ပရိယာယ်ထောင်ချောက်များအကြားဝယ်
ရှင်ယောဟန် ၇း၁၆-၃၆၊ ၄၀-၅၃။ ၈း၁-၁၁ ကိုအခြေပြုထားပါသည်။
ယေရှုသည် သကေနေပွဲနေ့များအတွင်း၊ ယေရုရှလင်မြို့၌ နေထိုင်တော်မူ စဉ် သူလျှိုများသည် အရိပ်ကဲ့သို့နောက်မှလိုက်လျက်ရှိကြပါသည်။ ကိုယ်တော်ရှင် အားသုတ်သင်ပစ်ရန် တစ်နေ့ပြီးတစ်နေ့ မကောင်းသောအကြံ အစည်သစ်များကို သူတို့ကြံစည်ခဲ့ကြပါသည်။ ယဇ်ပုရောဟိတ်များနှင့်ယုဒ လူအကြီးအကဲများတို့သည် ကိုယ်တော်ကိုပရိယာယ်ပြု၍ ဖမ်းဆီးရန်စောင့် ကြည့်နေကြပါသည်။ အကြမ်းဖက်၍ ကိုယ်တော်ရှင်အားနှိပ်စက်ပစ်ရန်လည်း သူတို့စီမံနေကြပါသည်။ ၎င်းပြင် ဂါလိလဲ သားယေရှုအား လူပုံအလယ်တွင် အသရေရှုတ်ချရန် သူတို့လိုလားနေကြပါသည်။
ထိုပွဲသို့ ကိုယ်တော်ရှင် ရောက်ရှိလာသောနေ့တွင် ဖာရိရှဲများသည် ကိုယ်တော်အနီးသို့ ချဉ်းကပ်လာကြကာ မည်သည့်အခွင့်အာဏာဖြင့် သွန်သင် နေကြောင်း မေးမြန်းခဲ့ကြပါသည်။ သူတို့သည် လူထုကြီး၏ အာရုံစူးစိုက်မှုကို ကိုယ်တော်ထံမှ မည်သည့်အခွင့်အာဏာဖြင့်သွန်သင်ကြောင်း မေးသည့်မေးခွန်း အပေါ်သို့လည်းကောင်း၊ ၎င်းတို့၏အရေးပါမှုနှင့်အခွင့်အာဏာများအပေါ်သို့ လည်းကောင်း ပြောင်းလဲပစ်လိုကြပါသည်။
ထိုအခါယေရှုက “ငါဟောသောဒေသနာသည် ငါ၏ဒေသနာမဟုတ်၊ ငါ့ကို စေလွှတ်တော်မူသောသူ၏ ဒေသနာဖြစ်၏။ ထိုသူ၏ အလိုတော်သို့ လိုက်ချင်သော သူမည်သည်ကား ဤဒေသနာသည် ဘုရားသခင်၏ဒေသနာတော်ဖြစ် သလော၊ ငါသည်အလိုအလျောက် ဟောပြောသလောဟု ပိုင်းခြား၍သိလိမ့်မည်” ဟု မိန့်တော် မူ၏။ ယောဟန် ၇း၁၆-၁၇။ သခင်ယေရှုသည် မိမိနှင့်တွေ့ဆုံ လျက်ရှိသော အပြစ် ရှာလိုသူများ၏အမေးကို မဖြေကြားတော့ဘဲ၊ အသက်ဝိညာဉ်များ၏ ကယ်တင်ခြင်း အတွက် အရေးကြီးသောသမ္မာတရားကို ဖွင့်ဟလိုက်ပါ သည်။ သမ္မာတရားကို ထိုး ထွင်းသိမြင်ခြင်းနှင့် အလေးအမြတ်ထားခြင်းသည် စိတ်နေသဘောထားအပေါ်မှာ ထက် နှလုံးအပေါ်တွင်ပို၍မူတည်ပါသည်။ သမ္မာတရားကိုစိတ်နှလုံးထဲမှနေ၍ လက် ခံရယူရပါမည်။ ထိုအခါ ၎င်းသည် အလိုဆန္ဒ၏ကိုးစားမှုကိုဖြစ်စေပါသည်။ သမ္မာတ ရားကိုဆင်ခြင်တုံတရားသက် သက်၏လက်သို့ အပ်နှံလိုက်မည်ဆိုလျှင် ၎င်း၏ထင် မြင်ယူဆသည့် နည်းလမ်းများတွင် မာနတရားသည် အထိန်းအကွပ်မရှိဘဲဝင်ရောက် လာပေလိမ့်မည်။ သို့ရာတွင် သမ္မာတရားကို ကရုဏာတော်၏ လုပ်ဆောင်မှုအားဖြင့် စိတ်နှလုံး တွင်ရယူရန်ဖြစ်ပြီး၊ ထိုသို့လက်ခံရယူခြင်းသည် ဘုရားသခင်၏ သန့်ရှင်း သော ဝိညာဉ်တော်ဖော်ပြသည့် အပြစ်အတိုင်းသို့လိုက်ပါရန် ငြင်းဆန်မှုအပေါ်တွင် မူတည်ပါသည်။ လူတို့သည် သမ္မာတရား၏အသိပညာကိုရရှိရန်မည်မျှပင် အခွင့်သာ စေကာမူ ၎င်းကိုလက်ခံရယူရန် စိတ်နှလုံးကိုဖွင့်မထားဘဲသမ္မာ တရား၏ စည်းမျဉ်း များနှင့်ဆန့်ကျင်သော အကျင့်စရိုက်များကို ဩတ္တပ္ပစိတ်၏ နှိုးဆော်ချက်အရ ဆက် ကပ်မှုများမပြုလုပ်ခဲ့လျှင် ထိုပုဂ္ဂိုလ်အတွက်အကျိုးထူး လိမ့်မည်မဟုတ်ချေ။ ဘုရား သခင်၏အလိုတော်ကို သိရှိရန်နှင့်လိုက်လျှောက်ရန် ရိုးသားသောဆန္ဒမွန်ဖြင့် မိမိ ကိုယ်ကိုအပ်နှံသော သူများအား သမ္မာတရားကို ၎င်းတို့၏ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ တန်ခိုးတော်အနေဖြင့်ဖော် ပြကြပေလိမ့်မည်။ ဤအရာအားဖြင့် ဘုရားသခင်၏ အလိုတော်အတိုင်းပြောဆို နေသောသူနှင့် မိမိအလိုအတိုင်းဟော ကြားနေသူကို ထင်ရှားစွာခွဲခြားသိရှိ နိုင်ပါလိမ့်မည်။ ဖာရိရှဲများသည် မိမိတို့၏အလို ဆန္ဒများကို ဘုရားသခင်ထံတွင် မအပ်နှံကြပါ။ သမ္မာတရားကို သိရှိရန်မကြိုးစားကြ ဘဲ၊ အမှန်တရားမှရှောင်လွှဲ ဖို့ဆင်ခြေဆင်လက်များကိုရှာဖွေရန်သာ ကြိုးစားနေကြ ပါသည်။ ထိုကြောင့် ၎င်းတို့သည် မိမိ၏သွန်သင်ချက်များကို နားမလည်ခြင်းဖြစ် ကြောင်း ခရစ်တော်ဖော်ပြခဲ့ပါသည်။ “ကိုယ်အလိုအလျောက် ဟောပြောသောသူ သည် မိမိ၏ ဘုန်းအသရေကိုရှာတတ်၏၊ မိမိကိုစေလွှတ်တော်မူသော သူ၏ဘုန်းအ သရေကို ရှာသောသူမူကား ယုံလောက်သောသူဖြစ်၏” ဟုမိန့်တော်မူလျက် ဆရာ စစ်နှင့် ဆရာတုများကို ခွဲခြားနိုင်ရန်သွန်သင်တော်မူခဲ့ပါသည်။ (ယောဟန် ၇း၁၈)။ မိမိ၏ဘုန်းအသရေကိုသာရှာချင်သောသူသည် ကိုယ်အလိုအတိုင်းဟောတတ် ၏။ တစ်ကိုယ်ကောင်းကြံလိုသောစိတ်ဓာတ်သည် ၎င်း၏မူရင်းသဘောထားကို မူမှန်အ တိုင်း ထုတ်ဖော်တတ်၏။ သို့ရာတွင် ခရစ်တော်သည် ဘုရားသခင်၏ ဘုန်းတော် ထင်ရှားစေရန်ကြိုးစားတော်မူပြီး၊ နှုတ်ကပတ်တော်ကိုသာ မိန့်မြွက်တော်မူပါသည်။ ဤအရာသည် သမ္မာတရား၏ ဆရာတစ်ပါးအနေဖြင့်အသုံး ပြုဟောကြားတော်မူ သော အာဏာတော်၏ သက်သေအထောက်အထားဖြစ်ပါသည်။
ဖာရိရှဲများ၏စိတ်ထဲတွင် ကြံစည်နေသောအရာများကို မိမိသိရှိတော်မူ ကြောင်းဖော်ပြခြင်းအားဖြင့် မိမိ၏ဘုရားဇာတိတော်အတွက် အထောက်အထား တစ်ခုကို ၎င်းတို့အား ခရစ်တော်ပေးတော်မူခဲ့ပါသည်။ ဗက်ဇဲဒမြို့တွင် လူနာတစ် ယောက်ကို ကုသပျောက်ကင်းစေခဲ့သည့် အချိန်ကတည်းက ကိုယ်တော် အားလုပ် ကြံရန် သူတို့ကြံစည်ခဲ့ကြပါသည်။ ဤနည်းအားဖြင့် ၎င်းတို့သည် မိမိတို့ကာကွယ် ပြောဆိုနေသော ပညတ်တော်ကိုကိုယ်တိုင်ချိုးဖောက်နေကြ ပါသည်။ ထိုကြောင့် ယေရှုက “မောရှေသည် ပညတ်တရားကိုသင်တို့အား ပေးမည်မဟုတ်လော၊ ထို တရားကိုသင်တို့၌တစ်စုံတစ်ယောက်မျှမကျင့်၊ ငါ့ကို သတ်အံ့သောငှာ အဘယ် ကြောင့်ရှာကြံကြသနည်း” ဟုမိန့်တော်မူ၏။
ဤစကားသည် လျှပ်တစ်ပြက်ထွန်းလင်းသောအလင်းရောင်တစ်ခု ကဲ့သို့ ထိုဖာရိရှဲများကျရောက်အံ့ဆဲဆဲဖြစ်နေသောဒုက္ခတွင်းကြီးကို ဖော်ပြ ခဲ့ပါသည်။ ထို ကြောင့် ရုတ်တရက်ချက်ချင်း သူတို့ကြောက်လန့်သွားကြပါ သည်။ မိမိတို့သည် အနန္တတန်ခိုးရှင်တစ်ပါးနှင့်တိုက်လှန်နေကြကြောင်းကို လည်း သတိပြုမိလာကြပါ သည်။ သို့ရာတွင် ၎င်းတို့သည်ကြိုတင်သတိပေး ခြင်းခံရလိမ့်မည်မဟုတ်ချေ။ ထို လူများအပေါ်တွင်ရှိနေသည့် မိမိတို့၏ဩဇာအာဏာကို ဆက်လက်ထိန်းသိမ်းနိုင် ရန်အလို့ငှာ ကိုယ်တော်ကိုလုပ်ကြံမည့် ၎င်းတို့၏အကြံကိုလျှို့ဝှက်ထားရပါမည်။ ခရစ်တော်၏အမေးကိုလမ်းလွှဲသည့် အနေဖြင့် “သင်သည်နတ်ဆိုးစွဲသောသူဖြစ်၏၊ သင့်ကိုသတ်အံ့သောငှာအဘယ် သူရှာကြံသနည်း” ဟူ၍မေးမြန်းကာ သခင်ယေရှု ပြုတော်မူသည့် နိမိတ်လက္ခဏာများသည် မကောင်းသော နတ်ဆိုးများ၏ တန်ခိုးကို အသုံးပြု၍လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ထိကပါးရိကပါးသူတို့ပြောဆိုကြပါသည်။
ခရစ်တော်သည် ၎င်းတို့၏ထိကပါးရိကပါးပြောဆိုခြင်းကို အရေးမစိုက် ခဲ့ချေ။ ဗက်ဇဲဒတွင်ပြုတော်မူခဲ့သောလူနာကုသမှုသည် ဥပုသ်နေ့ပညတ်နှင့်ကိုက် ညီဆီလျော်ကြောင်း ယုဒလူများကိုယ်တိုင်ပညတ်တရားအပေါ်တွင် အခြေစိုက်ခဲ့ သည့် အနက်ဖွင့်ဆိုချက်အားဖြင့်လည်း ထိုလုပ်ဆောင်မှုသည် မှန်ကန်မှုရှိကြောင်း ဆက်လက်၍ ကိုယ်တော်ဖော်ပြတော်မူခဲ့ပါသည်။ “မောရှေသည် အရေဖျားလှီးခြင်း တရားကို သင်တို့အားပေး၏၊---ဥပုသ်နေ့၌သင်တို့သည် အရေဖျားလှီးခြင်းကို ပေး ကြ၏” ဟုမိန့်တော်မူ၏။ ပညတ်တရားအရ ကလေးငယ်တိုင်းသည် ရှစ်ရက်မြောက် သောနေ့၌ အရေဖျားလှီးခြင်းကို ခံယူရပါမည်။ ထိုနေ့သည် ဥပုသ်နေ့တွင်ကျရောက် လျှင်လည်း အရေဖျားလှီးခြင်းအစီအစဉ်ကို ကျင်းပရပါမည်။ ထို့ကြောင့် “ဥပုသ်နေ့ ၌လူတစ်ကိုယ်လုံးကိုကျန်းမာစေ ခြင်း”သည် ပညတ်တော်၏ သဘောတော်နှင့် အ လွန်ဆီလျော်လှပါသည်။ သို့အတွက် “မျက်နှာကိုသာကြည့်၍မစီရင်ကြနှင့်၊ တရား သဖြင့်စီရင်ကြလော့’ ဟု သူတို့အား ကိုယ်တော်သတိပေးတော်မူလိုက်ပါသည်။
ထိုအချိန်၌ ယုဒလူအကြီးအကဲများသည် ဆိတ်ဆိတ်နေခဲ့ကြပါသည်။ လူ များစွာတို့ကမူ “ဤသူကိုသတ်အံ့သောငှာ ရှာကြံသည်မဟုတ်လော၊ ကြည့်ပါ၊ သူ သည်ထင်ရှားစွာဟောပြော၍ အဘယ်မြစ်တားခြင်းကိုမျှမပြုကြပါတကား၊ ဤသူ သည် ခရစ်တော်ဖြစ်ကြောင်းကို မင်းများတို့သည်အမှန်သိကြသလော” ဟုမေးမြန်း ပြောဆိုခဲ့ကြ၏။
ထိုတရားနာပရိသတ်ထဲမှ ယေရုရှလင်မြို့သားများစွာတို့နှင့်တကွ ကိုယ် တော်အား လုပ်ကြံရန် ယုဒလူများ၌အကြံရှိကြောင်း မသိကြသောသူများစွာတို့ သည် တွန်းလှန်ခြင်းငှာ မစွမ်းနိုင်သော တန်ခိုးတစ်ခုအားဖြင့် ကိုယ်တော့် ထံသို့ဆွဲ ယူခြင်းကိုခံစားကြရပါသည်။ ကိုယ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ် ကြောင်းကို သူတို့သိရှိခံစားလာကြရပါသည်။ သို့ရာတွင် စာတန်သည် သံသယစိတ် များကိုနှိုးဆွရန် အသင့်ရှိနေပါသည်။ ထိုသို့သံသယစိတ် ကိုနှိုးဆွပေးရန် မေရှိယနှင့် မေရှိယကြွလာခြင်းအပေါ် ထားရှိသည့် ယုဒလူများ၏ မှားယွင်းသော အတွေးအခေါ် များအားဖြင့် ပြင်ဆင်ခဲ့ပါသည်။ ခရစ်တော်သည် ဗက်လင်မြို့တွင် မွေးဖွားခြင်း ခံ မည်ဖြစ်ကြောင်း၊ သို့ရာတွင် အခိုက်အတန့်အားဖြင့် ပျောက်ကွယ်နေမည်ဖြစ် ကြောင်း၊ တစ်ဖန်ပြန်လည်ပေါ်ထွန်းလာသော အချိန်တွင် မည်သည့်နေရာမှ ပြန် လည်ပေါ်ထွန်းလာမည်ကို မည်သူမျှမသိ ကြောင်း၊ စသည်တို့ကိုအများအားဖြင့် ယုံကြည်ခဲ့ကြပါသည်။ ၎င်းပြင် မေရှိယအရှင်သည် လူသားဇာတိကိုသဘာ၀အားဖြင့် လုံး၀ဆက်စပ်မှုရှိလိမ့်မည်မဟုတ် ဟုလည်း လူများစွာတို့ကခံယူထားပါသည်။ နာဇ ရက်မြို့သားယေရှု၏ အသက်တာတွင် မေရှိယ၏ဘုန်းတော်နှင့် ပတ်သက်သော ရေ ပန်းစားသည့်ခံယူချက် များကိုမတွေ့ရှိရသောကြောင့် “ဤသူသည် အဘယ်ကဖြစ် သည်ကို ငါတို့သိ ကြ၏။ ခရစ်တော်သည်ကြွလာတော်မူသောအခါ အဘယ်ကဖြစ် တော်မူသည် ကိုအဘယ်သူမျှမသိရ” ဟူသောအကြံပေးတင်ပြချက် ကိုအာရုံပြု လာကြပါသည်။
ထိုကဲ့သို့ ၎င်းတို့သည်သံသယစိတ်နှင့်ယုံကြည်စိတ်နှစ်ခုအကြား၊ မတည် မငြိမ်ဖြစ်နေသောအချိန်တွင် သင်တို့သည်ငါ့ကိုသိကြ၏။ ငါသည် အဘယ်ကဖြစ် သည်ကိုလည်းသိကြ၏။ သို့သော်လည်း ငါသည်ကိုယ်အလိုအလျောက်လာ သည်မ ဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသောသူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။ ထိုသူကိုသင် တို့မသိကြ” ဟု ယေရှုမိန့်တော်မူ၏။ သူတို့သည် ခရစ်တော်၏ မူလဖြစ်ပွားရာကို သိ ရှိကြောင်း အခိုင်အမာပြောဆိုခဲ့ကြ သော်လည်း အမှန်မှာ ထိုအကြောင်းကို သူတို့ လုံးလုံးမသိရှိခဲ့ကြချေ။ ၎င်းတို့ သည် ဘုရားသခင်၏အလိုတော်အတိုင်းကျ အသက် ရှင်နေထိုင်ခဲ့ကြမည် ဆိုလျှင် ၎င်းတို့၌သားတော်ဘုရား ထင်ရှားပေါ်ထွန်း လာသော အချိန်တွင် ကိုယ်တော် ကိုသိရှိကြပေလိမ့်မည်။
တရားနာပရိသတ်သည် ခရစ်တော်၏နှုတ်ထွက်စကားကို နားမလည် နိုင် ခဲ့ကြချေ။ ထိုစကားများသည် လွန်ခဲ့သောလအနည်းငယ်က မိမိသည် ဘုရားသခင် ၏ သားတော်ဖြစ်ကြောင်း ကိုယ်တော်တိုင်ဆန်ဟီဒရင်အဖွဲ့ဝင်များ ရှေ့မှောက်တွင် ကြေညာခဲ့သည့်စကားများကို ပြန်၍ရှင်းလင်းစွာဖွင့်ဆိုနေခြင်း သာဖြစ်ပါသည်။ ယုဒ လူအကြီးအကဲများသည် ကိုယ်တော်ရှင်အား လုပ်ကြံရန်အတွက် ဖမ်းဆီးခြင်းအခွင့် ကိုရှာကြသော်လည်း မမြင်နိုင်သောတန်ခိုးတော် တစ်ခုအားဖြင့် ၎င်းတို့၏ ဒေါသကို အငန်းအတာပြု၍ ဟန့်တားတော်မူခဲ့ပါသည်။
ထိုလူအစုအဝေးထဲတွင် နေသောသူအများတို့သည် ကိုယ်တော်ကို ယုံ ကြည်သည်ဖြစ်၍၊ “ခရစ်တော်သည်ကြွလာတော်မူသောအခါ ဤသူပြသော နိမိတ် လက္ခဏာထက်သာ၍များသော နိမိတ်လက္ခဏာတို့ကို ပြတော်မူမည်လော” ဟုဆို ကြ၏။ အခြေအနေကိုစိုးရိမ်တကြီး စောင့်ကြည့်နေကြသော ဖာရိရှဲအဖွဲ့ မှခေါင်း ဆောင်များသည် ခရစ်တော်အပေါ်ကရုဏာသက်သည့်စကားကို ထိုလူအုပ်ကြီးထဲမှ ပေါ်ထွက်လာသည်ကို သတိပြုမိလိုက်ကြရာ၊ ယဇ်ပုရောဟိတ် မင်းတို့ထံသို့ အလျင် အမြန်သွားကြကာ၊ ကိုယ်တော်ရှင်ကို ဖမ်းဆီးရန်စီစဉ် ကြပါသည်။ ကိုယ်တော်ရှင် အား လူအုပ်ကြီး၏ရှေ့မှောက်တွင် မဖမ်းဆီးရဲ ကြသဖြင့် တစ်ပါးတည်းရှိသော အ ချိန်ကျမှ ဖမ်းဆီးရန်စီစဉ်ခဲ့ကြပါသည်။ ၎င်း တို့၏အကြံအစည်ကို မိမိသိရှိတော်မူ ကြောင်း ထင်ရှားစေရန်အတွက် ယေရှုက “ငါသည်သင်တို့နှင့်အတူခဏသာနေပြီး လျှင် ငါ့ကိုစေလွှတ်တော်မူသောသူထံ သို့သွားရမည်။ သင်တို့သည်ငါ့ကိုရှာကြလိမ့် မည်။ ရှာသော်လည်းမတွေ့ရကြ။ ငါရှိရာအရပ်သို့သင်တို့မရောက်နိုင်ကြ” ဟုမိန့် တော်မူ၏။ ကိုယ်တော်သည် ၎င်းတို့၏မထီလေးစားလုပ်မှုများနှင့် မုန်းတီးမှုများလက် လှမ်းမမီနိုင်သည့်ခိုလှုံ ရာအရပ်တစ်ခုကို မကြာမီတွင်တွေ့ရှိတော့ပေမည်။ အဖ ဘုရားသခင့်ထံတော် သို့တက်ကြွသွားကာ ကောင်းကင်တမန်များ၏ကိုးကွယ်မှုကို တစ်ဖန်ခံယူရ ပေတော့မည်။ ထိုလူသတ်သမားများသည် ထိုနေရာသို့မည်သည့် အ ခါမျှရောက် နိုင်ကြလိမ့်မည်မဟုတ်ချေ။
ထိုအခါယုဒလူတို့က “ငါတို့မတွေ့စေခြင်းငှာသူသည် အဘယ်အရပ်သို့ သွားလိမ့်မည်နည်း။ ဟေလသလူတို့တွင် အရပ်ရပ်သို့ကွဲပြားလျက်နေသော သူတို့ရှိ ရာသို့သွား၍ ဟေလသလူတို့အား တရားဟောလိမ့်မည်လော” ဟု ပြောင်လှောင် သည့်သဘောဖြင့် မေးခဲ့ကြပါသည်။ ကိုယ်တော်အား အပြစ်ရှာနေကြသော ဤသူ များသည် မိမိတို့ပြောသော ပြောင်လှောင်သော စကားများအထဲတွင် ခရစ်တော်၏ အမှုတော်ကို ရုပ်လုံးဖော်နေကြကြောင်း နည်းနည်းကလေး မျှသတိမထားမိခဲ့ကြ ချေ။ ကိုယ်တော်သည် နားမထောင်ငြင်းဆန်တတ်သော ထိုသူများအား တစ်နေ့လုံး လက်တော်ကိုဖြန့်ခဲ့သော်လည်း၊ ကိုယ်တော်ကိုမရှာသောသူတို့သည် ကိုယ်တော်ကို တွေ့ရကြ၍ ကိုယ်တော်အကြောင်းမမေးမြန်း သောသူတို့၌ ကိုယ်တော်အကြောင်း ထင်ရှားတော်မူ၏။ ရောမ ၁ဝး၂၀-၂၁။
သခင်ယေရှုသည် ဘုရားသခင်၏သားတော်စစ်မှန်ကြောင်း သဘော ပေါက် သောသူများစွာတို့မှာလည်း ဖာရိရှဲ၏မှားယွင်းသော သွန်သင်ချက်များ အားဖြင့်လမ်း မှားသို့ပို့ဆောင်ခြင်းခံကြရပါသည်။ မေရှိယသည် “ဇိအုန် တောင်ပေါ်မှာ ယေရုရှ လင်မြို့၌မင်းပြု၍ အသက်ကြီးသူတို့ရှေ့တွင်ဘုန်းကြီး တော်မူမည်’ ဟူသော အနာ ဂတ္တိစကားများကိုလည်းကောင်း၊ ပင်လယ်တစ် ပါးမှပင်လယ်တစ်ပါးတိုင်အောင် လည်းကောင်း၊ မြစ်မှသည်မြေကြီးစွန်းတိုင် အောင်လည်းကောင်း အစိုးရတော်မူ မည်}}ဟူသော အနာဂတ္တိစကားများကို လည်းကောင်း ထိုသူများရွတ်ဆိုခဲ့ကြပါ သည်။ ဟေရှာယ ၂၄း၂၃။ ဆာလံ ၇၂း၈။ ထိုနောက် ခရစ်တော်၏နိမ့်ကျသော ရုပ် အသွင်ကို အထက်ကဖော်ပြ ခဲ့သည့်ဘုန်းတော်များနှင့်နှိုင်းယှဉ်ကာ မထီလေးစားပြု ခဲ့ကြပါသည်။ အနာဂတ္တိ စကားများအား မှားယွင်းမှုများကိုလက်ခံခွင့်ပြုရန်အတွက် အလွန်လွဲမှားစွာ အသုံးပြုခဲ့ကြပါသည်။ ယုဒလူများသည် ရိုးသားသောသဘောဖြင့် နှုတ်ကပတ် တော်ကိုမိမိတို့ဘာသာလေ့လာခဲ့ကြမည်ဆိုလျှင် ယခုကဲ့သို့လမ်းမှားကို ပို့ဆောင် ခြင်းကို ခံကြရမည်မဟုတ်ချေ။ ခရစ်တော်သည် မိမိဆောင်ရွက်တော်မူခဲ့ သော အမှုတော်ကိုလုပ်ဆောင်ရမည့်အကြောင်း ဟေရှာယအနာဂတ္တိကျမ်း ၆၁ တွင် သက်သေခံထားပါသည်။ အခန်းကြီး ၅၃ တွင် ကိုယ်တော်ခံယူရမည့်ငြင်း ပယ်မှုများ နှင့် လောကတွင်ခံစားရမည့် ဒုက္ခဝေဒနာများအကြောင်းကိုလည်းကောင်း၊ အခန်း ကြီး ၅၉ တွင် ထိုယဇ်ပုရောဟိတ်များနှင့် ကျမ်းတတ်ဆရာ များ၏စာရိတ္တများကို လည်းကောင်း ဖော်ပြထားပါသည်။
ဘုရားသခင်သည် မိမိ၏မယုံကြည်မှုများကိုစွန့်လွှတ်ကြရန် ထိုသူများအား အတင်းအဓမ္မမခိုင်းစေပါ။ ၎င်းတို့၏ရှေ့တွင် အလင်းနှင့်အမှောင်၊ အမှန်နှင့်အမှား များရှိကြပါသည်။ မည်သည့်အရာကိုလက်ခံရယူမည်ကို ၎င်းတို့ ကိုယ်တိုင်ဆုံးဖြတ် ချက်ချကြရပါမည်။ လူသားများ၏စိတ်ကိုလည်း အမှန်နှင့် အမှားခွဲခြားသိမြင်နိုင် သည့် တန်ခိုးနှင့်ပြည့်၀စေတော်မူပါသည်။ လူများသည် စိတ်၏လှုံ့ဆော်ချက်အ ပေါ်တွင်မူတည်၍ဆုံးဖြတ်ရန်မဟုတ်ဘဲ၊ ကျမ်းပိုဒ်များ ကိုတစ်ခုနှင့်တစ်ခုနှိုင်းယှဉ် ကာ ဂရုတစိုက်လေ့လာခြင်းအားဖြင့် ထွက်ပေါ်လာသော အထောက်အထားများအ ပေါ်တွင်မူတည်၍ဆုံးဖြတ်ကြရန် ဘုရားသခင် ရည်စူးတော်မူခဲ့ပါသည်။ အကယ်၍ ယုဒလူတို့သည် မိမိတို့၏တစ်ဖက်သတ် အထင်လွဲမှားမှုများကိုဖယ်ရှားကာ ရေးသား ထားသည့်အနာဂတ္တိစကားများကို ခရစ်တော်၏အသက်တာတွင် ထူးခြားစွာဖြစ်ပေါ်ခဲ့ သောအချက်အလက်များနှင့် နှိုင်းယှဉ်လေ့လာခဲ့ပါလျှင် ထိုအနာဂတ္တိကျမ်းနှင့် ခရစ် တော်၏အသက်တာတို့တွင် ပြည့်စုံခဲ့သောအဖြစ်အပျက်များသည် လိုက်လျောညီ ထွေဖြစ်ကြောင်းကို သိရှိကြရပါလိမ့်မည်။
များစွာသောယနေ့လူသားများသည် ထိုယုဒလူများကဲ့သို့ပင် အလှည့်ဖြားခံ နေကြရပါသည်။ တရားဟောဆရာများသည် မိမိတို့၏ကိုယ်ပိုင်တတ်သိနားလည်မှု များ၊ ရိုးရာဓလေ့များ၏ အလင်းတရားအပေါ်တွင် အခြေပြု၍ သမ္မာကျမ်းစာကိုဖတ် ရှုနေကြပါသည်။ အသင်းသားများသည်လည်း သမ္မာကျမ်းစာကို မိမိတို့ဘာသာဖတ် ရှုလေ့လာ၍ မှန်ကန်သောအရာများကို မိမိတို့ကိုယ်တိုင် ရှာဖွေဆုံးဖြတ်ခြင်း မပြုကြ ဘဲ ၎င်းတို့၏ခေါင်းဆောင်များကိုသာဆုံးဖြတ်ခိုင်း ကြပြီး မိမိတို့၏အသက်ဝိညာဉ် များကို ထိုသူများလက်သို့ ၀ကွက်အပ်နှံနေ ကြပါသည်။ အလင်းတရားပျံ့နှံ့ရန်အ တွက် နှုတ်ကပတ်တော်ဟောကြားသွန် သင်ခြင်းအမှုသည် ဘုရားသခင်စီရင်ပြဌာန်း ခဲ့သည့်နည်းလမ်းများထဲမှတစ်ခု ဖြစ်သော်လည်း သွန်သင်ဟောကြားချက်တိုင်းကို ကျမ်းစာတော်မြတ်နှင့်တိုက် ဆိုင်စစ်ဆေးရပါမည်။ သမ္မာတရား၏သွန်သင်ချက်များ ကို လိုက်လျှောက်ရန် အလိုငှာ အမှန်တကယ်သိရှိလိုသောဆန္ဒဖြင့်ဆုတောင်းလျက် သမ္မာတရားကို လေ့လာသောသူမည်သည်ကား သမ္မာတရား၏အလင်းကို ရရှိကြပါ လိမ့်မည်။ ထိုသူသည် သမ္မာကျမ်းစာကိုနားလည်လာပါလိမ့်မည်။ “ထိုသူ၏အလို တော် သို့လိုက်ချင်သောသူမည်သည်ကား ဤဒေသနာသည် ဘုရားသခင်၏ ဒေသ နာတော်ဖြစ်သလော၊ ငါသည်ကိုယ်အလိုအလျောက်ဟောပြောသလောဟု ပိုင်းခြား ၍သိလိမ့်မည်” ယောဟန် ၇း၁၇။
သကေနေပွဲတော်၏နောက်ဆုံးနေ့တွင် သခင်ယေရှုကိုဖမ်းဆီးရန် ဖာရိရှဲ များစေလွှတ်ထားသည့် မင်းလုလင်များသည် ကိုယ်တော်မပါဘဲသူတို့ ချည်းပြန်လာ ခဲ့ကြရာ “အဘယ်ကြောင့်သူ့ကို မဆောင်ခဲ့သနည်း” ဟုစိတ်ဆိုး မာန်ဆိုးဖြင့် ဖာရိရှဲများကမေးမြန်းကြ၏။ ထိုအခါ မင်းလုလင်များကဣန္ဒြေ ကြီးစွာဖြင့် “ထိုသူ ဟောပြောသကဲ့သို့ အဘယ်သူမျှမဟောစဖူးပါ” ဟုပြန် လည်ဖြေဆိုကြ၏။
ထိုမင်းလုလင်များ၏ စိတ်နှလုံးများသည် မာကျောခက်ထန်ကြသော်လည်း ကိုယ်တော်၏ နှုတ်တော်ထွက်စကားများအားဖြင့် ပျော့ပျောင်းသွားခဲ့ကြပါသည်။ ကိုယ်တော်သည် ဗိမာန်တော်တွင် တရားဒေသနာတော်ဟောကြားစဉ် အပြစ်တင် ခွင့်အချက်အလက်များကိုရရှိစေရန် ကိုယ်တော်၏အနီးတွင် ၎င်းတို့ ရစ်သီရစ်သီ လုပ်ခဲ့ကြပါသည်။ သို့ရာတွင် တရားတော်ကို ကြားနာရသောအချိန်တွင် မိမိလာရင်း စွဲရည်ရွယ်ချက်ကိုပင် မေ့လျော့သွားခဲ့ကြပါသည်။ ဗိမာန်တော်ထဲသို့ လူများဝင်လာ ကြစဉ် သူတို့ရပ်၍ကြည့်ခဲ့ကြပါသည်။ မိမိသည် မည်သူမည်ဝါဖြစ်ကြောင်းကို ၎င်းအ သက်ဝိညာဉ်များအား ခရစ်တော်ဖော်ပြ တော်မူခဲ့ပါသည်။ ဘုရားဇာတိလွှမ်းခြုံထား သည့် လူသားဇာတိတည်းဟူသော ဖာရိရှဲများမမြင်ခဲ့ကြရသည့်အရာကို သူတို့မြင် တွေ့ခဲ့ကြရပါသည်။ ထို့ကြောင့် “အဘယ်ကြောင့်သူ့ကိုမဆောင်ခဲ့သနည်း” ဟူ သောအမေးကို ဤအတွေးအခေါ် မျိုးပြည့်၀စွာဖြင့် ကိုယ်တော်ရှင်၏ နှုတ်ကပတ် တော်ကိုစွဲလမ်းစွာဖြင့် “ဤသူ ပြောသကဲ့သို့ အဘယ်သူမျှမပြောစဖူးပါ” ဟုသာ ပြန်လည်ဖြေဆိုခဲ့ကြပါသည်။
ထိုဖာရိရှဲများသည်လည်း ခရစ်တော်၏ရှေ့မှောက်တွင် ပထမဦးဆုံး အကြိမ် ရောက်ရှိကြစဉ်က ထိုကဲ့သို့ပင်ခံစားခဲ့ဖူးကြပါသည်။ ၎င်းတို့၏စိတ် နှလုံးသည် အ ကြီးအကျယ်လှုပ်ရှားသွားကာ “ဤသူပြောသကဲ့သို့အဘယ်သူ မျှမပြောစဖူးပါ” ဟု အတွေးရောက်ခဲ့ဖူးပါသည်။ သို့ရာတွင် ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဖော်ပြချက်ကို အောင့်အည်းထားခဲ့ကြပါသည်။ ယခုတွင်မူ အသုံးတော်ခံ မင်းလုလင် များကိုပင် မုန်းတီးစရာဤဂါလိလဲသား၏ ဩဇာသက်ရောက်မှုရှိနေကြောင်း တွေ့ရှိ ကာ စိတ်ဆိုးမာန်ဆိုးဖြင့် “သင်တို့ကို ပင်လှည့်ဖြားပြီလော၊ မင်းများ၊ ဖာရိရှဲများတို့ တွင် သူ့ကိုယုံကြည်သောသူ တစ်စုံ တစ်ယောက်မျှရှိသလော၊ တရားကိုမသိသော ဤ လူများတို့သည် ကျိန် ခြင်းကိုခံရသောသူဖြစ်သည်” ဟုပြောဆိုကြ၏။
တရားတော်ကိုနာကြားခဲ့ရသူများက ]]ဤအရာသည်မှန်သောအရာ ဖြစ်သ လော” ဟုမေးမြန်းကြပြီး “မည်သူ့တန်ခိုးဖြင့်ဟောကြားတော်မူသနည်း” ဟု လည်းမေးမြန်းကြပါသည်။ မှန်သောတရားတော်နှင့် မှားယွင်းသောတရားကို ဆုံး ဖြတ်ရာ၌ ထိုတရားကိုလက်ခံသောသူအရေအတွက်ကိုကြည့်၍ ဆုံးဖြတ်တတ်ကြ ပါသည်။ “ပညာတတ်များ (သို့မဟုတ်) ဘာသာရေးခေါင်းဆောင်များတွင် ထိုတရား ကို ယုံကြည်သောသူတစ်စုံတစ်ယောက်ရှိသလော” ဟူသောမေးခွန်းကို ယနေ့ ထက်တိုင်မေးမြန်းကြလျက်ရှိပါသည်။ ခရစ်တော်အချိန်ကအသက်ရှင် နေထိုင်ခဲ့ကြ သူများထက် ယခုခေတ်လူသားများသည် စစ်မှန်သောဘုရားတရား ရှိခြင်းအသက် တာကို ပို၍နှစ်သက်ကြသည်မဟုတ်ပါ။ လူများစုလက်ခံရန် အသင့်မရှိသောအရာ (သို့မဟုတ်) လောကီမင်းစိုးရာဇာများနှင့် ဘာသာရေး ခေါင်းဆောင်ကြီးများ လက် မခံခဲ့ကြသည့်အရာသည် သမ္မာတရားကိုဆန့်ကျင် ဘက်ပြုနေသော ငြင်းဆိုချက် တစ်ခုမဟုတ်ပါချေ။ ၎င်းတို့သည် ထာ၀ရချမ်းသာ ထဲသို့ဝင်စားခြင်းကို လျစ်လျူရှု ထားရန်အတွက် လောကီဘ၀ကောင်းစားဖို့ စွဲလမ်းတမ်းတစွာဖြင့်ကြိုးစားနေကြပါ သည်။
ယခုတစ်ဖန်ဖာရိရှဲများနှင့် ယုဒအကြီးအကဲများသည် ခရစ်တော်ကို ဖမ်းဆီး ရန်အတွက် ဆက်လက်ကြံစည်ဆောင်ရွက်နေကြပါသည်။ ကိုယ်တော် အားလွတ် လွတ်လပ်လပ်ဟောကြားရန် လွှတ်ထားမည်ဆိုလျှင် လူအများထို ခေါင်းဆောင်များ ထံမှဆွဲဆောင်သွားမည်ဖြစ်သဖြင့် စိတ်အချရဆုံးနည်းမှာ ကိုယ်တော်အား မဆိုင်း မတွလုပ်ကြံပစ်ရန်သာဖြစ်ပါသည်။ ဆွေးနွေးပွဲအရှိန် မြင့်နေစဉ်တွင် တစ်စုံတစ် ယောက်သောသူက သူတို့အားရုတ်တရက်တားဆီး ပိတ်ပင်လိုက်ပါသည်။ ထိုသူမှာ နိကောဒင်ပင်ဖြစ်ပြီး “ငါတို့တရားသည် လူကိုမစစ်၊ သူ့အမှုကိုမသိမီကပင် ရှေးမဆွ က ဆုံးဖြတ်တတ်သလော}ဟု ဟန့်တားပြောဆိုလိုက်ပါသည်။ အစည်းအဝေးကြီး သည် တိတ်ဆိတ်သွားခဲ့ပါ သည်။ နိကောဒင်၏စကားများသည် ၎င်းတို့၏ဩတ္တပ္ပ စိတ်တွင် စွဲငြိသွားခဲ့ ပါသည်။ မကြားနာမစစ်ဆေးဘဲ လူတစ်ယောက်အား အပြစ်ပေး ပိုင်ခွင့်မရှိကြ ချေ။ သို့ရာတွင် မာန်ထနေသောထိုသူများသည် အမှန်တရားဘက်မှ ရပ်တည်ကာ ဟောပြောရဲသော ကိုယ်တော်ကိုကြည့်ရုံသာကြည့်၍ ဆိတ်ဆိတ်နေခဲ့ ကြသည်မှာ ထိုအကြောင်းတစ်ခုကြောင့်သာမဟုတ်ချေ။ မိမိတို့အဖွဲ့ထဲမှလူတစ် ယောက်သည် ခရစ်တော်အား အကာအကွယ်ပြုသည့် စကားတစ်လုံးပြောဆို လောက်အောင် ကိုယ်တော်၏အကြောင်းကို သတိရနေကြောင်းသိကြရသဖြင့် သူတို့အထိတ်ထိတ်အပျာပျာဖြစ်ကာ မခံချိမခံသာဖြစ်နေကြပါသည်။ မိမိတို့၏ အံ့ဩစိုးရွံ့မှုကိုပျောက်ပျက်သွားစေရန်အတွက် “သင်သည်လည်း ဂါလိလဲပြည် သားဖြစ်သလော၊ စစ်ဦးလော့၊ ဂါလိလဲပြည်၌ အဘယ်ပုရောဖက်မျှမပေါ် မထွန်း သည်ကိုမှတ်လော့” ဟု နိကောဒင်အားခနဲ့တဲ့တဲ့စကားများကိုအသုံး ပြု၍သူတို့ ပြောဆိုကြ၏။
သို့ရာတွင် နိကောဒင်၏ကန့်ကွက်မှုကြောင့် ထိုကောင်စီ၏ဆုံးဖြတ် လုပ် ဆောင်မှုများကို ဆိုင်းငံ့ထားခဲ့ရပါသည်။ ယုဒခေါင်းဆောင်များသည် သခင်ယေရှုကို စစ်ဆေးကြားနာခြင်းမရှိဘဲ မိမိတို့၏အကြံအစည်ကိုဖော်၍ ကိုယ်တော်အား အပြစ် စီရင်နိုင်ကြမည်မဟုတ်ချေ။ “ထိုသူအပေါင်းတို့သည် အိမ်သို့သွားကြ၍ ယေရှုသည် လည်း သံလွင်တောင်ပေါ်သို့ကြွသွားတော်မူ သဖြင့်” အခိုက်အတန့်အားဖြင့် သူတို့ ၏ အကြံအစည်အထမမြောက်ခဲ့ချေ။ သခင်ယေရှုသည် လှုပ်လှုပ်ရွရွ ရှုပ်ရှုပ်ထွေး ထွေးဖြစ်နေသော ထိုမြို့ကြီးမှလည်းကောင်း၊ စိတ်အားထက်သန်နေသော လူအုပ် ကြီးနှင့် လှည့်ဖြားတတ်သော ဖာရိရှဲများထံမှလည်းကောင်း ကျောခိုင်းကာ ဘုရား သခင်နှင့်အနှောင့်အယှက် ကင်းမဲ့စွာအတူနေနိုင်မည့် ဆိတ်ငြိမ်ရာသံလွင်တောင် ပေါ်သို့ တက်ကြွသွားတော်မူခဲ့ပါသည်။ သို့ရာတွင် နံနက်စောစောအချိန်တွင် ဗိမာန် တော်သို့ပြန်လည် ကြွမြန်းလာခဲ့ရာ မိမိအပါးတွင်လူအများစုရုံးလာခဲ့ကြသဖြင့် ၎င်း တို့အားဟော ကြားသွန်သင်တော်မူခဲ့ပါသည်။
မကြာမီပင် ကိုယ်တော်အားဖာရိရှဲများက နှောင့်ယှက်ခဲ့ကြပြန်ပါသည်။ သူ တို့သည် ကြောက်ရွံ့တုန်လှုပ်နေသော အမျိုးသမီးတစ်ဦးအား တရွတ်တိုက်ဆွဲ၍ ကိုယ်တော်ထံသို့ခေါ်လာကြပါသည်။ သတ္တမပညတ်ကိုကျူးလွန်နေ သည်ဟု သူမ အားစူးရှမာကျောသောအသံဖြင့် စွပ်စွဲပြောဆိုနေကြပါသည်။ ထိုနောက် ထိုအမျိုး သမီးကို ကိုယ်တော့်ရှေ့မှောက်သို့တွန်းပို့လိုက်ပြီး၊ လျှို့ဝှက်သော လေးစားမှုမျိုးဖြင့် ထိုသို့သောမိန်းမကို ကျောက်ခဲနှင့်ပစ်ရမည်ဟု မောရှေသည် အကျွန်ုပ်တို့အား ပညတ်တရား၌စီရင်ထုံးဖွဲ့ပါပြီ။ သို့ရာတွင် ကိုယ်တော်သည် အဘယ်သို့ မိန့်တော် မူမည်နည်းဟုမေးလျှောက်ကြ၏။
၎င်းတို့သည် ဟန်ဆောင်သောရိုသေလေးစားမှုအားဖြင့် ကိုယ်တော်အား သုတ်သင်ပယ်ရှင်းမည့်အကြံကို ဖုံးကွယ်ထားကြပါသည်။ မည်သည့် အဖြေကိုပင် ဖြေဆိုသည်ဖြစ်စေ၊ အပြစ်တင်ခွင့်ရလိမ့်မည်အထင်နှင့် ကိုယ်တော်အားအပြစ်စီ ရင်ရန်အခွင့်အလမ်းကို ဆုပ်ကိုင်လိုက်ကြပါသည်။ ဤအမျိုးသမီး ကိုလွတ်ငြိမ်းခွင့် ပေးလိုက်မည်ဆိုလျှင် မောရှေ၏ပညတ်တရားကို မထီလေး စားလုပ်သူအဖြစ် ကိုယ် တော်အားစွပ်စွဲကြပါမည်။ သေပြစ်ထိုက်သည်ဟု ကြေညာလျှင် ရောမအစိုးရတစ်ခု တည်းကသာ ပိုင်ဆိုင်သောအခွင့်အာဏာကို အသုံးပြုသူအဖြစ် စွပ်စွဲနိုင်ကြမည်ဖြစ် ပါသည်။
သခင်ယေရှုသည် ကြောက်ရွံ့တုန်လှုပ်ကာအရှက်တကွဲဖြစ်နေသူ ထိုအ မျိုးသမီးနှင့် ခက်ထန်မာကျောသောမျက်နှာပိုင်ရှင် ယုဒလူအကြီးအကဲများအကြား ဖြစ်ပွားနေသည့် သနားခြင်းကရုဏာကင်းမဲ့သောထိုမြင်ကွင်းကို တစ်ခဏ မျှမျှော် ကြည့်တော်မူခဲ့ပါသည်။ သနားခြင်းကရုဏာနှင်
ပြည့်၀သောကိုယ်တော်သည် သနားစဖွယ်ထိုမြင်ကွင်းကြောင့် တွန့်ရွံ့သွားခဲ့ပါသည်။ မည်သည့်အကြံ အစည်ဖြင့် ဤပြဿနာကို မိမိထံသို့ယူဆောင်လာကြောင်းကို ကိုယ်တော် သိတော်မူပါသည်။ မိမိရှေ့မှောက်တွင် ရောက်ရှိနေကြသောသူအပေါင်း၏ စိတ် နှလုံးများကိုဖတ်ကြည့် တော်မူသဖြင့် ၎င်း၏စာရိတ္တများနှင့်အသက်တာ သမိုင်းစဉ်များကို သိရှိတော်မူခဲ့ပါ သည်။ တရားစီရင်ခြင်းဆိုင်ရာအုပ်ချုပ်သူများသည် သခင်ယေရှုအတွက် ထောင် ချောက်ပြုလုပ်ဖို့ ထိုအမျိုးသမီးအပြစ်ပြုရန် သူတို့ကိုယ်တိုင်စီစဉ် လုပ်ဆောင်ခဲ့ကြ ပါသည်။ ခရစ်တော်သည် သူတို့မေးသည့် အရာကိုမကြားဟန်ပြု၍ အောက်သို့ခေါင်း ငုံ့လျက် မြေ၌ရေးသားတော်မူ၏။
ကိုယ်တော်ရှင်၏အပြုအမူများသည် အေးအေးဆေးဆေးနိုင်ပြီး၊ စိတ်မ ဝင်စားသလိုဖြစ်နေသဖြင့် ထိုသူများသည်မခံနိုင်ကြတော့ဘဲ၊ ဤကိစ္စကို အာရုံပြု စဉ်းစားဖို့တိုက်တွန်းရန် ကိုယ်တော့်အပါးသို့ချဉ်းကပ်လာကြပါသည်။ သို့ရာတွင် ကိုယ်တော်ရှင်ကြည့်တော်မူနေသည့် ခြေတော်ရင်းရှိမြေကြီးပေါ်သို့ ကြည့်လိုက်ကြ သောအခါ သူတို့မျက်နှာပျက်သွားကြပါသည်။ ထိုနေရာတွင် ရေးသားထားသော အ ရာများသည် ၎င်းတို့အသက်တာတွင်ကျူးလွန်ခဲ့သော လျှို့ဝှက်သောဒုစရိုက်များ ဖြစ်နေပါသည်။ စောင့်ကြည့်နေသောလူအုပ်ကြီးသည် ရုတ်တရက်ပြောင်းလဲသွား သော ထိုသူများ၏ မျက်နှာထားများကိုမြင်ရသောအခါ ထိုသူများအံ့ဩရှက်ရွံ့စရာ ဟုသဘောထားသော ထိုအရာများသည် မည်သည့်အရာဖြစ်ကြောင်းသိလိုကြ၍ ရှေ့ သို့တိုးလာခဲ့ကြပါသည်။ ပညတ် တရားကိုရိုသေလေးစားကြောင်း အကြွင်းမဲ့ဝန်ခံနေ ကြသော ဤကျမ်းတတ်ဆရာများသည် ထိုအမျိုးသမီးကို ထိုကဲ့သို့စွဲချက်တင်ခြင်း အားဖြင့် ပညတ်တရား၏ ပြဌာန်းချက်များကို မိမိတို့ဂရုမထားကြောင်း ဖော်ပြနေကြ ပါသည်။ ထိုအမျိုး သမီးအားအရေးယူရန်မှာ ၎င်း၏ခင်ပွန်း၏တာဝန်သာဖြစ်ပြီး ထို ဒုစရိုက်လုပ် ငန်းတွင်ပါဝင်သူများကို တူညီစွာအပြစ်ပေးရမည်ဖြစ်ပါသည်။ ထို့ ကြောင့် ဤကျမ်းတတ်ဆရာများ၏ လုပ်ဆောင်မှုသည်၊ လုံး၀လုပ်ပိုင်ခွင့်မရှိသော အရာ တစ်ခုကို လုပ်ဆောင်နေခြင်းသာဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ ခရစ်တော် သည်သူတို့အသာရသည်ဟုထင်ရသောအခြေအနေ၌ပင် သူတို့နှင့်ရင်ဆိုင်ခဲ့ပါ သည်။ ကျောက်ခဲနှင့်ပစ်ခြင်းအားဖြင့် အပြစ်ဒဏ်ပေးသည့် နည်းစနစ်အရထိုကိစ္စ ကိုမြင်တွေ့ခဲ့သည့်သက်သေသည် ပထမဦးဆုံးခဲနှင့်ပစ်ရမည်ဟု ပညတ် တရားက တိတိကျကျဖော်ပြထားပါသည်။ ထိုနောက်ကိုယ်တော်သည် ၎င်းတို့ အားမော့ကြည့် လိုက်ပြီး “သင်တို့တွင်အပြစ်ကင်းသောသူသည် ရှေးဦးစွာ ကျောက်ခဲနှင့်ပစ်စေ” ဟုမိန့်တော်မူကာ တစ်ဖန်အောက်သို့ငုံ့၍မြေ၌ရေးသား တော်မူပြန်၏။
ကိုယ်တော်သည် မောရှေအားဖြင့် ပေးထားတော်မူခဲ့သည့် ပညတ်တရားကို မိမိကိုယ်တိုင် ပယ်ဖျက်တော်မမူချေ။ ရောမအာဏာပိုင်များကိုလည်း မစော်ကားခဲ့ ချေ။ အပြစ်ရှာတတ်သောထိုသူများသည် အရေးနိမ့်ခဲ့ကြပေပြီ။ ယခု တွင်မူ၎င်းတို့ သည် ဟန်ဆောင်သန့်ရှင်းခြင်းဝတ်ရုံကြီးကို စုတ်ဖြဲခြင်းခံလိုက်ရသဖြင့် ဒုစရိုက်အ ပြစ်များ၊ ပြစ်တင်ခြင်းများတို့ဖြင့် အနန္တတန်ခိုးရှင်၏ရှေ့ မှောက်တွင် မတ်တတ်ရပ်ခဲ့ ကြပါသည်။ မိမိတို့၏အပြစ်များအားလုံးကို လူထုကြီးရှေ့တွင် ဖော်ကောင်လုပ်မည် စိုးသောကြောင့် ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် ထိုအမျိုးသမီးကို ကရုဏာအရှင် ထံတွင်ထားခဲ့ကာ တစ်ယောက်ပြီးတစ်ယောက် ခေါင်းငိုက်ဆိုက်ချလျက် တိတ်တ ဆိတ်ထွက်ခွာသွားကြပါသည်။
ထိုနောက်ယေရှုခရစ်သည် မတ်တတ်ရပ်တော်မူ၍ ထိုအမျိုးသမီးကို ကြည့် တော်မူလျက် “အချင်းမိန်းမ၊ သင့်ကိုအပြစ်တင်သောသူတို့သည် အဘယ်မှာရှိကြ သနည်း။ သင်၏အမှုကိုအဘယ်သူမျှမစီရင်သလောဟုမေးတော်မူရာ ထိုအမျိုးသမီး က အဘယ်သူမျှမစီရင်ပါသခင်ဟုလျှောက်၏။ ငါသည်လည်း သင်၏အမှုကိုမစီရင်။ သွားလော့၊ နောက်တစ်ဖန်ဒုစရိုက်ကိုမပြုနှင့်” ဟုမိန့် တော်မူ၏။
ထိုအမျိုးသမီးသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ခရစ်တော်၏ရှေ့တွင် ရပ် နေခဲ့ပါသည်။ “သင်တို့တွင်အပြစ်ကင်းသောသူသည် ရှေးဦးစွာကျောက်ခဲနှင့်ပစ် စေ” ဟူသောကိုယ်တော်၏ စကားများသည် သူမအတွက်သေဒဏ်ကျခံရန်စီရင် ချက်ချသံကဲ့သို့ဖြစ်ခဲ့ပါ၏။ ထို့ကြောင့် သူမသည် ခရစ်တော်၏ မျက်နှာတော်ကိုမော် ၍ မကြည့်ဝံ့တော့ဘဲ ကျရောက်လာမည့်ပြစ်ဒဏ်ကိုသာ ငြိမ်သက်စွာဖြင့်စောင့်စားခဲ့ ပါသည်။ သို့ရာတွင် အပြစ်တင်သောထိုသူများသည် စကားမပြောနိုင်ဘဲ အရှက်တ ကွဲ အကျိုးနည်းဖြစ်ကာ ထွက်ခွာသွားကြ သည်ကိုအံ့အားသင့်စွာဖြင့် မြင်တွေ့ခဲ့ရပါ သည်။ ထိုနောက် “ငါသည်လည်း သင်၏အမှုကိုမစီရင်၊ သွားလော့။ နောက်တစ်ဖန် ဒုစရိုက်မပြုနှင့်” ဟူသောမျှော်လင့်ချက်နှင့် ပြည့်၀နေသည့် စကားသံများကို သူမ ကြားခဲ့ရပါသည်။ သူမသည် စိတ်နှလုံးကြေကွဲကာ ရှိုက်ကြီးတငင်ငိုကြွေးပြီး ခါးသီး သောမျက်ရည် များကျလျက်မိမိ၏ အပြစ်များကို ဝန်ချတောင်းပန်ကာ ကိုယ်တော် ရှင်၏ခြေတော်ရင်းတွင် ပျပ်ဝပ်ချလိုက်ပါသည်။
ဤအခြင်းအရာသည် ဘုရားသခင်၏အမှုတော်အတွက် ဆက်ကပ်သော သူမ၏ စင်ကြယ်ငြိမ်သက်သည့် အသစ်သောအသက်တာ၏ အစသာဖြစ်ပါသည်။ ခရစ်တော်သည် ခန္ဓာကိုယ်နာမကျန်းဖြစ်သူများကုသခြင်းမှာထက် အပြစ်တွင်ကျ ဆုံးနေသူများ၌ ကြီးမားသောနိမိတ်လက္ခဏာများကိုပြုတော်မူ ခဲ့ပါသည်။ ကိုယ်တော် သည် ထာ၀ရသေခြင်းသို့တိုင်ပို့ဆောင်မည့် ဝိညာဉ်ရေးနာမကျန်းမှုကို ကုစားတော်မူ ခဲ့ပါသည်။ နောင်တသံဝေဂရခဲ့သော ထိုအမျိုးသမီးသည် ကိုယ်တော်ရှင်၏ ခိုင်မြဲ တည်ကြည်သော တပည့်တော်များတွင် တစ်ဦးအပါအဝင်ဖြစ်လာခဲ့ပါသည်။ သူမ သည် ကိုယ်တော်ရှင်ပေးတော်မူသည့်အပြစ် လွှတ်ခြင်းကရုဏာအတွက် ကိုယ်ကျိုး စွန့်သောမေတ္တာနှင့် ဆက်ကပ်ပူဇော် ခြင်းများဖြင့် ပြန်လည်ပေးချေခဲ့ပါသည်။
ဤအမျိုးသမီးအားအပြစ်ခွင့်လွှတ်၍ ကောင်းမွန်သောအသက်တာဖြင့် နေ ထိုင်သွားရန် အားပေးခြင်းပြုခဲ့သော ကိုယ်တော်၏ ပြုမူဆောင်ရွက်မှုတွင် စုံလင် သော ဖြောင့်မတ်ခြင်း၏ တင့်တယ်မှုတွင် စာရိတ္တတော်ကို ထွန်းတောက်စေခဲ့ပါ သည်။ ကိုယ်တော်သည် အပြစ်ကိုဖုံးဖိတော်မမူသည့်အပြင် ဒုစရိုက် နှင့်ပတ်သက် သောခံစားချက်ကိုလည်း မလျော့ပါးစေစဉ်တွင် အပြစ်စီရင်ရန် မကြိုးစားဘဲ ကယ် တင်ရန်ကြိုးစားတော်မူခဲ့ပါသည်။ လောကီသားများသည် ထိုအမျိုးသမီး၏ မှားယွင်း သောလုပ်ရပ်အတွက် အော့နှလုံးနာ၍မထီလေးစား ပြုခဲ့ကြသော်လည်း သခင်ယေရှု သည် နှစ်သိမ့်စကားနှင့်မျှော်လင့်စရာစကား များကိုမိန့်မြွက်ခဲ့ပါသည်။ အပြစ်ကင်း စင်တော်မူသောကိုယ်တော်သည် ထိုအပြစ်သား၏ အားနည်းချက်များကို စာနာသ နားတော်မူ၍ သူမအားတန်ခိုးကြီးသော လက်တော်ကိုကမ်းပေးခဲ့ပါသည်။ လျှို့ဝှက် သောဖာရိရှဲများသည် လူသိရှင် ကြားစွပ်စွဲပြစ်တင်နေစဉ်တွင် ခရစ်တော်သည် သူမ အား “သွားလော့၊ နောက် တစ်ဖန်ဒုစရိုက်မပြုနှင့်” ဟုမိန့်တော်မူနေပါသည်။
မှားယွင်းစွာလုပ်ဆောင်နေသူထံမှ မျက်နှာလွှဲကာ ၎င်းတို့ကျဆုံးနေသော အသက်တာများကို အဟန့်အတားမပြုဘဲပစ်ထားခြင်းသည် ခရစ်ယာန်များ၏ လုပ် ရပ်မဟုတ်ချေ။ သူတစ်ပါးအားအပြစ်တင်၍ တရားစီရင်ရန် စိတ်အားထက်သန်နေ သောသူများ၏ အသက်တာများတွင် ၎င်းတို့အပြစ်ရှာချင်သော သူများထက်ပင် ဒုစ ရိုက်များနေကြောင်း မကြာခဏတွေ့ကြရပါသည်။ လူသားများသည် အပြစ်သားကို မုန်းတီး၍ အပြစ်ကိုချစ်မြတ်နိုးကြပါသည်။ ခရစ်တော်မှာမူ အပြစ်ကိုမုန်းတီး၍ အပြစ် သားကိုချစ်တော်မူပါသည်။ ဤစိတ်ဓာတ်မျိုးသည် ခရစ်တော်၏နောက်လိုက်အား လုံး၏ စိတ်ဓာတ်မျိုးလည်းဖြစ်ပါလိမ့်မည်။ ခရစ်ယာန်ချစ်ခြင်းမေတ္တာသည် သူတစ် ပါးအား အပြစ်တင်ရာတွင် နှေးကွေးစေ၏။ နောင်တရခြင်းကိုသိနားလည်ရာတွင် လျင်မြန်၏။ အပြစ်ကိုခွင့်လွှတ်ရန်အတွက်သော်လည်းကောင်း၊ အားပေးကူညီရန် အတွက်သော်လည်းကောင်း၊ လမ်းလွဲသူအားသန့်ရှင်းသောလမ်းသို့ ပို့ဆောင်၍ မိမိ ကိုယ်တိုင်လည်းသန့်ရှင်းစွာနေထိုင်ရန်အတွက်သော်လည်း ကောင်းအဆင်သင့်ရှိ တတ်၏။
No comments:
Post a Comment