ပုန္တိပိလတ်မင်း၏တရားခွင်၌
ရှင်မဿဲခရစ်ဝင် ၂၇း၂၊
၁၁-၃၁။ ရှင်မာကု ၁၅း၁-၂၀။ ရှင်လုကာ ၂၃း၁-၂၅။ ရှင်ယောဟန် ၁၈း၂၈-၄၀။ ၁၉း၁-၁၆
တို့ကိုအခြေပြုထားပါသည်။
ခရစ်တော်သည်
ရောမဘုရင်ခံပိလတ်မင်း၏ တရားခွင်တွင်အကျဉ်းသား
တစ်ဦးကဲ့သို့တုပ်နှောင်ခြင်းကိုခံလျက် တရားစစ်ဆေးခြင်းကိုခံခဲ့ရပါသည်။ ကိုယ်
တော်၏ပတ်လည်တွင် အစောင့်အကြပ်များနှင့်ပြည့်နေပြီး၊ တရားရုံးကြီးတစ်ခုလုံး သည်
လေ့လာကြည့်ရှုသူများနှင့်ပြည့်ညပ်နေပါသည်။ ဝင်ပေါက်၏အပြင်ဘက်နား တွင်
ဆန်ဟီဒရင်အဖွဲ့မှတရားသူကြီးများ၊ ယဇ်ပု ရောဟိတ်များ၊ ယုဒလူအကြီးအကဲ
များတို့ပါဝင်သည့် လူအုပ်ကြီးကနေရာယူထားကြပါသည်။
ဆန်ဟီဒရင်အဖွဲ့ဝင်များသည်
ခရစ်တော်ကိုအပြစ်စီရင်ပြီးနောက်၊ ထိုစီရင် ချက်ကိုအတည်ပြုချက်ရယူရန်
ပိလတ်မင်းထံသို့ ရောက်ရှိလာကြခြင်းဖြစ်ပါသည်။ သို့ရာတွင် ထိုသူများသည်
ရောမတရားရုံးခန်းမထဲသို့မဝင်ကြချေ။ ဝိနည်းထုံးဖွဲ့ဆိုင် ရာပညတ်ချက်များအရ
ထိုကဲ့သို့သောတရားရုံး ထဲသို့ဝင်ထွက်သွားလာခြင်းသည် ၎င်းတို့အားညစ်ညူးစေနိုင်ပြီး၊
အကယ်၍ ထိုတရားရုံးများထဲသို့ဝင်မိပါက ပသခါပွဲ ဝင်ခွင့်ရရှိတော့မည်မဟုတ်ချေ။
သို့ရာတွင် သတ်ဖြတ်လိုသည့်အထိ ပြင်းထန်နေ သောမုန်းတီးခြင်းစိတ်သည်
၎င်းတို့အားညစ်ညူးစေသည်ကို ၎င်းတို့မသိရှိကြချေ။ ခရစ်တော်သည် ပသခါ သိုးသငယ်စစ်စစ်ဖြစ်ကြောင်းကိုလည်းကောင်း၊
ကိုယ်တော် ကိုသူတို့ငြင်းပယ် ခြင်းအားဖြင့် ၎င်းတို့ကျင်းပနေကြသောပသခါပွဲသည်
အနှစ်သာ ရမရှိတော့ ကြောင်းကိုလည်းကောင်း သူတို့မသိနားမလည်ခဲ့ကြချေ။
ကယ်တင်ရှင်သည်
ထိုတရားရုံးခန်းမထဲသို့ဝင်သောအချိန်တွင် ကိုယ်တော်
အားကြည့်နေသည့်ပိလတ်မင်း၏အကြည့်သည် မိတ်ဆွေအကြည့်မျိုး မဟုတ်ပါချေ။
မိမိအားအိပ်ရာမှနိုး၍ခေါ်လာခဲ့ကြသောကြောင့် မြန်မြန်ပြီး အောင်တရားစီရင်ရန်
ပိလတ်မင်းဆုံးဖြတ်ထားပါသည်။ သူသည် တရား သူကြီးတစ်ဦး၏ဣန္ဒြေသိက္ခာမျိုး နှင့်
ခရစ်တော်အားဆက်ဆံနေပါသည်။ တရား စီရင်ပေးရန် မိမိအားသန်းခေါင်
ကျော်တစ်ချက်တီးလောက်တွင် အိပ်ရာမှခေါ်ထရလောက်အောင် အရေးတကြီးစီ
ရင်မှုကိုခံယူမည့်ပုဂ္ဂိုလ်သည် မည်ကဲ့သို့သောပုဂ္ဂိုလ်မျိုးဖြစ်ကြောင်းလေ့လာရန်
တင်းမာသောမျက်နှာထားဖြင့် ခရစ်တော်ဘက်သို့လှည့်၍ ကြည့်လိုက်ပါသည်။ ထို
ပုဂ္ဂိုလ်အားယုဒအာဏာပိုင်များ အနေနှင့် အလျင်အမြန်စစ်ဆေးအပြစ်ပေးရန် စိတ်
စောနေကြသည်ကိုလည်း ၎င်းသိရှိထားပါသည်။
ပိလတ်မင်းသည် သခင်ယေရှုကို
ကြီးကြပ်ခေါ်ဆောင်လာသူများအား အ သေအချာကြည့်လိုက်ပါသည်။ ထို့နောက်
စူးစမ်းသည့်သဘောဖြင့် ကိုယ်တော်အား စိုက်၍ကြည့်လိုက်ပါသည်။ သူသည်
ရာဇဝတ်သားအမျိုးမျိုးကို စစ်ဆေးခဲ့ဖူးပါသည်။ သို့ရာတွင် ဤကဲ့သို့ကောင်းမြတ်၍
ကျက်သရေနှင့် ပြည့်စုံသောဥပဓိရုပ်ရှိသူ တစ်ဦး ဦးကို
မည်သည့်အခါကမျှမစစ်ဆေးခဲ့ဖူးချေ။ ကိုယ်တော်၏မျက်နှာတော်ပေါ်ဝယ်
မည်သည့်ဒုစရိုက်လွန်ကျူးခြင်း၊ ကြောက်ရွံ့ခြင်း၊ အတင့်ရဲလွန်းခြင်း၊ ကလန်ကဆန်
လုပ်လိုသော သဘောရှိခြင်းတစ်စုံတစ်ရာကိုမျှ သူမတွေ့ခဲ့ရချေ။ သူမြင်တွေ့နေရ
သောအရာမှာ တည်ငြိမ်၍ သိက္ခာသမာဓိနှင့်ပြည့်၀သော လူနေပုံပန်းတစ်ခုသာဖြစ် ပြီး၊
ထိုသူ၏မျက်နှာသည် ရာဇဝတ်သားတစ်ဦး၏ ပုံပန်းမျိုးမဟုတ်ဘဲ ကောင်း ကင်နိုင်ငံ၏
အထိမ်းအမှတ်ကိုဆောင်နေပါသည်။
ခရစ်တော်၏ပုံပန်းသဏ္ဌာန်သည်
ပိလတ်မင်း၏စိတ်နှလုံးတွင် နှစ်သက် မှုကိုဖြစ်စေပါသည်။ ထိုကြောင့် သူ၏ကောင်းမွန်သော
ဇာတိကလေးသည် နိုးဆွ ခြင်းခံခဲ့ရပါသည်။ သူသည် ခရစ်တော်၏အကြောင်းကိုလည်းကောင်း၊
ခရစ်တော်၏ လုပ်ဆောင်ချက်များကိုလည်းကောင်း ကြားခဲ့ဖူးပါသည်။ လူနာများကိုကုသကာ၊ ဠူ
သေများကိုရှင်ပြန်ထမြောက်စေခဲ့သော ဤဂါလိလဲမှ ပုရောဖက်ကြီးပြုလုပ်ခဲ့သော
အံ့ဖွယ်နိမိတ်များအကြောင်းအချို့ကို သူ့ဇနီးမှတစ်ဆင့် သူကြားခဲ့ဖူးပါသည်။ ယခု
တွင်ဤအရာများသည် ပိလတ်မင်း၏ စိတ်အာရုံတွင် အိပ်မက်မက်နေသကဲ့သို့ ထင်
ရှားပေါ်လွင်လာခဲ့ပါသည်။ နေရာတကာမှကြားခဲ့ဖူးသည့် ကောလာဟလသတင်းများ ကိုလည်း
ပြန်လည်၍သူ သတိရခဲ့မိပါသည်။ သို့နှင့်ထိုအကျဉ်းသားအပေါ်တွင်စွဲဆို ထားသည့်
အရာများအကြောင်းကို ယုဒလူများအားမေးဖို့ဟန်ပြင်လိုက်ပါသည်။
ဤသူသည်အဘယ်သူနည်း။
အဘယ်ကြောင့်သူ့ကိုခေါ်လာကြသနည်း။ သူ့ ကိုမည်သည့်အမှုနှင့် သင်တို့စွဲဆိုထားကြသနည်း
ဟူ၍သူကမေးလိုက်ရာ ယုဒလူ များသည် လှုပ်လှုပ်ရွရွဖြစ်သွားခဲ့ပါသည်။ ခရစ်တော်အား
စွဲဆိုထားသည့်မိမိတို့၏စွဲ ချက်သည် အခြေအမြစ်မရှိကြောင်းသိရှိထားကြသဖြင့်
ထိုအမှုကိုလူသိရှင်ကြား စစ် ဆေးဖို့ သူတို့အလိုမရှိခဲ့ကြချေ။ ထိုကြောင့် ဤ
သူသည်နာဇရက်မြို့သားယေရှုဟု ခေါ်သည့် လူလိမ်တစ်ဦးဖြစ်ပါသည်ဟုသူ တို့ဖြေဆိုကြပါသည်။
ထိုနောက်တစ်ဖန်ပိလတ်မင်းက
ထိုသူ၌အဘယ်အပြစ်ကိုတင်ကြသနည်း ဟုမေးမြန်းရာ ယဇ်ပုရောဟိတ်များသည်
ထိုအမေးကိုပြန်လည်ဖြေကြားခြင်းမပြုဘဲ စိတ်ဆိုးမာန်ဆိုးနှင့်
ဤသူသည်လူဆိုးမဟုတ်လျှင် အကျွန်ုပ်တို့သည် ကိုယ်တော်၌ မအပ်ပါဟုတုံ့ပြန်ခဲ့ကြပါသည်။
အဓိပ္ပါယ်မှာ ဆန်ဟီဒရင်အဖွဲ့ဝင်များအပါအဝင် နိုင် ငံ၏ရှေ့ဆောင်လူကြီးများက
သေဒဏ်ထိုက်သည်ဟုယူဆသော လူတစ်ယောက်ကို သင့်ထံသို့ခေါ်ဆောင်လာရာ
သူ၌အဘယ်အပြစ်ကိုတင်ကြသနည်းဟု မေးစရာလို သေးသလား ဟူ၍ဖြစ်ပါသည်။ ၎င်းတို့သည်
အရေးပါသောသူများဖြစ်ကြောင်းကို ပိလတ်မင်းအနေနှင့်သိရှိထားဖို့
သူတို့အလိုရှိကြပါသည်။ သို့မှသာ အမေးအမြန်းမ ထူတော့ဘဲ ၎င်းတို့၏ တောင်းဆိုချက်ကို
လိုက်လျောလိမ့်မည်ဖြစ်ပါသည်။ ခရစ် တော်၏အံ့ဖွယ် နိမိတ်လက္ခဏာများကို
မြင်တွေ့ခံစားခဲ့ဖူးသောလူထုကြီးသည် မိမိ တို့ကြိုတင်ညှိနှိုင်းထားသော
လီဆယ်မှုများနှင့်ဆန့်ကျင်သောအဖြစ်အပျက်တစ်ခုကို ပြောပြမည်ဆိုလျှင် ပြောနိုင်ကြသောကြောင့်
၎င်းတို့၏စီရင်ချက်ကို အလျင်အမြန် အတည်ပြုပေးရန် သူတို့ဆန္ဒစောနေကြပါသည်။
ပိလတ်မင်းသည်တွေဝေထိုင်းမှိုင်းနေပြီး၊
ဥာဏ်ပညာနည်းပါးသူတစ်ဦး ဖြစ် သောကြောင့် မိမိတို့၏ကြံစည်ထားသည့်အတိုင်း
အခက်အခဲမရှိလုပ် ဆောင်နိုင်ကြ လိမ့်မည်ဟု သူတို့ထင်မြင်ထားကြပါသည်။ ဤအချိန်မတိုင်
မီက သေဒဏ်အပြစ်မ ပေးသင့်သောပုဂ္ဂိုလ်များအား သေဒဏ်ပေးရန်သူစီရင် ခဲ့ဖူးပါသည်။
အပြစ်မဲ့သူဖြစ် စေ၊ အပြစ်ရှိသူဖြစ်စေ အကျဉ်းသားဖြစ်လာ သောသူတစ်ဦး၏အသက်ကို နည်း
နည်းကလေးမှသူတန်ဖိုးမထားခဲ့ချေ။ ထိုကြောင့်ပိလတ်မင်းသည် ယခုတွင်ကြားနာ
စစ်ဆေးမှုမပြုတော့ဘဲ ခရစ်တော် အားသေဒဏ်ချမှတ်လိမ့်မည်ဟု ယဇ်ပုရောဟိတ်
များကမျှော်လင့်ခဲ့ကြပါသည်။ ဤအရာကိုပသခါပွဲနေ့အချိန်အခါအတွက် အခွင့်အ
ရေးတစ်ရပ်အနေနှင့်လိုက် လျောရန် သူတို့တောင်းဆိုခဲ့ကြပါသည်။
သို့ရာတွင်ပိလတ်မင်းအား
ယခင်ကအတိုင်းမဆုံးဖြတ်နိုင်အောင်ဟန့် တားထားသည့်အရာတချို့
ဤအကျဉ်းသားတွင်ရှိနေပါသည်။ ထိုကြောင့် သူသည် ထိုကဲ့သို့မဆုံးဖြတ်ရဲချေ။
ထိုယဇ်ပုရောဟိတ်များ၏အကြံအစည်များ ကိုလည်း ပိလတ်မင်းသိရှိခဲ့ပါသည်။
သေဆုံးသည်မှာလေးရက်ကြာပြီဖြစ် သောလာဇရုအား မကြာမီကလေးကမှ
ခရစ်တော်ထမြောက်စေခဲ့ကြောင်းကို သူသတိရလာပါသည်။ ထိုကြောင့်
သေဒဏ်စီရင်ချက်ကိုလက်မှတ်မထိုးမီ ကိုယ်တော်အားမည်သည့် စွဲဆို
ချက်နှင့်စွဲဆိုထားကြောင်းကိုလည်းကောင်း၊ ထို စွဲချက်ကိုသက်သေပြနိုင်-မပြနိုင်ကို
လည်းကောင်း သိရှိဖို့လိုသည်ဟုသူဆုံးဖြတ်ခဲ့ပါသည်။
သင်တို့၏တရားစီရင်မှုသည်
လိုလေသေးမရှိလောက်အောင်ပြည့်စုံလျှင်
အဘယ်ကြောင့်အကျဉ်းသားကိုငါ့ထံသို့ခေါ်လာရသနည်း၊ သူ့ကိုယူ၍ သင်တို့
ဓမ္မသတ်အတိုင်းစီရင်ကြဟု ပိလတ်မင်းကဆို၏။ ထိုသို့တင်းမာစွာ ပြောဆိုလိုက် သဖြင့်
မိမိတို့သည်ထိုသူအား အပြစ်ဒဏ်စီရင်ပြီးဖြစ်ကြောင်း၊ ထိုစီရင်ချက်ကို တရားဝင်ရန်
ပိလတ်မင်း၏အတည်ပြုချက်ရရှိဖို့လိုကြောင်း ယဇ်ပုရောဟိတ်များက ပြောကြပါသည်။
သင်တို့၏စီရင်ချက်မှာအဘယ်သို့နည်းဟု ထပ်ဆင့်မေးမြန်းလိုက် ရာ
ကျွန်ုပ်တို့၌မည်သူ့ကိုမျှ သေဒဏ်ပေးခွင့်မရှိသော်လည်း သူ့ကိုသေဒဏ်ပေးထား ပါသည်ဟု
သူတို့ကဖြေဆိုလေ၏။ ခရစ်တော်၏အမှုအခင်းနှင့်ပတ်သက်၍ မိမိတို့၏ စကားကိုအတည်ပြုကာ
မိမိတို့၏စီရင်ချက်ကိုလက်ခံရန် သူတို့တောင်းပန်ခဲ့ကြပါ သည်။ ထိုဆုံးဖြတ်ချက်
အတွက်ဖြစ်ပေါ်လာမည့်ဆိုးကျိုးများကိုလည်း မိမိတို့တာ ဝန်ယူကြောင်း သူတို့
ပြောဆိုခဲ့ကြပါသည်။
ပိလတ်မင်းသည်တရားမျှတပြီး၊
အမှားမလုပ်ဖူးသည့် တရားသူကြီးမျိုးမ ဟုတ်သည့်ပြင်
အကျင့်စာရိတ္တပိုင်းမှာအတော်အားနည်းသူတစ်ဦးဖြစ်ပါ သည်။ သို့ သော်လည်း
ဤတောင်းဆိုချက်ကိုခွင့်ပြုပေးရန်ငြင်းဆိုခဲ့ပါသည်။ အခြားသူများက
ကိုယ်တော်အားစွဲချက်မတင်သရွေ့ကာလပတ်လုံး သူသည် ကိုယ်တော်အား အ
ပြစ်စီရင်မည်မဟုတ်ချေ။
ယဇ်ပုရောဟိတ်များသည်အကျပ်ရိုက်နေကြပါသည်။
မိမိတို့၏ဟန်ဆောင် မှုနှင့်လျှို့ဝှက်မှုများကိုလုံအောင်ဖုံးဖိထားရမည်ကို
သူတို့သိထားကြပါသည်။ ခရစ် တော်အားဘာသာရေးအကြောင်းပြချက်ဖြင့်
ဖမ်းဆီးကြောင်းကိုလည်း လူမသိစေ လိုကြချေ။ အကယ်၍ ဘာသာရေးအကြောင်းပြချက်နှင့်
ဖမ်းဆီးထားကြောင်းထင် ရှားလာခဲ့လျှင် ၎င်းတို့၏စီရင်ချက်များအား ပိလတ်
မင်းအနေဖြင့်အလေးထားလိမ့် မည်မဟုတ်ချေ။ ခရစ်တော်အား
ဥပဒေချိုးဖောက်သူတစ်ဦးအနေနှင့်ထင်ပေါ် အောင် သူတို့စွမ်းဆောင်ကြရပါမည်။ သို့မှသာ
နိုင်ငံရေးပြစ်မှုကျူးလွန်သူတစ်ဦးကဲ့ သို့ အပြစ်စီရင်နိုင်ကြမည်ဖြစ်ပါသည်။ ယုဒလူမျိုးများတွင်
ရောမအစိုးရကိုဆန့်ကျင် အကြမ်းဖက်မှုများနှင့် ပုန်ကန်ထကြွမှုများသည်
အမြဲတမ်းလိုလိုဖြစ်ပွားလျက်ရှိပါ သည်။ ရောမများသည် ပုန်ကန်ထကြွမှုများကို
ခွန်အားသုံး၍နှိမ်နင်းခဲ့ဖူးပြီး၊ ပုန်ကန် မှုဖြစ်ပေါ်စေနိုင်သည့်
အရာတိုင်းကိုနှိမ်နင်းရန် အမြဲတမ်းစောင့်ကြည့်လျက်ရှိပါ သည်။
ဤအဖြစ်အပျက်မဖြစ်ပျက်မီရက်အနည်းငယ်က
“အကျွန်ုပ်တို့သည် ကဲ သာဘုရင်အားအခွန်ကို ဆက်အပ်သလော၊
မဆက်အပ်သလော” ဟုမေးလျှောက် ကာ ခရစ်တော်၏အမှားကိုထောက်ရန် သူတို့ကြိုးစားခဲ့ဖူးကြပါသည်။
သို့ရာတွင် ခရစ်တော်သည် ၎င်းတို့၏သူတော်ကောင်းယောင်ဆောင်မှုကို
ထုတ်ဖော်တော်မူခဲ့ပါ သည်။ ထိုနေရာတွင်ရောက်ရှိနေကြသော ရောမစစ်သား များသည်
ထိုမသမာသူ များ၏ အကြံအစည်များလုံးလုံးအထမမြောက်ကြောင်း ကိုမြင်တွေ့ခဲ့ကြရပြီး၊
၎င်းတို့ အားအရှုံးနှင့်ရင်ဆိုင်စေသည့် ]]ကဲသာဘုရင်၏ ဥစ္စာကို ကဲသာဘုရင်အားဆက်
ပေးကြလော့}} ဟူသော ကိုယ်တော်၏အဖြေ
စကားကိုလည်းကြားခဲ့ကြရပါသည်။ လုကာ ၂ဝး၂၂-၂၅။
ယခုတွင်ယဇ်ပုရောဟိတ်များသည်
ဤအခါသမယမျိုးတွင် ကိုယ်တော်သွန် သင်လိမ့်မည်ဟု မိမိတို့မျှော်လင့်ထားသည့်
အရာများကို ခရစ်တော်သည်သွန်သင်ခဲ့ ပြီဖြစ်ကြောင်းကို ထင်ရှားအောင်ပြုလုပ်ကြရန်
ကြံစည်စဉ်းစားနေကြပါသည်။ သူတို့ သည်တစ်ဘက်စွန်းရောက်သွားကာ “မိမိသည်ခရစ်တော်တည်းဟူသော
ရှင်ဘုရင် ဖြစ်ကြောင်းကိုဆိုလျက် ကဲသာဘုရင်ကိုအခွန် မဆက်နှင့်ဟုမြစ်တားသည်ကို အ
ကျွန်ုပ်တို့တွေ့ပါပြီ” ဟုထွက်ဆိုသည့်မမှန်
သောသက်သေများကိုခေါ်၍ အပြစ်တင် စေခဲ့ပါသည်။ ဤစွပ်စွဲချက်အားလုံးသည်
အခြေအမြစ်မရှိလှပါ။ အခြေအမြစ်မရှိ မှန်းကိုလည်း သူတို့သိရှိထား ကြပါသည်။ သို့ရာတွင်၎င်းတို့သည်
မိမိတို့စီစဉ်ထား သည့်အတိုင်း ပြီးမြောက်အောင် လုပ်ကိုင်နိုင်ဖို့ရန်
မုသားကိုသုံးဖို့ဝန်မလေးကြချေ။
ပိလတ်မင်းသည်
၎င်းတို့၏အကြံအစည်ကိုသိထားပါသည်။ ခရစ်တော် သည် အစိုးရကိုပုန်ကန်ထကြွသည်ကို
သူမယုံကြည်ပါ။ ကိုယ်တော်၏နူးညံ့သိမ်မွေ့ မှုနှင့်နှိမ့်ချမှုအပြည့်ရှိသော
သွင်ပြင်လက္ခဏာသည် စွဲဆိုထားသည့်စွပ်စွဲချက်နှင့် တခြားစီဖြစ်နေခဲ့ပါသည်။
ယုဒအာဏာပိုင်များအတွက် ခလုတ်တံသင်းဖြစ်နေသော အပြစ်မဲ့သူတစ်ဦးအား
သုတ်သင်ပယ်ရှင်းပစ်မည့် အကြံအစည်တစ်ခုကို ၎င်းတို့ကြံ စည်ထားကြောင်း
ပိလတ်မင်းသဘောပေါက် နားလည်ခဲ့ပါသည်။ ထိုနောက် သူ သည်သခင်ယေရှုဘက်သို့လှည့်ကာ
သင်သည်ယုဒရှင်ဘုရင်မှန်သလောဟုမေး လျှင် မင်းကြီးမေးသည့်အတိုင်းမှန်သည် ဟုမိန့်တော်မူ၏။
ထိုအချိန်တွင် ခရစ်တော် ၏ မျက်နှာတော်သည် နေရောင်ခြည်အလင်းကဲ့သို့ပင်
တောက်ပနေပါသည်။
ကယာဖနှင့်၎င်းတို့၏
အပေါင်းပါများတို့သည် ကိုယ်တော်၏ဖြေဆိုသမျှကို ကြားရသောအခါ၊
မိမိတို့စွဲဆိုထားသည့်ပြစ်မှုကို သူကိုယ်တိုင်ကျူးလွန်ကြောင်းဝန်
ခံနေပြီဖြစ်ကြောင်း ကိုယ်တိုင်နားထောင်ရန် ပိလတ်မင်းအားပြောဆိုကြပါသည်။
ယဇ်ပုရောဟိတ်များ၊ ကျမ်းတတ်ဆရာများနှင့်ယုဒအကြီးအကဲများသည် ခရစ်တော်
ကိုသေဒဏ်ပေးရန်အတွက် ဆူညံသောအသံများကိုပြုလျက် တောင်းဆိုနေကြပါ သည်။ ထိုနောက်
လူထုကြီးကလည်းပါဝင်အော် ဟစ်လာကြသည့်အတွက် ဖြစ်ပေါ် လာသောအော်သံများသည်
နားကွဲလုမတတ် ဆူညံနေပါတော့သည်။ ခရစ်တော် သည် မိမိအားစွဲချက်တင်နေကြသူများအား
မည်သို့မျှတုံ့ပြန်မှုမပြုသောကြောင့် ပိလတ်မင်းသည်စိတ်ရှုပ်ထွေးလာပြီး၊
သင်သည်တစ်ခွန်းမျှပြန်၍မပြောသလော၊ ဤ သူတို့သည် အဘယ်သို့
သက်သေခံသနည်းဟုယေရှုကိုမေးလျှင် ကိုယ်တော်သည် တစ်ခွန်းမျှပြန်ပြော တော်မမူဘဲ
တိတ်ဆိတ်နေတော်မူ၏။
ပိလတ်မင်း၏နောက်နားတွင်ရပ်နေသောခရစ်တော်သည်
ထိုအခန်းထဲတွင် ရှိနေသူအားလုံးကိုမြင်တွေ့တော်မူ၍ ၎င်းတို့၏မတရားစွပ်စွဲမှုများကို
ကြားနေရသော် လည်း မမှန်သောထိုစွဲဆိုချက်များအတွက် မည်သို့မျှတုံ့ပြန်
တော်မမူခဲ့ချေ။ ကိုယ် တော်၏အမူအရာအကျင့်အကြံများက ၎င်း၏အပြစ် ကင်းသောအသက်တာကို ထင်
ရှားစေလျက်ရှိပါသည်။ မိမိအားတိုက်ခိုက် နေသောဒေါသလှိုင်းလုံးများအလယ်တွင်
ကိုယ်တော်သည်တည်ငြိမ်စွာရပ်တည် တော်မူခဲ့ပါသည်။ လှိုင်းလေပြင်းထန်သော
သမုဒ္ဒရာကြီးထဲမှ လှိုင်းတံပိုးကဲ့သို့ မြင့်သည်ထက်မြင့်တက်လာသော ၎င်းတို့၏ပြင်း
ထန်သောအမျက်လှိုင်းများသည် ကိုယ်တော်၏ပတ်လည်တွင်ဖြစ်ပေါ်နေသော် လည်း
ကိုယ်တော်အားမထိခိုက်နိုင်ခဲ့ကြချေ။ ကိုယ်တော်သည် တိတ်ဆိတ်စွာရပ်နေ တော်မူခဲ့
သော်လည်း ထိုတိတ်ဆိတ်မှုသည် အနီးအနားတွင်ရှိနေသူများ၏စိတ်နှလုံး
ကိုထိခိုက်စေလျက်ရှိပါသည်။ ကိုယ်ခန္ဓာတော်၌အတွင်းမှအလင်းတော်သည် ထွန်း လင်းနေသကဲ့သို့ဖြစ်နေပါသည်။
ကိုယ်တော်၏အမူအရာကိုကြည့်ပြီး၊
ပိလတ်မင်းသည်အံ့အားသင့်နေပါ သည်။ ဤပုဂ္ဂိုလ်သည်
မိမိအားစွဲဆိုထားချက်များကိုဂရုမပြုပါလား။ မိမိအသက် ကိုကယ်တင်ဖို့
ဤသူအရေးမထားပါလားဟူ၍ ပိလတ်မင်းသည် မိမိ၏စိတ်ထဲ၌ တွေးနေမိပါသည်။
စော်ကားမှုများနှင့် ပြောင်လှောင်သရော်မှု များကို မည်သို့မျှ မတုံ့ပြန်ဘဲ
တည်ငြိမ်စွာရပ်တည်နေသော ကိုယ်တော်၏ဟန်အမူအရာများကို သေ ချာစွာကြည့်နေစဉ်တွင်
ဤပုဂ္ဂိုလ်သည် ဆူညံဆူညံလုပ်နေသော ထိုယဇ်ပုရော ဟိတ်များကဲ့သို့ မဖြောင့်မတ်သောသူ၊
မတရား သောသူတစ်ဦးမဖြစ်နိုင်ဟု ပိလတ် မင်းသိရှိခဲ့ပါသည်။ ထိုကြောင့်သူသည်
ကိုယ်တော်ထံမှအမှန်တရားကိုကြားနာခွင့် ရနိုင်ရန်နှင့် ရုန်းရင်းခတ်နေသော
ဤလူအုပ်ထဲမှ ကိုယ်တော်အားလွတ်မြောက်ခွင့် ပေးနိုင်ရန် ကိုယ်တော်အား
မိမိအနားသို့ခေါ်လိုက်ပြီး သင်သည်ယုဒရှင်ဘုရင်မှန်သ လောဟု တစ်ဖန်မေးလိုက်ပါသည်။
သခင်ယေရှုသည်
ထိုအမေးကိုတိုက်ရိုက်ဖြေဆိုတော်မမူခဲ့ချေ။
သန့်ရှင်း သောဝိညာဉ်တော်သည် ပိလတ်မင်းအား
နိုးဆွလျက်ရှိကြောင်းကိုသိတော်မူသဖြင့် ထင်ရှားစွာသိမြင်လာသည့်
အရာများကိုအသိအမှတ်ပြုရန် ၎င်းအားအခွင့်အရေး ပေးခဲ့ပါသည်။ ထိုကြောင့်ယေရှုက
မင်းကြီးသည်ကိုယ်အလိုအလျောက် ဤသို့မေး သလော၊ (သို့မဟုတ်) သူတစ်ပါးတို့သည်
ငါ၏အကြောင်းကိုလျှောက်ကြပြီလောဟု မေးတော်မူ၏။ သင်၏လျှောက်ထား ချက်သည်
ယဇ်ပုရောဟိတ်များ၏စွဲချက်လော (သို့မဟုတ်) ငါ့ထံမှအလင်းတရား
ရလိုသောဆန္ဒဖြင့်မေးမြန်းခြင်းလောဟူသော အ ဓိပ္ပါယ်များသက်ရောက်သည့်
ကိုယ်တော်၏တုံ့ပြန်မှုသည် ပိလတ်မင်း၏အမေးကို လှုံ့ဆော်ပေးခဲ့ပါသည်။
ခရစ်တော်၏မိန့်တော်မူသည့်စကားများ၏အဓိပ္ပါယ်ကို ပိလတ်မင်းနားလည် ခဲ့သော်လည်း
မာနတရားသည်၎င်း၏စိတ်နှလုံးကိုလွှမ်းမိုးထား ခဲ့ပါသည်။ သိရှိလာသောအမှန်တရားကို
သူအသိအမှတ်မပြုခဲ့ဘဲ၊ ငါသည်ယုဒလူ ဖြစ်သလော။ သင်၏လူမျိုးနှင့်တကွ ယဇ်ပုရောဟိတ်အကြီးတို့သည်
သင့်ကိုငါ၌ အပ်ကြပြီ။ သင်သည်အဘယ်သို့ပြုမိသနည်းဟုမေးလေ၏။
ပိလတ်မင်းသည်
အထူးအခွင့်အရေးတစ်ရပ်ကိုလက်လွတ်ခဲ့ရချေပြီ။ သို့ရာ တွင်ခရစ်တော်သည်
၎င်းအားအလင်းတရားကို မပေးတော့ဘဲစွန့်ပစ်ထားတော်မမူခဲ့ ချေ။ ပိလတ်မင်း၏အမေးကို
မဖြေဆိုခြင်းအားဖြင့် မိမိသည်လောကီနိုင်ငံတစ်ခုကို တည်ထောင်ရန်
ကြွလာခြင်းမဟုတ်ကြောင်း၊ နားလည်သဘောပေါက်စေရန် မိမိ၏ အမှုတော်အကြောင်းကို
ရှင်းလင်းစွာဖွင့်ဟမိန့်မြွက်တော် မူသည်ကား၊-
ငါ၏နိုင်ငံသည်
ဤလောကနှင့်မစပ်ဆိုင်၊ ငါ၏နိုင်ငံသည် ဤလောကနှင့် စပ်ဆိုင်လျှင်
ငါသည်ယုဒလူတို့လက်သို့မရောက်စေခြင်းငှာ ငါ၏လူတို့သည် တိုက် လှန်ကြလိမ့်မည်။
ယခုမူကား၊ ငါ၏နိုင်ငံသည် ဤဒေသအရပ် နှင့်မစပ်ဆိုင်ဟုမိန့် တော်မူ၏။ ပိလတ်မင်းကလည်း
သို့ဖြစ်လျှင်သင်သည် ရှင်ဘုရင်မှန်သလောဟု မေး သော်
ယေရှုကမင်းကြီးမေးသည့်အတိုင်းငါသည် ရှင်ဘုရင်မှန်၏။ သမ္မာတရားဘက် ၌
သက်သေခံခြင်းငှာ ငါသည်မွေးဖွားခြင်း ကိုခံ၍ ဤလောကသို့ကြွလာပြီ။ သမ္မာ
တရားနှင့်စပ်ဆိုင်သမျှသောသူတို့သည် ငါ့စကားကိုနားထောင်ကြသည်ဟု မိန့်တော် မူ၏။
သမ္မာတရားကိုလက်ခံရန်
အသင့်ရှိသူများအတွက်နားလည်ရန် နက်နဲခက် ခဲနေသောအရာများကို ဖော်ထုတ်ပေးမည့်အရာသည်
ကိုယ်တော်၏သမ္မာတရား ပင်ဖြစ်ကြောင်း ခရစ်တော်အသိအမှတ်ပြုမိန့်တော်မူခဲ့ပါသည်။
ထိုသမ္မာတရား၌ ကိုယ်ကိုကိုယ်ချီးမြှောက်ခြင်း တန်ခိုးပါရှိသဖြင့် ဤအရာသည်
ဧဝံဂေလိတရားပျံ့ နှံ့မှုအတွက် လျှို့ဝှက်ချက်ဖြစ်ပါသည်။ သမ္မာတရားကိုလက်ခံနာယူ
ခြင်းနှင့်မှန်ကန် စွာအသုံးချခြင်းဖြင့်သာလျှင် ၎င်း၏ပျက်ယွင်းနေသောသဘာ၀ကို
ပြန်လည်တည် ဆောက်နိုင်မည်ဖြစ်ကြောင်း ပိလတ်မင်းအားသဘောပေါက် စေတော်မူခဲ့ပါသည်။
ပိလတ်မင်းသည် အမှန်တရားကို
သိရှိဖို့ဆန္ဒရှိခဲ့ပါသည်။ သူ၏စိတ်နှလုံး သည် ဝေခွဲမရနိုင်အောင် ရှုပ်ထွေးနေပါသည်။
ခရစ်တော်၏နှုတ်ထွက်စကားများကို မြဲမြံစွာဆုပ်ကိုင်ထားပြီး၊
အမှန်တရားကိုသိလိုသောဆန္ဒနှင့် ရယူပိုင်ဆိုင်လိုသော ဆန္ဒများကြောင့်
စိတ်လှုပ်ရှားနေပါသည်။ ထိုကြောင့် သမ္မာတရားကား အဘယ်သို့ နည်းဟု သူကမေးလိုက်ပါသည်။
သို့ရာတွင် အပြင်ဘက်တွင်ရှိနေကြသည့် လူအုပ် ကြီး၏ ရုန်းရင်းခတ်မှုများသည် ဤအချိန်
ဤနာရီတွင်လုပ်ဆောင်ရမည့်အရာကို သူ့ အားသတိရစေခဲ့ပြီး ယဇ်ပုရောဟိတ်များကလည်း
ချက်ချင်းဆုံးဖြတ်လုပ်ဆောင်ရ မည့်အရာကို ဆူညံစွာတောင်းခံနေကြသဖြင့်
ပိလတ်မင်းအနေနှင့် အဖြေရသည်အ ထိပင်မစောင့်နိုင်ခဲ့ချေ။
ထိုယုဒလူများရှိနေသည့်အပြင်ဘက်သို့ထွက်သွားကာ “ဤ
သူ၌အဘယ်အပြစ် ကိုမျှမတွေ့” ဟု လေးနက်စွာသူကြေညာလိုက်ပါသည်။
တစ်ပါးအမျိုးသားတစ်ဦးဖြစ်သော
ထိုတရားသူကြီး၏ ဆုံးဖြတ်ချက်သည် ကိုယ်တော်ရှင်အား အပြစ်ရှာနေကြသော
ယုဒလူအကြီးအကဲများ၏ သစ္စာမဲ့မှုနှင့် မှားယွင်းမှုများအတွက်
မခံချည့်မခံသာဖြစ်စေသောဆုံးမမှုတစ်ရပ် ဖြစ်ခဲ့ပါသည်။
ယဇ်ပုရောဟိတ်များနှင့်ယုဒလူအကြီးအကဲများသည် ထိုဆုံးဖြတ်ချက်ကိုကြားရ သောအခါ
အလွန့်အလွန်စိတ်ပျက်ခဲ့ပြီး၊ အလွန်အမျက် ထွက်ခဲ့ကြပါသည်။ သူတို့ သည်
ဤအခွင့်အရေးကိုရရှိရန် အချိန်အကြာကြီး ကြံစည်ကာ အချိန်အကြာ
ကြီးစောင့်စားခဲ့ကြရပါသည်။ ခရစ်တော်အားလွှတ် ပစ်တော့မည့်အလားအလာကို
တွေ့ရှိကြသောအခါ ကိုယ်တော်အားအစိတ်စိတ် အပိုင်းပိုင်းဖြတ်ပစ်ရန် အသင့်အ
နေအထားတွင်ရှိနေသည့် ပုံမျိုးပေါ်နေပါသည်။ သူတို့သည် ပိလတ်မင်းအား ကျယ်
လောင်စွာအပြစ်တင်ပြောဆိုကြပြီး၊ ထိုကဲ့သို့ဆုံးဖြတ်လျှင် ရောမအစိုးရ၏ အပြစ်
ပေးခြင်းကိုခံရလိမ့်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ကြပါသည်။ ကဲသာဘုရင်နှင့် မိမိ
ကိုယ်ကိုဆိုင်ပြိုင်နေသူတို့ အတည်ပြုထားသော ကိုယ်တော်အားအပြစ်စီရင်ရန်ငြင်း
ဆန်မှုဖြင့် ပိလတ် မင်းအားသူတို့စွပ်စွဲပြောဆိုခဲ့ကြပါသည်။
ခရစ်တော်ပြုတော်မူလျက်ရှိသော
ပုန်ကန်ထကြွရန်လုပ်ဆောင်မှုများ အ ကြောင်းကို
တစ်တိုင်းပြည်လုံးတွင်လူသိရှင်ကြားဖြစ်ကြောင်း သူတို့ကစိတ်ဆိုးမာန် ဆိုးဖြင့်
ဟစ်အော်ကြွေးကြော်ခဲ့ကြပါသည်။ ဤသူသည် ဂါလိလဲပြည်မှစ၍ လူများတို့
ကိုနှိုးဆော်သောသူဖြစ်ပါသည်ဟု သူတို့ကဟစ်အော် ပြောဆိုခဲ့ကြပါသည်။
ယခုအချိန်တိုင်၊
ပိလတ်မင်းအနေနှင့်ခရစ်တော်အားအပြစ်စီရင်ရန် စိတ်ပင် မကူးမိခဲ့သေးချေ။ ယုဒလူများသည်
ကိုယ်တော်အားမုန်းတီးမှုနှင့် တစ်ဖက်သတ်အ ထင်လွဲမှားမှုကြောင့်သာ
ထိုသို့အပြစ်တင်နေသည်ကိုသူသိရှိ ထားပါသည်။ အမှန်အ တိုင်းဆိုလျှင်
သူသည်ခရစ်တော်အားချက်ချင်းလွှတ် ပေးသင့်ပါသည်။ သူလုပ် ဆောင်ရမည့်တာဝန်ကိုလည်း
သူသိရှိထားပါသည်။ သို့ရာတွင်ပိလတ်မင်းသည် ၎င်း အားယုဒလူများက
မုန်းတီးမည်ကိုစိုးရွံ့ခဲ့ပါသည်။ ယုဒများ၏လက်ထဲသို့ ခရစ်တော်
အားပေးအပ်ရန်သူငြင်းဆိုခဲ့လျှင် ရုန်းရင်းခတ်မှုတစ်ခုဖြစ်ပေါ်လာလိမ့်မည်ဖြစ်ပါ
သည်။ ဤအရာကိုသူမရင်ဆိုင်ရဲချေ။ ခရစ်တော်သည် ဂါလိလဲပြည်သားတစ်ဦးဖြစ်
ကြောင်းသူသိရှိသောအခါ ထိုအချိန်တွင်ယေရုရှလင်မြို့၌ ရောက်ရှိနေသော ထိုနယ် ၏ ဘုရင်
ခံဖြစ်သူဟေရုဒ်မင်းထံလွှဲပြောင်းပေးအပ်ရန်သူဆုံးဖြတ်ခဲ့ပါသည်။ ဤကဲ့ သို့
လုပ်ဆောင်ခြင်းအားဖြင့် အမှုစစ်ဆေးခြင်းတာဝန်ကို ဟေရုဒ်ထံသို့ပခုံးပြောင်း
ပေးရန်သူစဉ်းစားခဲ့ပါသည်။ ဤသို့လုပ်ဆောင်ခြင်းသည် မိမိနှင့်ဟေရုဒ် အကြား
ကာလကြာရှည်စွာဖြစ်ပွားနေသော မတည့်မရှုမှုကို သက်သာပြေလည်သွားရန်
အခွင့်အလမ်းတစ်ခုဖြစ်သည်ဟု သူယူဆခဲ့ပါသည်။ ထိုနည်းအတိုင်းပင် စမ်းကြည့် ခဲ့ရာ
ထိုတရားသူကြီးနှစ်ဦးသည် ကယ်တင်ရှင်အားအမှုစစ် ဆေးခြင်းတွင်ပြန်လည် ၍
မိတ်ဆွေဖြစ်သွားခဲ့ကြပါသည်။
ပိလတ်မင်းသည်
ခရစ်တော်ကိုရောမစစ်သားများလက်သို့ တစ်ဖန်ပြန်လည် အပ်နှံလိုက်ရာ ပြက်ရယ်ပြုကာ
မလေးမစားလုပ်နေသည့်လူအုပ်ကြီး ဝန်းရံလျက်
ဟေရုဒ်မင်းကြီးထံသို့ကိုယ်တော်အားအမြန်ခေါ်ဆောင်သွားခဲ့ ကြပါသည်။
“ထိုမင်းသည်ယေရှုကိုမြင်လျှင်
အလွန်ဝမ်းမြောက်ခြင်းရှိ၏။ သူသည် ကိုယ်တော်အား တစ်ခါမျှမမြင်ခဲ့ဖူးသော်လည်း၊
အထက်သတင်းတော်များကိုကြား၍ ကိုယ်တော်ကိုမြင်ခြင်းငှာ ကြာမြင့်စွာအလိုရှိသည်ဖြစ်၍
ပြတော်မူသော နိမိတ်လက္ခ ဏာတစ်စုံတစ်ခုကိုမြင်ရမည်ဟု မျှော်လင့်လျက်နေ၏။” ဤဟေရုဒ်မင်းကြီးသည် နှစ်ခြင်းဆရာယောဟန်၏
အသွေးကိုသွန်းခဲ့သည့်ဟေရုဒ်မင်းကြီးပင်ဖြစ်ပါသည်။ ခရစ်တော်၏အကြောင်းကို
ပထမဦးစွာကြားဖူးခဲ့စဉ်က သူသည်အလွန်ကြောက်ရွံ့ တုန်လှုပ်စွာဖြင့်
ဤသူကားငါ၏အမိန့်နှင့်လည်ပင်းကို ဖြတ်သောယောဟန်ဖြစ်၏။ သေခြင်းမှထမြောက်လေပြီ။
ထိုကြောင့် တန်ခိုး များကိုပြနိုင်သည်ဟုပြောဆိုခဲ့ဖူးပါ သည်။ မာကု ၆း၁၆။ မဿဲ ၁၄း၂။
သို့ စေကာမူ ဟေရုဒ်သည်ခရစ်တော်အားတွေ့ မြင်လိုလှပါသည်။ ယခုအချိန်သည်
ဤပုရောဖက်အားကယ်တင်ရန်အခွင့်အရေး တစ်ရပ်ဖြစ်ကြောင်း သူသိရှိထား ပါသည်။
ထိုကဲ့သို့လုပ်ဆောင်ပေးလိုက်လျှင် လင် ပန်းကြီးအပေါ်တွင်တင်၍
ယူဆောင်လာခဲ့သောသွေးသံရဲရဲနှင့်ခေါင်းပြတ်ကြီး အ ကြောင်းကို အမြဲတမ်း
မေ့ပျောက်သွားနိုင်လိမ့်မည်ဟု သူမျှော်လင့်ခဲ့ပါသည်။ မိမိ၏ စေ့စပ်သေချာ မှုကို
သူတစ်ပါးကနှစ်သက်မှုပြသည်ကိုသူအလိုရှိခဲ့ပါသည်။ ၎င်းပြင် အကယ်
၍ကိုယ်တော်အားလွှတ်ပေးမည့်အလားအလာများကိုပြကာ၊ နိမိတ်လက္ခ ဏာ တစ်ခုခုပြခိုင်းလျှင်
ကိုယ်တော်ပြတော်မူလိမ့်မည်ဟုလည်း သူယူဆခဲ့ပါသည်။
များပြားစွာသောယဇ်ပုရောဟိတ်များနှင့်
ယုဒလူအကြီးအကဲများသည်
ဟေရုဒ်မင်းကြီးထံသို့ခရစ်တော်နှင့်အတူလိုက်ပါလာခဲ့ကြပါသည်။ ကယ်တင်ရှင်
အားဟေရုဒ်မင်းကြီးထံသို့ခေါ်လာကြပြီး၊ အလွန်စိတ်လှုပ်ရှားစွာဖြင့်စကားပြောဆို
နေကြသောထိုပုဂ္ဂိုလ်ကြီးများသည် ခရစ်တော်အားစွဲချက်တင်ခဲ့ကြပါသည်။ သို့ရာ
တွင်ဟေရုဒ်သည် ၎င်းတို့၏စွပ်စွဲချက်များကိုဂရုမထားခဲ့ပါချေ။ ခရစ်တော်ကို မေး
ခွန်းအနည်းငယ်မေးလိုသဖြင့် ဆူညံနေသောပုဂ္ဂိုလ်ကြီး များအားငြိမ်ငြိမ်နေရန် သူ
အမိန့်ပေးလိုက်ပါသည်။ ခရစ်တော်အားခတ်ထားသည့် လက်ထိပ်များကိုလည်း ချွတ်ပစ်ရန်
သူအမိန့်ပေးလိုက်ပြီး၊ တစ်ချိန်တည်းမှာပင် ကိုယ်တော်အားကြမ်းတမ်း စွာ
ပြုမူဆက်ဆံခြင်းအတွက် ထိုသူများအားသူအပြစ်တင်ခဲ့ပါသည်။ ဟေရုဒ်မင်း သည်
ခရစ်တော်၏တည်ကြည်ငြိမ်သက်သော မျက်နှာတော်ကို ကြင်နာသနားစွာဖြင့် ကြည့်လိုက်ရာ
ကိုယ်တော် ၌ဥာဏ်အမြော်အမြင်နှင့်သန့်ရှင်းစင်ကြယ်မှုများကိုသာ တွေ့မြင်နေရပါသည်။
သူသည်လည်း ပိလတ်မင်းကဲ့သို့ပင် ခရစ်တော်အနေဖြင့် ရန် ငြိုးဖွဲ့မှုနှင့်
မနာလိုဝန်တိုမှုများကြောင့် ယခုကဲ့သို့စွဲချက်တင်ခံနေရကြောင်း သိရှိ လက်ခံလာ
ခဲ့ပါသည်။
ဟေရုဒ်မင်းသည် ခရစ်တော်အား
မေးခွန်းများမေးခဲ့သော်လည်း
ကိုယ်တော်သည်မည်သို့မျှဖြေဆိုခြင်းမရှိဘဲ တိတ်ဆိတ်လျက်သာနေတော်မူ၏။ ထိုအချိန်တွင်
မင်းကြီး၏အမိန့်ဖြင့်အိုမင်းမစွမ်းသောသူများနှင့် ကိုယ်အင်္ဂါချို့တဲ့သူ
များကိုရှေ့တော်သို့ခေါ်သွင်းလာကာ၊ ခရစ်တော်အားမိမိပြောဆိုချက်များကို နိမိတ်
လက္ခဏာတစ်ခုပြခြင်းအားဖြင့်သက်သေပြရန် မင်းကြီးကအမိန့် ပေးလိုက်ပါသည်။ “သင်သည်လူနာများကိုရောဂါပျောက်ကင်းစေနိုင်ကြောင်း ကို လူအများပြောကြ၏။
နေရာအနှံ့တွင်နာမည်ကြီးနေသောထိုသတင်းသည် အမှန်ဟုတ်မဟုတ်ကို ကျွန်ုပ် တွေ့လိုလှပါသည်။
သင်သည်အခြားသူများ အတွက်နိမိတ်လက္ခဏာပြနိုင်လျှင် ယခု အချိန်တွင်
မိမိ၏အကျိုးအလိုငှာပြ တော်မူပါ။ သင့်အတွက်ကောင်းကျိုးပြုပါလိမ့် မည်” ဟု ဟေရုဒ်ကပြောဆို၏။ ထိုနောက် တစ်ဖန် “ကောလာဟလသတင်းပြေး
နေသကဲ့သို့ သင်၌တန်ခိုးရှိ ကြောင်းကိုထင်ရှားရန် ကျွန်ုပ်အားနိမိတ်လက္ခဏာ တစ်
ခုပြပါ” ဟုလည်းထပ်လောင်း၍ သူအမိန့်ပေးလိုက်ပါသည်။ သို့ရာတွင်
ခရစ်တော် သည်မကြားမမြင်သောသူတစ်ဦးကဲ့သို့ တိတ်ဆိတ်လျက်ရှိနေပါသည်။ သားတော် ဘုရား
သည်လူဇာတိကိုခံယူထားသဖြင့် ထိုအခြေအနေမျိုးတွင်လူသားတစ်ဦးပြု သကဲ့
သို့ပြုရမည်ဖြစ်ပါသည်။ ထိုကြောင့်ဤအနေအထားမျိုးတွင် ကျရောက် နေ သော
လူတစ်ဦးခံရမည့်နာကျင်မှုဝေဒနာနှင့်အသရေယုတ်မှုများမှ မိမိကိုယ်ကို ကယ်တင်ရန်
နိမိတ်လက္ခဏာတစ်ခုကိုပြတော်မူလိမ့်မည်မဟုတ်ချေ။
အကယ်၍ခရစ်တော်သည်
မိမိ၏ရှေ့မှောက်၌နိမိတ်လက္ခဏာတစ်ခုပြ တော်မူခဲ့လျှင် ဖမ်းဆီးထားရာမှလွှတ်ပေးမည်ဟု
ဟေရုဒ်မင်းကြီးက ကတိပြုခဲ့ပါ သည်။ ခရစ်တော်အားတရားစွဲဆိုထားသောသူများသည်
ကိုယ်တော်ရှင်ပြုတော်မူ ခဲ့သောနိမိတ်လက္ခဏာများကို ကိုယ်မျက်စိဖြင့်
မြင်တွေ့ခဲ့ဖူးကြပါသည်။ သချုØင်း
ထဲမှလူသေကိုရှင်ပြန်ထမြောက်ခိုင်းသည့် ကိုယ်တော်၏ မိန့်တော်မူသံကိုလည်း သူ
တို့ကြားခဲ့ဖူးကြပါသည်။ လူသေများသည် ကိုယ်တော်၏ အမိန့်တော်ကိုနာခံ၍ ထ
မြောက်ကြသည်ကိုလည်း သူတို့မြင်တွေ့ခဲ့ဖူးကြပါသည်။ ထိုကြောင့် ကိုယ်တော်ရှင် သည်
ယခုအချိန်တွင်နိမိတ်လက္ခဏာတစ်ခု ပြတော်မူမည်ကို သူတို့ကြောက်ရွံ့စိုး
ရိမ်နေကြပါသည်။ ကိုယ်တော်ရှင်သည် မိမိ၏တန်ခိုးတော်ကိုထုတ်ပြသမည်ကို သူ
တို့အကြောက်ရွံ့ဆုံးဖြစ်ပါသည်။ ထိုသို့တန်ခိုးပြခြင်းသည် ၎င်းတို့၏အကြံအစည်
များကို လုံး၀ပျက်ပြားသွားစေလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏အသက်ကိုပင် အန္တရာယ်ရှိ လာနိုင်ပါသည်။
ထိုယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီးအကဲများသည် စိုးရိမ်ပူ ပန်သော
စိတ်နှင့်ကိုယ်တော်အား နောက်တစ်ဖန်စွဲချက်တင်ပြန်ပါသည်။ ခရစ်တော် သည်
နိုင်ငံတော်သစ္စာဖောက်တစ်ဦးဖြစ်ကြောင်း၊ ဘုရားသခင်ကိုပြစ်မှားသော သူ
တစ်ဦးဖြစ်ကြောင်း ၎င်းပြုသောနိမိတ်လက္ခဏာများသည် နတ်ဆိုးမင်း ကြီးဗေလဇေ
ဗုလထံမှရရှိသည့်တန်ခိုးများကို အသုံးပြု၍လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်းများကို
အသံမြှင့်၍ သူတို့အော်ဟစ်ကြွေးကြော်ခဲ့ကြပါသည်။ တစ်ယောက်တစ်ပေါက်အော်
ဟစ်ပြောဆိုသံများကြောင့် ထိုခန်းမကြီးသည် စိတ်ရှုပ်ထွေးစရာမြင်ကွင်းတစ်ခုဖြစ်
လာခဲ့ပါသည်။
ဟေရုဒ်မင်းသည်
နှစ်ခြင်းဆရာယောဟန်၏ဦးခေါင်းကို ဟေရောဒိမိဖုရား ကတောင်းခံမှုကြောင့်
ကြောက်ရွံ့တုန်လှုပ်သွားစဉ်အခါကထက်၊ ယခုအချိန်တွင် ပို ၍
ပင်အမြော်အမြင်နည်းပါးခဲ့ပါသည်။ အခိုက်အတန့်အားဖြင့် မိမိပြုမှားမိခဲ့သော
ကြောက်လန့်စရာအပြုအမူအတွက် သံဝေဂတရားအကြီး အကျယ်ရရှိခဲ့သော်လည်း
၎င်းအပျော်အပါးလိုက်စားသောအသက်တာကြောင့် ကိုယ်ကျင့်တရားနှင့်ပတ်သက် သော
အသိအမြင်စိတ်များသည် ပို၍ပို၍သာ ယုတ်ညံ့လာပါတော့သည်။ ယခုအချိန် တွင် မိမိအနေဖြင့်
ဆရာယောဟန်အား ပေးခဲ့သောအပြစ်ဒဏ်မျိုးကို ခရစ်တော် အား ပေးလိုကပေးနိုင်ကြောင်း
ဝါကြွားလာသည့်အခြေအထိ ဟေရုဒ်မင်းကြီး၏ စိတ် နှလုံးသည် မာကျောလာခဲ့ပါသည်။ ၎င်းပြင်
မိမိကိုယ်တော်အားလွှတ်လိုကလွှတ်၍ အပြစ်စီရင်လိုကစီရင်ပိုင်ခွင့် အာဏာရှိကြောင်း
ထပ်ခါတလဲလဲပြောကာ ခရစ်တော် အားသူခြိမ်းခြောက်နေပါသည်။ သို့ရာတွင် ခရစ်တော်သည်
၎င်းပြောသောစကား တစ်လုံးကိုမျှ ကြားသည့်လက္ခဏာပြတော်မမူခဲ့ချေ။
ကိုယ်တော်သည်
မည်သို့မျှပြန်လည် ဖြေဆိုခြင်းမပြုသည့်အတွက် ဟေရုဒ်
မင်းကြီးသည်စိတ်ဆိုးလာခဲ့ပါသည်။ ကိုယ်တော်၏အပြုအမူသည် ၎င်း၏အာဏာ
တန်ခိုးကိုလုံးလုံးဂရုမထားသည့်သဘောကို ဖော်ညွှန်းနေသယောင် ဖြစ်နေပါသည်။
အဆင်အခြင်ကင်းမဲ့ပြီး၊ ဝင့်ဝါတတ်သောထိုမင်းကြီးအတွက် ဖွင့်ဟဆုံးမခြင်းသည်
ယခုကဲ့သို့လျစ်လျူရှုခြင်းလောက် စိတ်ထိခိုက်စေလိမ့် မည်မဟုတ်ချေ။ မလှုပ်မ
ယှက်တိတ်ဆိတ်ဆဲရှိသောခရစ်တော်အား ဒေါသ တကြီးဖြင့် နောက်တစ်ဖန်သူ
ကြိမ်းမောင်းပြန်ပါသည်။
ဤလောကကမ္ဘာတွင်
ပြုလုပ်ဆောင်ရွက်ရမည့် ခရစ်တော်၏အမှုတော်လုပ် ငန်းသည် အချည်းနှီးသော
စပ်စုမှုများနှင့် ကျေနပ်နှစ်သိမ့်နေရန် မဟုတ်ချေ။ ကိုယ် တော်သည်
စိတ်နှလုံးကြေကွဲသူများကိုကုသရန် ကြွလာတော်မူခဲ့ပါသည်။ ဒုစရိုက်၏
နာမကျန်းမှုများကြောင့် ထိခိုက်ပွန်းပဲ့လျက်ရှိကြသော အသက်ဝိညာဉ်များကိုကုသ ရန်
မည်သည့်စကားကိုမဆို ကိုယ်တော်ပြောတော်မူမည်ဖြစ်သော်လည်း သမ္မာ တရားကိုနင်းချေနေသော
ညစ်ညမ်းသည့်ခြေထောက်အောက် တွင်ရောက်ရှိနေကြ သူများအတွက် မည်သည့်စကားတစ်လုံးကိုမျှ
မိန့်တော် မမူခဲ့ချေ။
ခရစ်တော်သည်
စိတ်နှလုံးမာကျောသော ဟေရုဒ်မင်း၏နားကိုထုတ်ချင်း
ထိုးဖောက်သွားနိုင်သည့်စကားများကို ပြောမည်ဆိုကပြောနိုင်တော်မူပါသည်။
ဟေရုဒ်၏အသက်တာတွင်ပြုခဲ့သောအရာများနှင့် မကြာမီအချိန်တွင် ၎င်းအပေါ်
ကျရောက်တော့မည့်ပြစ်ဒဏ်စီရင်မှုများကို ၎င်း၏ရှေ့တွင်ထင်ရှားစွာထုတ်ဖော်ပြ
သခြင်းအားဖြင့် ၎င်းအားကြောက်လန့်တုန်လှုပ်သွားအောင် ခရစ်တော်လုပ်မည် ဆိုက
လုပ်နိုင်တော်မူပါသည်။ သို့ရာတွင် ဤကဲ့သို့ဆိတ် ဆိတ်နေခြင်းသည် ခရစ်
တော်ပေးနိုင်သည့်ဆုံးမပဲ့ပြင်မှုများတွင် အပြင်းထန်
ဆုံးသောဆုံးမပဲ့ပြင်မှုတစ်ခုဖြစ် ပါသည်။ ဟေရုဒ်မင်းကြီးသည် အကြီးမြတ်ဆုံးသော
ပုရောဖက်ကြီးထံမှ ကြားခဲ့ရ သော တရားတော်ကိုငြင်းပယ်ခဲ့ပြီး၊ အခြား
မည်သည့်သမ္မာတရားကိုမျှလက်ခံခြင်း မရှိခဲ့ချေ။ ကောင်းကင်ဗိုလ်ခြေအရှင်
ထာ၀ရဘုရားသခင်၌ ၎င်းအတွက်မိန့်တော်မူ စရာမည်သည့်စကားမျှမရှိတော့ချေ။
လူသားများ၏ဒုက္ခဆင်းရဲမှုများကိုကြားနာရန် အမြဲတမ်းနားစွင့်လျက် ရှိသော
ကိုယ်တော်၏နားတော်၌ ဟေရုဒ်၏အမိန့်ပေးသံအ တွက်နေရာမရှိ တော့ချေ။
နောင်တရသောအပြစ်သားများကို သနားကြင်နာစွာခွင့် လွှတ်တတ် သောမေတ္တာအားဖြင့်
အမြဲတမ်းကြည့်တော်မူခဲ့သောမျက်ဝန်းတော် သည် ဟေရုဒ်မင်းအား ကြည့်ရှုတော်မမူတော့ချေ။
စိတ်နှလုံးထဲတွင်စွဲမြဲစရာအ ကောင်းဆုံးသော သမ္မာတရားကိုဖွင့်ဟခဲ့သော
အပြစ်အများဆုံးသော အပြစ်သား များနှင့် အယုတ်ညံ့ဆုံးသောအပြစ်သားနှင့်အတူ
သိမ်မွေ့နူးညံ့သောအသံဖြင့်အ သနားခံခဲ့သော ကိုယ်တော်၏နှုတ်တော်သည်
မိမိအားမလိုအပ်ဟုအထင်ရှိသော မာနထောင်လွှားသည့်ဤမင်းကြီးအတွက် မဖွင့်ဟတော့ချေ။
ဟေရုဒ်မင်းကြီး၏မျက်နှာသည်
တဖြည်းဖြည်းမည်းလာပြီး လူထုကြီးဘက် သို့လှည့်ကြည့်လိုက်ကာ
ခရစ်တော်အားအယောင်ဆောင်လှည့်ဖြားသူတစ်ဦးအဖြစ်
လူသိရှင်ကြားစွပ်စွဲပြောဆိုလိုက်ပါသည်။ ထိုနောက် ခရစ်တော်ဘက်သို့ လှည့်ကာ
သင်ပြောသည့်အတိုင်းမှန်ကန်ကြောင်းအထောက် အထားမပြနိုင်လျှင် သင့်အား
ယုဒလူအုပ်ကြီးနှင့်ရောမစစ်သားများလက်ထဲသို့ အပ်လိုက်တော့မည်ဟုသူပြောဆို ခဲ့ပါသည်။
ထိုသူများသည် သင့်အားစကား ပြောလာအောင်လုပ်နိုင်ကောင်း လုပ် နိုင်ကြလိမ့်မည်။
အကယ်၍သင်သည် အယောင်အဆောင်သမားတစ်ဦးဖြစ်နေလျှင် သင်အတွက်ခံစားထိုက်သော
အရာမှာ၎င်းတို့၏လက်ထဲတွင်အသေခံခြင်းသာဖြစ် လိမ့်မည်။ အကယ်၍
သင်သည်ဘုရားသခင်၏သားတော်ဖြစ်ခဲ့ပါလျှင် နိမိတ်လက္ခ ဏာတစ်ခုပြခြင်းအားဖြင့်
သင့်ကိုယ်သင်ကယ်တင်ပါဟု သူကပြောဆိုခဲ့ပါသည်။
ထိုသို့ပြောကြားပြီးနောက်
မကြာမီမှာပင် သူတို့သည်ခရစ်တော်အား ဇွတ် အတင်းဆွဲခေါ်သွားခဲ့ကြပါသည်။
တောသားရဲများသည် သားကောင်တစ်ကောင်ကို ဝိုင်း၍ကိုက်ဖက်နေသည့်နှယ်
ကိုယ်တော်အားလူထုကြီးက ဝန်းရံထားကြပါသည်။ ခရစ်တော်အား ဆွဲရုန်းခေါ်ဆောင်သွားကြရာ
ဟေရုဒ်သည် လည်းသားတော်ဘုရား အား အသရေယုတ်ညံ့အောင်ကြိုးစားမှုတွင်
ထိုလူအုပ်ကြီးနှင့် ပူးပေါင်းခဲ့ပါသည်။ ရောမစစ်သားများကသာ စိတ်ရူးပေါက်နေသော
လူအုပ်ကြီးအား ကြားဝင်၍မတား ဆီးခဲ့လျှင် ခရစ်တော်၏ခန္ဓာကိုယ်သည်
တစ်စစီဖြစ်သွားခဲ့ပါလိမ့်မည်။
“ဟေရုဒ်မင်းသည်
စစ်သူရဲတို့နှင့်တကွ ကိုယ်တော်ကိုမခန့်မညားလုပ်ကာ ပြက်ရယ်ပြု၍
တင့်တယ်သောအဝတ်ကိုဝတ်စေ၏။” မတရားသော ဤလုပ်ဆောင် မှုတွင်
ရောမစစ်သားများသည်လည်း ပါဝင်လုပ်ဆောင်ခဲ့ကြပါသည်။ ဟေရုဒ်နှင့်တ
ကွယုဒအာဏာပိုင်များ၏ ကူညီထောက်မမှုကိုရရှိသည့် ထိုအကျင့်ပျက်ဆိုးယုတ်
သောရောမစစ်သားများက လှုံ့ဆော်ပေးသောအရာ အားလုံးကို ခရစ်တော်အပေါ်သို့
ပုံချခဲ့ကြပါသည်။ သို့စေကာမူ ကိုယ်တော်၏ မြင့်မြတ်သောသည်းခံခြင်းအရာသည်
ယုတ်လျော့သွားခြင်းမရှိခဲ့ချေ။
ခရစ်တော်ကိုနှိပ်စက်ညှဉ်းပန်းခဲ့သောသူများသည်
ကိုယ်တော်၏ စာရိတ္တ တော်အား
မိမိတို့၏စာရိတ္တတော်နှင့်တိုင်းတာရန်ကြိုးစားခဲ့ကြပါသည်။ မိမိတို့ယုတ် မာသကဲ့သို့
ကိုယ်တော်လည်းယုတ်မာသောသူတစ်ဦးဖြစ်သည်ဟု သူတို့ရုပ်လုံးဖော် ခဲ့ကြပါသည်။
လက်ရှိဖြစ်ပျက်နေသော မြင်ကွင်းများ၏နောက်ကွယ်၌ တစ်နေ့သော အခါတွင်
ဘုန်းတော်နှင့်ထင်ရှားလာမည့်ကိုယ်တော်၏ မြင်ကွင်းသည် အလိုအ
လျောက်ပေါ်ထွက်လာခဲ့ပါသည်။ ခရစ်တော်၏ရှေ့ မှောက်တွင် ကြောက်ရွံ့တုန်လှုပ်
နေသူအချို့လည်းရှိကြပါသည်။ ကြမ်းတမ်း ခက်ထန်သောလူအုပ်ကြီးသည် ကိုယ်
တော်ရှင်အားပြက်ရယ်ပြုသည့်အနေဖြင့် ဦးညွှတ်ဖို့ရာရှေ့သို့ရောက်လာကြစဉ်တွင်
ထိုသူများနှင့်အတူပြက်ရယ်ပြုရန် လာခဲ့ကြသူတချို့သည် ကြောက်ရွံ့ဆိတ်ငြိမ်စွာ
ဖြင့်ပြန်လှည့်သွားခဲ့ပါသည်။ ကရုဏာရောင်ခြည်တော်၏ နောက်ဆုံးသောအလင်း တန်းကလေးသည်
အပြစ်ကြောင့်မာကျောနေသောသူ၏ စိတ်နှလုံးပေါ်တွင် ကျ ရောက်ထွန်းလင်းလျက်ရှိပါသည်။
လူသားဇာတိတော်တွင် ဘုရားဇာတိတော်ထွန်း လင်းတောက်နေသည့်အတွက်
ကိုယ်တော်သည်သာမန်လူသားတစ်ဦးမဖြစ်နိုင် ကြောင်း၊ သူသိရှိခဲ့ပါသည်။
ပြက်ရယ်ပြုသူများ၊ သူတစ်ပါးမယားကိုကြာခိုသူများနှင့် လူသတ်
သမားများကဝိုင်းထားသောကိုယ်တော်အား ဟေရုဒ်မင်းကြည့်ရှုနေစဉ်တွင် ပလ္လင်တော်ထက်၌စိုးစံနေသော
ဘုရားတစ်ဆူကိုမိမိကြည့်ရှုနေရသည့်နှယ် ၎င်းခံ စားခဲ့ရပါသည်။
ဟေရုဒ်မင်းသည်
ကြောက်ရွံ့စိတ်များပေါ်လာသဖြင့် ခရစ်တော်အပေါ်၎င်း တို့စီရင်ထားသောအပြစ်ဒဏ်ကို
အတည်မပြုဝံ့ချေ။ ကြောက်လန့်ဖွယ်ရာကောင်း သော ဤတာဝန်မှကင်းဝေးလိုသောဆန္ဒဖြင့်
ဟေရုဒ်သည်ခရစ်တော်အား ရောမ တရားရုံးသို့ပြန်၍ ပို့လိုက်ပါသည်။
ပိလတ်မင်းသည်
စိတ်ပျက်သွားကာ စိတ်မကျေမနပ်ဖြစ်သွားခဲ့ပါသည်။ ယုဒလူများသည် ၎င်းတို့၏အကျဉ်းသားကို
မိမိထံသို့ပြန်၍ ခေါ်လာကြသောအခါ ၎င်းတို့သည်ကိုယ်တော်အား
မည်သို့မည်ပုံဆက်ဆံခဲ့ကြသည် ကိုစိတ်မရှည်စွာဖြင့် သူမေးလိုက်ပါသည်။ မိမိအနေဖြင့်
ခရစ်တော်အားစစ်ဆေးမေးမြန်းခဲ့ပြီးဖြစ်သော် လည်း
မည်သည့်အပြစ်တစ်စုံတစ်ရာမျှမတွေ့ကြောင်း၊ ပိလတ်မင်းကသတိပေးစ ကားပြောကြားခဲ့ပါသည်။
၎င်းတို့အနေဖြင့် ကိုယ်တော်အားပြစ်တင် စွပ်စွဲမှုများပြု ခဲ့ကြသော်လည်း
ထိုစွဲချက်များအတွက် မည်သည့်သက်သေအထောက်အထား တစ်စုံတစ်ခုကိုမျှ မပြနိုင်ခဲ့ကြဟု
ပိလတ်မင်းကပြောဆိုခဲ့ပါသည်။ မိမိ၏နယ်ထဲမှ တစ်နယ်ဖြစ်သော ဂါလိလဲနယ်၏ဘုရင်ခံဖြစ်သော
ဟေရုဒ်မင်းထံသို့လည်း ခရစ် တော်အားလွဲအပ်ကာ
စစ်ဆေးမေးမြန်းစေခဲ့ပြီးဖြစ်သော်လည်း သေဒဏ်ပေး လောက်အောင်အပြစ်
တစ်စုံတစ်ရာမတွေ့ရှိခဲ့ရချေ။ ထိုကြောင့် “သူ့ကိုငါဆုံးမ၍
လွှတ်မည်” ဟု ပိလတ်မင်းကပြောဆိုလိုက်ပါသည်။
ဤနေရာတွင်ပိလတ်မင်းသည်
မိမိအားနည်းချက်များကို ဖော်ပြနေပါသည်။ ခရစ်တော်သည် အပြစ်မဲ့သောသူတစ်ဦးဖြစ်ကြောင်း
ဖော်ပြခဲ့သော်လည်း စွပ်စွဲသူ များစိတ်ကျေနပ်သွားစေရန် ကိုယ်တော်အားကြိမ်ဒဏ်ပေးဖို့
သူဆန္ဒပြင်းပြခဲ့ပါသည်။ သူသည်လူအုပ်ကြီးနှင့် အဆင်ပြေစေရန် တရားမျှတမှုနှင့်စည်းမျဉ်းများကို
အရှုံးခံ၍ စတေးခဲ့ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် ၎င်းအားအရေးနိမ့်သွားစေခဲ့ပါသည်။
လူ အုပ်ကြီးသည် သူ၏ဆုံးဖြတ်ချက်မချ နိုင်ခြင်းအပေါ်တွင်ရောင့်တက်လာကာ ခရစ်
တော်၏အသက်ကိုပင်အော်ဟစ် တောင်းခံလာခဲ့ကြပါသည်။ ပိလတ်မင်းသည် အစ
ကနဦးတွင်ခိုင်မာစွာရပ်တည်ပြီး၊ အပြစ်မဲ့သူတစ်ဦးအားအပြစ်မစီရင်ဖို့ဆုံးဖြတ်ခဲ့
လျှင် တစ်သက်ပတ်လုံး နောင်တသံဝေဂရစရာလိုတော့မည် မဟုတ်သည့်ပြင်အ
သက်ရှင်သမျှကာလပတ်လုံး မိမိအားချည်နှောင်ထားမည့် ဒုစရိုက်အချည်အနှောင် ကြီးကိုလည်း
ဖြတ်တောက်နိုင်ခဲ့လိမ့်မည်ဖြစ်ပါသည်။ မိမိသိရှိထားသည့်အမှန်တရား အတိုင်း
သူလုပ်ဆောင်ခဲ့မည်ဆိုလျှင် ထိုယုဒများသည်၎င်းထံတွင် ထိုကဲ့သို့ဆင့်ဆို
လာရဲတော့မည်မဟုတ်ချေ။ ခရစ်တော်သည် အသေခံရလိမ့်မည်မှာသေချာပါ သည်။ သို့ရာတွင်
ထိုကိစ္စနှင့်ပတ်သက်သောဒုစရိုက်မှုသည် သူနှင့်ကင်းရှင်းခဲ့လိမ့် မည်ဖြစ်ပါသည်။
သို့သော်ပိလတ်မင်းသည် ဩတ္တပ္ပစိတ်၏လှုံ့ဆော် မှုကိုတစ်ထစ်
ချင်းဆန့်ကျင်လုပ်ဆောင်ခဲ့ပါသည်။ သူသည်တရားမျှတစွာ သာတူညီမျှတရားစီရင်မှု
မပြုခဲ့သည့်အတွက် ယခုတွင်ယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီးအကဲများလက် ထဲတွင်
မိမိကိုယ်ကို ခိုကိုးရာမဲ့ဖြစ်နေကြောင်းတွေ့ရပါသည်။ ၎င်း၏မတည်ငြိမ်မှုများ
နှင့်ဆုံးဖြတ်ချက်မချနိုင်ခြင်းများသည် ၎င်းအားပျက်စီးခြင်းသို့ရောက်စေခဲ့ပါသည်။
ဘုမသိဘမသိမလုပ်ဆောင်မိစေရန်
ယခုအချိန်တိုင်အောင်ပိလတ်မင်း အား ဘုရားသခင်စွန့်ပစ်ထားတော်မမူခဲ့ချေ။
၎င်းအနေနှင့်ကျူးလွန်တော့မည့် ဆဲဆဲအပြစ်တစ်ခုကိုမကျူးလွန်စေရန်
ဘုရားသခင်ထံမှသတင်းစကားတစ်ခုအား ဖြင့် ပိလတ်မင်းအားသတိပေးခဲ့ပါသည်။
ခရစ်တော်၏ဆုတောင်းသံကိုနားညောင်း သည့်အနေဖြင့် ကောင်းကင်တမန်တစ်ပါးသည်
ပိလတ်မင်း၏မိဖုရားထံသို့ရောက် ရှိလာခဲ့ပါသည်။ သူမသည်အိပ်မက်ထဲတွင်
ခရစ်တော်နှင့်တွေ့ဆုံစကားပြောခဲ့ရပါ သည်။ သူမသည် ယုဒလူမျိုးတစ်ဦးမဖြစ်သော်လည်း
အိပ်မက်ထဲတွင် ခရစ်တော်ကို တွေ့မြင်ရသောအခါ ကိုယ်တော်လုပ်ဆောင်လျက်ရှိသော အမှုတော်အပေါ်
လုံး၀ သံသယမဖြစ်တော့ချေ။ ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကို
သူမသိရှိလာခဲ့ပြီး၊ ထိုပုဂ္ဂိုလ်သည် တရားခွင်တွင်အမှုစစ်ဆေးခြင်း ခံနေရကြောင်း
ကိုလည်း သူမတွေ့မြင်ခဲ့ပါသည်။ ရာဇဝတ်သား၏လက်များကိုလည်း ချည်နှောင် သည့်နှယ်
တင်းတင်းကျပ်ကျပ်ကိုယ်တော်၏ လက်များကိုတုပ်နှောင်ထားကြသည် ကိုလည်းကောင်း၊
ဟေရုဒ်နှင့်၎င်း၏စစ်သားများသည် ကြောက်လန့်ဖွယ်ရာများကို
လုပ်ဆောင်နေကြောင်းကိုလည်းကောင်း အိပ်မက်ထဲတွင်သူမမြင်တွေ့ခဲ့ရပါ သည်။ “ကျွန်ုပ်တို့၏ဓမ္မသတ်အတိုင်းသူသည်သေထိုက်ပါသည်” ဟူ၍မနာလို
ဝန်တိုမှု များနှင့် ရန်ငြိုးထားမှုများ၏လှုံ့ဆော်မှုများကြောင့်
ဖြစ်ပေါ်သောရူးရူး မိုက်မိုက်စွပ်စွဲ သံများကိုလည်း သူမကြားခဲ့ရပါသည်။
ပိလတ်မင်းကြီးသည် ဤသူ၌အဘယ်အ
ပြစ်ကိုမျှငါမတွေ့ဟုဆိုငြားသော်လည်း ခရစ်တော်အားကြိမ် ဒဏ်ပေးခဲ့သည်ကို လည်း
အိပ်မက်ရူပါရုံထဲတွင် သူမမြင်တွေ့ခဲ့ရပါသည်။ ပိလတ်မင်း၏အပြစ်စီရင်
ချက်ချသံကိုသူမကြားခဲ့ရပြီး၊ ခရစ်တော်အားလူသတ်သမားများလက်ထဲသို့ အပ်
လိုက်သည်ကိုလည်း သူမမြင်ခဲ့ရပါသည်။ ကရာနီ ကုန်းထက်မှစိုက်ထူထားသည့်
ကပ်တိုင်ကိုလည်း သူမမြင်ခဲ့ရပါသည်။ ကမ္ဘာကြီးတစ်ခုလုံးသည် အမှောင်ထုဖုံးလွှမ်း
နေသည်ကိုသူမမြင်ခဲ့ရပြီး၊ အမှုပြီးပြီ ဟူသောအော်ဟစ်သံကိုလည်း သူမကြားခဲ့ရပါ သည်။
နောက်ထပ်ဆက်တိုက် သူမမြင်တွေ့ခဲ့ရသောမြင်ကွင်းမှာ ဤကမ္ဘာကြီးသည် လွတ်လပ်လဟာကြီး
ထဲတွင်ချာချာလည်နေစဉ်တွင် ခရစ်တော်သည် မိုးတိမ်ကိုစီး ၍ကြွလာသည် ကိုလည်းကောင်း၊
လူသတ်သမားများသည် ဘုန်းတော်ထွန်းတောက် နေသော ကိုယ်တော်၏ရှေ့မှောက်မှ ထွက်ပြေးသွားကြသည်ကိုလည်းကောင်း
အိပ် မက်ရူပါရုံတွင်သူမမြင်တွေ့ခဲ့ရပါသည်။ ထိုနောက် ကြောက်လန့်တကြားသူမ အော်
ဟစ်လိုက်စဉ်တွင် အိပ်ရာမှလန့်နိုးခဲ့ပါသည်။ သို့နှင့်ချက်ချင်းပင် သတိပေးစကား
များကိုရေးချကာ ပိလတ်မင်းထံသို့စာချွန်တော်ပေးပို့ခဲ့ပါသည်။
ပိလတ်မင်းသည်
မည်သို့ဆုံးဖြတ်ချက်ချရမည်ကို စဉ်းစားနေစဉ်တွင် စေတ မန်တစ်ဦးသည်
လူအုပ်ကြီးထဲမှတိုးဝင်လာကာ ထိုစာချွန်တော်ကို ၎င်း၏လက်ထဲ သို့ ပေးအပ်လိုက်ပါသည်။
စာထဲတွင် “ထိုဖြောင့်မတ်သောသူကို အဘယ်သို့မျှမပြု ပါနှင့်။
ယနေ့ပင်ကျွန်မသည် ထိုသူကြောင့်အိပ်မက်၌ပြင်း စွာခံရပါပြီ” ဟူ၍ဖတ်ရှု
လိုက်ရပါသည်။
ပိလတ်မင်း၏မျက်နှာသည်
ဖြူဖပ်ဖြူရော်ဖြစ်သွားပါသည်။ ဖီလာဆန့်ကျင် နေသောခံစားမှုများကြောင့်
သူစိတ်ရှုပ်ထွေးသွားခဲ့ပါသည်။ သူသည်ဆုံးဖြတ်ချက်ချ ရန်ကြန့်ကြာနေသဖြင့်
ယဇ်ပုရောဟိတ်များသည် ထိုလူအုပ် ကြီးအားမီးထိုးပေးနေ ပါသည်။ ပိလတ်မင်းအား
အတင်းအကျပ်ဆုံးဖြတ်ချက် ချခိုင်းကြပါသည်။ သူသည် ခရစ်တော်အား လွှတ်ပေးနိုင်မည့်
ရိုးရာဓလေ့တစ်ခုကို ယခုမှသတိရလာခဲ့ပါသည်။ ပသခါပွဲအချိန်တွင် လူထုကြီးမှရွေးပေးသည့်
အကျဉ်းသားတစ်ဦးကို ထောင်မှလွှတ် ရိုးထုံးစံရှိပါသည်။ ထိုဓလေ့ထုံးစံကို
ရုပ်တုကိုးကွယ်သူများက တီထွင်ထားခြင်းဖြစ် ပါသည်။ ထိုဓလေ့ထုံးစံတွင်
တရားမျှတမှုစိုးစဉ်းမျှမပါရှိသော်လည်း ယုဒလူများက အလွန်တန်ဖိုးထားခဲ့ ကြပါသည်။
ထိုအချိန်တွင် ရောမအာဏာပိုင်များသည် ဗာရဗ္ဗ ဟုခေါ်သည့် သေဒဏ်ပေးခြင်းခံရသော
အကျဉ်းသားတစ်ဦးကိုချုပ်နှောင်ထားပါ သည်။ ဤ သူသည်မိမိကိုယ်ကိုမေရှိယဖြစ်သည်ဟု
အခိုင်အမာပြောဆိုခဲ့ပါသည်။ ကမ္ဘာ ကြီးအားကောင်းမွန်လာအောင်
အရာရာကိုစီစဉ်တကျတည်ထောင်ရန် သူ၌ တန်ခိုးအာဏာရှိပါသည်ဟုဆိုပါသည်။
မိမိခိုးဆိုးတိုက်ခိုက်ခြင်းမှရသည့် ပစ္စည်းများ သည် မိမိပိုင်ဖြစ်ကြောင်း
စာတန်၏လှည့်ဖြားမှုအောက်တွင် သူဖွင့်ဆိုခဲ့ပါသည်။
နတ်ဆိုးများ၏တန်ခိုးများကိုအသုံးပြုကာ ထူးဆန်းအံ့ဩဖွယ် ရာများကိုသူပြုလုပ်ခဲ့ပါ
သည်။ သို့နှင့်လူအများသည် သူ့ဘက်သို့ပါလာခဲ့ကြရာ ထိုလူများကိုအသုံးပြုကာ
ရောမအာဏာပိုင်များကို ပုန်ကန်ထကြွမှုပြုလုပ် ခဲ့ပါသည်။ သူသည်ဘာသာရေး စိတ်
အားထက်သန်မှုအရေကိုခြုံထားသည့် မာကျောခက်ထန်သော လူယုတ်မာတစ်ဦးဖြစ် ပြီး၊
ပုန်ကန်ထကြွရန်နှင့်ရက်စက် ကြမ်းကြုတ်မှုများကိုလုပ်ရန် ဝါသနာထုံသူတစ်ဦး
ဖြစ်ပါသည်။ ဤသူနှင့် အပြစ်မဲ့သောခရစ်တော်အကြား ရွေးချယ်ပေးခြင်းအားဖြင့်
ထိုသူများ၏ တရားမျှတသောစိတ်ကို ပြန်လည်နှိုးဆွပေးနိုင်လိမ့်မည်ဟု ပိလတ်မင်း
ယူဆခဲ့ပါသည်။ ယုဒလူကြီးအနေနှင့် ယဇ်ပုရောဟိတ်များကိုဆန့်ကျင်ကာ ခရစ် တော်အား
ကရုဏာသက်ကြရန်သူလိုလားခဲ့ပါသည်။ ထိုကြောင့် လူအုပ်ကြီးဘက် သို့လှည့်လိုက်ကာ
သင်တို့သည်အဘယ်သူကိုလွှတ်စေချင်သနည်း။ ဗာရဗ္ဗကို လွှတ် စေချင်သလော။ ခရစ်ဟုခေါ်သော
ယေရှုကိုလွှတ်စေချင်သလောဟု မျှော်လင့်ချက် ကြီးစွာဖြင့်မေးလိုက်ပါသည်။
တောရိုင်းတိရစ္ဆာန်များ၏
ဟိန်းသံများနှယ် ထွက်ပေါ်လာသောလူအုပ်ကြီး ၏အဖြေမှာ အကျွန်ုပ်တို့အား
ဗရဗ္ဗကိုလွှတ်ပါလော့ဟူ၍ဖြစ်၏။ ဗာရဗ္ဗဗာရဗ္ဗဆို သော အသံသည် ပို၍ပို၍သာ
ကျယ်လောင်ဆူညံလာပါတော့သည်။ မိမိမေးသော မေးခွန်းကိုထိုလူများနားမလည်သောကြောင့်
ထိုသို့ဖြေတာလား ဟုသံသယဖြစ်ကာ ]]ပိလတ်မင်းက သင်တို့သည်ယုဒရှင်ဘုရင်ကို
လွှတ်စေချင်သလောဟုမေးပြန်၏။ ထိုအခါ ထိုသူကိုထုတ်ပါလော့။ အကျွန်ုပ်တို့အား၊
ဗာရဗ္ဗအားလွှတ်ပါလော့ဟု ထိုသူ များက နောက်တစ်ဖန်အော်ဟစ်ကြပြန်၏။ သို့ဖြစ်လျှင်
ခရစ်ဟုခေါ်ဝေါ်သော ယေရှု ကို အဘယ်သို့ပြုရမည်နည်းဟုမေးသော် ထိုသူအပေါင်းတို့က
လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းခံပါလေစေဟု နတ်ဆိုးသံများနှင့်တူသော
ပွတ်ပွတ်ရိုက်နေသော လူ အုပ်ကြီး၏အော်ဟစ်သံ များပေါ်ထွက်လာခဲ့ပါသည်။
နတ်ဆိုးများကိုယ်တိုင် လူ ယောင်ဆောင်၍ လူအုပ်ကြီးထဲတွင်ပါဝင်ကြကာ “သူသည်လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကိုခံရပါလေစေ” ဟုအော်ဟစ်ခဲ့ကြခြင်းဖြစ်ပါသည်။
ပိလတ်မင်းသည်
စိတ်ဒုက္ခရောက်သွားပါသည်။ ထိုကဲ့သို့ဖြစ်လာခဲ့လိမ့်မည် ဟု သူမထင်မိခဲ့ချေ။
အပြစ်မဲ့သူတစ်ဦးကို အလွန်မတန်ယုတ်ညံ့၍ ရက်စက်သော သေခြင်းမျိုးနှင့်အသေခံစေရမည်ကို
သူမလိုလားခဲ့ချေ။ အော်ဟစ်သံများစဲသွား သောအခါ ပိလတ်မင်းသည်လူအုပ်ကြီးဘက်သို့လှည့်၍
အဘယ်ကြောင့်နည်း။ သူ သည်အဘယ်အပြစ်ကို ပြုဘိသနည်းဟုမေးသော်လည်း အခြေအနေသည်ပို၍သာ
အငြင်းပွားစရာဖြစ်လာပါသည်။ သူတို့လိုချင်သောအရာမှာ ခရစ်တော်၏အပြစ်ကင်း
သောအသက်တာနှင့်ပတ်သက်သော သက်သေအထောက်အထားမဟုတ်ဘဲ ခရစ် တော်၏အသက်ကိုဖြစ်နေပါသည်။
ပိလတ်မင်းသည်ကိုယ်တော်အား
အသက်အန္တရာယ်မှ ကာကွယ်ပေးရန် ကြိုးစားလုပ်ဆောင်ဆဲဖြစ်ပါသည်။ “ထိုသူသည်အဘယ်အပြစ်ကိုပြုဘိသနည်း၊ သေ ထိုက်သောအပြစ်တစ်စုံတစ်ခုမျှ
သူ၌ငါမတွေ့။ ထိုကြောင့်ငါ ဆုံးမ၍လွှတ်မည်” ဟု
သုံးကြိမ်မြောက်အောင် ပိလတ်မင်းကပြောခဲ့၏။ သို့ရာတွင် ခရစ်တော်ကိုလွှတ်မည် ဟု
ပြောခြင်းသည် လူထုကြီးအားအလွန့်အလွန် သွေးကြွစေခဲ့သဖြင့် “ထိုသူကိုကပ်
တိုင်၌ ရိုက်ထားပါစေ” ဟု၎င်းတို့အော်ဟစ်ခဲ့ကြ၏။
ပိလတ်မင်း၏ဆုံးဖြတ်ချက်မမှန် ကန်မှုကြောင့် ဖြစ်ပေါ်လာသော ထိုမုန်တိုင်းသည်
ပို၍ပို၍သာပြင်းထန်လာပါတော့ သည်။
ထိုနောက်ပင်ပန်းနွမ်းနယ်မှုကြောင့်
အားပြတ်လုမတတ်ဖြစ်နေပြီး၊ တစ် ကိုယ်လုံးတွင် ဒဏ်ရာများနှင့်ပြည့်နေသော
သခင်ယေရှုကိုခေါ်ဆောင်သွားကြကာ၊ လူထုကြီး၏ရှေ့မှောက်တွင်
ကြိမ်ဖြင့်ရိုက်ခဲ့ကြပါသည်။ “ထိုအခါ စစ်သူရဲတို့သည်
ကိုယ်တော်ကိုပြဲတောရိရုံးတည်းဟူသော အိမ်တော်ဦးအတွင်း သို့ဆောင်သွား၍ စစ်
သူရဲတစ်တပ်လုံးကိုစုရုံးစေပြီး ကိုယ်တော်အားနီမောင်းသော အဝတ်ကိုဝတ်စေ၍
ဆူးပင်နှင့်ရက်သောဦးရစ်ကိုတင်ပြီးလျှင် ယုဒရှင် ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိ
စေသတည်းဟု ကောင်းချီးစကားကိုပြော ကြ၏။ --- တံတွေးနှင့်ထွေးခြင်း၊ ရှေ့
တော်မှာဒူးထောက်၍ပျပ်ဝပ်ခြင်းကို လည်းပြုကြ၏။” တစ်ခါတစ်ခါတွင်
တချို့လူ ယုတ်မာများက ကိုယ်တော်၏ လက်ထဲမှာထည့်ထားသည့်ကျူလုံးကို ရုတ်တရက်ဆွဲ
ယူလိုက်ကာ ဆူးရစ်သရဖူအပေါ်မှနေ၍ ရိုက်ချလိုက်ရာ ဆူးများသည်အသားတော် သို့
စိုက်ဝင်သွားကာ သွေးများယိုစီးလာခဲ့ပါသည်။ ယိုစီးလာသောသွေးများသည် မျက်နှာပြင်မှ
တစ်ဆင့်မုတ်ဆိတ်မွေးများဆီသို့ တစိမ့်စိမ့်ကျသွားခဲ့ပါသည်။
အို၊ ကောင်းကင်နှင့်
မြေကြီးတို့အံ့အားသင့်ကြပါ။ နှိပ်စက်ကလူပြုနေကြသူ များနှင့်
အနှိပ်စက်ခံနေရသူကိုကြည့်ပါဦး။ စိတ်ရူးပေါက်နေသော လူအုပ်ကြီးသည် လောကသားများအား
ကယ်တင်မည့်ကိုယ်တော်ကို ဝန်းရံထားကြပါသည်။ ပြက်ရယ် ပြုခြင်းနှင့်
လှောင်ပြောင်မှုများသည် ဘုရားကိုပြစ်မှားပြောဆိုသည့် ကြမ်းတမ်းသော
ဆဲရေးကျိန်ဆိုမှုများနှင့် ရောပြွမ်းနေပါသည်။ ကိုယ်တော်၏နိမ့်ကျသော မွေးဖွားခြင်း
နှင့် နှိမ့်ချသောအသက်တာသည် ခံစားမှုမရှိသောလူအုပ်ကြီးအတွက် ဝေဖန်စရာ ဖြစ်နေပါသည်။
မိမိသည် ဘုရားသခင်၏သားတော်ဖြစ်သည်ဆိုသော မိန့်ဆိုချက်ကို သူတို့ပြက်ရယ်ပြုနေကြပြီး၊
ယုတ်ညံ့သောနောက်ပြောင်စကားများနှင့် မထီလေးစား ပြုသည့်သရော် စကားများသည်သာ
သူတို့၏နှုတ်ခမ်းမှထွက်ပေါ်လာနေလျက်ရှိပါ သည်။
ကယ်တင်ရှင်အား
မတရားစော်ကားမှုတွင် ကြမ်းကြုတ်သောလူအုပ်ကြီးအား စာတန်ကိုယ်တိုင်ဦးဆောင်ခဲ့ပါသည်။
သူ၏အကြံအစည်မှာ ဖြစ်နိုင်လျှင်ကိုယ်တော် ရှင်အနေနှင့်
လက်တုံ့ပြန်လာအောင်ဆွပေးရန်ဖြစ်ပါသည်။
(သို့မဟုတ်) ကိုယ် တော်ရှင်သည် ကိုယ့်ကိုကိုယ်ကယ်တင်ဖို့ နိမိတ်လက္ခဏာ
တစ်ခုကိုပြအောင် ဆွ ပေးရန်ဖြစ်ပါသည်။ ဤနည်းအားဖြင့် ကယ်တင်ခြင်း
စီမံကိန်းကိုပျက်ပြားသွား အောင် သူကြိုးစားခဲ့ပါသည်။ ကြောက်လန့်စရာကောင်းသော
ဤစမ်းသပ်ချက်ကို တွေ့ကြုံရင်ဆိုင်ရာတွင် ကိုယ်တော်ရှင်၏ လူသားအသက်တာတွင်
စွန်းထင်းခဲ့သော အစွန်းအကွက်ကလေးတစ်ကွက်သည်လည်းကောင်း၊ ကိုယ်တော့်ဇာတိ၏ ချို့ယွင်း
လစ်ဟင်းမှုတစ်ခုသည်လည်းကောင်း၊ ဘုရားသခင်၏သိုးသငယ်အား မစုံမလင် သော
ယဇ်ကောင်တစ်ကောင် ဖြစ်သွားစေခဲ့လိမ့်မည်ဖြစ်ပြီး၊ လူသားများအတွက် လုပ်ဆောင်နေသော
ကယ်တင်ခြင်းလုပ်ငန်းသည်လည်း ပျက်ပြားသွားခဲ့လိမ့်မည် ဖြစ်ပါသည်။ သို့ရာတွင်
အမိန့်ပေးလိုက်ရုံနှင့် မိမိအားကူညီမည့်ကောင်းကင်သားများ ကိုဆင့်ခေါ် နိုင်တော်မူ၍
မိမိဘုရားဇာတိ၏ဘုန်းတန်ခိုးတော်များကို တောက်ပထွန်း လင်းစေခြင်းဖြင့်
ထိုလူအုပ်ကြီးကိုမိမိရှေ့မှ ကြောက်လန့်တကြားနှင့်ထွက်ပြေးသွား အောင်
မောင်းထုတ်နိုင်တော်မူသော ကိုယ်တော်သည် ရုန့်ရင်းကြမ်းတမ်းသော စော်
ကားမှုများနှင့် အကြမ်းဖက်မှုများကို တည်ငြိမ်မှုအပြည့်ဖြင့်
ခေါင်းငုံ့ခံတော်မူခဲ့ပါ သည်။
ကိုယ်တော်၏
ဘုရားဇာတိတော်အတွက် အထောက်အထားအနေဖြင့် နိမိတ်လက္ခဏာတစ်ခုကိုပြရန် ခရစ်တော်အား
ရန်မူသူများကတောင်းဆိုခဲ့ကြပါ သည်။ သူတို့ယခုတောင်းဆိုနေသည့်နိမိတ်လက္ခဏာထက်
အဆမတန်ကြီးမြတ် သောနိမိတ်လက္ခဏာအတွက် အထောက်အထားကို သူတို့ရရှိခဲ့ပြီးဖြစ်ပါသည်။
ကြမ်းတမ်းခက်ထန်မှုများနှင့် ပြည့်စုံသောစိတ်ဓာတ်လှုံ့ဆော်မှုကြောင့် ကိုယ်တော်
အားညှဉ်းပန်းသူများသည် လူသားများထက်နိမ့်ကျသော စာတန်၏ပုံသဏ္ဌာန်နှင့်
တူသည့်တိုင်အောင် ယုတ်ညံ့သွားကြသည်နှင့်အမျှ ကိုယ်တော်၏ နူးညံ့သိမ်မွေ့မှု နှင့်
သည်းခံမှုများသည် လူသားများထက် မြင့်မြတ်သောအခြေအနေသို့ ခရစ်တော် အားမြှင့်တင်၍
ထာ၀ရဘုရားသခင်နှင့်တော်စပ်မှုရှိကြောင်း ကိုထင်ရှားစေပါသည်။ ကိုယ်တော်ရှင်အား
သိက္ခာကျဆင်းစေခဲ့သည့်အရာများသည် ကိုယ်တော်အား မြှောက်စားခြင်းခံရမှုအတွက်
ခံဝန်ချက်တစ်ခုဖြစ်ပါသည်။ ကိုယ်တော်၏မျက်နှာ တော်နှင့်မုတ်ဆိတ်များတွင်
ယိုစီးကျဆင်းလာသည့်သွေးစက်များသည် ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းကြီးအနေဖြင့်
ဝမ်းမြောက်ခြင်းဆီနှင့်ဘိသိက်သွန်းလောင်းခြင်း ၏ ကတိဝန်ခံချက်တစ်ရပ်ဖြစ်ပါသည်။
ကယ်တင်ရှင်သည်
မိမိအားပြုလုပ်နေကြသော မတရားမှုများအားလုံး ကြောင့်
နှုတ်ခမ်းများထဲမှညည်းညူသံကလေးကိုပင် ထွက်မလာခဲ့သည်ကိုမြင် တွေ့ နေရဖြင့်
စာတန်သည်ပို၍ အမျက်ထွက်လာခဲ့ပါသည်။ ကိုယ်တော်သည် လူဇာတိ ကိုခံယူထားသော်လည်း
ထူးကဲကြီးမြတ်သော ခံနိုင်ရည်ရှိမှုဖြင့် ထောက်မထားခြင်း ကိုခံတော်မူခဲ့ရပါသည်။
ထိုကြောင့် ဘုရားရှင်၏အလိုတော်မှ လုံး၀ သွေဖည်ခြင်းမရှိ ခဲ့ချေ။
ပိလတ်မင်းသည် ခရစ်တော်အား
ကြိမ်ဒဏ်ပေးရန်ခွင့်ပြုခြင်းဖြင့်လူထုကြီး ၏ကရုဏာသက်မှုများ
ပြန်လည်နိုးကြားလာလိမ့်မည်ဟု ယူဆခဲ့ပါသည်။ ဤမျှ လောက်အပြစ်ပေးလိုက်လျှင်
လုံလောက်ပြီဖြစ်ကြောင်း သူတို့ဆုံးဖြတ်ကြလိမ့်မည် ဟု သူထင်ခဲ့မိပါသည်။
ယဇ်ပုရောဟိတ်များ၏ ရန်ငြိုး ဖွဲ့မှုများသည်ပင် ကျေအေး သွားလိမ့်မည်ဟု
သူထင်မြင်ယူဆခဲ့ပါသည်။ သို့ရာတွင် အပြစ်မဲ့သူတစ်ဦးဟုမှတ်ယူ ခြင်းခံရသူတစ်ဦးအပေါ်
ထိုကဲ့သို့အပြစ်ဒဏ်စီရင်ခြင်းအတွက် ၎င်းအနေနှင့်အား နည်း ချက်ရှိနေကြောင်း၊
ထိုးထွင်း သိမြင်နိုင်စွမ်းရှိသောယုဒများက မြင်တွေ့ခဲ့ကြပါ သည်။ ပိလတ်မင်းအနေနှင့်
ယေရှုအားကယ်ဆယ်ရန်ကြိုးစားနေကြောင်းကို သူတို့ သိရှိသဖြင့် ကိုယ်တော်အား
လွတ်မသွားအောင်လုပ်ရန် သူတို့စိတ်ပြဌာန်းခဲ့ကြပါ သည်။ ပိလတ်မင်း သည် “ငါတို့စိတ်ကျေနပ်အောင်ကြိမ်ဒဏ်ပေးခြင်းဖြစ်ကြောင်း၊ ဤကိစ္စကို
ယတိပြတ်ဆုံးဖြတ်ရမည့်အရာတစ်ခုအနေဖြင့်လက်ခံရန်ဖိအားပေးလျှင် ကျွန်ုပ်
တို့သည် သေချာပေါက်အောင်ပွဲဆင်လိမ့်မည်” ဟု
သူတို့အထင်ရှိနေကြပါ သည်။
ယခုတွင်ပိလတ်မင်းသည်
ဗာရဗ္ဗအားတရားရုံးသို့ ထုတ်လာရန်အမိန့်ပေး လိုက်ပါသည်။ ထိုနောက်
ထိုအကျဉ်းသားနှစ်ဦးအားယှဉ်၍ရပ်စေပြီး၊ ကယ်တင်ရှင် ကိုပြညွှန်လျက်
သူ့ကိုကြည့်ကြလော့။ ဤသူ၌အဘယ်အပြစ်ကိုမျှ ငါမတွေ့ကြောင်း ကိုသင်တို့သိစေခြင်းငှာ
သူ့ကိုသင်တို့ရှိရာသို့ငါထုတ်ပြသည်ဟု တည်ကြည်ခံ့ညား၍ တောင်းပန်သည့်အသံမျိုးဖြင့်
ပိလတ်မင်း ပြောဆိုခဲ့၏။
လှောင်ပြောင်သည့်သဘောဖြင့်
ဝတ်ပေးထားသည့်ဝတ်ရုံကိုဝတ်လျက်၊ ဆူး ရစ်သရဖူကိုဆောင်းလျက်
သားတော်ဘုရားသည်မတ်တတ်ရပ်နေပါသည်။ ဝတ်ရုံ ကြီးကိုခါးထိအောင်ချွတ်လိုက်သောအခါ
သွေးများစိမ့်ထွက်နေသော အရှိုးရာကြီး များသည် ကျောကုန်းတွင်ထင်ရှားနေပါသည်။
မျက်နှာတော်သည် သွေးစသွေးန များဖြင့် ပေကျံနေပြီး၊ မောပန်းနာကျင်သည့်
အသွင်ကိုဆောင်နေသော်လည်း ယခု အချိန်လောက်တစ်ခါမျှ အသရေမတင့်တယ်ခဲ့ဖူးချေ။
ကိုယ်တော်ရှင်သည် ရန်မူသူ များရှေ့တွင်မျက်နှာပျက်ခြင်းရှိတော်မမူချေ။ ၎င်းပြင်
ပြုတော်မူသောကိုယ်နေဟန် ထားတိုင်းသည် မိမိအားရန်မူနေသော၎င်းတို့အပေါ် တွင်ထားရှိတော်မူသည့်
နူးညံ့ သောသဘောထား၊ အောင့်အည်းသည်းခံမှုနှင့် ကြင်နာသနားမှုများကို ဖော်ပြတော်မူ
နေပါသည်။ ကိုယ်တော်၏ လုပ်ကိုင်ဆောင်ရွက်ပုံများတွင် မည်သည့်သူရဲဘော ကြောင်သော
အားနည်းမှုများကိုမတွေ့ရဘဲ၊ စိတ်ရှည်သည်းခံခြင်းနှင့် သိက္ခာသမာဓိ
ရှိခြင်းများကိုသာ တွေ့ခဲ့ရပါသည်။ ကိုယ်တော်သည် မိမိ၏နံဘေးတွင်ကပ်ရပ်နေ
သည့်အကျဉ်းသားနှင့် လုံး၀ကွဲ ပြားခြားနားတော်မူပါသည်။ ဗာရဗ္ဗ၏မျက်နှာထားက
၎င်းသည်အသည်းမာသော လူကြမ်းလူရမ်းကြီးဖြစ်ကြောင်းဖော်ပြနေပါသည်။ တွေ့
မြင်နေရသူများအတွက် ၎င်းသည်အရာရာတွင် ခရစ်တော်နှင့်ကွဲပြားခြားနားနေ ကြောင်း
ထင်ရှားနေပါသည်။ လူအုပ်ကြီးထဲမှအချို့သူများသည် ငိုကြွေးခဲ့ကြပါ သည်။
သူတို့သည်ခရစ်တော်ကိုကြည့်ရင်း ကရုဏာသက်လာခဲ့ကြပါသည်။ ထို ယဇ်ပုရောဟိတ်များနှင့်
ယုဒလူအကြီးအကဲများသည်ပင်လျှင် ကိုယ်တော်သည် မိမိ မိန့်တော်မူခဲ့သည့်အတိုင်း
မှန်ကန်နေကြောင်းသိရှိလာခဲ့ကြပါသည်။
ခရစ်တော်အားခြံရံထားသည့်
ရောမစစ်သူရဲများ၏ စိတ်နှလုံးသည် လုံးလုံး ကြီးမာကျောသည့် အခြေအနေသို့
မရောက်တတ်သေးပါ။ အချို့ကကိုယ်တော်အား ရာဇဝတ်သားဖြစ်ကြောင်း၊
အန္တရာယ်များသောသူတစ်ဦးဖြစ်ကြောင်း ထင်ရှားစေ မည့်
အသွင်အပြင်တစ်ခုခုကိုတွေ့ရနိုးနိုးနှင့် ကိုယ်တော်၏ မျက်နှာတော်ကို ကောင်း
မွန်စွာကြည့်ရှုခဲ့ကြပါသည်။ ၎င်းပြင် ဗာရဗ္ဗဘက် သို့လှည့်၍လည်း ရွံရှာသောအ
ကြည့်ဖြင့်တစ်ခါတစ်ခါကြည့်ခဲ့ကြပါသည်။ သူသည်လူဆိုးတစ်ဦးဖြစ်ကြောင်း သေ
သေချာချာကြည့်ရန်ပင်မလိုပါချေ။ အစစ်အဆေးခံနေရသော ကိုယ်တော်ရှင်ဘက် သို့လှည့်၍
သနားကြင်နာစိတ်အပြည့်ဖြင့် သေချာစွာကြည့်ရှုခဲ့ကြပါသည်။ တွေ့မြင် နေရသော
တိတ်ဆိတ်စွာအညံ့ခံနေသော ကိုယ်တော်၏ပုံပန်းလက္ခဏာသည် ၎င်း တို့၏စိတ်ထဲတွင်စွဲမှတ်
သွားစေခဲ့ပြီး ကိုယ်တော်အားခရစ်တော်ဖြစ်ကြောင်း အသိ အမှတ်ပြုခြင်းနှင့် ငြင်းပယ်ကာ
ကိုယ့်ကြမ္မာကိုယ်ဆုံးဖြတ်ခြင်းတို့အနက် တစ်ခုခုကို ရွေးချယ်မပြီးမချင်း
မည်သည့်အခါမျှ ထိုမြင်ကွင်းသည် စိတ်ထဲမှပျောက်သွားခဲ့လိမ့် မည်မဟုတ်ချေ။
ပိလတ်မင်းသည် ခရစ်တော်၏
မညည်းမတွားသောသည်းခံမှုကို အံ့အား သင့်မိခဲ့ပါသည်။ ဗာရဗ္ဗ၏အသွင်အပြင်နှင့်
လုံး၀ကွဲပြားခြားနားသော ဤသူကိုမြင် ရလျှင် ယုဒများသည်ကရုဏာသက်သွားကြလိမ့်မည်ဟု
သံသယကင်းစွာဖြင့်ထင် မြင်မိခဲ့ပါသည်။ လောက၏အလင်းအနေဖြင့် ၎င်းတို့၏မောဟ
ဖုံးလွှမ်းခြင်းနှင့်အမှား အယွင်းများကိုထောက်ပြခဲ့သော
ကိုယ်တော်အပေါ်ထားရှိခဲ့သည့် ထိုယဇ်ပုရော ဟိတ်များ၏ မုန်းတီးမှုများကို
သူနားမလည်နိုင်အောင် ဖြစ်ခဲ့ရပါသည်။ သူတို့သည် ထိုလူအုပ်ကြီးအား
အမျက်ထွက်လာအောင်ဆွပေးခဲ့ကြပြီး “ထိုသူကိုလက်ဝါးကပ်
တိုင်မှာရိုက်ပါ” ဟုတစ်ခဲနက်ဟစ်အော်ခဲ့ကြပါသည်။
နောက်ဆုံးတွင် ၎င်းတို့၏ ယုတ္တိမတန်သောရက်စက်ကြမ်းကြုတ် မှုများကြောင့်
စိတ်မရှည်နိုင်တော့ဘဲ သင်တို့ သည်သူ့ကိုယူ၍လက်ဝါးကပ်တိုင် မှာရိုက်ထားကြ။
ငါသည်သူ၌အပြစ်ကိုမတွေ့ဟု ပိလတ်မင်းသည်စိတ်ပျက် လက်ပျက်ဖြင့်ပြောလိုက်ပါသည်။
ဤရောမဘုရင်ခံသည်
ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်များကို မြင်ဖူး ကြားဖူးခဲ့သူတစ်ဦးဖြစ်သော်လည်း၊
ကြိမ်ဒဏ်ပေးလိုက်သဖြင့်မျက်နှာမှသွေးများ ထွက်လာကာ ကျောကုန်းတစ်ပြင်လုံးသည်
စုတ်ပြတ်နေသည့်အခြေအနေမျိုးမှာပင် ပလ္လင်တော်ထက်စိုးစံနေသော
ဘုရင်တစ်ပါး၏ဟန်နေဟန်ထား မျိုးဖြင့်ပြည့်စုံသော ကိုယ်တော်အား၊ ကရုဏာသက်ခဲ့မိပါသည်။
သို့ရာတွင် ယဇ်ပုရောဟိတ်များကမူ “အကျွန်ုပ်တို့၌ရှိသောဓမ္မသတ်အတိုင်းသူသည်အသေ
ခံထိုက်ပါ၏” ဟုကြွေး ကြော်ခဲ့ကြ၏။
ပိလတ်မင်းသည်
လန့်ဖျပ်သွားခဲ့ပါသည်။ သူ၌ခရစ်တော်နှင့်ပတ်သက်၍ လည်းကောင်း၊
ကိုယ်တော်၏အမှုတော်နှင့်ပတ်သက်၍လည်းကောင်း၊ မှန်ကန်သော
အတွေးအခေါ်တစ်စုံတစ်ရာမရှိခဲ့သော်လည်း ဘုရားသခင်အားလည်းကောင်း၊ လူ
သားများထက်ဘုန်းတန်ခိုးကြီးသော ပုဂ္ဂိုလ်များအားလည်းကောင်း ယုံကြည်မှုတွင်မူ
မသဲမကွဲရှိခဲ့ပါသည်။ ၎င်းအနေနှင့် တစ်ချိန်ကတွေးတောစဉ်းစားမိခဲ့ဖူးသော အယူ
အဆတစ်ခုသည် ယခုအချိန်တွင်ပို၍ပုံပေါ်လာခဲ့ပါသည်။ ကြက်သွေးရောင်ဝတ်ရုံ
ကြီးကိုဝတ်လျက် ဆူးရစ်သရဖူကိုဆောင်း ထားသည့်မိမိရှေ့တွင်ရပ်နေသော ဤ သူသည်
ဘုရားသခင်နှင့်ဆိုင်သောပုဂ္ဂိုလ် တစ်ဦးဖြစ်နိုင်မဖြစ်နိုင်ကို သူသံသယဖြစ် နေပါသည်။
ထိုနောက် တစ်ဖန်သူသည်
တရားစစ်ဆေးနေသော နေရာသို့သွား၍ ခရစ် တော်အား သင်သည်အဘယ်ကဖြစ်သနည်းဟု မေးလေ၏။
သို့ရာတွင် ခရစ်တော် သည် ဖြေဆိုတော်မမူခဲ့ချေ။ သမ္မာတရား၏ သက်သေခံတစ်ဦးအနေဖြင့်
မိမိအမှု ဆောင်နေခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြလျက် ကယ်တင်ရှင်သည် ပိလတ်မင်း အား
စုံစုံစေ့စေ့ပြောကြားခဲ့ပြီ ဖြစ်ပါသည်။ ပိလတ်မင်းအနေနှင့်မူ ထိုအလင်းတရား ကို
ဂရုမထားခဲ့ပါချေ။ သူသည် ထိုလူအုပ်ကြီး၏ တောင်းဆိုချက်ကိုလိုက်လျောဖို့
မိမိ၏စည်းမျဉ်းဥပဒေများနှင့် အခွင့်အာဏာများကို အလျော့ပေးခြင်းအားဖြင့် မိမိ၏
တရားသူကြီးလုပ်ပိုင်ခွင့်ကို တလွဲအသုံးပြုခဲ့ပါသည်။ ခရစ်တော်၌ သူ့အတွက်နောက်
ထပ်ပေးရန်အလင်းမရှိတော့ပြီ။ ကိုယ်တော်ရှင်က မည်သို့မျှပြန်လည်ဖြေဆိုခြင်းမရှိ
သဖြင့် ပိလတ်မင်းသည် စိတ်ဆိုးလာကာ၊ ငါနှင့်စကားမပြောသလော။ ငါသည်သင့်
ကိုလက်ဝါးကပ်တိုင်တွင် ရိုက်ထားပိုင်သည်ကိုလည်းကောင်း၊ လွှတ်ပိုင်သည်ကို
လည်းကောင်း သင်မသိသလောဟု ဟိတ်ဟန်ထုတ်ကာပြောလိုက်ရာ-
အထက်အရပ်မှအခွင့်ကိုမရလျှင်
မင်းကြီးသည်ငါ့ကိုအဘယ်သို့မျှ မပြုပိုင်။ ထိုကြောင့်
ငါ့ကိုမင်းကြီးလက်သို့အပ်နှံသောသူသည် သာ၍အပြစ်ရှိသည်ဟု ခရစ်
တော်တုံ့ပြန်တော်မူခဲ့ပါသည်။
ခရစ်တော်သည်
မိမိအားကပ်တိုင်တင်မည့် ရောမဘုရင်ခံ၏အပြုအမူများ ကြောင့်
ဒုက္ခဝေဒနာနှင့်ဝမ်းနည်းပူဆွေးမှုများကို အပြင်းအထန်ခံနေရစဉ်မှာပင် တတ်နိုင်သလောက်
အပြစ်လွှတ်တော်မူခဲ့ပါသည်။ ဤကမ္ဘာကြီးတွင် အချိန်တိုင်း လက်ဆင့်ကမ်းပြောပြဖို့
ကောင်းသောမြင်ကွင်းတစ်ခုပင်ဖြစ်ပါသည်။ ထိုမြင်ကွင်း သည်
လောကီသားအားလုံးကိုတရားစီရင်မည့် ကိုယ်တော်၏ စာရိတ္တတော်အပေါ် ထွန်းလင်းနေသော
အလင်းတော်တစ်ခုလည်းဖြစ်ပါသည်။
ငါ့ကိုမင်းကြီးလက်၌
အပ်နှံသောသူသည် သာ၍ကြီးသောအပြစ်ရှိ၏ဟုဆို ရာ၌ ခရစ်တော်သည်ယုဒလူမျိုးကို
ယဇ်ပုရောဟိတ်တစ်ပါးအနေဖြင့် ကိုယ်စားပြုနေ သော ကယာဖကိုဆိုလိုခြင်းဖြစ်ပါသည်။
ထိုယဇ်ပုရောဟိတ်များသည်
ရောမအာဏာပိုင်များအား ထိန်းချုပ်ထား သည့်ဥပဒေစည်းမျဉ်းများကို သိရှိထားကြပါသည်။ ခရစ်တော်အကြောင်းကို
သက် သေခံထားသော အနာဂတ္တိစကားမှ အလင်းတရားကိုလည်းကောင်း၊ ခရစ်တော်
ကိုယ်တိုင်ပြုခဲ့သော သွန်သင်ချက်များနှင့် နိမိတ်လက္ခဏာများမှ အလင်းတရားကို
လည်းကောင်း သူတို့သိရှိထားကြပါသည်။ ၎င်းတို့သေဒဏ် စီရင်လိုက်သော ကိုယ် တော်၏
ဘုရားဇာတိတော်နှင့်ပတ်သက်၍ မှားနိုင်သောသက်သေအထောက်အ ထားများကိုလည်း
ထိုယုဒတရားသူကြီးများကရရှိထား ကြပါသည်။ သူတို့သည် မိမိ တို့ရရှိထားသော
အလင်းတရားအတိုင်း စီရင်ခြင်းကိုခံကြရပါလိမ့်မည်။
တိုင်းပြည်တွင်
အမြင့်ဆုံးရာထူး၌ရပ်တည်၍ ပေးအပ်ခြင်းခံရသည့် သန့်ရှင်း သောဝတ်များကို
ယုတ်ညံ့စွာသစ္စာဖောက်ခဲ့ကြသောထိုသူများ၌ အကြီးမားဆုံး သော အပြစ်ဒုစရိုက်နှင့်
အလေးဆုံးဝန်များပိနေပါသည်။ ပိလတ်မင်း၊ ဟေရုဒ်မင်း နှင့်ရောမစစ်သားများမှာ
ခရစ်တော်၏ အကြောင်းကို၎င်းတို့နှင့်နှိုင်းစာလျှင် အသိအ
မြင်မရှိသလောက်ဖြစ်နေပါသည်။ ကိုယ်တော်အားကြမ်းတမ်းစွာ ဆက်ဆံခဲ့ခြင်းဖြင့်
ထိုယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီးအကဲများအား၊ သဘောတွေ့စေလိမ့်မည်
ဟုသူတို့ယူဆခဲ့ကြပါသည်။ ယုဒလူများကြွယ်၀စွာ ရရှိခဲ့သောအလင်းတရားများကို
သူတို့မရရှိခဲ့ကြချေ။ အကယ်၍ ထိုရောမစစ်သားများအား၊ အလင်းတရားပေးခဲ့မည် ဆိုလျှင်
သူတို့သည်ယုဒများကဲ့သို့ ကိုယ်တော်အားကြမ်းတမ်းစွာ ဆက်ဆံခဲ့ကြလိမ့် မည်မဟုတ်ချေ။
ပိလတ်မင်းသည် ကိုယ်တော်အားလွှတ်ခြင်းငှာ တစ်ဖန်ရှာကြံပြန်၏။ သို့ရာ တွင်ယုဒလူတို့ကလည်း ထိုသူကိုလွှတ်လျှင် ကိုယ်တော်သည်ကဲသာ ဘုရင်၏အ ဆွေမဟုတ်ဟု အော်ဟစ်နေကြပါသည်။ ဤနည်းအားဖြင့် သူတော်ကောင်းယောင် ဆောင်သူများသည် ကဲသာဘုရင်၏တန်ခိုးအာဏာကို ကာကွယ်ပေးသယောင်ပြုကြ ပြန်ပါသည်။ ရောမများ၏ စည်းမျဉ်းဥပဒေများကိုဆန့်ကျင် သောသူများအနက်ယုဒ လူများသည်အပြင်းထန်ဆုံး၊ အခါးသီးဆုံးဖြစ်ပါ သည်။ ယုဒများသည် မိမိတို့အတွက် ဘာမျှအန္တရာယ်မရှိလျှင် မိမိတို့၏အမျိုး သားရေးနှင့်ဘာသာရေးတောင်းဆိုချက် များကို ဇွတ်အတင်းလုပ်ကိုင်စေခြင်းအားဖြင့် နှိပ်စက်ကလူပြုတတ်ကြပါသည်။ သို့ ရာတွင် သူတို့သည်ရက်စက်ကြမ်းကြုတ်မှုများကို ဖြစ်ပေါ်စေလိုကြသောအခါတွင် ကဲသာဘုရင်၏ တန်ခိုးအာဏာကို မြှောက်တင်ခဲ့ကြပါသည်။ ခရစ်တော်အား သုတ် သင်ရှင်းလင်းနိုင် ရန် သူတို့သည်မိမိတို့မုန်းတီးသည့်သူစိမ်းနိုင်ငံ၏အုပ်ချုပ်မှုကို သစ္စာရှိကြောင်း ဝန်ခံခဲ့ကြပါသည်။
ရှင်ဘုရင်လုပ်လိုသောသူမည်သည်ကား၊
ကဲသာဘုရင်၏ရန်သူဖြစ်သည်ဟု သူတို့ကဆက်၍ ပြောဆိုကြပါသည်။ ဤအချက်သည် ပိလတ်မင်း၏
အားနည်းချက် ကိုထိခိုက်သွားစေခဲ့ပါသည်။ သူသည်ရောမအစိုးရ၏ မယုံသင်္ကာ
မှုကိုခံခဲ့ရပြီး၊ ဤ သတင်းမျိုးသည်မိမိအား ထိခိုက်ပျက်စီးစေမည်ကို သူသိထားပါသည်။
ထိုယုဒများ ကို တားဆီးဟန့်တားလိုက်မည်ဆိုလျှင် ဒေါသလှိုင်း တံပိုးများသည်
မိမိအားရိုက်ခတ် လာလိမ့်မည်ကိုလည်း သူသိထားပါသည်။ သူတို့သည်နည်းမျိုးစုံကိုသုံး၍
ကလဲ့စား ချေကြလိမ့်မည်ကိုလည်း သူသိထားပါသည်။ အကြောင်းမှာ ယုဒများသည fအ
ကြောင်းပြချက်မခိုင်လုံဘဲ မိမိတို့မုန်းတီးနေသော ခရစ်တော်၏အသက်တော်ကို
လုပ်ကြံရန်မဆုတ်မနစ်ကြိုးစား လုပ်ဆောင်နေသည့်ပုံသက်သေကို သူကိုယ်တိုင်ကြုံ
တွေ့ခဲ့ရပြီဖြစ်သောကြောင့်တည်း။
ထိုနောက်ပိလတ်မင်းသည်
တရားပလ္လင်ပေါ်မှာထိုင်လိုက်ပြီး၊ ယုဒများရှေ့ တွင် ခရစ်တော်ကိုရပ်စေကာ
သင်တို့၏ရှင်ဘုရင်ကိုကြည့်ကြလော့ဟု
ပြောလျှင် ထို သူကိုထုတ်ပါ၊ ထုတ်ပါ၊ လက်ဝါးကပ်တိုင်မှာရိုက်ထားပါဟူ၍
ဆူညံစွာအော်ဟစ်သော အသံများကိုကြားခဲ့ရပါသည်။ သင်တို့၏ရှင်ဘုရင်
ကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားရ မည်လောဟု ပိလတ်မင်းကမေးလိုက်ရာ
ဘုရားသခင်ကိုပြစ်မှားသော စကားများကို ပြောတတ်သည့်နှုတ်ခမ်းများက ကျွန်ုပ်
တို့၌ကဲသာဘုရင်မှတစ်ပါး အဘယ်ရှင်ဘုရင် မျှမရှိပါဟု ပြန်၍ဖြေဆိုကြ၏။
ယုဒများသည်
တစ်ပါးအမျိုးသားဘုရင်တစ်ပါးကို ရွေးချယ်လိုက်ခြင်းဖြင့် ဘာသာရေးကိုရှေ့တန်းတင်
အလေးထားသောအုပ်ချုပ်ရေးစနစ်ကို အသုံးပြုသည့် နိုင်ငံအဖြစ်မှရုပ်သိမ်းသွားခဲ့ပါသည်။
သူတို့သည်ဘုရားသခင်အား ဘုရင်တစ်ပါးအ နေဖြင့် အသိအမှတ်မပြုခဲ့ကြချေ။ ထိုအချိန်မှစ၍
သူတို့၌ ကယ်တင်မည့်သူမရှိ တော့ပြီ။ သူတို့၌ကဲသာဘုရင်မှ
တစ်ပါးအခြားဘုရင်မရှိတော့ပြီ။ ယဇ်ပုရောဟိတ် များနှင့်ကျမ်းတတ်ဆရာများသည်
ဤနည်းအတိုင်း ယုဒလူများအားလမ်းပြခဲ့ကြပါ သည်။ ထိုသို့လမ်းပြခဲ့ကြသည့်အတွက်
နောက်ပိုင်းတွင်ဖြစ်ပေါ်လာမည့် ကြောက်စ ရာဆိုးကျိုးများအတွက် သူတို့၌တာဝန်ရှိနေပါသည်။
နိုင်ငံတစ်ခု၏အပြစ်ကျူးလွန် မှုများနှင့် နိုင်ငံတစ်ခု၏ပျက်စီးဆုံးရှုံးမှုသည်
ထိုနိုင်ငံမှဘာသာရေးခေါင်းဆောင်များ ကြောင့် ဖြစ်ပွားခဲ့ရခြင်း ဖြစ်ပါသည်။
ပိလတ်မင်းသည်မိမိမနိုင်၊
လူများသာ၍ရုန်းရင်းခတ်မှုပြုကြသည်ကို မြင် လျှင်
ရေကိုယူ၍လူများရှေ့တွင်မိမိလက်ကိုဆေးလျက် ဤဖြောင့်မတ် သောသူ၏
အသွေးနှင့်ငါသည်ကင်းရှင်း၏။ ဤအမှုကိုသင်တို့ကြည့်ကြလော့ဟုဆို၏။ သူသည်
ကိုယ့်စကားနှင့်ကိုယ်အပြစ်ရောက်နေသဖြင့် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ခရစ်တော်
ကိုမျှော်ကြည့်လိုက်ပါသည်။ ခေါင်းငုံ့နေသော သူများစွာတို့တွင် ကိုယ်တော်ရှင်၏
မျက်နှာတော်တစ်ခုတည်းသာ ငြိမ်သက်မှုရှိခဲ့ပါသည်။ ကိုယ်တော်ရှင်၏ဦးခေါင်း တော်တွင်
ရောင်ခြည်တော်နုနုကလေး သည် ကွန့်မြူးနေသယောင်ဖြစ်နေပါသည်။ “သူသည်ဘုရားတစ်ဆူဖြစ်သည်”
ဟု စိတ်ထဲတွင်ပိလတ်မင်းရေရွတ်နေခဲ့ပါသည်။ ထိုနောက်
လူအုပ်ကြီးဘက်သို့ လှည့်၍ ငါသည်ဤသူ၏အသွေးနှင့်ကင်းရှင်း၏။ သူ့ ကိုခေါ်သွားပြီး
ကပ်တိုင် ပေါ်မှာတင်လိုက်ကြ။ သို့ရာတွင် ယဇ်ပုရောဟိတ်များနှင့် ကျမ်းတတ်ဆရာတို့
သတိပြုရန်မှာ ဤသူသည်ဖြောင့်မတ်သောသူတစ်ဦးဖြစ်သည်။ ယနေ့လုပ် ရပ်အတွက် ကိုယ်တော်သည်
ငါ့ကိုအပြစ်မစီရင်ဘဲ သင်တို့ကိုအပြစ်စီ ရင်ပါ စေဟူ၍ ကြေညာပြောဆိုလိုက်၏။ ထိုနောက်
ခရစ်တော်ဘက်သို့လှည့်၍ ဤ လုပ်ရပ်အတွက်ကျွန်ုပ်ကိုအပြစ်လွှတ်ပါ။
သင့်ကိုကျွန်ုပ်မကယ်နိုင်တော့ပါဟု သူ ပြောလိုက်ပါသည်။ ထိုနောက်
ခရစ်တော်အားနောက်တစ်ဖန်ကြိမ် ဒဏ်ပေးပြီး နောက်
ကပ်တိုင်တင်ရန်ထိုသူများလက်ထဲသို့အပ်နှံလိုက်ပါသည်။
ပိလတ်မင်းသည်
ခရစ်တော်ကိုကယ်ဆယ်လိုလှပါသည်။ သို့ရာတွင်
ထိုသို့ မကယ်ဆယ်လိုက်ခြင်းအားဖြင့် ၎င်းသည်မိမိ၏ရာထူးနှင့်သိက္ခာကို
ထိန်းသိမ်းနိုင်ခဲ့ ပါသည်။ လောကီနှင့်ဆိုင်သောမိမိ၏
တန်ခိုးအာဏာဆုံးရှုံးခံရမည့်အစား အပြစ် ကင်းသော အသက်တစ်ချောင်းကိုစတေးရန်
သူရွေးချယ်ခဲ့ပါသည်။ ဆုံးရှုံးမှုများနှင့်
ဒုက္ခဆင်းရဲခြင်းများကိုရှောင်လွှဲနိုင်ရန် လူပေါင်းမည်မျှသည် ဤနည်းဤဟန်အ
တိုင်းလုပ်ဆောင်နေကြပါသည်။ အသိစိတ် ဓာတ်နှင့်တာဝန်သိသော စိတ်ဓာတ်များ က
တစ်လမ်းသို့ပြညွှန်နေပြီး၊ ကိုယ်ကျိုးရှာလိုသောစိတ်က လမ်းတစ်လမ်းသို့ပြညွှန်
နေပါသည်။ အမှားလမ်းသို့ စီးဆင်းနေသောရေစီးကြောင်းသည် ပို၍ပြင်းထန်နေသ ဖြင့်
ဒုစရိုက်အမှုကို လျှော့ပေး၍ စေ့စပ်သောသူများသည် ဒုစရိုက်အမှောင်ထဲသို့
မျောပါသွားကြပါသည်။
ပိလတ်မင်းသည်
လူအုပ်ကြီး၏တောင်းဆိုချက်ကို အလျှော့ပေးခဲ့ပါသည်။ မိမိ၏ရာထူးအဆုံးခံရမည့်အစား
ခရစ်တော်အားကပ်တိုင်တက်ဖို့
သူပေးအပ်လိုက် ပါသည်။ သို့ရာတွင် ကြိုတင်ကာကွယ်ထားသည့်ကြားမှ
သူမနှစ်မြို့ဆုံးအရာတစ်ခု ဖြစ်ပျက်လာခဲ့ပါသည်။ သူ့အားပေးထားသည့်
အဆောင်အယောင်များကို ပြန်လည် ရုပ်သိမ်းခြင်းခံခဲ့ရပြီး၊ ရာထူးမှလည်း
ဖယ်ရှားခြင်းခံလိုက်ရပါသည်။ ခရစ်တော်အား ကပ်တိုင်တင်ပြီးမကြာမီမှာပင်
သူသည်စိတ်နှလုံးကြေကွဲကာ ကိုယ့်ကိုကိုယ် အဆုံးစီ ရင်သွားခဲ့ပါသည်။ ထိုနည်းတူ
အပြစ်ဒုစရိုက်ကိုအလျှော့ပေး လုပ်ဆောင်သူ အ ပေါင်းတို့သည်လည်း ဝမ်းနည်းခြင်းနှင့်ဆုံးရှုံးမှုများကိုသာ
ရိတ်သိမ်းကြရမည်ဖြစ်ပါ သည်။ လူထင် သည်အတိုင်းမှန်သောလက္ခဏာရှိသော်လည်း
အဆုံး၌သေခြင်းသို့ ပို့သောလမ်း တစ်မျိုးရှိ၏။ သုတ္တံ ၁၄း၁၂။
ပိလတ်မင်းအနေဖြင့်
ခရစ်တော်၏ အသွေးတော်နှင့်ကင်းရှင်းကြောင်း ပြော ဆိုနေစဉ်တွင်
ကယာဖကမခန့်လေးစားလေသံဖြင့် သူ၏အသွေးသည် ငါတို့၏ ခေါင်းပေါ်၌လည်းကောင်း၊
သားမြေးတို့၏ခေါင်းပေါ်၌လည်းကောင်း တည်ရှိပါစေဟု ဆို၏။ ထိုစကားကိုယဇ်ပုရောဟိတ်နှင့်တကွ
လူအုပ်ကြီးတစ်ခုလုံးကသံယောင် လိုက်၍ ဆူညံစွာအော်ဟစ်ကြွေးကြော်ကာ သူ၏အသွေးသည်
ငါတို့၏ခေါင်းပေါ်မှာ လည်းကောင်း၊ သားမြေးတို့၏ခေါင်းပေါ်၌လည်းကောင်း
တည်ရှိပါစေဟုဆိုကြ၏။
ထိုယုဒများသည်
ရွေးချယ်မှုတစ်ခုကိုပြုခဲ့ကြပေပြီ။ သူတို့သည် ခရစ်တော် ကို လက်ညှိုးထိုးကာ
ဤသူကိုမလွှတ်စေချင်ပါ။ ဗာရဗ္ဗကိုလွှတ်စေချင်ပါသည်ဟု ပြောခဲ့ပြီးဖြစ်ပါသည်။
ခိုးဆိုးသတ်ဖြတ်နေသူဗာရဗ္ဗသည် စာတန်၏ ကိုယ်စားလှယ် တစ်ဦးဖြစ်ပါသည်။ ခရစ်တော်မှာမူ
ဘုရား၏ကိုယ်စားလှယ် တော်ဖြစ်ပါသည်။ ခရစ် တော်သည် အငြင်းပယ်ခံခဲ့ရ၍ ဗာရဗ္ဗသည်အရွေး
ချယ်ခံခဲ့ရပါသည်။ သူတို့သည် ဗာရဗ္ဗကိုရရှိသွားကြပေပြီ။ ဤကဲ့သို့ရွေးချယ်
ခဲ့ခြင်းအားဖြင့် ကမ္ဘာဦးမှစ၍လူလိမ် လူညာ လူသတ်သမားဖြစ်ခဲ့သူတစ်ဦးကို
သူတို့လက်ခံခဲ့ကြပါသည်။ စာတန်သည် သူတို့၏ခေါင်းဆောင်ဖြစ်ပါသည်။
သူတို့သည်လူမျိုးစုတစ်စုအနေဖြင့် စာတန်၏အ မိန့်အတိုင်းလုပ်ဆောင်ခဲ့ကြပါသည်။
သူ၏လုပ်ငန်းကို သူတို့ဆက်လက်လုပ်ဆောင် ကြရပါလိမ့်မည်။ သူ၏
အုပ်စိုးမှုကိုခံကြရပါမည်။ ခရစ်တော်အစား ဗာရဗ္ဗကိုရွေး ချယ်သောထိုသူများသည်
ဗာရဗ္ဗ၏ရက်စက်မှုများကို မသေမချင်းခံစားကြရပေ တော့မည်။
သူတို့သည်
အပြစ်ဒဏ်စီရင်ခြင်းခံနေရသော ကိုယ်တော်အားကြည့်ရှုလျက် သူ၏အသွေးသည်
ငါတို့အပေါ်၌လည်းကောင်း၊ ငါတို့သားမြေးများ ပေါ်၌လည်း ကောင်းတည်ရှိပါစေဟု
အော်ဟစ်ခဲ့ကြပါသည်။ ကြောက်စရာကောင်းသော ထိုအော် ဟစ်သံများသည်
ကောင်းကင်နိုင်ငံရှိပလ္လင်တော်သို့ ရောက်ရှိသွားခဲ့ပါသည်။ ၎င်းတို့
ကိုယ်တိုင်ချမှတ်သည့် ထိုစီရင်ချက်ကို
ကောင်းကင်နိုင်ငံတွင် မှတ်တမ်းတင်ထားပါ သည်။ ၎င်းတို့၏တောင်းလျှောက်သံကို
နားညောင်းတော်မူခဲ့ပါသည်။ သားတော် ဘုရား၏အသွေးတော်သည် ၎င်းတို့၏
သားမြေးများအပေါ်တွင် အစဉ်အမြဲတည် သော ကျိန်ခြင်းမင်္ဂလာကဲ့သို့ကျရောက် ခဲ့ပါသည်။
ကျရောက်ခဲ့သော
ကျိန်ခြင်းအမင်္ဂလာများကို ယေရုရှလင်မြို့ကြီး ပျက်စီးမှု တွင်တွေ့မြင်ခဲ့ရပါသည်။
စပျစ်နွယ်ပင်မှ ကင်းကွာခဲ့သော အသီးမသီးတော့သည့် ကိုင်းခြောက်များသည်
စုစည်းကာမီးရှို့ခံရသကဲ့သို့ နှစ်ပေါင်း တစ်ထောင်ရှစ်ရာလုံး လုံး
ယုဒလူများခံစားခဲ့ရသော အခြေအနေများတွင် ကျရောက်ခဲ့သောကျိန်ခြင်း အမင်္ဂလာများကို
ကြောက်လန့်စွာတွေ့မြင်ခဲ့ရပါသည်။ ယုဒလူများသည် ရာစုနှစ် တစ်နှစ်ပြီးတစ်နှစ်
တစ်နိုင်ငံမှတစ်နိုင်ငံသို့ ကမ္ဘာ အနှံ့သွားလာနေထိုင်ခဲ့ရပြီး၊ အပြစ်
ကျူးလွန်မှုများတွင်သေဆုံးခဲ့ကြရပါသည်။
ထိုဆုတောင်းချက်သည်
တရားစီရင်ရာနေ့ရက်ကြီးတွင် လုံးလုံးလျားလျား ပြည့်စုံပါလိမ့်မည်။ ဤလောကသို့
ခရစ်တော်တစ်ဖန်ကြွလာသောအခါ ကိုယ်တော် အား လူ့ဗရုတ်သုတ်ခများဝန်းရံထားသည်ကို
လူအများမြင်ကြရမည်မဟုတ်ချေ။ ထို အချိန်တွင် ကောင်းကင်နိုင်ငံ၏ အရှင်တစ်ပါးအနေဖြင့်
ကိုယ်တော်အားသူတို့ဖူး တွေ့ကြရပါမည်။ ခရစ်တော်သည် မိမိဘုန်း၊ အဖဘုရားသခင်၏
ဘုန်းတော်နှင့်တကွ သန့်ရှင်းသောကောင်းကင်တမန်များ၏
ဘုန်းများဖြင့်ကြွလာတော်မူလိမ့်မည်။ ကိုယ် တော်ရှင်ကြွလာသောအခါ
ကုဋေကုဋာမကများပြားသော ကောင်းကင်တမန်များ သည် အလွန်သာယာသည့်အောင်မြင်ခြင်း
သီချင်းများကိုချီးမွမ်းလျက် ကိုယ်တော် အား ခြံရံလျက်လိုက်ပါလာကြလိမ့်မည်။
ထိုအချိန်တွင် ကိုယ်တော်သည် ဘုန်းတော် ပလ္လင်ထက်တွင် ထိုင်တော်မူကာ၊
လူမျိုးအပေါင်းတို့သည် ရှေ့တော်တွင်စုရုံးကြပါ လိမ့်မည်။ ထိုအချိန်တွင်
လူအပေါင်းတို့သည် ကိုယ်တော်ကိုမြင်တွေ့ကြရပါလိမ့် မည်။ ကိုယ်တော်အား
ကပ်တိုင်တင်ခဲ့သူများသည်လည်း ကိုယ်တော်ကိုမြင်တွေ့ကြ ရပါမည်။ ကိုယ်တော်သည်
ဆူးရစ်သရဖူ၏နေရာတွင် ဦးရစ်သရဖူကိုဆောင်းထားပါ သည်။ ထိုသရဖူသည်
အဆင့်ဆင့်ရှိသောသရဖူဖြစ်ပါသည်။ နီမောင်းသော ဝတ်ရုံ ကြီးအစား၊
အဘယ်ခဝါသည်မျှမတတ်နိုင်အောင် မိုးပွင့်ကဲ့သို့အလွန် ဖြူသောဝတ် ရုံကြီးကိုဝတ်ဆင်ထားပါသည်။
မာကု ၉း၃။ ၎င်းပြင် ကိုယ်တော်၏ဝတ်ရုံပေါ်တွင် လည်းကောင်း၊
ကိုယ်တော်၏ပေါင်ပေါ်တွင်လည်းကောင်း ဘုရင်တို့၏ဘုရင်၊ သခင်
တို့၏သခင်ဟူသောဘွဲ့နာမတော်ကို ရေးထားလျက်ရှိပါသည်။ ဗျာဒိတ် ၁၉း၁၆။
ကိုယ်တော်အားပြက်ရယ်ပြုသူများနှင့် ထိုးနှိပ်ရိုက်ခတ်ခဲ့သူများသည်လည်း၊ ထိုနေ
ရာတွင်ရှိနေကြပါလိမ့်မည်။ ယခုတရားစီရင်နေကြသော ယဇ်ပုရောဟိတ်များနှင့်
ယုဒလူအကြီးအကဲများသည် ၎င်းတို့ပြုလုပ်ခဲ့သောတရားစီရင်ခြင်းမြင်ကွင်းကို တစ်
ဖန်မြင်ကြရပါ လိမ့်မည်။ မီးစာလုံးများနှင့်မှတ်တမ်းတင်ထားသည့်နှယ် အဖြစ်အ
ပျက်တိုင်းသည် ၎င်းတို့ရှေ့တွင် ပေါ်ထွက်လာပါလိမ့်မည်။
သူ၏အသွေးသည်
ငါတို့အပေါ်သို့လည်းကောင်း၊ သားမြေးတို့အပေါ်သို့ လည်းကောင်းတည်ပါစေဟူ၍
တောင်းလျှောက်ခဲ့သူများသည် ထိုအချိန်တွင်အဖြေ ရကြပါလိမ့်မည်။ ထိုအချိန်တွင်
ကမ္ဘာသူကမ္ဘာသားအားလုံးသည် နားလည်သဘော ပေါက်ကြပါလိမ့်မည်။ မည်သူသည် ၎င်းတို့အား
သတိပေးစကားပြောကြားခဲ့သည် ကိုလည်းကောင်း၊ ထိုသူများသည်သနားစရာကောင်းသော
အားအင်ချည့်နဲ့သူများ ဖြစ်ကြောင်းကိုလည်းကောင်း
ကမ္ဘာသူကမ္ဘာသားများသိရှိလာပါလိမ့်မည်။ သူတို့ သည် ကြောက်အားလန့်အားအသံဖြင့်
တောင်များကျောက်များတို့ကိုခေါ်လျက် ငါ တို့အပေါ်သို့ကျကြပါ။ ပလ္လင်ပေါ်မှာ
ထိုင်တော်မူသောသူ၏မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကိုကွယ် ကာ၍
ငါတို့ကိုဖုံးအုပ်ကြပါ။ အမျက်တော်ထင်ရှားသောနေ့ ကြီးရောက်ပါပြီ တကား။
အဘယ်သူသည်ခံရပ်နိုင်မည်နည်းဟု အော်ဟစ်ကြပါလိမ့် မည်။ ဗျာ ၆း၁၆-၁၇။
No comments:
Post a Comment