Tuesday, April 21, 2026

အခန်းကြီး - ၃၇။ ပထမဦးဆုံးသောတရားဟောဆရာ

 

ပထမဦးဆုံးသောတရားဟောဆရာ

 

ရှင်မဿဲ ၁၀။ ရှင်မာကု ၆း၇-၁၁။ ရှင်လုကာ ၉း၁-၆ တို့ကိုအခြေပြုထားပါသည်

 

         တမန်တော်များသည် သခင်ယေရှု၏ မိသားစုအဝင်များဖြစ်ကြပြီး ဂါလိလဲ ပြည်အနှံ့ ခြေလျင်ခရီးနှင်ခဲ့ကြစဉ်တွင် ကိုယ်တော်နှင့်အတူ လိုက်ပါသွားခဲ့ကြပါ သည်။ မိမိတို့အား မျက်ကလဲဆန်ပျာဖြစ်စေသည့် ဒုက္ခများနှင့် အခက်အခဲများကို ကိုယ်တော်ရှင်နှင့်အတူ မျှဝေခံစားခဲ့ကြပါသည်။ သူတို့သည် ကိုယ်တော်၏ သွန်သင် ချက်များကို ကြားနာဖူးကြပြီး သားတော်ဘုရားနှင့် အတူလျှောက်လှမ်းကာ စကား လက်ဆုံ ကျခဲ့ဖူးကြပါသည်။ ၎င်းပြင် လူသားများ၏ အခြေအနေ မြင့်မားကောင်းမွန် လာစေရန်အတွက် လုပ်ဆောင်ရန် နည်းလမ်းများကိုလည်း ကိုယ်တော်၏ နေ့စဉ် သွန်သင်ချက်များမှ သူတို့နာယူခဲ့ကြပါသည်။ သခင်ယေရှုသည် မိမိပတ်လည်တွင်ရှိ နေသော လူအုပ်ကြီးအား အလုပ်အကျွေးပြုနေစဉ်တွင် တမန်တော်များသည် ကိုယ်တော်၏ အမိန့်တော်ကိုနားထောင်ရန်နှင့် ကိုယ်တော်ထမ်းဆောင်နေသော လုပ်ငန်းတာဝန်ကို ပေါ့ပါးသွားရန် စိတ်အားထက်သန်စွာဖြင့် ဂရုတစိုက် ကူညီခဲ့ကြ ပါသည်။ လူများအတွက် အစီအစဉ်များပြုလုပ် ပေးရာတွင်လည်းကောင်း၊ လူနာများ အား ကိုယ်တော့်ထံသို့ ခေါ်ဆောင်ရာတွင်လည်းကောင်း၊ လူခပ်သိမ်းတို့အတွက် သက်သာခြင်းကို တိုးပွားစေရာတွင်လည်းကောင်း သူတို့သည် ကိုယ်တော်အား မစ ခဲ့ကြပါသည်။ စိတ်ဝင်စားကြသော တရားနာပရိသတ်များကို ရှာဖွေ၍ ကျမ်းစာသင် ပေးကြကာ ထိုသူများ၏ဝိညာဉ်ရေး အကျိုးအလို့ငှါ နည်းမျိုးစုံဖြင့်မစကူညီခဲ့ပါသည်။ ခရစ်တော်ထံမှ မိမိတို့ သင်ယူခဲ့ဖူးသော အရာများကို ပြန်လည်သင်ကြားပေး ကြခြင်းအားဖြင့် များစွာသောအတွေ့အကြုံများကို နေ့စဉ်နှင့်အမျှ ရရှိခဲ့ကြပါသည်။ သို့သော် သူတို့သည် မိမိတို့ဘာသာ လုပ်ဆောင်နိုင်ရန် အတွေ့အကြုံလိုအပ်နေ သေးပြီး များပြားစွာသော သွန်သင်ချက်များ၊ သည်းခံခြင်းများ၊ စိတ်နူးညံ့သိမ်မွေ့ ခြင်းများကိုလည်း လိုအပ်ဆဲဖြစ်ကြပါသည်။ ယခုတွင် ခရစ်တော်သည် ၎င်းတို့နှင့် အတူ ရှိနေတော်မူခဲ့ပြီး ၎င်းတို့၏ အမှားများကိုထောက်ပြကာ အကြံပေးအမှား ပြုပြင်ခြင်းများ ပြုလုပ်ပြီးနောက် မိမိ၏ကိုယ်စားလှယ်များအဖြစ် စေလွှတ်တော်မူခဲ့ ပါသည်။

         သူတို့သည် ကိုယ်တော်ရှင်နှင့်အတူရှိစဉ် မကြာခဏစိတ်ရှုပ်ထွေး စေခဲ့ သောဖါရိရှဲများနှင့် ယဇ်ပုရောဟိတ်များ၏ သွန်သင်ချက်များကို ခရစ်တော်ထံသို့ တင်ပြခဲ့ကြပါသည်။ ထိုအခါတွင် ကိုယ်တော်သည် မိရိုးဖလာ သွန်သင်ချက်များနှင့် ကွဲပြားခြားနားသည့် ကျမ်းစာတော်မြတ်မှ သမ္မာတရားများကို ၎င်းတို့အား သွန်သင် တော်မူခဲ့ပါသည်။ ထိုနည်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်၌ စိတ်ချယုံ ကြည်မှုကို တိုးပွားစေခဲ့ပြီး မိရိုးဖလာသွန်သင်ချက်များတို့၏ အနှောင်အဖွဲ့နှင့် ကျမ်း တတ်ဆရာများကို ကြောက်ရွံ့ခြင်းဘေးရန်မှ လွတ်မြောက်စေခဲ့ပါသည်။ တပည့် တော်များကို သင်တန်းပေးရာတွင် ခရစ်တော်၏ အသက်တာနမူနာသည် အခြား သော ယုံကြည်မှုဆိုင်ရာ သွန်သင်ချက်များထက် များစွာထိရောက်မှု ရှိလှပါသည်။ ကိုယ်တော်ရှင်ထံမှ သူတို့ခွဲခွာခဲ့ကြသောအချိန်တွင် ကိုယ်တော်၏အကြည့်၊ ကိုယ် တော်၏အသံနှင့် ကိုယ်တော်ပြောခဲ့သော စကားများကို သူတို့ပြန်လည်  သတိရခဲ့ ကြပါသည်။ ဧဝံဂေလိတရားတော်ကို ရန်ဖက်ပြုသူများနှင့် မကြာခဏရင်ဆိုင်ရ သောအချိန်များတွင် ကိုယ်တော်၏ နှုတ်တော်ထွက် စကားများ၏ အကျိုးသက် ရောက်မှုများကို တွေ့မြင်ကြရသောအခါ သူတို့အကြီးအကျယ် ဝမ်းမြောက်ခဲ့ကြပါ သည်။

         သခင်ယေရှုသည် တစ်ကျိပ်နှစ်ပါးသော တမန်တော်များကို ခေါ်တော်မူပြီး နှစ်ယောက်တစ်တွဲတွဲဖက်၍ မြို့ရွာအသီးသီးသို့သွားရောက် အမှုတော်ဆောင်ကြရန် မိန့်တော်မူခဲ့ပါသည်။ မည်သူ့ကိုမျှ တစ်ဦးတစ်ယောက်တည်း သွားရောက် ဟော ကြားရန် စေလွှတ်တော်မမူခဲ့ဘဲ ညီအစ်ကို တစ်ယောက်နှင့်တစ်ယောက်၊ မိတ်ဆွေ တစ်ဦးနှင့်တစ်ဦးပူးပေါင်း လုပ်ဆောင်ကြရန် မိန့်တော်မူခဲ့ပါသည်။ သို့မှသာ ၎င်း တို့သည် တစ်ဦးနှင့်တစ်ဦး ကူညီအားပေး နိုင်ကြမည်ဖြစ်ပြီး အတူတကွ တိုင်ပင် ဆွေးနွေးခြင်း၊ ဆုတောင်းခြင်းများကို ပြုလုပ်နိုင်ကာ တစ်ဦး၏ အားနည်းချက်ကို တစ်ယောက်က ဖြည့်စွမ်းနိုင်ကြမည်ဖြစ်ပါသည်။ ထိုနည်းနှင်နှင်ပင် နောက်ပိုင်းတွင် လူခုနစ်ဆယ်ကို ကိုယ်တော်စေလွှတ်တော်မူခဲ့ပါသည်။ ဤနည်းအတိုင်း ဧဝံဂေလိ ဓမ္မအမှုတော်ဆောင်များသည် တစ်ဦးနှင့်တစ်ဦး အပေါင်းအဖော်ပြုကြရန် ယေရှုရှင် ကြံရွယ်တော်မူခဲ့ပါသည်။ ဤနမူနာကို အနီးစပ်ဆုံး လိုက်လျှောက်ကြမည် ဆိုလျှင် ကျွန်ုပ်တို့ခေတ်တွင်လည်း ဧဝံဂေလိအမှုတော် လုပ်ငန်းသည် ဆတက်ထမ်းပိုး အောင်မြင်လိမ့်မည်ဖြစ်ပါ သည်။

         ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီဟူသော တမန်တော်များဟစ် ကြွေးသော သတင်းစကားသည် ဗတ္တိဇံဆရာယောဟန်နှင့် ခရစ်တော် ကိုယ်တော် တိုင်တို့၏ သတင်းစကားနှင့် ထပ်တူထပ်မျှဖြစ်ပါသည်။ ၎င်းတို့ လုပ်ဆောင်ရမည့် အမှုတော်မှာ နာဇရက်မြို့သားယေရှုသည် ခရစ်တော်ဟုတ်သည်၊ မဟုတ်သည်ကို ယုဒလူများနှင့်အငြင်းပွားရန် မဟုတ်ဘဲ ကိုယ်တော်ပြုတော်မူခဲ့သကဲ့သို့ ကိုယ်တော် ၏ နာမတော်၌ ကရုဏာလုပ်ငန်းများကို လုပ်ကိုင်ကြရန်ဖြစ်ပါသည်။ နာသော သူတို့အား ချမ်းသာပေးကြလော့၊ သေသောသူတို့ကို ထမြောက်စေကြလော့။ နူသော သူတို့ကို သန့်ရှင်းစေကြလော့၊ နတ်ဆိုးတို့ကိုလည်း နှင်ထုတ်ကြလော့၊ သင်တို့သည် အဖိုးမပေးဘဲ ကျေးဇူးတော်ကိုခံရပြီဖြစ်၍ အဖိုးမယူဘဲ ပေးကမ်းကြလော့ဟု ၎င်းတို့ အား ကိုယ်တော်မိန့်တော်မူခဲ့ပါသည်။

         အမှုတော်ဆောင်ရွက်စဉ်ကာလ၌ ခရစ်တော်သည် တရားဟောခြင်းထက် လူနာများကို ကုသခြင်းအတွက် ပို၍အချိန် ပေးဆက်ကပ်ခဲ့ပါသည်။ မိမိသည် လူ သားများကို ဖျက်ဆီးရန်အတွက် ကြွလာခြင်းမဟုတ်၊ ကယ်တင်ခြင်းငှါ ကြွလာသည် ဟူသော မိမိနှုတ်တော်ထွက်စကား၏ အမှန်တရားကို မိမိ၏အံ့ဩဖွယ် နိမိတ်လက္ခ ဏာများအားဖြင့် သက်သေပြုခဲ့ပါသည်။ ကိုယ်တော်ရှင်၏ ရှေ့တွင်မိမိ၏ ဖြောင့်မတ် ခြင်းသည်လည်းကောင်း၊ နောက်တော်တွင် ထာ၀ရဘုရား၏ ဘုန်းတော်သည် လည်း ကောင်း ထင်ရှားလျက်ရှိပါသည်။ ကိုယ်တော်ရှင် ကြွတော်မူသည့် နေရာတိုင်းတွင် ကရုဏာတော်၏ သတင်းသည် ပျံ့နှံ့လျက်ရှိပါသည်။ ကိုယ်တော်ရှင်ဖြတ်သွား တော် မူသောနေရာတွင် သနားခြင်းကရုဏာကို ခံစားကြရသည့် သားသမီးများသည် ကျန်း မာပျော်ရွှင်လျက်ရှိကြပြီး အသစ်တွေ့ရှိသည့် တန်ခိုးတော်ကို မြည်းစမ်းကြည့်လျက် ရှိကြ၏။ လူအစုအဝေးများသည် တမန်တော်များ၏ နှုတ်ခမ်းမှ ဖွင့်ဟပြောဆိုကြမည့် ဘုရားသခင်ပြုတော်မူသော အံ့ဩဖွယ်ရာများကို ကြားနာရန် ၎င်းတို့ပတ်လည်တွင် ဝိုင်းအုံနေကြပါသည်။ ကိုယ်တော်ရှင်၏ အသံတော်သည် သူတို့ကြားဖူးခဲ့ကြသည့် ပထမဦးဆုံးသော အသံဖြစ်ပြီး ပြောဆိုခဲ့ဖူးသော စကားများတွင် နာမတော်သည် အ လျင်ဆုံးဖြစ်ကာ ဖူးမြော်ခဲ့ဖူးသော အရာများတွင် ကိုယ်တော်၏ မျက်နှာတော်သည် ဗွေဆော်ဦးဖြစ်ပါသည်။ မည်သည့်အတွက်ကြောင့် ယေရှုကို သူတို့မချစ်ခင်သင့်ပါ သနည်း။ နာမတော်ကို အဘယ်ကြောင့်မချီးမွမ်းသင့်ပါသနည်း။ နာမတော်ကို အဘယ်ကြောင့် မချီးမွမ်းသင့်ပါသနည်း။ မြို့ရွာများကို ဖြတ်သန်းသွားလာစဉ် ကိုယ် တော်သည် မိမိသွားလာသည့် နေရာတိုင်းတွင် အသက်ရှင်ခြင်းနှင့် ဝမ်းမြောက်ခြင်း ကိုရောနှောပျံ့နှံ့စေသော အသက်နှင့်ဆိုင်သော ရေစီးကြောင်းတစ်ခုကဲ့ သို့ဖြစ်တော် မူခဲ့ပါသည်။

         ခရစ်တော်၏ နောက်လိုက်များသည် ကိုယ်တော်ပြုတော်မူခဲ့သကဲ့သို့  လုပ် ကိုင်ဆောင်ရွက်ကြရန် ဖြစ်ပါသည်။ ဆာငတ်ခင်မွတ်နေသူများကို ကျွေးမွေးရန် အဝတ်အချည်းစည်း ရှိသူများအား အဝတ်ပေးရန်နှင့် ကိုယ်ဒုက္ခစိတ်ဒုက္ခ ရောက်နေ သူများအား နှစ်သိမ့်မှုပေးရန် ဖြစ်ကြပါသည်။ ကျွန်ုပ်တို့သည် စိတ်ပျက်အားလျော့ နေသူများအား အလုပ်အကျွေးပြု၍ မျှော်လင့်ချက်မဲ့နေသူများကို မျှော်လင့်ချက် များရှိလာရန် ပြန်လည်အားပေး ကြရန်ဖြစ်ပါသည်။ သင်၏ ဖြောင့်မတ်ခြင်းပါရမီ သည် သင့်ရှေ့၌သွား၍ ထာ၀ရဘုရား၏ ဘုန်းတော်သည် နောက်၌လုံခြုံစေလိမ့်မည် (ဟေရှာ ၅၈း၈) ဟူသောကတိတော်သည် ကျွန်ုပ်တို့၌လည်း ပြည့်စုံစေရန်ဖြစ်ပါ သည်။ တစ်ကိုယ်ကောင်းမဆန်သော လုပ်ဆောင်မှုတွင် ထင်ရှားစေခဲ့သော ခရစ် တော်၏ ချစ်ခြင်းမေတ္တာတော်သည် ဒုစရိုက်သားကောင်များကို ပြုပြင်ရေးလုပ်ငန်း တွင် လက်နက်ကိုင်၍ အုပ်ချုပ်ခြင်း (သို့မဟုတ်) တရားဥပဒေများနှင့် အုပ်ချုပ် ခြင်းများထက်များစွာပို၍ ထိရောက်ပါလိမ့်မည်။ ပညတ်တော် ကျူးလွန်သူများအား ကြောက်ရွံ့တုန်လှုပ်အောင် မဖြစ်မနေလုပ်ဆောင် ကြရမည်ဖြစ်သော်လည်း ချစ် တတ်သော သာသနာပြုသည် ထိုထက်ပို၍ လုပ်နိုင်ပါသည်။ ပြစ်တင်ဆုံးမမှုများတို့ ကြောင့် စိတ်နှလုံးများသည် မာကျောလာလိမ့်မည် ဖြစ်သော်လည်း ယေရှုခရစ် တော်၏ မေတ္တာတော်အားဖြင့် နူးညံ့သိမ်မွေ့လာပါလိမ့်မည်။ ထိုသာသနာပြုသည် ခန္ဓာကိုယ်နာကျင်မှုကို သက်သာနိုင်စေရုံသာမက အပြစ်သားအား နူနာနှင့် တူသည့် အပြစ်မှကင်းစင်စေနိုင်သည့် မဟာသမားတော်ကြီးထံသို့ ပို့ဆောင်နိုင်ပါသည်။ နာမ ကျန်းသောသူများ၊ ကံဆိုးမိုးမှောင်ကျသောသူများနှင့် နတ်ဆိုးစွဲခံရသူများသည် ကိုယ်တော်၏ ကျွန်များမှတစ်ဆင့် ကိုယ်တော်၏ အသံတော်ကိုကြားနာရလိမ့်မည်ဟု ဘုရားသခင် မျှော်လင့်တော်မူပါသည်။ ဤလူသား ကိုယ်စားလှယ်များမှ တစ်ဆင့် လောကသားများ မသိရှိကြသည့် ဥပဇ္ဈာယ်ဆရာတစ်ပါး ဖြစ်ပေါ်စေရန် ကိုယ်တော် အလိုရှိပါသည်။

         တမန်တော်များသည် ပထမသာသနာပြုခရီးစဉ်အဖြစ် ဣသရေလ လူမျိုး များမှ ပျောက်ဆုံးနေသူများထံသို့ သွားရောက်ကြရန်ဖြစ်ပါသည်။ ယခုအချိန်တွင် သူတို့သည် တစ်ပါးအမျိုးသားများနှင့် ရှမာရိများထံတွင် ဧဝံဂေလိတရားတော်ကို ဟောကြားခဲ့မည်ဆိုလျှင် ယုဒလူများအပေါ်တွင် ဩဇာသက်ရောက်မှု ရှိတော့မည်မ ဟုတ်ချေ။ သူတို့သည် ဖါရိရှဲများ၏ တစ်ဖက်သတ်အထင်လွဲမှားမှုကို နိုးဆွပေးခြင်း အားဖြင့် မိမိတို့၏လုပ်ငန်းအစတွင် စိတ်ဓာတ်ကျစေခဲ့သော တိုက်လှန်ပွဲကြီးထဲတွင် ၎င်းတို့ကိုယ်တိုင် ပါဝင်ပတ်သက် နေကြလိမ့်မည်ဖြစ်ပါသည်။ တမန်တော်များ ကိုယ် တိုင်ပင် ဧဝံဂေလိတရားတော်ကို လူမျိုးအသီးသီးထံ ဟောကြားရမည်ဆိုသည့် အ ချက်ကို နားလည်မှု နှေးကွေးခဲ့ကြပါသည်။ ၎င်းတို့ကိုယ်တိုင် ဤသမ္မာ တရားကို မဆုပ်ကိုင်နိုင်မချင်း တစ်ပါးအမျိုးသားများအတွက် အလုပ်လုပ်ဆောင်ရန် ပြင်ဆင် မှုမပြီးသေးသော အခြေအနေတွင်ရှိပါသည်။ ယုဒလူများသည် ဧဝံဂေလိတရား တော်ကို လက်ခံခဲ့ကြလျှင် တစ်ပါးအမျိုးသား များအတွက် ၎င်းတို့အား စေတမန် များ အဖြစ်အသုံးပြုရန် ဘုရားသခင် ကြံရွယ်တော်မူခဲ့ပါသည်။ ထိုအကြောင်း ကြောင့် သူတို့သည် ထိုသတင်းစကားကို ပထမဦးစွာ နာကြားခွင့်ရရှိခဲ့ခြင်း ဖြစ်ပါ သည်။

         ခရစ်တော်လုပ်ဆောင်သည့် နေရာအနှံ့တွင် မိမိတို့၏ လိုအပ်ချက်များကို သိရှိသောဝိညာဉ်များနှင့် သမ္မာတရားကို ဆာငတ်ခင်မွတ်နေသော ဝိညာဉ်များရှိနေ ခဲ့ပါသည်။ မျှော်လင့်တောင့်တနေသော ဤအသက်ဝိညာဉ်များထံသို့ ကိုယ်တော်၏ မေတ္တာသတင်းစကားကို ပို့ဆောင်ပေးရန် အချိန်ရောက်ရှိလာခဲ့ပြီ ဖြစ်သဖြင့် တမန်တော်များသည် ကိုယ်တော်၏ ကိုယ်စားလှယ်များအနေဖြင့် ၎င်းတို့အားလုံးထံ သို့ သွားရောက်ကြရန်ဖြစ်ပါသည်။ ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် ယုံကြည်သူများ သည် တမန်တော်များအပေါ် ဘုရားသခင် ခန့်အပ်ထားသည့် ဆရာများအဖြစ် ရှု မြင်လာကြမည်ဖြစ်ပြီး ကိုယ်တော်ကို ကောင်းကင်နိုင်ငံတော်သို့ ပြန်လည် ယူဆောင် သွားသောအခါ သွန်သင်မည့်သူမဲ့သည့် အခြေအနေသို့မရောက်နိုင်မည်ဖြစ်ပါသည်။

         တမန်တော်များသည် ပထမဦးဆုံးခရီးစဉ်အဖြစ် ခရစ်တော်သွားလာခဲ့ဖူး သည့် ကိုယ်တော်၏ မိတ်ဆွေများရှိသော အရပ်များသို့သာ သွားကြရန်ဖြစ်ပါသည်။ ထိုခရီးစဉ်အတွက် ပြင်ဆင်မှုများမှာလည်း မခက်ခဲလှချေ။ မည်သည့်အရာကမျှ မ ဟာလုပ်ငန်းကြီးအပေါ် ထားရှိသည့် ၎င်းတို့၏ စိတ်ဝင်စားမှုကို ပြောင်းလဲမသွားစေ ရန်လိုအပ်ပါသည်။ သို့မဟုတ်ပါက တစ်နည်းနည်းအားဖြင့် ဆန့်ကျင်မှုများဖြစ်ပေါ် လာမည်ဖြစ်ပြီး နောက်ထပ်ဆက်လက် လုပ်ဆောင်ရမည့်လုပ်ငန်းအတွက် အခွင့် အလမ်း ပိတ်သွားလိမ့်မည်ဖြစ်ပါသည်။ သူတို့သည် ဘာသာရေးခေါင်းဆောင်များ တို့၏ ဝတ်ဆင်မှုအတိုင်းလိုက်၍ ဝတ်ဆင်ကြရမည်မဟုတ်ဘဲ နိမ့်ကျသော ဆင်းရဲ သားများထက် မိမိကိုယ်ကိုထူးခြားအောင် ဝတ်ဆင်ရန်လည်း မလိုပါချေ။ သူတို့ သည် တရားဇရပ်များတွင်ဝင်၍ လူထုအစည်းအဝေးပွဲများကို ကျင်းပကြရန် မဟုတ် ဘဲ တစ်အိမ်တက်ဆင်းသွားရောက် တရားဟောကြား ကြရန်ဖြစ်ပါသည်။ ၎င်းပြင် မလိုအပ်သော နှုတ်ခွန်းဆက်စကားများကို ပြောကြားခြင်း၊ တစ်အိမ်တက်ဆင်းသွား ရောက်၍ ဧည့်ဝတ်ပြုခြင်းကို ခံယူနေခြင်းအားဖြင့်သာ အချိန်ဖြုန်းကြရန် မဟုတ်ဘဲ မိမိတို့အား ဧည့်ဝတ်ပြုသူများနှင့် ခရစ်တော်ကိုယ်တော်တိုင်ကို ဧည့်ဝတ်ပြုနေ သကဲ့သို့ စိတ်နှလုံးပါပါ ကြိုဆိုဧည့်ခံသူများ၏ ဧည့်ဝတ်ပြုခြင်းကို နေရာတိုင်းတွင် လက်ခံကြရန် ဖြစ်ပါသည်။ ဤအိမ်၌မင်္ဂလာရှိပါစေသော် ဟူသည့်နှုတ်ခွန်းဆက် စကားကိုဆိုလျက် လူနေအိမ်များသို့ သွားရောက်ကြရန်ဖြစ်ပါသည်။ အိမ်ထောင် များသည် ၎င်းတို့၏ဆုတောင်းသံများ၊ ဂုဏ်တော်ချီးမွမ်းသံများနှင့် မိသားစုအလယ် တွင် ကျမ်းစာဖတ်ခြင်းများအားဖြင့် ကောင်းချီး မင်္ဂလာကို ခံစားကြရပါလိမ့်မည်။

         ဤတမန်တော်များသည် သမ္မာတရား၏ ရှေ့ပြေးအဖြစ် သခင်ယေရှု၏ ကြွ လာခြင်းကို ပြင်ဆင်ရန်ဖြစ်ပါသည်။ ၎င်းတို့သယ်ဆောင်သွား ရမည့်သတင်းစကား များသည် ထာ၀ရအသက်နှင့်ဆိုင်သော သတင်းစကားများဖြစ်ပြီး လူသားများ၏ ခရီး ဆုံးသည် ထိုသတင်းစကားကို လက်ခံမှု (သို့မဟုတ်) ငြင်းပယ်မှုအပေါ်တွင် မူ တည် ပါသည်။ ဤသတင်းစကား၏ အရေးပါမှုကို လူအများ အလေးထားစေရန်အတွက် ယေရှုက တမန်တော်များအား အကြင်သူသည် သင်တို့ကိုလက်မခံ၊ သင်တို့၏ စကားများကို နားမထောင်ဘဲနေ၏။ ထိုသူနေသောအိမ်မှလည်းကောင်း၊ မြို့မှလည်း ကောင်း ထွက်သွားစဉ် သင်တို့၏ ခြေဖဝါးမှမြေမှုန့်ကို ခါလိုက်ကြလော့၊ ငါအမှန် ဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ ထိုမြို့သည် သောဒုံမြို့နှင့် ဂေါမောရမြို့ ထက်သာ၍ ခံရလတ္တံ့ဟူ၍ မိန့်တော်မူခဲ့၏။

         ကယ်တင်ရှင်သည် အနာဂတ်ကို မျှော်ကြည့်လိုက်ရာ မိမိအသက် တော် ချုပ်ပြီးနောက် ထိုတမန်တော်များသည် မိမိအတွက်သက်သေခံများ ဖြစ်လာကြမည် ကို မြင်တွေ့တော်မူပါသည်။ အနာဂတ်ကို တင်ကူးသိမြင်သော ကိုယ်တော်ရှင်၏ အကြည့်သည် မိမိဒုတိယအကြိမ် ကြွလာတော်မူသည့် တိုင်အောင် ခေတ်အဆက် ဆက်တွင် ၎င်းတို့တွေ့ကြုံရမည့် အရာများတို့ကို မြင်တော်မူခဲ့ပါသည်။ ကိုယ်တော် ရှင်သည် တမန်တော်များတို့ ရင်ဆိုင်ရမည့် တိုက်လှန်ပွဲများကို ပြသတော်မူ၍ တွေ့ ကြုံရမည့် တိုက်နည်းတိုက်ဟန်နှင့် သီးခြားလက္ခဏာများကိုလည်း ဖော်ပြတော်မူ ပါသည်။ ၎င်းတို့တွေ့ကြုံရမည့် ဘေးအန္တရာယ်များ ကိုလည်းကောင်း၊ ၎င်းတို့တွင် လိုအပ်နေသော ကိုယ်အလိုကို ငြင်းပယ်တတ်သည့် စိတ်ဓာတ်များကိုလည်းကောင်း သူတို့အား ဖော်ပြတော်မူပါသည်။ ဘုမသိဘမသိနှင့် ရန်သူ၏ သိမ်းသွင်းခြင်းကိုမခံရ စေရန်အလိုငှါ သူတို့သည် အကြောင်းခြင်းရာ အရပ်ရပ်ကိုစဉ်းစားချင့်ချိန် ကြရန် ကိုယ်တော် အလိုရှိတော်မူပါသည်။ သူတို့သည် အသွေးအသားရှိသော သူများနှင့် ဆိုင်ပြိုင်တိုက်လှန် ကြရမည်မဟုတ်ဘဲ အထွတ်အမြတ် တို့နှင့်လည်းကောင်း၊ အာ ဏာစက်တို့နှင့်လည်းကောင်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သော မင်းတို့ နှင့်လည်းကောင်း၊ မိုးကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်လည်းကောင်း ဆိုင်ပြိုင် တိုက်လှန်ကြရမည် ဖြစ်ပါသည်။  ထိုသို့ အာဏာတန်ခိုး ကြီးမားသူများနှင့် ဆိုင်ပြိုင် တိုက်လှန်ကြရမည် ဖြစ်သော်လည်း ကောင်းကင်သားများ၏ အမအစကို ရရှိကြမည့် အကြောင်းကိုလည်း အာမခံချက်ရရှိထား ကြပါသည်။ ကောင်းကင်ဘုံသားများ အား လုံးသည် ဤတပ်မထဲတွင် ပါဝင်ကြသည်။ ကောင်းကင်တမန်များထက် ကြီးမြတ် သောသူများ သည်လည်း ထိုတိုက်ပွဲတွင်ပါဝင်ကြပါမည်။ ကောင်းကင်ဗိုလ်မင်းများ၏ ဗိုလ်ချုပ်ဖြစ်သော ထာ၀ရဘုရား၏ ကိုယ်စားလှယ်တော်ဖြစ်သည့် သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုတိုက်ပွဲတွင် ကွပ်ကဲရန်ကြွဆင်းလာပါမည်။ ကျွန်ုပ်တို့တွင် ချွတ်ယွင်းမှုများ ရှိကောင်းရှိကြပါမည်။ ကျွန်ုပ်တို့၏အပြစ်များ နှင့်အမှားများသည် ဝမ်းနည်းဖွယ် ဖြစ်ကောင်းဖြစ်မည်ဖြစ်သော်လည်း စိတ်နှလုံးကြေကွဲစွာဖြင့် ကိုယ် တော်အား ရှာဖွေသောသူခပ်သိမ်းအတွက် ထာ၀ရဘုရား၏ ကရုဏာတော်သည် ကြွယ်၀လျက်ရှိပါသည်။ အနန္တတန်ခိုးရှင်၏ မဟာတန်ခိုးတော်သည် ထာ၀ရဘုရား အား ကိုးစားသူများကို မစထောက်ပံ့လျက်ရှိပါသည်။

         တောခွေးစုထဲသို့ သိုးတို့ကိုစေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထို့ ကြောင့် သင်တို့သည် မြွေကဲ့သို့လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့ဟု ယေရှုရှင်မိန့်မှာတော်မူခဲ့ပါသည်။ ခရစ်တော် ကိုယ်တော်တိုင်သည် သမ္မာတရားနှင့် သက်ဆိုင်သော မည်သည့်စကား တစ်လုံးကိုမျှ ထိမ်ချန်ကွယ်ဝှက် ထားတော်မမူခဲ့ဘဲ ထိုသမ္မာတရားများကို အမြဲတမ်းမေတ္တာရှေ့ထား၍ သွန်သင် တော်မူခဲ့ပါသည်။ ကိုယ်တော်သည် လူအများနှင့်ဆက်ဆံရာတွင် ကြီးမားသော ပါး နပ်လိမ္မာမှု၊ စဉ်းစားဆင်ခြင်မှုနှင့် ကြင်နာသနားမှုပြည့်၀သည့် ကရုဏာထားမှုများကို ကျင့်သုံးခဲ့ပါသည်။ ရိုင်းစိုင်းစွာဆက်ဆံမှုများကို လုံး၀ရှောင်ရှားခဲ့ပြီး ကြမ်းတမ်းသော စကား တစ်လုံးကိုမလိုအပ်ဘဲ အသုံးပြုခြင်းကိုလည်းကောင်း၊ ခံစားမှုရှိသော အ သက် ဝိညာဉ်တို့အားမလိုအပ်ဘဲ စိတ်နာအောင်လုပ်ခြင်း များကိုလည်းကောင်း မည် သည့်အခါမျှ လုပ်တော်မမူခဲ့ချေ။ ကိုယ်တော်သည် လူသားများ၏ အားနည်းချက် များကို ပြစ်တင်ဝေဖန်ခြင်း ပြုတော်မမူခဲ့ချေ။ သူတော်ကောင်း ယောင်ဆောင်ခြင်း များ၊ မယုံကြည်ခြင်းများနှင့် ဆိုးညစ်စွာ လုပ်ဆောင်ခြင်းများကို ရဲရဲဝံ့ဝံ့လူသိရှင် ကြား ပြစ်တင်ဝေဖန်ခဲ့သော်လည်း နာကြည်းစေသော ဆိုဆုံးမမှုများကို ဝမ်းနည်း ကြေကွဲသောအသံဖြင့် ဆုံးမတော်မူခဲ့ပါသည်။ လမ်းခရီး၊ အသက်နှင့် သမ္မာတရား ဖြစ်တော်မူသော မိမိအား လက်ခံရန် ငြင်းပယ်ခဲ့သော ချစ်တော်မူခဲ့ရသည့် ယေရုရှ လင်မြို့အတွက် မျက်ရည်ကျတော်မူခဲ့ပါသည်။ ကယ်တင်ရှင်ဖြစ်တော်မူသော မိမိအား ငြင်းပယ်ခဲ့သော်လည်း သနားကြင်နာစွာဖြင့် မိမိ၏နှလုံးကြေကွဲသည်အထိ အလွန်ဝမ်းနည်းစေခဲ့သော ၎င်းတို့အား ကိုယ်တော်ပမာဏ ပြုတော်မူခဲ့ပါသည်။ ကိုယ်တော်၏ မျက်မှောက်တော်တွင် လူသားတိုင်းသည် အဖိုးထိုက် တန်ကြပါသည်။ ကိုယ်တော်သည် ဘုရားသိက္ခာတော်ကို ထာ၀စဉ်ဆောင် တော်မူခဲ့သော်လည်း ဘု ရားသခင်၏ မိသားစုမှအိမ်သားတိုင်းကို အကြင်နာထား ဂရုပြုတော်မူခဲ့သည်။ ကိုယ် တော်သည် လူသားအားလုံးတွင် ဝိညာဉ်ရေးကျဆုံးနေကြောင်း မြင်တွေ့တော်မူခဲ့ ပါသည်။ ထိုဝိညာဉ်များကို ကယ်တင်ရန်မှာ ကိုယ်တော်၏ အထူးတာဝန်ဖြစ်ပါသည်။

         ဘုရားသခင်၏ အစေခံကျွန်များသည် မိမိနှလုံးသား၏ စေစားချက် အတိုင်း လုပ်ဆောင်ကြရန် မဟုတ်ဘဲ အမျက်ထွက် စိတ်ဆိုးစရာကိစ္စများကြောင့် “ငါ” တည်းဟူသော အတ္တစိတ်များ ရှင်ပြန်လာပြီး ညှိုးနွမ်းသော သစ်ပင်များအတွက် နှင်းမှုန်များ၊ မိုးရေပေါက်များကဲ့သို့ မဖြစ်စေသည့် မလျော်ကန်မသင့်မြတ်သော ပြင်း ထန်သည့် စကားများကို ပြောဆိုမိမည်စိုး၍ သူတို့သည် ထာ၀ရဘုရားနှင့် အနီးကပ် ဆက်သွယ်မှုများ ရှိကြရန် လိုအပ်လှပါသည်။ ကြမ်းတမ်းသော စကားများတို့ကို ၎င်း တို့ပြောဆိုကြရန် စာတန်လိုလားပါသည်။ အကြောင်းမူကား ဤအပြုအမူသည် သူ၏ လုပ်နည်းလုပ်ဟန်ဖြစ်သောကြောင့်ဖြစ်ပါသည်။ နဂါးကြီးသည် အမျက်ဒေါသထွက် နေသည်ဖြစ်သဖြင့် အမျက်ဒေါသထွက်ခြင်းနှင့် ပြစ်တင်စွပ်စွဲခြင်းများသည် စာတန် ၏ စိတ်ကိုဖော်ပြခြင်းသာ ဖြစ်ပါသည်။ သို့သော် ဘုရားသခင်၏ အစေခံကျွန်များ သည် ဘုရားသခင်၏ ကိုယ်စားလှယ်များ ဖြစ်ကြရပါမည်။ ထိုသူများသည် ကောင်း ကင်နိုင်ငံတော်၏ အသုံးအနှုန်းများဖြင့်သာ ကိုယ်တော်ရှင်၏ ရုပ်လုံးတော်နှင့် ခမည်းတော်ကို ဖော်ပြသည့် သမ္မာတရားကို ပြောဆိုသုံးစွဲကြရန် ကိုယ်တော်ရှင် လို လားတော်မူပါသည်။ မကောင်းမှု ဒုစရိုက်များကို ကျော်လွှား အောင်မြင်နိုင်သော တန်ခိုးသည် ခရစ်တော်၏ တန်ခိုးတော်သာ ဖြစ်ပါသည်။ ခရစ်တော်၏ ဘုန်းတော် သည် ၎င်းတို့၏ ခွန်အားဖြစ်ပါသည်။ သူတို့သည် ကိုယ်တော်ရှင်၏ နှစ်လိုဖွယ် ကောင်းသည့် အရာများကို ရှုကြည့်ကြရန် ဖြစ်ပါသည်။ ထိုအချိန်ကျမှသာ ဧဝံဂေလိ တရားတော်ကို ဘုရားသခင်၏ ညင်သာပါးနပ်မှုမျိုးနှင့် တင်ဆက်နိုင်ကြမည် ဖြစ်ပါ သည်။ အမျက်ထွက်အောင် နှိုးဆွခြင်းခံရသော အချိန်တွင် နူးညံ့ငြိမ်သက်စွာ စိတ် ထိန်းနိုင်သောသူသည် ပြင်းထန်စွာ တိုက်ခိုက်ငြင်းခုံမှုထက် သမ္မာတရားကို အသား ပေးပြောဆိုရာတွင် ပို၍ထိရောက်မှုရှိပါလိမ့်မည်။

         သမ္မာတရား၏ ရန်သူများနှင့် ရင်ဆိုင်တိုက်လှန်နေကြသော သူများသည် လူ သားရိုးရိုးများနှင့်သာမကဘဲ စာတန်နှင့်တကွ ၎င်း၏ ကိုယ်စားလှယ်များနှင့်လည်း ရင်ဆိုင်တိုက်လှန်နေကြခြင်း ဖြစ်ပါသည်။ သင်တို့သွားလေသည့် အရာမှာတောခွေး စုထဲသို့ သိုးသငယ်တို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏ ဟူသောခရစ် တော်၏ မိန့်တော်မူချက်ကို ထိုသူများပြန်လည် သတိရကြပါလေစေ။ ပုဂ္ဂလိကမ တရားမှုများရှိသော်လည်း ဘုရားသခင်၏ မေတ္တာတော်တွင် ၎င်းတို့အားနားနေစေ၍ စိတ်နှလုံး ငြိမ်သက်သာယာပါလေစေ။ ထာ၀ရဘုရားသခင်သည် ၎င်းတို့အား ဘုရား သခင်၏ ဝတ်ရုံတော်ဖြင့် ဝတ်ဆင်ပေးတော်မူလိမ့်မည်။ ၎င်းတို့၏အသံ များကို လည်း ဝံပုလွေအူသံများကဲ့သို့ ဖြစ်မလာကြစေရန်အတွက် သန့်ရှင်းသောဝိညာဉ် တော်သည် ထိုသူတို့၏ စိတ်နှလုံးကို အုပ်စိုးတော်မူလိမ့်မည်။

         သခင်ယေရှုသည် လူတို့ကိုသတိပြုကြဟူ၍ တမန်တော်များအား ဆက် လက်ပြီး သွန်သင်ဆုံးမတော်မူခဲ့ပါသည်။ တမန်တော်များအနေဖြင့် ဘုရားသခင်ကို မသိသေးသောသူများအား ယုံကြည်စိတ်ချမှုများ မပြုကြရန်နှင့် ၎င်းတို့ပေးသော အကြံဥာဏ်များကိုမ ရယူကြရန်ဖြစ်ပါသည်။ အကြောင်းမူကား ထိုကဲ့သို့ လုပ်ဆောင် ခြင်းသည် စာတန်၏ ကိုယ်စားလှယ်များအား အခွင့်အရေးပေးရာ ရောက်သော ကြောင့်ဖြစ်ပါသည်။ လူသားများ၏ တီထွင်မှုများသည် ဘုရားသခင်၏ အကြံအစည် များကို မကြာခဏ ပျက်ပြယ်စေပါသည်။ ထာ၀ရဘုရား၏ ဗိမာန်တော်ကို တည် ဆောက်သော သူများသည် တောင်ပေါ်တွင် ပြသခဲ့သည့် ဘုရားသခင်၏ ပုံစံနမူနာ အတိုင်း တည်ဆောက်ကြရပါမည်။ ကိုယ်တော်၏ အစေခံကျွန်များသည် သန့်ရှင်း သောဝိညာဉ်တော်၏ လမ်းပြမှုအောက်တွင် မရှိသောလူများတို့ပေးသည့် အကြံ ဥာဏ်များကို အားကိုးအားထားပြုလျှင် ၎င်းတို့သည် ထာ၀ရဘုရားကို အသရေရှုတ် ချ၍ ဧဝံဂေလိတရားတော်ကို သစ္စာဖောက် ကြခြင်းဖြစ်ပါသည်။ လောကနှင့် ပတ်သက်သော ဥာဏ်ပညာများသည် ဘုရားသခင်ရှေ့တွင် မိုက်မဲသော အရာများ သာဖြစ်ကြပါသည်။ ထိုပညာများအပေါ်တွင် မှီခိုအားထားသော သူများသည် ဧကန် အမှန်မှားယွင်းခြင်းသို့ ရောက်ကြလိမ့်မည်။ သင်တို့ကို လွှတ်ရုံးသို့ အပ်နှံကြလိမ့် မည်။---တစ်ပါးအမျိုးသားတို့အား သက်သေဖြစ်စေခြင်းငှါ မြို့ဝန်မင်း၊ ရှင်ဘုရင် တို့ထံသို့ ငါ့ကြောင့် သင်တို့ကို ပို့ဆောင်ကြလိမ့်မည်။ မဿဲ ၁ဝး၁၇-၁၈။ နှိပ်စက် ညှဉ်းပန်းခြင်းအားဖြင့် ထိုအလင်းတော်သည် ပျံ့နှံ့လိမ့်မည်။ ထာ၀ရဘုရားသခင်၏ ကျွန်များတို့သည် ဧဝံဂေလိသတင်းစကားကို တစ်ခါမျှမကြားဖူးကြသော လောကီ အကြီးအကဲများရှေ့သို့ ပို့ဆောင်ခြင်းကို ခံကြရလိမ့်မည်။ ဤသမ္မာတရားကို ထို သူများထံတွင် မှားယွင်းစွာ ရုပ်လုံးဖော်ဖူးခဲ့ကြပြီး ခရစ်တော်၏ တမန်တော်များ၏ ယုံကြည်ချက်များနှင့် ပတ်သက်၍လည်း မှားယွင်းသော စွပ်စွဲချက်များကို ကြားဖူး ခဲ့ကြပါသည်။ မိမိတို့၏ ယုံကြည်ခြင်းအတွက် စစ်ဆေးမေးမြန်းခြင်း ခံနေရသော တပည့်တော်များ၏ သက်သေခံချက်သည်သာလျှင် မကြာခဏဆိုသလို ဧဝံဂေလိ တရားတော်အစစ်ကို လေ့လာရန် တစ်ခုတည်းသော နည်းဖြစ်ပါသည်။ စစ်ဆေး မေးမြန်းသောအခါ မေးခွန်းများကို ဖြေဆိုချက်များအားဖြင့် တရားစစ်ဆေးသူများ သည် တပည့်တော်များ၏ သက်သေခံချက်များကို ကြားနာခဲ့ကြရပါသည်။ အရေး ပေါ်တွေ့ကြုံရသော ပြဿနာများကို ဖြေရှင်းရန်အတွက် ကိုယ်တော်၏ ကျွန်များ အား ထာ၀ရဘုရား၏ ကရုဏာတော်ကို ပေးဝေတော်မူလိမ့်မည်။ သင်တို့ကိုအပ်နှံ သောအခါ အဘယ်သို့ ပြောရမည်ကို မစိုးရိမ်ကြနှင့်၊ ပြောရသောစကားကို ထို ခဏချင်းတွင် သင်တို့သည် ရကြလိမ့်မည်။ အကြောင်းမူကား သင်တို့အလိုအ လျောက်ပြောကြသည်မဟုတ်၊ သင်တို့အဘ၏ ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောတော်မူ၏ဟူ၍ ယေရှုမိန့်မှာတော်မူခဲ့ပါသည်။ ဘုရားသခင်၏ဝိညာဉ်တော်သည် ကိုယ်တော့်ကျွန်များ၏ စိတ်နှလုံးတွင် ထွန်းတောက်လာသောအခါ သမ္မာတရားကို ဘုရားသခင်၏ တန်ခိုးတော်နှင့် သော်လည်းကောင်း၊ အဖိုးထိုက် မွန်မြတ်မှုဖြင့် လည်းကောင်း ပြည့်စုံစွာဖြင့် တင်ပြကြပါလိမ့်မည်။ ထိုသမ္မာတရားကို ငြင်းပယ်သူ များသည် တမန်တော်များကို ညှဉ်းပန်းနှိပ်စက်သည့် ဘက်တွင်ရပ်တည် ကြပါလိမ့် မည်။ သို့သော် ဘုရားသခင်၏ သားသမီးများသည် ဒုက္ခဆင်းရဲခြင်းများနှင့် ဆုံးရှုံး ခြင်းများကို သေသည့်တိုင်အောင် ခံစားလျက် မိမိတို့ဘုရားသခင်၏ နူးညံ့သိမ် မွေ့ခြင်းကို ဖော်ပြကြရန်ဖြစ်ပါသည်။ ဤနည်းအားဖြင့် စာတန်၏ နောက်လိုက်များ နှင့် ခရစ်တော်၏ ကိုယ်စားလှယ်များအကြား ကွဲပြားခြားနားမှုများကို တွေ့မြင်ကြရ ပါလိမ့်မည်။ ကယ်တင်ရှင်သည် အုပ်ချုပ်သူအရာရှိများနှင့် လူအသီးအသီးရှေ့တွင် မြှောက်တင်ခြင်းကို ခံရပါလိမ့်မည်။ တမန်တော်များသည် ထိုကဲ့သို့သော ကရု ဏာကို လိုလားသည့်အချိန်မတိုင်မီ အာဇာနည်များ၏ ရဲစွမ်းသတ္တိများကို သွန်း လောင်းခြင်း မခံခဲ့ရကြချေ။ လိုအပ်လာသောအချိန်တွင် ကိုယ်တော်ရှင်၏ ကတိ တော်သည် ပြည့်စုံခဲ့ပါသည်။ ပေတရုနှင့်ယောဟန်တို့သည် ဆန်ဟီဒရင်အဖွဲ့ရှေ့ မှောက်တွင် သက်သေခံကြသောအခါ  “ထိုသူတို့သည် ---ပေတရုနှင့် ယောဟန် တို့၏ ရဲရင့်ခြင်းသတ္တိကို မြင်၍ လူတတ်မဟုတ်၊ ဠူသာမညသာဖြစ်သည်ကို သိမှတ် သဖြင့် အံ့ဩ၍နေကြ၏။ ထိုလူနှစ်ယောက်တို့သည် အထက်ကယေရှုနှင့် အတူရှိ သည်ကို သတိရကြ၏။” သတေဖန် အကြောင်းနှင့်ပတ်သက်၍ ကျမ်းစာ၌ မှတ် တမ်းတင်ထားသည်မှာ “လွှတ်တော်၌ ထိုင်လျက်ရှိသော သူအပေါင်းတို့သည် သတေဖန်ကို စေ့စေ့ကြည့်ရှုလျှင် သူ၏မျက်နှာသည် ကောင်းကင်တမန်၏ မျက်နှာ ကဲ့သို့ ဖြစ်သည်ဟုထင်မှတ်ကြ၏။” “သူဟောပြော၍ သုံးစွဲသောပညာနှင့် ဝိညာဉ် တော်ကို မခံမဆီးနိုင်ကြ}} ဟူ၏။ တမန်တော် ၆း၁၅၊၁၀။ ကဲသာဘုရင်၏ တရားရုံး တွင် မိမိအား စစ်ဆေးခြင်းများအကြောင်းကို ရေးသားမှတ်တမ်းတင်ခဲ့သည့် ရှင် ပေါလုက “ပထမအချိန်၌ အပြစ်တင်ခွင့်ကို ဖြေ၍ ငါသည် အစီရင်ခံရသောအခါ ငါ့ဘက်၌အဘယ်သူမျှမနေ၊ လူအပေါင်းတို့သည် ငါ့ကိုစွန့်ပစ်ကြ၏။ လူအပေါင်းတို့ သည် စွန့်ပစ်ကြသော်လည်း ဒေသနာတော်ကို အကုန်အစင်ဟောပြော၍ ခပ်သိမ်း သောလူမျိုးတို့သည် ကြားသိစေခြင်းငှါ သခင်ဘုရားသည် ငါ့ဘက်၌နေ၍ ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသောကြောင့် ခြင်္သေ့ခံတွင်းမှ ကယ်နုတ်ခြင်း ချမ်းသာ ကိုငါရ၏။” ၂တိ ၄း၁၆-၁၇။

         ခရစ်တော်၏ ကျွန်များသည် စုံစမ်းမေးမြန်းခြင်းခံရသောအခါ တင်ပြပြော ဆိုရန် စကားများကို ကြိုတင်ပြင်ဆင်ရန် မလိုပါချေ။ ထိုသူများသည် ပြင်ဆင်မှုလုပ် သည့်အနေဖြင့် ဘုရား၏ နှုတ်ကပတ်တော်မှ သမ္မာတရားများကို နေ့စဉ်နှင့်အမျှ စု ဆောင်းမှတ်သားပြီး ဆုတောင်းခြင်းအားဖြင့် ယုံကြည်ခြင်းပါရမီကို တိုးပွားအောင် လုပ်ဆောင်ကြရန် ဖြစ်ပါသည်။ စုံစမ်းမေးမြန်းခြင်းကို ၎င်းတို့ခံကြရသောအခါ သန့် ရှင်းသောဝိညာဉ်တော်သည် လိုအပ်သည့် သမ္မာတရားများကို ပြန်လည်သတိရစေ လိမ့်မည်ဖြစ်ပါသည်။

         ထာ၀ရဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်တော်ရှင်စေလွှတ် တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိရှိရန်အတွက် နေ့စဉ်နှင့်အမျှ စိတ်အားထက်သန်စွာ ဖြင့် ကြိုးစားဆောင်ရွက်ခြင်းသည် အသက်ဝိညာဉ်များအတွက် တန်ခိုးစွမ်းရည်ကို ဖြစ်စေပါလိမ့်မည်။ သမ္မာကျမ်းစာကို စိတ်အားထက်သန်စွာ ရှာဖွေဖတ်ရှုခြင်း အား ဖြင့် ရရှိခဲ့သော အသိပညာများကို သင့်လျော်လျောက်ပတ်သော အချိန်တွင် ပြန် လည်သတိရစေပါလိမ့်မည်။ သို့သော် ခရစ်တော်၏ နှုတ်ထွက်စကားများကို သိ ကျွမ်းရန် မကြိုးစားခဲ့လျှင် သော်လည်းကောင်း၊ ကရုဏာတော်၏ တန်ခိုးကို ဒုက္ခ ဆင်းရဲကာလတွင် မစမ်းသပ်ခဲ့ဖူးလျှင် သော်လည်းကောင်း သန့်ရှင်းသောဝိညာဉ် တော်သည် ၎င်းအား နှုတ်ကပတ်တော်များကို ပြန်လည်သတိရစေလိမ့် မည်ဟုမျှော် လင့် နိုင်စရာအကြောင်းမရှိပါချေ။ သူတို့သည် ခိုင်မြဲသောမေတ္တာဖြင့် ကိုယ်တော်ရှင် အား နေ့စဉ်ကိုးကွယ်ပြီး ယုံကြည်ကိုးစားကြရမည်ဖြစ်ပါသည်။ မိသားစု သံယောဇဉ် နှောင်ကြိုးများကို ဂရုမထားနိုင်လောက်အောင် ဧဝံဂေလိတရားအား ရန်ငြိုးဖွဲ့ခြင်း သည် အလွန်ခါးသီးလျက် ရှိပါသည်။ ခရစ်တော်၏ တပည့်တော်များသည် မိမိတို့၏ အိမ်သူအိမ်သားများထံမှ အသေသတ်ခြင်းခံရန် ပို့ဆောင်သည့်တိုင် ရန်ဖက်ပြုခြင်း ကို ခံရလိမ့်မည်ဖြစ်ကြောင်း ယခုကဲ့သို့ မိန့်တော်မူထားပါသည်။ “လူအပေါင်းတို့ သည်လည်း ငါ၏နာမကြောင့် သင်တို့ကိုမုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံး တိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။” မာကုခရစ်ဝင် ၁၃း၁၃။ သို့စေကာမူ ၎င်းတို့သည် နှိပ်စက်ညှဉ်းပန်းခြင်း များကို မလိုအပ်ဘဲ မရင်ဆိုင်ကြရန် ကိုယ်တော် မိန့်တော်မူခဲ့ပါသည်။ ကိုယ်တော်တိုင် ပင်လျှင် မိမိ၏ အသက်ကို အန္တရာယ်ပြုမည့်သူများထံမှ လွတ်မြောက်စေရန်အလို့ငှါ မကြာ ခဏဆိုသလို တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်း၍ အမှုတော်ဆောင်ရွက် ခဲ့ပါသည်။ နာဇရက်မြို့၌ မိမိ၏မြို့သားများက မိမိအားငြင်းပယ်၍ သုတ်သင်ပစ်ရန် ကြိုးစားကြသောအခါ ကပေရနောင်မြို့သို့ ထွက်ကြွသွား၍ တရားဒေသနာကို ဟောကြားတော်မူရာ” အာဏာတော်နှင့် ဟောတော်မူသောကြောင့် ပရိသတ်တို့ သည် ဒေသနာတော်ကို အလွန်အံ့ဩခဲ့ကြ၏။ ထိုနည်းအတူပင် ကိုယ်တော်၏ အမှုဆောင်များသည်လည်း နှိပ်စက်ညှဉ်းပန်း မှုများကြောင့် စိတ်ဓာတ်ကျဆင်းကြ ရန်မဟုတ်ဘဲ ဝိညာဉ်ကယ်တင်ရေးအတွက် အမှုတော်ဆောင်ရွက်နိုင်သေးသည့် နေရာများကို ရှာဖွေလုပ်ဆောင် ကြရန်ဖြစ်ပါသည်။

         အစေခံကျွန်တစ်ယောက်သည် မိမိ၏ သခင်ထက်မသာလွန်နိုင်ဘဲ သခင် ယေရှုကို နတ်ဆိုးမင်းဗေလဇေဗုလဟု ခေါ်ဝေါ်ကြလျှင် တပည့်တော်များကိုလည်း ထိုနည်းအတိုင်းပင် မှားယွင်းစွာ ရုပ်လုံးဖော်ကြပါလိမ့်မည်။ မည်သည့် ဘေးအန္တ ရာယ်များ ရှိသည်ဖြစ်စေ ခရစ်တော်၏ နောက်လိုက်များသည် ၎င်းတို့၏ မူလခံယူ ချက်များအပေါ် အတိအလင်း ဝန်ခံကြရပါမည်။ ထိမ်ချန်ခြင်းများကို မပြုသင့်ကြ ချေ။ သူတို့သည် သမ္မာတရားကို ဝန်ခံခြင်းတွင် လုံခြုံမှုအတွက် စိတ်ချရမှုမရရှိမီ တိုင်အောင် မဆက်ကပ်ဘဲ နေထိုင်နိုင်ကြမည် မဟုတ်ချေ။ သူတို့သည် ကျရောက် လာမည့် ဘေးအန္တရာယ်များအတွက် လူသားများအား သတိပေးရန် ကင်းစောင့်များ အဖြစ် သတ်မှတ်ခြင်း ခံရသူများဖြစ်ကြပါသည်။ ခရစ်တော်ထံမှ ရရှိထားသည့် သမ္မာတရားအလင်းများကို လူအပေါင်းတို့ထံတွင် အဖိုးအခမယူဘဲ ပွင့်ပွင့်လင်းလင်း မျှဝေကြရပါသည်။ “မှောင်မိုက်၌ သင်တို့အား ငါပြောသောအရာများကို သင်တို့ သည် အလင်း၌ ကြားပြောကြလော့။ သင်တို့နားအပါး၌ ပြော၍ ကြားသောအရာ များကို အိမ်မိုးပေါ်မှာ ဟစ်ကြော်ကြလော့” ဟု ယေရှုရှင် မိန့်တော်မူခဲ့ပါသည်။ မဿဲ ၁ဝး၂၇။

         ယေရှုကိုယ်တော်တိုင်သည် လိုက်လျောမှုများ ပြုခြင်းအားဖြင့် မည်သည့် အ ခါမျှငြိမ်သက်ခြင်းကို မလဲလှယ်ခဲ့ဖူးချေ။ ကိုယ်တော်၏ နှလုံးသားသည် လူသားတစ် ခုလုံးအပေါ်မှာ ထားရှိသော မေတ္တာတော်ဖြင့် ယိုစီးနေသော်လည်း ကိုယ်တော်သည် ၎င်းတို့၏ အပြစ်များကို မည်သည့်အခါမျှ အလိုလိုက်ခဲ့ခြင်း မပြုခဲ့ချေ။ ကိုယ်တော် ၏ အသွေးတော်ဖြင့် ဝယ်ထားတော်မူသည့် အသက်ဝိညာဉ်များသည် ပျက်စီးဆုံး ရှုံးခြင်းလမ်းသို့ လိုက်လျှောက်နေကြသဖြင့် ကိုယ်တော်သည် မိတ်ဆွေတစ်ဦး အ နေဖြင့် သူတို့အား သတိမပေးဘဲ ဆိတ်ဆိတ်နေ နိုင်တော်မမူချေ။ လူသားများသည် မိမိကိုယ်ကို ကတိသစ္စာရှိကြရန်၊မင့်မြတ်သော ထာ၀ရအကျိုးကို သစ္စာစောင့်ကြရန် ကိုယ်တော်အမှုတော် ဆောင်ရွက်ခဲ့ပါသည်။ ကိုယ်တော်၏ အမှုတော်ဆောင် များ အား ထိုအမှုတော်ကိုပင် လုပ်ဆောင်ရန်အတွက် ခေါ်တော်မူခဲ့ပြီး မသင့်မတင့်မှု များကိုတားဆီးရန် ကြိုးစားစဉ်တွင် မိမိကိုယ်တိုင် သမ္မာတရားကို စွန့်လွှတ်မိမည်စိုး သဖြင့် မိမိကိုယ်ကို ဂရုပြုသင့်ကြပါသည်။ သူတို့သည် ငြိမ်သက်ခြင်းနှင့် ယှဉ်သော အရာတို့ကို မီအောင်လိုက်ကြရမည် ဖြစ်ပါသည်။ သို့ရာတွင် စစ်မှန်သော ငြိမ်သက် ခြင်းသည် အခြေခံစည်းမျဉ်းများကို အတိုးအလျှော့လုပ်ခြင်းအားဖြင့် မည်သည့် အ ခါမျှ ရယူနိုင်ကြလိမ့်မည် မဟုတ်ချေ။ မည်သူမဆို ဆန့်ကျင်ဘက်ပြုသူများ မရှိလျှင် အခြေခံနိယာမများကို သစ္စာရှိနိုင်ကြမည် မဟုတ်ချေ။ ဝိညာဉ်ရေးဆိုင်ရာခရစ်ယာန် အယူဝါဒသည် နားထောင်မှုမရှိသည့် သားသမီးများ၏ ဆန့်ကျင်တိုက်ခိုက်မှုကိုခံရ ပါလိမ့်မည်။ “ကိုယ်ခန္ဓာကိုသာသတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သောသူတို့ကို မ ကြောက်ကြနှင့်” ဟုတပည့်တော်များအား ယေရှုရှင် မိန့်တော်မူခဲ့ပါသည်။ ထာ၀ရ ဘုရားရှင်၌ သစ္စာရှိသူများသည် လူတို့၏ တန်ခိုးအာဏာကိုလည်းကောင်း၊ စာတန်၏ ရန်ငြိုးဖွဲ့ခြင်းကိုလည်းကောင်း၊ ကြောက်ရွံ့စရာမလိုပါချေ။ ထိုသူတို့အတွက် ထာ၀ရ အသက်ကို ခရစ်တော်၌ လုံခြုံစွာထိန်းသိမ်း ထားလျက်ရှိပါသည်။ ၎င်းတို့အတွက် တစ်ခုတည်းသော စိုးရွံ့စရာကောင်းသည့်အချက်မှာ သမ္မာတရားကို စွန့်လွှတ်၍ ထာ၀ရဘုရားအား ယုံကြည်ကိုးစားမှု မရှိတော့မည်ကိုသာ စိုးရိမ်ရန်ဖြစ်ပါသည်။

         လူသားများ၏ စိတ်နှလုံးကို သံသယစိတ်များနှင့် ပြည့်၀စေရန် စာတန်လုပ် ဆောင်နေပါသည်။ ဘုရားသခင်အား ကရုဏာကင်းမဲ့သော စီရင်ဆုံးဖြတ်သူတစ်ဦး အဖြစ် လူအများရှုမြင်ကြရန် စာတန်လုပ်ဆောင်နေပါသည်။ လူသားများအား အပြစ် ကျူးလွန်စေရန် သူစုံစမ်းနေပြီး မိမိတို့ကိုယ်ကို ထာ၀ရဘုရားထံသို့ ချဉ်းကပ်ရန် အတွက်သော်လည်းကောင်း၊ ကိုယ်တော်၏ သနားခြင်းကရုဏာကို နှိုးဆွရန်အတွက် သော်လည်းကောင်း၊ မထိုက်တန်လောက်အောင် ယုတ်ညံ့သူများဖြစ်ကြောင်း မှတ် ယူကြရန် သူဖြားယောင်းနေပါသည်။ ထာ၀ရဘုရားသည် ဤအရာအားလုံးကို နား လည်တော်မူ၍ အားနည်းချက်များနှင့် လိုအပ်ချက်များ ရှိနေသောလူသား များအ ပေါ်ထားရှိသည့် ကိုယ်တော်၏ စာနာသနားမှုများအကြောင်းကို တပည့်တော်များ အား ယေရှုရှင် မိန့်ကြားတော်မူခဲ့ပါသည်။ သက်ပြင်း တစ်ချက်မျှ မချသော်လည်း နာကျင်မှုတစ်ခုကိုမျှ အသက်ဝိညာဉ်ကို မထိုးဖောက်သော်လည်း နှလုံးခုန်နှုန်းတစ် ခုသည် အဖဘုရားသခင်၏ နှလုံးတော်ကို တုန်ခါသွားစေခဲ့ပါသည်။

         ဘုရားသခင်သည် မြင့်မြတ်သန့်ရှင်းသောအရပ်၌ စိုးစံနေကြောင်း ကျမ်းစာ တော်မြတ်က ဖော်ပြထားရာ မည်သည့် လုပ်ကိုင်ဆောင်ရွက်မှုကိုမျှ မပြုသော အ ခြေအနေ၌ တစ်ပါးတည်းငြိမ်သက်စွာ နေတော်မူသည်ဟု ဖော်ပြထားခြင်းမဟုတ်ဘဲ ကိုယ်တော်၏ အလိုတော်ကို ဆောင်ရွက်ရန် စောင့်ဆိုင်းနေကြသော ကုဋေသင်္ချေ မက များပြားလှသည့် ကောင်းကင်တမန်များ၏ ခြံရံခစားမှုကို ခံယူတော်မူနေ ကြောင်းကို ဖော်ပြထား၏။ ကျွန်ုပ်တို့မသိမြင်နိုင်သည့် နည်းလမ်းများအားဖြင့် ကိုယ်တော်သည် မိမိ၏ အုပ်ချုပ်မှု အောက်တွင်ရှိနေသော အစိတ်အပိုင်းတိုင်းကို ဆက်သွယ်လှုပ်ရှားလျက် ရှိတော်မူပါသည်။ ကမ္ဘာလောက၏ အသေးငယ်ဆုံးသော အရာကလေး တွင်သော်လည်းကောင်း၊ မိမိ၏တစ်ပါးတည်းသော သားတော်ကိုစွန့်၍ ကယ်တင်ရန် လုပ်ဆောင်ခဲ့သည့် အသက်ဝိညာဉ်များတွင် သော်လည်းကောင်း ထာ၀ရဘုရားနှင့်တကွ ကောင်းကင်သားများသည် စိတ်ဝင်စားလျက် ရှိကြပါသည်။ ထာ၀ရဘုရားသည် ဒုက္ခရောက်နေသူများ၏ အော်ဟစ်သံများကို နားညောင်းရန် အတွက်သော်လည်းကောင်း၊ သဘောဖြူအူစင်းဖြင့် တောင်းခံသော ဆုတောင်းသံ တိုင်းကို “ငါ-ဒီမှာရှိတယ်” ဟုအဖြေပေးရန်အတွက် သော်လည်းကောင်း မိမိ၏ ပလ္လင်တော်ထက်မှ အာရုံစူးစိုက်၍ နားညောင်းလျက်ရှိပါသည်။ ကိုယ်တော်သည် စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေသော နင်းပြားများကို မချီတော်မူပါသည်။ ကျွန်ုပ်တို့ ဒုက္ခဝေဒနာတွင် ကျရောက်ခံစားမှုသည် ကိုယ်တော်ရှင်အားလည်း မျှဝေခံစားစေပါ သည်။ စုံစမ်းနှောင့်ယှက်မှုတိုင်းတွင် ကျွန်ုပ်တို့အား ကယ်ဆယ်ရန် ဘုရားသခင်၏ ကောင်းကင်တမန်သည် ကျွန်ုပ်တို့အနီးအပါးတွင် ရှိနေပါသည်။

         အဖဘုရားသခင်၏ အခွင့်မရှိလျှင် စာငှက်တစ်ကောင်မျှ မြေသို့မကျချေ။ စာတန်သည် ဘုရားသခင်ကို မုန်းတီးသောကြောင့် ကယ်တင်ရှင်ဂရုပြုမစသော အ ရာတိုင်းကို မုန်းတီးပါသည်။ သူသည်ဘုရားသခင်၏ လက်ရာတော်ကို ပျက်ယွင်း အောင် လုပ်ဆောင်နေပြီး စကားမပြောတတ်သော ဝေနေယျသတ္တဝါများကို ဖျက် ဆီးရသည်ကိုပင် နှစ်သက်လျက်ရှိပါသည်။ ဝမ်းမြောက်ဖွယ် တေးသံသာများကို သီ ဆို၍ ကျွန်ုပ်တို့အား ဝမ်းမြောက်ရွှင်လန်းစေသော ငှက်ကလေးများ မသေမပျောက် ရှိနေခြင်းသည် ဘုရားသခင်၏ ကာကွယ်ပို့ဆောင်မှုကြောင့်သာ ဖြစ်ပါသည်။ ကိုယ် တော်သည် စာငှက်ကလေးများကိုပင် မေ့လျော့တော်မမူချေ။ ထို့ကြောင့် မ ကြောက် ကြ နှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏ဟု မိန့်တော်မူ၏။

         သင်သည် ငါ့ကိုလူတို့ရှေ့မှာဝန်ခံအံ့၊ ထာ၀ရဘုရားနှင့်တကွ သန့်ရှင်းသော ကောင်းကင်တမန်များရှေ့တွင် သင့်ကိုငါဝန်ခံမည်။ သင်သည် ကမ္ဘာသားများ၏ ကယ်တင်ခြင်းအတွက် ကိုယ်တော်၏ ကရုဏာတော် စီးဆင်းရာ ရေစီးမြောင်းအဖြစ် ငါ၏ သက်သေခံဖြစ်ရပါမည်။ ထိုနည်းတူ ငါသည်လည်း ကောင်းကင်နိုင်ငံတော်တွင် သင်၏ ကိုယ်စားတော်ဖြစ်စေလိမ့်မည်။ အဖဘုရားသခင်သည် သင်၏ချို့တဲ့မှား ယွင်းသောစာရိတ္တကို ကြည့်ရှုတော်မမူဘဲ ငါ၏စုံလင်ခြင်းဖြင့် လွှမ်းခြုံခြင်းခံရသူ အ နေဖြင့်သင့်ကို တွေ့မြင်တော်မူပါသည်။ ငါသည်သင့်ထံသို့ ဘုရားသခင်၏ကောင်းချီး မင်္ဂလာများကို စီးဆင်းစေမည့် ကြားခံပုဂ္ဂိုလ် ဖြစ်တော်မူ၏။ ကျဆုံးနေသော လူသား များအတွက် ငါခံစားခဲ့ရသော ဒုက္ခများကို မျှဝေခံစားခြင်းအားဖြင့် ငါ့ကိုဝန်ခံသော သူတိုင်းသည် ကယ်တင်ခြင်းခံရမည့် သူများရရှိမည့် ဘုန်းတော်နှင့် ဝမ်းမြောက်ခြင်း တွင် မျှဝေခံစားသူ တစ်ယောက်အနေဖြင့် ဝန်ခံခြင်းကို ခံရလိမ့်မည်ဟူ၍ ယေရှုရှင် မိန့်မြွက်တော်မူခဲ့ပါသည်။

         အကြင်သူသည် ခရစ်တော်ကိုဝန်ခံပါလျှင် သူ၏အသက်တာတွင် ခရစ် တော်သည် စိုးစံလျက်ရှိပါမည်။ မိမိလက်ခံရရှိ မထားသောအရာနှင့် မည်သူမျှ ဆက် သွယ်နိုင်မည် မဟုတ်ချေ။ တမန်တော်များသည် အာဝဇ္ဇန်းရွှင်ရွှင်ဖြင့် ယုံကြည်ချက် များကို ဟောပြောကောင်း ဟောပြောနိုင်ကြပါမည်။ ခရစ်တော် ကိုယ်တော်တိုင် မိန့် တော်မူခဲ့သော နှုတ်ထွက်စကားများကို ပြန်လည်ရွတ်ဆိုနိုင်ကောင်း ရွတ်ဆိုနိုင်ကြ မည်ဖြစ်သော်လည်း သူတို့သည်  ခရစ်တော်နှင့်တူသော နူးညံ့သိမ်မွေ့ခြင်းနှင့် ချစ် ခြင်းမေတ္တာမရှိထားပါက ထိုသူများသည် ကိုယ်တော်ကို ဝန်ခံကြမည်မဟုတ်ချေ။ ဘုရားတရားရှိကြောင်း မည်မျှပင်ပြောစေကာမူ ခရစ်တော်၏ စိတ်ထားနှင့် ဆန့်ကျင် ဖီလာသော စိတ်သဘောထားသည် ကိုယ်တော်ကို ငြင်းပယ်မည်သာတည်း။ လူများ သည် အတင်းအဖျင်းစကားများ၊ ဆင်ခြင်ပိုင်းခြားမှုမရှိသော စကားများ၊ သမ္မာ တရားနှင့် မကိုက်ညီသည့် အကြင်နာမဲ့သော စကားတို့ကို ပြောခြင်းအားဖြင့် ခရစ် တော်အား ငြင်းပယ်နိုင်ကြပါသည်။ သူတို့သည် အသက်တာတွင် ထမ်းရွက်ရမည့် ဝန်များကို လွှဲရှောင်ခြင်းအားဖြင့်လည်းကောင်း၊ ဒုစရိုက်နှင့်ပြည့်၀နေသော အပျော် အပါးများကို လိုက်စားခြင်း အားဖြင့်သော်လည်းကောင်း ကိုယ်တော်ကို ငြင်းပယ် နိုင်ကြပါသည်။ လောကဆန်သော နေထိုင်စားသောက်ခြင်းများ အားဖြင့်သော်လည်း ကောင်း၊ ယဉ်ကျေးသိမ်မွေ့မှုမရှိသော အပြုအမူများအားဖြင့်သော်လည်းကောင်း၊ မိမိတို့၏ ထင်မြင်ချက်များကိုသာ မြတ်နိုးခြင်းအားဖြင့်သော်လည်းကောင်း၊ မိမိ ကိုယ်ကိုဖြောင့်မတ် စေခြင်းအားဖြင့်သော်လည်းကောင်း၊ သံသယစိတ်များကို မြတ် နိုးတွယ်တာခြင်း အားဖြင့်သော်လည်းကောင်း၊ ဆန့်ကျင်ဖီလာသော အကျိုးသက် ရောက်မှုကို ဖြစ်ပေါ်စေသည့် မလိုအပ်သော လုပ်ဆောင်ခြင်းများနှင့် ဒုစရိုက်နွံတွင် နစ်မွန်းနေခြင်းများ အားဖြင့်သော်လည်းကောင်း ကိုယ်တော်ရှင်ကို ငြင်းပယ်နိုင်ကြ ပါသည်။ သူတို့သည် ထိုလမ်းစဉ်များအတိုင်း နေထိုင်လုပ်ကိုင်ခြင်းဖြင့် ခရစ်တော် သည် သူတို့ထဲတွင် ရှိတော်မမူကြောင်းကို ဖွင့်ဟနေကြပါသည်။ ]]အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော် ရှေ့မှာ ထိုသူကိုငါငြင်းပယ်မည်။

         ဧဝံဂေလိတရားတော်အပေါ် လောကသားများ၏ ရန်ငြိုးဖွဲ့ခြင်းသည် အောင် နိုင်လိမ့်မည် မဟုတ်ကြောင်းနှင့် တစ်ချိန်တွင် ထိုသူများသည် ရန်ငြိုးဖွဲ့ခြင်းများ ရပ် စဲသွားမည် ဖြစ်ကြောင်းများကို တမန်တော်များအား ခရစ်တော်မိန့်တော်မူခဲ့ပါသည်။ “ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်မဟုတ်၊ ဓါးကိုစေလွှတ်အံ့သော ငှါ ငါလာသတည်း” ဟု ကိုယ်တော် မိန့်တော်မူခဲ့၏။ ရန်ဖက်ပြုခြင်းများကို ဖြစ်ပေါ်စေသည့်အရာသည် ဧဝံဂေလိတရားတော်၏ အကျိုးသက်ရောက်မှု မဟုတ် ဘဲ ဧဝံဂေလိတရားတော်ကို ဆန့်ကျင်သဖြင့် ဖြစ်ပေါ်လာသော ရလဒ်ဖြစ်ပါသည်။ နှိပ်စက်ညှဉ်ပန်းမှု အပေါင်းတွင် ခံစားရအခက်ဆုံးသော နှိပ်စက်ညှဉ်းပန်းမှုသည် မိသားစုအချင်းချင်း စိတ်ဝမ်းကွဲပြားကာ ခင်မင်သူများကို စိမ်းကာစေသည့်အရာပင် ဖြစ်ပါသည်။ ယေရှုမိန့်တော်မူသည်ကား၊ အကြင်သူသည် ငါ့ကိုချစ်သည် ထက် မိဘ ကို သာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်တန်၊ အကြင်သူသည် ငါ့ကိုချစ်သည်ထက် သားသမီးကိုသာ၍ချစ်၏၊ ထိုသူသည် ငါနှင့်မထိုက်တန်၊ အကြင်သူသည် မိမိ လက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါနှင့်မထိုက်တန်ဟူ၏။

         ခရစ်တော်၏ အမှုတော်ဆောင်များ ဆောင်ရွက်ရမည့် အထူးလုပ်ငန်းသည် မြင့်မြတ်သန့်ရှင်းသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ “သင်တို့ကို လက်ခံသောသူ သည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကို စေလွှတ်တော်မူသော သူကို လက်ခံ၏။” ကိုယ်တော်၏ နာမတော်အားဖြင့် ထိုသူများအားပြုသည့် ကောင်းမှု ကုသိုလ်တစ်ခုတလေမျှ အသိအမှတ်မပြု၊ အကျိုးကျေးဇူးမပေးဘဲ နေလိမ့်မည်မ ဟုတ်ချေ။ ခရစ်တော်ကို သိကျွမ်းယုံကြည်သည့် ကလေးငယ်များအား တပည့်တော် ၏ မျက်နှာကိုထောက်၍ ရေတစ်ခွက်ကိုပေးအံ့၊ ထိုသူသည် အကျိုးကိုမရဘဲမနေရာ၊ ငါအမှန်ဆိုသည်ဟု ယေရှုရှင် မိန့်မှာတော်မူခဲ့ပါသည်။

         ဤသို့အားဖြင့် ကိုယ်တော်ရှင်သည် မိမိ၏သွန်သင်ချက်ကို အဆုံးသတ် ထားခဲ့ပါသည်။ တစ်ကျိပ်နှစ်ပါးသော တပည့်တော်များတို့သည် ကိုယ်တော်ရှင်ပြု တော်မူခဲ့သကဲ့သို့ “ဆင်းရဲသားများအား ဝမ်းမြောက်စရာ သတင်းကိုကြားပြော စေခြင်းငှါလည်းကောင်း၊ နှလုံးကြေကွဲသောသူများ၏ အနာကိုပျောက်စေခြင်းငှါ လည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက်ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိပြန်မြင်ခြင်း အကြောင်းကို ပြစေခြင်းငှါလည်း ကောင်း၊ ထာ၀ရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှါလည်းကောင်း ခရစ်တော်၏ နာမတော်၌ အရပ်ရပ်သို့ထွက်ခွါ၍ အမှုတော်ကို ဆောင်ရွက်ခဲ့ကြ ပါသည်။ (လုကာ ၄း၁၈-၁၉)။

No comments:

Post a Comment