ ထို ကြောင့် ထိုအရာများသည် ကိုယ်တော်၏ ဘုရားဇာတိတော်ကို သက်သေခံခဲ့ကြ ပါသည်။ သို့သော် --- သို့သော် --- ယုဒလူအကြီးအကဲများနှင့် ယဇ်ပုရောဟိတ် များသည် သားတော်ဘုရားကို မသိကြပါတကား။-
သို့စေကာမူ ထိုသူများသည် အနားမနေခဲ့ကြချေ။ ခရစ်တော်ကို အသေ သတ်ရန်အကြံအစည်ကို သူတို့အကောင်အထည်ဖော်ခဲ့ကြပါသည်။ သို့သော်ငြား လည်း သူတို့မျှော်လင့်ထားခဲ့သည့်အတိုင်း အောင်မြင်မှုမရရှိခဲ့ ကြချေ။ အမြင်အား ဖြင့် ၎င်းတို့အောင်ပွဲဆင်နေသောအချိန်၌ပင် နောင်တွင်မည်သို့ဆက်လက်ဖြစ်ပျက် မည်ဆိုသည့်အချက်နှင့်စပ်လျဉ်း၍ သံသယဖြစ် နေခဲ့ကြပါသည်။ “အမှုပြီးပြီ” “အိုအဖ၊ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏” ဟူ၍ ဟစ်အော်သံကို သူတို့ကြားခဲ့ကြပါသည်။ ယောဟန် ၁၉း၃၀။ လုကာ ၂၃း၄၆။ ကျောက်များအစိတ်စိတ်ကွဲသွားသည်ကို သူတို့မြင်တွေ့ခဲ့ပါသည်။ ကြီးကျယ်သော မြေငလျင်ဒဏ်ကိုလည်း သူတို့ ခံစားခဲ့ကြရပြီး စိတ်နှလုံးမတည်မငြိမ်ဖြစ်ကာ ပူပန် သောကရောက်ခဲ့ကြရပါသည်။
ခရစ်တော်အသက်ရှင်စဉ်အခါက ယုဒများအပေါ်လွှမ်းမိုးခဲ့သော ဩဇာ သက်ရောက်မှုကိုလည်းကောင်း၊ အသေခံတော်မူပြီးနောက်ရရှိခဲ့သော ဩဇာသက် ရောက်မှုကိုလည်းကောင်း သူတို့သဝန်တိုခဲ့ကြပါသည်။ သေနေသောခရစ်တော် အား အသက်ရှင်စဉ်က ခရစ်တော်ထက်များစွာပို၍သူတို့ ကြောက်ရွံ့တုန်လှုပ်ခဲ့ကြ ပါသည်။ ကိုယ်တော်ရှင်အား ကပ်တိုင်တင်စဉ်တွင် ဖြစ်ပျက်ခဲ့သောအရာများကို လူ အများအာရုံစူးစိုက်သွားမည်ကိုလည်း သူတို့ ကြောက်ရွံ့ထိတ်လန့်ခဲ့ကြပါသည်။ ထို နေ့ကလုပ်ဆောင်ခဲ့မှု၏ရလဒ်များအတွက် သူတို့စိုးရိမ်ခဲ့ကြပါသည်။ သူတို့သည် ဥပုသ်နေ့အချိန်၌ ကပ်တိုင်ပေါ်တွင်ကိုယ်တော်ရှင်၏ ခန္ဓာကိုယ်ကြီးဆက်လက် တည်ရှိနေခြင်းကို မည်သည့်နည်းနှင့်မျှ လိုလားကြမည်မဟုတ်ချေ။ ယခုတွင်ဥပုသ် ဝင်တော့မည်။ လူများကိုကပ်တိုင်ပေါ်တွင် ချိတ်ဆွဲထားခြင်းသည် ဥပုသ်နေ့၏သန့် ရှင်းမှုကို ပျက်ပြားစေပါလိမ့်မည်။ ဤအရာကို ယိုးမယ်ဖွဲ့မှုတစ်ရပ်အနေဖြင့်အသုံး ပြုကာ ကပ်တိုင်ပေါ်မှရာဇဝတ်သားကို အမြန်သေအောင်လုပ်ပစ်ရန်နှင့် ထိုသူ၏အ လောင်းကို နေမဝင်မီကပ်တိုင်မှဖယ်ရှားပေးရန် ပိလတ်မင်းအား ယုဒခေါင်းဆောင် များက တောင်းဆိုခဲ့ကြပါသည်။
ခရစ်တော်အား ကပ်တိုင်ပေါ်တွင် ဆက်လက်တည်ရှိနေခြင်းကို ထိုသူများ အလိုမရှိကြသဖြင့် ပိလတ်မင်းကလည်းအလိုမရှိခဲ့ပါချေ။ သူ၏သဘောတူညီချက် ကို ရယူပြီးနောက် မြန်မြန်သေစေရန် သူခိုးကြီးနှစ်ဦး၏ခြေထောက်များကို ချိုးပစ် လိုက်ကြပါသည်။ သို့ရာတွင် ခရစ်တော်အားသေလျက်ရှိကြောင်းကို သူတို့တွေ့ခဲ့ကြ ရပါသည်။ ကြားခဲ့၊ မြင်ခဲ့ရသောမြင်ကွင်းများကြောင့် ကြမ်းရမ်းသော ထိုစစ်သားများ ၏ စိတ်နှလုံးများသည် နူးညံ့လာကာကိုယ်တော့် ခြေထောက်များကိုမချိုးကြရန် တစ် ဦးနှင့်တစ်ဦးတားမြစ်ဟန့်တားကြပါသည်။ ထိုနည်းအားဖြင့် ဘုရားသခင်၏ သိုးသ ငယ်ကိုပူဇော်ခြင်းအရာတွင် ပသခါပွဲနှင့်ဆိုင်သော စည်းမျဉ်းကိုပြည့်စုံစေခဲ့ပါသည်။ “ထိုအသားကို နံနက်တိုင် အောင်မကြွင်းစေရ၊ အရိုးကိုလည်းမချိုးရ၊ ပသခါပွဲနှင့် ဆိုင်သောအထုံးအဖွဲ့ ရှိသမျှတို့ကိုလိုက်၍ ပွဲခံရသောအခွင့်ရှိ၏။” တောလည်ရာ ၉း၁၂။
ခရစ်တော်သေဆုံးနေကြောင်း တွေ့ရှိရသောအခါ ယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီးအကဲများသည် အံ့ဩတွေဝေသွားခဲ့ကြပါသည်။ ကပ်တိုင်အတင်ခံရ သူများသည် ဗြုန်းကနဲအသက်မထွက်နိုင်ကြချေ။ မည်သည့်အချိန်တွင် အသက် ထွက်သွားသည်ကိုသိရန်လည်း အလွန်ခက်ခဲလှပါသည်။ ကပ်တိုင်အတင်ခံရသူတစ် ဦးသည် ခြောက်နာရီအတွင်း အသက်ထွက်သွားသည်ဆိုသည်မှာ မကြားဖူးသည့်အ ရာတစ်ခုဖြစ်ပါသည်။ ခရစ်တော်သည် အမှန်တကယ်သေဆုံးခြင်းဟုတ်၊ မဟုတ်သိရှိ ရန် ထိုယဇ်ပုရောဟိတ်ကြီးများ၏ အကြံပေးချက်အရ ရောမစစ်သားတစ်ယောက်က ကိုယ်တော်၏ နံဘေးတော်ကို လှံဖြင့်ထိုးကြည့်ခဲ့ပါသည်။ လှံနှင့်အထိုးခံရသည့်ဒဏ် ရာမှ သွေးနှင့်ရေတို့သည် ဒလဟောထွက်လာခဲ့ပါသည်။ အနားတွင်ကြည့်နေသူ များက ဤအချက်ကိုသတိထားခဲ့မိကြပါသည်။ ဤအဖြစ်အပျက်ကိုရှင်ယောဟန်က တိတိကျကျဖော်ပြထားသည်မှာ “စစ်သူရဲတစ်ယောက်သည် နံဘေးတော်ကို လှံနှင့် ထိုးဖောက်၍ သွေးနှင့်ရေသည် ချက်ချင်းထွက်လာ၏။ ထိုအကြောင်း အရာကိုမြင် သောသူသည် သက်သေခံ၏။ သူ၏သက်သေခံချက်သည်လည်း မှန်ပေ၏။ သင်တို့ သည်ယုံကြည်မည်အကြောင်း သူပြောသောစကားမှန်သည်ကိုသူသိ၏။ ထိုအ ကြောင်းအရာကား၊ သူ၏အရိုးကိုမချိုးရဟု ကျမ်းစာလာချက်ပြည့်စုံမည်အကြောင်း တည်း။ တစ်ဖန်ကျမ်းစာလာသည်ကား၊ ထိုသူတို့သည် မိမိတို့ထိုးဖောက်သောသူကို ရှုမြင်ရကြလိမ့်မည်ဟုလာ၏” ယောဟန် ၁၉း၃၄-၃၇။
ခရစ်တော်သည် ကပ်တိုင်ပေါ်တွင်မသေခဲ့ဘဲ မေ့မြောသွားခြင်းသာဖြစ် သည်။ ထိုနောက် ပြန်၍သတိရလာခဲ့သည်ဟူ၍ ရှင်ပြန်ထမြောက်ပြီးသည့်နောက် ပိုင်းတွင် ယဇ်ပုရောဟိတ်များက ဝါဒဖြန့်ခဲ့ကြပါသည်။ နောက်ထပ်သတင်းတစ်ခုမှာ သချုØင်းဂူထဲတွင်မြှုပ်နှံခဲ့သောအလောင်းသည် ခရစ်တော်၏ အသားနှင့်အရိုးများဖြင့် ဖွဲ့စည်းထားသည့် အလောင်းအစစ်မဟုတ်ဘဲ ကိုယ်တော်၏ခန္ဓာကိုယ်နှင့်တူသော အလောင်းတစ်ခုသာ ဖြစ်သည်ဟူ၍ဖြစ်ပါသည်။ ဤလိမ်ညာမှုများကို ရောမစစ်သား များကအတည်မပြုခဲ့ကြချေ။ ကိုယ်တော်ရှင်သည် သေနှင့်ပြီးဖြစ်ကြောင်း၊ ခြေ ထောက်တော်များကိုမချိုးခဲ့ကြချေ။ ယဇ်ပုရောဟိတ်များကျေနပ်အောင်သာ နံဘေး တော်ကိုလှံနှင့်ထိုးပြခဲ့ခြင်းဖြစ်ပါသည်။ အသက်မထွက်သေးလျှင်လည်း ထိုလှံချက် ကြောင့် ချက်ချင်းအသက်ထွက်သွားခဲ့လိမ့်မည်ဖြစ်ပါသည်။
သို့ရာတွင် ထိုလှံချက်များနှင့် ကပ်တိုင်၏နာကျင်မှုများကြောင့် ခရစ်တော် အသက်ထွက်ခဲ့သည်မဟုတ်ချေ။ သေမည့်ဆဲဆဲတွင် ကြီးသောအသံဖြင့်ဟစ်အော် ကာ နံဘေးတော်မှသွေးများ၊ ရေများယိုစီးလာခြင်းက ကိုယ်တော်သည် နှလုံးကွဲ၍ သေခဲ့ကြောင်းကိုဖော်ပြနေပါသည်။ စိတ်ပိုင်းဆိုင်ရာအတိဒုက္ခရောက်မှုကြောင့် ကိုယ်တော်ရှင်၏ နှလုံးကွဲခဲ့ရပါသည်။ ကိုယ်တော်အား၊ လောကီသားအပေါင်းတို့၏ အပြစ်များက အဆုံးစီရင်ခဲ့ခြင်းဖြစ်ပါသည်။
ခရစ်တော်၏သေခြင်းနှင့်အတူ တမန်တော်များ၏မျှော်လင့်ချက်သည် ကွယ် ပျောက်ခဲ့ရပါသည်။ သူတို့သည် ကိုယ်တော်၏ပိတ်နေသောမျက်ခွံနှင့်ငိုက်စိုက်ကျ နေသောဦးခေါင်းကိုလည်းကောင်း၊ သွေးများဖြင့်အလူးလူးဖြစ်နေသော ဆံပင်တော် ကိုလည်းကောင်း၊ ချွန်းဖြင့်ထိုးဖောက်ခံထားသည့် လက်များနှင့် ခြေထောက်များကို လည်းကောင်းကြည့်နေခဲ့ကြရာ မဖော်ပြနိုင်အောင်စိတ်ဒုက္ခ ရောက်ခဲ့ကြပါသည်။ နောက်ဆုံးအချိန်အထိ ကိုယ်တော်ရှင်သေဆုံးသွားသည်ကို သူတို့မယုံကြည်ခဲ့ကြ ချေ။ ကိုယ်တော်သည် အမှန်ဧကန်သေဆုံးသည်ဟုလည်း သူတို့မယုံကြည်ခဲ့ကြ ချေ။ စိတ်နှလုံးမသာမယာဖြစ်နေကြသောကြောင့် ထိုကိစ္စနှင့်ပတ်သက်၍ ကိုယ် တော်ရှင်၏ကြိုတင်မိန့်မှာချက်များကို သူတို့ သတိမရခဲ့ကြချေ။ ယခုအချိန်တွင် ကိုယ်တော်ရှင်မိန့်တော်မူခဲ့သောအရာများထက် နှစ်သိမ့်မှုပေးနိုင်မည့်အရာဟူ၍ မရှိ ပါချေ။ သူတို့သည်ကပ်တိုင်နှင့် ကပ်တိုင်အတင်ခံခဲ့ရသူကိုသာ မြင်တွေ့ခဲ့ကြပါ သည်။ အနာဂတ်ရေးသည် အခြေမလှသယောင်ဖြစ်နေပါသည်။ ခရစ်တော်အပေါ် သူတို့ထားရှိခဲ့သော ယုံကြည်ခြင်းများသည် ပျက်ပြားခဲ့ရချေပြီ။ သို့ရာတွင် သူတို့ သည်ခရစ်တော် ကိုမည်သည့်အခါကမျှ ယခုအချိန်လောက်မချစ်ခဲ့ကြဖူးချေ။ ကိုယ် တော်ရှင်၏ အရေးပါအရာရောက်ခြင်းနှင့် ကိုယ်တော်ရှင်၏အတူရှိမှုသည် အထူးလို အပ်ကြောင်းများကို မည်သည့်အခါကမျှ ယခုအချိန်လောက်သူတို့မသိရှိခဲ့ကြချေ။
ခရစ်တော်၏ခန္ဓာကိုယ်သည် သေဆုံးနေသည့်အချိန်၌ပင် တပည့်တော် များအတွက် တန်ဖိုးရှိလှပါသည်။ ကိုယ်တော်အား အသရေတင့်တယ်စွာဖြင့် မြှုပ်နှံ သင်္ဂြိုဟ်လိုကြသော်လည်း ထိုအကြံကိုမည်သို့ အကောင်အထည်ဖော်ရမည်ကို သူ တို့မသိရှိခဲ့ကြချေ။ ခရစ်တော်သည် ရောမအစိုးရအား ဆန့်ကျင်သည့်နိုင်ငံတော် သစ္စာဖောက်မှုဖြင့် ကပ်တိုင်အတင်ခံခဲ့ရရာ ထိုပြစ်မှုမျိုးဖြင့်သေဒဏ်ပေးခြင်းခံရသူ သည် ထိုကဲ့သို့သော ရာဇဝတ်သားများကိုမြှုပ်နှံ ရန်စီမံထားသော သီးသန့်သချုØင်း ကုန်းသို့ လွှဲအပ်ခြင်းကိုခံကြရပါသည်။ တမန်တော်ရှင်ယောဟန်နှင့် ဂါလိလဲမှအမျိုး သမီးတစ်စုသည် ကပ်တိုင်နားမှာပင် ဆက်လက်စောင့်ကြည့်နေကြပါသည်။ ခရစ် တော်၏အလောင်းကို အကြင်နာကင်းမဲ့သော ရောမစစ်သားများလက်ထဲသို့ အပ်နှံ ကာ အသရေယုတ် သောသင်္ချိုင်းတွင်မြှုပ်နှံဖို့ သူတို့မလိုလားကြချေ။ သို့ရာတွင် ထို အရာကို သူတို့မတားဆီးနိုင်ပါချေ။ သူတို့သည် ယုဒအာဏာပိုင်များ၏ထောက်ခံမှု ကို ရယူနိုင်သူများမဟုတ်ကြသည့်ပြင် ပိလတ်မင်းအပေါ်တွင်လည်း ဩဇာညောင်း သူများမဟုတ်ကြချေ။
အရေးကြီးနေသောဤအချိန်တွင် အရိမဿဲသားယောသပ်နှင့် နိကောဒင် တို့သည် ၎င်းတို့အားကူညီမစရန် ရောက်ရှိလာခဲ့ကြပါသည်။ ထိုသူနှစ်ယောက်စလုံး သည် ဆန်ဟီဒရင်အဖွဲ့ဝင်များဖြစ်ကြပြီး၊ ပိလတ်မင်းနှင့် လည်းရင်းနှီးကြပါသည်။ သူတို့နှစ်ဦးစလုံးသည် လူချမ်းသာများဖြစ်ကြပြီး ဩဇာတိက္ကမရှိသူများဖြစ်ကြပါ သည်။ ခရစ်တော်၏အလောင်းတော်ကို အသရေတင့်တယ်စွာမြှုပ်နှံသင့်သည်ဟုသူ တို့သန္နိဌာန်ချခဲ့ကြပါသည်။
ယောသပ်သည် ပိလတ်မင်းထံသို့ ရဲဝံ့စွာဖြင့်သွားရောက်ကာ ခရစ်တော်၏ အလောင်းကိုတောင်းခဲ့ပါသည်။ ခရစ်တော်သည် ဧကန်အမှန်သေဆုံးသွားခဲ့ ကြောင်း၊ ထိုသူ့ထံမှပထမဦးဆုံး ပိလတ်မင်းကြားသိခဲ့ရပါသည်။ ကပ်တိုင်တင်ရာ တွင် ဖြစ်ပျက်ခဲ့သည့်အရာများနှင့်ပတ်သက်၍ တစ်ခုနှင့်တစ်ခုမတူညီသော သ တင်းများရောက်ရှိခဲ့သော်လည်း ခရစ်တော်၏အမှန်တကယ် သေဆုံးပြီဟူသောသ တင်းကို ၎င်းမသိရန်တမင်တကာ ထိမ်ချန်ထားခဲ့ကြပါသည်။ ကိုယ်တော်ရှင်၏ အ လောင်းတော်နှင့်စပ်လျဉ်း၍ တမန်တော်များ၏လိမ်လည် လှည့်ဖြားမှုကိုဂရုမစိုက်ရန် ပိလတ်မင်းအား ယဇ်ပုရောဟိတ်များက သတိပေးခဲ့ကြပါသည်။ ယောသပ်၏ တောင်းခံမှုကိုကြားနာပြီးနောက် ကပ်တိုင်တွင် တာဝန်ကျခဲ့သောရောမစစ်ဗိုလ်ကို ပိလတ်မင်းကခေါ်ခိုင်းလိုက်ပြီး ခရစ်တော်၏ သေခြင်းနှင့်ပတ်သက်၍ ကျိန်းသေ သောအဖြေတစ်ခုကိုရရှိရန် မေးမြန်းလေ့လာခဲ့ပါသည်။ ယောသပ်၏သက်သေခံ ချက်ကို အတည်ဖြစ်စေမည့် ကရာနီ၏အဖြစ်အပျက်များကို ထိုစစ်ဗိုလ်ထံမှကြားသိ ခဲ့ရပါသည်။
နောက်ဆုံးတွင် ယောသပ်၏တောင်းဆိုချက်ကို ခွင့်ပြုခဲ့ပါသည်။ သခင် ဘုရားကိုမြှုပ်နှံသင်္ဂြိုဟ်ရန်အတွက် ယောဟန်၏စိတ်နှလုံးပူပန်နေစဉ်တွင် ယော သပ်သည် ခရစ်တော်၏အလောင်းကို ယူဆောင်ခွင့်ပြုသည့် ပိလတ်မင်း၏အမိန့် နှင့်အတူပြန်လည်ရောက်ရှိလာခဲ့ပါသည်။ နိကောဒင်သည် အလောင်းကိုပြင်ဆင် ရန် ပေါင်တစ်ရာခန့်လေးသော မုရန်အစေးနှင့်အကျော်အမွှေးနံ့သာများယူဆောင် လာခဲ့ပါသည်။ ယေရုရှလင်မြို့မှ ဂုဏ်အသရေအရှိဆုံးသူများသေလျှင်ပင် ယခု လောက်ဂုဏ်ပြုခြင်းခံရလိမ့်မည်မဟုတ်ချေ။ သခင်ဘုရားကို သင်္ဂြိုဟ်ရာတွင် ကိုယ် နှင့်အမျှအထူးစိတ်ဝင်တစားရှိလှသော ဤသူဌေး ကြီးနှစ်ဦးကိုကြည့်ကာ တမန် တော်များသည် အံ့အားသင့်နေကြပါသည်။
ခရစ်တော်ဘုရားသက်တော်ထင်ရှားရှိစဉ်အခါက ယောသပ်ရောနိကော ဒင်ပါကယ်တင်ရှင်အား လူသိရှင်ကြားလက်မခံခဲ့ကြချေ။ အကယ်၍ ကိုယ်တော် အား လက်ခံခဲ့လျှင် ၎င်းတို့အား ဆန်ဟီဒရင်အဖွဲ့မှထုတ်ပစ်မည်ဆိုသည်ကို သူ တို့သိထားကြပါသည်။ သူတို့သည် ထိုကောင်စီထဲတွင်ရှိသော မိမိတို့၏ဩဇာအာ ဏာများကိုအသုံးပြုကာ ကိုယ်တော်အား ကာကွယ်စောင့်ရှောက်ရန် မျှော်လင့်ခဲ့ကြ ပါသည်။ အခိုက်အတန့်အားဖြင့် မိမိတို့ကြံစည်သည့်အတိုင်း လုပ်ဆောင်နိုင်ခဲ့သ ယောင်ဖြစ်သော်လည်း စဉ်းလဲသောယဇ်ပုရောဟိတ်များသည် ခရစ်တော်အား၊ ၎င်း တို့နှစ်ယောက်ကထောက်ခံကြောင်းတွေ့ မြင်သွားကာ သူတို့၏အကြံများကို ပျက် ပြားစေခဲ့ပါသည်။ သူတို့နှစ်ဦးမရှိသောအချိန်တွင် ခရစ်တော်အားတရားစီရင်ကာ ကပ်တိုင်တင်ခဲ့ကြပါသည်။ ယခုအချိန်တွင် ကိုယ်တော်ရှင်သည် သေဆုံးသွားပြီဖြစ် သဖြင့် ကိုယ်တော့်အပေါ်ထားခဲ့ကြသည့် ၎င်းတို့၏သံယောဇဉ်များကို မဖုံးကွယ်နိုင် ကြတော့ပြီ။ မိမိတို့သည် ကိုယ်တော်၏တပည့်တော်များဖြစ်ကြောင်း လူသိရှင်ကြား ထုတ် ဖော်ရန် တမန်တော်များစိုးရွံ့နေကြစဉ်တွင် ယောသပ်နှင့်နိကောဒင်တို့သည် တမန်တော်များအားကူညီမစရန် ရဲဝံ့စွာထွက်ပေါ်လာခဲ့ပါသည်။ ဤအချိန်အခါ သည် ဤဂုဏ်သရေရှိသူဌေးကြီးများ၏ အကူအညီကို အထူးလိုအပ်နေသောအချိန် အခါဖြစ်ပါသည်။ ထိုသူများသည် သေဆုံးနေသောသခင်ဘုရားအတွက် ဆင်းရဲသား များမလုပ်နိုင်သည့်တာဝန်များကို လုပ်ဆောင်နိုင်စွမ်း ရှိကြပါသည်။ ၎င်းတို့၏ဥစ္စာ ကြေးငွေရာထူးအရှိန်များကိုသုံး၍ ယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီးအကဲများ ရန်မှ တမန်တော်များကိုများစွာကာကွယ် ပေးနိုင်ခဲ့ပါသည်။
သူတို့သည် မိမိတို့ကိုယ်တိုင်ပင် နူးညံ့ညင်သာစွာရိုသေကိုင်းရှိုင်းစွာဖြင့် ကပ် တိုင်ပေါ်တွင်ရှိနေသော အလောင်းတော်ကိုဖြုတ်ခဲ့ကြပါသည်။
ပဲ့ရွဲ့စုတ်ပြတ်နေသော အလောင်းတော်ကိုကြည့်ကာ ၎င်းတို့မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ ကြပါသည်။ ယောသပ်၌ကျောက်ကိုထွင်းထားသည့် သင်္ချိုင်းဂူတစ်ခုထားပါသည်။ ထိုဂူသည် ကရာနီကုန်းအနီးတွင်ရှိပါသည်။ မိမိကိုယ်တိုင်အတွက် ယောသပ်သီး သန့်ထားခဲ့သောဂူဖြစ်သော်လည်း၊ ယခုတွင်မူခရစ်တော်အတွက် သူပြင်ဆင်ပေးခဲ့ပါ သည်။ ထိုအလောင်းကြီးကို နိကောဒင်ယူလာ ခဲ့သောအမွှေးနံ့သာများနှင့်ရော၍ ပိတ်ဖြူစပ်ဖြင့်သေချာစွာ ရစ်ပတ်ထားကာ သင်္ချိုင်းဂူသို့သယ်ဆောင်သွားခဲ့ကြပါ သည်။ ဤတပည့်တော်သုံးယောက်တို့သည် ကိုယ်တော်၏ကွေးနေသော ခြေ ထောက်များကိုဆန့်ပေးခဲ့ပြီး၊ စုတ်ပြတ်နေသော လက်တော်နှစ်ဖက်ကို အသက်မရှု တော့သောရင်ဘတ်ပေါ်တွင် ခေါက်၍တင်ထားလိုက်ကြပါသည်။ ထိုသူများနှင့်ဂါလိ လဲအမျိုးသမီးများသည် မိမိတို့ချစ်ခင်မြတ်နိုးကြသော ကိုယ်တော်၏အသက်မရှိ တော့သည့်အလောင်းတော်အတွက် မိမိတို့ပြုနိုင်သမျှသောဝတ်ကို ပြုခဲ့ကြပါသည်။ ထိုအချိန်တွင် အလွန်လေးလံသော ကျောက်တုံးကြီးတစ်ခုကို ထိုဂူတွင်လှိမ့်၍ ပိတ် ထားလိုက်ကြကြောင်းသူတို့မြင်ခဲ့ရပါသည်။ ကယ်တင်ရှင်ကို ငြိမ်သက်စွာနားနေရန် ချန်ထားခဲ့ရချေပြီ။ ထိုအမျိုးသမီးများသည် ကပ်တိုင်မှနောက်ဆုံးကျမှပြန်ခဲ့ကြပါ သည်။ ခရစ်တော်၏သင်္ချိုင်းမှလည်း နောက်ဆုံးကျမှပြန်ခဲ့ကြပါသည်။ နေဝင်ဆည်း ဆာ အချိန်သို့ရောက်လာသောအခါ မာဂဒလမာရိနှင့်တကွ အခြားမာရိများသည် မိ မိတို့ချစ်သောကယ်တင်ရှင်၏ ကံကြမ္မာအတွက် ဝမ်းနည်းမျက်ရည်ကျလျက် ကိုယ် တော်အားမြှုပ်နှံထားသော သင်္ချိုင်းနားတွင် ရစ်သီရစ်သီလုပ်နေခဲ့ကြပါသည်။ “ထို နောက်မှပြန်သွားပြီးလျှင်၊ ----- ပညတ်တော်အတိုင်း ဥပုသ် နေ့၌အလုပ်မလုပ်ဘဲ နေကြ၏” လုကာ ၂၃း၅၆။
ဤဥပုသ်သည် ဝမ်းနည်းပူဆွေးနေကြသော တပည့်တော်များနှင့်တကွယဇ် ပုရောဟိတ်များ၊ ယုဒလူအကြီးအကဲများ၊ ကျမ်းတတ်ဆရာများနှင့် ယုဒလူများအ တွက် မည်သည့်အခါမျှမေ့မရနိုင်သည့် ဥပုသ်နေ့ဖြစ်ခဲ့ပါသည်။ အဖိတ်နေ့၏ နေဝင် ချိန်တွင် ဥပုသ်ဝင်ပြီဖြစ်ကြောင်း အချက်ပြတံပိုးခရာသံ ထွက်ပေါ်လာခဲ့ပါသည်။ ပသခါပွဲကညွှန်ပြနေသောကိုယ်တော်သည် လူယုတ်မာများ၏ လက်ချက်ကြောင့် အ ဆုံးစီရင်ခြင်းခံခဲ့ရကာ ယောသပ်၏သင်္ချိုင်းတွင် မြှုပ်နှံခြင်းခံရစဉ်တွင် ထိုပသခါပွဲရာ စုနှစ်တစ်လျှောက် ကျင်းပခဲ့သည့်အတိုင်း ကျင်းပခဲ့ကြပါသည်။ ထိုဥပုသ်နေ့တွင် ဗိ မာန်တော်ပရိဝုဏ်အတွင်း၌ ဝတ်ပြု ကိုးကွယ်သူများနှင့် ပြည့်ကျပ်နေပါသည်။ ဂေါ လဂေါသအရပ်မှ ယဇ်ပုရောဟိတ်မင်းကြီးသည် ခမ်းနားထည်ဝါသော ယဇ်ပုရော ဟိတ်များဝတ်သော ဝတ်ရုံ ကြီးကိုဝတ်ဆင်လျက် ထိုနေရာတွင်ရောက်ရှိနေပါသည်။ အဖြူရောင်ခေါင်းပေါင်းများကို ပေါင်းထားသည့်ယဇ်ပုရောဟိတ်များသည် မိမိတို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်နေကြပါသည်။ နွားအသွေးများနှင့်ဆိတ်အသွေး များကို အပြစ်အတွက်ပူဇော်ပသနေစဉ် ထိုနေရာတွင်ရှိကြသော အချို့ပုဂ္ဂိုလ်များ သည် မတည်ငြိမ်ဖြစ်နေခဲ့ကြပါသည်။ ပုံဆောင်သောအရာနှင့်ပုံဆောင်ခြင်းခံရ သော အရာသည် တွေ့ဆုံခဲ့ပြီဖြစ်ကြောင်းကိုလည်းကောင်း၊ အလွန်မြင့်မြတ်လှ သော ယဇ်ပုရောဟိတ်များကို ဤလောက၏အပြစ်အတွက် စတေးခဲ့ပြီဖြစ်ကြောင်း ကိုလည်းကောင်း သူတို့မသိရှိခဲ့ကြရှာချေ။ ဝိနည်းထုံးဖွဲ့ဆိုင်ရာ ကိုးကွယ်ဝတ်ပြုမှု များသည် အရေးမပါတော့ကြောင်းကိုလည်း သူတို့မသိရှိခဲ့ကြချေ။ အစီအစဉ်ကို ထိုကဲ့သို့သောထူးခြားသည့် ခံစားချက်များဖြင့် ယခင်ကတစ်ခါ မျှဤကဲ့သို့မကြည့်ရှု ခဲ့ဖူးပါချေ။ တံပိုးခရာသံများ၊ တေးဂီတတီးခတ်သံများနှင့် အဆိုသည်များ၏ သီချင်း သံများသည် ယခင်ကအတိုင်းပင် ကြည်လင်ကျယ်လောင်စွာ ပေါ်ထွက်လာနေပါ သည်။ သို့ရာတွင် ထူးဆန်းသောအသိတစ်ခုသည် အရာရာတိုင်း၌ပျံ့နှံ့သွားခဲ့ပါ သည်။ ဖြစ်ပျက်ခဲ့သောထူးဆန်းသည့် အဖြစ်အပျက်တစ်ခုအကြောင်းကို တစ်ဦး နှင့်တစ်ဦးမေးမြန်းစုံစမ်းခဲ့ကြပါသည်။ ထိုအချိန်အထိ အသန့်ရှင်းဆုံးအခန်း၏ သန့် ရှင်းမှုကို ထိန်းသိမ်းစောင့်ရှောက်သည့်အနေဖြင့် ကျူးကျော်ဝင်ရောက်ခြင်းများကို ကာကွယ်တားဆီးခဲ့ပါသည်။ သို့ရာတွင် ယခုအချိန်တွင်မူ ထိုအခန်းကိုလူတိုင်းမြင် တွေ့နိုင်ကြပေပြီ။ ရွှေရောင်၊ ကြက်သွေးရောင်၊ ခရမ်းရောင်များနှင့်ပြီးသော ဇာထိုး ပန်းထိုးအတတ်ပညာများဖြင့် လှပစွာပြင်ဆင်ထားသည့် ပိတ်သားစစ်စစ်ကန့်လန့် ကာကြီးသည် အထက်မှအောက်သို့ကွဲသွားခဲ့ပါသည်။ ထာ၀ရဘုရားသည် မိမိ၏ ဘုန်းတော်ကိုဖော်ပြရန် ယဇ်ပုရောဟိတ်မင်းကြီးနှင့် တွေ့ဆုံတော်မူသည့်နေရာ ဘုရားသခင်၏သန့်ရှင်းသောအခန်း ဖြစ်ခဲ့ဖူးသောထိုနေရာသည် လူတိုင်းမြင်သာရန် ပွင့်လစ် သွားပေပြီ။ ထိုအခန်းကို သန့်ရှင်းသောအခန်းအဖြစ် ဘုရားသခင်အနေဖြင့် အသိအမှတ်မပြုတော့ပြီ။ ထိုယဇ်ပုရောဟိတ်များသည် ယဇ်ပလ္လင်ရှေ့တွင်စိတ်တ ထင့်ထင့်ဖြင့် အမှုတော်ဆောင်နေကြပါသည်။ အသန့်ရှင်းဆုံးအခန်း၏ ကြည်ညိုဖွယ် သော နက်နဲသည့်အရာများကို ဖွင့်လှစ်ပြသလိုက်ခြင်းသည် ဖြစ်ပေါ်လာတော့မည့် ဘေးဒုက္ခကြီးအတွက် ထိုသူများအား ကြောက်ရွံ့ထိတ်လန့်စေပါသည်။
များစွာသောလူများသည် ကရာနီကုန်းမှာမြင်ခဲ့ရသော မြင်ကွင်းများကြောင့် ဖြစ်ပေါ်လာသောအတွေးများဖြင့် စိတ်နှလုံးယောက်ယက်ခတ်နေကြပါသည်။ ကပ် တိုင်တင်သည့်အချိန်မှစ၍ ရှင်ပြန်ထမြောက်သည့်အချိန်အထိ လူများစွာတို့သည် အနာဂတ္တိစကားများကို မအိပ်မနေလေ့လာခဲ့ကြပါသည်။ အချို့သည် ထိုအချိန်က ၎င်းတို့ကျင်းပခဲ့သည့်ပသခါပွဲ၏ အနက်အဓိပ္ပါယ်အပြည့်အစုံကို နားလည်ရန်လေ့ လာခဲ့ခြင်းဖြစ်ပြီး အချို့မှာခရစ်တော်သည် ၎င်းတို့မိန့်တော်မူသည့်အတိုင်းမဟုတ် ကြောင်းကိုသက်သေပြရန် လေ့လာခဲ့ခြင်းဖြစ်ပါသည်။ အချို့မှာမူ စိတ်နှလုံးဝမ်း နည်းကြေကွဲစွာဖြင့် ခရစ်တော်သည် မေရှိယအစစ်အမှန်ဖြစ်ကြောင်း အထောက် အထားများကို ရှာဖွေသည့်အနေဖြင့် လေ့လာခဲ့ခြင်းဖြစ်ပါသည်။ အမျိုးမျိုးသော ရည်ရွယ်ချက်များနှင့် လေ့လာဆည်းပူးခဲ့ကြသော်လည်း အနာဂတ္တိစကားသည် လွန်ခဲ့သောရက် ပိုင်းအနည်းငယ်အတွင်းတွင် ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များ အားဖြင့် ပြည့်စုံခဲ့ပြီဖြစ်ကြောင်း၊ ကပ်တိုင်အတင်ခံခဲ့ရသောသူသည် ကမ္ဘာ့ကယ် တင်ရှင် တစ်ပါးဖြစ်ကြောင်း စသည့်တူညီသော သမ္မာတရားများကို သိရှိနားလည်ခဲ့ ကြပါသည်။ ထိုအချိန်က ပသခါပွဲဝင်ရန်စုရုံးလာခဲ့ကြသော လူများစွာတို့သည် နောက်ပိုင်းတွင် တစ်ခါမျှပသခါပွဲမဝင်ကြတော့ချေ။ ယဇ်ပုရောဟိတ်များ အပါအဝင် များစွာသောလူများသည် ခရစ်တော်၏ ဇာတိရုန်မှန်ကိုသိရှိခဲ့ကြပါသည်။ အနာဂတ္တိ စကားကို သူတို့လေ့လာရှာဖွေခဲ့ခြင်းတွင် အချည်းနှီးမဖြစ်ခဲ့ပါ။ ရှင်ပြန်ထမြောက်ပြီး သည့်နောက်ပိုင်းတွင် သူတို့သည်ကိုယ်တော်အား ဘုရား၏သားတော်အဖြစ်အသိ အမှတ်ပြုခဲ့ပါသည်။
သခင်ယေရှုအား ကပ်တိုင်အတင်ခံရသည်ကိုမြင်သောအခါ “မောရှေ သည် တော၌မြွေကိုမြှောက်ထားသကဲ့သို့ လူသားသည်မြှောက်ထားခြင်း ကိုခံရမည်။ အကြောင်းမူကား၊ ထိုသားတော်ကိုယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်း သို့မရောက်၊ ထာ၀ရအသက်ကိုရမည်အကြောင်းတည်း” ဟူသော သံလွင်တောင် ပေါ်တွင် ညအချိန်၌ကိုယ်တော်မိန့်မြွက်ခဲ့သည့် စကားများကို နိကောဒင်သတိရခဲ့ပါ သည်။ ယောဟန် ၃း၁၄-၁၅။
နိကောဒင်သည် သင်္ချိုင်းတွင်း၌ ခရစ်တော်လဲလျောင်းနေသော ထိုဥပုသ် တော်နေ့တွင် ရှေးဖြစ်ဟောင်းများကို ပြန်လည်စဉ်းစားခွင့်ရခဲ့ပါသည်။ ယခုအချိန် တွင် ပို၍ကြည်လင်သော အလင်းတော်တစ်ခုသည် သူ၏စိတ်နှလုံး ထဲ၌ထွန်းလင်း ခဲ့သဖြင့် ခရစ်တော်၏ မိန့်တော်မူခဲ့သောစကားများသည် ၎င်းအတွက်နက်နဲသော အရာများမဟုတ်တော့ပြီ။ သက်တော်ထင်ရှားစဉ်က ကိုယ်တော်ရှင်အားမဆက် သွယ်ခဲ့မိသည့်အတွက် များစွာနစ်နာခဲ့ရကြောင်းကို သူသိရှိလာခဲ့ရပါသည်။ ယခု တွင်သူသည် ကရာနီအဖြစ်အပျက်များကို ပြန်လည်သတိရလာခဲ့ပါသည်။ လူသတ် သမားများအတွက် ခရစ်တော်ပြုခဲ့သောပတ္ထနာနှင့် သေခါနီးသူခိုးကြီး၏ တောင်းခံမှု အတွက် ခရစ်တော်ပေးခဲ့ သောအဖြေကို ဤပညာတတ်အရာရှိကြီးသည် ကြားခဲ့ဖူး ပါသည်။ တစ်ဖန်တုံ နိကောဒင်သည် ဒုက္ခဝေဒနာခံစားနေရသော ကယ်တင်ရှင်ကို ပြန်လည်မြင်ယောင်ခဲ့ပါသည်။ အောင်နိုင်သူတစ်ပါးကဲ့သို့ မိန့်မြွက်ခဲ့သော “အမှုပြီးပြီ” ဟူသော နောက်ဆုံးဟစ်အော်သံကိုလည်း သူကြားယောင်ခဲ့ပါသည်။ မြေငလျင် လှုပ်ခြင်း၊ အမှောင်ထုဖုံးလွှမ်းခြင်း၊ ကန့်လန့်ကာကွဲခြင်း၊ ကျောက်များကွဲကြေခြင်း များကို သူပြန်လည်မြင်ယောင်ခဲ့ပါသည်။ ထိုကြောင့် သူ၏ယုံကြည်ခြင်းသည် ပို၍ ခိုင်ခံ့တည်မြဲလာခဲ့ပါသည်။ တပည့်တော်များ၏ယုံကြည်ခြင်း ကိုပျက်စီးစေခဲ့သော ထိုအဖြစ်အပျက်သည် ယောသပ်နှင့်နိကောဒင်တို့အား ခရစ်တော်၏ ဘုရားဇာတိ တော်ကို သဘောပေါက်စေခဲ့ပါသည်။ ၎င်းတို့ခံစား နေရသောကြောက်ရွံ့မှုများသည် ခိုင်ခံ့တည်ကြည်သော ၎င်းတို့၏ယုံကြည် ခြင်းကြောင့် ပျောက်ကွယ်သွားခဲ့ပါသည်။
ခရစ်တော်သည် သင်္ချိုင်းတွင်းမှာလဲလျောင်းနေသည့်အချိန်မှာလောက် မည်သည့်အချိန်မှာမှ လူထုကြီး၏အာရုံပြုမှုကိုမခံခဲ့ရချေ။ လူအများသည် ထုံးစံအ တိုင်း နာဇရက်မြို့သားယေရှုအကြောင်းကို မေးမြန်းစုံစမ်းလျက် လူနာများကိုဗိမာန် တော်ပုရိဝုဏ်ထဲသို့ ခေါ်ဆောင်လာခဲ့ကြပါသည်။ များစွာသော လူများသည် လူနာ ကိုကုသခဲ့၍ လူသေကိုရှင်ပြန်ထမြောက်စေခဲ့သော ကိုယ်တော်နှင့်တွေ့ဆုံရန် ရပ် ဝေးမှလာခဲ့ကြခြင်းဖြစ်ပါသည်။ အနာရောဂါ များကိုကုသပေးခဲ့သောခရစ်တော်နှင့် ကျွန်ုပ်တို့တွေ့ချင်သည်ဟူ၍ အရပ်ရှစ်မျက်နှာမှ အော်ဟစ်နေကြသည်ကိုလည်း ကြားနေရပါသည်။ ထိုအခါသမယတွင် အနာကြီးရောဂါကိုပြရန်လာကြသည်ဟု အထင်ခံရသူများအား၊ ယဇ်ပုရောဟိတ်များက စစ်ဆေးကြပါသည်။ အချို့လူများ အား၊ ၎င်းတို့၏ခင်ပွန်း၊ ဇနီး၊ သားသမီးများက အနာကြီးရောဂါရှိကြောင်းကြေညာစေ ကာ ထိုသူများအားနေအိမ်များနှင့်မိတ်ဆွေသင်္ဂဟများနှင့် ဝေးရာသို့သွားရောက်နေ ထိုင်ရန် စီရင်ချက်ချသည်ကို ဇွတ်အတင်းနားထောင်ခိုင်းခဲ့ကြပါသည်။ အနာကြီး ရောဂါရှိသည်ဟုသတ်မှတ်ခြင်းခံရသူများသည် မိမိအနားသို့မည်သည်များ ချဉ်းကပ် မလာစေရန် “ငါမသန့်ရှင်း” ဟုသတိပေးဟစ်အော်ကြရပါသည်။ မည်သည့်အ နာကြီးရောဂါကိုမျှ တို့ထိကုသပေးရန် ငြင်းဆိုတော်မမူခဲ့သော နာဇရက်မြို့သား ယေရှု၏ကောင်းကျိုးပြုသော လက်များသည် အသက်မရှုတော့သည့် ရင်ဘတ်ပေါ် တွင် ခေါက်၍တင်ထားခြင်းခံနေခဲ့ရပါသည်။ “သန့်ရှင်းခြင်းသို့ရောက်စေ” ဟုနှစ် သိမ့်စကားများဖြင့် တောင်းလျှောက်လာသူများအား အဖြေပေးတတ်သောနှုတ်ခမ်း အစုံသည်လည်း ယခုအချိန်တွင် တိတ်ဆိတ်သွားခဲ့ချေပြီ။ မဿဲ ၈း၃။ မိမိတို့ခံစား နေရသောရောဂါဝေဒနာများကို သက်သာအောင်ကုသရန် ယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီးအကဲများထံတွင် အသနားခံခဲ့ကြသော်လည်း အချည်းနှီးသာဖြစ်ခဲ့ပါ သည်။ အသက်ရှင်လျက်ရှိသော ခရစ်တော်အား မိမိတို့အလယ်တွင် တစ်ဖန် ရောက်ရှိလာဖို့အလိုရှိကြောင်း ထင်ရှားနေပါသည်။ လူများသည် ကိုယ်တော်ကိုသာ တစ်မေးတည်းမေးနေ ကြပါသည်။ သူတို့သည် စကားအလွဲမခံကြချေ။ သို့ရာတွင် ယဇ်ပုရောဟိတ်များက သူတို့ကိုဗိမာန်တော်မှ မောင်းထုတ်ခဲ့ကြပါသည်။ လူနာများ ကိုအကုခံဖို့ ဝင်ခွင့်တောင်းသူများမဝင်နိုင်စေရန် ဗိမာန်တော်ဂိတ်တံခါးကို ရောမစစ် သားများအား စောင့်ကြပ်စေခဲ့ကြပါသည်။
ခရစ်တော်၏ကုသမှုကိုခံယူရန် လာခဲ့ကြသောရောဂါသည်များသည် စိတ် ပျက်ဝမ်းနည်းခဲ့ကြရပါသည်။ လမ်းမပေါ်တွင်ငိုကြွေးနေသူများနှင့်ပြည့်ညှပ်နေခဲ့ပါ သည်။ လူနာများသည် ခရစ်တော်၏ကုသမှုကိုမရရှိကြသဖြင့် သေတော့မလိုဖြစ်နေ ကြပါသည်။ သမားတော်များ၏ ကုသမှုများသည် အချည်းနှီးသာဖြစ်ခဲ့ပါသည်။ ရော ဂါကုသမှုတွင် ယောသပ်၏သချုØင်းထဲတွင် လဲလျောင်းနေသည့် ပုဂ္ဂိုလ်လောက်မည် သူမျှမကျွမ်းကျင်ကြချေ။ မဟာအလင်းတော်တစ်ခုသည် ဤကမ္ဘာမှကွယ်ပျောက် သွားခဲ့ပြီဟူသော အသိစိတ်ဓာတ်ကလေးကို လူနာများ၏ငိုကြွေးသံများက ထောင် ပေါင်းများစွာသောလူသားများ၏ နှလုံးသားဝယ် ထင်ရှားစွာသိမြင်ခံစားစေခဲ့ပါသည်။ ခရစ်တော်မရှိတော့သည့် ကမ္ဘာကြီးသည် မှောင်မိုက်လျက်ရှိပါသည်။ “သူ့ကိုကပ် တိုင်တင်ပါ” ဟု ဟစ်ကြွေးခဲ့ကြသူများသည် ယခုတွင်မိမိတို့အပေါ်သို့ဘေးအန္တရာယ် ကျရောက်တော့မည်ကိုသိရှိကာ “ခရစ်တော်သည်အသက်ရှင်သေးလျှင် ကိုယ် တော်ကို ကျွန်ုပ်တို့အားပေးပါ” ဟုစိတ်ဓာတ်တက်ကြွစွာ အော်ဟစ်နေကြပါသည်။
ခရစ်တော်သည် ယဇ်ပုရောဟိတ်များ၏ လုပ်ကြံမှုကိုခံခဲ့ရကြောင်း ထိုသူ များသိရှိကြသောအခါ မည်သည့်အတွက်ကြောင့် ထိုကဲ့သို့အဆုံးစီရင် ခဲ့ကြောင်း မေးမြန်းလာကြပါသည်။ အမှုစစ်ဆေးခြင်းနှင့် ပတ်သက်သောအချက်များကို တတ် နိုင်သမျှလျှို့ဝှက်ခဲ့ကြသော်လည်း သင်္ချိုင်းတွင်း၌ကိုယ်တော် လျောင်းစက်နေစဉ် တွင် ကိုယ်တော်၏နာမတော်သည် လူများစွာတို့၏နှုတ်ခမ်းဖျားတွင် ရေပန်းစားခဲ့ပြီး ကရော်ကမည်ပြုလုပ်ခဲ့သော အမှုစစ်ဆေးခြင်းနှင့် ယဇ်ပုရောဟိတ်များ၏ လူမဆန် မှုများအကြောင်းကို နေရာအနှံ့တွင်ပြောနေ ကြပါသည်။ မေရှိယနှင့်ပတ်သက်သော ဓမ္မဟောင်းကျမ်းမှ အနာဂတ္တိစကားများကိုရှင်းပြရန် ပညာတတ်ပုဂ္ဂိုလ်များက ယဇ်ပုရောဟိတ်များအား တောင်းခံလာကြပါသည်။ သူတို့သည် မှားယွင်းမှုများဖြင့် တန်ဆာဆင်ကာ ပြန်လည်ဖြေဆိုရန်ကြိုးစားကြစဉ်တွင် အရူးများနှယ်ဖြစ်နေကြပါ သည်။ ခရစ်တော်၏ အသေသတ်ခံခြင်းနှင့်ပတ်သက်သည့် အနာဂတ္တိကျမ်းစကား များကို သူတို့ရှင်းမပြတတ်ကြချေ။ သို့ရာတွင် မေးမြန်းလာသူအများစုအနေနှင့် ကျမ်းစာသည် ပြည့်စုံခဲ့ပြီဖြစ်ကြောင်း သဘောပေါက်ခဲ့ကြပါသည်။
မိမိတို့အနေဖြင့် အလွန်ကောင်းသည်ဟုအထင်ရှိခဲ့သော လက်စားချေ မှုသည် အလွန်ခါးသီးမှုတစ်ခုဖြစ်နေခဲ့ပါသည်။ မိမိတို့သည် လူထုကြီး၏ အပြစ်တင် မှုကိုခံနေရကြောင်းကိုလည်းကောင်း၊ ခရစ်တော်အားအဆုံးစီရင်ရာတွင် မိမိတို့၏ ဩဇာခံဖြစ်ခဲ့သူများသည် ယခုအချိန်တွင် ၎င်းတို့၏ရှက် ကြောက်ဖွယ်လုပ်ရပ်များ ကြောင့် စိတ်ချောက်ချားနေကြကြောင်းကိုလည်းကောင်း ယဇ်ပုရောဟိတ်များသိရှိ ခဲ့ကြပါသည်။ ခရစ်တော်အားလူလိမ်တစ်ဦးအဖြစ် လူထုကြီးယုံကြည်လာအောင် ထို ယဇ်ပုရောဟိတ်များက ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြချေ။ ထိုသူများ ထဲမှတချို့သည် လာဇရု၏သင်္ချိုင်း ဂူသို့ရောက်ဖူးခဲ့ကြပါသည်။ ခရစ်တော်သည် မိမိ ကိုယ်ကိုသေရာမှပြန်လည် ထမြောက်စေကာ မိမိတို့ရှေ့တွင် တစ်ဖန်ပြန်ပေါ်လာ လိမ့်မည်လားဟုတွေးတောမိကာ သူတို့ကြောက်ရွံ့တုန်လှုပ်နေခဲ့ကြပါသည်။ မိမိ၌ အသက်ကိုစွန့် ရသောတန်ခိုးနှင့် အသက်ကိုပြန်ယူနိုင်သော တန်ခိုးရှိကြောင်း ကိုယ် တော် ကြွေးကြော်ခဲ့သည်ကို ၎င်းတို့ကြားခဲ့ဖူးပါသည်။ “ဤဗိမာန်တော်ကိုဖြိုဖျက် ကြလော့၊ သုံးရက်အတွင်းတွင် ငါတည်ဆောက်မည်” ဟူ၍ မိန့်မြွက်ခဲ့ သည်ကို လည်း သူတို့သတိရကြပါသည်။ ယောဟန် ၂း၁၉။ “ငါတို့သည် ယေရုရှလင်မြို့သို့ ယခုသွားကြ၏။ လူသားသည် ယဇ်ပုရောဟိတ်အကြီး ကျမ်းပြုဆရာတို့လက်သို့ ရောက်လိမ့်မည်။ ထိုသူတို့သည် သေပြစ်ကိုစီရင်ကြလိမ့်မည်။ လူသားအားပြက် ရယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ လက်ဝါးကပ်တိုင် မှာရိုက်ထားခြင်းကိုပြုစေခြင်းငှာ တစ် ပါးအမျိုးသားတို့လက်သို့အပ်နှံကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက် လိမ့်မည်” ဟူ၍ တမန်တော် များအား ခရစ်တော်မိန့်တော်မူသောစကားများကို ယုဒရှကာရုတ်က၎င်းတို့ အားပြောပြခဲ့ဖူးပါသည်။ (မဿဲ ၂ဝး၁၈-၁၉)။ သူတို့သည် ထိုစကားများကို ကြားရစဉ်က ပြက်ရယ်ပြုလှောင်ပြောင်သရော်ခဲ့ကြပါသည်။ သို့ရာ တွင် ခရစ်တော်၏မိန့်မြွက်စကားများသည် ယခုအချိန်အထိပြည့်စုံလျက်ရှိကြောင်း ကိုလည်း သူတို့သတိရခဲ့ကြပါသည်။ သုံးရက်မြောက်သောနေ့တွင် ငါတစ်ဖန်ထ မြောက်လိမ့်မည်ဟု ကိုယ်တော်မိန့်တော်မူထားရာ ဤစကားသည်လည်းပြည့်စုံလိမ့် မည်မဟုတ်ဟု အဘယ်သူပြောဆိုနိုင်ပါအံ့နည်း။ သူတို့သည် ဤအတွေးများကို ဆက်၍ မတွေးလိုတော့ချေ။ သို့ရာတွင် ထိုအတွေးများကို ဖျောက်ဖျက်၍ မရခဲ့ကြ ချေ။ ၎င်းတို့အဖနတ်ဆိုးကြီးကဲ့သို့ပင် ကိုယ်တော်ရှင် ပြောသည့်စကားများသည် အ မှန်တကယ်ပြည့်စုံမည်ဖြစ်ကြောင်းကို သူတို့ယုံကြည်ကာ ကြောက်ရွံ့တုန်လှုပ်ခဲ့ကြ ပါသည်။
ယခုတွင် သွေးရူးသွေးတန်းစိတ်လှုပ်ရှားမှုများသည် ပျောက်ကွယ်သွားကာ ခရစ်တော်၏ သဏ္ဌာန်တော်သည် ၎င်းတို့၏စိတ်အာရုံတွင်ထင်ရှား လာခဲ့ပါသည်။ ကိုယ်တော်သည် မိမိအားရန်မူသူများရှေ့တွင် ၎င်းတို့၏ မတရားပြုကျင့်မှုများကို ညည်းညူခြင်းမပြဘဲ ဒုက္ခဆင်းရဲခံစားလျက် တည်ငြိမ်အေးငြိမ်းစွာဖြင့် မတ်တတ်ရပ် နေတော်မူသည်ကို သူတို့မြင်ခဲ့ကြရပါသည်။ ကိုယ်တော်ရှင်အား အမှုစစ်ဆေးခြင်း နှင့်ကပ်တိုင်တင်ခြင်းနှင့် စပ်ဆိုင်သော အဖြစ်အပျက်များကို သူတို့ပြန်လည် သတိရ ခဲ့ကြကာ ခရစ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း ပို၍ပင်သူတို့သိရှိခံ စားလာခဲ့ကြပါသည်။ တရားခံသည်တရားလိုဖြစ်လာပြီး အပြစ်ဒဏ်စီရင်ခံထားရသူ သည် တရားစီရင်သူဖြစ်လာကာ အကွပ်မျက်ခံခဲ့ရသူသည် မိမိအားကွပ်မျက်ခဲ့သူ များအား ထိုလုပ်ရပ်အတွက် တရားမျှတမှုရှိမရှိမေးမြန်းရန် ၎င်းတို့ရှေ့မှောက်၌ ကိုယ်တော်သည် အချိန်မရွေးပြန်လည်ထမြောက်လာနိုင်ကြောင်း သူတို့သိထားခဲ့ ကြပါသည်။
သူတို့သည် ဥပုသ်နေ့တွင် နားနေနိုင်ခြင်းမရှိခဲ့ကြပါ။ ညစ်ညမ်းသွားမည် ကိုစိုးသဖြင့် ပိလတ်မင်း၏အိမ်ဝင်းထဲသို့ မဝင်ခဲ့ကြသော်လည်း ခရစ်တော်၏အ လောင်းတော်အကြောင်းကို သူတို့ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။ မိမိတို့ကပ်တိုင် တင်ခဲ့သော ခရစ်တော်၏အလောင်းကြီးကို သင်္ချိုင်းထဲတွင်အမြဲတမ်း ယခုကဲ့သို့ တည်ရှိနေအောင် စီစဉ်ရမည်ဟုဆိုကြကာ “ယဇ်ပုရောဟိတ်အကြီး နှင့်ဖာရိရှဲတို့ သည် ပိလတ်မင်းထံစုဝေး၍ ထိုလှည့်ဖြားသောသူက ငါသည် သုံးရက်မြောက်သော နေ့၌ထမြောက်မည်ဟုမသေမီပြောသည်ကို အကျွန်ုပ်တို့ မှတ်မိပါပြီ။ ထိုကြောင့် သူ ၏တပည့်တို့သည် ညအခါလာ၍အလောင်းကို ခိုးယူပြီးလျှင် သူသည်သေခြင်းမှထ မြောက်တော်မူပြီဟု လူအပေါင်းတို့အား ပြောဆိုကြသော် ရှေ့အမှားထက်နောက်အ မှားသာ၍ကြီးမည်ဟု စိုးရိမ်စရာအကြောင်းရှိသည်ဖြစ်၍ သင်္ချိုင်းတွင်းကိုသုံးရက် မြောက်အောင် လုံခြုံစွာစောင့်စိမ့်သောငှာ အမိန့်ရှိတော်မူပါဟုလျှောက်ကြလျှင် ပိလတ်မင်းက သင်တို့၌ လူစောင့်တစ်တပ်ရှိ၏။ သွားကြ၊ တတ်နိုင်သမျှအတိုင်း လုံခြုံ စွာစောင့်စေ ကြဟုဆိုလေ၏” မဿဲ ၂၇း၆၂-၆၅။
သင်္ချိုင်းကိုလုံခြုံအောင် မည်သို့မည်ပုံစောင့်ရမည်ကို ယဇ်ပုရောဟိတ်များက ညွှန်ကြားခဲ့ပါသည်။ အလွန်ကြီးမားသော ကျောက်တုံးကြီးတစ်တုံးဖြင့် အဝင်၀ကို ပိတ်ဆို့ထားလိုက်ပါသည်။ ထိုကျောက်တုံးကြီးကို ကြိုးများဖြင့် ချည်နှောင်ယှက်ဆိုင်း ထားပြီး ထိုကြိုးများ၏အစများကို ခိုင်ခံ့သောကျောက်တုံးကြီးများနှင့် တွဲ၍ချည်ထား လိုက်ပါသည်။ ထိုနောက် ကြိုးစများကိုချည်ထား သောနေရာတွင် ရောမတံဆိပ်ကို ခတ်ထားလိုက်ပါသည်။ ဤတံဆိပ်ကိုမဖျက်ဆီးဘဲ ထိုကျောက်တုံးကို ဖယ်ရှားနိုင် မည်မဟုတ်ချေ။ လက်ဆော့မှုကို ကာကွယ်ရန် တပ်သားတစ်ရာပါသော ရောမစစ် တပ်တစ်တပ်သည် ထိုသချုØင်းဝန်းကျင်တွင် တပ်ချစောင့်ကြပ်ခဲ့ပါသည်။ ယဇ်ပုရော ဟိတ်များသည် သချုØင်းဂူထဲတွင်လဲလျောင်းနေသော ခရစ်တော်၏အလောင်းကို တတ်နိုင်သမျှစောင့် ကြပ်ခဲ့ကြပါသည်။ ကိုယ်တော်အား ထိုနေရာတွင် အစဉ်ထာ၀ရ ဆက်လက် တည်ရှိစေလိုသည့်သဘောဖြင့် ကိုယ်တော်၏သချုØင်းဂူအားတံဆိပ်ခတ် ခဲ့ကြပါသည်။
လူသားများ၏ အကြံအစည်များနှင့်စီမံမှုများသည် အားနည်းလှပါသည်။ မိမိ တို့၏ကြိုးစားမှုသည် အရာမထင်ကြောင်းကို သူတို့သည်နည်းနည်း ကလေးမှမသိရှိ ကြချေ။ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကိုတားဆီးဖို့ရန် ကြိုးစားလုပ်ဆောင်မှု သည် ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းအတွက် သဘောပေါက်လွယ်ဆုံးသော အထောက်အထားဖြစ်ခဲ့ပါသည်။ သင်္ချိုင်းဂူဝန်းကျင်တွင် စစ်သားများများချထား လေလေ၊ ခရစ်တော်ထမြောက်ကြောင်းသက်သေ အထောက်အထားသည် ခိုင်လုံ လေလေဖြစ်ပါသည်။ ခရစ်တော်အသေမခံမီ နှစ်ပေါင်းများစွာကတည်းက သန့် ရှင်းသောဝိညာဉ်တော်ဘုရားသည် ဆာလံဆရာအားဖြင့် မိန့်တော်မူသည်ကား၊ “လူ မျိုးတို့သည် အဘယ်ကြောင့်ရုန်းရင်းခတ်ပြုကြသနည်း။ လူစုတို့သည် အဘယ် ကြောင့်အချည်းနှီးကြံစည်ကြသနည်း။ လောကီရှင်ဘုရင်တို့သည်ထကြ၍ မှူးမတ် အရာရှိတို့လည်း ထာ၀ရဘုရားနှင့် ခရစ်တော်ကိုရန်ဘက်ပြုလျက် ---- သင်းဖွဲ့ ကြ၏။ ကောင်းကင်ဘုံ၌ ထိုင်တော်မူသောသူသည်ပြုံးရယ်၍ ထာ၀ရဘုရားသည် သူ တို့ကိုကဲ့ရဲ့တော်မူ၏” ဟူ၍ဖြစ်၏။ ဆာလံ ၂း၁-၄။ ရောမလက်နက်ကိုင်စစ်သူရဲ များသည် သင်္ချိုင်းဂူထဲတွင်ရှိနေသော အသက်ပေးပိုင်ရှင်ထာ၀ရဘုရားအား၊ ချုပ် ထိန်းထားခြင်းငှာ မစွမ်းနိုင်ကြပြီ။ သချုØင်းထဲမှ ကိုယ်တော်ထွက်လာမည့်အချိန် သည် နီးကပ်လာလေပြီ။
No comments:
Post a Comment