Wednesday, April 22, 2026

အခန်းကြီး - ၄၄။ စစ်မှန်သောနိမိတ်လက္ခဏာ

 

စစ်မှန်သောနိမိတ်လက္ခဏာ

 

ရှင်မဿဲ ၁၅း၂၉-၃၉။ ၁၆း၁-၁၂။ မာကု ၇း၃၁-၃၇။ ၈း၁-၂၁ တို့ကိုအခြေပြုသည်

 

         ကိုယ်တော်သည် တုရုမြို့နှင့်ဇိဒုန်မြို့၏ ကျေးလက်မှထွက်၍ ဒေကာပေါ လိပြည်နယ်ကို လျှောက်သွားသဖြင့် ဂါလိလဲအိုင်သို့ ရောက်တော်မူ၏။ မာကု ၇း၃၁။

         ဂါဒရမှနတ်ဆိုးစွဲသော သူနှစ်ဦးအား ကုသပေးခဲ့သော နေရာသည် ဒေကာပေါလိပြည်၌ပင် ဖြစ်ပါသည်။ ထိုဒေသရှိလူများသည် ၎င်းတို့၏ ဝက်များ၊ ပျက်စီးသေဆုံး ကုန်ကြသည်ကို မြင်တွေ့ရသဖြင့် ကြောက်ရွံ့တုန်လှုပ်ကာ ခရစ် တော်အား မိမိတို့ထံမှ ထွက်ခွာသွားရန် တောင်းဆိုခဲ့ကြပါသည်။ သို့ရာတွင် ခရစ် တော် ထားရစ်ခဲ့သော ထိုစေတမန်နှစ်ဦးမှတစ်ဆင့် သတင်းစကားများကို ကြားနာ ခဲ့ရပြီး ကိုယ်တော်ရှင်အား ဖူးတွေ့ရန်ဆန္ဒများ ပေါ်ပေါက်လာခဲ့ကြပါသည်။ ကိုယ် တော်ရှင်သည် ဤဒေသသို့ တစ်ဖန် ရောက်ရှိလာခဲ့သောအခါ လူအုပ်ကြီးသည် စုရုံး လာကြကာ ဆွံ့အ၍ နားမကြားသော လူတစ်ယောက်ကို ကိုယ်တော်ထံသို့ ခေါ် ဆောင်လာခဲ့ကြပါသည်။ ခရစ်တော်သည် မိမိပြုနေကျအတိုင်း နှုတ်ထွက်စကား တစ်လုံးအားဖြင့်သာ ရောဂါကို မပျောက်ကင်းစေခဲ့ပါ။ ထိုလူအား လူအုပ်ကြားထဲမှ ခေါ်ထုတ်သွားကာ လက်တော်ဖြင့် နားထဲသို့နှိုက်တော်မူ၏။ လျှာကိုလည်း တို့ထိ တော်မူ၏။ ထိုနောက်ကောင်းကင်သို့ မျှော်ကြည့်၍ သမ္မာတရားကို မကြားနိုင်စေရန် ပိတ်ထားသောနားနှင့် ကယ်တင်ရှင်ကို အသိအမှတ်ပြုရန် ငြင်းဆန်နေသော လျှာတို့ ကို ညည်းတွားသံပြုလျက် ဧဖသဟုမိန့်တော်မူ၏။ အနက်ကား ပွင့်စေဟုဆိုလိုသ တည်း။ ထိုခဏချင်းတွင် စကားပီသစွာ ပြောနိုင်လာကာ မည်သူ့ကိုမျှ မပြောရန် တားမြစ်ထားသည်ကိုပင် ဂရုမထားတော့ဘဲ ၎င်း၏ ရောဂါကုသပျောက်ကင်းခဲ့ပုံကို နေရာအနှံ့သတင်း ကြားပြောလေ၏။

         ထိုနောက် ခရစ်တော်သည် တောင်ပေါ်သို့ တက်ကြွသွားရာ လူအုပ်ကြီး သည် ခြေဆွံ့သူများနှင့် နာမကျန်းသူများကို ထိုနေရာသို့ ယူဆောင်လာကာ ခြေ တော်ရင်းတွင် ချထားကြ၏။ ကိုယ်တော်သည် လူနာအားလုံးကို ကုသပေးတော်မူ လိုက်ရာ တစ်ပါးအမျိုးသားများဖြစ်သော ထိုသူများသည် ဣသရေလဘုရားအား ချီး မွမ်းထောမနာ ပြုကြပါသည်။ ထိုသူများတို့သည် ညအချိန်တွင် လေဟာပြင်၌ အိပ် လျက် နေ့အချိန်တွင် နှုတ်တော်ထွက်စကားများတို့ကို ကြားနာရန်နှင့် ပြုတော်မူ သည့် အံ့ဖွယ်နိမိတ်လက္ခဏာ များတို့ကိုကြည့်ရန် ရှေ့တော်သို့တိုးဝင်ချဉ်းကပ်လျက် သုံးရက်တိုင်တိုင် ကိုယ်တော့်အပါးတွင်စုရုံးလျက်ရှိနေကြပါသည်။ သုံးရက်ကုန်ဆုံး သောအချိန်တွင် ယူလာခဲ့သည့် ရိက္ခာများသည် ကုန်ခန်းသွားခဲ့ပါသည်။ သခင်ခရစ် တော်သည် ၎င်းတို့အား အစာမကျွေးဘဲ ပြန်မလွှတ်ချင် သည့်အတွက် အစာကျွေး ရန် တမန်တော်များတို့ကို မိန့်မှာလိုက်ရာ တမန်တော်များတို့သည် မိမိတို့၏ မယုံ ကြည်မှုများကို တစ်ဖန်ထုတ်ဖော် လာကြပြန်ပါသည်။ ဗက်ဇဲဒတွင် ၎င်းတို့၏ အစာ အနည်းငယ်ကို ခရစ်တော် ကောင်းချီးမင်္ဂလာ ပေးခြင်းအားဖြင့် လူပေါင်းများစွာ တို့ အား ကျွေးမွေးရန် လုံလောက်ခဲ့ကြောင်းကို သူတို့မြင်တွေ့ခဲ့ရပါသည်။ သို့ရာတွင် ဆာလောင်နေသော လူအုပ်ကြီးအား ကျွေးမွေးရန်အတွက် ပွားများစေနိုင်သော တန်ခိုးတော်ကို ကိုးစားလျက် မိမိတို့၌ရှိသမျှ အစားအစာများကို ယခုယူမလာခဲ့ကြ ချေ။ ထို့ပြင် ဗက်ဇဲဒတွင် ကိုယ်တော်ကျွေးမွေးခဲ့သူများသည် ယုဒလူများဖြစ်ပြီး ယခု လူအုပ်ကြီးမှာမူ တစ်ပါးအမျိုးသားများနှင့် ရုပ်တုကိုးကွယ်သူများ ဖြစ်ကြပါသည်။ ယုဒလူမျိုးရေးစိတ်ဓာတ်သည် တမန်တော်များစိတ်ထဲတွင် ယခုတိုင်ရှိဆဲဖြစ်ပြီး ဤတောအရပ်၌ ဤသူတို့ကို အဘယ်သို့ ၀စွာကျွေးနိုင်ပါမည်နည်း ဟု ခရစ် တော်ကို သူတို့တုံ့ပြန်ခဲ့ကြ၏။ သို့ရာတွင် အမိန့်တော်အတိုင်း ၎င်းတို့တွင်ရှိသော မုန့် ခုနစ်လုံးနှင့်ငါးနှစ်ကောင်ကို ကိုယ်တော့်ထံသို့ ယူဆောင်ခဲ့ကြပါသည်။ လူအုပ်ကြီး တစ်ခုလုံးကို ကျွေးမွေးပြီးသည့်နောက် အကျန်အကြွင်းခုနစ် တောင်းစာကျန်နေပါ သေးသည်။ အမျိုးသမီးနှင့် ကလေးများအလွတ် အမျိုးသားချည်းလေးထောင် ရှိ သော လူအုပ်ကြီးသည် ပြန်လည်၍ ခွန်အားပြည့်လာကြသဖြင့် သခင်ယေရှုသည် ဝမ်းမြောက်ပျော်ရွှင်နေသော ၎င်းတို့အား အိမ်သို့ပြန်ကြရန် စေလွှတ်တော်မူခဲ့ပါ သည်။

         ထို့နောက်ကိုယ်တော်သည် တမန်တော်များနှင့်အတူ လှေကိုစီး၍ ဂါလိလဲ အိုင်ကိုကူးဖြတ်ကာ ဂနေသရက်လွင်ပြင်၏ တောင်ဘက်အစွန်းတွင် တည်ရှိနေ သော မာဂဒါလအရပ်သို့ ထွက်ကြွသွားတော်မူခဲ့ပါသည်။ တုရုမြို့ နှင့်ဇိဒုန်မြို့နယ် ကြားတွင် တွေ့ကြုံခဲ့ရသော ယုံကြည်ကိုးစားမှုရှိသည့် ရှုရိဖိနိတ်အမျိုးသမီးတစ်ဦး ကြောင့် ကိုယ်တော်၏ စိတ်နှလုံးသည် ရွှင်လန်းနေခဲ့ပါသည်။ ဒေကာပေါလိရှိ တစ် ပါးအမျိုးသားများသည် ကိုယ်တော်အား ဝမ်းမြောက်ရွှင်လန်းစွာဖြင့် ကြိုဆိုခဲ့ပါသည်။ မိမိ၏တန်ခိုးတော်ကို အစွမ်းကုန်ထင်ရှားစေခဲ့သော ကရုဏာပြသည့်လုပ်ငန်းများကို အများဆုံး လုပ်ဆောင်ခဲ့ပြီး တရားဒေသနာများကို သွန်သင်တော်မူခဲ့သော ဂါလိလဲ ပြည်သို့ ကိုယ်တော်ရှင် နောက်တစ်ဖန် ရောက်ရှိလာသောအခါ မထီမဲ့မြင်ပြုသော ယုံကြည်မှုများနှင့် ဆုံတွေ့ခဲ့ရပါသည်။ ဖါရိရှဲများ၏ ကိုယ်စားလှယ် အဖွဲ့အား ချမ်း သာကြွယ်၀သော ဇဒ္ဒုကဲအဖွဲ့မှ ကိုယ်စားလှယ်များ၊ ယဇ်ပုရောဟိတ်အဖွဲ့၊ ဘုရား တရားမရှိသူများနှင့် မှူးကြီးမတ်ကြီးများက ဆက်သွယ်ခဲ့ကြပါသည်။ ထိုအဖွဲ့နှစ်ဖွဲ့ သည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ခါးခါးသီးသီး မုန်းတီးကြသူများ ဖြစ်ကြပါသည်။ ဇဒ္ဒုကဲ များသည် မိမိတို့၏ရာထူးနှင့် လုပ်ပိုင်ခွင့်များကို ဆက်လက်  ထိန်းသိမ်းနိုင်စေရန် လိုငှါ အုပ်ချုပ်သူ လူတန်းစားများ၏ ထောက်ခံမှုကိုရရန် ရောမများအားမြှောက်ပင့်၍ ပေါင်းသင်းဆက်ဆံကြသည်။ ဖါရိရှဲများကမူ အုပ်ချုပ်သူရောမများတို့၏ လက် အောက်မှ လွက်မြောက်မည့်နေ့ရက်ကို တောင့်တလျက် ရောမများကို မုန်းတီးမှု ပြင်းထန်လာရန် လှုံ့ဆော်ကြသည်။ သို့ရာတွင် ဖါရိရှဲနှင့်ဇဒ္ဒုကဲတို့သည် ယခုတွင် ပူးပေါင်း၍ ခရစ်တော်အား ဆန့်ကျင်ခဲ့ကြပါသည်။ အကြိုက်ချင်းတူသူများ ပေါင်း စည်းခဲ့ကြပြီး မကောင်းမှုဒုစရိုက်များသည် သုစရိုက်ကို တိုက်ခိုက်ချေမှုန်းရန် သွေး စည်းခဲ့ကြပါသည်။

         ထိုနောက် ဖါရိရှဲများနှင့် ဇဒ္ဒုကဲများသည် ကိုယ်တော်ထံချဉ်းကပ်၍ မိုး ကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကို ပြတော်မူမည်အကြောင်း တောင်းပန် ကြ၏။ ယောရှု၏ နေ့ရက်များတွင် ဣသရေလများသည် ဗေသောရုံမြို့ရှိ ခါနာန်လူ များနှင့် စစ်ခင်းခဲ့ပါသည်။ နေသည် ယောရှု၏ အမိန့်အတိုင်း တိုက်ပွဲအောင်မြင် သည်အထိ ရပ်တန့်ခဲ့ပါသည်။ ထိုအဖြစ်အပျက်နှင့် ဆင်တူယိုးမှား အံ့ဩဖွယ်ရာ များသည် ရာဇဝင်၌ ဖြစ်ပျက်ခဲ့ဖူးပါသည်။ ထိုကဲ့သို့ အံ့ဖွယ်ရာများပြရန် ခရစ်တော် အား တောင်းဆိုနေကြပါသည်။ အပြင်ပန်း အထောက်အထားများသည် သူတို့အ တွက် အကျိုးမရှိသည့်အတွက် ဤနိမိတ်လက္ခဏာများကိုပြရန် ခရစ်တော်မလိုလား ချေ။ သူတို့လိုအပ်နေသောအရာမှာ တွေးခေါ်ဆင်ခြင်တတ်သော တတ်သိနားလည် မှု မဟုတ်ဘဲ ဝိညာဉ်ရေးသစ်လွင် လန်းဆန်းခြင်း ဖြစ်နေပါသည်။

         လျှို့ဝှက်သောသူတို့၊ သင်တို့သည် မိုးကောင်းကင်၏ မျက်နှာကို ပိုင်းခြား သိနိုင်ကြ၏။ ကပ်ကာလ၏ နိမိတ်လက္ခဏာတို့ကို ပိုင်းခြား၍ မသိနိုင်ကြ ဟူ၍ အပြစ်ကို ထင်ရှားစေနိုင်သည့် သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင့် မြွက် ဆိုသည့် ခရစ်တော်၏ နှုတ်ထွက်စကားများသည် ၎င်း၏ကယ်တင်ခြင်းအတွက် ပေးတော်မူသည့် ဘုရာသခင်၏နိမိတ်လက္ခဏာ

ပင်ဖြစ်ပါသည်။ သိုးကျောင်းသားများထံတွင် ဝမ်းမြောက်ဖွယ်သီချင်းများကို သီဆိုခဲ့ သည့် ကောင်းကင်တမန်များ၏ အသံများ၊ မာဂုပညာရှိများအား လမ်းပြခဲ့သည့် ကြယ်ကြီး၊ ကိုယ်တော်၏ နှစ်ခြင်းမင်္ဂလာခံယူပွဲတွင် ကောင်းကင်မှ သက်ဆင်းခဲ့ သော ချိုးငှက်နှင့် ကြားခဲ့ရသော အသံတော်စသည့် ကိုယ်တော်၏ အမှုတော် မှန် ကန်ကြောင်း သက်သေခံသည့် ကောင်းကင်မှ နိမိတ်လက္ခဏာများကို ပြသခဲ့ပြီးဖြစ် ပါသည်။

         ကိုယ်တော်သည် စိတ်နှလုံးညည်းတွားသံ ပြုတော်မူလျက် ဤလူမျိုးသည် နိမိတ်လက္ခဏာကို အဘယ်ကြောင့် တောင်းသနည်း။ ငါအမှန်ဆို သည်ကား၊ Þ လူမျိုးအား ပုရောဖက်ယောန၏ နိမိတ်လက္ခဏာမှတစ်ပါး အဘယ်လက္ခဏာကိုမျှ သူတို့အားမပြရာဟု မိန့်တော်မူ၏။ ယောနသည် ငါးကြီး၏ဗိုက်ထဲတွင် သုံးရက်နှင့် သုံးညနေခဲ့ရသကဲ့သို့ ခရစ်တော်သည် သုံးရက်လုံးလုံး မြေကြီးထဲမြှုပ်နှံခြင်း ခံရမည် ဖြစ်သည်။ ယောန၏တရား ဟောကြားခြင်းသည် နိနေဝေမြို့အတွက် အမှတ်လက္ခ ဏာတစ်ခုဖြစ်သကဲ့သို့ ခရစ်တော်၏ ဒေသနာတော် ဟောခြင်းအမှုသည် ကိုယ် တော်၏ လူမျိုးဆက်အတွက် အမှတ်လက္ခဏာ တစ်ခုဖြစ်ပါသည်။ သို့ရာတွင် လောကီသားများ၏ လက်ခံယုံကြည်မှုမှာ ကွာခြားလှပါသည်။ ရုပ်တုကိုးကွယ်သည့် နိနေဝေမြို့သားများသည် ဘုရားသခင်၏ သတိပေးစကားကို ကြားရသောအခါ တုန် လှုပ်ချောက်ချားခဲ့ကြပြီး ဘုရင်နှင့်တကွ မှူးမတ်များသည် မိမိကိုယ်ကိုနှိမ့်ချကာ လူတန်းစား အသီးသီးတို့နှင့်ပူးပေါင်း၍ ကရုဏာတော်ကို တောင်းခံခဲ့ကြပါ   တစ် ဖက်၌ထ၍ အရှုံးခံစေလတ္တံ့။ အကြောင်းမူကား ထိုမြို့သားတို့သည် ယောနဟော ပြောသော စကားကြောင့် နောင်တရကြ၏။ ဤအရပ်၌ကား ယောနထက်သာ၍ ကြီး သောသူရှိ၏။ မဿဲ ၁၂း၄၁။

         ခရစ်တော်ပြုတော်မူခဲ့သော နိမိတ်လက္ခဏာတိုင်းသည် ကိုယ်တော်၏ ဘု ရားဇာတိတော်ကို ထင်ရှားစေသည့် နိမိတ်လက္ခဏာများ ဖြစ်ပါသည်။ ကြိုတင်အနာ ဂတ်ပြုထားသည့် မေရှိယလုပ်ဆောင်မည့် လုပ်ငန်းများကို ကိုယ်တော်လုပ်ဆောင် လျက်ရှိသော်လည်း ထိုအရာများသည် ဖါရိရှဲများအတွက် ရွံရှာဖွယ်များ ဖြစ်နေပါ သည်။ ယုဒခေါင်းဆောင်များသည် ဒုက္ခဝေဒနာခံစားနေရသည့် လူသားများကို အကြင်နာကင်းမဲ့စွာဖြင့် ဆက်ဆံခဲ့ကြသည်။ ၎င်းတို့၏ တစ်ကိုယ်ကောင်းစိတ်နှင့် ဖိနှိပ်ချုပ်ချယ်မှုများသည် ဒုက္ခဝေဒနာကို ဖြစ်စေခဲ့ပါသည်။ သို့ရာတွင် ခရစ်တော် သည် ထိုဝေဒနာများကို သက်သာစေခဲ့ပါသည်။ ထိုနည်းအားဖြင့် ပြုတော်မူ သောနိမိတ် လက္ခဏာများသည် ၎င်းတို့အား ပြစ်တင်ဆုံးမနေသလို ဖြစ်နေပါသည်။

         ယုဒလူမျိုးအား ခရစ်တော်၏အမှုတော်ကို ငြင်းပယ်စေခဲ့သည့် အရာမှာ ကိုယ်တော်၏ ဘုရားဇာတိတော်ကို ထင်ရှားစေသည့် အထောက်အထားပင် ဖြစ်ပါ သည်။ ကိုယ်တော်ပြတော်မူခဲ့သော နိမိတ်လက္ခဏာများ၏ မဟာအရေးပါမှုများကို လူသားများ၏ ကောင်းချီးမင်္ဂလာများအတွက် ပြုတော်မူသည့် နိမိတ်လက္ခဏာများ တွင် တွေ့မြင်ရပါသည်။ ကိုယ်တော်သည် ဘုရားသခင်ထံမှ ကြွလာတော်မူကြောင်း ထင်ရှားသည့် အထောက်အထားမှာ ဘုရားသခင်၏ ဇာတိတော်ကို ဖော်ပြနေသော ကိုယ်တော်ရှင်၏ အသက်တာပင်ဖြစ်ပါသည်။ ကိုယ်တော်သည် ဘုရားသခင်၏ စကားကိုပြော၍ ဘုရားသခင်၏ အလုပ်ကိုသာ လုပ်တော်မူခဲ့သည်။ ထိုကဲ့သို့သော အသက်တာသည် နိမိတ်လက္ခဏာအပေါင်းတွင် အကြီးမြတ်ဆုံး နိမိတ်လက္ခဏာ ဖြစ်ပါသည်။

         ကျွန်ုပ်တို့ခေတ်တွင် သမ္မာတရားများကို တင်ဆက်သောအခါ ထိုယုဒများ ကဲ့သို့ လူများစွာတို့သည် နိမိတ်လက္ခဏာကိုပြပါဟု အော်ဟစ်တောင်းခံ နေကြပါ သည်။ ခရစ်တော်သည် ဖါရိရှဲများတောင်းဆိုသည့် နိမိတ်လက္ခဏာကို ပြတော်မမူခဲ့ ချေ။ တောထဲတွင် စာတန်တောင်းဆိုခဲ့သော နိမိတ်လက္ခဏာများကိုလည်း ပြတော် မမူခဲ့ချေ။ မိမိတို့ကိုယ်ကို တော်တည့်ဖြောင့်မတ်ကြောင်း ဖော်ပြရန်တန်ခိုးကိုလည်း ကောင်း၊ မယုံကြည်သူများနှင့် မာနထောင်လွှားသူများ၏ တောင်းဆိုမှုများ ကိုဖြည့် ဆည်းရန် တန်ခိုးကိုလည်းကောင်း၊ ကျွန်ုပ်တို့အား ကိုယ်တော်ပေးထားတော်မမူချေ။ သို့သော်လည်း ထိုဧဝံဂေလိတရားတော်သည် ဘုရားသခင်ထံမှလာကြောင်း ထင်ရှား စေသည့် နိမိတ်လက္ခဏာ ပါရှိနေပါသည်။ စာတန်၏ အနှောင်အဖွဲ့မှ ကျွန်ုပ်တို့ ချိုး ဖောက်လွတ်မြောက် စေနိုင်သည့်အရာသည် နိမိတ်လက္ခဏာ မဟုတ်ပါလား။ စာ တန်ကို ရန်ငြိုးဖွဲ့သော စိတ်ထားသည် လူသားများ၏ သဘာ၀စိတ်ထား မဟုတ်ချေ။ ဘုရားသခင်၏ ကရုဏာတော်အားဖြင့် စိတ်နှလုံးတွင် အမြစ်စွဲစေသော အရာသာ ဖြစ်ပါသည်။ တဇောက်ကန်းနိုင်၍ ဇွတ်တရွတ်နိုင်လှသည့် ဆန္ဒများမှကင်းလွတ်၍ စိတ်နှလုံးအကြွင်းမဲ့ဖြင့် မိမိကိုယ်ကို ကောင်းကင်သားများ၏ ဆွဲဆောင်မှုနောက်သို့ လိုက်ပါနေသော လူတစ်ဦးသည် ဘုရားသခင်၏ နိမိတ်လက္ခဏာ ပြုတော်မူခြင်း ခံရသောသူ  ဖြစ်ပါသည်။ ထိုနည်းတူစွာ ပြင်းထန်စွာ အယူအဆမှားယွင်း နေသူများ သည် သမ္မာတရားကို နားလည်သဘောပေါက် လာခြင်းသည်လည်း နိမိတ်လက္ခဏာ ပင်ဖြစ်ပါသည်။ လူတစ်ယောက်သည် အမှန်တရားသို့ ပြောင်းလဲလာသော အခါ တိုင်း ဘုရားသခင်ကိုချစ်လာပြီး ပညတ်တော်ကို စောင့်ရှောက်လာသော အခါတိုင်း ယေဇကျေလ ၃၆း၂၆ တွင်ဖော်ပြထားသည့် စိတ်နှလုံးသစ်ကိုငါပေးမည် ဟူ သော ကတိတော်ပြည့်စုံခြင်း ဖြစ်ပါသည်။ စိတ်သဘောထားအသစ် ပြောင်းလဲ၍ လူသားတို့၏ အကျင့်စာရိတ္တများလုံးလုံး ပြောင်းလဲသွားခြင်းသည် အသက်ဝိညာဉ် များကို ကယ်တင်ရန် လုပ်ဆောင်လျက်ရှိသော အသက်ရှင်တော်မူသော ခရစ်တော် ကို ဖော်ပြနေသည့် နိမိတ်လက္ခဏာတစ်ခု ဖြစ်ပါသည်။ ခရစ်တော်၌ တည်မြဲသော အသက်တာသည် မဟာနိမိတ်လက္ခဏာတစ်ပါး ဖြစ်ပါသည်။ ကြားနာရသော တရား စကားများသည် အသစ်ဖြစ်ဖွားစေသော တန်ခိုးဖြစ်စေရန် နှုတ်ကပတ်တော် ဟော ကြားရာတွင် အခါခပ်သိမ်း ထင်ရှားစေသင့်သည့် နိမိတ်လက္ခဏာမှာ သန့်ရှင်းသော ဝိညာဉ်တော် အတူပါရှိခြင်းပင် ဖြစ်ပါသည်။ ဤအရာသည် သားတော်ဘုရား၏ အမှုတော်အား ဘုရားစေခိုင်းသည့် အမှုတော်ဖြစ်ကြောင်း လောကီသားများ ရှေ့ မှောက်တွင် ထင်ရှားစေသည့် ဘုရားသခင်၏ သက်သေခံချက်ဖြစ်ပါသည်။

         ခရစ်တော်ထံတွင် နိမိတ်လက္ခဏာ တောင်းခံနေကြသည့် ထိုသူများသည် ကိုယ်တော်၏ စာရိတ္တတော်တွင်ပါရှိသည့် ဘုရားသခင်၏ သဏ္ဌာန်တော်ကိုပင် ခွဲခြား မသိမြင်နိုင်လောက်အောင် ၎င်းတို့၏ စိတ်နှလုံးများသည် မယုံကြည်မှုတွင် ခိုင်မာ လျက်ရှိပါသည်။ ကိုယ်တော်၏ အမှုတော်သည် ကျမ်းစာဖော်ပြချက်များကို ပြည့်စုံ စေခြင်း ဖြစ်သည်ကိုလည်း သူတို့မမြင်တွေ့ ကြတော့ချေ။ လာဇရုနှင့် သူဌေးပုံပမာ ကိုပြောစဉ် ဖါရိရှဲများအား ခရစ်တော် မိန့်တော်မူခဲ့သည်မှာ သူတို့သည် မောရှေ၏ စကား၊ ပုရောဖက်တို့၏ စကားကို နားမထောင်လျှင် တစ်ယောက်သောသူသည် သေခြင်းမှ ထမြောက်သော်လည်း မယုံကြည်နိုင်ကြဟု အာဗြဟံဆိုသည် ဟူ၍ဖြစ် ၏။ လုကာ ၁၆း၃၁။ ကောင်းကင်နှင့် မြေကြီးပေါ်တွင် ပြနိုင်သည့် မည်သည့် နိမိတ်လက္ခဏာမဆို ထိုသူများအတွက် အကျိုးရှိလိမ့်မည် မဟုတ်ချေ။       

         ခရစ်တော်သည် စိတ်နှလုံး ညည်းတွားသံကိုပြုလျက် အကြောင်းမဲ့အပြစ် ရှာတတ်သော ထိုလူစုမှကျောခိုင်းကာ တပည့်တော်များနှင့်အတူ လှေထဲသို့ ဆင်း တော်မူပါသည်။ သူတို့သည် ဝမ်းနည်းငြိမ်သက်စွာဖြင့် ဂါလိလဲအိုင်ကို တစ်ဖန်ကူးခဲ့ ကြပြန်ရာ ယခင်နေရာဟောင်းသို့ မပြန်ကြတော့ဘဲ လူငါးထောင်အား ကျွေးမွေးခဲ့ သော ဗက်ဇဲဒမြို့ဘက်ဆီသို့ ဦးတည်၍ လှော်ခတ်ခဲ့ကြပါသည်။ တစ်ဖက်ကမ်းသို့ ရောက်ကြသောအခါ ယေရှုက ဖါရိရှဲနှင့်ဇဒ္ဒုကဲတို့၏ တဆေးကို သတိနှင့်ကြဉ် ရှောင်ကြဟု မိန့်တော်မူ၏။ ယုဒလူမျိုးများသည် မောရှေအချိန်မှစ၍ ပသခါပွဲ အချိန်များတွင် တဆေးများကို မိမိတို့အိမ်မှဝေးရာတွင် ထားလေ့ရှိခဲ့ကြပါသည်။ ထိုကဲ့သို့ မလုပ်ဆောင်ပါက အပြစ်ကျူးလွန်ခြင်းဖြစ်သည်ဟု သူတို့အား သွန်သင်ခဲ့ ကြပါသည်။ သို့စေကာမူ တမန်တော်များသည် ခရစ်တော်၏ ယခုမိန့်တော်မူချက်ကို နားမလည်ခဲ့ကြချေ။ မာဂဒါလမှ ဗြုန်းကနဲထွက်ခွါခဲ့ရသဖြင့် မုန့်တစ်လုံးမှတစ်ပါး ခြားမုန့်များယူရန် မေ့လျော့ခဲ့ကြပါသည်။ ဤအနေအထားတွင် ခရစ်တော်သည် ဖါရိရှဲနှင့်ဇဒ္ဒုကဲများထံမှ မုန့်မဝယ်ရန် ရည်ညွှန်း၍ ထိုကဲ့သို့မိန့်မှာနေသည်ဟု သူတို့ နားလည်ခဲ့ကြပါသည်။ ၎င်းတို့၏ ယုံကြည်ခြင်းလျော့ပါးခြင်းနှင့် ဝိညာဉ်ရေးအမြင် နည်းပါးမှုများကြောင့် သူတို့သည် ကိုယ်တော်၏ မိန့်တော်မူချက်တို့ကို အလားတူ မှားယွင်းစွာ ယူဆမှုများမကြာခဏ ရှိခဲ့ပါသည်။ ယခု၌မူ ငါးနှင့်မုန့်အနည်းငယ်အား ဖြင့် လူထောင်ပေါင်းများစွာကို ကျွေးမွေးခဲ့သော ကိုယ်တော်သည် ဤကဲ့သို့ အရေး ကြီးသော သတိပေးစကားအားဖြင့် စားစရာအစာသက်သက်ကိုသာ ရည်ညွှန်းခြင်း မဟုတ်ကြောင်းကို သူတို့အား ကိုယ်တော်ဆုံးမတော်မူ၏။ ဖါရိရှဲများနှင့် ဇဒ္ဒုကဲ များ၏ ပရိယာယ်များသည့် ဆင်ခြေပေးခြင်းများသည် ခရစ်တော်၏ လုပ်ဆောင် ချက်များကို ပေါ့တန်စေလျက် တမန်တော်များ၏ မယုံကြည်မှုများကို တိုးပွားစေ မည့် အန္တရာယ်ရှိနေပါသည်။

         မိမိတို့၏ သခင်သည် ဖါရိရှဲများ တောင်းဆိုသည့်အတိုင်း ကောင်းကင်မှ နိမိတ်လက္ခဏာတစ်ခုကို ပြုတော်မူသင့်သည်ဟု တမန်တော်များက သဘောရှိကြ ပါသည်။ ကိုယ်တော်သည် နိမိတ်လက္ခဏာတစ်ခုကို လုပ်နိုင်စွမ်း ရှိကြောင်းကို လည်းကောင်း၊ ထိုကဲ့သို့ နိမိတ်လက္ခဏာပြခြင်းဖြင့် ကိုယ်တော်၏ ရန်သူများကို ပါး စပ်ပိတ်သွားစေမည် ဖြစ်ကြောင်းကိုလည်းကောင်း သူတို့ယုံကြည်ကြပါသည်။ အပြစ် ရှာလိုသူများ၏ လျှို့ဝှက်မှုများကို သူတို့မသိမမြင် ခဲ့ကြချေ။

         လအနည်းငယ်ကြာသော် အတိုင်းမသိများစွာသော လူတို့သည် စုဝေး၍ အချင်းချင်းနင်းမိမတတ် နေကြသည်ရှိသော် လျှို့ဝှက်ခြင်းတည်း ဟူသော ဖါရိရှဲ တို့၏ တဆေးကို ရှေးဦးစွာကြဉ်ရှောင်ကြလော့ဟု ထိုသွန်သင်ချက်ကိုပင် တပည့် တော်တို့အား မိန့်တော်မူခဲ့ပါသည်။ (လုကာ ၁၂း၁)

         မုန့်ထဲတွင် ထည့်ထားသောတဆေးသည် မုန့်တစ်ခုလုံး၏ မူလသဘာ၀ကို ပြောင်းလဲစေလျက် မသိမသာ အလုပ်လုပ်နေတတ်ပါသည်။ ထိုနည်းအတူ ဖါရိရှဲ တို့၏ လျှို့ဝှက်ခြင်းများကို စိတ်နှလုံးထဲတွင် တည်နေခွင့်ပြုလျှင် စာရိတ္တနှင့်တကွ အသက်တာတစ်ခုလုံးကို ပျံ့နှံ့စိမ့်ဝင်သွားမည် ဖြစ်ပါသည်။ ဖါရိရှဲများ၏ လျှို့ဝှက် ခြင်းအတွက် ထိရောက်သောနမူနာ တစ်ခုအဖြစ်ဖြင့်””ကောဘန် ကျင့်သုံးခြင်း ကို ငြင်းပယ်ခြင်းအားဖြင့် ခရစ်တော်သည် သွန်သင်ဆုံးမခဲ့ဖူးပါသည်။ ကော်ဘန်ကို ကျင့်သုံးခြင်းသည် သားသမီးတာဝန်အား လျစ်လျူရှုခြင်းကို ဗိမာန်တော်အတွက် ရက်ရောစွာ ဟန်ဆောင် လှူဒါန်းခြင်းအောက်တွင် ဖုံးကွယ်ထားခြင်း ဖြစ်ပါသည်။ ထိုဖါရိရှဲများသည် လှည့်ဖြားသော စည်းမျဉ်းများကို တဖြည်းဖြည်းအယုံသွင်းလျက် ရှိကြပါသည်။ သူတို့သည် မိမိတို့၏ သဘောထားအမှန်ကို ဖုံးကွယ်ထားကြပြီး အခွင့် သင့်တိုင်းကြားနာရသူများ၏ စိတ်နှလုံးထဲသို့ မိမိတို့၏ ယုံကြည်ချက်များကို ပညာ သားပါပါပျံ့နှံ့သွားရန် ကြိုးစားခဲ့ကြပါသည်။ တစ်ချိန်က လက်ခံခဲ့ဖူးသော ထိုမှား ယွင်းသော စည်းမျဉ်းများသည် မုန့်ထဲမှာ တဆေးကဲ့သို့ ကျွန်ုပ်တို့၏ စိတ်နှလုံးထဲ တွင် ပျံ့နှံ့သွားပြီး စာရိတ္တအသစ်ကို ဖွဲ့စည်းပါသည်။ နှလုံးသားများထဲတွင်ရှိနေသော လှည့်ဖြားသော ထိုသွန်သင်ချက်များသည် ခရစ်တော်၏ နှုတ်စကားများကို လက်မခံ နိုင်လောက်အောင် ထိုလူများအား ခက်ခဲစေပါသည်။

         ယနေ့တွင်လည်း မိမိတို့၏ ကျင့်သုံးနေထိုင်မှုများနှင့် ကိုက်ညီစေရန် ထို နည်းနှင်နှင်ဘုရားသခင်၏ ပညတ်တော်ကို ရှင်းလင်းတင်ပြရန် ကြိုးစားသူများအား ဖြင့် လုပ်ဆောင်လျက်ရှိကြ၏။ ထိုလူများသည် ပညတ်တော်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုတိုက်ခိုက်ခြင်း မရှိကြသော်လည်း ပညတ်တော်ကို ပျက်ပြုန်းစေသည့် စဉ်း စားဆင်ခြင်တွေးဆသော သီအိုရီများကို တင်ပြလာကြပါသည်။ ပညတ်တော်၏ ကျိုးသက်ရောက်မှုကို ပျက်ပြားသွားစေရန် သူတို့သည် ထိုသီအိုရီများကို ရှင်းလင်း တင်ပြနေကြပါသည်။

         ဖါရိရှဲများ၏ လျှို့ဝှက်မှုများသည် တစ်ကိုယ်ကောင်းကြံခြင်း စိတ်ဓာတ်မှ ဖြစ် ပွားလာသော အရာဖြစ်ပါသည်။ ကိုယ့်ကိုကိုယ် ချီးမွမ်းခြင်းသည် ၎င်းတို့အသက် တာ၏ ရည်မှန်းချက်ဖြစ်ပါသည်။ ထိုစိတ်ဓာတ်သည် ၎င်းတို့အား သမ္မာကျမ်းစာကို မှားယွင်းစွာ အသုံးပြုစေခဲ့ပြီး ခရစ်တော် အမှုတော်လုပ်ငန်း၏ ရည်ရွယ်ချက်ကို မမြင်တွေ့စေခဲ့ချေ။ ခရစ်တော်၏ တမန်တော်များသည်ပင် ဤကောက်ကျစ်သော ဒုစရိုက်ကိုမြတ်နိုးမည့် အန္တရာယ်ရှိနေကြပါသည်။ မိမိကိုယ်ကို တပည့်တော် အမည် ခံသော်လည်း ကိုယ်တော်ရှင်၏ တပည့်တော်ဖြစ်ရန် ရှိသမျှမစွန့်လွှတ်သော သူများ သည် ဖါရိရှဲများ၏ ဆင်ခြင်တုံတရား၏ ဩဇာလွှမ်းမိုးမှုကို များစွာခံနေခဲ့ကြရပေပြီ။ သူတို့သည် ယုံကြည်ခြင်းနှင့် မယုံကြည်မှုများအကြားတွင် မကြာခဏ တွေဝေတတ် ကြပါသည်။ ၎င်းပြင် ခရစ်တော်၌ ဝှက်ထားသည့် ဥာဏ်ဘဏ္ဍာများကို မသိမြင်ခဲ့ကြ ချေ။ အပြင်ပန်းအားဖြင့် ခရစ်တော်အတွက်ရှိသမျှကို စွန့်ကာ နောက်တော်သို့ လိုက် ခဲ့ကြသည့် တမန်တော်များ၌ပင် မိမိကိုယ်ကို ကြီးမြတ်တိုးပွားလိုစိတ်များ မကုန်ခန်း ကြသေးချေ။ မည်သူက အကြီးဆုံး ဖြစ်သနည်းဟူ၍ အငြင်းပွားလာစေရန် ဤစိတ် ဓာတ်ကပင် လှုံ့ဆော်ခဲ့ပါသည်။ ဤစိတ်ဓာတ်ကပင် ကိုယ်ကျိုးစွန့်သော ကိုယ်တော် အမှုတော်အပေါ်တွင် လိုလားထောက်ခံမှုကို နည်းပါးစေခဲ့ပါသည်။ ကယ်တင် ခြင်း စီမံကိန်း၏ နက်နဲမှုများကို အသိနောက်ကျ စေခဲ့ပါသည်။ တဆေးအား မုန့်ထဲ တွင်ထည့်ပါက မုန့်အားလုံး ပျက်စီးဆွေးမြည့်သွားစေမည် ဖြစ်သကဲ့သို့ တစ်ကိုယ် ကောင်းကြံသော စိတ်ဓာတ်သည်လည်း မြတ်နိုးတွယ်တာနေပါက အသက်ဝိညာဉ် အား ညစ်ညမ်းပျက်စီး စေမည်ဖြစ်ပါသည်။

         ရှေးတုန်းကကဲ့သို့ ယခုခေတ်ခရစ်ယာန်များထဲတွင် ကောက်ကျစ်လှည့်ဖြား တတ်သော ဤတရားသည် မည်မျှပျံ့နှံ့နေပြီနည်း။ ကိုယ့်ကိုကိုယ် မြှင့်တင်ရန် လျှို့ ဝှက်စွာတည်ရှိနေသည့် ဤအလိုဆန္ဒကလေးသည် ခရစ်တော်အတွက် အမှုတော် ဆောင်ခြင်းကိုလည်းကောင်း၊ တစ်ဦးနှင့်တစ်ဦး မိတ်သဟာယ ဖွဲ့ခြင်းကိုလည်း ကောင်း အကြိမ်မည်မျှ ပျက်ယွင်းစေခဲ့ပြီနည်း။ ကိုယ့်ကိုကိုယ် ဂုဏ်ပြုချင်သည့် စိတ် ထားနှင့် လူများကမိမိအား သဘောကျစေချင်သည့် စိတ်ဓာတ်များသည် မည်မျှပျံ့ နှံ့နေပြီနည်း။ ဤစိတ်ဓာတ်မျိုးသည် ကိုယ့်ကိုကိုယ်ချစ်သည့် စိတ်ဓာတ်မျိုးဖြစ်သည်။ ဤစိတ်ဓာတ်မျိုးသည် ဘုရားသခင်သတ်မှတ်ထားသည့် ပညတ်များကို လူများတီ ထွင်ထားသည့် သီအိုရီနှင့် ရိုးရာဓလေ့များ၏ နေရာတွင်အစားထိုးမည့် လမ်းစဉ် ထက်ပို၍ လွယ်ကူသောနည်းလမ်းကို လိုက်လျှောက်ချင်သည့် အလိုဆန္ဒပင်ဖြစ် ပါသည်။ သို့အတွက် ဖါရိရှဲနှင့်ဇဒ္ဒုကဲတို့၏ တဆေးကို သတိနှင့်ကြဉ်ရှောင်ကြ ဟု တမန်တော်များအား ခရစ်တော်သတိပေးခဲ့ပါသည်။

         ခရစ်တော်၏ ဘာသာတရားသည် ရိုးသားဖြူစင်ပါသည်။ ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေလိုသည့် စိတ်ဓာတ်သည် သန့်ရှင်းသောဝိညာဉ်တော် အားဖြင့် ဖြစ်ပွားစေသော စိတ်ဓာတ်ဖြစ်သည်။ ဝိညာဉ်တော်၏ အကျိုးအာနိသင်ရှိသော လုပ် ဆောင်ချက်ကသာ ထိုစိတ်ဓာတ်မျိုးကို ဖြစ်ပွားစေပါသည်။ ဘုရား၏ တန်ခိုးတော် ကသာ တစ်ကိုယ်ကောင်းကြံလိုစိတ်နှင့် လျှို့ဝှက်မှုများကို ဖယ်ရှားပစ်နိုင်ပါသည်။ ထိုပြောင်းလဲမှုသည် ကျွန်ုပ်တို့ အသက်တာတွင် ကိုယ်တော်ရှင် လုပ်ဆောင်နေ ကြောင်းထင်ရှားစေသည့် နိမိတ်လက္ခဏာ ဖြစ်ပါသည်။ ကျွန်ုပ်တို့ လက်ခံထားသည့် ယုံကြည်ခြင်းက တစ်ကိုယ်ကောင်းစိတ်များနှင့် ဟန်ဆောင်မှုများကို ဖျက်ဆီးပစ် လိုက်သော အခါတွင်လည်းကောင်း၊ ထိုယုံကြည်ခြင်းသည် မိမိကိုယ်ကို မချီးမြှောက် ဘဲ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေသော အခါတွင်လည်းကောင်း၊ ကျွန်ုပ် တို့၏ ထိုယုံကြည်ခြင်းသည် စစ်မှန်သော ယုံကြည်ခြင်းဖြစ်ပြီဟု သိရှိနိုင်ပါသည်။ ကိုယ်တော်၏ နာမတော်ကို ချီးမြှောက်တော်မူပါဟူသော စကားသည် ခရစ် တော်အသက်တာ၏ ရည်ရွယ်ချက်အရင်းခံ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော် နောက်တော်သို့ လိုက်ကြလျှင် ထိုစကားသည် ကျွန်ုပ်တို့၏ ရည်ရွယ်ချက် အရင်းခံ ဖြစ်သင့်ပါသည်။ ထိုသခင်၌ငါတည်၏ဟု ဆိုသောသူသည် ထိုသခင်ကျင့်တော်မူ သည်နည်းတူကျင့်ရမည်။ ထိုသခင်ကို ကိုယ်တိုင်သိကျွမ်းသည်ကို အဘယ်သို့ သိရသနည်းဟူမူကား ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။ ၁ယော ၂း၆၊၃။

 


No comments:

Post a Comment