Wednesday, April 29, 2026

အခြားသောဘာသာစကားအား နားလည်ခြင်း




 

အခြားသောဘာသာစကားအား နားလည်ခြင်း



မာတိကာ (Table of Contents)
နိဒါန်း




အခန်းကြီး - ၁

    ဒဏ္ဍာရီအဆိုအရ ဂရိသည် ထရိုင်မြို့အားသိမ်းပိုက်ရန် ၁၀ နှစ်တိုင်တိုင်ဝိုင်းရံခဲ့သော်လည်း တိုက်ခိုက်သိမ်းပိုက်နိုင် ခြင်းမရှိသောအခါ နောက်ဆုံးတွင် လိမ္မာပါးနပ်သောစစ်ဗြူဟာဆွဲခဲ့သည်။ ဂရိစစ်တပ်သည် အဝေးသို့ရွက် လွှင့်သွားသယောင်ဟန်ဆောင်ပြီး၊ ကမ်းစပ်တွင် သစ်သားအခေါင်းပေါက်ပါသည့် ကြီးမားသောမြင်းရုပ်ကြီးအား အောင်မြင်ခြင်း၏ လက်ဆောင်အဖြစ်ချန်ထားပေးသကဲ့သို့ ထားခဲ့လေ၏။ သို့သော်၊ အမှန်မှာ ထိုလက်ဆောင် အတွင်း၌ လက်နက်ကိုင်ဆောင်ထားသော မြောက်များစွာသောဂရိစစ်သားများနှင့်ပြည့်နေပေသည်။ ထရိုင် အတွင်းရှိ စီနွန်ဟုခေါ်သောဂရိသူလျှိုတစ်ဦးသည် မြို့သားများအား မြို့ရိုးအတွင်းမြင်းရုပ်ကြီးအားယူဆောင် လာရန် ဆွဲဆောင်ခဲ့ပြီး ထိုသို့ပြုလုပ်ခြင်းသည် ထရိုင်သည် လျှို့ဝှက်ဆန်းကြယ်စွာအနိုင်ယူနိုင်စေမည်ဟု ပြောဆိုခဲ့၏။ ထိုညတွင် ဧရာမမြင်းရုပ်အတွင်း၌ပုန်းအောင်းနေသော စစ်သားများအား သူလျှိုသည် လွှတ်ပေးခဲ့သည်။ ထရိုင်အစောင့်များအားသုတ်သင်ပြီးနောက် စောင့်ဆိုင်းနေသောဂရိစစ်သားများအတွက် မြို့တံခါးကိုဖွင့်ပေးကာ၊ မြို့ကို သိမ်းပိုက်မီးရှို့ခဲ့သည်။



အခန်းကြီး - ၂

အခန်း ၁
ဘာသာပြန်ရာတွင် ကွဲလွဲမှုများ

        ရန်သူထံမှလာသောလက်ဆောင်သည် အမှန်သေစေနိုင်သည်။ ဒုစရိုက်လောကသားများသည် သူတို့ရည်ရွယ် သောလူသားများအား ဖွင့်လိုက်သည်နှင့် ပေါက်ကွဲစေသောဗုံးအားထည့်ထဲ့၍လက်ဆောင်ကဲ့သို့ ဖဲကြိုးဖြင့်ပတ်ရစ်ကာ လှပစွာထုတ်ပိုးထားသောစက္ကူဗုံးအား ပို့ပေးသည့်နေရာတွင်အောင်မြင်ကြသည်။ ယနေ့စာတန်မာရ်နတ်မာနသည် မိစ္ဆာဒိဌိဝါဒမှ ဆင်းသက်လာသော ဘာသာစကားဆုကျေးဇူအား ဘုရားသခင်၏ အသင်းတော်မှ လက်ခံလာရန်နှင့် အတွင်းထဲ၌ပင်ဖျက်စီးရန် ဝိညာဉ်ဆုကျေးဇူးအတုအယောင် (ရောင်) အားအသုံးပြု လျှက်ရှိသည်။

        ကျွန်ုပ်သည်ခရစ်ယာန်ဖြစ်ပြီးများမကြာမှီအချိန်၌ မိခင်ထံသို့လည်ပတ်ရန် ကားကြုံဖြင့် ပမ်းစပရီး(စ်)မှ လော့စ်အိန်ဂျလိစ်သို့ သွားခဲ့၏။ ကျွန်ုပ်၏ခရီးလမ်းတစ်ဝက်ခန့်အရောက်တွင် အလယ်လတ်ပိုင်း ပင်တေကော်စတယ်အသင်းသူ အမျိုးသမီးအား ကားကြုံလိုက်စေ၍၊ သူမသည်ကျွန်ုပ်နှင့်စကားစမြည် ပြောရသည်ကို အားရခဲ့သည်။ ဆက်လက်မောင်းနှင်စဉ် သူမကခင်ဗျားသန့်ရှင်းသောဝိညာဉ်တော်ခံပြီးပြီလားဟု ကျွန်ုပ်အားမေးခဲ့၏။

        ထိုမေးခွန်းအားကျွန်ုပ်သည်တစ်ခါမှ အမေးမခံဘူးသည့်အကြောင်းကြောင့် သူမ၏မေးခွန်းသည်ကျွန်ုပ်အား လွန်စွာအံ့ဩစေခဲ့သည်။ဟုတ်ကဲ့၊ ကျွန်တော်ရပါပြီ၊ ကျွန်တော့်ရဲ့အသက်တာမှာ ဘုရားသခင်ရဲ့သန့်ရှင်းသော ဝိညာဉ်တော် ရှိကြောင်းခံစားခဲ့ရပါတယ်။ မူးယစ်ရစ်ဆေးဝါး၊ လိမ်လည်ခြင်း၊ ခိုးခြင်း၊ ကျိန်ဆဲခြင်းကဲ့သို့သော တခြားအရာတွေကိုဖြတ်နိုင်ဖို့ ဘုရားကငါ့ကိုအများကြီးပြောင်းလဲအောင်ကူညီခဲ့တယ်ဟု ဖြည်းညှင်းစွာ ဖြေခဲ့သည်။မဟုတ်ဘူး၊ ကျွန်မဆိုလိုတာအဲဒါမဟုတ်ဘူး။ ခင်ဗျားဝိညာဉ်တော်ရဲ့ဗတ္တိဇံခံပြီးပြီလား၊ တခြားသောဘာသာစကားကိုရော ပြောပြီလားဟု ကျွန်ုပ်အားကြည့်ပြီးအားမလိုအားမရနှင့် ပြန်ပြောခဲ့သည်။

        ကျွန်ုပ်အားကြာမြင့်စွာဖမ်းချူပ်ထားသော အပြစ်အပေါ်အောင်မြင်ခြင်းရရှိသွားခြင်း ထက် ဘဝင်ရပြီးအသံထွက် ရွတ်ဆိုခြင်းအား အတွေ့အကြုံရှိသည် မရှိသည်ကို သူမပို၍စိတ်ဝင်စားနေသည်မှာ ကျွန်ုပ်အတွက်တစ်မူထူးခြားနေပြီး ထိုးနှက်ချက်ဖြစ်ခဲ့သည်။

        ကျွန်ုပ်သည် အခြေခံလိုအပ်ချက်ဖြစ်သော ခရစ်ယာန်အတွေ့အကြုံပျောက်ဆုံးနေကြောင်း ဤအမျိုးသမီးက ယုံကြည်နေသည်။ ကျွန်ုပ်သည်အလွန်ပင်အရေးကြီးသောအရာအား လေ့လာလိုစိတ်ရှိလာ၍ အငြင်းပွားဖွယ် အကြောင်းအရာဖြစ်သော အခြားသောဘာသာစကားနှင့်ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်းစတင်ရှာဖွေတော့သည်။ ကျွန်ုပ်ပထမဆုံးတက်ရောက်ခဲ့သောဘုရား ကျောင်းများမှာ ဘဝင်ခိုက်မြွတ်ဆိုသောဝါဒအား ယုံကြည်သည့် ဝိညာဉ်တန်ခိုးဖြင့် လှုပ်ရှားသောအသင်းတော်များ ဖြစ်၏။ တစ်နည်းအားဖြင့် အခြား(မသိ)သောဘာသာစကားကဲ့သို့ မကြာခဏသူတို့ အတွေ့ကြုံမှဖော်ပြသည်။ ကျွန်ုပ်တို့၏ကျမ်းစာလေ့လာခြင်းအဖွဲ့မှ မိတ်ဆွေ အများစုမှာ အခြားသောဘာသာစကား ပြောသူများဖြစ်သည်။ ထို့ကြောင့် နှစ်များစွာသုသေသနပြုလုပ်ထားသော ကနဦးအတွေ့အကြုံ၏ရလဒ်ဖြစ်သော သတင်းအချက်အလက်များအား ဝေမျှချင်ပါသည်။

        ဤလေ့လာမှုတွင် ရေပန်းစားခြင်းမရှိသည့်တစ်ချို့သော အချက်အလက်များအားညွှန်ပြရန်လိုအပ်ပြီး၊ ကျွန်ုပ်အစပြုလိုသည်မှာ ဝိညာဉ်တန်ခိုးဖြင့်လှုပ်ရှားသောအသင်းတော်များဖြစ်ကြသော ညီအစ်ကို မောင်နှမများ၏ယုံကြည်ချက်များအား ကျွန်ုပ်မလက်ခံနိုင်သော်ငြားလည်း ထိုအဖွဲ့အစည်းထဲ၌လည်းဘုရားသခင်၏ သားသမီးများထောင်ချီ၍ရှိမည်ကို ကျွန်ုပ်အခိုင်အမာယုံကြည်သည်။ ထိုအသင်းတော်များထဲ၌ပင်လျှင် အခြားသောဘာသာစကားနှင့်ပတ်သက်၍ အနက်ပြန်မှုများစွာကွဲပြားခြားနားချက်များရှိမည်ကို ကျွန်ုပ်အသိ အမှတ်ပြုသည်။ ထို့ကြောင့် အားလုံးခြုံငုံ၍ကောက်ချက်ချသောအခါ နားလည်ခွင့်လွှတ်ပေးစေချင်သည်။ ကျွန်ုပ်ဆင်နွဲ မည့်တိုက်ပွဲသည် လူများအားဆန့်ကျင်တိုက်ခိုက်ရန်မဟုတ်ဘဲ၊ အမှားကိုသာဆန့်ကျင်ခြင်းဖြစ်သည်။

 


အခန်းကြီး - ၃

အခန်း ၂

စစ်မှန်သော ဘာသာစကားဆုကျေးဇူး

        အနက်အဓိပ္ပါယ်ဖွင့်ဆိုခြင်းနှင့်အတူအစပြုကြပါစို့။ ဘာသာစကားဟူသော စကားလုံးအား သမ္မာကျမ်းစာမှ ဘားသာစကားဟု ရိုးရှင်းစွာဖွင့်ဆိုထားသည်။

        ဘုရားသခင်သည် ဝိညာဉ်ဆုကျေးဇူးများအား လက်တွေ့လိုအပ်ချက်များအတွက် ဖြည့်ဆည်းပေးသည်။ ဘာသာစကားအတွက်လိုအပ်မှုမှာ မည်သည့်အရာဖြစ်မည်နည်း။

        တပည့်တော်များအား သခင်ခရစ်တော်မှာခဲ့သည်မှာ သင်​တို့​သွား၍ လူ​မျိုး​တ​ကာ​တို့​ကို ငါ့​တ​ပည့် ဖြစ်​စေ​လျက်၊  ခ​မည်း​တော်၊ သား​တော်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ပေး​ကြ​လော့။ဟူ၍ဖြစ်သည်။ (မဿဲ ၂၈း၁၉)။ ဤစေခိုင်းချက်တွင်ပြသနာရှိသည်။ တမန်တော်များသည် ဘာသာစကားတစ်မျိုး (သို့) နှစ်မျိုးသာပြော နိုင်လျှင် မည်ကဲ့သို့ကမ္ဘာကြီးအားသွားရောက်ဟောကြားနိုင်မည်နည်း။ သခင်ခရစ်တော်၏တပည့်တော်များ သည် ဘွဲ့ရပညာတတ်များမဟုတ်သော်ငြားလည်း၊ ညဏ်ကောင်းသောသူများဖြစ်ကြသည်။ မဟာစေ ခိုင်းမှုကြီး ပြီးပြည့်စုံရန်အတွက် သန့်ရှင်းသောဝိညာည်တော်သည် အထူးသောဆုကျေးဇူးအားပေးမည်ဟု ခရစ်တော် ဘုရားသည် ဂတိပေးခဲ့သည်။ ထိုအရာမှာ သူတို့တစ်ခါမျှမသိခဲ့၊ မသင်ကြားခဲ့ဖူးသော နိုင်ငံခြားဘာသာစကားအား အံ့ဖွယ်၊ သဘာဝလွန်အစွမ်းသတ္တိဖြင့် ဧဝံဂေလိသတင်းစကားဖြန့်ဝေသည့်နေရာတွင်  ပြောနိုင်ရန်ရည်ရွယ်ခြင်း ဖြစ်သည်။

        ယုံ​ကြည်​သော​သူ​တို့၌ ဖြစ်​အံ့​သော နိ​မိတ်​လ​က္ခ​ဏာ ဟူ​မူ​ကား၊ ငါ၏​နာ​မ​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​ကြ​လ​တ္တံ့။ ထူး​ခြား​သော ဘာ​သာ​စ​ကား​မျိုး​တို့​ကို ပြော​ကြ​လ​တ္တံ့။မာကု ၁၆း၁၇

        သခင်ခရစ်တော်ရည်ညွှန်းသော ထိုအသစ်သောဘာသာစကား(သို့) ဘာသာရပ်မှာ၊ သဘာဝအားဖြင့်သင်ယူ၍ ရသော ဘာသာစကားအား ပြောနိုင်သောအစွမ်းသတ္တိနိမိတ်လက္ခဏာအား ညွှန်းဆိုနေခြင်းမဟုတ်ပေ။ ထို့အစား၊ တစ်ချိန်၌ ရင်းနှီးကျွမ်းဝင်မှုတစ်ခါမျှမရှိခဲ့သောဘာသာစကားအားဖြင့် ချက်ခြင်းတစ်ပြိုင်နက်၊ ကျွမ်းကျင်စွာဟော နိုင်သော စကားဖြစ်သည်။

        သမ္မာကျမ်းစာထဲ၌ အခြားသောဘာသာစကားပြောခြင်းနှင့်ပတ်သက်၍ ဖြစ်ရပ်မှန်ဉပမာများ သုံးနေရာတွင်သာ မှတ်တမ်းတင်ထားသည် (တမန် ၂၊ ၁၀၊ ၁၉)။  ကျွန်ုပ်တို့သည်ဤအဖြစ်အပျက်သုံးခုအားကြည့်မည်ဆိုလျှင် ဤအငြင်းပွားဖွယ်ဆုကျေးဇူး၏ ရှင်းလင်းတိကျသောရုပ်ပုံအား မြင်တွေ့နိုင်မည်ဖြစ်သည်။

        ပင်​တေ​ကု​တ္တေ​ပွဲ​နေ့​ရောက်​သော​အ​ခါ ထို​သူ​အ​ပေါင်း​တို့​သည် တ​ညီ​တ​ညွတ်​တည်း စည်း​ဝေး၍​နေ​ကြ၏။ ထို​အ​ခါ လေ​ပြင်း​မုန်​တိုင်း​ကဲ့​သို့​သော​အ​သံ​သည် တစ်​ခ​ဏ​ချင်း​တွင် ကောင်း​ကင်​မှ​လာ၍၊ ထို​သူ​တို့ နေ​ထိုင်​သော​အိမ်​ကို ဖြည့်​လေ၏။ ထို​ခ​ဏ​ချင်း​တွင် ကွဲ​ပြား​သော​လျှာ​တို့​သည် မီး​လျှာ​ကဲ့​သို့​ထင်​ရှား၍၊ ထို​သူ​အ​သီး​အ​သီး​တို့​အ​ပေါ်၌ တည်​နေ​ကြ၏။ ထို​သူ​အ​ပေါင်း​တို့​သည်​လည်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်၍၊ ဝိ​ညာဉ်​တော်​သည် ဟော​ပြော​သော​အ​ခွင့်​ကို ပေး​တော်​မူ​သည်​အ​တိုင်း အ​မျိုး​မျိုး​သော​ဘာ​သာ​စ​ကား​အား​ဖြင့် ဟော​ပြော​ကြ၏။တမန် ၂း၁-)

        မီးသည် တခိုးတော်အတွက်ပုံဆောင်ချက်ဖြစ်သည်။ ဘုရားသခင်သည် ဤဆုကျေးဇူးကို မီးလျှာပုံစံဖြင့် စေလွှတ်တော်မူသည်နှင့်အညီ၊ ဖာရောဘုရင်ရှေ့တော်၌ မောရှေအား ခွန်အားပေးတော်မူသကဲ့သို့၊ (ထွက် ၄း၁၀-၁၂)၊ ဟေရှာယ၏နှုတ်အား ကောင်းကင်မှမီးခဲဖြင့် တို့တော်မူသကဲ့သို့၎င်း (ဟေ ၆း၆-)၊ သူတို့၏အားနည်းသော လျှာများကို ခွန်အားပေးတော်မူမည်ကို သူတို့သိကြမည်ဖြစ်သည်။

        ဘုရားသခင်သည်မည်သည့်အတွက်ကြောင့် ထိုဆုကျေးဇူးအားပင်တေကုပ်တေရက်တိုင်အောင် သွန်းလောင်း ပေးရန် စောင့်ဆိုင်းခဲ့သနည်း။ တမန်တော် ၂း၅-၁၁ မှထိုမြင်ကွင်းအားဖော်ပြထားသည်မှာ၊ ထို​ကာ​လ​အ​ခါ၊ ကောင်း​ကင်​အောက်​တွင် ရှိ​လေ​သ​မျှ​သော​လူ​မျိုး​ထဲ​က ဘု​ရား​ကို​ရို​သေ​သော ယု​ဒ​လူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ တည်း​နေ​ကြ​သ​တည်း။ ထို​အ​သံ​ကို​ကြား​ရ​သော​အ​ခါ၊ လူ​များ​တို့​သည်​စု​ဝေး​လာ​ကြ​လျှင်၊ အ​သီး​သီး​အ​ခြား​ခြား​သော မိ​မိ​တို့ ဘာ​သာ​စ​ကား​ဖြင့် တ​မန်​တော်​တို့​ဟော​ပြော​သည်​ကို ကြား​ရ၍ မှိုင်​တွေ​လျက်​ရှိ​နေ​ကြ၏။ ထို​လူ​အ​ပေါင်း​တို့​သည် အံ့​ဩ​မိန်း​မော​တွေ​ဝေ​လျက်​ရှိ၍၊ ယ​ခု​ဟော​ပြော​သော​သူ​အ​ပေါင်း​တို့​သည် ဂါ​လိ​လဲ​လူ​ဖြစ်​ကြ​သည် မ​ဟုတ်​လော။ သို့​ဟုတ်​လျှင် ငါ​တို့​သည် အ​သီး​အ​သီး​မွေး​ဖွား​ရာ​ဌာ​န၏ ဘာ​သာ​စ​ကား​များ​ကို ကြား​ရ​သည်​ကား အ​ဘယ်​သို့​နည်း။ ပါ​သိ​ပြည်​မှ​စ၍ မေ​ဒိ​ပြည်၊ ဧ​လံ​ပြည်၊ မေ​သော​ပေါ​တာ​မိ​ပြည်၊ ယု​ဒ​ပြည်၊ က​ပ္ပ​ဒေါ​ကိ​ပြည်၊ ပု​န္တု​ပြည်၊ အာ​ရှိ​ပြည်၊ ဖြူ​ဂိ​ပြည်၊ ပမ်​ဖု​လိ​ပြည်၊ အဲ​ဂု​တ္တု​ပြည်၌​နေ​သော​သူ၊ ကု​ရေ​နေ​မြို့​နှင့်​စပ်​သော လိ​ဗု​ကျေး​လက်၌ နေ​သော​သူ၊ ရော​မ​မြို့​မှ​လာ​သော ဧည့်​သည်​များ၊ ယု​ဒ​လူ​ဖြစ်​စေ၊ ဘာ​သာ​ဝင်​ဖြစ်​စေ၊ က​ရေ​တေ​ပြည်​သား၊ အာ​ရပ်​ပြည်​သား၊ အ​သီး​အ​သီး​ဖြစ်​ကြ​သော​ငါ​တို့​အား ဤ​သူ​များ​သည် ဘု​ရား​သ​ခင်၏ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ငါ​တို့​အ​မျိုး​ဘာ​သာ​စ​ကား​ဖြင့် ဟော​ပြော​ကြ​သည်​ကို ကြား​ရ​ပါ​သည်​တ​ကား​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။

        ပင်တေကုတ်တေနေ့သည် ဂျူးလူမျိုးများအတွက်သန့်ရှင်းသောနေ့ဖြစ်ပြီး ပသခါပွဲအလွန်ရက် ၅၀ တွင်ကျရောက် သည်။ သစ္စာရှိသောဣသရေလလူမျိုးများသည် ရောမအင်ပါယာတစ်ဝှမ်းမှ ယေရုရှလင်မြို့သို့လာရောက်ဝတ်ပြု ကိုးကွယ်ကြသည်။ အလည်အပတ်ရောက်ရှိနေကြသော ဂျူးများအား သူတို့ဘာသာစကားဖြင့် ဟောကြားရန် ဘာသာစကားဆုကျေးဇူးအား တပည့်တော်များအပေါ်သို့ချပေးခြင်းမှာ ဘုရားသခင်သည် အချိန်ကိုက်အခွင့် အခါအား ရွေးချယ်ခြင်းဖြစ်သည်။ ထိုနေ့တွင် အနည်းဆုံး မတူကွဲပြားသော ဘာသာစကား ၁၅ မျိုးပြောသော သူများ ထိုလူအုပ်ထဲတွင်ရှိကြသည် (တမန် ၂း၅-၁၁)။ ရလဒ်အားဖြင့်၊ ထောင်ပေါင်းများစွာသောထိုဧည့်သည်များ သည် အသက်တာပြောင်းလည်းခဲ့ကြသည်။ ထို့နောက်၊ ပင်တေကုတ်တေပွဲနောက်ပိုင်းတွင် သူတို့၏အသစ်သော ယုံကြည်ခြင်းအား မိမိတို့၏မြို့များသို့ သယ်ဆောင်သွားခဲ့ကြသည်။

        ဤဉပမာမှ ကမ္ဘာ၏ရှိရင်းစွဲဘာသာစကားအမျိုးမျိုးဖြင့် ဧဝံဂေလိသတင်းကောင်းကို ဆက်သွယ်ပြောဆိုရန် အတွက် ဘာသာစကားဆုလက်ဆောင်ကို ပေးအပ်ခဲ့ကြောင်း အလွန်ရှင်းလင်းသင့်ပေသည်။

        ပင်တေကုတ္တေပွဲနေ့တွင် အံ့ဖွယ်အမှုသည် မတူညီသောဘာသာစကားများအား ကြား၍နားလည်ရန် ဆုကျေးဇူး တစ်ခုဖြစ်သည်ဟု အချို့က လွဲမှားစွာယူဆခဲ့ကြသည်။ ထိုဆုကျေးဇူသည် နားထောင်သောသူများအားကြား၍နား လည်စေရန်ပေးသော ဆုကျေးဇူးမဟုတ်ဘဲ ယုံကြည်သူများအားပြောနှိင်သော ဝိညာဉ်ဆုကျေးဇူးအားပေခြင်းသာ ဖြစ်သည် (တမန် ၂း၄) ။ ထိုအရာအားနားထောင်သူများအတွက် ကြားစေသောဆုကျေးဇူးဟုမခေါ်ဘဲ၊ ပြောသောသူများအတွက် ဘာသာစကားဆုကျေးဇူးဟုခေါ်သည်။ ထို့အပြင်၊ နိမိတ်လက္ခဏာသည် နားထောင် သောသူများအပေါ်၌ နားမီးလျှံကျရောက်ခြင်းအဟုတ်ဘဲ၊ ဟောပြောသောသူများအပေါ်သို့ လျှာမီးလျှံ ကျရောက်ခြင်း ဖြစ်သည်။

         တစ်ခါတစ်ရံ ထိုဘာသာစကားဆုကျေးဇူးသည် ကောင်းကင်ဘာသာစကားဖြစ်ပြီး ဘုရားတစ်ပါးတည်း(သို့) အနက်ပြန်ခြင်းဆုကျေးဇူးရရှိသူများသာ နားလည်နိုင်ကြသည်ဟု ထင်မြင်ယူဆကြသည်။

        တမန်တော် အခန်းကြီး တွင် တပည့်များနှင့် နားထောင်သူများနှစ်ဖွဲ့လုံးသည်ဘုရားသခင်၏ အံ့ဖွယ် အမှုတော်များ ဟူသည့် ဟောပြောခြင်းကို နားလည်ကြောင်း သမ္မာကျမ်းစာမှ ရှင်းလင်းစွာ ဖော်ပြထားသည် (အခန်းငယ် ၁၁)

        ပေတရုသည် ကောနေလိနှင့်သူ၏အိမ်သူအိမ်သားများအား ဟောကြားသော ဒုတိယဉပမာအားကြည့်ကြစို့။ ထို​စ​ကား​ကို မြွက်​ဆို​စဉ်၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို ကြား​နာ​ရ​သော သူ​အ​ပေါင်း​တို့​အ​ပေါ်​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သက်​ရောက်​တော်​မူ၏။ တစ်​ပါး​အ​မျိုး​သား​တို့ အ​ပေါ်​သို့ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ ကျေး​ဇူး​ကို သွန်း​လောင်း​သော​ကြောင့်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​တည်း​ဟူ​သော ပေ​တ​ရု​နှင့် ပါ​သ​မျှ​သော တ​ပည့်​တော်​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​အား​ဖြင့်​ပြော၍၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​သည်​ကို ကြား​ကြ​လေ၏။တမန် ၁၀◌း၄၄-၄၆။

        တမန်တော် ၁၀◌း၁ ၌‌ကျွန်ုပ်တို့အားဖော်ပြသည်မှာ ပေတရုသည် ဂျူးလူမျိူးဖြစ်ပြီး အာရမစ်စကားပြောသော အချိန်တွင်၊ ကောနေလိသည်အီတလီလူမျိူးဖြစ်သည်။ သမိုင်းတွင်လည်းဖော်ပြထားသည်မှာ ရောမအိမ်ရှိ ကျွန်များသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာမှမဆို ဖြစ်နိုင်သည်။အကြောင်းမှာ ကွဲပြားသောဘာသာစကားပြော သူများ ဤအစည်းအဝေးတွင်ရှိကြောင်း ထင်ရှားကာ၊ ပေတရုသည်လည်း စကားပြန်ဖြင့် အစပြုဟောပြောဟန်ရှိ သည်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်သည် ကော်နေလိနှင့် သူ၏အိမ်သူအိမ်သားတို့အပေါ်သို့ ကျရောက် သောအခါ၊ ပေတရုနှင့်အတူ ဂျူးလူမျိုးများသည် ၎င်းတို့၏ဇာတိဘာသာစကားမဟုတ်သော အခြားဘာသာစကား များကို ပြောဆိုနေကြသော လူမျိုးခြားများကို နားလည်နိုင်ကြသည်။ ဂျူးများသည်သူတို့၏ဘာသာစကားဖြင့် ဘုရားသခင်အားချီးမွမ်းသည်ကိုကြားကြကြောင်းမှတ်တမ်းတင်ထားသည်။ နောက်ပိုင်းသူတို့သည်အသင်း တော်ခေါင်းဆောင်များအား ဤအတွေ့အကြုံအားတင်ပြသောအခါတွင်၊ ပေတရုပြောသည်မှာ ငါ​သည်​ဟော​ပြော​စ​ပြု​စဉ်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ရှေ့​ဦး​စွာ ငါ​တို့​အ​ပေါ်​သို့ သက်​ရောက်​တော်​မူ​သည်​နည်း​တူ၊ ထို​သူ​တို့ အ​ပေါ်​သို့​လည်း သက်​ရောက်​တော်​မူ၏။ (တမန် ၁၁း၁၅)

        ပင်တေကုတ်တေပွဲနေ့တွင် တမန်တော်များလုပ်ဆောင်ခဲ့ကြသကဲ့သို့ ကောနေလိနှင့် အိမ်သူအိမ်သားများသည် ဘာသာစကားဆုကျေးဇူးအားရရှိခဲ့ကြကြောင်း ပေတရုသည် ဤနေရာတွင်ကျွန်ုပ်တို့အားရှင်းရှင်းလင်းလင်း ပြောပြသည်။ တစ်နည်းအားဖြင့်ဆိုရသော် ၎င်းတို့သည် ယခင်ကမသိခဲ့သော ဘာသာစကားများကို နားလည် သဘောပေါက်နိုင်သည့် နည်းလမ်းဖြင့် ပြောဆိုကြသည်။

        ဘာသာစကားပြောခြင်းအား တတိယနှင့်နောက်ဆုံးဥပမာမှာ ဧဖက်မြို့သားတပည့်တော် ၁၂ ပါးအား ရှင်ပေါလု တရားဟောပြောသောအချိန်တွင်ဖြစ်သည်။ တမန်တော် ၁၉း၆ တွင်မှတ်တမ်းတင်ထားသည်မှာ၊ ပေါ​လု​သည်​လည်း၊ သူ​တို့​အ​ပေါ်၌ လက်​ကို​တင်​လျှင်၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် ဆင်း​သက်​တော်​မူ​သ​ဖြင့်၊ ထို​သူ​တို့​သည် အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို​ပြော၍ ပ​ရော​ဖက်​ပြု​ကြ၏။ရှင်ပေါလုသည် ပညာတတ်တစ်ယောက်၊ တပည့်တော်များထဲ၌ ကျယ်ကျယ်ပြန့်ပြန့်ခရီးသွားသောသူနှင့် ဘာသာစကားမြောက်များစွာပြောနိုင်သူလည်းဖြစ်   သည်။ (၁ ကော ၁၄း၁၈)။ သန့်ရှင်းသောဝိညာဉ်တော်သည် ထိုတပည့်တော် ၁၂ ယောက်အပေါ်သို့ကျရောက် သောအချိန်တွင် သူတို့သည်ဘာသာစကားအသစ်ဖြင့် ပရောဖက်ပြု (သို့) ဟောပြောနေကြကြောင်း ရှင်ပေါလု သိနေသည်။ ဖြစ်နိုင်သည်မှာ၊ သူတို့သည် ရောမအင်ပါယာတစ်လျှောက်လုံးတွင် အသုံးများသောဘာသာစကား များဖြင့် ပြောဆိုကြသည်။ အကြောင်းမှာ ယင်းသည် ဧဝံဂေလိတရားပြန့်ပွားရေးအတွက် လက်တွေ့ကျနိုင်သော ကြောင့်ဖြစ်သည်။ ရှင်လုကာသည် ပထမဥပမာနှစ်ခုနှင့် မတူသောဘာသာစကားဆုကျေးဇူးအားရရှိသည်ဟု မပြောသည့်အတွက်၊ ပင်တေကုတ်တေပွဲနေ့တွင်ပေးခဲ့သော ဆုကျေးဇူးမျိုးဟုပင် ယူဆရမည်။

        သန့်ရှင်းသောဝိညာဉ်သွန်းလောင်းခြင်နှင့်အတူ ဘာသာစကားဆုကျေးဇူးတို့သည် ဘာသာစကားအုပ်စုတစ်စု ထက်မကပိုသောလူများစုဝေးနေကြသော အချိန်၊ ဆက်သွယ်ရန်အဆီးအတားရှိသောအချိန်တွင်သာ သင်သည် တွေ့ရမည်ဖြစ်သည်။

        တမန်တော် ၄ တွင်အခန်းကြီး ၂ ၌ဖော်ပြသောအတွေ့အကြုံအတိုင်းပင် ထပ်မံဖြစ်ပျက်သည်ကို သတိပြုပါ။  သူတို့သည် သန့်ရှင်းဝိညာဉ်တော်နှင့်ပြည့်ကြပြီး ထိုနေရာသည်တုန်လှုပ်ခဲ့သည်။ သို့သော် နှိင်ငံခြားသားတစ် ယောက်မျှမရှိ သည့်အတွက်ကြောင့် ဘာသာစကားဆုကျေးဇူးအား မတွေ့ရပါ။ တမန်တော် ၄း၃၁ တွင် ထို​သို့​ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပြီး​မှ၊ စု​ဝေး​သော အ​ရပ်​သည် တုန်​လှုပ်၍၊ ထို​သူ​အ​ပေါင်း​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ရဲ့​ရင့်​စွာ​ဟော​ပြော​ကြ၏။

        သန့်ရှင်းသောဝိညာဉ်တော်၏ဗတ္တဇံအတွက် ရည်ရွယ်ချက်မှာ ရေရွတ်ခြင်း (သို့) မရှင်းမလင်းသောအသံဖြင့် ဗလုံးဗထွေးပြောခြင်းမဟုတ်ဘဲ၊ ဟောပြောရန်အတွက် တန်ခိုးတော်ရရှိခြင်းသာဖြစ်သည်။ ဤအကြေင်းကြောင့် ခရစ်တော်မိန့်မွတ်ခဲ့သည်မှာ ထို​သို့​မ​ရှိ​သော်​လည်း၊ သင်​တို့​အ​ပေါ်​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ဆင်း​သက်​သော​အ​ခါ သင်​တို့​သည် တန်​ခိုး​ကို​ခံ​ရ၍ ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော ယု​ဒ​ပြည်၊ ရှ​မာ​ရိ​ပြည်၊ မြေ​ကြီး​စွန်း​တိုင်​အောင် ငါ၏​သက်​သေ ဖြစ်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။တမန်တော် 1:8.

 


အခန်းကြီး - ၄

အခန်း

ကောရိန်သုသို့ သတင်းစကား

သမ္မသစ်ကျမ်းထဲ၌ ၁၄ ကျမ်းမှာရှင်ပေါလုရေးသားပြီး သူရေးသားသောကျမ်းဖြစ်သည့် ကောရိန်သုပထမစောင်ကျမ်းထဲတွင်သာ ဘာသာစကားအကြောင်းနှင့်ပတ်သက်၍ရှင်းပြထားသည်။ အကြောင်းမှာ ကောရိန်သုအသင်းတော်တွင် တိကျသော၊ လတ်သလောပြသနာရှိကြောင်းထင်ရှားနေပြီး ကောရိန်သုအသင်းတော်သို့ ရှင်ပေါလု၏ဒုတိယစာတွင် ဘာသာစကားအကြောင်းတစ်စိုးတစ်စပင် မဖော်ပြခဲ့ပေ။

 ရှေးကောရိန်သုမြို့မှာ အပြည်ပြည်ဆိုင်ရာဆိတ်ကမ်း ၂ခုရှိသည့်အတွက်ကြောင့် ထင်ပေါ်ကြော် ကြားသော မြို့ဖြစ်ပါသည်။ ကောရိန်သုအသင်းတော်မှာ အမျိုးမျိုးသောလူမျိုးများ ရောပြွန်းနေသည့် အတွက်ကြောင့် ဝတ်ပြုကိုးကွယ်ခြင်းအစီစဉ်များ၌ ပရမ်းပတာဖြစ်ခြင်းနှင့် ရှုပ်ထွေးမှုများမကြာခဏဆို သလို ဖြစ်လာခဲ့သည်။ တစ်ချို့အသင်းသားများဆုတောင်းကြမည်၊ သက်သေခံကြမည် (သို့မဟုတ်) အခြားသောဘာသာစကားများဖြင့် တခြားသူများအားတရားဟောကြမည်မှာ အထင်အရှားပင်။ ဤကြောင်းကြောင့် လူအများစုအား တခြားသောဘာသာစကားဖြင့်စကားပြောလျှင် အနက်ပြန်ပေး မည့်သူ (သို့) ဘာသာပြန်ပေးမည့်သူမရှိပါက တိတ်ဆိတ်စွာနေသင့်ကြောင်း ရှင်ပေါလုမှတ်ချက်ပြုခဲ့ သည်။ 1 ကော ၁၄း၂၈။ တစ်နည်းအားဖြင့် သင်၏ပရိတ်သတ်အားနားမလည်သော ဘာသာစကားဖြင့် ဟောပြောခြင်းသည် မယဉ်ကျေးရာရောက်သည်။ တမန်တော်မှရှင်းရှင်းလင်းလင်း ဖော်ပြသောအချက် အားနားထောင် ကြည့်ပါ။ညီအစ်ကိုတို့၊ ငါသည် သင်တို့ရှိရာသို့လာ၍ ခြားသော ဘာသာကားဖြင့် ဟောပြောသော်လည်း၊ ဗျာဒိတ်တော်ကိုပြန်ခြင်း၊ ညာတတ်ကိုသင်ခြင်း၊ ရောဖက်ပြုခြင်း၊ ဆုံးဝါပေးခြင်းတစ်ခုခုကို ပြုဘဲလျက်၊ သင်တို့အားပြောလျှင် ဘယ်ကျိုးရှိအံ့နည်း။- ထိုနည်းတူ၊ သံမြည်တတ်သော ဝိညာကစောင်း၊ ပုလွေတို့သည် သေချာသောသံနှင့် မြည်လျှင်၊ စောင်းသံ၊ ပုလွေသံတို့ကို ဘယ်သို့ သိနိုင်မည်နည်း။- တံပိုးရာသည်လည်း၊ မှန်သောသံနှင့် မြည်လျှင်၊ ဘယ်သူသည် စစ်တိုက်ခြင်းငှာ မိမိကိုယ်ကို ပြင်ဆင်မည်နည်း။- ထိုနည်းတူ၊ သင်တို့သည် နားလည်လွယ်သော ကားကို နှုတ်ဖြင့်မြွက်လျှင်၊ မြွက်သောကားကို ဘယ်သို့သိနိုင်မည်နည်း။ အာကာကောင်းကင်ကို ပြောသောသူကဲ့သို့ ဖြစ်လိမ့်မည်။” “သို့သော်လည်း၊ သင်းတော်၌ ခြားသော ဘာသာကားဖြင့် ကားတစ်သောင်းကို ပြောနိုင်သည်ထက်၊ သူတစ်ပါးတို့ကို သွန်သင်ခြင်းငှာ ကားငါးခွန်းကို ဉာဏ်နှင့်ကွ ပြောနိုင်သောခွင့်ကို သာ၍လိုရှိ၏။” “ခြားသော ဘာသာကားဖြင့် ဟောပြောသော သူရှိလျှင်၊ နှစ်ယောက်ဖြစ်စေ၊ များဆုံးဆိုသော် သုံးယောက်ဖြစ်စေ၊ တစ်ယောက်နောက် တစ်ယောက်ပြော၍ တစ်ယောက်သောသူသည် နက်ကိုဖော်ပြစေ။ ကားပြန်ရှိလျှင်၊ ဟောပြောသောသူသည် သင်းတော်၌ တိတ်ဆိတ်စွာနေ၍ မိမိအားလည်းကောင်း၊ ဘုရားခင်အားလည်းကောင်း ပြောစေ။၁ကော ၁၄း၆-၉၊ ၁၉၊ ၂၇၊ ၂၈။ တစ်ချို့သောသူများသည် ဤအချက်အားယူကာ ဝတ်ပြုကိုးကွယ် ခြင်း အချိန်တွင် စကားဗလုံးဗထွေးပြောခြင်းအား လက်ခံအသုံးပြုနေခြင်းသည် အမှန်ပင်အံ့ဩစရာပင်။ သမ္မာကျမ်းစာ၌ ရှင်ပေါလု၏သတင်းစကားအမှန်နှင့် လုံးဝဆန့်ကျင်နေသည်။ တိမောတေ ပထမစာ စောင် ၆း၂၀ ၌အထူးသူဖော်ပြထားသည်မှာ၊ရားမဲ့ဖြစ်သော ချည်းနှီး ကားပြောခြင်းကိုလည်းကောင်း၊ သိပ္ပံတတ်ဟူ၍ လွဲခေါ်ဝေါ်သော သိပ္ပံတတ် ဆီးတားနှောင့်ယှက်ခြင်းကိုလည်းကောင်း ရှောင်လော့။ထို့အတူ တိမောတေဒုတိယစာစောင် 2:16 ၌လည်းရားမဲ့ဖြစ်သော ချည်းနှီးကားကို ရှောင်လော့။ ကြောင်းမူကား၊ ထိုကားသည် ရားသော မှုတို့ကို ပွားများစေလိမ့်မည်။တစ်နည်းအားဖြင့်၊ ပြောနိုင်သောဆုကျေးဇူးသည် သင်၏ထင်မြင်ချက်အား ပြောကြားဝေမျှနိုင်ရန် အထူးရည်ရွယ်ခြင်းဖြစ်သည်။ အကယ်၍ ထိုတင်ဆက်သောအရာများအား နားလည်ရန်မဝေမျှနိုင်ပါက၊ တိတ်တဆိတ်နေရန်သာဖြစ်သည်။

 


အခန်းကြီး - ၅

အခန်း

ကောင်းကင်ဘာသာစကားဖြင့် ဆုတောင်းခြင်းလော။

ဘဝင်ခိုက်မြွတ်ဆိုသောဝါဒအားယုံကြည်သည့် ကျွန်ုပ်၏မိတ်ဆွေများသည် တမန်တော်ဝထ္ထု၌ပြောသော ဘာသာစကားမှာ လောက၌ရှိသောရိုးရိုးဘာသာစကားဖြစ်ကြောင်း လက်ခံကြသည်။ သို့သော် ကောင်းကင်ဘာသာဖြင့်ဆုတောင်းခြင်းတည်းဟူသော ဒုတိယဆုကျေးဇူး ရှိသည်၊ ဟု သူတို့ လျှင်မြန်စွာထပ်ပေါင်းထဲ့ကြသည်။ ဤဆုကျေးဇူးသည် ဝိညာဉ်တော်၏နှုတ်မြွက်နိုင်သောညည်းတွားခြင်းဟုသူတို့ပြောသည်၊ (ရောမ 8:26) ကျွန်ုပ်တို့၏ဆုတောင်းချက်များအား စာတန်မာရ်နတ် နားမလည်စေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုလည်းသူတို့ပြောသည်။ သို့သော်ကျွန်ုပ်တို့၏ ဆုတောင်းချက် များအား စာတန်မသိရန်ဖုံးကွယ်ထားရန်ဟုမည်သည့်နေရာတွင်မျှ မသင်ကြားရပါ။ စာတန်သည် ခရစ်ယာန်များဆုတောင်းသံအားကြားလျှင် တုန်လှုပ်သည်ဟုသာပင်လျှင်။

         ဆုတောင်းခြင်းဘာသာစကားသွန်သင်ချက်သည် ကောရိန်သုပထမစောင် 14:14 အပေါ် တွင်အဓိကအခြေခံထားပြီး၊ ရှင်ပေါလုပြောသည်မှာ- “ဘယ်ကြောင့်နည်းဟူမူကား၊ ခြားသော    ဘာသာကားဖြင့် ငါဆုတောင်းလျှင်၊ ငါ့စိတ်နှလုံး ဆုတောင်းသော်လည်း၊ ငါ့ဉာဏ်သည် ကျိုးကိုပေး။

         ရှင်ပေါလုသည်ဝိညာဉ်တော်နှင့်ဆုတောင်းသောအခါ၊ ကောင်းကင်ဘာစကားကိုအသုံးပြုပြီး သူကိုယ်တိုင်မည်သည့်အရာဆုတောင်းနေသည်ကိုမသိ ဟုသူတို့အနက်အဓိပ္ပါယ်ဖွင့်ကြသည်။ ဤအတွေးအခေါ်သည် အရေးကြီးသောမေးခွန်းဖြစ်သည်။ မည်သည့်အရာအားတောင်းသည်ကို မသိသောသူသည် သူ၏ဆုတောင်းချက်အားအဖြေရခဲ့သော် မည်သို့သိနိုင်မည်နည်း။

         ဤနေရာတွင် ၁ကော 14:14 တွင်ရှင်ပေါလုသည် မည်သည့်အရာအားပြောဆိုနေသနည်း။ ဤကျမ်းပိုဒ်ကို နားလည်ရန် ပြဿနာမှာ နက်နဲသောဘာသာပြန်မှုမှ ကြီးကြီးမားမား လာပါသည်။ ကျေးဇူးပြု၍ ဤကျမ်းချက်အား ခေတ်သစ်အင်္ဂလိပ်ကျမ်းအားဖြင့်ဖော်ပြခွင့်ပါ။ကျွန်ုပ်ဘေးပတ်လည်မှ သူများမသိသော ဘာသာစကားဖြင့်ကျွန်ုပ်ဆုတောင်းပါက၊ ကျွန်ုပ်သည် ဝိညာဉ်တော်နှင့် ဆုတောင်း ပေမည်၊ သို့သော် နားထောင်နေသူများအတွက် ကျွန်ုပ်၏အတွေးအမြင်များသည် အကျိုးမရှိပေ။ရှင်ပေါလုပြတ်ပြတ်သားသားပြောသည်မှာ အကယ်၍အသံကျယ်ကျယ်ဆုတောင်းလျှင်၊ ကျွန်ုပ်တို့ ဘေးနား၌ ရှိသောသူများနားလည်နိုင်ရန်ဆုတောင်းရန်(သို့) တိတ်တိတ်ဆိတ်ဆိတ်ဆုတောင်း သင့်ပါသည်။ နောက်ကျမ်းချက်အားသတိပြုပါ- “သို့ဖြစ်လျှင်၊ ဘယ်သို့ပြုမည်နည်း။ စိတ်နှလုံးနှင့်လည်းကောင်း၊ ဉာဏ်နှင့်လည်းကောင်း၊ ဆုတောင်းမည်။ စိတ်နှလုံးနှင့်လည်းကောင်း၊ ဉာဏ်နှင့်လည်းကောင်း သီချင်းဆိုမည်။- သို့ဟုတ် သင်သည် စိတ်နှလုံးနှင့် ကျေးဇူးတော်ကို ချီးမွမ်းသောခါ၊ တတ်သော လူစုဝင်ဖြစ်သောသူသည် သင်၏ကားကို နားလည်သောကြောင့်၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းသို့လိုက်၍၊ အာမင်ဟု ဘယ်သို့ ဝန်ခံနိုင်မည်နည်း။၁ကော 14:15 ၁၆။ ဤကျမ်းချက် အရ၊ မည်သူသည် နားလည်သဘောပေါက်ခြင်းနှင့် ပြဿနာရှိနေသနည်း။ ဟောပြောသောသူမဟုတ်ဘဲ နားထောင်သောသူသာဖြစ်သည်။ အကယ်၍သင်သည် သင်မသိသောဘာသာစကားဖြင့် ဆုတောင်းနေ သောသူတစ်ဦးနှင့် ဆုတောင်းဖူးပါက၊ ဆုတောင်းချက်၏အဆုံး၌အာမင်” (အဓိပ္ပါယ်မှာဖြစ်ပါစေ”) ဟုပြောရန်ခက်ခဲကြောင်း ရှင်ပေါလုဆိုလိုသောအရာအားသင်သိပါသည်။ စကားပြန်မပါဘဲ၊ သင်လက်ခံ မည့်အရာအား သင်သဘောပေါက်မည်မဟုတ်ပါ။ သင်ပြောနိုင်သမျှသည်  မာရ်နတ်အပေါ် ကောင်းချီး မင်္ဂလာ တောင်းခံခဲ့ခြင်းသာဖြစ်ပေမည်။

         ၁ကော ၁၄ ၏ဆိုလိုခြင်းအရ၊ ဘာသာစကားပြောခြင်း (သို့) နိုင်ငံရပ်ခြား ဘာသာစကား ပြောခြင်းသည် ဧဝံဂေလိသတင်းစကားဝေမျှရန်နှင့် အသင်းတော်အားတည်ဆောက်ရန်ရည်ရွယ်ကြောင်း အလွန်ထင်ရှားသည်။ အကယ်၍ကြားနာသောသူများသည် ပြောသောစကားအားနားမလည်ပါက အသင်းတော်အား မြှင့်တင်နိုင်မည်မဟုတ်ပါ။ သိုဖြစ်၍၊ စကားပြန်မရှိလျှင် ဟောပြောသူသည် လေထဲသို့ ရိုးရိုးရှင်းရှင်းပြောနေပြီး၊ ပြောနေသည့်အရာအားသိသူမှာ ဘုရားသခင်နှင့် ကိုယ်ကိုတိုင်ပင်ဖြစ်သည်။ ဤသည်မှာ မကြာခဏလွဲမှားလေ့ရှိသော အခန်းငယ် ရှင်းလင်းသော အဓိပ္ပါယ်ဖြစ်သည်။ကြောင်းမူကား၊ ခြားသောဘာသာကားအားဖြင့် ပြောသောသူသည် လူတို့အားပြော၊ ဘုရားခင်အားပြော၏။ သူ၏ကားကို ဘယ်သူမျှ နားလည်။ နက်နဲသောရာတို့ကို ဝိညာဉ်တော်အားဖြင့် ပြော၏။

ပြောသောဘာသာစကားများကို ကြားနာသူများ နားလည်ရန်လိုအပ်သည် (သို့မဟုတ်) ဧဝံဂေလိတရား၏ နက်နဲသောအရာများကို ဝေမျှလိုသူသည် သူနှင့် ဘုရားသခင်ကြား၌ ငြိမ်သက်စွာ တရားထိုင်ရန်လိုအပ်ကြောင်း ရှင်ပေါလုသည် ထပ်မံအလေးပေးဖော်ပြသည်။ထိုနည်းတူ၊ သင်တို့သည် နားလည်လွယ်သော ကားကို နှုတ်ဖြင့်မြွက်လျှင်၊ မြွက်သောကားကို ဘယ်သို့သိနိုင်မည်နည်း။ အာကာကောင်းကင်ကို ပြောသောသူကဲ့သို့ ဖြစ်လိမ့်မည်။” “ကားပြန်ရှိလျှင်၊ ဟောပြောသောသူသည် သင်းတော်၌ တိတ်ဆိတ်စွာနေ၍ မိမိအားလည်းကောင်း၊ ဘုရားခင်အားလည်းကောင်း ပြောစေ။” (အငယ် ၉၊ ၂၈) ရှင်းရှင်းလင်းလင်းပင်။ ဘာသာစကားများ၏ ရည်ရွယ်ချက်တစ်ခုလုံးသည် ဘာသာစကားအတားအဆီးများအားဖြတ်ကျော်ကာ၊ ဧဝံဂေလိသတင်းစကား ဝေမျှရန်ဖြစ်သည်။

အချို့မေးကြသည်။ပေါလုဟာ ကောင်းကင်တမန်တို့ရဲ့ဘာသာစကားနဲ့ ပြောခဲ့တယ်မဟုတ်လား။

မပြောပါ။ ပေါလုပြောသည်မှာ- “​ငါသည် လူဘာသာကားကိုလည်းကောင်း၊ ကောင်းကင်မန် ဘာသာကားကိုလည်းကောင်း ပြောနိုင်သော်လည်း….”(၁ကော 13:1) ဤအပိုဒ်ငယ်၏အားဆိုလိုရင်း အား ဖတ်ကြည့်သော်သော်လည်းဟူသောစကားလုံးအားတွေ့ရပြီး၊ ဆိုလိုသည်မှာအကယ်၍ဟူ၍ဖြစ်သည်။ ဉပမာ- အပိုဒ်ငယ်၂၌ ပေါလုပြောသည်မှာ၊ယုံကြည်ခြင်းမျိုးမျိုးနှင့် ပြည့်စုံသော်လည်းကောင်း သူ၌ယုံကြည်ခြင်းအမျိုးမျိုးမရှိပါ။ အငယ်၃၌၊ကိုယ်န္ဓာကို မီးရှို့စေခြင်းငှာ အပ်သော်လည်းကောင်း ရှင်ပေါလုသည် မီးရှို့သတ်ဖြတ်ခြင်းမခံရဘဲ၊ ခေါင်းဖြတ်သတ်ခံရခြင်းဖြစ်သည်။ ထို့ကြောင့်၊ ဤနေရာ၌အသုံးပြုသောသော်လည်းဟူသောစကားလုံးသည်အကယ်၍ဟုဆိုလိုကြောင်း ကျွန်ုပ်တို့နားလည်နိုင်သည်။




အခန်းကြီး - ၆

အခန်း

မှန်သောဉီးစားပေးမှု

ယနေ့အသင်းတော်၌ ဘာသာစကားဆုကျေးဇူအပါအဝင်၊ အမျိုးမျိုးသောဝိညာဉ်ဆုကျေးဇူးများလိုအပ်ကြောင်း ကျွန်ုပ်ယုံကြည်သည်။ သို့သော် သမ္မာကျမ်းစာမှသွန်သင်သည်မှာ အချို့ဆုကျေးဇူးများသည် အခြား ဆုကျေးဇူးများထက်သာ၍အရေးကြီးပြီး ကျွန်ုပ်တို့သည် အရေးကြီးဆုံးသောအရာတစ်ခုအပေါ်မှာ အာရုံပြုသင့်ပေသည်။သင်တို့သည် မြတ်ဆုံးသော ဆုကျေးဇူးတော်တို့ကို လွန်လိုရှိကြသည်တွင်၊ သာ၍မြတ်သော လမ်းကို ငါပြဦးမည်။၁ကော 12:31

အမှန်မှာ၊ သမ္မာကျမ်းစာမှဝိညာဉ်ဆုကျေးဇူးအားစာရင်းပြုစုသောအခါတွင် ဘာသာစကားဆုကျေးဇူးအား အောက်ဆုံးတွင်အမြဲလိုလိုတွေ့ရသည်။ဘုရားခင်သည် ရာ၌ မန်တော်တို့ကိုလည်းကောင်း၊ ဒုတိရာ၌ ရောဖက်တို့ကိုလည်းကောင်း၊ တိရာ၌ ရာတို့ကိုလည်းကောင်း၊ ထိုနောက် တန်ခိုးပြသော သူတို့ကိုလည်းကောင်း၊ ထိုနောက် နာရောဂါကို ငြိမ်းစေနိုင်သော ခွင့်ရှိသောသူတို့ကိုလည်းကောင်း၊ သင်းထောက်တို့ကိုလည်းကောင်း၊ စီရင်အုပ်စိုးသော သူတို့ကိုလည်းကောင်း၊ မျိုးမျိုးသော ဘာသာကားကိုပြောနိုင်သော သူတို့ကိုလည်းကောင်း၊ သင်းတော်၌ ခန့်ထားတော်မူ၏။၁ကော 12:28သင်တို့ရှိမျှသည် ခြားသော ဘာသာကားဖြင့် ပြောစေခြင်းငှာ ငါလိုရှိ၏။ ရောဖက်ပြုစေခြင်းငှာ သာ၍လိုရှိ၏။ ။၁ကော 14:5

သို့သော် တချို့သောဘဝင်ခိုက်မြွတ်ဆိုသောဝါဒ၏ တရားဟောဆရာများသည် စာရင်းအားပြောင်းပြန်ပြုလုပ်ကာ ဘာသာစကားဆုကျေးဇူးအား ပထမနေရာတွင်ထားကာအသားပေးဟောပြောနေကြသည်။ ဘာသသာစကား မပြောသောခရစ်ယာန်တစ်ဉီးသည် ဒုတိယတန်းစားမှာရှိသောနိုင်ငံသား အနေဖြင့်သာ ကျွန်ုပ်တို့အားမှတ်ယူထားသည်။ သို့သော် အမျိုးမျိုးသောဆုကျေးဇူးများအား အမျိုးမျိုးသောသူများထံပေးအပ် ထားကြောင်းနှင့်၊ မည်သူ့ကိုမျှ အားလုံးသောဆုကျေးဇူးအားပေးအပ်ရန် မမျှော်လင့်ကြောင်း ရှင်ပေါလုမှ ရှင်းရှင်းလင်းလင်း သိစေလိုသည်။ ၁ကော 12:29 ၃၀ တွင်ရှင်ပေါလု မေးထားသည်မှာ- “သင်းဝင်သူ ရှိမျှတို့သည် မန်တော် ဖြစ်ကြလော။ ရှိမျှတို့သည် ရောဖက်ဖြစ် ကြလော။ ရှိမျှတို့သည် ရာဖြစ်ကြလော။ ရှိမျှတို့သည် တန်ခိုးကို ပြနိုင်ကြလော။ ရှိမျှတို့သည် နာရောဂါကို ငြိမ်းစေနိုင်သော ခွင့်ရှိကြလော။ ရှိမျှတို့သည် မျိုးမျိုးသော ဘာသာကားကို ပြောနိုင်ကြလော။ ရှိမျှတို့သည် ထိုဘာသာကား၏နက်ကို ဖော်ပြနိုင်ကြလော။အဖြေမှာ လုံးဝမဟုတ်ပါ။

ကျမ်းစာမှပြောသည်မှာ- “ဝိညာဉ်ကတိ၏ကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ စ္စာစောင့်ခြင်း၊နူးညံ့သိမ်မွေ့ခြင်း၊ ကာဂုဏ်ချုပ်တည်းခြင်းပေတည်း။ဂလာတိ 5:22 ၂၃။ သို့သော်ထိုတရားဟောဆရာများကပင် ဝိညာဉ်အသီးအပွင့်သည် ဘာသာစကားပြော ခြင်းဖြစ်သည် (သို့မဟုတ်) သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်သောသူတိုင်းသည် ဘာသာစကားပြောကြမည် ဟုလည်းပြောကြသေးသည်။ သို့သော် သမ္မာကျမ်းတွင် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ကြသော ဘုရားသခင် ၏လူများအကြောင်း ဉပမာပေါင်း ၅၀ ထက်မကရှိပြီး ထိုအထဲ၌ ကြိမ်သာလျှင် ဘာသာစကားပြောသော အတွေ့အကြုံနှင့် ဆက်စပ်နေသည်။

ထို့ပြင်၊ ယေရှုရှင်သည် ကျွန်ုပ်တို့၏စံနမူနာဖြစ်သည်။ သူသည်သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်သော သူဖြစ်သော်လည်း သူသည်ဘယ်သောအခါမျှ အခြားသောဘာသာစကားမပြောခဲ့ပါ။ ဗတ္တိဇံဆရာယောဟန်သည်မိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်သောသူဖြစ်ခဲ့သည်။ လုကာ 1:15 သို့သော် သူသည်လည်း ဘာသာစကားနှင့်ပြောခဲ့သည်ဟု မှတ်တမ်းမတွေ့ရပါ။

ဓမ္မသစ်ကျမ်း ၂၇ စောင်အနက် သုံးအုပ်ကသာ ဘာသာစကားဆုကျေးဇူးအား ကိုးကားဖော်ပြထားသည်။ ကျမ်းရေးဆရာများ ၃၉ ဉီးခန့်ရှိသည်။ ၃၉ ဉီးအနက် ရှင်လုကာ၊ ရှင်ပေါလုနှင့် ရှင်မာကု သုံးဉီးကသာ ဘာသာ စကားအကြောင်း ဖော်ပြထားသည်။ တနည်းအားဖြင့်၊ ဘုရားသခင် အလေးထားအသားပေးသည့် နေရာကိုသာ ကျွန်ုပ်တို့အသားပေးအလေးထားသင့်ပေသည်။

 


အခန်းကြီး - ၇

အခန်း

ဖန်တီးထားသော အတုအယောင်

         ဧဝံဂေလိဟောကြားရန်အတွက် စစ်မှန်သောဘာသာစကားဆုကျေးဇူးသည် တန်ခိုးရှိသောတန် ဆာပါလာဖြစ်သည်။ သို့သော် ဘုရားသခင်၏သမ္မာတရားတိုင်းအတွက် စာတန်မာရ်မာန၌အတု အယောင်ရှိသည်။

         ဂရော့ဆိုလာလီရာ (တစ်ခြားသောဘာသာစကားဖြင့်ပြောခြင်း) ဟူသည် ဘဝင်ခိုက်မြွတ် ဆိုသောဝါဒအသင်းတော်အများစု တွင်တွေ့ရသော ရေပန်းစားသည့်အတွေ့အကြုံကိုဖော်ပြရာတွင် အသုံးပြုလေ့ရှိသောစကားလုံးဖြစ် သည်။ American Heritage အဘိဒါန်တွင်အဓိပ္ပါယ်ဖွင့်ဆိုထားသည်မှာ- “လုပ်ကြံပြောဆိုခြင်းနှင့် အနက်အဓိပ္ပါယ်မရှိသောစကား၊ အထူးသဖြင့် ထိုစကားမျိုးသည်ဘဝင်ခိုက်နေသည့်အခြေအနေ သို့မဟုတ် အချို့သောစိတ်ကစဉ့်ကလျား ရောဂါလက္ခဏာစုများနှင့် ဆက်စပ်နေသည်။

         ထိုအသုံးအနှုန်းအတွက် တူညီသောအဘိဒါန်၏အနက်ဖွင့်ဆိုခြင်းအားနှိုင်းယှဉ်ကြည့်ပါ။ The use by human beings of voice sounds, and often written symbols representing these sounds, in organized combinations and patterns in order to express and communicate thoughts and feelings (ကျေးဇူးပြုပြီးပြန်ပေးပါ). မည်သည့်အနက်ဖွင့်ဆိုချက်တွင်မဆို အဆက်အစပ်မရှိသော glossolalia အသံသည် ဘာသာစကားမဟုတ်ပေ။

         ဤကျင့်စဉ်အား အကြိမ်ပေါင်းများစွာကျွန်ုပ်တွေ့ဖူးသည်။ ကျွန်ုပ်တက်ခဲ့နေကျ ဝိညာဉ်တန်းခိုးဖြင့်လှုပ်ရှားသောဂိုဏ်းအသင်းတော်တစ်ခု၌၊ အသင်းအုပ်ဆရာနှင့်၎င်း၏ဇနီးသည်သာသာစကား ပြောသောအဖွဲ့ဝင်ဖြစ်သည်။ အပတ်တိုင်း  အသင်းအုပ်ဆရာ၏တရားဟောချက် အလယ်တွင် ၎င်း၏အမျိုးသမီးသည်ခုန်သည်၊ လေထဲ၌သူမလက်အားမြှောက်သည်၊ ပြီးလျှင် ဘဝင်ခိုက်စကားများရေရွတ်သည်။ သို့သော် သူမရွတ်ဆိုသောအရာသည် အမြဲတန်းတူညီ နေသည်။ဟာဒါ ခါလာ ရှမီ၊ ဟာဒါ ခါလာ ရှမီ၊ ဟာဒါ ခါလာ ရှမီ …” ထပ်ခါထပ်ခါရွတ်ဆိုသည်။ ဤအရာသည် ကျွန်ုပ်အားချက်ချင်း သံသယဖြစ်စေပုံရသည်မှာ ခရစ်တော်ဘုရားပြောထားခဲ့သောသင်တို့သည် ဆုတောင်းသောခါ သာနာလူနည်းတူ ချည်းနှီးသောကားဖြင့် ထပ်ထပ် မြွက်ကြနှင့်ဟူသောအချက်ပင်ဖြစ်သည်။

         ထိုသို့ဖြစ်ချိန်တိုင်း အမျိုးသမီး၏ခင်ပွန်းသည် ဟောပြောခြင်းကိုရပ်ပြီး သူမ၏သတင်းစကားအား အင်္ဂလိပ်ဘာသာဖြင့်ဘာသာပြန်ပေးသည်။ အမြဲလိုလိုဘုရားသခင်မိန့်တော်မူသည်ကားနှင့်အစပြုသည်။ သူမသည်အမြဲလိုလိုဟာဒါ ခါလာ ရှာမီဟုထပ်ခါထပ်ခါရွတ်ဆိုသော်လည်း သင်းအုပ်ဆရာ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည်မရေရာဘဲ အကြိမ်တိုင်းကွဲပြားနေပြီး၊ တစ်ခါတစ်ရံတွင်သုံးကြိမ်ရွတ်ဆိုသောစကားလုံးထက် ပြန်ဆိုမှုသည်ပို၍ပင်ရှည်နေသည်။ ကျွန်ုပ်မကြာခဏစဉ်းစားမိသည်မှာအကယ်၍သာဤသတင်း စကားသည်ဘုရားထံမှလာလျှင် ဘုရားသခင်သည်ကျွန်ုပ်တို့အား ပထမအကြိမ်တွင်အင်္ဂလိပ်ဘာသာဖြင့် အဘယ်ကြောင့်မပေးသနည်းဟူ၍ဖြစ်သည်။




အခန်းကြီး - ၈

အခန်း

မိစ္ဆာဒိဌိဝါဒမှ ဝင်ရောက်လာခြင်း

         ဤဝိညာဉ်တန်းခိုးဖြင့်လှုပ်ရှားသောဂိုဏ်းဖြစ်သောအခြားသောဘာသာစကားပြောသောအဖွဲ့အားအကျွန်ုပ်ဖော်ထုပ်ရာတွင် ကျွန်ုပ်ဖတ်ခဲ့ရသောသမိုင်းစာအုပ်သည် ကျွန်ုပ်အားတစ်စုံတစ်ခု သတိယစေသည်။ ဤခောတ်သစ်အခြားသောဘာသာစကားပြောသူများ၏ ဖော်ညွှန်းခြင်းများသည် သမ္မာကျမ်းစာ၌အခြေအမြစ်တည်ခြင်းမဟုတ်ဘဲ ရှေးနံဝိညာဉ်မိစ္ဆာဝါဒီထုံးတမ်းဓလေ့မှ အခြေခံလာခြင်း ဖြစ်သည်။ ဘီစီ ရာစုတွင် Oracle Delphi အား Pauassus တောင်ခြေရင်းတွင်တည်ဆောက်ထား သောဘုရားကျောင်းတစ်ခုတွင်ထဲ့ထားသည်။ ဒယ်ဖီ (Delphi)သည် စပျစ်ရည်၊ မျိုးပွားမှုနှင့် အာရုံခံစားမှုဆိုင်ရာအကနှင့်သက်ဆိုင်သောနတ်ဘုရား Kionysus နှင့် ဂီတ၏ နာယကနတ်သမီးကိုးပါး အားလည်း အထွတ်အမြတ်ထားသည်။

ရွှင်မြူးသောတေးဂီတကို တီးခတ်နေစဉ်တွင်၊ နတ်ဆရာမကြီး ပိုက်သီယာ (Pythia) သည် ယစ်မူးစေသောအငွေ့များအားရှူရှိုက်ပြီး ရူးသွပ်သောဘဝင်ထဲသို့ရောက်သွားကာ အော်ဟစ်သံများ စတင်ထွက်လာသည်။ ယဇ်ပုရောဟိတ်မသည် ထူးဆန်းသောအသံများဖြင့်ရေရွတ်ပြီး ကျမ်းပိုဒ်ဖြင့် ပြောလေ့ရှိသော ယဇ်ပုရောဟိတ်တစ်ဦးမှအဓိပ္ပာယ်ပြန်ဆိုပေသည်။ သူမ၏ပြောစကားများအား အာပိုလို (Apollo) ၏စကားများအဖြစ် မှတ်ယူနိုင်သော်လည်း၊ သတင်းစကားများသည် ရှုပ်ထွေးလွန်း သဖြင့် မဟုတ်ကြောင်းသက်သေပြရန်လည်းခဲရင်းပြန်သည်။

ကျွန်ုပ်သည် အမေရိကန်တိုင်းရင်းသားများနှင့် နယူးမက်စ်ဆီကိုတွင်နေထိုင်ခဲ့စဉ် ထိုကဲ့သို့ သောဓလေ့ထုံးဓမ်းများအား အကြိမ်များစွာတွေ့ခဲ့သည်။ Indians လူမျိုးများသည် မူးနောက်စေသော မူးယစ်ဆေးတစ်မျိုးအားစားကြပြီးနောက် စက်ဝိုင်းပုံသဏ္ဍာန်ထိုင်ကာ ဗုံများအားတီးခတ်၍နာရီ ပေါင်းများစွာ ရေရွတ်ကြသည်။ များမကြာမီမှာပင်၊ များစွာသောသူများသည် သူတို့၏နာကျင်ဖွယ်ရူပါရုံ များအား တွေ့ကြုံခံစားရင်းရှေ့တိုးနောက်ငင် ရေရွတ်နေကြတယ်။ ယနေ့ခေတ်တွင် ဝိညာဉ်တန်ခိုးဖြင့် လှုပ်ရှားသောဂိုဏ်းများသည် အမေရိကန်လူမျိုးများကြားတွင် ရေပန်းအစားဆုံးဖြစ်နေခြင်း အကြောင်းမှာ၊ ယင်းသည် ၎င်းတို့၏ရှေးဟောင်းဘာသာရေးများမှလွယ်ကူပြီး သဘာဝကျသော ကူးပြောင်းမှုဖြစ်သည်။

 အာဖရိကန်လူမျိုးဒိဠိများကြားတွင် ၎င်းတို့၏ဘုရားများထံကောင်းကြီးမင်္ဂလာအားတောင်းခံရန် အတွက် လူများသည် ကြက် သို့မဟုတ် ဆိတ်တစ်ကောင်အားယဇ်ပူဇော်ကြရကာ၊ မီးပုံဘေးတွင် နာရီပေါင်းများစွာ ဗုံတီး၊ ကခုန်ပြီးသီချင်းဆိုကြသည်။ နောက်ဆုံးတွင်မူ တစ်ချို့သောသူများသည် သူတို့၏ဘုရားများ ဝင်ပူးကာ ဝိညာဉ်လောက၏ထိတ်လန့်အံ့ဩဖွယ်ဖြစ်စေသောစကားများအား စတင်ပြောတော့သည်။ ထို့နောက် နယ်ခံမှော်ဆရာ သို့မဟုတ် ယဇ်နတ်ဆရာသည် သတင်းစကားအား အနက်ပြန်ပေးတော့သည်။ ၎င်းဓလေ့ရိုးရာအားယနေ့ထက်ထိတိုင် အနောက်အိနိ္ဒယကျွန်းစုရှိ Voodoo ကစ်သလစ်များကျင့်သုံးဆဲဖြစ်သည်။

ဤဒိဠိအယူဝါဒကျင့်စဉ်အား 1800 အစောပိုင်းတွင်မြောက်အမေရိကခရစ်ယာန်ဘုရားကျောင်း များတွင် ပထမဆုံးတွေ့ရှိရသည်။ ကျမ်းစာပင်မဖတ်တတ်သောအာဖရိကကျွန်များအား အမေရိကသို့ ခေါ်လာပြီး ခရစ်ယာန်ဘာသာအား အတင်းအဓ္ဓမလက်ခံခိုင်းသည်။ သူတို့သည်အာဖရိကရှိ မျိုးနွယ်စု အမျိုးမျိုးမှ ဆင်းသက်လာသော်လည်း တူညီသောဓလေ့တစ်ခုမှာ မျိုးနွယ်စုအများစုတွင် "ဝိညာဉ်ဝင်ပူးပြီး" "ဝိညာဉ်အကများ" ဖြင့်ရေရွတ်ပြောဆိုခြင်းများဖြစ်သည်။

ထိုကျွန်များသည် ခရစ်ယာန်ဘာသာစကားဆုကျေးဇူးများအားလွှဲမှားစွာဆက်စပ်ပြီး ၎င်းတို့၏ အစည်းအဝေးများတွင် တစ်မူထူးခြားသောပုံစံဖြင့်စတင်ထည့်သွင်းလာခဲ့သည်။  ကျယ်လောင်သော တေးဂီတများဖြင့်တွဲဖက်၍ ဤကသုတ်ကရက်ဝတ်ပြုကိုးကွယ်ခြင်းများသည် တောင်ပိုင်းတွင်ကနဉီး စတင်ပျံ့နှံ့ခဲ့ပြီး ပါဝင်သောသူများအားအသင်းတော်ဂိုဏ်းဂဏများမှသန့်ရှင်းသောတလှိမ့်တုံးများဟုကဲ့ရဲ့လှောင်ပြောင်ခဲ့ကြသည်။ တစ်ချိုသူတို့မှာ သူတို့၌ဝိညာဉ်ရှိကြောင်း သက်သေပြသည့်နည်းလမ်းအနေဖြင့် အဆိပ်ရှိသောမြွေများအား ဖမ်းရန်အမြန်ထွက်သွား ကြသည်။ (ဤအရာသည် မာကု 16:18 အားလွဲမှားစွာအသုံးပြုခြင်းဖြစ်သည်၊ ကျမ်းချက်မှာသူတို့သည်မြွေတို့ကို ဘမ်းကိုင်ကြလတံ့ ဤကျမ်းရည်ညွှန်းလိုသည်မှာ ပေါလုကဲ့သို့ သူသည်မြွေ မတော်တဆအကိုက်ခံရသည့်အချိန်တွင် အဆိပ်ကြောင့် ထိခိုက်ခြင်းမရှိပေ။) လူများသည် သန့်ရှင်းသောဝိညာဉ်တော်ရရှိကြောင်းသက်သေပြရန်အလို့ငှာ အဆိပ်ရှိသောမြွေများအားလိုက်လံ ဖမ်းဆီးကိုင်ဆောင်ခြင်းသည် အမှန်မှာ ဘုရားသခင်အားစုံးစမ်း နေခြင်းသည်ပါသကား။

Pentecostal လှုပ်ရှားမှုသတင်းစကားအားတိုးချဲ့ပြန့်ပွားရန် မြောက်အမေရိကရှိ လူများကြားတွင် 1906 ခုနှစ်၌ Azusa လမ်း၊ Apostolic Faith Gospel Mission လော့အိန်ဂျယ်လိ တွင်စတင်ခဲ့သည်။ ဉီးဆောင်သူမှာ လူမဲသန့်ရှင်းခြင်းတရားဟောဆရာဟောင်းဖြစ်ပြီး အမည်မှာ ဝီလီယံဆီမော ဖြစ်သည်။ ထိုအချိန်မှစတင်ကာခေါင်းဆောင်များသည် အယူဝါဒအားဆက်လက်ပြုပြင် ကာ အခြားပင်မခရစ်ယာန်ဘာသာဝင်များအား ပိုမိုစိတ်ဝင်စားလာရန်နှင့် လက်ခံလာစေရန်လုပ်ဆောင် တော့သည်။

ထို့ပြင် ၁၉၆၀ ခန့်တွင် မိခင်အသင်းတော်ဂိုဏ်းဂဏများထဲ၌ရှိသော ခရစ်ယာန်များသည် ဝိညာဉ်တန်ခိုးဖြင့်လှုပ်ရှားသောဂိုဏ်းလှုပ်ရှားမှုအား စတင်၍စိတ်ဝင်စားလာကြတော့သည်။ ထိုအချိန်မှစတင်ကာ ယခုထက်ထိတိုင် ကမ္ဘာတစ်ဝှမ်းရှိှိကာသိုလစ်အသင်းတော်များနှင့် ပရိုတက်စတင့် အသင်းတော်များထဲတွင် သန်းပေါင်းများစွာသောဝိညာဉ်တန်ခိုးဖြင့် လှုပ်ရှားသောဝါဒသည် အရှိန်အဟုန် ဖြင့်တိုးပွားလာခဲ့သည်။ (ကိုးကားချက် )

တစ်ခြားသောဘာသာစကားပြောခြင်းအားကျင့်သုံးသော ခရစ်ယာန်မဟုတ်သောမိစ္ဆာဝါဒ ဘာသာများအားလုံးတွင် ဂီတ၏အခန်းကဏ္ဍမှာသိသာထင်ရှားနေကြောင်း မှတ်သားထားရန်အရေး ကြီးလှပေသည်။ ဤဘာသာစကားဆုကျေးဇူးအတုအယောင်အား ပင်မအသင်းတော်များတွင် ပထမဆုံး ခြေကုပ်ယူခဲ့သည်မှာ ခရစ်ယာန်မဟုတ်သောမိစ္ဆာဝါ၏ဒဂီတနှင့် ဝတ်ပြုမှုပုံစံများဝင်ရောက်လာခြင်း အားဖြင့်ဖြစ်သည်။ ကျယ်ကျယ်လောင်လောင်၊ ထပ်တလဲလဲစည်းချက်များနှင့် ထပ်တူကျသော စည်းချက်များသည် မြင့်မားသောဆင်ခြင်နိုင်စွမ်းများအား လွတ်သွားစေကာ၊ မသိစိတ်အားညှို့ယူ နိုင်သောအခြေအနေတွင် ထားလိုက်သည်။   ဤအားနည်းသောအခြေအနေတွင်၊ ဘဝင်ခိုက်၍မွတ်ဆို ခြင်းစိတ်သဘောသည် အလွယ်တကူ ဝင်ရောက်နိုင်သည်ကိုတွေ့ရှိရသည်။

ယခုအချိန်၌စာတန်မာရ်နတ်သည် ဘာသာစကားဆုကျေးဇူးအတုအယောင်အား ထရော်ဂျင်မြင်း ကဲ့သို့၊ ကြောက်စရာကောင်းသော အောင်မြင်မှုအတိုင်းအတာဖြင့် ခရစ်ယာန်အသင်းတော်များထဲသို့ မိစ္ဆာဝါဒဝတ်ပြုခြင်းပုံစံများအား မိတ်ဆက်ပေးရန်အသုံးပြုနေသည်။ စာတန်မာရ်နတ်သည် ခရစ်ယာန်များ၏အာရုံအား ယုံကြည်ခြင်းမှခံစားချက်အဖြစ်သို့လွှဲပြောင်းလိုသည်။ တစ်ချို့သောဤ ဘဝင်ခိုက်မွတ်ဆိုသောအသင်းတော်များသည် သမ္မာကျမ်းစာအားခေတ်မမှီသောစာဖြစ်ပြီး၊ အခြားသော ဘာသာစကားအားဖြင့်လာသောသတင်းစကားမှာ ဝိညာဉ်တော်၏လတ်ဆတ်သော ဗျာဒိတ်တော်များ ဖြစ်သောကြောင့် ပို၍အားကိုးထိုက်ပေသည် ဟုပင်ပြောသည်အထိပင်ပြောဆိုလာ ကြသည်။

ထို့ကြောင့်ယခုတွင် စာတန်မာရ်နတ်၏နောက်ဆုံးစွမ်းဆောင်မှုအတွက်သတ်မှတ်ချက်ချ လိုက်သည်။

 


အခန်းကြီး - ၉

အခန်း

ဘုရားသခင်၏ဝိညာဉ်တော်သည် ကျွန်ုပ်တို့အား မည့်ကဲ့သို့အကျိုးသက်ရောက်သနည်း

ဝိညာဉ်၌ အသေသတ်ခံရ သောသူသည် မြေပေါ်သို့ လဲကျသင့်သည်ဟူသော အယူအဆနှင့်  လူးလိမ့်ကာ တတွတ်တွတ်ရေရွတ်ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်အားစော်ကားခြင်းဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အားသန့်ရှင်းသောဝိညာဉ်တော်ပေးရခြင်းအကြောင်းမှာ ကျွန်ုပ်တို့၏အထဲ၌ သူ၏ရုပ်လုံးအားပြန်ပေါ် စေရန်ဖြစ်ပြီး မိမိကိုယ်ကို ထိန်းချူပ်မှုနှင့်ဂုဏ်သိက္ခာတို့အားလုယူရန်မဟုတ်ပေ။

         ကရမေလတောင်ပေါ်တွင် မိစ္ဆာဝါဒီဗာလဘုရားပုရောဖက်များသည် ယဇ်ပလ္လင်ရှေ့တွင်ကခုန်အော်ဟစ် ပြီး ငိုကြွေးမြည်တမ်းကြသည်။ ထိုသူတို့သည်ပုရာဖက်ပြုပြီး သူတို့ကိုသူတို့ ထိရှစေကြသည်။ ဆန့်ကျင်ဘက် အားဖြင့်၊ ဧလိယမှာ ညင်သာစွာဒူးထောက်ကာ ရိုးရှင်းသောဆုတောင်းမှုဖြင့်ဆုတောင်းခဲ့သည်။ ( ရာ 18:17-46)

ဘုရားသခင်သည် ရုန်းရင်းခတ်သောအမှုကို ပြုစုတော်မမူ။၁ကော 14:33 ဘုရားသခင်သည် တာဝန်မရှိလျှင် မည်သူဖြစ်မည်နည်း။

ဝိညာဉ်တော်ရရှိသောအခါ ကျွန်ုပ်တို့ထိန်းချုပ်မှုပျောက်ဆုံးသွားသည်ဟူသောအယူအဆသည် သမ္မာကျမ်းစာနှင့် မကိုက်ညီပေ။ပရောဖက်တို့သည်လည်း၊ မိမိတို့စိတ်ဝိညာဉ်ကို ချုပ်တည်းနိုင်ကြ၏။ ၁ကော 14:32

ဤနေရာတွင်အခြားသောအထောက်အထားရှိသည်။ သခင်ခရစ်တော်သည် အိုင်တစ်ဖက်တွင် နတ်ဆိုးစွဲ၍ထိန်းမနိုင်သိမ်းမနိုင်တော့သောသူအား ကယ်မပြီးနောက်ပိုင်းတွင်၊ ပျောက်ကင်းသွားသောထိုသူအား တွေ့ရသည်မှာအဝတ်ကိုဝတ်၍ ပကတိစိတ်နှင့်ယေရှု၏ ခြေတော်ရင်း၌ ထိုင်နေသည်။လုကာ 8:35 ဘုရားသခင်၏ခေါ်ဖိတ်မှု မှာ၊ထာဝရဘုရားမိန့်တော်မူသည်ကား၊ လာကြ။ ကျိုးကြောင်းဆင်ခြင်ကြကုန်အံ့။ဟေရှာ 1:18 ဘုရားသခင်သည် ကျွန်ုပ်တို့ခေါင်းအားအသုံးပြုစေချင်သည်။

ဤလေ့လာမှုအားဖတ်နေသော တချို့သောသူများ စဉ်းစားမိလိမ့်မည်ဖြစ်ကြောင်း သံသယမရှိသည်မှာ၊ဒီအရာတွေကို မင်းဘယ်လိုပြောရဲတာလဲ။ ငါနှစ်ပေါင်းများစွာအခြားသောဘာစကားကို ပြောခဲ့ပြီးပြီ၊ အဲဒါကဘုရားဆီက ဆိုတာလည်း ကျွန်တော်သိတယ် ခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို့မည်သို့စိတ်ခံစား ရသည်ဟူသောအပေါ်၌ ကျွန်ုတို့၏ ကောက်ချက်အား ဘယ်သောအခါမျှအခြေမခံသင့်ပေ။ အမှန်မှာ၊ မာရ်နတ်သည် ကျွန်ုပ်တို့အား ကောင်းသော စိတ်ခံစားချက်အားပေးနိုင်သည်။ ထို့အစား ကျွန်ုပ်တို့သည် ဘုရားသခင်၏တိကျသောနှုတ်ကပတ်ပေါ်၌သာ ကျွန်ုပ်တို့၏ယုံကြည်ချက်အားအခြေခံရမည်ဖြစ်သည်။

ကျွန်ုပ်၏သူငယ်ချင်းတစ်ဉီးသည် တက်ကြွသောဝိညာဉ်တန်ခိုးဖြင့်လှုပ်ရှားသောဂိုဏ်းဝင်တစ်ဉီးဖြစ်ပြီး အခြားသောဘာသာစကားအားမကြာခဏပြောသောသူဖြစ်သည်။ ဤအကြောင်းအရာများအားသူလေ့လာပြီးနောက် ကျွန်ုပ်အားစတင်မေးခွန်းထုပ်သည်မှာ အကယ်၍ဤဆုကျေးဇူးသည် မှန်သောဝိညာဉ်မှလာသည် မဟုတ်သလော။ ထို့ကြောင့် သူသည်ရိုးသားစွာဆုတောင်းသည်မှာကိုယ်တော်ဘုရား၊ ဤအရာသည်ကိုယ်တော် ၏အလိုတော်မဟုတ်ပါက၊ ကျွန်ုပ်သည်စစ်မှန်သောဘာသာစကား ဆုကျေးဇူးအား တွေ့ကြုံနေခြင်းမဟုတ်ပါက ကျေးဇူးပြု၍ထိုအရာအား နှုတ်ယူတော်မူပါ  ထိုနေ့မှစ၍ အခြားသောဘာသာစကားအားပြောသော အတွေ့အကြုံသည် ပြန်မလာတော့ပါဟု သူသည်ကျွန်ုပ်အား ပြောပြခဲ့သည်။ စစ်မှန်သောခရစ်ယာန်တစ်ဦးသည် ဘုရားသခင်၏အလိုတော်ရှိ ယဇ်ပလ္လင်ပေါ်တွင် မြတ်နိုးတန်ဖိုးထားသောအမြင်နှင့် လေ့ကျင့်မှုတိုင်းကို စွန့်လွှတ်လိုပြီး အခြားခရစ်ယာန်များကြားတွင် မည်မျှကျော်ကြားသည်၊ လက်ခံသည်ဖြစ်စေ မေးခွန်းထုတ်စရာ ဖြစ်စေမည့် မည်သည့်အလေ့အကျင့်ကိုမဆို စွန့်ပယ်သင့်သည်။ လူတို့တွင် အလွန်အထင်ကြီးတန်ဖိုးထားသော အရာအချို့ရှိသော်လည်း ဘုရားသခင်၏ ရှေ့တော်၌ စက်ဆုပ်ရွံရှာဖွယ်ကောင်းသောအရာများရှိသည်။ လု 16:15




အခန်းကြီး - ၁၀

အခန်း

ဗာဗုလုန်၌ ရှုပ်ထွေးသောစကား

ယနေ့အဘယ်ကြောင့်အခြားသောဘာစကားနှင့်ပတ်သက်၍ နားလည်သဘောပေါက်ရန်လို အပ်နေသနည်း။ ကျွန်ုပ်ယုံကြည်သည်မှာ ခောတ်သစ်ဝိညာဉ်တန်ခိုးဖြင့်လှုပ်ရှားသောဂိုဏ်း၏လှုပ်ရှားမှုအား သမ္မာကျမ်းစာ အနာဂတ္တိ၌ကြိုတင်ဟောကြားထားသည်။

         ဗျာဒိတ်ကျမ်း ၁၈ ၌ပြောသည်မှာ၊သူသည်ကျယ်သောအသံနှင့် ကြွေးကြော်၍၊ ဗာဗုလုန်မြို့ကြီးပြိုလဲပြီ။ ပြိုလဲပြီ။အခြားသော ကောင်းကင်အသံကား၊ ငါ၏ လူမျိုးတို့၊ သူ၏ အပြစ်တို့ကို ဆက်ဆံခြင်းနှင့်၎င်း၊ သူ၏ ဘေးဒဏ်များကို ခံခြင်းနှင့်၎င်း၊ ကင်းလွတ်အံ့သောငှါ၊ သူ၏အထဲကထွက်ကြလော့။အငယ် ၂၊၄။

ကျွန်ုပ်တို့သတိယရမည်မှာ ဗာဘယ်ရဲတိုက်၌ ရှေးဗာဗုလုန်၏ အဓိကစရိုက်လက္ခဏာများထဲမှတစ်ခုမှာ ဘာသာစကားများရှုပ်ထွေးခြင်းဖြစ်သည်။ ကမ္ဘာ 11:7-9 ဗျာဒိတ်ကျမ်းမှပြောနေသည်မှာ နောက်ဆုံးသော အချိန်၌ ဘုရားသခင်၏လူများတို့သည် ရှုပ်ထွေးသောဘာသာရေးအတုအယောင်စနစ်နှင့် ဗာဗုလုန်မှထွက်လာရန် ဖြစ်သည်။

ထိုအခါ၊ နဂါး၏ခံတွင်းထဲက၎င်း၊ သားရဲ၏ ခံတွင်းထဲက၎င်း၊ မိစ္ဆာပရောဖက်၏ ခံတွင်းထဲက၎င်း၊ ဘားကောင်ကဲ့သို့ ညစ်ညူးသော ဝိညာဉ်သုံးပါးထွက်သည် ကို ငါမြင်၏။ဗျာ 16:13ခံတွင်းထဲကဟူသောစကားစုသည် စကားအားပုံဆောင်ထားပြီး၊ ဘားကောင်၏အဓိကလက်နက်မှာ ဘာသာစကား ဖြစ်ကြောင်း ကျေးဇူးပြု၍မမေ့ပါနှင့်။ ညစ်ညူးသောဘာသာစကားသည် မည်သည့်အရာနည်း။ ဘုရားသခင်သည် ကျွန်ုပ်တို့အား တစ်ခုခုပြောကြားရန်ကြိုးစားနေသည်။ သတိယရမည်မှာ ဗာဘယ်အရပ်၏ရှုပ်ထွေးသော ဘာသာစကားသည် ဝိညာဉ်တော်၏ကောင်းချီးမဟုတ်ဘဲ သူတို့၏ပုန်ကန်မှုကြောင့်ကျိန်ခြင်းသာဖြစ်သည်။ အမှန်မှာ ကျွန်ုပ်တို့ ပြောနေသောခောတ်သစ်ဝေါဟာရ ဖြစ်သောဗလုံးဗထွေးပြောဆိုခြင်းသည် ရှေးဗာဗုလုန်မှ လာခြင်းဖြစ်သည်။ ပင်တေကုတ်တေ၌ ဗာဗုလုန်၏ကျိန်ခြင်းနှင့်ဆန့်ကျင်ကာ ဧဝံဂေလိသတင်းစကားအား တခြားသူများ နားလည်ရန်ဖြစ်သည်။

 



အခန်းကြီး - ၁၁

အခန်း ၁၀

နာခံရန် ပေးအပ်ခြင်း

ကျွန်ုပ်တွေ့ခဲ့သောသူများသည် သူတို့မှာအခြားသောဘာသာစကားအားပြောခြင်းအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ဗတ္တိဇံအားရရှိခဲ့ကြသည်ဟု ကျွန်ုပ်အားပြောပြကြသည်။ သို့သော် လက်တစ်ဖက်တွင် စီးကရက်အားညှပ်ကာ တစ်ခြားလက်တစ်ဖက်တွင် ဘီယာဗူးကိုင်ထားသည်။ ယခုတွင် လိုရင်းပြော ကြားကြစို့။ အလွန်ပင်တန်ဖိုးရှိသောဤဝိညာဉ်ဆုကျေးဇူးအားရရှိရနိုင်ရန် အချို့သောအခြေခံလိုအပ်ချက် များရှိသည်။

သခင်ခရစ်တော်ပြောသည်မှာ၊ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့။ ငါသည် ခမည်းတော် ကိုတောင်း၍၊ ခမည်းတော်သည် သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တပါးသောဥပဇ္ဈယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အားပေးတော်မူမည်။ယော 14:15-17

ထိုအကြောင်းအရာတို့သည် အမှန်ဖြစ်ကြောင်း ကို ငါတို့သည် သက်သေခံဖြစ်ကြ၏။ ဘုရားသခင်၏ စကားတော်ကို နားထောင်သော သူတို့အား ပေးသနား တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း သက်သေခံဖြစ်တော်မူသည်ဟု ပြောဆိုကြ၏။တမန် 5:32

လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်၌ နာမည်ကြီး ရုပ်မြင်သံကြားဧဝံဂေလိဆရာ အများအပြားအား ဖန်သားပြင်ပေါ်တွင်တွေ့ခဲ့သည်။ သူတို့အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ကြပြီး၊ အခြားသောဘာသာစကားဆုကျေးဇူးအားရရှိကြသည်ဟု ကြွေးကြော်ကြသည်။ သို့သော် သူတို့သည် အကျင့်ပျက်ချစားသော အသက်တာထဲ၌ အသက်ရှင်ကြသည်။ သူတို့သည် ရုပ်မြင်သံကြား၌အခြားသောဘာသာ စကားဖြင့်ပြောခဲ့ပြီး အသံသွင်းရုံမှထွက်ခွာသွားပြီးနောက်ပိုင်း၌ ညှိညှိနှိုင်းနှိုင်းအသက်ရှင်ကြသည်။ ဤလူများသည်ကျွန်ုပ်အားအံ့အားစေသည်မှာ၊အကယ်၍သာ ဤအရာသည် စစ်မှန်သော အခြားသော ဘာသာစကားဝိညာဉ်ဆုကျေးဇူးဖြစ်လျှင်၊ အဘယ်ကြောင့် ထိုဝိညာဉ်တန်ခိုးဖြင့် လှုပ်ရှားသောဂိုဏ်းသာသနာပြု ဆရာများသည် နိုင်ငံခြားသားများအားဟောကြားသောအခါတွင် သူတို့အတွက်အနက်ပြန်ဆိုပေးသောအဖွဲ့များ လိုအပ်သနည်း။

အဘယ်ကြောင့် ဘုရားသခင်သည် ဝိညာဉ်တော်အားပေးသနည်း။ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရ်ပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြ လိမ့်မည်ဟု မိန့်တော်မူ၏။တမန် 1:8 ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်အား ရှုပ်ထွေးရန်မပေးဘဲ သက်သေခံခြင်းအတွက်တန်ခိုးတော်ကို ပေးခြင်းဖြစ်သည်။

စစ်မှန်သောသန့်ရှင်းသောဝိညာဉ်တော်၏ ဆုကျေးဇူးအားမည်ကဲ့သို့ရရှိနိုင်မည်နည်း။ ဘုရားသခင်ထံပါး လုံးလုံးလျားလျားဆက်ကပ်အပ်နှံပါ၊ အခြားသူများအားခွင့်လွှတ်ရန် ဆန္ဒရှိပါ၊ ဘုရားသခင်၏စကားတော်အား နားထောင်ပြီး တောင်းခံပါ။ လုကာ 11:13 တွင်ပြောထားသည်မှာသင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ ပေးတော်မူမည် မဟုတ်လောဟု မိန့်တော်မူ၏။

 



No comments:

Post a Comment