Wednesday, April 22, 2026

အခန်းကြီး - ၄၃။ ဖြိုဖျက်ခြင်းခံခဲ့ရသောအတားအဆီးများ

 

ဖြိုချခြင်းခံခဲ့ရသောအတားအဆီးများ

 

ရှင်မဿဲ ၁၅း၂၁-၂၈။ ရှင်မာကု ၇း၂၄-၃၆ တို့ကိုအခြေပြုထားပါသည်။

 

         ခရစ်တော်သည် ဖါရိရှဲများနှင့် ထိပ်တိုက်တွေ့ပြီးနောက် ကပေရနောင်မြို့မှ ထွက်ခွာလာကြပြီး ဂါလိလဲအိုင်ကို ဖြတ်ကျော်ကာ ဖိနိတ်ပြည်သို့ ထွက်ကြွသွား  တော်မူပါသည်။ အနောက်ဘက်သို့ မျှော်ကြည့်တော်မူလိုက်ရာ လွင်ပြင်ကြီး၌တည် ရှိနေသော တစ်ပါးအမျိုးသား၏ ဘုရားကျောင်းများ၊ ကြီးကျယ်ခမ်းနားလှသည့် နန်း တော်ကြီးများနှင့် ကုန်ကူးသန်းရောင်းဝယ်သည့် ပွဲရုံများ၊ လှေသင်္ဘောများနှင့် စည် ကားနေသော သင်္ဘောဆိပ်များ စသည်တို့နှင့် ပြီးသောတုရုမြို့နှင့် ဇိဒုန်မြို့များကို မြင်တွေ့တော်မူပါသည်။ ထိုမြင်ကွင်း၏ နောက်ကွယ်တွင်မူ ကမ္ဘာ့နိုင်ငံကြီးများ၏ အချက်အချာနေရာများသို့ ဧဝံဂေလိသတင်းစကား ဖြတ်သန်းသယ်ဆောင်ရာတွင် အသုံးပြုခြင်းခံရမည့် မြေထဲပင်လယ်ရေပြာပြာကိုတွေ့မြင်ရပါသည်။ ထိုအချိန်သည် ယခု မကျရောက်သေးသော်လည်း ကိုယ်တော်သည် ထိုလုပ်ငန်းအတွက် တမန် တော်များကို လောလောဆယ်အနေဖြင့် ပြင်ဆင်ပေးရမည်ဖြစ်ပါသည်။ ဤဒေသသို့ ကြွလာတော်မူခဲ့ရခြင်းမှာ ဗက်ဇဲဒမြို့တွင် အလုပ်များခဲ့သည့်အတွက် အနားယူရန် ဖြစ်ပါသည်။ သို့ရာတွင် အခြားအကြံအစည်များလည်း ကိုယ်တော်၌ ရှိပါသေးသည်။ ကျေးလက်သို့ကြွတော်မူလျှင် ခါနာန်အမျိုးဖြစ်သော မိန်းမတစ်ယောက်သည် ထို နယ်စပ်မှထွက်လာ၍ ဒါဝိဒ်၏သားတော်ရှင်၊ ကျွန်မကို သနားတော်မူပါ။ ကျွန်မ၏ သမီးသည် နတ်ဆိုးနှိပ်စက်ခြင်းကို ပြင်းစွာခံရပါသည်ဟု ဟစ်ကြော်၏။”  မဿဲ ၁၅း ၂၂။ ထိုဒေသတွင် နေထိုင်သူများသည် ရှေးကျသော ခါနာန်လူမျိုးများဖြစ်ပြီး ရုပ်တု ကိုးကွယ်သူများလည်း ဖြစ်ကြပါသည်။ ဂျူးလူမျိုးများက ၎င်းတို့အား အထင်သေးပြီး မုန်းတီးကြပါသည်။ ခရစ်တော်ထံသို့ ယခုရောက်လာသော အမျိုးသမီးသည်လည်း ထိုအမျိုးထဲမှ ဖြစ်ပါသည်။ သူမသည် တစ်ပါးအမျိုးသား တစ်ဦးဖြစ်သောကြောင့် ဂျူး လူမျိုးများ နေ့စဉ်ခံစားနေရသော အခွင့်အရေးများကို ခံစားခွင့် မရခဲ့ပါချေ။ များစွာ သော ဂျူးလူမျိုးများလည်း ဖိနိတ်ပြည်တွင် နေထိုင်လျက် ရှိခဲ့ကြပြီး ၎င်းတို့၏ နယ် သို့ ခရစ်တော်၏ အမှုတော်သတင်းသည် ရောက်ရှိလာခဲ့ပါသည်။ အချို့သော သူ များသည် ကိုယ်တော်၏ နှုတ်ထွက်စကားများကို ကိုယ်တိုင်ကြားနာခဲ့ကြရပြီး အံ့ဖွယ် နိမိတ်လက္ခဏာများကို ကိုယ်တိုင်မြင်တွေ့ ခဲ့ရပါသည်။ ဤပုရောဖက်သည် ရောဂါ မျိုးစုံကို ကုသပျောက်ကင်းစေခဲ့ကြောင်းကို အခြားသူများ၏ ပြောကြားချက်အရ သူ မကြားသိခဲ့ရသည်။ ထိုတန်ခိုးတော်အကြောင်းကို ကြားရသည့်အတွက် သူမ၏ စိတ် နှလုံးအတွင်းဝယ် မျှော်လင့်ချက်များ ပေါက်ဖွားလာခဲ့ပါသည်။ သူမသည် မိခင့် မေတ္တာ၏ လှုံ့ဆော်ချက်အရ သမီးငယ်၏ ရောဂါအခြေအနေကို ခရစ်တော်ထံ တင် ပြရန် ဆုံးဖြတ်ချက်ချခဲ့ပါသည်။ နာမကျန်းဖြစ်နေသော သမီးအား ကိုယ်တော့်ထံသို့ ဆောင်ယူသွားရန်မှာ သူမ၏ခိုင်မာသော ရည်ရွယ်ချက်ဖြစ် ပါသည်။ ကိုယ်တော် သည် သူမ၏သမီးအား ကုသပေးမည်ဟုလည်း ယုံကြည်ထားပါသည်။ သမီးငယ်၏ ကျန်းမာရေးအတွက် တစ်ပါးအမျိုးသားဘုရား များထံမှ အကူအညီ အမအစရရန် ကြိုးစားခဲ့ပြီး ဖြစ်သော်လည်း သက်သာမှု မရခဲ့ပါချေ။ ဂျူးလူမျိုးဖြစ်သော ဤဆရာ သည် ငါ့အတွက် ဘာလုပ်ပေးနိုင် မှာလဲဟူ၍ စဉ်းစားမိရန် သူမသည် ရံဖန်ရံခါစုံစမ်း ခြင်းခံခဲ့ရပါသည်။ သို့ရာတွင် ကြားခဲ့ရသောသတင်းများအရ ကိုယ်တော်သည် ဆင်းရဲချမ်းသာမရွေး မိမိထံသို့ရောက်လာသည့် ရောဂါသည်ပေါင်းစုံတို့အား ကုသ ပျောက်ကင်းစေကြောင်း သူမကြားသိခဲ့ရသဖြင့် တစ်ခုတည်းသော ထိုမျှော်လင့် ချက်ကို အဆုံးရှုံးမခံရန် သူမဆုံးဖြတ်ချက်ချလိုက်သည်။

         သူမသည် မိမိအားတွေ့ဆုံရန် တောင့်တလျက်ရှိကြောင်း သူမ၏ အခြေ အနေမှန်ကို သိရှိတော်မူသဖြင့် ကိုယ်တော်သည် ၎င်းနှင့်တွေ့နိုင်မည့် လမ်းပေါ်တွင် လျှောက်လှမ်းတော်မူခဲ့ပါသည်။ သူမ၏ ဝမ်းနည်းကြေကွဲမှုကို ပြေပျောက်စေရန် မစ ကူညီခြင်းအားဖြင့် ၎င်းတို့အားသွန်သင်ရန် မိမိကြံရွယ်တော်မူခဲ့သည့် ထိရောက် သော သင်ခန်းစာများကို သင်ကြားပေးနိုင် မည်ဖြစ်ပါသည်။ ထိုရည်ရွယ်ချက်ဖြင့် တမန်တော်များကို ဤဒေသသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ပါသည်။ ဣသရေလ တိုင်းပြည်နှင့်ကပ်လျက် ရှိသောမြို့ရွာများတွင်ရှိနေသော အသိပညာကင်းမဲ့မှုများကို ၎င်းတို့မြင်တွေ့ စေလိုတော်မူပါသည်။ သမ္မာတရားကို နားလည်ခွင့်ရခဲ့သူများသည် မိမိတို့၏ ပတ်ဝန်းကျင်တွင်ရှိနေကြသူများ၏ လိုအပ်ချက်များကို မသိရှိခဲ့ကြချေ။ အမှောင်ကမ္ဘာမှ ဝိညာဉ်များအားကယ်ဆယ်ရန် မည်သည့်ကြိုးစားမှုကိုမျှ သူတို့မ လုပ်ခဲ့ကြချေ။ ယုဒလူများ၏ မာနထောင်လွှားမှုဖြင့် တည်ဆောက်ထားသည့် ကန့် လန့်ကာတံတိုင်းကြီးသည် တမန်တော်များအားလည်း တစ်ပါးအမျိုးသားကမ္ဘာနှင့် တံတိုင်းကာခြားစေခဲ့ပါသည်။ သို့သော် ထိုတံတိုင်းများကို ဖြိုချပစ်ရမည်ဖြစ်ပါသည်။

         ခရစ်တော်သည် ထိုအမျိုးသမီး၏ တောင်းဆိုမှုကို ချက်ချင်းမတုံ့ပြန်ခဲ့ချေ။ အထင်သေးခြင်း ခံရသည့်လူမျိုးထဲမှ ၎င်းအား အခြားယုဒလူမျိုးများက ဆက်ဆံသ ကဲ့သို့ပင် ကိုယ်တော်လက်ခံ၍ ဆက်ဆံခဲ့ပါသည်။ ဤအမျိုးသမီးအား ထိုကဲ့သို့ ကိုယ်တော်ရှင် ဆက်ဆံခြင်းအားဖြင့် ဤကိစ္စမျိုးတွင် ယုဒလူမျိုးများ၏ စိတ်မပါ့ တပါနှင့် လုပ်ဆောင်ခဲ့ခြင်းများ တို့ကိုလည်းကောင်း၊ သူမ၏ တောင်းခံချက်ကို ဆက် တိုက်ဖြည့်ဆည်းခြင်းအားဖြင့် ထိုကဲ့သို့သော ဒုက္ခဆင်းရဲခြင်းများကို မစကူညီမည် ဖြစ်သော ကိုယ်တော်၏ ကရုဏာလုပ်ရပ်များကို လည်းကောင်း တမန်တော်များ၏ စိတ်တွင် စွဲမှတ်သွားစေရန် ကိုယ်တော်ကြံရွယ် တော်မူခဲ့ပါသည်။

         ခရစ်တော်သည် ချက်ချင်းတုံ့ပြန်မှု မပြုခဲ့သော်လည်း ထိုအမျိုးသမီးသည် ယုံကြည်မှု လျော့ပါးမသွားခဲ့ချေ။ မကြားသလိုလုပ်၍ မိမိအား ကျော်ဖြတ်သွားခဲ့ သော်လည်း သူမသည် ကိုယ်တော်နောက်မှလိုက်၍ ဆက်လက်တောင်းခံခဲ့ပါသည်။ တမန်တော်များသည် သူမ၏မရမက တောင်းခံမှုကြောင့် စိတ်ဆိုးလာကြပြီး သူမ အားနှင်ထုတ်ပစ်ရန် ခရစ်တော် ထံခွင့်ပန်ခဲ့ကြသည်။ ၎င်းတို့၏ သခင်သည် သူမ အား စိတ်မဝင်စားသလို ဆက်ဆံခဲ့သဖြင့် ခါနာန်လူမျိုးများ အပေါ်ထားခဲ့သည့် ယုဒ များ၏ တစ်ဖက်သတ် အထင်လွဲမှားမှုများကို ကိုယ်တော်နှစ်သက် တော်မူသည်ဟု သူတို့ယူဆခဲ့ကြပါသည်။ ထိုခါနာန်အမျိုးသမီးသည် သနားညှာတာတတ်သော ကယ် တင်ရှင်ထံတွင် အသနားခံခဲ့သော်လည်း တမန်တော်များ၏ တောင်းခံချက်ကို ပြန် လည်ဖြေဆိုသည့်အနေဖြင့် ဣသရေလ အမျိုးအဝင်ပျောက်လွင့် သောသိုးများမှ တစ်ပါး အခြားသောအမျိုးရှိရာသို့ ငါ့ကိုမစေလွှတ် ဟု သူမအားတုံ့ပြန်ခဲ့ပါသည်။ ဤအဖြေသည် ယုဒလူများ၏ တစ်ဖက်သတ် အထင်လွဲမှားမှုများနှင့် ကိုက်ညီနေ ကြောင်း ထင်ရှားခဲ့သော်လည်း မိမိအား လက်ခံယုံကြည်သူ အပေါင်းတို့ကို ကယ် တင်ရန် ဤလောကသို့ ကြွလာကြောင်း နောက်ပိုင်းတွင် ၎င်းတို့နားလည် သဘော ပေါက်ခဲ့ကြသည့် မကြာခဏ ကိုယ်တော်ပြောခဲ့သော အရာများကို သတိပေးသည့် အနေဖြင့် တမန်တော်များအား ပြောဆိုသည့်သဘောလည်းဖြစ်ပါသည်။

         ထိုအမျိုးသမီးသည် ခြေတော်ရင်းတွင်ဦးစိုက်၍ မိမိ၏ပြဿနာအား ကူညီ စေရန် လှိုက်လှဲစွာတောင်းခံလျက် ကျွန်မကို ကယ်မတော်မူပါသခင် ဟုဟစ် အော်လေ၏။ ယေရှုသည် ယုဒလူများ၏ တစ်ဖက်သတ် အထင်လွဲမှုများအတိုင်း ၎င်း၏ တောင်းဆိုချက်ကို ငြင်းဆန်သည့်သဘောဖြင့် သား၏အစာကိုယူ၍ ခွေး အားမပေးမချအပ် ဟုဆို၏။ အဓိပ္ပါယ်မှာ ဘုရားသခင်၏ လူများအပေါ်သို့ ကျ ရောက်သော ကောင်းချီးမင်္ဂလာများကို ဣသရေလမဟုတ် သူများအတွက် အသုံး ပြုခြင်းသည် မမှန်ကန်ဟုဆိုလိုပါသည်။ ဤအဖြေသည် တော်ရုံတန်ရုံစိတ်အား ထက်သန်မှုရှိသော တောင်းခံသူ တစ်ယောက်အား လုံးလုံးကြီး စိတ်ဓာတ်ကျသွား စေပါသည်။ သို့သော် ဤအမျိုးသမီးအနေဖြင့်မူ မိမိအတွက် အခွင့်အရေးပေါ် ကြောင်း မြင်တွေ့ခဲ့ပါသည်။ ခရစ်တော်၏ ပြင်းပြင်းထန်ထန် ငြင်းဆန်မှုအောက်တွင် ကိုယ်တော်၏ မဖုံးကွယ်နိုင်သည့် သနားခြင်းကရုဏာတော်ကို သူမမြင်တွေ့ခဲ့ပြီး မှန်ပါ၏သခင်၊ ခွေးမည်သည်ကား မိမိသခင်၏ စားပွဲမှကျသော စားနုပ်စားပေါက် ကို စားမြဲထုံးစံရှိပါ၏ ဟုလျှောက်လေ၏။ အိမ်တော်သားများသည် အဘ၏ စားပွဲ တွင် စားသောက်ကြစဉ် ခွေးများကိုမကျွေးဘဲ ပစ်မထားကြချေ။ စားပွဲပေါ်မှကျလာ ခဲ့သော များစွာသော စားပေါက်စားနုပ်များကို ထိုခွေးများကောက်၍ စားခွင့်ရှိ ကြပါ သည်။ ထိုနည်းတူ ဣသရေလများအား များစွာကောင်းချီးများကို ချပေးစဉ်တွင် သူမ အတွက် ကောင်းချီးမင်္ဂလာ တစ်ခုတလေမျှ မရှိခဲ့လေပြီလော။ ခွေးတစ်ကောင်ကဲ့သို့ သဘောထားခဲ့သဖြင့် သူမသည် စားနုပ်စားကြွင်းများကို ခွေးတစ်ကောင်ကဲ့သို့ တောင်းခံခွင့် မရှိပေဖူးလား။

         ဖါရိရှဲများသည် မိမိ၏အသက်ကို ရန်ရှာရန် ကြိုးစားနေကြသောကြောင့် မိမိ လုပ်ငန်းခွင်မှ ယခုတွင် ခရစ်တော်ထွက်ခွာခဲ့ရပါသည်။ သူတို့သည် မြည်တွန် တောက်တီး၍ ပြစ်တင်ဝေဖန် ခဲ့ကြပါသည်။ မယုံကြည်မှုများနှင့် ခါးသီးမှုများကို ထင်ရှားစေခဲ့ကြပြီး အလကားပေးသော ကယ်တင်ခြင်း ဆုကျေးဇူးကို ငြင်းပယ်ခဲ့ကြ ပါသည်။ ဤနေရာတွင် နှုတ်ကပတ်တော် အလင်းတရားကို သိခွင့်မရခဲ့ကြသည့် နှိမ်ခံလူမျိုးတစ်မျိုးမှ ကံဆိုးသူတစ်ဦးနှင့် တွေ့ဆုံခဲ့ပါသည်။ သူမသည် အလင်း တရားကို မရရှိခဲ့သော်လည်း ခရစ်တော်၏ မွန်မြတ်သော တန်ခိုးတော်အောက်တွင် ချက်ချင်းခိုဝင်လိုက်ကာ မိမိတောင်းခံခဲ့သည့် အရာကိုပေးမည့် ကိုယ်တော်ရှင်၏ အစွမ်းသတ္တိကို လုံးလုံးလျားလျား ယုံကြည်ကိုးစားခဲ့ပါသည်။ သူမသည် သခင်၏ စားပွဲမှကျသည့် စားနုပ်စားဖွဲများကိုသာ တောင်းခံခဲ့ပါသည်။ ခွေးတစ်ကောင်၏ အခွင့်အရေးကို ရနိုင်မည်ဆိုလျှင်လည်း မိမိအား ခွေးတစ်ကောင်ကဲ့သို့ သတ်မှတ် ချက်ကို အလိုရှိခဲ့ပါသည်။ သူမ၌ အမျိုးသားရေးနှင့် ဘာသာရေး အစွဲကြီးမှုများ၊ မာနထောင်လွှားခြင်းများ ကင်းရှင်းခဲ့ပါသည်။ ၎င်းပြင် ခရစ်တော်အား ကယ်တင် ရှင်တစ်ပါးကဲ့သို့လည်းကောင်း၊ မိမိ၏တောင်းဆိုချက်ကို ဖြည့်ဆည်းပေးနိုင်သူ ကဲ့သို့ လည်းကောင်း ချက်ချင်းအသိအမှတ် ပြုခဲ့ပါသည်။

         ကိုယ်တော်သည် မိမိအပေါ်ထားရှိသည့် သူမ၏ယုံကြည်ခြင်းကို စမ်းသပ်ပြီး ဖြစ်၍ ကျေနပ်အားရ တော်မူခဲ့ပါသည်။ ထိုကဲ့သို့ သူမနှင့်ဆက်ဆံ ပြုမူခဲ့ခြင်းအားဖြင့် ဣသရေလများမှ အပယ်ခံဟု သတ်မှတ်ခြင်းခံခဲ့ရသော သူမသည် တစ်ကျွန်းတစ် နိုင်ငံသား မဟုတ်တော့ဘဲ ဘုရားသခင်၏ အိမ်ထောင်စုအဝင် သမီးတစ်ယောက် ဖြစ်ကြောင်းကို ကိုယ်တော်ပြသခဲ့ပါသည်။ သားသမီးတစ်ဦးအနေဖြင့် အဖ၏ ဆု ကျေးဇူးများကို မျှဝေခံစားခွင့် ရှိပါသည်။ ယခုတွင် ခရစ်တော်သည် သူမ၏ တောင်း ခံချက်ကို ပေးသနားတော်မူကာ တမန်တော်များအတွက် ပို့ချသည့်ထိုသင်ခန်းစာကို အဆုံးသတ်လိုက်ပါသည်။ သနားခြင်းမေတ္တာနှင့် ပြည့်၀သော အကြည့်ဖြင့် သူမ ဘက်သို့ လှည့်လိုက်ကာ အိုမိန်းမ၊ သင်သည် ယုံကြည်အားကြီးလှပြီ၊ သင်အလို ရှိသည့်အတိုင်း သင့်၌ဖြစ်စေ}}ဟုမိန့်တော်မူ၏။ ထိုအချိန်မှစ၍ သူမ၏ သမီးငယ် သည် ကျန်းမာပကတိ ဖြစ်လေ၏။ နတ်ဆိုးသည် သူမအား နောက်ထပ်မနှောင့် ယှက်တော့ချေ။ သူမသည် ကိုယ်တော်အား ကယ်တင်ရှင်အဖြစ် အသိအမှတ်ပြု လျက် ဆုတောင်းပြည့်ခြင်းအတွက် ဝမ်းမြောက်ဝမ်းသာစွာဖြင့် ထွက်ခွာသွားလေ၏။

         ဤနိမိတ်လက္ခဏာသည် ဤခရီးစဉ်တွင် ခရစ်တော်ပြုတော်မူခဲ့သော တစ်ခု တည်းသော နိမိတ်လက္ခဏာဖြစ်ပါသည်။ ဤနိမိတ်လက္ခဏာကိုပြရန် တုရုမြို့နှင့် ဇိဒုန်မြို့နယ်ခြားသို့ ကိုယ်တော်ကြွလာခဲ့ခြင်း ဖြစ်ပါသည်။ ကိုယ်တော်သည် ကိုယ် စိတ်နှလုံးဒုက္ခရောက်နေသူ ထိုအမျိုးသမီးအား သက်သာခွင့်ပြုရန် အလိုတော်ရှိ သည့်တစ်ချိန်တည်းမှာပင် မကြာမီခွဲခွာရတော့မည့် တမန်တော်များ၏ အကျိုးအလို့ ငှါ အနှိမ်ခံလူတစ်ဦးအား ကရုဏာလုပ်ငန်း၏ ပုံသက်သေတစ်ခုကို ထားရစ်ခဲ့ရန် လိုတော်ရှိခဲ့ပါသည်။ တမန်တော်များသည် ယုဒလူမျိုးများ အတွက်သာမဟုတ်ဘဲ အခြားလူများ အတွက်ပါ စိတ်ဝင်စားမှုရှိရန် ကိုယ်တော်ရှင်ဆန္ဒရှိခဲ့ပါသည်။

         ခေတ်အဆက်ဆက် ကွယ်ဝှက်ထားခဲ့သော တစ်ပါးအမျိုးသားတို့သည် ဧဝံဂေလိတရားအားဖြင့် ယုဒအမျိုးသားတို့နှင့်အတူ အမွေခံ၍ တစ်လုံးတစ်၀တစ် ကိုယ်တည်းဖြစ်လျက် ခရစ်တော်နှင့်ဆိုင်သော ကတိတော်ကို ဆက်ဆံရကြသ တည်း}}ဟူသော သမ္မာတရား၏ နက်နဲသောအရာကို ဖော်ထုတ်ရန် ယေရှုရှင် တောင့်တတော်မူခဲ့ပါသည်။ (ဧဖက် ၃း၆) ဤသမ္မာတရားကို တမန်တော်များ နားမ လည်ခဲ့ကြချေ။ ထို့ကြောင့် ခရစ်တော်သည် ၎င်းတို့ကို ထပ်ခါတလဲလဲ သွန်သင်ခဲ့ရ ပါသည်။ ကပေရနောင်မြို့မှ တပ်မှူး၏ ယုံကြည်ခြင်းကို တုံ့ပြန်ခဲ့ခြင်း တွင်လည်း ကောင်း၊ ရှုခါမြို့၌ နေထိုင်သူများအား ဧဝံဂေလိတရား ဟောကြားရာတွင်လည်း ကောင်း၊ တစ်ပါးအမျိုးသားများ အပေါ်ထားရှိသည့် ယုဒလူများ၏ နာကြည်းသော စိတ်ဓာတ်မျိုး မိမိတွင်မရှိကြောင်း ကိုယ်တော်ရှင် သက်သေထင်ရှား စေခဲ့ပါသည်။ သို့ရာတွင် ရှမာရိလူများသည် ဘုရားသခင့်အကြောင်းကို အနည်းငယ် သိရှိထားကြ ပြီး ထိုရောမတပ်မှူးသည်လည်း ဣသရေလများအား ကြင်နာမှုပြုခဲ့ပြီးဖြစ်ပါ သည်။ ယခုတွင်မူ ကိုယ်တော်ထံမှ ဆုကျေးဇူးတစ်စုံတစ်ရာ ခံစားခွင့်မရှိဟု ၎င်းတို့သတ် မှတ်ထားကြသည့် တစ်ပါးအမျိုးသမီးတစ်ဦးနှင့်တွေ့ဆုံခွင့်ရရန် တမန်တော်များအား ခရစ်တော် ခေါ်ဆောင်လာခဲ့ပါသည်။ ထိုကဲ့သို့သော လူတစ်ယောက်အား မည်သို့ ဆက်ဆံပြုမူ သင့်သည်ဟူသော ပုံသက်သေကို ကိုယ်တော်ပြသမည် ဖြစ်ပါသည်။ ကိုယ်တော်သည် မိမိ၏ ကရုဏာဆုကျေးဇူးများကို အလွန်ရက်ရောစွာ (ဈေးပေါပေါ ဖြင့်) ပေးဝေခဲ့သည်ဟု တမန်တော်များက ထင်မြင်ခဲ့ကြပါသည်။ မိမိ၏မေတ္တာ တော်သည် လူမျိုးတစ်မျိုး (သို့မဟုတ်) တိုင်းပြည်တစ်ပြည်အတွက် ကန့်သတ်ထား ခြင်း မဟုတ်ကြောင်းကို ကိုယ်တော်ပြတော်မူမည် ဖြစ်သည်။

         ဣသရေလအမျိုးအဝင် ပျောက်လွင့်သော သိုးများမှတစ်ပါး အခြားသော အမျိုးရှိရာသို့ ငါ့ကိုမစေမလွှတ် ဟုမိန့်တော်မူရာ၌ ကိုယ်တော်သည် သမ္မာတရား ကို ဖွင့်ဟခဲ့ခြင်းဖြစ်ပြီး ထိုခါနာန်အမျိုးသမီးအတွက် မစလုပ်ဆောင်ခြင်း အားဖြင့် မိမိ၏အမှုတော်ကို ဖြည့်ဆည်းနေခြင်း ဖြစ်ပါသည်။ ထိုအမျိုးသမီးသည် ဣသရေလ များ ကယ်ဆယ်သင့်သည့် ပျောက်ဆုံးနေသော သိုးများတို့မှ တစ်ကောင်ဖြစ်ပါသည်။ ဤအမှုကို သူတို့ဆောင်ရွက်ရန် သတ်မှတ်ထားသည့် အမှုဖြစ်သော်လည်း လျစ်လျူ ရှုထားသောကြောင့် ခရစ်တော်သည် ယခုကဲ့သို့ လုပ်ဆောင်နေရပါသည်။

         ဤလုပ်ဆောင်ချက်အားဖြင့် မိမိတို့ရှေ့တွင်ရှိသော တစ်ပါးအမျိုးသားများ အတွက် လုပ်ဆောင်ရမည့် မိမိတို့၏တာဝန်များကို တမန်တော်များအား ပြည့်စုံစွာ သိရှိစေခဲ့ပါသည်။ သူတို့သည် ယုဒပြည်အပတွင် ရှိနေကြသော ကျယ်ပြန့်သော လယ်ကွင်းပြင်ကို မြင်တွေ့ခဲ့ကြပါသည်။ စောင့်ရှောက်မှုကို အကြီးအကျယ်ရခဲ့သည့် လူများမသိရှိဖူးသည့် ဝမ်းနည်းခြင်းများကို ခံစားနေကြရသော အသက်ဝိညာဉ်များ ကို သူတို့မြင်တွေ့ခဲ့ကြပါသည်။ စက်ဆုပ်ရွံရှာဖွယ် ကောင်းသူများဟု မိမိတို့သိခဲ့သူ များထဲတွင် ခရစ်တော်ထံမှ အမအစကိုတောင့်တလျက် ယုဒလူများအား အလျှံပယ် ပေးထားသည့် သမ္မာတရားအလင်းမျိုးကို ဆာငတ်ခင်မွတ်လျက် ရှိသောဝိညာဉ်များ ရှိနေခဲ့ပါသည်။

         နောက်ပိုင်းတွင် ခရစ်တော်အား ကယ်တင်ရှင်ဖြစ်ကြောင်း တမန်တော်များ ကကြေညာခဲ့သောကြောင့် ယုဒများသည် ၎င်းတို့ထံမှ အဖန်တလဲလဲ ဦးလှည့်ကြ သော အချိန်တွင်လည်းကောင်း၊ ခရစ်တော်၏ အသေခံခြင်းအားဖြင့် ယုဒများနှင့် တစ်ပါးအမျိုးသားများအကြား ကာရံထားသည့် တံတိုင်းကြီးအား ဖြိုချပစ်လိုက်သော အခါတွင်လည်းကောင်း ဤသင်ခန်းစာနှင့် ဧဝံဂေလိအမှုတော်အား ဓလေ့ထုံးစံများ (သို့မဟုတ်) လူမျိုးများအားဖြင့် ကန့်သတ်ထားခြင်းမရှိကြောင်း ပြညွှန်နေသည့် သင်ခန်းစာများသည် လုပ်ဆောင်မှုများကို ညွှန်ကြားမှုတွင် ခရစ်တော်၏ ကိုယ်စား လှယ်များအပေါ် ထိရောက်သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာခဲ့ပါသည်။

         ခရစ်တော်သည် ဖိနိတ်ပြည်သို့ သွားရောက်လည်ပတ်ကာ နိမိတ်လက္ခဏာ များပြခဲ့ခြင်းတွင် အခြားရည်ရွယ်ချက် တစ်ခုလည်း ရှိပါသေးသည်။ ရောဂါရှင် ထို အမျိုးသမီးနှင့်တကွ တမန်တော်များ အမှုတော်တွင် ပါဝင်ခဲ့သူများအတွက်သာ ထို နိမိတ်လက္ခဏာသည် အကျိုးသက်ရောက်ခဲ့သည် မဟုတ်ဘဲ ယေရှုသည် ခရစ် တော်တည်းဟူသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ကို သင်တို့သည် ယုံမည်အကြောင်း၊ ထိုသို့ယုံ၍ နာမတော် အားဖြင့်အသက်ကို ရမည်အကြောင်း ဟူ၍ဆိုခဲ့သည့်အတိုင်း အခြားသူများ အတွက်လည်း အကျိုးသက်ရောက်မှုရှိ ခဲ့ပါသည်။ (ယောဟန် ၂ဝး၃၁) လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင့်ရှစ်ရာခန့် အချိန် တွင် လူများတို့ကို ခရစ်တော်ထံမသွားရန် ဟန့်တားခဲ့သော ကိုယ်စားလှယ်များတို့ သည် ယနေ့တွင်လည်း လုပ်ဆောင်ကြလျက် ရှိပါသည်။ ယုဒများနှင့် တစ်ပါးအမျိုး သားများအကြား တံတိုင်းဆောက်လိုသော စိတ်ဓာတ်များသည်လည်း ယနေ့တိုင် ရှိနေကြဆဲ ဖြစ်ပါသည်။ မာနထောင်လွှားခြင်းနှင့် တစ်ဖက်သတ်အထင် လွဲမှားမှုများ သည် မတူညီသော လူ့အလွှာများကြားတွင် ခြားနားစေသည့် ခိုင်မာသော တံတိုင်း ကို တည်ဆောက်နေခြင်း ဖြစ်ပါသည်။ ခရစ်တော်နှင့် ကိုယ်တော်၏ အမှုတော်ကို မှားယွင်းစွာ ရုပ်လုံးဖော်ခဲ့ကြပြီး လူအများစုအနေဖြင့် မိမိတို့သည် ဧဝံဂေလိအမှု တော်တွင် ပါဝင်ခွင့်ရရှိရန် တားဆီးပိတ်ပင်ခြင်း ခံကြရသည်ဟု အထင်ရှိခဲ့ကြပါ သည်။ ထိုသို့ အထင်မရှိကြပါစေနှင့်။ လူတည်ဆောက်သော အဟန့်အတားများ ဖြစ်စေ၊ ဏာတန်တည်ဆောက်သော အဟန့်အတားများဖြစ်စေ ယုံကြည်ခြင်း မထိုး ဖောက်မဝင်ရောက်နိုင်သော အဟန့်အတားဟူ၍ မရှိပါချေ။

         ထိုဖိနိတ်မြို့သူသည် ယုံကြည်ခြင်းအားဖြင့် ယုဒလူများနှင့် တစ်ပါးအမျိုး သားတို့အကြားတွင် ထားရှိသော အဟန့်အတားများကို မိမိဘာသာ ရင်ဆိုင်ချိုးဖဲ့ပစ် သည်။ သူမသည် မိမိအား သံသယဖြစ်စေသော ခရစ်တော်၏ ပုံပန်းသဏ္ဌာန်များကို ဂရုမထားဘဲ စိတ်ဓာတ်ကျဆင်းမှုကို ရင်ဆိုင်ကာ ကိုယ်တော်ရှင်၏ မေတ္တာတော်ကို ကိုးစားခဲ့ပါသည်။ ကျွန်ုပ်တို့သည်လည်း ထိုကဲ့သို့ပင် ကိုယ်တော်၌ ယုံကြည်ကိုးစား ကြရန် ကိုယ်တော် လိုလားတော်မူပါသည်။ ကယ်တင်ခြင်း ဆုကျေးဇူးသည် လူတိုင်း အတွက် ဖြစ်ပါသည်။ ဧဝံဂေလိတရားတော်အားဖြင့် ခရစ်တော်၌ ထားရှိသော ကတိ တော်ကို မျှဝေခံစားသူ တစ်ယောက်ဖြစ်လာရန် မိမိတို့၏ ရွေးချယ်မှုမှတစ်ပါး မည် သည့် အရာကမျှ ထိုသူအား မတားဆီးနိုင်ပါချေ။

         ထာ၀ရဘုရားသည် ဇာတ်အနိမ့်အမြင့် ခွဲခြားခြင်းကို ရွံရှာတော်မူ၏။ ဇာတ်ခွဲ ခြားမှုများအားလုံးကို ကိုယ်တော် လျစ်လျူရှုတော်မူ၏။ မျက်မှောက်တော်တွင် လူ တိုင်းသည် တူညီသော တန်ဖိုးရှိလူများသာ ဖြစ်ကြသည်။ ဘုရားသခင်သည် မြေ တစ်ပြင်လုံး၌ နေရသော လူအမျိုးမျိုးတို့ကို တစ်သွေးတည်းနှင့် ဖန်ဆင်းတော်မူ၍ သူတို့အား ခွဲဝေစီမံသော အချိန်ကာလကိုလည်းကောင်း၊ သူတို့၏ နေရာအပိုင်းအ ခြားကိုလည်းကောင်း မှတ်သားထားတော်မူ၏။ အကြောင်းမူကား လူတို့သည် ဘုရားသခင်ကို ရှာစမ်းသဖြင့် တွေ့ကောင်းတွေ့ကြလိမ့်မည် အကြောင်းတည်း။ သို့ ဆိုသော်လည်း ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှ ဝေးတော်မူသည် ဟုတ်၊ ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ။ ငွေ ရတတ်သောသူနှင့် ဆင်းရဲသောသူတို့သည် တွေ့ကြုံကြ၏။ ထိုသူအပေါင်း တို့ကို ထာ၀ရဘုရားဖန်ဆင်းတော်မူ၏။ ကိုယ်တော်ကို ပတ္ထနာပြုသော သူအပေါင်းတို့ ကျေးဇူးကြွယ်၀တော်မူ၏။ အကြောင်းမူကား ထာ၀ရဘုရားကို ပတ္ထနာပြုသော သူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတ္တံ့။ တမန် ၁၇း၂၆-၂၇။ ဂလာ ၃း၂၈။ သုတ္တံ ၂၂း၂။ ရောမ ၁ဝး၁၁-၁၃။

 


No comments:

Post a Comment