Monday, April 27, 2026

 

အခန်း ()

ကြည့်ရှုစီရင်ခြင်းဆိုင်ရာအခြေခံအချက်ခြောက်ချက်

 

        အသင်းအုပ်ဆရာတိုင်းတို့၏ အသင်းသူအသင်းသားတို့ထံသို့ အလည် အပတ်သွားခြင်းအမှုသည် ကျွန်ုပ်တို့၏အချိန်၊ အမှုတော်၌ရှိနေခြင်း၊ အာရုံစူး စိုက်ခြင်းနှင့် ပြုစုစောင့်ရှောက်ခြင်းတို့အားဖြင့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာ တော်နှင့် အဆက်အသွယ်ပြုနိုင်သည့် ဘုန်းတော်ရှင်ကပေးသော အခွင့် အလမ်းတစ်ခုဖြစ်ပါသည်။ လည်ပတ်ခြင်းပြုလုပ်ပြီးနောက် သူတို့၏အိမ်ထောင် မိသားစုတို့ထံမှ ထွက်ခွာလာကြပြီဆိုလျှင် ကျွန်ုပ်တို့သည် သူတို့၏စိတ်အတွေး များနှင့်နှလုံးသားများအတွင်း၌ ကျွန်ုပ်တို့၏ဉာဏ် ပညာနှင့်အတွေးအခေါ် များတို့ကို ထားရစ်ခဲ့ခြင်းထက် ဘုရားသခင်၏အကျင့်စရိုက် တော်နှင့်ကတိ တော်တို့ကို ဦးစားပေးထားရစ်ခဲ့ကြရန်မှာ မရှိမဖြစ်လိုအပ်လှပါသည်။

        များစွာသော အသင်းအုပ်ဆရာတို့သည် အရေးပေါ်ကိစ္စရပ်များအတွက် ဆေးရုံသို့ အလည်အပတ်သွားရောက်ခဲလှပြီး အိမ်ထောင်မိသားစုတို့ထံသို့သာ သွားရောက်ကြပါသည်။ သူတို့၏လိုက်လံကြည့်ရှုခြင်းသည် ပုံမှန်ပုံစံမျိုး၊ သို့မ ဟုတ် စနစ်တကျပုံစံမျိုးရှိခဲလှပါသည်။ ဤအချိန်အခါကဲ့သို့သော နေ့ရက်များ တို့တွင် လူအများအပြားတို့သည် မည်သည့်အခါမျှ အသင်းအုပ်ဆရာ၏ အလည်အပတ်သွားရောက်ခြင်းကို မခံရကြပါ။ ဤလုပ်ရပ်သည် ခွင့်လွှတ်နိုင် စရာအကြောင်းမရှိပါ။ သခင်ယေရှုသည် နွမ်းပါးသည်ဟု သူတွေ့ရှိတော်မူခဲ့ သည့်အိမ်ထောင်မိသားစုများထံသို့ သွားရောက်တော်မူခဲ့ပါသည်။ (မာကု ၁း၂၉-၃၁) မာရိ၊ မာသ၊ လာဇရုတို့၏အိမ်တွင် သူသည် အကျွမ်းတဝင်ရှိသော ဧည့်သည်တစ်ဦးဖြစ်တော်မူခဲ့ပါသည်။ သူသည် အနာကြီးရောဂါသည်ရှိ မုန်ထံ သို့လည်း ပုံမှန်လည်ပတ်တော်မူခဲ့ပါသည်။ သခင်ခရစ်တော်သည် သူ၏တပည့် တော်တို့အား အမှုတော်ဆောင်ခြင်းတာဝန်ကို ပေးအပ်တော်မူသောအခါ သူ တို့သည် အိမ်များသို့သွားရောက်ကြရန်အတွက် တိုက်တွန်းတော်မူခြင်းကို ခံခဲ့ရကြပါသည်။ (လုကာ ၁ဝး၅) အသင်းအုပ်ဆရာဆိုင်ရာ ပြုစုစောင့်ရှောက် ခြင်းအကြောင်းနှင့်ပတ်သက်ပြီး ရှင်ပေါလု၏ဩဝါဒကို လက်ကိုင်ပြုထားကြ သောတိမောသေနှင့်တိတုတို့သည်အသင်းတော်အသင်းသားတို့၏ အိမ်ထောင် မိသားစုအသက်တာနှင့်ပတ်သက်သည့် ချစ်ခင်ရင်းနှီးမှုကို အလေးပေးသည့် သိပ္ပံအတတ်တစ်ရပ်ကို ကြိုတင်ပို့ချခြင်းခံခဲ့ရကြပါသည်။ (၁တိ ၃း၄။ ၅း၄-၈။ တိတု ၂း၄-)

        လိုက်လံလည်ပတ်ကြည့်ရှုခြင်းသည် များစွာသောသူတို့၏ မသိကျိုးကျွန်ပြု ခြင်းခံနေရပြီး ထိုကဲ့သို့ဖြစ်ရခြင်းမှာ ထိုသူတို့သည် လိုက်လံကြည့်ရှုခြင်းအမှုကို ခက်ခဲကြမ်းတမ်းပြီး အချိန်စားသောအလုပ်အဖြစ် ရှုမြင်နေကြပါသည်။ အချို့ သောသူတို့ကလည်း ၎င်းကိုပျောက်ပြယ်သွားစေလိုကြပါသည်။ သို့သော်လည်း ထိုကဲ့သို့ ပျက်ပြယ်သွားမည့်အဖြစ်မျိုးသို့မရောက်ရှိနိုင်သည့်အပြင် ယခုကဲ့သို့ အေးတိအေးစက်နိုင်လှသောခေတ်ကြီးတွင် လိုက်လံလည်ပတ်ကြည့်ရှုခြင်းအမှု သည် လိုအပ်မှုအဖြစ် ရှိနေသည်ဆိုခြင်းကို ထိုသူတို့က အသိအမှတ်ပြုကြရန် လိုအပ်ပါသည်။ ခေတ်မီအခက်အခဲများရှိနေကြသည့်တိုင် အသင်းသူအသင်း သားတို့၏ စိတ်ထဲတွင် သူတို့၏ အသင်းတော်ခေါင်းဆောင်တို့၏ အလည် အပတ်ခံရရေးနှင့် တာဝန်ခံမှုတို့ကို တောင့်တနေသည့်ခံစားချက်များ ရှိနေဆဲ ဖြစ်ပါသည်။ အသင်းအုပ်ဆရာ၏ အမှုတော်ဆောင်လုပ်ငန်းတွင် လိုက်လံ လည်ပတ်ကြည့်ရှုခြင်းအမှုသည် အပါအဝင်ဖြစ်ရပါမည်။ ၎င်းသည် အမှုတော် ဆောင်ခြင်းဆိုင်ရာ ကျွန်ုပ်တို့၏ သဘောတရားခံယူချက် (ဒဿနိကဗေဒ) အစိတ်အပိုင်းတစ်ရပ်အဖြစ်ရှိနေပါမည်။

 

ဘုရားသခင်ပေးအပ်တော်မူသည့်တာဝန်ယူမှု

        ဘုရားသခင်သည် သူ၏လူစုတော်တို့ကို ထိန်းကျောင်းရန်အတွက် သိုး ထိန်းအလုပ်နှင့်သက်ဆိုင်သောတာဝန်ယူမှုကို အသင်းအုပ်ဆရာတို့အား ပေး အပ်ထားတော်မူပါသည်။ (တမန်တော် ၂ဝး၂၈) တွင်ရှင်ပေါလုက ထိုကြောင့် သင်တို့သည် ကိုယ်ကိုသတိနှင့်ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိအသွေး နှင့်ဝယ်တော်မူသော အသင်းတော်ကို လုပ်ကျွေးစေခြင်းငှာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့ကို အအုပ်အချုပ်ခန့်ထားတော်မူသော သိုးစုတစ်စု လုံးကိုလည်း သတိနှင့်ကြည့်ရှုကြလော့ ဟူ၍ ဧဖက်အသင်းတော်အကြီးအကဲ တို့ကို မိလက်မြို့သို့ ခေါ်ယူပြီး ဩဝါဒ ပေးခဲ့သည်။ ဤအချက်ကိုရှင်ပေတရုက သူ၏ဩဝါစာပထမစောင် (၁ပေ ၅း၁-) တွင်လည်း သင်းအုပ်အရာ၌ လည်း ကောင်း၊ ခရစ်တော်၏ ဆင်းရဲဒုက္ခဝေဒနာကို သိမြင်သော သက်သေအရာ၌ လည်းကောင်း ခန့်ထားသောသူ၊ ထင်ရှားစေတော်မူလတ္တံ့သော ဘုန်းအသရေ တော်ကိုဆက်ဆံသောသူဖြစ်သော ငါပေတရုသည် သင်တို့တွင်ရှိသော သင်း အုပ်ချင်းတို့ကို တောင်းပန်ပါ၏။ သင်တို့နှင့်အတူရှိသော ဘုရားသခင်၏သိုး တော်စုကိုထိန်းခြင်းအမှုမှာ အနိုင်ထိန်းရသောကြောင့်မဟုတ်၊ မစင်ကြယ်သော စီးပွားကို တပ်မက်သောကြောင့်မဟုတ်ဘဲ အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှု အုပ်ထိန်းကြလော့။ အသီးအသီးအုပ်သောအသင်းတော်တို့ကို အာဏာထား၍ အစိုးတရပြုသည်မဟုတ်ဘဲ၊ သိုးတော်စုရှေ့မှာ ပုံသက်သေကိုပြသောသူဖြစ်ကြ လော့။

        ဤအမှုတော်သည် သေးငယ်သောလုပ်ငန်းမဟုတ်ပါ။ (ဟေဗြဲ ၁၃း၁၇) တွင် သင်တို့ကိုအုပ်သောသူတို့၏ စကားကိုနားထောင်၍ နျိမ့်ချလျက်နေကြ လော့။ သူတို့သည် ကိုယ်တိုင်စစ်ကြောခြင်းကိုခံရသောသူကဲ့သို့ သင်တို့စိတ် ဝိညာဉ်၏အကျိုး အလိုငှာ စောင့်နေကြ၏. . . ဟူ၍လည်း ဖော်ပြထားပါ သည်။ အသင်းအုပ်ဆရာ၏ လိုက်လံလည်ပတ်ကြည့်ရှုခြင်းလုပ်ဆောင်ချက် သည် ဤကြီးကြပ်ရေးတာဝန်တွင် သော့ချက်ကျသည့် ကိရိယာတန်ဆာပလာ တစ်ခုဖြစ်ပါသည်။

 

လိုက်လံလည်ပတ်ကြည့်ရှုခြင်းကိုကြိုတင်ပြင်ဆင်ခြင်း

        အဓိပ္ပါယ်ပြည့်၀သောလည်ပတ်ခြင်းများတို့သည် ကြိုတင်ပြင်ဆင်ခြင်းရှိ ရန် လိုအပ်ပါသည်။ အဦးဆုံးအနေဖြင့် သင်၏ကိုယ်ပိုင်အသက်တာ၏ ဝိညာဉ် ရေးရာ စစ်တမ်းတစ်ခုကို ရယူရန်အတွက် အသင်းအုပ်ဆရာ၏လည်ပတ်ခြင်း များတို့ကိုအသုံးပြုရပါမည်။ ဘုရားသခင်နှင့်အခြားသောသူတို့အပေါ် သင်၏ ဆက်ဆံရေးကိုဆန်းစစ်ပါ။ သင်၏ဝိညာဉ်ရေး တောင့်တင်းခိုင်မာမှုအတွက် သန္နိဌာန်ချမှတ်ပါ။ မိမိကိုယ်ကိုမိမိ ပြန်လည်သုံးသပ်ခြင်းသည် သင့်အား ဝိညာဉ်ရေးအရအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး စုံစမ်းနှောင့်ယှက်ခြင်းမှ ခုခံပေး ရန် သင့်အားကူညီပေးသည့်အပြင်၊ စိတ်ဓာတ်ပိုင်း ဆိုင်ရာအခက်အခဲပြဿနာ များတို့ကို ဖြေရှင်းပေးနိုင်သည့်ရလဒ်ကိုပါ ပေါ်ထွက်လာစေပါသည်။

        ဒုတိယအချက်အနေဖြင့် သင့်ကိုယ်တိုင်အတွက်နှင့် သင်သွားရောက် လည်ပတ်သည့်မိသားစုအတွက်ဆုတောင်းပေးရန် မိနစ်အနည်းငယ်မျှအချိန်ယူ ပါ။ ဆုတောင်းခြင်းအသက်တာတစ်ရပ်ဖြင့်နေထိုင်ခြင်းကို သင်၏ပန်းတိုင် အဖြစ်နေ့တိုင်းလုပ်ဆောင်ပါ။ သင်အိပ်ရာမှထလာသည်နှင့် ဆုတောင်းခြင်း ဖြင့်သင်၏တစ်နေ့တာ ဘ၀ကိုစတင်ပါ။ တစ်နေ့တာလုံးအတွင်း အချိန်အနည်း ငယ်မျှယူပြီး၊ ဘုရားသခင်ကို သူ၏ကူညီမစတော်မူခြင်းအတွက်ကျေးဇူးတင်ပါ။ ချစ်ခြင်းမေတ္တာဆုကျေးဇူးတော်အတွက် ဆုတောင်းပါ။ ခရစ်တော်နှင့်အလား သဏ္ဍာန်ကိုက်ညီမှုရှိစေသည့် နေထိုင်မှုပုံစံကိုဖော်ဆောင်ပါ။ သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပြည့်၀မှုရှိစေရန်ဆုတောင်းပါ။ ကောင်းမွန်သော နားထောင် တတ်သူတစ်ယောက်ဖြစ်အောင်ဆုတောင်းပါ။ ဥာဏ်ပညာနှင့်ထိုးထွင်းသိမြင် စွမ်းသော ဥာဏ်အတွက်ဆုတောင်းပါ။ သတ္တိရှိရန်အတွက်ဆုတောင်းပါ။ ကျေးဇူးတော်အတွက် ဆုတောင်းပါ။ သူ၏ဥာဏ်ပညာတော်နှင့်ဝိညာဉ်ရေး အတွက် ကာကွယ်တော်မူခြင်းကိုတောင်းခံခြင်းမရှိပါဘဲ သူ၏အိမ်မှမထွက်ခွာ သင့်ပါ။

        ဆုတောင်းခြင်းသည် သင်၏အစွမ်းအထက်ဆုံးသော ကိရိယာတန်ဆာ ပလာဖြစ်ပါသည်။ ဘုရားသခင်သည် ဥာဏ်ပညာမြော်မြင်တတ်မှု၊ သည်းခံခြင်း နှင့်မိမိကိုယ်ကို ထိန်းသိမ်းမှုများတို့ဖြင့် သင့်အားလုပ်ပိုင်ခွင့်အာဏာကို ပေးလို တော်မူပါသည်။ သူ၏ကာကွယ်စောင့်ရှောက်တော်မူခြင်းနှင့် ခွင့်လွှတ်တော်မူ ခြင်းအတွက် ဘုရားသခင်ကိုတောင်းလျှောက်ပါ။ သူသည် သင်၏ရုန်းကန်ရမှု များနှင့် သင်၏အကန့်အသတ်ဖြင့်ရှိသော စွမ်းဆောင်နိုင်မှုအတိုင်းအတာကို သိရှိတော်မူပါသည်။ သင့်အတွက်သူသည် ထိုနေရာတွင်အမြဲတစေရှိတော်မူပါ သည်။ သင်စကားပြောခြင်းအားဖြင့် သူနှင့်ပိုမိုနီးကပ်လာစေရန်အတွက် ပိုမို အားကောင်းလာစေပါသည်။

 

အသင်းအုပ်ဆရာဆိုင်ရာ လိုက်လံလည်ပတ်ကြည့်ရှုခြင်းအမှုကို ဦးစားပေးခြင်း

        တာဝန်ယူရမှုများသောကြောင့် အစွမ်းကုန်လုံးပါးပါးသွားကြသော်လည်း၊ အသင်းအုပ်ဆရာတို့သည် အဆင့်အတန်းရှိသော လည်ပတ်ခြင်းတို့ကို သေချာ အောင် လုပ်ဆောင်ရကြပါမည်။ ဖြစ်နိုင်ခြေရှိသော အားမလိုအားမရဖြစ်မှုများ ရှိသည့်တိုင်၊ လိုက်လံလည်ပတ်ကြည့်ရှုခြင်းအမှုများတို့သည် အမှုတော်ဆောင် ခြင်းလုပ်ငန်းတွင် လုပ်ရကျိုးနပ်သည့်အတွေ့အကြုံတစ်ခုအဖြစ် ရှိနေနိုင်ပါ သည်။ အသင်းအုပ်ဆရာ၏ လိုက်လံလည်ပတ်ကြည့်ရှုခြင်း လုပ်ငန်းအတွက် စီစဉ်ရာတွင် ၎င်းကိုဦးစားပေးပြီး ရေးဆွဲစီစဉ်ရန် အရေးကြီးလှပါသည်။ အသင်းအုပ်ဆရာတို့၏လည်ပတ်ခြင်းများကို လိုအပ်ကြသည့် လူအတန်းအစား အနည်းဆုံးခုနစ်အုပ်စုရှိကြပါသည်။

        ၁။ နာမကျန်းဖြစ်သောသူများ နာမကျန်းဖြစ်သောသူများထံသို့ အလည် အပတ်သွားရောက်ခြင်းသည် အသင်းအုပ်ဆရာ၏ အရေးကြီးသောတာဝန်ယူ မှုနှင့် အခွင့်ထူးတစ်ရပ်ပင်ဖြစ်ပါသည်။ ကာယပိုင်းဆိုင်ရာစိန်ခေါ်ခံရမှုကာလ များအတွင်း၊ ကျွန်ုပ်တို့က သူတို့ထံသို့သွားရောက်လည်ပတ်ကြပါက၊ သူတို့ သည် နှစ်ဆသောကောင်းချီးမင်္ဂလာကို ခံစားကြရမည်ဖြစ်ပါသည်။

        ၂။ သက်ကြီးရွယ်အိုများ - ဘုရားကျောင်းတွင်းဝတ်ပြုကိုးကွယ်ခြင်းကို အချိန်ကြာကြာတက်ရောက်နိုင်ခြင်းမရှိကြသည့် အသက်ကြီးသူအသင်းဝင်တို့ ထံသို့ အသင်းအုပ်ဆရာလည်ပတ်ခြင်းတို့ကို လုပ်ဆောင်ရန်အတွက် အချိန် ရယူသင့်ကြပြီး သူတို့၏ အိမ်သို့မဟုတ် အိုမင်းမစွမ်းတို့ကို ထားရှိသော အဆောက်အဦသို့ သွားရောက်လည်ပတ်ကြရပါမည်။ ဤသူတို့သည် ကမ္ဘာကြီး ၏မေ့လျော့ခြင်းကိုခံနေရကြသည်ဟု ခံစားရနိုင်ကြပါသည်။ သူတို့သည် ဘုရား ကျောင်းသို့ တက်ရောက်နိုင်တော့ခြင်းမရှိသည့်တိုင် သူတို့၏ အသင်းတော် အသိုက်အဝန်းနှင့် ချိတ်ဆက်မှုတစ်ခုရရှိစေရေးအတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ပေးခြင်းဖြင့် သူတို့၏အသက်တာ၌ ထင်ရှားသည့် ခြားနားမှုကို ဖော်ဆောင်ပေးနိုင်ပါသည်။

        ၃။ အသစ်သောပြောင်းလဲလာသူများ - အသင်းသူအသင်းသား အသစ် တို့သည် ဦးတည်ချက်နှင့် ပုဂ္ဂိုလ်ရေးပြုစုစောင့်ရှောက်မှုတို့ကို ကြီးမားစွာ လိုအပ်ကြပါသည်။ သူတို့သည် နောက်လိုက်ကောင်းများဖြစ်နိုင်ကြရန်အတွက် ကူညီသည့်အနေဖြင့် သူတို့ထံသို့ မကြာမကြာသွားရောက်လည်ပတ်ပေးကြရန် လိုအပ်ပါသည်။ သူတို့နှင့်အတူတကွရှိနေကြရန် အချိန်ကိုအသုံးချခြင်းသည် မည်သည့်အခါမျှအချိန် ကိုဖြုန်းတီးရာမရောက်ပါ။

        ၄။ အသင်းတော်၏ဧည့်သည်တော်များ - သင်၏ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်သို့ လာရောက်လည်ပတ်ဝတ်ပြုကြသည့် အသင်းဝင်သူမဟုတ်သူ များကို ပြန်လည်တုံ့ပြန်လည်ပတ်ပေးရေးသည် တတ်စွမ်းသမျှအဖြစ်နိုင်ဆုံး အမြန်ဆုံးဆောင်ရွက်ရပါမည်။ သူတို့၏ အိမ်ထောင်မိသားစုများထံသို့ သွား ရောက်ပေးပါ။ အကယ်၍ဖြစ်နိုင်ပါက နောက်ထပ်အသင်းဝင် အပြင်သူတို့ကို ရယူပါ။ သူတို့ကိုသူတို့၏ လာရောက်လည်ပတ်ဝတ်ပြုခြင်းအတွက် ကျေးဇူး တင်စကား အနည်းအကျဉ်းပြောပြီး၊ နောက်တစ်ဖန် လာရောက်လည်ပတ် ဝတ်ပြုရန်ဖိတ်ခေါ်ပါ။

        ၅။ လိုက်လံရှာဖွေခြင်းကိုမိသားစုအလိုက်လိုအပ်သူများ - ကျွန်ုပ်တို့၏ အသင်းသူအသင်းသားတို့အပေါ် နားလည်ပေးနိုင်စေရန်အတွက် သူတို့၏ အိမ်ထောင်မိသားစုများထံသို့. သွားရောက်လည်ပတ်ခြင်းအလုပ်ထက် အခြား မည်သည့်အရာကမျှ ကူညီပေးနိုင်စွမ်းမရှိပါ။ ၎င်းလည်ပတ်ခြင်းသည် သူတို့၏

        လိုအပ်မှုများနှင့်သူတို့ကြုံတွေ့နေရကြသည့်အခက်အခဲဖိစီးမှုတို့ကို ကျွန်ုပ်တို့ အား ကိုယ်တွေ့တွေ့ရှိနိုင်စေပါသည်။ မည်မျှလောက်မဆို ပေးအပ်ရသည် ဖြစ်စေ၊ ကျွန်ုပ်တို့သည် လိုလိုလားလားဖြင့်သွားရောက်လည်ပတ်ကြရပါမည်။ သူတို့ထံသို့မကြာခဏသင့်လျော်သလိုသွားရောက်လည်ပတ်ပေးပြီး၊ ဘက်လိုက် မှုဖြင့် မျက်နှာသာပေးမှုပုံမျိုး မပြသမိကြရန် သတိထားရကြမည်။

        ၆။     ပျောက်ဆုံးနေသောအသင်းသူအသင်းသားများ - ဤလူစုအမျိုး အစားတွင် အကြောင်းထူးကိစ္စမရှိပါဘဲ ဘုရားကျောင်းသို့ပုံမှန်တက်ရောက်ရန် ပျက်ကွက်ကြသူများတို့လည်းအပါအဝင်ဖြစ်ကြပါသည်။ သူတို့ထံသို့ကျွန်ုပ်တို့ သွားရောက်လည်ပတ်ခြင်းသည် ကျွန်ုပ်တို့ကသူတို့အား စောင့်ရှောက်ကြည့်ရှု နေကြဆဲဖြစ်ကြောင်းကို ပြသပေးရာရောက်သည့်အပြင်၊ ဘုရားကျောင်းသို့ ပြန်လည်တက်ရောက်လာကြရန် ခွန်အားပေးတိုက်တွန်းနိုင်ကြပါသည်။

        ၇။     ဒေသခအသင်းတော်ခေါင်းဆောင်များ ကျွန်ုပ်တို့သည် အသင်း အုပ် ဆရာများဖြစ်ကြသည့်အလျောက် ကျွန်ုပ်တို့၏အမှုတော်ဆောင်လုပ်ငန်း ကိုဖြည့်ဆည်းပေးနိုင်ရန် ဒေသခံအသင်းတော်ခေါင်းဆောင်တို့၏ ကူညီမှုပေါ် တွင် မှီခိုနေရကြပါသည်။ သူတို့နှင့်အတူတကွပူးပေါင်းပြီး အလည်အပတ် ထွက်ကြခြင်းသည် တွေ့နေကျပုံမှန်နှောင်ဖွဲ့မှုတစ်ခုကို တည်ဆောက်ရန် ကူညီ ပါသည်။ ထိုကဲ့သို့သူတို့နှင့်အတူတကွ အလည်အပတ်ထွက်သောအချိန်သည် ကျွန်ုပ်တို့နှင့်သူတို့၏ ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်းဖြစ်စေသည့်အပြင်၊ သူတို့၏အသင်းတော်အတွက် မည်သည့်လုပ်ကိုင် ဆောင်ရွက်ပေးမှုတို့ကိုမဆို ကျွန်ုပ်တို့ကဂုဏ်ယူအသိအမှတ်ပြုကြောင်းကို ပြသနိုင်ကြသည့်အကောင်းဆုံး သောအချိန်ဖြစ်ပါသည်။

        လူအများကသူတို့သည် အသင်းအုပ်ဆရာ၏ အလည်အပတ်ပြုခြင်းကို မည်သည့်အချိန်အခါမျှမရရှိခဲ့ကြောင်းပြောဆိုကြသည့်အသံကို ကျွန်ုပ်ကြားသိ ရပါသည်။ အသင်းအုပ်ဆရာ၏လိုက်လံလည်ပတ်ကြည့်ရှုခြင်းအမှုသည် အချိန် ကိုဖြုန်းတီးပြီးပင်ပန်းသော အလုပ်ဖြစ်သော်လည်း ၎င်း၏ဆုလာဘ်တို့သည် ပေါ်လွင်ထင်ရှားနေကြပါသည်။ ၎င်းကိုခင်မင်ရင်းနှီးမှု၊အသင်းဝင်တို့၏ တစ်ဦး အပေါ်တစ်ဦးခင်မင်မှုတို့တွင်တွေ့မြင်ရတတ်ပြီး အများအားဖြင့် ခရစ်တော်၏ ဧဝံဂေလိသတင်းစကား တိုးတက်မှုအတွင်းတွင် တွေ့ရှိနိုင်ပါသည်။

 

အလည်အပတ်ထွက်ခြင်းအတွက်လက်တွေ့ အသုံးဝင်သည့် အချို့သောနည်းလမ်းများ

        ၁။ လိုက်လံလည်ပတ်ကြည့်ရှုခြင်းဆိုင်ရာအစီအစဉ်တစ်ခုကိုရေးဆွဲပါ။ သင်၏အသင်းတော်ရှိ မိသားစုအားလုံးတို့ထံသို့ လည်ပတ်ရန်အတွက်စီစဉ်ပါ။ သင့်အနေဖြင့်အသင်းအုပ်ဆိုင်ရာလိုက်လံလည်ပတ်ကြည့်ရှုခြင်းအမှုကို တန်ဖိုး ထားကြောင်းကို သင်၏အသင်းသူအသင်းသားတို့သိရှိကြပါစေ။ သူတို့ထံသို့ သွားရောက်လည်ပတ်ရမည့်နေ့ရက်နှင့်အချိန်ကို သူတို့ဘာသာ ရွေးချယ်ကြပါ စေ။ သွားရောက်လည်ပတ်မှုအတွက် အစားအစာကိုပြင်ဆင်ပေးထားရန် သို့မ ဟုတ် သူတို့၏အိမ်များကို ရှင်းလင်းရန်အတွက် အချိန်အကုန်ခံရန် မလိုအပ် ကြောင်းကို သူတို့အားပြောပြထားပါ။ သူတို့ကိုရှိရင်းစွဲပုံမှန်အနေအထားဖြင့် သာ မြင်တွေ့လိုသည့်အကြောင်းကို သူတို့အား အလေးထားပြောကြားထားပါ။

        ၂။ ပတ်ဝန်းကျင်ဒေသတွင်း၌ လည်ပတ်ခြင်းပြုရန် - ဤလုပ်ရပ်သည် သင့်အားအချိန်နှင့်ငွေကြေးအကုန်အကျကို သက်သာစေပါလိမ့်မည်။ နေ့ရက် အလိုက်၊ ရက်သတ္တပတ်အလိုက် ၎င်းလုပ်ဆောင်မှုသည် သင့်အားအကျိုးရှိစေ ရန်ကူညီပါလိမ့်မည်။

        ၃။ တစ်ဦးတစ်ယောက်တည်းလည်ပတ်ခြင်းကိုရှောင်ကြဉ်ပါ - တစ်စုံ တစ်ယောက်သော ဆန့်ကျင်ဘက်လိင်ထံသို့ မည်သည့်အခါမျှ တစ်ဦးတည်း အလည်အပတ်မသွားပါနှင့်။ ဖြစ်နိုင်ပါက မည်သည့်အချိန်တွင်မဆို သင်၏ ဇနီးသည် သို့မဟုတ် ဒေသခံအသင်းလူကြီးတစ်ယောက်ယောက်ကို သင်နှင့် အတူလိုက်ပါရန် ပြောကြားပါ။ ဤကြိုတင်ကာကွယ်မှုကို မသိကျိုးကျွန်ပြုကြ ခြင်းဖြင့် အများသော အသင်းအုပ်ဆရာတို့သည် သူတို့၏အမှုတော်ဆောင် လုပ်ငန်းကို တုံ့ဆိုင်းမှုဖြစ်ပေါ်စေပြီးနောက် ဆုံးရှုံးတတ်ကြပါသည်။

        ၄။ အရန်အစီအစဉ်တစ်ခုကိုထားရှိပါ - လိုက်လံကြည့်ရှုခြင်းအစီအစဉ် သည် ဖြစ်နိုင်ခြေမရှိပါက၊ တယ်လီဖုန်းခေါ်ဆိုခြင်းသည် အလွန်ထိရောက်မှု ရှိပါသည်။ ဤတယ်လီဖုန်းခေါ်ဆိုမှုတို့သည် အဓိပ္ပါယ်အလွန်ရှိပြီး၊ အသင်း အုပ်ဆရာဆိုင်ရာပူပန်သောက သို့မဟုတ် တစ်ဦးတစ်ယောက်အား နှစ်လိုဖွယ် နေ့ရက်အတွက် နှုတ်ခွန်းဆက်သသည့်ထုတ်ဖော်ပြောဆိုမှုမျိုးကို လုပ်ဆောင် နိုင်ပါသည်။ တိုတိုတုတ်တုတ် စကားစမြည်ပြောဆိုခြင်းသည် ဆုတောင်းစကား အဖြစ်ဆီသို့ ဦးတည်စေနိုင်ပါသည်။

        ၅။     တိုတောင်းသောအချိန်ဖြင့် သာလည်ပတ်ခြင်းကိုလုပ်ဆောင်ပါ - သင်၏ အလည်အပတ်သည် အချိန်အလွန်ကြာလွန်းလှသည်ဟု လူတို့၏ အထင်ခံရခြင်းထက် အချိန်သိပ်မကြာပါဟူ၍ခံစားကြရခြင်းသည် အစဉ်အမြဲ ပိုမိုကောင်းမွန်သောအနေအထားမျိုးဖြစ်ပါသည်။ တစ်အိမ်လျှင် မိနစ်သုံးဆယ် ခန့်မျှသာ လည်ပတ်ပေးနိုင်ရန်ကြိုးစားပါ။

        ၆။ တစ်စုံတစ်ရာကိုမျှဝေပေးကမ်းပါ - သင်သွားရောက်လည်ပတ်သည့် အိမ်တွင် မည်သည့်အခါတွင်မဆိုဖြစ်နိုင်ပါက တစ်စုံတစ်ခုကိုပေးထားခဲ့ပါ။ နှစ်သိမ့်မှုကတ်ပြား၊ ပန်းပွင့်၊ လေပူပေါင်း၊ ပန်းချီကား၊ စာအုပ်၊ ယခင်ရက် သတ္တပတ်၏ အစီအစဉ်ကြေညာချက်စာရွက် သို့မဟုတ် တစ်စုံတစ်ခုသော လက်ဆောင်ပစ္စည်းအတွက် တိုကင်လက်မှတ် စသည့်တစ်ခုခုကို ပေးထားစေ လိုပါသည်။ ဝိညာဉ်ရေးကိုထွန်းလင်းစေပြီး သင်၏လည်ပတ်ခြင်းကို အမှတ်ရ စရာအဖြစ်ကျန်ရှိစေမည်ဖြစ်ပါသည်။ ၎င်းလက်ဆောင်သည် တန်ဖိုးကြီးလှ သော အရာမဖြစ်သင့်ပါ။ မိမိသွားရောက်လည်ပတ်သော သူတို့ထံတွင် တစ်စုံ တစ်ခုကို ပေးထားခဲ့ခြင်းသည် လိုက်လံလည်ပတ်ကြည့်ရှုခြင်းအမှု၏ လိုအပ် ချက်တစ်ခုမဟုတ်သော်လည်း ရိုးရှင်းသည့်ကောင်းမွန်သော အမှုတစ်ခုပင် ဖြစ်ပါသည်။ အကယ်၍ သင်သည်ပေးထားစရာတစ်စုံတစ်ခုမျှ မရှိပါကလည်း သွားရောက်လည်ပတ်ဖြစ်အောင်လည်ပတ်ပါ။ သူတို့ထံတွင် သင်၏ ရောက်ရှိ သွားမှုသည် သင်၏လက်ဆောင်ပစ္စည်းများထက် ပိုမို၍အရေးပါလှပါသည်။

        ၇။ ခပ်တန်းတန်းဆက်ဆံရေးမှ ရင်းနှီးဖော်ရွေမှုရှိစေသော ဆက်ဆံ ရေးသို့ရောက်ရှိသွားအောင် စတင်ဖော်ဆောင်ပေးပါ - အဦးဆုံးအနေဖြင့် သင် အသင်းဝင်သူ၏အသက်တာများတွင် ဖြစ်ပျက်နေသည့်အရာများကို သင် စိတ်ဝင်တစားရှိသည့်အကြောင်းကို သင်ထုတ်ဖော်ပြောကြားပါ။ အသင်းအုပ် ဆရာတစ်ယောက်အနေဖြင့် သင်၏အသင်းဝင်သူအစုအဖွဲ့၏ ဝိညာဉ်ရေးဆိုင် ရာကိစ္စရပ်များတို့သည် သင်၏အဦးဆုံးသောအရေးကိစ္စအဖြစ်ထားရှိရပါမည်။ သို့သော်လည်း သူတို့ အသက်တာများတို့၏ အခြားသောနယ်ပယ်အရေးကိစ္စ အပေါ်တွင်ပါ သင့်အနေဖြင့် စိတ်ဝင်စားမှုရှိကြောင်းကိုလည်း ပြသသင့် ပါသည်။ ကျွန်ုပ်အနေဖြင့်မှာမူ သူတို့၏ အားလပ်ရက်များ၊ အလုပ်အကိုင် အကြောင်းများ၊ သားသမီးတို့၏ ကျောင်းနေရေးကိစ္စနှင့် သူတို့၏ မိတ်ဆွေ အကြောင်းများကို ပြောနေကြသည်ကိုနားထောင်ရခြင်းအတွက် နှစ်သက်ကြည် နူးမိပါသည်။ဤကဲ့သို့သောအကြောင်းအရာကိုပြောဆိုမှုများတို့သည် သူတစိမ်း ဆန်မှုကို ခင်မင်ရင်းနှီးမှုအနေအထားဆီသို့ရောက်ရှိသွားစေပြီး၊ ဝိညာဉ်ရေးရာ ကိစ္စများဆီသို့ ကူးပြောင်းပြောဆိုရန်အတွက် လွယ်ကူသွားစေပါသည်။ ကျွန်ုပ် သည် ရှေးဦးစကားပုံဖြစ်သည့် သူတို့အပေါ်သင်မည်မျှဂရုတစိုက်ရှိသည်ကို သူတို့သိရှိလာကြသည်အထိ သူတို့သည် သင်မည်မျှသိရှိသည်ကို ဂရုမထားကြ ပါ ဆိုသည့်အချက်ကို ကျွန်ုပ်လက်ခံသဘောတူပါသည်။

        ၎င်းအချက်ကိုကျွန်ုပ်သည် ကျွန်ုပ်၏ကိုယ်ပိုင်ဘ၀အချို့နှင့် မိသားစုကို မျှဝေပေးရန်အတွက် အသုံးဝင်ကြောင်းကို တစ်ခါတစ်ရံတွင်ကျွန်ုပ်သိရှိရပါ သည်။ ကျွန်ုပ်သည် ပျော်ရွှင်မှုများကို စိုးရိမ်သောကများနှင့်ဝမ်းနည်းပူဆွေးမှု များတို့နှင့်ပြည့်၀သည့်သာမန်အသက်တာမျိုးသာရှိကြောင်းကိုပြသပေးခြင်းဖြင့် သူတို့ကိုအသိပေးနိုင်ရန် ကြိုးစားပါသည်။ ဤနေရာတွင် သင်သည် သိသိ သာသာသတိထားရပါမည်။ သင့်အကြောင်းကို သင်ပြောပြရန်အတွက် အချိန် အများအပြားအကုန်ခံရခြင်းကို သင်လိုလားမည်မဟုတ်ပါ။ သို့သော်လည်း အသင်းအုပ်ဆရာကိုယ်၌က ဤကဲ့သို့ လုပ်ဆောင်ရန်ပြင်ဆင်ပါက အချို့သော သူတို့က ထိုကဲ့သို့လုပ်ဆောင်အောင်လမ်းဖွင့်နိုင်သည့်နည်းလမ်းကို အလွယ်တ ကူတွေ့ ရှိနိုင်ကြပေမည်။

 

အသင်းအုပ်ဆရာဆိုင်ရာလိုက်လံလည်ပတ်ကြည့်ရှုခြင်း၏ အခြေခံကျသောအချက် () ချက်

        အသင်းသူအသင်းသားတို့ထံသို့ အလည်အပတ်သွားသောအခါ၊ ကိစ္စရပ် အတော်များများကို အောင်မြင်ပြီးမြောက်မှုရှိစေသော ကြီးမားသည့်အခွင့် အလမ်းကို ဖြစ်ပေါ်စေပါသည်။ ကျွန်ုပ်သည် အသင်းအုပ်ဆရာဆိုင်ရာ လိုက်လံကြည့်ရှုခြင်းအမှု၏ အသေးစိတ်အချက်အားလုံးတို့ကို ပေးအပ်ရန် မရည်ရွယ်သော်လည်း၊ မရှိမဖြစ် လိုအပ်သည့်အချက်များတို့ကို မျှဝေပေးလိုပါ သည်။ ထိရောက်သည့်အကျိုးဖြစ်ထွန်းမည့်လည်ပတ်ခြင်းတွင် ပါရှိသင့်သည့် အခြေခံအချက်အနည်းဆုံး () ချက်ရှိပါသည်။

၁။ ကျမ်းစာတော်မြတ်ကိုဖတ်ရှုခြင်း

        အသင်းအုပ်ဆရာ၏ လည်ပတ်ခြင်းတစ်ခုတွင် ကျမ်းစာတော်မြတ်ကို ဖတ်ပေးခြင်းအလုပ်မပါရှိပါက ၎င်းလည်ပတ်ခြင်းသည် ပြည့်စုံမှုမရှိပါ။ သင် သွားလေရာရာ လည်ပတ်ခြင်းတို့တွင် သင်၏သမ္မာကျမ်းစာအုပ်ကို ယူဆောင် သွားပြီး ဤကျမ်းစာအုပ်သည် သင်၏အသက်တာနှင့် သင်၏အမှုတော်ဆောင် လုပ်ငန်းအတွက် အချက်အချာကျလှကြောင်းကို အသိပေးပြောကြားရပါမည်။

သင်အလည်အပတ်သွားမည့်သူ၏ အထူးတလည်လိုအပ်ချက်များတို့နှင့် ကိုက်ညီမှုရှိသည့် ကျမ်းစာတော်မြတ်မှကျမ်းချက်အချို့ကို ရွေးချယ်ထားပါ။ တစ်ခါတစ်ရံတွင် သင်သွားရောက်လည်ပတ်သည့်သူများတို့နှင့် စကားမပြောရ သေးသည်အထိ သူတို့၏ ပတ်ဝန်းကျင်အခြေအနေတို့ကို သင့်အနေဖြင့် အပြည့်အဝသိရှိနိုင်မည်မဟုတ်ပါ။ ထိုသူ၏လိုအပ်ချက်များအတွက် အသုံးချ နိုင်ရန်အတွက် ကျမ်းစာတော်မြတ် ကောက်နုတ်ချက်စာသားတို့ဖြင့် အသေး စိတ်ရှင်းပြပေးပါ။ ဘုရားသခင်၏ကတိတော်တို့သည် ယုံကြည်စိတ်ချအားထား ရသည့်အပြင် ဘုရားသခင်၏ နှုတ်တော်ထွက်တွင် ခွန်အားကိုသူတို့တွေ့ရှိနိုင် ရန်အတွက် သင်၏လည်ပတ်ခြင်းသည် သူတို့ကိုကူညီနိုင်ပါသည်။ အသင်းအုပ် ဆိုင်ရာလိုက်လံလည်ပတ်ကြည့်ရှုခြင်းတွင် သင်သည် ကျမ်းစာတော်မြတ်ကို အသုံးပြုပါက သင်သည် ဘုရားသခင်၏နှုတ်တော်ထွက်ကို တန်ဖိုးထားပြီး သူ၏ဘုန်းတန်ခိုးတော်ကို ယုံကြည်မှုရှိသောသူအဖြစ်၊ အသိအမှတ်ပြုပြောဆို သတ်မှတ်ခံရမည်ဖြစ်ပါသည်။

လိုက်လံလည်ပတ်ကြည့်ရှုခြင်းအမှုတွင် ကျမ်းစာတော်မြတ်ကမည်ကဲ့သို့ကူညီနိုင်ပါသနည်း

        အသင်းသူအသင်းသားတို့၏ များစွာသော အသက်တာနယ်ပယ်များတွင်သူတို့ကိုကျွန်ုပ်တို့က ညွှန်ကြားမှုပေးရာတွင် ကျမ်းစာတော်မြတ်သည် ကျွန်ုပ်တို့ အားကူညီနေပါသည်။ အသင်းအုပ်ဆရာ၏ လည်ပတ်ခြင်းကာလအတွင်း  ကျမ်းစာတော်မြတ်ကို ဖတ်ရှုရသည့်အကြောင်းခြင်းရာများတို့ကို အောက်တွင် ဖော်ပြထားပါသည်။

    ကျမ်းစာတော်မြတ်သည် ဘုရားသခင်၏ အလိုတော်ကိုသင်ကြားပို့ချပေး ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကဝိညာဉ်ရေးရာအသက်တာဖြင့် နေ ထိုင်သွားကြရန်အတွက် ကျွန်ုပ်တို့ကို ဖန်ဆင်းတော်မူပါသည်။ သို့သော်လည်း ထိုကဲ့သို့သော အသက်တာမျိုးကို နေထိုင်သွားတတ်ကြရန်အတွက် ကျွန်ုပ်တို့ ထံမှဘုရားသခင်ကမည်သည့်အရာကိုတောင်းဆိုတော်မူသည်ဆိုခြင်းကို ကျွန်ုပ် တို့က သင်ကြားရယူရပါမည်နည်း။ ကျွန်ုပ်တို့သည် အသင်းအုပ်ဆရာများ ဖြစ်ကြသည်အားလျော်စွာ ကျွန်ုပ်တို့၏ အသင်းသူအသင်းသားတို့အနေဖြင့် သူတို့၏အသက်တာများအတွက် ဘုရားသခင်၏ဆန္ဒတော်ကိုထွေးပိုက်ထားကြ ရန် ကျွန်ုပ်တို့လိုလားကြပါသည်။ သူတို့အားကျွန်ုပ်တို့က အကြံဉာဏ်ပေး သည်ထက်၊ သူတို့အနေဖြင့် ဘုရားသခင်၏ နှုတ်တော်ထွက်ကိုကြိုးစား ရှာဖွေ ကြရန် ကြီးကြပ်လမ်းညွှန်ပေးပြီး၊ သူတို့၏နေ့စဉ် အသက်တာများအတွက် ကြီးကျယ်လှသော ကျမ်းစာတော်မြတ်ဆိုင်ရာ အခြေခံ စည်းမျဉ်းများတို့ဆီသို့ ညွှန်ကြားပို့ဆောင်ပေးသင့်ကြပါသည်။

    ဤကျမ်းစာတော်မြတ်ဆိုင်ရာအခြေခံစည်းမျဉ်းများတို့ကို ဝေငှပေးရာတွင် သင်၏အသင်းသူအသင်းသားတို့သည် သခင်ယေရှုအားဖြင့် သူတို့သည် သန့် ရှင်းပြီးဖြောင့်မတ်ခြင်းရှိနိုင်ကြရန်နည်းလမ်းကို သင်ကဖြန့်ဝေပေးသောအခါ သူတို့အတွက် ဘုရားသခင်က လူအများလက်ခံနိုင်သည့် မြင့်မားသောအပြု အမူနှင့် ကိုယ်ကျင့်တရားကို ချမှတ်ပေးထားတော်မူသည်ကို တွေ့မြင်လာကြ သည်နှင့် လူတို့သည် တအံ့တဩဖြစ်နေကြပေမည်။ သူတို့၏ အားနည်းမှု အတွက် ဘုရားသခင်က မည်ကဲ့သို့သူတို့ကို ခွန်အားပေးတော်မူခြင်းနှင့် သူတို့ ပရမ်းပတာ၀ရုန်းသုန်းကားအခြေအနေတွင် မည်ကဲ့သို့ငြိမ်သက်ခြင်းကို ပေးတော်မူသည်ကို သင်ကြားရယူကြရန် သင့်အနေဖြင့် သူတို့ကိုခွန်အားမြှင့် တင်ပေးရပါမည်။

    ကျမ်းစာတော်မြတ်သည်ဘုရားသခင်၏ညွှန်ကြားတော်မူချက်ကို ပေးကမ်း ပါသည်။ လည်ပတ်မှုတစ်ခုအတွင်း ကျမ်းစာတော်မြတ်ကိုဖတ်ပေးခြင်းသည် ဘုရားသခင်၏အစီအစဉ်ကို သူ၏လူစုတော်တို့ထံသို့ မျှဝေပေးခြင်းပင်ဖြစ်ပါ သည်။ ကျွန်ုပ်တို့သည် ကျမ်းစာတော်မြတ်ကို အတူတကွလေ့ကျက်ကြခြင်းဖြင့် သမ္မာကျမ်းစာ၏ ထာ၀ရတည်မြဲမှုကို အသစ်တစ်ဖန် ပြန်လည်အမှတ်ရစေပါ သည်။ သမ္မာကျမ်းစာသည် ၎င်းကိုရေးသားထားသည့်အချိန်ကကဲ့သို့ပင် ယခု ခေတ်ကာလနှင့်လည်း လိုက်လျောညီထွေဆီလျော်မှုရှိပါသည်။ ကျွန်ုပ်၏ အသက်တာတွင် ကျွန်ုပ်သည် မကြာမကြာ စုံစမ်းစစ်ဆေးမှုများနှင့်ကြုံတွေ့ ရသောအခါတွင် ကျွန်ုပ်အတွက်အထူးပြုရေးထားခြင်းဖြစ်သော သမ္မာကျမ်းစာ ၏အစိတ်အပိုင်းများတို့ကို အမှတ်မထင်တွေ့မိပါသည်။

        ကျွန်ုပ်တို့၏အသက်တာတွင် သမ္မာကျမ်းစာသည် ကျွန်ုပ်တို့တွေးထင်ထား သည့်နည်းလမ်းကိုပြောင်းပေးခြင်းအားဖြင့်ကျွန်ုပ်တို့ကိုဦးတည်ရာလမ်းကြောင်းကိုပေးပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်တော်ထွက်ကို ဖတ်ရှုခြင်း အားဖြင့် ကျွန်ုပ်တို့၏ဦးစားပေးမှုများတို့သည် ပြောင်းလဲသွားပါသည်။ ဘုရား သခင်က ကျွန်ုပ်တို့ရယူရန် သူအလိုရှိတော်မူသော ဦးတည်ရာလမ်းကြောင်း အသစ်တို့ကိုလည်း ကျွန်ုပ်တို့ဖော်ထုတ်ရယူနိုင်ပါသည်။

        ကျမ်းစာတော်မြတ်သည်ကျွန်ုပ်တို့ဒုက္ခရောက်သောအချိန်များတွင် ကျွန်ုပ် တို့ကိုနှစ်သိမ့်မှုပေးပါသည်။ ကျမ်းစာတော်မြတ်သည် ကြီးမားသော နှစ်သိမ့်မှု တစ်ခုဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့အတော်များများတို့သည် အသက်တာတွင် မှောင်မိုက်သော အချိန်ကာလများတို့ကို ဖြတ်သန်းလာခဲ့ရကြပြီးနောက် နှစ် သိမ့်မှုကို (ဆာလံ ၂၃း၄) တွင် အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသော ... ကျွန်ုပ်ကိုချမ်းသာစေပါ၏ ဟူ၍ တွေ့ရှိကြရပါသည်။ ဤစာလုံးများ တို့ကို ကျွန်ုပ်တို့ဖတ်ရှုကြသည်အလျောက် ကျွန်ုပ်တို့၏မျှော်လင့်ချက် ကုန်ဆုံးမှု ကာလအတွင်း ကျွန်ုပ်တို့နှင့်အတူတကွ ဘုရားသခင်ထားရှိတော်မူသည့် ခံစား ရမှုကို ခံစားရပါသည်။

        ကျော်ဖြတ်လာခဲ့ရသည့်နှစ်များစွာအတွင်း ကျွန်ုပ်နာမကျန်းဖြစ်ပြီး၊ ပရမ်း ပတာ၀ရုန်းသုန်းကားဖြစ်ချိန်နှင့် ရှုပ်ရှုပ်ထွေးထွေးဖြစ်နေသော ကာလများ အတွင်း ကျွန်ုပ်သည် နှစ်သိမ့်မှုကို ကျမ်းစာတော်မြတ်ထဲတွင် အမြဲတစေတွေ့ ရှိခဲ့ရပါသည်။ ဘုရားသခင်၏ နှုတ်တော်ထွက်တို့သည် ကျွန်ုပ်အားဖြေသိမ့်မှု ပေးပါသည်။ သူသည် ကျွန်ုပ်အား ဝမ်းမြောက်ရွှင်လန်းခြင်းကတိတော်နှင့် ပတ် သက်သည့် အသက်တာကိုပေးတော်မူခဲ့ပြီးဖြစ်ပါသည်။ သူ၏နှုတ်တော်ထွက် ကိုဖတ်ရှုခြင်းသည် သူ၏ဦးဆောင်ပဲ့ပြင်တော်မူမှုကို လိုအပ်ကြသော ကျွန်ုပ်တို့ အား အမှန်တကယ်ရရှိစေမည့်အတည်ပြုချက်ကိုသိရှိစေပါသည်။ သင်၏လည် ပတ်မှုတစ်ခုစီတိုင်းတို့တွင်သင်နှင့်အတူသင်၏ကျမ်းစာတော်မြတ်ကို ယူဆောင် သွားပြီးဖတ်ပြပေးရန် မည်သည့်အခါမျှမမေ့ပါနှင့်။ ဤသို့သောအားဖြင့် သင်၏ အသင်းဝင်သူများနှင့်သင်အပါအဝင် နှစ်ဦးနှစ်ဖက်တို့သည် ကောင်းချီးမင်္ဂလာ တစ်ရပ်ကိုခံစားရကြမည်ဖြစ်ပါသည်။

 

() နားထောင်ပေးခြင်း

        ရိုးသားဖြူစင်စွာဖြင့် အာရုံစိုက်မှုနှင့်နားထောင်ပေးခြင်းသည်  အမှုတော် ဆောင်ခြင်း၏ အရေးကြီးသော ကဏ္ဍတစ်ခုပင်ဖြစ်ပါသည်။ ပါးနပ်မှုရှိသော အသင်းအုပ်ဆရာတစ်ယောက်သည် သူတို့ကမည်သည့်အရာကိုပြောဆိုကြမည် ကို တွေးဆမိမည်ဖြစ်သော်လည်း ပညာရှိပြီးကရုဏာထားတတ်သော အသင်း အုပ်ဆရာတစ်ယောက်သည် ထိုသူတို့အနေဖြင့် ထိုသို့သောစကားမျိုးကိုပြော ဆိုနိုင်မည့်အခွင့်အလမ်းမျိုးကို ပေးတတ်ပါသည်။

        အများအားဖြင့် လူတို့သည် ပိုမိုနားထောင်တတ်သောသူထက် အပြော ကောင်းသောသူက အရေအတွက်အားဖြင့် ပိုမိုများပြားပါသည်။ ၎င်းအချက် သည် အသင်းအုပ်ဆရာများတို့တွင်လည်း ခြားနားမှုမရှိပါ။ ကျွန်ုပ်တို့အား ညံ့ဖျင်းသော နားထောင်တတ်သူများဖြစ်အောင် မည်သည့်အရာကလုပ်ဆောင် ပါသနည်း။ အဦးဆုံးအနေဖြင့် ကျွန်ုပ်တို့သည် မည်ကဲ့သို့နားထောင်ပေးရကြ မည်ကို မည်သည့်အခါကမျှသင်ကြားပို့ချခြင်းမခံခဲ့ရကြပါ။ စာသင်ကျောင်း တွင် ကျွန်ုပ်တို့သည် မည်ကဲ့သို့ ပြောဆိုကြရမည်၊ မည်ကဲ့သို့စာဖတ်ကြရမည် နှင့် မည်ကဲ့သို့စာရေးရကြမည်ကို ပို့ချပေးခြင်းခံကြရသော်လည်း တစ်ဖက်လူ က ပြောလာသောစကားကို စိတ်ပါလက်ပါဖြင့် အာရုံပြုနားထောင်ပေးရသည့် သင်ရိုးညွှန်းတမ်းမျိုးမရှိပါ။ ဒေးလ်ကာနယ်ဂျီက သူ၏ စာအုပ် မိတ်ဆွေများ ကိုသိမ်းသွင်းနည်းနှင့် လူတို့အပေါ်ဩဇာလွှမ်းမိုးနိုင်မည့်နည်းလမ်းများ အထဲ တွင် ကောင်းမွန်စွာနားထောင်ပေးတတ်သူတစ်ယောက်ဖြစ်ပါစေ။ အခြား သောသူတို့အား မိမိတို့ hအကြောင်းတို့ကိုပြောကြားအသိပေးရန် အားပေးတိုက် တွန်းပါ ဟူ၍ရေးသားထားပါသည်။ နားထောင်ပေးခြင်းအားဖြင့် သင်သည် လူတို့နှင့်ပတ်သက်ပြီး၊ စိတ်ဝင်စားဖွယ်ရာအကြောင်းအများအပြားတို့ကို ဖော် ထုတ်သိရှိနိုင်ပါလိမ့်မည်။ တစ်ချိန်တည်းတွင် သင်သည် စကားပြောခြင်းနှင့် နားထောင်ခြင်းကိုတစ်ပြိုင်တည်းမလုပ်ဆောင်နိုင်ပါ။ ရှေးဟောင်းဂရိတွေးခေါ် ပညာရှင်ဖြစ်သူ ဒိုင်အိုဂျဲနက်(စ်) က၊ အဆိုအမိန့်အဖြစ် ကျွန်ုပ်တို့သည် ပိုမိုကြားရရန်နှင့်အနည်းငယ်သော စကားပြောရန်အတွက် နားကနှစ်ဖက်ရှိပြီး၊ လျှာမှာမူတစ်ချောင်းသာရှိပါသည် ဟူ၍ ပြောဆိုခဲ့ပါသည်။

 

နားထောင်ပေးသောသူများအဖြစ်ရှိရမည့်အသင်းအုပ်ဆရာများ

        လူအများအပြားတို့သည် မျှော်လင့်ချက်ကင်းလောက်အောင် လိုအပ်မှုရှိ နေကြပါသည်။ သို့သော် ကျွန်ုပ်တို့အနေဖြင့် သူတို့၏လိုအပ်ချက်အတွက် ပြော ဆိုချက်များတို့ကို နားထောင်ပေးခြင်းမရှိဘဲ သူတို့အားမည်ကဲ့သို့ ကူညီရကြ မည်ကို မည်ကဲ့သို့ သိရှိနိုင်ကြမည်နည်း။ လူမှုဆက်ဆံရေးအနေအထားဆီသို့ မည်သည့်စစ်မှန်သော နားထောင်ပေးမှုက ရောက်ရှိစေပါသနည်း။

    တလေးတစားရှိပါစေ - နားထောင်ပေးခြင်းသည် အခြားသောသူတို့ အပေါ် လေးစားမှုကိုပြသပါသည်။ အကယ်၍သာ ကျွန်ုပ်သည်သင့်အား လေး စားပါက သင်က ကျွန်ုပ်အားပြောကြားသောအရာကို ကျွန်ုပ်ကသေသေချာချာ နားထောင်ပေးမည်သာ ဖြစ်ပါသည်။ သင်ပြောပြပေးသည့်အကြောင်းအရာကို ကျွန်ုပ်စိတ်ဝင်တစားရှိခြင်းကို ကျွန်ုပ်၏နားထောင်ပေးခြင်းက ပြသနေပါသည်။ ဤအချက်သည် ကျွန်ုပ်အနေဖြင့် သင့်အားပုဂ္ဂိုလ်တစ်ဦးအနေဖြင့် စိတ်ဝင် တစားရှိသည်ဆိုခြင်းကို ပြောပြခြင်းဖြစ်ပါသည်။

        ရိုးသားပွင့်လင်းမှုရှိပါ - နားထောင်ပေးခြင်းသည် တစ်ဦးတစ်ယောက်၏ သဘောထားအမြင်အာဘော်အပေါ် ရိုးသားပွင့်လင်းမှုရှိခြင်း၏ အမှတ်လက္ခ ဏာပင်ဖြစ်ပါသည်။ လူများတို့ကပြောဆိုမည့်အရာကို သင့်အနေဖြင့်လိုလိုလား လားရှိပါက သူတို့သည်လည်း သင်ပြောပြမည့်အရာအပေါ် လိုလိုလားလား ရှိကြပေမည်။ အခြားသောသူတို့၏ သဘောထားအမြင်အာဘော်အပေါ် သင် ကလိုလိုလားလားရှိသည်ကို ပြသပေးခြင်းသည် သူတို့၏ ကိုယ်ပိုင်ခံစားချက်ကို ထုတ်ဖော်ပြောဆိုရန်အတွက် လုံခြုံစိတ်ချရမှုကိုခံစားကြရစေပြီး၊ ပိုမို၍ရိုးသား ပွင့်လင်းစွာရင်ဖွင့်ကြပေမည်။

        လူတို့နှင့်အတူရှိနေပါ - နားထောင်ပေးခြင်းသည် လူတို့နှင့်အတူတကွ ရှိနေသည့်အဓိပ္ပါယ်ဆောင်ပါသည်။ သင်၏စိတ်အတွေးသည် ဟိုရောက်သည် ရောက်ဖြင့်စတင်ပျံ့လွင့်ပါက ၎င်းအခြေအနေသည် သင်နားထောင်ပေးခြင်း မဟုတ်ပါ။ နားထောင်ပေးနိုင်ရန်အတွက် စိတ်ရှည်သည်းခံမှုရှိရန် လိုအပ်ပါ သည်။ နားထောင်ပေးခြင်းသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ထိုင်နားထောင် ပေးရန်ချည်းသက်သက်မဟုတ်ပါ။ နိုးကြားတက်ကြွသည့် နားထောင်ပေးသူ တစ်ယောက်အဖြစ်ရှိနေပြီး၊ အလွယ်တကူ နားလည်နိုင်ရေးအတွက် ရံဖန်ရံခါ မေးမြန်းခြင်းခံရသည့်အနေအထား သို့မဟုတ် တစ်စုံတစ်ရာအကြောင်းအရာ အတွက် ထပ်မံပြောပြပေးရန် တောင်းဆိုခံရသည့်အခြေအနေမျိုးနှင့် ကြုံတွေ့ နေရသည့်အနေအထားမျိုးတွင် ရှိနေရသည်ကိုပြသပေးပါ။ လိမ္မာပါးနပ်မှုရှိ သော နားထောင်ပေးသူတစ်ယောက်အဖြစ်ရှိနေခြင်းသည် အကျင့်စရိုက်ကို ပျိုးထောင်ပေးရန်အတွက် လေ့ကျင့်မှုတစ်ခုဖြစ်ပါသည်။ သင်၏စိတ်နှလုံး အနီးသို့ သင်၏ နားရွက်ကိုချထားပြီး လေးလေးနက်နက် နားထောင်ပါ (အယ်နီစက်က်စ်တန်) ကြိုးပမ်းအားထုတ်မှုအတွက် ရရှိသည့်ဆုလာဘ်သည် ထိုက်တန်မှုရှိလှပါသည်။ တစ်စုံတစ်ရာသော ဆက်ဆံရေး၏ အောင်မြင်မှု ပမာဏကို နှစ်ဦးနှစ်ဖက်တို့၏နားထောင်ပေးနိုင်စွမ်းအတိုင်းအတာအားဖြင့် တိုင်းတာနိုင်ပါသည်။

        အသင်းအုပ်ဆရာများအနေဖြင့် စကားပြောကောင်းခြင်းသည် ကောင်း မွန် ပြေပြစ်သည့်ဆက်သွယ်ရေးနှင့်တူညီသည့်သဘောဆောင်သည်ဟု ထင် မှတ်ကြသည့်အလျောက် သူတို့သည် စကားပြောခြင်းဆိုင်ရာ အရည်အချင်းကို သာ အာရုံစူးစိုက်ကြပါသည်။ နားထောင်ပေးရန်အတွက်ရှိရမည့်အရည်အချင်း သည် အောင်မြင်သည့်ဆက်သွယ်ရေးအတွက် အရေးကြီးသည့်အစိတ်အပိုင်း နှင့် တူညီမှုရှိသည့်အရာတစ်ခု ဖြစ်ပါသည်။

() ဓမ္မတေးတစ်ပုဒ်ကိုသီဆိုပေးခြင်း

        လိုက်လံလည်ပတ်ကြည့်ရှုခြင်းများ လုပ်ဆောင်စဉ်ကာလအတွင်း၊ တေး သီချင်းတစ်ပုဒ်ကိုသီဆိုသင့်ပါသည်။ ဤလုပ်ရပ်သည် ထူးဆန်းသကဲ့သို့ရှိသော် လည်း တွေးတောကြံဆမှုအသစ်အဆန်းတစ်ခုမဟုတ်ပါ။ ကျွန်ုပ်သည် ကလေး ငယ်ဘ၀က ဒေသခံအသင်းတော်၏ အသင်းလူကြီးတစ်ယောက်ဖြစ်ခဲ့သူ၊ ကျွန်ုပ်၏ဖခင်နှင့်အတူ အသင်းတော်အသင်းဝင်တို့ထံသို့ တစ်ခါတစ်ရံလိုက်ပါ လည်ပတ်လေ့ရှိခဲ့ပါသည်။ အသင်းဝင်သူတို့၏အိမ်များတွင် ကျွန်ုပ်ဖခင်သည် ဓမ္မတေးတို့ကိုသီဆိုလေ့ရှိပါသည်။ ဤလုပ်ရပ်မျိုးကို ကျွန်ုပ်ဖခင်က မည်သည့် နေရာကသင်ကြားရယူခဲ့သည်ကို ကျွန်ုပ်အတွေးမပေါက်ပါသော်လည်း၊ လူ အများတို့က မည်မျှလောက် ထိုဓမ္မတေးသီဆိုပေးမှုကို ကြိုက်နှစ်သက်ခဲ့ကြ သည်ကို ကျွန်ုပ်တွေ့မြင်နိုင်ခဲ့ပါသည်။ သူ၏လုပ်ရပ်နမူနာအတိုင်း ကျွန်ုပ် လိုက်ပါလုပ်ဆောင်ခဲ့ပါသည်။

        ဓမ္မတေးသီချင်းတို့သည် တန်ဖိုးရှိလှပြီးအစွမ်းထက်လှသည်ကို ကျွန်ုပ် ယုံကြည်ပါသည်။ ဘုရားသခင်သည် သူ၏လူစုတော်တို့အား သူပေးအပ်တော် မူသောသတင်းစကားတော်ကို သူတို့၏စိတ်ထဲတွင် စွဲမြဲထင်မြင်ကျန်ရစ်စေရေး အတွက် ၎င်းသတင်းစကားတော်ကို သီချင်းအဖြစ် ပုံဖော်ရေးသားထားရန် မောရှေအား ညွှန်ကြားမိန့်တော်မူခဲ့ပါသည်။ (တရား ၃၁း၁၉) ဆာလံကျမ်း သည်လည်း ချီးမွမ်းခြင်းနှင့် အားပေးတိုက်တွန်းခြင်းအတွက်အသုံးပြုရန် စပ်ဆို ထားခဲ့သည့်သီချင်းများကိုစုပေါင်းသည့် ကျမ်းတစ်ကျမ်းဖြစ်ပါသည်။

 

ဓမ္မတေးသီဆိုခြင်း၏ အကျိုးကျေးဇူးများ

        ကောင်းမွန်သောတေးဂီတသည် ကျန်းမာရေးအတွက် အပြုသဘော ဆောင်သည့် အကျိုးကျေးဇူးများဖြစ်သည်ကို များစွာသောကျွန်ုပ်တို့သည် သတိ ပြုမိနေကြပါသည်။ ဝမ်းမြောက်ရွှင်လန်းခြင်းအသိစိတ်တစ်ခုကို မြှင့်တင်ပေး သည့်အပြင် ကောင်းမွန်သောတေးသီချင်းသည် ကျွန်ုပ်တို့ခံစားရကြသည့် စိတ် ဖိစီးမှုအဆင့်များတို့ကိုလည်း လျော့ပါးသွားစေပါသည်။ အခက်အခဲပြဿနာ များတို့နှင့်ဆက်နွှယ်မှုရှိသည့် စိတ်ဖိစီးမှုအများအပြားတို့ကို ဖြေရှင်းရာတွင် ပုံမှန်ဓမ္မတေးသီဆိုခြင်းသည် အထောက်အကူပြုပေးပါသည်။

        သခင်ယေရှုသည် တရားဇရပ်အတွင်းစုဝေးတွေ့ဆုံပွဲများတွင် ဓမ္မတေး သီဆိုမှုအလေ့အကျင့်ကို ဓမ္မသစ်ကျမ်းစာတော်မြတ်တွင် အသိပေးဖော်ပြထား ရာတွင် သူ၏ ဖခမည်းတော်ထံသို့ ဓမ္မတေးကိုသီဆိုရန် သူ၏တပည့်တော် တို့ကိုဦးဆောင်တော်မူသည့်အကြောင်းကိုဖော်ပြထားပါသည်။ (မဿဲ ၂၆း၃၀) ရှင်ပေါလုသည်ယုံကြည်သူတို့အား တရားဇရပ်စုဝေးဝတ်ပြုပွဲများတွင် ဓမ္မတေး များကိုသီဆိုကြရန် နောက်ပိုင်းတွင် နှိုးဆော်တိုက်တွန်းခဲ့ပါသည်။ (၁ကော ၁၄း၂၆) က ရှင်ပေါလုတိုက်တွန်းခဲ့သည့်အတိုင်း သူတို့လုပ်ဆောင်ခဲ့ကြသဖြင့် သူတို့ဝိညာဉ်တော်နှင့်ပြည့်၀ခဲ့ကြပါသည်။ (ဧဖက် ၅း၁၈-၁၉) များစွာသော ဓမ္မ တေးတို့တွင် ကျမ်းစာတော်မြတ်၏ အစိတ်အပိုင်းများပါဝင်နေပါသည်။ ဝိညာဉ် ရေးဆိုင်ရာတေးသီချင်းများတို့ကို သီဆိုခြင်းသည် သခင်ခရစ်တော်၏ နှုတ် တော်ထွက်ကို ကျွန်ုပ်တို့အတွင်း၌ ကိန်းအောင်းဝင်ရောက်စေသည့် အကောင်း ဆုံးသောနည်းလမ်းတစ်ခုဖြစ်ပါသည်။ (ကောလောသဲ ၃း၁၆) တရားဇရပ် စုပေါင်းဝတ်ပြုပွဲတွင် ဓမ္မတေးကိုသီဆိုခြင်း သို့မဟုတ် အိမ်တွင်သီဆိုခြင်းသည် မရှိမဖြစ်လိုအပ်သည့် အပြန်အလှန်သင်ကြားပို့ချခြင်း၊ ခွန်အားပေးတိုက်တွန်း ခြင်းနှင့် ရှင်ပေါလုညွှန်ကြားထားခဲ့သည့် (၁ကော ၁၄း၂၆) တွင်ပါရှိသည့် အတိုင်း ယုံကြည်သူတို့အား ပျိုးထောင်ပေးရန်အတွက် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။

        ဤကဲ့သို့သောဓမ္မတေးသီဆိုခြင်းသည် အသင်းဝင်သူတို့အား ဧဝံဂေလိ တရားတော်ကိုသင်ကြားပို့ချပေးခြင်းနှင့်စေ့ဆော်ပေးခြင်းလုပ်ဆောင်မှုအတွက် အထိရောက်ဆုံးသောနည်းလမ်းများအနက်မှ နည်းလမ်းတစ်ခုလည်း ဖြစ်ပါ သည်။ ဓမ္မတေးတစ်ပုဒ်သည် ဆုတောင်းချက်တစ်ခုဖြစ်ပါသည်။ ထို့အပြင် ဤကဲ့သို့သောအားဖြင့် ကျမ်းစာတော်မြတ်ကို ဖတ်ရှုခြင်းနှင့်ဆုတောင်းခြင်း၏ အံ့ဩဖွယ်သောရှေ့ပြေးနိမိတ်အဖြစ် ဓမ္မတေးသီဆိုခြင်းသည် ဖြစ်တည်လာခဲ့ ပါသည်။

        အသင်းအုပ်ဆရာ၏လိုက်လံလည်ပတ်ကြည့်ရှုခြင်းအမှုတိုင်းတွင် ဓမ္မတေး သီဆိုခြင်းကို အမှန်တကယ်လုပ်ဆောင်နိုင်သည့်အိမ်တွင် အချိန်တိုဝတ်ပြုကိုး ကွယ်ခြင်းကို လုပ်ဆောင်သင့်ပါသည်။ ကျွန်ုပ်တို့သည် ဓမ္မတေးကိုသီဆိုကြ သည်အလျောက် ကျွန်ုပ်တို့သည် အတူတကွရွှင်လန်းခြင်းကို ဖော်ဆောင်ကြပြီး ဘုရားသခင်၏ ဂုဏ်တော်ကို အတူတကွချီးမွမ်းရာရောက်ပါသည်။ မိသားစုဝင် များတို့သည်လည်း အတူတကွ ပါဝင်လာကြရေးအတွက် သူတို့ကိုတိုက်တွန်း အားပေးရပါမည်။

        တမန်တော်ရှင်ပေါလု၏ (ကောလောသဲ ၃း၁၆) တွင်ပါရှိသော သင်ကြား ပို့ချမှုများအတိုင်း ကျွန်ုပ်တို့လိုက်လျှောက်ကြပြီး ကျေးဇူးတရားများအကြောင်း ကို သင်ကြားပို့ချခြင်းနှင့်ပေးကမ်းခြင်းအမှုများအတွက် ဓမ္မတေးသီချင်းတို့၏ အရေးပါမှုကို မည်သည့်အခါမျှအထင်သေးလျှော့တွက်ခြင်းမပြုဘဲရှိနေကြပါစို့။ ကျွန်ုပ်တို့၏ စိတ်နှလုံးထဲတွင်သီဆိုကြသော ကျွန်ုပ်တို့၏ဓမ္မတေးများကို ဘုရားသခင်နားထောင် ကြားသိတော်မူကြောင်းကို သတိတရရှိကြပါ။

 

() ဆုတောင်းခြင်း

        လည်ပတ်ခြင်းအစီအစဉ်တစ်ခုတွင် ဆုတောင်းခြင်းအမှုကို ထည့်သွင်း ထားရပါမည်။ ဆုတောင်းခြင်းသည် အထူးထူးသော အတိုင်းအတာပမာဏကို ထပ်ဆောင်းပေးပါသည်။ ၎င်းဆုတောင်းခြင်းသည် ဘုရားသခင်အပေါ် ကျွန်ုပ် တို့၏မှီခိုအားထားရမှုကို ပြသရာရောက်သည့်အပြင် ကျွန်ုပ်တို့၏ ဝန်းကျင် လေထုကိုပြောင်းလဲပေးစေသည့် သူ၏တည်ရှိတော်မူခြင်းကို ခွင့်ပြုရာလည်း ရောက်ပါသည်။

        သူတစ်ပါးတို့အတွက် ကျွန်ုပ်တို့ဆုတောင်းပေးသောအခါ နှစ်ဦးနှစ်ဖက် အတွက်အပြန်အလှန်ဖြစ်သော ကောင်းချီးမင်္ဂလာတစ်ရပ်ကို ဖြစ်ပေါ်စေပါ သည်။ ကျွန်ုပ်တို့ဆုတောင်းပေးသောသူတို့အတွက် ကျွန်ုပ်တို့လုပ်ပေးလိုသည့် အကောင်းဆုံးသောအရာအတွက် ကျွန်ုပ်တို့၏ဆုတောင်းသံတို့ကို ဘုရားသခင် ကနားညောင်းတော်မူပြီး၊ နားလည်ပေးတော်မူပါသည်။ တစ်စုံတစ်ရာသော နာမကျန်းဖြစ်သူ သို့မဟုတ် သူတို့၏အသက်တာတွင် ပြုစုစောင့်ရှောက်မှုကို လိုအပ်နေကြသော အထီးကျန်သူတို့အတွက် ဆုတောင်းပေးခြင်းသည် အရှိကို အရှိအတိုင်းလုပ်ဆောင်နိုင်ခြင်းလည်းဖြစ်ပါသည်။ ကြွယ်၀ချမ်းသာသောသူ သည် ဆုတောင်းပေးတတ်သောမိတ်ဆွေတစ်စုံ တစ်ယောက်ရှိသောသူဖြစ်ပါ သည် (Jညေငခန Hကါ့နျ). ကျွန်ုပ်တို့၏ဆုတောင်းခြင်းသည် ကျွန်ုပ်တို့၏ ဝန်းကျင်တွင် ကောင်းချီးမင်္ဂလာအသိုက်အဝန်းကို ပုံဖော်ပေးသည့်အပြင် ကျွန်ုပ်တို့ဆုတောင်းပေးသောသူတို့၏ဝန်းကျင်တွင်လည်း ကောင်းချီးမင်္ဂလာ အသိုက်အဝန်းကိုဖြစ်စေပါသည်။

        နေ့စဉ်နေ့တိုင်းနီးပါး ကျွန်ုပ်သည် တစ်စုံတစ်ယောက်အတွက် ဆုတောင်းပေးရန် တောင်းဆိုခြင်းခံရသောအနေအထားမျိုးတွင် မိမိကိုယ်ကို တွေ့မြင်မိပါ သည်။ အခြားသောသူအတွက် ဆုတောင်းပေးခြင်းဆိုသည်မှာ အစဉ်အမြဲ လုပ်ဆောင်ရန်အတွက် အလွယ်ကူဆုံးသော အရာမျိုးမဟုတ်ပါ။ သင်၏ အမှုတော်ဆောင်ခြင်းဆုတောင်းမှုအတွက် အထောက်အမပေးနိုင်သော အခြေ ခံခြေလှမ်းအချို့တို့ကို အောက်ပါအတိုင်း ဖော်ပြထားပါသည်။

        လူကိုသိရှိအောင်လုပ်ပါ - သင်ဆုတောင်းပေးစေသောသူကို သင်က သိရှိရန်အတွက် အချိန်တစ်ခုကိုရယူပါ။ ဤလုပ်ရပ်သည် အလွန်အရေးကြီး သော အချက်နှစ်ရပ်ကို ပြီးမြောက်စေပါသည်။ ပထမအချက်အဖြစ်၊ ထိုသူ အတွက်သင်မည်ကဲ့သို့ ဆုတောင်းပေးရမည်ကို ကူညီပေးပါသည်။ ဒုတိယ အချက်အဖြစ် သင်ဆုတောင်းပေးသောသူတို့သည် သင်နှင့်အတူတကွ သက် သောင့်သက်သာအနေအထားမျိုးဖြင့်စိတ်ကျဉ်းကြပ်မှုမရှိဘဲခံစားရနိုင်ပါသည်။

            မိမိကိုယ်ကိုမိမိအထင်မကြီးပါနှင့် - သူတို့အနေဖြင့် အလွန်အကူအညီ ရစေသည့်မည်သည့်အရာမျိုးကို ဘုရားသခင်ထံတော်မှ တောင်းခံစေလိုကြ သည်ဆိုသည့်အချက်ကို လူတို့အားကျွန်ုပ်ရိုးသားစွာဖြင့် တွေ့ဆုံမေးမြန်းခဲ့ပါ သည်။ ကျွန်ုပ်ဆုတောင်းရာတွင် သူတို့နှင့်ပတ်သက်ပြီး မည်သည့်အကြောင်း အရာကို ဘုရားသခင်ထံတော်သို့သယ်ပို့ပေးရမည် သို့မဟုတ် သူတို့၏အနေ အထားတို့အကြောင်းကို အသိပေးဆုတောင်းပေးရမည်ဆိုသည့်အကြောင်း တို့ ကိုပါ မေးမြန်းကြည့်ပါသည်။

        အမှန်အားဖြင့်သူတို့သည် မိမိတို့ကိုယ်တိုင်မိမိတို့ဆုတောင်းနိုင်ကြပါသော် လည်း ထိုကဲ့သို့လုပ်ဆောင်ရန်အတွက် သူတို့သည် သက်သောင့်သက်သာဖြင့် လုပ်ဆောင်နိုင်မည်မဟုတ်ပါ။ ပိုမိုတင့်တယ်မှုရှိပြီးအဓိပ္ပါယ်ပြည့်၀သည့် အခြေ အနေမျိုးကိုဖန်တီးနိုင်ရန်အတွက် သူတို့အနေဖြင့် ဘုရားသခင်ထံတော်သို့ မည်သည့်အရာကိုပြောကြားလိုကြသည်ဆိုခြင်းကို သူတို့အားမေးမြန်းကြည့်ပါ။

        မိမိကဆုတောင်းပေးမည့်သူအားတို့ထိပေးပါ - မတော်မလျော်သော လုပ်ရပ်အဖြစ်ထင်မြင်ခြင်းမခံရပါက သင်ဆုတောင်းပေးရမည့်သူတို့၏ အပေါ် သို့ သင်၏လက်ကို သင်ဆုတောင်းပေးစဉ်တင်ထားပါ။ ဤလုပ်ရပ်သည် ထူးထူးကဲကဲဆက်နွှယ်မှု သို့မဟုတ် စွမ်းအားဆိုင်ရာအတုံ့အလှည့်ဖြစ်စေသည့် အခြေအနေမျိုး တစ်စုံတစ်ရာကို ဖန်တီးပေးသည်ဟု ကျွန်ုပ်မယုံကြည်ပါ။ သို့သော်ငြားလည်း ဤလုပ်ရပ်သည် ဆုတောင်းခြင်းအတွက် ပုဂ္ဂိုလ်ရေးနှင့် ရင်းနှီးမှုအနေအထားပိုမို၍ခိုင်မာလာစေရန်နောက်ခံပြုပေးသည့်အနေအထား ကိုဖန်တီးပေးသည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ စောင်မမှုရှိသောလက်တစ်ဖက် သည် ပခုံးတစ်ခုပေါ်တွင်ရှိနေခြင်းဖြင့်သင်ဆုတောင်းပေးသည့်လူအား နှစ်သိမ့် မှုကို အလွန်ကြာသွားအောင် လုပ်ဆောင်ပေးနိုင်ပါသည်။ သို့သော်လည်း သင်၏တစ်စုံတစ်ရာသောထိတို့မှုသည် မတော်မလျော်သော လုပ်ရပ်အဖြစ် အထင်ခံရနိုင်သည့်အခြေအနေဖြစ်သည့် အထူးသဖြင့် ဆန့်ကျင်ဖက်လိင်ကို ထိတို့သည့်လုပ်ရပ်မျိုးကိုမူ အထူးသတိထားရှောင်ကြဉ်သင့်ပါသည်။

        သင်သည်စိတ်ပါလက်ပါအူလှိုက်သည်းလှိုက်ဆူတောင်းပါ - သင်သည် သဲကြီးမဲကြီးအူလှိုက်သည်းလှိုက်ဖြင့်ဆုတောင်းပါ။ သင်သည်ဆုတောင်းရာတွင် သင်ကြီးကြပ်စောင့်ရှောက်ရသောသူနှင့်ပြောဆိုရခြင်းမဟုတ်ဘဲ ဘုရားသခင် နှင့်စကား ပြောနေရသည်ဆိုခြင်းကို သတိတရရှိပါ။

            အယ်လင်ဝှိုက်က ဆုတောင်းခြင်းသည် မိသားစုတိုင်းတို့ထံသို့လည်ပတ် ခြင်းပြုရာတွင် ပါဝင်ရမည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။ သူတို့အားအိမ် တွင် အတူတကွရှိနေကြရေးအတွက် ဖိတ်ခေါ်ကမ်းလှမ်းခြင်းမရှိဘဲ သူတို့ထံသို့ ဝင်ရောက်ခြင်းမပြုရန်နှင့် သင်သည် သူတို့ထံမှထွက်ခွာမသွားမီ ဦးညွှတ်ပြီး သူတို့နှင့်အတူဆုတောင်းပါ ဟူ၍ အသိပေးသတိပေးခဲ့ပါသည်။ ဆုတောင်း ခြင်းကို တစ်စုံတစ်ရာသော ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီး လုပ် ဆောင်၍ရနိုင်ပါသည်။ သို့သော်လည်း အခြားသောသူတို့၏ရှေ့မှောက်တွင်မူ စွမ်းအားပြည့်၀လှသည့်ရင်းနှီးမှုများတို့ကို ဖန်တီးပေးနိုင်ပါသည်။ မျှဝေပေးမှု ရှိသည့်အတွေ့အကြုံသည် သူတို့အား ဝိညာဉ်ရေးဆိုင်ရာထက်သန်မှုအပေါ် အာရုံပြုကြသည့်အနေအထားဆီသို့ အတူတကွဆွဲဆောင်ပေးပါသည်။ စစ်မှန် သော ဝိညာဉ်ရေးဦးဆောင်သူမည်သည် သူ၏ လူတို့အတွက် အမြဲတစေ ဆုတောင်းပေးပါသည်။

 

() ဝိညာဉ်ရေးကိစ္စဆောင်ရွက်ရန်စာရင်းဇယား

        ကျန်းမာရေးအခက်အခဲပြဿနာများတို့ကို ချင့်တွက်ရန်နှင့်ဖော်ထုတ်သိရှိ နိုင်စေရန်အတွက် ဆရာဝန်များတို့သည် များစွာသောမေးခွန်းတို့ကို မေးမြန်းရ ကြပါသည်။ အသင်းအုပ်ဆရာများတို့သည်လည်း ဝိညာဉ်ရေးဆိုင်ရာဆရာဝန် များဖြစ်ကြပြီး အကယ်၍သူတို့သည် ဝိညာဉ်ရေးဆိုင်ရာလိုအပ်ချက်များတို့ကို ဖော်ထုတ် သိရှိနိုင်ကြရန်အတွက် အထောက်အကူဖြစ်စေသည့်မေးခွန်းများကို မေးမြန်းကြမည်ဆိုပါက၊ သူတို့၏လုပ်ငန်းဆောင်တာသည် အထူးလွယ်ကူမှုရှိ သည့်အပြင် ပိုမိုထိရောက်သည့်အကျိုးဖြစ်ထွန်းမှုမျိုး ရရှိနိုင်ကြပေမည်။ အယ်လင်ဝှိုက်က အသင်းအုပ်ဆရာတို့အနေဖြင့် သူတို့၏အသက်ဝိညာဉ်များ တို့၏ ကျန်းမာရေးကိစ္စများတို့ကို စုံစမ်းမေးမြန်းကြပါ။ ကျွမ်းကျင်လှသော ဆရာဝန်တစ်ယောက်သည် မည်သည့်အရာကို လုပ်ဆောင်ပါသနည်း။ အထူး သဖြင့် ရောဂါဖြစ်စဉ်တို့ကို စုံစမ်းမေးမြန်းပြီးသည် နောက်ကုသရေးတို့ကို လုပ်ဆောင်ရန်အတွက် နည်းလမ်းရှာဖွေမည်ဖြစ်သည်။ ဤနည်းအတိုင်းပင် အသက်ဝိညာဉ်ရေးရာဆရာဝန်သည်လည်း သူ၏အသင်းဝင်အစုအဖွဲ့မှ ဒုက္ခ ဖိစီးခံရသည့်အသင်းဝင်တို့အား ဝိညာဉ်ရေးဆိုင်ရာအဖျားအနာဖြစ်စဉ်ကို မေးမြန်းစုံစမ်းပြီးသည့်နောက် သင့်လျော်သောကုသမှုများကိုစီမံခန့်ခွဲရန် စတင် လုပ်ဆောင်သည့်အနေဖြင့် ကြီးမြတ်တော်မူသော သမားတော်ကြီးထံတော်သို့ သူ၏ အကူအညီအတွက် သွားရောက်တောင်းခံပါသည်။ သူတို့၏လိုအပ်မှုများ တို့ကို ကူညီပေးပါ။ ဤကဲ့သို့သောအမှုတော်ဆောင်များတို့သည် သခင်ခရစ် တော်၏ အမှုတော်ဆောင်များအဖြစ်ဆီသို့ ဦးတည်စေသည့် လေးစားသမှုနှင့် ဂုဏ်ပြုမှုအားလုံးတို့ကို လက်ခံရရှိကြပေလိမ့်မည်ဖြစ်သည်။ တစ်ပါးသော သူတို့အတွက် လုပ်ကိုင်ဆောင်ရွက်ပေးခြင်းဖြင့် သူတို့၏ကိုယ်ပိုင်အသက် ဝိညာဉ်များတို့သည် ရှင်သန်မှုရှိနေကြလိမ့်မည်ဖြစ်သည်။ ကြင်နာသောအပြု အမူသည် နားမကြားသောသူတို့ကြားနိုင်ပြီး မျက်မမြင်တို့ကတွေ့မြင်နိုင်သည့် ဘာသာစကားဖြစ်ပါသည် (Mမေု Tတပေ). သူတို့ ကြီးကြပ်စီမံပေးရကြမည့် လူတို့အား ခွန်အားကိုဖြန့်ဝေပေးရန်အတွက် သူတို့သည် ထိုခွန်အားကို ဘုရား သခင်ထံတော်မှ တောင်းခံဆွဲယူရမည်ဖြစ်ပါသည် ဟူ၍ ရှင်းပြခဲ့ပါသည်။

        အသင်းအုပ်ဆရာတစ်ယောက်၏လည်ပတ်ခြင်းရည်ရွယ်ချက်မှာ ဝိညာဉ်ရေးရာကိစ္စရပ်များတို့ကို ပြောဆိုဆွေးနွေးကြရန်ဖြစ်ပါသည်။ သူတို့၏ အသက် တာကိုစစ်ဆေးမေးမြန်းရန်၊ သို့မဟုတ် စုံစမ်းရန်အတွက် သူတို့ထံတွင်ရှိနေချိန် သူတို့၏စိတ်ထဲတွင် မနှစ်မြို့စရာဖြစ်လာနိုင်သည့်အနေအထားကို ရှောင်ရှား နိုင်ရန်အတွက် သူတို့၏စွမ်းရည်ကိုစမ်းသပ်ရန်နှင့် သူတို့ကိုဝိညာဉ်ရေးဆိုင်ရာ ဖွံ့ဖြိုးမှုရှိစေရန်အတွက်၊ အားပေးတိုက်တွန်းရန်အတွက် သင်၏စိတ်အတွေးထဲ တွင် အရေးကြီးလှသည့်မေးခွန်း အချို့တို့ကို တွေးတောကြည့်ပါ။ အောက်ပါ တို့သည် ထည့်သွင်းစဉ်းစားရကြမည့် အချို့သောမေးခွန်းနမူနာများဖြစ်ကြပါ သည်။

s       သင်၏မိသားစုအခြေအနေသည်မည်သို့ရှိနေပါသနည်း။

s         သင်၏မိသားစုဝင်အချို့တို့သည်နှစ်ခြင်းမင်္ဂလာကိုခံယူလိုကြပါသလား။

s       မိသားစုဝတ်ပြုပွဲအတွက် အချိန်ကိုမည်ကဲ့သို့သင်ရယူမည်နည်း။

s       သင်သည် ပုဂ္ဂိုလ်ရေးအရ ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့မှုအနေအထား ရင်းပြီး မည်သို့ရှိပါသနည်း။

s       အခြားသောသူတို့အား သင်၏ယုံကြည်ခြင်းကိုဝေငှပေးနိုင်ပါမည်လား။

s       သင်တို့ထံတွင် ကျမ်းစာအုပ်၊ ဥပုသ်စာဖြေသင်ခန်းစာ၊ မျှော်လင့်ခြင်း အသင်းဝင်သူတို့အတွက် မိမိတို့ကိုယ်ကို ပြန်လည်ဆန်းစစ်နိုင်သည့် နည်း ပေးလမ်းပြမဂ္ဂဇင်းစာအုပ်နှင့် အနာဂတ္တိဆိုင်ရာ ဝိညာဉ်ရေးစာအုပ်များ ရှိပါသလား။ သင်သည် ဆယ်ဖို့တစ်ဖို့နှင့်အထွေထွေအလှူငွေတို့ကို သစ္စာ ရှိရှိဖြင့်ထည့်ဝင်ပေးပါသလား။

s ဘုရားကျောင်းသို့တက်ရောက်ဝတ်ပြုခြင်းသည်သင်၏မိသားစုဝင်အတွင်း ဦးစားပေးအဆင့်တွင်ရှိနေပါသလား။

s       သင်သည် အသင်းအုပ်ဆရာတစ်ယောက်အနေဖြင့် အသင်းတော်အစီ အစဉ်ကိုတိုးတက်မှုရှိစေရန်၊ သို့မဟုတ် ကျွန်ုပ်၏အမှုတော်ဆောင်ခြင်း လုပ်ငန်း တိုးတက်ရေးအတွက် အကြံဥာဏ်အချို့ပေးရန်ရှိပါသလား။

s       ဆုတောင်းပေးရမည့်တောင်းဆိုမှုအချို့သင်၌ရှိပါသလား။

s       သင်၏ ကျမ်းစာလေ့လာသင်ကြားခြင်းတွင် မည်သည့်အဓိကကျသည့် အချက်များပါဝင်ပါသနည်း။

s       ကျမ်းစာတော်မြတ်ထဲတွင် သင့်အားရှင်းပြပေးရန် လိုအပ်သည့်ကျမ်းချက် အချို့ သို့မဟုတ် ထူးခြားသည့်ဘာသာရေးဆိုင်ရာအယူဝါဒအကြောင်း အရာတစ်စုံတစ်ရာရှိပါသလား။

s       ဟောကြားတော့မည့်ဟောပြောမှုအတွက် သင်အဓိကကြားသိနားထောင် လိုသော တရားဟောချက်ခေါင်းစဉ်များရှိနေပါသလား။

s       ထာ၀ရဘုရားက သင့်အားပေးသနားတော်မူသော ဆုကျေးဇူးများသည် မည်သည့်ဆုကျေးဇူးများဖြစ်သည်ဟု သင်ထင်မြင်ယူဆပါသနည်း။

s       သင်၏ဆုကျေးဇူးများကို အသင်းတော်က အသုံးအဝင်ဆုံးသောအရာများ အဖြစ်လုပ်ဆောင်ပေးသည်ဟု သင်ခံစားရပါသလား။

s       အနာဂတ်အတွက် သင်၏ကြောက်ရွံ့စိုးရိမ်စရာအကောင်းဆုံးသောအရာ ကား အဘယ်အရာနည်း။

s       ကျွန်ုပ်အတွက်မေးခွန်းအချို့ မေးမြန်းရန်ရှိပါသလား။

s       ကျွန်ုပ်တို့၏အသင်းတော်အကြောင်းနှင့်ပတ်သက်ပြီး သင်အထူးတလည် နှစ်သက်သည့်အရာသည် အဘယ်အရာနည်း။

s       လက်ရှိအခြေအနေတွင်သင့်အနေဖြင့် ဝိညာဉ်ရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ရှိလာသည့်နယ်ပယ်များအဖြစ်၊ သင်၏အသက်တာ၏ မည်သည့်နယ်ပယ် ကို ညွှန်ပြ၍ရနိုင်မည်နည်း။

        အသင်းအုပ်ဆရာသည် သူသွားရောက်လည်ပတ်ပေးသည့် သူတို့၏ဝိညာဉ် ရေးအနေအထားအဆင့်ကို ဆန်းစစ်ကြည့်ရပါမည်။ ထိုဆန်းစစ်မှုတို့ရှည်ကြာ လေ မြင့်စွာလုပ်ဆောင်ရန်မလိုအပ်ပါက သင်၏လည်ပတ်ခြင်းသည် လူမှုရေး အရအလည် အပတ်သွားခြင်းမဟုတ်သည်ကို လူတိုင်းနားလည်သဘောပေါက် ကြရမည်ဖြစ်သည်။

        အချို့သောကိစ္စရပ်များတွင် မေးခွန်းတစ်ခုသည် အပြုသဘောဆောင် သည့် စကားစမြည်ပြောဆိုမှုအတွက် စတင်ပေးနိုင်ပါသည်။ အဆုံးစွန်သော ရည်ရွယ်ရင်းမှာ အသင်းတော်တိုးတက်ရေးနှင့် အသင်းတော်ကိုအလုပ်အကျွေး ပြုရေးအတွက် သူတို့အား သင်ကမည်ကဲ့သို့ကူညီပေးနိုင်မည်ဆိုသည့်အချက် ပင်ဖြစ်ပါသည်။

        စကားစမြည်ပြောဆိုနေကြသောအချိန်အတောအတွင်း ဆုတောင်းပေးရ မည့် အကြောင်းအရာများကို စိတ်မှတ်စုတွင် ကြိုမှတ်သားထားရပါမည်။ ဆုတောင်းခြင်း၏ နိဂုံးပိုင်းရောက်သောအခါ၊ ထိုမှတ်သားထားသော များစွာ သောအချက်အလက်များတို့ကိုစုဖွဲ့ပြီး ၎င်းအချက်အလက်တို့အတွက် တစ်ခု ချင်းဆုတောင်းပေးပါ။ လည်ပတ်ခြင်းတိုင်းတို့တွင် သူတို့၏ ဝိညာဉ်ရေးဆိုင်ရာ အဆင့်အတန်းအနေအထားအတွက် လေးနက်မှုရှိသည့် ကြောင့်ကြမှုမျိုးကို ပြသရန်မှာ သေရေးရှင်ရေးတမျှအရေးကြီးလှပါသည်။

 

() အသင်းတော်၏စီစဉ်ဆောင်ရွက်မှုကိုမြင့်တင်ပေးပါ

        အသင်းတော်၏စီစဉ်ဆောင်ရွက်မှုတစ်ခုကို အကောင်းဆုံးသောမြင့်တင် ပေးရမည့်အချိန်သည် အသင်းအုပ်ဆရာ၏ အလည်အပတ်ထွက်ခြင်းအချိန် သာဖြစ်ပြီး၊ ဥပုသ်နေ့နံနက်ပိုင်းအချိန်တွင်မဟုတ်ပါ။ များစွာသော အသင်းအုပ် ဆရာတို့သည် အမှုတော်ဆောင်ခြင်းအလုပ်ကို ဥပုသ်နေ့နံနက်ပိုင်းအချိန်တွင် လုပ်ဆောင်ကြရာ၌ အသင်းတော်အဖွဲ့ဝင်တို့အား ထာ၀ရဘုရားအတွက် အလုပ်လုပ်ကြရန် လိုက်လံအားပေးဆော်ဩကြပါသည်။ သူတို့က ညီအစ်ကို မောင်နှမတို့ရေ၊ ယေရှုခရစ်တော်ကြွလာတော့မှာဖြစ်တဲ့အတွက် အတူတကွ လုပ်ဆောင်ကြပါစို့ ဟူ၍ ပြောဆိုတတ်ကြပါသည်။ အသင်းတော်အဖွဲ့ဝင်တို့ က ထိုစည်းရုံးသည့်အပြောမျိုးကို ကြားရကြသောအခါ သူတို့၏စိတ်ထဲ၌ အသင်းအုပ်ကြီးခင်ဗျား၊ တွန်းအားသိပ်မပေးပါနဲ့။ ဒီနေ့ဟာ ဥပုသ်နေ့ဖြစ်နေပါ တယ်။ ထာ၀ရဘုရားရဲ့နေ့လည်းဖြစ်ပါတယ်။ အလုပ်လုပ်ရမယ့် နေ့မဟုတ်ပါ ဘူး။ အနားယူရမယ့်နေ့ဖြစ်ပါတယ်ဟူ၍ တိုးတိုးတိတ်တိတ်တွေးတော ရွတ်ဆို ကြပေမည်။ ဤဥပုသ်နေ့တွင် ဝိညာဉ်အရေးကိစ္စဖြစ်သည့်တိုင် အလုပ် အကြောင်းနှင့်ပတ်သက်ပြီး သူတို့ကြားချင်လိုစိတ်ပင်မရှိကြပါ။ သူတို့သည် အချိန်တိုင်း အချိန်တိုင်းတို့တွင် အလုပ်နှင့်ပတ်သက်သည့်စကားကိုသာ ကြား နေရကြရာတွင် သူတို့၏ အပတ်စဉ်လှုပ်ရှားတက်ကြွမှုအကြောင်းကို ပြန်လည် အမှတ်ရစေသကဲ့သို့ဖြစ်ပါသည်။

        ကျွန်ုပ်၏အတွေ့ အကြုံအရ၊ လည်ပတ်ခြင်းများတို့သည် အသင်းဝင်သူတို့ အားမိတ်ဆက်ရန်အတွက် အဓိကကျသည့်စံပြအချိန်ဖြစ်သည့်အပြင် အသင်း သူအသင်းသားတို့အားအသင်းတော်၏အစီအစဉ်များတို့တွင် ပါဝင်လုပ်ဆောင် ကြရန်အတွက် စိတ်ဓာတ်မြင့်တင်ပေးရန်နှင့် စိတ်ပါလက်ပါပါဝင်လုပ်ဆောင် စေရေးအတွက် ဆွဲဆောင်ပေးရာရောက်သည့် အချိန်လည်းဖြစ်ပါသည်။ အသင်းတော်၏အစီအစဉ်ကို မျှဝေလုပ်ဆောင်သည့်အပြင် အစုအဖွဲ့လိုက်လုပ် ဆောင်၍ရသည့်လှုပ်ရှားမှုပုံစံမျိုးဖြင့် တင်ပြပေးရမည်ဖြစ်ပါသည်။ သူတို့၏ ပံ့ပိုးမှုတို့နှင့်ပါဝင်ဆောင်ရွက်မှုတို့သည် အသင်းတော်အစီအစဉ်၏ အောင်မြင် နိုင်ရေးအတွက် အရေးပါလှကြောင်းကို အလေးထားပါ။ မိမိဒေသရင်းမှ ကျော် လွန်ပြီး လှုပ်ရှားမှုကဏ္ဍစုတစ်ရပ်ကို လုပ်ဆောင်ခြင်းသည် သူတို့၏ ယုံကြည် ခြင်းကိုထုတ်ဖော်ပြောဆိုရန်အတွက် အခွင့်အလမ်းတစ်ရပ်ကိုဖော်ဆောင်ရာ ရောက်သည်ဆိုသည့်အကြောင်းကို သူတို့အားအသိဝင်ပါစေ။ ဤအတွေ့ အကြုံသည် ကျွန်ုပ်တို့အားဖြင့်ဆောင်ရွက်လုပ်ကိုင်တော်မူရန် ဘုရားသခင် အားအခွင့်ပေးရာရောက်စေသည့် ဝိညာဉ်ရေးဖွံ့ဖြိုးမှုကိုမြင့်တင်ပေးပါသည်။

        ကျွန်ုပ်တို့သည် ရည်မှန်းချက်ပန်းတိုင်တို့အတွက် အသင်းသူအသင်းသား တို့နှင့်မျှဝေလုပ်ဆောင်ခြင်းသည် အသင်းတော်ဝန်ထမ်းများအပေါ် ပိုမိုတောင့် တင်းခိုင်မာသည့် ကတိကဝတ်မျိုးကို ပေးဆပ်နိုင်ပါသည်။ ကျွန်ုပ်တို့သည် အသင်းဝင်သူတို့၏ ကျွမ်းကျင်မှုများနှင့် ပေးဆပ်မှုများတို့၏ အကြောင်းနှင့် သူတို့၏ဇောက်ချကြိုးပမ်းမှုတို့ကို မည်ကဲ့သို့ထိန်းကျောင်းဦးစီးရမည်ကို ပိုမို၍ သိရကြပါမည်။ ကျွန်ုပ်တို့၏ လည်ပတ်ခြင်းတစ်ခုချင်းနှင့်အတူ ကျွန်ုပ်တို့၏ အမှုတော်ဆောင်လုပ်ငန်းသည် တိုးတက်ကြီးပွားလာပါသည်။ ခရစ်တော် အတွက် ကျွန်ုပ်တို့၏ စိတ်အားထက်သန်မှုကိုဝေမျှပေးခြင်းသည် များစွာသော သူတို့အား ထိတွေ့မှုရှိစေမည်ဖြစ်ပါသည်။ အသင်းအုပ် ဆရာများဖြစ်ကြသည့် အလျောက် ကျွန်ုပ်တို့သည် တစ်ဦးတစ်ယောက်တည်းသော ပုံစံမျိုးဖြင့် မလုပ် ကိုင်ကြပါ။ ကျွန်ုပ်တို့နှင့်အတူအလုပ်လုပ်ကိုင်ကြရန်အတွက် ဘုရားသခင် သည် အသင်းတော်မိသားစုများကို ကျွန်ုပ်တို့အားပေးသနားတော်မူပါသည်။ ကျွန်ုပ်တို့သည် ကြိုးစားပမ်းစားလုပ်ဆောင်ကြပါသော်လည်း၊ ကျွန်ုပ်တို့သည် အမြဲတစေလိမ္မာပါးနပ်စွာဖြင့်လုပ်ဆောင်ကြခြင်းမရှိကြဘဲ၊ မိမိကိုယ်၌ဖြင့်သာ အားလုံးသောအမှုတော်ဆိုင်ရာအလုပ်တို့ကိုလုပ်ဆောင်ရန်ကြိုးစားကြပါသည်။ ဤအချက်သည် အများသောအသင်းအုပ်ဆရာများတို့အနေဖြင့် အမှုတော် ဆောင်လုပ်ငန်းတွင် စိတ်ဖိစီးမှုခံစားရကြပြီး အဖျားအနာရှိကြကာ စိတ်ဓာတ် ကျဆင်းမှုများတို့ကို ခံစားကြရခြင်း၏အကြောင်းရင်းခံဖြစ်ပါသည်။ အယ်လင် ဝှိုက်က ဘုရားသခင်သည် အပြစ်ကင်းစင်ကြသည့် ကောင်းကင်တမန်များတို့ အားဖြင့် သူ၏ သမ္မာတရားတော်ကိုကြေညာနိုင်တော်မူပါသော်လည်း ၎င်းလုပ် ရပ်သည် သူ၏အစီအစဉ်တော်မဟုတ်ပါ ဆိုသည့် ပြောကြားချက်ကို ပြောဆို ခဲ့ခြင်းသည် တစ်စုံတစ်ယောက်တည်းကသာလုပ်ဆောင်သော အလုပ်တာဝန် ကိုခွဲဝေလုပ်ကိုင်ရမည်ဆိုသည့် တွေးတောထင်မြင်ချက်ကို အတည်ပြုပေးရာ ရောက်ပါသည်။ ဘုရားသခင်၏အသင်းတော်တွင် ခေါင်းဆောင်များအဖြစ် ရှိနေကြသောသူတို့အနေဖြင့် ကယ်တင်ရှင်၏ အမှုတော်တာဝန်သည် ထိုကယ် တင်ရှင်၏နာမတော်ကို ယုံကြည်ကြသူအားလုံးတို့ထံသို့ ပေးအပ်ထားတော်မူ သည်ဆိုခြင်းကို အမှတ်ရကြရပါမည်။

        အသင်းတော်၏ အသင်းအုပ်ဆရာအဖြစ် ကျွန်ုပ်ထမ်းဆောင်ခဲ့သော နောက်ဆုံးဆယ်နှစ်သက်တမ်းတွင် ဧဝံဂေလိသတင်းစကားဆိုင်ရာ ကြီးမား သော လူထုတရားဟောပြောပွဲကြီးကို ကျွန်ုပ်ဦးဆောင်ကျင်းပခြင်းမရှိခဲ့ပါ။ ကျွန်ုပ်သည် များစွာသော အချိန်နာရီတို့ကိုအသုံးချပြီး လူတို့၏အိမ်များဆီသို့ အလည်အပတ်သွားရောက်ပြီး သူတို့နှင့်အတူ အသင်းတော်၏အစီအစဉ်ကို မျှဝေဖလှယ်ကြပါသည်။ အသင်းတော်၏တာဝန်များတို့အထဲတွင် သူတို့ပါဝင် လုပ်ဆောင်ကြရန်အတွက် ကျွန်ုပ်သည် သူတို့၏စွမ်းရည်သတ္တိကိုစမ်းသပ်ခြင်း၊ စိတ်ဓာတ်ရေးရာအဆင်သင့်ဖြစ်စေခြင်းနှင့် သိမ်းသွင်းစည်းရုံးဆွဲဆောင်ခြင်း များတို့ကို လုပ်ဆောင်ခဲ့ပါသည်။ အံ့ဩစရာကောင်းလောက်သော အကျိုး ရလဒ်များဖြစ်ထွန်းခဲ့ပါသည်။ကျွန်ုပ်၏အသင်းသူအသင်းသားတို့သည် နှစ်ခြင်း မင်္ဂလာခံယူကြမည့်သူများတို့အတွက် ပြင်ဆင်မှုဆောင်ရွက်ခဲ့ကြရာတွင် သူတို့ နှင့်အတူ ကျွန်ုပ်ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

        နာကျင်ပူလောင်မှုကိုခံစားနေရကြသည့် အသင်းဝင်သူတို့အား ဘုရား သခင်အတွက်ရယူပေးပြီး၊ သာသနာပြုလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်ပေးခြင်း သည် ကျေနပ်အားရမှုမရှိခြင်းနှင့် တိုးတက်ဖြစ်ထွန်းမှုမရှိခြင်းတို့ကို တုံ့ပြန်ရန် အတွက် အကောင်းဆုံးသော ဖြေဖျောက်မှုပင်ဖြစ်ပါသည်။ အသင်းတော်၏ ဝိညာဉ်ရေးအသက်တာ ဆက်လက်ရှင်သန်နိုင်ရေးမှာ အသင်းဝင်သူတို့အနေ ဖြင့် ခရစ်တော်ထံတော်သို့ အသက်ဝိညာဉ်များတို့ကို ပို့ဆောင်ပေးနိုင်ရန် အတွက် ပုဂ္ဂိုလ်ရေးကြိုးပမ်းမှုများတို့ကို ဆောင်ရွက် ပေးခြင်းဖြင့်သာလျှင် ဖြစ်နိုင်ခြေရှိပါမည်။

        အကယ်၍သာ သင်သည် ထက်မြက်ကျွမ်းကျင်သော ဧဝံဂေလိသတင်း စကားဟောပြောသူတစ်ယောက်ဖြစ်ပြီး တစ်နှစ်စီတိုင်းတွင် လူပေါင်းနှစ်ရာတို့ ကိုနှစ်ခြင်း မင်္ဂလာပေးနိုင်ပါက ဂုဏ်ယူဝမ်းမြောက်ပါသည်။ သို့သော်လည်း အကယ်၍သာ အသင်းသူအသင်းသားတို့သည် သင်နှင့်အတူတကွပါဝင် လုပ် ကိုင်ဆောင်ရွက်ခြင်းမရှိကြပါက၊ အသင်းတော်သည် ၎င်း၏ အမှုတော်ဆိုင်ရာ တာဝန်ကို ဖြည့်ဆည်းပေးနိုင်ရာမရောက်ပါ။ ဘုရားသခင်သည် အသင်းတော် အတွက် အစီအစဉ်ကို ရေးဆွဲစီစဉ်တော်မူရာတွင် အသင်းသူအသင်းသား ယောက်တိုင်းယောက်တိုင်းတို့က ပါဝင်လုပ်ကိုင်ဆောင်ရွက်ပေးသည့် နှုတ်က ပတ်တော်ကိုဟောပြောရန်အတွက်ဖြစ်ပါသည်။ အယ်လင်ဝှိုက်က အသင်းသူ အသင်းသားတို့သည် တစ်ဦးချင်းအနေဖြင့် ဤအလုပ်တွင် ပါဝင်ဆောင်ရွက် ခြင်းမရှိကြပါက သူတို့သည် ဘုရားသခင်နှင့်ရှင်သန်သောချိတ်ဆက် မှုမျိုးမရှိ သည်ကို ပြသသကဲ့သို့ပင်ဖြစ်ပါသည်။ သူတို့၏နာမည်များတို့သည်လည်း ပျင်းရိလှသောအစေခံများအဖြစ်နှင့်သာ စာရင်းဝင်မှတ်တမ်းတင်ခြင်းခံရကြပေ လိမ့်မည်။

 

ကြည်လင်ပြတ်သားသည့်နားလည်စာနာတတ်မှုစွမ်းရည်

        အသင်းအုပ်ဆရာများတို့က လုပ်ကိုင်ဆောင်ရွက်ရကြမည့်လုပ်ငန်းများ အကြောင်းနှင့်ပတ်သက်သည့် ဖော်ပြရေးသားချက်မျိုး အလွန်တွေ့ရခဲလှပါ သည်။ နှစ်ပေါင်းအတော်များများလွန်မြောက်သွားသည်တိုင် မတူကွဲပြားသော အဆင့်များတွင် အသင်းအုပ်ဆရာများအတွက် လုပ်ငန်းဆိုင်ရာသတ်မှတ် ရေးသားထားချက်မျိုးကို ရေးဆွဲတည်ဆောက်ရန်အတွက် တားဆီးဟန့်တားမှု များရှိခဲ့ပါသည်။ အကယ်၍သာ လိုက်လံလည်ပတ်ကြည့်ရှုခြင်းအမှုသည် အသင်းအုပ်ဆရာ၏လုပ်ငန်းပိုင်းဆိုင်ရာသတ်မှတ်ချက်တွင် ပါဝင်သည့်အစိတ် အပိုင်းအဖြစ်ရှိနေသည်ဟု ထိုအသင်းအုပ်ဆရာကသိရှိခဲ့ပါသော် သူ့အနေဖြင့် ၎င်းလုပ်ရပ်ကို သူ၏အမှုတော်ဆောင်ရွက်ခြင်းတွင် ပုံမှန်အစိတ်အပိုင်းတစ်ခု အဖြစ် ထည့်သွင်းထားမည်မှာမလွဲပေ။

        သူ၏ ပုရောဖက်ယေရမိအားဖြင့်ပေးထားသော ထာ၀ရဘုရား၏ လေး နက်ခံ့ညားသည့်နှုတ်တော်ထွက်သည် ယခုကာလနေ့ရက်အချိန်နှင့်ဆီလျော်မှုရှိ လှပါသည်။ ၎င်းနှုတ်တော်ထွက်မှာ ထာ၀ရဘုရားမိန့်တော်မူသည်ကား၊ ငါ့ထံမှာ ကျက်စားသော သိုးတို့ကိုဖျက်ဆီး၍ အရပ်ရပ်သို့ ကွဲပြားစေသော သိုးထိန်းတို့သည် အမင်္ဂလာရှိကြ၏။ ထိုကြောင့် ဣသရေလအမျိုး၏ ဘုရား သခင်ထာ၀ရဘုရားမိန့်တော်မူသည်ကား၊ ငါ၏လူတို့ကို ကျွေးမွေးရသော သိုး ထိန်းတို့အမှုမှာ သင်တို့သည် ငါ၏သိုးစုကိုမကြည့်ရှု၊ မပြုစု၊ အရပ်ရပ်သို့ ကွဲပြားစေ၍ နှင်ထုတ်သောကြောင့် သင်တို့ပြုသောဒုစရိုက်အပြစ်ကို သင်တို့ အပေါ်မှာ ငါသက်ရောက်စေမည်ဟု ထာ၀ရဘုရားမိန့်တော်မူ၏ ဟူ၍ (ယေရမိ ၂၃း၁၊၂) ဖော်ပြထားပါသည်။

        အသင်းအုပ်ဆရာတို့သည် သူတို့အနေဖြင့် ဘုရားသခင်၏ လူစုတော်တို့ သိုးထိန်းများအဖြစ် အခွင့်ထူးကိုအပ်နှင်းခြင်းခံခဲ့ရကြပြီဖြစ်သည်ကို အမြဲ တစေသတိတရရှိကြရန်လိုအပ်လှပါသည်။ထိုလူစုတော်တို့သည်ခမည်းတော် တည်းဟူသော ဘုရားသခင်၏ လူစုတည်းဟူသော ဘုရားသခင်၏အဖိုးထိုက် တန်လှသော အသွေးတော်အားဖြင့် ဝယ်တော်မူခြင်းခံခဲ့ကြရပါသည်။ သူတို့ သည် ဘုရားသခင်က ခန့်အပ်တော်မူသည့် အသင်းအုပ်ဆရာတို့၏ ကြီးကြပ်မှု အောက်တွင် ရှိရကြသော်လည်း သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဖြည့်ဆည်း ထားခြင်းခံရကြပါသည်။ သူတို့သည် ဘုရားသခင်၏ ရှုမြင်တော်မူခြင်းတွင် အဖိုးထိုက်လှပြီး အထူးတန်ဖိုးရှိလှကြပါသည်။ ထာ၀ရတည်ရှိတော်မူသည့် သုံးပါးတစ်ဆူသောခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်တို့ သည် ထိုလူစုတော်တို့၏ သုခချမ်းသာခြင်းအတွက် ဤမျှလောက် အလေးထား တော်မူကြသည်ဆိုလျှင် အသင်းအုပ်တို့အနေဖြင့်လည်း အလေးမထား သင့်ကြ ပေဖူးလား။ အကယ်၍ ကောင်းမြတ်တော်မူသော သိုးထိန်းတော်ကြီးသည် သိုးတို့အတွက်အသေခံတော်မူခဲ့ပါသည်။ ထိုသိုးတို့အတွက် ကျွန်ုပ်တို့သည် ရှင် သန်ကြရန်လက်သင့်မခံသင့်ကြပေဖူးလား။ ဘုရားသခင်၏သားတော်သည် ထို သိုးတို့အတွက် မိမိ၏အသွေးတော်ကို သွန်းလောင်းတော်မူခဲ့ပြီးဖြစ်၍ အခြား သောသူတို့အနေဖြင့် ဤအမှုတော်အတွင်းတွင် မိမိတို့၏ဘ၀တို့ကိုအသုံးချကြ ရန်အတွက် သဘောမတူသင့်ကြပေဖူးလား။

 

        အခြေခံအချက် () ချက်မပါရှိဘဲ၊ အကျိုးဖြစ်ထွန်းစေသည့်  အသင်းအုပ်ဆရာ၏လိုက်လံလည်ပတ်ကြည့်ရှုခြင်းအမှုကို ဦးစီးဦးရွက်ပြုနိုင်ရန်များဖြစ်နိုင်ပါမည်လား

ရောင်ပြန်ဟပ်မှုစဉ်းစားဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် ဆွေးနွေးတိုင်ပင် ညှိနှိုင်းခြင်းတို့အတွက်မေးခွန်းများ။

        ၁။ အသင်းအုပ်ဆရာဆိုင်ရာလိုက်လံလည်ပတ်ကြည့်ရှုခြင်းအမှုအတွက်၊သင် ဦးစားပေးမှုအရာများတို့သည် မည်သည့်အရာများနည်း။

        ၂။     အသင်းအုပ်ဆရာဆိုင်ရာ လိုက်လံလည်ပတ်ကြည့်ရှုခြင်းအမှုသည် တို တောင်းသော ဝတ်ပြုခြင်းအစီအစဉ်တစ်ခုနှင့်ဆင်တူမှုရှိသင့်ပါသလား။

        ၃။     အသင်းအုပ်ဆရာဆိုင်ရာ လိုက်လံလည်ပတ်ကြည့်ရှုခြင်း အမှုအစီအစဉ် တွင် ပါရှိသော အခြေခံအချက် () ချက်တို့သည် အဘယ်ကြောင့် အရေး တကြီး ရှိရပါသနည်း။ တစ်ခုချင်းအတွက် အကျိုးဖြစ်ထွန်းမှုနှစ်ခုစီကို ဖော်ပြပါ။

        ၄။     ဆန့်ကျင်ဘက်လိင်ဖြစ်သော သူတစ်ယောက်ထံသို့ အလည်အပတ်သွား ရောက်သောအခါ သင်၏စီစဉ်ထားချက်များတို့သည် အဘယ်အရာနည်း။

        ၅။     ဤရေးသားထားချက်အခန်းတွင်မပါရှိသေးသည့် အသင်းအုပ်ဆရာဆိုင် ရာ လိုက်လံလည်ပတ်ကြည့်ရှုခြင်းအမှုနှင့် ပတ်သက်သည့် လက်တွေ့ အသုံးချသည့် အခြားသောနည်းလမ်းအချက်အလက်တို့ကိုဖော်ပြပေးပါ။

 

No comments:

Post a Comment