Wednesday, April 22, 2026

အခန်းကြီး - ၇၄။ ဂေသရှေမန်ဥယျာဉ်

 

ဂေသရှေမန်ဥယျာဉ်

 

         ရှင်မဿဲခရစ်ဝင် ၂၆း၃၆-၅၆။ ရှင်မာကု ၁၄း၃၂-၅၀။ ရှင်လုကာ ၂၂း၃၉-၅၃။ ရှင်ယာဟန် ၁၈း၁-၁၂ တို့ကိုအခြေပြုထားပါသည်။

 

         ခရစ်တော်သည် တပည့်တော်များလိုက်ပါလျက် ဂေသရှေမန်ဥယျာဉ် သို့တုံ့ ဆိုင်းနှေးကွေးစွာဖြင့် ကြွချီသွားတော်မူခဲ့ပါသည်။ တိမ်သလာကင်းစင် သောမိုး ကောင်းကင်ဝယ် ပသခါလမင်းကြီးသည် ထိန်ထိန်သာနေပါသည်။ ဘုရားဖူးဧည့် သည်များ ခေတ္တတည်းခိုနေထိုင်ကြသည့် တတန်းကြီးသည်လည်း ငြိမ်သက်တိတ် ဆိတ်လျက်ရှိနေပါသည်။

         တပည့်တော်များနှင့် ရင်းရင်းနှီးနှီးစကားလက်ဆုံကျကာ သွန်သင်မှုများကို ပေးတော်မူခဲ့သောခရစ်တော်သည် ထူးဆန်းစွာ နှုတ်ဆိတ်လျက်ရှိပါသည်။ ဆု တောင်းဖို့နှင့်ဘုရားအာရုံပြုဖို့ ဤနေရာသို့မကြာခဏ ကိုယ်တော်ရှင်လာရောက်ခဲ့ ဖူးသော်လည်း နောက်ဆုံးသော ဒုက္ခဝေဒနာကိုခံစားရန် ဤနေရာသို့လာခဲ့ရသော ဤနေ့ညလောက်မည်သည့်အခါကမျှ ဝမ်းနည်းမှုကိုမခံစားခဲ့ဖူးချေ။ လောကအ သက်တာတစ်လျှောက်လုံးတွင် ကိုယ်တော်သည် ဘုရားသခင်၏အလင်းတော် တိုင်းလျှောက်လှမ်းခဲ့သောကြောင့် စာတန်ဝိညာဉ်၏ နှိုးဆော်ပဲ့ပြင်ခြင်းခံရသော လူ သားများနှင့် တိုက်လှန်ရသောအချိန်များတွင် ]]ငါ့ကိုစေလွှတ်တော်မူသောသူသည် ငါနှင့်အတူရှိတော်မူ၏။ ငါ့ကိုတစ်ကိုယ် တည်းနေစေခြင်းငှာ ခမည်းတော်သည် စွန့် ပစ်တော်မမူ။ အကြောင်းမူကား၊ နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ်ငါပြု သည်}} ဟူ၍ကိုယ်တော်မိန့်မြွက် နိုင်ခဲ့ပါသည်။ ယောဟန် ၈း၂၉။ သို့ရာတွင် ယခု တွင်မူကိုယ်တော်သည် အပြစ်များသောအပြစ်သားများစာရင်းတွင် ရေတွက်ခြင်း ခံ နေရပါသည်။ အပြစ်တွင်ကျဆုံးလျက်ရှိသော လူသားများ၏ဒုစရိုက်အပြစ်များကို ကိုယ်တော်ရှင် ယူတင်ဝတ်ဆောင်ရတော့မည်။ ကျွန်ုပ်တို့အားလုံး၏ အပြစ်ကျူးလွန် ခြင်းများကို အပြစ်ကင်းစင်သည့်ကိုယ်တော်သည် ယူတင်ဝတ်ဆောင်ရတော့မည် ဖြစ်ပါသည်။ ယူတင်ဝတ်ဆောင်ရမည့် အပြစ်များသည် အလွန်ကြောက်စရာကောင်း ပြီး၊ အလွန်လေးလံသယောင်ဖြစ်နေသဖြင့် ဘုရားသခင်၏မေတ္တာတော်မှ ထာ၀ရ ဖြတ်တောက်ခြင်းခံရမည်ကို ကိုယ်တော်စိုးရိမ်တော်မူခဲ့ပါသည်။ ပညတ်တော်လွန် ကျူးခြင်းအပေါ်ထားရှိသည့် ဘုရားသခင်၏အမျက်ဒေါသသည် အလွန်ကြောက်စ ရာကောင်းကြောင်း သိရှိထားသဖြင့် ငါသည်သေလောက်အောင် စိတ်နှလုံး အလွန် ညှိုးနွမ်းခြင်းရှိ၏ဟု ကိုယ်တော်ဖွင့်ဟတော်မူခဲ့ပါသည်။

         ဂေသရှေမန်ဥယျာဉ်အနီးသို့ချဉ်းကပ်လာသည်နှင့်အမျှ ခရစ်တော်၏ အမူ အရာများသည်လည်း ပြောင်းလဲနေကြောင်း၊ တပည့်တော်များ သတိပြုမိခဲ့ကြပါ သည်။ ယခုကဲ့သို့ ကိုယ်တော်ဝမ်းနည်းနှုတ်ဆိတ်နေခြင်းမျိုးကို ယခင်ကတစ်ခါမျှ သူတို့မတွေ့ခဲ့ဖူးကြချေ။ ရှေ့သို့ဆက်၍ ချဉ်းကပ်သွားသည်နှင့်အမျှ မခံစားခဲ့ဖူးသည့် ဝမ်းနည်းမှုများသည် ပို၍နက်ရှိုင်းစွာ ကိုယ်တော်ခံစားလာရပါသည်။ သို့စေကာမူ မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ခံစားနေရကြောင်းကို ကိုယ်တော်အားသူတို့မ မေးဝံ့ခဲ့ကြချေ။ ကိုယ်တော်၏ခန္ဓာကိုယ်သည် လဲကျသွားတော့မည်ကဲ့သို့ ယိမ်းယိုင် နေပါသည်။ ဥယျာဉ်သို့ရောက်ရှိသွားသောအခါ တပည့်တော်များသည် ကိုယ်တော် ရှင်အတွက်ယာယီနားနေရန်နေရာကို အလောတကြီးရှာဖွေခဲ့ကြပါသည်။ ယခုကိုယ် တော်သည် ခြေလှမ်းတိုင်းကို ကြိုးစား၍လှမ်းနေရပါသည်။ ထိုနောက် အလွန်လေးလံ သည့်ဝန်တစ်ခုနှင့် အဖိခံရသည့်နှယ် ကျယ်လောင်စွာညည်းတွားတော်မူခဲ့ပါသည်။ မြေပေါ်သို့ လဲကျမသွားစေရန် တပည့်တော်များကနှစ်ကြိမ်တိုင်တိုင် ထိန်းပေးခဲ့ရပါ သည်။

         ခရစ်တော်သည် တပည့်တော်သုံးပါးမှလွဲ၍ ကျန်တပည့်တော်များကို ယျာဉ်ဂိတ်၀တွင်ချန်ထားခဲ့ပြီး၊ မိမိအတွက်သော်လည်းကောင်း၊ ၎င်းတို့အတွက် သော်လည်းကောင်း ဆုတောင်းကြရန် မိန့်မှာတော်မူခဲ့ပါသည်။ ထိုနောက် ကိုယ် တော်သည် ပေတရု၊ ယောဟန်၊ ယာကုပ်တို့နှင့်အတူ ဆိတ်ငြိမ်သောထိုနေရာတွင် အနားယူခဲ့ကြပါသည်။ ဤတပည့်တော်သုံးပါးသည် ခရစ်တော်၏တပည့်တော်ရင်း များဖြစ်ကြပြီး တောင်ပေါ်တွင်ဘုန်းတန်ခိုးရောင် ခြည်များနှင့်တောက်ပနေသော ခရစ်တော်အား မောရှေ၊ ဧလိယတို့နှင့်စကား လက်ဆုံကျနေသည်ကို မြင်ခဲ့ကြရပါ သည်။ ထိုနေရာတွင် ကောင်းကင်မှအသံ တော်ကိုလည်း သူတို့ကြားခဲ့ရကြပါသည်။ ထိုကြောင့် ယခုကဲ့သို့အပြင်း အထန်ရုန်းကန်နေရသောအချိန်တွင် ခရစ်တော်သည် မိမိအပါးတွင် ၎င်းတို့အားရှိစေလိုတော်မူပါသည်။ ထိုတမန်တော်များသည် ဤနေရာ မျိုးတွင်ကိုယ် တော်နှင့်အတူညလုံးပေါက်နေခဲ့ဖူးကြပါသည်။ ထိုအချိန်အခါမျိုးတွင် ၎င်း တို့သည်ခေတ္တခဏ ဆုတောင်းခြင်းများကိုပြုပြီးနောက် နံနက်မိုးသောက်၍အမှု တော်ဆောင်ရန် ကိုယ်တော်ကနှိုးသည့် အချိန်အထိသခင်ယေရှုနှင့်မလှမ်းမ ကမ်း နေရာတွင် အနှောင့်အယှက်ကင်းမဲ့စွာဖြင့် အိပ်စက်ခဲ့ဖူးကြပါသည်။ သို့ရာတွင် ယခု အချိန်၌မူကား၊ သူတို့အားမိမိနှင့်အတူ ညလုံးပေါက်ဆုတောင်းကြရန် ကိုယ်တော် လိုလားတော်မူခဲ့ပါသည်။ သို့စေကာမူ တမန်တော်များအနေနှင့် မိမိခံစားရမည့် ဝေ ဒနာများကို ကိုယ်တိုင်မြင်တွေ့ခဲ့ကြမည်ဆိုလျှင် တောင်မှ ကိုယ်တော်ရှင်သည် ခံနိုင် ရည်ရှိလိမ့်မည်မဟုတ်ချေ။ ထိုကြောင့် ဤအရပ်၌ငါနှင့်အတူစောင့်နေကြလော့ဟု ကိုယ်တော်မိန့်တော်မူခဲ့ပါသည်။

         ကိုယ်တော်သည် ၎င်းတို့နှင့် အတော်အတန်ဝေးကွာသောနေရာသို့ သွား တော်မူပြီး၊ မြေပေါ်တွင်ပျပ်ဝပ်တော်မူလိုက်ပါသည်။ အတော်အတန်ဝေးကွာသည် ဟုဆိုရာတွင် ကိုယ်တော်ရှင်၏အသံကိုကြားနိုင်၍ ကိုယ်တော်ရှင် အားမြင်နိုင် လောက်သည့် နေရာကိုဆိုလိုပါသည်။ အပြစ်တရားကြောင့် မိမိသည် အဖဘုရား သခင်နှင့် ကွဲကွာနေရသည်ဟု ကိုယ်တော်ခံစားခဲ့ရပါသည်။ ကိုယ်တော်၏ စိတ် ဝိညာဉ်သည် သိမ့်သိမ့်တုန်နေသည့် အခြေသို့ရောက်အောင် ထိုချောက်ကမ်းပါး ကြီးသည် အလွန်ကျယ်ပြန့်၍ နက်ရှိုင်းမည်းမှောင်လှပါသည်။ ဤဒုက္ခဆင်းရဲမှလွတ် ကင်းရန် မိမိ၏ဘုရားတန်ခိုးတော်ကို ကိုယ်တော်အသုံးမပြုခဲ့ပါချေ။ ခရစ်တော်သည် လူသားတစ်ဦးကဲ့သို့ အပြစ်၏အကျိုးအပြစ်ကို ခံစားရပါသည်။ ပညတ်တော်လွန် ကျူးခြင်းအပေါ်ထားရှိသည့် ဘုရားသခင်၏ အမျက်တော်ကိုလည်း ခံယူရမည်ဖြစ်ပါ သည်။

         ယခုတွင်မူ ခရစ်တော်၏သဘောထားသည် ယခင်ကရှိခဲ့သောသဘောထား မျိုးမဟုတ်တော့ချေ။ ကိုယ်တော်ရှင်ခံစားရမည့် ဒုက္ခဝေဒနာများကို ပုရောဖက် ဇာခရိအားဖြင့် ]]အိုဓား၊ ငါ၏သိုးထိန်းတစ်ဘက်၊ ငါ၏အပေါင်းအဖော်ဖြစ်သော သူတစ်ဘက်၌နိုးလော့}} ဟူ၍ ဘုရားသခင်မိန့်တော်မူထားပါသည်။ ဇာခရိ ၁၃း၇။ ခရစ်တော်သည် ဘုရားသခင်၏တရားစီရင်မှုအောက်တွင် အပြစ်ကျူးလွန်သော လူသားများအတွက် အာမခံတစ်ဦးအနေဖြင့်လည်းကောင်း၊ ဓားစာခံတစ်ဦးအနေ ဖြင့်လည်းကောင်း ဒုက္ခခံစားလျက်ရှိပါသည်။ တရားမျှတမှုဆိုသည်မှာ မည်သည့်အ ရာဖြစ်ကြောင်းကို ကိုယ်တော်တွေ့မြင်ခဲ့ပါသည်။ ဤအချိန်တိုင်အောင် ကိုယ်တော် သည် အခြားသူများအတွက် ကြားဖျန်ဖြေသူတစ်ဦးဖြစ်ခဲ့သော်လည်း ယခုအချိန် တွင်မူ မိမိကိုယ်တိုင်အတွက်ကြားဖျန်ဖြေပေးမည့် ပုဂ္ဂိုလ်တစ်ဦးကို တောင့်တတော် မူခဲ့ပါသည်။

         အဖဘုရားသခင်နှင့်မိမိအကြားတွင် တည်ရှိခဲ့သည့်တစ်လုံးတစ်၀တည်းရှိ ခြင်းသည် ပြိုပျက်သွားပြီဟုခံစားရကာ အမှောင်ဘုရင်၏ အာဏာစက်များနှင့် မကြာ မီရင်ဆိုင်ရတော့မည့် တိုက်လှန်ပွဲတွင် မိမိ၏လူသားဇာတိဖြင့် ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ဟု စိုးရိမ်ကြောက်ရွံ့လာခဲ့ပါသည်။ တောထဲတွင်စုံစမ်းနှောင့်ယှက်ခြင်း ခံရ စဉ်က လူသားများ၏ကံကြမ္မာကိုထိခိုက်နိုင်သည့် အခြေတွင်ရှိခဲ့ပါသည်။ သို့ရာတွင် ခရစ်တော်သည် ထိုစဉ်ကအောင်ပွဲဆင်ခဲ့ ပါသည်။ ယခုအချိန်တွင် စာတန်သည် နောက်ဆုံးသော တိုက်လှန်ပွဲကိုဆင်နွှဲရန် ရောက်ရှိလာခဲ့ပါသည်။ ခရစ်တော် အမှုတော်ဆောင်ခဲ့သည့် သုံးနှစ်ကာလအတွင်း သူသည်ဤတိုက်ပွဲကြီးအတွက် အစဉ်တစိုက်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပါသည်။ အရာခပ်သိမ်းတို့သည် ၎င်းနှင့်အ တူဆုံးရှုံးပျက်စီးနိုင်သည့် အခြေတွင်ရှိနေခဲ့ပါသည်။ အကယ်၍ ဤနေရာတွင် စာ တန်ရှုံးနိမ့်ခဲ့လျှင် ၎င်း၏မျှော်လင့်ချက်များ ပျက်ပြားသွားလိမ့်မည်ဖြစ်ပြီး၊ လောကီ နိုင်ငံများသည် နောက်ဆုံးတွင် ခရစ်တော်ပိုင်ဆိုင်လာလိမ့်မည်ဖြစ်ကာ ၎င်းကိုယ် တိုင်လည်းဖျက်ဆီးခြင်းကို ခံရလိမ့်မည်ဖြစ်ပါသည်။ သို့ရာတွင် ခရစ်တော်ရှုံးနိမ့်ခဲ့ လျှင်မူ ဤလောကကို စာတန်ပိုင်ဆိုင်သွားလိမ့်မည်ဖြစ်ပြီး လူသားထုတစ်ရပ်လုံး သည် ၎င်း၏လက်ထဲသို့အပြီးအပိုင် ကျရောက်သွားလိမ့်မည်ဖြစ်ပါသည်။ ထိုတိုက် လှန်ပွဲသည် ကိုယ်တော်၏ရှေ့မှောက်တွင် ဖြစ်ပွားလာသည်နှင့်အမျှ ခရစ်တော်သည် အဖခမည်းတော်နှင့် ကွဲကွာနေရခြင်းအတွက် စိုးရွံ့တော်မူခဲ့ပါသည်။ ကိုယ်တော်သည် အပြစ်ကမ္ဘာအတွက်အာမခံတစ်ဦးဖြစ်ခဲ့လျှင် ထိုကွဲကွာခြင်းသည် ထာ၀ရတည်မြဲလိမ့်မည်ဖြစ်သည့်ပြင် မိမိနိုင်ငံနှင့်ခွဲခြားသည့်အမှတ် အသားပြုခြင်း ကိုလည်းခံရမည်----၎င်းပြင် မည်သည့်အခါမျှဘုရားသခင် နှင့်တစ်လုံးတစ်၀ တည်းဖြစ်နိုင်တော့မည်မဟုတ်ကြောင်း စသည်ဖြင့်ကိုယ်တော် အားစာတန်ပြောဆို ခဲ့ပါသည်။

         ဤအသေခံခြင်းအားဖြင့် မည်သည့်အကျိုးကိုရမလဲ။ လူသားများကျူးလွန် ခဲ့သည့် ဒုစရိုက်များနှင့်ကျေးဇူးကန်းမှုများသည် မည်မျှမျှော်လင့်ချက်မဲ့နေသနည်း။ အခြားသူများထက် လောကီရေးရာနှင့်ဝိညာဉ်ရေးဘက်တွင် သာလွန်သည်ဟု ကိုယ့် ကိုကိုယ်ပြောဆိုခဲ့ကြသူများသည် သင့်ကိုငြင်းပယ်ခဲ့ကြ ပြီမဟုတ်ပါလား။ မိမိတို့အား ထူးခြားသော လူမျိုးတစ်မျိုးအနေဖြင့် ပြုတော်မူခဲ့သောကတိတော်များ၏ အခြေခံ ဗဟိုအချက်အချာဖြစ်တော်မူသောသင့်ကို သုတ်သင်ရန် သူတို့ကြိုးစားနေကြသည်- အသင်းတော်လုပ်ငန်းများကို ရှေ့တန်းမှပါဝင်လုပ်ဆောင်ခဲ့သော သင်၏သွန်သင် ချက်များကို ကောင်းမွန်စွာရယူခဲ့သည့် သင့်တမန်တော်တစ်ဦးက သင့်ကိုအပ်နှံလိမ့် မည်၊ သင်၏စိတ်အားအထက်သန်ဆုံးသော တပည့်တော်များမှတစ်ဦးသည် သင့်ကို ငြင်းပယ်လိမ့်မည်၊ တပည့်တော်အပေါင်းသည် သင့်ကိုစွန့်ခွာ၍ထွက်ပြေးကြလိမ့် မည်စသည်ဖြင့် အဆိုးရွားဆုံးဖြစ်ပျက်မည့် အရာများအားဖြင့် စာတန်သည်ကိုယ် တော် အားအတင်းအကျပ်တိုက်ခိုက်ပြောဆိုလာရာ ခရစ်တော်၏ကိုယ်စိတ်နှလုံးသုံး ပါးစလုံးသည် ထိုသတင်းစကားကိုစက်ဆုပ်ရွံရှာတော်မူ၏။ ကယ်တင်ခြင်းရရှိရန် ကိုယ်တော်တာဝန်ယူမစခဲ့သောသူများနှင့် အလွန်ချစ်ခင်ခဲ့ရသူများသည် ကိုယ် တော်အားပုန်ကန်ခြားနားရန် စာတန်နှင့်ပူးပေါင်းကြခြင်းသည် ကိုယ်တော်၏နှလုံး သားကိုပြင်းထန်စွာ နာကျင်စေခဲ့ပါသည်။ ထိုတိုက်လှန်ပွဲသည်  အလွန်ပြင်းထန်ခဲ့ပါ သည်။ ထိုတိုက်လှန်ပွဲ၏ပမာဏသည် ကိုယ်တော့်အမျိုး သားချင်းတို့၏ကျူးလွန်ခဲ့ သော ဒုစရိုက်များ၊ ကိုယ်တော်အားစွပ်စွဲပြောဆိုခဲ့သူများနှင့် အပ်နှံခဲ့သူများတို့၏ ဒုစရိုက်များနှင့်ဆိုးသွမ်းမှုပြည့်၀သော ကမ္ဘာကြီး၏ဒုစရိုက်များတို့ပါဝင်နေကြပါ သည်။ လူသားအားလုံး၏ အပြစ်ဒုစရိုက်သည် ခရစ်တော်အားလေးလံစွာ ဖိစီးလျက် ရှိပြီး၊ အပြစ်တရားအပေါ်မှာထားရှိသည့် ဘုရားသခင်၏အမျက်တော်သည် ကိုယ် တော်၏အသက်တော်ကို နှိပ်ကွပ်ချေမှုန်းလျက်ရှိပါသည်။

         လူသားများအတွက်ပေးဆပ်ရမည့်အဖိုးအခကို စေ့စေ့ဆင်ခြင်နေသော ကိုယ်တော်အားကြည့်ရှုကြလော့။ ကိုယ်တော်သည် ဒုက္ခဝေဒနာခံစားနေရစဉ်တွင် ခမည်းတော်ဘုရားထံမှဝေးရာသို့ဆွဲမခေါ်သွားဖို့ကာကွယ်သည့်အလား အေးစက် နေသောမြေကြီးပေါ်ဝယ် ဝပ်တွားလျက်ရှိပါသည်။ ညအခါတွင်ကျလေ့ရှိသော အေး မြသည့်နှင်းမှုန်များသည် ပျပ်ဝပ်လျက်ရှိသောကိုယ်တော်အပေါ်သို့ကျ လျက်ရှိသော် လည်း ကိုယ်တော်ဂရုမစိုက်ခဲ့ချေ။ သို့စေကာမူ အကျွန်ုပ်အဖ၊ ဤခွက်သည်အ ကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော်။ သို့သော်လည်း အကျွန်ုပ်အလိုရှိ သည်အတိုင်းမဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ခါး သီးသောဟစ်ကြွေးသံများသည် ဖြူရော်နေသောနှုတ် ခမ်းအစုံမှထွက်ပေါ်လာခဲ့ပါ သည်။

         လူသားများသည် ဆင်းရဲဒုက္ခခံစားရသည့် အချိန်များတွင် နှစ်သိမ့်မှုကို တောင့်တတတ်ပါသည်။ ခရစ်တော်သည် ထိုတောင့်တမှုမျိုးကိုနှိုက်နှိုက်နှဲနှဲအလို ရှိတော်မူခဲ့ပါသည်။ ကိုယ်တော်သည် ဒုက္ခဝေဒနာကိုမချိမဆံ့ခံစား နေရစဉ်တွင် နှစ် သိမ့်စကားများက dkကြားရသည်အထင်နှင့်၊ မကြာခဏမိမိက နှစ်သိမ့်ခဲ့ဖူးပြီ၊ ဝမ်းနည်း မှုများနှင့်ကြေကွဲမှုများမှ ကာကွယ်ပေးခဲ့ဖူးသော တမန် တော်များထံချဉ်းကပ်ခဲ့ပါ သည်။ ၎င်းတို့အား အမြဲတမ်းနှစ်သိမ့်မှုပေးတော်မူသော ကိုယ်တော်သည် ဒုက္ခဝေ ဒနာကိုမချိမဆံ့ခံစားနေရသဖြင့် မိမိအတွက် သော်လည်းကောင်း၊ ၎င်းတို့၏ ကိုယ် တိုင်အတွက်သော်လည်းကောင်း၊ ဆုတောင်း လျက်ရှိ-မရှိသိလိုတော်မူခဲ့ပါသည်။ အပြစ်တရား၏ရန်ငြိုးဖွဲ့မှုသည် အလွန် မှောင်မိုက်ပါသည်တကား။ ကိုယ်တော်သည် ဘုရားသခင်၏မျက်မှောက် တော်တွင် အပြစ်မဲ့သူတစ်ပါးအဖြစ်ရပ်တည်နေစဉ်တွင် လူသားများအား ၎င်းတို့ကျူးလွန်ခဲ့သည့်အပြစ်ဒုစရိုက်များ၏အကျိုးအပြစ်ကို ၎င်း တို့ဘာသာ ခံစားစေမည့်စုံစမ်းနှောင့်ယှက်ခြင်းများသည် ကြောက်စရာကောင်းလှပါ သည်။ ဤအရာကို တမန်တော်များနားလည်သဘောပေါက်ကာ အရေးတယူပြုကြ ကြောင်းသိရလျှင်ပင် ကိုယ်တော်အားတက်လာပါလိမ့်မည်။

         ကိုယ်တော်သည်ကြိုးစား၍ ထလိုက်ပြီးနောက် တမန်တော်များအား ချန်ထား ခဲ့သောနေရာသို့ လေးလံသောခြေလှမ်းများဖြင့် လျှောက်လှမ်းလာခဲ့ပါသည်။ ထိုနေ ရာသို့ရောက်သော် သူတို့အိပ်ပျော်နေသည်ကိုတွေ့တော်မူ၏။အကယ်၍ သူတို့ဆု တောင်းနေသည်ကိုတွေ့ရလျှင် ကိုယ်တော်ခံစားနေရသော ဝေဒနာသည် သက်သာ ရာရပေလိမ့်မည်။ အကယ်၍သူတို့သည် စာတန်နှင့် တပည့်တော်များအား တွန်းလှန် နိုင်ရန် ဘုရားသခင်ထံ၌ ခိုလှုံရာရှာနေကြောင်း တွေ့ရမည်ဆိုလျှင် ၎င်းတို့၏ခိုင်မြဲ သော ယုံကြည်ခြင်းကြောင့် ကိုယ်တော် စိတ်သက်သာရာရရှိခဲ့လိမ့်မည်ဖြစ်ပါသည်။ သို့ရာတွင်သူတို့သည် ဆုတောင်းလျက်စောင့်နေပါဟူသော ထပ်ခါတလဲလဲပြုခဲ့သည့် သတိပေးချက်ကို ဂရုမစိုက်ခဲ့ကြချေ။ အလွန်တည်ငြိမ်၍သိက္ခာရှိသော ၎င်းတို့၏ သခင်ဘုရားသည် နားမလည်နိုင်လောက်အောင် ဝမ်းနည်းပူဆွေးနေကြောင်းမြင် တွေ့ရသဖြင့် ကနဦးတွင်သူတို့စိတ်ပူခဲ့ကြပါသည်။ ကယ်တင်ရှင်၏ပြင်းထန်သော ဟစ်အော်သံများကိုကြားရသောအချိန်တွင် သူတို့ဆုတောင်းခဲ့ကြပါသည်။ မိမိတို့၏ အရှင်ဘုရားသခင်အားစွန့်ပစ်ကြဖို့ သူတို့မရည်ရွယ်ခဲ့ကြသော်လည်း၊ ဘုရားသခင် ထံဆက်လက်ဆုတောင်းခဲ့မည်ဆိုလျှင် မိမိတို့ဖယ်ရှားနိုင်လိမ့်မည်ဖြစ်သော အသိ ဥာဏ်ကင်းမဲ့မှုတစ်ခုကြောင့် အမှားမှားအယွင်းယွင်းပြုလုပ်မိခဲ့ကြပါသည်။ စုံစမ်းခြင်း ကိုတွန်းလှန်နိုင်ရန်အလိုငှာ စိတ်အားထက်သန်စွာဆုတောင်းလျက် စောင့်စားခြင်း သည် အဓိကကျကြောင်းကို သူတို့မသိမြင်ခဲ့ကြချေ။

         ဂေသရှေမန်ဥယျာဉ်သို့မဝင်လာမီကလေးတွင်ပင် “ယနေ့ညတွင် သင်တို့ ရှိသမျှသည် ငါ့ကြောင့်စိတ်ပျက်ကြလိမ့်မည်” ဟုတပည့်တော်များအား ခရစ်တော် မိန့်တော်မူခဲ့ပြီးဖြစ်ပါသည်။ ထောင်ကျသည်ဖြစ်စေ၊ အသေသတ်ခံရသည်ဖြစ်စေ၊ ကိုယ်တော်ကိုမခွဲခွာပါဟု သူတို့အားလုံးကအာမခံခဲ့ ကြပါသည်။ ၎င်းပြင် ကိုယ်ကို ကိုယ်အထင်ကြီးသည့် သနားစရာကောင်းလှသောပေတရုက ]]ဤသူရှိသမျှတို့ သည် စိတ်ပျက်ကြသော်လည်း အကျွန်ုပ်သည် စိတ်မပျက်ပါ” ဟုအတွန့်တက်ခဲ့ပါ သည်။ မာကု ၁၄း၂၇၊၂၉။ တမန်တော် များသည် ကိုယ့်ကိုကိုယ်ယုံစားခဲ့ကြပါသည်။ သူတို့သည် ခရစ်တော်၏အကြံ ပေးချက်များကိုလိုက်နာခြင်းမရှိကြဘဲ ဘုရားသခင် ကိုမကိုးစားခဲ့ကြချေ။ ထိုကြောင့်ကိုယ်တော်ရှင်သည် သူတို့ထံမှနှစ်သိမ့်စကားများ နှင့် ဆုတောင်းခြင်းများကိုကြားလိုသောအချိန်တွင် သူတို့သည်အိပ်ပျော်နေကြပါ သည်။ ပေတရု ကိုယ်တိုင်အိပ်ပျော်လျက်ရှိခဲ့ပါသည်။

         ခရစ်တော်၏ရင်ခွင်တော်ဝယ်မှေးစက်ခဲ့ဖူးသော ချစ်သားတပည့်တော် ယောဟန်သည်လည်း အိပ်ပျော်လျက်ရှိပါသည်။ အရှင်ဘုရားအပေါ်တွင် ထားရှိ သည့် ယောဟန်၏မေတ္တာသည် သူ့အားမနှိုးထနိုင်တော့ချေ။ သူ၏ စိတ်အားထက် သန်သောဆုတောင်းသံများသည် မချိမဆံ့ဝမ်းနည်းပူဆွေးနေ သောအချိန်တွင် ချစ် သောကယ်တင်ရှင်၏ ဆုတောင်းသံများနှင့်မပေါင်းစပ် နိုင်ခဲ့တော့ချေ။ ၎င်းတို့၏ ယုံ ကြည်ခြင်းကိုခိုင်မြဲစေမည့်အကြောင်း၊ ကယ်တင်ရှင်သည် ညလုံးပေါက်ဆုတောင်း ပေးခဲ့ဖူးပါသည်။ တစ်ချိန်ကယောဟန်နှင့် ယာကုပ်တို့အားမေးတော်မူခဲ့ဖူးသည့် တိုင်း ငါသောက်ရအံ့သောခွက်ကိုသောက် ခြင်းငှာလည်းကောင်း၊ ငါခံသောဗတ္တိဇံ ကိုခံခြင်းငှာလည်းကောင်း သင်တို့သည်တတ်စွမ်းနိုင်သလောဟု ယခုမေးတော်မူ လျှင် အကျွန်ုပ်တို့တတ်စွမ်းနိုင်ပါ၏ဟု သူတို့ဖြေဝံ့ကြတော့မည်မဟုတ်ချေ။ မဿဲ ၂ဝး၂၂။

         တမန်တော်များသည် ခရစ်တော်၏ ခေါ်တော်မူသံကြောင့်လန့်၍နိုးလာခဲ့ ကြသော်လည်း၊ အလွန်ပြင်းထန်သောစိတ်ဒုက္ခရောက်မှုကြောင့် မျက်နှာပုံအသွင် ပြောင်းလဲနေသောကိုယ်တော်ကို သူတို့မမှတ်မိကြချေ။ ထိုအချိန်တွင် ယေရှုက ရှိမုန် သင်သည်အိပ်ပျော်သလော၊ တစ်နာရီခန့်မျှစောင့်ခြင်းငှာမစွမ်း နိုင်သလော၊ စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းလျက်စောင့်နေကြ လော့။ စိတ်ဝိညာဉ်ကား စေတနာစိတ်ရှိငြားသော်လည်း၊ ကိုယ်မူကားအားနည်း သည်ဟု ပေတရုအားမိန့်တော်မူ၏။ ခရစ်တော်သည် တပည့်တော်များ၏အားနည်း မှုများကိုတွေ့မြင်ရသောအခါ ကရုဏာသက်တော်မူခဲ့ ပါသည်။ မိမိအားအပ်နှံကာ အသေသတ်ကြမည့်စုံစမ်းစစ်ဆေးမှုဒဏ်ကို ၎င်းတို့ ခံနိုင်မည်ကို ကိုယ်တော်စိုးရိမ် တော်မူ၏။ သူတို့အား အပြစ်တင်စကားပြောကြားတော်မမူဘဲ စုံစမ်းနှောင့်ယှက်ခြင်း နှင့်ကင်းလွတ်မည်အကြောင်း ဆုတောင်းလျက်စောင့်နေကြလော့ ဟူ၍သာမိန့်တော် မူခဲ့ပါသည်။ ကိုယ်တော်သည် စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခကိုခံစားနေရစဉ်မှာပင် တပည့် တော်များ၏အားနည်းချက်များကို ခွင့်လွှတ်တော်မူခဲ့ပါသည်။ ထိုကြောင့် စိတ်ဝိညာဉ် ကားစေတနာရှိငြားသော်လည်း ကိုယ်မူကားအားနည်းသည်ဟု ပေတရုအားမိန့်တော် မူခဲ့ပါသည်။

         သားတော်ဘုရားသည် လူသားများမခံနိုင်လောက်သော ဒုက္ခဝေဒနာကို တစ်ဖန်ခံစားရတော်မူပြန်သဖြင့် အားနည်းခြင်း၊ မောပန်းခြင်းရှိတော်မူ၏။ ထိုကြောင့် မိမိယခင်နေရင်းနေရာသို့ လေးလံသောခြေလှမ်းများဖြင့် ပြန်လည်ကြွသွားတော်မူခဲ့ ပါသည်။ ခံစားရသောဒုက္ခဝေဒနာသည် ယခင်က ထက်ပင်ပြင်းထန်နေပါသည်။ ]]ပြင်းစွာသောဝေဒနာကိုခံလျက်---ချွေးထွက် တော်မူသည်ကား မြေပေါ်၌ကျ သော သွေးစက်ခဲကဲ့သို့ဖြစ်သတည်း။}} ကုပရု ထင်းရှူးပင်များနှင့်စွန်ပလွံပင်များ သည် ကိုယ်တော်ခံစားရသော ဒုက္ခဝေဒနာများအတွက် စကားမပြောတတ်သော သက်သေခံများဖြစ်ကြပါသည်။ အမှောင်၏အာဏာစက်များနှင့် ယှဉ်ပြိုင်တိုက်လှန် နေရသော ဖန်ဆင်းရှင်အတွက် သဘာ၀တရားကငိုကြွေးနေသည့်နှယ် ထိုအပင် များ၏ အကိုင်းအခက်များမှ ထူထပ်သောနှင်းမှုန်များသည် ယိုင်လဲနေသော ကိုယ် တော်အပေါ်သို့ တစက်စက်ကျလျက်ရှိပါသည်။

         ထိုအချိန်မတိုင်မီကလေးတွင် ခရစ်တော်သည် မိမိအပေါ်ပြင်းထန်စွာ တိုက်ခိုက်လာသောစုံစမ်းခြင်းမုန်တိုင်းကို အာရဇ်ပင်ကဲ့သို့တွန်းလှန်ရန် ရပ်တည် တော်မူခဲ့ပါသည်။ နှလုံးခိုင်မာခြင်း၊ ရန်ငြိုးဖွဲ့ခြင်းနှင့်ကောက်ကျစ် စဉ်းလဲခြင်းများ ဖြင့်ပြည့်၀နေသော နှလုံးသားများသည် အခြေအနေရှုပ်ထွေး အောင်လုပ်နိုင်ဖို့နှင့် ကိုယ်တော်အားလွှမ်းမိုးဖို့အချည်းနှီးကြိုးစားခဲ့ကြပါသည်။ ကိုယ်တော်သည် ဘုရား သခင်၏သားတော်ကဲ့သို့ ဂုဏ်အသရေမြင့်မြတ်စွာ ဖြင့်ရပ်တည်တော်မူခဲ့ပါသည်။ ယခုတွင်မူ ကိုယ်တော်သည်ပြင်းထန်သောမုန် တိုင်းဒဏ်ကြောင့် ကျိုးကြေလျက်ရှိ သောကျူပင်တစ်ပင်နှယ်ဖြစ်နေပါသည်။ ခြေလှမ်းတိုင်းတွင် အမှောင်တန်ခိုးများအ ပေါ်အနိုင်ယူလွှမ်းမိုးခဲ့သော အောင်နိုင်သူတစ်ပါးအဖြစ် အမှုတော်၏အဆုံးပိုင်းသို့ ချဉ်းကပ်ခဲ့ပါသည်။ ဘုန်းတော်ကို ထွန်းလင်းစေခဲ့ပြီး သူတစ်ပါးအနေဖြင့် မိမိသည် ဘုရားသခင်နှင့်တစ်လုံး တစ်၀တည်းရှိသူတစ်ပါးဖြစ်ကြောင်း အခိုင်အမာဖွင့်ဆိုခဲ့ပြီး ဖြစ်ပါသည်။ ကိုယ်တော်သည် ယိမ်းယိုင်မှုမရှိသည့်အသံနေအသံထားမျိုးဖြင့် ဘုရား သခင်၏ ဂုဏ်တော်ကိုချီးမွမ်းတော်မူခဲ့ဖူးပါသည်။ တပည့်တော်များကိုအားပေးစကား

များလည်းပြောခဲ့ဖူးပါသည်။ ယခုအချိန်တွင်မူ ဒုက္ခဆင်းရဲခြင်းကျရောက်မည့်အချိန် သို့ ရောက်လာခဲ့ပေပြီ။ ယခုတွင် ကိုယ်တော်၏အသံကိုအေးချမ်း သောညနေခင်း အချိန်၌ ကြားနေရသော်လည်း အောင်မြင်မှုအတွက်ကြုံးဝါးသော အသံမျိုးမဟုတ် ဘဲ ဒုက္ခဝေဒနာခံစားရသည့်အတွက် ဖြစ်ပေါ်လာသောညည်း တွားသံများသာဖြစ် နေပါသည်။ အကျွန်ုပ်အဖ၊ ဤခွက်ကိုအကျွန်ုပ်မသောက် ဘဲလွန်၍မသွားရလျှင် ကိုယ်တော်အလိုရှိသည်အတိုင်းဖြစ်ပါစေသော်ဟူသော အသံကို ငိုက်မျဉ်းနေသော ထိုတမန်တော်များကြားခဲ့ရပါသည်။

         ထိုကြောင့်တမန်တော်များသည် ကိုယ်တော်ရှင့်ထံသို့သွားကြရန် ကနဦး တွင်စိတ်ကူးခဲ့ကြသော်လည်း၊ ၎င်းတို့အားထိုနေရာ၌ပင်နေ၍ဆုတောင်း နေကြရန် ကိုယ်တော်မိန့်မှာထားသည့်အတွက် ထိုနေရာ၌ပင်စောင့်နေခဲ့ကြ ပါသည်။ သို့သော် ၎င်းတို့ထံသို့ခရစ်တော်ရောက်ရှိလာသောအခါ အိပ်ပျော်နေကြသည်ကိုတွေ့ရပါ သည်။ တပည့်တော်များသည် မိမိအနားသို့လာရောက်ကြပြီး၊ မိမိခံစားနေရသော ဝေဒနာများကိုသက်သာစေကာ မိမိအားလွှမ်းမိုး လုဆဲဖြစ်နေသောအမှောင်ထုကြီး ကိုဖြိုခွင်းရန် ကိုယ်တော်လိုလားတော်မူပါသည်။ သို့ရာတွင် “သူတို့သည်မျက်စိလေး လံသဖြင့်---အဘယ်သို့လျှောက် ရမည်ကိုမသိကြ။” ကိုယ်တော်ရှင်ရောက်ရှိလာ သဖြင့်လန့်နိုးသွားကြပြီး ခရစ် တော်၏မျက်နှာတွင်ပေကျံနေသည့် သွေးနှင့်ရောနေ သည့်ချွေးများကိုမြင်ကြ သောအခါ သူတို့ကြောက်စိတ်ဝင်လာခဲ့ကြပါသည်။ ကိုယ် တော်ရှင်ခံစားနေ ရသောစိတ်ဒုက္ခဝေဒနာများကို သူတို့နားမလည်နိုင်ခဲ့ကြချေ။ “သူသည်လူ မဟုတ်သကဲ့သို့မျက်နှာပျက်ခြင်း၊ လူသားမဟုတ်သကဲ့သို့ အဆင်းအ သရေ ပျက်ခြင်းရှိနေပါသည်။” ဟေရှာ ၅၂း၁၄။

         တစ်ဖန်ခရစ်တော်သည် မိမိနေရာသို့ပြန်သွားပြီး၊ မြေကြီးပေါ်တွင် ပျပ်ဝပ် တော်မူ၏။ ကြီးမားသောအမှောင်ထု၏ ကြောက်မက်ဖွယ်ရာများသည် ကိုယ်တော် အားလွှမ်းမိုးထားပါသည်။ ဒုက္ခဆင်းရဲခြင်းနှင့်ရင်ဆိုင်နေရသော ဤအချိန်အခါတွင် သားတော်ဘုရား၏လူသားဇာတိသည် ကြောက်ရွံ့တုန် လှုပ်လျက်ရှိပါသည်။ ကိုယ် တော်သည်ယခုအချိန်တွင် တပည့်တော်များ၏ ယုံကြည်ခြင်းကိုခိုင်မာစေရန် ဆု တောင်းမပေးတော့ဘဲ စုံစမ်းခြင်းခံရသည့်ဒုက္ခ ဝေဒနာခံစားနေရသော မိမိအသက် ဝိညာဉ်အတွက် ဆုတောင်းနေပါသည်။ ကမ္ဘာသူကမ္ဘာသားအားလုံး၏ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် ကြောက်လန့်ဖွယ်ရာကောင်းသည့် အချိန်အခါသည် ရောက် လာခဲ့ပေပြီ။ ချိန်ခွင်ကြီးထဲတွင် လူသားများ၏ကံကြမ္မာသည် ယိမ်းယိုင်တုန်လှုပ်နေပါ သည်။ ခရစ်တော်သည် ဒုစရိုက်ကျူးလွန်သောလူသားများ၏အငန်းအတာဖြစ်သော ထိုခွက်ကိုမသောက် ရန်ငြင်းဆိုမည်ဆိုလျှင် ငြင်းဆိုနိုင်ပါသည်။ ငြင်းဆိုဖို့အချိန် နောက်မကျသေးပါ။ မိမိ၏မျက်နှာပေါ်မှသွေးနှင့်ရောနေသော ချွေးများကို သုတ်ပစ် ကာ ကိုယ့်အပြစ်နှင့်ကိုယ်ခံဆိုပြီး၊ လူသားများကိုစွန့်ထားခဲ့မည်ဆိုလျှင်လည်း စွန့်နိုင် သည့် အခြေတွင်ရှိပါသည်။ ပညတ်တော်ကျူးလွန်သူများသည် မိမိ၏အပြစ်အခကို ကိုယ်တိုင်ခံစေ၊ ငါမူကား၊ ငါ့အဖခမည်းတော်သို့ပြန်သွားတော်မူမည် ဟူ၍လည်း ကိုယ်တော်ပြောဆိုမည်ဆိုလျှင် ပြောဆိုနိုင်ပါသည်။ ခါးသီးသော ဤခွက်ဖလားကို သားတော်ဘုရားသောက်လိမ့်မည်လား၊ အပြစ်မဲ့သောကိုယ်တော်သည် အပြစ်သား များကိုကယ်တင်ရန် အပြစ်၏အကျိုးအပြစ်ကိုခံစား တော်မူမည်လား။ ခရစ်တော်၏ ဖြူရော်နေသောနှုတ်ခမ်းများမှ တုန်တုန်ယင်ယင် ဖြင့်ထွက်ပေါ်လာသော စကားသံ မှာ “အကျွန်ုပ်အဖ၊ ဤခွက်ကိုအကျွန်ုပ် မသောက်ဘဲလွန်၍မသွားရလျှင် ကိုယ် တော်အလိုရှိသည်အတိုင်းဖြစ်ပါစေသော်” ဟူ၍ဖြစ်၏။

         ကိုယ်တော်သည် ဤဆုတောင်းချက်ကို သုံးကြိမ်တိုင်တိုင် ပတ္ထနာပြုခဲ့ပါ သည်။ နောက်ဆုံးကျော်လွှားရမည့် အသေသတ်ခံခြင်းကိုရင်ဆိုင်ရမည့် အရေးတွင် ကိုယ်တော်၏လူသားဇာတိသည် သုံးကြိမ်စလုံးတွန့်ဆုတ်တော် မူခဲ့ပါသည်။ သို့ရ တွင် ယခုအချိန်တွင် လူသားမျိုးနွယ်စု၏သမိုင်းစဉ်သည် ကယ်တင်ရှင်၏ရှေ့တော် တွင် ထင်ရှားစွာပေါ်ထွက်လာခဲ့ပါသည်။ ပညတ်တော် ကိုလွန်ကျူးသူများအား စွန့် ပစ်ခဲ့မည်ဆိုလျှင် ၎င်းတို့သည် ပျက်စီးဆုံးရှုံးသွား ကြမည်ဖြစ်ကြောင်းကို ကိုယ်တော် သိတော်မူပါသည်။ လူသားများ၏ခွန်အား နည်းပါးခြင်းကိုလည်းကောင်း၊ အပြစ်တ ရား၏အစွမ်းတန်ခိုးကိုလည်းကောင်း ကိုယ်တော်သိတော်မူပါသည်။ အပြစ်ဒဏ်စီ ရင်ခြင်းခံရသော ကမ္ဘာကြီး၏ဝမ်းနည်းပူဆွေးမှုများသည် ကိုယ်တော်ရှေ့တွင် ပေါ် ထွက်လာပါသည်။ ဤလောကကမ္ဘာကြီးပေါ်သို့ မကြာမီကျရောက်တော့မည့် ကံကြ မ္မာကို ကိုယ်တော်ရှုမြင်တော်မူကာ ထိုကဲ့သို့ဆုံးဖြတ်ချက်ချတော်မူခဲ့ပါသည်။ ခရစ် တော်အနေနှင့် မည်မျှပင်အဖိုးအခပေးရစေကာမူ လူသားများကို ကယ်တင်တော် မူမည်သာဖြစ်ပါသည်။ ကိုယ်တော်သည် မိမိ၏အသွေးတော်၌ ဗတ္တိဇံခံတော်မူခဲ့ပါ သည်။ ထိုသို့သောအားဖြင့် ပျက်စီးခြင်းသို့ရောက်မည့်ဆဲဆဲဖြစ်သော သန်းပေါင်း များစွာသောလူသားများသည် ထာ၀ရအသက်ကို ရရှိနိုင်ကြမည်ဖြစ်ပါသည်။ လူ သားများကိုကယ်တင်နိုင်ရန် အရာရာတိုင်း၌သန့်ရှင်းခြင်း၊ ပျော်ရွှင်ခြင်း၊ ဘုန်းတန် ခိုးတော်နှင့်ပြည့်၀ခြင်းများနှင့် ပြည့်စုံတော်မူသော ကောင်းကင်ရွှေ နန်းကိုစွန့်ခွာခဲ့ရ ပါသည်။ ကိုယ်တော်သည် မိမိအမှုတော်မှကျောခိုင်းလိမ့်မည် မဟုတ်သည့်အပြင် အပြစ်ပြုလိုသောလူသားများ၏ အပြစ်ဖြေရာပုဂ္ဂိုလ်တစ်ပါးဖြစ်လာလိမ့်မည်။ ယခု တွင် ဘုရားသခင်ထံတော်၌လုံးလုံးအပ်နှံသည့် အနေဖြင့် ဤခွက်ကိုအကျွန်ုပ်မ သောက်ဘဲလွန်၍မသွားရလျှင် ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ခရစ်တော်ဆုတောင်းခဲ့ပါသည်။

         ကိုယ်တော်သည် ဆုံးဖြတ်ချက်ချလိုက်သောအချိန်တွင် တစ်ပိုင်းတစ်စမတ် တတ်ရပ်နေသည့်အနေအထားမှ လူသေကောင်တစ်ဦးကဲ့သို့ မြေကြီးပေါ် သို့လဲကျ သွားခဲ့ပါသည်။ ခွန်အားနည်းလျက်လဲကျသွားသည့် ကိုယ်တော်ရှင်၏ ဦးခေါင်း အောက်မှလက်ဖြင့်ဖေးမထားရန် အတွက်သော်လည်းကောင်း၊ လူသားမဟုတ်သ ကဲ့သို့ အဆင်းအသရေပျက်လျက်ရှိသော ကိုယ်တော်၏မျက်နှာတော်အား လေမှုတ် ပေးရန်အတွက်သော်လည်းကောင်း တပည့်တော်များသည် ယခုမည်သည့်နေရာ တွင် ရောက်ရှိနေကြပါသနည်း။ ကယ်တင်ရှင်သည် စပျစ်သီးနယ်ရာကျင်းတွင် မည် သည့်တပည့်တော်မျှမပါဘဲ တစ်ပါးတည်း စပျစ်သီးနယ်ခဲ့ရပါသည်။

         သို့ရာတွင် ထာ၀ရဘုရားသခင်သည် သားတော်နှင့်အတူမျှဝေခံစားတော် မူခဲ့ပါသည်။ ခရစ်တော်ခံစားနေရသော ဒုက္ခဝေဒနာကို ကောင်းကင်တမန်များက လည်း ကြည့်ရှုနေကြရာ စာတန်၏ထောင်ပေါင်းများစွာသော အင်အားစုများသည် ကိုယ်တော်အား ဝန်းရံထားကြောင်းကိုလည်းကောင်း၊ ကိုယ်တော်၏ လူသားဘ၀ တွင် အလွန့်အလွန် စိုးရိမ်ကြောက်ရွံ့သော စိတ်များဖိစီးနေကြောင်းကိုလည်း ကောင်း တွေ့မြင်ကြရပါသည်။ ကောင်းကင်နိုင်ငံတွင်မူတိတ်ဆိတ် နေပါသည်။ မည်သည့်စောင်းသံကိုမျှမကြားရချေ။ ချစ်လှစွာသောသားတော် ထံမှအလင်းတော် များ၊ ချစ်ခြင်းမေတ္တာနှင့် ဘုန်းရောင်ခြည်များကို ချစ်လှစွာသောသားတော်ထံမှဖြတ် တောက်လျက်ရှိသော ခမည်းတော်ဘုရားကို ဝမ်းနည်းတိတ်ဆိတ်စွာဖြင့် စောင့်စား ကြည့်ရှုနေကြသော ကောင်းကင်တမန်များ၏ အံ့ဩတွေဝေမှုကို လူသားများတွေ့ မြင်နိုင်ကြမည်ဆိုလျှင် ဘုရားသခင်၏မျက်မှောက် တော်ဝယ် အပြစ်တရားသည် မည်မျှစက်ဆုပ်ရွံရှာဖွယ်ကောင်းကြောင်း၊ သူတို့ သာ၍ နားလည်လာကြပါလိမ့်မည်။

         ထိုတိုက်လှန်ပွဲကြီးသည် အဆုံးသို့တဖြည်းဖြည်း ရောက်ရှိလာသည်နှင့်အမျှ မကျဆုံးသေးသော အခြားကမ္ဘာများနှင့်တကွ ကောင်းကင်နိုင်ငံမှ ကောင်းကင်တမန် များက အလွန်စိတ်ဝင်စားစွာဖြင့်စောင့်ကြည့်နေကြပါသည်။ စာတန်နှင့်တကွ ၎င်း၏ အယူဖောက်ပြန်သောအပေါင်းအပါများသည်လည်း ကယ်တင်ခြင်းလုပ်ငန်းစဉ်မှအ ရေးကြီးသော ဤဖြစ်ရပ်ကြီးကိုစိတ်ဝင်စား ကြည့်ရှုနေကြပါသည်။ အကောင်းနှင့် ဆိုးတို့၏တန်ခိုးရှင်များသည် သုံးကြိမ်တိုင်တိုင်ပတ္ထနာပြုခဲ့သည့် ခရစ်တော်၏ ထိုဆု တောင်းချက်အတွက် မည်သည့်အဖြေများ ထွက်ပေါ်လာမည်ကိုကြည့်ရန် စောင့်စား နေကြပါသည်။ ကောင်းကင်တမန်များသည် ဒုက္ခဝေဒနာခံစားနေရသော ၎င်းတို့၏ သခင်အား လုပ်ကျွေးပြုစုလိုကြသော်လည်း ပြုစုခွင့်မရရှိကြချေ။ ကယ်တင်ရှင်အ တွက် လွတ်မြောက်နိုင်သည့်နည်းလမ်းတစ်ခုကိုမျှ သူတို့မတွေ့ရှိခဲ့ကြချေ။ အလွန့် အလွန်အရေးကြီးနေသော ဤအချိန်အခါတွင် ခပ်သိမ်းသောအရာများသည် မည် သို့ဖြစ်လိမ့်မည်ဟုမသေချာမရေရာဘဲ ထိုခွက်သည် ကိုယ်တော်ရှင်၏လက်တော် ဝယ် လှုပ်ရှားတိမ်းစောင်းနေသော အခြေအနေမျိုးတွင် ကောင်းကင်တံခါးပွင့်လာ ကာ ဘုရားသခင်၏ရှေ့တော်တွင် ခစားရသောစာတန်ကျဆုံးပြီးနောက် ၎င်း၏ နေရာကိုရရှိထားသည့် ခွန်အားကြီးသောကောင်းကင်တမန်သည် ခရစ်တော်နံဘေး သို့ ဆင်းသက်ရောက်ရှိလာခဲ့ပါသည်။ သူသည် ခရစ်တော်၏လက်ထဲမှခွက်ဖလား ကို ယူပစ်ရန်လာခဲ့ခြင်းမဟုတ်ဘဲ အဖဘုရားသခင်ကချစ်တော် မူလျက်ရှိကြောင်း အာမခံလျက် ထိုခွက်ကိုသောက်ဖို့အားပေးရန် ရောက်လာခဲ့ခြင်းဖြစ်ပါသည်။ သူ သည်အသနားခံနေသော ဘုရားဇာတိနှင့်လူသားဇာတိ ရောယှက်ထားသည့် ခရစ် တော်အား တန်ခိုးခွန်အားပေးရန်ကြွလာခဲ့ပါသည်။ ပွင့်နေသောကောင်းကင်တံခါး ကိုညွှန်ပြကာ ကိုယ်တော်၏ အသေသတ်ခံခြင်းကြောင့် ကယ်တင်ခြင်းခံကြရမည့် အသက်ဝိညာဉ်များအကြောင်းကို လျှောက်ထားတော်မူပါသည်။ ခမည်းတော်ဘုရား သခင်သည် စာတန်ထက်တန်ခိုးကြီး တော်မူကြောင်းကိုလည်းကောင်း၊ ကိုယ်တော် အသေခံတော်မူခြင်းသည် စာတန်အားအရှုံးနှင့်ရင်ဆိုင်စေမည်ဖြစ်ကြောင်းကို လည်းကောင်း၊ ဤလောက၏လက်တွင် ပေးလိမ့်မည်ဖြစ်ကြောင်းကိုလည်းကောင်း ထိုကောင်းကင်တမန်က ကိုယ်တော်ရှင်အားလျှောက်ထားပါသည်။ ကိုယ်တော်သည် ပြင်းထန်သောဝေဒနာ ကိုခံစားနေရသော်လည်း နှစ်သိမ့်မှုကိုရရှိလိမ့်မည်ဖြစ် ကြောင်း၊ အကြောင်းမူကား၊ များပြားလှစွာသောလူသားမျိုးနွယ်များသည် ထာ၀ရ ကာလတိုင်ကယ်တင်ခြင်းခံရသည်ကို ကိုယ်တော်မြင်တွေ့ရလိမ့်မည်ဖြစ်ကြောင်း များကို လျှောက်ထားတော်မူပါသည်။

         ခရစ်တော်ခံစားနေရသောဒုက္ခဝေဒနာသည် ရပ်တန့်သွားခြင်းမရှိသော် လည်း စိတ်အားလျော့ခြင်းနှင့်စိတ်ဓာတ်ကျခြင်းများမှာ သက်သာသွားခဲ့ပါသည်။ ထိုမုန်တိုင်းသည် နည်းနည်းကလေးမှ စဲသွားခြင်းမရှိသော်လည်း  ထိုတိုက်လှန်ပွဲ၏ ပစ်မှတ်ဖြစ်သော ကိုယ်တော်အားမုန်တိုင်းဒဏ်ခံနိုင်အောင် အားဖြည့်ပေးခြင်းသာ ဖြစ်ပါသည်။ ထိုနောက် ကိုယ်တော်သည် တည်ကြည်ငြိမ်သက်စွာဖြင့် ပျပ်ဝပ်နေရာ မှထလာခဲ့ရာ သွေးစွန်းနေသောမျက်နှာတော်ထက်ဝယ် ကောင်းကင်နိုင်ငံတော်၏ ငြိမ်သက်ခြင်းတန်ခိုးများ ကျရောက်နေခဲ့ပါသည်။ မည်သည့်လူသားမှ ယူတင်ဝတ် ဆောင်နိုင်ခြင်းမရှိသောဝန်ကို ကိုယ်တော်ယူတင်ဝတ်ဆောင်တော်မူခဲ့ပါသည်။ လူ သားတစ်ဦးစီတို့အတွက် ကိုယ်တော်သည် သေခြင်းဝေဒနာကိုမြည်းစမ်းတော်မူခဲ့ရပါ သည်။

         အိပ်ပျော်နေသော ထိုတမန်တော်များသည် ကယ်တင်ရှင်၏ကွန့်မြူး နေ သော အလင်းတော်ကြောင့်လန့်နိုးလာကြပြီး နွမ်းလျနေသောကိုယ်တော်အား၊ ထို ကောင်းကင်တမန်သည် တိုးလျှိုးခစားနေသည်ကိုလည်းကောင်း၊ ၎င်း၏ ရင်ခွင်ထဲ ဝယ် ကိုယ်တော်၏ဦးခေါင်းအား ဖေးမထားကာ ကောင်းကင်သို့ညြွှန်နေသည်ကို လည်းကောင်း သူတို့တွေ့မြင်ခဲ့ကြရပါသည်။ ၎င်းပြင် နှစ်သိမ့်စကားများနှင့် မျှော် လင့်ချက်စကားများကို အလွန်ချိုသာလှသောအသံဖြင့် ပြောဆိုလျှောက်ထားနေ သည်ကိုလည်း သူတို့ကြားခဲ့ရပါသည်။ ထိုမြင်ကွင်းကို တွေ့မြင်ရသောအခါ တောင် ပေါ်တွင် ဘုန်းရောင်ခြည်တော်များ တောက်ပခဲ့သည့်မြင်ကွင်းကို သူတို့ပြန်လည်သ တိရလာခဲ့ကြပါသည်။ ဗိမာန်တော်ထဲတွင် ကိုယ်တော်၏ပတ်လည်၌ ထွန်းတောက် ခဲ့သည့် ဘုန်းတန်ခိုးရောင်ခြည်များနှင့် မိုးတိမ်ထဲမှထွက်ပေါ်လာသောဘုရားသခင်၏ အသံတော်ကို သူတို့သတိရအောက်မေ့ခဲ့ကြပါသည်။ ယခုတွင် ထိုဘုန်းတော်ကိုတစ် ဖန်ထွန်းလင်းစေတော်မူခဲ့သဖြင့် မိမိတို့၏အရှင်ဘုရားအတွက် သူတို့စိုးရိမ်စရာမရှိ တော့ချေ။ ကိုယ်တော်သည် ဘုရားသခင်၏ စောင့်ရှောက်မှုအောက်တွင်ရှိနေပါ သည်။ ထာ၀ရဘုရားသည် ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးကို ကိုယ် တော်အားကာကွယ်စောင့်ရှောက်ရန် စေလွှတ်တော်မူထားပါသည်။ တမန်တော်များ မှာမူ ၎င်းတို့ခံစားရသော မောပန်းနွမ်းနယ်မှုကြောင့် မျက်စိလေးလံသဖြင့် အိပ်ပျော် သွားကြသည်ကို ခရစ်တော်တစ်ဖန်တွေ့တော်မူခဲ့ရပါသည်။

         ထိုနောက် တပည့်တော်များကိုဝမ်းနည်းစွာဖြင့်ကြည့်တော်မူပြီး၊ “ယခု အိပ် ပျော်၍ငြိမ်ဝပ်စွာနေကြလော့၊ လူသားကိုဆိုးသောသူတို့လက်သို့အပ်နှံ သောအချိန် ရောက်လာပြီ” ဟုမိန့်တော်မူ၏။

         ထိုကဲ့သို့မိန့်တော်မူနေစဉ်တွင် ကိုယ်တော်ရှင်အား ရှာဖွေနေကြသော လူ အုပ်ကြီး၏ခြေသံများကို ကြားတော်မူသဖြင့် “ထကြ၊ ငါတို့သည်သွားကြကုန်အံ့၊ ငါ့ ကိုအပ်နှံသောသူသည်ရောက်လာပြီ” ဟု ကိုယ်တော်မိန့်တော်မူ၏။

         ခရစ်တော်သည် မိမိအားအပ်နှံမည့်သူနှင့်ရင်ဆိုင်ရန် ရှေ့သို့တိုးသွားသော အချိန်တွင် ကိုယ်တော်၌ယခင်ကခံစားရသော မည်သည့်ဒုက္ခဝေဒနာ၏ အရိပ်အ ယောင်ကိုမျှမတွေ့ရချေ။ ကိုယ်တော်သည် တပည့်တော်များ၏အရှေ့ မှ မိမိထံသို့ လာနေသော ထိုသူတို့ဆီသို့သွား၍ အဘယ်သူကိုရှာကြသနည်း ဟုမေးတော်မူရာ နာဇရက်မြို့သားယေရှုကိုရှာကြသည်ဟုဆိုလျှင် ယေရှုက ငါသည်ထိုသူဖြစ်၏ဟု မိန့် တော်မူ၏။ ဤစကားများကိုပြောဆိုနေကြစဉ်တွင် မကြာမီကကိုယ်တော်ရှင်အား လုပ်အကျွေးပြုခဲ့သောကောင်းကင်တမန်သည် ယေရှုနှင့်ထိုလူအုပ်ကြီးအကြားတွင် နေရာယူလိုက်ပါသည်။ ကြီးမြတ်သော အလင်းတော်တစ်ခုသည် ကိုယ်တော်၏ မျက် နှာတော်ဝယ်ထွန်းလင်းလျက်ရှိ ပြီး ချိုးငှက်သဏ္ဌာန်အရာတစ်ခုသည် ကိုယ်တော် အား ကာကွယ်ထားပါသည်။ ဘုရားသခင်၏ ဘုန်းတော်ထွန်းလင်းသော နေရာတွင် လူသတ်ရန်စိတ်ပြင်းထန် နေသည့်ထိုလူအုပ်ကြီး တစ်ခဏမျှပင်မရပ်တည်နိုင်ခဲ့ချေ။ သူတို့အားလုံးနောက် သို့ဆုတ်ပြေးကြပြီး၊ ယုဒရှကာရုတ်ကိုယ်တိုင်မှ အစယဇ်ပုရော ဟိတ်များ၊ ယုဒလူအကြီးအကဲများနှင့်ရောမစစ်သားများသည် အသေကောင်များ နှယ်မြေပေါ်သို့ လဲကျကုန်ကြပါသည်။

         ထိုကောင်းကင်တမန် ဆုတ်ခွာသွားသောအချိန်တွင် ထွန်းတောက်နေ သော ဘုန်းရောင်ခြည်သည်လည်း ပျောက်ကွယ်သွားခဲ့ပါသည်။ ခရစ်တော်သည် ထွက်ပြေးလွတ်မြောက်ရန် အခွင့်သာခဲ့သော်လည်း ကိုယ်တော်သည်စိတ်တည်ငြိမ် အေးချမ်းစွာဖြင့် ဆက်လက်တည်ရှိတော်မူခဲ့ပါသည်။ ကိုယ်တော်သည် ဘုန်းထွန်း တောက်သောသူတစ်ပါးကဲ့သို့ ကြမ်းတမ်းသောထိုလူအုပ်ကြီးအလယ်တွင် ရပ်တည် ခဲ့သော်လည်း ယခုတွင်မူခွန်အားမဲ့သူတစ်ဦးကဲ့သို့ မိမိခြေအစုံပေါ်တွင် ပျပ်ဝပ် လျက်ရှိနေပါသည်။ ထိုတမန်တော်များသည် အံ့ဩကြောက်ရွံ့စွာဖြင့် တိတ်ဆိတ် လျက် ထိုမြင်ကွင်းကိုဆက်လက် ကြည့်ရှုနေကြပါသည်။

         အခြေအနေသည် လျင်မြန်စွာပြောင်းလဲသွားပါသည်။ လူအုပ်ကြီးသည် ရုတ်တရက်ထလာပြီး၊ ရောမစစ်သားများ၊ ယဇ်ပုရောဟိတ်များနှင့် ယုဒရှကာရုတ် တို့သည် ခရစ်တော်ကိုဝိုင်းထားလိုက်ကြပါသည်။ သူတို့သည်  မိမိတို့၏အားနည်း ချက်များအတွက် ရှက်ရွံ့နေပုံပေါ်ပြီး၊ ကိုယ်တော်ရှင်ထွက် ပြေးလွတ်မြောက်သွား မည်ကိုလည်း စိုးရိမ်နေပုံပေါ်နေပါသည်။ ယခုတစ်ဖန် ကိုယ်တော်က အဘယ်သူကို ရှာကြသနည်းဟုထပ်မံ၍ မေးတော်မူလိုက်ပါသည်။ ၎င်းတို့ရှေ့တွင်မတ်တတ်ရပ်နေ သောသူသည် ဘုရားသခင်၏သားတော်ဖြစ် ကြောင်းထင်ရှားနေသော်လည်း သူတို့ သည်သဘောမပေါက်ကြသေးချေ။ ထိုကြောင့် အဘယ်သူကိုရှာကြသနည်းဟု နောက်ထပ်တစ်ဖန်မေးတော်မူသည်ကို နာဇရက်သားယေရှုကိုရှာကြသည်ဟု ပြန် ဖြေခဲ့ကြပါသည်။ ထိုအခါ ကိုယ်တော်က တပည့်တော်များကိုညွှန်ပြကာ ငါသည် ထို သူဖြစ်၏ဟုငါပြောပြီ။ သို့ဖြစ်၍ ငါ့ကိုရှာလျှင် ဤသူတို့ကိုသွားပါလေစေဟု မိန့်တော် မူခဲ့ပါသည်။ ၎င်းတို့၏ယုံကြည်ခြင်းသည် မည်မျှအားနည်းကြောင်း ကိုယ်တော်သိရှိ တော်မူသဖြင့် စုံစမ်းနှောင့်ယှက်ခြင်းမှ ၎င်းတို့အားကြိုးစား၍ကာကွယ် တော်မူခဲ့ပါ သည်။ ကိုယ်တော်သည် ၎င်းတို့အကျိုးအလိုငှာ မိမိကိုယ်ကို ဆက်ကပ်ပူဇော်ရန် သင့်ရှိတော်မူပါသည်။

         ယုဒသည် မိမိလုပ်ဆောင်ရမည့်ကဏ္ဍကို မမေ့လျော့ခဲ့ချေ။ ထိုလူအုပ်ကြီး သည် ဥယျာဉ်ထဲသို့ဝင်ရောက်လာသောအချိန်တွင် သူသည်ယဇ်ပုရောဟိတ် မင်း ကြီး၏ နောက်နားမှကပ်၍လိုက်လာပြီး လမ်းပြလုပ်ခဲ့ပါသည်။ ခရစ်တော်အားရှာဖွေ နေသူများကို ၎င်းကအချက်ပြ၍ “ငါနမ်းသောသူသည် ယေရှုပင်ဖြစ်၏။ သူ့ကိုဖမ်း ကြ” ဟုပြောဆိုခဲ့ပါသည်။ မဿဲ ၂၆း၄၈။ ယခုတွင် သူသည် ထိုအဖွဲ့နှင့်မပတ်သက် သလိုလိုဟန်ဆောင်ကာ ခရစ်တော်၏အပါး သို့ချဉ်းကပ်လာကာ ရင်းနှီးသောမိတ် ဆွေတစ်ဦးကဲ့သို့ ကိုယ်တော်၏လက် ကိုဖမ်းကိုင်လိုက်ပါသည်။ ထိုနောက် အရှင် ဘုရားမင်္ဂလာရှိပါစေသော်ဟု ဆိုလျက် ကျရောက်မည့်အန္တရာယ်အတွက် ကိုယ် တော်ရှင်အားကိုယ်ချင်းစာနာ ကာငိုကြွေးသည့်ပုံစံမျိုးဖြင့်အထပ်ထပ်နမ်းရှုပ်လေ၏။

         ယေရှုကလည်းအဆွေ၊ အဘယ်အခင်းရှိ၍လာသနည်းဟု ၎င်းအားမေး တော်မူပြီး၊ ယုဒ- သင်သည်နမ်းခြင်းကိုပြုလျက် လူသားကိုအပ်နှံသလောဟု ဝမ်း နည်းသောအသံဖြင့် ထပ်လောင်းမေးမြန်းတော်မူခဲ့ပါသည်။ ဤအမေးကလေးသည် ယုဒ၏ဩတ္တပ္ပစိတ်တွင်ပြန်၍ အသိတရားဝင်လာစေသင့်ပြီး၊ မာကျောသော၎င်း၏ နှလုံးသားအား ပျော့ပျောင်းသွားစေသင့်ပါသော်လည်း ရိုသေကိုင်းရှိုင်းခြင်း၊ ရိုးသား ဖြောင့်မတ်ခြင်းနှင့်နူးညံ့သိမ်မွေ့ခြင်းများသည် ၎င်း၏နှလုံးသားတွင်ပျောက်ကွယ် လျက်ရှိချေပြီ။ အလျော့ပေးမည့် မည်သည့်အမူအရာကိုမျှမပြဘဲ အတင့်ရဲသော အာခံမှုအပြည့်ဖြင့် သူရပ်တည်ခဲ့ပါသည်။ သူသည် မိမိကိုယ်ကိုစာတန်၏ လက်၌ အပ်နှံထားပြီးဖြစ်သဖြင့် ထိုအမှောင်ဘုရင်ကိုတွန်းလှန်ရန် မည်သည့်တန်ခိုးမျှ မရှိ တော့ချေ။ သို့ရာတွင်ခရစ်တော်သည် ထိုသစ္စာဖောက်၏အနမ်းကို မငြင်းပယ်ခဲ့ပါ ချေ။

         မကြာသေးမီအချိန်ကမှ မိမိတို့၏မျက်စိအောက်တွင် ဘုန်းထွန်းလင်း ခဲ့ သောကိုယ်တော်ကို ယုဒကဖက်ယမ်းနမ်းရှုပ်နေသည်ကို မြင်ရသောလူအုပ်ကြီး သည် ပို၍အတင့်ရဲလာကာ ခရစ်တော်ကိုဖမ်းဆီးချုပ်နှောင်ပြီး လူသားများအား ကောင်းကျိုးပြုရာတွင် အသုံးပြုတော်မူခဲ့သော နူးညံ့သည့်လက်တော်များကို ကြိုးနှင့် ချည်နှောင်လိုက်ကြပါသည်။

         မိမိတို့၏သခင်သည် အဖမ်းခံရလိမ့်မည်မဟုတ်ဟု ထိုတမန်တော်များက ထင်ခဲ့ကြပါသည်။ အကြောင်းမူကား ထိုလူအုပ်ကြီးအား လူသေကဲ့သို့ ဖြစ်စေခဲ့သော ထိုတန်ခိုးတော်မျိုးကို ပိုင်ဆိုင်ထားသည့်ကိုယ်တော်သည် မိမိတို့အားလုံးထွက်ပြေး လွတ်မြောက်သွားသည်အထိ ထိုသူများအား ဟန့်တားနိုင်သည်ဟု ၎င်းတို့ယုံကြည် ခဲ့ကြခြင်းကြောင့်ဖြစ်ပါသည်။ မိမိတို့ချစ်ခင်မြတ်နိုးသော ကိုယ်တော်၏လက်များကို ချည်နှောင်ရန် ယူလာခဲ့သောကြိုးများကို တွေ့သောအခါ သူတို့စိတ်ပျက်သွားကြပြီး ဒေါသလည်းထွက်ခဲ့ကြပါသည်။ ပေတရုသည် ၎င်း၏သခင်အားကာကွယ်ရန် ဓားကို ထုတ်၍ခုတ်လိုက်ရာ ယဇ်ပုရောဟိတ်မင်းကြီး၏ ကျွန်တစ်ယောက်၏ နားရွက်ပြတ် သွားခဲ့ပါသည်။ ထိုအခြင်းအရာကိုယေရှုမြင်တော်မူလျှင် ရောမစစ်သားများကအ တင်းအကျပ်ချုပ်ထားသော မိမိ၏လက်တော်ကိုဆွဲယူလိုက်ပြီး “တန်စေ” ဟုမိန့် တော်မူလျက် နားရွက်ကိုလက်တော်နှင့်တို့ကာ အနာပျောက်ကင်းစေတော်မူခဲ့ပါ သည်။ ထိုနောက် ပေတရုဘက်သို့လှည့်တော်မူလိုက်ပြီး သင့်ဓားကိုသူ့နေရာ၌ပြန် ထားလော့။ ဓားကိုကိုင်သောသူရှိသမျှတို့သည် ဓားဖြင့်ဆုံးခြင်းသို့ရောက်ကြလိမ့် မည်။ ယခုပင်ငါ့အဖကို ငါတောင်းနိုင်သည်ကိုလည်းကောင်း၊ တောင်းလျှင် ကောင်း ကင်တမန်တစ်ဆယ့်နှစ်တပ်မက ငါ့ထံသို့စေလွှတ်တော်မူမည် ကိုလည်းကောင်း သင်သည်မထင်သလောဟုမိန့်တော်မူ၏။ ကောင်းကင်တမန် တပ်တစ်တပ်သည် တမန်တော်တစ်ပါးစီကိုကိုယ်စားပြုသည့်အနေဖြင့် မိန့် ဆိုလိုက်ခြင်းဖြစ်ပါသည်။ ကိုယ်တော်သည် မိမိကိုယ်တိုင်နှင့်ကျွန်ုပ်တို့အတွက် အဘယ်ကြောင့်မကယ်တင်ခဲ့ သနည်းဟု သူတို့စဉ်းစားလာကြပါသည်။ ၎င်းတို့စဉ်းစားခန်းထုတ်နေသည့် ထိုမေး ခွန်းကို အဖြေပေးသည့်အနေဖြင့် “သို့ဖြစ် လျှင် ဤသို့သောအမှုအရာတို့သည် ဖြစ် ရမည်ဟူသောကျမ်းစာချက်သည် အဘယ်သို့ပြည့်စုံအံ့နည်း” “ခမည်းတော်သည် ငါ့အားပေးတော်မူသောခွက်ကို ငါမသောက်ရာသလော” ဟုမိန့်တော်မူ၏။

         ဂုဏ်အသရေရှိသော ယုဒခေါင်းဆောင်များသည် ခရစ်တော်ကိုရှာဖွေဖမ်း ဆီးခြင်းအမှုတွင် ၎င်းတို့ကိုယ်တိုင် ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါသည်။ ကိုယ်တော် အား ဖမ်းဆီးခြင်းအမှုသည် လက်အောက်ငယ်သားများနှင့် လွှဲထားခြင်းငှာ မသင့် လျော်လောက်အောင် အလွန်အရေးကြီးသောကိစ္စတစ်ခုဖြစ်ပါသည်။ ထိုကြောင့် စဉ်းလဲသော ယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီးအကဲများသည်  ဂေသရှေမန် သို့ဦးတည်သွားနေသော ယုဒ၏နောက်မှလိုက်ပါလျက်ရှိသော ဗိမာန်တော်အစောင့် တပ်များအပါအဝင် လူအုပ်ကြီးများနှင့်ပူးပေါင်းခဲ့ကြပါ သည်။ တောသားရဲတစ် ကောင်ကိုလိုက်လံချောင်းမြောင်းသည့်အလား၊ လက်နက် ခဲယမ်းအမျိုးမျိုးကိုဆွဲကိုင် လျက် စိတ်လှုပ်ရှားနေသောလူအုပ်ကြီးနှင့်ပူးပေါင်းရန် ဤအာဏာပိုင်များသည် မိတ်ဆွေဖွဲ့ခဲ့ကြပါသည်တကား။---

         ထိုယဇ်ပုရောဟိတ်များနှင့် ယုဒအကြီးအကဲများအား စူးစိုက်စွာကြည့်ရှု တော်မူ၍ မိန့်တော်မူခဲ့သောစကားများကို ၎င်းတို့အနေဖြင့် တစ်သက်လုံးမေ့ ပျောက်နိုင်ကြလိမ့်မည်မဟုတ်ချေ။ “သင်တို့သည် ဓားနှင့်တုတ်များကို ကိုင် ဆောင်ကာ သူခိုး၊ ဓားပြကိုဖမ်းသည့်နှယ်ငါ့ထံသို့လာကြ၏။ ငါသည်နေ့စဉ် နေ့ တိုင်းဗိမာန်တော်တွင် တရားဟောသွန်သင်ခြင်းငှာထိုင်ခဲ့၏။ ထိုအချိန်များ တွင် သင်တို့သည် ငါ့ကိုဖမ်းဆီးခြင်းငှာအခွင့်သာသော်လည်း မဖမ်းဆီးခဲ့ကြ။” “သို့ သော်လည်း ယခုအချိန်ကားသင်တို့အချိန်ဖြစ်၏။ မှောင်မိုက်တန်ခိုး လည်းဖြစ်၏” ဟူသောဘုရားသခင်ထံမှဆင်းလာသည့် ချွန်ထက်သောမြားများနှင့်တူသည့် ထို စကားများကို သိက္ခာသမာဓိပြည့်စုံစွာဖြင့် ကိုယ်တော်မိန့် မြွက်တော်မူပါသည်။

         သခင်ယေရှုသည် မိမိအားဖမ်းဆီးချုပ်နှောင်ခြင်းကို ခွင့်ပြုနေသည်ကိုမြင်ရ သောတမန်တော်များသည် ကြောက်လန့်စိတ်များပေါ်လာကြပါသည်။ ထိုကဲ့သို့ ကိုယ်တော်အညံ့ခံလိုက်ခြင်းအတွက် သူတို့စိတ်ပျက်ခဲ့ကြရပါသည်။ ကိုယ်တော်၏ လုပ်ကိုင်ဆောင်ရွက်ပုံများကို သူတို့နားမလည်ခဲ့ကြဘဲ ထိုသို့ အဖမ်းခံလိုက်ခြင်း တွက် ကိုယ်တော်အားအပြစ်တင်ခဲ့ကြပါသည်။ ကြောက်ရွံ့စိုးရိမ်စွာဖြင့် အလွတ်ရုန်း ထွက်ပြေးကြရန် ပေတရုကအကြံပေးခဲ့သည့်အတိုင်း “တပည့်တော်အပေါင်းတို့ သည် ကိုယ်တော်ကိုစွန့်ပစ်၍ပြေးကြ၏။” “သင် တို့သည်ကွဲပြား၍ ငါ့ကိုတစ်ကိုယ် တည်းနေစေခြင်းငှာစွန့်ပစ်လျက် အသီးသီးမိမိတို့နေရာသို့ပြေးသွားသည့် အချိန် ကာလသည် လာ၍ယခုပင်ရောက်ပေ၏။  သို့သော်လည်း ငါသည်တစ်ကိုယ်တည်း နေသည်မဟုတ်၊ ခမည်းတော်သည် ငါနှင့်အတူရှိတော်မူ၏” ဟူ၍ ဤအခြင်းအရာ နှင့်ပတ်သက်၍ ခရစ်တော် ကြိုတင်မိန့်မှာထားပြီးဖြစ်ပါသည်။ ယောဟန် ၁၆း၃၂။

 


No comments:

Post a Comment