Wednesday, April 22, 2026

အခန်းကြီး - ၅၇။ သင်သည်တစ်ခုလိုသေး၏

 

သင်သည်တစ်ခုလိုသေး၏

 

         မဿဲ ၁၉း၁၆-၂၂။ မာကု ၁ဝး၁၇-၂၂။ လုကာ ၁၈း၁၈-၂၃ တို့ကိုအခြေပြု ထား ပါသည်။

 

         လမ်းမှာကြွတော်မူစဉ်တွင် လူတစ်ယောက်သည် အထံတော်သို့ ပြေး၍ ဒူးထောက်လျက်၊ ကောင်းမြတ်သောဆရာ၊ ထာ၀ရအသက်ကိုအမွေခံ အံ့သောငှာ၊ အကျွန်ုပ်သည် အဘယ်အမှုကိုပြုရပါမည်နည်း ဟုမေးလျှောက်လေ၏။

         ဤမေးခွန်းကို မေးလျှောက်ခဲ့သောထိုလူငယ်သည် အရာရှိတစ်ယောက် ဖြစ်ပါသည်။ ထိုသူသည် များပြားလှသောဥစ္စာ၊ ငွေ၊ ကြေးများကိုပိုင်ဆိုင်ကာ ကြီး မားသောရာထူးတစ်ခုကို ရရှိထားသူတစ်ဦးဖြစ်ပါသည်။ ခရစ်တော်သည် မိမိထံချဉ်း ကပ်လာကြသည့် သူငယ်ကလေးများအား ပြခဲ့သောမေတ္တာတော်ကိုလည်းကောင်း၊ ထိုကလေးငယ်များအား ယုယစွာပွေ့ပိုက်တော်မူခဲ့သည် ကိုလည်းကောင်း ထိုအရာ ရှိမြင်တွေ့ကာ ခရစ်တော်အပေါ်ချစ်ခင်စွဲလမ်းမှု ဖြစ်ပေါ်လာခဲ့ပါသည်။ ကိုယ်တော် တပည့်တော်တစ်ယောက်ဖြစ်ရန်လည်း ဆန္ဒပြင်းပြလာခဲ့ပါသည်။ ခရစ်တော် သည် လမ်းခရီးတွင်ထွက်ကြွတော်မူစဉ်  ကိုယ်တော်၏ နောက်တော်ပါးသို့ပြေးသွား ခြေတော်ရင်း၌ဒူးထောက်ကာ ရိုးသားပွင့်လင်းစွာဖြင့် ထာ၀ရအသက်ကို အမွေ ခံအံ့သောငှာ၊ ကျွန်ုပ်သည် အဘယ်အမှုကိုပြုရပါမည်နည်း}} ဟူသော၊ လူသားအား လုံး၏ အသက်ဝိညာဉ်အတွက် အထူးအရေးပါသောမေးခွန်းကို မေးလျှောက်သည့် အခြေအနေအထိ အထူးစိတ်လှုပ်ရှားခဲ့ပါသည်။

         ထိုအခါခရစ်တော်က ငါ့ကိုကောင်းမြတ်သည်ဟုအဘယ်ကြောင့် ခေါ်သ နည်း၊ ဘုရားသခင်တစ်ပါးတည်းသာ ကောင်းမြတ်တော်မူ၏ ဟု မိန့်တော်မူ၏။ သခင်ယေရှုသည် ထိုအရာရှိ၏ရိုးသားမှုကို စမ်းသပ်ရန်နှင့်  မိမိအားကောင်းမြတ် သည်ဟု ထင်မှတ်နေသောအမြင်ကို လွှဲဖယ်ပစ်ရန်ရည်ရွယ်ခြင်းဖြင့် ထိုသို့မိန့်တော် မူခြင်းဖြစ်ပါသည်။ မိမိနှင့်စကားပြောဆိုနေသူသည် ဘုရားသခင်၏ သားတော်ဖြစ် ကြောင်းကို ထိုအရာရှိသိရှိခဲ့ပါသလား။ သူ့နှလုံးသား၏ စစ်မှန်သောခံစားချက်သည် မည်သည့်အရာဖြစ်သနည်း။ 

         ဤအရာရှိကလေးသည် မိမိကိုယ်ပိုင်ဖြောင့်မတ်ခြင်းခြင်းတရားကို အထင် ကြီးသူတစ်ဦးဖြစ်ပါသည်။ မိမိ၌ချွတ်ယွင်းချက်တစ်စုံတစ်ရာမျှမရှိဟု အမှန်တကယ် အထင်ရှိခဲ့သော်လည်း၊ သူသည်စုံလင်သော ကျေနပ်မှုကိုမရရှိခဲ့ချေ။ တစ်စုံတစ်ရာ လိုအပ်နေသေးသည်ဟု သူခံစားခဲ့ရပါသည်။ သခင်ယေရှုသည် ကလေးသူငယ်များ ကို ကောင်းချီးပေး၍၊ ထိုအသက်ဝိညာဉ်များ၏ လိုလားချက်များကို ဖြည့်စွမ်းပေး တော်မူသကဲ့သို့ ၎င်းအားကောင်းချီးပေးနိုင် တော်မမူသလော။

         သူ၏အမေးကိုတုံ့ပြန်သည့်အနေဖြင့် ထာ၀ရအသက်ကိုရရန် ဘုရားသခင် ၏ပညတ်တော်များကို ကျင့်စောင့်ခြင်းအမှုသည် မဓာနကျကြောင်း သူ့အားယေရှု မိန့်မြွက်တော်မူ၏။ ၎င်းပြင် လူသားအချင်းချင်းအပေါ်ပြုရမည့် ပညတ်တော်များကို ရွတ်ဆိုမိန့်မှာတော်မူရာ ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည် ငယ်သော အရွယ် မှစ၍စောင့်ရှောက်ပါပြီ၊ အဘယ်အကျင့်လိုသေး သနည်း ဟုလျှောက်ပြန်လေ၏။

         ခရစ်တော်သည် ထိုအရာရှိ၏အသက်တာကိုဖတ်၍ ၎င်း၏စာရိတ္တကို လေ့ လာနေသည့်နှယ် သူ၏မျက်နှာကို စူးစူးဝါးဝါးကြည့်နေတော်မူပါသည်။ ကိုယ်တော် သည် ထိုသူအားချစ်တော်မူ၍ ၎င်း၏အသက်တာအား ပဓာနကျကျ ပြောင်းလဲစေ မည့်ငြိမ်သက်ခြင်းဆုကျေးဇူးတော်နှင့် ဝမ်းမြောက်မှုများကို ပေးကမ်းလိုတော်မူသ ဖြင့် သင်သည်တစ်ခုလိုသေး၏၊ ကိုယ်ဥစ္စာရှိသမျှကိုရောင်း၍ ဆင်းရဲသောသူတို့ အားပေးဝေလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ဘဏ္ဍာ ကိုရလိမ့်မည်။ သို့ပြီးမှ လာ၍ ငါ့နောက်သို့လိုက်လော့ ဟုမိန့်တော်မူ၏။

         ခရစ်တော်သည် ဤအရာရှိငယ်အား တွယ်တာတော်မူခဲ့ပါသည်။ထို ပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည်ငယ်သောအရွယ်မှစ၍ စောင့်ရှောက်ပါပြီ ဟူ သောဖွင့်ဆိုချက်တွင် သူ၏ရိုးသားမှုများကို ကိုယ်တော်မြင်တွေ့တော်မူခဲ့ပါသည်။ ထို လုလင်အနေဖြင့် စိတ်နှလုံးဆက်ကပ်ခြင်းနှင့် ပဓာနကျသော ခရစ်ယာန်၏ ကောင်း မြတ်ခြင်းများကို တွေ့မြင်နိုင်စေမည့် ထိုးထွင်းပိုင်းခြား တတ်သည့်ဥာဏ်ကို ၎င်း၏ နှလုံးသားဝယ်ဖန်ဆင်းပေးရန် ကိုယ်တော်ရှင်လို လားတော်မူပါသည်။ ထိုသူ၌နှိမ့်ချ ကြေကွဲသောစိတ်နှလုံးရှိသည်ကိုလည်းကောင်း၊ ဘုရားကိုချစ်ရမည့် မဟာမေတ္တာ တော်အကြောင်းနှင့်ပတ်သက်သော အသိစိတ်ဓာတ်ရှိသည်ကိုလည်းကောင်း၊ မိမိ၏ လိုအပ်ချက်ကိုသိရှိသည့် အသိစိတ်ကလေးရှိနေသည်ကိုလည်းကောင်း ခရစ်တော် သည်တွေ့လိုလှပါသည်။

         ထိုလုလင်သည် လူသားများ၏ကယ်တင်ခြင်းလုပ်ငန်းတွင် ပါဝင်လုပ် ဆောင်မည့် မိမိ၏လုပ်ဖော်ဆောင်ဖက်တစ်ဦးဖြစ်ခဲ့လျှင် မိမိလိုအပ်တော်မူသည့် အမအစများကို ပေးစွမ်းနိုင်မည့်သူဖြစ်ကြောင်း ယေရှုရှင်မြင်တွေ့တော်မူခဲ့ပါသည်။ သူသည် ခရစ်တော်၏လမ်းပြမှုကို ခံယူခဲ့မည်ဆိုလျှင် ကောင်းသောအမှုအတွက် တန်ခိုးတစ်ခုဖြစ်ခဲ့ပါလိမ့်မည်။ ဤအရာရှိသည် မိမိ၏သားနားကြွယ်၀သော အသက် တာတွင် ခရစ်တော်အားရုပ်လုံးဖော်မည်ဆိုလျှင် ရုပ်လုံးဖော်နိုင်ပါသည်။ အကြောင်း မှာသူသည် အရည်အချင်းနှင့်ပြည့်၀သော သူတစ်ဦးဖြစ်သောကြောင့်တည်း။ သူ သည် ခရစ်တော်နှင့်ပေါင်းစည်းခဲ့မည်ဆိုလျှင် ထိုအရည်အသွေးများသည် သူ့အား လူများအလယ်၌ မြင့်မြတ်သော အင်အားစုတစ်ခု ဖြစ်လာစေနိုင်ပါသည်။ ခရစ် တော်သည် ၎င်း၏စာရိတ္တကို စေ့စေ့ကြည့်ရှုလျက် ၎င်းအားချစ်ခင်တော်မူခဲ့ပါသည်။ ထိုအရာရှိ၏ စိတ်နှလုံးထဲတွင်လည်း ခရစ်တော်ကိုချစ်သည့် မေတ္တာစိတ်များနိုးထ လျက်ရှိပါသည်။ အကြောင်းမှာ၊ မေတ္တာသည်သာ မေတ္တာကိုပေါက်ဖွားစေနိုင်ပါ သည်။ သခင်ယေရှုသည် ၎င်းအားမိမိ၏ လုပ်ဖော်ဆောင်ဖက်တစ်ဦးအဖြစ် မြင်တွေ့ လိုပါသည်။ ၎င်းအားမိမိကဲ့သို့ ထာ၀ရဘုရားသခင်၏သဏ္ဌာန်တော်ကို ရောင်ပြန် ဟပ်စေမည့် ကြေးမုံပြင်တစ်ခုဖြစ်စေလိုတော်မူပါသည်။ ကိုယ်တော်သည် ၎င်း၏ စာရိတ္တအား ဖွံ့ဖြိုးတိုးတက်စေလိုတော်မူပြီး၊ အမှုတော်မြတ်တွင်အသုံးခံနိုင်ရန်အ တွက် သန့်စင်ပေးလိုတော်မူပါသည်။ ထိုအရာရှိသည် ထိုအချိန်က မိမိကိုယ်ကို ခရစ်တော်ထံတော်တွင် ဆက်ကပ်အပ်နှံခဲ့မည်ဆိုလျှင် သူသည် ခရစ်တော်အတူရှိ သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်ကြီးပြင်းလာပေလိမ့်မည်။ သူသည် ထိုကဲ့သို့ ရွေး ချယ်တော်မူခဲ့ပါလျှင်၊ သူ၏အနာဂတ်အသက်တာသည် ယခုအခြေအနေနှင့် အလွန် ကွဲပြားခြားနားသွားပေလိမ့်မည်သာတည်း။

         သင်သည်တစ်ခုလိုသေး၏၊ စုံလင်ခြင်းသို့ရောက်လိုလျှင်သွားလော့၊ ကိုယ် ဥစ္စာများကိုရောင်း၍ ဆင်းရဲသောသူတို့အားပေးလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှငါ့နောက်သို့လိုက်လော့ ဟု ယေရှုကမိန့်တော်မူ၏။ ခရစ်တော်သည် ထိုသူ၏စိတ်နှလုံးကို စူးစမ်းလိုက်ရာ အရေးကြီးသော အရာတစ်ခု သည် ၎င်း၌လိုအပ်နေသည်ကိုတွေ့ရပါသည်။ သူ၌ဘုရားသခင်၏ မေတ္တာတော် လိုအပ်နေခဲ့ပါသည်။ ထိုလိုအပ်ချက်ကို မဖြည့်စွမ်းလျှင်၊ သူသည်ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ ကာမဂုဏ်ခံစားခြင်းအားဖြင့် တစ်ကိုယ်ကောင်းစိတ်ကိုသာ တိုးပွား စေပါသည်။ သူသည်ဘုရားသခင်၏ မေတ္တာတော်ကိုရရှိနိုင်ရန် ကိုယ့်ကိုကိုယ်ချစ် သောစိတ်ကို ကိုယ်တော်၌ဆက်ကပ် အပ်နှံရပါမည်။

         ခရစ်တော်သည် ထိုသူအားစမ်းသပ်မှုတစ်ခုကို ပြုတော်မူခဲ့ပါသည်။ ကောင်း ကင်ဘဏ္ဍာနှင့်လောက၏ ကြီးမြတ်မှုတည်းဟူသော အရာနှစ်ခုထဲမှ တစ်ခုခုကို ရွေး ချယ်ခဲ့ပါသည်။ သို့ရာတွင် သူသည်အတ္တစိတ်ကို ပေးအပ်ရပေမည်။ သူ၏အလိုဆန္ဒ ကို ခရစ်တော်၏ထိန်းချုပ်မှုအောက်တွင် ထားရှိရပါမည်။ ထာ၀ရဘုရားသခင်၏ သန့်ရှင်းခြင်းကို ထိုအရာရှိကလေးအား ပေးအပ်တော်မူခဲ့ပါသည်။ သူသည် ဘုရား သခင်၏သားဖြစ်ရသောအခွင့်၊ ခရစ်တော်နှင့်အတူ ကောင်းကင်ဘဏ္ဍာများကို မွေခံခွင့် စသည့်အခွင့်များရှိခဲ့ပါသည်။ သို့ရာတွင် သူသည် ကပ်တိုင်ကိုထမ်း၍ ကိုယ် အလိုကိုငြင်းဆန်သော လမ်းစဉ်အတိုင်း ခရစ်တော်၏ နောက်တော်သို့လိုက်ရမည် ဖြစ်ပါသည်။

         ခရစ်တော်၏နှုတ်ထွက်စကားများသည် ထိုအရာရှိကလေးအတွက် အမှန် စင်စစ်၊ အဘယ်မည်သောဘုရားတို့အား ဝတ်ပြုမည့်အရာကိုယနေ့ ရွေးကြလော့ ဟူသော ဖိတ်ခေါ်ချက်မျိုးဖြစ်နေပါသည်။ ယောရှု ၂၄း၁၅။ ထိုရွေးချယ်မှုကို သူ ကိုယ်တိုင်ပြုလုပ်ရပါမည်။ သခင်ယေရှုသည် ၎င်းအားစိတ်နှလုံးပြောင်းလဲစေလို တော်မူပါသည်။ သူ၏စာရိတ္တမှ ဖောက်ပြန်ပျက်စီးနေသည့် အရာကိုလည်း သူ့အား ပြညွှန်တော်မူခဲ့ပြီးဖြစ်သဖြင့်၊ ထိုမေးခွန်းကို ထိုသူအလေးအနက် စဉ်းစားတွေးဆ နေစဉ်တွင် ကိုယ်တော်သည် ပေါ်ထွန်းလာမည့် အကျိုးဆက်များကို စိတ်ဝင်စားစွာ စောင့်ကြည့်တော်မူခဲ့ပါသည်။ သူသည်ခရစ်တော်နောက်သို့ လိုက်ရန်ဆုံးဖြတ်ပါ လျှင်၊ ကိုယ်တော်၏စကားအလုံးစုံကို နားထောင်လိုက်လျှောက်ရပါမည်။ မိမိ၏ရည် မှန်းချက်ကြီးမားလွန်းသည့် စီမံကိန်းများမှကျောခိုင်းရပါမည်။ ဘုရားသခင်ဝိညာဉ် တော်၏ဖိတ်ခေါ်ချက်ကို လိုက်လျောလိမ့်မည်ဟုမျှော်လင့်လျက်၊ ကယ်တင်ရှင်သည် စိတ်အားထက်သန်စွာဖြင့် ထိုသူအားစိုးရိမ်တကြီး စူးစူးစိုက်စိုက်ကြည့်တော်မူနေပါ သည်။

         ခရစ်တော်သည် ထိုအရာရှိကိုအားလုံးစုံလင်သော ခရစ်ယာန်တစ်ဦး၏ စာရိ တ္တမျိုးဖြစ်စေနိုင်မည့်ကမ်းလှမ်းချက်မျိုးကိုသာ ပြတော်မူခဲ့ပါသည်။ ကိုယ်တော်၏ စကားများသည် တင်းမာပြတ်သားသယောင်ရှိသော်လည်း၊ ဥာဏ်ပညာနှင့်ပြည့်စုံ သော စကားများဖြစ်ပါသည်။ ထိုစကားများကိုလက်ခံ၍ လိုက်လျှောက်ခြင်းသည် ထိုအရာရှိအတွက် ကယ်တင်ခြင်းရရန် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ပါ သည်။ သူရရှိထားသည့်မြင့်မားသော ရာထူးဌာနန္တရနှင့် ကြွယ်၀သောဥစ္စာဓနများ သည် ၎င်း၏အကျင့်စာရိတ္တအပေါ်တွင် ဒုစရိုက်အကျင့်အတွက် စဉ်းလဲသောဩဇာ သက်ရောက်မှုများကို ဖြစ်ပေါ်စေလျက်ရှိပါသည်။ ရာထူးနှင့်ဥစ္စာဓနကို မြတ်နိုးတွယ် တာသောစိတ်ဓာတ်သည် ဘုရားသခင်ကို ချစ်ခင်မြတ်နိုးသောစိတ်ထားအား ပျောက် ပျက်သွားစေပါသည်။ ဘုရားသခင်ထံမှ အနည်းနှင့်အများဆိုသလို နောက်ဆုတ်နေ ခြင်းသည် ကျင့်ဝတ်ဆိုင်ရာ ခွန်အားများနှင့် စွမ်းဆောင်နိုင်သော အာနိသင်များကို လျော့ပါးစေသောအရာများအား လက်ဝယ်ထားခြင်းပင်ဖြစ်ပါသည်။ အကြောင်းမူ ကား၊ လောကနှင့်စပ်ဆိုင်သော အရာများသည် မည်သို့ပင်မသေချာမရေရာ၍ တန် ဖိုးမရှိသော အရာများဖြစ်စေကာမူ၊ ၎င်းအရာများကိုမြတ်နိုးတွယ်တာမိလျှင်၊ လုံးလုံး စွဲလမ်း မှုရှိလာတတ်ပါသည်။

         ထိုအရာရှိကလေးသည် ခရစ်တော်စကားများ၏ဆိုလိုရင်းကို ချက်ချင်းသ ဘောပေါက်သွားပြီး စိတ်နှလုံးမကြည်မသာ ဖြစ်လာခဲ့ပါသည်။ ကိုယ်တော်ရှင်ပေး တော်မူသည့် ဆုကျေးဇူးတော်၏တန်ဖိုးကို သိရှိခဲ့မည်ဆိုလျှင်၊ ခရစ်တော်၏နောက် လိုက်တစ်ဦးဖြစ်ရန် သူ့ကိုယ်သူ စာရင်းသွင်းခဲ့လိမ့်မည်ဖြစ်ပါသည်။ သူသည် ယုဒလူ များ၏ ဂုဏ်သရေရှိကောင်စီမှ အဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။ စာတန်သည် သူ့အား နှစ်မြို့ဖွယ်သော အနာဂတ်ကြီးပွားချမ်းသာမှုများကိုပြ၍ စုံစမ်းနေပါသည်။ သူသည် ကောင်းကင်ဘဏ္ဍာကို ပိုင်ဆိုင်သလို သူ၏ချမ်းသာကြွယ်၀မှုများအားဖြင့် ဖြစ်ပေါ် လာမည့် လောကီအခွင့်အရေးများကိုလည်း လိုချင်ခဲ့ပါသည်။ ထိုအခြေအနေမျိုး တွင် သူဝမ်းနည်းခဲ့ရပါသည်။ ထာ၀ရအသက်ကိုရယူလိုသော်လည်း၊ စွန့်လွှတ်အနစ် နာခံမှုများကိုပြုလုပ်ရန် သူဆန္ဒမရှိခဲ့ချေ။ ထာ၀ရအသက်၏ အဖိုးအခသည်သူ့အ တွက်ကြီးမားသယောင် ဖြစ်နေသဖြင့် သူသည်ကြွယ်၀ချမ်းသာသူတစ်ဦးဖြစ်၍ ထိုစ ကားကိုကြားလျှင် စိတ်မသာသည်နှင့် ထွက်ခွာသွားလေ၏။

         ဘုရားသခင်၏ ပညတ်တော်ကိုစောင့်ရှောက်ခဲ့ပါသည်ဟူ၍ ပြောဆိုနေခြင်း သည် လိမ်ညာမှုတစ်ခုသာဖြစ်ခဲ့ပါသည်။ သူ၏ဥစ္စာဓနများသည် သူကိုးကွယ်နေ သောရုပ်တုဖြစ်ကြောင်း ထင်ရှားနေပါသည်။ လောကကိုချစ်မြတ်နိုးသော စိတ်ကိုဦး စားပေးနေစဉ်တွင်သူသည် ဘုရားသခင်၏ပညတ်တော်များကို မစောင့်ရှောက်နိုင်ခဲ့ ပါချေ။ သူသည် ဘုရားသခင်ကိုယ်တော်တိုင်ကို ချစ်သည်ထက် ဘုရားသခင်က ပေးသနားတော်မူသော ဆုမင်္ဂလာများကိုပို၍ ချစ်ခင်တွယ်တာခဲ့ပါသည်။ ငါ့နောက် သို့လိုက်လော့}}ဟူ၍ မိမိနှင့်မိတ်သဟာယဖွဲ့ခွင့်ကို ထိုအရာရှိအား ခရစ်တော် ပေးတော်မူခဲ့ပါသည်။ သူ့အဖို့ကယ်တင်ရှင်သည် ပိုင်ဆိုင်ထားသည့် ရာထူးဌာနန္တရ နှင့် ပစ္စည်းဥစ္စာများလောက် အရေးမပါလှချေ။ မျက်မြင်မရသော ကောင်းကင် ဘဏ္ဍာများအတွက် ယခုမျက်မြင်ရသော လောကဘဏ္ဍာများကိုစွန့်လွှတ်ရခြင်းသည် သူ့အတွက်ကြီးကျယ်သော စွန့်စားမှုတစ်ခုဖြစ်နေပါသည်။ ထိုကြောင့် ထာ၀ရအ သက်အတွက် လက်ကမ်းမှုကိုငြင်းပယ်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ကမ္ဘာလောက သည် သူတို့ကိုးကွယ် သောအရာများဖြစ်သွားခဲ့ပါသည်။ ထောင်ပေါင်းများစွာသော လူအပေါင်းသည် ခရစ်တော်နှင့်လောကအကြား ချိန်ထိုးစဉ်းစားရသည့် ပြင်းထန် သောစုံစမ်းခြင်း မျိုးကိုကြုံတွေ့လျက်ရှိကြရာ အများစုသည် လောကကမ္ဘာကို ဦးစား ပေး၍ ရွေးချယ်ကြပါသည်။ ထိုသူများသည် ဤအရာရှိကဲ့သို့ပင် ခရစ်တော်ကို ငါ၏ခေါင်းဆောင်အဖြစ် မရွေးချယ်နိုင်ဟု စိတ်ထဲတွင်ရေရွတ်လျက် ကယ်တင်ရှင် အား ကျောခိုင်းကြပါသည်။

         ထိုအရာရှိအား ခရစ်တော်ဆက်ဆံပြုမူခဲ့ခြင်းကို သရုပ်ပြသင်ခန်းစာတစ်ခု အသွင်ဖြင့် တင်ဆက်ထားပါသည်။ ကိုယ်တော်၏အစေခံကျွန်တိုင်း လိုက်လျှောက် ရမည့် ကျင့်ဝတ်ဆိုင်ရာစည်းမျဉ်းများကို ကျွန်ုပ်တို့အားဘုရားသခင် ပေးအပ်ထား ပြီးဖြစ်ပါသည်။ ထိုအရာမှာ ဘုရားသခင်၏ ပညတ်တော်ကိုအပေါ်ယံ ကြောသာနား ထောင်ခြင်းမဟုတ်ဘဲ အသက်တာတွင် စိတ်ဝင်စားနေသည့် နားထောင်ခြင်းမျိုးဖြင့် လိုက်လျှောက်ရန်ဖြစ်ပါသည်။ ထိုကဲ့သို့သောနားထောင်ခြင်းသည် ၎င်း၏အကျင့် စာရိတ္တတွင်ထင်ရှားနေပါသည်။ ဘုရားသခင်သည် နိုင်ငံတော်သို့ဝင်စားမည့် သူအား လုံးအတွက် အကျင့်စာရိတ္တဆိုင်ရာစံကို သတ်မှတ်ထားပါသည်။ ခရစ်တော်နှင့် လုပ်ဖော်ဆောင်ဖက် ဖြစ်လာမည့်သူများနှင့် အရှင်ဘုရား၊ ကျွန်ုပ်ပိုင်ဆိုင်သော အရာခပ်သိမ်းနှင့် ကျွန်ုပ်တို့၏ကိုယ် စိတ်နှလုံးသုံးပါးတို့သည် ကိုယ်တော်ပိုင်သော အရာများဖြစ်ပါသည်ဟု ဝန်ခံသောသူများသည်သာလျှင် ထာ၀ရဘုရား၏ သားသမီး များအဖြစ် အသိအမှတ်ပြုခြင်းကို ခံရပါလိမ့်မည်။ ကောင်းကင်နိုင်ငံတော်သို့ ဝင်စား လိုသော်လည်း ဖြစ်ပေါ်လာသော အခြေအနေများကြောင့် ကောင်းကင်နိုင်ငံကို ကျောခိုင်းခြင်းသည် မည်သည့်အဓိပ္ပါယ်ကိုဆောင်နေကြောင်း၊ ကျွန်ုပ်တို့အားလုံး စဉ်းစားဆင်ခြင်သင့်ပါသည်။ ခရစ်တော်၏မိန့်တော်မူသည့်အရာကို မလုပ်နိုင်ပါဟု ပြောဆိုခြင်းသည် မည်သည့်အဓိပ္ပါယ်ရှိကြောင်း၊ စဉ်းစားဆင်ခြင်ပါ။ ငါ့မှာရှိသမျှ သောဥစ္စာစည်းစိမ်များကို သင့်အားမပေးနိုင်ဟု အရာရှိကလေးကတုံ့ပြန်ခဲ့သည်။ ကျွန်ုပ်တို့လည်း ထိုကဲ့သို့တုံ့ပြန်ကြမည်လား။ ထာ၀ရဘုရားက ကျွန်ုပ်တို့အားပြုစေ လိုသည့် အရာကိုမျှဝေလုပ်ဆောင်ရန် ကယ်တင်ရှင်သည် ကျွန်ုပ်တို့အားကမ်းလှမ်း နေပါသည်။ ဤလောကတွင် ကိုယ်တော်၏အမှုတော် အားဆက်လက် လုပ်ဆောင် နိုင်ဖို့ ကျွန်ုပ်တို့အား ဘုရားသခင်ပေးသနားတော် မူထားသည့်ဥစ္စာစည်းစိမ်များကို အသုံးပြုရန် ကိုယ်တော်ရှင်ကမ်းလှမ်းနေပါသည်။ ဤနည်းတစ်နည်းအားဖြင့်သာ ကိုယ်တော်သည် ကျွန်ုပ်တို့အား ကယ်တင်နိုင်မည်ဖြစ်ပါသည်။

         သူ့အနေဖြင့် သစ္စာရှိသောဘဏ္ဍာစိုးတစ်ဦးဖြစ်ကြောင်း သက်သေပြစေရန် ထိုဥစ္စာပစ္စည်းများကို ထိုအရာရှိကလေးအား အပ်နှင်းထားခြင်းဖြစ်ပါသည်။ သူသည် ထိုပစ္စည်းဥစ္စာများကို ဆင်းရဲသားများ၏ ကောင်းကျိုးအလိုငှာ ပေးဝေလှူဒါန်းရမည် ဖြစ်ပါသည်။ ထိုနည်းတူစွာ ဆင်းရဲသားများနှင့်ဝေဒနာ သည်များအား ဘုရားသခင်၏ ကိုယ်စားမစနိုင်စေရန်အလို့ငှာ ယနေ့လူသားများအား ဥစ္စာကြေးငွေ၊ အစွမ်းသတ္တိ နှင့် အခွင့်အရေးများကို ပေးသနားထား တော်မူပါသည်။ ဘုရားသခင်ကြံရွယ်တော် မူထားသည့်အတိုင်း မိမိအားပေးအပ်ထားသည့် ဆုမင်္ဂလာများကို ထိုလုပ်ငန်းများ အဖို့အလို့ငှာ အသုံးပြုသောသူသည် ကယ်တင်ရှင်၏ လုပ်ဖော်ဆောင်ဖက်တစ်ဦး ဖြစ်လာပါသည်။ သူသည်ကိုယ်တော့်စာရိတ္တတော်၏ ပုံရိပ်ဖြစ်သောကြောင့် အသက်  ဝိညာဉ်များကို ခရစ်တော်ထံသို့ပို့ဆောင်နိုင်ပါသည်။

         ထိုအရာရှိကဲ့သို့ ရာထူးကြီးကြီးကိုပိုင်ဆိုင်ထားပြီး ကြွယ်၀ချမ်းသာလွန်း သောသူများအဖို့၊ ခရစ်တော်၏နောက်တော်လိုက်ဖို့ အရာခပ်သိမ်းကို စွန့်လွှတ်ရန် မှာ ကြီးမားသောနစ်နာမှုတစ်ခုကဲ့သို့ဖြစ်နေပါသည်။ သို့ရာတွင် ထိုအနစ်နာခံမှုသည် ကိုယ်တော်၏တပည့်တော်ဖြစ်လာမည့် သူအားလုံးအတွက် ကျင့်ဆောင်ရမည့် စည်း မျဉ်းတစ်ခုဖြစ်ပါသည်။ စံမမှီသောမည်သည့် နားထောင်မှုမျိုးကိုမှ ကိုယ်တော်လက်ခံ လိမ့်မည်မဟုတ်ချေ။ ကိုယ့်ကိုကိုယ်ဆက်ကပ် အပ်နှံခြင်းသည် ခရစ်တော်သွန်သင် ချက်များ၏အနှစ်သာရဖြစ်ပါသည်။ ထို အနှစ်သာရကလေးကို အကြောင်းခိုင်လုံ၍ ယုံကြည်ထိုက်သောအသုံးအနှုန်း များဖြင့်ပြဌာန်းကာ မကြာခဏတင်ဆက်ခဲ့ပါသည်။ အကြောင်းမူကား၊ ထိုနည်းမှလွဲ၍ အခြားမည်သည့်နည်းနှင့်မျှ လူသားများအား စာရိတ္တပျက်ပြားမှုများမှ မကယ်တင်နိုင်ပါချေ။

         ခရစ်တော်၏နောက်လိုက်များသည် မိမိရှိသမျှကို ဘုရားသခင်အားပြန် လည်အပ်နှံကြသောအချိန်တွင် သူတို့သည် သစ္စာရှိသောငယ်သားကောင်း ----သင်၏သခင်နှင့်အတူစည်းစိမ်ကိုဝင်စားလော့ ဟူ၍မိန့်တော်မူသံကို ကြားရသော အချိန်၌ ပေးဆပ်ခြင်းခံရမည့်ဘဏ္ဍာများကို စုဆောင်းနေခြင်းသာ ဖြစ်ပါသည်။ ဿဲ ၂၅း၂၃။ ထိုသခင်သည် မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်းအကြောင်း ကြောင့် ရှက်ကြောက်သောအရာကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ ဘုရားသခင် ပလ္လင်တော်လက်ယာဘက်၌ ထိုင်နေတော်မူ၏။ ဟေဗြဲ ၁၂း၂။ ငါ့နောက်သို့ လိုက်လော့ဟု မိန့်တော်မူသည့်ကိုယ်တော်၏ ခြေတော်ရာများအတိုင်းလိုက် လျှောက်ကြမည့်သူအားလုံးရရှိမည့်ဆုလာဘ်မှာ အသက်ဝိညာဉ်များ ထာ၀ရကယ် တင်ခြင်းခံရသည်ကိုမြင်ရသဖြင့် ခံစားရသည့် ဝမ်းမြောက်ခြင်းပင်ဖြစ်ပါသည်။

 



No comments:

Post a Comment