လွဲမှားသောတွယ်တာမှု
ဒသမပညတ်ချက်
“ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အိမ်ကို
တပ်မက်လိုချင်သော စိတ် မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ မယား
သူ၏ကျွန်ယောက်ျား၊ မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာတစ်စုံတစ်ခုကိုမျှ
တပ်မက်လိုချင်သော စိတ်မရှိစေနှင့်။” (ထွက်မြောက်ရာကျမ်း ၂၀း၁၇)။
ကျွန်ုပ် ၁၄ နှစ်သားအရွယ်လောက်ကဖြစ်မည်။
ထုံးစံအတိုင်းလုပ်စရာများအတွက် သွားလာရင်း
အပျင်းပြေလမ်း လျှောက်ထွက်ဟန်ရှိသော မိန်းမလှလေးတစ်ယောက်နှင့် ဆုံခဲ့ရသည့် ထို နေ့ကအဖြစ်ကိုမမေ့နိုင်ပါ။
ထိုတစ်ခဏမျှကျွန်ုပ်အတွက် အမှတ်တရဖြစ် စေခဲ့သည်က နှစ်လိုဖွယ်သူ့အပြုံး၊
ဟန်ပန်ကျသည့် သူ့ခြေလှမ်းများ မဟုတ်ပါ။ သို့သော် အသံကလေး၊ သာယာစွာ လွှင့်ပျံ့နေခဲ့သော
သူမ၏ လက်ဆွဲရေဒီယိုကလေးမှ သံစဉ်လှိုင်းပင်ဖြစ်ပါသည်။
ချစ်ခြင်းအစမျက်စိကဟု ဆိုကြပါသည်။ ထိုလက်ဆွဲရေဒီယို
ကလေးကို ပိုင်ဆိုင်သူ တစ်ယောက်ဖြစ်လာဖို့က ထိုတစ်ခဏလေး၏ စွဲမက်ခြင်းကြောင့်ဟု
ဝန်ခံရပါမည်။
ယခုလိုတရုပ်ပြည်မှတင်သွင်းပြီး
တစ်ဒေါ်လာလောက်နှင့် စတိုး ဆိုင်လေးတွေမှာ လွယ်လွယ်ကူကူမရနိုင်ခဲ့သော ထိုအခါကဆို၊
မွေးနေ့ လက်ဆောင်၊ ခရစ္စမတ်လက်ဆောင်၊ ဘေးပန်းအလုပ်နှင့် မုန့်ဖိုးစသည် တို့မှ
အတိုင်းအတာတစ်ခုအထိ စုဆောင်းခဲ့ရပါသည်။ နောက်ဆုံး ၄၃ ဒေါ်လာဖြင့် နှစ်သက်ရပါသော
ရေဒီယိုလေးကို ပိုင်ဆိုင်ခွင့်ရခဲ့ပါသည်။
အိမ်သို့ပြန်ရောက်သောအခါ မည်သူမျှမရှိပါ။ ကျွန်ုပ်၏အခန်းထဲ
သို့ဝင်ပြီး အိမ်စာလေ့ကျင့်ခန်းများလုပ်ခဲ့သည်။ စာရေးနေရင်း ကျွန်ုပ် ဘာလုပ်ခဲ့မည်ကို
ခန့်မှန်းနိုင်ပါသည်။ သီချင်းသံနားထောင်ရင်း အိပ်မက် ကမ္ဘာလေးပင် တည်ဆောက်မိသည်။
ထိုနေ့တွင် စိတ်ကြည်နူး ပေါ့ပါး လျက်နှင့်ပင်။
ခဏအကြာရေသောက်ရန် မီးဖိုဆောင်သို့ လှမ်းခဲ့၏။
လက်ဆွဲ ရေဒီယိုလေးလည်း ပါသွားသည်ပေါ့။ “လင်းလိုက်စမ်းပါ ပိုးစုန်းကြူး လေး---
မီးကလေးကို သယ်ဆောင်ပြေး” ရေဒီယိုမှလွှင့်သော ထိုသီချင်း သံလေးနှင့်အတူ
မျက်လုံးများမှာ မှိတ်တစ်ဝက်၊ ခြေဖဝါးကလည်း သီချင်း ၏စည်းချက် Beat ကို လိုက်လျက်၊ လှုပ်ရှားရင်းနှင့် မည်မျှပင် အရှိန် တက်သွားခဲ့သည်မသိပါ။
ကျွန်ုပ်၏ ဘယ်ဘက်ခြေထောက်က စားပွဲခုံ ခြေထောက်နှင့်ချိတ်မိပြီး ကြမ်းပြင်ပေါ်သို့
ဦးစိုက်ထိုးလျက် လက်နှစ်ဖက် လည်း မျက်နှာကို မည်သို့ကာကွယ်လိုက်သည်ကို မသိတော့ပါ။
သို့သော် ရေဒီယိုလေး--အို-အိုး၊ ရေဒီယို လေထဲသို့ပျံထွက်ပြီးမှ ကြမ်းခင်းဖယောင်း ပုဆိုးပေါ်တွင်
အစိတ်စိတ်အမြွှာမြွှာဖြစ်ကာ၊ သီချင်းကလေးလည်း အဆုံး သတ်ခဲ့ရလေတော့၏။
ထိုအခါနှင့်ထိုနေရာတွင် ကျွန်ုပ်ရလိုက်သော သင်ခန်းစာကြီးကို
ဘယ်သောအခါမှ မမေ့နိုင်ပါ။ သို့သော် အဖြစ်အပျက်ထက် သဘော ထားချက်က ပို၍နက်ရှိုင်းသော
သင်ခန်းစာဖြစ်ပါသည်။ သတင်းစကား က ရိုးရှင်းပါသည်။ ထိုနေ့၌
ရေဒီယိုလေးပျက်စီးမသွားခဲ့ပါလျှင်လည်း နားလည်ဖို့လိုသည့် တူညီသော သတင်းစကားတစ်ခုကတော့
လှည့်စား သောပျော်ရွှင်မှုအတုသာဖြစ်ပါသည်။
သာ၍ထိမိသော သခင်ယေရှု၏စကား၌ “ထိုမှတစ်ပါး လောဘ လွန်ကျူးခြင်းကို သတိနှင့် ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား စည်းစိမ်ရှိသော်လည်း စည်းစိမ်၌အသက်မတည်ဟု မိန့်တော်မူ၏" (လုကာ ၁၂း၁၅)။
အသစ်ကလေးရိုးသွားသောအခါ
ကျွန်ုပ်၏ရေဒီယိုကလေး
ထိုနေ့၌မပျက်စီးခဲ့လျှင်လည်း အသစ်၊ အသစ်အဆန်းဖြင့် စိတ်လှုပ်ရှားတက်ကြွမှု၊
တစ်နေ့တော့ ပျောက်သွား မည် ဖြစ်ပါသည်။ အသစ်ဆိုသော သဘောက တာရှည်မခံပါ။ ဘဝ၏ နိယာမဖြစ်သည်။
အရာဝတ္ထု (ဝတ္ထုပစ္စည်း) ထဲမှာပဲ ပျော်ရွှင်မှုတတ်သူ အဖို့ အရာဝတ္ထုတစ်ခုမှ
နောက်တစ်ခုသို့ အမြဲတမ်း ပြောင်းနေရမည် ဖြစ် ပါသည်။ နောက်ထပ်ထိုထက်ကြီးသော၊
ပြောင်လက်သော၊ လျင်မြန် သောနှင့်သစ်လွင်သော--- တို့ဖြင့် မဆုံးနိုင်ချေ။
“မင်း၊ ဒေနာနဲ့အတူမနေတော့ဘူးပေါ့” ဂျယ်ရီကို ကျွန်ုပ်မေးခဲ့၏။
လွန်ခဲ့သော အချိန်များက ဤမိန်းကလေးဘယ်လောက်တော်၊ ဘယ် လောက်ကောင်းကြောင်း
ပြော၍မဆုံးနိုင်အောင်ရှိခဲ့သူဖြစ်သည်။
“ဟင့်အင်း” သူကဖြေ၏။ “သူကချစ်ဖို့ကောင်းပါတယ်။
တကယ် လည်း တော်တဲ့ကောင်မလေးကွ၊ ဒါပေမယ့် ငါ့စိတ်ကိုသူ မနှိုးဆွပေးနိုင် တော့ဘူး
(ရိုးသွားပြီ) ကွာ--ဒါကြောင့် ဇာတ်လမ်း ဆုံးပြီလို့ ငါပြောလိုက် တယ်။”
“ဒေနာကော--- ဘယ်လိုနေလဲ။”
သူအကြီးအကျယ် ငိုတာပေါ့ကွာ၊ သူ့ဘဝရဲ့ အကောင်းဆုံးတွေ
ငါ့ကို ပေးခဲ့တဲ့အကြောင်း၊ ခုသူဘာလုပ်ရမှန်းမသိတော့တဲ့အကြောင်း ဒါတွေပြောတာပေါ့ကွာ၊
ဒါပေမယ့် ငါကပြောလိုက်တယ်၊ “ဟေ့၊ ငါစိတ်မ ပါတဲ့ဟာတစ်ခုကို
ဟန်မဆောင်နိုင်ဘူး၊ ဘာတစ်ခုမှအစကနဲ့ မတူနိုင်ဘူး၊ အဆုံးသတ်လိုက်ပါတော့” လို့ပေါ့ကွာ။
မိမိ၏ အပြုအမူသည် ကမ်းကုန်အောင်အတ္တကြီးသူ
တစ်ယောက် အဖြစ် ဖော်ပြနေကြောင်းကို ဂျယ်ရီနားမလည်နိုင်ခဲ့ပါ။ အရာဝတ္ထုမှာသာ
အစွဲလမ်းထားသောကြောင့်ဖြစ်သည်။
ဒသမပညတ်ချက်သည် “အရာဝတ္ထု”ကို
ကိုးကွယ်ခြင်းနှင့်ဆိုင်ပြီး လူကိုလည်း အရာဝတ္ထုလိုသဘောထားကာ ဂျယ်ရီလိုလူများ
အတွက် ဖြစ်သည်။ ထိုအရာဝတ္ထုကို သူတို့၏ ပျော်ပါးမှုအတွက်နှင့် အဆင်ပြေစေ မည့်
ကိရိယာတန်ဆာပလာအဖြစ် အသုံးပြုတတ်ကြသည်။ သို့သော် သူတို့ကိုးစားသော အသစ်အဆန်းရိုးသွားသောအခါမှာ
ထပ်၍သာ ရှာရင်း ရှာရင်းနှင့် လိုက်၍မမီနိုင်သော လောဘ၏ ကျေးကျွန်သာ ဖြစ်ပေတော့ သည်။
ရှင်ပေါလုက တပ်မက်ခြင်းကို ရုပ်တုဟု ခေါ်ဆိုထားသည်။
(ကောလောသဲ ၃း၅)။ ရုပ်တုနှင့်တပ်မက်ခြင်း နှစ်မျိုးစလုံးသည် ဝတ်ပြု ကိုးကွယ်ခြင်းနှင့်သက်ဆိုင်သည်။သို့သော်ခြားနားချက်မှာ
ဒုတိယပညတ် ချက် (ရုပ်တုဆင်းတုနှင့်ပတ်သက်၍) အရာဝတ္ထုကို ဘုရားသခင်ထက် အလေးမထားရန်၊
ဒသမပညတ်ချက်က အရာဝတ္ထုကို လူထက်ပို၍ အလေးမထားရန် မိန့်မှာတော်မူပါသည်။ မိမိ၏
ကိုယ်ကျိုးအတွက် ဆန္ဒ များကို သူတစ်ပါး၏ ရပိုင်ခွင့်အပေါ်မှာထားခြင်း (သို့မဟုတ်)
သူတစ်ပါး ထံမှရမည့်အကျိုးအမြတ်ကိုရည်စူးပြီး ၎င်းတို့ အားတန်ဖိုးထားခြင်းမျိုးကို
တားမြစ်ပါသည်။
စူပါမင်း
(Superman)
စူပါမင်းသည် ၁၉၃ဝ ခုနှစ်ပိုင်းအချိန်မှစ
ရေပန်းစားလာခဲ့သော ရုပ်ရှင်ကားဖြစ်သည်။ ကျည်ဆန်ထိပ်ဖူးထက် မြန်သောနှုန်းဖြင့်
မြင့်လှ သောတိုက်တာ အဆောက်အဦတို့၏ ထိပ်မှ ဟိုသည်ကူးနေသော စွမ်း အားပိုင်ရှင်ဖြစ်သည်။
သူ့မှာမှားသည်ဟူ၍မရှိ၊ လွဲချော်သွားခြင်း မရှိ၊ ဆုံးရှုံးခြင်းမရှိ။
သူသာအကြီးမားဆုံး၊ အတောက်ပြောင်ဆုံး၊ အကောင်း ဆုံးနှင့် ထိပ်ဆုံး၌တည်ရှိသည်။
စူပါမင်းဖြစ်လိုပါသလား။ လွယ်ပါသည်။ Lindon
မှ Costume Craze ထံ ဒေါ်လာ ၅၀ သာပို့လိုက်ပါ။
သူတို့မှသင့်အား ပျံသန်းနိုင်သော ဝတ်ရုံအပါအဝင်အဆင်တန်ဆာအပြည့်အစုံကို သင့်အား
ပို့ပေးလိမ့်မည်။ ထိုဝတ်စုံကို မက်မက်မောမောဝတ်ဆင် ချင်သောသူတော့မရှိလောက်ပါ။
သို့သော် ထိုစူပါမင်းအသက်တာပုံစံမျိုးကိုတော့ နေချင်ကြ၊ အိပ်မက်မက် ကြသည်။
Christopher Reeve သည် ခန့်ချောသော ရုပ်ရှင်သရုပ်ဆောင်
ဖြစ်ပြီး ဟောလီဝုဒ်ပိတ်ကားပြင်ကြီးပေါ်တွင် စူပါမင်း မင်းသားအဖြစ် ၁၉၇၈
ခုနှစ်သူ၏ပွဲဦးထွက် စတင်အသုံးခံချိန်မှစ၍ ကျော်ကြားလာခဲ့သူ ဖြစ်ပါသည်။
အားကျစရာကောင်းသော အသက်တာ၌ သူဆည်းပူးရရှိ သော ဇိမ်ခံအိမ်ကြီး၊ ကိုယ်ပိုင်ရွက်လှေ၊
လေယာဉ်ပျံများ၊ သာ၍မြင့်မြင့် ပျံနိုင်မည့် အကူပစ္စည်းစသည်တို့ဖြင့်
သူ့ကိုယ်သူအမြင့်ဆုံးရောက်အောင် တွန်းတင်ထားခဲ့၏။ အတ္တလန်တိတ်သမုဒ္ဒရာအပေါ်
နှစ်ကြိမ်ပျံသွားခဲ့သူ၊ ရွက်လွင့်ကျွမ်းကျင်သူ၊ အထူးသဖြင့်ရေပြင်ပေါ်
ရွက်လွင့်နိုင်သောလေမျိုး ကို နှစ်သက်ပြီး ပြိုင်ပွဲများ၌ အောင်မြင်သူဖြစ်သည်။
ပေပေါင်းသုံးထောင် နှစ်ရာမြင့်သောကိုလိုရာဒိုမှ Pikes peak ပေါ်သို့
ပျံတက်နိုင်ခဲ့သူဖြစ်သည့် အပြင် စကိတ်စီးကျွမ်းကျင်သူ၊
ကောင်းသောတင်းနစ်ကစားသမားလည်း ဖြစ်ခဲ့ပါသည်။
စူပါမင်းရုပ်ရှင်ရိုက်သည့်အချိန်မှစ၍ (၁၀)
နှစ်ကြာပြီးနောက် ဗြိတိသျှမော်ဒယ်မလေး Gae Exton နှင့်လက်ထပ်ကာ
ကလေး (၂) ယောက်ရခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် ဇနီးသည်ကို ထားခဲ့ပြီး သူ့ထက် အသက် (၁၀)
နှစ်ငယ်ပြီး ချောမောလှပသော Dana Morosini နှင့် ပေါင်း သင်းနေထိုင်ခဲ့သည်။
Christopher Reeve သည် သူ၏စူပါမင်းဝတ်စုံကို
လမ်းမပေါ်မှာ ဘယ်တော့မှဝတ်ဆင်လေ့မရှိ၊ သို့သော် စူပါမင်း၏ Lifestyle ကတော့ သူ့အတွက် အကောင်းဆုံးပဲဟု သိမြင်ခံယူထားခဲ့၏။ Reeve သည် ကျော် ကြားမှုမှန်သမျှကို ရယူလို၍ တစ်ဖန်
မြင်းစီးတပ်သို့ဝင်ရောက်ကစားပြီး ပြိုင်ပွဲများတွင်လည်း ပါဝင်ယှဉ်ပြိုင်လာခဲ့သည်။
၁၉၉၅ ခုနှစ်၊ မေလ၌ Culpeper တွင်ကျင်းပသည့် ပြိုင်ပွဲတွင်
ပါဝင်ယှဉ်ပြိုင်ခဲ့လေသည်။
Dana သည် ဘေးတန်းတွင်ထိုင်ပြီး
ကျော်ကြားဖျတ်လတ်သော သူ၊ စတားသရုပ်ဆောင်ဖြစ်သောသူ၏ ခင်ပွန်းသည်ကို ကြည်နူးစွာ အားပေးခဲ့လေသည်။
ထိုသို့ပရိသတ်ကြီး၏ ချီးကျူးသြဘာကို ခံယူလျက် နှင့် Reeve ၏
အောင်မြင်ကျော်ကြားမှုတို့အတွက် တမန်တော် ရှင်ပေါလု ကြီး၏ သြဝါဒစကားကို
ဆင်ခြင်ရပါသည်။ “ရန်တွေ့လိုသောစိတ်၊ အချည်းနှီးသောကျော်စောကိတ္တိကို
တပ်မက်သောစိတ်ရှိ၍ အဘယ်အမှု ကိုမျှမပြုကြနှင့်။ သူတစ်ပါးသည်
ကိုယ်ထက်ကောင်းမြတ်သည်ဟု နှိမ်ချ သောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက်ထင်မှတ်ကြလော့။ ကိုယ်အမှု
အရာကိုသာမရှုမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။” (ဖိလိပ္ပိ ၂း၃၊၄)။
ဒသမပညတ်ချက်၏ ဆိုလိုရင်းပင် ဖြစ်ပါသည်။ ထို အကြောင်းအရာကို ရှင်ပေါလုက မိမိ၏ အသက်တာနှင့်ယှဉ်ပြီး
ဖော်ပြခဲ့ ခြင်းဖြစ်သည်။
ရယူခြင်းနှင့်ပေးဆပ်ခြင်း
လှလှပပဆင်ယင်ထားသော ပြိုင်မြင်းပေါ်မှ
ကျော်ကြားသော သရုပ်ဆောင်အား Culpeper ပရိသတ်ကြီး၏ တစ်မိနစ်ကြာသော
ချီးကျူး သြဘာပေးခြင်းပြီးသောအခါတွင် အခြေအနေက တစ်မျိုးတစ်ဖုံ သို့ ပြောင်းလဲခဲ့၏။
တန်းခုံပြေးပွဲ၏ တတိယမြောက်တန်းသို့ရောက်သော အခါ ခုန်ကျော်ရမည့်အစား Eastem
Express သည် ကောင်းခြင်း ပကတိမှ ရုတ်တရက် ခြေစုံကိုရပ်လျက်
ဦးခေါင်းကို ငုံ့လျှိုးလိုက်သော အခါ Chrisသည်
အရှေ့သို့ထိုးဆင်းလျက် အရှိန်ဖြင့် တန်းကို ဦးခေါင်းနှင့်ဆောင့်မိကာ
မြေပြင်ပေါ်သို့ခွေကျသွားတော့၏။ ဇက်ရိုး၊ လည်ပင်းရိုးနှင့်
ပခုံးတို့မှကျောရိုးတစ်လျှောက်သို့ ထိခိုက်ခဲ့လေသည်။
ယခု ဤအကြောင်းကိုဖတ်ရသည့် အချိန်ပိုင်းထက်ပင်
မကြာ Chris Reeve ၏ ကမ္ဘာ့အထွတ်အထိပ်မှ တောက်ပခဲ့သော ကြယ်စင်
အဖြစ်မှ ယခုတွင် သူတစ်ပါးကို အမှီအခိုပြုပြီး စက်ကိရိယာတို့၏ အထောက်အမဖြင့်
အသက်ရှုခဲ့ရလေသည်။ သူ၏အဆက်မပြတ် ကျော် ကြားလာခဲ့သော လှုပ်ရှားမှုများသည်
အဆုံးမသတ်နိုင်သော ငြိမ်သက်မှု အဖြစ်သို့ ရောက်ရှိသွားခဲ့လေသည်။
ကြားရသိရခဲပါသည်။ နောက်ပိုင်းတွင် Reeve က ထိုနေ့မှ ကြီးမားသော သင်ခန်းစာသည် အသက်တာ၏ ဦးတည်ချက်အတွက် တန်ဖိုးကို
သူများနှင့်တစ်တန်းတည်း ပြန်လည်ထားရှိခြင်းတည်းဟူသော၊
အရေးကြီးဆုံးသောပြောင်းလဲမှုကြီးဟုဆိုခဲ့ပါသည်။
အကယ်၍ Christopher နှင့် Dana
Reeve တို့အား ထောက်မ လှူဒါန်းလိုလျှင် ယနေ့သင်၏ပိုက်ဆံများသည်
မြင်းပြိုင်ပွဲ၊ ရွက်လှေပြိုင် ပွဲနှင့် ကျော်ကြားမှုများအတွက် အကုန်အကျမခံတော့ဘဲ Reeve
ကဲ့သို့ ကျောရိုးထိခိုက်မှုဝေဒနာကို ခံစားနေကြရသည့် ထောင်ပေါင်းများစွာ
သောသူတို့အတွက် အသုံးပြုနိုင်ပါသည်။ Reeve ၏ ကျန်ရှိသော အသက်
တာနောက်ပိုင်းတွင် ဤကဲ့သို့သော ဝေဒနာသည်များအတွက် သူ၏ ရသမျှသောစီးပွားဥစ္စာများမှ
ပေးဆပ်မှု၊ ဆက်ကပ်လှူဒါန်းမှုများကို ပြု ခြင်းဖြင့်သာ ကျော်ကြားမှုကို ယူခဲ့ပါသည်။
Christopher Reeve ကဲ့သို့ သော အရည်အချင်းနှင့်
အခွင့်အရေးရရှိခံယူနိုင်သူ သိပ်မရှိလှပါ။ သန်းပေါင်းများစွာသော သူတို့သည်
မိမိတို့၏အဆင့် (Level) အတိုင်းမှာ သူအသက်ရှင်ခဲ့သော ကျင့်ဝတ်အတိုင်းသာ
အသက်ရှင်နေထိုင်ကြသည်။ မိမိတို့ရှိသည်ထက် ပိုမို ထုတ်ဖော်ခြင်းတို့ဖြင့်
ကြွေးမြည်ပိလျက်၊ ခြေမ ခိုင်လက်မခိုင်ဒယီး ဒယိုင်ဖြစ်နေကြပေသည်။ ပိုရပိုလို Lifestyle
ဖြင့် လုံးပန်းရင်းအသက် လုရှူနေကြရသည်။ မိသားစု၊ သားသမီးတို့အတွက်
အချိန်ပေးနည်းပြီး သူတစ်ပါးအား မစကူညီခြင်း၊ ဘဝအသက်တာ၏ အနှစ်ပါသော
တည်ဆောက်ခြင်းဟူ၍ကား လုံးဝမရှိချေ။ ထို့ကြောင့် လူထု ၂သန်း ကျော်တို့သည် ၂ဝဝ၅ ခုနှစ်၌
ရာဇဝင်တွင် အမြင့်မားဆုံး နှုန်းအဖြစ် ကြီးမားသော ငွေကြေးခန်းခြောက်မှုကြောင့်
ဒေဝါလီခံရကြ သည်မှာ အံ့သြစရာမဖြစ်လောက်ပါ။
တပ်မက်ခြင်းသည် အချိုးအဆမညီသော၊
ပုံမှန်မဟုတ်သော၊ ပြင်ပအရပ်၌တည်သော ချစ်ခြင်းမျိုးပင်ဖြစ်သည်။ ကိုယ်မပိုင်ဆိုင်သော
အရပ်၌ ကိုးကွယ်ဆည်းကပ်ရာ၊ တည်ဆောက်ရာကို ပြုနေခြင်းပင် ဖြစ်သည်။ “အရာဝတ္ထုများ၊” ငွေကြေး၊ အောင်မြင်မှု၊
ကျော်ကြားမှုဖြင့် ပျော်ရွှင်မှုကိုရှာခြင်းတို့ဖြစ်သည်။ “အရာဝတ္ထုများ” သည်
လူများတက် သူတို့၏ အမှန်တကယ်လိုအပ်မှုထက် အရေးကြီးသောအရာ ဖြစ်လာခဲ့ သည်။
အလျင်ပညတ်ချက်ကိုးပါးကဲ့သို့ ယခုပညတ်ချက်သည် တိကျ
သော လုပ်ဆောင်မှုများကို အပြင်တန်ဖိုးများနှင့် စိတ်သဘောထားများ
ကိုလည်း မိန့်တော်မူပါသည်။ ထို့ကြောင့် ပြဌာန်းလမ်းညွှန်ခြင်းသာ မဟုတ်၊
ခြယ်မှုန်းပုံဖော်ခြင်းဖြစ်ပါသည်။ ဆိုလိုသည်မှာ မည်ကဲ့သို့ ပြုမူ ကျင့်ကြံရမည်ကို
ပြောသကဲ့သို့ ဘုရားသခင်၏ အလိုတော်၌ အရာဝတ္ထု များကို မည်ကဲ့သို့ခံယူရမည်၊
ရှိရမည်ကိုပါ ဖော်ပြပေသည်။ ကိုယ်ကျိုးမဲ့ ဆက်ကပ်သော မေတ္တာဖြင့် ဆောင်ကြဉ်းသောသူ၊
ပေးကမ်းသောသူ တည်းဟူသော ဘုရားသခင်ကို ဖော်ဆောင်ဖို့ရန်ဖြစ်ပါသည်။
ရှင်ပေါလု ကျွန်ုပ်တို့ကို တိုက်တွန်းခဲ့သည်နည်းတူ “အချည်းနှီး သောကျော်စောကိတ္တိကို မတပ်ဘဲ” “နှိမ့်ချသောစိတ်ရှိ၍” “သူ၏အမှု အရာကိုအချင်းချင်း” ရှုမှတ်ကြလော့ဟူ၍ ခံယူရပါမည်။ ကျမ်းပိုဒ်၏အဆက်တွင် အဓိကကျသော နှိုးဆော်လမ်းညွှန်မှုကို တွေ့ရပါသည်။ “ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကိုသင်တို့၌လည်း ရှိစေကြလော့။ ထိုသခင်သည် ဘုရားသခင်သဏ္ဌာန်တော်နှင့် ပြည့်စုံသည် ဖြစ်၍၊ ဘုရားသခင်နှင့်ပြိုင်သောအမှုကို လုယက်ခြင်းအမှုဟူ၍ မထင်မမှတ်လျက်ပင်၊ မိမိအသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကို ယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကိုခံတော်မူ၏။ ထိုသို့လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက် အသေခံခြင်း သာမဟုတ်၊လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။” (ဖိလိပ္ပိ ၂:၅-၈)။
ယေရှုခရစ်သည် ကျွန်ုပ်တို့၏ အမြင့်ဆုံးဥပမာတော်ဖြစ်၏။
သူ၏ အသက်တာတော်သည် နှိမ့်ချသောအစေခံခြင်းဖြစ်၏။ “သူ့အတွက် သူ
မချန်ဘဲ” အမှုတော်နှင့် ပူဇော်သကာ၌ ကိုယ်ကို သွန်းလောင်းလေ၏။ ဤ ဥပမာတော်ကို
ပျောက်ဆုံးနေသော သူအတွက် ကရုဏာထားသော လက်တွေ့မေတ္တာနှင့် လုပ်ဆောင်ခြင်းရှိရန်
ပေးတော်မူ၏။ ဤသည်ကား ခရစ်ယာန်တို့၏တန်ဖိုးဖြင့် ရွေ့ရှားစေသော အကြောင်းဖြစ်၏။
ဤအရာပင်လျှင် နောက်ဆုံးသူတို့၏ ရည်မှန်းချက်ဖြစ်ပေတော့
သည်။ နိဂုံးချုပ်အားဖြင့်---
Benjamin Franklin သည် မိမိကိုယ်ကိုတိုးတက်
ကောင်းမွန်စေ လိုစိတ်ဖြင့် တစ်နေ့၌ ကျင့်ကောင်းသီလများစာရင်းကို ပြုစုလေ၏။ ပြီး နောက်
ပြုနေကျနည်းအတိုင်း ၎င်းတို့ကို အောင်မြင်ပြီး မြောက်စေမည့် စီမံကိန်းတစ်ခုကို
သေချာစွာချမှတ်လေ၏။
ပညတ်တော်ဆယ်ပါးကိုလက်ကိုင်ထားသော Franklin
၏ စီမံ ကိန်းစာရင်းဇယားကို သင်မည်သို့သဘောထားမည်နည်း။ ၎င်းတို့သည်
အမှန်တကယ် ကြီးကျယ်မြင့်မြတ်သော လက်တွေ့လုပ်ဆောင်ချက်များ ပင်မဟုတ်ပါလား။
ထို့ကြောင့် ကမ္ဘာ့ရှေးအကျဆုံးနှင့် အမြင့်မြတ်ဆုံး သော
“ဘဝတိုးတက်မြင့်မြတ်ရေးလက်စွဲ” အဖြစ် ခံယူပြီး တစ်ချက်စီ၌
သက်ဝင်မွေ့လျော်နိုင်သည့်တိုင်အောင် နှလုံးသွင်းပိုက်ကြပါစို့လား။
ရှင်ပေါလုသည် တိကျသေချာသော ဘာသာတရားလေ့ကျက်မှု ထဲမှ
ကြီးပြင်းလာခဲ့ကြောင်း ပြောပါသည်။ သူတို့အပေါင်းအပါများသည် ပညတ်တော်ကို
နေ့ရောညပါလေ့လာဆည်းပူးလျက် ၎င်းတို့၏ အသေး စိတ်တိုင်အောင်ကို လိုက်လျှောက်ကာ
အသက်တာ တိုးတက်မြင့်မားဖို့ အတွက် အပတ်တကုတ်ကြိုးစားခဲ့ကြသည်။
သို့သော် ထိုသို့သောချဉ်းကပ်ခြင်းမျိုးသည်
“သေခြင်းလမ်းစဉ်” (ministry of death) တစ်ရပ်သာဖြစ်ကြောင်း
သူမြင်တွေ့လာခဲ့ပါသည်။ အဘယ်ကြောင့်နည်း။ ပညတ်တော်ကို လိုက်လျှောက်နိုင်ရန်
ရိုးသားစွာ အားထုတ်ခြင်းက အဘယ်ကြောင့် ထိုသို့သော ရလဒ်ဆိုးကို တွေ့ရမည် နည်း။
အဘယ်ကြောင့်ဆိုသော် ပညတ်တော်ကို လုပ်ငန်းခွင်စည်းကမ်း စာအုပ်အဖြစ်ထားပြီး
ဘာသာရေးကို ထူထောင်ကာ “ကျောက်ပြားပေါ်မှ ထွင်းထုထားသော စာလုံးများ” အဖြစ် ၎င်း၏ ထိုက်ခြင်း၊
မြတ်ခြင်းကို လျှော့ချပစ်သောကြောင့် ဖြစ်သည်။ (၂ကော ၃း၇)။ ၎င်းနှင့်ဆန့်ကျင် လျက်
ရှင်ပေါလုက ယေရမိ ၃၁း၃၁-၃၃ မှပါသော “ပဋိညာဉ်တရားသစ်” ဆိုသောစကားလုံးကိုယူကာ
ဤချဉ်းကပ်နည်း၏ ဗဟိုချက်မကို အလွန် ရိုးရှင်းစွာဖြင့် “ငါသည်သူတို့၏ ဘုရားဖြစ်မည်။
သူတို့သည်လည်း ငါ၏ လူဖြစ်ကြလိမ့်မည်” ဟု ဖော်ပြပေသည်။ (အငယ် ၃၃)။
ဘာသာတရား (ကိုးကွယ်ခြင်း) ဆိုသည်မှာ ပညတ်ချက်
စည်း မျဉ်းများ၌မဟုတ်ဘဲ ဆက်စပ်တော်စပ်မှုကိုသာ ဗဟိုပြုပါသည်။ ထို့အတူ ကျွန်ုပ်တို့၏အပြုအမူ၌
မဟုတ်ဘဲ ထာဝရဘုရား၏ လုပ်ဆောင်ခြင်းနှင့် ထာဝရမေတ္တာ၌သာ တည်ပါသည်။ ထို့ကြောင့်
ကောင်းကင်ရောက် ကြောင်း လုပ်ဆောင်မှုလှေကားထစ်များမဟုတ်ဘဲ ပညတ်တော်ဆယ်ပါး သည်
ဆိုးညစ်မိုက်မဲခြင်းများနှင့် မဆုံးနိုင်သော ဒုက္ခဝေဒနာကို ရှောင်ရှား နိုင်ရန်
မစခြင်းငှါ ရည်ရွယ်လျက် သန့်ရှင်းသော ကျင့်ဝတ်များအဖြစ် ဘုရားသခင် ချမှတ်ထားခြင်းဖြစ်ပါသည်။
အမှန်တကယ် “လွှတ်ခြင်း တရား” ပင်ဖြစ်ပါသည်။ (ယာကုပ် ၂း၁၂)။ ပဋိညာဉ်တရားသစ်အောက်၌
ဘုရားသခင်၏ တရားတော်ကို စောင့်ထိန်းပုံမှာလည်း ထူးခြားပေသည်။ ထိုပဋိညာဉ်၌ ကတိတော်
ပါရှိခြင်းကြောင့်ဖြစ်၏။ “ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့ သွင်းမည်။
သူတို့နှလုံးသားပေါ်မှာ ရေးထားမည်” (ယေရမိ ၃၁း၃၃)။ ထိုအကြောင်းကြောင့် ရှင်ပေါလုက
ယုံကြည်သူများ သည် “အသက်ရှင် တော်မူသော ဘုရားသခင်၏ဝိညာဉ်တော်နှင့် ရေးသား၍
ကျောက်ပြားပေါ်၌မရေးဘဲ အသားနှင့်ပြည့်စုံသော နှလုံးပြား ပေါ်၌ရေးသော” ခရစ်တော်၏ စာများဟု
ရေးသားခဲ့ခြင်းဖြစ်သည်။
ဤအရာပင်သော့ချက်ဖြစ်၏။ ထူးခြားချက်ကား
ဘုရားသခင်၏ လုပ်ဆောင်ချက်ဖြစ်၏။ ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်မဟုတ်ပါ။ သား တော်ယေရှုခရစ်အားဖြင့်လည်းကောင်း၊
သန့်ရှင်းသော ဝိညာဉ်တော်၏ မိတ်သဟာယအားဖြင့်လည်းကောင်း၊ တည်သောဘုရားသခင်၏ မေတ္တာ တော်သည်
ကျွန်ုပ်တို့အသက်တာ၏ အလယ်ဗဟို၌ ကိန်းဝပ်စေသော အခါ ထိုပညတ်တော်ဆယ်ပါးသည်
ကျောက်ပြားပေါ်မှ ကျွန်ုပ်တို့၏ နှလုံး ပြားပေါ်သို့ ရောက်ရှိလာမည်ဖြစ်ပေသည်။
ဘယ်အရာမှန်သည်ကို သိခြင်းအားဖြင့်
တစ်ခုတည်းမှလာသော ကောင်းသော လုပ်ဆောင်မှု၊ နားထောင်မှုသည် အပေါ်ယိကနှင့် တစ်ပိုင်း တစ်စသာဖြစ်သည်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်
အသစ် ပြုပြင်သော နှလုံးသားသည် ဘုရားသခင်အား စစ်မှန်၍ အတ္တကင်းသောမေတ္တာနှင့်
ကျေးဇူးတင်ခြင်းသဘောကို ဖော်ပြသည့် နားထောင်မှုမျိုး ရှိလာနိုင်ပါလိမ့်မည်။
သို့ပါ၍ နှောင့်နှေးခြင်းမရှိဘဲ ဘုရားသခင်၏ မေတ္တာဖြင့်
နှောင်ဖွဲ့ သောငြိမ်သက်ခြင်း ပဋိညာဉ်ထဲသို့ တိုးဝင်ကြပါရန် ဤနိဂုံးစကားဖြင့်
ကျွန်ုပ်ဖိတ်ခေါ်ပါသည်။ ခံယူသောသူတိုင်းအတွက် ဘုရားသခင်၏ ကတိ တော်တည်ပါသည်။
သေချာစွာဆင်ခြင်သုံးသပ်ပြီး သင့်ကိုယ်တိုင် အဖိုးခံ ယူနိုင်လိမ့်မည်ဟု
ကျွန်ုပ်မျှော်လင့်ပါသည်။
“သင်တို့အပေါ်မှာ သန့်ရှင်းသောရေကို ဖျန်းသဖြင့်
သင်တို့ကို ခပ်သိမ်းသောအညစ်အကြေးမှစ၍ ခပ်သိမ်းသော (ရုပ်တု) တို့နှင့် ကင်း စင်စေမည်။
စိတ်နှလုံးသစ်ကိုငါပေးမည်။ သဘောသစ်ကို သွင်းထားမည်။ သင်၏ကိုယ်ခန္ဓာထဲက
ကျောက်နှလုံးကိုနုတ်၍ အသားနှလုံးကိုပေးမည်။ ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေးသဖြင့်
သင်တို့သည် ငါ၏ တရားလမ်းသို့လိုက်၍ ငါစီရင်တော်မူချက်တို့ကို စောင့်ရှောက်ကြလိမ့် မည်”
(ယေဇကျေလ ၃၆:၂၅-၂၇)။
No comments:
Post a Comment