ကပေရနောင်မြို့တွင်
ခရစ်တော်သည် အရပ်ရပ်သို့
ခရီးသွားခြင်းများမှ ခေတ္တခဏအနားယူသော အချိန်များတွင် ကပေရနောင်မြို့၌
နေထိုင်တော်မူခဲ့သည့်အတွက် ထိုမြို့ကို “ကိုယ် တော်၏မြို့”ဟူ၍ လူသိများခဲ့ပါသည်။
ထိုမြို့သည် ဂါလိလဲအိုင်ကမ်းခြေတွင် တည် ရှိပြီး လှပသောဂနေသရက်လွင်ပြင်နယ်နိမိတ်
အနီးတွင်တည်ရှိပါသည်။
ဂါလိလဲအိုင်၏ အလွန်ကျယ်ပြောသော
ချိုင့်ဝှမ်းကြီးသည် ၎င်း၏ကမ်းစပ် တစ်လျှောက်တွင်ရှိသော လွင်ပြင်များကို
ချမ်းမြေ့သာယာသော တောင်ပိုင်းရာသီဥ တုကိုဖြစ်စေပါသည်။ ခရစ်တော်၏ နေ့ရက်များတွင်
ဤနေရာဒေသ၌ ကျောက် ဆောင်များမှ ပန်းထွက်နေသောရေများကို သောက်သုံးကာ စိမ်းစိုပွင့်လန်းနေသော
စွန်ပလွံပင်များနှင့် သံလွင်ပင်များ၊ သစ်သီးခြံများနှင့် စပျစ်ခြံများ၊
စိမ်းလန်းသော လယ်ကွင်းများနှင့် အလွန်လှပစွာ ပွင့်လန်းနေကြသော
ပန်းပင်များရှိခဲ့ပါသည်။ ဂါလိလဲအိုင်ကမ်းခြေနှင့် မနီးမဝေးတွင်ရှိသည့်
ပတ်ဝိုင်းထားသော တောင်ကုန်းများ ပေါ်တွင် မြို့များ၊ ရွာများသည်
ပြောက်တိပြောက်ကျား တည်ရှိနေကြပါသည်။ ထို အိုင်တွင်
ငါးဖမ်းလှေများဖြင့်ပြည့်နှက်နေပြီး နေရာတိုင်းတွင် အလုပ်ရှုပ်နေသော တံငါသည်များ၏
လှုပ်ရှားမှုများကို တွေ့ကြရပါသည်။
ကပေရနောင်မြို့သည် ခရစ်တော်၏
အမှုတော်အတွက် ဗဟိုအချက်အချာ ဖြစ်ရန် အလွန်သင့်လျော်သော မြို့တစ်မြို့ဖြစ်ပါသည်။
ဒမာသက်မြို့မှယေရုရှ လင်မြို့နှင့် အီဂျစ်ပြည်သို့လည်းကောင်း၊ ဒမာသက်မြို့မှမြေထဲ
ပင်လယ်သို့ လည်းကောင်း သွားရာလမ်းမကြီးပေါ်တွင် တည်ရှိပါသည်။ ထိုလမ်းကြီးများသည်
လူအများဥဒဟိုသွားနေသော လမ်းများဖြစ်ကြပါသည်။ နိုင်ငံများစွာမှလူများသည်
ထိုမြို့ကိုဖြတ်သွားခဲ့ကြပြီး သွားချည်ပြန်လှည့်ခရီးသွားကြစဉ် ထိုမြို့တွင်အနားယူ
တည်းခိုခဲ့ကြပါသည်။ ခရစ်တော်သည် ဤနေရာတွင် လူမျိုးပေါင်းစုံမှ လူတန်းစား
အသီးသီးကို တွေ့ဆုံနိုင်ခဲ့ပြီး ကိုယ်တော်၏ သတင်းစကားများကို အခြားနိုင်ငံများ
မှအိမ်ထောင်စုများသို့ ရောက်ရှိသွားစေနိုင်ခဲ့ပါသည်။
ထိုသို့သောနည်းအားဖြင့်
အနာဂတ္တိစကားများကို လေ့လာစူးစမ်း ရှာဖွေလို စိတ်များ ပေါက်ပွားလာခဲ့ကြပြီး
ကယ်တင်ရှင်အား အာရုံပြုလာကြကာ ကိုယ်တော် ၏ အမှုတော်သည် ကမ္ဘာ့ရှေ့မှောက်သို့
ဆောင်ယူသွား ခြင်းက ခံခဲ့ရပါသည်။
ဆန်ဟီဒရင် အဖွဲ့ဝင်များသည် ခရစ်တော်ကို
ဆန့်ကျင်၍ လှုပ်ရှားနေကြ သော်လည်း ယုဒလူများသည် ကိုယ်တော်ရှင်၏ အမှုတော်တိုးတက်
ကြီးပွားမှုကို စိတ်အားထက်သန်စွာ စောင့်မျှော်ခဲ့ကြပါသည်။ ကောင်းကင်သားများ
အားလုံးသည် လည်း စိတ်ဝင်စားလျက် ရှိခဲ့ကြပါသည်။ ကောင်းကင်တမန်များတို့သည် သူများ၏
စိတ်နှလုံးကို လှုပ်ရှားစေလျက် ကယ်တင်ရှင်ထံသို့ဆွဲယူကာ အမှုတော်အတွက်
လမ်းကိုပြင်ဆင်ပေးလျက် ရှိကြပါသည်။
ကပေရနောင်မြို့ရှိ အမတ်တစ်ဦး၏သားကို
ခရစ်တော်ကုသပေး ခဲ့ခြင်း သည် ကိုယ်တော့်တန်ခိုးတော်အတွက်
သက်သေခံချက်တစ်ခုဖြစ်ခဲ့ပါသည်။ ၎င်းပြင် နန်းတော်အရာရှိများနှင့် ထိုအမတ်၏
အိမ်ထောင်သား များသည်လည်း ၎င်းတို့၏ ယုံကြည်ခြင်းကို ဝမ်းမြောက်ဝမ်းသာ
သက်သေခံခဲ့ကြပါသည်။ ထိုဆရာတည်းဟူ သော ခရစ်တော်ကိုယ်တော်တိုင်သည် မိမိ၏
အလယ်တွင်ရောက်ရှိနေကြောင်း သိ လာကြသောအခါ တစ်မြို့လုံး လှုပ်လှုပ်ရွရွဖြစ်လာကာ
လူအုပ်ကြီးသည် ကိုယ်တော် ရှေ့မှောက်တွင် စုရုံးလာခဲ့ကြပါသည်။ ဥပုသ်နေ့တွင်
ဝင်ပေါက်ကို ရှာမရသဖြင့် များ စွာသောလူများသည် အိမ်သို့ပြန်သွားကြရသည်အထိ
တရားဇရပ်တွင် လူများပြည့် သိပ်နေခဲ့ပါသည်။
“အာဏာနှင့်ဟောတော်မူသောကြောင့်
ပရိသတ်တို့သည် ဒေသနာကို အ လွန်အံ့ဩကြ၏။” “အကြောင်းမူကား ကျမ်းတတ်ဆရာနည်းတူမဟုတ်၊
အစိုးရ သောနည်းတူ ဆုံးမဩဝါဒပေးတော်မူ၏။” လုကာ ၄း၃၂။ မဿဲ ၇း၂၉။ ကျမ်းတတ် ဆရာများ၏
သွန်သင်ချက်များသည် အလွတ်ကျက်ထားသော သင်ခန်းစာတစ်ခုကဲ့ သို့
စိတ်မပါဘဲဟန်ပြရွတ်ဆိုသော သွန်သင်ချက် များသာဖြစ်ပါသည်။ ဘုရားသခင် ၏
နှုတ်ကပတ်တော်သည် ၎င်းတို့အတွက် အသက်ရှင်စေနိုင်သော တန်ခိုးတော် မ ရှိခဲ့ချေ။
နှုတ်ကပတ်တော်၏ သွန်သင်ချက်များနေရာတွင် ၎င်းတို့၏ ကိုယ်ပိုင်အ တွေးအခေါ်များနှင့်
ရိုးရာဓလေ့များကို အစားထိုးထားခဲ့ကြပါသည်။ ပြုမြဲဖြစ်သော အခမ်းအနားများကို
တစ်ခုပြီးတစ်ခုကျင်းပရာတွင် သူတို့သည် ပညတ်တော်ကို ရှင်း ပြပြောဆိုခဲ့ကြသော်လည်း
ဘုရားသခင်ထံမှ မည်သည့်လှုံ့ဆော်မှုကမျှ ၎င်းတို့ ကိုယ်
တိုင်စိတ်နှလုံးကိုလည်းကောင်း၊ ကြားနာရသူများ၏ စိတ်နှလုံးကိုလည်းကောင်း မ
လှုပ်ရှားစေခဲ့ချေ။
သခင်ယေရှု၌ ယုဒလူမျိုးများအကြား
စိတ်ဝမ်းကွဲမှုများနှင့်ဆိုင်သည့် အမျိုး မျိုးသော အကြောင်းအရာများနှင့်
စပ်ဆိုင်သောအရာဟူ၍ တစ်စုံတစ်ခုမျှမရှိခဲ့ချေ။ ကိုယ်တော်၏ အလုပ်သည်
သမ္မာတရားဟောကြားရန်ဖြစ်ပါသည်။ ကိုယ်တော်၏ နှုတ်ထွက်စကားများသည် ရှေးဘိုးဘေးများ
နှင့်ပုရောဖက်များ၏ သွန်သင်ချက်များ အပေါ်သို့ အလင်းတော်ကို
တသွင်သွင်ကျရောက်စေခဲ့ပြီး သမ္မာကျမ်းစာသည် အ သစ်သော ဗျာဒိတ်တော်တစ်ခုအနေဖြင့်
လူသားများထံ ရောက်ရှိလာခဲ့ပါသည်။ ကိုယ်တော်၏ တရားနာပရိသတ်သည် ဘုရားသခင်၏
နှုတ်ကပတ်တော်မှ ထိုကဲ့သို့ နက်ရှိုင်း သောအဓိပ္ပါယ်ဖွင့်ဆိုချက်များကို
သခင်ကမကြားနာခဲ့ဖူးချေ။
သခင်ယေရှုသည် ၎င်းတို့၏
စိတ်ရှုပ်ထွေးဖွယ်ရာများနှင့် အကျွမ်းဝင်ခဲ့သူ တစ်ပါးအနေဖြင့် ၎င်းတို့၏
နေရာများသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။ တရား တော်ကို တိုက်ရိုက်နည်း၊
ရိုးရိုးနည်းဖြင့် တင်ပြခြင်းအားဖြင့် သမ္မာတရားကို တင့် တယ်စေခဲ့ပါသည်။
ကိုယ်တော်ပြောဆိုတော်မူခဲ့သော စကားများသည် စီးဆင်းနေ သော ချောင်းရေကဲ့သို့
သန့်ရှင်းကြည်လင်၍ အညစ်အကြေးနှင့် ကင်းစင်တော်မူပါ သည်။ ကျမ်းတတ်ဆရာများ၏
ငြီးငွေ့ဖွယ် ထပ်တလဲလဲပြောသော အသံများကို နားထောင်ခဲ့ရသူများအတွက် ကိုယ်တော်၏ အသံတော်သည် တေးဂီတသံကဲ့သို့
ဖြစ်ခဲ့ပါသည်။ သွန်သင်ချက်များသည် ရိုးရိုးအရာများဖြစ်သော်လည်း ကိုယ်တော် သည်
တန်ခိုးအာဏာရရှိထားသူတစ်ပါးကဲ့သို့ ဟောကြားတော်မူခဲ့ပါသည်။ ဤ ထူး ခြားမှုသည်
ကိုယ်တော်၏ သွန်သင်ချက်များအား အခြားသူများ၏ သွန်သင်ချက် များနှင့်ကွဲပြားခြားနား
စေခဲ့ပါသည်။ ကျမ်းတတ်ဆရာများသည် သံသယစိတ်များ၊ ယုံမှားစိတ်များဖြင့် ကျမ်းစာကို
အနက်ဖွင့်လိုက်သည့်အတိုင်း အနက်ဖွင့်၍ ဟော ပြောခဲ့ကြ၏။ ကြားနာခဲ့ရသူများသည်
တစ်နေ့တခြား ပိုမိုကြီးထွားလာသော မသေ ချာ၊ မရေရာမှုများတွင် ပါဝင်ပတ်သက်ခဲ့ကြရ
ပါသည်။ သို့သော် သမ္မာကျမ်းစာသည် ယုံမှားသံသယဖြစ်ဖွယ်မရှိသော
အာဏာတော်ရှိကြောင်းကို ခရစ်တော်က သွန်သင် တော်မူခဲ့ပါသည်။
ကိုယ်တော်ရှင်သွန်သင်သမျှသော အရာတိုင်းသည် ပြန်လည်ငြင်း ခုံရန်
မစွမ်းနိုင်လောက်အောင် တန်ခိုးတော်နှင့် ပြည့်စုံတော်မူပါသည်။
သို့စေကာမူ ကိုယ်တော်သည် စိတ်စောမှု
ထက်စိတ်အားထက်သန်မှုရှိခဲ့ပါ သည်။ ဖြည့်ဆည်းရန် တိကျသော အကြံအစည်တစ်ခု
ရှိတော်မူသောသူကဲ့သို့ မိန့် တော်မူခဲ့ပါသည်။ ၎င်းတို့အား ထာ၀ရနိုင်ငံတော်၏
ဟုတ်တိုင်းမှန်ရာများကို မြင် တွေ့စေခဲ့ပါသည်။ ပြောဆိုချက်တိုင်းတွင်လည်း ဘုရားသခင်ကို
ဖော်ပြတော်မူခဲ့ပါ သည်။ လူသားများအားသော ကကိစ္စများတွင် နစ်မျောစေသည့် ကိလေသာအ
မှောင်ထုကို ချိုးဖျက်ရန်ကြိုးစားတော်မူခဲ့ပါသည်။ ကိုယ်တော်သည် ဤလောကအ သက်တာနှင့်
ဆိုင်သောအရာများကို ထာ၀ရအရာများထက် ယုတ်ညံ့သော အရာ များအနေနှင့်
၎င်းတို့၏အခြေအနေမှန်များ အတိုင်းဖော်ပြတော်မူခဲ့ပါသည်။ သို့ သော်ထိုအရာများ၏
အရေးပါမှုများကို လျစ်လျူရှုတော်မမူခဲ့ချေ။ ကောင်းကင် နိုင်ငံတော်နှင့်
ဤကမ္ဘာလောကသည် အတူဆက်စပ်လျက်ရှိကြောင်း ဘုရားသခင် ကို သိခြင်းပညာသည် လူများအား
နေ့စဉ်အသက်တာ၏ တာဝန်များကို ထမ်း ဆောင်ရာတွင် ပို၍ကောင်းမွန်လာစေရန် ပြင်ဆင်ပေးသင့်ပါသည်။
ကိုယ်တော်သည် ကောင်းကင်နိုင်ငံနှင့် အကျွမ်းဝင်သူတစ်ပါးအနေဖြင့် သော်လည်းကောင်း၊
ဘုရားသ ခင်နှင့် မိမိတို့အကြားတော်စပ်မှုကို သိရှိသူတစ်ပါးအနေနှင့် သော်လည်းကောင်း
မိန့် တော်မူခဲ့သော်လည်း လူသားမိသားစုများမှ ပုဂ္ဂိုလ်တိုင်းနှင့် မိမိအကြားတစ်လုံးတစ်
၀တည်းရှိကြောင်းကို အသိအမှတ် ပြုတော်မူလျက်ရှိခဲ့ပါသည်။
ကိုယ်တော်သည် ကရုဏာသတင်းစကားများကို
နာယူမည့် တရားနာပရိ သတ်နှင့် သင့်လျော်စေရန် တစ်မျိုးတစ်ဖုံပြောင်းလဲ
ဟောကြားတော်မူခဲ့ပါသည်။ ပင် ပန်းသော သူအားမစခြင်းငှါ စကားပြောတတ်ရန်
ဘုရားသခင်မစတော်မူမည့် အ ကြောင်းကို ကိုယ်တော်သိရှိတော်မူခဲ့ပါသည်။ အကြောင်းမူကား
လူများအားသမ္မာ တရားဘဏ္ဍာတော်များရှိရာသို့ ဆွဲဆောင်မှု အရှိဆုံးသောနည်းဖြင့်
ပို့ဆောင်နိုင်စေ ရန်အလိုငှါ ကရုဏာကို ကိုယ်တော်၏ နှုတ်ခမ်းများပေါ်သို့
သွန်းလောင်းတော်မူ ခဲ့ပါသည်။ တစ်ဖက်သတ်အထင်လွဲနေသည့် စိတ်များနှင့်
ရင်ဆိုင်တွေ့ဆုံရန်အ တွက်သော်လည်းကောင်း၊ ၎င်းတို့၏ အာရုံပြုမှုကိုရရှိစေနိုင်မည့်
သာဓကများအား ဖြင့် ၎င်းတို့အားအံ့အားသင့်စေရန် အတွက်သော်လည်းကောင်း ကိုယ်တော်သည်
ပါးနပ်မှုရှိတော်မူပါသည်။ ကိုယ်တော်သည် စိတ်ကူးကြည့်ခြင်းအားဖြင့် ၎င်းတို့၏
စိတ်နှလုံးကို သိရှိတော်မူ၏။ ကိုယ်တော်ရှင်မိန့်တော်မူ သောသာဓကများသည် နေ့ စဉ်အသက်တာနှင့်
ပတ်သက်သောအကြောင်း အရာများမှဖြစ်ကြပြီး ၎င်းတို့သည်
ရိုးရိုးအကြောင်းအရာများဖြစ်သော်လည်း အဓိပ္ပါယ်လေးနက်မှု ရှိကြပါသည်။ လေထဲ
တွင်ပျံဝဲနေသောငှက်များ၊ လယ်ကွင်းပြင်များတွင် ပေါက်နေသော ခတ္တာပန်းများ၊
မျိုးစေ့များ၊ သိုးကျောင်းသားများနှင့်သိုးများ စသည့်အရာများကို အသုံးပြု၍မ
ဖောက်ပြန် မပျက်စီးနိုင်သည့် သမ္မာတရားကို သာဓကပြသွန်သင်တော်မူခဲ့ပါသည်။
တရားကိုနာပြီးနောက် သာဓကပြခဲ့သော ထိုအရာများကိုမြင်ရသော အခါတိုင်း ကိုယ်တော်၏
စကားများကို သူတို့ပြန်လည် သတိရခဲ့ကြပါသည်။ ထိုနည်းအားဖြင့် ခရစ်တော်သည်
သာဓကများအားဖြင့် သွန်သင်ချက်များကို အမြဲတမ်းထပ်ခါတလဲ လဲ ဟောကြားနေခဲ့ပါသည်။
ခရစ်တော်သည် လူများကို မည်သည့်အခါ၌မျှ
မမြှောက်ပင့်ခဲ့ချေ။ ၎င်း၏ စိတ်ကူးစိတ်သန်းများ ဘဝင်ကြွစေမည့် မည်သည့်စကားကိုမျှ
မိန့်တော် မူဖူးခဲ့ခြင်း မရှိချေ။ ၎င်းတို့၏ ကျွမ်းကျင်သော တီထွင်မှုများကိုလည်း
ချီးမွမ်းတော်မမူခဲ့ချေ။ သို့သော် အာဃာတမရှိသော အတွေးအခေါ်ပညာရှင်များသည်
ကိုယ်တော်၏ သွန် သင်ချက်များကို လက်ခံရယူခဲ့ကြပြီး ထိုသွန်သင်ချက်များသည်
၎င်းတို့၏ ပညာ ဥာဏ်ကို စမ်းသပ်နေခြင်းဖြစ် ကြောင်းကို တွေ့ရှိခဲ့ကြရပါသည်။
ရိုးရိုးစကားများဖြင့် ဖွင့်ဟတော်မူခဲ့သော ဝိညာဉ်ရေးဆိုင်ရာ သမ္မာတရားအတွက်
သူတို့အံ့အားသင့် ခဲ့ကြပါသည်။ အဆင့်မြင့် ပညာတတ်များသည် ကိုယ်တော်၏
နှုတ်ထွက်စကားများ ကြောင့် နှစ်ထောင်းအားရရှိခဲ့ပြီး ပညာမတတ်သူများအတွက်လည်း
အမြဲအကျိုးရှိခဲ့ ပါသည်။ ကိုယ်တော်၌ စာမတတ်သူများအတွက်လည်း သတင်းစကားရှိတော်မူခဲ့
ပါသည်။ တစ်ပါးအမျိုးသားများအတွက်ပင် မိမိ၌သတင်းစကား ရှိတော်မူကြောင်း ၎င်းတို့အား
နားလည်သဘောပေါက်စေခဲ့ပါသည်။
အနာပျောက်ကင်းစေခြင်း၏
ထိတွေ့မှုတစ်ခုပါဝင်သည့် ကိုယ်တော်၏ နူး ညံ့သိမ်မွေ့သော သနားခြင်းကရုဏာတော်သည်
ပင်ပန်းနွမ်းနယ်၍ ဒုက္ခရောက်နေ သောစိတ်နှလုံးများ ပေါ်သို့ကျရောက်တော်မူခဲ့ပါသည်။
ဒေါသထွက်နေသော ရန်သူ များ၏ ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် အလယ်တွင်ပင် ကိုယ်တော်သည် ငြိမ်သက်မှု
ကို ခံစားတော်မူခဲ့ပါသည်။ ကိုယ်တော်ရှင်မျက်နှာတော်၏ တင့်တယ်ခြင်း၊ စာရိတ္တ တော်၏
နှစ်လိုဖွယ်ရှိခြင်းများ သည်လည်းကောင်း၊ ထိုအရာများထက် ကိုယ်တော် ရှင်၏
အကြည့်နှင့်စကားပြောသော အသံတွင်ဖော်ပြနေသည့် ချစ်ခြင်းမေတ္တာတော် သည်လည်းကောင်း
မယုံကြည်မှုတွင် စိတ်နှလုံးမခိုင်မာသော သူအားလုံးအား ကိုယ် တော်ထံသို့
ဆွဲယူတော်မူခဲ့ပါသည်။ ချိုသာ၍ ကိုယ်ချင်းစာနာတတ်သော စိတ်ထား သည် ကိုယ်တော်၏
အကြည့်နှင့်အသံများတွင် မဖော်ပြခဲ့လျှင် ဤမျှကြီးမားသော လူထုကြီးကို
ကိုယ်တော်ဆွဲဆောင်နိုင်ခဲ့လိမ့်မည် မဟုတ်ချေ။ ကိုယ်တော်ရှင်ထံသို့ ရောက်လာခဲ့ကြသော
နာမကျန်းသူများအနေနှင့် ကိုယ်တော်သည် မိတ်ဆွေရင်း၊ မိတ်ဆွေစစ်တစ်ဦးကဲ့သို့
၎င်းတို့အား စိတ်ဝင်စားသည်ဟု မှတ်ယူခံစားကြကာ သူတို့ သည်
ကိုယ်တော်ရှင်သွန်သင်တော်မူသည့် သမ္မာတရားများကိုပို၍ သိလိုလာခဲ့ကြပါ သည်။
ကောင်းကင်နိုင်ငံသည် သူတို့အနီးတွင် ရောက်ရှိလာတော်မူခဲ့ပြီး မေတ္တာ တော်၏
နှစ်သိမ့်မှုကို အစဉ်မပြတ်ခံစားနိုင်စေရန် သူတို့သည် ကိုယ်တော်ရှင်၏
ရှေ့မှောက်တွင် မှီတင်းနေထိုင်ခဲ့ကြပါသည်။
သခင်ယေရှုသည် မိမိတရားနာပရိသတ်၏
မျက်နှာထားများ ပြောင်းလဲသွား သည်ကို အထူးစိတ်အားထက်သန်စွာဖြင့်
စောင့်ကြည့်တော်မူခဲ့ပါသည်။ စိတ်ဝင်စား မှုနှင့် နှစ်ထောင်းအားရရှိမှုများကို
ဖော်ပြနေသော ထိုမျက်နှာများသည် ကိုယ်တော် ရှင်အား အကြီးအကျယ်စိတ်ကျေနပ်မှုကို
ဖြစ်စေခဲ့ပါသည်။ သမ္မာတရား၏ ချိုးများ သည် တစ်ကိုယ်ကောင်းစိတ်ထား နှင့်ဆိုင်သော
အဟန့်အတားများကို ချိုးဖျက် လျက်၊ စိတ်နှလုံးကြေကွဲမှုကို ဖြစ်စေလျက်
နောက်ဆုံးတွင် ကျေးဇူးသိခြင်းကို
ဖြစ်စေကာ
အသက်ဝိညာဉ်များထဲသို့ ထိုးဖောက်ဝင်ရောက်သွားသောအခါ ကယ် တင်ရှင်အား
ဝမ်းသာမှုကိုဖြစ်စေခဲ့ပါသည်။ ကိုယ်တော်၏ မျက်လုံးတော်သည် တ ရားနာပရိသတ်ကြီးအား
သိမ်းကျုံး၍ ကြည့်လိုက်သောအခါ ယခင်ကမြင်ဖူးခဲ့သော မျက်နှာများတို့ကို
ထိုမျက်နှာများတို့ထဲတွင် တွေ့လိုက်ရသဖြင့် ကိုယ်တော်ရှင်၏ မျက်နှာတော်သည်
ဝမ်းမြောက်ဝမ်းသာမှုအားဖြင့် တောက်ပသွားခဲ့ပါသည်။ ၎င်းတို့ တွင် နိုင်ငံတော်အတွက်
မျှော်လင့်ချက်ရှိသော အကြောင်းအရာများကို ကိုယ်တော် တွေ့မြင်တော်မူခဲ့သည်။
ရိုးရိုးရှင်းရှင်းဖြင့် မိန့်တော်မူခဲ့သော သမ္မာတရားသည် အ ချို့ရုပ်တုမြတ်နိုးသူများအား
သွားရောက်ထိတွေ့သောအခါ ပြောင်းလဲသွားသော မျက်နှာထားများနှင့် အလင်းတရားကို
မကြိုဆိုကြောင်းဖော်ပြနေသည့် ကြောက် မက်ဖွယ်ကောင်းသော
အေးတိအေးစက်အကြည့်များတို့ကို ကိုယ်တော် သတိပြုမိ တော်မူခဲ့ပါသည်။
ငြိမ်သက်ခြင်းသတင်းစကားကို လူများငြင်းဆိုကြောင်း တွေ့မြင် တော်မူသောအခါ
ကိုယ်တော်ရှင်၏ နှလုံးတော်သည် အလွန်နှိုက်နှဲစွာထိုးဖောက် fခြင်းကိုခံရပါ သည်။
သခင်ယေရှုသည် မိမိလာရောက်တည်ထောင်မည့်
နိုင်ငံတော်အကြောင်း နှင့် စာတန်ထံတွင် အကျဉ်းသားဖြစ်နေသူများကို
လွှတ်ခြင်းအခွင့်ပေးရန် လုပ် ဆောင်မည့် မိမိအမှုတော်အကြောင်းကို တရားဇရပ်တွင်
ဟောကြားတော်မူစဉ် ကြောက်လန့်တကြားငယ်သံပါအောင် အော်ဟစ်သည့်အသံတစ်ခု၏ နှောင့်ယှက်မှု
ကိုခံလိုက်ရပါသည်။ နတ်ဆိုးစွဲနေသူ တစ်ယောက်သည် လူအုပ်ကြီးထဲမှ ကိုယ် တော့်ထံသို့
တစ်ဟုန်ထိုးပြေးလာကာ “နာဇရက်မြို့သားယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်
အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်တို့ကိုဖျက်ဆီးခြင်းငှါ လာသ လော။ ကိုယ်တော်သည်
အဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ဘုရားသခင်၏ သန့်ရှင်းတော်မူသောသူဖြစ်ပါသည်’ ဟု
ဟစ်အော်လေ၏။ မာကု ၁း၂၄။
ယခုအချိန်တွင် လူအားလုံးသည်
ဗရုတ်သုတ်ခဖြစ်ကာ ထိတ်ထိတ်လန့် လန့်ဖြစ်နေကြပါသည်။ လူအများ၏ အာရုံပြုမှုသည်
ကိုယ်တော်ထံမှ လွှဲဖယ်သွား ခဲ့ပြီး ကိုယ်တော့်စကားများကိုလည်း နားမထောင်ကြတော့ချေ။
နတ်ဆိုးစွဲနေသော ထိုသူကို တရားဇရပ်ထဲသို့ပို့ဆောင်လိုက်ခြင်းမှာ စာတန်၏ အကြံအစည်ဖြစ်ပါသည်။
သို့သော်လည်း သခင်ယေရှုသည် နတ်ဆိုးကို ဆုံးမတော်မူ၍ “တိတ်ဆိတ်စွာနေ လော့၊ ထိုသူ၏
အထဲမှထွက်သွားလော့” ဟုမိန့်တော်မူလိုက်ရာ ညစ်ညူးသောနတ် သည်
ထိုသူကိုတောင့်မာစေပြီးမှ ကြီးသောအသံနှင့် အော်ဟစ်၍ ထွက်သွား၏။
ထိုဒုက္ခသည်၏ စိတ်နှလုံးကို စာတန်သည်
မှောင်မိုက်စေခဲ့ပါသည်။ သို့ သော် ကယ်တင်ရှင်၏ ရှေ့မှောက်တွင်
အလင်းရောင်ခြည်တစ်ခုသည် ထို မှောင်မိုက်ကိုဖြိုခွင်းတော်မူခဲ့ပါသည်။ စာတန်၏
ထိန်းချုပ်မှုအောက်မှ လွတ်မြောက် မှုအတွက်တောင့်တရန် ထိုသူအားနှိုးဆွခဲ့သော်လည်း
နတ်ဆိုးသည် ခရစ်တော်၏ တန်ခိုးတော်ကို ခုခံတွန်းလှန်ခဲ့ပါသည်။ ထိုသူသည်
ခရစ်တော်ထံတွင် အကူ အညီတောင်းခံရန် ကြိုးစားသောအခါ မကောင်းသောဝိညာဉ်သည်
၎င်း၏နှုတ်ထဲသို့ စကားလုံးများကို သွတ်သွင်းခဲ့သဖြင့် ထိုသူသည် ကြောက်ရွံ့ခြင်း
ဝေဒနာတစ်ခု အားဖြင့် ဟစ်အော်ခဲ့ပါသည်။ နတ်ဆိုးအစွဲခံနေရသော ထိုသူသည် မိမိအား
လွတ်ခြင်းအခွင့်ကို ပေးနိုင်တော်မူသောသူ၏ ရှေ့မှောက်တွင် ရောက်နေကြောင်းကို
တစ်စိတ်တစ်ဒေသသိမြင်သော်လည်း တန်ခိုးကြီးသော ထိုလက်တော်ကို မီနိုင် မည့်နေရာသို့
ရောက်လာရန် ကြိုးစားခဲ့သောအခါ အခြားပုဂ္ဂိုလ်တစ်ပါး၏ အလိုဆန္ဒ တစ်ခုက ၎င်းအားချုပ်ကိုင်လိုက်ပြီး
ထိုအခြားပုဂ္ဂိုလ်၏ စကားများကို ဖွင့်ဟပြော ဆိုခဲ့ပါသည်။ စာတန်၏
တန်ခိုးနှင့်လွတ်ခြင်းအခွင့်ကို ရလိုသော သူ၏ကိုယ်ပိုင်ဆန္ဒ တို့အကြားတွင်
ဖြစ်ပွားနေသော ထိုတိုက်လှန်ပွဲသည် ကြောက်ခမန်းလိလိဖြစ်ပါ သည်။
တောတွင်တွေ့ကြုံခဲ့သော
စုံစမ်းနှောင့်ယှက်ခြင်းတွင် စာတန်ကို အောင် နိုင်ခဲ့သော ခရစ်တော်သည်
ယခုတစ်ဖန်မိမိ၏ ရန်သူကြီးနှင့် မျက်နှာချင်းဆိုင်တွေ့ နေရပြန်ပြီဖြစ်ပါသည်။
နတ်ဆိုးသည် ထိုသူအားဆက်လက်၍ ဝင်ပူးထားနိုင်စေရန် မိမိ၏ တန်ခိုးအားလုံးကို
ကြိုးစားအသုံးပြုခဲ့ပါသည်။ ဤနေရာတွင် ၎င်းအရေး နိမ့်ခြင်းသည်
ခရစ်တော်အားအောင်မြင်မှု သရဖူကို ပေးခြင်းဖြစ်ပါသည်။ မိမိ၏ ယောက်ျာ;ပီသမှုကို ပျက်စီးစေခဲ့သော ရန်သူနှင့် ယှဉ်ပြိုင်ရုန်းကန်ရာတွင် ညှဉ်း
ပန်းခြင်းခံခဲ့ရသောထိုသူသည် မိမိ၏အသက်ကို ဆုံးရှုံးရတော့မလိုဖြစ်ခဲ့ရပါသည်။
သို့သော်လည်း ကယ်တင်ရှင်သည် အာဏာတော်နှင့်မိန့်တော်မူကာ စာတန်၏ အ
ကျဉ်းသားဖြစ်နေသော ထိုသူကို လွတ်ငြိမ်းခွင့်ပေးခဲ့ပါသည်။ နတ်ဆိုးအစွဲခံခဲ့ရ သော
ထိုသူသည် အံ့ဩနေကြသော လူအုပ်ကြီးရှေ့တွင် စိတ်နှလုံးတည်ငြိမ်လွတ် လပ်စွာနှင့်
ပျော်ရွှင်စွာဖြင့် မတ်တတ်ရပ်ခဲ့ပါသည်။ ထိုနတ်ဆိုးသည် ပင်လျှင် ကယ် တင်ရှင်၏
ဘုရားတန်ခိုးတော်ကို သက်သေခံခဲ့ပါသည်။
ထိုသူသည် မိမိရရှိခဲ့သော
လွတ်မြောက်ခြင်းအတွက် ထာ၀ရဘုရားကို ချီး မွမ်းထောမနာပြုခဲ့ပါသည်။
ယခင်ကစိတ်မနှံ့သောကြောင့် ရန်မူလိုသည့်သဘောနှင့် မီးတောက်နေသော မျက်လုံးများသည်
ယခုအချိန်တွင် အသိဥာဏ်နှင့်ပြည့်၀စွာဖြင့် ပြုံးရယ်နေပြီး ဝမ်းသာမျက်ရည်များကျလျက်
ရှိပါသည်။ လူအများသည် အံ့ဩမှု ကြောင့် စကားမပြောနိုင်ဘဲ ရှိနေကြပါသည်။ သူတို့သည်
သတိပြန်ဝင်လာသည် နှင့်တစ်ပြိုင်နက် “ဤအမှုသည် အဘယ်သို့နည်း၊ ဤဆုံးမခြင်းအသစ်သည် အ
ဘယ်သို့နည်း၊ ညစ်ညူးသော နတ်တို့ကိုပင် အာဏာနှင့်မှာထား၍ သူတို့သည် နား
ထောင်ကြသည်တကား}} ဟု အချင်းချင်း မေးမြန်းပြောဆိုကြ၏။
မာကု ၁း၂၇။
ဤသူက ၎င်း၏ မိတ်ဆွေများအတွက် ကြောက်စရာ
မြင်ကွင်းဖြစ်စေ၍ ၎င်းကိုယ်တိုင်အတွက်လည်း ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်စေခဲ့သောဒုက္ခ
ဝေဒနာ၏ လျှို့ ဝှက်ချက်မှာ သူ၏အသက်တာ၌ ပင်ရှိခဲ့ပါသည်။ သူသည် အပြစ်၌ ပျော်မေ့Gခြင်း အားဖြင့် ဖမ်းစားခြင်းခံခဲ့ပြီး အသက်တာကို
အကြီးအကျယ်ပျော်ပါးမြူးထူးသည့် ဘ၀တစ်ခုဖြစ်စေဖို့ မျှော်မှန်းခဲ့ပါသည်။ မိမိသည်
လူအများကြောက်ရွံ့စေမည့် သူ တစ်ဦးဖြစ်လာပြီး မိမိမိသားစု
များ၏အပြစ်တင်ရှုတ်ချခြင်းကို ခံရမည့်သူဖြစ်လာ မည်ဖြစ်ကြောင်းကို သူမစဉ်းစားမိခဲ့ဖူးချေ။
မိမိ၏အသက်တာကို အပြစ်ကင်းသော လူအလူနုံတစ်ဦးအဖြစ်ဖြင့် ကုန်ဆုံးနိုင်လိမ့်မည်ဟု
သူထင်မြင်မိခဲ့ပါသည်။ သို့ရာ တွင် တစ်ချိန်၌ အဆင်းလမ်းတစ်ခုတွင်
သူ၏ခြေထောက်နှစ်ချောင်းသည် လျင်မြန် စွာ သက်ဆင်းခဲ့ကြပါသည်။ သူ၏အခြေအနေသည်
လျင်မြန်စွာဆုတ်လျော့ခဲ့ပါ သည်။ ချုပ်တည်းမှုမရှိခြင်းနှင့်
ပေါ့ပေါ့တန်တန်နေထိုင်ခြင်းများသည် ၎င်း၏ မြင့်မြတ်သော ကြန်အင်လက္ခဏာများကို
ပြောင်းလဲစေခဲ့ပြီး စာတန်သည် ၎င်းအား လုံးလုံးလျားလျား
စိုးမိုးအုပ်ချုပ်လိုက်ပါတော့သည်။
နောင်တသံဝေဂသည် အလွန်နောက်ကျခဲ့ပေပြီ။
မိမိဆုံးရှုံးခဲ့သော ယောက်ျm;ပီသမှုကိုပြန်လည်ရရှိရန်အတွက်
ချမ်းသာကြွယ်၀မှုနှင့် အပျော်အပါး လိုက်စားခြင်းများကို
စွန့်လွှတ်သောအချိန်တွင်သူသည် စာတန်၏လက်တွင် အကူ အညီမဲ့ဘ၀သို့
ရောက်ရှိနေပြီဖြစ်ပါသည်။ ၎င်းသည် မိမိကိုယ်ကို ရန်သူ့လက်ထဲသို့ ပေးအပ်ထားပြီး
ဖြစ်သောကြောင့် စာတန်သည် ၎င်း၏စွမ်းပကားအားလုံးကို အပိုင် သိမ်းယူခဲ့ပါသည်။
ထိုဖြားယောင်းသူသည် ၎င်းအားများစွာသော နှစ်သက်ဖွယ်တင် ဆက်မှုများဖြင့်
ဖြားယောင်းခဲ့သော်လည်း ဆင်းရဲဒုက္ခရောက်သော သူသည် တစ်ကြိမ်သာ ၎င်း၏
လက်အောက်သို့ရောက်ခဲ့လျှင် ထိုမကောင်းဆိုးရွားကြီးသည် အညှာအတာကင်းမဲ့စွာဖြင့်
ရက်စက်ကြမ်းကြုတ်လာပြီး ၎င်း၏ဒေါသတကြီး ဒဏ် ခတ်မှုသည်
ကြောက်လန့်ဖွယ်ကောင်းလှပါသည်။ ဒုစရိုက်ပြုခြင်းကို လိုက်လျော
အညံ့ခံသောသူအားလုံးသည် ထိုနည်းအတိုင်း ဒုက္ခရောက်ကြပါလိမ့်မည်။ ၎င်းတို့၏
အဦးပိုင်းကံကြမ္မာ၏ စွဲမက်ဖွယ်သော ပျော်ရွှင်မှုများသည် စိတ်အားငယ်ခြင်း၏
အမှောင်ထု (သို့မဟုတ်) ပျက်စီးဆုံးရှုံးသွားသော အသက်ဝိညာဉ်များ၏ ရူးသွပ်ခြင်း တွင်
ခရီးဆုံးလိမ့်မည်ဖြစ်ပါသည်။
ခရစ်တော်ကို တောတွင်စုံစမ်းခဲ့ပြီးနောက်
ကပေရနောင်မှ ထိုလူကိုဝင်၍ ပူး ခဲ့သည့် ထိုနတ်ဆိုးဝိညာဉ်သည် မယုံကြည်သော
ထိုယုဒများကိုလည်း ထိန်းချုပ် လျက်ရှိပါသည်။ သို့သော် ယေရှုခရစ်အားငြင်းပယ်ခြင်း၌
၎င်းတို့၏ စိတ်နေသဘော ထားနှင့် စပ်လျဉ်း၍ လိမ်ညာရန်ကြိုးစားလျက် စာတန်သည်
သူတို့၌ဘုရားတရား ရှိခြင်းအတွက် ကြွားဝါခြင်းလက်နက်ကို အသုံးပြုခဲ့ပါသည်။
၎င်းတို့၏ အခြေအနေ သည် နတ်ဆိုးစွဲသောသူထက် ပို၍မျှော်လင့်ချက်မဲ့ခဲ့ပါသည်။
အကြောင်းမူကား သူတို့သည် ခရစ်တော်ကို မလိုအပ်ဟုထင်နေကြပြီး စာတန်၏
တန်ခိုးအောက်တွင် ခိုင်မြဲစွာ စွဲကိုင်ခဲ့ကြပါသည်။
လူများအလယ်တွင် ခရစ်တော်ကိုယ်တိုင်
တရားဟောနေသော အချိန်သည် အမှောင်နိုင်ငံမှ အင်အားစုများအတွက်
အကြီးအကျယ်လှုပ်ရှားစေသည့် အချိန် ဖြစ်ခဲ့ပါသည်။ စာတန်နှင့်သူ၏ ဆိုးယုတ်သော
ကောင်းကင်တမန်များသည် လူသား များ၏ အသက်ဝိညာဉ်နှင့် ကိုယ်ခန္ဓာကိုထိန်းချုပ်ရန်
ထိုလူသားများ အပြစ်ကျူး လွန်ရန်နှင့် ရောဂါဘယတို့ကို ခံစားကြစေရန်
ခေတ်အဆက်ဆက်ကြိုးစားခဲ့ကြပါ သည်။ ထိုနောက်မှ ဤမကောင်းမှုများ အားလုံးကို
ထာ၀ရဘုရားအပေါ် သို့ပုံချခဲ့ ပါသည်။ ခရစ်တော်သည် လူများအား ဘုရားသခင်၏
စာရိတ္တတော်ကိုထုတ်ဖော်ပြ သတော်မူခဲ့ပါသည်။ ကိုယ်တော်သည် စာတန်၏ တန်ခိုးအာဏာများကို
ချိုးဖျက် တော်မူ၍ ၎င်း၏ ဖိစီးနှိပ်စက်မှုကို ခံနေရသူများအား လွတ်ခြင်းအခွင့်ကို
ပေးတော် မူပါသည်။ ကောင်းကင်မှသက်ဆင်းတော်မူသည့် အသစ်သောအသက်တာ၊ ချစ်ခြင်း
မေတ္တာနှင့်တန်ခိုးအစွမ်းများသည် လူသားများ၏ စိတ်နှလုံးတွင်လှုပ်ရှား လျက်ရှိပြီး
ဒုစရိုက်၏ ဘုရင်တည်းဟူသော စာတန်အား ၎င်း၏တိုင်းနိုင်ငံ၏ အချုပ်အခြာအာ
ဏာကိုဆက်လက်ရယူဖို့ အကြီးအကျယ်ရုန်းကန်ရန် လှုံ့ဆော်ခဲ့ပါသည်။ စာတန် သည်
မိမိ၏အင်အားစုအားလုံးကို ဆင့်ခေါ်၍ ခရစ်တော်၏ အမှုတော်လုပ်ဆောင် မှုတိုင်းအား
ဆန့်ကျင်တိုက်ခိုက်ခဲ့ပါသည်။
အမှန်နှင့်အမှားအကြား ငြင်းခုံနေသည့်
နောက်ဆုံးသော တိုက်လှန်ပွဲကြီး တွင် ထိုနည်းအတူဖြစ်ပါလိမ့်မည်။ အသစ်သောအသက်တာ၊
အသစ်သော အလင်းနှင့် တန်ခိုးအစွမ်းများသည် ခရစ်တော်၏တမန်တော် များအပေါ်သို့ အထက်
အရပ်မှသက်ရောက်နေစဉ် အသစ်သောအသက်တာ တစ်ခုသည် အောက်မှထွက် ပေါ်လာပြီး
စာတန်၏ကိုယ်စားလှယ်များအား လှုံ့ဆော်လျက်ရှိပါသည်။ လောကီ အရာများအားလုံးကို
သိမ်းပိုက်ရန်အတွက် စိတ်ဓာတ်ပြင်းထန်နေကြပါသည်။ တိုက် လှန်ပွဲ၏
ရာစုနှစ်များတစ်လျှောက်တွင်ရရှိခဲ့သည့် ထိုးထွင်းသိမြင်မှုများကိုအသုံးပြု၍
စာတန်သည် ရုပ်ဖျက်လျက်လုပ်ဆောင်နေပါသည်။ သူသည် အလင်း၏ ကောင်း ကင်တမန်တစ်ပါးကဲ့သို့
ပေါ်ထွန်းလာပြီး “လူအချို့တို့သည် ယုံကြည်ခြင်းကို စွန့် ပယ်၍ လှည့်ဖြားတတ်သော
စိတ်ဝိညာဉ်တို့နှင့်လည်းကောင်း၊ နတ်ဘုရားတို့နှင့် စပ်ဆိုင်သောဩဝါဒတို့၌
လည်းကောင်း မှီဝဲဆည်းကပ်ကြလိမ့်မည်။” ၁တိ ၄း၂။
ခရစ်တော်ပေါ်ထွန်းသော
အချိန်တွင်ယုဒခေါင်းဆောင်များနှင့် ကျမ်းတတ် ဆရာများသည် စာတန်၏လုပ်ဆောင်မှုကို
တွန်းလှန်ရန် မစွမ်းနိုင်ခဲ့ကြချေ။ ၎င်း အားရင်ဆိုင်တွန်းလှန်နိုင်မည့်
တစ်ခုတည်းသောနည်းကို သူတို့လျစ်လျူရှုခဲ့ကြ သည်။ ထိုနည်းမှာ နတ်ဆိုးကိုခရစ်တော်
အောင်မြင်ခဲ့သည့် ထာ၀ရဘုရား၏ နှုတ်ကပတ်တော်ကို အသုံးပြုသည့် နည်းပင်ဖြစ်ပါသည်။
ယုဒခေါင်းဆောင်များ သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို
ရှင်းလင်းတင်ပြသူများဖြစ်ကြောင်း ပြောဆိုနေကြသော်လည်း သူတို့သည်
မိမိတို့၏ရိုးရာများကို အကူအညီပြုရန်အ တွက်သာ နှုတ်ကပတ်တော်ကို လေ့လာခဲ့ကြပြီး
၎င်းတို့တီထွင်ထားသော အရာများ တို့ကို လိုက်နာစောင့်ထိန်းရန်
အတင်းအကျပ်တိုက်တွန်းခဲ့ကြပါသည်။ သူတို့သည် ကျမ်းစာကို မိမိတို့သဘောအတိုင်း
အနက်ဖွင့်ကြခြင်းအားဖြင့် ဘုရားသခင်ပေး တော်မမူဖူးခဲ့သော ခံစားချက်များကို
ထိုနှုတ်ကပတ်တော်အား ဖော်ပြစေခဲ့ကြပါ သည်။ ၎င်းတို့၏ နားလည်ရန်ခက်လှသော
အဓိပ္ပါယ်ကောက်ယူခြင်းများသည် ကိုယ်တော်ရှင်ရှင်းလင်းပြသခဲ့သော အရာများကို
မထင်မရှားဖြစ်စေခဲ့ပါသည်။ သူ တို့သည် အရေးမကြီးသော
သီးခြားအဓိပ္ပါယ်ရှိသည့်အရာများအပေါ်တွင် ငြင်းခုံ ခဲ့ကြပြီး အလွန့်အလွန်အရေးပါသော
သမ္မာတရားကို လက်တွေ့ကျကျငြင်းပယ် ခဲ့ကြပါသည်။ ဤနည်းအားဖြင့် သစ္စာမဲ့မှုများကို
ပျံ့နှံ့စွာကြဲဖြန့် စိုက်ပျိုးခဲ့ကြပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ
တန်ခိုးတော်ကိုလုယူခဲ့ပြီး မကောင်းသော နတ် ဆိုးများသည် မိမိတို့၏ အလိုဆန္ဒများကို
အကောင်အထည်ဖော်ခဲ့ကြပါသည်။
သမိုင်းကထပ်ခါတလဲလဲ စကားပြောနေပါသည်။
သမ္မာကျမ်းစာကို မိမိရှေ့ တွင်ဖွင့်ထားပြီး ကျမ်းစာ၏ သွန်သင်ချက်များကို
ရိုသေကိုင်းရှိုင်း ကြောင်းဝန်ခံလျက် များစွာသော ယခုခေတ်
ဘာသာရေးခေါင်းဆောင်များသည် သမ္မာကျမ်းစာကို ဘုရား သခင်၏ နှုတ်ကပတ်တော်အနေဖြင့်
လက်ခံယုံကြည်မှုများကို ဖျက်ဆီးနေကြပါ သည်။ သူတို့သည် သမ္မာကျမ်းစာကို
ပိုင်းခြားစိတ်ဖြာနေခြင်းအားဖြင့် အလုပ်များ နေကြပြီး ကျမ်းစာ၏ရိုးရိုး
ရှင်းရှင်းတင်ပြချက်များအပေါ်တွင် ၎င်းတို့၏ ကိုယ်ပိုင် ထင်မြင်ချက်များကို
ထပ်ဆင့်ဖော်ပြနေပါသည်။ ၎င်းတို့၏ လက်ထဲတွင် ဘုရား သခင်၏ နှုတ်ကပတ်တော်သည် ၎င်း၏
အသစ်ပြုပြင်ခြင်းတန်ခိုးကိုပျောက်ဆုံးနေပါ သည်။ ထိုသို့ဖြစ်ရခြင်းမှာ
သစ္စာမဲ့မှုကို တံခါးမရှိဓါးမရှိပြုမူခဲ့သောကြောင့် ဖြစ်ပါ သည်။
ထိုကြောင့်မတရားမှုများသည် အလျှံပယ်ပွားများလာပါသည်။
စာတန်သည် ကျမ်းစာအပေါ်ယုံကြည်မှုကို
ပျက်ပြားစေပြီးသော အချိန်တွင် လူများအား အလင်းတရားနှင့်တန်ခိုးကို
ရနိုင်မည့်အခြားနေရာများကို ညွှန်ပြနေပါ သည်။ ဤသို့နည်းအားဖြင့် သူသည်
မိမိကိုယ်ကို မသိမသာအယုံသွင်းနေပါသည်။ ကျမ်းစာ၏ သွန်သင်ချက်များနှင့်အပြစ်ကို
ထင်ရှားစေသည့် သန့်ရှင်းသောဝိညာဉ် တော်၏ တန်ခိုးတော်ကို ကျောခိုင်းသောသူ
အပေါင်းတို့သည် နတ်ဆိုးများ၏ စိုးမိုးမှု ကို ဖိတ်ခေါ်နေခြင်းဖြစ်ပါသည်။
ကျမ်းစာနှင့် ပတ်သက်သော ဝေဖန်မှုများနှင့် ဆင်ခြင်သုံးသပ်မှုများသည်
သခင်ယေရှုခရစ်၏ အသင်းတော်တွင်ပင် ခြေကုပ်ရရန် ရှေးခေတ် ရုပ်တုကိုးကွယ်ခြင်းဘာသာကို
ခေတ်မီအောင်ပြုပြင်ထားသည့် နတ်မိစ္ဆာ အယူဝါဒနှင့်စိတ်၏ ကျင့်စဉ်နှင့် ဘုရားသခင်ကို
ထိုးထွင်းသိမြင်နိုင်သည် ဟူသော အချက်ကို အခြေပြုသည့်အယူဝါဒများကို
လမ်းဖွင့်ပေးခဲ့ကြပါသည်။
လိမ်ညာသောဝိညာဉ်များ၏
နတ်ဝင်သည်များသာဖြစ်သော စာတန်၏ ကိုယ် စားလှယ်များသည် ဧဝံဂေလိတရား
ဟောကြားခြင်းနှင့် ရင်ဘောင်တန်း၍ လုပ် ဆောင်လျက်ရှိကြပါသည်။ များစွာသောလူတို့သည်
ထိုကိုယ်စားလှယ်များနှင့် ဆော့ ကစားမိရုံကလေးနှင့် သာမန်လူသားများ
ထက်ပိုမိုကြီးမားသော တန်ခိုးပြမှုများ ကိုမြင်တွေ့ကာ မိမိထက်တန်ခိုး
ခွန်အားကြီးသော အလိုဆန္ဒတစ်ခု၏ စိုးမိုးမှုကိုခံ ရသည့်တိုင်အောင်
သွေးဆောင်ဖြားယောင်းမှုကို ဆက်တိုက်ခံကြရပါသည်။ ထိုသူ သည် နက်နဲသိမ်မွေ့သော
ထိုတန်ခိုးမှလွတ်မြောက်ခြင်းငှာ မစွမ်းနိုင်ချေ။
အသက်ဝိညာဉ်များ၏ အကာအကွယ်များသည်
ပျက်ယွင်းကုန်ပေပြီ။ သူ့ တွင်အပြစ်ကို မကျူးလွန်စေမည့် မည်သည့်အဟန့်အတားမျှ
မရှိတော့ချေ။ ဘုရား သခင့်နှုတ်ကပတ်တော်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏
တားမြစ်ဟန့်တားမှုများကို တစ်ကြိမ်ငြင်းပယ်လိုက်သော အချိန်တွင် ထိုသူသည်
မည်သည့်အခြေအနေအထိ ယုတ်ညံ့သိမ်ဖျင်းမှုတွင် နစ်မြုပ်သွားနိုင်သည်ကို
မည်သူမျှမသိနိုင်ချေ။ လျှို့ဝှက် သောအပြစ်များနှင့် ကာမဂုဏ်လိုက်စားမှုများသည်
ကပေရနောင်မြို့မှ နတ်ဆိုးစွဲ နေသော သူကဲ့သို့ အကူအညီမဲ့သော စာတန်၏သားကောင်အဖြစ်
၎င်းအားချုပ်ကိုင် နိုင်ပါသည်။ သို့စေကာမူ ၎င်း၏အခြေအနေသည် အကူအညီမဲ့မဟုတ်သေးချေ။
နတ်ဆိုးကို ကျွန်ုပ်တို့
အောင်မြင်ကျော်လွှားနိုင်သော နည်းမှာ ခရစ်တော် အောင်မြင်ခဲ့သည့် နည်းဖြစ်သော
နှုတ်ကပတ်တော်၏ တန်ခိုးပင် ဖြစ်ပါသည်။ ထာ၀ရဘုရားသည် ကျွန်ုပ်တို့၏ အလိုဆန္ဒများကို
ကျွန်ုပ်တို့ သဘောမတူဘဲထိန်း ချုပ်တော်မမူချေ။ သို့သော်ကျွန်ုပ်တို့သည် ကိုယ်တော်၏
အလိုတော်ကို သိချင် သောစိတ်၊ လိုက်လျှောက်လိုသော စိတ်ရှိကြပါလျှင် “သမ္မာတရားကို
သိကြသဖြင့် ထိုသမ္မာတရားသည် သင်တို့ကိုလွှတ်လိမ့်မည်” ဟူသောကတိနှင့် “ထိုသူ၏
အလိုတော်သို့ လိုက်ချင်သောသူမည်သည်ကား ထိုဒေသနာတော်ကို---ပိုင်း ခြား၍သိလိမ့်မည်” ဟူသောကတိများသည်
ကျွန်ုပ်တို့အတွက်ဖြစ်ပေလိမ့်မည်။ ယောဟန် ၈း၃၂။ ၇း၁၇။ လူတိုင်းလူတိုင်းသည်
ဤကတိတော်များကို ယုံကြည်ခြင်းအားဖြင့် မှားယွင်းခြင်း၏ ကျော့ကွင်းနှင့် အပြစ်တရား၏
အနှောင် အဖွဲ့မှ လွတ်မြောက်နိုင်ကြပါသည်။
လူတိုင်းသည် မိမိအားစိုးမိုးစေသည့်
မည်သည့်တန်ခိုးအာဏာကို မဆို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိပါသည်။
မည်သူမျှခရစ်တော်ထံတွင် ကယ်လွှတ်ခြင်း ကိုမတွေ့နိုင်လောက်အောင် မကျဆုံးကြသေးပါ။
မဆိုးယုတ် ကြသေးပါ။ နတ်ဆိုး စွဲသောသူသည် ဆုတောင်းရမည့်အစား စာတန်၏ စကားများကိုသာ
နှုတ်မှဖွင့်ဟ နိုင်ခဲ့သော်လည်း စိတ်နှလုံးမှမဖွင့်ဟနိုင်ခဲ့သည့် တောင်းခံသံကို
ဘုရားသခင်ကြား တော်မူခဲ့ပါသည်။ နှုတ်ထွက်စကား လုံးများအားဖြင့် မပြောစေကာမူ
ဆင်းရဲဒုက္ခ ရောက်နေသူများ၏ မည်သည့်နှလုံးသားတွင်းမှ အော်ဟစ်သံကိုမျှ ဂရုမပြုဘဲနေ
တော်မမူချေ။ ကောင်းကင်နိုင်ငံတော်မှ ထာ၀ရဘုရားသခင်နှင့် ပဋိညာဉ်ပြုဆက်
သွယ်ခြင်းတွင် ဝင်စားရန် သဘောတူမည့်သူများကို စာတန်၏ တန်ခိုးတွင်သော် လည်းကောင်း၊
၎င်းတို့၏ ပင်ကိုသဘာ၀၏
ချို့ယွင်းမှုများတွင်သော်လည်းကောင်း ပစ်ထားခဲ့မည်မဟုတ်ချေ။ “ငါ၏အစွမ်းသတ္တိကိုကိုးစား၍
ငါနှင့် မိတ်သဟာယဖွဲ့ကြစေ၊ ငါနှင့်မိတ်သဟာယဖွဲ့ကြစေ” ဟုကယ်တင်ရှင်သည် ထိုသူများအား
ဖိတ် ခေါ်နေပါသည်။ ဟေရှာယ ၂၇း၅။ တစ်ချိန်က ၎င်းတို့၏ လက်အောက်တွင် ရှိခဲ့သော
အသက်ဝိညာဉ်အတွက် နတ်ဆိုးများသည် တိုက်ပွဲဝင်ကြလိမ့်မည်ဖြစ် သော်လည်း ထာ၀ရဘုရား၏
ကောင်းကင်တမန်များသည် အားကြီးသော တန်ခိုးဖြင့် ထိုအသက်ဝိညာဉ်အတွက်
ဆိုင်ပြိုင်တိုက်ခိုက်ကြပါလိမ့်မည်။ “လုယူရာဥစ္စာကို အားကြီးသောသူ၏
လက်မှယူရမည်လော--- ထာ၀ရဘုရားမိန့်တော်မူသည်ကား၊ အကယ်စင်စစ် အားကြီးသောသူ၊
သိမ်းသွားသောလူတို့ကိုယူရမည်။ ကြောက်မက် ဖွယ်သောသူလုယူရာဥစ္စာကို နုတ်ရလိမ့်မည်။
အကြောင်းမူကား သင်နှင့်ရန်တွေ့ သောသူကို ငါသည် ရန်တွေ့၍ သင်၏သားတို့ကိုကယ်တင်မည်။”
ဟေရှာ ၄၉း၂၄-၂၅။
တရားဇရပ်တွင်ရှိနေကြသော လူထုပရိသတ်သည်
မှင်တက်မိနေကြစဉ် တွင် သခင်ယေရှုသည် အနည်းငယ်အနားယူရန် ပေတရု၏အိမ်ကို ထွက်ကြွသွား
ခဲ့ပါသည်။ သို့သော်ထိုနေရာတွင်လည်း စာတန်အရိပ်သည် ကျရောက်လျက်ရှိပါ သည်။ ပေတရု၏
ယောက္ခမသည် ပြင်းစွာသောဖျားနာစွဲ၍ လဲလျောင်းနေပါသည်။ ကိုယ်တော်သည်
ဖျားနာခြင်းကိုဆုံးမတော်မူလျှင် သူမသည် အဖျားပျောက်သဖြင့် ချက်ချင်းထ၍
ကိုယ်တော်နှင့်တကွ တပည့်တော်များကိုဧည့်ဝတ်ပြုလေ၏။
ထိုသတင်းသည်
ကပေရနောင်မြို့တစ်မြို့လုံးသို့ လျင်မြန်စွာပျံ့နှံ့သွားခဲ့ပါ သည်။ ယုဒလူများသည်
ကျမ်းတတ်ဆရာများကို ကြောက်နေရသဖြင့် ကုသမှုကို ခံယူရန် ဥပုသ်နေ့တွင်
မလာဝံ့သော်လည်း နေဝင်သွားသည်နှင့် တစ်ပြိုင်နက် အကြီးအကျယ်လှုပ်ရှားမှုတစ်ခုဖြစ်ပေါ်လာခဲ့ပါသည်။
ထိုမြို့ထဲတွင်ရှိသောအိမ်များ၊ ဆိုင်များ၊ ဈေးတန်းများမှလူများသည်
ခရစ်တော်ရှိတော်မူသည့် နုံချာလှသော အိမ်ကလေးဆီသို့ ချဉ်းကပ်လာခဲ့ကြပါသည်။
လူနာများသည် ထမ်းစင်များအားဖြင့် လည်းကောင်း၊ တုတ်များထောက်၍လည်းကောင်း၊
မိတ်ဆွေများ၏ တွဲခေါ်ပေးခြင်း အားဖြင့်လည်းကောင်း ခရစ်တော်၏ ရှေ့မှောက်သို့
နုန့်နဲ့စွာဖြင့် လျှောက်လှမ်းလာ ခဲ့ကြပါသည်။
နောက်တစ်နေ့တွင် ကိုယ်တော်ရှင်သည်
၎င်းတို့နှင့်အတူရှိမည် မရှိမည်ကို မည်သူမျှ အသေအချာမသိသောကြောင့် လူများသည်
တစ်နာရီပြီးတစ်နာရီရောက် ရှိလာခဲ့ကြပါသည်။ ထိုနေ့မှာတွေ့မြင်ခဲ့ရသော
အခြေအနေမျိုးကို မည်သည့်အခါ ကမှ ကပေရနောင်မြို့တွင် မတွေ့မြင်ခဲ့ဖူးချေ။
အောင်မြင်မှုအတွက် ကြွေးကြော် သံများနှင့် လွတ်မြောက်မှုအတွက် အော်ဟစ်သံများဖြင့်
ဆူညံနေပါသည်။ ကယ်တင်ရှင်သည် မိမိနှိုးဆွတော်မူခဲ့သော
ပျော်ရွှင်မှုများကိုမြင်တွေ့ရသောအခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေပါသည်။
မိမိထံသို့ရောက်ရှိလာသော ဒုက္ခသည်များကို တွေ့ရသောအခါ စိတ်နှလုံးတော်တွင် သနားကြင်နာမှုကိုခံစားခဲ့ရပြီး
ထိုသူများအား ပြန်လည်၍ ကျန်းမာပျော်ရွှင်စေနိုင်ခဲ့သဖြင့် ဝမ်းမြောက်မှုကို
ကိုယ်တော်ခံစားတော် မူခဲ့ရပါသည်။
ကိုယ်တော်သည် နောက်ဆုံးသောဒုက္ခသည်ကို
သက်သာပျောက်ကင်း ခွင့်ပြုမပြီးမချင်း မိမိ၏လုပ်ဆောင်မှုကို ရပ်တန့်တော်မမူခဲ့ချေ။
လူအုပ်ကြီးသည် ထိုအိမ်မှ ထွက်ခွာသွားကြသောအခါ အတော်ညဉ့်နက်နေပြီဖြစ်ပြီး
တစ်အိမ်လုံး တွင်ငြိမ်သက်လျက်ရှိပါသည်။ လှုပ်လှုပ်ရှားရှား ရှိသောနေ့အချိန်သည်
ကျော်လွန် ခဲ့ပြီးဖြစ်သဖြင့် ကိုယ်တော်သည် အနားယူတော်မူခဲ့ပါသည်။
သို့သော်တစ်မြို့လုံး အိပ်မောကျနေစဉ်တွင် “နံနက်အချိန် မိုးမလင်းမီ ကိုယ်တော်သည်
ထပြီးလျှင် တောအရပ်သို့ ထွက်ကြွ၍ ဆုတောင်းတော်မူ၏။” မာကု ၁း၃၅။
ဤကဲ့သို့နည်းအားဖြင့် ခရစ်တော်၏
လောကအသက်တာ နေ့ရက်များကို ကုန်လွန်စေခဲ့ပါသည်။ ကိုယ်တော်သည် တမန်တော်များအား
၎င်းတို့၏ အိမ်များသို့ သွားရောက်လည်ပတ်နားနေရန် မကြာခဏသွားခွင့်
ပြုတော်မူခဲ့သော်လည်း မိမိအ လုပ်ကို ထားပစ်ခဲ့ရန်ကိုမူသိမ်မွေ့စွာဖြင့်
ဆီးတားတော်မူပါသည်။ မသိနားမလည် သူများအား သွန်သင်ခြင်းဖြင့်သော်လည်းကောင်း၊
နာမကျန်းသူများအား ကုသခြင်း အားဖြင့်သော်လည်းကောင်း၊ မျက်မမြင်များအား
စက္ခုအလင်းပြန်လည် ပေးသနား ခြင်းအားဖြင့် သော်လည်းကောင်း၊ လူထုကြီးအား
ကျွေးမွေးခြင်းအားဖြင့်သော် လည်းကောင်း၊ ကိုယ်တော်သည် တစ်နေ့လုံးအလုပ်များခဲ့ပြီး
ခမည်းတော် ဘုရား သခင်နှင့် မိတ်သဟာယဖွဲ့ရန်အတွက်မူ ညနေတွင်သော်လည်းကောင်း၊
သို့မဟုတ် နံနက်စောစောတွင်သော်လည်းကောင်း တောင်ပေါ်ရှိ ဗိမာန်တော်သို့ ထွက်ခွာတော်
မူခဲ့ပါသည်။ ကိုယ်တော်သည် ဆုတောင်းခြင်းနှင့် ဘုရားအာရုံပြုခြင်းများကိုလုပ်
ဆောင်ရင်း မကြာခဏတစ်ညလုံး အချိန်ကုန်စေခဲ့ပြီး နံနက်မိုးသောက်သောအခါ
လူများအလယ်တွင် အမှုတော်ဆောင်ရန် ပြန်လည်ရောက်ရှိလာခဲ့ပါသည်။
နံနက်ဝေလီဝေလင်းအချိန်တွင် ပေတရုနှင့်
၎င်း၏ အပေါင်းအဖော်များ သည် သခင်ယေရှုထံသို့ ရောက်ရှိလာကြပြီး ကပေရနောင်မြို့မှ
လူအများသည် ကိုယ်တော်အား ရှာနေကြပြီဖြစ်ကြောင်း ပြောကြားကြပါသည်။ ယခု အချိန်အထိ
ခရစ်တော်ရရှိတော်မူခဲ့သော လက်ခံကြိုဆိုခြင်းများအတွက် တမန်တော်များ အကြီး
အကျယ်စိတ်ပျက်ခဲ့ကြပါသည်။ ယေရုရှလင်မြို့မှ အာဏာပိုင်များသည် ကိုယ်တော်
အားလုပ်ကြံရန် ကြိုးစားလျက်ရှိခဲ့ကြသည်။ ကိုယ်တော်၏ နာဇရက်မြို့သားများက ပင်
ကိုယ်တော်အား လုပ်ကြံရန်ကြိုးစားခဲ့ကြပါသည်။ သို့ရာတွင် ကပေရနောင်မြို့ တွင်မူ
ကိုယ်တော်အား လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြသည့်အတွက် တမန်တော်များ
၏မျှော်လင့်ချက်များသည် အသစ်တစ်ဖန်ရောင်နိ ပေါ်ထွန်းလာခဲ့ပြန်ပါသည်။
လွှတ်ခြင်းအခွင့်ကိုမြတ်နိုးကြသည့် ဂါလိလဲပြည်သားများထဲတွင် နိုင်ငံတော်သစ်ကို
ထောက်ခံမည့်သူများ တွေ့ရှိနိုင်ကောင်းတွေ့ရှိနိုင်ပါသည်။ သို့သော် “ဘုရား သခင်၏
နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို အခြားသောမြို့ရွာတို့၌ ငါ ဟောပြောရမည်။
ထိုသို့အလိုငှါ ငါ့ကိုစေလွှတ်လျက်ရှိသည်” ဟူသောကိုယ်တော် ၏ စကားသံကို
အံ့အားသင့်စွာဖြင့် သူတို့ကြားခဲ့ရပါသည်။
ကပေရနောင်မြို့ထဲသို့
ပျံ့နှံ့စွာဖြစ်ပေါ်စေခဲ့သော စိတ်လှုပ်ရှားမှုများတို့ ကြောင့် ခရစ်တော်၏
ရည်ရွယ်ချက်ကို မျက်ခြည်ပြတ်သွားမည့် အန္တရာယ်ရှိ နေပါသည်။ မိမိအားအံ့ဩဖွယ်
လုပ်ဆောင်နိုင်သူတစ်ဦး အနေဖြင့်သော်လည်း ကောင်း၊ ကိုယ်ခန္ဓာရောဂါများကို
ကုစားသောဆရာဝန် တစ်ဦးအနေဖြင့်လည်း ကောင်း စိတ်ဝင်စားပြီး အာရုံပြုလာခြင်းကို
ခရစ်တော်လိုလားတော်မမူဘဲ ကိုယ် တော်သည် ၎င်းတို့၏ ကယ်တင်ရှင် အနေနှင့်လူများကို
မိမိထံသို့ဆွဲယူရန် ကြိုးစား တော်မူခဲ့ပါသည်။ ကိုယ်တော်သည် လောကီနိုင်ငံတစ်ခုကို
တည်ထောင်ရန် ဘုရင် တစ်ပါးအနေနှင့် ကြွလာပြီဟုယုံကြည်ရန်
လူအများစိတ်အားထက်သန်နေကြစဉ် တွင် ၎င်းတို့၏ စိတ်နေသဘောထားကို လောကီရေးများဝိညာဉ်ရေးသို့
ပြောင်းလဲ ပေးရန် ကိုယ်တော်အလိုရှိတော်မူခဲ့ပါသည်။ လောကအောင်မြင်မှုသက်သက် သည်
ကိုယ်တော့်အမှုတော်ကို နှောင့်ယှက်တားဆီးလိမ့်မည်ဖြစ်ပါသည်။
သတိလက်လွတ်ဖြစ်နေသော လူအုပ်ကြီး၏
အံ့ဩမှုသည် ကိုယ်တော်ရှင်၏ ဝိညာဉ်ကို အခံရခက်စေခဲ့ပါသည်။ ကိုယ်တော်ရှင်၏
အသက်တာတွင် ကိုယ်ကျိုး ရှာမှုကင်းရှင်းခဲ့ပါသည်။ ရာထူး (သို့မဟုတ်)
ချမ်းသာကြွယ်၀ခြင်း (သို့မဟုတ်) အသိဥာဏ်ရှိခြင်းများအပေါ် လောကသားများက
လုပ်လေ့လုပ်ထရှိသော ဂါရ၀ပြု ခြင်းမျိုးသည် ဘုရားသခင်၏ သားတော်နှင့်
အဆက်အစပ်မရှိခဲ့ချေ။ လူရိုသေရှင် ရိုသေရှိစေရန် လူအများအသုံးပြုခဲ့သော
မည်သည့်နည်းကိုမျှ ခရစ်တော်အသုံးမပြု ခဲ့ချေ။ ကိုယ်တော်ရှင်မမွေးဖွားမီ
နှစ်ပေါင်းများစွာကတည်းက ကိုယ်တော်အ ကြောင်းကို အနာဂတ္တိပြုထားခဲ့သည်မှာ “အော်ဟစ်ခြင်း၊
ကြွေးကြော်ခြင်းကိုမ ပြုမူ၍ လမ်းခရီး၌ သူ၏အသံကို အဘယ်သူမျှမကြားစေရ။
နင်းနယ်လျက်ရှိ သောကျူပင်ကိုမချိုး၊ အတောက်သေးသောမီးစာကိုမသတ်၊ တရားသည်မြဲမြံခြင်း
သို့ရောက်မည်အကြောင်း စီရင်လိမ့်မည်။ မြေကြီးပေါ်မှာ တရားတော်ကို မတည်စေ
မီတွင်အားမလျော့၊ စိတ်လည်းမပျက်ရ၊ သူ၏တရားကိုလည်း တစ်ကျွန်းတစ်နိုင်ငံ သားတို့သည်
မြော်လင့်ကြလိမ့်မည်။” ဟေရှာယ ၄၂း၂-၄။
ဖာရိရှဲများသည် ၎င်းတို့၏ ဂနသေချာသော
အခမ်းအနားကျင်းပရေးကို ဦးစားပေးသည့် အယူဝါဒအားဖြင့်လည်းကောင်း၊ သူတို့၏
ကိုးကွယ်မှုများနှင့် အလှူ အတန်းများကို လူမြင်သာအောင်
လုပ်ဆောင်ခြင်းအားဖြင့်လည်းကောင်း အခြားသူ များထက် ထင်ရှားပေါ်လွင်အောင်
ကြိုးစားခဲ့ကြပါသည်။ ဘာသာရေးကိစ္စများကို ဆွေးနွေးခြင်းများအားဖြင့် ၎င်းတို့၏
ဘာသာရေးစိတ်အားထက်သန်မှုကို သက်သေ ပြခဲ့ကြပါသည်။ ဘာသာရေးအဖွဲ့အစည်းများ အကြားတွင်
ကျယ်လောင်ရှည်လျား သောငြင်းခုံမှုများရှိ ခဲ့သည့်အပြင် လမ်းများပေါ်တွင် ပညာတတ်၊
ဥပဒေပါရဂူကြီး များ၏ ငြင်းခုံသံများကို ကြားရိုးကြားစဉ်တစ်ခုကဲ့သို့ကြားနေရပါသည်။
၎င်းတို့နှင့်ထူးထူးခြားခြား
လုံး၀ကွာခြားသောအရာမှာ ခရစ်တော်၏ သက် တော်စဉ်ဖြစ်ပါသည်။ ကိုယ်တော်၏ အသက်တာတွင်
မည်သည့်ဆူဆူညံညံငြင်း ခုံသံများကိုလည်းကောင်း၊ သူတစ်ပါးမြင်သာအောင်
ဟန်ပြဝတ်ပြုကိုးကွယ်ခြင်းများ ကိုလည်းကောင်း၊ သူတစ်ပါး၏ ချီးမွမ်းမှုကိုရရှိရန်
ပြုမူသည့် အပြုအမူများကို လည်းကောင်း တစ်ခါမျှမတွေ့ခဲ့ရချေ။ ခရစ်တော်သည်
ထာ၀ရဘုရား၌ ကွယ်ဝှက် ထားခြင်းခံရ၍ ထာ၀ရဘုရားကို သားတော်ဘုရား၏ စာရိတ္တတော်၌
ဖော်ပြခြင်းခံခဲ့ ရပါသည်။ ခရစ်တော်သည် မိမိဖော်ပြတော်မူသော ဘုရားသခင်ထံသို့ လူသား
များ၏ စိတ်နှလုံးကိုညွှန်ပြကာ ထိုဘုရားကိုသာ ၎င်းတို့ကိုးကွယ်မှုပြုကြရန် အလို
တော်ရှိခဲ့ပါသည်။
တရားတော်နေမင်းကြီးသည် ၎င်းတို့၏
အာရုံခံစားမှုများကို မိမိဘုန်းတော် အားဖြင့် ထွန်းတောက်စေရန်အလိုငှါ
ကမ္ဘာလောကအပေါ်သို့ ခမ်းနားကြီးကျယ်စွာ မထွန်းတောက်ခဲ့ရချေ။ ခရစ်တော်နှင့်ပတ်သက်၍
ရေးသားထားချက်မှာ ‘ထွက် တော်မူချိန်သည် နံနက်ကဲ့သို့ဖြစ်လိမ့်မည်” ဟူသတည်း။ ဟောရှေ
၆း၃။ မှောင် မိုက်၏ အရိပ်များကို ကွယ်ပျောက်စေလျက်၊ ကမ္ဘာလောကအား
အသက်ရှင်ခြင်းသို့ နိုးထစေလျက် နေ၏အလင်းသည် ကမ္ဘာလောကပေါ်သို့ငြိမ်သက်သာယာစွာဖြာ
ထွက်ကျရောက်ပါသည်။ ထိုနည်းအတူ “တရားတော်နေမင်းသည် အနာပျောက် စေသော အတောင်တို့နှင့်
ပေါ်ထွန်းတော်မူမည်။}} မာလခိ ၄း၂။
No comments:
Post a Comment