Tuesday, April 28, 2026

 

အန္တရာယ်ရှိသောအချစ်

ပထမပညတ်ချက်

        

         ငါမှတစ်ပါးအခြားသောဘုရားကို မကိုးကွယ်နှင့်” (ထွက်မြောက် ရာကျမ်း ၂၀:၃)။

         မဟုတ်သေးဘူးဂျက်ကီ၊ ရှေ့ရေးအတွက်စဉ်းစားစမ်းပါ။ ဒါဟာ မင်းတစ်ဘဝတာအတွက်လောင်းကြေးပဲနော်။”

         မဟုတ်ဘူးဒယ်ဒီ၊ ဒယ်ဒီယူရမယ့်ဥစ္စာမှမဟုတ်တာ၊ ဒယ်ဒီက လူငယ်ဘဝကို မေ့ထားခဲ့တာကိုး၊ ဒဲနီကိုသမီးချစ်တယ်ဆိုတာ ဒယ်ဒီ နား မလည်ဘူးနဲ့တူတယ်။”

         ဟာရီဝေလီယံ(မ်)သည် သူ၏သမီးကို မယုံနိုင်စွာငေးကြည့် နေမိ သည်။ သက်ပြင်းချရင်း ခေါင်းကိုခါလျက်နှင့် ကြားခဲ့ရသမျှကို ပြန်မပြော တတ်အောင်ဖြစ်နေတော့၏။

         ဂျက်ကီ၊ ငါ့စကားကိုနားထောင်ရမယ်နော်။”

         နားမထောင်နိုင်ဘူး၊ ဘယ်သူ့ကိုမှ နားမထောင်နိုင်ဘူး၊ နောက် အင်္ဂါနေ့ကျရင် တရားရုံးမှာ ကျွန်မတို့လက်ထပ်ကြမယ်၊ ဒါပဲ။”

         တဒင်္ဂ တိတ်ဆိတ်သွားသည်။ နောက်ဆုံးတော့ ဟာရီက စကား ကို သတိထားပြီးပြောလာသည်။ “ကောင်းပြီလေ၊ သမီးရဲ့ ဆုံးဖြတ်ချက် ကို နားလည်ပါတယ်။ မင်းစိတ်ကိုဘယ်သူမှ မပြောင်းလဲနိုင်ပါဘူး။ သမီး ကိုမေးဖို့တစ်ခုပဲရှိတော့တယ်။” ထိုအခါ ဖခင်က မိမိ၏ မှန်သောဆုံးဖြတ် ချက်ကိုနားလည်ပေးသည့်အတွက် ဂျက်ကလင်း(ဂျက်ကီ)က ဝမ်းသာနေ ၏။

 


         ကြာသပတေးနေ့တုန်းက သူဝတ်စေချင်တဲ့အင်္ကျီကို သမီးမဝတ် ဘဲ အဖြူရောင်ဘလောက်(စ်)ကို ဝတ်လာတော့ ဒဲနီရယ်(ဒဲနီ)က ဘယ်လို တုံ့ပြန်ခဲ့သလဲ၊ မှတ်မိသေးလား။”

         အိုး- သူဝတ်စေချင်တဲ့အင်္ကျီကပေသွားလို့ပါ။”

         “ဟုတ်တယ်လေ၊ ဒါပေမယ့် ဒယ်ဒီမေးတာက အဖြူရောင်ဝတ် လာတော့ သမီးရဲ့ရည်းစားက ဘယ်လိုဖြစ်သွားလဲဆိုတာပါ။” “သူလုံးဝ မပျော်ဘူးမဟုတ်လား။” “လက်သီးကိုဆုပ်ပြီး သမီးကိုအော်ခဲ့တယ်။ ပြီး တော့အဲဒီညပဲ ဒီအိမ်မှာသူ့ကိုညစာဖိတ်ကျွေးတော့ ဘာဖြစ်ခဲ့သေးလဲ၊ သိတယ်မဟုတ်လား။”

         အိုး-ဒယ်ဒီရယ်၊ ပြီးခဲ့ပါပြီ။ ဘာလို့ဒါတွေထပ်ပြောနေရတာလဲ။”

         ဒဲနီဟာ စိတ်တိုင်းကျမဖြစ်တဲ့အခါ မိသားစုအားလုံးရဲ့ ရှေ့မှာ တောင် ဒီလိုမျိုး ရဲရဲတင်းတင်းကြီးဖြစ်နေလို့ ပြောနေတာပါသမီးရယ်။ ခုနေတောင်ဒီလိုဆက်ဆံနေရင် နောက်နောင်ကျ ဘယ်လောက်ထိ ဖြစ် လာမလဲဆိုတာ စဉ်းစားမိရဲ့လား ဂျက်ကလင်း။”

         တော်ပါတော့၊ တော်ပါတော့။” လက်နှစ်ဖက်ဖြင့် နားကို ပိတ် ရင်း သူမအော်ပစ်လိုက်သည်။ “ကျွန်မ ဒဲနီကိုချစ်တယ်။ နားမလည်ဘူး လား။ သူဟာ ကျွန်မရဲ့ဘဝပဲ။ တခြားဘာမှမရှိဘူး။ ဒယ်ဒီဘာပြောပြော၊ ဘယ်လိုထင်ထင်ကိစ္စမရှိဘူး။ ကျွန်မသူ့ကို ချစ်တယ်။ သူဟာ ကျွန်မရဲ့ ကိုးကွယ်ရာပဲ၊ ဒါအကုန်ပဲ။”

         “ဘာ၊ ကိုးကွယ်ရာဟုတ်လား။ ဒဲနီကဘာမို့ လို့လဲ။ မင်းရဲ့ဘုရား လား။

         ဟုတ်တယ်၊ ဒယ်ဒီပြောချင်တာပြော၊ ဒဲနီဟာ ကျွန်မရဲ့ ဘုရား ပဲ။”

         ဂျက်ကလင်း၏ ဖခင်သည် ကျွန်ုပ်အား ဤစကားများပြောပြစဉ် အခါကသူ၏ နှလုံးသားကိုဓားနှင့်ထိုးနှက်သလို ခံစားခဲ့ရ၏။ သူအကြီးအ ကျယ် တုန်လှုပ်ချောက်ချားခဲ့သည်ကို သင်ယုံပါသလား။အဘယ်ကြောင့်  ထိုစကားများက သူ့ကိုအလွန်ကြောက်ရွံ့လျက် စိတ်သောကဖြစ်စေခဲ့ သည်ဟု သင်ထင်ပါသလဲ။

         ထိုအချစ်မျိုးသည် နာကျင်စေ၍ ဆိုးရွားသောပျက်စီးဆုံးရှုံးမှုကို ဖြစ်စေနိုင်သောစွမ်းအားရှိကြောင်း ဟာရီဝေလီယံ(မ်)က သဘောပေါက် ထားသောကြောင့်ဖြစ်သည်။ အချစ်သည် ကျွန်ုပ်တို့အထဲသို့ အတင်းတိုး ဝင်ပြီးမှ ထွက်ခွာသွားသောအခါတွင် ကိုယ့်မှာပျော့ဟာကွက်အနေဖြင့် အကာအကွယ်မဲ့စွာ(ဗလာကျင်း)ထားခဲ့တတ်သေး၏။          ခေတ်မီဆေးရုံကြီးတစ်ခု၏ အထူးကြပ်မတ်ဆောင်အပြင် နား တွင် နာကျင်စွာစောင့်နေကြသည့်မိဘများကို ကိုယ်ချင်းစာနာကြည့်ပါ။ အဘယ့်ကြောင့်နည်း။ ချစ်ခြင်းကြောင့်ဖြစ်သည်။ လပိုင်းအနည်းငယ် အကြာတွင် ကြောက်မက်ဖွယ်ကိုယ့်ဆုံးဖြတ်ချက်၏ အသီးအပွင့်ကို ရိတ် ရသည့်ဂျက်ကလင်း၏ မိဘများမှာ ဘယ်လောက်ခံစားရမည်နည်း။ ဂျက် ကလင်းအတွက် မေတ္တာအဏုမြူခိုးများလွင့်ပြယ်ချေပြီ။ တစ်ရေးနှိုးသော် မှ သူမ၏ အစွမ်းဆောင်နိုင်ဆုံးကိုပင် မကျေနပ်နိုင်သူ တစ်ယောက်ကို အသည်းအသန်ရှာနေရပြီ။ထေ့ငေါ့စကားများ၊လှောင်ပြောင်မှုများ၊တစ်ခါ တစ်ရံလက်သီးများဖြင့် တုံ့ပြန်နေသူက သူမ၏ စိတ်အစဉ်တို့ကို ချေဖျက် လျက်ရှိသည်။ သမီး၏ ထိုသို့သော အဖြစ်ကြောင့် ဟယ်ရီဝေလီယံ(မ်)မှာ တုန်လှုပ်ခဲ့ရသည်။ သူမအား နာကျင်မှုများစွာကို ဖြစ်စေသော သူတစ် ယောက်၏ လက်ဝယ်အပ်နှံခဲ့ရသူအဖို့ သမီး၏နေရာထဲသို့ ခေတ္တဝင် ကြည့်ဖို့ရန်ပင် ထိတ်လန့်အားကြီးပါသည်။

         ထို့အတွက်ကြောင့်ပင် ဘုရားသခင်က ကျွန်ုပ်တို့အား ပထမ ပညတ်ကို ပေးထားခဲ့ခြင်း မဟုတ်ပါလား။ အလေးအနက်ပြုသော ထို သတိပေးစကားမှာ [အမှန်တကယ်ဘုရားမဟုတ်သော ဘုရားများသို့ သင်၏သစ္စာနှင့်ကိုးကွယ်ရာကို မပုံအပ်ပါလေနှင့်။ အဆုံး၌ သင့်အား
စိတ်ပျက်နာကျင်မှု သက်သက်သာဖြစ်စေမည့် အရာတစ်စုံတစ်ခု (သို့ မဟုတ်) ပုဂ္ဂိုလ်တစ်စုံတစ်ယောက်သို့ သင့်အသက်တာ၏ အမြတ်ဆုံး (အဓိက) တွင်မထားပါလေနှင့်] ဟုဆိုသတည်း။

ပျက်ကွက်သောဘုရားများ

         ရှေးဣသရေလတို့သည် “အခြားသောဘုရားများ” ကို စိတ်အား ထက်သန်စွာ ကိုးကွယ်ဆည်းကပ်ကြသော တိုင်းနိုင်ငံများ၏ ဝန်းရံမှုထဲ တွင် တည်နေခဲ့ကြသည်။ ဒါဂုန်ဘုရားသည် ၎င်းတို့၏ အနောက်ဘက် ခြမ်းမှ အိမ်နီးချင်းဖိလိတ္တိလူမျိုးတို့၏ အဓိကဘုရားဖြစ်သည်။ ထိုဘုရား ကို ဖိလိတ္တိတို့က ကြီးပွားခြင်းဟုအနက်မည်သော ကောက်ပဲသီးနှံအောင် ခြင်းနှင့်ငါးဖမ်းခြင်းတို့အတွက် မျှော်ကိုးကြသည်။ မြောက်ဘက်အရပ် တွင် လဘုရားမအာရှာတရုတ်ကို ကိုးကွယ်သော ဖိုနီးရှန်းလူမျိုးရှိ၏။ ထို ဘုရားမသည် မျိုးပွားခြင်း၏ အဓိပတိဖြစ်သောကြောင့် အထူးခေတ်စား ကာ သောက်စားမူးယစ်ပျော်ပါးခြင်းတို့ဖြင့် ကိုးကွယ်ကြသည်။ အရှေ့ ဘက်မှ မောဘတို့က ကေမော့ဘုရားနှင့်အာမိုနိုက်တို့က မောလုတ်ဘုရား တို့ကိုကိုးကွယ်ကြသည်။ ထိုဘုရား၏ စိတ်အလိုကျရန် ကလေးငယ်များ ယဇ်ပူဇော်ခြင်းဖြင့် ကိုးကွယ်ပသကြရသည်။ လူတို့က ထိုနတ်ဘုရားတို့ ၏ တန်ခိုးကိုရရှိရန် စက်ဆုပ်ဖွယ်လုပ်ရပ်များဖြင့် တစ်ဖက်စွန်းကျမျှော် လင့်ကြသည်။

         ရေပန်းစားခဲ့သောထုံးတမ်းတို့မှာ ခေတ်နှင့်အတူ ပြောင်းလဲလာခဲ့ ပြီဖြစ်သည်။ လူတို့သည် ထိုသို့သစ်သား၊ ကျောက်သား၊ သတ္တုသားတို့ဖြင့် ထုလုပ်ထားသောဘုရားတို့ကိုမကိုးကွယ်ကြတော့ပါသို့သော်သန်းပေါင်း များစွာသော အသက်တာတို့ကို ငွေကြေး၊ လိင်ကိစ္စနှင့် သြဇာအာဏာ တို့မှာ အားကြီးစွာဆွဲဆောင်နေဆဲဖြစ်သည်။ တစ်ဇန် မဂ္ဂဇင်း၊ ဂျာနယ်တို့ ၏ ခေါင်းစီးပိုင်းတွင် ဖော်ပြမြဲဖြစ်သော ကျော်ကြားသူများနှင့်တွေ့ဆုံ မေးမြန်းခန်းနှင့် စိတ်ဝင်စားဖွယ်အိမ်ထောင်ရေး ဇာတ်လမ်းတွဲတို့မှ ၎င်း တို့၏ ဦးတည်ချက်ဆောင်ပုဒ်ကိုလေ့လာကြည့်ပါ။ ထိုကျော်ကြားမှုဘုရား များကို ယနေ့လူတွေက အရူးအမူးစွဲလမ်းနေကြသည်။ အကျိုးရလဒ်ကား ရှေးအခါကကဲ့သို့ပင် သူတို့အားထား ကိုးကွယ်ကြသည့်ကျော်ကြားသူ များလည်း ၎င်းတို့၏ ပရိသတ်ကို ကျောခိုင်းစွန့်ခွါသွားကြစမြဲဖြစ်သည်။

         ဖိုမဆိုင်ရာကြည်နူးမှုတွင် ရူးရူးမိုက်မိုက် ကိုးကွယ်မှုကြောင့် လည်း AIDS ရောဂါဆိုးကြီးနေရာအနှံ့ကူးစက်ပြန့်ပွားနေပေပြီ။ အဘယ် ကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ ၎င်းအတွက်အရှင်းလင်းဆုံးသော အဖြေနှင့်ပတ်သက်၍ မပြောရသနည်း။ ထုတ်ဖော်ရန်မခဲယဉ်းသင့်။ ဆက်လက်ပြန့်ပွားရန်လည်း မလိုလားအပ်ဟု မေးခွန်းထုတ်ဆင်ခြင်ကြ သော်လည်း ရိုးစင်း၍ အလွယ်ကူဆုံးနှင့်အရှင်းလင်းဆုံး ဖြေရှင်းချက်က တော့ ဖောက်ပြန်လှည့်စားတတ်သော “ထိုဘုရားများ” မှလှည့်ပြန်ကာ ထိမ်းမြားခြင်း၏ မြင့်မြတ်သန့်ရှင်းခြင်းနှင့်အိမ်ထောင်၏ တန်ဖိုးများကို လေးစားခံယူဖို့သာဖြစ်ပေသည်။

         ကမ္ဘာတစ်ဝန်းမှ နိုင်ငံရေးခေါင်းဆောင်အများကလည်း ၎င်းတို့၏ ဘုရား “ငွေကြေး” ကိုသာ ကယ်တင်ရှင်အဖြစ် အားထားကိုးကွယ်ကြ သည်။ နောင်နှစ်ဒါထက်ပိုတဲ့သန်းပေါင်းများစွာကို အကုန်ကျခံမယ်။ ဒါထက်ကြီး ဒါထက်ကောင်းတဲ့ ဓါတ်ခွဲခန်းတွေ ဆောက်မယ်။ ဒါဆို ကာကွယ်ဆေးတွေရလာတဲ့အတွက် သင်တို့ရဲ့စရိုက် (Life Style)ကြောင့် ဖြစ်လာမယ့်ဆိုးကျိုးတွေကို မကြောက်ရတော့ဘူးပေါ့” ဟုဆိုတတ်ကြ သည်။

         အကြမ်းဖက်ဝါဒသည်လည်း ဥပဒေမဲ့ အင်အားသုံးလျက်နှင့် တန်ခိုးမရှိသောပျော့ညံ့သူ၏ ဓားတစ်လက်သာဖြစ်လာသည်။ တစ်ယူ သန်ခြင်း၊ မျှ၍မတွေးတတ်သော လျစ်လျူရှုခြင်းသဘောကိုသာ ပေးစွမ်း နိုင်ပြီးနောက် ၎င်းတို့၏တပ်သားများသည် စိတ်မချမ်းမြေ့ဖွယ်ဒုက္ခသည်
စခန်းများ၌ မုန်းတီးမှုများဖြင့် တန်ဆာဆင်ထားသောစကားလုံးများဖြင့် နေ့စဉ် တရစပ်ပစ်ခတ်မှုများကို ခံနေရတော့သည်။ ထိုသူတို့မှာအဖြေ အတွက် “အာဏာ” တည်းဟူသော ၎င်းတို့၏ ဘုရားထံသို့သာ ဦးခိုက်ကြ သည်။ “ပိုကောင်းတဲ့ဒုံးကျည်၊ ပိုကြီးတဲ့ဗုံးတွေကို ငါတို့ လုပ်ကြမယ်၊ ကျူးကျော်ဖိနှိပ်လာသူတွေကို ဒီလက်နက်တွေနဲ့ တိုက်ထုတ်ပစ်ကြမယ်” ဟုဆိုကြသေးသည်။

         ထိုကဲ့သို့အဆင်ခြင်ကင်းမဲ့သော အားသုံးမှုတိုင်းသည် မတရား ညှဉ်းပန်းနှိပ်စက်ခြင်းသဘောကိုအားပေးသည်။ ထို့အတွက် ဒေါသပို၍ ပွားစေပြီး ၎င်းတို့၏အမုန်းအင်အားနှင့် အကြမ်းဖက်မှုကပင် အမှန် တကယ် သင့်လျော်သော အကြောင်းဖြစ်သည်ဟူသော မိမိတို့၏ ခံယူ ချက်ကို အခိုင်အမာပြုလာကြတော့သည်။

         [အမှန်တကယ်ဘုရားမဟုတ်သော ဘုရားများသို့ သင်၏ သစ္စာ နှင့်ကိုးကွယ်ရာကို မပုံအပ်ပါလေနှင့်။ အဆုံး၌ သင့်အားစိတ်ပျက်နာကျင် မှု သက်သက်သာဖြစ်စေမည့်အရာ တစ်စုံတစ်ခု (သို့မဟုတ်) ပုဂ္ဂိုလ်တစ် စုံတစ်ယောက်သို့ သင့်အသက်တာ၏ အမြတ်ဆုံး(အဓိက)တွင် မထားပါ စေနှင့်။

 

ငြိမ်းချမ်းရေးသမားတို့(the flowers)၏ပျက်ကွက်ခြင်း

         ယေရှု၏ရှေ့တည့်တည့်တွင် မတ်မတ်ရပ်ကာ စာတန်က ပထမ ပညတ်ဖြင့် တိုက်ခိုက်ခဲ့သည့်အကြောင်း ဓမ္မသစ်တွင်ဖော်ပြထားပြီး ဖြစ် သည်။ “လောကနိုင်ငံရှိသမျှနှင့် ထိုနိုင်ငံတို့၏ ဘုန်းစည်းစိမ်ကို ပြညွှန်” ပြီးနောက် “ကိုယ်တော်သည် ငါ့အား ဦးညွတ်ရှိခိုးမည်ဆိုပါက ဤအရာ အလုံးစုံကိုငါပေးမည်” ဟုဆို၏။ (မဿဲ ၄း၈၊၉)။ ထိုနေရာတွင် “ငွေကြေး၊ လိင်မှုအပျော်အပါးနှင့် တန်ခိုးအာဏာ အားလုံးတို့ကို သင်ရယူနိုင်၏” ဟုဆိုလိုသည်။

         ယေရှု၏အဖြေ၌ မှားယွင်းသောဘုရားများ (စိတ်တိမ်းညွတ်ရာ များ)အပေါ် အာရုံထားခြင်းကိုငြင်းပယ်ခဲ့သည်။ ပထမပညတ်နှင့် ပတ် သက်၍ တရားဟောရာကျမ်း ၁၀း၂ဝ ကို ကိုးကားလျက် လုပ်ဆောင်ရ မည့်အပြုဘက်က ထုတ်ဖော်ချေပခဲ့၏။ “ကျမ်းစာလာသည်ကား” ဟုအစ ချီကာ “သင်၏ ဘုရားသခင်ထာဝရဘုရားကိုသာလျှင် ဝတ်ပြုရှိခိုးရမည်” ဟုမိန့်တော်မူ၏။ (မဿဲ ၄း၁၀)။ မှားယွင်းသော ဘုရားများကိုငြင်းပယ်ရုံ၊ ထိုဝတ်ပြုခြင်းများကို ရှုတ်ချရုံဖြင့် မလုံလောက်သေးပါ။ ကောင်းကင်ဘုံ မှ မှန်သောဘုရားကိုကိုးကွယ်ခြင်းဖြင့် အစားထိုးရပါဦးမည်။

         လွန်ခဲ့သောမျိုးဆက်တစ်ခုက “flower children” ဟုခေါ်သော ဆံပင်ရှည်ရှည်နှင့်စုတ်ပြဲသောအဝတ်ကိုဝတ်ဆင်ကြသည့်လူငယ်တစ်စု ရှိခဲ့သည်။ အများက ၎င်းတို့ကို ဟစ်ပီ (hippies) ဟုခေါ်ကြသည်။ ယနေ့ အဖို့ မည်သူကမျှသူတို့ကို အားကျလိမ့်မည် မဟုတ်သော်လည်း ၎င်းတို့၌ မှတ်သားဖွယ်ရာ ခံယူချက်တစ်ခုတော့ရှိသည်။ သူတို့က မှားယွင်းသော ရုပ်ဝတ္ထုဝါဒကိုငြင်းပယ်၏။ ထိုကြောင့်ပင် ၎င်းတို့၏ လုပ်ဆောင်မှုများ မအောင်မြင်လေသလားမသိ။ အမှန်အားဖြင့် ၎င်းတို့မှာ ငြင်းပယ်ခြင်း တစ်ခုကိုသာပြုပြီး ပစ်ပယ်ထားသည့်အမှား၏ နေရာလပ်တွင် အမှန်ကို အစားထိုးဖြည့်စွက်ခြင်းမရှိသောကြောင့်ပင် ဖြစ်သည်။ အဆုံးမှာတော့ တစ်ကိုယ်ကောင်းဆန်ခြင်း၏ နောက်အသွင်တစ်မျိုးသာ ဖြစ်ပေတော့ သည်။

         ထိုနှစ်များမှာပင် သန်းပေါင်းများစွာသောလူထုသည် တစ်ကိုယ် ကောင်းမဆန်သော မျှဝေခြင်းသဘောတရားကိုဆောင်၍ ခရစ်တော်၏ သွန်သင်ချက်များနှင့်အတော်လေးဆင်တူသည့် ကွန်မြူနစ်ဝါဒကို စံထား ကျင့်သုံးလာခဲ့ကြသည်။ ၎င်းတို့လည်း မိမိတို့၏ စိတ်ကူးရှိသည့်အတိုင်း စံပြလူ့အဖွဲ့အစည်းကို အဘယ်ကြောင့် မထူထောင်နိုင်ခဲ့ကြသနည်း။ အထက်ကနည်းအတိုင်းပင် မဖြစ်နိုင်သောစိတ်ကူးအိပ်မက်ကဲ့သို့ လူသား
တို့၏ ဖြစ်ရုပ်အမှန်၌သာ ပြတ်ကျန်ခဲ့သည်။ ပြောင်းလဲဖို့လိုအပ်သည်။ ပြောင်းလဲရမည်ဟု လူထုကို သင်အမှန်တကယ် နားလည်သဘောပေါက် စေနိုင်ကာမှ သူတို့ပြောင်းလဲကြမည့်အရေးတွင် အမှန်တရားကိုသိရုံနှင့် မလုံလောက် အသိတရားအားဖြင့်သာ ယုံနေသည်ဆို၍ကာ မဖြစ်နိုင်ပါ ချေ။

         စစ်မှန်သော ကိုယ်ကျင့်သိက္ခာသည် သမ္မာကျမ်းက “ကျေးဇူး တော်” ဟုခေါ်ဆိုထားသည့်အတွင်း၌ ပြောင်းလဲထွက်ပေါ်လာသော နှလုံး သားမှလာပါသည်။ တမန်တော်ရှင်ပေါလုက “ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင် အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည် အကြောင်း စိတ်နှလုံးအသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့” ဟု ရောမ ၁၂း၂ တွင် ဖော်ပြထားပါသည်။ “ဘုရားသခင် အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည် အကြောင်း” ဆိုသောအပိုင်းတွင် အကျင့်သိက္ခာနှင့် ပတ်သက်၍ အဖြေ မှန်ကို ဖော်ပြနိုင်ခြင်းထက် သာလွန်သောအနက် အဓိပ္ပါယ်ရှိပါသည်။ သတင်းအမှန်ကိုပေးနိုင်တာထက် ပါဝင်ပတ်သက်မှုရှိသည်။ ခြားနားမှု မရှိသော အရာတစ်ခုကို အဘယ်သို့လျှင် သက်သေပြုနိုင်ပါမည်နည်း။ ကျွန်ုပ်တို့သည် အတွင်းစိတ်၏ အသစ်ပြုပြင်ခြင်းအားဖြင့် ပြောင်းလဲမှ သာလျှင် ဘုရားသခင်အလိုတော်ရှိသောအရာကို အမှန်သက်သေပြနိုင် မည်ဖြစ်သည်။

         မှန်သော အသက်ရှင်ခြင်းတည်းဟူသော ဤအခြေခံကျသည့် ပြောင်းလဲခြင်းသည် သဘာဝဖြစ်စဉ်တစ်ခုမဟုတ်ပါ။ ရုပ်ပိုင်းဆိုင်ရာ အခြေပြ(အပြုအမူ)နှင့် စိတ်ပိုင်း(အကျင့်သိက္ခာ)နှင့်ပတ်သက်သော ဆင် ခြင်မှုနှစ်ခုစလုံးတို့သည် ကိုယ်စီ၌နေရာကျသော်လည်း ပြောင်းလဲခြင်းသို့ မရောက်လှမ်းနိုင်သေးကြောင်းဆာလံဆရာကသဘောပေါက်ထားသည်။ “အိုဘုရားသခင်၊ အကျွန်ုပ်အထဲ၌ စင်ကြယ်သောနှလုံးကို ဖန်ဆင်းတော် မူပါ။ မြဲမြံတည်ကြည်သောသဘောကို အသစ်ပြုပြင်တော်မူပါ” (ဆာလံ ၅၁း၁၀) ဟုဖော်ပြပါသည်။ မှန်သောကိုယ်ကျင့်သိက္ခာကို မွေးဖွားသော နှလုံးအသစ်ပြုပြင်ခြင်းသည် ဖန်ဆင်းခြင်း၏ လုပ်ဆောင်မှု တစ်ရပ်ဖြစ် ပြီး ထိုအရာမှာ ဘုရားသခင်ထံမှရသော လက်ဆောင်တစ်ခုသာဖြစ်ပေ သည်။

         ဤအကြောင်းကြောင့် ပထမပညတ်ချက်သည် မမှန်သော ဘုရား များကို ဖယ်ရှားပစ်ပါဆိုရာလောက်တွင် မပြီးဘဲ “ငါမှတစ်ပါး”ဆိုသည့် အပိုင်းက ပြုလုပ်ရမည့်အပိုင်းကို ထောက်ပြပေသည်။ အမှန်တကယ် ဘုရားမဟုတ်သော “အခြားသောဘုရားများ” ၏နေရာတွင် အလပ်မထား ပါနှင့်။ “မကိုးကွယ်နှင့်” ဟုပါရှိသောတားမြစ်ချက်တွင် “ငါ” တည်းဟူ သော မှန်သောဘုရားကို ကိုးကွယ်ရန်ဖော်ပြသောမိန့်ဆို ချက်တစ်ရပ်ပင် ဖြစ်ပါသည်။


 

ကိုးကွယ်ခြင်းနှင့်ချစ်ခြင်းမေတ္တာ

         ဘယ်ပညတ်ဟာအကြီးမြတ်ဆုံးလဲဟု မေးခွန်းထုတ်ခဲ့ဖူးသည်။ တရားဟောရာကျမ်း ၆း၅ ကို ကိုးကားလျက် ယေရှုက “သင်၏ ဘုရား သခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့” ဟုပြန်၍မိန့်တော်မူ၏။ တစ်ဖန် “ပထမပညတ်ဖြစ်၏၊ ကြီးမြတ်သော ပညတ်လည်းဖြစ်၏” ဟုထပ်၍မိန့်ဆိုခဲ့၏။ (မဿဲ ၂၂:၃၇-၃၈)။

         ယေရှုကို စာတန်ကလှည့်ဖြားဖို့ကြိုးစားခဲ့စဉ်ကလည်း ဘုရား သခင်ကိုသာ ကိုးကွယ်ရမည်ဟူသော ပညတ်ချက်နံပါတ်တစ်ခုကို မိန့်ဆို ခဲ့သည်။ ယခုမိန့်တော်မူချက်မှာကား သူ့အား “ချစ်” ရမည်ဟုဆိုပါသည်။

         ကျွန်မဒဲနီကိုချစ်တယ်၊ သူဟာ ကျွန်မရဲ့ကိုးကွယ်ရာ” ဟု ဆိုခဲ့ သောဂျက်ကလင်းသည် သမ္မာကျမ်း၏ အဆိုမှ မြတ်နိုးကိုးကွယ်ခြင်းကို
မစဉ်းစားခဲ့မိသော်လည်း ဝတ်ပြုကိုးကွယ်ခြင်းသည် မေတ္တာက ဖော်ပြ သော လုပ်ဆောင်ချက်တစ်ခုဖြစ်သည်ဆိုသော အမှန်တရားနှင့်တော့ သူမ၏ နားလည်မှုအတော်နီးစပ်ပေသည်။

         ကိုးကွယ်ရှိခိုးခြင်းဆိုသည်မှာ ချစ်ခြင်းကဲ့သို့ပင် နှလုံးသား၏ သဘောထားတစ်ရပ်ဖြစ်သည်။ ဘုရားသခင်ကို ပထမနေရာတွင် ထားရှိ စေသော ဆန္ဒနှင့်ဆုံးဖြတ်ချက်တစ်ရပ်၊ နှလုံးသားပလ္လင်ထက်တွင် နေရာ ပေးလျက် ဘဝအသက်တာကို ပိုင်သအုပ်စိုးသူအဖြစ် ထားရှိခြင်းပင်ဖြစ် သည်။ ဘုရားသခင်အားအုပ်စိုးရန် ပေးအပ်ခြင်းဆိုသည်မှာ ကြောက်စရာ အသွင်နှင့် မည်ကဲ့သို့ပြုလိမ့်မည်ကို ကြိုတင်တွေးထင်ကာ ကိုယ်ကို အပ်နှံလိုက်ခြင်းမျိုးမဟုတ်ပါ။ ဘုရားသခင်ကို ကျွန်ုပ်တို့ နားလည်နိုင် သည့် အတိုင်းအတာအထိ၌သာ သူ့အားယုံကြည်နိုင်သည်ဆိုသည့် အယူ အဆမျိုးလည်းမဟုတ်ပါ။ ထိုသို့သာဆိုလျှင် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ၌သာ ယုံကြည်ခြင်းကို တည်ဆောက်နိုင်သော ဘုရားမရှိ ဝါဒကိုဦးတည် ပြီး ပိုဆိုးသည်က ကျွန်ုပ်တို့၏ ဉာဏ်စွမ်းတည်ရာ၌ ဘုရားကိုကန့်သတ် နေခြင်းမျိုးဖြစ်ပေတော့မည်။ သည်မှတော့ကျွန်ုပ်တို့ ကိုးကွယ်နေသော သူသည် ဘုရားမဟုတ်တော့ဘဲ တိုင်းတာမှန်းဆနိုင်သော အကန့်အသတ် တစ်ခုသာဖြစ်ပေမည်။

         ဤနေရာတွင် ခရစ်ယာန်၏ယုံကြည်ခြင်း၌ ဘုရား၏ ဖြစ်တည် ခြင်းကိုအထောက်အထားပြုသည့်သက်သေများကို သိမှတ်စရာမလိုဟု မပြောပါ။ ထိုသက်သေများကိုရှာဖွေခြင်းသည်လည်း မမှားပါ။ သို့သော် ၎င်းအချက်အလက်တို့သည် ယုံကြည်ခြင်း၏ ဇာစ်မြစ်မဟုတ်ကြောင်း နားလည်ထားရပေမည်။

         ဘုရားသခင်ကို လူသားတို့၏ အတွေးအခေါ်အားဖြင့်မဟုတ်ဘဲ ဘုရားသခင်က မိမိကိုယ်ကို ဖော်ပြတော်မူသော ဗျာဒိတ်တော်အားဖြင့် သာ သိနားလည်လာရခြင်းဖြစ်သည်။ အထောက်အမမပါသော ကျွန်ုပ်တို့ ၏ အားထုတ်မှုများအားဖြင့် နားမလည်နိုင်ပေ။ ဘုရားသခင်ဖော်ပြတော် မူသောအဖြစ်တော်ကို ယေရှုခရစ်တော်အားဖြင့် အများဆုံးထင်ရှားပေ သည်။ “ဘုရားသခင်ကို အဘယ်သူမျှမမြင်စဖူးသော်လည်း ခမည်းတော် ၏ ရင်ခွင်၌ရှိသော တစ်ပါးတည်းသော သားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ” (ယောဟန် ၁း၁၈)။ အမှုတော်ဆောင်ရာနှစ်ဦးပိုင်း များ၌ပင် ဘုရားသခင်၏ အဖြစ်တော်ကို ထင်ရှားစေခဲ့သည်။ ကလေးငယ် များကို လက်ဖြင့်ချီမကာ ကောင်းချီးပေးသောအခါများ၊ တပည့်တော်တို့ အား အိုင်နားတွင်သွန်သင်ခဲ့ရာများ၊ လေမုန်တိုင်းကို ငြိမ်းစေသောအခါ နှင့် ဗိမာန်တော်ကို သုတ်သင်ရှင်းလင်းခဲ့သည့်အခါများ ထိုအကြောင်း အရာအားလုံးတို့တွင် ကိုယ်တော်က ငါဖြစ်လေရာနှင့် ပြုလေရာသည် ဘုရားသခင်ဖြစ်တော်မူ၏ ဟုဆိုသတည်း။

         သခင်ယေရှုကပ်တိုင်ပေါ်တွ င်အသေမခံမီလေးမှာပင် ဖိလိပ္ပုက “သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ” ဟုတောင်းဆိုခဲ့ သည်။ (ယော ၁၄း၈)။သခင်ယေရှုကို အမှန်တကယ်နာကျင်စေခဲ့ကြောင်း ပြန်ဖြေကြားသည့်စကားအားဖြင့် နားလည်နိုင်ပါသည်။ “ဖိလိပ္ပု၊ ဤမျှ ကာလပတ်လုံး ငါသည် သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကိုမသိသေး သလော။ ငါ့ကို မြင်သောသူသည် ခမည်းတော်ကို မြင်၏။ သို့ဖြစ်လျှင် ခမည်းတော်ကို ကျွန်ုပ်တို့အားပြတော်မူပါဟု သင်သည် အဘယ်သို့ဆိုရ သနည်း” (ယော ၁၄း၉)။ ခရစ်ဝင်ကျမ်းများ၌ ဖိလိပ္ပုကို သံသယစိတ်များ ပြီး နာခံရန် တုံ့ဆိုင်းတတ်သောတပည့်တော်အဖြစ် ဖော်ပြထားသည်။ ဘုရားသခင်၏ ဖော်ပြခြင်းသည် ဘယ်တော့မှ အတင်းမဝင်ရောက်ဘဲ မိမိတို့၏နားများ၊ မျက်စိများ၊ အထူးသဖြင့် စိတ်နှလုံးကိုဖွင့်ထားသောသူ များအထဲသို့ ငြိမ်သက်စွာ ဝင်ရောက်ပေသည်။ ကြီးကျယ်ခမ်းနားသော လုပ်ဆောင်မှုမဟုတ်ဘဲ ယုံကြည်ခြင်းကို ပိတ်ဆို့စေမည့်အရာများကို ဖယ်ရှားစေသည့် ဆန္ဒတစ်ခုသာလိုအပ်ပေသည်။

Text Box: အန္တရာယ်ရှိသောအချစ်

         ဘုရားသခင်ကို ပထမနေရာတွင် ထားရှိခြင်းဆိုသည်မှာ ကိုယ် တော်ကိုဆိုင်ပြိုင်ပြီး သူ၏ အုပ်စိုးပိုင်သတော်မူခြင်းကို မှေးမှိန်စေသော စိတ်ပါဝင်စားမှုနှင့်အတွေးအခေါ်တို့ကို ကျွန်ုပ်တို့၏ စိတ်ထဲမှဖယ်ရှား လိုက်ခြင်းဖြစ်သည်။ ဤသဘောထားသည်သာလျှင် စစ်မှန်သော ဂုဏ် သိက္ခာနှင့်ဝိညာဉ်ရေးအသက်တာ၏ အခြေခံစည်းမျဉ်းဥပဒေဖြစ်သည်။ နေ့စဉ်နှင့်အမျှ ကျွန်ုပ်တို့ ရင်ဆိုင်နေရသည့်မဆုံးနိုင်သော ရွေးချယ်ဆုံး ဖြတ်စရာများတို့တွင် မှန်ကန်စေနိုင်စွမ်းမည့်စည်းမျဉ်းသဘော၏ အချုပ် ပင်ဖြစ်ပေသည်။ ထိုအတွက် ဤဗွီဒီယို၊ ဤကစားဂိမ်း၊ ဤမိတ်ဖွဲ့ခြင်း၊ ဤအလုပ်နှင့် ဤပိုင်ဆိုင်မှုစသည့် အမှုအရာတိုင်းတို့တွင် ဘုရားသခင် နှင့်ကျွန်ုပ်၏ပတ်သက်မှုကို ထိခိုက်စေနိုင်ခြင်းရှိ၊ မရှိ ရှင်းလင်းစွာဆင်ခြင် နိုင်ပေလိမ့်မည်။ ဤတရား၌ အမှန်တကယ် အသက်ရှင်ပါလျှင် ကျွန်ုပ်တို့ ၏အသက်တာထဲသို့ တည်ငြိမ်သောဂုဏ်သိက္ခာပြည့်ဝကာ စိတ်သောက အစား ငြိမ်သက်ခြင်း၊ စိတ်ဖိစီးမှုနှင့် စိတ်ပျက်ခြင်းတို့ကို အဝေးသို့နှင်ပစ် သည့် မျှော်လင့်ခြင်းတို့ဖြင့် တောင်ပေါ်၌ သခင်ယေရှုဟောကြားခဲ့သော ဒေသနာတော်မှ နားထောင်ခြင်းတရား၏နက်နဲသိမ်မွေ့သော ဝိညာဉ်ရေး ရာကို နားလည်နိုင်စွမ်းသော လက်ငင်းအကျိုးကိုရရှိပေမည်တည်း။

 

ပထမနေရာတွင်တည်ရှိသောဤပညတ်ချက်

         ဘုရားသခင်ရှိသည်ဟု တကယ်ယုံကြည်သက်ဝင်နေကြသော လူ အများစုကပင်လျှင် ဘုရားသခင်ကို မိမိတို့ဘဝအသက်တာ၏ နံပါတ်တစ် နေရာတွင်ထားရှိရန် သဘောမပေါက်ကြပါ။ ဘုရားအစစ်အမှန်၏ စိုးစံ ထိုက်ရာနှင့် စိုးစံနိုင်ရာသည် ထိုနံပါတ်တစ်နေရာသာ ဖြစ်ပေသည်။ သို့အတွက်ကြောင့် ဤပညတ်ချက်က ပထမပညတ်ချက် ဖြစ်ရပေ၏။ ဤပထမပညတ်ချက်ကို နှလုံးသွင်းပိုက်ကာ ဘုရားသခင်အား မိမိ အသက်တာ၏ အုပ်စိုးပိုင်သရာအရှင်သခင်အဖြစ် မထားရှိနိုင်ခဲ့လျှင် ကျန် ပညတ်ချက်များတို့သည် ထောင်ပေါင်းများစွာသော အခြားအတွေးအခေါ် ကောင်းများထက် တန်ခိုးမရှိသောရိုးရိုး သာမန်စာရိတ္တတည်ဆောက်ရန် ထားရှိသည့် ပညတ်ချက်များသာဖြစ်ပေတော့မည်။

         ဘုရားသခင်၏အကြောင်းနှင့် ကျွန်ုပ်အတွက်တည်သော သူ၏ အလိုတော်ကို ပြည့်ဝစုံလင်စွာနားလည်ထားပြီးပြီလား။ ကျွန်ုပ်မှာ ဘုရား သခင်လက်ခံနိုင်လောက်တဲ့အခြေအနေရှိရဲ့လား၊ အခြားပညတ်ချက်တို့ ကို လိုက်လျှောက်ပြီးပြီလား စသည့်မေးခွန်းများက လိုရင်းမဟုတ်ပါ။ ကျန်ပညတ်ချက်ကိုးချက်တို့ကို လိုက်လျှောက်ပြီးမှ နံပါတ်တစ်ပညတ် ကို စောင့်ထိန်းမည်ဟူ၍ကား မဖြစ်နိုင်ပါ။ ဤနံပါတ်တစ်ပညတ်ချက် အားဖြင့်သာလျှင် ကျန်ပညတ်ချက်များပြည့်စုံနိုင်ပေမည်။

         ကျွန်ုပ်အတွက် ရိုးရိုးလေးနှင့်အရေးကြီးသော မေးခွန်းမှာ ဘုရား သခင်အားထားရှိအပ်သော သူ၏နေရာအမှန်သို့ ကျွန်ုပ်ကထားရှိလိုပါရဲ့ လား။ သူ့အား ကျွန်ုပ်က နံပါတ်တစ်ဖြစ်စေလိုပါသလား။ ပထမပညတ် ချက်နှင့်ပတ်သက်သမျှသည် ဤအရာပင်ဖြစ်သည်။

         ရှေးအခါမှစ၍ ရာစုနှစ်များကိုဖြတ်သန်းလျက် ယနေ့တိုင်အောင် ကျွန်ုပ်တို့အားဖိတ်ခေါ်သံကိုဆင်ခြင်ပါလေ။ “သင်၏ ဘုရားသခင်ထာဝရ ဘုရားကိုကြောက်ရွံ့၍ လမ်းတော်သို့လိုက်သွားခြင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်၍ အမှုတော်ကိုဆောင်ရွက်ခြင်း၊ သင်၏ အကျိုးကိုထောက်၍ ယနေ့ ငါဆင့်ဆိုသော ထာဝရဘုရား၏ ပညတ်တော်ကို စောင့်ရှောက်ခြင်းအမှုမှတစ်ပါး သင်၏ ဘုရားသခင် ထာဝရဘုရားသည် အဘယ်အမှုကို တောင်းတော်မူသနည်း” (တရား ဟောရာကျမ်း ၁၀း၁၂၊၁၃)။

 

**********


No comments:

Post a Comment