အဘယ်သူသည်ငါ–ညီအစ်ကိုများ_ဖစ်သနည်း
ရှင်မဿဲ
၁၂း၂၂-၅၀။ ရှင်မာကု ၃း၂၀-၃၅ တို့ကိုအခြေပြုထားပါသည်
ယောသပ်၏သားများသည်
ခရစ်တော်၏ အမှုတော်လုပ်ငန်းများကို လုပ် ဆောင်ရန် ကိုယ်တော်အား
အားပေးထောက်ခံခဲ့သူများ မဟုတ်ကြချေ။ ကိုယ်တော် ၏ အသက်တာ အကြောင်းကိုလည်းကောင်း၊
လုပ်ဆောင်မှု သတင်းများကိုလည်း ကောင်း ကြားသိရသောအခါ
၎င်းတို့အံ့ဩတုန်လှုပ်ခဲ့ကြပါသည်။ ကိုယ်တော်သည် တစ်ညလုံးဆက်ကပ်
ဆုတောင်းခဲ့သည်ကိုလည်းကောင်း၊ လူအုပ်ကြီးသည် ကိုယ် တော်အား ထမင်းစားခွင့်
မရစေသည့်တိုင်အောင် ပတ်လည်တွင် စုရုံးနေကြသည် ကိုလည်းကောင်း
သူတို့ကြားခဲ့ကြရပါသည်။ ကိုယ်တော်သည် မနားမနေလုပ်ဆောင် မှုများကြောင့်
ပင်ပန်းနွမ်းလျလျက် ရှိကြောင်းကိုလည်း ကြားသိခဲ့ကြရပါသည်။ ခရစ်တော်အနေဖြင့်
ဖါရိရှဲများအပေါ်ထားရှိသည့် သဘောထားကိုမူ သူတို့ရှင်းလင်း ချက်မပေးနိုင်ခဲ့ကြချေ။
၎င်းပြင် ကိုယ်တော်ရှင်၏ ဆင်ခြင်တုံတရားသည် မ တည်မငြိမ်ဖြစ်လာမည်ကို စိုးရိမ်သည့်
သူအချို့လည်းရှိခဲ့ကြပါသည်။
ကိုယ်တော်၏
ညီအစ်ကိုများသည် ဤသတင်းကိုလည်းကောင်း၊ ကိုယ် တော်သည် စာတန်၏ တန်ခိုးကိုအသုံးပြုကာ
နတ်ဆိုးများကို နှင်ထုတ်ခဲ့သည် ဟူ သော ဖါရိရှဲများ၏ စွပ်စွဲချက်များကိုလည်းကောင်း
ကြားသိခဲ့ကြရပါသည်။ ခရစ် တော်နှင့် ဆွေမျိုးတော်စပ်သည့် အတွက်ကြောင့် မိမိတို့အား
ပြောဆိုခဲ့ကြသော ပြစ် တင်ဝေဖန်မှုများကိုလည်း သူတို့ပြင်းပြစွာ ခံစားခဲ့ကြရပါသည်။
ကိုယ်တော်၏ နှုတ် ထွက်စကားများနှင့် လုပ်ဆောင်မှုများ သည်
မည်သည့်ရုန်းရင်းဆန်ခတ်မှုကို ဖန်တီး ခဲ့သည်ကိုလည်းကောင်း၊ ကိုယ်တော်ရှင်၏
ရဲရဲဝံ့ဝံ့ထုတ်ဖော်ချက်များကြောင့် အ လန့်တကြား ဖြစ်ခဲ့ရရုံသာမက ဖါရိရှဲများနှင့်
ကျမ်းတတ်ဆရာများအား ငြင်းပယ်ခဲ့မှု ကြောင့် လူအများက အမျက်ဒေါသထွက်ခဲ့ကြသည်
များကိုလည်းကောင်း သူတို့သိ ရှိခဲ့ကြပါသည်။ ဤလုပ်ငန်းကို ဆက်လက်မလုပ်တော့ရန်
ကိုယ်တော်အား နားဝင် အောင် ဖျောင်းဖျရမည်ကိုလည်းကောင်း၊ ဖျောင်းဖျ၍မရလျှင်
ဇွတ်အတင်းအရပ် ခိုင်းရမည်ကိုလည်းကောင်း သူတို့ဆုံးဖြတ်ခဲ့ကြပါသည်။ ကိုယ်တော်သည်
မယ်တော် အားချစ်သည်ကို ၎င်းတို့သိရှိထားသဖြင့် မယ်တော်ပါဝင်ကူညီလျှင် ယေရှုကိုဆွဲ
ဆောင်ရန် ပို၍ထိရောက်မည်ဟု စိတ်ထင်ဖြင့် မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်ရန်
မယ်တော်မာရိအား သူတို့ ဖျောင်းဖျခဲ့ကြပါသည်။
ထိုအချိန်သည် ခရစ်တော်၏
ဒုတိယနိမိတ်လက္ခဏာဖြစ်သော မျက်စိကန်း ၍ ဆွံ့အနေသောလူနာအား ကုသပေးသည့်အတွက် “နတ်ဆိုးကြီးကို
အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်” ဟု ဖါရိရှဲများကစွပ်စွဲသည့်
အချိန်မတိုင်မီကလေး တွင်ဖြစ်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို
စာတန်၏ လုပ် ဆောင်မှုဟု ယိုးစွပ်ခြင်းအားဖြင့် ထိုသူတို့သည် မိမိကိုယ်ကို
ကောင်းချီးမင်္ဂလာ စမ်းရေချောင်းမှ အဆက်ဖြတ်ကြခြင်းဖြစ်ကြောင်း ကိုယ်တော်သည်
၎င်းတို့အား ရှင်းလင်းစွာ မိန့်တော်မူခဲ့ပါသည်။ ကိုယ်တော်ရှင်၏ ဘုရားဇာတိတော်ကို
မသိနားမ လည်သည့်အတွက် ခရစ်တော်အား ကဲ့ရဲ့သောသူများသည် အပြစ်ခွင့်လွှတ်ခြင်း အ
ခွင့်ကိုရနိုင် ကောင်းရနိုင်ကြမည်ဖြစ်ပါသည်။ အကြောင်းမူကား၊ ထိုသူသည် သန့်
ရှင်းသောဝိညာဉ်တော်အားဖြင့် မိမိ၏အမှားများကို မြင်တွေ့လာနိုင်ပြီး နောင်တရ
လာပါသည်။ မည်သည့်အပြစ်ကို ကျူးလွန်ခဲ့သည်ဖြစ်စေ အပြစ်သားသည် နောင်တ ရ၍ ဘုရားသခင်အား
ယုံကြည်ခဲ့လျှင် ၎င်း၏အပြစ်များကို ခရစ်တော်၏ အသွေး တော်အားဖြင့်
ဆေးကြောသန့်စင်စေနိုင်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို
ငြင်းပယ်သောသူသည် မိမိကိုယ်ကို နောင်တတရားနှင့် ယုံကြည် ခြင်းများ
မရရှိနိုင်သည့်အခြေအနေတွင် ရှိစေခြင်းဖြစ်ပါသည်။ ဘုရားသခင်သည် စိတ်နှလုံးများကို
သန့်ရှင်းသောဝိညာဉ်အားဖြင့် ပြုပြင်တော်မူလျက်ရှိပါသည်။ လူသည် တမင်တကာ
သန့်ရှင်းသောဝိညာဉ်တော်ကို ငြင်းပယ်၍ ဝိညာဉ်တော်ကို စာတန်ထံမှ လာသည်ဟုကြေညာသောအချိန်တွင်
လူသားများထံဆက်သွယ်သော ဘုရားသခင်၏ ဆက်သွယ်ရေးတူးမြောင်းကိုဖြတ်တောက်ပစ်လိုက်ခြင်းဖြစ်
ပါသည်။ ဝိညာဉ်တော်အား အပြီးသတ်ငြင်းပယ်လိုက်သောအခါတွင် ဘုရားသခင်သည် ထိုသူ အတွက်ဘာကိုမျှ
လုပ်ဆောင်ပေးနိုင်ခြင်း မရှိ တော့ချေ။
ခရစ်တော် သတိပေးစကား
ပြောကြားနေသော ဖါရိရှဲများသည် ၎င်းတို့ အနေနှင့် ကိုယ်တော်ရှင်အား ဆန့်ကျင်၍
စွပ်စွဲနေကြသည်ဟု ကိုယ့်ကိုကိုယ် မထင် ခဲ့ကြချေ။ ၎င်းတို့အထဲမှ တစ်ယောက်ကမျှ
ကယ်တင်ရှင် ထံတော်သို့ ဆွဲယူတော် မူခြင်းကို မခံခဲ့ကြရချေ။ ကိုယ်တော်ရှင်သည်
ဣသရေလလူများတွင် ဘိသိက်ပေး ခြင်းခံရသူဖြစ်ကြောင်း ဖော်ပြပြောဆိုသော ဝိညာဉ်တော်၏ အသံတော်ကိုလည်း ကောင်း၊
ကိုယ်တော်ရှင်၏ တပည့်တော်များအဖြစ် မိမိကိုယ်တိုင်ဝန်ခံကြရန် အထပ် ထပ်
တောင်းပန်နေသော ဝိညာဉ်တော်၏ အသံများကိုလည်းကောင်း ၎င်းတို့ကိုယ်
တိုင်ကြားဖူးခဲ့ကြပါသည်။ ကိုယ်တော်ရှင်၏ ရှေ့တော်မှောက်တွင် မိမိတို့၏ မသန့်
ရှင်းမှုများကို ကွက်ကွက်ကွင်းကွင်း သိမြင်လာခဲ့ကြပြီး မိမိတို့မဖန်တီးနိုင်ခဲ့သော
ဖြောင့်မတ်ခြင်းကို သူတို့တောင့်တခဲ့ကြပါသည်။ သို့သော်သူတို့သည် ကိုယ်တော်ကို
ငြင်းပယ်ကြပြီးသောကြောင့် မေရှိယအဖြစ် ကိုယ်တော်ကို လက်ခံခြင်းသည် အလွန်
အောက်ကျသော လုပ်ဆောင်မှုဖြစ်သည်ဟု ယူဆကာမယုံကြည်ခြင်း လမ်းကိုစ
တင်လျှောက်လှမ်းခဲ့ကြပြီး မိမိတို့၏အမှားကို ဝန်မချနိုင်လောက်အောင် မာနထောင်
လွှားခဲ့ကြပါသည်။ သူတို့သည် အမှန်တရားကို အသိအမှတ်ပြုခြင်းမှ ရှောင်ရှားနိုင်
စေရန်အလိုငှါ အလွန်ဆိုးဝါးသော အကြမ်းဖက်မှုများကို အသုံးပြု၍ ကိုယ်တော်ရှင် ၏
သွန်သင်ချက်များကို အငြင်းအခုံပြုရန် ကြိုးစားခဲ့ကြပါသည်။ ကိုယ်တော်ရှင်၏
တန်ခိုးတော်နှင့် ကရုဏာတော်၏ အထောက်အထားများသည် သူတို့ပို၍ အမျက်
ဒေါသထွက်ခဲ့ပါသည်။ သူတို့သည် နိမိတ်လက္ခဏာ လုပ်ဆောင်ခြင်းများမှ ကိုယ် တော်အား
မတားဆီးနိုင်သည့်အပြင် ကိုယ်တော်၏ သွန်သင်ချက်များကို အသံတိတ် သွားအောင်
လည်းမလုပ်နိုင်ကြချေ။ သို့သော်လည်း ကိုယ်တော်ရှင်အားလည်း ကောင်း၊ ကိုယ်တော်ရှင်၏
သွန်သင်ချက်များကိုလည်းကောင်း မှားယွင်းစွာအတတ် နိုင်ဆုံး
သရုပ်ဖော်တင်ပြခဲ့ကြပါသည်။ အပြစ်ကိုထင်ရှားစွာသိမြင်စေမည့် ဘုရား သခင်၏
ဝိညာဉ်တော်သည် သူတို့နောက်မှ လျှောက်လိုက်ဆဲဖြစ်ပါသည်။ ဝိညာဉ် တော်၏
တန်ခိုးတော်ကို ဆန့်ကျင်ခုခံနိုင်ရန်အလိုငှါ များစွာသော အတားအဆီးများ ကို
သူတို့ဆောက်တည်ကြရပါမည်။ လူသားများ၏ စိတ်နှလုံးကိုပြုပြင်စေနိုင်သည့်
ခွန်အားအကြီးမားဆုံးတန်ခိုးသည် သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်လျက်ရှိခဲ့ သော်
လည်း သူတို့သည် အလျှော့မပေးခဲ့ကြချေ။
လူသားများ၏
မျက်စိကိုကန်းစေ၍ နှလုံးသားများကို မာကျောစေသောသူ သည် ဘုရားသခင်မဟုတ်ပါချေ။
ကိုယ်တော်သည် သူတို့အား မိမိတို့၏ အမှားများ ကိုပြုပြင်နိုင်ရန်နှင့် လုံခြုံသော
လမ်းသို့ပို့ဆောင်ရန် အလင်းတရားများကို ပေးတော် မူခဲ့ပြီးဖြစ်ပါသည်။ သို့သော်
ထိုအလင်းတရားကို ငြင်းပယ်ခြင်းအားဖြင့် ၎င်းတို့၏ မျက်စိများသည် ကန်း၍
နှလုံးများသည် မာကျောလာခဲ့ကြပါသည်။ ဤကဲ့သို့ဖြစ် ပျက်ခြင်းသည် ဖြည်းဖြည်းချင်း
မသိမသာဖြစ်ပျက်နေခြင်း ဖြစ်ပါသည်။ အလင်း တရားသည် လူများထံသို့ ဘုရားသခင်၏
နှုတ်ကပတ်တော် အားဖြင့်လည်းကောင်း၊ ကိုယ်တော်၏ အစေခံကျွန်များအားဖြင့်လည်းကောင်း၊
သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်ရိုက်ဆက်သွယ် ခြင်းအားဖြင့်လည်းကောင်း
ရောက်ရှိလာသော်လည်း အလင်း ၏ ရောင်ခြည်တော်တစ်ခုကို ဂရုမမူသောအချိန်တွင်
ဝိညာဉ်ရေးအသိစိတ်ဓာတ် သည် တစ်ပိုင်းတစ်စထုံထိုင်းလာပြီး အလင်းတော်ကို
ဒုတိယအကြိမ်ဖော်ပြလာ သောအခါ အမြင်ကြည်လင်မှု နည်းပါးလာပါသည်။ ထို့ကြောင့်
ထိုအသက်ဝိညာဉ် တွင် ညမှောင်ရိပ်ကျသည့် အခြေသို့တိုင် အမှောင်ထုသည်
တိုးပွားလာပါသည်။ ဤနည်းအားဖြင့် ယုဒလူအကြီး အကဲများသည် ဝိညာဉ်ရေး
မှောင်မိုက်ကျခဲ့ကြ ပါသည်။ သူတို့သည် ခရစ်တော်၌ ဘုရားတန်ခိုးတော်ပါရှိကြောင်း
သဘောပေါက် ခဲ့ကြသော်လည်း သမ္မာတရားကိုငြင်းဆန်ရန်အလိုငှါ သန့်ရှင်းသောဝိညာဉ်တော်၏
လုပ်ဆောင်မှုကို စာတန်၏ လုပ်ဆောင်မှုဖြစ်သည်ဟူ၍ ယိုးစွပ်ခဲ့ကြပါသည်။ ဤသို့
လုပ်ဆောင်ခြင်းအားဖြင့် သူတို့သည် လိမ်လည်လှည့်ဖြားမှုကို တမင်တကာရွေး
ချယ်ခဲ့ကြပါသည်။ မိမိတို့ကိုယ်ကိုလည်း စာတန်ထံတွင် ပေးအပ်ခဲ့ကြသဖြင့် ထိုအ ခါမှစ၍
သူတို့သည် စာတန်တန်ခိုး၏ ထိန်းချုပ်မှုအောက် တွင်ကျရောက်သွားခဲ့ကြ ပါသည်။
သန့်ရှင်းသောဝိညာဉ်တော်အား
ဆန့်ကျင်သော အပြစ်နှင့်စပ်လျဉ်း၍ ပေး တော်မူသော ခရစ်တော်၏ သတိပေးစကားများနှင့်
နီးစပ်စွာဆက်နွှယ်နေသော သတိပေးစကားမှာ အကျိုးမဲ့၍ မကောင်းသော သတိပေးစကားများအဖြစ်
ခံယူခဲ့ကြပါ သည်။ နှုတ်မှပြောသော စကားများသည် နှလုံးထဲ၌ ရှိနေသော သဘောထားများကို
ဖော်ညွှန်းချက်တစ်ရပ်ဖြစ်ပါသည်။ “နှလုံးအပြည့်ရှိသည့်အတိုင်း နှုတ်မြွက်တတ်၏" သို့ရာတွင်
ပြောဆိုသောစကားများသည် အကျင့်စာရိတ္တကို ဖော်ပြခြင်းထက် သာ လွန်ပါသည်။
ထိုစကားများတွင် စာရိတ္တကိုပြုပြင်ပြောင်းလဲနိုင်သောတန်ခိုးရှိပါသည်။ လူများသည်
မိမိတို့ပြောဆိုနေသော စကားများအားဖြင့် ဆွဲဆောင်ခြင်းကို ခံကြရပါ သည်။
စာတန်၏နှိုးဆွမှုကြောင့်
သူတို့သည် မကြာခဏရုတ်တရက် စိတ်ဆိုးလာ ကာ မိမိတို့၏ အမှန်တကယ် မယုံကြည်မှုများကို
ဖော်ပြလျက် ငြူစူသောစကားများ (သို့မဟုတ်) မနာလိုသော အကြံအစည်များကို
ဖွင့်ဟတတ်ကြပါသည်။ သို့သော် ဖွင့်ဟသောစကားများသည် စိတ်နှလုံး၏ အတွေးကို
တည်ဆောက်ပါသည်။ မိမိတို့၏ စကားများအားဖြင့် လှည့်ဖြားခြင်းကို ခံနေကြရပြီး
စာတန်ဆွပေးသော စကားများကို မှန်သည်ဟု ယုံကြည်လာကြပါသည်။ ထင်မြင်ချက် (သို့မဟုတ်)
ဆုံးဖြတ်ချက် တစ် ခုကို တစ်ခါထုတ်ဖော်ခဲ့ပြီးသောကြောင့် သူတို့သည်
ပြောပြီးသည့်စကားကို ပြန် လည် မရုပ်သိမ်းနိုင်လောက်အောင် မကြာခဏ အထူးမောက်မာနေကြကာ
သူတို့ လုပ်သည့် အရာသည်သာမှန်သည်ဟု ထင်လာသည့်တိုင်အောင် မိမိကိုယ်ကို
မှန်ကန်ကြောင်း သက်သေပြရန်ကြိုးစားကြပါသည်။ ဘုရားသခင်၏ အလင်းတရား အပေါ်
သံသယစကားတစ်လုံး ဖွင့်ဟခြင်းသည် အန္တရာယ်ကြီးလှပါသည်။ မရိုသေမ ကိုင်းရှိုင်းသော
စိတ်များနှင့် မယုံကြည်သော စိတ်များကို မွေးမြူခြင်းတွင် ပေါ့ပေါ့ ဆဆလုပ်တတ်သော
အလေ့အထနှင့် မလေးမစားပြစ်တင် ဝေဖန်ခြင်းများသည် အကျင့်စာရိတ္တကို တည်ဆောက်နေပါသည်။
ဤအလေ့အထကို ကျင့်သုံးသော လူများစွာတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏
လုပ်ဆောင်မှုကို ပြစ်တင်ဝေဖန် ရန်နှင့် ငြင်းပယ်ရန် အဆင်သင့်ရှိလာသည့် တိုင်အောင်
အန္တရာယ်ကို မသိဘဲလျက် ဆက်လက် လုပ်ဆောင်နေကြပါသည်။ “လူတို့သည် အကျိုးမဲ့သောစကားကို
ပြော သမျှအတွက် တရားဆုံးဖြတ်သောနေ့၌ စစ်ကြောခြင်းကို ခံရကြလတ္တံ့။ သင့်စကား
အားဖြင့် သင်သည်အပြစ် လွှတ်လိမ့်မည်။ သို့မဟုတ် သင့်စကားများအားဖြင့် အပြစ်
စီရင်ခြင်းကို ခံရလိမ့်မည်” ဟု ယေရှုမိန့်တော်မူခဲ့ပါသည်။
ထို့နောက်ကိုယ်တော်သည်
သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ရန် အတွက် မိမိကိုယ်ကို မဆက်ကပ်ရသေးသောသူများကို
မဟုတ်ဘဲ မိမိ၏ နှုတ်ကပတ်တော် ကို စွဲလမ်းသောသူများနှင့် ကိုယ်တော်ရှင်၏
တရားများကို ဝမ်းပန်းတသာနာကြား ခဲ့ကြသောသူများအား ထပ်လောင်း၍ သတိပေးစကားတစ်ခုကို
မိန့်တော်မူခဲ့ပါသည်။ ခုခံတားဆီးခြင်း ကြောင့်သာမကဘဲ လျစ်လျူရှုခြင်း ကြောင့်လည်း
ပျက်စီးခြင်းသို့ ရောက်နိုင်ပါသည်။ “ညစ်ညူးသောနတ်သည် လူထဲကထွက်လျှင် ခြောက်ကပ်
သောအရပ်တို့၌ လည်၍ ငြိမ်ဝပ်ခြင်းကိုရှာတတ်၏။ မတွေ့လျှင် ငါသည်ထွက်ခဲ့
သောနေမြဲအိမ်သို့ ပြန်ရဦးမည်ဟုဆို၍ ရောက်သောအခါ ထိုအိမ်သည်လွတ်လပ်၍ သုတ်သင်
ပြင်ဆင်လျက်ရှိသည်ကိုတွေ့သော် မိမိထက်သာ၍ညစ်ညူးသောနတ်ဆိုး
ခုနစ်ယောက်ကိုခေါ်ပြီးလျှင် ထိုလူထဲသို့ဝင်၍နေကြ၏။ ထိုလူ၏နောက်ဖြစ်ဟန် သည်
ရှေ့ဖြစ်ဟန်ထက်သာ၍ဆိုး၏” ဟု ယေရှုမိန့်တော်မူ၏။
ယခုခေတ်မှာကဲ့သို့
ခရစ်တော်၏ နေ့ရက်များတွင်လည်းများစွာ သောလူတို့ သည် စာတန်၏ အနှောင်အဖွဲ့မှ
အခိုက်အတန့်အားဖြင့် လွတ်ကင်းသယောင် ရှိ ခဲ့ကြပါသည်။ ၎င်းတို့အား
အနိုင်အထက်ပြုနေသော နတ်ဆိုးများ၏ဖိစီးမှုမှ ဘုရား သခင်၏ ကရုဏာတော်အားဖြင့်
ဖြေလွှတ်ခဲ့ပါသည်။ သူတို့သည် ဘုရားသခင်၏ မေတ္တာတော်၌ ဝမ်းမြောက်ခြင်း
ရှိခဲ့ကြသော်လည်း ပုံပမာတစ်ခုတွင် ဖော်ပြထား သည့် ကျောက်ပေါများသော မြေကဲ့သို့သော
နှလုံးသားပိုင်ရှင်များနှယ်၊ ကိုယ်တော်၏ မေတ္တာတော်၌ အသက်မရှင်ခဲ့ကြချေ။
၎င်းတို့၏ နှလုံးသားကို ခရစ်တော်စိုးစံရန် မိမိ၏ အသက်တာကို ဘုရားသခင်ထံတွင်
နေ့စဉ်မအပ်နှံခဲ့ကြချေ။ ညစ်ညူးသော နတ်ဆိုးသည် မိမိထက်သာ၍ဆိုးသော
နတ်ဆိုးခုနစ်ကောင်တို့နှင့်အတူ ပြန်လာ သောအခါ ထိုသူများတို့သည်
နတ်ဆိုး၏တန်ခိုးအားဖြင့် လုံးလုံးလျားလျားထိန်းချုပ် ခြင်းကို ခံခဲ့ကြရပါသည်။
လူသည်မိမိကိုယ်ကို
ခရစ်တော်၌အပ်နှံသော အချိန်တွင် အသစ်သော တန် ခိုးတော်တစ်ခုသည် အသစ်သောစိတ်နှလုံးကို
ပိုင်စိုးပိုင်သတော်မူပါသည်။ ထိုအချိန် တွင် မိမိကိုယ်တိုင်
မည်သည့်အခါကမျှပြီးစီးအောင် မလုပ်ဆောင်နိုင်ခဲ့သော ပြောင်း လဲမှုတစ်ခုကိုဖြစ်ပေါ်စေခဲ့ပါသည်။
ထိုပြောင်းလဲမှုသည် လူသားများ၏ သဘာ၀တွင် သာမန်ထက်သာလွန် မြင့်မြတ်သော
အင်အားစုများကို ဖြစ်ပွားစေသော ကောင်း ကင်ဘုံသားများ၏ လုပ်ဆောင်မှုတစ်ခုဖြစ်ပါသည်။
ခရစ်တော်ထံတွင် မိမိအသက် တာကို ဆက်ကပ်အပ်နှံထားသော သူသည် ပုန်ကန်ခြားနားသော
ကမ္ဘာကိုထိန်းချုပ် ထားမည့် ကိုယ်တော်တိုင်ပိုင်ဆိုင်သော ရဲတိုက်ဖြစ်လာပါသည်။
ထိုရဲတိုက်တွင် ကိုယ်တော်တိုင်၏ အာဏာတော်မှလွဲ၍ မည်သည့်အာဏာတန်ခိုးမျှ
မရှိစေရန်လည်း ကြံရွယ်တော်မူပါသည်။ ထိုသို့ကောင်းကင်တန်ခိုးတော်များ၏
ပိုင်စိုးပိုင်သမှုကို ခံယူ ရရှိသော အသက်ဝိညာဉ်တစ်ခုသည် စာတန်၏
ကျူးကျော်တိုက်ခိုက်သိမ်းပိုက်မှုမှ လုံခြုံပါသည်။ သို့သော် ကျွန်ုပ်တို့သည်
မိမိကိုယ်ကိုခရစ်တော်၏ ထိန်းချုပ်မှု အောက်တွင် မအပ်နှံပါလျှင်
ဆိုးသွမ်းသောပုဂ္ဂိုလ်၏ စေစားခြင်းကို ခံကြရပါလိမ့် မည်။ ကျွန်ုပ်တို့သည်
ကမ္ဘာ့အချုပ်အခြာအာဏာတန်ခိုးကို ရယူရန် ကြံရွယ်နေကြ သည့် ထိုမဟာတန်ခိုး တော်ကြီးနှစ်ခုမှ
တစ်ခုခု၏အုပ်ချုပ်မှုကို မလွှဲမသွေခံကြရ မည်ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေနှင့်
စာတန်၏ အုပ်ချုပ်မှုအောက်တွင် ရောက်သွား ရန်
အမှောင်ကမ္ဘာ၏ လုပ်ရပ်များကို တမင်တကာ ရွေးချယ်စရာမလိုပါချေ။ အ လင်း
ကမ္ဘာနှင့် မိမိကိုယ်ကို မဟာမိတ်ပြုရန် လျစ်လျူရှုထားရုံနှင့် အမှောင်ကမ္ဘာ၏
လက်အောက်သို့
ကျရောက်သွားနိုင်ပါသည်။ ကောင်းကင်တန်ခိုးတော်များ နှင့်ပူး ပေါင်းလုပ်ဆောင်ခြင်း
မပြုလျှင် စာတန်သည် ကျွန်ုပ်တို့၏ နှလုံးသားကို အပိုင်စီး ကာ ၎င်း၏ခိုနားရာနေရာ
ဖြစ်စေလိမ့်မည်ဖြစ်ပါသည်။ စာတန်၏ ရန်မှကာကွယ်နိုင် မည့် တစ်ခုတည်းသော
တန်ခိုးတော်မှာ ကိုယ်တော်၏ ဖြောင့်မတ်ခြင်း၌ ယုံကြည်ခြင်းအားဖြင့် ခရစ်တော်အား
နှလုံးသားတွင် စိုးစံခွင့်ပြုခြင်း ပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည်
ဘုရားသခင်နှင့်လေးနက်စွာ ဆက်သွယ်မှုမရှိလျှင် ကိုယ့်ကိုကိုယ်
ချစ်မြတ်နိုးသောစိတ်နှင့် ကိုယ့်အလိုကို လိုက်စားချင်သော စိတ်များ၏ မသန့်ရှင်း သော
ဆိုးကျိုးများကိုလည်းကောင်း၊ အပြစ်ပြုရန် သွေးဆောင်သည့် စုံစမ်းနှောင့်
ယှက်ခြင်းများကိုလည်းကောင်း မည်သည့်အခါမျှ တွန်းလှန်နိုင်ကြ လိမ့်မည်မဟုတ် ချေ။
စာတန်နှင့်ပေါင်းဖော်ခြင်းမှ ခွဲခွာလာသောအချိန်တွင် မကောင်းသော အကျင့် ဆိုးများကို
ကျွန်ုပ်တို့ စွန့်လွှတ်နိုင်ကြပါမည်။ သို့သော်လည်း အချိန်တိုင်းတွင် ကိုယ်
တော်ရှင်အား မိမိကိုယ်ကို ဆက်ကပ်အပ်နှံခြင်းအားဖြင့် ဘုရားသခင်နှင့် လေးနက်
ထိရောက်စွာ ဆက်သွယ်မှုမရှိလျှင် ကျွန်ုပ်တို့သည် ဆုံးရှုံးကြရပေလိမ့်မည်။ ခရစ်
တော် နှင့်ပုဂ္ဂလိကရင်းနှီးမှု အဆက်မပြတ် မိတ်သဟာယဖွဲ့မှုမရှိလျှင် ကျွန်ုပ်
တို့သည် စာတန်ပြုလိုသည့်အတိုင်း ပြုခြင်းကိုခံကြရမည်ဖြစ်ပြီး အဆုံးတွင် သူ၏
အမိန့်ကို နာခံလုပ်ဆောင်ကြရလိမ့်မည် ဖြစ်ပါသည်။
ထို့ကြောင့် “ထိုလူ၏နောက်ဖြစ်ဟန်သည်
ရှေ့ဖြစ်ဟန်ထက် သာ၍ ဆိုး၏။ ဆိုးညစ်သော ဤလူမျိုး၌ ထိုနည်းတူဖြစ်လတ္တံ့”ဟု
ယေရှုမိန့်တော်မူ၏။ ကရုဏာ တော်၏ ဖိတ်ခေါ်သံကို မထီလေးစားပြု၍ ဝိညာဉ်တော်ဘုရား
ကိုမထီမဲ့မြင်ပြု သောသူလောက် စိတ်နှလုံးမာကျောသော သူမရှိပါချေ။ သန့်ရှင်းသော
ဝိညာဉ် တော်ကို ဆန့်ကျင်သော သာမန်အပြစ်ကျူးလွန်မှုများသည် နောင်တရရန် ဘုရား သခင်၏
ဖိတ်ခေါ်သံကို မဆုတ်မနစ်မထီ လေးစားလုပ်နေခြင်း ဖြစ်ပါသည်။ ခရစ်တော်ကိုငြင်းပယ်သော
ခြေလှမ်းတိုင်းသည် ကယ်တင်ခြင်းကိုငြင်းပယ်ရန်နှင့် သန့်ရှင်းသောဝိညာဉ်တော်ကို
ဆန့်ကျင်၍ အပြစ်ကျူးလွန်ရန် လှမ်းနေသော ခြေ လှမ်းများဖြစ်ပါသည်။ ယုဒလူမျိုးများသည်
ခရစ်တော်ကိုငြင်းပယ်ခြင်းအားဖြင့် အ ပြစ်မှခွင့်လွှတ်ခြင်း မရထိုက်သောအပြစ်ကို
ကျူးလွန်ခဲ့ကြပါသည်။ ကရုဏာတော်၏ ဖိတ်ခေါ်သံကိုလက်ခံရန် ငြင်းဆန်ခြင်းအားဖြင့်
ကျွန်ုပ်တို့သည် ထိုအမှားမျိုးကို ကျူး လွန်သွားနိုင်ပါသည်။ ကိုယ်တော့်စေတမန်များ၏
သွန်သင်မှုများကို နားထောင်ရန် ငြင်းဆန်ကာ ခရစ်တော်မှ ကျွန်ုပ်တို့အား
ဝေးကွာစေသည့် စာတန်ကိုယ်စားလှယ် များ၏ စကားကိုနားထောင်နေသော အချိန်တွင်
ကျွန်ုပ်တို့သည် စာတန်၏ အပေါင်း အသင်းများရှေ့တွင်လည်းကောင်း၊ စကြ၀ဠာ၏
ရှေ့တွင်လည်းကောင်း ကိုယ်တော် ရှင်အားစော်ကား၍ အရှက်ရစေရန်
ကြိုးစားအားထုတ်နေကြခြင်းသာ ဖြစ်ပါသည်။ လူတစ်ယောက်သည် ဤအရာကိုပြုကျင့်နေသမျှ
ကာလပတ်လုံးသူသည် မည်သည့် မျှော်လင့်ချက် (သို့မဟုတ်) အပြစ်ခွင့်လွှတ်ခြင်းကိုမျှ
တွေ့ရှိခံယူနိုင်မည် မဟုတ်ဘဲ နောက်ဆုံးတွင် ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်လိုသော
ဆန္ဒများလည်း ပျောက် ကွယ်သွားလိမ့်မည်ဖြစ်ပါသည်။
သခင်ယေရှုသည်
ထိုသူများကိုသွန်သင်နေစဉ်တွင် ကိုယ်တော်၏ မယ် တော်နှင့်ညီတော်များသည်
အပြင်တွင်ရောက်ရှိနေကြကြောင်းနှင့် ၎င်းတို့သည် ကိုယ်တော်နှင့်
တွေ့လိုကြကြောင်းကို တမန်တော်များက သတင်းပို့ကြပါသည်။ သူ တို့၏ သဘောထားများကို
ကိုယ်တော်သိတော်မူသဖြင့် ကိုယ်တော်က ငါ့အမိ၊ ငါ့ညီ ကား အဘယ်သူနည်းဟု မေးတော်မူ၏။
လက်တော်ကိုလည်းဆန့်၍ တပည့်တော် တို့ကိုညွှန်းလျက် ဤသူတို့သည် ငါ့အမိ၊ ငါ့ညီပေတည်း။
ကောင်းကင်ဘုံ၌ ရှိတော် မူသော ငါ့အဘ၏ အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊
ငါ့အမိ ဖြစ်သ တည်းဟု မိန့်တော်မူ၏။
ယုံကြည်ခြင်းအားဖြင့်
ခရစ်တော်ကို ရရှိသောသူများသည် လူသားဆွေမျိုး တော်စပ်မှုထက်ပို၍ ရင်းနှီးသော
သံယောဇဉ်နှောင်ကြိုးအားဖြင့် ကိုယ်တော်နှင့် တစ်လုံးတစ်၀တည်း ဖြစ်လာကြပါသည်။
သားတော်သည် အဖဘုရားနှင့် တစ်လုံး တစ်၀တည်းဖြစ်သကဲ့သို့ သူတို့သည်လည်း
ကိုယ်တော်နှင့် တစ်လုံးတစ်၀တည်း ဖြစ် လာကြပါလိမ့်မည်။ ကိုယ်တော်၏ မယ်တော်သည်
ကိုယ်တော်ရှင်၏ တရားတော်ကို ယုံကြည်၍ ကျင့်ကြံသောသူတစ်ဦး ဖြစ်သောကြောင့်
သားအမိတော်စပ်မှုထက် သာ လွန်သော ရင်းနှီးမှုကို ရရှိခဲ့ပါသည်။ ကိုယ်တော်၏
ညီများသည် ကိုယ်တော်အား ပုဂ္ဂလိကကယ်တင်ရှင်အဖြစ် လက်မခံကြလျှင် ကိုယ်တော်ရှင်နှင့်
ဆွေမျိုးတော်စပ် မှုများကြောင့် မည်သည့် အကျိုးကျေးဇူးကိုမျှ
၎င်းတို့ရရှိကြလိမ့်မည်မဟုတ်ချေ။
သူတို့သည် ခရစ်တော်အား
ကောင်းကင်နိုင်ငံမှကြွလာသူတစ်ပါး အနေဖြင့် ယုံကြည်၍အမှုတော်တွင်
ကိုယ်တော်ရှင်နှင့်ပူးပေါင်းဆောင်ရွက် ခဲ့ကြမည်ဆိုလျှင် ခရစ်တော်သည်
၎င်းဆွေမျိုးများထံမှ အကူအညီအထောက် အပံ့များစွာရရှိခဲ့လိမ့် မည်ဖြစ်ပါသည်။ သူတို့၏
မယုံကြည်မှုများသည် ယေရှုရှင်၏ လောကအသက်တာ ကို မှောင်မိုက်ကျစေခဲ့ပါသည်။ ထိုအရာသည်
ကျွန်ုပ်တို့အတွက် ကိုယ်တော်ရှင် သောက်ခဲ့ရသော အမင်္ဂလာခွက်ဖလားမှ ခါးသီးမှု၏
တစ်စိတ်တစ်ဒေသဖြစ်ပါသည် ။ ဧဝံဂေလိတရားတော် နှင့်ဆန့်ကျင်၍ လူသားများ၏
စိတ်နှလုံးထဲတွင် တောက် လောင်နေသော ရန်ငြိုးဖွဲ့ခြင်းကို ဘုရားသခင်၏
သားတော့်နှလုံးသားတွင် မချိမဆန့် ခံစားခဲ့ရပါသည်။ အထူးသဖြင့် မိသားစုများကြောင့်
နာကျင်မှုကို အခံစားရဆုံးဖြစ်ခဲ့ ပါသည်။ အကြောင်းမူကား၊ ကိုယ်တော်ရှင်၏
နှလုံးသားတွင် ကြင်နာမှုနှင့် ချစ်ခင် မှုများ အပြည့်အဝရှိခဲ့ပြီး မိသားစုဆွေမျိုး
တော်စပ်မှုတွင် အလေးအမြတ်ပြုတော်မူ သောကြောင့် ဖြစ်ပါသည်။ မိမိ၏ဘုရားပေး
အမှုတော်လုပ်ငန်းနှင့် လုံး၀မဆီလျော် သော ၎င်းတို့ပေးကြသည့် အကြံဥာဏ်များကို
လိုက်လျောရန် ကိုယ်တော်၏ ညီများ က အလိုရှိခဲ့ကြပါသည်။ မိမိတို့ထံတွင်
ကိုယ်တော်အနေနှင့် အကြံဥာဏ်တောင်း ရန် လိုအပ်သည်ဟုလည်း သူတို့ရှုမြင်ခဲ့ကြပါသည်။
သူတို့သည် ကိုယ်တော်ကို လူ သားရှုထောင့်မှသာ ကြည့်ခဲ့ကြပါသည်။ ၎င်းပြင်
ကိုယ်တော်ရှင်သည် ဖာရိရှဲများ လက်ခံနိုင် သောစကားများတို့ကို
ပြောဆိုခဲ့မည်ဆိုလျှင် မလိုလားအပ်သော ပဋိပက္ခ ဖြစ်ပွားမှုကို
ရှောင်ရှားနိုင်လိမ့်မည်ဟု သူတို့ထင်ခဲ့ကြပါသည်။ ကိုယ်တော်သည် စိတ်
ကိုမထိန်းနိုင်ဘဲ မြင့်မြတ်သော တန်ခိုးအာဏာမျိုး မိမိတွင်ရှိကြောင်း ပြောဆိုနေ
သည်ဟူ၍လည်းကောင်း၊ မိမိကိုယ်ကို အပြစ်ဖော်ပြဆုံးမနေသူ အနေဖြင့် ဖါရိရှဲတို့
ရှေ့တွင် ရပ်တည်နေသည် ဟူ၍လည်းကောင်း သူတို့ထင်မြင် ယူဆခဲ့ကြပါသည်။ ဖါရိရှဲများသည်
ကိုယ်တော်ရှင်ကို ဒုက္ခပေးရန် အခွင့်ကောင်း ရှာကြံနေကြသည်ကို သူတို့သိကြသဖြင့်
ထိုကဲ့သို့ လုပ်ဆောင်နေခြင်းအားဖြင့် ကိုယ်တော်ရှင်သည် ၎င်း တို့အား အခွင့်အရေး
ပေးနေသည်ဟုလည်း သူတို့ထင်ခဲ့ကြပါသည်။
သူတို့အမြင်တိုမှုကြောင့်
ကယ်တင်ခြင်း စီမံကိန်းပြီးမြောက်အောင် လာ ရောက်လုပ်ဆောင်နေသော
ကိုယ်တော်ရှင်အမှုတော်၏ အတိမ်အနက်ကို သူတို့ မတိုင်းထွာနိုင်ခဲ့ကြချေ။ ထို့ကြောင့်
သူတို့သည် ကိုယ်တော်ရှင်ခံစား ခဲ့ရသောဒုက္ခ များအတွက် ကိုယ်တော်အား
ကြင်နာမှုမရှိနိုင် ခဲ့ကြချေ။ သူတို့၏ ကြမ်းတမ်း၍ ကျေးဇူးကန်းသော စကားများသည်
၎င်းတို့အနေဖြင့် ကိုယ်တော်ရှင်၏ စာရိတ္တ တော်ကို ကောင်းမွန်စွာ
မသိခြင်းကိုလည်းကောင်း၊ ဘုရားဇာတိသည် လူသားဇာတိ နှင့် ပေါင်းဖက်ရောယှက်မှုကို
မသိမြင်ခြင်းကိုလည်းကောင်း ဖော်ပြနေသည်။ ကိုယ် တော်သည် စိတ်နှလုံးကြေကွဲစွာ
ခံစားခဲ့ရသည်များကို သူတို့မကြာခဏ တွေ့မြင်ခဲ့ ရသော်လည်း နှစ်သိမ့်မှုပေးရမည့်အစား
သူတို့၏စိတ်ထားများနှင့် ပြောဆိုသော စကားများသည် ကိုယ်တော်၏ နှလုံးသားကို
အနာတရဖြစ်စေခဲ့ပါသည်။ ကိုယ်တော် ရှင်၏ အာရုံခံစားလွယ်လွန်းသော သဘာ၀ကို အပြင်းအထန်
ထိခိုက်နာကျင်စေပြီး ကိုယ်တော်ရှင်၏ စိတ်သဘောထားကို နားလည်မှုလွဲမှားကြကာ
ကိုယ်တော်ရှင်၏ အမှုတော်ကို မသိနားမလည်ခဲ့ကြချေ။
ကိုယ်တော်၏
ညီအစ်ကိုများသည် မကြာခဏဆိုသလို ရှေးကျ၍ ဟောင်း နွမ်းနေပြီဖြစ်သော ဖါရိရှဲများ၏
အတွေးအခေါ်များကို ကိုယ်တော်ရှင်အားပြော ပြခဲ့ ကြပြီး သမ္မာတရားအားလုံးကို
နားလည်တော်မူ၍ ခက်ခဲနက်နဲသော အရာအားလုံး ကို သိချင်တော်မူသော ကိုယ်တော်အား
သူတို့သွန်သင် နိုင်ခဲ့ကြသည်ဟု တွေးထင် မှတ်ယူခဲ့ကြပါသည်။ မိမိတို့နားမလည်
နိုင်သောအရာကို သူတို့သည် လွတ်လွတ် လပ်လပ်စီရင် နေကြပါသည်။ သူတို့၏
ပြစ်တင်ဆုံးမမှုများသည် ကိုယ်တော်ရှင်၏ စိတ်နှလုံးကို အထိခိုက်
အလှုပ်ရှားစေဆုံးသော အချက်များဖြစ်ခဲ့ပြီး ကိုယ်တော်၏ အသက်ဝိညာဉ်သည် နွမ်းလျညှိုးငယ်၍
ပရိဒေ၀ မီးတောက်လောင် ခဲ့ပါသည်။ ဘုရားသခင်သည် အသွေးအသားဖြင့်
၎င်းတို့နှင့်အတူရှိနေသော အချိန်တွင် ကိုယ်တော်က dkသူတို့မသိခဲ့ကြဘဲ
မိမိတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိကြောင်း အတိအလင်း ဖွင့်ဟဝန်ခံကာ
မိမိတို့သည် ဘုရားသခင်အား ထင်ရှား စေလျက်ရှိကြ သည်ဟု သူတို့ထင်မြင် ခဲ့ကြပါသည်။
ဤအရာများသည်
ကိုယ်တော်လျှောက်လှမ်းရမည့် လမ်းကိုဆူးခင်းသော လမ်းဖြစ်စေခဲ့ပါသည်။ မိမိ၏
မိသားစုနားလည်မှု လွဲမှားခြင်းသည် ခရစ်တော်အား အလွန်စိတ်ထိခိုက်စေပြီး
ထိုခံစားမှုကို သက်သာစေရန် မိမိအပေါ်တွင် အမြင်ကြည် သောအိမ်သို့ ခရစ်တော်
သွားရပေတော့မည်။ ကိုယ်တော်ရှင်သည် သွားရောက် လည်ပတ်လိုသော အိမ်တစ်အိမ်ရှိပါသည်။
ထိုအိမ်မှာ လာဇရု၊ မာရိနှင့် မာသတို့၏ အိမ်ပင်ဖြစ်ပါသည်။ အကြောင်းမူကား
ထိုအိမ်သူအိမ်သားများ၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာများသည် ကိုယ်တော်ရှင်၏
စိတ်တော်ကို ငြိမ်သက်သာယာမှုကို ဖြစ် စေပါသည်။ သို့စေကာမူ ကမ္ဘာပေါ်ရှိ
မည်သူတစ်ဦးတစ်ယောက်ကမျှ ကိုယ်တော် ရှင်၏ အမှုတော်ကို သိရှိနားလည်ခြင်း
မရှိခဲ့ကြချေ။ လူသားများကိုယ်စား ကိုယ်
တော်ရှင် ထမ်းပိုးရမည့် ဝန်ထုပ်ဝန်ပိုးများကို မသိရှိခဲ့ကြချေ။ တစ်ကိုယ်တည်း
နေခြင်းနှင့် ကောင်းကင်ဘုံမှ အဖဘုရားနှင့် မိတ်သဟာယ ဖွဲ့ခြင်းများအားဖြင့်သာ
သက်သာမှုကို ကိုယ်တော်တွေ့ရှိနိုင်ခဲ့ပါသည်။
ခရစ်တော်အတွက်
ဒုက္ခဝေဒနာများကို ခံစားရန် ခေါ်တော်မူခြင်း ခံရသော သူများနှင့်
မိမိတို့အိမ်သားများ၏ နားလည်မှုလွှဲခြင်း၊ ယုံကြည်မှု မရှိခြင်းများကို
ခံကြရမည့်သူများ အနေနှင့် ခရစ်တော်ကိုယ်တိုင်လည်း ထိုကဲ့သို့ ခံစားခဲ့ရကြောင်း
သဘောထားခြင်းအားဖြင့် စိတ်သက်သာမှုကို တွေ့နိုင်ကြပါသည်။ ကိုယ်တော်သည်
ထိုသူတို့အား သနားကြင်နာတော်မူသောကြောင့် မိမိထံတွင် အပေါင်းအဖော်ပြုကြ ရန်နှင့်
အဖဘုရားထံတွင် မိမိတွေ့ရှိခဲ့သော သက်သာမှုမျိုးကို ရှာဖွေကြရန် မိန့်
တော်မူခဲ့ပါသည်။
ခရစ်တော်အား မိမိ၏
ပုဂ္ဂလိကကယ်တင်ရှင်အဖြစ် လက်ခံကြသော သူများ ကို အသက်တာတွင်ကြုံတွေ့ရမည့်
စုံစမ်းခြင်းများ အလယ်၌ မိဘမဲ့ကလေးများ ကဲ့သို့ မိမိတို့ဘာသာခံကြရန်
စွန့်ပစ်တော်မမူပါ။ ကိုယ်တော်သည် ထိုသူများအား ကောင်းကင်နိုင်ငံ၏
မိသားစုအဝင်များအဖြစ် ကြိုဆိုလက်ခံတော်မူပြီး မိမိ၏ အဖဘုရားအား “အဘ” ဟုခေါ်ရ
သောအခွင့်ကို ပေးတော်မူပါသည်။ သူတို့သည် အဖဘုရားသခင်အတွက် အလွန်မွန်မြတ်သော
သူငယ်ကလေးများဖြစ်ကြပြီး နူးညံ့ သိမ်မွေ့၍ တည်မြဲသော နှောင်ကြိုးနှင့်
ချည်နှောင်ခြင်း ခံရသူများဖြစ်ကြပါသည်။ ဘုရားသခင်သည် လူသားများထက်
မြင့်မြတ်သည့်နည်းတူ ကျွန်ုပ်တို့အပေါ် ကိုယ် တော်ရှင် ထားရှိတော်မူသော
မေတ္တာတော်သည် အကူအညီမဲ့ဖြစ်နေစဉ် ကျွန်ုပ်တို့ အပေါ်ထားရှိသည့် မိခင်ဖခင်များ၏
မေတ္တာထက် များစွာသာလွန်ကြီးမားတော်မူပါ သည်။
ခရစ်တော်ဘုရားနှင့်
မိမိလူမျိုးတို့အကြား ဆက်နွှယ်ပုံကို ဣသရေလများ အား ပေးတော်မူခဲ့သော
ပညတ်တော်များတွင် ပါရှိသော အလွန်ကောင်းမွန်သည့် သာဓကတစ်ခုအားဖြင့်
သိသာထင်ရှားစေပါသည်။ ဟေဗြဲလူမျိုးများတွင် အမျိုးသား ချင်းထဲမှ တစ်ဦးသည်
ဆင်းရဲသဖြင့် မိမိပိုင်သော ဘိုးဘွားပိုင်မြေကို ရောင်းချလို လျှင် ၎င်း၏
ပေါင်းဖော်တစ်စုံတစ်ယောက်သည် ထိုမြေကို ဝယ်လိုပါက ထိုသူအား ရောင်းရမည်ဖြစ်ပါသည်။
ဝတ်ပြုရာ ၂၅း၂၅၊ ၄၇-၄၉။ ရုသ ၂း၂၀။ ထိုနည်းတူ အပြစ်တွင် နစ်မြုပ်ပျောက်ဆုံးနေသော
ကျွန်ုပ်တို့အား ကယ်တင်ခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့၏ ပေါက်ဖော်ဖြစ်သော
ကိုယ်တော်ရှင်၏ ရွေးနုတ်ရသော အခွင့်ရှိပါသည်။ ကျွန်ုပ်တို့အား
ကယ်တင်နိုင်ရန်အလိုငှါ ကိုယ်တော်သည် ကျွန်ုပ်တို့၏ ပေါက်ဖော် အဖြစ် ခံယူခဲ့ရပါသည်။
မိဘညီအစ်ကိုမောင်နှမနှင့် ချစ်သူများထက် ချစ်ခင်ရင်းနှီး သောသူသည်
ကယ်တင်ရှင်သခင်ယေရှုပင်ဖြစ်သည်။ “မစိုးရိမ်နှင့်၊ သင့်ကို ငါရွေးနုတ်ပြီ၊
ငါ့နာမဖြင့်မှည့်ပြီ၊ သင့်ကိုငါဆိုင်သည်” “သင်သည် ငါမြတ်နိုးရာဖြစ် သောကြောင့်
အသရေရှိပြီး ငါလည်းချစ်၏။ ထို့ကြောင့် သင့်အတွက်လူတို့ကို လည်းကောင်း၊
သင့်အသက်အတွက် လူမျိုးတို့ကိုလည်းကောင်း ငါပေးမည်။” ဟေရှာ ၄၃း၁၊၄။
ခရစ်တော်သည် မိမိ၏
ပလ္လင်တော်ပတ်လည်တွင် ရှိနေကြသော ကောင်း ကင်သားများကို ချစ်တော်မူပါသည်။ သို့သော်
ကျွန်ုပ်တို့အပေါ် ကိုယ်တော်ချစ်တော် မူသော မေတ္တာတော်ကို မည်သည့်အရာကမျှ
ဖော်ပြနိုင်မည် မဟုတ်ချေ။ ကျွန်ုပ် တို့သည် အရာအားလုံးကို နားမလည်နိုင်သော်လည်း
အတွေ့အကြုံများအားဖြင့် ကိုယ်တော်ရှင်၏ ထိုမေတ္တာတော်ကို သိနိုင်ကြပါသည်။ ၎င်းပြင် ကျွန်ုပ်တို့သည်
ကိုယ်တော်နှင့် ဆွေမျိုးတော်စပ်နေလျှင် ကိုယ်တော်ရှင်၏ ညီအစ်ကိုမောင်နှမများ အား
မည်သည့်နူးညွတ်သော စိတ်များဖြင့် ဂရုပြုကြမည်နည်း။ ဘုရားသခင်နှင့်
ဆွေမျိုးတော်စပ်ကြောင်း ပြောဆိုမှုကို ကျွန်ုပ်တို့အလျင်အမြန် အသိအမှတ်မပြု
သင့်ကြဘူးလား၊ ကျွန်ုပ်တို့ကို ဘုရားသခင်၏ မိသားစုအဝင်အဖြစ် မွေးစားတော်မူ
သောကြောင့် ကောင်းကင်ဗိုလ်ခြေ အရှင်အဖဘုရားသခင်နှင့် ကျွန်ုပ်တို့၏ အမျိုး
သားချင်းများအား ကျွန်ုပ်တို့ ဂုဏ်မပြုသင့်ကြပေဖူးလား။
No comments:
Post a Comment