ဘုရားသခင်၏နိုင်ငံတော်သည်တည်လုနီးပြီး
ယေရှုသည်
ဂါလိလဲပြည်သို့ကြွတော်မူလျှင် အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏ နိုင်ငံတော်သည်
တည်လုနီးပြီ၊ နောင်တရကြလော့၊ ဧဝံဂေလိတရားကို ယုံကြည် ကြလော့ဟူသော
ဘုရားသခင်၏နိုင်ငံတော်နှင့် ယှဉ်သောဧဝံဂေလိတရားကို ဟော ပြောတော်မူ၏။ မာကု ၁း၁၄-၁၅။
မေရှိယကြွလာကြောင်းကို
ယုဒပြည်တွင် ပထမဦးဆုံးကြေညာခဲ့ပါသည်။ ယေရုရှလင်မြို့ရှိဗိမာန်တော်တွင်
ဗတ္တိဇံဆရာယောဟန်၏ မွေးဖွားခြင်းအကြောင်း ကို ယဇ်ပလ္လင်ရှေ့တွင်
အမှုတော်ဆောင်နေသော ဇာခရိအား ကြိုတင်ပြောကြား ခဲ့ပါသည်။ ကောင်းကင်တမန်များသည်
ဗက်လင်တောင်ကုန်းများပေါ်တွင် သခင်ယေရှု၏ မွေးဖွားခြင်းအကြောင်းကို
ကြေညာခဲ့ကြပါသည်။ မာကုပညာရှိများ သည် ကိုယ်တော်ရှင်အားဖူးမြော်နိုင်ရန်
ယေရုရှလင်မြို့သို့လာရောက်ရှာဖွေခဲ့ကြ ပါသည်။ ရှုမောင်နှင့်အန္နတို့သည်
ဗိမာန်တော်တွင် ကိုယ်တော်ရှင်၏ ဘုရားဇာတိတော်ကို သက်သေခံခဲ့ကြပါသည်။ ယေရုရှလင်မြို့နှင့်
ယုဒပြည်ရှိလူများသည် ဗတ္တိဇံဆရာယောဟန်၏ သွန်သင်ချက်များကို ကြားနာဖူးခဲ့ကြပြီး
ဆန်ဟီဒရှုအဖွဲ့ မှစေလွှတ်ထားခြင်းခံရသူများနှင့်တကွ များစွာသောလူတို့သည်
သခင်ယေရှုနှင့် ပတ်သက် သောယောဟန်၏ သက်သေခံချက်များကို ကြားဖူးခဲ့ကြသည်။ ခရစ်တော်
သည် ယုဒပြည်၌ ပထမဦးဆုံးသော တပည့်တော်များကိုရရှိခဲ့ပါသည်။ ထိုနေရာ၌ပင် ကိုယ်တော်၏
ရှေ့ပိုင်းအမှုတော်အများစုတို့ကို ဆောင်ရွက်တော်မူခဲ့ပါသည်။ ဗိမာန်တော် ဆေးကြောသော
အချိန်တွင် ထွန်းလင်းခဲ့ သောကိုယ်တော်၏ ဘုရား ဇာတိတော်သည်လည်းကောင်း၊ လူနာများကို
ကုသခြင်းနှင့်ဆိုင်သော နိမိတ်လ က္ခဏာများသည်လည်းကောင်း၊ ကိုယ်တော်၏
နှုတ်တော်ထွက်စကားများဖြစ်သည့် သမ္မာတရားဆိုင်ရာ သင်ခန်းစာများသည်လည်းကောင်း
ခပ်သိမ်းသောအရာများ သည် ဗေသေသဒရေကန်တွင်ရှိသော လူနာအားကုသခဲ့ပြီးနောက် ဆန်ဟီဒရင်
အဖွဲ့ရှေ့တွင်ကြေညာတော်မူခဲ့သော ကိုယ်တော်သည် ဘုရားသခင်၏ သားတော်
ဖြစ်သည်ဆိုသည့်အချက်ကို ကြေညာဖွင့်ဆိုနေကြပါသည်။
ယုဒခေါင်းဆောင်များသည်
ခရစ်တော်ကို လက်ခံကြိုဆိုခဲ့ကြလျှင် ကိုယ်တော်သည် ၎င်းတို့ကိုကမ္ဘာအား
ဧဝံဂေလိသတင်းစကားဟောကြား စေရန် တမန်တော်များအဖြစ် ဂုဏ်ပြုခဲ့လိမ့်မည်ဖြစ်ပါသည်။
ထာ၀ရဘုရား၏ ကရုဏာ တော်နှင့် နိုင်ငံတော်အတွက်ရှေ့ပြေးများဖြစ်လာဖို့ ၎င်းတို့အား
ပထမဦးဆုံးအ ခွင့်အရေး ပေးခဲ့ပါသည်။
သို့သော်လည်း ဣသရေလများသည်
ကိုယ်တော်ကြွလာသည့် အချိန်ကိုမ သိခဲ့ကြချေ။ ယုဒခေါင်းဆောင်များ၏ ငြူစူမှုများနှင့်
မယုံကြည်မှုများသည် ဗြောင် ကျကျမုန်းတီးခြင်းအခြေအနေအထိ ရင့်ကျက်ခဲ့ပြီး
ယုဒလူမျိုးများ၏ စိတ်နှလုံးကို ခရစ်တော်ထံမှ လွဲဖယ်စေခဲ့ပါသည်။
ဆန်ဟီဒရင်အဖွဲ့သည်
ခရစ်တော်၏ သတင်းစကားကိုငြင်းပယ်ခဲ့ပြီး ကိုယ်တော်အား အသေသတ်ရန်
အာရုံစူးစိုက်ခဲ့ကြပါသည်။ ထိုကြောင့် ကိုယ်တော် သည် ယေရုရှလင်မြို့မှလည်းကောင်း၊
ယဇ်ပုရောဟိတ်များထံမှလည်းကောင်း၊ ဗိမာန်တော်မှလည်းကောင်း၊ ဘာသာရေးခေါင်းဆောင်
များထံမှလည်းကောင်း၊ ပညတ်တော်ကို သွန်သင်ခြင်းခံရသော ယုဒလူမျိုးများထံမှလည်းကောင်း
စွန့်ခွာ တော်မူခဲ့ပြီး မိမိ၏သတင်းစကားကို ကြွေးကြော်ရန်အတွက်သော်လည်းကောင်း၊
ထိုဧဝံဂေလိသတင်းစကားကို လောကီနိုင်ငံအရပ်ရပ်သို့သွားရောက် ဟောကြား မည့်သူကို စုဆောင်းရန် အတွက်သော်လည်းကောင်း
အခြားလူတန်းစားများဆီသို့ ခြေဦးလှည့် တော်မူခဲ့ပါသည်။ ခရစ်တော်၏ နေ့ရက်များတွင်
လူများ၏ အ သက်ရှင်ခြင်းနှင့်ဆိုင်သော အလင်းတရားသည် ဘာသာရေးအာဏာပိုင်များ၏
ငြင်းပယ်မှုကိုခံခဲ့ရသကဲ့သို့ ဆက်တိုက်ပေါက်ဖွားလာသော လူမျိုးဆက်များ၏
ငြင်းပယ်မှုကိုလည်း ခံခဲ့ရပါသည်။ ယုဒပြည်မှခရစ်တော်ခဏခဏဆုတ်ခွာသွားခဲ့
ကြောင်းများကို ထပ်ခါတလဲလဲဖော်ပြခဲ့ပါသည်။ ဘာသာရေးပြုပြင်ပြောင်းလဲသူ များသည်
ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောကြားခဲ့ကြသောအခါ တည် ထောင်ထားပြီးဖြစ်သည့်
အသင်းတော်မှ မိမိတို့ခွဲထွက်ရန်မရည်ရွယ်ခဲ့ကြချေ။ သို့သော်
ဘာသာရေးခေါင်းဆောင်များသည် အလင်းတရားကိုသည်းမခံခဲ့ကြသဖြင့်
အလင်းတရားကြွေးကြော်ကြသူများသည် သမ္မာတရားကိုတောင့်တနေသူများအား
ရှာဖွေရန်မလွှဲမကင်း လုပ်ဆောင်လာရပါသည်။ ကျွန်ုပ်တို့ခေတ်၌ ဘာသာ
ရေးပြုပြင်ပြောင်းလဲသူများ၏ နောက်များထဲမှ အနည်းငယ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏
လှုံ့ဆော်တိုက်တွန်းမှုကို ခံကြရပါသည်။ လူအနည်းငယ်တို့သည် ဘုရားသခင်၏ အသံတော်ကို
နားထောင်လျက်ရှိကြပြီး မည်သည့်နည်းအားဖြင့် တင်ပြသည်ဖြစ်စေ၊
သင်ပြသောသမ္မာတရားကိုလက်ခံရန် အဆင်သင့်ရှိနေကြပါ သည်။ ထာ၀ရဘုရား၏
နှုတ်ကပတ်တော်သွန်သင်ချက်ရိုးရိုး ကလေးများကိုကြွေး ကြော်ရန်အလိုငှါ
ဘာသာရေးပြုပြင်ရေးသမားများ၏ ခြေရာကိုလိုက်လျှောက်နေ သူများအား
၎င်းတို့ချစ်သည့်အသင်းတော်များမှ မကြာခဏမဖြစ်မနေကွဲကွာစေ ခဲ့ကြပါသည်။ အလင်းတရားကို
လိုက်လံရှာဖွေနေကြသူများသည် နားထောင်မှု အားဖြင့် တုံ့ပြန်နိုင်ရန်အတွက်
ထိုသွန်သင်ချက်ကြောင့် ၎င်းတို့၏ဘိုးဘေးများ၏ အသင်းတော်ကိုမလွှဲမကင်း စွန့်ခွာခဲ့ကြပါသည်။
ဂါလိလဲပြည်သားများသည်
လူရိုင်းများ၊ ပညာမဲ့များအဖြစ် ယေရုရှလင်မြို့ရှိ ကျမ်းတတ်ဆရာများ၏
အထင်သေးခြင်းကို ခံခဲ့ကြရသော်လည်း သူတို့သည် ခရစ်တော်၏ အမှုတော်အတွက်သာ၍
အခွင့်အရေးကောင်းသော လုပ်ကွက်များ ဖြစ်ခဲ့ပါသည်။ သူတို့သည် ပို၍စိတ်အား
ထက်သန်ကြပါသည်။ ရိုးစင်းကြပါသည်။ တစ်ယူသန်မှုများ၏ ဩဇာလွှမ်းမိုးမှုပို၍
နည်းပါးကြပါသည်။ ၎င်းတို့၏ စိတ်ထား များသည် သမ္မာတရားကိုလက်ခံရန်အတွက်
ပို၍ဖွင့်ဟထားကြပါသည်။ သခင် ယေရှုသည် ဂါလိလဲသို့သွားခဲ့ခြင်းအားဖြင့် တသီးတခြား၊
သီးသီးသန့်သန့်နေထိုင်ရန် ကြိုးစားခြင်းမဟုတ်ချေ။ ထိုပြည်နယ်သည် ထိုအခါက ယုဒပြည်မှာကဲ့သို့
မဟုတ်ဘဲ လူမျိုးစုံရောနှောထားသော လူများနေထိုင်သည့် လူနေသိပ်သည်း ထူထပ်သော
ပြည်နယ်တစ်ခုဖြစ်ပါသည်။
သခင်ယေရှုသည်
ဂါလိလဲပြည်ကိုဖြတ်၍ ခရီးသွားစဉ် တရားဒေသနာဟော ကြားခြင်းနှင့်
လူနာကိုကုသခြင်းများကို ပြုတော်မူသောကြောင့် မြို့ရွာများမှ လူအုပ်ကြီးသည်
ကိုယ်တော့်ထံတွင် စုရုံးခဲ့ကြသည်။ များစွာသော လူများတို့သည်
ယုဒပြည်နှင့်အိမ်နီးချင်းပြည်နယ်များမှလာ ရောက်ခဲ့ကြပါသည်။ ကိုယ်တော်သည်
လူများထံမှမကြာခဏ ဖုံးကွယ်နေခဲ့ရပါသည်။ အကြောင်းမူကား ရောမအာဏာ ပိုင်များသည်
ပုန်ကန်ထကြွမှု တစ်ခုအတွက် စိုးရိမ်စိတ်များဖြစ်ပေါ်လာမည်ကိုစိုး သဖြင့်
ကြိုတင်သတိပြုရန် မဖြစ်မနေ လုပ်ဆောင်ရလောက်အောင် ယုဒလူများ၏ စိတ်အားထက်သန်မှုသည်
အလွန်မြင့်မားခဲ့ကြပါသည်။ ကမ္ဘာတွင်ထိုကဲ့သို့သော အခြေအနေမျိုးတစ်ခါမျှ
ယခင်ကမဖြစ်ပေါ်ခဲ့ဖူးချေ။ ကောင်းကင်နိုင်ငံတော်သည် လူသားများထံသို့
ယူဆောင်လာခြင်းကို ခံခဲ့ရပါသည်။ ဣသရေလများ၏ ကယ် တင်ခြင်းအတွက်
အချိန်ကြာမြင့်စွာကတည်းက စောင့်မျှော်ခဲ့ကြသော ဆာလောင် မွတ်သိပ်နေသည့် အသက်ဝိညာဉ်များသည်
ယခုတွင်ကြင်နာသနားတတ်သော ကယ်တင်ရှင်၏ ကရုဏာတော်ကို သုံးဆောင်နေခဲ့ကြရပါသည်။
ခရစ်တော်၏ ဆိုလိုရင်းတရားဟောချက်မှာ “အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏
နိုင်ငံတော်သည် တည်လုနီးပြီ၊ နောင်တရကြလော့၊ ဧဝံဂေလိတရားကိုယုံကြည်လော့” ဟူ၍
ဖြစ်ပါ သည်။ ထို့ကြောင့်သခင်ယေရှုကိုယ်တော်တိုင် ဟောကြားတော်မူခဲ့သော ဧဝံဂေလိ
သတင်းစကားသည် အနာဂတ္တိစကားများအပေါ် အခြေပြုထားပါသည်။ ကိုယ်တော် ရှင်
မိန့်တော်မူခဲ့သောပြည့်စုံရမည့် “အချိန်”သည် ဒံယေလအား ကောင်းကင် တမန်ဂါဗြေလက
အသိပေးခဲ့သော “အချိန်”ပင်ဖြစ်ပါသည်။ “လွန်ကျူးခြင်း အမှုကိုဆီးတား၍
အပြစ်ကိုတံဆိပ်ခတ်စေခြင်းငှါလည်းကောင်း၊ ဒုစရိုက်အပြစ် ကိုဖြေရှင်း၍
ထာ၀ရကုသိုလ်ကို သွင်းစေခြင်းငှါလည်းကောင်း၊ ဗျာဒိတ်ရူပါရုံနှင့်
အနာဂတ္တိဗျာဒိတ်တော်များတို့ကို တံဆိပ်ခတ်၍ အလွန်သန့်ရှင်း သောအရပ်ဌာန ကို
လိမ်းစေခြင်းငှါလည်းကောင်း၊ သီတင်းခုနစ်ဆယ်ကို သင်၏အမျိုးသားချင်း အဖို့နှင့်သင်၏
သန့်ရှင်းသောမြို့အဖို့ဆုံးဖြတ်ခြင်းရှိ၏။” ဒံယေလ ၉း၂၄။ အနာ
ဂတ္တိစကားတွင်ဖော်ပြသော တစ်ရက်သည် တစ်နှစ်နှင့်ညီမျှပါသည်။ တောလည် ၁၄း၃၄။
ယေဇကျေလ၄း၆။ ထိုကြောင့် သီတင်းခုနစ်ဆယ် (သို့မဟုတ်) ရက်ပေါင်းလေးရာကိုးဆယ်သည်
နှစ်ပေါင်းလေးရာကိုးဆယ်ဖြစ်ပါသည်။ ဤ နှစ်ပေါင်းလေးရာကိုးဆယ်ကို
အစပြုရေတွက်ရမည့်အချိန်ကိုလည်း ဒံယေလ၉း၂၅ တွင် ဖော်ပြထားပါသည်။ ယေရုရှလင်မြို့ကို
တစ်ဖန်တည်ထောင်ပြုစုစေခြင်းငှါ အမိန့်တော်ရှိသည့် နေ့မှစ၍ ခရစ်တော်သခင်၏
လက်ထက်တိုင်အောင်ခုနစ် သီတင်းနှင့် ခြောက်ဆယ့်နှစ်သီတင်းကြာလိမ့်မည်ဟု
သိမှတ်နားလည်လော့}} သီတင်းခြောက်ဆယ့်ကိုးပတ်သည်
နှစ်ပေါင်းလေးရာ့ရှစ်ဆယ်သုံးနှစ်ဖြစ်ပါသည်။ ယေရုရှလင်မြို့ကို ပြန်လည်တည်ဆောက်ရန်
ထုတ်ပြန်ခဲ့သောအဆုံးသတ်အမိန့် ပေးခဲ့သည့် အာတဇေရဇ်လောင်ဂျီမင်းနပ်စ်၏ အမိန့်သည်
ဘီစီ၄၅၇၏ဆောင်းဦး ရာသီတွင် အကျိုးသက်ရောက်ခဲ့ပါသည်။ ထိုအချိန်မှစ၍ နှစ်ပေါင်း
၄၈၃နှစ်ကိုရေ တွက်လိုက်လျှင် အေဒီ၂၇တွင် အဆုံးသတ်သွားပါသည်။ အနာဂတ္တိစကားအရ
ထိုနှစ်သည် ဘုရားသခင် ဘိသိက်သွန်းလောင်းတော်မူသည့် မေရှိယပေါ်ထွန်းရ
မည့်အချိန်ဖြစ်သည်ဟု အဆိုရှိသည့်အတိုင်း အေဒီ၂၇တွင် ခရစ်တော်သည် သန့်
ရှင်းသောဝိညာဉ်တော်၏ ဘိသိက်သွန်းလောင်းမှုကို ခံယူလျက်နှစ်ခြင်းမင်္ဂလာကို
ခံယူတော်မူခဲ့ပါသည်။ ထိုနောက်မကြာမီတွင်ပင် မိမိ၏အမှုတော်မြတ်ကို အစပြု
တော်မူခဲ့ပါသည်။ ထိုနောက်မှ “အချိန်ပြည့်စုံပြီ”ဟု ဟစ်ကြွေးတော်မူခဲ့ပါသည်။
ထိုနောက် “တစ်သီတင်းတွင်
လူအများတို့နှင့် ပဋိညာဉ်ဖွဲ့ခြင်းရှိ၍}} ဟူ၍ ကောင်းကင်တမန်
အနာဂတ်ပြုခဲ့သည့်အတိုင်း အထူးသဖြင့် ယုဒလူများထံတွင် ခရစ်တော်သည်
မိမိကိုယ်တိုင်သုံးနှစ်ခွဲလုံးလုံး ဧဝံဂေလိတရားတော်ကို ဟောကြား တော်မူခဲ့ပြီး
ကျန်သေးသည့်သုံးနှစ်ခွဲတွင်လည်း တမန်တော်များကဆက်လက်၍ ယုဒလူမျိုးများထံတွင်
ဟောကြားခဲ့ပါသည်။ “ထိုသီတင်းတစ်ဝက်တွင်
ယဇ်ပူ ဇော်ခြင်းနှင့်ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်”ဟု ကောင်းကင်တမန်ကြို
တင်ဟောကြားခဲ့သည့်အတိုင်း အေဒီ၃၁ ခုနှစ်၏မိုးရာသီတွင် ယဇ်ကောင်အ စစ်ဖြစ်တော်မူသော
ခရစ်တော်သည် ကရာနီကုန်းပေါ်ဝယ် ပူဇော်ခြင်းကိုခံတော်မူ ခဲ့ရပါသည်။ ထိုအချိန်တွင်
ယဇ်ပူဇော်ခြင်းနှင့်ပတ်သက်သော သန့်ရှင်းမွန်မြတ်ခြင်း များနှင့်
အရေးပါခြင်းများသည် ရပ်ဆိုင်းသွားပြီဖြစ်ကြောင်းပြသည့် အနေဖြင့် ဗိမာန်တော်မှ
ကန့်လန့်ကာသည့် အထက်မှအောက်သို့နှစ်ခြမ်းကွဲသွားခဲ့ပြီး လော ကနှင့်ပတ်သက်သော
ယဇ်ပူဇော်ခြင်းနှင့်ဆက်ကပ်ခြင်းများကို ရပ်ဆိုင်းရမည့်အ ချိန်သို့
ရောက်ရှိသွားခဲ့ပါသည်။
ထိုသီတင်းတစ်ပတ်
(သို့မဟုတ်) ခုနစ်နှစ်သည် အေဒီ (၃၄) ခုနှစ်တွင် အဆုံးသတ်ပါသည်။ ထိုနှစ်တွင်
ယုဒလူများသည် သတေဖန်ကို ခဲနှင့်ပေါက်၍ ကွပ် မျက်ခဲ့ခြင်းအားဖြင့်
နောက်ဆုံးတွင်ဧဝံဂေလိသတင်း စကားအား ငြင်းပယ်ခြင်းကို တံဆိပ်ခတ်လိုက်ကြပါသည်။
နှိပ်စက်ညှဉ်းဆဲခြင်းကြောင့် အရပ်ရပ်ကွဲလွင့်ခဲ့ ကြသော အသင်းဝင်များသည် လှည့်လည်၍
နှုတ်ကပတ်တော်တည်းဟူသော ဧဝံဂေလိတရားကို ဟောပြောကြ၏။ (တမန်တော် ၈း၄)။
များမကြာမီတွင် ခရစ် ယာန်များကို ညှဉ်းဆဲခဲ့သူရှောလုသည် ပြောင်းလဲလာကာ
တစ်ပါးအမျိုးသားများ၏ တမန်တော်ပေါလုဘ၀သို့ ရောက်လာခဲ့ပါသည်။
ခရစ်တော်ကြွလာမည့်အချိန်ကိုသော်လည်းကောင်း၊
သန့်ရှင်းသောဝိညာဉ် တော်အားဖြင့် ကိုယ်တော်အား ဘိသိက်ပေးခြင်းကိုသော်လည်းကောင်း၊
ကိုယ်တော် ၏အသေခံခြင်းနှင့် တစ်ပါးအမျိုးသားထံဧဝံဂေလိ သတင်းစကားဟောကြားခြင်း
များကိုလည်းကောင်း တိတိကျကျညွှန်ပြထားခဲ့ပါသည်။ ဤအနာဂတ္တိစကားများ
ကိုနားလည်ရန်နှင့် ခရစ်တော်၏ အမှုတော်အားဖြင့် ဤအရာများကိုပြည့်စုံစေ ကြောင်း
အသိအမှတ်ပြုရန် ယုဒလူများ၌ အခွင့်အရေးရှိကြပါသည်။ အနာဂတ် ဆိုင်ရာအကြောင်းအရာ
များကိုလေ့လာခြင်းသည် အရေးပါကြောင်းကိုလည်း ခရစ်တော်အနေနှင့် တမန်တော်များအား
တိုက်တွန်းပြောကြားတော်မူခဲ့ပါသည်။ အချိန်နှင့်ပတ်သက်၍ ဒံယေလအားပေးတော်မူခဲ့သော
အနာဂတ္တိစကားကို ရည်ညွှန်းလျက် ကိုယ်တော်မိန့်တော်မူသည်ကား “ကျမ်းစာကိုကြည့်သောသူသည်
နားလည်ပါစေ” (မဿဲ ၂၄း၁၅)ဟူသတည်း။ ခရစ်တော်သည် ခပ်သိမ်း
သောပုရောဖက်များမှတစ်ဆင့် ဗျာဒိတ်တော်များကို မိန့်တော်မူခဲ့ပါသည်။ “ခရစ်
တော်ခံတော်မူရသော ဆင်းရဲကိုလည်းကောင်း၊ ဆင်းရဲခံပြီးမှဝင်စားတော်မူရသော
ဘုန်းစည်းစိမ်ကိုလည်းကောင်း၊ သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်သည်
သက်သေခံသောအခါ---မေးမြန်းရှာဖွေ ကြ၏။” ၁ပေ၊ ၁း၁၁။
သားတော်ဘုရားပြီးလျှင်
အကြီးဆုံးသော ကောင်းကင်တမန်ဗိုလ်မင်းဖြစ် သော ဂါဗြေလသည် ဘုရားသခင်ပေးပို့လိုက်သော
သတင်းစကားနှင့်အတူ ဒံယေလ ထံသို့ ရောက်ရှိလာခဲ့ပါသည်။ ရှင်ယောဟန်အား အနာဂတ်ဗျာဒိတ်
ရူပါရုံများကို ပေးရန် ခရစ်တော်စေလွှတ်တော်မူသော ကောင်းကင်တမန်သည်လည်း ဂါဗြေလ
ပင်ဖြစ်ပါသည်။ သို့အတွက် ထိုအနာဂတ္တိကျမ်းစကားကို ကြည့်ရှုဖတ်ရွတ်နား ထောင်၍
ရေးထားသမျှတို့ကို စောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။ ဗျာဒိတ် ၁း၃။
“အကယ်စင်စစ်
အရှင်ထာ၀ရဘုရားသည် မိမိကျွန်ပုရောဖက်တို့အားမ ဖော်ပြဘဲ အဘယ်အမှုကိုမျှစီရင်တော်မမူ”
အာမုတ်၃း၇။ “မထင်ရှားသောအရာ တို့သည် ငါတို့ဘုရားသခင်ထာ၀ရဘုရား၏ အငန်းအတာဖြစ်ကြ၏။
ဖော်ပြတော်မူ သောအရာတို့သည် ကာလအစဉ်မပြတ် ငါတို့နှင့်ငါတို့သားသမီးများတို့၏
အငန်းအ တာဖြစ်၏” (တရားဟော ၂၉း၂၉)။ ထာ၀ရဘုရားသည်
ဤအနာဂတ္တိစကားများကို ကျွန်ုပ်တို့အား ပေးသနားတော်မူ၍ ကျမ်းစာမှဤအရာများကို
ရိုသေကိုင်းရှိုင်းစွာဖြင့် ဆုတောင်းလျက် လေ့လာဖတ်ရွတ်သောသူများအား ကိုယ်တော်သည်
ကောင်းချီးချ ပေးတော်မူပါသည်။
ခရစ်တော်၏
ပထမအကြိမ်ကြွလာခြင်း သတင်းစကားသည် ကိုယ်တော်၏ ကရုဏာနိုင်ငံတော်အကြောင်းကို
ကြေညာခဲ့သကဲ့သို့ကိုယ်တော်၏ ဒုတိယအ ကြိမ်ကြွလာခြင်း သတင်းစကားများသည်
ဘုန်းတော်နိုင်ငံအကြောင်းကို ကြေညာ နေပါသည်။ ၎င်းပြင် ဒုတိယအကြိမ်ကြွလာခြင်း
နှင့်ဆိုင်သောသတင်းစကားသည် ပထမအကြိမ်ကြွလာခြင်းနှင့်ဆိုင်သော သတင်းစကားကဲ့သို့ပင်
အနာဂတ္တိစကား များအပေါ်တွင် အခြေပြုထားပါသည်။ “နောက်ဆုံးသောနေ့ရက်များ”နှင့်စပ်လျဉ်း
၍ ဒံယေလအား ဂါဗြေလပြောဆိုခဲ့သော စကားများကို နောက်ဆုံးသော အချိန်များ တွင်
အသက်ရှင်နေထိုင်လျက်ရှိကြမည့် သူများနားလည်ကြရန်ဖြစ်ပါသည်။ ထိုအ ချိန်တွင် “အများသောသူတို့သည်
ထိုစာစောင်ကိုကြည့်ရှုသောအားဖြင့် ပညာတိုး ပွားလိမ့်မည်။” “မတရားသောသူတို့သည်
မတရားသဖြင့်ပြု၍ တစ်ယောက်မျှနား မလည်ရ။ ပညာရှိသောသူမူကား၊ နားလည်ကြလိမ့်မည်” ဒံယေလ
၁၂း၄၊၁၀။ ခရစ်တော်သည်ကြွလာခြင်းနှင့် ဆိုင်သောပုဗ္ဗနိမိတ်များကို
ကိုယ်တော်တိုင်ပြောပြ တော်မူခဲ့ပြီး “ထိုအကြောင်းအရာများဖြစ်သည်ကိုမြင်ရလျှင်
ဘုရားသခင်၏ နိုင်ငံ တော်တည်လုနီးသည်ကို သိမှတ်ကြလော့” ဟူ၍လည်းကောင်း၊ “သင်တို့သည်
ကိုယ်ကိုကိုယ်သတိပြုကြလော့၊ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊
လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်ရှိနေစဉ်တွင် ထိုနေ့ရက်သည်
အမှတ်တမဲ့သင်တို့ နှင့်တွေ့ကြုံလိမ့်မည်” ဟူ၍လည်းကောင်း၊ “ထို့ကြောင့် သင်တို့သည်
ဖြစ်လတ္တံ့သောအမှုအရာတို့နှင့် ကင်းလွတ်၍ လူသားထံသို့ရောက် ခြင်းကို
ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း၊ အစဉ်ဆုတောင်း လျက်စောင့်နေကြလော့”ဟူ၍လည်းကောင်း
မိန့်တော်မူခဲ့ပါသည်။ လုကာ ၂၁း၃၁ ၊၃၄၊၃၆။
ကျွန်ုပ်တို့သည်
ကျမ်းစာတွင် ကြိုတင်အနာဂတ္တိပြုခဲ့သော အချိန်ကာလ ကိုရောက်ရှိနေကြပါပြီ။
နောက်ဆုံးသော အချိန်သို့ရောက်ရှိလာပြီဖြစ်ပြီး ပုရောဖက် fများရရှိခဲ့သော
ရူပါရုံများသည် ထင်ရှားလာနေပြီဖြစ်ပါသည်။ ထိုရူပါရုံများ၏ ကြီးမားသော
သတိပေးချက်များသည် မကြာမီတွင် ဘုန်းတော်နှင့်ကြွလာမည့်
ခရစ်တော်ကြွလာခြင်းအကြောင်းကို ကျွန်ုပ်တို့အားပြညွှန်နေပါသည်။
ယုဒလူများသည် ဘုရားသခင်၏
နှုတ်ကပတ်တော်ကို မှားယွင်းစွာအ နက်ဖွင့်ခဲ့ကြပြီး
မှားယွင်းစွာအသုံးပြုခဲ့ကြပါသည်။ ၎င်းပြင် မိမိတို့အားအ ပြစ်ဒဏ်စီရင်မည့်
အချိန်ကိုလည်း သူတို့မသိရှိခဲ့ကြချေ။ ရွေးချယ်ခြင်းခံရသော ယုဒလူမျိုးများအတွက်
တန်ဖိုးကြီးမားလှသည့် ကရုဏာတော်၏ နောက်ဆုံးနှစ်များ ဖြစ်သည့် ခရစ်တော်နှင့်တကွ
တမန်တော်များ၏ အမှုတော်ဆောင်ရာနှစ်များတွင် ၎င်းတို့သည် ဘုရားသခင်၏စေတမန်များကို
သုတ်သင်ရှင်းလင်းရန်ကြံစည်နေခြင်း များဖြင့် အချိန်ကုန်လွန်စေခဲ့ပါသည်။ သူတို့သည်
လောကီနှင့်ပတ်သက်သော ရည်မှန်းချက်များတွင် မျောပါနေကြပြီး ဝိညာဉ်ရေးနှင့်ပတ်သက်သော
နိုင်ငံတော် ၏ကမ်းလှမ်းချက်သည် ၎င်းတို့အတွက်အချည်းနှီးဖြစ်ခဲ့ပါသည်။
ထိုနည်းတူစွာဤ ကမ္ဘာလောက၏ တိုင်းနိုင်ငံများသည် လူသားများ၏ ထင်မြင်ယူဆချက်များတွင်
နစ် မျောနေကြပြီး လျင်မြန်စွာပြည့်စုံနေသေ အနာဂတ္တိစကားများကိုလည်းကောင်း၊
လျင်မြန်စွာ ဖြစ်ပျက်လျက်ရှိသော ဘုရားသခင့်နိုင်ငံတော်၏ ပုဗ္ဗနိမိတ်များကို
လည်းကောင်း သူတို့ဂရုမမူမိကြချေ။
“သို့သော်လည်း
ညီအစ်ကိုတို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့သင်တို့ အ ပေါ်သို့ရောက်လာမည်အကြောင်း
သင်တို့သည် မှောက်မိုက်၌နေကြသည်မဟုတ်၊ သင်တို့အပေါင်းသည် အလင်း၏သား၊
နေ့၏သားဖြစ်ကြ၏။ ညဉ့်၏သား၊ မှောင်မိုက်၏သားမဟုတ်၊” ကျွန်ုပ်တို့သည် ကိုယ်တော်ရှင်
ပြန်လည်ကြွလာမည့်အ ချိန်နာရီကို မသိကြသော်လည်း နီးကပ်ကြောင်းကို
သိရှိနိုင်ကြပါသည်။ “သို့ဖြစ်၍ အခြားသောသူတို့သည် အိပ်ပျော်သကဲ့သို့
ငါတို့သည်အိပ်မပျော်ဘဲ သမ္မာသတိရှိ၍ စောင့်ကြကုန်အံ့။” ၁သက်သာ ၅း၄-၆။
No comments:
Post a Comment