Monday, April 27, 2026

 

အခန်း ()

အသင်းအုပ်ဆရာတစ်ယောက်၏အနှစ်သာရ

 

    အမှုတော်ဆောင်ခြင်းလုပ်ငန်းအစစ်အမှန်မည်သည်မှာ ၎င်းအမှုတော် ဆောင်ခြင်းလုပ်ငန်းအတွင်းမှထွက်ရှိလာပါသည်။ ၎င်းသည် ရာထူးဂုဏ်သိမ် အဆင့်ဆင့် အနေအထားမှ ပေါ်ထွက်လာသည့်ရလဒ် သို့မဟုတ် မဟာဘွဲ့ရ တစ်ဦး၏ ဆောင်ရွက်မှုအပြီးသတ်ချက် သို့မဟုတ် ပါရဂူဘွဲ့ထူးရရှိခြင်းတို့၏ ရလဒ်မျိုးမဟုတ်ပါ။ အမှုတော်ဆောင်လုပ်ငန်းသည် အသင်းအုပ်ဆရာတစ် ယောက်၏ အနှစ်သာရကို ရောင်ပြန်ဟပ်စေပါသည်။ အရာအားလုံးတို့၏ အထက်၌ အမှုတော်ဆောင်လုပ်ငန်းအစစ်အမှန်ဆိုသည်မှာ သင့်အားဖြင့် ဘုရားသခင်၏ ရှင်သန်တော်မူခြင်းလက္ခဏာပင်ဖြစ်ပါသည်။ သင်သည် မည်သည့်အရာကိုလုပ်ဆောင်သည်ဆိုခြင်းထက် သင်သည်မည်သူဖြစ်သနည်း ဆိုခြင်းက အဓိကကျပါသည်။ ဤအချက်သည် ဘုရားသခင်ပေးသနားတော် မူသော အနှစ်သာရပင်ဖြစ်သည်။

    အသင်းအုပ်ဆရာတစ်ယောက်အနေဖြင့် သင်၏ ပထမဦးဆုံးသောအလုပ် တာဝန်မှာ သင်၏ကိုယ်ပိုင်နှလုံးသားနှင့် သင်၏ကိုယ်ပိုင်ဝိညာဉ်ရေးတက်ကြွမှု တို့ကို မြေတောင်မြှောက်ပေးရန် ဖြစ်ပါသည်။ ၎င်းလုပ်ရပ်သည် သင်၏ အသက်တာနှင့် သင်၏ အမှုတော်ဆောင်ရွက်ခြင်း နှစ်ရပ်လုံးအတွက် အခြေခံ အုတ်မြစ်ဖြစ်ရပါမည်။ သူ၏ အလိုရှိတော်မူသော အမှုတော်ပြီးမြောက်ရေး အတွက် မိုက်မဲသူများ၊ စိတ်နှလုံးဝမ်းနည်း ကြေကွဲသူများနှင့် မရှိဆင်းရဲသား များတို့အား အသုံးပြုတော်မူသော ဘုရားသခင်ထံတော်၌ သင်၏ သွင်ပြင် လက္ခဏာနှင့်ကိုယ်ရည်ကိုယ်သွေးတို့ကို အထက်ပါ မြေတောင်မြှောက်ပေးမှု အားဖြင့် ဖော်ထုတ်နိုင်မည်ဖြစ်ပါသည်။

အသင်းအုပ်ဆရာတစ်ယောက်၏အသက်တာသည် အမျိုးစုံလင်လှသော တာဝန်ဝတ္တရားများတို့၏ မကြာခဏစိုးမိုးခြယ်လှယ်မှုကို ခံနေရပါသည်။ အုပ် ချုပ်မှုပိုင်းဆိုင်ရာ တာဝန်ယူမှုများတို့၏အရေးမပါသည့်အသေးအဖွဲအကြောင်း အရာများဆီသို့ အာရုံရောက်သွားခြင်းသည် အမှုတော်ထမ်းရွက်ခြင်းအတွက် သင်ရရှိသော ဆုကျေးဇူးတော်များကိုအသုံးချရာတွင် ၎င်းစိတ်အားထက်သန်မှု ရှိသည်အတိုင်း ဆက်လက်လုပ်ဆောင်ရန်အတွက်လည်းကောင်း၊ လိုအပ်သော အချိန်အနည်းငယ်သာ ကျန်ရှိသည်အထိ သင်၏အချိန်ကိုရယူသွားမည် ဖြစ်ပါ သည်။ အကျိုးရလဒ်အဖြစ် ပြည့်စုံလုံလောက်မှုမရှိသောခံစားချက်မျိုး အလွယ် တကူပေါ်ပေါက်လာခြင်း သို့မဟုတ် သင်၏လုပ်ငန်းဆောင်တာ တာဝန်ခန့် ထားခြင်းနှင့်အဆက်ပြတ်သွားပေမည်။

    အခြားသောအရေးကြီးလှသည့် ဦးဆောင်မှုဆိုင်ရာ အရည်အချင်းများ၊ အများအပြားရှိနေသေးသည်ဆိုခြင်းမှာ သံသယဖြစ်စရာမလိုပါ။ သို့သော် လည်း စစ်မှန်သောဦးဆောင်မှု အားလုံးတို့သည် အောင်မြင်ရန်မျှော်လင့်ချက် ကင်းသောအနေအထားမှ စတင်သည်က များသည်အလျောက်၊ ၎င်းအနေ အထားသည် ကျွန်ုပ်တို့ကဲ့သို့သော အကူအညီမဲ့သောအပြစ်သားများအားလုံး တို့အနေဖြင့် ကယ်တင်ရှင်တစ်ဦးကို ကြီးကြီးမားမားလိုအပ်နေသည်ဆိုသည့် လက်သင့်ခံရမည့်အချက်ကိုပါ ကျွန်ုပ်တို့ သတိရကြရပါမည်။ အောင်မြင်ရန် မျှော်လင့်ချက်ကင်းသော အခြေအနေသည် ကျွန်ုပ်တို့အား အညံ့ခံခြင်းဆီသို့ ရောက်ရှိသွားစေပါသည်။ သူ၏ နှုတ်တော်ထွက်မှနေပြီး ကျွန်ုပ်တို့သည် ဘုရား သခင်အား ကြိုးပမ်းရှာဖွေနေကြပါသည်။ ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့ သည် သူ၏ထံတော်သို့အော်ဟစ်တောင်းခံနေကြပါသည်။ သူ၏ကြီးမားလှပြီး အဖိုးထိုက်လှစွာသော ကတိတော်များတို့အပေါ်တွင် ကျွန်ုပ်တို့ယုံကြည်မှုရှိကြ ပါသည်။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် လွတ်လပ်မှုရှိလာကြကာ ချစ်ခြင်းမေတ္တာ နှင့် အစေခံခြင်းအသက်တာမျိုးတွင် နေထိုင်ရကြလျက်၊ ကျွန်ုပ်တို့၏ကောင်း ကင်ဘုံရှင် အဖခမည်းတော်အား ချီးမွမ်းထောမနာပြုရကြပေမည်။

        သင်၏ဘုရားသခင်နှင့်ထိတွေ့ ဆက်ဆံမှုရှိခြင်းသည် သင်၏အမှုတော် ထမ်းရွက်ခြင်းအသက်တာကို မောင်းနှင်ပေးသည့်အခြေခံအုတ်မြစ်ဗဟိုချက်မ နှင့် စွမ်းအင်တို့ပင်ဖြစ်ပါသည်။ သင်၏ များပြားလှသောအလုပ်တို့ဖြင့် ရေးဆွဲ ထားသော လုပ်ငန်းအစီအစဉ်ဘားအတွင်းမှ အချိန်တစ်နာရီခန့်မျှဖြင့် ဆက် ကပ်သည့်အနေဖြင့် ဘုရားသခင်နှင့်အတူ လည်ပတ်ခြင်းကိုပြုလုပ်ပေးပါက သင်၏ အသက်တာသွင်ပြင် လက္ခဏာတစ်ခုလုံးတို့တွင် ထိုလုပ်ရပ်၏ အကျိုး ကျေးဇူးတို့သည် ထင်ရှားလာပေလိမ့်မည်။ ဤတိတ်ဆိတ်သည့် မိတ်သဟာယ ဖွဲ့မှုသည် သင့်အတွက် ခိုလှုံရာတစ်ခုအဖြစ်ရှိလာရာတွင် သင်သည် တရား ဒေသနာတော်တို့နှင့်အသင်းတော်၏ အဖွဲ့ခွဲများအပြင် သင်၏ဝိညာဉ်ရေးရာ တို့ကို ပြန်လည်ဆန်းသစ်ရန်အတွက် မေ့ပျောက်သွားသည့် ရှားပါးသော အချိန် ကလေးအတွင်း၌ပင် သင်၏ ခိုလှုံရာအဖြစ်ရှိနေပါသည်။ ဤခိုလှုံရာသည် သင်၏အလုပ်တာဝန်ကိုရပ်တန့်ထားကာ သင်၏အလုပ်တာဝန်နှင့် သင်၏ ဖန်ဆင်းရှင်ကို ပြန်လည်ချိတ်ဆက်ရန် လုံခြုံသော နေရာဖြစ်သည်အလျောက်၊ သင့်အနေဖြင့် ထာ၀ရဘုရားသခင်၊ အကျွန်ုပ်ရှိပါ၏။ ယနေ့တွင်ကိုယ်တော် ရှင်သည် အကျွန်ုပ်အားမည်သည့်အရာကို မိန့်မြွက်တော်မူရန်ရှိပါသနည်း ဆိုပြီးဆုတောင်းရပါမည်။ ဤနေ့စဉ်ပြန်လည်ကတိကဝတ်ပြုခြင်းသည် သင်၏ ဝိညာဉ်ရေး သုခချမ်းသာအတွက်ပါမကဘဲ၊ သင်၏အမှုတော်ဆောင်ခြင်း လုပ် ငန်းဆိုသည်မှာ ဘုရားသခင်နှင့်အတူ ရင်းနှီးပွင့်လင်းသည့်အတွေ့အကြုံတစ်ခု မှနေပြီး ပေါက်ဖွားလာ ခြင်းပင်ဖြစ်ပါသည်။

    သင်၏အသင်းအုပ်ဆိုင်ရာတာဝန်များမှ အရေးကြီးသော အပိုင်းကဏ္ဍဆို သည်မှာ သင်၏အသင်းသူအသင်းသားများတို့အား သူတို့လျှောက်လှမ်းနေကြ သည့် ဝိညာဉ်ရေးလမ်းကြောင်းအတိုင်း ထိန်းကျောင်းပြီး တိုးတက်ကြီးပွားမှုရှိ လာအောင် လုပ်ဆောင်ပေးရေးပင်ဖြစ်ပါသည်။ သို့သော်လည်း အခြားသောသူ များတို့အား ပြုစုပျိုးထောင်ပေးသည့်လုပ်ငန်းတို့ကို အပြည့်အဝလုပ်ဆောင်ပေး မည့်အစား သင်၏ ကိုယ်ပိုင်ကာယပိုင်းရော ဝိညာဉ်ရေးပိုင်းဆိုင်ရာ လိုအပ် ချက်များတို့အတွက် ပြုစုစောင့်ရှောက်မှု လုပ်ဆောင်ရေးကိုသာ ရုန်းကန်နေရ သည်ကို သင့်ကိုယ်ကိုသင်တွေ့ ရှိနိုင်ပေသည်။ မြင့်မြတ်သန့်ရှင်းရန်ဆိုသည် မှာခက်ခဲလှပါသည် ဆိုသည့်စာအုပ်တွင် ပေါ(လ်) နှင့် လစ်ဘီရှိသန် တို့က ဘုရားသခင်နှင့်ညံ့ဖျင်းသောဆက်ဆံ ရေးသည် အသင်းအုပ်ဆရာများတို့အား မီးလောင်ပြာကျသွားစေသည့် မြင့်မားသော အနေအထားဆီသို့ ဦးတည်သွား စေပါသည်ဆိုသည့်အကြံပေးချက်ကို ပေးထားပါသည်။ ဤအကြံပေးချက်၏ ဆိုလိုရင်းမှာ ဘုရားထံတော်သို့ ချဉ်းကပ်ရန်အတွက် အဓိကထား အာရုံပြု သည့်သဘောထားမျိုး မိမိတို့၏ အသက်တာတွင်မရှိကြသောသူတို့သည် အမှု တော်ဆောင်ခြင်းဆိုင်ရာ ပြဿနာများတို့ကို အားကောင်းလာစေပါသည်။

    ဝိညာဉ်ရေးဆိုင်ရာ ယုံကြည်စိတ်ချရမှုသည် အသင်းအုပ်ဆရာအားလုံးတို့ အတွက် လိုအပ်သောထူးခြားသည့် အရည်အချင်းတစ်ခုဖြစ်ပါသည်။ အားလုံး သော အသင်းအဖွဲ့ဆိုင်ရာ မျှော်မှန်းချက်တို့ကို ဂရုမထားဘဲ သင်သည် ဘုရား သခင်နှင့်နီးကပ်မှုရှိလာရန်အတွက် ကြိုးပမ်းရပါမည်။ မှန်ပါသည်။ ၎င်းလုပ်ရပ် သည် ဘုရားသခင်နှင့်လူများတို့၏ မျှော်မှန်းချက်တို့ကို ဆုံတွေ့ခွင့်ရနိုင်သည့် ရွေးချယ်ရန်တွန်းအားပေးခံရပါက ဘုရားသခင်ကိုသာ အမြဲတမ်းရွေးချယ်ပါ။ အပြစ်တရားကို ရွံရှာမုန်းတီးပြီး သင်၏အသက်တာ၏ ကဏ္ဍအားလုံးတို့တွင် ဖြောင့်မတ်ခြင်းတရားကိုချစ်မြတ်နိုးပါ။

 

အမှုတော်ဆောင်ရာတွင်သူတော်ကောင်းဟန်ဆောင်မှုကိုရှောင်ရှားပါ

        အသင်းအုပ်ဆရာများအနေဖြင့် ကျွန်ုပ်တို့သည် သာမန်လူတို့အနေဖြင့် ရရှိထားခြင်းမရှိသော နှုတ်ကပတ်တော်နှင့်ပတ်သက်သည့် တတ်ကျွမ်းခြင်းနှင့် သိနားလည် ခြင်းတို့ကို ပိုင်ဆိုင်ထားကြပါသည်။ ကျွန်ုပ်တို့သည် နှစ်ပေါင်း များစွာ အချိန်ကုန်ခံကြပြီး စာသင်ကျောင်းများနှင့် ကျမ်းစာသင်ကျောင်းများ တို့တွင် တက်ရောက်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်ကြား လေ့ကျက်ခဲ့ကြပါသည်။ သို့သော်လည်း ကျွန်ုပ်တို့၏ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အလုပ်အကိုင်တစ်ခွင်လုံးတွင် သူတော်ကောင်းဟန်ဆောင်သည့်လုပ် ရပ်များ ပျံ့နှံ့တည်ရှိနေပါသည်။ အဘယ်ကြောင့် ဤကဲ့သို့ဖြစ်ရပါသနည်း။ ကျွန်ုပ်တို့ကဲ့သို့သော လူများအနေဖြင့် ၎င်းကိစ္စကို ကောင်းကောင်းသိထားသင့် ကြပါသည်။

    ဒီဗင်(န်)အပ်(ဂ်) က သူတော်ကောင်းဟန်ဆောင်မှုနှင့် ပတ်သက်သော သူ၏ဆောင်းပါးတွင် သူတော်ကောင်းဟန်ဆောင်ခြင်းစကားလုံးသည် ဂရိ ဘာသာမှနေပြီး ပြဇာတ်ဆိုင်ရာအသုံးအနှုန်းပုံစံဖြင့် ဆင်းသက်လာခဲ့ခြင်းဖြစ် ပါသည်။ သရုပ်ဆောင်တစ်ဦးသည် ပြဇာတ်တစ်ခုတည်း၌ မကြာခဏကဏ္ဍ ပေါင်းစုံတို့၌ အသုံးတော်ခံရရာတွင် မျက်နှာဖုံးပေါင်းစုံကို အသုံးပြုခြင်းဖြင့် မိမိကိုယ်ကိုရုပ်ဖျက်ခဲ့ရပါသည်။ ထိုသရုပ်ဆောင်တို့ကြောင့် လူတော် (သီလ ကြောင့်) ဟူ၍ခေါ်ဆိုခဲ့ကြပြီး၊ ထိုကဲ့သို့ခေါ်ဆိုခံရခြင်းမှာ သူ၌မျက်နှာနှစ်မျိုး သို့မဟုတ် များစွာသော မျက်နှာအမျိုးအစားရှိခြင်းကြောင့်ဖြစ်ပါသည်။ မျက်နှာ အသွင်ပြင်နှစ်မျိုးရှိသောလူ တစ်ယောက်၏အကြံအစည်သည် တည်ကြည်မှု မရှိဘဲ အပြောင်းအလဲရှိပါက၊ ထိုသို့ သောသူကိုအပြောတစ်မျိုး၊ အလုပ်တစ်မျိုး စိတ်ထားရှိသောသူဟု ဖော်ပြပြောဆိုကြပါသည်။

        ကြောင်သူတော်တစ်ယောက်သည် အလိမ်အလည် မုသားဖြင့် ရှင်သန်တတ် သည်အလျောက်၊ သူသည် အတွင်းစိတ်သဘောထားထက် အပြင်ပန်း အပြု အမူကို လူမြင်ကောင်းအောင် ကြိုးစားလုပ်ဆောင်တတ်ပါသည်။ ကြောင်သူ တော်တစ်ယောက်၏ လှည့်စားမှုသည် လူသိသူသိဖြစ်လာသောအခါ၊ များစွာ သောသူတို့သည် နစ်နာမှု၊ စိတ်ဓာတ်ကျမှုနှင့်အားငယ်မှုများတို့ကို ခံစားရကြပါ သည်။ ကြောင်သူတော်တစ်ယောက်သည် သူ၏ ကိုယ်ပိုင်ယုံကြည် စိတ်ချခံရမှု နှင့် အခြားသောသူတို့၏ ဂုဏ်သိက္ခာဆုံးရှုံးမှုကို ဖြစ်ပေါ်စေပါသည်။

မကောင်းသောအသိစိတ်ဖြင့်စီမံခန့်ခွဲခြင်းသည် နာမည်ဆိုးအနေအထား ဖြင့်လုပ်ဆောင်ခြင်းထက် ပိုမို၍လွယ်ကူမှုရှိပါသည်။ (ဖရက်ဒရစ်(ခ်ျ)နိ(စ်ချေ)

တောင်ပေါ်ဒေသနာ (မဿဲ -) တွင် သခင်ယေရှုက ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ပေးကမ်းစွန့်ကြဲမှု (မဿဲ ၆း၁-) ကျွန်ုပ်တို့၏ ဆုတောင်းမှု (မဿဲ ၆း၅-၁၅)နှင့် ကျွန်ုပ်တို့၏အစာရှောင်မှုများ လုပ်ဆောင်ကြရာတွင် သူတော် ကောင်းဟန်ဆောင်ကြသူများမဖြစ်မိကြရန် မိန့်တော်မူခဲ့ပါသည်။ ဤအချက် သည် ကျွန်ုပ်တို့၏အသက်တာများနှင့် ယခုကာလ အမှုတော်ထမ်းဆောင်ကြ ခြင်းနှင့်ပတ်သက်မှုရှိပါသည်။ သခင်ယေရှု၏ သူတော်ကောင်းယောင်ဆောင်မှု ကို အပြစ်ဖော် ဆုံးမတော်မူသည့်အချက်တိုင်းနီးပါးတို့တွင် အဓိက ဦးတည် မိန့်တော်မူခဲ့ပါသည်။ သူတို့သည် ရိုးသားဖြောင့်မတ်ပြီး ဘာသာတရားကို အလွန်ကိုင်းရှိုင်းကြသည့်တပည့်တော်များအဖြစ် ပြသခဲ့ကြပါသည်။ ဤကဲ့သို့ သူတော်ကောင်းများအဖြစ် ပြသနေခဲ့ကြရင်းတွင်ပင်၊ သူတို့သည် အကျင့်ပျက် ခြစားမှုလုပ်ရပ်တို့ဖြင့်သာ ပြည့်၀ခဲ့ကြပါသည်။

    (မဿဲ ၂၃း၃) တွင် သခင်ယေရှုက သူတို့၏ အကျင့်အတိုင်းမကျင့်ကြ နှင့်။ အကြောင်းမူကား၊ သူတို့သည် စီရင်ထုံးဖွဲ့သော်လည်း ကိုယ်တိုင်မကျင့် ကြ ဟူ၍ ဖာရိရှဲနှင့်ကျမ်းပြုဆရာတို့နှင့်ပတ်သက်ပြီး မိန့်တော်မူခဲ့ပါသည်။ ဤမိန့်တော်မူချက်သည် အသင်းအုပ်ဆရာတွေကကော သူတို့ဟောပြောတဲ့ အတိုင်းသူတို့ကျင့် ကောကျင့်ကြရဲ့လား ဆိုသည့်မေးခွန်းကို ထွက်ပေါ်လာစေ ပါသည်။ အသင်းအုပ် ဆရာများတို့သည် မကြာခဏပင် သူတော်ကောင်း ယောင်ဆောင်သူများအဖြစ် တမင်တကာကွက်ပြီးအပြောခံနေကြရပါသည်။ သူတို့သည် အသင်းအဖွဲ့ဆိုင်ရာမျှော်မှန်းချက်တို့၏ ကြီးမားသော ဝန်ထုပ် ဝန်ပိုးကိုထမ်းရွက်ရင်း ရှင်သန်နေရသကဲ့သို့ဖြစ်ကြပါသည်။ ထို့အပြင် ကျမ်းစာ တော်မြတ်ကလည်း သူတို့ကို သာ၍ကျပ်တည်းသော စီရင်ခြင်းကိုခံရမည် (ယာကုပ် ၃း၁) ဟူ၍ သတိပေးထားပါသည်။ အဆင့်သတ်မှတ်ချက်သည် ဖြစ်နိုင်ဖွယ်မရှိလောက်အောင်မြင့်မားလှသည်ဟု ထင်မှတ်ဖွယ်ရာရှိပါသည်။

        အမှန်တကယ်မှာ မည်သည့်သင်းအုပ်ဆရာတစ်ယောက်မျှ သူဟောပြော သည့်အတိုင်း ကိုက်ညီမှုရှိအောင် မကျင့်ကြံနိုင်ကြပါက ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့တတ်မြောက်သိရှိထားကြသည့် ဘာသာရပ်အကြောင်းအရာများကို သာ ဟောကြားနိုင်ကြပါက အသိပေးဟောပြောစရာအနည်းငယ်မျှသာ ရှိပေ လိမ့်မည်။ အကောင်းဆုံးသော သတင်းစကားမှာ ဘုရားသခင်၏နှုတ်တော် ထွက်မှ သမ္မာတရားတော်အကြောင်းကို ဟောပြောရန်အတွက် ကျွန်ုပ်တို့သည် ခေါ်တော်မူခြင်းကို ခံနေရကြခြင်းအကြောင်း ပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် တရားဒေသနာတော်တစ်ခုကိုဝေငှသည်ဆိုရာတွင် တရားနာပရိသတ်တို့ကိုသာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြေညာဟောပြောခြင်းသာမကဘဲ၊ မိမိ တို့ ကိုယ်ကိုပါမိမိတို့ ဟောပြောပို့ချရာလည်းရောက်ပါသည်။

        နောက်ဆုံးတွင်မူ သူတော်ကောင်းဟန်ဆောင်မှုဆိုသည်မှာ အခြားသူများ တို့ကိုအရူးလုပ်သည်ထက် မိမိကိုယ်ကိုသာ ပို၍အရူးလုပ်ရာကျပါသည်။

 

တည်ကြည်မှုရှိသောဂုဏ်သိက္ခာကိုဆက်လက်ကိုင်စွဲထားခြင်း

        အမှုတော်ဆောင်တစ်ယောက်၏ အသက်တာကို ရည်ညွှန်းသည့် ဆိုရိုး စကားတစ်ခုတွင် သူ၏အမှုတော်ဆောင်ခြင်းအသက်တာသည် ယခုအခါတွင် ရော၊ အမြဲတစေအတွက်တွင်ပါ အမှန်တရားပင်ဖြစ်ပါသည်ဟူ၍ ဖော်ပြထား ပါသည်။ နေ့စဉ် နေ့တိုင်းတွင်ပင် ကျွန်ုပ်တို့သည် မည်သည့်အရာကိုလုပ်ရမည်၊ မည်ကဲ့သို့နေထိုင်ကြရမည်ဆိုသည့် အကြောင်းအရာများတို့ကိုသာ ရွေးချယ်မှု ကို လုပ်ဆောင်ကြပါသည်။ ကျွန်ုပ်တို့၏ အသက်တာတို့သည် ကျွန်ုပ်တို့၏ အပြုအမူတို့ကို အုပ်ချုပ်သည့် မလွဲမုချ အစဉ်လေးစားလိုက်နာအပ်သော ကျင့်ဝတ်စည်းကမ်းအပေါ် ရောင်ပြန်ဟပ်မှုရှိရပါမည်။ ကျွန်ုပ်တို့၏အပြုအမူ ကျင့်ကြံမှုကသာ ကျွန်ုပ်တို့၏ အဓိပ္ပါယ်ကိုဖွင့်ဆိုပြပါသည်။ (တမန်တော် ၂၄း၁၆) တွင် ရှင်ပေါလုက . . .ကိုယ်စိတ်နှလုံးသည် ကိုယ်၌ အပြစ်တင် ခွင့်နှင့်အစဉ်ကင်းလွတ်မည်အကြောင်း အကျွန်ုပ်သည် ကြိုးစားအားထုတ် ပါ၏ ဟူ၍ ပုဂ္ဂိုလ်ရေးဂုဏ်သိက္ခာ၏အရေးကြီးမှုကို ကျွန်ုပ်တို့အား ဆွဲဆောင် အသိပေးထားပါသည်။ ဂုဏ်သိက္ခာ၏ တက်ကြွမှုဆိုသည် အပြစ်တင်ခွင့်နှင့် အစဉ် ကင်းလွတ်သည့် ကြည်လင်သောမသိစိတ်ဖြင့် ဘုရားသခင်၏ မျက် မှောက်တော်၌ နေထိုင်ရန် ဆုံးဖြတ်ချက်ချခြင်းပင်ဖြစ်ပါသည်။

    ဂုဏ်သိက္ခာသည် စစ်မှန်သောအမှုတော်ဆောင်ခြင်း၏အရေးပါလှသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ဂုဏ်သိက္ခာရှိသော အသက်တာဖြင့်နေထိုင် ခြင်း၏ အရေးပါမှုမှာ လွန်လွန်ကဲကဲအလေးပေးမှုကို ထိန်းချုပ်ခြင်းပင်ဖြစ်ပါ သည်။ ဂုဏ်သိက္ခာရှိလျှင် မည်သည့် စည်းမျဉ်းစည်းကမ်းမျိုးမျှမလိုအပ်ပါ။ အဲ(လ်)(ရစ်)ခေးမ(ရစ်)

        အသင်းအုပ်ဆရာများအဖြစ်အစေခံကြပြီး သမ္မာတရားတော်ကို ကြေညာ ပေးကြသော လူတို့အားသိစေလိုသည်မှာ ကျွန်ုပ်တို့ကြေညာနေကြသည့် မှန်ကန်ဖြောင့်မတ်စွာဖြင့် အသက်ရှင်နေထိုင်ကြရန်ဆိုသည့်တာဝန်ရှိခြင်းသည် ကျွန်ုပ်တို့ထံတွင် အမြဲတစေ ရှိနေပါသည်ဆိုခြင်းပင် ဖြစ်ပါသည်။ ရက်သတ္တ ပတ်အတွင်းနှင့်ဥပုသ်တော်နေ့နံနက်ပိုင်းတွင် သင်သည်လည်း အလားတူသော လူတစ်ယောက်သာဖြစ်နေပါသလား။ကျွန်ုပ်တို့အနေဖြင့်ဟန်ဆောင်ပန်ဆောင် လုပ်မြဲလုပ်နေကြသောအချိန်အတွင်း ကျွန်ုပ်တို့သည် ရှင်ယာကုပ်ပြောသော သူ၏ဩဝါဒစာ (၁း၈) တွင်ဖော်ပြထားသည့် စိတ်နှစ်ခွ ရှိသောသူ၊ ပြုလေ သမျှတို့၌ မတည်ကြည်သောသူဖြစ်၏. . . ဆိုသည့်ဩဝါဒအတိုင်း၊ စိတ် နှစ်ခွရှိသောသူများအဖြစ်ဖြင့်သာ ရှိနေကြမည်ဖြစ်ပါသည်။ သို့သော်လည်း လိမ်ညာခြင်းဆိုသည်မှာ ကျွန်ုပ်တို့၏ ဘုရားသခင်ကပေးသနားတော်မူသော အတွင်း စိတ်၏ကိုယ်ကျင့်သိက္ခာကို ဆန့်ကျင်တုံ့ပြန်သည့်အပြင်၊ ကျွန်ုပ်တို့၏ ကျန်းမာရေးကိုလည်း စိတ်ခံစားလှုပ်ရှားမှုအပိုင်းတွင်ရော၊ ဝိညာဉ်ရေးရာ အပိုင်းတို့တွင်ပါ ပျက်ယွင်းစေပါသည်။ အပြုအမူများနှင့် ယုံကြည်မှုများ စပ်ကြား ဟန်ချက်ညီညီဖြင့်ရှိနေသည့် ကိုယ်ကျင့်သိက္ခာရှိပြီး ဖြောင့်မတ်သော သဘောကိုဆောင်သည့်အသက်တာတစ်ခုသည် ကျွန်ုပ်တို့တွင် ဖော်ဆောင်ပြီး သား ပုံရိပ်မျိုးရှိသောသူကို ဂုဏ်ပြုလျက်ရှိပါသည်။

        အဲရစ်(စ်)လစ်ဒဲ(လ်) ဆိုသော တရုတ်ပြည်သို့ သာသနာပြုလုပ်ငန်းကို ထမ်းဆောင်ရန်သွားခဲ့သောပုဂ္ဂိုလ်သည် ဂုဏ်သိက္ခာနှင့်ပတ်သက်သော အဓိ ပ္ပါယ်ကို ထိုးထွင်းသိမြင်နိုင်စွမ်းသော ဥာဏ်ကိုပေးပြီး ကျွန်ုပ်တို့၏ကိုယ်ရေး ကိုယ်တာဆိုင်ရာ ဂုဏ်သိက္ခာကိုတန်ဖိုးဖြတ်ရန် ရိုးစင်းသောစမ်းသပ်မှုလေးခု ကို အကြံပေးထားပါသည်။ ၎င်းအချက်လေးခုမှာ-

() ကျွန်ုပ်သည်ရိုးသားဖြောင့်မတ်ခြင်းရှိပါသလား။

() ကျွန်ုပ်သည်ပွင့်လင်းမှန်ကန်မှုရှိပါသလား။

() ကျွန်ုပ်သည်စင်ကြယ်မွန်မြတ်မှုရှိပါသလား။

() ကျွန်ုပ်သည်တစ်ကိုယ်ကောင်းဆန်သောစိတ်ထားမျိုးရှိနေပါသလား။

        ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကိုမိမိတို့ ဘုရားသခင်ထံတော်၌ အညံ့ခံခိုဝင် ပြီး၊ ထိုအချိန်မှနေပြီး ကျွန်ုပ်တို့အားပြောင်းလဲပေးတော်မူရန် သူ့အားအခွင့်ပေး ပါက၊ ကျွန်ုပ်တို့သည် သူ၏အကျင့်စရိုက်တော်ကို လက်ခံရရှိပြီဖြစ်ပါသည်။ ဤပြောင်းလဲသွားမှုသည် အတွင်းစိတ်နှင့်အပြင်ပန်းရုပ်ရည်သွင်ပြင်နှစ်မျိုးလုံး တို့တွင် ပေါ်လွင်ထင်ရှားခြင်းရှိပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်က ရည်ရွယ်ထားတော်မူသည့်အတိုင်း စတင်လုပ်ဆောင်ရာတွင်၊ ဖြောင့်မတ်သော ရည်ရွယ်ရင်းတို့ကို ဖြောင့်မတ်သောလုပ်ရပ်တို့နှင့် လက်ထပ်ပေးကြရပါမည်။ ထိုနောက် အလှည့်ကျဖြင့်ဂုဏ်သိက္ခာသမာဓိရှိသော အသက်တာမှပေါ်ပေါက် လာသည့် စိတ်ချမ်းသာမှု၊ ငြိမ်သက်ခြင်း၊ ရွှင်လန်းဝမ်းမြောက်ခြင်းနှင့်ပတ်သက် သောအသိတရားကို ရှာဖွေဖော်ထုတ်ရကြပါမည်။

    သူတော်ကောင်းယောင်ဆောင်မှုသည် အဆုံးစွန်သော စိတ်ပျက်ဖွယ်ရာ အပြုအမူဖြစ်ပါသည်။ ၎င်း၏အဖြေမှာ ဝန်ချတောင်းပန်ခြင်းနှင့်နောင်တရခြင်း ပင်ဖြစ်သည်အလျောက်၊ အလွန်ရိုးစင်းလွယ်ကူသလောက် အထူးခက်ခဲလှပါ သည်။ ၎င်းသူတော်ကောင်းယောင်ဆောင်မှုကို ရှောင်ရှားနိုင်ကြရန် ကျွန်ုပ်တို့ သည် ကြီးမားရှည်လျားလှသောအတိုင်းအတာကို လျှောက်လှမ်းနေရကြသည် ကို မိမိတို့ကိုယ်ကို မိမိတို့ မကြာခဏမြင်တွေ့နေရကြပါသည်။ ဘုရားသခင်၏ ထိထိရောက်ရောက်အကျိုးရှိလှသည့် ကိရိယာတန်ဆာပလာအဖြစ်ရှိနေသော သင်၏စွမ်းဆောင်နိုင်စွမ်းကို သူတော်ကောင်းယောင်ဆောင်သည့်အပြုအမူက မဟန့်တားပါစေနှင့်။

 

ဂုဏ်သိက္ခာကိုထိန်းသိမ်းကြပါ

    ဂုဏ်သိက္ခာမပါရှိသော ကျွန်ုပ်တို့၏အားထုတ်ကြိုးပမ်းမှုအားလုံးတို့သည် အချည်းနှီးသက်သက်သာ ဖြစ်ပေလိမ့်မည်။ ရိုးသားဖြောင့်မတ်မှုမရှိခြင်းနှင့် ရေ ရာမှုမရှိသော ကိုယ်ကျင့်တရားများတို့လောက် အသင်းအုပ်ဆရာတစ်ယောက် အများက ယုံကြည်စိတ်ချရမှုစွမ်းရည်ကို တိုက်စားခြေမွပစ်နိုင်သော အခြား မည်သည့်အရာမျှ မရှိနိုင်ပါ။ ကျွန်ုပ်တို့၏အသင်းတော်များနှင့် ကျွန်ုပ်တို့၏ လူ့ အသိုက်အဝန်းထဲသို့ ထိုသို့သောအရာတို့ကို စိမ့်ဝင်ခွင့်မပြုနိုင်ပါ။ သို့သော် လည်း ၎င်းအရာတို့၏ အန္တရာယ်မှ ကျွန်ုပ်တို့ကို မည်ကဲ့သို့ ကာကွယ်ကြမည် နည်း။ အောက်ပါအကြံပေးချက်အချို့တို့ကို ကြည့်ကြပါစို့။

    အကယ်၍သာသင်သည် သံသယစိတ်ဝင်ရောက်လာပါက ဆက်လက် လုပ်ဆောင်ခြင်းမပြုပါနှင့်။ သံသယစိတ်သည် သင့်အား လေခတ်၍ လှုပ်ရှား တတ်သောလှိုင်းတံပိုး (ယာကုပ် ၁း၆) ကဲ့သို့ ခံစားရအောင်လုပ်ဆောင်ပါ လိမ့်မည်။ ဤသေချာရေရာမှုမရှိသောတွေးတောခံစားမှုတို့သည် ဝိညာဉ်ရေး နှင့် ပတ်သက်သည့် သင်ကဦးဆောင်ပေးသောသူတို့အား ရိုက်ခတ်ထိပါးစေပါ သည်။ သင်၏အသင်းတော်အတွင်း ကြီးမားသောအပြောင်းအလဲများကို မလုပ် ဆောင်မီ သင်ကိုယ်တိုင်က အချိန်ကိုများများစားစားရယူထားပြီး အလျင်အမြန် ဆောင်ရွက်လုပ်ကိုင်ခြင်းမပြုပါနှင့်။ ဆုတောင်းပါ။ ခရစ်တော်၏ စိတ်သဘော တော်ကို ကြိုးပမ်း ရှာဖွေတောင်းခံကြသောသူများထံမှ ဘာသာတရားဆိုင်ရာ အကြံဉာဏ်ကိုတောင်းခံပါ။

    လက်ခံနိုင်စရာမရှိသော သွင်ပြင်လက္ခဏာအားလုံးတို့ကို ရှောင်ရှားပါ။ သင်၏ရည်ရွယ်ရင်းအချက်အလက်မှာ မေးခွန်းမေးစရာအနေအထားရှိသော နေရာတို့တွင် သင့်ကိုယ်ကို မရေမရာအနေအထားများအတွင်းသို့ ကျရောက် သွားစေမည့် အခြေအနေကိုခွင့်မပြုပါနှင့်။ ဥပမာအားဖြင့် အမှုတော်ဆောင် ကောင်းတစ်ယောက်သည် ဆန့်ကျင်ဘက်လိင်တစ်စုံတစ်ယောက်နှင့်အတူ တစ်ယောက်တည်းရှိသော အနေအထားသို့ မိမိကိုယ်ကိုကျရောက်သွားစေပါ က သူသည် မီးနှင့်ဆော့ကစား သကဲ့သို့ရှိနေပေပြီ။ အကယ်၍ အသင်းတော် ၏ငွေကြေးနှင့်ထိတွေ့မှုရှိလာပြီဆိုလျှင်သတိရှိရှိဖြင့် သင့်လျော်သောငွေစာရင်း ထိန်းသိမ်းမှုအလေ့အကျင့်တို့ကို ရယူထားပါ။ ဘုရားသခင်၏အလိုတော်နှင့် အညီ သင်လုပ်ဆောင်ခဲ့သကဲ့သို့ သင်၏စိတ်နှလုံးထဲတွင် မေးခွန်းထုတ်စရာ မလိုသည့် မိမိကိုယ်ကို မိမိယုံကြည်ခြင်းဖြင့် သင်၏ ဆုံးဖြတ်ချက်များတို့ကို ထောက်မနိုင်အောင်လုပ်ဆောင်ပါ။ (၁သက်သာ ၅း၂၂၊၂၃)

        သင့်ကိုယ်ကိုစုံစမ်းနှောင့်ယှက်ခြင်း၏ အပေါ်စီးတွင်ရှိသည်ဟု မည်သည့် အခါမျှသဘောမထားပါနှင့်။ လူတို့ကစုံစမ်းနှောင့်ယှက်ခြင်းသည် ကျွန်ုပ်နှင့် မည်ကဲ့သို့သော ပတ်သက်မှုမျိုးမျှမရှိနိုင်ပါဟူ၍ ပြောဆိုတတ်ကြပါသည်။ သို့သော်လည်း ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ မွေးရာပါအားနည်းချက်ကို သတိမူ အသိရှိရပါမည်။ ကျွန်ုပ်သည် လူသားတစ်ယောက်ဖြစ်သည့်အလျောက် ကျွန်ုပ် စိတ်နှလုံးသည် မရိုးသားမှုဖြင့်သာ ပြည့်နေပါသည်ဆိုသည့် အပြောမျိုးကို ပြောဆိုနိုင်စွမ်းရှိသည့် နှိမ့်ချသော သဘောထားမျိုးသည်သာလျှင် ကျွန်ုပ်တို့၏ ပထမဦးဆုံးသောခံစစ်ဖြစ်သင့်ပါသည်။ ကျွန်ုပ်တို့သည် ကိုယ့်ကိုကိုယ် အထင် ကြီးမှုကို မွန်မြတ်သောအကြောက်တရားဖြင့် ကြောက်ရမည်ဖြစ်ပြီး ကျွန်ုပ်တို့ သည် မည်သည့်အခါမျှ စုံစမ်းနှောင့်ယှက်ခြင်း၏ အခြားတစ်ဖက်တွင် ရှိမနေ နိုင်ကြောင်းကိုသိထားကြရပါမည်။

        မိမိကိုယ်ကိုမိမိသတိပြုမိခြင်းကို ထိန်းသိမ်းပါ။ နေ့စဉ်နေ့တိုင်း သင်သည် မိမိကိုယ်ကို ဘုရားသခင်ထံတော်သို့ပြန်လည်၍ အညံ့ခံတိုးဝင်ခြင်းကို ပုံမှန် ပြုလုပ်ပါ။ (သုတ္တံ ၄း၂၃) တွင် နှလုံးသည် အသက်၏ အခြေအမြစ်ဖြစ်သော ကြောင့် သင်၏နှလုံးကိုအထူးသဖြင့်စောင့်ရှောက်လော့ ဟူ၍ ဖော်ပြထားပါ သည်။ ထိုကဲ့သို့သော ထာ၀ရဘုရားနှင့်အတူ လျှောက်လှမ်းခြင်းကို ထိန်းသိမ်း ထားခြင်းသည် အမှန်တကယ် မရှိမဖြစ်သော အရာဖြစ်ပါသည်။ တစ်စုံတစ်ခု သော စုံစမ်းနှောင့်ယှက်ခြင်း ကာလအတွင်း၊ ကျွန်ုပ်အနေဖြင့် ဘုရားသခင်၏ သဗ္ဗညုတဉာဏ်တော်နှင့်လည်းကောင်း၊ လက်ညှိုးထိုးမလွဲ နေရာအနှံ့တို့တွင် လည်းကောင်း စဉ်ဆက်မပြတ်မိမိကိုယ်ကိုမိမိ ပြန်လည်သတိပေးရန် လိုအပ်လှ ပါသည်။ ကျွန်ုပ်၏ အသက်တာတွင် ဘုရားသခင်သည် အရာရာတိုင်းကို တွေ့မြင်သိရှိတော်မူပါသည်။ အကျင့်စရိုက်ဉာဏ်စွမ်းထက် ပိုမိုမြင့်မားပါ သည် ရတ်(လ်ပ်)(လ်)ဒိုအီမာရ်မန်။ မာရ်နတ်ကမူ ထိုအကြောင်းနှင့် ပတ် သက်ပြီး မည်သူမျှအမြဲတမ်းမသိရှိနိုင်ကြောင်း ပြောနေပါသည်။ ဤအချက် သည်လည်း တစ်စုံတစ်ရာသော စုံစမ်းနှောင့်ယှက်ခြင်းဆိုင်ရာ အမှန်တရားပင် ဖြစ်ပါသည်။ အကယ်၍ ဘုရားသခင်အနေဖြင့် အကျွန်ုပ်နှင့်အစဉ်အမြဲရှိပြီး၊ အရာရာတိုင်းကိုသူ သိရှိတော်မူကြောင်းကို ကျွန်ုပ်ကလက်ခံယုံကြည်ပါက၊ ထိုခံယူချက်နှင့်လျော်ညီစွာ ကျွန်ုပ်ပြုမူကျင့်ကြံနိုင်ပါသည်။ (၁ကော ၉း၂၇) တွင်လည်း၊သူတစ်ပါးကိုဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသောသူမဖြစ်ရမည်အကြောင်း ကိုယ်ကိုထိုး၍နှိပ်စက်လေ့ရှိ၏ ဟူ၍ ရှင်ပေါလုက ဩဝါဒပေးထားပါသည်။ ဤကျမ်းချက်သည် သင့်အနေဖြင့် ဘုရားသခင်နှင့်ထိတွေ့ဆက်ဆံရာတွင် ဂုဏ်သိက္ခာနှင့်စိတ်ဓာတ်ပျိုးထောင်မှု၏ အရေးပါမှုတို့ကို ထင်ရှားစေပါသည်။ ဝိညာဉ်ရေးရာနှင့်ပတ်သက်လာလျှင်သင်၏ကိုယ်ခန္ဓာကဲ့သို့ပင် စဉ်ဆက်မပြတ် ပြုစုပြီး ထိန်းသိမ်းထားရန်လိုအပ်လှပါသည်။

        သင်၏စိတ်အတွေးကိုလုံခြုံမှုရှိအောင်အကာအကွယ်ပေး။ ဤအချက်နှင့် ပတ်သက်ပြီး ကျမ်းစာတော်မြတ်က အဓိပ္ပါယ်တစ်မျိုးတည်းသာဖော်ဆောင်ပေး ထားပါသည်။ အပြစ်နှင့်ပတ်သက်သည့်တိုက်ပွဲမည်သည် စိတ်အတွေးထဲမှအမြဲ တစေ စတင်ပါသည်။ သင်၏စိတ်အတွေးထဲတွင် တိုက်ပွဲကို အရှုံးနှင့်ရင်ဆိုင် လာရပါက၊ သင်သည် စစ်ပွဲကို အရှုံးခံရပြီး ဖြစ်ပါသည်။ ဤအကြောင်းနှင့် ပတ်သက်ပြီး ရှင်ယာကုပ်က သူ၏ဩဝါဒစာ (၁း၁၄-၁၅) တွင် မိမိတပ်မက် သော စိတ်ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား၊ အပြစ်သွေး ဆောင်ခြင်းသို့ရောက်တတ်၏။ တပ်မက်သောစိတ်သည်ပဋိသန္ဓေယူ၍ ဒုစရိုက် ကို ဖွားတတ်၏။ ဒုစရိုက်သည်လည်းပြည့်စုံလျှင် သေခြင်းကိုဖွားတတ်၏ ဟူ၍ ဩဝါဒပေးထားပါသည်။

        နေ့စဉ်နေ့တိုင်း ထာ၀ရဘုရားနှင့်အတူတကွ ရှိနိုင်မည့်အချိန်ကို ရယူပါ။ သင်၏အမှုတော်ဆောင်ခြင်းလုပ်ရပ်သည် သင့်အနေဖြင့် ဘုရားသခင်နှင့်အတူ ပုဂ္ဂိုလ်ရေးအရ သွားလာမှု၏ အသွင်သဏ္ဌာန်ကို ရယူရာရောက်ပါသည်။ အသင်းအုပ်ဆရာတစ်ယောက်သည် ကျမ်းစာတော်မြတ်ကို နေ့စဉ်ဖတ်ရှုပြီး နှုတ်တော်ထွက်အပေါ်ကို အထူးအာရုံပြုကာ လိုလားနှစ်သက်လျက် ဘုရား သခင်၏ နှုတ်တော်ထွက်အလင်းတော်၌ ဆုံးဖြတ်ချက်ကိုချမှတ်ပါက မှားယွင်း သောအကြံပေးချက်ကိုနာခံခြင်းရှိမည်မဟုတ်၊ (သို့မဟုတ်) နောက်ပိုင်းတွင် သူနောင်တရစရာဖြစ်မည့် မိမိဘာသာမိမိ ဆုံးဖြတ်ချက်ကိုချမိမည်မဟုတ်ပေ။ (ဆာလံ ၁း၁-) နေ့စဉ်ကျမ်းစာတော်မြတ်ကို လေ့လာခြင်းသည် ဘုရားသခင် နှင့်အကျွမ်းတဝင်ရှိသည့်အဆင့်တစ်ခုကို ထိန်းထားနိုင်ရန်အတွက် အရေးပါလှ ပါသည်။

 

မိမိအပေါ်မိမိရိုးသားမှုရှိပါ

        အသင်းအဖွဲ့မည်သည်မှာ အသင်းအုပ်ဆရာတို့အား မြင့်မားသောအဆင့် အတန်းဆီသို့ ရောက်အောင် လုပ်ဆောင်ပေးပါသည်။ ကြီးကျယ်သော ခေါင်း ဆောင်များအဖြစ်သို့ ကျွန်ုပ်တို့ရောက်ရှိလိုပါက၊ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် အတုယူထိုက်သော အနေအထားတွင်ရှိရပါမည်။ သို့သော်လည်း ကျွန်ုပ်တို့ သည် လူသားများမျှသာ ဖြစ်ကြပါသည်။ ထိုကြီးကျယ်သော ခေါင်းဆောင်များ ဖြစ်လာရေး မျှော်မှန်းချက်နှင့် ကိုက်ညီမှုရှိအောင် ကျွန်ုပ်တို့ မည်ကဲ့သို့နေထိုင် ကြမည်နည်း။ အရေးကြီးသည်မှာ ဘုရားသခင်က ကျွန်ုပ်တို့အား မည်သည့် အရာကို တောင်းဆိုတော်မူသည်ဆိုခြင်းပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကုံလုံ ပြည့်စုံသော အနေအထားသို့ ရောက်ရှိနိုင်မည့် အနေအထားတွင် ရှိနေကြပါ သလား။ ကျွန်ုပ်တို့၏ အမှုတော်ဆောင်လုပ်ငန်းဆောင်ရွက်မှုတွင် လစ်ဟင်းမှု များရှိကြပါသလား၊ ကျော်လွန်သွားခဲ့ပြီးသော နှစ်ပေါင်းအတော် များများကို နောက်ကြောင်းပြန်လှည့်ကြည့်ပါက၊ ကျွန်ုပ်၏အသက်တာတွင် အပြစ်များ၊ အမှားအယွင်းများနှင့်ကျရှုံးမှုများ အနည်းအကျဉ်းသာ ရှိကြောင်းတွေ့ရှိရပါ သည်။ သို့သော်လည်း ကျွန်ုပ်၏အတိတ်ကအသက်တာတွင် ကရုဏာတော်ရှင်

        ကယ်တင်ရှင်၏ ချစ်ခြင်းမေတ္တာနှင့် အကြင်နာတရားတို့နှင့်ပတ်သက်သော လက်တော်ကိုလည်း ကျွန်ုပ်တွေ့မြင်ရပါသည်။ ၎င်းအရာအားလုံးတို့ကို တွေ့ မြင်ရသော်လည်း ကျွန်ုပ်အပေါ်တွင် ဘုရားသခင်၏ ကောင်းမြတ်တော်မူခြင်းရှိ နေဆဲဖြစ်ပြီး၊ ကျွန်ုပ်အနေနှင့် ကြီးမားသောပျော်ရွှင်ဝမ်းမြောက်မှုကို ခံစားနေရ ကြောင်းကိုပါ ကျွန်ုပ်ကြေညာနိုင်ပါသေးသည်။ ကျွန်ုပ်နှင့်ထိုက်တန်သည်ထက် ထိုကယ်တင်ရှင်သည် ကျွန်ုပ်အား ပိုမိုများပြားသော ကရုဏာတော်နှင့် ကျေးဇူး တော်တို့ကို ပြသပေးတော်မူပါသည်။ နှစ်ပေါင်းသုံးဆယ်နီးပါး ကြာညောင်းခဲ့ သော ကျွန်ုပ်၏အမှုတော်ဆောင် သက်တမ်းကို ကျွန်ုပ်ပြန်ပြောင်းကြည့်သော အခါ ကျွန်ုပ်၏ အမှုတော်ဆောင်ရွက်မှုအပေါ် ကျွန်ုပ်၏သစ္စာစောင့်သိမှုနှင့် စိတ်အားထက်သန်သောဆန္ဒကို တွေ့ရှိရပါသည်။ သို့ရာတွင် အချိန်အတော် များများအတွင်းတွင် ဘဝင်မြင့်မှုနှင့် အတ္တမာနတို့သည် အခန်းကဏ္ဍတစ်ခု အဖြစ် ပါဝင်ပတ်သက်ခဲ့ပါသည်။ ကျွန်ုပ်အနေဖြင့် ကျွန်ုပ်၏ အသက်တာတွင် ဘုရားသခင်၏အလိုတော်ကို တွေ့ရှိရန်ရှာဖွေနေချိန်တွင် ကျွန်ုပ်၏လုပ်ဆောင် မှု နည်းစနစ်များနှင့် အိပ်မက်များတို့သည် တစ်ခါတစ်ရံတွင် ကျွန်ုပ်၏အတွေး အမြင် သို့မဟုတ် အစီအစဉ်များတို့နှင့်ရောနှောပေါင်းစပ်မှုရှိခဲ့ပါသည်။ တစ်ခါ တစ်ရံတွင် အောင်မြင်မှုရရှိခဲ့သည့်တိုင်၊ ကျွန်ုပ်သည် ဘုရားသခင်၏ ခွန်အား တော်နှင့်မဟာဗျူဟာတော်တို့ကို အားကိုးပြီးလုပ်ကိုင်ဆောင်ရွက်ရမည့်အစား မိမိ၏ခွန်အားနှင့် နည်းဗျူဟာတို့ဖြင့်သာ လုပ်ကိုင်ခဲ့ပါသည်။

        ဤကဲ့သို့သော အလားတူအခြေအနေမျိုးများတို့ဖြင့် နပန်းသတ်နေသော အခြားသူများရှိနေသည်ကို ကျွန်ုပ်သိရှိနေရပါသည်။ ကျွန်ုပ်၏ ကိုယ်တွေ့ အတွေ့အကြုံ၏များမှ အကြောင်းခြင်းရာတို့ကို ဆွဲထုတ်ခြင်းဖြင့် အခြားသော သူတို့အား သူတို့၏ အားနည်းချက်များတို့ကို သူတို့ သတိမူမိကြရန် ကျွန်ုပ် ကူညီနိုင်သည့်အပြင်၊ လမ်းညွှန်တော်မူချက်ကိုရရှိရန်အတွက် သူတို့သည် သခင်ယေရှုထံတော်ဆီသို့လှည့်သွားရန် ကျွန်ုပ်အနေဖြင့် သူတို့အားစိတ်ဝင်စား မှုရှိအောင် ဆွဲဆောင်နိုင်လိမ့်မည်ဟုယူဆမိပါသည်။

        ဧဝံဂေလိတရားတော်ကိုဟောပြောရကြသော အမှုတော်ဆောင်များဖြစ် ကြရာတွင် ကျွန်ုပ်တို့သည် ဘုရားသခင်အပေါ်အမြဲတစေ ရိုးသားမှုရှိကြပါရဲ့ လား။ ဘုရားသခင်သည် ကျွန်ုပ်တို့ပါဝင်ဆင်နွှဲကြရန်အတွက် အံ့ဩထိတ်လန့် ဖွယ်ရာလုပ်ငန်းကို ကျွန်ုပ်တို့အားပေးအပ်ထားတော်မူပြီးဖြစ်ပါသည်။ သို့သော် လည်း ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ကိုယ်ပိုင်ခွန်အား၊ အသိဉာဏ်နှင့်အတွေ့ အကြုံများတို့ကိုသာ အသုံးပြုကြပါက ကျရှုံးမြဲကျရှုံးကြမည်သာဖြစ်ပေမည်။

သင်၏အသက်တာသည် အချို့သောသူများ ဖတ်ရှုကြသည့် သမ္မာ ကျမ်းစာမျှသာဖြစ်ရပါမည် စာရေးသူအမည်အသိ။ ကျွန်ုပ်တို့၏အမြင်တွင် အောင်မြင်သည့် အနေအထားတွင်ရှိနေပါသော်လည်း လူသား၏အမြင်တွင် ဤသို့မြင်ကြသည့်တိုင် ဘုရားသခင်၏အမြင်နှင့်နှုတ်တော်ထွက်အားဖြင့်တွင်မူ ကျွန်ုပ်တို့သည် လုံးလုံးလျားလျားအရှုံးသမားဖြစ်ကြသည့်အပြင်၊ ကျွန်ုပ်တို့ ကိုယ်၌က ရှုံးလို့ရှုံးမှန်းမသိကြပါ။

        အသင်းအုပ်ဆရာများတို့သည် အကြိမ်တော်တော်များများတို့တွင် အောင် မြင်မှုကို လုပ်ငန်းအထမြောက်ခြင်းနှင့်တန်းတူသဘောထားတတ်ကြပါသည်။ ကျွန်ုပ်တို့အနေဖြင့် မည်သည့်အရာကို အမှန်တကယ်ပြီးမြောက်အောင် ဆောင် ရွက်သည်၊အဘယ်ကြောင့်ဆောင်ရွက်ကြရသည်ဆိုခြင်းကို ဘုရားသခင်တစ်ပါး တည်းသာ သိရှိတော်မူပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အားထုတ် ကြိုးပမ်းမှု အများအပြားတို့ကို ပယ်ချတော်မူခဲ့သည့်အကြောင်းကို ဖော်ထုတ် ရန်သာဖြစ်သော ကျွန်ုပ်တို့၏အမှုတော်ဆောင်ခြင်းသည် အဆုံးသတ်သွားခြင်း သို့ ရောက်ရှိသွားပါက၊ ဝမ်းနည်းဖွယ်ရာသာ ဖြစ်ပေလိမ့်မည်။ ဤဝမ်းနည်း ဖွယ်ရာအဆုံးသတ်မှုသည် အချို့သောသူတို့အား တုန်လှုပ်သွားစေမည် ဖြစ် သော်လည်း၊ ကျွန်ုပ်တို့မည့်သည့်အရာကို မည်ကဲ့သို့ လုပ်ဆောင်သည်ဆိုခြင်း ထက် တစ်စုံတစ်ရာကို ကျွန်ုပ်တို့ အဘယ်ကြောင့်လုပ်ဆောင်ကြသည်ဆိုခြင်း အတွက် ဘုရားသခင်က ပိုမို၍ စိုးရိမ်မှုရှိတော်မူပါသည်။ ကျွန်ုပ်တို့ မည်သည့် အရာကိုလုပ်ခဲ့သည်ဆိုခြင်းကို ဖြေရှင်းရန်အတွက်၊ ကျွန်ုပ်တို့သည် ဘုရား သခင်၏ မျက်မှောက်တော်၌အစစ်ဆေးခံရန် မတ်တတ်ရပ်ကြသောအချိန်တွင် ကျွန်ုပ်တို့ လုပ်ဆောင်ခဲ့သည့်ဘုရားသခင်ပါဝင်ခြင်းမရှိသည့် အမှုတော်ဆောင် ခြင်းအားလုံးတို့သည် လေမှုတ်ကြေးတူရိယာနှင့်တချွင်ချွင်ဖြင့်အသံထွက်သည့် လင်းကွင်းတို့၏ မြည်သံမျိုးထွက်ရှိရန်သာ ရှိနေပါတော့သည်။ ဤအခြေအနေ သည် ယခုလောလောဆယ်အသက်တာတွင် ကောင်းမွန်သော ကိန်းဂဏန်း မျိုးဖြင့် မြင်တွေ့နေရပါသော်လည်း အစဉ်ထာ၀ရကာလအနေအထားဖြင့်ဆို လျှင် မည်ကဲ့သို့ အမှန်တကယ်ရှုမြင်ခဲ့ရမည်နည်း။

        ကျွန်ုပ်တို့အား မည်သည့်အရာက မောင်းနှင်နေပါသနည်း။ အသိအမှတ် ပြုခြင်းလား၊ အသပြာလား၊ တာဝန်ရှိမှုလား၊ သိက္ခာလား၊ သို့တည်းမဟုတ် အတ္တမာနသည်သာလျှင် မောင်းနှင်နေခြင်းလား၊ အမှုတော်ဆောင်ရွက်ခြင်း အတွက်၊ ကျိုးကြောင်းခိုင်လုံသော ဤအရာအနည်းငယ်က အရင်းခံအကြောင်း များဖြစ်ကြပါသလား။

အထူးသတိထားရမည်မှာ မူရင်းလုပ်ချင်စိတ်သဘောထားသည် လုပ်ရပ် ထက်ပိုမိုအရေးကြီးကြောင်းကို သိရှိထားရန်ဖြစ်ပါသည်။ ဘုရားသခင်အား ရိုသေကိုင်းရှိုင်းခြင်း၏နေရာတွင် အမှုတော်ဆောင်ခြင်းကို နေရာဝင်မယူပါစေ နှင့်။ ကျွန်ုပ်တို့၏ စိတ်ပါဝင်စားမှုသည် မကြာခဏကြိုးစားပမ်းစား အလုပ်လုပ် ဆောင်ရန်၊ ပိုမိုကြီးမားသော ဘုရားကျောင်းကိုတည်ဆောက်ရန်၊ ပိုမိုများပြား သောလူတို့ကို နှစ်ခြင်းမင်္ဂလာပေးရန်နှင့် အသင်းတော်ကိုမိစ္ဆာဒိဌိအယူနှင့် မှားယွင်းသောအယူဝါဒမှ ကာကွယ်ရန်စသည့် စိတ်ဆန္ဒတို့၏ ဖုံးအုပ်ခြင်းကို ခံရနိုင်ပါသည်။ လုပ်ငန်းစဉ်အတွင်း၌လည်း သခင်ယေရှု၏ အဓိကစိတ်ဝင်စား မှုဖြစ်သည့်သူအား ချစ်ခြင်းမေတ္တာရှိရန်ဆိုသည့် ဗဟိုအချက်အချာအကြောင်း ရင်းကို အလွယ်တကူမျက်ခြည်ပြတ်သွားနိုင်ပါသည်။

 

ပြဿနာ၏အဖြေကိုရှာဖွေပေးသည့်ဘုရားသခင်၏နည်းလမ်း

        ကျွန်ုပ်မည်သည့်အရာကိုလုပ်ဆောင်ခဲ့မှုနှင့် ကျွန်ုပ်၏ဦးစားပေးမှုတို့သည် မည်သည့်နေရာတွင်ရှိနေခဲ့ကြသည်ဆိုခြင်းကို ထာ၀ရဘုရားကကျွန်ုပ်တို့အား စတင်ပြသတော်မူသောအခါ၊ အကျွန်ုပ်အပေါ်သူ၏ မျှော်လင့်ထားတော်မူချက် များတို့ကို ကျွန်ုပ်အနေဖြင့် ပိုမိုကြည်လင်ပြတ်သားစွာတွေ့မြင်နိုင်ခဲ့ပါသည်။

        ယခုတွင် ကျွန်ုပ်သည် တစ်မူထူးခြားသောဆုတောင်းချက်ဖြင့် ဆုတောင်း ခြင်းဖြစ်ပါသည်။ ကျွန်ုပ်ပြုသမျှသော အရာအားလုံးတို့အတွက် သူ၏ချစ်ခြင်း မေတ္တာတော်နှင့် ကာကွယ်စောင့်ရှောက်တော်မူခြင်းတို့ကို ကျွန်ုပ်တောင်း လျှောက်ပါသည်။ ကျွန်ုပ်၏ဆုတောင်းခြင်းသည် တစ်စုံတစ်ရာသော အနေ အထားမျိုးဖြစ်သည့်၊ ကောင်းကင်ဘုံရှင်အဖခမည်းတော်ဘုရား၊ သခင်ယေရှု ၏နာမတော်မြတ်အားဖြင့် အရှင်ဘုရားထံတော်သို့ အကျွန်ုပ်လာရောက်ပါ၏။ ကျွန်ုပ်၏ စိတ်နှလုံးနှင့်စိတ်အတွေးတို့၌ မည်သည့်အရာရှိနှင့်နေသည်ကို အရှင်ဘုရားသိတော်မူပါသည်။ အရှင်ဘုရား၏ ထံတော်မှနေပြီး၊ အခြားသော မည်သည့်အရာများကမျှ အကျွန်ုပ်အားအမှန်တကယ် ဖုံးအုပ်ကာကွယ်ပေးနိုင် စွမ်းမရှိပါ။ အကျွန်ုပ်၏ အသက်တာ၌ မည်ကဲ့သို့ လက်ကိုင်ထားရမည်ကို အကျွန်ုပ်မသိရှိနိုင်သောအရာအများအပြားရှိနေပါသေးသည်။ အကျွန်ုပ်သည် အရှင်ဘုရား၏ဝိညာဉ်တော်ခွန်အားတော်၊ မေတ္တာတော်ပေါ်လွင်ထင်ရှားတော် မူခြင်း၊ ရဲစွမ်းသတ္တိတော်၊ သနားခြင်းကရုဏာတော်၊ ကာကွယ်စောင့်ရှောက် တော်မူခြင်းနှင့် အရှင်ဘုရား၏ အလိုတော်မြတ်အတိုင်း အကျွန်ုပ်ကြိုးပမ်း လုပ်ဆောင်လိုသည့် ပြန်လည်ဆန်းသစ်ထားတော်မူသည့် စိတ်ဓာတ်မျိုးကို အကျွန်ုပ်လိုအပ်လှပါ၏။ အကျွန်ုပ်၏ချစ်ခြင်းမေတ္တာကို လန်းဆန်းမှုရှိစေတော် မူပြီး အကျွန်ုပ်ကျရှုံးရာနေရာမှနေ၍ မူရင်း မေတ္တာတော်ရှင်ထံသို့ ပြန်သွားစေ တော်မူပါ။အရှင်ဘုရားနှင့်ဆက်ဆံရေးကို နိမ့်ပါးလျော့ကျသွားစေခြင်းအတွက် အကျွန်ုပ်နောင်တရပါ၏။ အရှင်ဘုရား၏ အဖိုးထိုက်လှသော သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အကျွန်ုပ်အား နောက်ထပ်တစ်ဖန် တည်ဆောက်ဖြည့် ဆည်းပေးတော်မူပါ၊ အာမင် ဟူသည့်အနေအထားမျိုးဖြစ်ပါသည်။

        ကျွန်ုပ်၏အခက်အခဲများနှင့် ရုန်းကန်မှုများအတွက် ဖြေရှင်းပေးနိုင်သော အဖြေတစ်ခုအတွက် ဘုရားသခင်အား ကျေးဇူးတင်လှသည့်အပြင် ကျွန်ုပ် နောင်တရနိုင်ခွင့်အတွက်ကိုပါ ကျေးဇူးတော်ကိုချီးမွမ်းပါသည်။ ကျွန်ုပ်အနေ ဖြင့် အသစ်သော အသက်တာကို တစ်ဖန်ပြန်လည်စတင်နိုင်ကြောင်းကို သခင် ယေရှုက မိန့်တော်မူပါသည်။ ဘုရားသခင်၏အမှုတော်ကို လုပ်ဆောင်ပေးရန် အတွက် ကျွန်ုပ်၏တစ်ခုတည်းသော အရင်းခံအကြောင်းရင်းမှာ ဘုရားသခင် အပေါ်၌ထားရှိသော ကျွန်ုပ်၏ချစ်ခြင်း မေတ္တာနှင့်သူ့အားကြည်နူးတော်မူစေ ရေး ကျွန်ုပ်၏ဆန္ဒတို့သာဖြစ်ပါသည်။

        ဘုရားသခင်ထံတော်၌ အပြည့်အဝအညံ့ခံခစားခြင်းနှင့် သင်၏အသက် တာ ကိုဦးဆောင်ပဲ့ပြင်တော်မူခွင့်ကို သူ့အားခွင့်မပေးပါက၊ သင့်အနေဖြင့် ကောင်းသော အသင်းအုပ်ဆရာတစ်ယောက်ဖြစ်နိုင်ပါမည်လား။

        ရောင်ပြန်ဟပ်ခြင်းများ၊ ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းတို့အတွက်မေးခွန်းများ

၁။     သင့်အားဖြင့်ထွက်ပေါ်လာသည့် စစ်မှန်သည့် အမှုတော်ဆောင်ခြင်း၏ သွင်ပြင်ကို သင်က မည်ကဲ့သို့သော ဖြစ်စေလိုသည့်ဆန္ဒရှိနေပါသနည်း။

၂။     အသင်းအုပ်နှင့်ပတ်သက်သည့် အမှုတော်ဆောင်ခြင်း လုပ်ငန်းတွင်  သူ တော်ကောင်းယောင်ဆောင်ခြင်းသည် အဘယ်ကြောင့်ကြီးမားသော ပြဿနာ အဖြစ်ရှိရပါသနည်း။

၃။     သူတော်ကောင်းယောင်ဆောင်မှုသည် သင်၏ ဝိညာဉ်ရေးအသက်တာနှင့် အမှုတော်ဆောင်ရွက်ခြင်းကို မည်ကဲ့သို့ပျက်ယွင်းသွားစေနိုင်ပါသနည်း။

၄။     အသင်းအုပ်ဆရာဆိုင်ရာ ထိရောက်သော အမှုတော်ဆောင်ခြင်းလုပ်ငန်း တစ်ရပ်အတွက် ဂုဏ်သိက္ခာသည် အဘယ်ကြောင့်အရေးကြီးပါသနည်း။

၅။     ဘုရားသခင်သဘောတူထောက်ခံတော်မူသော အမှုတော်ဆောင်ရွက်ခြင်း အလုပ်တစ်ခုကို တိုးတက်မှုရှိစေသည့်လျှို့ဝှက်ချက်သည် သင်၏ ထင်မြင်ချက် သဘောထားအရ မည်သည့်အရာဖြစ်မည်နည်း။

 

No comments:

Post a Comment