ဧမောက်ရွာသို့ခရီးတစ်ထောက်
ရှင်လုကာ ၂၄း၁၃-၃၃ ကိုအခြေပြုထားပါသည်။
ခရစ်တော်ထမြောက်တော်မူသည့် ထိုနေ့၏ညနေခင်းတွင် တပည့်တော်နှစ် ပါးသည် ယေရုရှလင်မြို့မှ ရှစ်မိုင်အကွာတွင်တည်ရှိသော ဧမောက် ရွာသို့ခရီးထွက် ခဲ့ကြပါသည်။ ထိုတပည့်တော်နှစ်ပါးသည် ခရစ်တော်၏အမှုတော်မြတ်တွင် အထင် ကရဖြစ်သော ပုဂ္ဂိုလ်များမဟုတ်ခဲ့ကြသော်လည်း ကိုယ်တော်အား နှစ်နှစ်ခြိုက်ခြိုက် ယုံကြည်ခဲ့သူများဖြစ်ကြပါသည်။ သူတို့သည် ပသခါပွဲဝင်ရန် ယေရုရှလင်မြို့သို့သွား ရောက်ခဲ့ကြခြင်းဖြစ်ပြီး၊ မကြာခင်အချိန်က ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်ကြောင့် အကြီးအကျယ်စိတ်ပျက်နေခဲ့ ကြပါသည်။ ခရစ်တော်အလောင်းသည် သချုင်းထဲ တွင်မရှိတော့ဟူသည့် သတင်းနှင့်ကောင်းကင်တမန်များကိုမြင်ခဲ့ပြီး၊ ခရစ်တော်ကို ဖူးတွေ့ခဲ့ရသော အမျိုးသမီးတစ်စု၏ပြောဆိုချက်သံများကိုလည်း ယနေ့နံနက်တွင် သူတို့ ကြားခဲ့ကြရပါသည်။ သူတို့သည် ယခုတွင်ဆုတောင်းပတ္ထနာပြုလုပ်ကြရန် အိမ် သို့ပြန်ခဲ့ကြခြင်းဖြစ်ပါသည်။ ဖြစ်ပျက်ခဲ့သော အကြောင်းအရာအလုံးစုံတို့ကို အချင်း ချင်းဆွေးနွေးပြောဆိုကာ ညနေခင်းခရီးကိုဝမ်းနည်းပက်လက်ဖြင့် သူတို့လျှောက် လှမ်းလာခဲ့ကြပါသည်။ ယခုကဲ့သို့တစ်ခါမျှ စိတ်မထိခိုက်ဖူးခဲ့ကြချေ။ သူတို့သည် မျှော်လင့်ချက်မဲ့စွာဖြင့်၊ ယုံကြည်ခြင်းမဲ့စွာဖြင့် ကပ်တိုင်၏အရိပ်ထဲတွင် လျှောက် လှမ်းလျက်ရှိကြပါသည်။
ထိုသို့ခရီးသွားနေစဉ် များစွာခရီးမရောက်ခင်မှာ သူစိမ်းတစ်ဦးသည် သူတို့ အနီးသို့ချဉ်းကပ်လာကာ အတူခရီးသွားခဲ့ကြသော်လည်း သူတို့သည် အလွန်စိတ် ပျက်နေကြသဖြင့် ထိုသူစိမ်းအား ကောင်းကောင်းဂရုမစိုက်မိကြချေ။ သို့နှင့်မိမိတို့၏ ရင်တွင်းခံစားချက်များကို ဆက်လက်၍အချင်းချင်း ဖွင့်ဟနေကြပါသည်။ သူတို့ သည် မိမိတို့ကောင်းမွန်စွာနားမလည် နိုင်သယောင်ဖြစ်နေသည့် ခရစ်တော်ပေး တော်မူခဲ့သော သင်ခန်းစာများနှင့်စပ်လျဉ်း၍ ဆင်ခြင်သုံးသပ်လျက်ရှိကြပါသည်။ မကြာခင်အချိန်ကဖြစ်ပျက်ခဲ့သော အကြောင်းခြင်းရာများကိုပြောဆိုသော အချိန် တွင် ခရစ်တော်သည် ၎င်းတို့အားနှစ်သိမ့်မှုပေးလိုတော်မူခဲ့ပါသည်။ ၎င်းတို့ခံစားနေ ရသောဝမ်းနည်းကြေကွဲမှုကို ကိုယ်တော်သိတော်မူပါသည်။ ဤမျှနိမ့်ကျစွာဒုက္ခခံခဲ့ ရသည့်ပုဂ္ဂိုလ်သည် ခရစ်တော်ဖြစ်နိုင်ပါ့မလားဟူ၍ ၎င်းတို့၏အတွေးအခေါ်များကို လည်း ရှုပ်ထွေးစေသည့်အတွေးအခေါ်များကိုလည်း ကိုယ်တော်နားလည်တော်မူခဲ့ ပါသည်။ သူတို့သည်ပြောရင်းဆိုရင်း ဝမ်းနည်းမှုများကိုမထိန်းနိုင်ကြတော့ဘဲ ငိုချ လိုက်ကြပါသည်။ ထိုသူများသည် မိမိအားချစ်တော်မူကြောင်းကို ကိုယ်တော်သိ တော်မူသဖြင့် ကျဆင်းလျက်ရှိသော မျက်ရည်များကိုသုတ်ပေးကာ ၎င်းတို့အားဝမ်း မြောက်ရွှင်လန်းသွားစေလိုတော်မူခဲ့ပါသည်။ သို့သော် ထိုသို့မပြုလုပ်မီ ၎င်းတို့တစ် သက်ပန်မမေ့နိုင်သည့် သင်ခန်းစာများကို ပထမဦးစွာပေးဖို့လိုပါသည်။
ထိုကြောင့် “ကိုယ်တော်ကသင်တို့သည် ခရီးသွားလျက်အချင်းချင်း ဆွေး နွေးသောစကားကား၊ အဘယ်သို့သောစကားနည်း။ အဘယ်ကြောင့် မျက်နှာညှိုး ငယ်ကြသနည်းဟု မေးတော်မူလျှင်၊ သူတို့တွင် ကလောဖအမည် ရှိသောသူကသင် သည်ယေရုရှလင်မြို့၌ ဧည့်သည်ဖြစ်လျက်သာ ယခုအခါထိုမြို့၌ဖြစ်ခဲ့ပြီး သောအ ကြောင်းအရာတို့ကို မသိသလောဟုပြောဆို၏။” “ဘုရားသခင့်ရှေ့၊ လူအပေါင်း တို့ရှေ့မှာနှုတ်သတ္တိ၊ လက်သတ္တိနှင့်ပြည့်စုံသော ပုရောဖက်တစ်ပါးဖြစ် သော်လည်း ယဇ်ပုရောဟိတ်မင်းအကြီးနှင့်ငါတို့ မင်းများသည် အသေသတ်ခြင်းကိုခံစေခြင်းငှာ အပ်နှံ၍ ကပ်တိုင်မှာကွပ်မျက်ခဲ့ကြပါသည်။” သူတို့၏အရှင်ဘုရားနှင့်ပတ်သက်၍ စိတ်ပျက်ဖွယ်အကြောင်းအရာများကို ကိုယ်တော်အားသူတို့ပြောပြခဲ့ကြပါသည်။ “ထိုသူသည် ဣသရေလအမျိုးကိုရွေးနုတ်အံ့သောသူဖြစ်သည်ကို ငါတို့သည်အ ထက်က မျှော်လင့်ကြပြီ။ ထိုမျှမက ထိုအကြောင်းအရာဖြစ်၍ယခုသုံးရက်ရှိပြီ” ဟု စိတ်ပျက်ဝမ်းနည်းမှုများကြောင့်ဖြစ်ပေါ်လာသည့် နာကျင်သောနှလုံးသား တုန်ယင် သောနှုတ်ခမ်းများဖြင့် ဆက်လက်၍ဖွင့်ဟခဲ့ကြပါသည်။
ထိုတမန်တော်နှစ်ပါးသည် ခရစ်တော်၏နှုတ်တော်ထွက်စကားများကို သတိ မရခဲ့ရုံသာမက ဖြစ်ပျက်လာမည့်အကြောင်းအရာများနှင့်ပတ်သက်၍ မိန့်တော်မူခဲ့ သော ကိုယ်တော်၏အနာဂတ်ပြုစကားများကို နားမလည်ခဲ့ကြသည်မှာ အလွန်ထူး ဆန်းလှပါတကား။ ခရစ်တော်၏ဖွင့်ဟမိန့်မြွက်ချက်များ၏ ပထမကဏ္ဍသည် အမှန် တကယ်ဖြစ်ပျက်ခဲ့သကဲ့သို့ နောက်ပိုင်းကဏ္ဍ ဖြစ်သောသုံးရက်မြောက်သောနေ့တွင် တစ်ဖန်ထမြောက်မည်ဆိုသည်မှာလည်း ဧကန်အမှန်ပြည့်စုံမည်ဖြစ်ကြောင်းကို သူ တို့နားမလည်ခဲ့ကြချေ။ ဤကဏ္ဍကလေးကို သူတို့သတိရသင့်ကြပါသည်။ ဤကဏ္ဍ ကလေးကို ယဇ်ပုရောဟိတ် များနှင့်ဖာရိရှဲများက သတိရခဲ့ကြပါသည်။ “အဖိတ်နေ့ လွန်၍ နက်ဖြန်နေ့ရောက်လျှင် ယဇ်ပုရောဟိတ်အကြီးနှင့်ဖာရိရှဲတို့သည် ပိလတ်မင်း ထံ၌စုဝေး၍ ထိုလှည့်ဖြားသောသူသည် သုံးရက်မြောက်သောနေ့၌ထမြောက်မည်ဟု မသေမီပြောသည်ကိုအကျွန်ုပ်တို့မှတ်မိပါပြီ” ဟု သူတို့ဆိုခဲ့ကြ၏။ မဿဲ ၂၇း၆၂-၆၃။ သို့ရာတွင် တပည့်တော်များသည် ဤစကားများကိုသတိမရ ခဲ့ကြချေ။
ထိုအခါ “ကိုယ်တော်ကလည်း ပုရောဖက်ဟောပြောသော စကားများကိုယုံ နိုင်အောင်ဥာဏ်မရှိ၊ စိတ်ခိုင်မာသောသူတို့၊ ခရစ်တော်သည် ဤ သို့ပင်အသေခံ၍ မိမိဘုန်းစည်းစိမ်တော်ကို ဝင်စားရမည်မဟုတ်လော” ဟု မိန့်တော်မူ၏။ မိမိတို့၏ ရင်တွင်းခံစားချက်များကိုသိမြင်ရုံသာမက ဤကဲ့သို့သော စိတ်အားထက်သန်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကြင်နာခြင်း၊ မျှော်လင့်ခြင်းများနှင့်ပြည့်၀သော စကားကိုပြောနေ သည့်ထိုသူသည် မည်သူဖြစ်နိုင်ကြောင်း၊ ထိုတမန်တော်များစဉ်းစားနေကြပါသည်။ သူတို့သည်အံ့ဩတွေဝေသွားခဲ့ကြပြီး၊ ဝမ်းသာစရာမျှော်လင့်ချက်များ ရှိလာသဖြင့် စိတ်နှလုံးလှုပ်ရှားလာခဲ့ကြပါသည်။
မောရှေရေးသားသော စာအုပ်များနှင့်အစပျိုးခဲ့သော သမ္မာကျမ်းစာသမိုင်း စဉ်၏ “က” အက္ခရာမှစ၍ သမ္မာကျမ်းစာထဲတွင် ဖော်ပြထားသော မိမိနှင့်ပတ် သက်သည့်အကြောင်းအရာအားလုံးကို ခရစ်တော်သည် ၎င်းတို့အား အနက်ဖွင့် ဖော်ပြတော်မူခဲ့ပါသည်။ အကယ်၍ ၎င်းတို့နှင့်စကားပြောနေသော သူသည်မိမိ ကိုယ်တိုင်ပင်ဖြစ်ကြောင်း ၎င်းတို့အားအသိပေးတော်မူခဲ့မည်ဆိုလျှင် ထိုသူများသည် ကျေနပ်အားရဝမ်းသာကာ မည်သည့်အရာကိုမျှ သိလိုမြင်လိုစိတ်ရှိကြတော့မည် မ ဟုတ်ချေ။ သို့ရာတွင် သူတို့အနေနှင့် မိမိအားသက်သေခံထားသော သမ္မာကျမ်းစာ တွင် ဖော်ပြထားသည့်ပုံဆောင်မှုများနှင့် အနာဂတ္တိစကားများနားလည်သဘော ပေါက်ရန် မရှိမဖြစ်လိုအပ်နေပါသေးသည်။ ထိုနားလည်သဘောပေါက်မှုများအပေါ် တွင် ၎င်းတို့၏ယုံကြည်ခြင်း ကိုဆောက်တည်ကြရမည်ဖြစ်ပါသည်။ ခရစ်တော်သည် ထိုသူများသဘောပေါက်လာအောင် မည်သည့်နိမိတ်လက္ခဏာကိုမျှမပြခဲ့ဘဲ သမ္မာ ကျမ်းစာကိုသာ ရှေးဦးပထမရှင်းလင်းဖော်ပြတော်မူခဲ့ပါသည်။ ကိုယ်တော်ရှင်၏ သေ ခြင်းသည် မိမိတို့၏မျှော်လင့်ချက်များ ပျက်ပြားမှုကဲ့သို့ သူတို့မှတ်ယူခဲ့ကြပါသည်။ ယခုတွင် ထိုအရာသည် ၎င်းတို့၏ယုံကြည်ခြင်းအတွက် အခိုင်မာဆုံးအထောက် အ ထားတစ်ခုဖြစ်ကြောင်း အနာဂတ္တိစကားများထဲမှ သွန်သင်ချက်များအားဖြင့် ကိုယ် တော်ဖော်ပြတော်မူခဲ့ပါသည်။
ခရစ်တော်သည် ထိုတပည့်တော်များအား ထိုကဲ့သို့သွန်သင်ခြင်းအားဖြင့် ဓမ္မဟောင်းကျမ်းသည် မိမိ၏အမှုတော်အတွက် သက်သေခံတစ်ခုကဲ့သို့အရေးပါ ကြောင်း ဖော်ပြတော်မူခဲ့ပါသည်။ ခရစ်ယာန်ဖြစ်ပါသည်ဟု မိမိကိုယ်ကိုပြောနေကြ သည့် များစွာသောသူများသည် ဓမ္မဟောင်းကျမ်းကို အသုံးမဝင်တော့သည့် ကျမ်း တစ်ခုအဖြစ်မှတ်ယူကာ ပစ်ပယ်နေကြပါသည်။ ခရစ်တော်သည် ထိုသို့ပစ်ပယ်ရန် သွန်သင်တော်မမူခဲ့ချေ။ သူတို့သည် မောရှေ၏စကား၊ ပုရောဖက်တို့၏စကားကို နားမထောင်လျှင် တစ်ယောက် သောသူသည် သေခြင်းမှထမြောက်သော်လည်းမ ယုံကြည်နိုင်ကြဟူ၍ တစ်ခါကမိန့်တော်မူကာ ဓမ္မဟောင်းကျမ်းကို ခရစ်တော်တန်ဖိုး ထားမိန့်မြွက်တော်မူခဲ့ပါသည်။ လုကာ ၁၆း၃၁။
အာဒံ၏အချိန်မှအ ဆုံးစွန်သောကာလတိုင် ရှေးဘိုးဘေးများနှင့်ပုရောဖက် များမှတစ်ဆင့် မိန့်တော်မူခဲ့သူမှာ ခရစ်တော်ပင်ဖြစ်ပါသည်။ ထိုကယ်တင်ရှင်ကို ဓမ္မ ဟောင်းကျမ်းထဲမှာကဲ့သို့ ဓမ္မဟောင်းကျမ်းတွင်လည်း ပီပြင်စွာဖော်ပြထားပါသည်။ ခရစ်တော်၏အသက်တော်စဉ်နှင့် ဓမ္မဟောင်းကျမ်း၏ သွန်သင်ချက်များအား ရှင်း လင်းတိကျ၍တင့်တယ်မှုအပြည့်ဖြင့် ထုတ်ဖော်ခဲ့သည့်အရာမှာ ဓမ္မဟောင်းကျမ်း တွင်ဖော်ပြထားသည့် အလင်းတရားများပင်ဖြစ်ပါသည်။ ခရစ်တော်ပြုတော်မူခဲ့သော နိမိတ်လက္ခဏာများသည် ကိုယ်တော်၏ဘုရားဇာတိတော်ကို ထင်ရှားစေမည့်အ ထောက်အထားတစ်ခုဖြစ်သကဲ့သို့ ကိုယ်တော်သည်ကယ်တင်ရှင်တစ်ပါးဖြစ်ကြောင်း သာ၍ ခိုင်ခံ့သောသက်သေတစ်ခုကိုမူ ဓမ္မဟောင်းကျမ်းမှအနာဂတ္တိစကားများကို ဓမ္မသစ်ကျမ်းမှဖြစ်ရပ်များနှင့် တိုက်ဆိုင်လေ့လာခြင်းအားဖြင့်သာ တွေ့ရှိနိုင်ကြပါ သည်။
မိမိလူဇာတိခံရခြင်းနှင့်ပတ်သက်၍ မှန်ကန်သောအယူအဆကို အနာဂတ္တိ စကားများမှ ဆင်ခြင်သုံးသပ်ချက်များကိုအသုံးပြုလျက် ခရစ်တော်သည် တပည့် တော်များအား သွန်သင်တော်မူခဲ့ပါသည်။ ယုဒလူများ၏အလို ဆန္ဒနှင့်အညီဘုရင့် တန်ခိုး၊ ဘုရင့်အာဏာများကိုရယူကာ နန်းထိုင်မည့် မေရှိယတစ်ပါးကို သူတို့မျှော် လင့်ခဲ့ခြင်းသည် မှားယွင်းမှုများကိုဖြစ်စေခဲ့ပါ သည်။ ထိုမျှော်လင့်ခြင်းသည် အမြင့် ဆုံးသောအခြေအနေမှ နိမ့်ကျဆုံးသော အခြေအနေထိ ကိုယ်တော်နှိမ့်ချဆင်း သက်လာခြင်းကို မှန်ကန်စွာနားလည် သိရှိမှုနှင့် ဆန့်ကျင်ဖီလာဖြစ်နေပါသည်။ မိမိ တမန်တော်များ၏အတွေးအခေါ် အကြံအဆများသည် အသေးအဖွဲကိစ္စတိုင်းမှစ၍ ဖြူစင်သန့်ရှင်းခြင်းရှိရန် ကိုယ်တော်လိုလားတော်မူပါသည်။ သူတို့သည် ကိုယ်တော် ခံစားရမည့်အငန်း အတာဖြစ်သော ဤဒုက္ခခွက်ဖလားအကြောင်းနှင့်စပ်လျဉ်း၍ တတ်နိုင်သမျှ နားလည်သဘောပေါက်ထားကြရပါမည်။ သူတို့ယခုတိုင်နားမလည် ကြသေးသည့် ကြောက်ရွံ့စရာဤတိုက်လှန်မှုကြီးသည် ကမ္ဘာမတည်မရှိမီကတည်း ကပြုခဲ့သော ပဋိညာဉ်၏ပြည့်စုံမှုဖြစ်ကြောင်းကို သူတို့အားကိုယ်တော်ဖော်ပြတော်မူ ခဲ့ပါသည်။ အပြစ်ကိုဆက်လက်ကျူးလွန်နေကြလျှင် ပညတ်တော်ကို ကျူးလွန်ကြ သည့်လူတိုင်းသည် ဧကန်အမှန်သေရမည်ဖြစ်သကဲ့သို့ ခရစ်တော်သည် အသေခံရ မည်ဖြစ်ပါသည်။ ဤအရာအားလုံးသည်ဖြစ်ရမည်။ သို့ရာတွင် အရှုံးနှင့်နိဂုံးချုပ်ရန် မဟုတ်ဘဲ ဘုန်းတော်နှင့်ပြည့်စုံသောထာ၀ရအောင်ပွဲကို ဆင်မြန်းကြရန်ဖြစ်ပါသည်။ လောကီသားများကို အပြစ်မှကယ်တင်ရန် တတ်အားသမျှကြိုးစားရမည်ဟု သူတို့ အားကိုယ်တော်မိန့်တော်မူခဲ့၏။ ကိုယ်တော်၏တပည့်တော်များသည် ကြီးမားသိပ် သည်းသောဇွဲလုံ့လများဖြင့် ကိုယ်တော်ရှင်အသက်ရှင်နေထိုင်တော်မူသကဲ့သို့ အ သက်ရှင်နေထိုင်ကြရမည်၊ ကိုယ်တော်ရှင်လုပ်ဆောင်ခဲ့သကဲ့သို့ လုပ်ဆောင်ကြရ မည်ဖြစ်ပါသည်။
ခရစ်တော်သည် ကျမ်းစာကိုနားလည်စိမ့်သောငှာ ၎င်းတို့၏စိတ်နှလုံးကို ဖွင့်ပေးလျက် ဤနည်းအားဖြင့်မိန့်မြွက်တော်မူခဲ့ပါသည်။ တမန်တော် များသည် မောပန်းနွမ်းရိနေကြသော်လည်း ထိုစကားဝိုင်းသည် စည်စည်ကားကားဖြစ်ခဲ့ပါ သည်။ အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော စကားများနှင့်အာမခံချက်များသည် ခရစ် တော်၏နှုတ်တော်ထွက်မှ ထွက်ပေါ်လာခဲ့ပါသည်။ သို့ရာတွင် ထိုသူတို့၏မျက်စိများ သည် ချုပ်လျက်ရှိနေပါသေးသည်။ ယေရုရှလင်မြို့ကြီးကျဆုံးမည့် အကြောင်းကို ကိုယ်တော်ရှင်မိန့်တော်မူသော အချိန်တွင် သူတို့သည်ငိုကြွေးကာ ယေရုရှလင်မြို့ ကြီးကိုလှမ်း၍ ကြည့်ခဲ့ကြပါသည်။ သို့ရာတွင် မိမိ၏ခရီးဖော်သည် မည်သူမည်ဝါဖြစ် ကြောင်း နည်းနည်းကလေးမျှ သူတို့မသိခဲ့ကြချေ။ မိမိတို့သည် အတူခရီးသွားနေသူ ၏အကြောင်းကို ပြောဆိုနေကြသည်ဟုလည်း သူတို့မထင်မိခဲ့ကြချေ။ အကြောင်းမှာ ကိုယ်တော်သည် အခြားသူတစ်ဦးအနေဖြင့် မိမိကိုယ်ကိုရည်ညွှန်း၍ပြောဆိုနေခြင်း ကြောင့်ဖြစ်ပါသည်။ သူတို့သည် ကိုယ်တော်အားပသခါပွဲသို့တက်ရောက်ခဲ့သူများ ထဲမှတစ်ဦးဖြစ်ပြီး၊ ယခုအချိန်တွင် အိမ်သို့ပြန်လာသောသူ တစ်ဦးအဖြစ်ဖြင့်သာ အထင်ရှိခဲ့ပါသည်။ ကိုယ်တော်သည် ကျောက်ကြမ်းလမ်းပေါ်တွင် သူတို့ကဲ့သို့ ဂရု တစိုက်သွားလာခဲ့ရပြီး သူတို့နှင့်အတူမကြာခဏ နားနေခဲ့ပါသည်။ ထာ၀ရဘုရား၏ လက်ယာတော်ဘက်တွင် မကြာမီအချိန်တွင်နေရာယူကာ ကောင်းကင်ဘုံ၌လည်း ကောင်း၊ မြေကြီးပေါ်၌လည်းကောင်း စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှတို့ကိုငါခံရ ပြီဟုမိန့်တော်မူနိုင်သည့်ပုဂ္ဂိုလ် တစ်ပါးနှင့်အတူဘေးချင်းယှဉ်လျက် တောင်ပေါ်ခရီး လမ်းကြီးကို သူတို့ခရီးဆက်ခဲ့ကြပါသည်။ မဿဲ ၂၈း၁၈။
ခရီးသွားနေစဉ်မှာပင် နေဝင်သွားခဲ့ပြီး ထိုခရီးသည်သုံးဦးသည် ခရီးဆုံးသို့ မရောက်မီမှာပင် အလုပ်သမားများသည် အလုပ်သိမ်းခဲ့ကြပေပြီ။ တပည့်တော်နှစ် ယောက်သည် မိမိတို့အိမ်ထဲသို့ အသီးသီးဝင်ကြတော့မည်အပြုတွင် ကိုယ်တော်မှာ ခရီးဆက်၍သွားမည့်ဟန်ပေါ်နေပါသည်။ သို့ရာတွင် ထိုတပည့်တော်များသည် ကိုယ် တော်ရှင်အား ခင်မင်လေးစားစိတ်များပေါ်လာကာ သွန်သင်တော်မူချက်များကို လည်းနာကြားချင်ကြသေးသဖြင့် ကျွန်ုပ်တို့နှင့်အတူဝင်၍ နေပါဟုတောင်းပန်ကြ၏။ မိမိတို့၏ဖိတ်ကြားမှုကို လက်ခံမည်မထင်သဖြင့် “ညဦးယံအချိန်ရှိပြီ၊ မိုးလည်းချုပ် ပါပြီ” ဟု ကိုယ်တော်အားကျပ်ကျပ်သွေးဆောင်ခဲ့ကြ၏။ ခရစ်တော်သည် ဤအသ နားခံချက်ကို လိုက်လျောတော်မူ၍ “ထိုသူတို့နှင့်အတူနေခြင်းငှာ ဝင်တော်မူ၏။”
ထိုတပည့်တော်များသည် ခရစ်တော်အား အတင်းအကျပ်မဖိတ်ခေါ်ခဲ့ကြ လျှင် ၎င်းတို့နှင့်ခရီးသွားခဲ့သည့်ထိုပုဂ္ဂိုလ်သည် ရှင်ပြန်ထမြောက်ခဲ့သောခရစ်တော် ဖြစ်သည်ကို သိရှိခဲ့ကြလိမ့်မည်မဟုတ်ချေ။ ခရစ်တော်သည် မည်သူကိုမျှအတင်းအ ဓမ္မပြုကာ မဆက်ဆံခဲ့ပါချေ။ မိမိ၏အကူအညီကိုရယူလိုသူများကိုသာ မိမိအားစိတ် ဝင်စားစေလိုပါသည်။ ကိုယ်တော်သည်အနိမ့်ကျဆုံးသော အိမ်ထောင်များတွင် ဝမ်း မြောက်ဝမ်းသာစွာ ဝင်ရောက်ခိုတော်မူလိမ့်မည်ဖြစ်ပြီး၊ စိတ်နှလုံးအနှိမ့်ချဆုံးသော သူများကို ရွှင်လန်းစေတော်မူပါလိမ့်မည်။ လူသားများသည် ကောင်းကင်နိုင်ငံမှ ထို ဧည့်သည်တော်ကြီးအကြောင်းကို စဉ်းစားသုံးသပ်ရန် အထူးစိတ်ဝင်စားခဲ့လျှင်လည်း ကောင်း၊ ကိုယ်တော်အား၎င်းတို့နှင့်အတူစိုးစံရန် မဖိတ်ခေါ်ခဲ့လျှင်လည်းကောင်း ကိုယ်တော်သည် ၎င်းတို့ကိုကျော်သွားပေလိမ့်မည်။ ဤသို့လုပ်ဆောင်နေကြခြင်း အားဖြင့် လူများစွာတို့သည် ကြီးစွာသောဆုံးရှုံးမှုနှင့်ရင်ဆိုင်နေကြရပါသည်။ ထိုတ ပည့်တော်နှစ်ဦးသည် မိမိတို့နှင့်အတူခရီးသွားနေသည့်ကိုယ်တော်အား သိရှိခဲ့ကြ သည့် အတိုင်းအတာထက်ပို၍ ထိုသူတို့သည် ခရစ်တော်ကိုမသိရှိခဲ့ကြပါ။
ညနေစာစားရန် ရိုးရိုးအစာများကို မကြာမီတွင်ပြင်ဆင်ပြီးခဲ့ချေပြီ။ စားပွဲ၏ ခေါင်းရင်းပိုင်းတွင်ထိုင်နေသော ထိုဧည့်သည်တော်ကြီး၏ရှေ့တွင် ထိုမုန့်များကိုချ ထားလိုက်ပါသည်။ ယခုတွင် အစားအစာကိုကောင်းချီးပေးရန် ကိုယ်တော်သည် လက်ကိုဆန့်တော်မူခဲ့ပါသည်။ ထိုတပည့်တော်များသည် အံ့ဩကြောက်ရွံ့စွာဖြင့် နောက်သို့ဆုတ်လိုက်ကြပါသည်။ ထိုခရီးဖော်သည် ၎င်းတို့၏သခင်ဘုရားပြုတော်မူ သကဲ့သို့ တထေရာတည်းလက်ကိုရှေ့ဆန့်တော်မူ၍ ကောင်းချီးပေးနေပါသည်။ သူ တို့သည်တစ်ဖန်ပြန်၍ကြည့်လိုက်ရာ အလိုလေး၊ လက်တော်တွင်ရှိသောသံရာများ ကို သူတို့မြင်လိုက်ရပါသည်။ ဤပုဂ္ဂိုလ်သည်သခင်ယေရှုဖြစ်သည်။ ကိုယ်တော် သည် သေခြင်းမှထမြောက်တော်မူခဲ့ပြီးတကားဟု ချက်ချင်းပြိုင်တူအော်ဟစ်လိုက် ကြပါသည်။
ကိုယ်တော်အားကိုးကွယ်ဝတ်ပြုရန်အလိုငှာ မိမိတို့ကိုယ်ကိုခြေတော်ရင်း တွင်ပျပ်ဝပ်ရန် သူတို့ထလိုက်ကြပါသည်။ သို့သော်လည်း ကိုယ်တော်သည် သူတို့၏ မျက်မှောက်မှပျောက်ကွယ်သွားခဲ့ချေပြီ။
သူတို့သည် မကြာခင်အချိန်က သချုင်းဂူထဲတွင်မြှုပ်နှံခြင်းခံခဲ့ရသော ကိုယ် တော်ရှင်ထိုင်တော်မူခဲ့သောနေရာကို အသေအချာကြည့်ရှုကြပြီး၊ “လမ်းခရီး၌ငါတို့ နှင့်ဟောပြော၍ ကျမ်းစာအနက်ကိုဖွင့်ပြတော်မူသောအခါ ငါတို့ နှလုံးသည် ယိုဖိတ် မတတ်ဖြစ်သည်မဟုတ်လော” ဟု အချင်းချင်းပြောဆိုကြ၏။
သူတို့သည် ထိုသတင်းကောင်းကို ဖြန့်ဝေလိုချင်လွန်းသဖြင့် နေမထိထိုင်မ သာဖြစ်ခဲ့ကြရပါသည်။ သူတို့ခံစားနေရသောမောပန်းမှုများနှင့် ဆာလောင်မှုများ လည်းပြေပျောက်ခဲ့ချေပြီ။ ပြင်ဆင်ထားသောအစာများကို လုံး၀မစားတော့ဘဲ၊ ချန် ထားခဲ့ကာ ယေရုရှလင်မြို့တော်တွင်ရှိနေကြသော တမန်တော် များကိုပြောပြရန် လာခဲ့သည့်လမ်းအတိုင်း ဝမ်းသာအားရစွာဖြင့် တစ်ဖန်သုတ်ခြေတင်ခဲ့ကြပါသည်။ ထိုလမ်းခရီး၏ တချို့နေရာများတွင်အန္တရာယ်ရှိသော်လည်း သူတို့သည်မတ်စောက် သောနေရာများကို ချောနေသောကျောက်လမ်းများအတိုင်း ချော်ချော်ချွတ်ချွတ်ဖြင့် တက်ခဲ့ကြရပါသည်။ မိမိတို့နှင့်အတူခရီးသွားခဲ့ဖူးသည့် ထိူသူထံမှအကာအကွယ်ရ မည်ကို သူတို့မသိမမြင်ဘဲလျက် လက်ထဲတွင်ကိုင်နေကျတောင်ဝှေးကလေးကို ကိုင်ကာ ခရီးရောက်သည်ထက်ရောက်အောင် ရှေ့သို့ခရီးဆက်ခဲ့ကြပါသည်။ သူတို့ သည် လမ်းမှားခဲ့ကြသေးသော်လည်း၊ လမ်းကိုပြန်၍တွေ့ခဲ့ကြပါသည်။ တစ်ခါတစ်ရံ တွင်ပြေးလိုက်၊ တစ်ခါတစ်ရံတွင်လဲလိုက်ဖြင့် သူတို့ခရီးဆက်ခဲ့ကြရာ ၎င်းတို့၏ မျက် စိဖြင့်မမြင်ရသည့်ကိုယ်တော်သည် တစ်လမ်းလုံး၎င်းတို့နှင့်အတူလိုက် ပါလာတော်မူ ခဲ့ပါသည်။
ညသည်မှောင်မိုက်သော်လည်း တရားတော်နေမင်းကြီးသည် ၎င်းတို့အ ပေါ်တွင် တောက်ပထွန်းလင်းလျက်ရှိပါသည်။ သူတို့၏စိတ်နှလုံးများသည် ပျော် ရွှင်ဝမ်းမြောက်လျက်ရှိကြပါသည်။ ကမ္ဘာသစ်ကလေးထဲရောက်နေသလို သူတို့ ခံစားခဲ့ကြရပါသည်။ ခရစ်တော်သည် အသက်နှင့်ပြည့်စုံတော်မူသော ကယ်တင်ရှင် ဖြစ်သောကြောင့် ကိုယ်တော်ရှင်အတွက် နောင်တွင်မငိုကြွေးရတော့ပြီ။ ခရစ်တော် သည် ထမြောက်ပြီဟူသောစကားကို သူတို့ခဏခဏ ရေရွတ်ခဲ့ကြပါသည်။ ဤအရာ သည် ဝမ်းနည်းပက်လက်ဖြစ်နေကြသော ညီအစ်ကိုမောင်နှမများအတွက် ၎င်းတို့ယူ ဆောင်ခဲ့ကြသော သတင်းစကားဖြစ်ပါသည်။ ဧမောက်သို့သွားသောခရီးစဉ်၏ အံဩ ဖွယ်ရာဖြစ်ရပ်များကိုလည်းကောင်း၊ လမ်းခရီးတွင် မိမိတို့နှင့်အတူခရီးသွားခဲ့သူ၏ အကြောင်းကိုလည်းကောင်း သူတို့ပြောပြကြရပါလိမ့်မည်။ သူတို့သည် ကမ္ဘာအား ပေးခဲ့ ဖူးသည့်သတင်းများထဲတွင် အရေးအကြီးဆုံးသတင်းစကားတစ်ခုကို ယူ ဆောင်လာကြပါသည်။ လူသားမိသားစုများ၏ မျှော်လင့်ချက်သည် ဝမ်းမြောက်ဖွယ် ရာ ထိုသတင်းစကားပေါ်တွင် ထာ၀ရကာလအမှီတံကဲပြုနေပါသည်။
No comments:
Post a Comment