သံလွင်တောင်ပေါ်ဝယ်
ရှင်မဿဲခရစ်ဝင် ၂၄။ ရှင်မာကု ၁၃။ ရှင်လုကာ ၂၁း၅-၃၈ တို့ကိုအခြေပြု ထားပါသည်။
“သင်တို့နေသောအိမ်သည် သင်တို့၌လူဆိတ်ညံလျက်ကျန်ရစ်ရ၏” ဟူ၍ ယဇ်ပုရောဟိတ်များနှင့်ယုဒလူအကြီးအကဲများအား ခရစ်တော်မိန့်တော်မူသော စကားများသည် ၎င်းတို့၏စိတ်နှလုံးတွင် ကြောက်ရွံ့စိတ်များကိုပွားများလာစေခဲ့ပါ သည်။ ဘာမျှမထူးခြားသလို သူတို့ဟန်ဆောင်ခဲ့ကြသော်လည်း ဤစကားများ၏ အရေးပါမှုများနှင့်စပ်လျဉ်း၍ ၎င်းတို့၏စိတ်ထဲတွင် မေးခွန်းများ ပေါ်ထွက်လာခဲ့ပါ သည်။ မျက်မြင်မရသော ဘေးအန္တရာယ်တစ်ခုက ၎င်းတို့အားခြိမ်းခြောက်နေသည့် နှယ်ဖြစ်နေပါသည်။ ယုဒလူများ၏ဘုန်းဖြစ်သည့် ကြီးကျယ်ခမ်းနားသော ထိုဗိမာန် တော်ကြီးသည် မကြာမီအချိန်တွင် ပျက်စီးပြိုလဲသွားကာ လူဆိတ်ညံရာ အရပ်တစ် ခုဖြစ်သွားနိုင်ပါမည်လား။ သူတို့သည် တပည့်တော်များထံမှ မကောင်းသော ရှေ့ ပြေးနိမိတ်များကိုကြားသိခဲ့ရပြီး ခရစ်တော်ထံမှတိကျသော ဖွင့်ဆိုချက်များကို ကြား နာရန် စိုးရိမ်တကြီးစောင့်မျှော်ခဲ့ကြပါသည်။ ကိုယ်တော်နှင့်အတူ ဗိမာန်တော်အပြင် ဘက်သို့ထွက်လာကြစဉ် ဗိမာန်တော်ကြီး၏ လှပတင့်တယ်မှုများကို ကိုယ်တော်အား ဂရုပြုစေခဲ့ပါသည်။ ထိုဗိမာန်တော်ကြီးကို အဖြူရောင်သလင်းကျောက်အစစ်များဖြင့် တည်ဆောက်ထားပါသည်။ အချို့ကျောက်တုံးကြီးများသည် မယုံကြည်နိုင်လောက် အောင် ကြီးမားလှပါသည်။ ဗိမာန်တော်၏နံရံများသည် နေဗုခဒ်နေဇာမင်းကြီး၏ စစ် သည်တော်များ၏ ဝန်းရံတိုက်ခိုက်မှုကို ကြံ့ကြံ့ခံရပ်တည်ခဲ့ပါသည်။ ကျွမ်းကျင်သော ပန်းရံဆရာများတည်ဆောက်ထားသော ထိုနံရံကြီးများသည် ကျောက်ကျင်းထဲမှ ထုတ်လာသည့် တစ်သားတည်းဖြစ်နေသော ကျောက်တုံးတစ်တုံးနှယ် မြင်တွေ့နေ ရပါသည်။ ဤကဲ့သို့သောနံရံကြီးများသည် မည်သို့မည်ပုံအားဖြင့် ပျက်ယွင်းသွား မည်ကို တပည့်တော်များနားလည်နိုင်စွမ်းမရှိ ကြပါချေ။
ခရစ်တော်သည် ကြီးကျယ်ခမ်းနားသော ထိုဗိမာန်တော်ကြီးအား ကြည့် ရှုနေစဉ် နှုတ်မှဖွင့်ဟပြောဆိုခြင်းငှာ မစွမ်းနိုင်လောက်အောင်ဆိုးရွားသည့်မည် သည့်အရာများကို ခံစားနေရပါသနည်း။ ရှေ့တော်မှောက်တွင် ရှိနေသော မြင်ကွင်း သည် အမှန်တကယ်လှပသော်လည်း ဝမ်းနည်းစွာဖြင့်မိန့် တော်မူသည်ကား ဗိမာန် တော်ကြီးကိုငါတွေ့မြင်ရပါသည်။ အဆောက်အဦများသည် အလွန်အံ့ဩဖွယ် ကောင်းလှပါသည်။ ဤနံရံများကိုမပြိုပျက်နိုင်သော အရာများအဖြစ် သင်တို့ပြညွှန် ကြသော်လည်း ငါ့စကားကိုနားထောင် ပါဦး။ မဖြိုမချဘဲကျောက်တုံးတစ်ခုပေါ်မှာ တစ်ခုမျှမတည်မနေရသောအချိန်သည် ရောက်လာလိမ့်မည်ဟူ၍ဖြစ်၏။
ခရစ်တော်သည် လူအများကြားနိုင်လောက်သည့်အခြေအနေတွင် ထို စကားများကို မိန့်တော်မူခဲ့သော်လည်း သံလွင်တောင်ပေါ်တွင် ကိုယ်တော်တစ်ပါး တည်းထိုင်တော်မူစဉ်တွင် ပေတရု၊ ယောဟန်၊ ယာကုပ်နှင့်အန္ဒြေတို့သည် ကိုယ် တော်ထံသို့ ချဉ်းကပ်လာ၍ “ထိုအမှုအရာတို့သည် အဘယ်ကာလမှဖြစ်မည်ကို လည်းကောင်း၊ ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုဗ္ဗနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကိုလည်းကောင်းအမိန့်ရှိတော်မူပါ” ဟု လျှောက်ကြ၏။ သခင်ယေရှုသည် ယေရုရှလင်မြို့ပျက်စီးခြင်းနှင့် ကိုယ်တော်ကြွလာမည့် နေ့ရက် ကြီးအကြောင်းကို တစ်သီးတခြားစီခွဲ၍ ဟောကြားခြင်းပြုကာ တပည့်တော်များကို အဖြေပေးတော်မမူခဲ့ချေ။ ဤအဖြစ်ပျက်ကြီးနှစ်ခု ကိုစုစည်းပေါင်းစပ်၍ မိန့်တော် မူခဲ့ပါသည်။ မိမိမြင်တွေ့တော်မူသည့်အတိုင်း တပည့်တော်များအားဖွင့်ဆိုမည်ဆို လျှင် ၎င်းတို့သည်ထိုမြင်ကွင်းအတွက် ခံနိုင်ရည်မရှိကြသေးချေ။ ထိုကြောင့် ၎င်းတို့ ကိုသနားတော်မူသည့်အတွက် ၎င်းတို့ဘာသာအဓိပ္ပါယ်ဖွင့်ဆိုစေကာ ထိုဖြစ်ရပ်ကြီး နှစ်ခုကိုပေါင်းစပ်ဖော်ပြတော်မူခဲ့ပါသည်။ ယေရုရှလင်မြို့ကြီးပျက်စီးသွားခြင်းကို ရည်ညွှန်းမိန့်ဆိုရာတွင် ကိုယ်တော်၏အနာဂတ္တိစကားများသည် ထိုအဖြစ်အပျက်ကို သာမကဘဲ သခင်ဘုရားသည် လောကသားများအားအပြစ်စီရင်ရန် မိမိ၏ပလ္လင် တော်မှထတော် မူသောအချိန် ဤကမ္ဘာမြေကြီးသည် မိမိ၌ရှိသောအသွေးကို ထုတ် ဖော်ကာ သတ်ဖြတ်ခြင်းခံခဲ့ရသူများအား မဖုံးကွယ်တော့မည့်အချိန်တွင် ဖြစ်ပျက် မည့် နောက်ဆုံးမီးဟုန်းဟုန်းတောက်မည့်အဖြစ်အပျက်ကြီးသို့တိုင် ထင်ရှားပေါ်လွင် စေခဲ့ပါသည်။ ဤစကားများကို တမန်တော်များအတွက်သာမဟုတ်ဘဲ ကမ္ဘာ့ရာဇ ဝင်၏ နောက်ဆုံးသောနေ့ရက်များတွင် အသက်ရှင်နေထိုင်ကြသောသူ အားလုံးအ တွက် ကိုယ်တော်ဟောကြားတော်မူခဲ့ခြင်းဖြစ်ပါသည်။
ထိုနောက် တမန်တော်များဘက်သို့လှည့်ကာ “သင်တို့ကိုအဘယ် သူမျှမ လှည့်ဖြားစေခြင်းငှာ သတိပြုကြလော့။ အများသောသူတို့က ငါသည် ခရစ်တော် ဖြစ်၏ဟုဆိုလျက် ငါ၏အယောင်ကိုဆောင်၍ ပေါ်လာသဖြင့် လူအများတို့ကို လှည့် ဖြားကြလိမ့်မည်” ဟု ခရစ်တော်မိန့်တော်မူခဲ့ပါသည်။ များစွာသောမေရှိယအတုများ သည် နိမိတ်လက္ခဏာများကို ပြနိုင်ကြောင်းဖွင့်ဆိုလျက် ယုဒလူများအတွက် လွတ် မြောက်မည့်နေ့ရက်သည် ရောက်လာပြီဖြစ်ကြောင်း ကြေညာလျက်ထွက်ပေါ်လာ ကြလိမ့်မည်။ ဤအရာများအားဖြင့် လူများစွာတို့အား လှည့်ဖြားကြလိမ့်မည်ဟူသော ခရစ်တော်၏နှုတ်ထွက်စကားများသည် ပြည့်စုံခဲ့ပါသည်။ ခရစ်တော်အသေခံပြီး သည့်အချိန်နှင့် ယေရုရှလင်မြို့ကို ဝန်းရံတိုက်ခိုက်သည့်အချိန်အတောအတွင်းတွင် မေရှိယအတုများ များစွာ ပေါ်ပေါက်ခဲ့ပါသည်။ သို့ရာတွင် ဤခေတ်ဤကမ္ဘာတွင် အ သက်ရှင်နေထိုင် ကြသောသူများအတွက်လည်း ဤသတိပေးစကားသည် သက်ဆိုင် လျက်ရှိပါသည်။ ယေရုရှလင်မြို့ကြီးမပျက်စီးမီက ကျင့်သုံးခဲ့သောလိမ်လည်လှည့် ဖြားမှုများကို ခေတ်အဆက်ဆက်ကျင့်သုံးခဲ့ကြပြီး နောင်တွင်လည်းဆက်လက် ကျင့် သုံးကြလိမ့်ဦးမည်သာဖြစ်ပါသည်။
“သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကိုလည်းကောင်း၊ စစ်တိုက်အံ့ သော သတင်းစကားကိုလည်းကောင်း ကြားရကြလိမ့်မည်၊ ထိုအမှုအရာများသည် ဖြစ်ရမည်။ သို့သော်လည်းအဆုံးသည်မဖြစ်သေး” ယေရုရှလင်မြို့ မပျက်စီးမီအ ချိန်ကလူများသည် အာဏာရရှိဖို့သာကြိုးစားနေခဲ့ကြပါသည်။ ဧကရာဇ်ဘုရင်များ လည်းအသတ်ခံခဲ့ရပါသည်။ နန်းတက်ဖို့ရာထားခြင်းခံရသည့် အိမ်ရှေ့စံများလည်း အလုပ်ကြံခံခဲ့ကြရပါသည်။ စစ်ဖြစ်ပွားသည့်သတင်း နှင့်စစ်ဖြစ်ပွားတော့မည့် သတင်းများကိုလည်း ကြားနေရပါသည်။ “ထိုအမှု အရာများသည်ဖြစ်ရမည်။ သို့ သော်လည်း (နိုင်ငံတစ်ခုအနေဖြင့်ယုဒနိုင်ငံ တည်ရှိမှု၏) အဆုံးသည်မရောက်သေး။ လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံရန်ဖက်ပြုကြလိမ့်မည်။ အရပ် ရပ်တို့၌အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည်ဖြစ် ကြလိမ့်မည်။ ထိုအမှုအရာတို့ သည် ဒုက္ခဆင်းရဲခြင်း၏အစအဦးဖြစ်သတည်း။” ခရစ်တော်ဆက်လက်မိန့် တော်မူသည်ကား၊ “ရဗ္ဗိများသည် ထိုပုဗ္ဗနိမိတ်များကို မြင်သောအခါ ထိုအရာများသည် ဘုရားသခင်ရွေးချယ်ထားသည့် လူမျိုးများကို ဖမ်းဆီးချုပ်နှောင်သော တိုင်းပြည်များအပေါ်စီရင်သည့် ဘုရားသခင်၏ အပြစ်ဒဏ် များဖြစ်ကြောင်း၊ ၎င်းအရာများသည် မေရှိယကြွလာခြင်းအတွက် အထိမ်းအမှတ် ဖြစ်ကြောင်း ကြွေးကြော်ကြပါလိမ့်မည်။ အဘယ်သူမျှသင်တို့ကိုမလှည့်ဖြားစေနှင့်။ ဤအမှုအရာများသည် အပြစ်ဒဏ်စီရင်ခြင်း၏ အစသာရှိသေး၏။ များစွာသောလူ တို့သည် မိမိကိုယ်ကျိုးအတွက်သာ ကြည့်တတ်ကြ၏။ ငါသည် သူတို့၏အနာကို ပျောက် ကင်းစေဖို့ကုသခွင့်ရရှိစေရန် သူတို့သည်နောင်တရ၍ ပြောင်းလဲမှုမရှိကြပါ တကား။ သူ့ကျွန်ဘ၀မှလွတ်မြောက်ခြင်းအတွက် ပုဗ္ဗနိမိတ်များဖြစ်သည်ဟု ၎င်းတို့ ရုပ်လုံးဖော်ခဲ့ကြပါသည်။ ယင်းပုဗ္ဗနိမိတ်များသည် အမှန်မှာ ၎င်းတို့ပျက်စီးဆုံးပါး တော့မည်ကိုဖော်ပြသည့် ပုဗ္ဗနိမိတ်များဖြစ်နေပါသည်။
“ထိုကာလ၌လူများတို့သည် သင်တို့ကိုညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကို ခံစေခြင်းငှာ အပ်နှံကြလိမ့်မည်။ ငါ၏နာမကြောင့်လည်း ခပ်သိမ်းသောလူမျိုးတို့ သည် သင်တို့ကိုမုန်းကြလိမ့်မည်။ ထိုကာလ၌ အများသောသူတို့သည် ဖောက်ပြန် ခြင်းသို့ရောက်၍ အချင်းချင်းတစ်ယောက်ကို တစ်ယောက်အပ်ကြလိမ့်မည်။ အချင်း ချင်းမုန်းကြလိမ့်မည်။” ဤအရာအားလုံးကို ခရစ်ယာန်များခံစားခဲ့ကြရပါသည်။ မိဘများသည် မိမိတို့၏သားသမီးများကို အပ်နှံခဲ့ကြသည်။ မိတ်ဆွေအချင်းချင်း ဆန်ဟီဒရင်အဖွဲ့သို့ အပ်နှံခဲ့ကြသည်။ ထိုနှိပ်စက်ညှဉ်းပန်းသူများသည် သတေဖန်၊ ယာကုပ်နှင့်အခြားခရစ်ယာန် များတို့ကိုသတ်ဖြတ်ခြင်းအားဖြင့် မိမိတို့၏ အကြံအ စည်များကို အကောင်အထည်ဖော်ခဲ့ကြပါသည်။
ဘုရားသခင်သည် မိမိအစေခံကျွန်များမှတစ်ဆင့် ယုဒလူများအား နောင် တရဖို့ နောက်ဆုံးအခွင့်အရေးတစ်ခုကို ပေးတော်မူခဲ့ပါသည်။ မိမိ၏ ကျွန်များအ ဖမ်းခံရသောအချိန်တွင်လည်းကောင်း၊ အစစ်ဆေးခံရသောအချိန်နှင့် အကျဉ်းကျ သောအချိန်များတွင်လည်းကောင်း ဘုရားသခင်သည် မိမိ၏ သက်သေခံများမှ တစ် ဆင့် မိမိကိုယ်ကိုထင်ရှားစေတော်မူခဲ့သော်လည်း တရားသူကြီးများသည် ထိုသူများ ကိုသေဒဏ်စီရင်ခဲ့ကြပါသည်။ လောကသားများသည် ထိုသူများကို တန်ဖိုးမထားခဲ့ ကြဘဲ ယုဒလူများသည် ၎င်းတို့ကိုသတ်ခြင်းအားဖြင့် ခရစ်တော်ကိုနောက်တစ်ဖန် ကပ်တိုင်တင်ခဲ့ကြပါသည်။ ထိုနည်းအတူ ယခုတွင်လည်း တစ်ဖန်ဖြစ်ပျက်ပါလိမ့်ဦး မည်။ အာဏာပိုင်များသည် ဘာသာရေးလွတ်လပ်ခွင့်များကို ပိတ်ပင်ရန်ဥပဒေများ ကိုပြဌာန်းကြပါလိမ့်မည်။ ဘုရားသခင်တစ်ပါးတည်းသာ အသုံးပြုရမည့်အခွင့်အာ ဏာကို သူတို့အသုံးပြုကြပါလိမ့်မည်။ ဘုရားသခင်တစ်ပါးတည်းသာ ထိန်းချုပ်နိုင် သော လူတို့၏ဩတ္တပ္ပစိတ်ကို မိမိတို့အနိုင်အထက်ပြုနိုင်သည်ဟု သူတို့ထင်ကြပါ လိမ့်မည်။ ထိုလုပ်ငန်းကိုသူတို့သည် ယခုစတင်လုပ်ဆောင်နေပါပြီ။ မိမိတို့ရပ်တည် သင့်သောအငန်းအတာကို ကျော်လွန်သည့်တိုင် ဆက်လက်၍သူ တို့လုပ်ဆောင်ကြ ပါလိမ့်မည်။ သို့ရာတွင်ဘုရားသခင်သည် ပညတ်တော်ကို စောင့်ရှောက်သည့် သစ္စာ ရှိသော မိမိ၏သားသမီးများကိုယ်စား ကြားဝင်လုပ်ဆောင်တော်မူပါလိမ့်မည်။
နှိပ်စက်ညှဉ်းပန်းခြင်းဖြစ်ပွားလာသည့် အခါတိုင်းတွင် နှိပ်စက်ညှဉ်းပန်းမှုကို မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့ကြသူများသည် ခရစ်တော်ဘက်တွင်ရပ်တည်မည်၊ (သို့မ ဟုတ်) စာတန်ဘက်တွင်ရပ်တည်မည်ကို ဆုံးဖြတ်ချက်ချရပါသည်။ မတရားညှဉ်း ဆဲခြင်းခံရသူများအား မေတ္တာပြသောသူများသည် ခရစ်တော်အပေါ်ထားရှိသည့် မိမိတို့၏တွယ်တာမှုကို ဖော်ပြကြခြင်းဖြစ်ပါသည်။ အခြားသူများမှာမူ မိမိတို့လက်ခံ ကျင့်သုံးသောအရာများနှင့် သမ္မာတရား၏ စည်းမျဉ်းများသည် တိုက်ရိုက်ဆန့်ကျင် နေသဖြင့် စိတ်ပျက်ခဲ့ကြပါသည်။ လူများစွာတို့သည် ထိမိ၍လဲခဲ့ကြပြီး တစ်ချိန်က မိမိတို့သက်သေခံခဲ့သော ယုံကြည်ခြင်းမှဖောက်ပြန်ခဲ့ကြပါသည်။ စုံစမ်းစစ်ဆေးရာ ကာလတွင် ယုံကြည်ခြင်းဖောက်ပြန်ခဲ့သောထိုသူများသည် မိမိတို့၏ အသက်အိုး အိမ်များကိုချမ်းသာရရန် မိမိတို့၏ညီအစ်ကိုများကို အပ်နှံကြပါလိမ့်မည်။ အလင်း တရားကိုဆန့်ကျင်သူများ၏ လူမဆန်သောရက်စက်မှုများကို တွေ့သောအခါ ကျွန်ုပ် တို့အံ့ အားမသင့်ကြစေရန်အလိုငှာ ခရစ်တော်သည် ထိုအမှုအရာများကိုသတိပေး ထားခြင်းဖြစ်ပါသည်။
ခရစ်တော်သည် ယေရုရှလင်မြို့အပေါ်သို့ကျရောက်မည့် ပျက်စီးခြင်း ဘေး၏ ပုဗ္ဗနိမိတ်တစ်ခုကို တပည့်တော်များအားပြသတော်မူခဲ့ပြီး ထိုဘေးမှလွတ် မြောက်နိုင်မည့်နည်းလမ်းများကို မိန့်တော်မူသည်ကား “ယေရုရှလင်မြို့ကို ဗိုလ်ခြေ များဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ ထိုမြို့သည်ပျက် စီးခြင်းသို့ ရောက် လုသည်ကိုသိမှတ်ကြလော့။ ထိုအခါ ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။ မြို့ထဲ၌ရှိသောသူတို့သည် မြို့ပြင်သို့ ထွက်ကြစေ။ တောရွာမှာရှိသော သူတို့သည် မြို့ထဲသို့မဝင်ကြစေနှင့်၊ အကြောင်းမူကား၊ ထိုနေ့ရက်ကာလသည် ကျမ်း စာချက်များပြည့်စုံရသော ဒဏ်စီရင်ခြင်းနေ့ရက်ကာလဖြစ်သတည်း။” ထိုသတိပေး ချက်ကို လိုက်လျှောက်နိုင်ရန် ယေရုရှလင်မြို့ကြီးမပျက်စီးမီ နှစ်ပေါင်းလေးဆယ်ကြို တင်၍ အသိပေးတော်မူခဲ့ပါသည်။ ခရစ်ယာန်များသည် ထိုသတိပေးစကားများကို လိုက်လျှောက်ခဲ့ကြသဖြင့် မြို့တော်ပျက်စီးသွားသောအချိန်တွင် တစ်ဦးတစ် ယောက်မျှမသေဆုံး ခဲ့ကြချေ။
“သင်တို့ပြေးရသောအချိန်သည် ဆောင်းကာလ၌မကျ၊ ဥပုသ်နေ့၌လည်း မကျမည့်အကြောင်း ဆုတောင်းကြလော့” ဟု ခရစ်တော်မိန့်မြွက်တော်မူခဲ့ပါသည်။ ဥပုသ်နေ့ကိုတည်ထောင်ခဲ့သော ကိုယ်တော်ရှင်သည် ထိုဥပုသ်နေ့ကို ကပ်တိုင်၌ ရိုက်ထားခြင်းအားဖြင့် ဖျက်သိမ်းတော်မမူခဲ့ချေ။ ဥပုသ်နေ့ကို မိမိ၏အသေခံတော်မူ ခြင်းအားဖြင့် မဖျက်သိမ်းခဲ့ပါ။ ကိုယ်တော် အသေခံပြီးနောက် နှစ်ပေါင်းလေးဆယ် အထိ ဥပုသ်နေ့ကိုသန့်ရှင်းအောင် စောင့်ထိန်းနေကြဆဲဖြစ်ပါသည်။ မိမိတို့ထွက် ပြေးကြသည့်နေ့သည် ဥပုသ်နေ့တွင်မကျစေရန် နှစ်ပေါင်းလေးဆယ်လုံးလုံး ထို တပည့်တော်များဆုတောင်း ခဲ့ကြပါသည်။
ခရစ်တော်သည် ယေရုရှလင်မြို့ပျက်စီးမည့်အကြောင်းဖွင့်ဆိုရာမှသည် ကမ္ဘာ့ရာဇဝင်၏နောက်ဆုံးသော အဖြစ်အပျက်တည်းဟူသော သားတော်ဘုရား၏ ဘုန်းတော်နှင့်ကြွလာခြင်းအချိန်အထိ အကြောင်းအရာများကို အမြန်အကျဉ်းချုံး၍ ဟောကြားတော်မူခဲ့ပါသည်။ ထိုအဖြစ်အပျက်နှစ်ခုအကြားတွင် အမှောင်ထုဖုံးလွှမ်း သောရာစုနှစ်များ အသင်းတော်၏သွေးနှင့် မျက်ရည်သွန်းရသော ရာစုနှစ်များ၏ မြင်ကွင်းများသည်လည်း ခရစ်တော်၏မျက်ဝန်းတော်ရှေ့တွင် ပေါ်လွင်ထင်ရှား လျက်ရှိပါသည်။ တပည့်တော်များသည် ထိုစဉ်ကဤ မြင်ကွင်းများကိုကြည့်ရှုရန် ခံနိုင်ရည်မရှိကြသေးသဖြင့် သခင်ယေရှုသည် ၎င်းတို့အားအကျဉ်းချုံး၍ မိန့်တော်မူ သည်ကား၊ “ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတ္တံ့ သော ကြီးစွာသောဒုက္ခသည် ထိုကာလ၌ဖြစ်လိမ့်မည်။ ထိုကာလတာရှည်လျှင် အ ဘယ်သူမျှမလွတ်နိုင်ရာ။ ရွေးချယ်သောသူတို့အဖို့အလိုငှာ ထိုကာလသည် တိုလိမ့် မည်။” ယခင်ကတစ်ခါမျှ မဖြစ်စဖူးခဲ့သောနှိပ်စက်ညှဉ်းပန်းခြင်းများကို ခရစ်တော် ၏ နောက်လိုက်များသည် နှစ်ပေါင်းတစ်ထောင်ကျော်ခံစားခဲ့ကြရပါသည်။ ကိုယ် တော်၏ သစ္စာရှိသောသက်သေခံများသည် သန်းနှင့်သန်းနှင့်ချီ၍ အသတ်ခံခဲ့ကြရ ပါသည်။ သားသမီးများအား ကာကွယ်စောင့်ရှောက်ရန် ဘုရားသခင်သည် လက် တော်ကို မဆန့်ခဲ့ပါလျှင် ခရစ်ယာန်အားလုံးသေကျေပျက်စီး ကုန်ကြလိမ့်မည် သာ တည်း။ သို့ရာတွင် ရွေးချယ်ခြင်းခံရသူတို့အဖို့အလို့ငှာ ထိုကာလသည် တိုတောင်း လိမ့်မည်ဟု ကိုယ်တော်မိန့်တော်မူခဲ့ပါသည်။
ယခုတွင် မိမိ၏ဒုတိယအကြိမ် ကြွလာခြင်းအကြောင်းနှင့် ပတ်သက်၍ အဓိပ္ပါယ်အကောက်မလွဲနိုင်သော စကားအသုံးအနှုန်းများကို အသုံးပြုလျက်ကိုယ် တော်မိန့်တော်မူသည်ကား၊ ဤကမ္ဘာလောကသို့ မိမိမကြွလာမီကလေးတွင် ဖြစ် ပျက်မည့် ဘေးအန္တရာယ်များအကြောင်းကို သတိပေးထားတော်မူသည်မှာ “သူ တစ်ပါးက ဤအရပ်၌ခရစ်တော်ရှိသည်၊ ထိုအရပ်၌ခရစ်တော် ရှိသည်ဆိုသော် လည်းမယုံကြနှင့်၊ အကြောင်းမူကား ခရစ်တော်၏အယောင်ကို ဆောင်သောသူနှင့် မိစ္ဆာပုရောဖက်တို့သည်ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ အံ့ဖွယ်သောအမှုတို့ကို ပြုကြလိမ့်မည်။ ထိုအကြောင်းအရာတို့ကိုငါပြောနှင့်ပြီ၊ ထိုကြောင့် သူတို့ကခရစ် တော်သည်တော၌ ရှိသည်ဟုဆိုသော်လည်း မထွက်မသွားကြနှင့်။ တိုက်ခန်း၌ရှိ သည်ဟု ဆိုသော်လည်းမယုံကြနှင့်။ လျှပ်စစ်သည် အရှေ့မှပြက်၍ အနောက်တိုင် အောင်ထွန်းလင်းသကဲ့သို့ လူသားကြွလာတော်မူလတ္တံ့” ဟူ၍ဖြစ်၏။ ယေရုရှလင် မြို့ပျက်စီးခြင်း၏ ပုဗ္ဗနိမိတ်တစ်ခုအဖြစ် “မိစ္ဆာပုရောဖက်တို့သည်ပေါ်လာ၍ များစွာ သောသူတို့အားလှည့်ဖြားလိမ့်မည်” ဟူ၍ ခရစ်တော်မိန့်တော်မူခဲ့ပြီးဖြစ်ပါသည်။ ထို ပုရောဖက်အတုများပေါ်ထွန်းလာပြီး လူများကိုလှည့်ဖြားကာ တောထဲသို့ခေါ်သွားခဲ့ ကြပါသည်။ မှော်ဆရာများနှင့် အောက်လမ်းဆရာများသည် အံ့ဖွယ်တန်ခိုးများကိုပြ သကာ လူအများအား တောများတောင်ပေါ်သို့ ခေါ်သွားခဲ့ကြပါသည်။ သို့ရာတွင် ဤ အနာဂတ္တိစကားသည် နောက်ဆုံးသောနေ့ရက်များနှင့်လည်း သက်ဆိုင်ကြောင်း ကိုယ်တော်မိန့်တော်မူထားပါသည်။ ဤပုဗ္ဗနိမိတ်သည် ဒုတိယအကြိမ်ကြွလာခြင်း အတွက် နိမိတ်လက္ခဏာတစ်ခုဖြစ်ပါသည်။ ယခုအချိန်တွင်လည်း ခရစ်တော်အတု အယောင်များနှင့် မိစ္ဆာပုရောဖက်များသည် ကိုယ်တော်၏ တပည့်တော်များကိုဖြား ယောင်းရန် ထူးဆန်းသောနိမိတ်လက္ခဏာများကို ပြလျက်ရှိကြပါသည်။ “ကြည့်ပါ ဦး၊ ကိုယ်တော်သည်တော၌ရှိသည်” ဟူသောကြွေးကြော်သံကို ကျွန်ုပ်တို့မကြားဖူး ခဲ့ကြဘူးလား။ ခရစ်တော်ကိုတွေ့ရနိုးနိုးနှင့် ထောင်ပေါင်းများစွာသောလူအများသည် တောထဲသို့ လိုက်မသွားဖူးခဲ့ကြဘူးလား။ သေလွန်သောသူများ၏ ဝိညာဉ်များနှင့် စကားပြောဆက်သွယ်ရန် စုရုံးနေကြသောလူများတို့ထံမှ “ကြည့်ပါဦး၊ ကိုယ်တော် သည်တိုက်ခန်းထဲ ၌ရှိပါသည်” ဟူသောအော်ဟစ်သံများကို မကြားဖူးခဲ့ကြဘူးလား။ နာမ်ဝိညာဉ် ဆိုင်ရာအယူဝါဒသည် ထိုကဲ့သို့ဟစ်ကြွေးတတ်ကြပါသည်။ သို့ရာတွင် “ခရစ်တော် မိန့်တော်မူသည်ကား၊ မယုံကြနှင့်။ လျှပ်စစ်သည်အရှေ့မှ ပြက်၍အ နောက် တိုင်အောင်ထွန်းလင်းသကဲ့သို့ လူသားသည်ကြွလာတော်မူလတ္တံ့” ဟူ၍ ဖြစ်၏။
ကယ်တင်ရှင်သည် မိမိကြွလာခြင်းအတွက် ပုဗ္ဗနိမိတ်များကိုပေးထားရုံသာ မကဘဲ ထိုနိမိတ်များဖြစ်ပေါ်မည့်အချိန်ကိုလည်း သတ်မှတ်ထား တော်မူပါသည်။ “ထိုကာလ၏ဒုက္ခဆင်းရဲခြင်းနောက် ရုတ်ခနဲနေသည်မိုက်လိမ့်မည်။ လသည်အ ရောင်ကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှကျလိမ့်မည်။ ကောင်းကင်တန်ခိုးတို့ သည် တုန်လှုပ်ကြလိမ့်မည်။ ထိုအခါ လူသား၏ နိမိတ်လက္ခဏာသည် ကောင်း ကင်၌ ထင်ရှားလိမ့်မည်။ မြေကြီးအပေါ်မှာ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်း ကြ၍ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက် မိုးတိမ် ကိုစီး၍ကြွလာတော်မူသည်ကိုမြင်ရကြ လိမ့်မည်။ လူသားသည် မိမိတမန်တို့ကို စေ လွှတ်၍ တံပိုးခရာကိုပြင်းစွာမှုတ် စေတော်မူသဖြင့် သူတို့သည်ရွေးချယ်တော်မူ သောသူတို့ကို အရပ်လေးမျက်နှာ ကောင်းကင်အောက်ထက်ဝန်းကျင်တို့မှ ခေါ်၍ စုရုံးကြလတ္တံ့။”
စာဖြူများ၏နှိပ်စက်ညှဉ်းပန်းမှုအဆုံးတွင် နေသည်ကြတ်၍လသည် မိုက် ကာ ကောင်းကင်မှကြယ်များသည် ကြွေလိမ့်မည်ဖြစ်ကြောင်း ခရစ်တော်မိန့်တော်မူ ခဲ့ပါသည်။ “သင်္ဘောသဖန်းပင်ကိုအစွဲပြု၍ ပုံသက်သေတစ်ခုကိုမှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက်အလက်နု၍ အရွက်ပေါက်သောအခါ နွေကာလ နီးသည်ကိုသင်တို့သိကြ၏။ ထိုနည်းတူထိုအကြောင်းအရာ အလုံးစုံတို့ကိုမြင်ရလျှင် လူသားသည်တံခါး၀တိုင်အောင်အနီးသို့ရောက်တော် မူသည်ကို သိမှတ်ကြလော့။” မဿဲ ၂၄း၃၂-၃၃။
ခရစ်တော်သည် မိမိကြွလာခြင်းနှင့်ပတ်သက်သည့်နိမိတ်လက္ခဏာ များကို မိန့်တော်မူခဲ့ပြီးဖြစ်ပါသည်။ လူသားသည် တံခါး၀တိုင်အောင်အနီးသို့ရောက်လာ ပြီဖြစ်ကြောင်းကို ကျွန်ုပ်တို့သိရှိနိုင်ရန် ထိုသို့မိန့်တော်မူခဲ့ခြင်း ဖြစ်ပါသည်။ ဤနိမိတ် လက္ခဏာများကိုတွေ့မြင်ရမည့်သူများနှင့်ပတ်သက်၍ မိန့်တော်မူသည်ကား၊ ]]ယခု ဖြစ်သောလူများမကုန်မီ ထိုအကြောင်းအရာအလုံး စုံတို့သည်ဖြစ်ကြလိမ့်မည်}} ဟူ၍ဖြစ်၏။ ဤနိမိတ်လက္ခဏာများတို့သည် ဖြစ်ပျက်ခဲ့ကြပြီးဖြစ်သဖြင့် ခရစ်တော်၏ ကြွလာခြင်းသည်နီးကပ်နေပြီဖြစ်ကြောင်း၊ ယခုတွင် ကျွန်ုပ်တို့သေချာပေါက် သိရှိနိုင်ကြပါသည်။ ထို့ပြင် “ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်” ဟု ယေရှုရှင်ကထပ်လောင်း၍အတည်ပြုမိန့်တော်မူခဲ့ပါသည်။
ခရစ်တော်၏ ဘုန်းတော်နှင့်ပြည့်စုံစွာဖြင့် မိုးတိမ်ကိုစီးလျက်ကြွလာလိမ့် မည်။ အရောင်အဝါတောက်ပနေသော မရေမတွက်နိုင်အောင်များပြားသည့် ကောင်းကင်တမန်များသည် ကိုယ်တော်ကိုခြံရံလျက် လိုက်ပါလာကြလိမ့်မည်။ ကိုယ်တော်ရှင်သည် မိမိအားချစ်၍ ပညတ်တော်ကိုစောင့်ရှောက် သူများအားဂုဏ် ပြုကာ မိမိနှင့်အတူခေါ်ဆောင်သွားရန် ကြွလာတော်မူမည် ဖြစ်ပါသည်။ ကိုယ်တော် သည် ထိုသူများကိုလည်းကောင်း၊ မိမိပြုတော်မူခဲ့ သောကတိတော်ကို လည်းကောင်း မေ့လျော့တော်မမူခဲ့ချေ။ ထိုအချိန်တွင် မိသားစုများပြန်လည်ပေါင်းစည်းကြလိမ့် မည်။ ကျွန်ုပ်တို့သည် သေဆုံးသွားသည့် မိမိတို့၏မိသားစုများကို မျှော်ကြည့်နေ သော အချိန်တွင် ဘုရားသခင်၏ တံပိုးသံပေါ်ထွက်လာ၍ သေလွန်သောသူတို့သည် မပုပ်နိုင်သောအဖြစ်၌တည် လျက်ထမြောက်ကာ ကျွန်ုပ်တို့ရှိသမျှသည် ပြောင်းလဲရ မည့် မင်္ဂလာနံနက် အကြောင်းကို စဉ်းစားကြည့်နိုင်ကြမည်ဖြစ်ပါသည်။ နောက်ထပ် အချိန်အနည်း ငယ်ကြာသော် အသရေနှင့်ပြည့်စုံသောမင်းကြီးအား ကျွန်ုပ်တို့ဖူး တွေ့ရပါလိမ့်မည်။ ထိုနောက် အနည်းငယ်ကြာသော် ထိုမင်းကြီးသည်ကျွန်ုပ်တို့မျက် လုံးအိမ်များမှ မျက်ရည်များကိုသုတ်ပေးတော်မူလိမ့်မည်။ ထိုနောက်အနည်းငယ် ကြာသော် ကိုယ်တော်သည် အပြစ်မရှိဘဲဝမ်းမြောက်ခြင်းနှင့် ပြည့်စုံလျက်ရှိသော ကျွန်ုပ်တို့အား ဘုန်းအသရေတော်ရှေ့၌ ဆက်သတော်မူပါလိမ့်မည်။ ယုဒ ၂၄။ သို့ဖြစ်၍ ကြွလာခြင်းနှင့်ပတ်သက်သော ပုဗ္ဗနိမိတ်များကိုဟောကြား စဉ်ဆက်လက် မိန့်တော်မူသည်ကား၊ ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ သင်တို့ကိုရွေးနုတ် သော အချိန်ကာလရောက်လုနီးသည်ကို ထောက်သဖြင့် မျှော်ကြည့်၍ ခေါင်းကိုကြွ ကြလော့ဟူ၍ဖြစ်၏။
သို့ရာတွင် ကိုယ်တော်ရှင်သည် ကြွလာသည့်နေ့ရက်နာရီကိုမူ ဖော်ပြတော် မမူခဲ့ချေ။ ဒုတိယအကြိမ်ကြွလာမည့် နေ့ရက်နာရီကို မိမိကိုယ်တိုင်ပင် မသိရှိ ကြောင်း တပည့်တော်များအား ရှင်းလင်းပြတ်သားစွာ ကိုယ်တော်ဖွင့်ဆိုတော်မူခဲ့ပါ သည်။ ထိုအချိန်နာရီကို မိမိ၌ပြောပိုင်ခွင့်ရှိခဲ့ပါလျှင် ၎င်းတို့အား မခြားမလပ်စောင့် မျှော်နေဖို့တိုက်တွန်းအားပေးရန် လိုအပ်လိမ့်မည်မဟုတ်ချေ။ ခရစ်တော်ဒုတိယအ ကြိမ်ကြွလာမည့် နေ့ရက်အချိန်နာရီကိုသိရှိသည်ဟု အခိုင်အမာပြောလာသူများ ရှိ ကြပါသည်။ ထိုသူများသည် အနာဂတ်ကိုအသေးစိတ် သတ်မှတ်ရန် စိတ်အားထက် သန်နေကြပါသည်။ သို့ရာတွင် သခင်ယေရှုသည် ၎င်းတို့အားမိမိတို့၏ လုပ်ဆောင်မှု များကိုဂရုပြုရန် သတိပေးခဲ့ပြီးဖြစ် ပါသည်။ အကြောင်းမှာ ခရစ်တော်ကြွလာမည့် အ ချိန်နာရီအတိအကျကို မည်သူမျှမသိရှိနိုင်ဘဲ ထိုအရာသည် ဘုရားသခင်၏ နက်နဲ မှုတစ်ရပ်သာဖြစ်သောကြောင့်တည်း။
မိမိကြွလာမည့်အချိန်တွင်ရှိနေမည့်ကမ္ဘာကြီး၏အခြေအနေကို ဆက်လက် ၍ မိန့်တော်မူသည်ကား၊ “လူသားသည်ကြွလာသောအခါ နောဧလက်ထက်၌ဖြစ် သကဲ့သို့ဖြစ်လိမ့်မည်။ ရေလွှမ်းမိုးခြင်းမဖြစ်မီကာလ၌ နောဧသည်သင်္ဘောထဲသို့ ဝင် သောနေ့တိုင်အောင် လူများတို့သည်စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်နေ၍ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေကြသည်နည်းတူ လူသားကြွလာသောအခါ၌ဖြစ်လိမ့်မည်” ဟူ၍ ဖြစ်၏။ ခရစ်တော်သည် ဤနေရာတွင် လူအပေါင်းအား ထာ၀ရကာလအတွက် ပြင်ဆင်ပေး သည့် ဤလောကကမ္ဘာတွင် နေထိုင်မည့်နှစ်ပေါင်းတစ်ထောင်အကြောင်းကို ဖွင့်ဆို နေခြင်းမဟုတ်ပါ။ လူ သားသည် တစ်ဖန်ကြွလာသောအချိန်တွင် နောဧလက်ထက် ကဲ့သို့ဖြစ်လိမ့်မည်ဟူ၍သာ ကျွန်ုပ်တို့အားမိန့်ဆိုနေခြင်းဖြစ်ပါသည်။
နောဧလက်ထက်ကမည်ကဲ့သို့အခြေအနေမျိုးရှိခဲ့ပါသနည်း။ မြေကြီးပေါ် မှာလူအပြစ်ကြီး၍ သူ၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ်ဆိုးညစ် ခြင်းသက်သက်ရှိကြောင်းကို ဘုရားသခင်သိမြင်တော်မူ၏။ ကမ္ဘာ ၆း၅။ ရေမလွှမ်းမိုး မီအချိန်ကလူသားများသည် ထာ၀ရဘုရား၏ အလိုတော်ကို ဆောင်ရန်ငြင်းဆန် လျက် ကိုယ်တော်ရှင်ထံမှ ကျောခိုင်းခဲ့ကြပါသည်။ ထိုသူများသည် မိမိတို့၏ ဆိုးညစ် သောအကြံအစည်များနှင့် လွဲမှားသောအတွေးအခေါ်များကိုသာ လိုက်လျှောက် ကျင့်သုံးခဲ့ကြပါသည်။ ၎င်းတို့သည် မိမိတို့၏ ဆိုးညစ်မှုများကြောင့် အဖျက်ဆီးခံခဲ့ ကြရပါသည်။ ယနေ့ကမ္ဘာသူကမ္ဘာသားများသည်လည်း ထိုသူတို့၏လမ်းစဉ်အတိုင်း လိုက်လျှောက်နေကြပါသည်။ ဤအခြေအနေတွင် နှစ်ပေါင်းတစ်ထောင်အချိန်နှင့် ဆိုင်သော ဘုန်းတန်ခိုးတော်၏ ဝါကြွားစရာနိမိတ်လက္ခဏာတစ်စုံတစ်ခုမျှမရှိပါချေ။ ဘုရားသခင်၏ ပညတ်တော်ကိုလွန်ကျူးသူများသည် ကမ္ဘာကြီးကိုညစ်ညမ်းမှုနှင့် ပြည့်စေလျက် ရှိပါသည်။ ၎င်းတို့ပြုလုပ်သောအလောင်းအစားပြုခြင်းများ၊ မြင်းပွဲများ၊ လောင်း ကစားဝိုင်းများ၊ အပျော်ကြူးခြင်းများ၊ ကိလေသာတပ်မက်ခြင်းများနှင့် အ ထိန်းအကွပ်မရှိသော ကာမဂုဏ်လိုက်စားခြင်းများအားဖြင့် ကမ္ဘာကြီးအားအကြမ်း ဖက်မှုများနှင့်အလျင်အမြန် ပြည့်၀စေလျက်ရှိပါသည်။
ယေရုရှလင်မြို့ကြီးပျက်စီးခြင်းနှင့်ပတ်သက်သည့် အနာဂတ္တိစကား တွင် သခင်ယေရှုမိန့်တော်မူသည်ကား၊ “မတရားသောအမှုတို့သည်များပြားသဖြင့် အများသောသူတို့၏ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။ အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့” ဟူ၍ဖြစ်၏။ ဤအနာဂတ္တိစကားသည် နောက်ထပ်တစ် ဖန်ပြည့်စုံပေလိမ့်ဦးမည်။ ထိုခေတ်၌တွေ့မြင်ခဲ့ရသည့် များပြားလှစွာသော မတရား မှုများကို ယခုခေတ်တွင်လည်းတွေ့ရှိနေရပါသည်။ ဧဝံဂေလိတရားဟောကြားခြင်း နှင့် စပ်လျဉ်းသော ကြိုတင်ဟောကြားမှုများသည်လည်း ထိုနည်းအတူပင်ဖြစ်ပါ သည်။ ဧဝံဂေလိတရားတော်ကို ကောင်းကင်အောက်မြေကြီးပေါ်တွင် ရှိသမျှ ဝေနေယျသတ္တဝါတို့အား ဟောပြောခဲ့ကြောင်းကို ယေရုရှလင်မြို့မပျက်စီးမီတွင် ရှင်ပေါလုသည် သန့်ရှင်းသောဝိညာဉ်တော်၏ ပဲ့ပြင်ခြင်းအားဖြင့် ရေးသားဖွင့်ဆိုခဲ့ ပါသည်။ ကောလောသဲ ၁း၂၃။ “ထိုနည်းအတူ ယခုတွင်လည်း လူသားမကြွလာမီ ထာ၀ရဧဝံဂေလိတရားတော်ကို လူအမျိုးအနွယ်ခပ်သိမ်းတို့အား ဟောကြားရလိမ့် မည်” ဟူ၍ သမ္မာကျမ်းစာတွင် ဖွင့်ဆိုထားပါသည်။ ဗျာဒိတ် ၁၄း၆၊၁၄။ ဘုရား သခင်သည် “လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့် ညီလျော်စွာ စစ်ကြော စီရင်မည့်နေ့ရက်ကို ချိန်းချက်တော်မူပြီ” တမန် ၁၇း၃၁။ ထိုနေ့ရက်ကြီးနှင့် ပတ် သက်သည့် နိမိတ်ပြဖော်ပြသည့်အချိန်ကို ကျွန်ုပ်တို့အား ခရစ်တော်မိန့်မူထားပါ သည်။ တစ်ကမ္ဘာ လုံးပြောင်းလဲလာလိမ့်မည်ဟု ကိုယ်တော်ရှင်မိန့်တော်မမူခဲ့ဘဲ “လူမျိုးအပေါင်း တို့အားသက်သေဖြစ်မည့်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ဟောရလိမ့်မည်။ သို့ပြီးမှအ ဆုံးသည် ဖြစ်လတ္တံ့” ဟူ၍မိန့်တော်မူခဲ့ပါသည်။ လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဧဝံဂေလိတရားကိုဟောကြားခြင်းအားဖြင့် ခရစ်တော်၏ကြွလာခြင်းကိုလျင်မြန်စေ ရန် ကျွန်ုပ်တို့စွမ်းဆောင်နိုင်ကြပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နေ့ရက်ကြီး ရောက်ရှိလာမည့်အချိန်ကို မျှော်လင့်စောင့်စားနေရုံသာမကဘဲ ပို၍လျင်မြန်စေ အောင်လည်း လုပ်ဆောင်ကြရပါမည်။ ၂ပေ ၃း၁၂။ ဘုရားသခင် သတ်မှတ်ထား တော်မူသည့်လုပ်ငန်းများကို ခရစ်တော်၏အသင်းတော်သည် လုပ်ဆောင်ခဲ့ကြလျှင် ဤနေ့ကြီးမတိုင်မီ တစ်ကမ္ဘာလုံးအားသတိပေးပြီးဖြစ် ပါလိမ့်မည်။ ၎င်းပြင် သခင် ယေရှုသည်လည်း တန်ခိုးတော်ဖြင့်ဤကမ္ဘာသို့ ကြွလာတော်မူခဲ့ပါလိမ့်မည်။
ကိုယ်တော်သည် ကြွလာခြင်းနှင့်ဆိုင်သော ပုဗ္ဗနိမိတ်များအကြောင်းကို ဟောကြားတော်မူပြီးနောက် ဆက်လက်၍ “ထိုအကြောင်းအရာများဖြစ်သည် ကိုမြင်ရလျှင် ဘုရားသခင်၏နိုင်ငံတော်သည်တည်လုနီးသည်ကိုသိမှတ် ကြလော့” “ထိုအချိန်ကာလသည် အဘယ်အခါ၌ရောက်မည်ကို သင်တို့ မသိသောကြောင့် သတိပြု၍ဆုတောင်းလျက်စောင့်နေကြလော့” ဟူ၍မိန့်တော် မူပါသည်။ ဘုရား သခင်သည် ရောက်ရှိလာတော့မည့်တရားစီရင်ခြင်းနှင့်ပတ် သက်၍လူများအား အမြဲတမ်းသတိပေးခဲ့ပါသည်။ မိမိတို့ခေတ်ကာလအတွက် ပေးတော်မူသော သ တင်းစကားကိုယုံကြည်လျက် ပညတ်တော်များကိုလိုက် လျှောက်ခြင်းအားဖြင့် မိမိ တို့၏ယုံကြည်ချက်အတိုင်း ကျင့်ဆောင်သောသူများသည် နားမထောင်သူများ နှင့်မယုံကြည်သောသူများအပေါ်သို့ ကျရောက်မည့်တရားစီရင်ခြင်းမှ ကင်းလွတ်ကြ ပေလိမ့်မည်။ “သင်သည်ငါ့ရှေ့၌ ဖြောင့်မတ်ကြောင်းကို ငါသိမြင်သည်ဖြစ်၍ သင် ၏အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ သင်္ဘောထဲသို့ဝင်ကြလော့” ဟူ၍ မိမိထံသို့ ရောက်ရှိလာသော ထာ၀ရဘုရား၏ အမိန့်တော်ကို နောဧသည်နားထောင်ခဲ့သဖြင့် ကယ်တင်ခြင်းခံခဲ့ရပါသည်။ “ထကြ၊ ဤအရပ်မှထွက်သွားကြ၊ ဤမြို့ကို ထာ၀ရ ဘုရားဖျက်ဆီးတော်မူမည်” ဟူသောသတင်းစကားသည် လောတထံသို့ ရောက်ရှိ လာခဲ့ပါသည်။ ကမ္ဘာ ၇း၁၊ ၁၉း၁၄။ လောတသည် ကောင်းကင်သားများ၏ လမ်းပြပို့ ဆောင်မှုကို ခံယူခဲ့သဖြင့် ကယ်တင်ခြင်းသို့ရောက်ခဲ့ပါသည်။ ထိုနည်းအတူ ယေရုရှ လင်မြို့ကြီးပျက်စီးတော့မည့် သတိပေးစကားကို တပည့်တော်များအားပြောကြားခဲ့ပါ သည်။ ပျက်စီးခြင်းအကြောင်းနှင့်ပတ်သက်သောပုဗ္ဗနိမိတ်များကို ဂရုစိုက်စောင့် ကြည့်ကာ ထိုမြို့မှတိမ်းရှောင်ထွက်ပြေးခဲ့သူများသည် ပျက်စီးခြင်းမှကင်းလွတ်ခဲ့ကြ ပါသည်။ ထိုနည်းနှင်နှင်ပင် ယခုအချိန်တွင်လည်း ခရစ်တော်ဒုတိယအကြိမ်ကြွလာ ခြင်းနှင့်ပတ်သက်သည့် သတိပေးစကားများနှင့် တစ်ကမ္ဘာလုံးအပေါ်သို့ ကျရောက် တော့မည့်ပျက်စီးခြင်းနှင့် ပတ်သက်သော သတိပေးစကားများတို့ကို ကျွန်ုပ်တို့အား မိန့်မြွက်နေပါသည်။ ထိုသတိပေးစကားများကို အလေးဂရုပြုသောသူများသည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။
မည်သည့်အချိန်တွင် ကိုယ်တော်ပြန်လည်ကြွမြန်းလာမည်ကို ကျွန်ုပ်တို့မ သိရှိနိုင်သောကြောင့် စောင့်လျက်နေကြရန် ဘုရားရှင်မိန့်တော်မူခဲ့ပါသည်။ “အ ကြင်ကျွန်တို့သည် စောင့်လျက်နေသည်ကို သခင်သည်ပြန်လာ၍ တွေ့၏။ ထိုကျွန် တို့သည်မင်္ဂလာရှိကြ၏” လုကာ ၁၂း၃၇။ သခင်ဘုရား၏ ကြွလာခြင်းကိုစောင့်မျှော် နေသူများသည် ဘာမျှမလုပ်ဘဲစောင့်မျှော်နေကြရန် မဟုတ်ချေ။ ခရစ်တော်ကြွ လာခြင်းကို စောင့်မျှော်ခြင်းသည် ဘုရားသခင်နှင့်တကွ လွန်ကျူးမှုများအပေါ်ပြု တော်မူမည့် ကိုယ်တော်၏တရားစီရင်ခြင်းကို လူသားများအားကြောက်ရွံ့စေပါသည်။ ကိုယ်တော်ပေးတော်မူသည့် ကရုဏာတော်ကိုငြင်းဆန်ခြင်းအပြစ်မှ ၎င်းတို့အားနိုး ကြားထကြွစေပါသည်။ ဘုရားသခင်ကိုစောင့်မျှော်နေသူများသည် သမ္မာတရားကို လိုက်လျှောက်ကျင့် ခြင်းအားဖြင့် မိမိတို့၏အသက်ဝိညာဉ်များကို သန့်စင်လျက်ရှိ ပါသည်။ သူတို့သည် နိုးနိုးကြားကြားစောင့်မျှော်ကြယင်း အမှုတော်ကိုလည်း စိတ် အားထက်သန်စွာ လုပ်ဆောင်လျက်ရှိကြပါလိမ့်မည်။ သခင်ဘုရားသည် တံခါး၀တွင် ရောက်ရှိနေကြောင်း သူတို့သိရှိကြသဖြင့် အသက်ဝိညာဉ်များကိုကယ်တင်ရန်အလို ငှာ ကောင်းကင်သားများနှင့်လက်တွဲလုပ်ဆောင်ရန် စိတ်အားထက် သန်လျက်ရှိကြ ပါလိမ့်မည်။ ဤသူများသည် မိမိအိမ်သားတို့အားအချိန်တန်လျှင် အစားအသောက် တို့ကိုပေးသော၊ သတိပညာနှင့်ပြည့်စုံသော ကျွန်များဖြစ်ကြပါသည်။ လုကာ ၁၂း၄၂ ။ အထူးသဖြင့် ယခုအချိန်နှင့်သက်ဆိုင်သော သမ္မာတရားများကို သူတို့ဟောကြား နေကြပါသည်။ ဧနောက်၊ နောဧ၊ အာဗြဟံနှင့် မောရှေတို့သည် မိမိတို့၏ခေတ်ကာ လအတွက် သမ္မာတရားများ ကိုဟောကြားခဲ့ကြသည်နည်းတူ ခရစ်တော်၏ အစေခံ ကျွန်များသည်လည်း မိမိတို့၏ခေတ်ကာလနှင့် အထူးပတ်သက်သော သတိပေး စကားများကို ဟောကြားကြပါလိမ့်မည်။
သို့ရာတွင် ခရစ်တော်သည် အခြားကျွန်တစ်ဖွဲ့အကြောင်းကိုဖော် ပြသည်မှာ “ အကြင်ကျွန်ဆိုးက ငါ့အရှင်လာခဲလိမ့်မည်ဟုစိတ်ထဲ၌အောက် မေ့သည်နှင့် ကျွန် ချင်းတို့ကိုရိုက်ပုတ်လျက် သေသောက်ကြူးသောသူတို့နှင့် အတူစားသောက်လျက် နေ၏။ ထိုကျွန်မကြည့်မမျှော်သောနေ့ရက် မကြားမသိသောအချိန်နာရီ၌ သခင် သည်ရောက်လာလိမ့်မည်” ဟူ၍ဖြစ်၏။
ထိုကျွန်ဆိုးသည် ငါ့အရှင်လာခဲမည်ဟုသာ စိတ်ထဲ၌အောက်မေ့ခဲ့ ပါသည်။ ခရစ်တော်ကြွလာမည်မဟုတ်ဟုသူမပြောခဲ့ပါ။ ခရစ်တော်ဒုတိယအကြိမ်ကြွလာ ခြင်းနှင့်ပတ်သက်သော ထင်မြင်ချက်များကိုလည်း သူပြက် ရယ်မပြုခဲ့ပါ။ သို့ရာတွင် အရှင်လာခဲမည်ဟုသူစိတ်ထင်ခဲ့ပါသည်။ အမူအရာအားဖြင့်လည်းကောင်း၊ စကား အားဖြင့်လည်းကောင်း ဖွင့်ဟခဲ့ပါသည်။ ခရစ်တော်အလျင်အမြန်ကြွလာတော့မည် ဟူသော အခြားသူများ၏စိတ်ထဲတွင် ရှိထားသောအသိစိတ်ဓာတ်ကလေးများကို သူ ကပျောက်ပျက်စေပါသည်။ သူ၏ဩဇာသက်ရောက်မှုကြောင့် များစွာသောလူများ သည် ကိုယ်တော်ကြွလာခြင်းအပေါ်ဂရုမပြုကြတော့ဘဲ စိတ်အားထက်သန်မှုမရှိကြ တော့ချေ။ လောကရေးရာများတွင်သာ နစ်မျောနေကြပါတော့သည်။ ၎င်းတို့၏စိတ် ထဲ တွင် လောကီကာမဂုဏ်ခံစားမှုများနှင့် ညစ်ညမ်းသောအတွေးအခေါ်များက နေ ရာယူထားကြပါသည်။ ထိုကျွန်ဆိုးသည် အရက်သမားများနှင့်ပေါင်းဖက်ပြီး သောက် စားမူးယစ်ကာ လောကအပျော်အပါးများကိုသာ လိုက်စားပါတော့သည်။ သူသည် မိမိအရှင်အပေါ်တွင် သစ္စာစောင့်သိသောကျွန်ချင်းများကို စွပ်စွဲပြစ်တင်ကာ ရိုက် ပုတ်ထိုးနှိပ်နေပါသည်။ သူသည်လောကသားများနှင့် အတူ ရောယှက်ပေါင်းဖက်ကြီး ပြင်းလာကာ အတူအပြစ်ကျူးလွန်နေပါသည်။ ကြောက်စရာကောင်းလှသော သ ဘောထားတိုက်ဆိုင်မှုများပါတကား။ “ထိုကျွန်မကြည့်မမျှော်သောနေ့ရက်မကြားမ သိသောအချိန်နာရီ၌ သခင်သည် ရောက်လာလျှင် ထိုကျွန်ကိုပြင်းစွာကွပ်မျက်ဆုံးမ ၍ ငိုကြွေးခြင်း၊ အံသွား ခဲကြိတ်ခြင်းရှိရာအရပ်၌ လျှို့ဝှက်သောသူတို့နှင့်အတူနေရာ ချလတ္တံ့။”
သင်သည် --- စောင့်၍မနေလျှင် သူခိုးကဲ့သို့သင်ရှိရာသို့ငါလာမည်။ လာ မည့်အချိန်နာရီကိုလည်းသင်မသိရ။ ဗျာဒိတ် ၃း၃။ ငြိမ်ဝပ်ခြင်းရှိ၏။ ဘေးအန္တရာယ် နှင့်ကင်းလွတ်၏ဟု ကြွေးကြော်နေသော ဆရာအတုအယောင်များအတွက် ခရစ် တော်ကြွလာခြင်းသည် အံ့အားသင့်စရာဖြစ်နေပါလိမ့်မည်။ ယေရုရှလင်မြို့ကြီးမ ပျက်စီးမီအချိန်က အသက်ရှင်ထင်ရှားခဲ့ကြသော ယဇ်ပုရောဟိတ်များကဲ့သို့ပင် သူ တို့သည် အသင်းတော်ကြီးအား လောကီဥစ္စာစည်းစိမ် ဘုန်းတန်ခိုးများနှင့် တိုးပွား ပြည့်စုံလာလိမ့်မည်ဟု သူတို့မျှော်လင့်ခဲ့ကြပါသည်။ ကပ်ကာလ၏နိမိတ်လက္ခဏာ များကိုလည်း ထိုကဲ့သို့ ဖြစ်ပျက်မည်ကိုနိမိတ်ပေးသောအရာများအဖြစ်သို့ သူတို့အ နက်ဖွင့်ခဲ့ကြပါ သည်။ သို့ရာတွင် နှုတ်ကပတ်တော်တွင်ဖွင့်ဆိုထားသည်မှာ “သူတို့ အပေါ်၌ လျင်မြန်စွာပျက်စီးခြင်းရောက်၍ လွတ်ခြင်းအခွင့်မရှိရကြ” ဟူ၍ဖြစ်၏။ ၁သက် ၅း၃။ ဤကမ္ဘာမြေပြင်ပေါ်ဝယ် နေထိုင်ကြသူအားလုံးအပေါ်သို့လည်း ကောင်း၊ ဤကမ္ဘာလောကကို မိမိတို့၏နေအိမ်ဖြစ်စေကြသောသူအားလုံးအပေါ်သို့ လည်းကောင်း ဘုရားသခင်၏နေ့ရက်ကြီးသည် ကျော့ကွင်းတစ်ခုကဲ့သို့ကျရောက် လာလိမ့်မည်။ ထိုနေ့ရက်ကြီးသည် ထိုသူများထံသို့ သူခိုးကဲ့သို့လျှို့ ဝှက်စွာရောက်ရှိ လာလိမ့်မည်။
ရုန်းရင်းခတ်မှုများ၊ ဘုရားမဲ့အပျော်အပါးလိုက်စားမှုများနှင့် ပြည့်၀နေသော ဤကမ္ဘာလောကကြီးသည် ဇာတိပကတိတွင် စိတ်ချလုံခြုံစွာဖြင့် အိပ်စက်နေပါ သည်။ လူသားများသည် ခရစ်တော်၏ဒုတိယအကြိမ်ကြွလာခြင်းကို များစွာနှောင့် နှေးစေလျက်ရှိကြပါသည်။ သတိပေးစကားများကို သူတို့ပြက်ရယ်ပြုကြပါသည်။ “ဘိုးဘေးများအိပ်ပျော်နေသည်နောက် ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းစက ဖြစ်သကဲ့သို့ ဖြစ်မြဲဖြစ်ကြ၏။” “ယနေ့ဖြစ် သကဲ့သို့နက်ဖြန်နေ့ဖြစ်လိမ့်မည်။ ထိုမျှ မကသာ၍ကြွယ်၀လိမ့်မည်” ဟူ၍ မာနထောင်လွှားကာကြွားဝါကြပါလိမ့်မည်။ ၂ပေ ၃း၄။ ဟေရှာယ ၅၆း၁၂။ ကျွန်ုပ်တို့သည် အပျော်အပါးလိုက်စားမှုများကို ပို၍လုပ် ဆောင်ကြပါလိမ့်မည်။ သို့ရာတွင် ခရစ်တော်မိန့်တော်မူသည်ကား၊ “သူခိုးကဲ့သို့ ငါ လာ၏” ဗျာဒိတ် ၁၆း၁၆။ ခရစ်တော်ကြွလာလိမ့်မည်ဟူသောကတိတော်သည် အ ဘယ်မှာနည်းဟူ၍ မထီလေးစားမေးမြန်းနေစဉ်မှာပင် ပုဗ္ဗနိမိတ်များသည်ပြည့်စုံ လျက်ရှိနေပါသည်။ ငြိမ်ဝပ်ခြင်းရှိ၏။ ဘေးအန္တရာယ်ကင်း၏ဟု သူတို့ပြောနေစဉ် မှာပင် ပျက်စီးခြင်းသည်အလျင်အမြန်ကျရောက်လာပါလိမ့်မည်။ သမ္မာတရားကို မထီလေးစားပြုသူများနှင့် အလင်းတရားကိုငြင်းပယ်သူများသည် ပို၍အတင့်ရဲလာ သောအချိန်တွင် ငွေကြေးရရှိရေးအတွက် နည်းမျိုးစုံဖြင့်စည်း လွတ်ဝါးလွတ်လုပ် ဆောင်လာကြသောအချိန်တွင် ကျောင်းသားများသည် သမ္မာကျမ်းစာမှလွဲ၍ အခြား ဘာသာရပ်အားလုံးကို စိတ်ဝင်တစားလေ့လာ လိုက်စားနေကြသောအချိန်တွင် ခရစ် တော်သည် သူခိုးကဲ့သို့ကြွလာတော်မူလိမ့်မည်။
ဤလောကတွင်ရှိသော အရာမှန်သမျှသည် မတည်မငြိမ်ဖြစ်ကာလှုပ်ရှားနေ ကြပါသည်။ ကပ်ကာလ၏နိမိတ်လက္ခဏာများသည် မကောင်းလှပါချေ။ ဖြစ်ပျက် တော့မည့်အရာများအတွက် အတိတ်နိမိတ်ထင်ရှားလျက်ရှိပါသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဤကမ္ဘာမှဆုတ်ခွာသွားလျက်ရှိပြီး၊ ပင်လယ်တွင်သော်လည်း ကောင်း၊ ကုန်းပေါ်တွင်သော်လည်းကောင်း အတိဒုက္ခတစ်ခုပြီးတစ်ခုကျရောက် လျက်ရှိပါသည်။ မုန်တိုင်းကျခြင်း၊ ငလျင်လှုပ်ခြင်း၊ မီးလောင်ခြင်း၊ ရေကြီးခြင်းများ နှင့်တကွ လူသတ်မှုအမျိုးမျိုးတို့သည် ဖြစ်ပွားလျက်ရှိကြပါသည်။ မည်သူသည် အ နာဂတ်အကြောင်းကို ပြောနိုင်မည်နည်း။ မည်သည့်နေရာတွင် လုံခြုံမှုရနိုင်မည် နည်း။ မည်သည့်လူသား တစ်စုံတစ်ယောက်နှင့် လောကီရေးရာတစ်စုံတစ်ခု၌မျှ အာ မခံချက်မရှိပါချေ။ လူသားများသည် မိမိတို့ရွေးချယ်ထားသည့် အလံအောက်တွင် အလျင်အမြန် တန်းစီလျက်ရှိကြပါသည်။ သူတို့သည် မိမိတို့ခေါင်းဆောင်များ၏ လှုပ်ရှားမှုများကို စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းကြည့်ရှုလျက်ရှိကြပါသည်။ သခင် ဘုရား၏ကြွလာခြင်းကို စောင့်စားမျှော်လင့်ကာ လုပ်ဆောင်နေကြသူများရှိသော် လည်း အခြားအဖွဲ့တစ်ဖွဲ့မှာမူ အဦးဆုံးသောအယူဝါဒဖောက်ပြန်သူ၏ ခေါင်း ဆောင်မှုအောက်တွင် ကျဆုံးသွားခဲ့ကြပါသည်။ လူအနည်းငယ်သာ မိမိတို့၌ ရှောင် ရှားရန်၊ ငရဲနှင့်ဝင်စားရန် ကောင်းကင်နိုင်ငံတော်ရှိကြောင်းကို စိတ်နှလုံးအားဖြင့် ယုံကြည်မှုရှိကြပါသည်။
ထိုအကျပ်အတည်းကာလသည် ကျွန်ုပ်တို့ထံသို့တဖြည်းဖြည်းချဉ်း ကပ် လာနေပါသည်။ နေသည်မိမိ၏ နဂိုသွားရာလမ်းကြောင်းအတိုင်း လှည့်ပတ်လှုပ်ရှား ကာ ထွန်းလင်းလျက်ရှိပါသည်။ ကောင်းကင်ယံသည်လည်း ဘုရားသခင်၏ဘုန်း တော်ကိုကြားပြောဆဲဖြစ်ပါသည်။ လူသားများသည်လည်း စားလျက်၊ သောက်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက်၊ ထိမ်းမြားလျက် ရှိကြပါသည်။ ကုန်သည်များ သည် ရောင်းဝယ်ကြဆဲရှိပါသည်။ လူများသည် ကြီးမြတ်သောရာထူးများကို ရရှိရေး အတွက် တစ်ဦးနှင့်တစ်ဦးတွန်းကြတိုက်ကြဆဲဖြစ်ပါသည်။ အပျော်အပါးလိုက်စား သူများကလည်း ဇာတ်ရုံများ၊ မြင်း ပွဲများနှင့်လောင်းကစားဝိုင်းများတွင် ဝိုင်းအုံကြဆဲ ဖြစ်ပါသည်။ လူများတို့၏ စိတ်လှုပ်ရှားမှုများသည် အထွတ်အထိပ်သို့ ရောက်နေ သော်လည်း ကရုဏာတံခါးပိတ်တော့မည့်အချိန်သည် နီးကပ်လာလျက်ရှိကာ လူ တိုင်းအတွက် ထာ၀ရစီရင်ခြင်း ချမှတ်တော့မည်ဖြစ်ပါသည်။ မိမိ၌အချိန်မရှိတော့ သည်ကို စာတန်သိထားပါသည်။ ထိုကြောင့်သူသည် ကရုဏာတံခါးပိတ် သည့်နေ့ တိုင်အောင် လူများကိုလိမ်လည်လှည့်ဖြားရန် မိမိ၌ရှိသော အစွမ်းတန်ခိုးအားလုံးကို ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။
သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့ (သို့မဟုတ်) အစားအသောက် လွန်ကြူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင် ထိုနေ့ ရက်သည် အမှတ်တမဲ့သင်တို့၌တွေ့ကြုံလိမ့်မည်။ “ထိုကြောင့် သင်တို့သည် ဖြစ် လတ္တံ့သောအမှုအရာတို့နှင့်ကင်းလွတ်၍ လူသားထံသို့ရောက် ခြင်းကိုခံထိုက်သော သူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း အစဉ်ဆုတောင်းလျက်စောင့်နေကြ လော့” ဟူသောသံလွင်တောင်ပေါ်တွင် မိန့်တော်မူခဲ့သော ကိုယ်တော်၏သတိပေး စကားများသည် ထုံးတမ်းစဉ်လာအတိုင်း ရာစုနှစ်များကိုဖြတ်ကျော်ကာ ကျွန်ုပ်တို့ထံ သို့ ရောက်ရှိလာပါသည်။
No comments:
Post a Comment