Monday, April 27, 2026

 

အခန်း ()

ထူးခြားသောဧည့်သည်တစ်ယောက်

 

        သင်းအုပ်ဆရာ၏ အသင်းသူသားများတို့ထံ လိုက်လံလည်ပတ်ကြည့်ရှုခြင်းသည် ကျွန်ုပ်၏အမှုတော်ဆောင်ခြင်းလုပ်ငန်းအတွက် အလွန်အရေးပါလှ ပါသည်။ ၎င်းလုပ်ဆောင်မှုသည် ကျွန်ုပ်၏အသင်းသူသားများတို့ကို သိရှိရန် နှင့် လူတို့နှင့် မိတ်ဆွေဖွဲ့နိုင်သောအခွင့်အလမ်းတစ်ရပ်ကို ဖော်ဆောင်ပေးပါ သည်။ အသင်းအုပ်ဆရာတိုင်းသည် သူတို့၏ခွန်အားများ၊ အားနည်းချက်များ၊ ဆုကျေးဇူးများနှင့်လုပ်ပိုင်ခွင့် များရှိကြပါသည်။ အချို့တို့သည် တရားဟော ပြောရာတွင် အားသန်မှုရှိကြပြီး၊ အချို့တို့မှာ အုပ်ချုပ်ရေးအပိုင်း သို့မဟုတ် ပို့ချခြင်းတွင် အားသန်မှုရှိကြပါသည်။ ကျွန်ုပ်အတွက်မှာမူ အသင်းသူအသင်း သားတို့ထံသို့ လိုက်လံလည်ပတ်ကြည့်ရှုခြင်းသည် ကျွန်ုပ်၏အမှုတော်ဆောင် လုပ်ငန်းအတွက် ခွန်အားဖြစ်ပါသည်။ အချို့သော နေ့များတွင် လိုက်လံကြည့် ရှုခြင်းအလုပ်သည် ပျော်ရွှင်ဖွယ်ရာစွန့်စားမှုတစ်ခုဖြစ်ပြီး၊ အခြားသောနေ့ရက် များတို့တွင် ခက်ခဲမှုရှိနိုင်ပါသည်။ သို့သော်လည်း ကျွန်ုပ်၏ အမှုတော်ဆောင် ခြင်းလုပ်ငန်းသည် ၎င်းအချက်များမပါရှိပါက ရပ်တည်၍မရနိုင်ပါ။

        အသင်းအုပ်ဆရာ၏လိုက်လံလည်ပတ်ကြည့်ရှုခြင်းနှင့် ၎င်းလုပ်ရပ်မှထွက် ရှိလာသည့်ရလဒ်ဖြစ်သည့် ခင်မင်ရင်းနှီးမှုများတို့သည် အကျိုးဖြစ်ထွန်းမှုရှိ သော အမှုတော်ဆောင်ခြင်းလုပ်ငန်းအတွက် မရှိမဖြစ်သောအရာများဖြစ်ကြပါ သည်။ အယ်လင်ဝှိုက်က လူတို့၏အိမ်ထောင်မိသားစုတို့သို့ လိုက်လံလည်ပတ် ကြည့်ရှုသည့် အလုပ်ကို သူ့အနေဖြင့်လျစ်လျူရှုထားပါက သူသည်သစ္စာမရှိ သောသိုးထိန်း တစ်ယောက်သာဖြစ်ပြီး ဘုရားသခင်၏ဆုံးမပြစ်တင်တော်မူ ခြင်းသည် သူ၏အပေါ်သို့ ကျရောက်ပေမည်။ သူ၏အလုပ်သည်လည်း တစ် ဝက်တစ်ပျက်ဖြင့်ပြီးမြောက် ရမည့်အလုပ်မဟုတ်ပါ ဟူ၍ ရေးသားခဲ့ဖူးပါ သည်။ လိုက်လံလည်ပတ်ကြည့်ရှုခြင်းအလုပ်ကို လျစ်လျူရှုသောတရားဟော ဆရာတစ်ယောက်သည် အဓိပ္ပါယ်ပြည့်၀သော နည်းလမ်းဖြင့် သူ၏လူတို့ အပေါ်တွင် ဩဇာမညောင်းနိုင်ပါ။

    အသင်းအုပ်ဆရာနှင့်သက်ဆိုင်သော အမှုတော်ဆောင်ခြင်းလုပ်ငန်းတွင် ဤအချက်သည် စိန်ခေါ်မှုတစ်ရပ်အဖြစ်ရှိနေနိုင်သော်လည်း၊ မိမိတို့၏သိုးစု တို့ကို သိရှိရန်မှာ သိုးထိန်းတို့အတွက် အရေးကြီးလှပါသည်။ ကျွန်ုပ်တို့၏အရှင် သခင်နှင့် အဆုံးစွန်သောစံပြနမူနာဖြစ်တော်မူသောသခင်ယေရှုက (ယောဟန် ၁ဝး၁၄) တွင် ငါသည်ကောင်းသောသိုးထိန်းဖြစ်၏။ ခမည်းတော်သည်ငါ့ကို သိတော်မူ၏။ ငါသည်လည်း ခမည်းတော်ကိုသိသကဲ့သို့ ငါ၏သိုးတို့ကိုငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏ ဟူ၍ မိန့်တော်မူခဲ့ပါသည်။ တရားဟော ဆရာကလုပ်ဆောင်ရသည့် လိုက်လံကြည့်ရှုခြင်းသည် အသင်းအုပ်ဆရာနှင့် အသင်းဝင်သူများတို့အနေဖြင့် တစ်ဦးကိုတစ်ဦး တန်းတူရည်တူသဘောထား ကြရန်အတွက် အထောက်အကူပြုပါသည်။

    ကျမ်းစာတော်မြတ်က ဤအရေးကြီးလှသော အမှုတော်ဆောင်ခြင်းလုပ် ငန်းအပေါ် လျစ်လျူရှုခြင်းနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့ကိုသတိပေးထားပါသည်။ (ယေဇကျေလ ၃၄း၂၊၄-) တွင် “. . .ကိုယ်ကိုသာကျွေးမွေးသော ဣသရေ လအမျိုး သိုးထိန်းတို့သည် အမင်္ဂလာရှိကြ၏။ သိုးထိန်းသည် သိုးတို့ကိုမကျွေး မွေးရသလော။ အားနည်းသောသိုးကိုမမစကြ၊ နာသောသိုးကိုဆေးမကုကြ၊ အရိုးကျိုးသောသိုးကို အဝတ်နှင့်မစည်းကြ။ သူတစ်ပါးနှင်သောသိုးကိုလိုက်၍ မဆောင်ခဲ့ကြ၊ ပျောက်သော သိုးကိုမရှာကြ၊ အနိုင်အထက်ပြု၍ ကြမ်းတမ်းစွာ စီရင်ကြပြီ။ ထိန်းသောသူမရှိသောကြောင့် သိုးတို့သည်ကွဲပြားကြ၏။ ကွဲပြား လျက်နေသောအခါ ခပ်သိမ်းသောတော သားရဲစားစရာဖြစ်ကြ၏။ ငါ့သိုးတို့ သည် တောင်များ၊ မြင့်သောကုန်းများအပေါ်မှာ လဲ၍ မြေတစ်ပြင်လုံးတွင် အရပ်ရပ်သို့ကွဲပြားပြန့်လွင့်လျက်နေ၍ အဘယ်သူမျှ မလိုက်မရှာကြ ဟူ၍ ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့အားသတိပေးထားပါသည်။

        ဤသစ္စာမဲ့ကြသောဣသရေလလူတို့၏ သိုးထိန်းတို့သည် မရှိဆင်းရဲသား တို့အားပေးကမ်းစွန့်ကြဲရန်ပျက်ကွက်ခဲ့ကြပြီး၊ ပျောက်ဆုံးသောသိုးတို့ကို ရှာဖွေ သောအလုပ်ကို မရွေးချယ်ခဲ့ကြပါ။ သူတို့သည် သူတို့၏ကိုယ်ပိုင်လိုအပ်ချက် တို့ကို အာရုံစိုက်ကြပါသည်။ ပြန်လည်တုံ့ပြန်သည့်အနေဖြင့် ဘုရားသခင်က သူသည် သိုးတို့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်ပတ်သက်သည့်တာဝန်ခံမှု အတွက် သိုးထိန်းတို့ကိုပေးအပ်တော်မူမည့်အကြောင်းကို ကြေညာတော်မူခဲ့ပါ သည်။ယနေ့တွင် ဝိညာဉ်ရေးဆိုင်ရာခေါင်းဆောင်များအဖြစ်ရှိနေသော ကျွန်ုပ်တို့သည်လည်း ထိုသို့သော အလားတူသတင်းစကားမျိုးနှင့် သက်ဆိုင်နေကြပါ သည်။

        ကမ္ဘာတစ်ဝန်းရှိ အသင်းအုပ်ဆရာများနှင့်အတူ ကျွန်ုပ်၏အလည်အပတ် ခရီးစဉ်များမှ ကျွန်ုပ်တွေ့သိခဲ့ရသည်မှာ များစွာသောအသင်းအုပ်ဆရာများတို့ သည် သူတို့အတွက် အလေးထားရမည့်အရာများတို့ကိုသာ ဟောပြောရန် ထည့်သွင်းစဉ်းစားကြပြီး လိုက်လံကြည့်ရှုခြင်းအလုပ်ကိုမူ အနည်းငယ်မျှသာ အာရုံစိုက်ကြပါသည်။

 

        လိုက်လံလည်ပတ်ကြည့်ရှုခြင်းအလုပ်သည် အဘယ်ကြောင့်ဦးစားပေးအဆင့်တစ်ခုအဖြစ်ရှိမနေပါသနည်း

      အသင်းအုပ်ဆရာ၏လိုက်လံလည်ပတ်ကြည့်ရှုခြင်းအလုပ်သည် ရေရှည် သတ်မှတ်ထားသည့် သတ်မှတ်ချက်မဟုတ်ခြင်းပင် ဖြစ်ပါသည်။ ရှေးအခါက ဆိုရိုး စကားအရ၊ အိမ်ထောင်မိသားစုသို့လိုက်လံလည်ပတ်သည့် အသင်းအုပ် ဆရာသည် ဘုရားကျောင်းသို့တက်ရောက်ရန် နှေးတတ်ကြသည့်လူတို့အတွက် တစ်ချိန်တစ်ခါ ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့မည်ဖြစ်သော်လည်း ယခုတွင်မူ ထိုကဲ့သို့ မဟုတ်တော့ပါ။

    အသင်းအုပ်ဆရာ၏ လိုက်လံကြည့်ရှုခြင်းအလုပ် လျော့ပါးကျဆင်းလာမှ သည် ပြဿနာတစ်ခုချင်းအဖြစ်မှတ်ယူ၍မရနိုင်ပါ။ အချို့သောအသင်းအုပ် ဆရာများတို့သည် မိမိတို့တွင် ကိုယ်ပိုင်သယ်ယူပို့ဆောင်ရေး မရှိနိုင်ကြပါ။ လုံခြုံရေးနှင့် ငွေကြေးအရ၊ အသုံးဆိုင်ရာအရေးအရာကိစ္စရပ်တို့သည်လည်း အခက်အခဲပြဿနာများကို ဖြစ်ပေါ်စေကြပါသည်။ အချို့သောနိုင်ငံများတို့ တွင် အသင်းတော်အသင်း အဖွဲ့အရွယ်အစားသက်သက်ကိုသာ အလေးထား ပါက လိုက်လံကြည့်ရှုခြင်းအမှုသည် မျှော်လင့်ချက်ကင်းမဲ့သွားသကဲ့သို့ ထင်မှတ်ရပါသည်။ မည်သည့်ကိစ္စရပ်တွင်မဆို ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အသင်း သူအသင်းသားတို့ထံသို့ အလည်အပတ်သွားရောက်ကြရန် ကျွန်ုပ်တို့၏မိမိ ကိုယ်ကိုဆက်ကပ်အပ်နှံမှုနှင့်အပေးအယူလုပ်ရန်အတွက် အထက်ပါအခက် အခဲတို့ကို ကျွန်ုပ်တို့ခွင့်မပြုနိုင်ပါ။

    အသင်းအုပ်ဆိုင်ရာအမှုတော်ဆောင်ခြင်းအလုပ်သည် ပြောင်းလဲလျက်ရှိ နေသည်ကို သံသယဖြစ်စရာမလိုပါ။ ကျွန်ုပ်တို့၏ အမှုတော်လုပ်ငန်းတွင် စိတ်ပါလက်ပါ ရှိမှု၌ အားလုံးသောနည်းပညာဆိုင်ရာ အသာစီးရမှုတို့အားဖြင့် ကျွန်ုပ်တို့သည် အသင်းအုပ်ဆိုင်ရာအမှုတော်ဆောင်ခြင်းအလုပ်တွင်ပင် ကျွန်ုပ် တို့၏အချိန်အများစုတို့ကို အသုံးချနေကြရခြင်းကို အဆုံးသတ်နိုင်ကြမည်ဖြစ် ပါသည်။ ကြီးမားသော အကူအညီတစ်ခုအဖြစ်ရှိနေနိုင်သည့်တိုင် အသင်းသူ အသင်းသားတို့နှင့် ကိုယ်ရေးကိုယ်တာ ဆက်သွယ်ထိတွေ့မှုကိုဆုံးရှုံးသွားစေ သည့် ထိုနည်းပညာအားဖြင့် သွေးဆောင်ခံရမှုကိုရှောင်ရှားရကြပါမည်။ ပြည့်စုံ သော တရားဟောချက်ကို ပြင်ဆင်ခြင်း၊ အကြံပေးခြင်းနှင့်အထွေထွေကိစ္စရပ် များနှင့်ပတ်သက်သည့် ဦးဆောင်မှုများပြုလုပ်ပြီးနောက် လိုက်လံကြည့်ရှုခြင်း အတွက် အချိန်အနည်းငယ်သာကျန်ရှိတော့ကြောင်းကို အချို့တို့ကလက်ခံ ထားကြပါသည်။ ၎င်းကိုအဖြေရှာရန်အတွက် အချို့သောအသင်းတော်တို့ သည် ဤလိုအပ်ချက်ကိုဖြည့်ဆည်းရန်အတွက် လိုက်လံလည်ပတ်ကြည့်ရှုပေး မည့် အသင်းအုပ်ဆရာတို့ကို ငှားရမ်းထားကြပါသည်။ အခြားသောအသင်း တော်တို့မှာမူ လိုက်လံကြည့်ရှုခြင်းကော်မတီ သို့မဟုတ် အသင်းစုတို့ကိုဖွဲ့စည်း တည်ထောင်ပြီးနောက် ထိုဝန်ထုပ်ဝန်ပိုးကိုမျှဝေဆောင်ရွက်ကြပါသည်။         ဤသို့ ဖြင့် လိုက်လံကြည့်ရှုခြင်းသည် စုပေါင်းဆောင်ရွက်သည့် တရားဟောအစည်း အဝေးတစ်ခုအဖြစ်သို့ ရောက်ရှိလာပါသည်။ သမာရိုးကျလိုက်လံလည်ပတ် ကြည့်ရှုခြင်းအစီအစဉ်ဖြစ်သည့်တိုင် အသင်းတော် အကြီးအကဲများ၊ သင်း ထောက်များတို့နှင့် သာမန်အသင်းသားများတို့အနေဖြင့် စိတ်လှုပ်ရှားဖွယ်ရာ အမှုတော်တွင် ပူးပေါင်းမျှဝေလုပ်ဆောင်သင့်ကြပါသည်။

    အသင်းတော်တွင်း၌ အသင်းအုပ်ဆရာတစ်ယောက်တည်းကသာလျှင် အလည်အပတ်ထွက်ခြင်းအားဖြင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်နှင့် ဆက်သွယ်နိုင်သူမဟုတ်ပါ။ အကယ်၍အသင်းတော်သည် လိုက်လံလည်ပတ် ကြည့်ရှုခြင်းအလုပ်တွင် အတူတကွ ပါဝင်လုပ်ဆောင်ရေးအတွက် စည်းရုံး ဆောင်ရန်လိုအပ်ပါက ထိုအသင်းအုပ်ဆရာသည် ဤအမှုတော်ဆောင်ခြင်း အလုပ်ကို တက်ကြွစွာအားပေး မြှင့်တင်ရပါမည်။ အခြားသောအသင်းသူ အသင်းသားတို့က လိုက်လံလည်ပတ် ကြည့်ရှုခြင်းလုပ်ငန်းတွင် ပါဝင်လုပ် ဆောင်ရေးအတွက် တိုက်တွန်းအားပေးရပါမည်။ လိုက်လံလည်ပတ်ကြည့်ရှု ခြင်းအလုပ်သည် ညှာတာစာနာမှုရှိသော အသင်းတော် ၏ဝိသေသလက္ခဏာ တစ်ရပ်ပင်ဖြစ်ပါသည်။

    ပင်ကိုယ်အားဖြင့် အခြားသောသူများအတွက်ထက်၊ အချို့သောသူများ အတွက် လိုက်လံကြည့်ရှုခြင်းသည် ပိုမို၍လွယ်ကူပေလိမ့်မည်။ ပင်ကိုယ်စရိုက် အရ ဖော်ဖော်ရွေရွေရှိကြသော အသင်းအုပ်ဆရာတို့သည် သူတို့၏အမှုတော် ဆောင်လုပ်ငန်း တွင် ပုံမှန်အစိတ်အပိုင်းတစ်ခုဖြစ်သည့်လိုက်လံကြည့်ရှုခြင်းကို ပိုမို၍လုပ်ဆောင်သင့်ကြပါသည်။ အသင်းသူ^သားတို့ထံ အလည်အပတ်သွား ရောက်ခြင်းသည် ထူးခြားသော ပင်ကိုယ်အရည်အသွေးဖြစ်သည့် စိတ်လွတ် ကိုယ်လွတ်ပျော်ပျော်နေတတ်သော သူများတို့အား ဆွဲဆောင်မှုရှိစေပါသည်။ သူတို့၏နှလုံးသားတို့သည် စိတ်ထိခိုက်မှုရှိကြသောသူ၊ အထီးကျန်ဖြစ်နေကြသူ သို့မဟုတ် ဆင်းရဲနွမ်းပါးကြသော သူတို့အတွက် သောကကိုငြိမ်းစေလိုကြပါ သည်။ သို့သော်လည်း ဤစိတ်သဘောထားမျိုးသည် ပင်ကိုယ်စရိုက်အရ ဖော်ဖော်ရွေရွေမရှိသောသူတို့အပေါ်ခွင့်မလွှတ်ပါ။

    သူတစ်ပါးတို့အတွက် စိုးရိမ်စိတ်နှင့်ချစ်ခြင်းမေတ္တာတို့ကို အမှန်အကန် ထုတ်ဖော်ပြောကြားကြရန်အတွက် လူများရှိကြသောနေရာများတို့တွင် သွား ရောက်ကြပါမည်။ ကျွန်ုပ်တို့၏များပြားလှသောအလုပ်တို့ဖြင့် ရေးဆွဲထားသော အစီအစဉ်ဆွဲထားမှုများနှင့် ဆင်ခြေဆင်လက်များတို့ကို ဘေးဖယ်ထားပြီး၊ အခြားသောသူတို့အတွက်ကို ဦးစားပေးအဆင့်တွင်ထားရပါမည်။ သူတို့လိုအပ် ကြသောအချိန်တွင် အသင်းသူ^သားတို့ထံသို့ ကျွန်ုပ်တို့အလည်အပတ်သွား ကြရပါမည်။

        တစ်ချိန်ကျွန်ုပ်သည် ဉာဏ်ပညာနှင့်ပတ်သက်သည့် အဖိုးတန်ရတနာ စကား တစ်ခွန်းကိုကြားဖူးရာတွင် ဆင်ခြေဆင်လက်များတို့မည်သည်မှာ မည် သည့်အရာမျှ မဟုတ်သောအရာအတွက် မော်ကွန်းတိုင်များကိုစိုက်ထူ တည် ဆောက်သည့် လူဖျင်းလူညံ့တို့ကအသုံးပြုခဲ့ကြသည့် ကိရိယာတန်ဆာပလာ များဖြစ်ကြပါသည်ဟူ၍ဖြစ်ပါသည်။ မိမိကိုယ်၌အတွက်သာ အဓိကထားသော သူတို့သည် မည်သည့်အရာကိုမျှ အကျိုးဖြစ်ထွန်းစေမှုမရှိပါ။ အောက်ပါ အချက်တို့သည် အသင်းအုပ်ဆရာတို့၏လိုက်လံ ကြည့်ရှုခြင်းလုပ်ရပ်များကျ ဆင်းရခြင်း၏အကြောင်းရင်းအချို့ဖြစ်ကြပါသည်။

        အချိန်မလောက်မှုကိုတွေးဆမိခြင်း - အသင်းအုပ်ဆရာများတို့သည် အလုပ်အလွန်များကြပါသော်လည်း ကျမ်းစာတော်မြတ်က ကျွန်ုပ်တို့အား အရာရာတိုင်းအတွက်အချိန်ရှိကြသည့်အကြောင်းကို (ဒေသနာကျမ်း ၃း၁-) တွင်သင်ကြားပေးထားပါသည်။ အရာရာတိုင်းအတွက်အချိန်ရှိပါက လိုက်လံ လည်ပတ်ကြည့်ရှုခြင်းအတွက် အမှန်တကယ်အချိန်ရှိပါသည်။

        သင်အလုပ်လုပ်ရမည့်အချိန်ရောက်ရှိလာပါက အစီအစဉ်ရေးဆွဲရန် ပျက် ကွက်ခြင်းသည် သင်၏ကျရှုံးခြင်းအတွက် စီစဉ်ခြင်းပင်ဖြစ်ပါသည်။ သင်၏ အမှုတော်ဆောင်ခြင်းအစီအစဉ်တွင် အသင်းအုပ်ဆရာနှင့် ပတ်သက်သည့် လိုက်လံကြည့်ရှုခြင်း  အလုပ်ကို မရှိမဖြစ်သော အစိတ်အပိုင်းတစ်ရပ်အဖြစ် ထည့်သွင်းပါ။ အသင်းအုပ်ဆိုင်ရာ လိုက်လံလည်ပတ်ကြည့်ရှုခြင်းကို ဦးစားပေး သတ်မှတ်ထားပါက အချိန်သည် ပြဿနာတစ်ရပ်မဟုတ်တော့ပါ။

        အချိန်လုံလောက်မှုမရှိခြင်း ကိုဆင်ခြေပေးခြင်းသည် အားနည်းမှု တစ်ရပ်ပင်ဖြစ်ပါသည်။ ချစ်ခြင်းမေတ္တာသည် လမ်းတစ်ခုကိုတွေ့ရှိပါလိမ့် မည်။ ဥပေက္ခာပြုခြင်းမူကား ဆင်ခြေပေးခြင်းတစ်ခုကို ရှာကြံပါလိမ့်မည် (အမည်မသိပုဂ္ဂိုလ်) အသင်းအုပ်ဆရာများတို့သည် လိုက်လံကြည့်ရှုခြင်းကို အဖြစ်နိုင်ဆုံးလုပ်ဆောင်နိုင်ရန်အတွက် သူတို့၏အချိန်ကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲသင့်ကြပါသည်။ လိုက်လံကြည့်ရှုခြင်းအတွက်အချိန်မရှိဟု သင်ခံစားရ ပါက သင်ဦးစားပေးထားသည့်အရာများကို သင့်အနေဖြင့် ပြန်လည်ဆင်ခြင် သုံးသပ်ရပါမည်။ အပတ်စဉ်လိုက်လံကြည့်ရှုခြင်းများအတွက် အစီအစဉ်ရေးဆွဲ ရပါမည်။ အသင်းတော်ကိုအုပ်ချုပ်သည့်တာဝန်များထက် ပုံမှန်လိုက်လံကြည့်ရှု ခြင်းအမှုတော်ဆောင်လုပ်ငန်းကို ဦးစားပေးလုပ်ဆောင်ရေးကို ရည်ရွယ်ချက် ရှိရှိဖြင့် စီစဉ်ထားရပါမည်။ ကောင်းမွန်စွာစီစဉ်ထားမှုနှင့် စည်းရုံးထားမှုတို့ဖြင့် အပတ်စဉ်လိုက်လံကြည့်ရှုခြင်းသည် အသင်းတော်တစ်ခုကိုအသက်ဝင်စေပြီး စိတ်လှုပ်ရှားပျော်ရွှင်မှုတို့ကိုဖြစ်ပေါ်စေကာ အသင်းတော်ကိုလည်း မိမိကိုယ် ကိုသာ အလုပ်အကျွေးပြုခြင်းနှင့် တိုးတက်မှုတန့်နေသောအနေအထားတို့မှ ကင်းလွတ်အောင် တားဆီးထားနိုင်ပါသည်။ သင်၏အသိုက်အဝန်းတွင် လုပ် ဆောင်နေသော လိုက်လံလည်ပတ်ကြည့်ရှုခြင်းအတွက်ဗျူဟာကို တိုးတက်မှု လုပ်ဆောင်ရေးတွင် သင့်အနေဖြင့် ပြုလွယ်ပြင်လွယ်ဖြစ်ရပါမည်။ ၎င်းကဲ့သို့ လုပ်ဆောင်ရန်မှာ အစဉ်အမြဲ လွယ်ကူလှသည်မဟုတ်သော်လည်း အစဉ်ထာ၀ ရအကျိုးကိုခံစားရပါသည်။

        အသက်တာ၏ ရှုပ်ထွေးခြင်း - သီတင်းပတ်ပေါင်းများစွာဖြင့် ဝတ်ပြုခြင်း ပျက်ကွက်မှုရှိသော အသင်းသားတစ်ယောက်က သူ၏ ပျက်ကွက်မှုနှင့်ပတ် သက်ပြီးရှင်းပြရာတွင် ကျွန်တော့်ရဲ့ဘ၀မှာ ကျွန်တော်ဘယ်လောက်အလုပ် ရှုပ်တယ်ဆိုတာ ဆရာသိခဲ့တယ်ဆိုရင် ကျွန်တော့်ရဲ့ဝတ်ပြုခြင်းကို မတက် ရောက်လာခဲ့တာကို ဆရာ့အနေနဲ့နားလည်ပေးနိုင်မှာဖြစ်ပါတယ်။ မနက်ပိုင်း ကိုကျွန်တော်အလုပ်လုပ်တယ်။ ညနေပိုင်းမှာ ကျွန်တော်ကျောင်းသွားတက် တယ်။ ညဦးပိုင်းမှာ ကျွန်တော်အိမ်စာလုပ်ရပါတယ် ဟူ၍ ပြောပြခဲ့ပါသည်။

        များသောအားဖြင့်လူတို့သည် ချိန်းဆိုချက်တစ်ခုမှ နောက်တစ်ခုသို့၊ လုပ် ငန်း ခွင်မှအိမ်ထောင်မိသားစုထံသို့ နေ့စဉ်နှင့်အမျှ မိသားစုနှင့်ပတ်သက်သော ကတိကဝတ်တို့ကို ဖြည့်ဆည်းနေရကြပါသည်။ တစ်စုံတစ်ယောက်သော သူ သည် ယိုင်နေသော အချိန်နှင့်သက်သောင့်သက်သာနေရသော အချိန်ကို မည်သည့်အချိန်တွင်ရရှိကြမည်နည်း။ သို့တည်းမဟုတ် မိသားစုအတူတကွ ညစာစားနိုင်ကြရန် သို့မဟုတ် လေ့ကျင့်ခန်းလုပ်ရန်အတွက် မည်သည့်အချိန် တွင်လုပ်ဆောင်ကြမည်နည်း။ တစ်ခါတစ်ရံတွင် အသင်းဝင်တို့သည် အသင်း အုပ်ဆရာတို့က သူတို့ထံသို့အလည်အပတ် သွားရောက်ရာတွင် ဧည့်ခံစကား မပြောနိုင်သည်ကိုလည်းတွေ့ရပါသည်။ အသင်းသူ^သားတို့၏ ခက်ခဲရှုပ်ထွေး သော အသက်တာ၏ရလဒ်တစ်ခုအဖြစ် အလည်အပတ်ထွက်ခြင်းအမှုသည် မကြာခဏပင်လျှင်လိုအပ်ချက်အပေါ်တည်မှီနေပါသည်။ အသင်းသူတစ်ဦး ချင်း သို့မဟုတ် မိသားစုတို့၏လိုအပ်ချက်တစ်ခုကိုဖြေရှင်းပေးရန် သို့မဟုတ် မကျန်းမမာဖြစ်မှု၊ သို့မဟုတ် ဝမ်းနည်းပူဆွေးမှုအတွက် ကူညီဖြေသိမ့်မှုပေးရန် ဆိုသည့်အချက်တို့သည်သာ ထိုအသင်းဝင်သူတို့ကို သွားရောက်တွေ့ဆုံရခြင်း  အကြောင်းရင်းခံတစ်ရပ်ပင်ဖြစ်သည်ဟူ၍ အသင်းအုပ်ဆရာတော်တော် များများတို့က ယုံကြည်ကြပါသည်။ အများအားဖြင့်လည်ပတ်ခြင်းမရှိမှုကြောင့် အခက်အခဲပြဿနာ မရှိဟူ၍ အဓိပ္ပါယ်သက်ရောက်တတ်ပါသည်။

        ဘရာဇီးနိုင်ငံ၏မြို့ကြီးတစ်မြို့ရှိ အသင်းဝင်မိသားစုတစ်စုထံသို့ ကျွန်ုပ် အလည်အပတ်သွားရောက်ခဲ့သည်ကို အမှတ်ရမိပါသေးသည်။ အသင်းဝင် ခင်ပွန်းသည်ဖြစ်သူက ကျွန်ုပ်အားလက်ခံတွေ့ဆုံရသည်ကို ဝမ်းသာအားရဖြစ်ရင်း၊ သူက ကျွန်တော်တို့ဆီကို ဆယ်နှစ်တာအတွင်းမှာ ဘယ်သင်းအုပ်ဆရာ တစ်ယောက်တလေ၊ ဒါမှမဟုတ် အသင်းလူကြီးတစ်ယောက်တလေကမှ တစ်ကြိမ်တစ်ခါမှမလည်ဖူးဘူး။ အဲဒီအတွက်ကြောင့် လူကြီးတွေကိုအမှန် တကယ် မသိကြသလိုဘဲ သူတို့ကလည်း ကျွန်တော်တို့ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ ဝိညာဉ်ရေးလိုအပ်ချက်တွေကိုမသိခဲ့ဘူး ဟူ၍ အသိပေးဝေဖန်ခဲ့ပါသည်။ အချို့သောသူတို့သည် အသင်းအုပ်ဆရာ၏ပုံမှန် လိုက်လံလည်ပတ်ကြည့်ရှု ခြင်းဆိုင်ရာလိုအပ်မှုကို သေးသိမ်သွားအောင် လုပ်ဆောင်ကြပေမည်။ သို့ သော်လည်း သင်းအုပ်ဆရာ၏ လိုက်လံလည်ပတ်ကြည့်ရှုခြင်း အလုပ်သည် အသင်းအုပ်ဆရာဆိုင်ရာ အမှုတော်ဆောင်ခြင်း၏အစားမထိုးနိုင်သော အရာ နှင့် အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။

 

နားလည်မှုလွဲခြင်းများတို့ကိုထုတ်ဖော်ပြသခြင်း

    အနုတ်သဘောဆောင်သည့် အတွေ့အကြုံကြောင့် တစ်ခါတစ်ရံတွင် လိုက်လံ လည်ပတ်ကြည့်ရှုခြင်းအလုပ်သည် လျစ်လျူရှုထားခြင်းခံရတတ်သော် လည်း နားလည်မှုလွဲခြင်းအားဖြင့်လည်း ဖြစ်လေ့ဖြစ်ထရှိပါသည်။ အထူးသဖြင့် အပြစ်ကျူးလွန်မိသောအခြေအနေမျိုးတွင် တိကျသည့်နားလည်မှုလွဲခြင်းနှစ်မျိုး ရှိပါသည်။

        ၁။     လိုက်လံကြည့်ရှုခြင်းသည် ထိရောက်မှု သိပ်မရှိနိုင်သည့်အချိန်ကို အသုံးပြုခြင်းတစ်ခုသာဖြစ်ပါသည်။ သူတို့၏ ဦးစီးခေါင်းဆောင်မှုအများအပြား တွင် အချိန်ကိုတစ်ဦးတစ်ယောက်ချင်းဖြင့် အသုံးချခြင်းသည် အစုအဖွဲ့တစ်ခု လုံးဖြင့် အသုံးချခြင်းလောက် အကျိုးထိရောက်မှုမရှိသည်ကို အသင်းအုပ်ဆရာ တို့အနေဖြင့် သတိပြုမိရကြပါမည်။ ဤအချက်သည် တရားသေမှန်ကန်မှု သဘောမဆောင်ပါ။ အမှုတော်ဆောင်ခြင်းအလုပ် အလွန်ထိရောက်လှသော နည်းလမ်းမျိုးမှာ တစ်ဦးတစ်ယောက်ချင်းဖြင့် လုပ်ဆောင်ရသည့် ကိုယ်ရေး ကိုယ်တာအချိန်ထားရှိခြင်းပင်ဖြစ်ပါသည်။

        ကောင်းသောအသင်းအုပ်ဆရာတစ်ယောက်သည် အလည်အပတ်သွား ရောက်ခြင်းဖြင့် အချိန်ကိုသစ္စာရှိစွာဖြင့် အသုံးချရပါမည်။ ရှင်ယာကုပ်က သူ၏ဩဝါဒစာ (၁း၂၇) တွင် ခမည်းတော်ဘုရားသခင်ရှေ့၌ စင်ကြယ် သန့်ရှင်းသောသီလမူကား၊ မိဘမရှိသောသူငယ်တို့နှင့်မုဆိုးမတို့သည် ဆင်းရဲခံ ရသောအခါ သူတို့ကိုကြည့်ရှုပြုစုခြင်း၊ ကိုယ်တိုင်လည်းလောကီအညစ်အကြေး နှင့်ကင်းစင်အံ့သောငှာ စောင့်ရှောက်ခြင်းပေတည်း ဟူ၍ ဩဝါဒထားခဲ့ပါ သည်။ ဆိုးရွားသော သတင်းစကားမည်သည်မှာ အလွန်ကုန်လွယ်သော အချိန်အကြောင်းဖြစ်ပါသည်။ ကောင်းသောသတင်းဆိုသည်မှာ သင်သည် လေသူရဲဖြစ်သည့်အကြောင်းပင်ဖြစ်ပါသည်” (MichaelAltshuler)  လည်ပတ် ခြင်းအမှုကိုမပြုသော အသင်းတောင်ခေါင်းဆောင်တစ်ဦးမည်သည်မှာ စင်ကြယ်သောသီလကို မြှင့်တင်ပေးမည်မဟုတ်ပါ။ အလည်အပတ်သွားရောက် ခြင်းကို လုပ်ဆောင်ရမည့်နေရာများအဖြစ် မိသားစုများ၊ ဘိုးဘွားရိပ်သာများ နှင့်ဆေးရုံများတို့တွင် အဓိကပြစ်မှတ်ထားရကြပါမည်။ ပုံမှန်လည်ပတ်ခြင်းလို အပ်သောသူတို့တွင် ဘောင်ခတ်လှောင်ပိတ်ခြင်းခံရမှုရှိသော အိမ်ထောင် မိသားစုတို့လည်းပါဝင်ပါသည်။ ဆင်းရဲနွမ်းပါးမှုတို့သည်အလွန်များပြားလှပြီး လုပ်ဆောင်သောသူတို့သည် အလွန်နည်းပါးလှပါသည်။

        ထို့အပြင် အလည်အပတ်သွားခြင်းသည် အသင်းအုပ်ဆရာအတွက် အကန့်အသတ်မရှိပါသော်လည်း ထိုအသင်းအုပ်သည် အလည်အပတ်သွား ခြင်းအတွက် အချိန်ကိုအမှန်တကယ်ဖန်တီးရပါမည်။ သူတို့ထံသို့ရောက်ရှိခြင်း အတွက် အချိန်ကို ရယူခြင်းသည် အသင်းအုပ်ဆရာအတွက် သူ၏အသင်းသူ အသင်းသားတို့အပေါ် ချစ်ခြင်းမေတ္တာရှိကြောင်းကို ထုတ်ဖော်ပြောဆိုပြီးသား ဖြစ်ပေမည်။

        ၂။ လိုက်လံလည်ပတ်ကြည့်ရှုခြင်းအလုပ်အတွက် အစီအစဉ်သတ်မှတ် ထားရေးမှာ အလွန်ခက်ခဲလှပါသည်။ သင့်အနေဖြင့် တစ်စုံတစ်ရာကို လုပ်ကိုင် လိုစိတ်မရှိသောအခါတွင် သင့်အနေဖြင့် ၎င်းအလုပ်ကိုရှောင်လွှဲနိုင်ရန်အတွက် နည်းလမ်း တစ်သွယ်သွယ်ကို တွေ hရှိနိုင်ပါလိမ့်မည်။ များစွာသောအသင်းအုပ် ဆရာတို့သည် အလည်အပတ်သွားရောက်ရရေးအတွက် ဆင်ခြေဆင်လက် တို့ကိုတွေ့ ရှိတတ်ကြပါသည်။ ဤဆင်ခြေဆင်လက်များတွင် သူသွားရောက် လည်ပတ်မည့်အိမ်၌ မည်သူမျှ ရှိမည်မဟုတ်ဟုမျှော်တွေးချက်၊ ရာသီဥတု သိပ်ပူလွန်းခြင်း သို့မဟုတ် အေးလွန်းခြင်း စသည်တို့ပါဝင်ပါသည်။

    လူတိုင်းလူတိုင်းသည် အလုပ်ရှုပ်နေကြပါသည်။ အလည်အပတ်သွားခြင်း အတွက် အစီအစဉ်ရေးဆွဲရန်မှာခက်ခဲလှသော်လည်း ၎င်းအတွက်မဖြစ်နိုင် သည့် အနေအထားမျိုးမရှိနိုင်ပါ။ လိုက်လံလည်ပတ်ကြည့်ရှုခြင်းအလုပ်သည် အမှုတော် ဆောင်ခြင်းလုပ်ငန်းနှင့် အသင်းတော်ကိုစောင့်ရှောက်သည့်အခန်း ကဏ္ဍကို မြှင့်တင်ပေးပါသည်။ လိုက်လံလည်ပတ်ကြည့်ရှုခြင်းဆိုင်ရာ အကျိုး ဖြစ်ထွန်းမှုများတို့သည် စိန်ခေါ်မှုများတို့အပေါ်တွင် ကောင်းမွန်စွာအလေးသာ မှုဖြစ်စေပါသည်။

    ကျွန်ုပ်၏ အမှုတော်ဆောင်ခြင်းလုပ်ငန်းတွင် လိုက်လံကြည့်ရှုခြင်းများ အတွက် အချိန်ကို အစီအစဉ်တကျရေးဆွဲထားပါသည်။ နံနက်အချိန်တွင် ကျွန်ုပ်အတွက် ကိုယ်ရေးကိုယ်တာကျမ်းစာလေ့လာခြင်းကိုပြုလုပ်ပြီး ထိုနောက် တွင် ချိန်းဆိုမှုတစ်ခုခုကိုလုပ်လျှင်လုပ် သို့မဟုတ် ကြုံလျှင်ကြုံသလို ဝင်ရောက် လည်ပတ်ခြင်းမျိုးကို လုပ်ဆောင်တတ်ပါသည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ အသင်း သူအသင်းသားမိသားစုများတို့ စီစဉ်ထားမှုများဖြစ်ကြသည့် အလုပ်ချိန် အပြောင်းအလဲများ၊ ညစာစားချိန်များနှင့် အိပ်ရာဝင်ချိန်များတို့နှင့် ပတ်သက် ပြီး လေ့လာမှုအပိုင်းတွင် ရင့်ကျက်မှုအတော်ရှိလာပါသည်။ ကျွန်ုပ်သည် သူတို့၏စီစဉ်ထားသည့်စီစဉ်မှုများအတိုင်း လွယ်လွယ်ကူကူဖြင့်ပင် ကျွန်ုပ်၏ လည်ပတ်ခြင်းအလုပ်ကိုလုပ်ဆောင်နိုင်ရန် ကြိုးစားပါသည်။

        လိုက်လံလည်ပတ်ကြည့်ရှုခြင်းသည် ကျွန်ုပ်တို့၏ အသင်းဝင်များတို့၏ လိုအပ်ချက်များတို့ကိုလည်းကောင်း၊ သူတို့၏အဖိုးတန်မှုနှင့် ကျွန်ုပ်တို့၏ ဂရု တစိုက်ရှိမှုတို့ကို ကျွန်ုပ်တို့အနေဖြင့်အလေးထားဂရုပြုမှုရှိသည်ဆိုခြင်းကို ပြသ သကဲ့သို့ပင်ဖြစ်ပါသည်။ ထိရောက်သော အကျိုးဖြစ်ထွန်းမှုရလာသည့် လုပ် ဆောင်ပြီးမြောက်မှုသည် ယုံကြည်သူတို့အား အထောက်အမပေးသည့် အသုံး ဝင်လှသည့်ကိရိယာ တန်ဆာပလာတစ်မျိုးပင်ဖြစ်ပါသည်။ ပုံမှန်ဆင့်ခေါ်မှုများ သို့မဟုတ် ကြေညာချက်များတို့သည် လူတို့အား များစွာသော အစည်းအဝေး သို့ တက်ရောက်ရန်တိုက်တွန်းမှုမျှသာ၊ သို့မဟုတ် ယုံကြည်မှုနည်းသော အမှု တော်ဆောင်များတို့သည် ဝိညာဉ်ရေးနှင့်ပတ်သက်သည့် အရှိကိုအရှိအတိုင်း အနေအထားကိုစာရင်းပြုစုသည့်သဘောမျှသာဆောင်ပါသည်။ လည်ပတ်ခြင်း သည် ပြုစုစောင့်ရှောက်ခြင်းပင်ဖြစ်ပါသည်။

        မှန်ပါသည်။ အသင်းအုပ်ဆရာ အားလုံးတို့သည် လိုက်လံကြည့်ရှုခြင်း အလုပ်ကို ထိပ်ဆုံးဦးစားပေးအလုပ်အဖြစ် သတ်မှတ်ကြပါ။ သို့ရာတွင် အသင်း ဝင်များတို့အတွက် ပုဂ္ဂိုလ်ရေးအရ ပြုစုစောင့်ရှောက်မှုလုပ်ငန်းသည် အသင်း အုပ်ဆရာတိုင်းတို့၏ အမှုတော်ဆောင်ခြင်းလုပ်ငန်းတွင် သေရေးရှင်ရေး အစိတ်အပိုင်းတစ်ရပ်အဖြစ် ကျန်ရှိနေရဆဲအကြောင်းရင်း အနည်းဆုံးသုံးချက် ရှိပါသည်။

        ၁။ ကျွန်ုပ်တို့ကိုယ်ကိုကျွန်ုပ်တို့သတ်မှတ်မှုအပေါ်တွင် ဗဟိုပြုပါသည်  အချို့သော အတိုင်းအတာအားဖြင့် ကျွန်ုပ်တို့၏အနေအထားကို ကျွန်ုပ်တို့ ဖော်ပြပြောဆိုကြရန်အတွက်အသုံးပြုနေကြသောစကားလုံးများတို့သည် ကျွန်ုပ် တို့၏အလုပ်သဘောသဘာ၀ကို အဆုံးအဖြတ်ပေးရာရောက်ပါသည်။ ကျွန်ုပ် တို့ မိမိကိုယ်ကိုအမှုတော်ဆောင်များဟု သတ်မှတ်ကြပါက ကျွန်ုပ်တို့၏ လူတို့ ကိုအမှုတော်ဆောင်ပုံစံမျိုးဖြင့် အစေခံကြပါသည်။ တရားဟောဆရာအဖြစ် ဖြင့် ကျွန်ုပ်တို့ ကိုယ်ကိုကျွန်ုပ်တို့သတ်မှတ်ကြပါက ကျွန်ုပ်တို့သည် ဘုရားသခင် ၏နှုတ်တော်ထွကကို ကြွေးကြော်ကြရပါမည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကိုယ် ကိုအသင်းအုပ်ဆရာများ အဖြစ်သတ်မှတ်ကြပါက ၎င်းသတ်မှတ်ချက်သည် ကျွန်ုပ်တို့အနေဖြင့် အသင်းတော်ဝင်လူစုလူဝေးတို့ကို အုပ်ထိန်းကြမည့်သိုး ထိန်းများအဖြစ်သို့ပါ ရောက်ရှိသွားသည့် အဓိပ္ပါယ်သက်ရောက်ပါသည်။

        သခင်ယေရှု၏အမှုတော်ဆောင်ရွက်ခဲ့မှုကို သတိထားကြည့်ပါက ကောင်း မြတ်တော်မူသောသိုးထိန်းတော်သည် လူတို့ထံသို့ဒေသစာရီ ကြွချီတော်မူရာ တွင် ထိုလူတို့ရှိရာအရပ်ဆီသို့အထိ လည်ပတ်ခြင်းကိုပြုလုပ်တော်မူခဲ့ပါသည်။ သူသည် မာရိ၊ မာသနှင့်ပေတရုတို့မောင်နှစ်မအိမ်တွင် တည်းခိုတော်မူခဲ့ပါ သည်။ သူသည် ပေတရု၏အိမ်သို့သွားရောက်လည်ပတ်တော်မူခဲ့ပြီး လက်ခြေ သေသောသူတစ်ယောက် သခင်ယေရှု၏အကုအသခံယူရန် အိမ်ခေါင်မိုးကို အပေါက်ဖောက်ပြီးမှ ထိုအပေါက်မှတစ်ဆင့် ထိုခြေလက်သေသောသူကို အိမ် ထဲသို့ရောက်အောင်ချပေးရသည့်အိမ်ထောင် မိသားစုတို့၏ အိမ်တွင် တရား ဟောကြားတော်မူခဲ့ပါသေးသည်။ အိမ်ထောင်မိသားစုတို့ထံသို့ လိုက်လံကြည့် ရှုခြင်းလုပ်ရပ်မှတစ်ဆင့် မိသားစုများတို့နှင့်ချိတ်ဆက်မှုရှိရန်အတွက် အသင်း အုပ်ဆရာတို့တွင် ထူးကဲသောအခွင့်အလမ်းတစ်ခုကို ရရှိနိုင်ကြပါသည်။

        ၂။ လူတို့သည်အသင်းအုပ်ဆရာတို့နှင့်ဆက်သွယ်မှုရှိရန်လိုအပ်ပါသည်။ သူတို့၏ အသင်းဝင်သူများတို့၏ ဝိညာဉ်ရေးအခြေအနေတို့နှင့်ပတ်သက်ပြီး များစွာသောအသင်းအုပ်ဆရာတို့သည် စိုးရိမ်တကြီးရှိကြသည်ဟု ကျွန်ုပ်ယူဆ ပါသည်။ သို့သော်လည်း ထိုသင်းအုပ်ဆရာအတော်များများတို့သည် အသင်း ဝင်သူ အစုအဖွဲ့အတွက်ကိုသာ ထည့်သွင်းစဉ်းစားကြပြီး တစ်ဦးတစ်ယောက် ချင်းအတွက်ကိုမူ ထည့်သွင်းစဉ်းစားခြင်းမရှိကြပါ။ ကျွန်ုပ်တို့၏ယဉ်ကျေးမှုနှင့် လုပ်ငန်းဆိုင်ရာလောက်ကို ပိုင်းခြားစိတ်ဖြာကြသည့်သူတို့သည် ဦးစီးခေါင်း ဆောင်များတို့၏ တစ်ဦးချင်းဆက်စပ်မှုတန်ဖိုးကို အလေးထားကြပါသည်။ ဂျောင်(န်)နိန့်(စ်)တမ် က သူ၏ စာအုပ် ကြီးမားသောအလားအလာများ တွင် အဆင့်မြင့်နည်းပညာဆိုင်ရာအသင်း အဖွဲ့တွင် လူတို့သည် မြင့်မားသည့် အာရုံထိတွေ့ ခံစားမှုကို အငမ်းမရဖြစ်နေကြပါသည်ဟူ၍ ဖော်ပြထားပါသည်။

အကျိုးထိရောက်မှုရှိသော စီမံခန့်ခွဲမှုသည် ပုဂ္ဂိုလ်ရေးထိတွေ့မှုအားဖြင့် အကောင်းဆုံးသောပုဂ္ဂိုလ်ရေးအာရုံထိတွေ့ခံစားရမှုကို ဖြစ်ပေါ်စေပါသည်။

        လိုက်လံလည်ပတ်ကြည့်ရှုခြင်းဖြင့် အမှုတော်ဆောင်ရွက်ခြင်းသည် သခင် ယေရှုပုံစံပြသထားတော်မူခဲ့သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာစိတ်ဝင်စားမှုကို ပြသထင် ရှားစေပါသည်။ ကျွန်ုပ်တို့၏သွက်လက်သောခြေလှမ်း၊ မြင့်မားသောနည်းပညာ ခံစားမှုကင်းမဲ့သော အသင်းအဖွဲ့များရှိနေကြသည့်တိုင် သူတို့သည် လူသား ဆန်သည့် ထိတွေ့ခံစားမှုကို လိုအပ်နေကြဆဲဖြစ်ပါသည်။ လိုက်လံကြည့်ရှုခြင်း သည် လူတို့တွင် ရိုးသားဖြူစင်သည့်စိတ်ဝင်စားမှုကိုထုတ်ဖော်ပြသပြီး၊ သူတို့၏ ထိုက်တန်မှုကို အတည်ပြုပေးပါသည်။ ထိရောက်သောအကျိုးကို ဖော်ဆောင် နိုင်သော အသင်းအုပ်ဆရာများဖြစ်ကြရန်အတွက် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အသင်းဝင်သူများတို့နှင့် ပိုမိုနီးကပ်မှုရှိလာကြရပါမည်။ ကျွန်ုပ်တို့ပြောပြသော် လည်း ကျွန်ုပ်မေ့မေ့ပျောက်ပျောက်ရှိသွားပေမည်။ ကျွန်ုပ်ကိုပြသပါက ကျွန်ုပ် အမှတ်ရမိလိမ့်မည်ဖြစ်ပြီး၊ ကျွန်ုပ်နှင့် ပတ်သက်မှုရှိလာပါက ကျွန်ုပ်နားလည် လာပါလိမ့်မည် (တရုတ်စကားပုံ)

        ၃။ ဤလုပ်ရပ်သည် ချစ်ခြင်းမေတ္တာ၏အမှုတော်ဆောင်ခြင်းဖြစ်ပါသည်။ လိုက်လံလည်ပတ်ကြည့်ရှုခြင်းအားဖြင့် အမှုတော်ဆောင်လုပ်ငန်းသည် လူများ ထံသို့ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်ကို တိုးချဲ့ရောက်ရှိစေသည့်လုပ်ထုံး လုပ်နည်းတစ်ခုအဖြစ်သတ်မှတ်ပါ။ အသင်းအုပ်ဆရာ၏လိုက်လံကြည့်ရှုခြင်း လုပ်ဆောင်ချက်သည် ထင်ရှားသောပြယုဂ်နှင့်ပတ်သက်ရာတွင် ဘုရားသခင်  နှုတ်တော်ထွက်သည် ကိုယ်ခန္ဓာအသားအဖြစ်သို့ရောက်ရှိသွားပြီး ကျွန်ုပ်တို့ အတွင်းတွင် ဝင်ရောက်လည်ပတ်သည် ဆိုသည့်အချက်ကို အမှုတော်ဆောင် တစ်ယောက်က ငြင်းဆိုနိုင်လျှင်ငြင်းဆိုစေလိုပါသည်။ သင်သည် ပြည့်စုံကုံလုံမှု မရှိသော်လည်း ဘုရားသခင်၏ ချစ်ခြင်းကျေးဇူးတော်တစ်ရပ်ကို သူတို့အား ထုတ်ဖော်ပြောဆိုရန်အတွက် သင်သည် ခရစ်တော်၏ကိုယ်ပွားအဖြစ် ဖြစ်လာ နိုင်ပါသည်။

        သင်၏သိုးတို့ကိုသင်သိပါသလား။ သင်၏အသင်းဝင်သူတို့ထံသို့အလည် အပတ်သွားရောက်သောအခါ “(၁၅) နှစ်အတွင်း အသင်းအုပ်ဆရာရဲ့ ဒီလည် ပတ်ခြင်းဟာ ပထမဆုံးသောအကြိမ်ပါပဲ ဆိုသည့်စကားမျိုးကို သင်ဘယ်နှစ် ကြိမ်ကြားခဲ့ရပြီလဲ၊ အသင်းသူ^သားတို့သည် မိမိတို့အပေါ်တွင် အသင်းအုပ် ဆရာက ချစ်ခြင်းမေတ္တာမရှိသကဲ့သို့သော ခံစားမှုကို မကြာမကြာခံစားရကြပါ သည်။ သင်သည် အသင်းအုပ်ဆရာဆိုင်ရာ လိုက်လံလည်ပတ်ကြည့်ရှုခြင်း အပေါ် ယုံကြည်ခိုင်မြဲမရှိပါက သင်သည် ကောင်းမွန်သော အမှုတော်ဆောင် တစ်ယောက်ဖြစ်ရန် ပြည့်စုံမှုမရှိသေးပါ။ ဤလုပ်ဆောင်မှုသည် ချစ်ခြင်း မေတ္တာ၏အမှုတော်ဆောင်ခြင်းတစ်ရပ်ဖြစ်ပါသည်။ သင်သည် သူတို့အပေါ် ဟန်ဆောင်မှုကင်းသောချစ်ခြင်းမေတ္တာရှိကြောင်းကို လူတို့က တွေ့မြင်ရကြပါ က သူတို့ကိုသင်ပြောပြသောမည်သည့်အရာကိုမဆို သူတို့ကကြားရ ကြမည် ဖြစ်ပြီး သူတို့အပေါ်သင်တင်ထားသောမည်သည့်အရာကိုမဆို သူတို့ထမ်းရွက် ကြပေလိမ့်မည်။ လူသား၏နှလုံးသားနှင့် နီးနီးကပ်ကပ်သင်ရောက်ရှိနေပါက ထိုနှလုံးသား၏ခုန်နေမှုကို သင်သိရှိပြီးနားလည်ပါလိမ့်မည်။

            သင်သည် တရားဒေသနာကို ဟောပြောသောအခါတွင် လူတို့ကိုမြေ တောင်မြှောက်ပေးပြီး၊ ဝိညာဉ်တော်၏ အာဏာပိုင်ဆိုင်မှုကို ထုတ်ဖော်ပြသရာ ရောက်သော်လည်း လူတို့ထံသို့ သင်သွားရောက်လည်ပတ်ပါက သူတို့၏နှလုံး သားတို့ကို လူသားဆန်သည့်ထိတွေ့ ခံစားမှုကို ထိတွေ့ စေရာရောက်ပါသည်။ အယ်လင်ဝှိုက်က တရားဟောစင်မြင့်ထက်မှအမှုတော်ဆောင်တစ်ယောက်က ဧဝံဂေလိသတင်းစကားကိုပေးကမ်းနေခြင်းသည် သူ၏အလုပ်ကို စတင်ရုံသာ ဖြစ်နေပါသေးသည်။ သူ့အနေဖြင့် သူ့အတွက် ကိုယ်ရေးကိုယ်တာ အလုပ် တစ်စုံတစ်ရာကို လုပ်ဆောင်ရန်ရှိပါသည်။ လူများတို့ထံသို့ သူတို့၏အိမ်ထောင် မိသားစုများတို့ဆီအထိ အလည်အပတ်သွားရောက်သင့်ပြီး သူတို့နှင့်အတူ စိတ်အားထက်သန်မှုရှိရှိနှင့်နှိမ့်ချခြင်းများတို့ဖြင့် ပြောဆိုဆွေးနွေးပေးရပါမည်။ ဘဏ္ဍာစိုးများဖြစ်ကြသော အသင်းအုပ်ဆရာများတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ဖြင့် မိသားစုများတို့ထံသို့ဝင်ရောက်ပြီး အထက်အရပ်သို့ရောက်ရှိ သွားနိုင်သည့် ပိုမိုမြင့်မားသောနည်းလမ်းကို ညွှန်ပြပေးခြင်းမရှိကြပါက မိသား စုများတို့သည် ထိုအရပ်သို့မည်သည့်အခါမျှ လက်လှမ်းမီကြမည်မဟုတ်ပါ ဟူ၍ ပြောဆို ထားပါသည်။

        ဘုရားသခင်သည် သူ၏သိုးတို့ကိုတစ်ကောင်ချင်းဖြစ်စေ၊ သိုးစုတစ်စုလုံး ဖြစ်စေ ချစ်ခြင်းမေတ္တာရှိတော်မူပါသည်။ လိုက်လံလည်ပတ်ကြည့်ရှုခြင်း အမှု အားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ စောင့်ရှောက်ပြုစုတော်မူခြင်းကို သူ၏ လူစုတော်ထံသို့ သတင်းဆောင်ပေးရာရောက်ပါသည်။ ရေရှည်အတိုင်းအတာ ကတိကဝတ်ပြုသောပုံစံဖြင့် လိုက်လံလည်ပတ်ကြည့်ရှုခြင်း အမှုတော်ဆောင် လုပ်ငန်းကိုပြုလုပ်ခြင်းသည် အသင်းအုပ်ဆရာနှင့် လူတို့စပ်ကြား လေးနက် သည့်ဆက်ဆံရေးမျိုးကို တည်ဆောက်နိုင်ပါသည်။

 

        လိုက်လံလည်ပတ်ကြည့်ရှုခြင်းသည် ပိုမိုကောင်းမွန်သည့်  အမှုတော်ဆောင်ခြင်းလုပ်ငန်းကိုတည်ဆောက်ပေးပါသည်

        တစ်ချိန်က သတ္တမနေ့မြော်လင့်ခြင်းအသင်းတော်၏သမိုင်းတွင်သတ်မှတ် ချက်အရ အသင်းအုပ်ဆရာများနှင့်အသင်းလူကြီးတို့သည် အသင်းဝင်သူတို့၏ အိမ်ထောင်မိသားစုတို့ထံသို့ ပုံမှန်အခြေခံသတ်မှတ်ချက်အရ သွားရောက် လည်ပတ်ကြပါသည်။သူတို့၏အသင်းဝင်သူများနှင့်သူတို့၏ဝိညာဉ်ရေး လိုအပ် ချက်များတို့ကို ထိုသင်းအုပ်ဆရာများနှင့်အသင်းလူကြီးတို့က မည်ကဲ့သို့သိရှိနိုင် ကြမည်နည်း။ အသင်းအုပ်ဆရာနှင့်ပတ်သက်သော ဆက်ဆံရေးတွင် ရိုးသား ဖြောင့်မတ်မှုနှင့်တာဝန်ခံမှုတို့ကို မြှင့်တင်ပေးသည့်အကျွမ်းဝင်ခြင်းနှင့် စစ်မှန် သည့်ခင်မင်ရင်းနှီးမှုတို့ကိုကော မည်ကဲ့သို့ တည်ထောင်ကြမည်နည်း။  အချက်သည် အကြံပေးခြင်းမျှသာမဟုတ်ပါ။ လိုက်လံကြည့်ရှုခြင်း၏ လုပ်ငန်း စဉ်တွင် စဉ်ဆက်မပြတ်ထိတွေ့မှုရှိရန်မှာ အမှုတော်ဆောင်၏ တာဝန်ဖြစ်ပါ သည်။ အယ်လင်ဝှိုက်ပြောဆိုသည်မှာ လူများတို့အား ဟောပြောခြင်းဖြင့် လုံလောက်မှုမရှိသည့်အလျောက် ကျွန်ုပ်တို့သည် သူတို့နှင့်အတူတကွ၊ သူတို့ အတွက်ဆုတောင်းပေးရမည်ဖြစ်ကာ သူတို့နှင့်အေးတိအေးစက်နိုင်လှသည့် ကင်းကင်းကွာကွာနေထိုင်တတ်သည့်အပြုအမူမျိုးကို ကျွန်ုပ်တို့မကိုင်စွဲထားမိ ရန် လိုအပ်ပါသည်။ သို့ရာတွင် ကျွန်ုပ်တို့ကယ်ဆယ်လိုသည့် အသက်ဝိညာဉ် တို့ထံသို့ ကရုဏာသက်သော သဘောထားဖြင့်ချဉ်းကပ်ကြပြီး သူတို့ထံသို့ သွားရောက်ကာ စကားလက်ဆုံကျရပါမည်။ သင့်လျော်သောအပြုအမူမျိုးဖြင့် တရားဟောစင်မြင့်၏ပြင်ပဖက်ရှိ အမှုတော်ဆောင်အလုပ်တစ်ခုခုနှင့် ချိတ် ဆက်လုပ်ဆောင်ခြင်းသည် စားပွဲပေါ်ရှိ စာရွက်စာတမ်းများတို့နှင့်သာ မိမိ ကိုယ်ကိုပိတ်လှောင်ထားသောသူထက်၊ ဆယ်ပြန်မကသောအမှုတော်ကို ပိုမိုပြီးမြောက်စေပါသည် ဟူ၍ ပြောဆိုထားပါသည်။

        အသင်းအုပ်ဆရာ၏ လိုက်လံလည်ပတ်ကြည့်ရှုခြင်းအလုပ်သည် အမှု တော်ဆောင်ခြင်းလုပ်ငန်းကို မည်ကဲ့သို့တိကျသေချာစွာဖြင့် မြှင့်တင်ပေးပါ သနည်း။

        တရားဒေသနာဟောပြောခြင်း အရည်အသွေးကို မြှင့်တင်ပေးပါသည်။ များစွာသောအသင်းအုပ်ဆရာတို့သည် တရားဒေသနာဟောပြောရန်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဘုရားသခင်၏နှုတ်တော်ထွက်ကို ရှည်ကြာလှ သောအချိန်ကိုရယူပြီး လေ့လာကြပါသည်။ သို့သော်လည်း ဟောပြောခြင်းကို ပိုမိုသင့်လျော်ကောင်းမွန်စေရန်အတွက် အသင်းသူအသင်းသားတို့အကြောင်း ကို သိရှိရန် အချိန်ကိုအရင်းအနှီးသဘောဖြင့် စုဆောင်းခြင်းသည် အလွန် အရေးပါလှပါသည်။ အသင်းအုပ်ဆရာ၏ လိုက်လံလည်ပတ်ကြည့်ရှုခြင်း အလုပ်သည် လူတို့တွေ့ကြုံနေကြရသော ပြဿနာများနှင့်ပတ်သက်သည့်  မေးခွန်းများတို့၏အဖြေကို ထိုးထွင်းသိမြင် စွမ်းသောဉာဏ်ကို ပေးကမ်းပါ သည်။

        အသင်းအုပ်ဆရာ၏လိုက်လံကြည့်ရှုခြင်းအမှုတွင် ကျွန်ုပ်တို့သည် ကျွန်ုပ် တို့၏ အသင်းသူအသင်းသားတို့ ရင်ဆိုင်နေရကြသည့် အခက်အခဲများ သို့မဟုတ် စိန်ခေါ်မှုများအကြောင်းတို့ကို မကြာမကြာထည့်သွင်းပြောဆိုရကြ ပါမည်။ သိုးထိန်း၏နှလုံးသားမျိုးမရှိသော လူတစ်ယောက်သည် ကောင်းမွန် သောတရားဒေသနာဟောကြားသူမဖြစ်နိုင်ပါ ချား(စ်)ဂျက်ဖရက်(ရ်)စန်။  အရာတို့မှာ ထိမ်းမြားလက်ထပ်ခြင်းအရေးအရာအလုပ်လက်မဲ့ဖြစ်မှု သို့မဟုတ် သူတို့သားသမီးတို့၏ ပညာရေးကိစ္စများဖြစ်နိုင်ပါသည်။ များစွာသော အိမ် ထောင်မိသားစုတို့တွင် ဖျားနာသောအသင်းဝင်သူများနှင့် သေလုမြောပါးဖြစ် သောအသင်းဝင်သူများရှိကြပါသည်။ လိုက်လံကြည့်ရှုခြင်းသည် အသင်းသား အသင်းသူတို့၏ဝိညာဉ်ရေးဆိုင်ရာ ပူပန်သောကဖြစ်စရာတို့ကို ပိုမိုသိရှိနိုင်ရန် အတွက် အချိန်ရယူနိုင်စေပါသည်။ အနည်းငယ်သောအလည် အပတ်သွား ရောက်ခြင်းသည် အသင်းဝင်သူတို့အား မည်ကဲ့သို့အကူအညီပေးရန်နှင့် ကျွန်ုပ်တို့၏ ဟောပြောခြင်းအတတ်ကို ပိုမိုကြွယ်၀စေရန်အတွက် သစ်လွင် သည့် တွေးတောထင်မြင်ချက်များတို့ကို ရရှိစေသောအခွင့်အလမ်းတစ်ခုဖြစ်ပါ သည်။

        သင်သည် မိမိကိုယ်ကို သိုးထိန်းတစ်ဦးအဖြစ်ခံယူကာ လူတို့ကိုထိန်း ကျောင်းခြင်းသည် သင်၏တရားဟောချက်များတို့ကို တီထွင်မှုရှိစေပြီး ထက် မြက်မှုရှိကာ စိတ်ဝင်စားဖွယ်ကောင်းစေပါသည်။ သိုးထိန်းအလုပ်ကိုလုပ် ဆောင်ခြင်းသည် လူတို့၏သဘောသဘာ၀ဖြစ်သည့် လိုချင်မှုများနှင့်လိုအပ် မှုများ၊ မကောင်းမှုအကျင့်ဆိုး များနှင့်ကောင်းသောတရားစာအုပ်စာတမ်းများ တို့မှရရှိသည့်အသိတရားနှင့် နေ့စဉ်နေ့တိုင်းတွင်ရရှိသည့် အတွေ့အကြုံများ တို့၏ဆန့်ကျင်ဘက်သဘောတို့ကိုနားလည်နိုင်ရန် သင့်အားကူညီပေးပါသည်။ သင်၏လူတို့သည် မည်သည့်နေရာ၌ဝိညာဉ် ပကတိအနေအထားရှိနေသည်ကို သင်မသိရှိရဘဲ၊ သင်၏တရားဟောချက်ဒေသနာကို သင်မည်ကဲ့သို့တိုးတက်မှု ရှိစေနိုင်မည်နည်း။

        သင်၏တရားဟောချက်သည်ပိုမို၍စွမ်းအားမြင့်မားလာမည့်အနေအထား သို့ရောက်ရှိရန်မှာ သင်သည် သင်၏လူတို့နှင့် သူတို့၏ဝိညာဉ်ရေး လိုအပ်ချက် တို့ကို သိရှိလာခြင်းကြောင့်ဖြစ်ပါသည်။ သို့သော်လည်း သိုးထိန်းသည် သူ၏ သိုးစုများထံသို့လည်ပတ်ခြင်းမပြုလုပ်ပါက သူသည် သူတို့၏အခြေအနေ၊ သူတို့မျက်မှောက်၌ မည်သည့်သမ္မာတရားများတို့ကိုချပြရမည်၊ ထို့အပြင် သူတို့ ၏အကြောင်းကိစ္စများတွင် မည်သည့်သင့်လျော်သည့်ပုံစံဖြင့် ဖြေရှင်းပေးရမည် ဆိုခြင်းကို သိရှိနိုင်မည်မဟုတ်ပါ။

        လိုက်လံလည်ပတ်ကြည့်ရှုခြင်းသည် လူမှုဆက်ဆံရေးရာများကို အား ကောင်းလာစေပါသည် - အသင်းသူ^သားတို့ထံ အသင်းအုပ်ဆရာတိုင်းက သွားရောက်လည်ပတ်ပါက မည်သည့်အရာတို့ကို အသင်းအုပ်ဆရာတို့သာရရှိ နိုင်ပါသနည်း။ အသင်းအုပ်ဆရာများတို့သည် သူတို့၏တာဝန်ယူရမှုများတို့ကို အမှန်တကယ်ဖြည့်ဆည်းပေးကြပါသလား။ သို့တည်းမဟုတ် အသင်းအုပ်ဆရာ များတို့သည် သူတို့၏အလည်အပတ်သွားရောက်ခြင်းအားဖြင့် သူတို့သည် အသက်မွေးဝမ်းကျောင်းပုံစံနှင့် ပုဂ္ဂိုလ်ရေးအရအကျိုးအမြတ်ကို လက်ခံရယူ ကြပါသလား။ အသင်းအုပ်ဆရာများတို့၏လည်ပတ်ခြင်းများတို့သည် သူတို့နှင့် အသင်းဝင်သူတို့၏ ကြားဆက်ဆံရေးတို့ကို တွယ်ဆက်ပေးပါသည်။ ရွှင်လန်း ဝမ်းမြောက်ခြင်းကိုမျှဝေပေးခြင်းသည် ရွှင်လန်းဝမ်းမြောက်ခြင်းကို နှစ်ဆဖြစ် သွားစေပါသည်။ ဝမ်းနည်းပူဆွေးခြင်းကိုမျှဝေခံစားပါက ဝမ်းနည်းပူဆွေးမှုကို တစ်ဝက်မျှသာ ခံစားရပါသည် (ဆွီဒင်လူမျိုးတို့၏စကားပုံ) ခရစ်ယာန် သာသနာအမှုတော်ဆောင်ခြင်းလုပ်ငန်းတွင် လူမှုဆက်ဆံရေးများတို့သည် အလေးထားခြင်းခံလာရကတည်းက ဤလည်ပတ်ခြင်း လုပ်ဆောင်မှုများတို့ သည် ခရစ်ယာန်နယ်ပယ်တွင်ရှိနေကြသောသူတို့က သူတို့၏ အသင်းအုပ် ဆရာများတို့ကို သိရှိလာကြရန် ကူညီပေးပါသည်။ အသင်းဝင်သူများတို့၏ ကျေနပ်နှစ်သိမ့်မှုနှင့်ချစ်ခင်တွယ်တာမှုတို့ကို အသင်းအုပ်ဆရာတို့၏ လိုက်လံ လည်ပတ်ကြည့်ရှုခြင်းများအားဖြင့်လည်း ရယူနိုင်ပါသည်။

        လိုက်လံလည်ပတ်ကြည့်ရှုခြင်းသည် ယုံကြည်ကိုးစားမှု၏ လူမှုဆက်ဆံ ရေးအတွက် မျိုးစေ့ဖြစ်ပါသည်။ တရားဟောချက်သာဓကများတွင် အသင်း အုပ်ဆရာ၏ ကြည့်ရှုမှုနှင့်ပတ်သက်ပြီး အသင်းသူအသင်းသားတို့၏ စိတ်ကျေ နပ်မှုရှိစေသည့် အသိပေးပြသမှုမျိုးမပါရှိသည့်အချိန်တွင် အဓိကလိုအပ်ချက် သည် ထင်ရှားပေါ်ပေါက်လာသည်နှင့် ထိုဆိုလိုရင်းအချက်ကို အများသောသူ တို့နှင့်မျှဝေနိုင်ပါသည်။

        လိုက်လံလည်ပတ်ကြည့်ရှုခြင်းသည် ပြဿနာများတို့ကိုတားဆီးထားပေး ပါသည်  စဉ်ဆက်မပြတ် လိုက်လံလည်ပတ်ကြည့်ရှုခြင်းအားဖြင့် လုပ်ငန်း အကောင်အထည်ဖော်နေချိန်တွင် ကျွန်ုပ်သည် ပြဿနာတစ်ခုကို မကြာခဏ သတိပြုပါသည်။ ၎င်းပဋိပက္ခ၊ ဒေါသအမျက် သို့မဟုတ် စိတ်ပျက်လက်ပျက် ဖြစ်မှုတို့သည် မျက်နှာပြင်အလွှာ၏အောက်တွင်သာ ရှိသင့်ပါသည်။ ပုဂ္ဂိုလ်ရေး ဆိုင်ရာ အမှုတော်ဆောင်ခြင်းတိုးချဲ့ကာလတစ်ခုအားဖြင့် ကျွန်ုပ်သည်မကြာ ခဏပင် ဒုက္ခပြဿနာနှင့် ပတ်သက်ပြီး လူတစ်ယောက်ကိုအားတင်းတောင့်ခံ နိုင်ရန် ကူညီနိုင်ပါသည်။

            တစ်ကြိမ်တွင်သမီးဖြစ်သူက အိမ်ထောင်ရေးကွာရှင်းရန် ဆုံးဖြတ်ချက်ချ သည့် မိခင်တစ်ဦးထံသို့ ကျွန်ုပ်အလည်အပတ်သွားရောက်ခဲ့ပါသည်။ နောက် ပိုင်းတွင် ကျွန်ုပ်သည် သမီးဖြစ်သူထံသို့အလည်အပတ်သွားရောက်သောအခါ သူမက ဘယ်သူမှဘာမှမတတ်နိုင်တော့ပါဘူး၊ ဆရာရယ်။ တကယ့်ကို စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒီအခက်အခဲပြဿနာအတွက်နဲ့ ကျွန်မအထီးကျန် သလိုခံစားနေရပါတယ် ဟုပြောဆိုခဲ့ပါသည်။

        ကျွန်ုပ်ကလည်း ဒါပေမယ့် သမီးမှာသမီးရဲ့ဝန်ထုပ်ဝန်ပိုးကို ကူညီထမ်း ရွက်ပေးဖို့မိတ်ဆွေတွေရှိပါတယ်။ နားထောင်နိုင်တဲ့မိတ်ဆွေတွေ၊ နားလည် ပေးနိုင်တဲ့ မိတ်ဆွေတွေနဲ့၊ အဲဒီစိတ်ပျက်ဖို့ကောင်းတဲ့အရာအတွက် သမီးနဲ့ အတူဆုတောင်းပေး မယ့်မိတ်ဆွေတွေပေါ့ ဟူ၍ ပြန်လည်ဖျောင်းဖျပြောဆို ခဲ့ပါသည်။ ထိုအလည်အပတ် ခရီးစဉ်သည် မိခင်ရောမိသားစုတို့အတွက်ပါ အချက်အချာကျလှပါသည်။ သူမသမီး၏အိမ်ထောင်ပြုခြင်းအတွက် မိခင်ဖြစ် သူသည် စိတ်ဓာတ်ကျနေခဲ့ပါသည်။ သူတို့ကို ကူညီခွင့်ရသည့်အတွက် ကျွန်ုပ် ပျော်ရွှင်မိခဲ့ပါသည်။ သမီးဖြစ်သူသည် မိတ်ဆွေ သူငယ်ချင်းတို့နှင့် ပြောဆို ဆွေးနွေးမှုအတွက် အကြံဉာဏ်ကိုပေးကမ်းနိုင်သည့်အပြင်၊ အသင်းအုပ် ဆရာ၏အလည်အပတ်သည် မိသားစုအတွင်းဖြစ်ပေါ်နေသောပြဿနာ တစ်ခု ကို ရှောင်လွှဲနိုင်ရန်ကူညီနိုင်ခဲ့ပါသည်။ အသင်းအုပ်ဆရာ၏လိုက်လံလည်ပတ် ကြည့်ရှုခြင်းသည် အသင်းတော်၏အသင်းသူအသင်းသားတို့အတွင်း ကိုးကွယ် ယုံကြည်မှုကိုစွန့်လွှတ်ခြင်း၊ သဘောထားကွဲလွဲဆန့်ကျင်ခြင်းနှင့် မိစ္ဆာဒိဌိ အယူ ကိုသက်ဝင်ယုံကြည်ခြင်းတို့ကို ကာကွယ်တားဆီးရန်အတွက်လည်း ကူညီပါ သေးသည်။

        လိုက်လံလည်ပတ်ကြည့်ရှုခြင်းကြောင့် အမှုတော်ဆောင်ခြင်းလုပ်ငန်း သည် ခိုင်မာစွာရပ်တည်နိုင်ပါသည်။ အကျိုးထိရောက်မှုရှိသည့် အသင်းအုပ် ဆရာဆိုင်ရာလည်ပတ်ကြည့်ရှုခြင်းသည် အသင်းအုပ်ဆရာအား သူ၏ထူးချွန်မှ ခံစားချက်ကိုဖြစ်စေပါသည်။ အမှုတော်ဆောင်ခြင်းတွင် မဖော်ပြတတ်သော အရာ အများအပြားပါဝင်ပါသည်။ မကြာခဏပင် အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုကို ဥပုသ်နေ့ဝတ်ပြုပွဲစမှသွေဖည်သွားသည့် မကျေမချမ်းဖြစ်နေသည့် အသင်းဝင်သူ တစ်ဦး၏အချိန်ကိုက်မဟုတ်သည့် မထိတထိမပွင့်တပွင့်ပြောဆို လာသည့် ထင်မြင်သုံးသပ်ချက်ဖြင့်တိုင်းထွာရပါမည်။ အများသောအသင်းအုပ် ဆရာတို့သည် ကျေနပ်မှုနှင့်ခံယူချက် စသည့်ပုံမှန်ဆေးအညွှန်းကို အသုံးပြု တတ်ကြပါသည်။ လိုက်လံလည်ပတ်ကြည့်ရှုခြင်းအမှုသည် ဤဆေးညွှန်းမျိုးကို ပေးဝေနိုင်ကြပါသည်။ ဤနေရာတွင် ကျွန်ုပ်တို့သည် အသင်းအုပ်ဆရာများ ဖြစ်ကြသည့်အလျောက် ကျွန်ုပ်တို့၏ အမှုတော်ဆောင်ခြင်း၏အဓိပ္ပါယ်ကို မြင် တွေ့သိရှိရပါသည်။         ကျွန်ုပ်တို့သည်လူများထံသို့ သူတို့၏အိမ်ထောင်မိသားစုဆီ အထိ သွားရောက်လည်ပတ်ကြပြီး၊ သူတို့နှင့် အတူတကွဆုတောင်းကြလျက်၊ အတူတကွပြုံးပျော်ကြ၊ မျက်ရည်စီးကျကြကာ သူတို့၏အသက်တာများတွင် ဘုရားသခင်က မည်သည့်အရာကိုလုပ်ဆောင်တော်မူသည်ကို စောင့်ကြည့်ကြ ရမည့်အပြင် သူတို့အနေဖြင့် ဘုရားသခင်၏ချစ်ခြင်း မေတ္တာတော်၌ တိုးတက် ဖြစ်ထွန်းလာကြရန်အတွက် ကူညီပေးရကြပါမည်။

        ဤကြီးမားလှပြီး အရေးကြီးလှသောအလုပ်အတွက် ကမ္ဘာအနှံ့အပြားရှိ အသင်းအုပ်ဆရာများတို့သည် ရက်သတ္တပတ်တိုင်းတွင် အချိန်နာရီပေါင်းများ စွာဖြင့် မိမိတို့ကိုယ်ကိုဆက်ကပ်ကြပါသည်။ ကျွန်ုပ်တို့သည် နူးညံ့သိမ်မွေ့စွာ ဖြင့်သင်ကြား ပေးကြပါသည်။ ကျွန်ုပ်တို့သည် အာမခံချက်ကိုလည်းပေးကြ ပါသေးသည်။ မိသားစုများတို့ကိုလည်း အတူတကွစောင့်ရှောက်ကာကွယ် ပေးကြပါသည်။ ကျွန်ုပ်တို့သည် ဝမ်းနည်းကြေကွဲမှုတို့ကိုနှစ်သိမ့်စေပါသည်။ ကျွန်ုပ်တို့သည် ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် ရွှင်လန်းခြင်းဖြစ်စေပါသည်။ များစွာသောစကားလုံးများနှင့် အထူးသဖြင့် ကျွန်ုပ်တို့၏ သူတို့နှင့်အတူရှိနေ ကြခြင်းတို့အားဖြင့် ဘုရားသခင်သည်လူတစ်ဦးချင်းအရကိုသော်လည်းကောင်း၊ တစ်ယောက်ပြီးတစ်ယောက်ကိုသော်လည်းကောင်း နေဝင်နေထွက်ဖြင့်ကြည့်ရှု စောင့်ရှောက်တော်မူခြင်းအကြောင်းကို တိုး၍တိုး၍ခံစားမှုကင်းမဲ့သည့် ကြီး မားသောသတင်းအချက်အလက်ဆိုင်ရာ လောကတစ်ခုမှတစ်ဆင့် ကျွန်ုပ် တို့သည် ဆက်သွယ်အသိပေးနိုင်ကြပါသည်။

        လိုက်လံလည်ပတ်ကြည့်ရှုခြင်းသည် ဘုရားကျောင်းသို့ဝတ်ပြုခြင်းအတွက် တက်ရောက်လာသူအရေအတွက် တိုးပွားလာစေပါသည်။ လွန်ခဲ့သော နှစ် ပေါင်းသုံးဆယ်ထက်မကသော ကျွန်ုပ်၏အတွေ့အကြုံအရ နိုင်ငံများစွာတို့တွင် ဘုရားကျောင်းသို့တက်ရောက်သူအရေအတွက်သည် ကျဆင်းသွားသည့် အနေ အထားတွင်ရှိနေပါသည်။ မည်သည့်အကြောင်းရင်းခံရှိပါစေ အကောင်းဘက် သို့ဦးတည်ရန်အတွက် အသင်းအုပ်ဆရာဆိုင်ရာအမှုတော်ဆောင်ခြင်းသည် အပြောင်းအလဲတစ်ခုကိုမူ ဖော်ဆောင်နိုင်ပါသေးသည်။

        အသင်းအုပ်ဆရာ၏လိုက်လံလည်ပတ်ကြည့်ရှုခြင်းမှ ရရှိလာသောအကျိုး ရလဒ်တို့ကို အံ့ဩဖွယ်ရာအဖြစ် မြင်တွေ့ကြရပါမည်။ ဘုရားကျောင်းသို့ တက် ရောက်လာခြင်းမရှိကြသည့် လူတို့သည်လည်း ဘုရားကျောင်းဆီသို့ပြန်လှည့် လာရန်နှင့် မိမိတို့ကိုယ်ကို ပြန်လည်ကတိပြုကြရန်အတွက် စိန်ခေါ်မှုကို ခံစား လာရကြပါသည်။ ကျွန်ုပ်မကြာခဏလေ့လာစုံစမ်းသိရှိရသလောက် အသင်းဝင် မိသားစုတို့သည် သူတို့ထံသို့ အသင်းအုပ်ဆရာက အလည်အပတ်ရောက်ရှိ သွားခြင်းဖြင့် နောက်ဘုရားကျောင်းဝတ်ပြုပွဲတွင်ပြန်ပေါ်လာကြပြီး၊ သူတို့ ဘုရားကျောင်းဝတ်ပြုပွဲနှင့်မည်မျှကြာကြာ ကင်းကွာခဲ့ကြသည်ကို ဂရုမထားကြ တော့ပါ။ အသင်းအုပ်ဆရာတို့က တက်ကြွစွာ လည်ပတ်ခြင်းပြုလုပ်ကြပါက၊ အသင်းတော်၏အလှူငွေများတို့သည်လည်း တိုးပွားလာပါသည်။ ဤဖြစ်ရပ် သည် အသင်းအုပ်ဆရာ၏ လည်ပတ်ခြင်းကိုရရှိကြသော အသင်းသားများ တို့သည် ဒေသတွင်းအသင်းတော်အတွက် ဘဏ္ဍာရေးအရပိုမို၍ အထောက် အကူပြုစေကြောင်းကိုသိရှိရသည့် ကျွန်ုပ်၏အတွေ့အကြုံဖြစ်ပါသည်။

 

ဖိတ်ခေါ် ကမ်းလှမ်းချက်တစ်ခု

        သင်သည် အောက်ပါကိုးကားချက်ကိုဖတ်ရှုပြီးနောက် လိုက်လံလည်ပတ် ကြည့်ရှုခြင်း၏အရေးပါမှုကို အလေးအနက်စဉ်းစားပါ။

        သိုးထိန်းအလုပ်ကိုမလုပ်ဘဲ၊ လူတတ်ကြီးလုပ်ပြီး ပို့ချသင်ကြားမှုကိုပေး သောအမှုတော်ဆောင်များတို့သည် ထုတ်ပယ်ခြင်းခံရသင့်ပါသည်။ ပြောစကား ဖြင့် ဘာသာတရားအယူဝါဒကို ဟောပြောခြင်းဖြင့်သာ လုပ်ကိုင်တတ်သော အမှုတော်ဆောင်များတို့ကို လက်ခံခြင်းသည် တည်ကြည်လေးနက်သည့် တာဝန်တို့ကို လျစ်လျူရှုသကဲ့သို့ဖြစ်သွားပါသည်။ သူတို့သည် အသက်ဝိညာဉ် တို့ကိုစောင့်မျှော်ခြင်းမရှိကြသည့်အတွက် အကြောင်းပြချက်တစ်ခုကို ပေးကြ ပေလိမ့်မည်။ သူတို့သည် လူတတ်ကြီးလုပ်ပြီး သင်ကြားပို့ချခြင်းကို ပေးကြ သည့်တိုင် သိုးကြီး၊ သိုးကလေးတို့လိုအပ်သည့် သူတို့အတွက် ပြီးစီးအောင် လုပ်ဆောင်ရမည့်အလုပ်ကို ပြီးစီးအောင်မလုပ်ဆောင်ပေးနိုင်ကြပါ။ ထို့အပြင် စိတ်မပါ့တပါဖြင့်လုပ်ဆောင်ရသည့်အလုပ်မျိုးသည် အမေရိကန် ပြည်ထောင်စု တစ်ဝန်းလုံးတွင် ပြီးမြောက်နေပြီးဖြစ်ကာ၊ အလုပ်ခန့်ထားခြင်းခံရကြသော သူ တို့က တာဝန်ယူရမှုနှင့်သတိထားလုပ်ကိုင်ရမှုများလျော့ပါးသည့် အခြားသော အလုပ်အကိုင်မျိုးကိုရှာဖွေကြရန် လက်ရှိအလုပ်မှထွက်ခွာသွားကြမည့်သူတို့ကို ငွေကြေးပေးဆောင်ခဲ့ကြပါသည်။ ဘုရားသခင်၏ လူစုတော်တို့သည် သူတို့၏ အသင်းအုပ်ဆရာက သူတို့ထံသို့ အလည်အပတ်သွားစေလိုသည့် မျှော်မှန်း ချက်မျိုးကိုထားပိုင်ခွင့် ရှိကြပြီး သူတို့၏ကိုယ်ပိုင်အိမ်ထောင်မိသားစုတို့တွင် အသင်းအုပ်ဆရာက ညွှန်ကြားခြင်း၊ အကြံပေးခြင်းနှင့်အကြံပြုလမ်းညွှန်ခြင်း တို့ကို လုပ်ပေးစေလိုကြပါသည်။ ထို့အပြင် အကယ်၍လူတစ်ယောက်က ဤအလုပ်၏အစိတ်အပိုင်းတစ်ခုကို လုပ်ဆောင်ရန်ပျက်ကွက်ပါက၊ သူသည် ဘုရားသခင်၏ အမိန့်ပေးတော်မူသည့်အတိုင်း လုပ်ဆောင်တတ်သည့် အမှု တော်ဆောင်တစ်ယောက်မဖြစ်နိုင်ပါ။ ဤကဲ့သို့သောလုပ်ဆောင်သည့် လူမျိုးရှိ နေကြသည့်အသင်းတော်များတို့သည် စည်းလုံးညီညွတ်မှုမရှိသည့်အပြင် အား နည်းမှုရှိပြီး ချူချာသောအနေအထားသို့ရောက်ရှိသွားကာ သေဆုံးသွားရန်သာ ရှိပါတော့သည်။ထိုသို့သောလုပ်ဆောင်သောသူ၏တရားဟောချက်များတို့သည် ဘုရားသခင်၏ ဝိညာဉ်တော်၏ မြေတောင်မြှောက်ပေးခြင်းမခံရကြသည့် အကြောင်းရင်းမှာ၊ ဘုရားသခင်၏ လူစုတော်တို့ကို လျစ်လျူရှုထားသော မည်သူ့ထံကိုမဆို၊ ဘုရားသခင်၏ကောင်းချီးမင်္ဂလာတော်သည် ကိန်းဝပ်လိမ့် မည်မဟုတ်ပါ။

        သင်သည် အသင်းသူအသင်းသားတို့နှင့်ဆက်ဆံရာတွင် တရားဇရပ်၏ တံခါး၀တွင် လူတို့အားနှုတ်ခွန်းဆက်သောလုပ်ရပ်မျိုးကိုဗဟိုပြုပါက သင်သည် သင်၏ အမှုတော်ဆောင်လုပ်ငန်း၏ အကောင်းဆုံးသောအပိုင်းကဏ္ဍကို ဘေး သို့ဖယ်ရှားလိုက်သကဲ့သို့ ဖြစ်သွားပေမည်။ တရားဇရပ်တွင် ဆက်နွှယ်ထိတွေ့ မှုတစ်ခုတည်းဖြင့် အမှုတော်ဆောင်ခြင်းသည် ပြည့်စုံမှုမရှိသည့်အပြင် သင်၏ လူမှုဆက်ဆံရေးကိုလည်း အားကောင်းလာစေရန်မပြုလုပ်နိုင်ပါ။ တရားဟော စင်မြင့်ပေါ်တွင် သင်သည် သင်၏ ဟောပြောချက်ကိုနားထောင်ကြမည့် တရား နာသူတို့အား သင်၏ကိုယ်ရည်ကိုယ်သွေး သင်၏ဝိညာဉ်ရေးဆိုင်ရာ ထက်သန် မှုတို့ကို ပြသနိုင်မည်ဖြစ်သော်လည်း သင့်အနေဖြင့် သူတို့ထံသို့ အလည်အပတ် ပြုခြင်းကိုလုပ်ဆောင်ပေးပါက သူတို့၏နှလုံးသားတို့ကို တို့ထိပေးလိုက်သကဲ့သို့ ဖြစ်သွားပေမည်။

 

    အသင်းတော်၏အသင်းဝင်သူတို့ထံသို့အလည်အပတ်သွားရောက်ခြင်းမရှိပါက ကောင်းသောအသင်းအုပ်ဆရာကောင်းတစ်ယောက်ဖြစ်နိုင်ပါမည်လား

        ရောင်ပြန်ဟပ်မှုစဉ်းစားဆင်ခြင်သုံးသပ်ခြင်း၊ သို့မဟုတ် ဆွေးနွေးတိုင်ပင် ညှိနှိုင်းခြင်းတို့အတွက်မေးခွန်းများ -

    ၁။     သင်သည်အသင်းတော်အသင်းဝင်သူတို့ထံသို့ သွားရောက်လည်ပတ်ခြင်း ပြုလုပ်ရာတွင် အမှန်တကယ်စိန်ခေါ်မှုများတို့သည် အဘယ်အရာများဖြစ် ကြပါသနည်း။

        ၂။     ဇီဇာကြောင်သောမိသားစုများတို့ထံသို့ သွားရောက်လည်ပတ်ရန် မဖြစ် နိုင်ပါက သင်၏နောက်ထပ်အစီအစဉ်သည် အဘယ်အရာဖြစ်မည်နည်း။

    ၃။     သာမန်အသင်းသားတို့နှင့် ဖွဲ့စည်းထားသည့် လိုက်လံလည်ပတ်ကြည့်ရှု ခြင်း အစီအမံမျိုး၊ သင်၏အသင်းတော်၌တစ်ခုတလေများရှိနေပါသလား။ အကယ်၍မရှိပါက မည်ကဲ့သို့သောအစီအမံမျိုးတစ်စုံတစ်ခုသည် သင်၏ အသင်းတော်၏အသက်တာကို မည်ကဲ့သို့တိုးတက်မှုရှိအောင်လုပ်ဆောင်

နိုင်မည်နည်း။

        ၄။     အသင်းအုပ်ဆရာအပြင် အသင်းသူ၊ အသင်းသားတို့ထံသို့ သင်၏အသင်း တော်အတွင်းတွင်အလည်အပတ်သွားရောက်လုပ်ဆောင်ပေးမည့်သူသည် မည်သူဖြစ်မည်နည်း။

        ၅။     အသင်းအုပ်ဆရာ၏လိုက်လံလည်ပတ်ကြည့်ရှုခြင်း၏ အကျိုးရလဒ်အဖြစ် သင်၏အမှုတော်ဆောင်လုပ်ငန်း၏ မည်သည့်နယ်ပယ်များတွင် ကြွယ်၀ချမ်းသာမှုရှိလာပါသနည်း။

 


No comments:

Post a Comment