ကိုယ်တော်သည်တစ်ကျိပ်နှစ်ပါးသောတမန်တော်
များအားခန့်ထားတော်မူခြင်း
မာကု
၃း၁၃-၁၉။ လုကာ ၆း၁၂-၁၆ ကိုအခြေပြုထားပါသည်
“ကိုယ်တော်သည် တောင်ပေါ်သို့တက်၍
အလိုတော်ရှိသောသူ တို့ကိုခေါ် တော်မူလျှင် အထံတော်သို့လာကြ၏။
ကိုယ်တော်နှင့်အတူရှိနေ စေခြင်းငှါ လည်း ကောင်း၊ တရားဟောသောအခွင့်၊
အနာရောဂါတို့ကို ငြိမ်းစေ၍ နတ်ဆိုးတို့ကို နှင်ထုတ်နိုင်သော အခွင့်နှင့်
စေလွှတ်ခြင်းငှါလည်းကောင်း တစ်ကျိပ်နှစ်ပါးသော သူတို့အား ခန့်ထားတော်မူ၏။”
ဂါလိလဲအိုင်နှင့် မလှမ်းမကမ်းတွင်ရှိသည့်
သစ်ပင်တစ်ပင်၏ အရိပ်တွင် တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့ကို တမန်တော်အရာ၌
ခန့်အပ်ကာ တောင် ပေါ်ဒေသနာကို ဟောကြားတော်မူခဲ့ပါသည်။ လယ်ကွင်းပြင်များနှင့်
တောင်ကုန်းများ သည် ခရစ်တော်သွားရောက်လေ့ရှိသည့် နေရာများဖြစ်ပြီး တရားဟောပြောခြင်း
အမှုကို ဗိမာန်တော် (သို့မဟုတ်) တရားဇရပ်များထဲမှာထက် လဟာပြင်တွင် ဆောင်ရွက်ခဲ့သည်
ကများပါသည်။ မည်သည့်တရားဇရပ်ကမျှ ကိုယ်တော်ရှင်၏ နောက်တော်သို့ လိုက်နေသော
လူအုပ်ကြီးအတွက် လုံလောက်သောနေရာကို မပေးနိုင်ခဲ့ချေ။ သို့သော်
ဤအကြောင်းတစ်ချက်တည်းကြောင့် လယ်ကွင်းများနှင့် သစ်တောကလေး များတွင်တရားဟောရန်
ရွေးချယ်ခဲ့ခြင်းမဟုတ်ဘဲ သဘာ၀ရှုခင်း များကို နှစ်သက်တော်မူ၍ တိတ်ဆိတ်သော
ငြိမ်းချမ်းရာအရပ်သည် ကိုယ်တော့် အတွက် သန့်ရှင်းသော ဗိမာန်တော်ကဲ့သို့ဖြစ်နေသည့်
အတွက်ကြောင့်ဖြစ် ပါသည်။
ကမ္ဘာပေါ်တွင် ပထမဦးဆုံးအသက်ရှင်ခဲ့သော
လူသားများသည် ဧဒင် ဥယျာဉ်ရှိ သစ်ပင်ရိပ်များကို မိမိတို့၏ဗိမာန်တော်အဖြစ်
အသုံးပြုခဲ့ ကြပါသည်။ ထိုနေရာတွင် ခရစ်တော်သည် လူသားတို့၏ ဖခင်ဖြစ်သည့်
အာဒံကိုရင်းရင်းနှီးနှီး စကားပြောဆိုခဲ့ပါသည်။ မိဦးဖဦးတို့သည် ဥယျာဉ်မှ နှင်ထုတ်ခံခဲ့ကြရသောအခါ
လယ်ကွင်းပြင်များနှင့် သစ်တောငယ်ကလေးများတွင် ကိုယ်တော်အား ဆက်လက်
ကိုးကွယ်ဆည်းကပ်ခဲ့ကြရာ ထိုနေရာတွင် ခရစ်တော်သည် ၎င်းတို့အား ကရုဏာ တော်ဆိုင်ရာ
ဧဝံဂေလိတရားတော်ကို သိရှိစေခဲ့သည်။ မံရေသပိတ်ပင်အောက်၌ အာဗြဟံနှင့် စကားပြောခဲ့သော
ပုဂ္ဂိုလ်သည် ခရစ်တော်ဖြစ်ပါသည်။ ညနေခင်းအ ချိန်တွင် လယ်ကွင်းထဲ၌ ဆုတောင်းနေသောဣဇာက်နှင့် စကားပြောခဲ့သော
ပုဂ္ဂိုလ်သည် ခရစ်တော်ဖြစ်ပါသည်။ ဗေသလအရပ်ရှိ တောင်ကုန်းများတို့ပေါ်တွင်
ယာကုပ်အားလည်းကောင်း၊ မိဒျန်တောတွင် မောရှေအားလည်းကောင်း၊ သိုး ကျောင်းနေသော
သူငယ်ဒါဝိဒ်အားလည်းကောင်း စကားပြောခဲ့သော ပုဂ္ဂိုလ်မှာ ယေရှုခရစ်တော် ပင်ဖြစ်သည်။
ဟေဗြဲလူများသည် တစ်ဆယ့်ငါး ရာစုလုံးလုံး တစ်နှစ်လျှင် ရက်သတ္တတစ်ပတ်ခန့်
မိမိတို့နေအိမ်များကို စွန့်ခွာ၍ စွန်ပလွံခက်များ၊ မိုးမခပင်အစရှိသော
အရွက်များသောအပင်၏ အကိုင်းအခက်တို့ကိုယူ၍ ဆောက် ထားသော တဲများထဲတွင် နေခဲ့ကြခြင်းမှာလည်း
ခရစ်တော်၏ ညွှန်ကြားချက်အရ ပင်ဖြစ်ပါသည်။
ခရစ်တော်သည် မိမိ၏တပည့်တော်များကို
သင်တန်းပေးရာတွင် ရှုပ်ထွေး ပွေလီသော မြို့ကြီးများကို မရွေးချယ်ခဲ့ဘဲ
ကိုယ်တော်ရှင်သွန်သင်ရန် အလိုရှိသည့် မိမိအလိုကိုငြင်းပယ်ခြင်းနှင့် ပတ်သက်သော
သင်ခန်းစာများနှင့် ဆီလျော်ကိုက်ညီ သည့် ဆိတ်ငြိမ်သော လယ်ကွင်းများနှင့် တောင်ကုန်းများကို
ရွေးချယ်ခဲ့ပါသည်။ ၎င်းပြင် ကိုယ်တော်သည် တရားဟောပွဲများ ကျင်းပရာတွင်လည်း
လူပရိသတ် များကို ကောင်းကင်ပြာပြာကြီးအောက် တွင်လည်းကောင်း၊ တောင်ကုန်းများပေါ်ရှိ
မြက်ခင်းပြင်များပေါ် တွင်လည်းကောင်း၊ ပင်လယ်ကမ်းခြေများ တွင်လည်းကောင်း
စုရုံးစေလိုခဲ့ပါသည်။ ဤနေရာတွင် မိမိ၏ဖန်ဆင်းခြင်း လက်ရာများဖြင့် ဝန်းရံထား
သောကြောင့် တရားနာပရိသတ်များတို့၏ စိတ်နှလုံးတို့ကို လူများဖန်တီးထားသော အရာများမှ
ဘုရားဖန်ဆင်းထားသော အရာများဘက်သို့ ပြောင်းလဲပေးနိုင်မည်ဖြစ် ပါသည်။ သဘာ၀၏
တိုးတက်ဖွံ့ဖြိုးမှုများတွင် ကိုယ်တော်ရှင့် နိုင်ငံတော်၏ နိယာမ တရားများကို
ဖော်ပြခဲ့ပါသည်။ လူသားများသည် ဘုရားသခင်ဖန်ဆင်းထားသော တောတောင်များကို
ကြည့်ရှုမည်ဆိုလျှင် ဘုရားသခင်နှင့်ဆိုင်သော သမ္မာတရား၏ အဖိုးထိုက်တန်သော
သင်ခန်းစာများကို လေ့လာနိုင်ကြပါလိမ့်မည်။ ခရစ်တော်၏ သွန်သင်ချက်များကို
သဘာ၀ထဲတွင်ရှိသော အရာများအားဖြင့် ၎င်းတို့အား ထပ်ခါ တလဲလဲ သတိရစေပါလိမ့်မည်။
ထိုနည်းအားဖြင့် လယ်ကွင်းများသို့သွားသောသူများ အနေနှင့် ခရစ်တော်သည် ၎င်းတို့၏
စိတ်နှလုံးထဲတွင် ရှိနေတော်မူသည်။ ၎င်း တို့အား သန့်ရှင်းသော တန်ခိုးတစ်ခုက
ရစ်ပတ်နေသည်ဟု ခံစားကြရပါသည်။ သဘာ၀မှ အရာဝတ္ထုများသည် သခင်ဘုရား၏ ပုံပမာများကို
ဝင်ရောက်ဆောင်ရွက် ပြီး ကိုယ်တော်ရှင်ပေးတော်မူသော အကြံဥာဏ်များကို
ထပ်လောင်းသတိရစေပါ သည်။ သဘာ၀တွင် ထာ၀ရဘုရားနှင့်ဆက်ဆံ ရင်းနှီးခြင်းအားဖြင့်
ကျွန်ုပ်တို့၏ စိတ်သဘောထားများသည် မြင့်မြတ်လာပြီး စိတ်နှလုံးသည်
ငြိမ်သက်မှုရရှိလာပါ သည်။
ပထမခြေလှမ်းမှာ ခရစ်တော်ကောင်းကင်သို့
တက်ကြွသွားသည့် နောက် ကိုယ်တော်၏ ကိုယ်စားလှယ်ဖြစ်သော အသင်းတော်အဖွဲ့အစည်းတွင်
ကျွန်ုပ်တို့ ယခုပါဝင်စုစည်းကြရန် ဖြစ်ပါသည်။ တန်ဖိုးကြီးမြင့်သော
မည်သည့်ဗိမာန်တော် မှအဆင်သင့် မရှိခဲ့ကြသေးသော်လည်း ကယ်တင်ရှင်သည် မိမိနှစ်သက်မြတ်နိုး
သည့်ဆိတ်ညံရာအရပ်သို့ တမန်တော်များကို ခေါ်သွားတော်မူခဲ့ပါသည်။ ၎င်းတို့၏
စိတ်ထဲတွင် ထိုနေ့၏မွန်မြတ်လှသည့်အတွေ့ အကြုံများသည် တောင်များ၊ လျှို
မြောင်များနှင့် ပင်လယ်များ၏ တင့်တယ်မှုများနှင့် အမြဲတမ်းဆက်နွှယ်နေခဲ့ပါသည်။
တမန်တော်များသည် ကိုယ်တော် နှင့်ပတ်သက်၍ မိမိတို့မြင်ခဲ့ကြားခဲ့ရသည်များကို
ကမ္ဘာအားဖော်ပြရန် သက်သေခံများအဖြစ် စေလွှတ်နိုင်ရန် ကိုယ်တော်သည် ၎င်းတို့အား
ခေါ်တော်မူခဲ့ပါသည်။ လူသားများအား ပေးအပ်ခဲ့သည့် အလုပ်တာဝန် များတွင် ထိုတာဝန်သည်
အရေးအကြီးဆုံးဖြစ်ပြီး ခရစ်တော်ကိုယ်တိုင် လုပ်ဆောင် သည့်လုပ်ငန်းပြီးလျှင်
ဒုတိယအရေးပါသော လုပ်ငန်းဖြစ်ပါသည်။ သူတို့သည် ကမ္ဘာကိုကယ်တင်ခြင်း ကိစ္စအတွက်
ထာ၀ရဘုရားနှင့် အတူတကွ လုပ်ဆောင်ရ မည့်အမှုဆောင်များ ဖြစ်ရပါမည်။
ဓမ္မဟောင်းကျမ်းတွင် ရှေးဘိုးဘေးတစ်ဆယ့် နှစ်ယောက်တို့သည် ဣသရေလလူများ၏
ကိုယ်စားလှယ်များအဖြစ် ရပ်တည်ကြ သကဲ့သို့ ဤတမန်တော် တစ်ဆယ့်နှစ်ပါးသည်လည်း
ဧဝံဂေလိတရားကို ဟောကြား မည့် အသင်းတော်၏ ကိုယ်စားလှယ်များအဖြစ် ရပ်တည်ကြရပါမည်။
ကယ်တင်ရှင်သည် မိမိရွေးချယ်တော်မူခဲ့သော
ထိုသူများ၏ အကျင့်စာရိတ္တ ကို သိရှိထားတော်မူပါသည်။ ၎င်းတို့၏ အားနည်းချက်နှင့်
အမှားအယွင်း အလုံးစုံ တို့သည် ကိုယ်တော်၏ရှေ့တွင် ဟင်းလင်းပွင့်လျက် ရှိပါသည်။
သူတို့ဖြတ်သန်း ကျော်လွှားရမည့် အန္တရာယ်များတို့ကိုလည်းကောင်း၊ သူတို့အပေါ်တွင်
ကျရောက် လာမည့် တာဝန်များကိုလည်းကောင်း ကိုယ်တော်သိရှိ ထားတော်မူခဲ့ပါသည်။ ၎င်း
ပြင် ကိုယ်တော်ရှင်၏ စိတ်နှလုံးသည် ရွေးချယ်ထားသော ဤသူယောက်တိုင်းကို
အမှုတော်အတွက် အလိုရှိတော်မူခဲ့ပါသည်။ ကိုယ်တော်သည် ဂါလိလဲအိုင်အနီးရှိ
တောင်ကုန်းတစ်ခု အပေါ်တွင် တစ်ညလုံး တစ်ကိုယ်တော်တည်း ထိုသူများအတွက်
ဆုတောင်းပေးခဲ့ပါသည်။ ထိုအချိန်တွင် ထိုသူများသည် တောင်အောက်၌ အိပ်ပျော်
နေခဲ့ကြပါသည်။ နံနက်မိုးသောက်၍ အရုဏ်တက်လာသော အချိန်တွင် အရေးကြီး သောအရာများ
ပြောကြားဖို့ရှိသည့်အတွက် မိမိနှင့်လာရောက် တွေ့ဆုံရန် ကိုယ် တော်သည် ၎င်းတို့အား
ခေါ်တော်မူလိုက်ပါသည်။
ဤတမန်တော်များသည် အမှုတော်တွင်
ခရစ်တော်နှင့်အတူ လက်တွဲ၍ အချိန်အတန်ကြာအောင် လုပ်ဆောင်ခဲ့ကြပါသည်။ ယောဟန်၊
ယာကုပ်၊ ပေတရု၊ ဖိလိပ္ပု၊ နာသနေလနှင့် မဿဲတို့သည် အခြားသော တမန်တော်များထက်
ကိုယ်တော်ရှင်နှင့် ပိုမိုရင်းနှီးခဲ့ကြပြီး ကိုယ်တော်ရှင် ပြုတော်မူသော နိမိတ်လက္ခ
ဏာများကို အခြားတမန်တော်များထက်ပို၍ မြင်တွေ့ခဲ့ကြရပါသည်။ ပေတရု၊ ယာကုပ်နှင့်
ယောဟန်တို့သည် အမြဲမပြတ် ကိုယ်တော်ရှင်နှင့် ပို၍နီးကပ်စွာ ဆက်
ဆံရပ်တည်ခဲ့ကြပါသည်။ ထိုသူသုံးယောက်သည် ကိုယ်တော်ရှင်နှင့် အမြဲတမ်း
လိုလိုရှိနေခဲ့ကြပြီး ကိုယ်တော်ရှင်ပြတော်မူခဲ့သော နိမိတ်လက္ခဏာများကို မျက်မြင်
ကိုယ်တွေ့မြင်ခဲ့ကြရကာ နှုတ်တော်ထွက်စကားများကိုလည်း ကြားနာခဲ့ကြရပါသည်။ ယောဟန်သည်
ကိုယ်တော်ချစ်သော တပည့်တော်အဖြစ် ထင်ရှားခဲ့သည် အထိ ကိုယ်တော်ရှင်နှင့် အတွင်းကျကျ
ရင်းနှီးခဲ့ပါသည်။ ယေရှုသည် သူတို့အားလုံးကို ချစ်တော်မူပါသည်။ သို့သော် ယောဟန်၌
သွန်သင်ချက်များကို အခံယူတတ်ဆုံး စိတ်ထားရှိပါသည်။ သူသည် အခြားသူများထက်
အသက်ငယ်ပြီး ကလေးနှင့်တူ သော ယုံကြည်ကိုးစားမှုမျိုးနှင့် ခရစ်တော်ထံတွင်
စိတ်နှလုံးကို ဖွင့်ထားခဲ့ပါသည်။ ထိုနည်းအားဖြင့် သူသည် ခရစ်တော်နှင့်
ပို၍ကရုဏာသက်ဝင်ခဲ့ပြီး သူမှတစ်ဆင့် လူများထံသို့ ဝိညာဉ်ရေးနှင့် ပတ်သက်သော
နက်နဲသည့် သွန်သင်ချက်များကို ကိုယ်တော်ဟောကြား တော်မူခဲ့ပါသည်။
ဦးစီးဦးဆောင်ပြုကြသော
တမန်တော်များအထဲတွင် ဖိလိပ္ပု တစ်ယောက် လည်းပါဝင်ခဲ့ပါသည်။ သူသည် “ငါ့နောက်သို့လိုက်လော့”
ဟူသောအမိန့်ပေး၍ ခရစ်တော်ခေါ်တော်မူခဲ့သော တမန်တော်များတို့တွင် လက်ဦးဆုံးသော
တမန်တော် ဖြစ်ပါသည်။ ဖိလိပ္ပုသည် အန္ဒြေနှင့်ပေတရု တို့၏ဗက်ဇဲဒမြို့မှ
ပင်ဖြစ်ပါသည်။ သူ သည် ဆရာယောဟန်၏ သွန်သင်ချက်များကို သွားရောက်နားထောင်ခဲ့ပြီး
ခရစ် တော်သည် ဘုရားသခင်၏ သိုးသငယ်ဖြစ်ကြောင်း ကြေညာချက်ကိုကြား နာခဲ့ရပါ သည်။
ဖိလိပ္ပုသည် သမ္မာတရားကို ရိုးရိုးသားသား ရှာဖွေလေ့လာ ခဲ့သူတစ်ဦးဖြစ် သော်လည်း
မယုံလွယ်သော စိတ်နှလုံးရှိသူ တစ်ဦးဖြစ်ပါသည်။ သူသည် ခရစ် တော်နှင့်ပေါင်းဖက်
အမှုတော်ဆောင်ခဲ့သော်လည်း ကိုယ်တော်၏ ဘုရားဇာတိတော် အကြောင်းကို ပြည့်စုံစွာ
သဘောမပေါက်ကြောင်း နာသနေလအားပြော သောစကား များတွင် ပြသနေပါသည်။ ခရစ်တော်အား
ကောင်းကင်မှ အသံတော်အားဖြင့် ထာ၀ရဘုရား၏ သားတော်ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း
ဖိလိပ္ပုအတွက်မူ ကိုယ်တော်သည် “နာဇရက်မြို့သားဖြစ်သော ယောသပ်၏ သားယေရှု” ဖြစ်နေခဲ့
ပါသည်။ ယောဟန် ၁း၄၅။ တစ်ဖန် လူငါးထောင်အား ကျွေးမွေးသော အချိန်တွင် လည်း
ဖိလိပ္ပု၏အားနည်းသော ယုံကြည်ခြင်းကို ထင်ရှားပေါ်လွင်စေခဲ့ပါသည်။ “ဤသူတို့
စားစရာမုန့်ကို အဘယ်မှာဝယ်မည်နည်း” ဟု ဖိလိပ္ပုကို စမ်းသပ်ရန် အတွက် ခရစ်တော်က
မေးလိုက်သောအခါ “ဤသူတို့သည် မုန့်တစ်ဖဲ့စီစေ့အောင် ဒေနာရိအပြား
နှစ်ရာအဖိုးထိုက်သော မုန့်မလောက်ပါ” ဟု မယုံကြည်သော သဘောဖြင့် ဖြေဆိုခဲ့ပါသည်။
ယောဟန် ၆း၅၊၇။ ဖိလိပ္ပုသည် ကိုယ်တော်၏ လုပ် ဆောင် မှုများကိုမြင်တွေ့ခဲ့ရပြီး
တန်ခိုးတော်ကို ခံစားခဲ့ရသော်လည်း ယုံကြည်ခြင်း မရှိကြောင်းကို တွေ့ရသည့်အတွက်
ခရစ်တော်သည် ဝမ်းနည်းတော်မူခဲ့ပါ သည်။ ဟေလသလူများက ခရစ်တော်အကြောင်းနှင့် ပတ်သက်၍
၎င်းအား မေးမြန်းစုံစမ်း ကြသောအခါ ထိုသူများတို့အား ခရစ်တော်နှင့် မိတ်ဆက်ပေးရန်
ထိုအခွင့်အရေးကို အသုံးမပြုခဲ့ဘဲ အန္ဒြေထံသို့ပြောပြရန် သွားခဲ့ပါသည်။
တစ်ဖန်ကိုယ်တော်ကို ကပ် တိုင်မတင်မီ ကလေးတွင fပြောဆိုခဲ့သော
ဖိလိပ္ပု၏ စကားများသည် စိတ်ဓာတ်ကျ နေသော ယုံကြည်ခြင်းများကဲ့သို့ဖြစ် နေပါသည်။ “သောမကလည်း
သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့သွား တော်မူသည်ကို အကျွန်ုပ်မသိသည်ဖြစ်၍
လမ်းခရီးကို အဘယ်သို့သိနိုင်ပါ မည်နည်းဟုလျှောက်လျှင် ယေရှုက ငါသည်လမ်း ခရီးဖြစ်၏။
သမ္မာတရား လည်းဖြစ်၏။ အသက်လည်းဖြစ်၏။---သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို
မသိဘဲမနေရကြ” ဟုဖြေဆိုတော်မူစဉ် ဖိလိပ္ပုထံမှ မယုံကြည်မှုနှင့်
ဆိုင်သောတုံ့ပြန်ချက် တစ်ခုထွက်ပေါ်လာခဲ့ပါသည်။ “ဖိလိပ္ပုက လည်း သခင်၊
ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ ပြတော်မူလျှင် အကျွန်ုပ်တို့
အလိုပြည့်စုံပါမည်ဟု လျှောက်၏” ယောဟန် ၁၄း၅-၈။ ယေရှုနှင့် သုံးနှစ်လုံးလုံး
အတူနေခဲ့ရသော ထိုတမန်တော်၌ နှောင့်နှေးသော စိတ်နှလုံးများနှင့် အားနည်းသော
ယုံကြည်ခြင်းများ ရှိခဲ့ပါသည်။
နာသနေလ၏ ကလေးငယ်နှင့် တူသောကိုးစားမှုသည်
ဖိလိပ္ပု၏ မယုံကြည် မှုနှင့်နှိုင်းစာလျှင် အလွန်ခြားနား ကွဲပြားခဲ့ပါသည်။
နာသနေလသည် ဇွဲကောင်း၍ လုံ့လရှိသော သဘာ၀ရှိသည့် သူတစ်ယောက်ဖြစ်ပြီး မမြင်ရသေးသော
ဧကန်အမှန် ဖြစ်သည့်အရာများကို ယုံကြည်ခြင်းအားဖြင့် ကိုင်စွဲတတ်သော သူတစ်ဦးဖြစ်ပါ
သည်။ သို့စေကာမူ ဖိလိပ္ပုသည် ခရစ်တော်၏ အဖွဲ့ထဲမှ နည်းနာခံယူနေသူတစ်ဦး
ဖြစ်နေသဖြင့် ခရစ်တော်သည် ၎င်း၏မယုံကြည်မှုများနှင့် ထုံထိုင်းအနမှုများကို
စိတ်ရှည်စွာဖြင့် သည်းခံတော်မူခဲ့ပါသည်။ တမန်တော်များ အပေါ်သို့ သန့်ရှင်းသော
ဝိညာဉ်တော် မိုးသွန်းလောင်း တော်မူသောအခါ သူသည် ဘုရားသခင်နှင့် ပတ်သက်
သောအဖွဲ့အစည်းတွင် ဆရာတစ်ဦး ဖြစ်လာခဲ့ပါသည်။ သူသည် မိမိပြောဆိုသော
အရာများအကြောင်းကို သိရှိနားလည်ပြီး တရားနာပရိသတ်အား မိမိတို့၏ အပြစ် များကို
ထင်ထင်ရှားရှား သိမြင်လာစေသည့် အာမခံချက်ဖြင့် သွန်သင်ခဲ့ပါသည်။
ခရစ်တော်သည် တပည့်တော်များအား ခန့်အပ်ရန်
ပြင်ဆင်နေစဉ်တွင် ခေါ်တော်မူခြင်း မခံခဲ့ရသော ပုဂ္ဂိုလ်တစ်ဦးသည် ထိုလူများတွင်
အပါအဝင် ဖြစ်ရန် တောင်းခံခဲ့ပါသည်။ ထိုသူမှာ ခရစ်တော်၏ နောက်လိုက်ဟု
အတိအလင်းပြောဆို နေသော ယုဒရှကာရုတ် ပင်ဖြစ်ပါသည်။ ယခုတွင် သူသည် မိမိအား အတွင်းလူ
တမန်တော်များတွင် သတ်မှတ်ပေးရန် အနူး အညွတ်တောင်းခံနေပါသည်။ သူသည် စိတ်အားကြီးသော
အပေါ်ယံရိုးသားမှုဖြင့် “အရှင်ဘုရား၊ ကိုယ်တော်ကြွတော်မူရာ အရပ်ရပ်သို့ အကျွန်ုပ်
လိုက်ပါမည်” ဟုလျှောက်လေ၏။ ခရစ်တော်သည် ငြင်းဆန်ခြင်း (သို့မဟုတ်) ဖိတ်ခေါ်ခြင်း
တစ်စုံတစ်ရာမပြုဘဲ “မြေခွေးသည် မြေတွင်းရှိ၏။ မိုးကောင်းကင်၌ ကျင်လည်သောငှက်သည်
နားနေရာအရပ်ရှိ၏။ လူသားမူကား ခေါင်းချရာမျှမရှိ” ဟုမိန့်တော်မူ၏။ မဿဲ ၈း၁၉-၂၀။
ယုဒသည် ခရစ်တော်အား မေရှိယဖြစ်ကြောင်း ယုံကြည်ခဲ့ပြီး တမန်တော်များနှင့်အတူ
လုပ်ဆောင်ခြင်းအားဖြင့် နိုင်ငံတော်သစ် တည်ထောင်သောအခါ ကြီးမားသော ရာထူးတစ်ခုကို
ရမည်ဟုမျှော်လင့်ခဲ့ပါသည်။ သခင်ယေရှုသည် ၎င်း၏မျှော်လင့် ချက်ကို မိမိ၏ဆင်းရဲနွမ်းပါးခြင်း
အကြောင်းဖော်ပြခြင်းအားဖြင့် ဖြိုပျက်သွားစေရန် ကြံရွယ်တော် မူခဲ့ပါသည်။
ယုဒရှကာရုတ်သည် မိမိတို့အထဲတွင်
ရေတွက်ခြင်းခံရသူတစ်ဦး ဖြစ်လာ သင့်သည်ဟု တမန်တော်များက လိုလားတောင့်တခဲ့ကြသည်။
သူသည် ဩဇာ တိက္ကမရှိသော အသွင်အပြင်ရှိသူ တစ်ဦးဖြစ်ပြီး ထက်မြက်သော
ထိုးထွင်းပိုင်းခြား တတ်သည့် ဥာဏ်ရှိသူတစ်ဦးဖြစ်ကာ စီမံဆောင်ရွက်တတ်သော
စွမ်းရည်ရှိသူတစ် ဦးဖြစ်ပါသည်။ ထိုကြောင့် ၎င်းသည် ကိုယ်တော်၏ အမှုတော်တွင်
ကိုယ်တော်အား အကြီးအကျယ် အထောက်အကူပြုနိုင်မည့် သူတစ်ဦးအနေဖြင့် တမန်တော်များက
ခရစ်တော်ထံတွင် ၎င်းအားချီးမွမ်း ထောက်ခံခဲ့ကြပါသည်။ ကိုယ်တော်သည် ယုဒ အား
အေးတိအေးစက်ဖြင့် လက်ခံခဲ့သည်ကို သူတို့အံ့အားသင့် ခဲ့ကြပါသည်။
ခရစ်တော်သည် ဣသရေလနိုင်ငံမှ
ခေါင်းဆောင်များ၏ ပူးပေါင်းကူညီမှုကို ရယူရန် ကြိုးစားတော် မမူခဲ့ခြင်းအတွက်
တမန်တော်များသည် များစွာစိတ်ပျက် ခဲ့ကြရပါသည်။ ဩဇာတန်ခိုးရှိသော
ဤသူများ၏ထောက်ပံ့မှု ကိုရယူခြင်းအားဖြင့် မိမိ၏အမှုတော်လုပ်ငန်းကို
တိုးတက်ကြီးပွားအောင် မလုပ်ခြင်းသည် မှားယွင်းမှု တစ်ခုဖြစ်သည်ဟု
သူတို့ထင်ခဲ့ကြပါသည်။ အကယ်၍ ကိုယ်တော်သည် ယုဒအား ငြင်းပယ်ခဲ့လျှင်
၎င်းတို့၏စိတ်ထဲတွင် ကိုယ်တော်၏ ဥာဏ်ပညာရှိမှုအား သံသယ ရှိခဲ့ကြလိမ့်မည်ဖြစ်ပါသည်။
ဘုရားသခင်၏ အမှုတော်အတွက် သင့်လျော်သော လူများကို ရွေးချယ်ခြင်းတွင် လောကဆန်သော
စဉ်းစားချင့်ချိန်မှုများကို ကျင့်သုံး ခြင်းသည် အန္တရာယ်ရှိကြောင်း ယုဒ၏
နောက်ပိုင်းရာဇဝင်များက ဖော်ပြခဲ့ပါသည်။ တမန်တော်များက ရွေးချယ်စေလိုသော
ထိုသို့သောလူများနှင့် အမှုတော်ကို ပူးတွဲ လုပ်ဆောင်ခြင်းသည် အဆိုးဝါးဆုံးသော
ရန်သူ့လက်ထဲသို့ အမှုတော်ကို အပ်နှံ လိုက်သကဲ့သို့ ဖြစ်ပါလိမ့်မည်။
ယုဒသည် တမန်တော်များနှင့်
ပူးပေါင်းခဲ့သော အခါတွင်လည်း ခရစ် တော်၏ တင့်တယ်ခြင်းသည် သူ့အတွက်
မသိမသာဖြစ်ခဲ့သည် မဟုတ်ပါ။ အသက် ဝိညာဉ်များကို ကယ်တင်ရှင့်ထံသို့ ဆွဲယူနေသော
ဘုရားသခင့် တန်ခိုးတော်၏ ဩ ဇာသက်ရောက်မှုကို သူခံစားခဲ့ရပါသည်။
ထိခိုက်ပွန်းပဲ့နေသော ကျူပင်ကလေး များကို ချိုးဖဲ့ရန် ကြွလာတော်မူခြင်း မဟုတ်သော၊
မီးခိုးထွက်နေသော လျှော်ပင် များ၏ မီးကိုငြိမ်းသတ်ရန် ကြွလာတော်မူခြင်း
မဟုတ်သောကိုယ်တော်သည် အလင်း တော်ကို လက်ကမ်းရန်ဆန္ဒရှိသော ဤအသက်ဝိညာဉ်ကို
ငြင်းပယ်တော်မမူခဲ့ချေ။ ကယ်တင်ရှင်သည် ယုဒ၏ စိတ်နှလုံးကို သိတော်မူပါသည်။
ကရုဏာတော်အားဖြင့် မကယ်လွှတ်လျှင် ယုဒသည် အပြစ်တွင် မည်မျှအထိနက်ရှိုင်းစွာ
နစ်မြုပ်သွားမည် ကိုလည်း ကိုယ်တော်သိရှိတော်မူပါသည်။ ခရစ်တော်သည် ယုဒနှင့်
ဆက်နွှယ်လိုက် ခြင်းအားဖြင့် ၎င်းအား မိမိ၏အတ္တကင်းမဲ့သော မေတ္တာတော်မှ
ယိုစီးလာသော အပြု အမူများနှင့် ထိတွေ့နိုင်မည့် အနေအထားတွင် ရှိစေခဲ့ခြင်းဖြစ်
ပါသည်။ အကယ် ၍သာ သူသည် ခရစ်တော်အတွက် စိတ်နှလုံးကို ဖွင့်ဟပေးခဲ့မည် ဆိုလျှင်
ဘုရား သခင်၏ ကရုဏာသည် ၎င်း၏စိတ်နှလုံးထဲတွင် ရှိနေသော အတ္တနတ်ဆိုးကြီးကို
နှင်ထုတ်ပေးခဲ့လိမ့်မည်ဖြစ်ပြီး ၎င်းသည် ကောင်းကင်နိုင်ငံတော် သားတစ်ဦးဖြစ်လာ
နိုင်ပါသည်။
သူတို့သည် စည်းကမ်းသေဝပ်အောင်
လေ့ကျင့်ပေးမှုကို လက်ခံ၍ ကိုယ်တော့်အကြောင်းကို လေ့ကျက်ခဲ့ကြမည်ဆိုလျှင်
ထာ၀ရဘုရားသည် ၎င်းတို့ အားလက်ရှိ အခြေအနေအတိုင်း လက်ခံတော်မူ၍ အမှုတော်မြတ်
အတွက်လေ့ ကျင့်ပေးတော်မူ မည်ဖြစ်ပါသည်။ တမန်တော်များသည် စုံလင်သောသူများ ဖြစ်
ကြသည့်အတွက် ရွေးချယ်ခြင်းကို ခံခဲ့ရသည်မဟုတ်ချေ။ မစုံလင်သောသူများ
ဖြစ်ငြားသော်လည်း သမ္မာတရားကို သိကျွမ်းခြင်း၊ အသုံးပြုခြင်းအားဖြင့်သော် လည်း
ကောင်း၊ ခရစ်တော်၏ ကရုဏာတော် အားဖြင့်သော်လည်းကောင်း ထိုသူတို့သည် ကိုယ်တော်၏
ပုံသဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲမှု ရှိလာနိုင်ကြပါသည်။
ယုဒရှကာရုတ်သည် အခြားသော
တမန်တော်များကဲ့သို့ပင် တူညီသော အ ခွင့်အရေးကိုရရှိခဲ့ပြီး တန်ဖိုးရှိသည့်
သွန်သင်ချက်များကို အတူတူပင်နားထောင် ခဲ့ရပါသည်။ သို့သော် သမ္မာတရားကို
အသုံးချမှုတွင် ယုဒရှကာရုတ်သည် မိမိ၏ အလိုဆန္ဒနှင့် အကြံအစည်များအတိုင်း ကွဲလွဲစွာ
ကျင့်ဆောင် အသုံးပြုခဲ့ပါသည်။ သူသည် ဘုရားသခင်၏ ဥာဏ်ပညာတော်ကို လက်ခံရယူရန်
မိမိ၏အတွေးအခေါ် ကို မစွန့်ပစ်ခဲ့ချေ။
မိမိအားအပ်နှံမည့်သူကို ခရစ်တော်သည်
အလွန်နူးညံ့သိမ်မွေ့စွာ ဆက်ဆံ တော်မူခဲ့ပါသည်။ ခရစ်တော်သည် တပ်မက်သောစိတ်များကို
အမြစ်မှလှန်၍ သုတ် သင်ရှင်းပေးနိုင်သော ကျေးဇူးပြုတတ်ခြင်းဆိုင်ရာ
အခြေခံနိယာမများကို ၎င်းတို့ အား ကြာမြင့်စွာ ဟောပြောသွန်သင် တော်မူခဲ့ပါသည်။ ကိုယ်တော်သည်
လောဘ ကြီးသောစိတ်၏ စက်ဆုပ်ရွံရှာဖွယ် သောအရာများကို ယုဒ၏ရှေ့မှောက်တွင် ထင်
ရှားစေခဲ့သဖြင့် ထိုတမန်တော်သည် မိမိ၏အကျင့်များကို ထုတ်ဖော်နေခြင်းဖြစ် ကြောင်း၊
မိမိ၏အပြစ်များကို ထောက်ပြနေခြင်း ဖြစ်ကြောင်းကို ရိပ်မိခဲ့ပါသည်။ သို့သော်သူသည်
မိမိ၏ အပြစ်များကိုဝန်ချတောင်းပန်ခြင်း မပြုခဲ့သည့်ပြင် မိမိ၏
မဖြောင့်မတ်မှုများကိုလည်း မစွန့်လွှတ်ခဲ့ချေ။ သူသည် မိမိကိုယ်ကို အရာရာတွင်
လုံလောက်နေပြီဟု ယုံကြည်နေပြီး စုံစမ်းခြင်းကို တွန်းလှန်ရမည့်အစား မိမိ၏
လိမ်လည်လှည့်ဖြားတတ်သော အမူအကျင့်များကို ဆက်လက်ကျင့်သုံးခဲ့ပါသည်။ သူသည်
ဘုရားသခင်အား ဆင်ခြင်သုံးသပ်ခြင်းနှင့် ဘုရား၏ အမှုတော်ဆောင်များ တို့မှ
ထွက်ပေါ်လာသော အကျိုးကျေးဇူးများကို ရိတ်သိမ်းခဲ့ပါလျှင် အသက်ရှင် နေသော
ပုံသက်သေတစ်ခု ဖြစ်လာပါလိမ့်မည်။ ခရစ်တော်သည် ၎င်း၏ရှေ့တွင် ရှိတော်မူပါသည်။
သို့သော် ယုဒသည် သွန်သင်မှုများကို တစ်ခုပြီးတစ်ခု ပစ်ပယ်ခဲ့ ပါသည်။
နားထောင်မှုမပြုခဲ့ပါ။
ကိုယ်တော်သည် ယုဒ၏စိတ်နှလုံး
အကြံအစည်များကို အစဉ်သိကြောင်း၊ ၎င်းအား အထောက်အထားများ ပြသနေစဉ်ပင်
သူ၏တပ်မက်မှုများအတွက် နာ ကြည်းစေသော ဆုံးမပြစ်တင်မှုများကို ပြုလုပ်တော်မမူဘဲ
မှားယွင်းစွာ လုပ်ဆောင် နေသော ယုဒအား စိတ်ရှည်စွာဖြင့် သည်းခံတော်မူခဲ့ပါသည်။
သူ့အနေနှင့် အမှန် တရားများကို ကျင့်သုံးလာရန် ကိုယ်တော်သည် အကြီးအကျယ်
လှုံ့ဆော်မှုများကို လုပ်ဆောင်ခဲ့ပါသည်။ ထို့ကြောင့် ဘုရားသခင်၏
အလင်းတော်ကိုငြင်းပယ်ခဲ့လျှင် ယုဒအနေဖြင့် ဆင်ခြေပေးစရာ ရှိလိမ့်မည်မဟုတ်ချေ။
ယုဒသည် အလင်းတော်အတိုင်း
လျှောက်လှမ်းရမည့်အစား မိမိ၏ ချို့ယွင်း ချက်များကို ဆက်လက်ထိန်းသိမ်းထားရန်
ရွေးချယ်ခဲ့ပါသည်။ စာတန်သည် ၎င်း အား လုံးလုံးချုပ်ကိုင် ခဲ့သည့်တိုင်အောင် သူသည်
မကောင်းသော အလိုဆန္ဒများ၊ လက်စားချေလိုသော စိတ်ဇောနှင့် မောဟဖုံး၍ သုန်မှုန်သော ထင်မြင်မှုများကို
နှစ် သက်မြတ်နိုးခဲ့ပါသည်။ ခရစ်တော်ကို ရန်ဘက်ပြုနေသူ၏ ကိုယ်စားလှယ်တစ်ဦး
ဖြစ်လာခဲ့ပါသည်။
သူသည် ခရစ်တော်နှင့် လာရောက်ပေါင်းဖက်သော
အချိန်တွင် အသင်း တော်ကို အကျိုးပြုနိုင်မည့် ကောင်းသော ကြန်အင်လက္ခဏာ
အကျင့်စာရိတ္တတချို့ သူ့တွင်ရှိနေပါသည်။ သူသည် ခရစ်တော်၏ ထမ်းပိုးကို
ယူတင်ဝတ်ဆောင်ရန် ဆန္ဒရှိခဲ့ပါလျှင် တမန်တော်များတွင် အကြီးအကဲတစ်ဦး ဖြစ်လာနိုင်ပါသည်။
သို့ သော် မိမိ၏ချို့ယွင်းချက်များကို ထောက်ပြသောအခါ သူသည် စိတ်နှလုံးကို
မာကျောခဲ့ပါသည်။ မာနထောင်လွှားပြီး ပုန်ကန်လိုသောစိတ်ဖြင့် မိမိ၏ကိုယ်ကျိုး
အတွက်ကိုသာ ရွေးချယ်ခဲ့ပါသည်။ သို့အတွက် သူသည် ဘုရားသခင်လုပ်ဆောင် စေတော်မူသည့်
အမှုတော်အတွက် မထိုက်တန်တော့ချေ။
ကိုယ်တော်၏ အမှုတော်အတွက်
စေတမန်တော်များကို ခေါ်တော်မူစဉ်အ ချိန်က ၎င်းတို့တွင် ကြီးကျယ်သော
ချို့ယွင်းချက်များ ရှိခဲ့ကြသည်။ နူးညံ့သိမ်မွေ့၍ နှိမ့်ချမှုရှိသော အရှင်၏
အချစ်ဆုံးတပည့်တော် ဖြစ်လာမည့် ရှင်ယောဟန်သည်ပင် နူးညံ့သိမ်မွေ့၍ ပျော့ပျောင်းသည့်
သဘာ၀ရှိသူ တစ်ဦးမဟုတ်ခဲ့ချေ။ သူတို့ညီ အစ်ကိုနှစ်ယောက်ကို “မိုးကြိုး၏သားများ” ဟုခေါ်ဝေါ်ခြင်းကို
ခံခဲ့ရပါသည်။ သူတို့ သည် ခရစ်တော်နှင့် အတူနေကြစဉ် အခြားသူများက ကိုယ်တော်အား
မထီမဲ့မြင် ပြုမှုများသည် ၎င်းတို့၏ အမျက်ဒေါသနှင့် ရန်ဖြစ်လိုသည့် စိတ်များကို
နှိုးဆွခဲ့ပါ သည်။ ရှင်ယောဟန်၏ ဒေါသကြီးခြင်း၊ ကလဲ့စားချေလိုခြင်းနှင့်
ပြစ်တင်ဝေဖန် တတ်ခြင်းစသည့် စိတ်သဘောထားများ ရှိခဲ့ပါသည်။ သူသည် မာနကြီး၍ ဘုရား
သခင်၏ နိုင်ငံတော်တွင် အဦးသောသူဖြစ်ရန် ရည်ရွယ်ချက်ကြီးမားသူတစ်ဦးဖြစ်ခဲ့ ပါသည်။
သူသည် မိမိ၏ကြမ်းတမ်းသော စိတ်နေသဘောထားများနှင့် ဆန့်ကျင် သောခရစ်တော်၏
နူးညံ့သိမ်မွေ့ခြင်းနှင့် သည်းခံခြင်းများကို မြင်တွေ့ခဲ့ရပြီး ခရစ်
တော်သွန်သင်ခဲ့သော နှိမ့်ချခြင်းနှင့် စိတ်ရှည်ခြင်း သင်ခန်းစာများကို
နေ့စဉ်ကြားနာ ခဲ့ရပါသည်။ သူသည် ဘုရားသခင်၏ တန်ခိုးတော်စိုးမိုးရန် စိတ်နှလုံးကို
ဖွင့်ဟပေး ခဲ့သဖြင့် ခရစ်တော်၏ နှုတ်ကပတ်တော်တို့ကို ကြားနာသူတစ်ဦးသာ မဟုတ်တော့ဘဲ
ကျင့်ဆောင်သူ တစ်ဦးဖြစ်လာခဲ့ပါသည်။ “ငါတည်းဟူသော အတ္တကို ခရစ်တော်၌ မြှုပ်နှံ၍
ခရစ်တော်၏ ထမ်းပိုးကိုယူတင်ရန်နှင့် ကိုယ်တော်၏ ဝန်ကိုထမ်းရွက်ရန် လေ့ကျင့်သင်ကြား
ခဲ့ပါသည်။
သခင်ယေရှုသည် မိမိ၏တပည့်တော်များအား
ဆိုဆုံးမတော် မူခဲ့ပါသည်။ သတိပေးတော် မူခဲ့ပါသည်။ နှိုးဆော်fတော် မူခဲ့ပါသည်။ သို့သော် ယောဟန်နှင့် ၎င်း ၏ ညီအစ်ကိုတို့သည်
ကိုယ်တော်ကို မစွန့်ပစ်ခဲ့ကြချေ။ ဆိုဆုံးမသည့်အကြားမှ ကိုယ်တော်ကိုသာ
သူတို့ရွေးချယ်ခဲ့ကြပါသည်။ ကိုယ်တော်သည် ၎င်းတို့၏ အား နည်းချက်များ၊
မှားယွင်းမှုများကြောင့် ၎င်းတို့ထံမှ ဆုတ်ခွာသွားတော်မူမည် မဟုတ် ချေ။
ကိုယ်တော်ခံစားရမည့် စုံစမ်းစစ်ဆေးမှုများကို မျှဝေခံစားရန်နှင့် ကိုယ်တော့်
သက်တော်စဉ်၏ သင်ခန်းစာများကို လေ့ကျက်ရန် အဆုံးတိုင်အောင် သူတို့လိုက်
လျှောက်ခဲ့ကြပါသည်။ ခရစ်တော်ကိုကြည့်ခြင်းအားဖြင့် သူတို့၏ စာရိတ္တများသည်
သဘာ၀တစ်မျိုးသို့ ပြောင်းလဲသွားခဲ့ပါသည်။
တမန်တော်များ၏ အကျင့်စရိုက်များနှင့်
ပြကတေ့သဘာ၀များသည် တစ်ဦး နှင့်တစ်ဦး သိသိသာသာ ကွဲပြားခြားနားနေကြပါသည်။ မဿဲသည်
အခွန်ခံတစ်ဦး ဖြစ်ပြီး ရှိမုန်ဇေလုတ်သည် ရောမအာဏာပိုင်များကို
ခါးခါးသီးသီးမုန်းတီးသူ တစ်ဦးဖြစ်ပါသည်။ ပေတရုသည် သဘောကောင်း၊
စိတ်တိုသူတစ်ဦးဖြစ်ပြီး ယုဒရှ ကာရုတ်သည် ညံ့ဖျင်းသော စိတ်သဘောထား
ရှိသူတစ်ဦးဖြစ်ပါသည်။ သောမမှာမူ သဘောကောင်းသော်လည်း ကြောက်လန့်
စိုးရိမ်တတ်သူတစ်ဦးဖြစ်ပြီး ဖိလိပ္ပုသည် အရာတစ်ခုကို ယုံကြည်ဖို့ခက်ခဲသူ၊
သံသယဖြစ်တတ်သူ တစ်ဦးဖြစ်ကာ ဇေဗေဒဲ၏ သားများတို့သည် စကားနည်းသူများ ဖြစ်သော်လည်း
ရည်မှန်းချက်ကြီးမားသူများ ဖြစ်ကြပါသည်။ မတူညီသောချို့ယွင်းချက်များ
မွေးရာပါမကောင်းသော အကျင့် များနှင့် အပြစ်ကို ခင်တွယ်တတ်သော
အကျင့်ဆိုးများရှိနေသော ထိုသူများကို တစ်စုတစ်စည်းတည်း စုရုံးခဲ့သော်လည်း
၎င်းတို့သည် ခရစ်တော်၌သော်လည်း ကောင်း ခရစ်တော်အားဖြင့် သော်လည်းကောင်း၊
မိမိတို့၏ယုံကြည်ခြင်း၊ အယူဝါဒ နှင့် စိတ်သဘောထားများကို တစ်လုံးတစ်၀တည်း
ဖြစ်လာရန် လေ့ကျက်ပြီး ဘုရား သခင်၏ မိသားစုစာရင်းဝင်များ ဖြစ်လာကြရန်ဖြစ်ပါသည်။
သူတို့၌ မတူညီသော ဝေဖန်စူးစမ်းမှုများ၊ နာကြည်းကြေကွဲမှုများနှင့်
ထင်မြင်ယူဆချက်များ ရှိခဲ့ကြလိမ့် မည်ဖြစ်သော်လည်း ခရစ်တော်သည်
၎င်းတို့၏စိတ်နှလုံးထဲ၌ ကိန်းဝပ်သော အချိန် တွင် မည်သည့်စိတ်ဝမ်းကွဲပြားမှု
မျှမရှိနိုင်တော့ချေ။ ကိုယ်တော်ရှင်၏ မေတ္တာတော် သည် ၎င်းတို့အား တစ်ဦးအပေါ်တစ်ဦး
မေတ္တာထားရန် လမ်းပြတော်မူခဲ့ပါသည်။ ကိုယ်တော်၏ သွန်သင်ချက်များသည် ၎င်းတို့အား
တစ်စိတ်တည်း တစ်သံတည်း ဖြစ်လာသည့်တိုင်အောင် တမန်တော်များအား
တစ်လုံးတစ်၀တည်းဖြစ်စေလျက် အားလုံးသော ကွဲပြားခြားနားမှုများကို
ညီညွတ်မျှတစေခဲ့ပါလိမ့်မည်။ ခရစ်တော် သည် ဗဟိုအချက်အချာဖြစ်တော်မူ၍ သူတို့သည်
ထိုဗဟိုအချက်အချာကို ချဉ်းကပ် ကြသကဲ့သို့ ၎င်းတို့အချင်းချင်းလည်း အချိုးညီစွာ
တစ်ဦးနှင့်တစ်ဦး ချဉ်းကပ်ခဲ့လိမ့် မည်ဖြစ်ပါသည်။
သခင်ယေရှုသည် တမန်တော်များအား
သွန်သင်ဆုံးမပြီးသောအခါ မိမိ အနီးတွင် ၎င်းတို့အား စုရုံးစေလျက်၊ ကိုယ်တော်သည်
၎င်းတို့အလယ်တွင် ဒူး ထောက်လျက်၊ ၎င်းတို့၏ခေါင်းပေါ်တွင် လက်ကိုတင်တော်မူလျက်
မိမိ၏သန့်ရှင်း သော အမှုတော်အတွက် ၎င်းတို့အား ဆက်ကပ်အပ်နှံ ဆုတောင်းပေးတော်မူခဲ့ပါ
သည်။ ဤနည်းအားဖြင့် တမန်တော်ကြီးများကို ဧဝံဂေလိအမှုတော်အတွက် ခန့်အပ်
တော်မူခဲ့ပါသည်။
ခရစ်တော်သည် လူသားများအလယ်တွင် မိမိအား
ကိုယ်စားပြု မည့်သူများ ကို ရွေးချယ်ရာတွင် အပြစ်မကျူးလွန်ခဲ့ဖူးသော
ကောင်းကင်တမန်များကို ရွေးချယ် တော်မမူခဲ့ဘဲ အပြစ်သားဖြစ်သည့် လူသားများကို
ရွေးချယ်ခဲ့ပါသည်။ ကိုယ်တော် သည် လူသားများအား လက်လှမ်းမီနိုင်ရန် လူဇာတိကို ခံယူတော်မူခဲ့ပါသည်။
ဘုရား ဇာတိတော်သည် လူသားဇာတိကို ယူတင်ဝတ်ဆောင်ရန် လိုအပ်ခဲ့ပါသည်။ အ ကြောင်းမူကား
ကမ္ဘာကိုကယ်တင်ရန် ဘုရားဇာတိတော်နှင့် လူသားဇာတိနှစ်မျိုး စလုံးသည်
ပူးတွဲလုပ်ဆောင်ရန် လိုအပ်သောကြောင့်ဖြစ်ပါသည်။ ဘုရားသခင်နှင့် လူသားများအကြား
ဆက်သွယ်ရေးလမ်းကြောင်း ပြုလုပ်ပေးနိုင်ရန်အတွက် ဘုရား ဇာတိတော်သည် လူသားဇာတိကို
လိုအပ်ခဲ့ပါသည်။ ဘုရားသခင်၏ စေတမန် များနှင့် အစေခံကျွန်များသည်လည်း
ထိုနည်းအတိုင်းပင်ဖြစ်ပါသည်။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်သည် မိမိ၌ပြန်လည်ရရှိစေရန်၊
၎င်းအနေနှင့် အမှုတော်ကို ဆောင် ရွက်နိုင်စွမ်းရှိရန် လူသည် လူသားများမှမဟုတ်သော၊
လူသားများလက်လှမ်းမမီ သည့်နေရာမှ တန်ခိုးတော်တစ်ခုကို လိုအပ်ပါသည်။ သို့သော်
ထိုအကြောင်းကြောင့် လူသားကိုယ်စားလှယ်များသည် မရှိလျှင်လည်းဖြစ်သည်ဟု မဆိုလိုပါ။
လူသားဇာတိ သည် ဘုရားဇာတိတော်ကို ကိုင်စွဲသောအခါ ခရစ်တော်သည် ယုံကြည်ခြင်းအားဖြင့်
စိတ်နှလုံးထဲတွင် ကိန်းဝပ်တော်မူပါသည်။ ဘုရားဇာတိတော်နှင့် လုပ်ဆောင်ခြင်း
အားဖြင့် လူသားများ၏ အစွမ်းသတ္တိများသည် ကောင်းသောအမှုကို လုပ်ဆောင်
နိုင်စွမ်းရှိလာပါသည်။
ဂါလိလဲမှတံငါသည်များကို ခေါ်တော်မူခဲ့သော
ခရစ်တော်သည် လူများကို မိမိ၏ အမှုတော်အတွက် ဆက်လက်ခေါ်တော်မူလျက် ရှိပါသည်။
၎င်းပြင် ရှေးဦး တမန်တော်များအားဖြင့် မိမိ၏ဘုန်းတော်ကို ထင်ရှားခဲ့သကဲ့သို့
ကျွန်ုပ်တို့အားဖြင့် လည်း တန်ခိုးတော်ကို ထင်ရှားရန် အလိုတော်ရှိတော်မူလျက်
ရှိပါသည်။ ကျွန်ုပ် တို့သည် မည်မျှပင် မစုံလင်သည်ဖြစ်စေ၊ အပြစ်များသည်ဖြစ်စေ
ကိုယ်တော် ရှင်သည် ကျွန်ုပ်တို့အား ၎င်း၏လုပ်ဖော်ဆောင်ဖက်များအဖြစ် လက်ခံရန်
ကမ်းလှမ်း တော်မူနေပါသည်။ ကျွန်ုပ်တို့သည် ခရစ်တော်နှင့် တစ်လုံးတစ်၀တည်းဖြစ်၍
ဘုရား သခင်၏အမှုတော်ကို ထမ်းဆောင်နိုင်ရန် အလိုငှါ ဘုရားသခင်၏ ညွှန်ကြားမှု
အောက်တွင် အသက်ရှင်ကြရန် ကိုယ်တော်ရှင် ဖိတ်ခေါ်နေပါသည်။ “တန်ခိုး တော်၏
ဂုဏ်အသရေသည် ငါတို့နှင့်မဆိုင်၊ ဘုရားသခင်နှင့် ဆိုင်မည်အကြောင်းကို ဘဏ္ဍာသည်
မြေအိုးထဲမှာထည့်ထားလျက် ငါတို့၌ရှိ၏။” ၂ကော၊ ၄း၇။ အဘယ်ကြောင့်ဆိုသော်
ဧဝံဂေလိတရားဟောခြင်း လုပ်ငန်းကို ကောင်းကင်တမန် များအား မလွှဲအပ်ဘဲ
မှားယွင်းတတ်သော လူသားများကို လွှဲအပ်ပေးခြင်း ကြောင့် တည်း။ အားနည်းသော
လူသားများအားဖြင့် ပြုတော်မူသော တန်ခိုးတော်သည် ထာ၀ရဘုရား၏ တန်ခိုးတော်ဖြစ်ကြောင်း
ထင်ရှားနေပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ကဲ့သို့အားနည်းသော သူများအား
ကူညီမစနိုင်သော တန်ခိုးတော်သည် ကျွန်ုပ် တို့အားလည်း ကူညီနိုင်သည်ဟု ကျွန်ုပ်တို့
ယုံကြည်ကြရန် ဖြစ်ပါသည်။ မိမိ တို့ကိုယ်တိုင် နွမ်းရိအားနည်းခြင်း ရှိသောသူများသည်
မိုက်သောသူ၊ မှားယွင်းသော သူတို့ကို သည်းခံခြင်းငှါ တတ်နိုင်ကြသည်။ မိမိကိုယ်တိုင်
ဒုက္ခရောက်ဖူးသော သူတို့သည် ထိုလမ်းစဉ်၏ အန္တရာယ်များ၊ အခက်အခဲများကို
တွေ့ကြုံခံစားခဲ့ ဖူးပြီဖြစ်သဖြင့် ထိုကဲ့သို့သော ဘေးအန္တရာယ်မျိုးမှ
အခြားသူများကို လက်ကမ်းခေါ် ထုတ်ရန်အတွက် ခေါ်တော်မူခြင်း ခံကြရပါသည်။
သံသယစိတ်ဖြင့် စိတ်ရှုပ်ထွေး နေသော ဝိညာဉ်များ၊ အနာရောဂါဝေဒနာဒဏ်ဖြင့်
ဝန်ပိနေသောဝိညာဉ်များ၊ ယုံကြည်ခြင်း အားနည်းသူများနှင့် ဘုရားသခင်ကို
စွဲမြဲစွာမဆုပ်ကိုင်နိုင်သော သူများ တို့ထံသို့ ခရစ်တော်အစား လာလျက်ရှိသော
မျက်စိနှင့် မြင်တွေ့နိုင်သောမိတ်ဆွေ တစ်ယောက်ရှိပါသည်။ ထိုမိတ်ဆွေသည် ၎င်းတို့၏
လှုပ်ရှားနေသော ယုံကြည်ခြင်း ကို ခရစ်တော်၌ မြဲမြံစွာချည်နှောင်ရန် အဆက်အသွယ်တစ်ခ kဖြစ်နိုင်ပါသည်။
ကျွန်ုပ်တို့သည် ကမ္ဘာအား
ခရစ်တော်အကြောင်းကို တင်ပြရာတွင် ကောင်းကင်တမန်များနှင့် အတူပူးတွဲလုပ်ဆောင်သူများ
ဖြစ်ကြရပါမည်။ ကောင်း ကင်တမန်များသည် ကျွန်ုပ်တို့၏ ပူးတွဲလုပ်ဆောင်မှုကို
အလွန့်အလွန် စိတ်အား ထက်သန်စွာဖြင့် စောင့်စားနေကြပါသည်။ အကြောင်းမူကား လူသားများကို
ဆက် သွယ်ရန်အတွက် လူသားများသည် ဆက်သွယ်ရေး လမ်းကြောင်းများဖြစ်သော ကြောင့်တည်း။
ကျွန်ုပ်တို့သည် ခရစ်တော်ထံတွင် မိမိကိုယ်ကို အကြွင်းမဲ့ဆက်ကပ် အပ်နှံသောအခါ
ကောင်းကင်တမန်များသည် ကျွန်ုပ်တို့၏ အသံများအားဖြင့် ဘုရားသခင်၏ မေတ္တာတော်ကို
ဖွင့်ဟနိုင်ကြတော့မည် ဖြစ်သည့်အတွက် ဝမ်း မြောက်ဝမ်းသာ ဖြစ်နေကြပါသည်။
No comments:
Post a Comment