အခန်း (၅)
“လူမှုဆက်ဆံရေးကိုအလေးပေးသောအသင်းအုပ်ဆရာတစ်ယောက်”
အခြားသောအသင်းအုပ်ဆရာတို့သည် အလွန်အဆင့်မြင့်သော ဘာသာ ရေးဆိုင်ရာလေ့လာမှုရှိပြီး၊ သာလွန်သောလက်တွေ့ သင်ခန်းစာများရှိနေကြ သည့်တိုင် ဆုံးရှုံးမှုနှင့်ကြုံတွေ့နေရချိန်တွင် အချို့သောအသင်းအုပ်ဆရာတို့ သည် သူတို့၏အမှုတော်ဆောင်လုပ်ငန်းတွင် တိုးတက်ကြီးပွားခြင်း ရှိကြပါ သည်။ သိသာထင်ရှားသော နည်းလမ်းများတို့ဖြင့် အရေးမပါလှသောဖြစ်ရပ်တို့ သည် လူတို့ကိုအဘယ်ကြောင့် မကြာမကြာထိခိုက်နစ်နာစေပါသနည်း။ အခြား သောသူတို့သည် အလွန်နည်းပါးလှစွာ ဆက်ကပ်သောသူတိုင်းအပေါ် ဆက် လက်ပြီး သစ္စာစောင့်သိနေချိန်တွင် လူတို့သည် အားမန်အပြည့်ရှိပြီး တက်ကြွမှု ရှိသောအသင်းတော်တို့ကိုအဘယ်ကြောင့်စွန့်ခွာသွားကြပါသနည်း။ မည်သည့် အရာက ခြားနားမှုကိုဖော်ဆောင်ပါသနည်း။ လူမှုဆက်ဆံရေးများပင် ဖြစ်ပါ သည်။ တောင့်တင်းခိုင်မာသောပုဂ္ဂိုလ်ရေးကျွမ်းကျင်မှုများရှိပြီး ကောင်းမွန် သော ဆက်ဆံရေးများကို ထူထောင်ရန် လုပ်ဆောင်ကြသောအသင်းအုပ်ဆရာ
များတို့သည် သူတို့သွားရောက်ခဲ့ကြသမျှသော နေရာအကုန်လုံးနီးပါးတို့တွင် လှုပ်ရှားရှင်သန်မှုရှိကြပါသည်။ သူတို့၏လုပ်ဖော်ကိုင်ဖက်များကဲ့သို့ တူညီ သောလက်တွေ့ လုပ်ဆောင်မှုများတို့နှင့်ထိတွေ့နေကြရသည့်တိုင် အထက်ပါ တောင့်တင်းခိုင်မာသော ပုဂ္ဂိုလ်ရေးကျွမ်းကျင်မှုမျိုးမရှိကြသော အသင်းအုပ် ဆရာများတို့မှာ ရုန်းကန်ရနိုင်ပါသည်။ ကောင်းသော အသင်းအုပ်ဆရာတစ် ယောက်သည် ကောင်းမွန်သော လူမှုဆက်ဆံရေးကျွမ်းကျင်မှုများကို လိုအပ်လှ ပါသည်။
“ကောင်းမွန်သောလူမှုဆက်ဆံရေးတို့ကိုတည်ဆောက်ခြင်း၏ အရေးပါမှု”
အရည်အချင်းရှိသောလူမှုဆက်ဆံရေးများတို့သည် အောင်မြင်မှုနှင့်ပြည့်၀ သည့် အသင်းအုပ်ဆိုင်ရာအမှုတော်ဆောင်ခြင်းလုပ်ငန်းအတွက် အဓိက သော့ ချက်များအနက်မှ သော့ချက်တစ်ခုဖြစ်ပါသည်။ ဦးဆောင်မှုဆိုသည်မှာ ကျွမ်း ကျင်မှုများကို အသုံးပြုပြီး လက်တွေ့လုပ်ဆောင်မှုကို အကောင်အထည်ဖော် ပေးနေသည့်အရာတစ်ခု မဟုတ်ပါ။ ထို့ပြင်မက ၎င်းအချက်သည် အချိန်တိုင်း တို့အတွက်အမှန်တရားပင် ဖြစ်ပါသည်။ ဦးစီးခေါင်းဆောင်မှုဆိုသည်မှာ ကောင်းမြတ်ပြီး ခိုင်မာသည့်လူမှုဆက်ဆံရေးတို့ကို မြေတောင်မြှောက်ပေးပါ သည်။
တောင်အမေရိကတိုက်ဒေသဌာနကြီးဆိုင်ရာ အမှုတော်ဆောင်ခြင်း အသင်းအဖွဲ့တွင် အမှုတော်ဆောင်ရွက်ရန် ကမ်းလှမ်းခြင်းခံခဲ့ရသောအချိန်ကို ကျွန်ုပ်ကြောက်ရွံ့မိခဲ့ပါသည်။ ကျွန်ုပ်သည် အနားယူပြီးသွားပြီဖြစ်သော အသင်းအုပ်ဆရာ တစ်ယောက်လည်းဖြစ်၊ ကျွန်ုပ်၏မိတ်ဆွေလည်းဖြစ်သူထံမှ အချို့သောအကြံဉာဏ်ကိုတောင်းခံခဲ့ပါသည်။ သူ၏ထောင့်မှန်စတုဂံတစ်ခုကို စာရွက်တစ်ခုပေါ်တွင်ရေးဆွဲပြီး “ဒါဟာ မင်းရဲ့အမှုတော်ဆောင်လုပ်ငန်းတစ် ခုဖြစ်တယ်” ဟူ၍ ပြောဆိုလိုက်ပါသည်။ ထို့နောက်တွင် သူသည် ထောင့်မှန် စတုဂံ၏ တစ်ဖက်ထောင့်စွန်းမှ အခြားထောင့်စွန်းသို့ မျဉ်းတစ်ကြောင်းကို ရေးဆွဲပြီးနောက် “မင်းရဲ့အမှုတော်ဆောင်လုပ်ငန်းရဲ့ ၅၀% ဟာ အသက် မွေးဝမ်းကျောင်းအလုပ်ကို ကျွမ်းကျင်ပိုင်နိုင်မှုအဖြစ်နဲ့၊ တခြား ၅၀% ဟာ လူမှုဆက်ဆံရေးတွေဖြစ်တယ်ဆိုတာကို မင်းနားလည်ထားဖို့အရေးကြီးတယ်။ မင်းအနေနဲ့ အသက်မွေးဝမ်းကျောင်းအပိုင်းကို လျှော့ချခြင်းအားဖြင့် အောင် မြင်မှုရနိုင်တယ်။ ဒါပေမယ့်မင်းမှာလူမှုဆက်ဆံရေးကို အလေးမပေးရင်တော့ မင်းရဲ့အမှုတော်ဆောင်လုပ်ငန်းမှာ မင်းအနေနဲ့ ဒုက္ခပြဿနာတွေနဲ့ကျိန်းသေ ပေါက်ကြုံရလိမ့်မယ်” ဟူ၍ ဆက်လက်ပြောပြခဲ့ပါသည်။ ထိုအချက်သည် မှန်ကန်မှုရှိမည်ဆိုသည်ကို ကျွန်ုပ်သိရှိလာနေရပါသည်။ ကျွန်ုပ်တို့၏အသင်း တော်အုပ်ချုပ်ရေးအဖွဲ့ဝင်များတို့သည် သာမန်လူများ၏ ကျွမ်းကျင်မှုပုံစံမျိုး မပါရှိသည့် ပိုမိုအရည်အချင်းပြည့်မီသည့် အသက်မွေးဝမ်းကျောင်းသမားများ တို့နှင့်အတူ အလုပ်လုပ်ရသည်ထက် သာမန်လူတို့၏ ကျွမ်းကျင်မှုမျိုးရှိသော လူတို့နှင့်သာ အတူတကွလုပ်ကိုင်ဆောင်ရွက်ကြရန် ပိုမိုလိုလားကြပါသည်။ “ကျွန်ုပ်အတွက်အလွယ်ကူဆုံးသောလူမှုဆက်ဆံရေးသည် လူပေါင်း (၁၀၀၀၀) နှင့်ဆက်ဆံရေးပင်ဖြစ်ပါသည်။ အခက်ခဲဆုံးသော လူမှုဆက်ဆံရေးမှာ လူတစ် ဦးနှင့် သာဆက်ဆံရေးပင်ဖြစ်ပါသည်” (Joan Baez).
ထိုကဲ့သို့သောသာမန်လူတို့၏ကျွမ်းကျင်မှုမျိုးရှိကြသည့်လူတို့နှင့် အစုအဖွဲ့ ပုံစံမျိုးဖြင့်လုပ်ဆောင်နိုင်ကြရန်မှာ အထူးလွယ်ကူလှပါသည်။ သူတို့သည် လူး သာလွန်သာအနေအထားမျိုးနှင့် ပွင့်လင်းသောစိတ်နေသဘောထားမျိုး ရှိကြ ပါသည်။ တိုးတက်မှုအတွက် လူမှုဆက်ဆံရေးကို တည်ဆောက်မြှင့်တင်ပေးမှု သည် ကျွန်ုပ်တို့ သင်ယူလေ့လာနိုင်သော ကျွမ်းကျင်မှုတစ်ခုပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့ရောက်ရှိနေသည့် နေရာတိုင်းတွင် ကောင်းမွန်သောလူမှုဆက်ဆံရေး များကို လုပ်ဆောင်နိုင်ကြရန်အတွက် ဆုတောင်းခြင်းအားဖြင့်စတင်ရကြပါ မည်။
သင်ကြားပို့ချခြင်း သို့မဟုတ် စီမံအုပ်ချုပ်ခြင်းကိုသာ အားပေးကြသော သူများဖြစ်ကြသည့်တိုင် အသင်းအုပ်ဆရာတိုင်းတို့သည် လူမှုဆက်ဆံရေး လုပ်ရပ်များတို့ကိုအလေးထားသင့်ကြပါသည်။ ဆုကျေးဇူးတော်ကိုခံစားရသော တရားဟောဆရာတစ်ယောက်သည် တရားဟောပြောချက်ကိုဟောပြောနေစဉ် အတွင်း သူ၏လူတို့နှင့်ထိတွေ့ ဆက်ဆံမှုပြုခြင်းဖြင့် သူတို့နှင့်နီးကပ်လာနိုင် အောင်ဆောင်ရွက်နိုင်ပါသည်။ သို့သော် တရားဟောပြောခြင်းတွင် အားမသန် သောအသင်းအုပ်ဆရာ တစ်ယောက်အနေဖြင့် ခိုင်မာသောလူမှုဆက်ဆံရေး နှင့်မိတ်သဟာယအသိစိတ်တို့ကို တည်ဆောက်နိုင်ဆဲဖြစ်ပါသည်။ ကျွန်ုပ်တို့ အနေဖြင့်အရာရာတိုင်းတို့တွင် မည်သူမျှ မကောင်းနိုင်ကြပါသော်လည်း ကျွန်ုပ် တို့၏လူမှုဆက်ဆံရေးများတို့သည် ထိုအရာအားလုံးတို့ကို တစ်စုတစ်စည်း တည်းဖြစ်သွားအောင် တွယ်ဆက်ပေးသည့်ဘိလပ်မြေ ဖြစ်ကြပါသည်။
“အသင်းသားများအပေါ်နားလည်ပေးခြင်း”
လူတို့ထံသို့အမှုတော်ဆောင်ရန်ဆိုသည်မှာ ကျွန်ုပ်တို့အနေဖြင့် သူတို့ကို သိရှိထားရကြပါမည်။ ကောင်းမွန်သော လူမှုဆက်ဆံရေးများတို့သည် လူတို့ကို စိတ်ပါ အောင်ဆွဲဆောင်ပေးပြီး၊ သူတို့၏စိတ်နှလုံးတို့ကိုဖွင့်ဟပေးကာ ကျွန်ုပ် တို့ကိုအချင်းချင်း နီးကပ်မှုရှိလာစေပါသည်။ ကျွန်ုပ်တို့၏ အမှုတော်ဆောင် လုပ်ငန်းအတွင်း အသင်းတော်ရှိအသင်းသူအသင်းသားများတို့နှင့် ကောင်းမွန် သောလူမှုဆက်ဆံရေးများကို တည်ဆောက်နိုင်သည့် နည်းလမ်းအချို့တို့အား ကျွန်ုပ်အနေဖြင့်စူးစမ်းတွေ့ရှိခဲ့ပါသည်။
အတွေ့ဆုံခံခြင်းနှင့်လမ်းလှမ်းမီနိုင်သောအနေအထားတွင်ရှိပါ - အသင်း အုပ်ဆရာများတို့သည် ရက်သတ္တပတ်အတွင်း မမြင်နိုင်သောအနေအထားတွင် ရှိနေကြပြီး၊ ဥပုသ်တော်နေ့တွင်လည်း သူတို့ကိုဆုံတွေ့နိုင်ရန်ဆိုသည်မှာ မဖြစ် နိုင်ပါဆိုသည့် ဖော်ထုတ်ပြောဆိုချက်ကိုသင်ကြားခဲ့ရဖူးပါသလား။ တံခါး၀တွင် သင်၏ အသင်းသူအသင်းသားတို့အား ကြိုဆိုနှုတ်ခွန်းဆက်ခြင်းသည် သင့် အနေဖြင့် လက်လှမ်းမီနိုင်သော အနေအထားရှိနေရန် ကြီးမားသောနည်းလမ်း တစ်ခုပင်ဖြစ်ပါသည်။ ဝတ်ပြုခြင်းမစတင်မီနှင့်စတင်ပြီးချိန်တို့တွင် တံခါး၀တွင် အမှုတော်ဆောင်ခြင်းတစ်ရပ်ကို တိုးတက်မှုရှိစေပါ။ ထိုနေရာတွင်ပင်ရှိနေကာ အတွေ့ဆုံခံခြင်းကိုကျင့်သုံးပါ။ ကြိုဆိုနှုတ်ခွန်းဆက်ခြင်းနှင့်ပတ်သက်သည့် ရွှင်ပျသောစကားလုံးတို့လောက် ကောင်းမွန်သော အရာမရှိပါ။ ထို့ပြင် သူတို့ ကို အပြုံးကလေးဖြင့်ကြည့်ပါ။ သူတို့ကိုအမည်နှင့်တကွခေါ်ပါ။ သူတို့အပေါ် မိတ်ဆွေပီသစွာနှင့်ကူညီလိုသည့်ပုံစံမျိုးဖြင့်ဆက်ဆံပါ။ အသင်းအုပ်ဆရာ တစ် ယောက်ဖြစ်သည့်အားလျော်စွာ သင်သည် ရိုးသားစစ်မှန်သော စိတ်ဝင်စားမှု နှင့်လေးစားမှုရှိခြင်းတို့ဖြင့် လူတို့ထံသို့ပြသပါ။
ပုံမှန်ရုံးတက်ရုံးဆင်းအချိန်များကိုကိုင်စွဲလုပ်ကိုင်ခြင်းအားဖြင့်၊ သင့်အနေ ဖြင့် သင်၏အသင်းဝင်လူစုတို့နှင့် ချိတ်ဆက်မှုလုပ်ရာတွင်လည်း အကူအညီ ဖြစ်စေပါသည်။ ရက်သတ္တပတ်အတွင်း သတ်သတ်မှတ်မှတ်ရှိသော အချိန် တစ်ခုကို သေချာအောင် သတ်မှတ်ပြီးနောက် အသင်းဝင်များတို့၏ လိုအပ် ချက်များတို့ကို ဂရုတစိုက်ကူညီပါ။ အသင်းတော်၏တရားဝင်ထုတ်ပြန်ကြေညာ ချက်အားဖြင့် သင်သည် အတွေ့ဆုံခံမည့်အကြောင်းကို အသိပေးဆက်သွယ် ဆောင်ရွက်ပြီးနောက် သင်နှင့် ပြောဆိုဆွေးနွေးလိုသူတို့အနေဖြင့် ချိန်းဆိုချက် တစ်ခုကို အသင်းတော်၏ အသင်းလူကြီးမှတစ်ဆင့် ပြုလုပ်နိုင်ပါသည်။ ဖန်တီးနိုင်စွမ်းရှိပါသည်။ ထို့နောက်တွင် သင်၏ အသင်းသားအစုဝင်တို့နှင့် လက်လှမ်းမီနိုင်သော အနေအထားမျိုးကို ရရှိနိုင်ရန်အတွက် အကောင်းဆုံး သောနည်းလမ်းကိုရှာကြံပါ။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အသင်းသူအသင်းသားတို့နှင့် ပိုမို၍အတွေ့ဆုံ ခံရေးနှင့် လက်လှမ်းမီနိုင်သော အနေအထားတွင်ရှိနေနိုင်ရန် ကြိုးစားရာတွင် မကြာခဏ အခက်အခဲများတို့နှင့်ကြုံတွေ့ရတတ်ကြပါသည်။ အကယ်၍သာ တစ်စုံတစ်ယောက်သည် စီစဉ်ထားသည့်အတိုင်းထက် အချိန်ကိုပိုမိုယူပါက မည်သို့သောအခြေအနေ ဖြစ်လာနိုင်မည်နည်း။ ကျွန်ုပ်၏ကိုယ်ပိုင်အမှုတော် ဆောင်ခြင်းအတွင်း၊ ဤကဲ့သို့သော ပြဿနာမျိုးနှင့် မကြာမကြာလုံးထွေးနေရ ပါသည်။ ကျွန်ုပ်သည် တွေ့ဆုံညှိနှိုင်း ဆွေးနွေးခံရခြင်းကို လိုလားပါသည်။ သို့သော်လည်း တစ်ချိန်တည်း၌ ငါဟာ အသင်းတော်မှာဘယ်နေရာမှာ အလို အပ်ခံရဆုံးဖြစ်ပါသလဲ ဆိုသည့်မေးခွန်းမျိုးကို ကျွန်ုပ်အနေဖြင့် တစ်ခါတစ်ရံ မိမိကိုယ်ကိုပြန်လည်မေးမြန်းရပါလိမ့်မည်။
“သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့်အသင့်အတင့်နေကြလော့” (ရောမ ၁၂း၁၈)။
သူတို့၏ အသင်းအုပ်ဆရာတစ်ယောက်အဖြစ် အသင်းသူအသင်းသား အစုအဝေးတို့သည် ဥပုသ်တော်နေ့နှင့် ရက်သတ္တပတ်တစ်ပတ်လုံးတွင် ဘုရား သခင်၏ နှုတ်တော်ထွက်စကားတော်ဖြင့် ဝိညာဉ်ရေးရာကိုပြုစုပျိုးထောင်ပေး ရန်အတွက် ကျွန်ုပ်ကိုလိုအပ်ကြပါသည်။ ဤအချက်သည် ကျွန်ုပ်အားလုံ လောက်သောဆုတောင်းခြင်းနှင့် သင်ကြားရယူမှုအချိန်တို့အတွက် အချိန်ပေး ရန်တောင်းခံခြင်းပင်ဖြစ်ပါသည်။ အကြောင်းမသင့်စွာနှင့်ပင် အချို့သော လူ တို့ကို သူတို့လိုချင်သည့်ပုံစံမျိုးဖြစ်သည့် တစ်ဦးချင်းတစ်ယောက်ချင်းနှင့်တွေ့ ဆုံဆွေးနွေးချိန်ပေးခြင်းကို ကျွန်ုပ်အမြဲတစေ မလုပ်ဆောင်ပေးနိုင်ခြင်းပင်ဖြစ် ပါသည်။ အခြားသောနေရာဒေသများတို့သို့ သွားရောက်အမှုတော်ဆောင် ရာတွင် လုံလောက်သောအချိန်ကို ရယူနိုင်ရန်အတွက် ကျွန်ုပ်၏ လည်ပတ် ကြည့်ရှုခြင်းနှင့်အကြံဉာဏ်ပေးခြင်းကို ကန့်သတ်ရန်အတွက် အချို့သော ဆုံးဖြတ်ချက်တို့ကို ခက်ခက်ခဲခဲဖြင့်ဆုံးဖြတ်ခဲ့ရပါသည်။
သူတို့၏အသင်းအုပ်ဆရာတို့အနေဖြင့် အချိန်အကန့်အသတ်များတို့ဖြင့် အလုပ်လုပ်နေရကြသည်ကို အသင်းသားအသင်းသူတို့အနေဖြင့် သတိမူမိကြ ရန် မကြာခဏပျက်ကွက်ခဲ့ကြပါသည်။ အသင်းအုပ်ဆရာတစ်ယောက်အနေ ဖြင့် အသင်းသူ အသင်းသားတို့အား ထိုအချက်ကို သတိမူမိကြစေရန်အတွက် သူတို့ကိုကူညီသည့်အနေဖြင့် ကန့်သတ်ချက်များကိုချမှတ်ထားပေးရန် လိုအပ် ပါသည်။ သင်၏အချိန် သို့မဟုတ် လုပ်ငန်းအစီအစဉ်ကို အသင်းသား တစ်ယောက်အား လက်ဝါးကြီးအုပ် အပိုင်စီးစေရန် ခွင့်မပြုပါနှင့်။ သင်သည် သင်၏အသင်းတော်ရှိ အသင်းသားအားလုံးတို့၏ အသင်းအုပ်ဆရာတစ် ယောက်ဖြစ်ပြီး အနည်းငယ်သam အသင်းသားတို့၏ အသင်းအုပ်ဆရာ တစ် ယောက်မဟုတ်ပါ။ အသင်းအုပ်ဆရာတို့သည် မိမိတို့ရရှိသော အချိန်များမှ ၈၀% ကို သူ၏လုပ်ဆောင်ရမည့်တာဝန်ဝတ္တရားတို့ဖြင့် ကုန်လွန်စေရမည်ဖြစ် ပြီး ၂၀% ကိုမူ သူတို့၏အသင်းသားအသင်းသူတို့နှင့် ကုန်လွန်စေရပါမည်။ ဤအချက်သည် ပြဿနာဖြစ်လာစရာအကြောင်းမရှိပါ။
ပြဿနာနှင့်ထိတွေ့ရာတွင် ကျွန်ုပ်သည် လူတစ်ယောက်ကိုအကြံဉာဏ် ပေးခြင်း သုံးကြိမ်ဆက်တိုက်ထက်ပိုမိုသောအချိန်ကိုအသုံးမပြုရန် ကျွန်ုပ်ဆုံး ဖြတ်ထားပါသည်။ ဖျားနာခြင်းကိစ္စ သို့မဟုတ် တစ်ဦးတစ်ယောက်၏ ကွယ် လွန်သွားခြင်းအတွက်၊ ပူဆွေးသောကရောက်ကြသော အရေးကိစ္စအတွက် ကနဦးလည်ပတ်မှုပြီးသည်နောက် ကျွန်ုပ်သည် ကျွန်ုပ်၏အထက်အကြီးအကဲ တို့ကို ကျွန်ုပ်တို့၏ချစ်ခြင်း မေတ္တာနှင့်သောကပူဆွေးမှုတို့ကို ဖော်ပြပေးရန် အတွက် နောက်ဆက်တွဲလည်ပတ်ခြင်းတွင်ပါဝင်ကြရန် အကြံပေးပါသည်။
လူမှုဆက်ဆံရေးများတို့ကိုတည်ဆောက်ပါ - လူမှုဆက်ဆံရေးကို တည် ဆောက်ရန်အတွက် ပမာဏကြီးမားသော စွမ်းအားမျိုးရှိရကြပါမည်။ ခေါင်း ဆောင်တစ်ဦးဖြစ်သည့်အားလျော်စွာ သင့်အနေဖြင့် မိမိကိုယ်ကိုမိမိဦးဆောင် ခြင်းအပါအဝင် ကြီးမားသော ပမာဏရှိသည့်စွမ်းအားမျိုးလိုအပ်သည့် အခြား သော တာဝန်ယူမှုများရှိနေပါသည်။ သို့သော်လည်း သင်ဦးဆောင်သော လူတို့ နှင့်လူမှုဆက်ဆံရေးတို့တွင် သင်က ရင်းနှီးမြှုပ်နှံသောအခါတွင်မူ သင်သည် အားပေးတိုက်တွန်းမှု၊ လှုံ့ဆော်အားပေးမှုနှင့် အထောက်အပံ့တို့ကို ကောင်း သောကာလနှင့်ဆိုးသောအချိန်တို့တွင် ပေးကမ်းနိုင်သော ကွန်ရက်တစ်ခုကို တည်ဆောက်ပေးရာရောက်ပါသည်။ လူမှုဆက်ဆံရေးတို့ဆိုသည်မှာ အပြန် အလှန်သဘောကို ဆောင်ကြပါသည်။ အခြားသောသူတို့အပေါ် အပြုသဘော ထားသည့် သဘောထားကိုထိန်းသိမ်းထားပါက သူတို့သည်လည်း ထိုနည်း အတိုင်းပင်ကျင့်သုံးကြပေမည်။
ချစ်ခြင်းမေတ္တာကိုပြသပါ - လွန်ခဲ့သောနှစ်အတော်များများတွင် ကျွန်ုပ်သည် အသင်းအုပ်ဆရာအများအပြားတို့ကို လက်တင်မင်္ဂလာပေးခဲ့ပါသည်။ ဤလုပ်ငန်းစဉ်အတွင်း ထိုသင်းအုပ်ဆရာတို့အပေါ် အချို့သောအသင်းသူ အသင်းသားတို့က သူတို့ကို အကဲခတ်နေကြသည်ကို တွေ့မြင်နေရပါသည်။ အချို့သောအခြေအနေတို့တွင် သူတို့၏အသင်းအုပ်ဆရာတို့နှင့် တူညီမှုမရှိ ကြသည့်အပြင်၊ သူတို့၏ အသင်းအုပ်ဆရာတို့အပေါ်ရိုင်းပျမှုများကိုပင် ပြသခဲ့ ကြပါသည်။ အားလုံးသော အသင်းသူအသင်းသားတို့က သင့်အပေါ်ချစ်ခြင်း မေတ္တာထားရှိကြသည့်တိုင် သို့မဟုတ် သင်ကဲ့သို့သောအသင်းအုပ်ဆရာ တစ် ယောက်အဖြစ် လိုလားနှစ်သက်သည်ဖြစ်စေ သူတို့အားလုံးတို့အပေါ်တွင်မူ ချစ်ခြင်းမေတ္တာထားရှိရန် သင်၌တာဝန်ယူရမှုရှိနေဆဲ ဖြစ်ပါသည်။
သခင်ယေရှုက (ယောဟန် ၁၃း၃၄-၃၅) တွင် “သင်တို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက်ချစ်ကြလော့။ ငါသည် သင်တို့ကိုချစ်သည်နည်းတူ သင်တို့အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်တို့ကိုငါထား၏။ သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့ သည် ငါ၏တပည့်ဖြစ်သည်ကိုသိကြလိမ့်မည်” ဟူ၍ မိန့်တော်မူခဲ့ပါသည်။ အချို့သော အသင်းအုပ်ဆရာတို့သည် သူတို့၏ အသင်းသူအသင်းသားတို့ အကြောင်းကို အကြင်နာကင်းမဲ့သောနည်းလမ်းများတို့ဖြင့် ဖော်ပြပြောဆိုကြ ပါသည်။ ထို့အပြင် သူတို့၏ အသင်းအုပ်ဆရာတို့က သူတို့အပေါ် အကြင်နာ တရားကင်းမဲ့စွာဖြင့် ပြုမူဆက်ဆံကြသည့်အကြောင်းကို သာမန်လူတို့၏ဖော်ပြ ပြောဆိုမှုကိုလည်း ကျွန်ုပ်ကြားသိရပါသေးသည်။ ဤအချက်သည် သင့်အနေ ဖြင့် ဖုံးကွယ်ထား၍မရနိုင်သောအရာဖြစ်ပါသည်။ သင့်အနေဖြင့် သူတို့အား ချစ်ခင်ကြောင်းကို လိမ်လည်ပြောဆိုမိပေလိမ့်မည်။ သို့သော် မကြာမီသို့မဟုတ် နောက်ပိုင်းတွင် သူတို့သည် အမှန်တရားကိုသိရှိ လာကြပေလိမ့်မည်။ သင်လို ချင်သောအရာများအားလုံးတို့ကို သင့်အနေဖြင့်သူတို့အား ဟောပြောနိုင်သော် လည်း သူတို့သည် သင့်အပေါ်ချစ်ခြင်းမေတ္တာမထားရှိနိုင်ပါက သူတို့ကိုသင်က အသင်းအုပ်ပုံစံဖြင့်အုပ်ချုပ်ခြင်းကို သင့်အနေဖြင့် သူတို့၏ခွင့်ပြုမှုကို ခံယူရရှိ နိုင်မည်မဟုတ်ပါ။ “ကောင်းမြတ်သောအရာကို အခြားသောသူတို့ထံတွင် သင် ရှာဖွေပါက၊ သင့်ထံ၌သာအကောင်းဆုံးသောအရာရှိနေကြောင်းကို သင်စူးစမ်း သိရှိရပါတော့သည်” (Martin Walsh).
အချို့သောအသင်းတော်တို့တွင် သူတို့၏ လူတို့အပေါ် သဘောရိုးဖြင့် ချစ်ခြင်းမေတ္တာမထားရှိတတ်သော အသင်းအုပ်ဆရာများရှိနေကြသည်ကို ဝမ်း နည်းဖွယ်တွေ့ရှိနေရပါသည်။ ပြောဆိုသည့်စကားလုံးတို့သည် အရေးကြီးလှပါ သည်။ သို့သော်လည်း ထိုစကားလုံးတို့သည် သင့်လျော်သောအပြုအမူများတို့ နှင့်ပေါင်းစည်းမိသောအချိန်တွင်သာလျှင် သူတို့သည် အမှန်တရားအသံထွက် ပေါ်လာပါသည်။ အသင်းအုပ်ဆရာတစ်ယောက်အနေဖြင့် သူပြောဆိုသော ခင်တွယ်ချစ်ခင်မှုသည် သူ၏ အပြုအမူများတို့တွင် အခိုင်အမာပေါ်လွင်နေ သည်ကို အသင်းသူအသင်းသားများက တွေ့ရှိနေရကြပါက သူတို့သည် ထို အသင်းအုပ်ဆရာကို ပိုမို၍ဂုဏ်ယူအသိအမှတ်ပြုကြပါသည်။
လေးစားမှုရှိသောစိတ်နေသဘောထားမျိုးထားရှိပါ - ခေါင်းဆောင်မှုနှင့် လေးစားသမှုရှိခြင်းတို့သည် ထိုက်တန်သော ပိုင်ဆိုင်မှုပင်ဖြစ်ပါသည်။ ဤ ပင်ကိုယ် အရည်အချင်းတို့သည် မည်သည့်အခါမျှအစဉ်အမြဲမှန်ကန်မှု မရှိရ ခြင်းမှာ နာမည် သို့မဟုတ် အနေအထားကြောင့်ဖြစ်ပါသည်။ သူတို့သည် အမှန်တရားများတို့ကို ရရှိနေကြပါသည်။ တစ်ယောက်က ကောင်းမွန်သော ခေါင်းဆောင်မှုကိုမျှဝေခြင်းအားဖြင့် ဦးဆောင်ခြင်းအခွင့်အရေးကို ရယူနိုင်ပါ သည်။ တစ်ယောက်မှာမူ လူတို့ကို ချစ်ခြင်းမေတ္တာရှိပြီး၊ အစေခံမှုရှိသော ခေါင်းဆောင်တစ်ဦးသည် သူ့နောက်သို့ လူတို့၏ စိတ်လိုလက်ရလိုက်ပါခြင်း ကိုခံရပါသည်။ လူတို့ကိုချစ်ခြင်းမေတ္တာထားရှိရန်နှင့်လေးစားမှုရှိရန် ပျက်ကွက် မှုတစ်ခုသည် မည်သည့်အမှုတော်ဆောင်ခြင်းလုပ်ငန်းတွင်မဆို သေရေးရှင် ရေးတမျှဖြစ်သောအမှားကို ကျူးလွန်ရာရောက်သည်။
အသင်းအုပ်ဆရာတစ်ယောက်သည် အသင်းတော်တွင်ရှိနေကြသော သူ တို့ကို အမှန်တကယ်ချစ်ခြင်းမေတ္တာထားရှိပါက ထိုအသင်းအုပ်ဆရာ၏ အား ငယ်သောအမှားတို့ကို ထိုလူတို့က စိတ်လိုလက်ရခွင့်လွှတ်ကြပေလိမ့်မည်။ အပြန်အလှန်အားဖြင့် ခင်တွယ်ချစ်ခင်မှုပျက်ကွက်ခြင်းကြောင့် လူတို့သည် အသင်းအုပ်ဆရာ၏အားငယ်သောအမှားများတို့ကို ချဲ့ကားပြောဆိုကြသည်ကို ကျွန်ုပ်တွေ့ရှိရပါသည်။ လူတို့သည် အရေးပါလှသော စကားဖြစ်သည့် ကျွန်ုပ် တို့၏ အမှုတော်ဆောင်သည် ကျွန်ုပ်တို့အား ချစ်ခြင်းမေတ္တာမရှိပါဆိုသည့် စကားမျိုးထွက်ပေါ်လာသည်အထိ အသင်းအုပ်ဆရာ၏အမှားများပြုလုပ်သည့် စာရင်းဇယားသည် အရေးမကြီးလှသကဲ့သို့ထင်မှတ်ရပါသည်။ ထိုနောက်တွင် အမှုတော်ဆောင်လုပ်ငန်းဖြစ်တည်မှုမရှိနိုင်တော့ပါ။
မျှတမှုတစ်ခုအဖြစ်ပြစ်တင်ဝေဖန်သော အကျည်းတန်သည့်စိတ်ဓာတ်မျိုးသည် ကျွန်ုပ်တို့၏ ယဉ်ကျေးမှုအတွင်း ပျံ့နှံ့ဝင်ရောက်သွားတတ်ပါသည်။ ဤကဲ့သို့သောအလားတူလောကီရေးရာသဘောထားမျိုးသည်တစ်ခါတစ်ရံတွင် အသင်းတော်တွင်းသို့ စီးကျယိုစိမ့်ကျလာနိုင်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ဤအခြေအနေမျိုးသို့ ရောက်ရှိသွားအောင်ခွင့်မရနိုင်ကြပါ။ “ကျွန်ုပ်တို့၏ချစ် ခြင်း မေတ္တာအားဖြင့် ကျွန်ုပ်တို့သည် ခရစ်ယာန်များဖြစ်ကြကြောင်းကို သူတို့ သိရှိကြပါလိမ့်မည်” ဆိုသည့်အချက်ကိုသတိရပါ။
“ဦးစီးခေါင်းဆောင်တို့အချင်းချင်းအပေါ် နားလည်ပေးပါ”
အသင်းအုပ်ဆရာတစ်ယောက်အနေဖြင့် မတူကွဲပြားသော လူမှုဆက်ဆံ ရေးတို့ကို ထိန်းသိမ်းထားတတ်ကြပါသည်။ သူ၏အသင်းလူကြီးများ၊ အသင်း ထောက်များနှင့်အခြားသော ခေါင်းဆောင်တို့နှင့်ဆက်ဆံရေးတို့သည် အရေး တကြီးရှိလှပါသည်။ ဤနယ်ပယ်အဝန်းတွင် စိတ်ပင်ပန်းမှုများရှိလာကြပါက ကြီးမားသောအသင်းတော်၏ စွမ်းအင်တို့သည် ဆုံးရှုံးမှုရှိပါတော့သည်။ သူတို့ သည် အိပ်မပျော်သောညများတို့ကို ကြုံတွေ့ခံစားလာရနိုင်ခြေရှိကြပြီး အသင်း အုပ်ဆရာ၏ ဇနီးသည်သည်လည်း ထိုအခြေအနေမျိုးကို ပိုမိုခံစားရနိုင်ခြေရှိ ပါသည်။ အသင်းတော်အတွင်း သင်၏ ပျော်ရွှင်မှုနှင့်အကျိုးထိရောက်မှုရှိစေ ရေးအတွက်၊ ထို့အပြင် အိမ်ထောင်မိသားစုတွင်း၌ ဟန်ချက်ညီမျှမှုရှိစေရေး အတွက် ခိုင်မာသော လူမှုဆက်ဆံရေးများကို တိုးတက်မှုရှိစေရေးအတွက် အချိန်ကိုရယူပါ။
သင်၏အသင်းတော်လူကြီးများတို့နှင့်ပုံမှန်တွေ့ဆုံခြင်းသည် လူမှုဆက်ဆံ ရေးတည်ဆောက်မှုကို အရေးပါအရာရောက်လှသည့် ကူညီမှုကို ပေးနိုင်ပါ သည်။ အသင်းတော်လူကြီးများအနက် တစ်ဦးတစ်ယောက်သော အသင်း လူကြီးတစ်ဦးကို သူ၏ဇနီးသည်နှင့်မိသားစုများတို့နှင့်အတူ ဘုရားကျောင်း၊ သို့မဟုတ် သူ၏အိမ်တွင် တွေ့ဆုံနိုင်ပါသည်။ ပုံမှန်စိတ်ဝင်စားစရာအကြောင်း အရာတို့အကြောင်းကို စိတ်လွတ်ကိုယ်လွတ်ဖြင့် ဆွေးနွေးပါ။ သို့သော် ၎င်း တွေ့ဆုံမှုသည် အလုပ်သဘောအရမဟုတ်ဘဲ ခင်မင်ရင်းနှီးမှုအတွက်သာ ဖြစ်သည်ဆိုခြင်းကိုသတိရပါ။
အကြီးအကဲ၏ ပုံမှန်ဆိတ်ငြိမ်ရာရိပ်သာတို့ကို စတင်ဖော်ဆောင်ပေးပါ။ ဤလုပ်ရပ်သည် သင့်အားအသင်းတော်၏အစီအစဉ်ကို စီစဉ်ရန်နှင့်အကဲဖြတ် ရန်အတွက် အချိန်ကို ဆက်ကပ်အသုံးပြုရန် သင့်အားခွင့်ပြုပေးပါသည်။ သင်၏အသင်းတော်အကြီးအကဲတို့ကို ဂုဏ်ယူအသိအမှတ်ပြုပေးခြင်းကို ပြသ သည့်အကျင့်ဓလေ့ကို ပျိုးထောင်ပေးသည့်အပြင်၊ အသင်းတော်၏ လှုပ်ရှားမှု များတွင် ပါဝင်ဆောင်ရွက်သော သူတို့ကိုပါ ဂုဏ်ယူအသိအမှတ်ပြုပါ။ ကျွန်ုပ် သည် ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်များတွင် အားလုံးသောအသင်း တော်အကြီးအကဲ (အသင်းလူကြီး) များတို့ကို ပါဝင်စေကြရန် ကြိုးစားပါသည်။ ဤလုပ်ရပ်သည် ကျွန်ုပ်တို့အနေဖြင့် ရှေ့သို့အတူတကွတက်လှမ်း ဆောင်ရွက် ကြသည်ဆိုသည့်ခံစားချက်မျိုးကို သူတို့အား ခံစားမှုရှိလာကြစေပါသည်။ ကျွန်ုပ်သည်သူတို့ကို “ဟုတ်ပါ့သမားများ” အဖြစ်အလိုမရှိပါ။ အသင်းအဖွဲ့ ပုံစံမျိုးဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်းသည် အလွန်အကျိုးဖြစ်ထွန်းမှုရှိပါသည်။
အသင်းအုပ်ဆရာနှင့် အသင်းတော်ဖွဲ့စည်းပုံတစ်ရပ်လုံးတို့၏ ညွှန်ကြား ချက်ကိုဆီးတားမှုပြုလုပ်တတ်သည့်ခေါင်းဆောင်မှုအဖွဲ့ဝင်တစ်ယောက်တလေ မျိုး အသင်းတော်များတို့တွင် ရံဖန်ရံခါရှိနေတတ်ပါသည်။ ဤဖြစ်ရပ်မျိုး ဖြစ် ပေါ်လာပါက ထိုကဲ့သို့သောသူကို မေတ္တာထားပါ။ သူ့အပေါ်အတွင်းလှိုက်စား သည့်အပြုအမူမျိုးလုပ် မိရန်မကြိုးစားပါနှင့်။ ဤကဲ့သို့သောအဖွဲ့ဝင်တစ်ဦးခြင်း အပေါ် လူသိထင်ရှားသောပုံစံမျိုးဖြင့် သူ့အားဂုဏ်ယူအသိအမှတ်ပြုကြောင်း ကိုပြသပါ။ တစ်ခါတစ်ရံတွင် ပြဿနာ၏ အရင်းအမြစ်သည် မည်သည့်အရာမျှ မဟုတ်ဘဲ ဆက်သွယ်မှုမရှိခြင်း သို့မဟုတ် ပုဂ္ဂိုလ်ရေးပြဿနာတစ်ခုထက်မပိုပါ က မည်သည့်အခါမျှဘက်လိုက်ခြင်းမပြုပါနှင့်။ ၎င်းအစားစည်းလုံးမှုအတွက် ခွန်အားပေးပါ။
အသင်းတော်အမှုထမ်းနှင့်အပြန်အလှန်အကျိုးပြုပါ - အသင်းတော် အမှု ထမ်းများဖြစ်ကြသည့် အခြားသောအသင်းအုပ်ဆရာများ၊ အတွင်းရေးမှူးများ သို့မဟုတ် အလုပ်သင်ဝန်ထမ်းများတို့နှင့် ကောင်းမွန်သောလူမှုဆက်ဆံရေးကို မြေတောင်မြှောက်ပေးရန်မှာ အရေးကြီးသော အချက်ဖြစ်ပါသည်။ “သင်၏ အကြီးအကဲ သူ၏လုပ်ငန်းဆိုင်ရာအစုအဖွဲ့ကြီးနှင့် သင်၏လုပ်ဖော်ကိုင်ဖက်တို့ အပေါ် သစ္စာစောင့်သိပါ။ တစ်စုံတစ်ယောက်သည် သင့်အားအမြဲတမ်းနားစွင့် နေပါသည်” (ဘရိုင်ယံ(န်) ထရေစီ)။ ဤလူမှုဆက်ဆံရေးများတွင် ကောင်းမွန် သော ဆက်သွယ်ရေးလုပ်ငန်းသည် အဓိကသော့ချက်ပင်ဖြစ်ပါသည်။ အခြား သော ရက်သတ္တပတ်တိုင်းတို့တွင် ဝန်ထမ်းအစည်းအဝေးများတို့မှတစ်ဆင့် အသင်းတော်ဝန်ထမ်းတို့နှင့် ထိတွေ့မှုရှိခြင်းအားဖြင့် ကောင်းမွန်သော လူမှု ဆက်ဆံရေးကို ထိန်းသိမ်းထားရန် ကျွန်ုပ်ကြိုးစားခဲ့ပါသည်။ အတူတကွ ဆုတောင်းကြကာ အမှုတော်နှင့်ပတ်သက်သည့် သတင်းအချက်အလက်တို့ကိုမျှဝေကြပါသည်။
အသင်းတော်အကြီးအကဲများဖြစ်ကြသည့်အလျောက် ဤလက်တွေ့ကျ သည့်လုပ်ဆောင်မှုသည် တစ်ယောက်နှင့်တစ်ယောက်နားလည်မှု လွဲမှားမှုကို ရှောင်လွှဲနိုင်ကြရန်အတွက် ကျွန်ုပ်တို့ကို မကြာမကြာ ကူညီပေးပါသည်။ အသင်းဝင်တစ်ယောက်သည် ကျွန်ုပ်၏ မိတ်ဖက်အသင်းအုပ်ဆရာနှစ်ယောက် နှင့် ကျွန်ုပ်တို့ထံသို့ သီးခြားစီလာရောက်တွေ့ဆုံခဲ့သည်ကို ကျွန်ုပ်သတိရပါ သေးသည်။ သူမသည် ကျွန်ုပ်တို့ အားလုံးတို့ကို တူညီသောမေးခွန်းကို မေးမြန်း ခဲ့ပါသည်။ ကျွန်ုပ်တို့သုံးယောက်တို့ကလည်း သူမအား တူညီသောအဖြေကို ပြန်ပေးခဲ့ကြပါသည်။ ဤကဲ့သို့ ကျွန်ုပ်တို့က သူမအားတစ်မျိုးတည်းသော အဖြေကို ပြန်လည်ဖြေကြားနိုင်ခဲ့ကြခြင်းမှာ ကျွန်ုပ်တို့သည် ဤသီးသန့်ပြဿ နာကို ကြိုကြိုတင်တင်တိုင်ပင်ပြောဆိုခဲ့ကြပြီးသောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ် တို့အနေဖြင့် တစ်ခုတည်းသောစာမျက်နှာပေါ်တွင် ရှိမနေကြပါက ကျွန်ုပ်တို့ သည် ရှုပ်ထွေးမှုကိုဖန်တီးရာရောက်ပေလိမ့်မည်။
“ကောင်းမြတ်သောအဆွေခင်ပွန်းတို့ကိုဖော်ဆောင်ပြီးထိန်းသိမ်းထားပါ”
အသင်းအုပ်ဆရာများတို့သည် ကောင်းမွန်သောအကြောင်းပြချက်မျိုးဖြင့်၊
သဘာ၀တရားတစ်ခုအရ မိတ်ဆွေများတို့ကို လိုအပ်စရာအကြောင်းရှိပါသည်။ မိတ်ဆွေတို့မည်သည်မှာ အသက်တာကို ပို၍လိုလားနှစ်သက်စေမှုကို ဖြစ်ပေါ် စေပါသည်။ အထီးကျန်ဆန်လှသည့်ခံစားမှုတို့ကို သူတို့သည် သက်သာရာရ စေကြပါသည်။ ထို့ပြင် မိတ်ဆွေတို့သည် စိတ်ဖိစီးမှုကိုလျော့နည်းသွားစေသည့် အပြင်၊ သင်၏ ကျန်းမာရေးတိုးတက်မှုရှိလာအောင်ပင် ကူညီပေးကြပါသည်။ ကောင်းမြတ်သော မိတ်ဆွေတို့သည် အထူးသဖြင့် ကျွန်ုပ်တို့သည် ကိုယ်ရေး ကိုယ်တာအခက်အခဲကို ကြုံတွေ့နေရကြသည့်အချိန်များတို့တွင် အလွန် အကူ အညီဖြစ်စေကြပါသည်။ ကောင်းမြတ်သော မိတ်ဆွေများနှင့်ထောက်ပံ့မှုကို ပေးသူများတို့သည် ခြားနားမှုရှိသော အရာအားလုံးတို့ကို ဖော်ဆောင်နိုင်ကြ ပါသည်။
အားလုံးသောကျွန်ုပ်တို့သည် နွေးထွေးမှုရှိပြီး ပျော်ရွှင်မှုကိုပေးနိုင်စွမ်း ရှိကြသော မိတ်ဆွေများနှင့်လူများတို့ကို ချစ်ခင်မြတ်နိုးမှုရှိကြသော သူတို့၏ ဝန်းရံမှုမျိုးတို့ကို လိုအပ်ကြပါသည်။ သို့သော်လည်း များစွာသောသင်းအုပ် ဆရာများတို့နှင့် သူတို့၏ မိသားစုတို့သည် နီးကပ်သည့်လူမှုဆက်ဆံရေးတို့ကို တည်ဆောက်ရန်နှင့်ထိန်းသိမ်းထားကြရန် အခက်အခဲတွေ့နေကြရပါသည်။ ဤကဲ့သို့သောအခြေအနေမျိုးသည် တစ်စိတ်တစ်ပိုင်းအဖြစ်ဖြင့်သာရှိပြီး၊ ထိုသို့ ဖြစ်ရခြင်းမှာလည်း ကျွန်ုပ်တို့သည် အလုပ်အလွန်များလှသောကြောင့်ဖြစ်ပါ သည်။ မိတ်ဆွေဖွဲ့ခြင်းနှင့်လူမှုဆက်ဆံရေးတို့ကို မြှင့်တင်ပေးခြင်းအတွက်၊ ကာလရှည်လျားသည့်အချိန်ဖြင့် ရင်းနှီးမြှုပ်နှံမှုမျိုး လိုအပ်ပါသည်။ ခရစ်ယာန် ဘုန်းတော်ကြီးများဖြစ်ကြသည့်အလျောက် ကျွန်ုပ်တို့သည် ဖြစ်လေ့ဖြစ်ထ ရှိ သည့်အတိုင်း အချိန်ကို လုံလုံလောက်လောက်မရရှိကြပါ။
အသင်းအုပ်ဆရာများတို့သည် အထီးကျန်အဆန်ဆုံးသော လူတို့တွင် ပါဝင်ကြသောလူအချို့ဖြစ်ကြပါသည်။ သူတို့သည် သူတို့ကိုယ်ကိုမူမမှန်သော လူမှုဆက်ဆံရေးလုပ်ရပ်မျိုးရှိနေကြသည်ဟု တွေ့မြင်ရနိုင်ကြသော နေရာတွင် သူတို့၏ ဇနီးသည်တို့သည် သူတို့၏ တစ်ယောက်တည်းသော မိတ်ဆွေနှင့် တစ်ယောက်တည်းသောအကြံပေးသူများအဖြစ်ရှိနေကြပါသည“လူတိုင်းတို့က သဘောတူလက်ခံကြသော ပြောဆိုခြင်းထက် မည်သည့်ပျင်းခြောက်ခြောက် ဖြစ်စေသည့်ပြောဆိုခြင်းမျှမရှိပါ (ငြခ့နူ Dန ဩညအငေါညန) တစ်ယောက်၏ ဇနီးသည်သည် သူ၏အကောင်းဆုံးသော မိတ်ဆွေဖြစ်ရမည်ဆိုခြင်းကို ကျွန်ုပ် အယုံအကြည်ရှိပါသည်။ သို့သော် သူ၏တစ်ဦးတည်းသောမိတ်ဆွေတော့မဖြစ် သင့်ပါ။
(သုတ္တံကျမ်း ၂၇း၆) တွင် “အဆွေခင်ပွန်းသည်ဒဏ်ပေးသောအခါ စောင့်လျက်ပေး၏။ ရန်သူမူကား၊ နမ်းသောအခါ လှည့်စားတတ်၏” ဟူ၍ ရေးသားဖော်ပြထားပါသည်။ အချို့သော မိတ်ဆွေတို့သည် စိတ်ပါဝင်စားမှု အလွန်ရှိကြပြီး အချို့တို့မှာ ပိုမို၍ပင်လေးနက်မှုမရှိသော စိတ်နေစိတ်ထားမျိုး ရှိကြသည်ကို တွေ့ရတတ်ပြန်ပါသည်။ သို့သော်လည်း သူတို့အားလုံးတို့သည် အသုံးဝင်ကြပါသည်။ သင်သည် အနီးကပ်မိတ်ဆွေဖွဲ့မှုမျိုးမရှိသော အသင်း အုပ်ဆရာတစ်ယောက်ဖြစပါက ထိုသို့သော မိတ်ဆွေမျိုးကိုရှာဖွေရန် ကျွန်ုပ် တိုက်တွန်းအပ်ပါသည်။ သူတိုသည် သင့်အားအမှုတော်ဆောင်လုပ်ငန်းတွင် အဓွန့်ရှည်သော ခရီးအနေအထားတွင် ထားရှိပေးနိုင်ပါသည်။ ဤသို့ဖြင့် သင်၏ဇနီးသည်သည်လည်း သင့်အားကျေးဇူးတင်ပါလိမ့်မည်။
“လူမှုဆက်ဆံရေးများတို့တွင်ဆောင်ရန်နှင့်ရှောင်ရန်”
အခြားသောသူတို့နှင့် ဆက်ဆံရာတွင် အောက်ပါအချက်အချို့တို့သည် လက်တွေ့ကျင့်သုံးရန်နှင့် အရေးတကြီးဖြင့်သဘောထားရကြမည့် ဆောင်ရန် နှင့် ရှောင်ရန်အချက်များဖြစ်ကြပါသည်။
s အပြုံးမပျက်ရှိကြခြင်းသည် မည်မျှလောက်မျှတန်ဖိုးမရှိလှသော်လည်း ဂုဏ်ယူ အသိအမှတ်ပြုခြင်းခံရသောအပြုအမူဖြစ်ပါသည်။
s လူများအပေါ်မသိကျိုးကျွန်မပြုရန်မှာ သင်သည် စကားပြောဆိုလို ခြင်းမရှိသည့်တိုင်၊ တစ်စုံတစ်ယောက်က သင့်အားနှုတ်ဆက်လိုပါက မိတ်ဆွေပီသစွာဖြင့်ပြန်လည်တုံ့ပြန်ပါ။ ၎င်းသည် သင်မည်သို့ ခံစားရ သည်ဆိုခြင်းက အကြောင်းရင်းမဟုတ်မူဘဲ သင့်ကိုယ်ကိုမည်ကဲ့သို့ သောပုံစံမျိုးဖြင့် ပုံဖော်ခြင်းသာဖြစ်ပါသည်။
s လူတို့က မိမိတို့ကိုယ်ကိုအရေးကြီးဆုံးလူများဖြစ်သည်ဟု ခံစားကြရ အောင် လုပ်ဆောင်ပါ။ သူတို့တစ်ဦးချင်းတို့အား သူတို့အနေဖြင့် အထူးပုဂ္ဂိုလ်များအဖြစ် သူတို့ကိုယ်ကို ခံစားကြရအောင် လုပ်ဆောင် ပေးပါ။
s လေလုံးထွားပြီး ကြွားဝါခြင်းမရှိပါနှင့်။ သွေးနားထင်ရောက်သောသူ တစ်ယောက်ကို မည်သူကမျှမလိုလားကြပါ။ ရိုးသားတည်ကြည်ပြီး နှိမ့်ချမှုရှိသောသူတစ်ယောက်ဖြစ်ပါစေ။လူတို့သည်သင်၏ အောင်မြင် မှုများနှင့် လုပ်ဆောင်နိုင်စွမ်းတို့ကို သင်၏ကိုယ်တိုင်ထံမှထက် အခြား သောအရင်း အမြစ်များတို့မှသိရှိရခြင်းသည် ပိုမိုကောင်းမွန်ပါသည်။
s ရယ်ရွှင်ဖွယ်စိတ်ကိုအစဉ်လက်ကိုင်ထားပါ။ သင်ရယ်မောခြင်းရှိပါက အခြား လူတို့သည်လည်း သင်နှင့်အတူရယ်မောကြပါလိမ့်မည်
s သင်၏အခက်အခဲပြဿနာတို့နှင့် ဒုက္ခဆင်းရဲများတို့ကို အစဉ်အမြဲ ဆွေးနွေးခြင်းမပြုပါနှင့်။ ဤကဲ့သို့ဆိုလျှင် မကြာမီအတွင်း သင့်ကိုယ် ကို သင်တစ်ယောက်ထီးတည်းအဖြစ်ဖြင့်သာ တွေ့မြင်လာရပါလိမ့် မည်။ ကျွန်ုပ်တို့အားလုံးတို့သည် အခက်အခဲပြဿနာများ ရှိနေကြသူ များဖြစ်နေကြသည့်အလျောက်၊ ကျွန်ုပ်တို့သည် အကူအညီလိုအပ်ကြ ကာ၊ အကူအညီကို မည်သည့်အချိန်တွင် တောင်းခံရမည်ဆိုသည့် အချက်ကို မြော်မြင်တတ်ပါစေ။
s လူများတို့အား အားပေးတိုက်တွန်းပါ။ အခြားသောသူတို့အား သူတို့ နှင့် ပတ်သက်သည့် သင်ကြိုက်နှစ်သက်သော အကြောင်းအချက် သို့မ ဟုတ် သူတို့ကောင်းမွန်စွာ လုပ်ဆောင်နိုင်သော တစ်စုံတစ်ရာ အကြောင်းကပြောပြပေးပါ။ အားပေးတိုက်တွန်းမှုဆိုသည်မှာ အသင်း တော်၏လည်ပတ်နေသော စက်ယန္တရား၏လောင်စာဖြစ်ပါသည်။
s သင်အပါအဝင် လူတို့ကိုဝေဖန်ခြင်း သို့မဟုတ် အညွှန့်တုံးအောင် မလုပ်ပါနှင့်။ နှိမ့်ချမှုရှိခြင်းနှင့် မိမိကိုယ်ကိုမိမိဂုဏ်သိက္ခာကျဆင်းစေ ခြင်းသဘောထားတို့၏ကြားတွင် ကွဲပြားမှုတစ်ခုရှိပါသည်။
s အရာအတော်များများတို့အပေါ်၌ စိတ်ဝင်စားမှုတစ်ရပ်ကိုကိုင်စွဲထား ပါ။ စိတ်ဝင်စားဖွယ်ကောင်းသောလူတစ်ယောက်အဖြစ် မိမိကိုယ်ကို သတ်မှတ်ပါက လူများတို့သည် သင့်အပေါ်စိတ်ဝင်စားမှုရှိပါလိမ့်မည်
s အကောင်းဆုံးသော၊ အကြီးဆုံးသော၊ ထို့အပြင် အများဆုံးသောအရာ တို့ကို သင့်ကိုယ်ပိုင်အတွက်ဖမ်းဆုပ်လှမ်းကုတ်ခြင်းမပြုပါနှင့်။ အခြား သောသူတို့အား အကောင်းဆုံးသောအရာကိုပေးပါ။
s ခက်ခဲနိုင်ဖွယ်ရာရှိသော်လည်း၊ သင်က တရင်းတနှီးမရှိသေးသော သူ တို့ကို တွေ့ဆုံပေးပါ။ သင်ကသိရှိခြင်းမရှိသေးသောသူကို ရင်းနှီးသွား အောင် မိတ်ဆွေဖွဲ့ခြင်းအားဖြင့် သင့်အနေဖြင့် မိတ်ဆွေသစ်များကို ဖော်ဆောင်နိုင်ပါသည်။
s အခြားသောသူများတို့က အမှားပြုလုပ်မိပါက၊ သင့်အနေဖြင့်အမှားကို ရယ်စရာအဖြစ်မပြုလုပ်ပါနှင့်။ သူတို့ထံသို့ အားပေးတိုက်တွန်းရန် အတွက် အလျင်ဦးဆုံးသူတို့ထံသို့သွားရောက်တွေ့ဆုံပေးပါ။
s အခြားသောသူတို့သည် အခက်အခဲပြဿနာတို့နှင့်ကြုံတွေ့လာရကြပါ က အကူအညီပေးကာ သင်၌ရှိနေသောအရာတို့ကို မျှဝေပေးပါ။ ကျွန်ုပ်တို့သည် အခြားသူတို့အပေါ် အာရုံစူးစိုက်ခြင်းရှိကြသောသူ များအဖြစ် ရှိနေကြပါမည်။
s ဆိုးညစ်သောစိတ်နေစိတ်ထား သို့မဟုတ် အငြင်းအခုံတစ်စုံတစ်ရာကို ဖြစ်ပေါ်စေရန် သို့မဟုတ် ခိုက်ရန်ဖြစ်ပွားမှုတစ်ရပ်ကိုဖန်တီးရန် သင်သည် မိမိကိုယ်ကိုဒေါသပေါက်ကွဲသောသူတစ်ယောက်အဖြစ်သို့ မရောက်ရှိပါစေနှင့်။ အပြောအဆိုအနေအထိုင် ထိန်းထိန်းသိမ်းသိမ်း ရှိခြင်းသည် ဒေါသဖြစ်လွယ်သောစိတ်ထားထက် ပိုမိုသာလွန်ကောင်း မွန်လှပါသည်။
s ကောင်းမြတ်သော၊ စင်ကြယ်သန့်ရှင်းသော၊ သပ်ရပ်သေသပ်မှုရှိသော၊ ထို့အပြင် ကြော့ကြော့မော့မော့ရှိသောအရာတို့ကိုသာ ရှေးရှုကြပါ။ အမေရိကန် သမ္မတဟောင်းဘန်ဂျမင်ဖရန်ကလင်က “သန့်သန့်ရှင်း ရှင်းနေတတ်ခြင်းသည် ဘုရားတရားကြည်ညိုမှုရှိသော အနေအထား သို့ ရောက်ရှိရန်အတွက် နောက်ထပ်အဆင့်တစ်ဆင့်ဖြစ်ပါသည်” ဟူ၍ ပြောဆိုခဲ့ပါသည်။
s အတွင်းရေးကိစ္စတို့ကို ထိန်းသိမ်းထားပါ။ တစ်စုံတစ်ယောက်သောသူ က အကြောင်းခြင်းရာတစ်ခုကို သင့်အားပြောပြလာပါက သင့်ထံ၌ ထိန်းသိမ်းထားခြင်းဖြင့်ယုံကြည်စိတ်ချရသောသူအဖြစ်ရှိနေပါ။ အကယ်၍သာ သင်သည် အတင်းအဖျင်းပြောသူတစ်ယောက်ဖြစ်ပါ က သင်သည် မရှိမဖြစ် လိုအပ်သည့် ယုံကြည်ကိုးစားခံရမှု အရည် အချင်းကို မည်သည့်အခါမျှ တိုးတက်လာအောင် လုပ်ဆောင်နိုင်မည် မဟုတ်ပါ။
s ထူးကဲလှစွာသော အေးတိအေးစက်ပုံစံမျိုးဖြင့် မနေထိုင်ပါနှင့်။ အေး စက်စက်နိုင်ကြသောသူတို့သည် မည်သည့်အခါမျှ လူကြိုက်များသော သူများမဖြစ်ရကြခြင်းမှာ သူတို့သည် အထူးလှိုက်လှဲပျူငှာမှုကင်းမဲ့ကြ သောကြောင့် ဖြစ်ပါသည်။
s ပြောသံဆိုသံတို့ကိုနားထောင်ပြီး ခွန်အားပေးတိုက်တွန်းတတ်သောသူ တစ်ယောက်ဖြစ်ပါစေ။ ပြောသံဆိုသံတို့ကို နားထောင်ပေးခြင်းသည် လူအားလုံးတို့ကလိုအပ်ကြသော အခြားသောသူတို့က ရေးကြီးခွင် ကျယ်အဖြစ် သဘောထားကြသောအရာကို သင့်အနေဖြင့် ဂရုတစိုက် ပြုပါဆိုသည့် စကားမျိုးရှိပါသည်။
s အခြားသောသူတို့၏အမည်များတို့ကို သတိတရရှိပါ။ ဤအချက်သည် အခြားသောသူတို့က မိမိတို့အနေဖြင့် အရေးကြီးသောသူများဖြစ်သည် ဆိုသည့်အချက်ကို သူတို့အား ပြသရာရောက်ပါသည်။ တစ်စုံတစ် ယောက်သောသူအတွက် အချိုသာဆုံးသော အသံသည် သူ၏ သို့ မဟုတ် သူမ၏ နာမည်အရင်းပင်ဖြစ်ပါသည်။
s လူများတို့အားကျေးဇူးတင်စကားပြောပေးပါ။ ယုံကြည်အားကိုးခံရ သော အနေအထားတွင်ရှိနေပါ။ ဘုရားတရားကြည်ညိုသော အကျင့် စရိုက်ဖြင့် မိမိဒေါသစိတ်ကိုထိန်းသိမ်းထားခြင်းအားဖြင့် ဝိညာဉ်တော် ၏ အသီးသည် သင့်အားဖြင့်ထင်ရှားပြီး၊ စီးဆင်းခြင်းရှိပါလိမ့်မည်။ ဝိညာဉ်တော်၏အသီးများတို့၏အကြောင်းတို့ကို (ဂလာတိ ၅း၂၂-၂၅) သုံးသပ်ဆင်ခြင်ပြီး ၎င်းတို့ကို သင်၏အသက်တာ၌ အသုံးချပါ။ ဘုရားသခင် ရည်ရွယ်တော်မူသော လမ်းကြောင်းအတိုင်း ကြိုးပမ်း လျှောက်လှမ်းပါ။
သင်၏ လူမှုဆက်ဆံရေးတို့ကို တိုးတက်မှုရှိစေရန်အတွက် ကူညီသော သော့ချက်ကျသည့်ကဏ္ဍမှာသင်၏ဝိညာဉ်ရေးဆိုင်ရာအသက်တာကို တိုးတက် မှုရှိလာစေရန်၊ သင်အသုံးချသောအချိန်သာဖြစ်နိုင်ပေလိမ့်မည်။ ဤဝိညာဉ် ရေးဆိုင်ရာ အသက်တာသည် ကျွန်ုပ်တို့ကပုံဖော်ပေးရန်ခေါ်ယူခြင်းခံရသည့်၊ ခရစ်တော်နှင့် ပုံသဏ္ဌာန်တူသည့်အသက်တာပုံစံကို တည်ဆောက်ပေးသော အရာသာဖြစ်ပါသည်။
“ကောင်းမွန်သောလူမှုဆက်ဆံရေးမျိုးများမရှိဘဲ သင့်အနေဖြင့်ကောင်းသောအသင်းအုပ်ဆရာတစ်ယောက်ဖြစ်နိုင်ပါမည်လား”
ရောင်ပြန်ဟပ်မှု၊ စဉ်းစားဆင်ခြင်သုံးသပ်ခြင်း၊ သို့မဟုတ် ဆွေးနွေး တိုင်ပင်ညှိနှိုင်းခြင်းတို့အတွက်မေးခွန်းများ -
၁။
အချို့သောအသင်းအုပ်ဆရာများတို့သည် ကောင်းမွန်သော လူမှုဆက်ဆံ ရေးတို့ကို တည်ဆောက်ရန်အတွက် အဘယ်ကြောင့်အလွန်ခက်ခဲပါ သနည်း။
၂။
သင်၏သဘောထားခံယူချက်ထဲတွင် ကောင်းမွန်သောလူမှုဆက်ဆံရေးကို တည်ဆောက်ပေးမည့် လျှို့ဝှက်ချက်များသည် အဘယ်အရာများဖြစ်ကြ ပါသနည်း။
၃။
သင်၏လူမှုဆက်ဆံရေးတွင် အရေးအကြီးဆုံးသော ဆောင်ရန်ရှောင်ရန် အချက်များတို့ကို စာရင်းဇယားရေးဆွဲပါ။ သင်၏အဖြေများတို့ကို မှန်ကန် မျှတမှုရှိကြောင်းသက်သေပြပါ။
၄။
အသင်းသူ အသင်းသားတို့နှင့် အတွေ့ဆုံခံခြင်းကို ပိုမိုလုပ်ဆောင်ရန် အတွက် မည်သည့်အရာကို သင်လုပ်ဆောင်နိုင်မည်နည်း။ ၅၀^၅၀ ဆိုသည့်အခြေခံစည်းမျဉ်းကို သင်သဘောတူလက်ခံပါသလား။ သင်၏ ကိုယ်ပိုင်အမြင် သဘောထားကိုမျှဝေပေးပါ။
No comments:
Post a Comment