ဇက္ခဲ
ရှင်လုကာ ၁၉း၁-၁၀ ကိုအခြေပြုထားပါသည်။
သခင်ယေရှုသည် ယေရိခေါမြို့ကိုဖြတ်၍ ယေရုရှလင်မြို့သို့ကြွတော်မူခဲ့ပါ သည်။ ယော်ဒန်မြစ်နှင့် မိုင်အနည်းငယ်သာကွာဝေးသော လွင်ပြင်တစ်ခု၏ အနောက်ဘက်စွန်းတွင် တည်ရှိသည့်အပူပိုင်းသစ်တော၏ စိမ်းလန်းစိုပြည်သော သစ် ပင်ဝါးပင်များနှင့် သာယာလှပသော ရှုခင်းများအလယ်တွင် ထိုမြို့သည်တည်ရှိနေ ပါသည်။ စီးဆင်းနေသော စမ်းချောင်းကလေးများကြောင့် စိမ်းလန်းစိုပြည်နေသည့် စွန်ပလွံပင်များ၊ ပန်းဥယျာဉ်များနှင့်ပြီးသောထိုမြို့သည် ထုံးကျောက်တောင်များနှင့် ယေရုရှလင်မြို့နှင့် ပိုင်းခြားထားသော ရေမရရှိတော့သည့် ချောင်းခြောက်များအ လယ်တွင် မြကျောက်တစ်လုံးနှယ်ဖြစ်နေပါသည်။
ပသခါပွဲတော်သို့ သွားနေကြသော ကန္တာရခရီးသည်များသည် ယေရိခေါ မြို့ကိုဖြတ်၍ သွားကြပါသည်။ ပွဲတော်အချိန်တွင် အမြဲတမ်းသူတို့ ဆိုက်ရောက်လာ ခဲ့ကြပါသည်။ သို့ရာတွင် ယခုအချိန်၌ ပို၍စိတ်ဝင်စားစရာ ကောင်းသည့် အရာတစ် ခုကြောင့် လူထုကြီးသည် စိတ်လှုပ်ရှားနေခဲ့ပါသည်။ မကြာမီအချိန်ကလေးကမှ လာဇရုအားထမြောက်စေခဲ့သော ဂါလိလဲသားယေရှုခရစ်သည် ၎င်းလူအုပ်ထဲတွင် ရှိနေခြင်းကြောင့်ဖြစ်ပါသည်။ ယဇ်ပုရောဟိတ်များ၏ မကောင်းကြံစည်မှုများကို နေ ရာအနှံ့အပြားတွင် တီးတိုးပြောဆိုနေကြသော်လည်း လူထုကြီးသည် ကိုယ်တော် အားဂါရ၀ပြုရန် စိတ်ထက်သန်နေကြပါသည်။
ယေရိခေါမြို့သည် ရှေးယခင်ကယဇ်ပုရောဟိတ်များအတွက် သီးသန့်ခွဲ ထားသည့်မြို့များတွင် တစ်မြို့အပါအဝင်ဖြစ်ပါသည်။ ယခုအချိန်အထိလည်း များစွာ သောယဇ်ပုရောဟိတ်များသည် ထိုမြို့၌နေထိုင်လျက်ရှိပါသေးသည်။ သို့ရာတွင် လူ တန်းစားမျိုးစုံတို့သည်လည်း ထိုမြို့၌နေထိုင်လျက်ရှိကြပါသည်။ ၎င်းပြင် ထိုမြို့သည် ကုန်ကူးသန်းရောင်းဝယ်ရေးအတွက် အထူးအချက်အချာကျသော နေရာတစ်ခုဖြစ် ပါသည်။ ရောမအရာရှိများ၊ ရောမစစ်သားများနှင့် အနယ်နယ်အရပ်ရပ်မှ အာဂန္တု များကိုလည်း မြို့ထဲတွင်တွေ့ရပါသည်။ များစွာသောအခွန်ခံများသည်လည်း အခွန် ကောက်ရန်ကင်းရုံများတည်ဆောက်ကာ ထိုမြို့တွင် အခြေတကျနေထိုင်ကြပါသည်။
အခွန်ခေါင်းတစ်ယောက်ဖြစ်သောဇက္ခဲသည် ယုဒအမျိုးသားတစ်ဦး ဖြစ် သော်လည်း အမျိုးသားချင်းက ၎င်းအား အလွန်ရွံရှာမုန်းတီးကြပါသည်။ သူ၏ရာထူး နှင့်စည်းစိမ်ဥစ္စာများသည် ၎င်းတို့ရွံရှာသော အလုပ်အကိုင်တစ်ခုမှရရှိသည့် အရာ များဖြစ်သဖြင့် ၎င်းအရာများကိုမတရားသဖြင့် အနိုင်အထက် လုယူထားသည့် ပစ္စည်းများဖြစ်သည်ဟူ၍ ယုဒများကမှတ်ယူခဲ့ကြပါသည်။ သို့ရာတွင် ထိုအခွန် ခေါင်းသည် စိတ်နှလုံးမာကျောသယောင် ထင်ရသော်လည်း စိတ်နူးညံ့သူတစ်ဦးဖြစ် ပါသည်။ လောကစည်းစိမ်များ၊ လောကမာန်မာနများအောက်ဝယ် ဘုရားသခင်၏ ဩဇာလွှမ်းမိုးမှုကိုလက်ခံရန် အသင့်ဖြစ်နေသော သူတစ်ယောက်ဖြစ်ပါသည်။ ဇက္ခဲ သည် သခင်ယေရှုခရစ်အကြောင်းကို ကြားဖူးပါသည်။ မတရားသင်းအဖြစ်ကြေညာ ခြင်းခံရသော လူတန်းစားများထံသို့ သနားကြင်နာမှုအပြည့်အဝဖြင့် ကိုယ်တိုင်ကြွချီ မစတော်မူခဲ့သည့် ကိုယ်တော်ရှင်၏သတင်းသည် ကျယ်ကျယ်ပြန့်ပြန့်နှံ့ပြားလျက်ရှိ ပါသည်။ ဤအခွန်ခေါင်း၏ နှလုံးသားထဲဝယ် သာ၍ကောင်းမွန်သော အသက်တာ တစ်ခုကိုပိုင်ဆိုင်ရန် တောင့်တသည့်စိတ်များ နိုးကြားနေပါသည်။ ဆရာယောဟန် သည် ယေရိခေါမြို့များနှင့် များစွာမဝေးကွာလှသည့် ယော်ဒန်မြစ်ကမ်းတစ်နေရာ တွင် တရားဟောကြားခဲ့ဖူးပြီး နောင်တရရန်ဖိတ်ခေါ်ချက်ကိုလည်း ဇက္ခဲကြားခဲ့ဖူးပါ သည်။ ]]ခွဲဝေစီမံသည်ထက်သာ၍ မခွဲမခံကြနှင့်}}ဟူသော အခွန်ခံများအတွက် ပေးသည့် ဆရာယောဟန်၏သွန်သင်ချက်ကို အပြင်ပန်းအားဖြင့် သူဂရုမစိုက်ခဲ့ သော်လည်း ၎င်း၏စိတ်တွင်စွဲမြဲနေခဲ့ပါသည်။ ယခုအချိန်တွင် သခင်ယေရှုထံမှလာ သောသတင်းစကားများကိုကြားရသောအခါ ဘုရားသခင်၏မျက်မှောက်တွင် မိမိ သည် အပြစ်သားတစ်ဦးဖြစ်ကြောင်း ခံစားလာခဲ့ရပါသည်။ သို့ရာတွင် ခရစ်တော်အ ကြောင်းနှင့်ပတ်သတ်၍ ကြားခဲ့ရသောသတင်းစကားသည် ၎င်း၏စိတ်နှလုံးတွင် မျှော်လင့်စိတ်များကို ရှင်သန်နိုးထစေခဲ့ပါသည်။ နောင်တရခြင်းနှင့် အသက်တာ ပြုပြင်ပြောင်းလဲလာခြင်းများတို့သည် သူ့အတွက်ဖြစ်နိုင်သည်ဆိုလျှင် အခွန်ခံဖြစ် သောသူသည် ခရစ်တော်၏ယုံကြည်အားကိုးရသည့် တပည့်တော်တစ်ဦး ဖြစ်မလာ နိုင်ဘူးလားဟူသော အတွေးပေါက်လာကာ မိမိသိမြင်သော အမှန်တရားကိုလိုက် လျှောက်၍ မိမိလိမ်ညာပြီးတောင်း ခံမိခဲ့သူများအား လျော်ကြေးပေးရန် ဇက္ခဲအစပျိုး လုပ်ဆောင်ခဲ့ပါသည်။
ခရစ်တော်သည် ယေရိခေါသို့ဝင်လာပြီဖြစ်ကြောင်း ကြားသိရသော အချိန် တွင် ဇက္ခဲသည် မိမိပြုလုပ်မိခဲ့သောအမှားအယွင်းများကို စတင်၍ပြန် ပြောင်းစဉ်းစား နေသည့်အချိန်ဖြစ်ပါသည်။ ထိုကြောင့် ခရစ်တော်နှင့်သွားရောက်တွေ့ဆုံရန် သူ ဆုံးဖြတ်လိုက်ပါသည်။ အပြစ်၏ဆိုးကျိုးများ၏ မကောင်းပုံများနှင့် မှားယွင်းသော လမ်းစဉ်တစ်ခုမှပြန်လာရန်မှာ မည်မျှခက်ခဲစွာကြိုးစားရကြောင်းများကို သူသိစပြု လာပါသည်။ အမှားလမ်းမှအမှန်လမ်းသို့ရောက်ဖို့ ကြိုးစားရာတွင် တစ်ပါးသူများက နားလည်မှုမှားခြင်းနှင့် မယုံသင်္ကာသည့် အကြည့်များနှင့် ကြည့်ခြင်းတို့သည်လည်း သည်းခံရန်ခက်ခဲလှပါသည်။ ထိုကြောင့် နှုတ်တော်ထွက်စကားများဖြင့် မိမိအား မျှော်လင့်ချက်ပေးနိုင်သည့် ခရစ်တော်၏မျက်နှာတော်ကို ဇက္ခဲဖူးတွေ့လိုလှပါသည်။
လမ်းများပေါ်တွင် လူထုကြီးသည်ကြိတ်ကြိတ်တိုးနေသဖြင့် အရပ်ပုသည့် ဇက္ခဲသည် ဘာကိုမျှမတွေ့ရတော့ချေ။ မည်သူမျှလည်း သူ့ကိုလမ်းဖယ်မပေးကြ ချေ။ ထိုကြောင့် သူသည်ထိုလမ်းပေါ်တွင် ကိုင်းများဖြာကျနေသည့် သဖန်းပင်ရှိရာ နေရာသို့ လူအုပ်ကြီးအရင်သွားရောက်ကာ ချဉ်းကပ်လာသော လူတန်းကြီးအား မြင် နိုင်လောက်သည့် သစ်ကိုင်းပေါ်တွင်တက်၍ နေရာယူလိုက်ပါသည်။ လူအုပ်ကြီး သည် အနီးသို့ရောက်လာသောအခါ ဇက္ခဲသည် မိမိတွေ့မြင်လိုသောသူကို ကျီးကန်း တောင်းမှောက်ရှာဖွေခဲ့ပါသည်။
ခရစ်တော်၏စိတ်နှလုံးတွင် ယဇ်ပုရောဟိတ်များ၏ အော်ဟစ်သံများနှင့် လူ ထုကြီး၏ကြိုဆိုသံများထက် ထိုအခွန်ခံ၏ မဖော်ပြနိုင်လောက်အောင် ပြင်းထန် သောဆန္ဒကိုကြားသိနေရပါသည်။ လူအုပ်ကြီးသည် သဖန်းပင်အောက် သို့ရုတ်တ ရက်ရောက်ရှိလာပြီး လူတစ်စုကရပ်တန့်လိုက်ရာ ရှေ့နောက်တွင် လိုက်ပါလာသော သူများသည်လည်း ရပ်တန့်သွားကြပါသည်။ ထိုနောက် တစ်ယောက်သောသူသည် ၎င်း၏စိတ်နှလုံးကို အကဲခတ်သည့်နှယ် အထက်သို့မော့ကြည့်လိုက်ပါသည်။ ထိုအ ချိန်တွင်ဇက္ခဲသည် ကိုယ့်နားကိုပင်ကိုယ် မယုံကြည်နိုင်လောက်အောင် “ဇက္ခဲမြန် မြန်ဆင်းလော့၊ သင်၏အိမ်၌ယနေ့ ငါတည်းနေမည်” ဟူ၍ ကိုယ်တော်မိန့်တော် မူ သည်ကို ကြားခဲ့ရပါသည်။
လူအုပ်ကြီးက ၎င်းအားလမ်းဖယ်ပေးခဲ့ကြသောကြောင့် ဇက္ခဲသည် အိပ် မက်မက်နေသကဲ့သို့ လမ်းလျှောက်လျက် ကိုယ်တော်အားမိမိအိမ်သို့ခေါ် ဆောင် သွားခဲ့ပါသည်။ ထိုအချိန်တွင်ဖာရိရှဲများသည် မျက်နှာရှစ်ခေါက်ချိုးနှင့် ဤသူသည် ဆိုးသောသူ၏အိမ်သို့ဝင်၍ လုပ်ကျွေးခြင်းကို ခံတော်မူပါသည်တကားဟု ကဲ့ရဲ့ပြစ် တင်ကြ၏။
ဇက္ခဲသည် အံအားသင့်ကာမိန်းမောတွေဝေခဲ့ပြီး မထိုက်တန်သော မိမိအား အောက်ကျို့လုပ်ဆောင်ခဲ့သည့် ခရစ်တော်၏နှိမ့်ချခြင်းနှင့် ချစ်ခြင်းမေတ္တာတွင် ငြိမ် သက်မှုကိုရခဲ့ပါသည်။ ယခုတွင်မူကား အသစ်သောဤအရှင် သခင်အပေါ်ထားရှိ သည့် မိမိ၏မေတ္တာနှင့် သစ္စာစောင့်သိမှုများကို မပြောဘဲမနေနိုင်တော့ဘဲ မိမိ၏အ ပြစ်ကိုဝန်ချခြင်းနှင့် နောင်တရခြင်းများကိုလည်း လူသိရှင်ကြားဖွင့်ဟတော့မည်ဖြစ် ပါသည်။
ထိုကြောင့်ဇက္ခဲသည် လူအများရှေ့တွင်ရပ်လျက် “သခင်၊ အကျွန်ုပ်၏ ဥစ္စာ တစ်ဝက်ကို ဆင်းရဲသားများအားပေးပါ၏၊ တစ်စုံတစ်ယောက်သောသူ၏ ဥစ္စာအ နည်းငယ်ကို အကျွန်ုပ်ယူမိလျှင် လေးဆပြန်၍ပေးပါ၏” ဟုလျှောက် ထားလေ၏။
“ယေရှုကလည်း ဤသူသည်အာဗြဟံ၏ သားဖြစ်သည်နှင့်အလျောက်၊ ယ နေ့ပင် ကယ်တင်တော်မူခြင်းကျေးဇူးသည် ဤအိမ်အပေါ်မှာ သက်ရောက်လေ၏” ဟုမိန့်တော်မူ၏။
သူဌေးကလေးသည် ခရစ်တော်အားကျောခိုင်းသွားစဉ်က တမန်တော်များ သည် “မိမိဥစ္စာကိုမှီခိုသောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏ “ ဟူသော ဘုရားသခင်၏ မိန့်ဆိုချက်အတွက် အံ့အားသင့်ခဲ့ကြပါသည်။ “သို့ဖြစ် လျှင်၊ အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်နိုင်မည်နည်း” ဟုအချင်း ချင်းပြောဆိုခဲ့ကြပါသည်။ ယခုတွင်မူ “ဤအမှုကို လူမတတ်နိုင်သော်လည်း၊ ဘုရား သခင်မတတ်နိုင်သည်မဟုတ်၊ ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင် တော်မူသည်” ဟူသောကိုယ်တော်ရှင်၏ မိန့်မြွက်စကားသည်မှန်ကန်ကြောင်း၊ သ ရုပ်ဖော်ချက်ကိုသူတို့တွေ့ကြရပေပြီ။ မာကု ၁ဝး၂၄၊၂၆။ လုကာ ၁၈း၂၇။ သူဌေး တစ်ယောက်သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်စားနိုင်ပုံကို သူတို့မြင်တွေ့ ခဲ့ကြပါသည်။
ဇက္ခဲသည် ခရစ်တော်၏ မျက်နှာတော်ကိုမဖူးတွေ့ရမီ စစ်မှန်သော နောင်တ ရသူတစ်ဦးအဖြစ် ထင်ရှားစေသည့်အကျင့်ကို လုပ်စရှိခဲ့ပေပြီ။ သူသည် သူတစ်ပါး ကမစွပ်စွဲမီမှာပင် မိမိ၏အပြစ်များကို ဝန်ချတောင်းပန်ခဲ့ပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏လမ်းပြမှုကို လိုက်နာခဲ့ပြီး ရှေးဣသရေလများ အတွက်သာမက ကျွန်ုပ်တို့အတွက်ပါရေးသားထားသည့် နှုတ်ကပတ်တော်၏ သွန်သင်ချက်များကို စ တင်၍ လိုက်နာဆောင်ရွက်ခဲ့ပါသည်။ ဘုရားသခင်သည် ရှေးယခင်မှစ၍ မိန့်တော် မူခဲ့သည်ကား “သင်၏အမျိုးသားချင်းသည် ဆင်းရဲ၍ လက်အားလျော့သဖြင့် တစ် ပါးအမျိုးသား ဧည့်သည်အာဂန္တုကဲ့သို့ဖြစ်လျှင် သင့်ထံမှာနေစေခြင်းငှာ သူ့ကိုမစရ မည်။ သူ၌အတိုးအပွားကိုမယူရ။ သင်၏အမျိုးသားချင်းသည် သင့်ထံမှာနေစေခြင်း ငှာ သင်၏ဘုရားသခင်ကို ကြောက်ရွံ့လော့။ အတိုးအပွားကိုမျှော်လင့်၍ ငွေကို လည်းကောင်း၊ စားစရာကိုလည်းကောင်း သူ၌မချေးမငှားရ။” “သင်တို့သည် တစ်ယောက်ကိုတစ်ယောက်မညှဉ်းဆဲရ၊ သင်တို့၏ဘုရားသခင်ကို ကြောက်ရွံ့ရ မည်။” ဝတ် ၂၅း၃၅-၃၇၊၁၇။ ဤစကားများကို ခရစ်တော်ကိုယ်တော်တိုင် မိုး တိမ်တိုင်များထဲမှ ပြောခဲ့သောစကားများဖြစ်ပြီး ဆင်းရဲသားများနှင့် ဒုက္ခဝေဒနာ ခံ စားနေရသူများအပေါ် သနားကြင်နာခြင်းရှိကြောင်း ထင်ရှားစေခြင်းအားဖြင့် ခရစ် တော်၏ မေတ္တာတော်ကို ရှေးဦးပထမဇက္ခဲတုံ့ပြန်ခဲ့ပါသည်။ လိမ်လည်လှည့်စားသော လုပ်ရပ်များတွင် တစ်ဦးကိုတစ်ဦးထောက်မရန်နှင့် လူထုအားနှိပ်စက်ကလူပြုရန် အခွန်ခံများအကြားတွင် မဟာမိတ်ပြုလုပ်ထားကြပါသည်။ သူတို့သည် အခွန်အကောက်များကို မတန်တဆ အတင်းအဓမ္မတောင်းခံခြင်းအားဖြင့် တစ်ကမ္ဘာလုံးနီးပါး အသုံးပြုနေသော ဓလေ့တစ်ခုကို ကျင့်ဆောင်နေခြင်းသာ ဖြစ်ပါသည်။ ၎င်းတို့အား ရွံရှာသော ယဇ်ပုရောဟိတ်များနှင့် ဖာရိရှဲများသည်ပင်လျှင် သူတော်ကောင်း ယောင်ဆောင်၍ မရိုးသားသောလုပ်ရပ်များကို လုပ်ဆောင်ကာ ကုံလုံကြွယ်၀အောင်ကြိုး စားခြင်းအပြစ်များကို ကျူးလွန်နေကြပါသည်။ ဇက္ခဲသည် သန့်ရှင်းသောဝိညာဉ် တော်၏တန်ခိုးတော်၌ မိမိကိုယ်ကို အပ်နှံလိုက်သည်နှင့်တစ်ပြိုင်နက် သန့်ရှင်းမှုမရှိ သောလုပ်ရပ်တိုင်းကို သူဖယ် ရှားခဲ့ပါသည်။
အသက်တာပြောင်းလဲမှုမရှိသော နောင်တရခြင်းသည် စစ်မှန်သောနောင် တရခြင်းမဟုတ်ချေ။ ခရစ်တော်၏ဖြောင့်မတ်ခြင်းသည် ဝန်ချတောင်းပန်ခြင်းမရှိ သော၊ စွန့်ပစ်လိုက်ခြင်းမရှိသော အပြစ်များကိုဖုံးအုပ်ရန် ဝတ်ရုံတစ်ခုမဟုတ်ပါချေ။ ထိုဖြောင့်မတ်ခြင်းတရားသည် စာရိတ္တကိုပြုပြင်ပြောင်းလဲပေးပြီး အကျင့်စရိုက်များ ကို ထိန်းချုပ်ပေးသည့်အသက်တာ၏ နိယာမတစ်ခုဖြစ်ပါသည်။ သန့်ရှင်းခြင်းသည် ဘုရားသခင်အတွက် ပြည့်စုံခြင်းဖြစ်ပါသည်။ ထိုအရာသည် ကောင်းကင်နိုင်ငံတော် ဆိုင်ရာ စည်းမျဉ်းနိယာမများအား အသက်တာတွင် ထင်ရှားလာစေရန်အတွက် စိတ် နှလုံးအကြွင်းမဲ့ ဆက်ကပ်အပ်နှံခြင်း ပင်ဖြစ်ပါသည်။
ခရစ်ယာန်စီးပွားရေး လုပ်ငန်းရှင်တစ်ဦးသည် စီးပွားရေးလုပ်ငန်းများတွင် ခရစ်တော်လုပ်ဆောင်မည့်နည်းဟန်များကို လောကီသားများအားရုပ်လုံး ဖော်ပြနေ ခြင်းဖြစ်ပါသည်။ သူသည်ဆောင်ရွက်သမျှကိစ္စတိုင်းတွင် ဘုရားသခင်သည် မိမိ၏ ဆရာဖြစ်ကြောင်း ထင်ရှားစေရန်ဖြစ်ပါသည်။ “ထာ၀ရဘုရားအဖို့သန့်ရှင်း၏” ဆို သောစာကြောင်းကလေးကို စာရင်းစာအုပ်များပေါ်တွင်လည်းကောင်း၊ ပြေစာဖြတ် ပိုင်းစာအုပ်များပေါ်တွင်လည်းကောင်း၊ ငွေလွှဲလက်မှတ်များ ပေါ်တွင်သော်လည်း ကောင်း ရေးထားရန်လိုပါသည်။ မိမိကိုယ်ကို ခရစ်ယာန်ဟုအခေါ်ခံပြီး မဖြောင့်မတ် သောလုပ်နည်းလုပ်ဟန်များကို ကျင့်သုံးနေသောသူများသည် သန့်ရှင်းဖြောင့် မတ်၍ သနားကြင်နာမှုနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏ စာရိတ္တတော်ကိုဆန့်ကျင်၍ မှားယွင်းသောသက်သေကို ခံနေကြခြင်းဖြစ်ပါသည်။ စိတ်နှလုံးပြောင်းလဲပြီးသော အသက် ဝိညာဉ်တိုင်းသည် ဇက္ခဲကဲ့သို့မိမိ၏အသက်တာတွင် စွန်းထင်းခဲ့သောအမှား လုပ်ရပ်များကို စွန့်ပစ်ခြင်းအားဖြင့် ခရစ်တော်သည် မိမိ၏နှလုံးသားထဲသို့ ဝင် ရောက်ကိန်းအောင် နေပြီဖြစ်ကြောင်းကို အထိမ်းအမှတ်ပြု ထင်ရှားစေကြပါလိမ့် မည်။ သူသည် ထိုအခွန်ခေါင်းကဲ့သို့ လျော်ကြေးများပြန်ပေးဆပ်ခြင်းဖြင့် မိမိ၏ ရိုးသားမှုကို သက်သေပြပါလိမ့်မည်။ ထာ၀ရဘုရားမိန့်တော်မူသည်ကား “ထိုသူ သည် --- ပေါင်ထားသောဥစ္စာကိုမသိုထား၊ လုယူသောဥစ္စာကိုပြန်ပေးလျက် အဓမ္မအမှုကိုမပြုဘဲ အသက်ရှင်ရာ ပညတ်တရားလမ်းသို့လိုက်လျှင် --- ပြုမိ သော ဒုစရိုက်အပြစ်တစ်စုံတစ်ခုကိုမျှ သူ၌မတင် --- စင်စစ်အသက်ရှင်ရလိမ့် မည်။” ယေဇကျေ ၃၃း၁၅-၁၆။
ကျွန်ုပ်တို့သည် အခြားသူများအား မတရားသောစီးပွားအားဖြင့် ထိခိုက်နစ် နာစေခဲ့သည်ဆိုလျှင် ကျွန်ုပ်တို့သည် သူတစ်ဦးတစ်ယောက်အား အရောင်းအဝယ် လုပ်ငန်းတစ်ခုတွင် မလိမ့်တပတ်လုပ်မိခဲ့သည်ဆိုလျှင် ဥပဒေဘောင် အတွင်းမှ လုပ်ဆောင်ခြင်း ဖြစ်စေဦးတော့ ပြုလုပ်မိခဲ့သောအမှားများကို ကျွန်ုပ်တို့ဝန်ချ တောင်းပန်၍ တတ်နိုင်သလောက် အလျော်ပေးကြရပါမည်။ အလျော်ပေးရာတွင် မိမိတို့ယူထားသလောက်သာ ပြန်ပေးရန်မဟုတ်ဘဲ ယူထားသည့် အချိန်ပိုင်းအတွင်း မှန်ကန်သော သတိပညာကိုအသုံးပြု၍ လုပ်ဆောင်ခဲ့မည်ဆိုလျှင် တိုးပွားလာမည့် အတိုးအပွားများကိုပါ ထည့်သွင်းပေးဆပ်ရန်ဖြစ်ပါသည်။
“ယနေ့ပင်ကယ်တင်တော်မူခြင်းကျေးဇူးသည် ဤအိမ်အပေါ်မှာသက် ရောက်လေ၏” ဟု ဇက္ခဲအားခရစ်တော်မိန့်တော်မူခဲ့ပါသည်။ ဤတွင်ဇက္ခဲတစ်ဦး တည်းသာကောင်းချီးခံစားရသည်မဟုတ်ဘဲ သူနှင့်အတူတစ်အိမ်သားလုံးကောင်း ချီးခံစားခဲ့ရပါသည်။ ခရစ်တော်သည် သမ္မာတရားနှင့်ပတ်သက်သော သင်ခန်းစာ များကိုသွန်သင်၍ အိမ်သူအိမ်သားများအား ကောင်းကင်နိုင်ငံတော်နှင့် ပတ်သက် သောအရာများအကြောင်းကို ဆုံးမဩဝါဒပေးရန် ၎င်းတို့၏အိမ်သို့ သွားရောက် လည်ပတ်တော်မူခဲ့ပါသည်။ ဤမိသားစုသည် ဖာရိရှဲများနှင့်အသင်း သားများ၏ ရွံရှာ မုန်းတီးမှုများကြောင့် တရားဇရပ်ထဲသို့ ဝင်ခွင့်မရကြသောသူ များဖြစ်ကြပါသည်။ သို့ ရာတွင် ယခုမူကား ယေရိခေါတွင်အခွင့်အရေးပေးခြင်း အခံရဆုံးမိသားစုအသွင်ဖြင့် မိမိတို့၏အိမ်ထဲမှာ ကိုယ်တော်ရှင်ကိုဝန်းရံလျက် အသက်နှင့်ဆိုင်သော တရားစ ကားများကို ကိုယ်တိုင်ကြားနာခွင့်ရရှိခဲ့ကြပါ သည်။
ခရစ်တော်ကိုမိမိ၏ ပုဂ္ဂလိကကယ်တင်ရှင်အဖြစ် လက်ခံသောအချိန်တွင် ထိုအသက်ဝိညာဉ်ထံကယ်တင်ခြင်း ဆုကျေးဇူးရောက်ရှိလာပါသည်။ ဇက္ခဲသည် ခရစ်တော်အား မိမိအိမ်သို့ခရီးတစ်ထောက်နားနေသော ဧည့်သည်တစ်ဦးအနေ နှင့်သာမကဘဲ မိမိ၏အသက်ဝိညာဉ်ဗိမာန်တော်တွင် စိုးစံမည့်ပုဂ္ဂိုလ်တစ်ဦးအနေ ဖြင့်လည်း လက်ခံကြိုဆိုခဲ့ပါသည်။ ဖာရိရှဲနှင့်ကျမ်းတတ်ဆရာများသည် ၎င်းအား အပြစ်သားတစ်ဦးဖြစ်ခဲ့ခြင်းအတွက် ခရစ်တော်အားပြစ် တင်ကဲ့ရဲ့ခဲ့သော်လည်း သခင်ဘုရားကမူ ၎င်းအားအာဗြဟံ၏ သားအဖြစ်အသိအမှတ်ပြုခဲ့ပါသည်။ အ ကြောင်းမူကား “ယုံကြည်ခြင်းရှိသောသူသည် အာဗြဟံ၏သားဖြစ်သည်” ဂလာတိ ၃း၇။
No comments:
Post a Comment