နိုင်ငံတော်သစ်၏ပညတ်တော်
ရှင်မဿဲ ၂ဝး၂၀-၂၈။ မာကု ၁ဝး၃၂-၄၅။ လုကာ ၁၈း၃၁-၃၄ တို့ကိုအ ခြေ ပြုထားပါသည်။
ပသခါပွဲကျင်းပမည့်အချိန်သည် အလွန်နီးကပ်လာပြီဖြစ်သဖြင့် သခင် ယေရှုသည် ယေရုရှလင်မြို့သို့တစ်ဖန်ကြွလာတော်မူခဲ့ပါသည်။ ကိုယ်တော်သည် စိတ်နှလုံးတော်၌ ဘုရားသခင်၏အလိုတော်အတိုင်း စုံလင်စွာတစ်လုံးတစ်၀တည်း ရှိမှုအတွက် ငြိမ်သက်မှုကိုခံစားလျက် ပူဇော်သကာရမည့်နေရာ သို့ဦးတည်၍ စိတ် အားထက်သန်သောခြေလှမ်းများဖြင့် ကြွလာတော်မူခဲ့ပါ သည်။ သို့သော် တမန် တော်များမှာမူ ကိုယ်တော်ရှင်၏ လုပ်ဆောင်ချက်များ အပေါ်နားမလည်နိုင်သည့် သဘော၊ သံသယဖြစ်သည့်သဘောနှင့် စိုးရိမ်သည့် သဘောများရှိနေကြပါသည်။ ယေရှုရှင်သည် တပည့်တော်ရှေ့၌ကြွတော်မူ စဉ် သူတို့သည်မိန်းမောတွေဝေ၍ ကြောက်ရွံ့သောစိတ်နှင့်နောက်မှလိုက်ခဲ့ ကြပါသည်။
ထိုအခါကိုယ်တော်သည် တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့အား တစ် ဖန်ခေါ်တော်မူ၍ မိမိအားအပ်နှံကြမည့်အကြောင်းနှင့် မိမိခံစားရမည့်ဒုက္ခ ဝေဒနာ များအကြောင်းကို ယခင်အချိန်ကပြောခဲ့ဖူးသည်ထက် ပို၍တိကျရှင်း လင်းစွာဖြင့် “ငါတို့သည် ယေရုရှလင်မြို့သို့ယခုသွားကြ၏။ လူသားသည် ယဇ်ပုရောဟိတ်အကြီး ကျမ်းပြုဆရာတို့လက်သို့ရောက်လိမ့်မည်။ ထိုသူတို့ သည် သေပြစ်ကိုစီရင်၍ တစ်ပါး အမျိုးသားလက်သို့အပ်နှံကြလိမ့်မည်။ သူတို့ သည်လည်း လူသားအားပြက်ရယ်ပြု ခြင်း၊ ရိုက်ပုတ်ခြင်း၊ တံတွေးနှင့်ထွေး ခြင်း၊ အသေသတ်ခြင်းကိုပြုကြလိမ့်မည်။ သုံး ရက်မြောက်သောနေ့၌ ထမြောက် လိမ့်မည်” ဟူ၍မိန့်တော်မူခဲ့ပါသည်။ သို့သော် ထိုစကားတော်တစ်ခွန်းကိုမျှ တပည့်တော်တို့သည်နားမလည်ကြ၊ ထိုအကြောင်းအ ရာသည် ဝှက်ထားလျက် ရှိသည်ဖြစ်၍ မိန့်တော်မူချက်အနက်ကိုမရိပ်မိကြ။
နိုင်ငံတော်တည်လုနီးပြီဟူသောသတင်းစကားကို ယခုလေးတွင်ပင် သူတို့ ဟောပြောခဲ့ကြသည်မဟုတ်ပါလား။ များစွာသောလူတို့သည် ဘုရားသခင်၏နိုင်ငံ တော်တွင် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်အတူလျောင်းရ ကြသတ္တံ့ဟု ခရစ် တော်ကိုယ်တော်တိုင် ကတိပြုတော်မူခဲ့သည်မဟုတ်ပါလား။ လူအပေါင်းတို့သည် ကိုယ်တော်ရှင်အဖို့အလိုငှာ တစ်စုံတစ်ခုကိုစွန့်ပစ်ခဲ့ရလျှင် အဆတစ်ရာသော အ ကျိုးကိုရ၍ ထာ၀ရနိုင်ငံတော်သို့ဝင်စားရမည်ဟု ကိုယ်တော်ရှင်မိန့်တော်မူခဲ့သည် မဟုတ်ပါလား။ တမန်တော်တစ်ဆယ့်နှစ်ပါး သည် ဣသရေလဆယ့်နှစ်မျိုးအား တ ရားစီရင်နိုင်ခွင့်ရှိသည့် ကြီးမြတ်သော ရာထူးများကိုရရှိကြလိမ့်မည်ဟူ၍လည်း ကိုယ် တော်ကတိပြုတော်မူခဲ့သည် မဟုတ်ပါလား။ ထို့ပြင် ယခုကလေးတွင်ပင် မိမိနှင့်ပတ် သက်၍ ရေးထားသမျှသော အနာဂတ္တိကျမ်းစကားများအားလုံးသည် ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်။ အနာဂတ္တိကျမ်းများသည် မေရှိ ယအုပ် စိုးခြင်းဆိုင်ရာဘုန်းတော်ကို တင်ကြိုပြောကြားထားခြင်းမရှိသလော စသည့် ဤအတွေးအခေါ်များ၏ပညာအလင်းတွင် အပ်နှံခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ အ သေသတ်ခြင်းနှင့်စပ်လျဉ်းသည့် ကိုယ်တော်၏စကားများသည် အခြေအမြစ်မရှိသ ယောင်၊ အကောင်အထည်မရှိသယောင်ဖြစ်နေပါသည်။ သို့ရာတွင် မည်သည့် အ ခက်အခဲများကဟန့်တားစေကာမူ နိုင်ငံတော်သည်တည်လုနီးပြီဖြစ် ကြောင်းကို တပည့်တော်များယုံကြည်ခဲ့ကြပါသည်။
ဇေဗေဒဲ၏သားဖြစ်သူရှင်ယောဟန်သည် ခရစ်တော်၏နောက်တော်သို့ ပထမဦးဆုံးလိုက်ခဲ့ကြသည့်တပည့်တော်နှစ်ပါးအနက် တစ်ပါးဖြစ်သည်။ ယော ဟန်နှင့်၎င်း၏ ညီအစ်ကိုဖြစ်သူယာကုပ်တို့သည် ကိုယ်တော်ရှင်၏အမှုတော်အ တွက် အရာခပ်သိမ်းကိုစွန့်လွှတ်ခဲ့ကြသော ပထမလူစုထဲတွင်ပါဝင် ခဲ့ကြပါသည်။ ကိုယ်တော်ရှင်နှင့်အတူ သွားလာနေထိုင်နိုင်ရန်အလို့ငှာ သူတို့သည် မိမိ၏အိမ်ရာ များနှင့်မိတ်ဆွေများကို ဝမ်းပန်းတသာစွန့်ပစ်ခဲ့ကြပါသည်။ ထိုနောက် ကိုယ်တော် ရှင်နှင့်အတူတကွ သွားလာဟောပြောခဲ့ကြပါသည်။ ဆိတ်ကွယ်ရာအိမ်များတွင် လည်းကောင်း၊ လူထုအစည်းအဝေးပွဲများတွင်လည်းကောင်း ကိုယ်တော်ရှင်နှင့် သူတို့အတူရှိခဲ့ကြပါသည်။ ကိုယ်တော်သည် သူတို့၏စိုးရိမ်မှုများကို သက်သာ ပျောက်ကင်းစေခဲ့ပါသည်။ အန္တရာယ် များမှလည်းကယ်နုတ်ခဲ့ပါသည်။ ရောဂါဝေဒ နာများကိုလည်း သက်သာပျောက်ကင်းစေခဲ့ပါသည်။ ဝမ်းနည်းမှုများကိုလည်း နှစ် သိမ့်ပေးခဲ့ပါသည်။ မိမိနှင့် ဆက်နွှယ်ပွန်းတီးလာသည့်အခြေထိအောင် မိမိ၏နိုင်ငံ တော်တွင် မိမိနှင့်အနီးဆုံးနေရာတွင် နှစ်နှစ်ကာကာချစ်သောမေတ္တာစိတ်ဖြင့် လို လားတောင့်တလာသည့် အခြေထိအောင် ၎င်းတို့အားစိတ်ရှည်လက်ရှည်ဖြင့် နူးညံ့ သိမ်မွေ့စွာ ကိုယ်တော်သွန်သင်တော်မူခဲ့ပါသည်။ ယောဟန်သည်အခွင့်သာတိုင်း ကယ်တင်ရှင်အနီး ကပ်ဆုံးသောနေရာကို ရယူခဲ့ပါသည်။ ယာကုပ်အနေနှင့်လည်း ကိုယ် တော်ရှင်နှင့်ရင်းနှီးစွာနေထိုင်ရန် လိုလားခဲ့ပါသည်။
သူတို့နှစ်ဦး၏မိခင်သည် ခရစ်တော်၏နောက်လိုက်တစ်ဦးဖြစ်ပြီး မိမိပိုင် ဝတ္ထုပစ္စည်းများဖြင့် ကိုယ်တော်အား အလုပ်အကျွေးပြုခဲ့သူ တစ်ဦးဖြစ်ပါသည်။ သူ မသည် မိမိ၏သားများအပေါ်ထားရှိသည့် မိခင်၏မေတ္တာနှင့် ရည်မှန်းချက်များအရ သားကလေးများအားနိုင်ငံတော်သစ်တွင် အမြင့်မားဆုံးရာထူးများကို ရစေလိုခဲ့ပါ သည်။ ထို့ကြောင့် ခရစ်တော်ထံတောင်းခံရန်လည်း ၎င်းတို့အား သူမအားပေးခဲ့ပါ သည်။
သူမသည် သားနှစ်ယောက်နှင့်အတူ မိမိတို့၏တောင်းခံမှုများကို မစသနားဖို့ ခရစ်တော်ထံသို့ တိုးဝင်ချဉ်းကပ်ကာ လျှောက်ထားခဲ့ကြပါသည်။
ထိုအခါ “ကိုယ်တော်က သင်သည်အဘယ်ဆုကျေးဇူးကိုအလိုရှိ သနည်း” ဟုမေးတော်မူသော် - “ကိုယ်တော်၏နိုင်ငံတော်တွင် ကျွန်မ၏ သားနှစ်ယောက်တို့ သည် လက်ယာတော်ဘက်၌တစ်ယောက်၊ လက်ဝဲတော် ဘက်၌တစ်ယောက်ထိုင်ရ သောအခွင့်ကို ပေးတော်မူပါ”ဟုသူမဖြေဆိုတောင်း လျှောက်ထား၏။
သခင်ယေရှုသည် သူတစ်ပါးထက်အခွင့်အရေးလိုချင်သော ၎င်းတို့၏ တစ် ကိုယ်ကောင်းဆန်မှုကို ပြစ်တင်တော်မမူဘဲ နူးညံ့သိမ်မွေ့စွာဖြင့် သည်းခံတော်မူခဲ့ ပါသည်။ ကိုယ်တော်သည် ၎င်းတို့၏စိတ်နှလုံးများကို အကဲခတ်လိုက်သော် မိမိအ ပေါ်တွင်ထားရှိသည့် ၎င်းတို့၏တွယ်တာမှုများကို သိရှိတော်မူခဲ့ပါသည်။ မိမိအပေါ် ထားရှိသည့် ၎င်းတို့၏မေတ္တာသည် သာမန်လူသား တစ်ဦး၏မေတ္တာမျိုးမဟုတ်ချေ။ လောကတပ်မက်ခြင်းများနှင့်ညစ်ထေးနေသော် လည်း ရွေးနုတ်ခြင်းဆိုင်ရာ မိမိ၏ မေတ္တာတော်စမ်းချောင်းမှ ယိုဖိတ်လာသည့် မေတ္တာမျိုးဖြစ်ကြောင်းကို ကိုယ်တော် ရှင် သိရှိတော်မူပါသည်။ ထို့ကြောင့် ၎င်းတို့အားဆုံးမပြစ်တင်တော်မမူဘဲ ၎င်းတို့၏ မေတ္တာစိတ်များကို ပို၍နက်ရှိုင်းသန့်စင်စေတော်မူခဲ့ပါသည်။ “သင်တို့သည် ငါ သောက်ရအံ့သော ခွက်ကိုသောက် ခြင်းငှာလည်းကောင်း၊ ငါခံသော ဗတ္တိဇံကိုခံခြင်း ငှာလည်းကောင်း တတ်စွမ်း နိုင်သလော” ဟုမေးမြန်းရာ စုံစမ်းစစ်ဆေးခြင်းနှင့် ဒုက္ခဝေဒနာခံစားရမည့် အဖြစ်အပျက်များကို ပြညွှန်နေသည့် နားလည်ရန် ခက်ခဲလှ သော ကိုယ်တော်၏ နှုတ်ထွက်စကားများကို ပြန်လည်သတိရခဲ့ကြသော်လည်း “ကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ပါ၏” ဟု သူတို့လျှောက်ထားခဲ့ကြ၏။ သခင်ဘုရားအပေါ်သက်ရောက်လာမည့် အရာခပ်သိမ်းကို မျှဝေခံစားခြင်းအားဖြင့် မိမိတို့၏သစ္စာရှိမှုကို သက်သေပြခြင်းသည် အမြင့်မြတ်ဆုံးသော ဂုဏ်အသရေဖြစ် သည်ဟု သူတို့ မှတ်ယူခဲ့ကြပါသည်။
ကိုယ်တော်၏ရှေ့မှောက်တွင် ပလ္လင်တော်မရှိဘဲ ကပ်တိုင်သာရှိနေပြီး ထို ကပ်တိုင်ထက်တွင် ဒုက္ခခံဖော်ခံဖက် ရာဇဝတ်သားနှစ်ဦးအနက် တစ်ဦးသည် လက် ယာဘက် ကျန်တစ်ဦးမှာလက်ဝဲဘက်တို့တွင် ကပ်တိုင်အတင်ခံ ကြရလိမ့်မည်။ ယောဟန်နှင့် ယာကုပ်တို့သည်လည်း မိမိတို့သခင်၏ဒုက္ခကို မျှဝေခံစားကြရမည် ဖြစ်ပြီး တစ်ဦးသည်ဓားအားဖြင့် ကွပ်မျက်ခြင်းကို ပထမဦးစွာခံရလိမ့်မည်ဖြစ်ပြီး ကျန်တစ်ဦးမှာမူ ဒုက္ခဆင်းရဲခြင်း၊ ကဲ့ရဲ့ပြစ်တင်ခြင်း နှင့်နှိပ်စက်ညှဉ်းပန်းခြင်းများကို အချိန်အကြာရှည်ဆုံးခံရလိမ့်မည်ဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်တော်က “ငါ၏ခွက် ကိုသင်တို့သည် သောက်ရလိမ့်မည်၊ ငါခံရသောဗတ္တိဇံကိုလည်း သင်တို့သည် ခံကြရ လိမ့်မည်”ဟုမိန့်တော်မူ၏။
“သို့သော်လည်း ငါ၏လက်ယာဘက် လက်ဝဲဘက်မှာထိုင်ရသော အခွင့် ကိုကား အကြင်သူတို့အဖို့အလိုငှာ ငါ့ခမည်းတော်ပြင်ဆင်၏။ ထိုသူတို့ အားသာငါ ပေးပိုင်သည်” ဟုဆက်လက်၍မိန့်တော်မူ၏။ ဘုရားသခင်၏ နိုင်ငံတော်တွင် ရရှိ မည့်အဆင့်အတန်းသည် မျက်နှာလိုက်ပြီးပေးအပ်သည့် အဆင့်အတန်းမျိုးမဟုတ် ချေ။ စည်းစိမ်ဥစ္စာနှင့်လဲလှယ်ခြင်းဖြင့်ရရှိသည့် အရာလည်းမဟုတ်ချေ။ အနိုင်အ ထက် နည်းအားဖြင့် ရယူနိုင်သည့်အရာလည်း မဟုတ်ဘဲ အကျင့်စာရိတ္တ၏ အကျိုး ဆက်သာဖြစ်ပါသည်။ ဦးရစ်သရဖူနှင့်ပလ္လင် များမှာမူကား ဖြစ်ထွန်းလာသည့် အခြေ အနေတစ်ခု၏အထိမ်းအမှတ်များ ဖြစ်ကြပါသည်။ ထိုအရာများသည် သခင်ယေရှု ခရစ်၏ မစခြင်းအားဖြင့် မိမိကိုယ်ကိုအောင်နိုင်ခြင်း၏ အထိမ်းအမှတ်များဖြစ်ကြပါ သည်။
ထိုနောက်မှ နှစ်ပေါင်းများစွာကုန်လွန်သော် ရှင်ယောဟန်သည် ကိုယ်တော် ရှင်ခံစားရသော ဒုက္ခဝေဒနာများကို မျှဝေခံစားခဲ့ခြင်းအားဖြင့် ခရစ်တော်အား ထောက်ခံခဲ့သောအချိန်၌ ဘုရားသခင်၏နိုင်ငံတော်တွင် ကိုယ်တော်ရှင်နှင့်နီးကပ် စွာ ခံစားခွင့်ရရှိရန် မည်သည့်အခြေအနေတွင် ရပ်တည်ရမည့်အကြောင်းကို ၎င်း အား ဖော်ပြတော်မူခဲ့ပါသည်။ “ငါသည်အောင်မြင်၍ ငါ့ခမည်းတော်၏ ပလ္လင်တော် ပေါ်မှာ ခမည်းတော်နှင့်အတူထိုင်နေသကဲ့သို့ အောင်မြင် သောသူသည် ငါ၏ပလ္လင် ပေါ်မှာငါနှင့်အတူ ထိုင်နေရသောအခွင့်ကိုငါပေးမည်။” “အကြင်သူသည် အောင် မြင်၏၊ ထိုသူကိုငါသည် ငါ၏ဘုရားသခင့်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောက်တစ် ဖန်သူသည်ပြင်သို့မရွေ့ရ။ ငါ၏ ဘုရားသခင့်နာမတော်ကိုလည်းကောင်း၊ --- ငါ၏ နာမသစ်ကိုလည်းကောင်း ထိုသူအပေါ်၌ငါသည်အက္ခရာတင်မည်။}} ဗျာဒိတ် ၃း ၂၁၊၁၂။ ထိုနည်းအတူ ရှင်ပေါလုကလည်း “ငါ့ကိုယဇ်ပေါ်မှာလောင်းရသော အချိန် ရှိပြီ၊ စုတေ့ရသောအချိန်ရောက်လေပြီ၊ ကောင်းစွာသောတိုက်လှန်ခြင်းကိုငါပြုပြီ၊ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ၊ ယုံကြည်ခြင်းတရားကိုစောင့်ရှောက်ပြီ၊ ယခုမှစ၍ဓမ္မသရဖူသည် ငါ့အဖို့သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင် သောသူတည်းဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ့၌အပ်ပေးတော် မူမည်။ ထို မျှမက ပေါ်ထွန်းတော်မူခြင်းကိုတောင့်တသောသူအပေါင်းတို့၌လည်း အပ်ပေး တော်မူမည်” ဟူ၍ ဝိညာဉ်အားဖြင့်ရေးသားခဲ့ပါသည်။ ၂တိ ၄း၆-၈။
ခရစ်တော်နှင့်အနီးဆုံးနေရာတွင် ရပ်ခွင့်ရမည့်သူသည် “ဂုဏ်ပြိုင် ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ၊ ကိုယ်အကျိုးကိုမရှာတတ်၊ ဒေါသ အမျက်မထွက် တတ်၊ အပြစ်ရှိသည်ဟုမထင်တတ်” သောမေတ္တာမျိုး၊ လူသားများကယ်တင်ခြင်း ရရှိဖို့၊ အရာခပ်သိမ်းကိုစွန့်လွှတ်၍ သေသည့်တိုင်အောင် သစ္စာရှိစွာ နေထိုင်လုပ် ကိုင်ဆက်ကပ်မှုများကို ခရစ်တော်နှင့်တကွ တမန်တော် များ၏ဘ၀တွင် ဖြစ်ဖွားစေ ခဲ့သောမေတ္တာမျိုးတည်းဟူသော ကိုယ်တော်၏ အနစ်နာခံ၍ ချစ်တတ်သော မေတ္တာ မျိုးနှင့်ပြည့်၀သော စိတ်ထားမျိုးကို လောကအသက်တာတွင် အပြည့်အဝရယူခဲ့ သောသူပင်ဖြစ်ပါသည်။ ထိုစိတ်ထားမျိုးကို ရှင်ပေါလု၏အသက်တာတွင် တွေ့ရှိခဲ့ရ ပါသည်။ “ငါအသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကားသာ၍ အ ကျိုးရှိ၏” ဟူ၍သူပြောခဲ့ပါသည်။ အကြောင်းမှာ သူသည်မိမိ၏အသက်တာအားဖြင့် လူအပေါင်း အားခရစ်တော်ကိုဖော်ပြခဲ့ပါသည်။ သေဆုံးခြင်းသက်သက်အားဖြင့် ကိုယ်တော့် ကရုဏာတော်၏တန်ခိုးတော်ကို ထင်ရှားစေလိမ့်မည်ဖြစ်ပြီး အသက် ဝိညာဉ်များကိုလည်း ကိုယ်တော့်ထံသို့စုရုံးစေခဲ့ပါလိမ့်မည်။ “အသက်ရှင်သည်ဖြစ် စေ၊ သေသည်ဖြစ်စေ၊ ငါ့ကိုယ်ခန္ဓာ၌ခရစ်တော်သည် အစဉ်မပြတ်ဂုဏ်အသရေ ထင်ရှားတော်မူ၏။” ဖိ ၁း၂၀၊၂၁။
ကျန်တမန်တော်ဆယ်ပါးတို့သည် ယောဟန်နှင့်ယာကုပ်တို့၏ တောင်းဆို ချက်ကို ကြားသိရသောအခါ များစွာမကျေမနပ်ဖြစ်ခဲ့ကြပါသည်။ အကြောင်းမှာ ထို တမန်တော်တိုင်းသည် နိုင်ငံတော်တွင်အမြင့်ဆုံးသောရာထူးကိုရဖို့ ကြိုးစားနေကြ သူများ ဖြစ်နေသည့်အတွက် ထိုသူနှစ်ဦးသည် မိမိတို့ထက်အခွင့်အရေး သာသ ယောင်ဖြစ်နေသောကြောင့် သူတို့သည် ဒေါသအမျက်ခြောင်း ခြောင်းထွက်ခဲ့ခြင်း ဖြစ်ပါသည်။
မည်သူသည် အကြီးမြတ်ဆုံးဖြစ်သည့် အချက်နှင့်စပ်လျဉ်း၍ နောက်တစ် ဖန် အငြင်းပွားတော့မယောင် ဖြစ်နေသောအချိန်တွင် ကိုယ်တော်သည်ဒေါသအ မျက်ထွက်နေကြသည့် တမန်တော်များအား အနားသို့ခေါ်တော်မူ၍ “သင်တို့သိ သည်အတိုင်း လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏၊ အကဲအမှူး တို့သည် အာဏာထားတတ်ကြ၏။ သင်တို့မူကားထိုသို့မပြုကြနှင့်” ဟုမိန့် တော်မူ၏။
လောကီနိုင်ငံများတွင် ရာထူးဌာနန္တရဟူသည်မှာ မိမိကိုယ်ကိုကြီးမြင့်စေ သည့် အရာတစ်ခုဖြစ်ပါသည်။ ထိုအုပ်ချုပ်သူလူတန်းစားများ၏ အကျိုးအလိုငှာ ပြည်သူလူထုသည် အသက်ရှင်နေကြပါသည်။ ဩဇာတိက္ကမကြွယ်၀ ချမ်းသာမှုနှင့် ပညာအဆင့်အတန်းများသည် လူထုအပေါ်တွင်ဩဇာရှိရန်အတွက် ခေါင်းဆောင် များအသုံးပြုရန် နည်းလမ်းများဖြစ်ကြပါသည်။ အဆင့်အတန်းမြင့်သော လူတန်းစား များက စဉ်းစားဆုံးဖြတ်၍ အုပ်ချုပ်ကြပြီး အဆင့်နိမ့်လူတန်းစားများမှာ လိုက်နာကျင့် ဆောင်၍ အလုပ်အကျွေးပြုကြရပါသည်။ အခြားအရာများကို အာဏာတန်ခိုးအ တွက် အသုံးပြုသကဲ့သို့ ဘာသာရေးကိုလည်း ထိုကိစ္စအလို့ငှာသာ ကျင့်သုံးကြပါ သည်။ ပြည်သူများသည် မိမိတို့အကြီးအကဲများ ညွှန်ကြားသည့်အတိုင်း ယုံကြည် လက်ခံ၍ ကျင့်သုံးကြရန်ဖြစ်ပါသည်။ ကိုယ့်ဘာသာ ကိုယ်စဉ်းစားလုပ်ဆောင်ခွင့် တည်းဟူသော လူ့အခွင့်အရေးကို လုံးလုံးအသိအမှတ်မပြုကြချေ။
ခရစ်တော်သည် ထိုအရာများနှင့် ကွဲပြားခြားနားသည့် စည်းမျဉ်းများကိုအ ခြေခံ၍ နိုင်ငံတော်တစ်ခုကို တည်ထောင်လျက်ရှိပါသည်။ ကိုယ်တော်သည် အကဲ အမှူးလုပ်ရန်အတွက်မဟုတ်ဘဲ အစေအပါးလုပ်ရန်အတွက် အားနည်းသူများ၏ ချွတ်ယွင်းချက်များကို သည်းခံတတ်သည့်သူများကို အားကြီးသူများ ဟုသမုတ်တော် မူသည်။ တန်ခိုးအာဏာ၊ ရာထူးစွမ်းရည်နှင့်ပညာအဆင့်အတန်းများကို ပိုင်ဆိုင် ထားသူများသည် မိမိတို့၏မိတ်ဆွေသင်္ဂဟများအပေါ်မစရန် ပို၍တာဝန်ကြီး လေး လာပါသည်။ အနိမ့်ကျဆုံးသောခရစ်တော်၏ တပည့်တော်များအား တန်းတူရည်တူ ဖြစ်သွားစေရန် “ခပ်သိမ်းသောအရာတို့သည် သင်တို့ အဖို့အလိုငှာဖြစ်သတည်း” ဟု မိန့်တော်မူထားပါသည်။ ၂ကော ၄း၁၅။
“လူသားသည် သူတစ်ပါးကိုစေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကိုခံခြင်း ငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာလည်းကောင်း ကြွလာ သတည်း။” ခရစ်တော်သည် တမန်တော်များအလယ်တွင် အရာရာ၌ စောင့်ထိန်း ကြည့်ရှုရသူ၊ ဝန်ကိုထမ်းဆောင်ခဲ့ရသူတစ်ဦးဖြစ်ခဲ့ပါသည်။ ကိုယ်တော်သည် ၎င်း နှင့်အတူ ဆင်းရဲမှုကိုခံစားခဲ့ရသည်။ ထိုသူများအဖို့အလို့ ငှာ၊ ကိုယ်အလိုကို ငြင်း ပယ်ခြင်းအကျင့်ကို ကျင့်သုံးခဲ့ရပါသည်။ အခက်အခဲ များကိုချောမွတ်သွားစေရန် ကိုယ်တော်သည်၎င်းတို့ရှေ့မှသွားတော်မူခဲ့ပြီး မကြာမီတွင်အသက်တော်ကို ချုပ် ခြင်းအားဖြင့် လောကအမှုတော်ကို အဆုံးသတ်ရတော့ မည်ဖြစ်ပါသည်။ ခရစ်တော် ကျင့်သုံးခဲ့သည့် ဤစည်းမျဉ်းများကိုကျင့်သုံးရန် ကိုယ်တော်၏ ခန္ဓာကိုယ်ဖြစ်သော အသင်းတော်မှအသင်းသားများအား တိုက် တွန်းကြရန်ဖြစ်ပါသည်။ ကယ်တင်ခြင်း စီမံကိန်း၏အခြေအမြစ်သည် ချစ်ခြင်းမေတ္တာဖြစ်ပါသည်။ ခရစ်တော်၏ နိုင်ငံတော် တွင် ခရစ်တော်ပေးခဲ့သော နမူနာပုံသက်သေများကို လိုက်လျှောက်၍ သိုးစုကိုထိမ်း သောသိုးထိန်းကဲ့သို့ လုပ်ဆောင်နေသူများသည် အကြီးမြတ်ဆုံးသော သူများဖြစ် ကြပါသည်။
“ငါသည်အဘယ်သူ၏ကျွန်မဖြစ်သော်လည်း သာ၍များသောသူတို့ကိုရ ခြင်းအလိုငှာ လူတကာတို့၏ကျွန်ခံရ၏။” “လူများတို့သည် ကယ်တင်ခြင်းသို့ ရောက်စိမ့်သောငှာ ငါသည်ကိုယ်အကျိုးကိုမရှာဘဲ သူ့အကျိုးကိုရှာ ၏” ဟူသော ရှင်ပေါလု၏စကားများသည် ခရစ်ယာန်အသက်တာ၏စစ်မှန် သောသိက္ခာနှင့် ဂုဏ် အသရေကို ဖော်ပြနေပါသည်။ ၁ကော ၉း၁၉။ ၁ဝး၃၂၊ ၃၃။
ဩတ္တပ္ပစိတ်နှင့်ပတ်သက်သည့်ကိစ္စများတွင်မူ အသက်ဝိညာဉ်များကို လွတ် လပ်စွာဆုံးဖြတ်ခွင့်ပေးရပါမည်။ မည်သူတစ်စုံတစ်ယောက်ကမျှ အခြားသူတစ်ဦး၏ စိတ်ကိုထိန်းချုပ်ခြင်း၊ အခြားသူတစ်ယောက်အတွက် တရားစီရင်ပေးခြင်း (သို့မ ဟုတ်) ထိုသူလုပ်ဆောင်ရန်တာဝန်များကို သတ်မှတ်ပေးခြင်း များပြုလုပ်ပေး ရန် မလိုချေ။ ဘုရားသခင်သည် လူတိုင်းအားလွတ်လပ်စွာတွေးတော ဆင်ခြင်ရန် မိမိ တို့သဘောပေါက်သည့်အတိုင်း လွတ်လပ်စွာလိုက်နာဆောင်ရွက်ရန် အခွင့်ပေး ထားတော်မူပါသည်။ “ငါတို့ရှိသမျှသည် ဘုရားသခင် စစ်ကြောတော်မူခြင်းကိုခံရ ကြမည်။” မည်သူတစ်ဦးတစ်ယောက်မျှ အခြား သူများ၏ကိုယ်ရေးကိုယ်တာကိစ္စ များတွင် ဝင်ရောက်စွက်ဖက်ခွင့်မရှိချေ။ နိယာမ စည်းမျဉ်းများနှင့်ပတ်သက်သမျှ သော ခပ်သိမ်းသောကိစ္စများတွင် “လူတိုင်း မိမိစိတ်သဘောကျပါစေ။” ရောမ ၁၄း ၁၂၊၅။ ခရစ်တော်၏နိုင်ငံတော်တွင် အစိုးတရပြု၍ဖိနှိပ်ချုပ်ချယ်ခြင်းများ၊ နိုင်ထက်စီး နင်းလုပ်ရပ်များ လုံး၀မရှိ ပါချေ။ ကောင်းကင်နိုင်ငံတော်မှ ကောင်းကင်တမန်များ သည် အုပ်ချုပ်ကွပ်ကဲရန်နှင့်ဂါရ၀ပြုခိုင်းရန် ဤလောကသို့လာခဲ့ခြင်းမဟုတ်ဘဲ လူ သားမျိုးနွယ်များအား မြှင့်တင်ခြင်းလုပ်ငန်းတွင် လူသားများနှင့်ပူးတွဲလုပ်ဆောင်ရန် သူကောင်း ပြုမည့်စေတမန်များအနေဖြင့်လာခဲ့ကြပါသည်။
မြင့်မြတ်သောအသရေနှင့်ပြီးသော ကယ်တင်ရှင်၏စည်းမျဉ်းများနှင့် သွန် သင်ချက်များတို့သည် ဤချစ်သားတပည့်တော်၏နှလုံးသားဝယ် မှတ်မိကိန်းအောင် နေပါသည်။ ယောဟန်သည် မိမိ၏နောက်ဆုံးနေ့များတိုင် အသင်းတော်အား အထပ် ထပ်သက်သေခံခဲ့သည်မှာ “သင်တို့သည်ရှေးဦးစွာကပင် ကြားရသော တရားစကား ဟူမူကား --- ငါတို့သည်အချင်းချင်းချစ်ရကြမည်။” “ခရစ်တော်သည် ငါတို့အဖို့ အလိုငှာ အသက်တော်ကိုစွန့်တော်မူသည် အရာကို ငါတို့သည်ထောက်၍ မေတ္တာ တော်ကိုသိရကြပြီ” ဟူ၍ဖြစ်၏။ ၁ယော ၃း၁၁၊၁၆။
ရှေးဦးအသင်းတော်သည် ဤစိတ်ဓာတ်မျိုးနှင့်ပြည့်၀ခဲ့ပါသည်။ သန့်ရှင်း သောဝိညာဉ်တော် ရရှိခဲ့ကြပြီးသည့်နောက်တွင် “ယုံကြည်သော သူအပေါင်းတို့ သည် စိတ်နှလုံးတညီတညွတ်တည်းရှိကြ၍ အဘယ်သူမျှ မိမိဥစ္စာတစ်စုံတစ်ခုကို ငါ့ဥစ္စာဟူ၍မဆို” “ထိုသူတို့တွင် ဆင်းရဲသောသူတစ်ယောက်မျှမရှိ။” “သခင် ယေရှုထမြောက်တော်မူခြင်းအကြောင်းကို တမန်တော်တို့သည် ကြီးသောတန်ခိုးနှင့် သက်သေခံ၍ ထိုသူအပေါင်းတို့သည် ကြီးသောကျေးဇူး တော်နှင့်ပြည့်စုံကြ၏။” တမန် ၄း၃၂၊၃၄၊၃၃။
No comments:
Post a Comment