Thursday, May 7, 2026

 

 

(၉) ဗိမာန်တော် (တဲတော်) ၏ ပဋိညာဉ်တရားနှစ်ပါး

         ကမ္ဘာကျမ်းအခန်းကြီး ၁ မှ အခန်းကြီး ၃ တွင် ပဋိညာဉ်ပညတ်နှစ်ပါးကို ဖော်ပြထားပါသည်။

         ဘုရားသခင်၏ ပညတ်တော်ဆယ်ပါးသည် အပြစ်မဝင်မီအချိန်တွင် တည်ရှိခဲ့ပြီး ကောင်းသောအကျင့်နှင့် မကောင်းသော အကျင့်ဟူ၍ ပိုင်းခြားသိမြင်နိုင်ရန် ဘုရားသခင်ထုတ်ဖော်ပြဌာန်းခဲ့ပါသည်။

         ကမ္ဘာဦးကျမ်းအခန်းကြီး ၂း၁၅-၁၇ တွင် ပညတ်တော် ၁၀ပါး၏ အခြေခံတရားတို့သည် တစ်မိန့်တစ်သံထဲတွင် တွေ့မြင်ခဲ့ရပါသည်။ “ထိုအခါ ထာ၀ရအရှင်ဘုရားသခင်သည် လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်ရှောက်နေစေခြင်းငှာ ထားတော်မူ၏။ ထာ၀ရအရှင် ဘုရားသခင်ကလည်း ကောင်းမကောင်းကို သိကျွမ်းရာအပင်မှ တစ်ပါး၊ ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏ အသီးကို သင်သည် စားရသော အခွင့်ရှိ၏။ ထိုအပင်၏အသီးကို ကားမစားရ။ စားသော နေ့တွင် ဧကန်အမှန်သေရမည်ဟု လူကိုပညတ်ထားတော်မူ၏။

         ဘုရားသခင်၏ဆင့်ဆိုချက်တွင်  သင်တို့သည် (၁) ပညတ်တော်မူချက်ကို ကျူးလွန်ခံသော် (၂) အပြစ်သည်ဝင်လာမည်။ (၃) သင်သည်အပြစ်ကို ကျူးလွန်ခဲ့သော် သေခြင်းပင်ဖြစ်လာမည်။

         အပြစ်ကျူးလွန်ပြီသည်နောက် ဝိနည်းအထုံးအဖွဲ့နှင့် ပတ်သက်သော တရားသည် ဝင်လာခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ပညတ်တော်ကို ကျူးလွန်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

         ကမ္ဘာဦးကျမ်းအခန်းကြီး ၃း၂၁ တွင် အာဒံနှင့် ဧ၀အပြစ်ပြုမိသော အချိန်မှ စတင်၍ ဝိနည်းအထုံးအဖွဲ့နှင့် ပတ်သက်သော ပဋိညာဉ်တရားသည် အကျုံးဝင် သက်လာပါသည်။ အပြစ်သက်ရောက်မှုကြောင့် သေခြင်းဝင်လာပြီး နောက်ပိုင်းမှ စတင်၍ သိုးကောင်အားဖြင့် အစားထိုး ယဇ်ပူဇော်ခြင်းကိုစတင်ဆောင်ရွက်ခဲ့ပါသည်။ ဘုရားသခင်၏ မဟာဗျူဟာစီမံကိန်းကို ခေတ်တစ်လျှောက်လုံးတွင် ထားရှိခဲ့ပါသည်။ (၁ပေ ၁း၁၈-၂၀) သို့သော်လည်း အပြစ်ဝင်လာချိန်မှ စတင်၍ အကောင်အထည်ဖော်ဆောင်၍ အတည်ဖြစ်ခဲ့ပါသည်။ “ထာ၀ရအရှင် ဘုရားသခင်သည်လည်း၊ လူလင်မယားဖို့ သားရေဖြင့် ဝတ်လုံကို လုပ်၍ ဝတ်ခြုံစေတော်မူ၏။

         ကမ္ဘာဦးကျမ်းအခန်းကြီး ၄ မှ ထွက်မြောက်ရာကျမ်းအခန်းကြီး ၁၉ တွင် ပါရှိသော ပဋိညာဉ်တရားနှစ်ပါး။

         အာဒံ၏ ကျဆုံးသော အချိန်နှင့် သိနာတောင်ကြားကာလအချိန်တွင် အပြစ်တည်ရှိပြီးဖြစ်သောကြောင့် ဤသို့အားဖြင့် ပညတ်တော်ဆယ်ပါးသည်လည်း ပေါ် ပေါက်တည်ရှိခဲ့ဟန်ဖြစ်ပါသည်။

၁။     စာတန်အပြစ်နွံအတွင်းကျရောက်ခြင်း (၁ယော ၃း၈)။

၂။     အာဒံအပြစ်နွံအတွင်းကျရောက်ခြင်း (ရောမ ၅း၁၂)

၃။     ကာဣနအပြစ်နွံအတွင်းကျရောက်ခြင်း (ကမ္ဘာဦး ၄း၇)

၄။     ရေလွှမ်းမိုးခြင်းခေတ်မတိုင်မီ လူသားမျိုးနွယ်ပျက်စီးခြင်းသည် အပြစ်နွံအတွင်း ကျရောက်ခြင်းကြောင့်ဖြစ်ပါသည် (ကမ္ဘာဦး ၆း၅)

၅။     သောဒုံနှင့် ဂေါမောရမြို့သားများတို့သည် အပြစ်သားများဖြစ်ခြင်း (ကမ္ဘာဦး ၁၃း၁၃။ ၁၈း၂၀)

၆။     အာမောရိအမျိုးသားတို့၏ ဒုစရိုက်အပြစ်သည် မစုံလင်သေးပါ (ကမ္ဘာဦး ၁၅း၁၆)

၇။     သူတစ်ပါး၏ သားမယားပြစ်မှားခြင်းသည် ဒုစရိုက်အပြစ်ဖြစ်ကြောင်း  ယောသက်သိမြင်သည် (ကမ္ဘာဦး ၃၉း ၉)

၈။     မုသားစကားပြောခြင်းသည် ဒုစရိုက်အပြစ်ကြောင်း အာဗြဟံနားလည်ပါသည်။

၉။     သိနာတောင်ပေါ်တွင် ပညတ်တော် ၁၀ပါး ပေးသော အချိန်မတိုင်မီကပင် ထွက်မြောက်ရာကျမ်းအခန်းကြီး ၁၆ တွင်. ဥပုသ်တော်နေ့ တည်ရှိပြီး ဖြစ်ပါသည်။

         အာဒံအပြစ်နွံအတွင်းကျရောက်သောအချိန်နှင့် သိနာတောင်ကြား ကာလတွင် ပေးကမ်းခဲ့သော ဝိနည်းအထုံးအဖွဲ့ ယဇ်ပူဇော်ခြင်းစနစ်ကို စတင်ကျင့်သုံးခဲ့ပြီး ဖြစ်ပါသည်။

၁။     ကမ္ဘာဦးကျမ်းအခန်းကြီး ၃း၂၁ တွင် ဧဒင်ဥယျာဉ်တော်၌ တွေ့မြင်ခဲ့ရသည် အတိုင်း ၎င်းနေ့ပင်လျှင် အာဒံနှင့် ဧ၀တို့သည် မိမိတို့၏ အဝတ်အချည်းစည်းကြောင့် ရှက်ကြောက်ခြင်းကို ဖုံးကွယ်ရန် ယဇ်ပူဇော်ခြင်းကို စတင်၍ ကျင့်သုံးခဲ့ပါသည်။

၂။     ကမ္ဘာဦးကျမ်းအခန်းကြီး ၃း၂၁ တွင် ကာဣနနှင့် အာဗေလနှစ်ဦး ယဇ်ပူဇော်ခြင်းကို ကျင့်သုံးပါသည်။ (ဆုဖြိုးသော ယဇ်ကောင်နှင့် သားဦး ယဇ်ကောင်များဖြစ်သည်)

၃။     “အချိန်စေ့သောအခါ၊ ကာဣနသည် ထာ၀ရဘုရားထံ ပူဇော်သကာဖို့၊ မြေအသီးကို ဆောင်ခဲ့၏။ အာဗေလသည်လည်း၊ မိမိသိုးစုတွင် အဦးဖွားသော သားအချိုနှင့်၊ သိုးဆီဥကိုဆောင်ခဲ့၏။ ထာ၀ရဘုရားသည် အာဗေလနှင့် သူ၏ ပူဇော်သကာကို ပမာဏပြုတော်မူ၏။ ကာဣနနှင့် သူ၏ ပူဇော်သကာကို ပမာဏပြုတော်မမူ။ ထိုကြောင့် ကာဣနသည် အလွန်စိတ်ဆိုး၍ မျက်နှာပျက်လေ၏။

၄။     ရေလွှမ်းမိုးပြီးသည်နောက် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့သောယဇ်ကို နောဧသည် ဘုရားသခင်အား ပူဇော်ခဲ့ပါသည်(ကမ္ဘာဦ ၈း၂၀၊ ၂၁)။

၅။     အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့သည် ယဇ်ပူဇော်ခဲ့ကြပါသည်။

၆။     ခရစ်တော်၏ နေ့ရက်ကို အာဗြဟံမြင်ပြီး ဝမ်းမြောက်ခဲ့ပါသည်။ (ယော ၈း၅၆)

ပဋိညာဉ်နှစ်ပါးကို နှိုင်းယှဉ်ခြင်း

(က)  ပညတ်တော်ဆယ်ပါး။

         ဘုရားသခင်၏ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲရေးတွင် ပညတ်တော်ဆယ်ပါးသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေဖြစ်ပါသည်။ နိစ္စဓူ၀တည်ရှိပြီး အနန္တတည်မြဲနေပါသည်။ ဘုရားသခင်၏ ဂုဏ်တော်နှင့် ဘုန်းတော်ကို ရောင်ပြန်ဟပ်ခြင်းဖြစ်ပါသည်။ လူသားများပြုပြင် ပြောင်းလဲ၍ မရနိုင်သော တရားများဖြစ်ပါသည်။

         တရားဟောရာကျမ်းအခန်းကြီး ၅း၂၂ တွင် လူသားအားလုံးသို့ ဘုရားသခင်သည် ပညတ်တော် (၁၀) ပါး အားဖြင့် အမိန့်ပေးထားပါသည်။ “ထိုစကားတော်ကို ထာ၀ရဘုရားသည် တောင်ပေါ်မှ မီး၊ မိုးတိမ်း၊ ထူထပ်သော မှောက်မိုက်ထဲက ကြီးစွာသော အသံနှင့် သင်တို့ စည်းဝေးရာ ပရိသတ်အပေါင်းတို့အား မိန့်မြွတ်တော်မူ၏။ ထပ်၍ မိန့်မြွတ်တော်မမူ။ ထိုစကားတော်ကိုလည်း ကျောက်ပြားနှစ်ပြားပေါ်မှာ ရေး၍ ငါ၌ အပ်တော်မူ၏။

         ထွက်မြောက်ရာကျမ်းအခန်းကြီး ၃၁း၁၈ တွင် ဘုရားကိုယ်တိုင် လက်ညှိုးတော်ဖြင့် ရေးခဲ့ပါသည်။” ထိုသို့ဘုရားသခင်သည် သိနာတော်ပေါ်မှာ၊ မောရှေနှင့် နှုတ်ဆက်တော်မူသည်အဆုံး၌၊ လက်ညှိုးတော်နှင့် အက္ခရာ တင်သော သက်သေခံချက်ကျောက်ပြားနှစ်ပြားကို ပေးတော်မူ၏။

         တရားဟောရာကျမ်းအခန်းကြီး ၄း၁၃ တွင် ပညတ်တော်ဆယ်ပါးကို ကျောက်ပြားနှစ်ပြားပေါ်တွင် အက္ခရာတင်ထားခဲ့ပါသည် ။ “သင်တို့ကျင့်စရာဖို့ မှာထားတော်မူသော ပဋိညာဉ်တရာတည်းဟူသော ပညတ်တော် ဆယ်ပါးတို့ကို မိန့်မြွက်၍ ကျောက်ပြားနှစ်ပြားပေါ်၌ ရေးထားတော်မူ၏။

         တရားဟောရာကျမ်းအခန်းကြီး ၁ဝး၁-၅ တွင် ပညတ်တော် ၁၀ပါးကို ပဋိညာဉ်သေတ္တာအတွင်း၌ ထည့်ထားပါသည်။ “ထိုအခါ ထာ၀ရဘုရားက ၊ အရင်ကျောက်ပြားနှစ်ပြားနည်းတူ၊ ကျောက် ပြားနှစ်ပြားကို ခုတ်ဦးလော့။ ငါရှိရာသို့ တက်လာလော့။ သေတ္တာကိုလည်းလုပ်လော့။ သင်ချိုးဖဲ့သော အရင်ကျောက်ပြား၌ စကားပါသည် အတိုင်း၊နောက်ကျောက်ပြားပေါ်မှာ ငါရေးထားဦးမည်။ သင်သည် ထိုကျောက်ပြားကို သေတ္တာထဲမှာထားရမည်ဟု ငါ့အားမိန့်တော်မူ၏။ ငါသည်လည်း၊ အကာရှသစ်သားဖြင့် သေတ္တာကို လုပ်၍၊ အရင် ကျောက်ပြားနည်းတူ ကျောက်ပြားနှစ်ပြားကို ခုတ်ပြီးမှ၊ ထိုကျောက်ပြားကို ကိုင်လျက် တောင်ပေါ်သို့ တက်လေ၏။ သင်တို့စည်းဝေးသောနေ့၌ ထာ၀ရဘုရားသည် တောင်ပေါ်မှာ မီးထဲက မိန့်မြက်တော်မူသော ပညတ်တော် ဆယ်ပါးတို့ကို၊ အရင်စာ၌လာသည်အတိုင်း၊ ထာ၀ရဘုရားသည် ရေးထား၍ ငါ့အားပေးတော်မူ၏။ ငါသည်လည်း လှည့်၍ တောင်ပေါ်က ဆင်းသဖြင့် ၊ လုပ်ပြီးသော သေတ္တာထဲ၌ ထိုကျောက်ပြားကိုထား၍၊ ထာ၀ရဘုရားမှာထားတော်မူသည်အတိုင်း၊ ထိုသေတ္တာထဲ၌ ယခုရှိ၏။

         ရှင်ယောဟန် ဩဝါဒစာပထမစောင်အခန်းကြီး ၅း၃ တွင် ပညတ်တော် ဆယ်ပါးသည် လူသားအတွက် ဝန်ထုပ်မဟုတ်ပါ။ “ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။

         ဆာလံကျမ်းအခန်းကြီး ၁၁၉း၇၂၊ ၁၃၁၊ ၁၇၄ တွင် ဒါဝဒ်မင်းသည် တရားတော်ကို နှစ်သက်ပါသည်။ “နှုတ်တော်ထွက် တရားတော်သည် ရွှေငွေအထောင်အသောင်းထက်မက၊ အကျွန်ုပ်၌သာ၌ ကောင်းပါ၏။ ပညတ်တော်တို့ကို အကျွန်ုပ်တောင့်တအားကြီးသဖြင့် နှုတ်ကို ဖွင့်၍ ပန်းတိုက်ပါ၏။ အိုထာ၀ရဘုရား၊ ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်တောင့်တပါ၏။ တရားတော်သည်လည်း အကျွန်ုပ်မွေ့လျော်ရာ ဖြစ်ပါ၏။”

(ခ) ဝိနည်းအထုံးအဖွဲ့တရား။

         တရားဟောရာကျမ်းအခန်းကြီး ၃၁း၉ တွင် မောရှေသည် ဝိနည်းအထုံးအဖွဲ့တရားကို ရေးခဲ့ပါသည်။ “ဤပညတ်တရားကို မောရှေသည်ရေးထား၍ ထာ၀ရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို ထမ်းသော လေဝိသား ယဇ်ပုရောဟိတ်များ၊ ဣသရေလအမျိုးအသက်ကြီးသူများ အပေါင်းတို့၌ အပ်၍၊

         ဝတ်ပြုရာကျမ်းအခန်းကြီး ၁း၁၊ ၂ တွင် မောရှေသည် ထိုတရားတော်ကို ဣသရေလလူမျိုးတို့ကို ဟောပြောခဲ့ပါသည်။ “ထာ၀ရဘုရားသည် ပရိသတ်စည်းဝေးရားတဲတော်ထဲက အသံကို လွှင့်လျက် မောရှေကို ခေါ်တော်မူ၍၊ သင်သည် ဣသရေလ အမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ထာ၀ရဘုရားအား ပူဇော်သကာကို ပြုလိုလျှင်၊ ယဉ်သောတိရစ္ဆာန်တည်းဟူသော နွား၊ သိုး၊ ဆိတ်ကို ဆောင်ခဲ့၍ ဆက်ရမည်။

         တရာဟောရာကျမ်းအခန်းကြီး ၃၁း၂၄-၂၆ တွင် ဝိနည်းအထုံးအဖွဲ့ တရားတော်ကို စာအုပ်အပေါ်တွင် ရေးထားပြီး ပဋိညာဉ်သေတ္တာ၏ ဘေးတွင် ချထားပါသည်။ “မောရှေသည် ဤပညတ်တရားစကားတော် အလုံးစုံတို့ကို အကုန်အစင် ရေးထားပြီးမှ၊ ထာ၀ရဘုရာ၏ ပဋိညာဉ်သေတ္တာတောကို ထမ်းသော လေဝိသားတို့ကိုခေါ်၍၊ ဤပညတ္တိကျမ်းစာသည် သင်တို့အမျိုးတစ်ဘက်၌ သက်သေဖြစ်မည်အကြောင်း၊ ထိုစာကို ယူ၍ သင်တို့ ဘုရားသခင်ထာ၀ရဘုရား၏ ပဋိညာဉ်သေတ္တာတော်အနားမှာ တင်ထားကြလော့။

ပညတ်တော်၊ဒုစရိုက်အပြစ်၊ သေခြင်းတရား၊ ကိုယ်စားဆောင်ရွက်မှု

         ပညတ်တော်သည် ဘုရားသခင်ဂုဏ်တော် အနန္ထ၏ ဗျာဒိတ်တော် အပြည့်အစုံဖြစ်ပါသည်။

         ရှင်ယောဟန်ဩဝါဒစာ ပထမစောင် ၃း၄ တွင် ဒုစရိုက်အပြစ်သည် ဘုရား၏ ပညတ်တော်ကို လွန်ကျူးခြင်းဖြစ်ပါသည်။ “ ဒုစရိုက်ကို ပြုသောသူမည်သည့်ကား ပညတ်တော်ကို လွန်ကျူ၏။ ဒုစရိုက်သည်ကား ပညတ်တော်ကို လွန်ကျူးဖြင်းဖြစ်သတည်း။

         ရောမဩဝါဒစာ ၃း၂၀ တွင် ပညတ်တော်ဖော်ပြပေးသောကြောင့် ဒုစရိုက်အပြစ်ကို သိရှိနားလည်ကြပါသည်။ “ထိုသို့ ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေသည် ဖြစ်သောကြောင့်၊ ပညတ်တရား၏ အကျင့်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်ရာ။

         ရောမဩဝါဒစာ ၆း၂၃ ပထမအပိုဒ်တွင် ဒုစရိုက်အပြစ်၏ အကျိုးရလဒ်မှာ သေခြင်းတရားဖြစ်ပါသည်။ “အပြစ်တရား၏ အခကား သေခြင်းပေတည်း။

         ရောမဩဝါဒစာ ၃း၁၀၊ ၂၃ တွင် ကျွန်ုပ်တို့အားလုံး ဒုစရိုက်လွန်ကျူးသော ကြောင့် သေဒဏ်သင့်သူများဖြစ်ပါသည်။ “ကျမ်းစာလည်သည်ကား၊ ဖြောင့်မတ်သောသူမရှိ၊ တစ်ယောက်မျှမရှိ။ အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြပြီ။

         ကောရိန်သုဩဝါဒစာဒုတိယစောင် ၅း၂၁ တွင် ဒုစရိုက်အပြစ်လွန်ကျူးပြီး ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ခြင်းကို ယေရှုခရစ်တော်ကြားဝင် တာဝန်ခံယူခြင်းဖြင့် ယဇ်ပူဇော်သောစနစ်သည် ဒုစရိုက်အပြစ် လွန်ကျူးသောအမှုအတွက် ခရစ်တော်၏ အသေခံခြင်းကို ညွှန်ပြပါသည်။ “ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။ဓမ္မဟောင်းခေတ်သန့်ရှင်းသူတို့သည် သခင်ခရစ်တော်လူ့ဇာတိမခံယူမီ အချိန်တွင် ကယ်တင်ခြင်းရရှိခဲ့ကြောင်းကို အဘယ်ကြောင့် သိနားလည်းကြသနည်း။

စိတ်ကူးသက်သက်မျှဖြစ်သာပြစ်မှု

         လူတစ်ဦးသည် အိမ်နီးချင်း၏ ဖိနပ်ကို ခိုးသည်ဆိုကြပါစို့။”သူ့ဥစ္စာကို မခိုးနှင့်”ဟူသော ဘုရားသခင်၏ ပညတ်တော်မှ ဆင့်ဆိုချက်ကို ချိုးဖောက်ခြင်းဖြစ်သည်။ ပညတ်တော်မှ လူသားတွင် အပြစ်ရှိကြောင်းကို ညွှန်ပြလျက် သေဒဏ်ထိုက်သင့်အကြောင်း တရားဝင်ကြေညာပါသည်။ အဘယ့်ကြောင်ဆိုသော် အပြစ်တရား၏အခကား သေခြင်းပေတည်း။ ပညတ်တော်သည် အပြစ်ကို ခွင်လွှတ်မှုမရှိ၊ ညွှန်ပြလျက် ပြတ်ပြတ်သားသား ပြောဆိုခြင်းဖြစ်ပါသည်။

         အပြစ်သား၊ သေဒဏ်ထိုက်သင့်သူသည် မိမိအမှားမှနောင်တရလျှင် ထိုသူ၌ သေဒဏ်မှ လွတ်မြောက်နိုင်ရန် မျှော်လင့်ချက်ရှိပါသလား။ အဖြေမှာ သေဒဏ်မှ လွတ်မြောက်ရန် မျှော်လင့်ချက်ရှိပါသည်။

သေဒဏ်မှ လွတ်မြောက်ရန်လုန်ငန်းစဉ်

၁။     အပြစ်သားသည် သန့်ရှင်းရာဌာန (တဲတော်) သို့ သိုးတစ်ကောင်ကို ဆောင်ယူခဲ့၍ (ဝတ်ပြုရာကျမ်း ၁း၁-၄) ခေါင်းပေါ်သို့ လက်ကို တင်ပြီး အသက်ရှင်သော ဓားစာခံ၏ ခေါင်းပေါ်တွင် သူ၏ အပြစ်ကို ဝန်ချတောင်းပန်သည်။

၂။     ဤနည်းအားဖြင့် အပြစ်သား၏ ကျူးလွန်ခဲ့သောအပြစ်သည် အပြစ်မရှိသော ဓားစာခံယဇ်အပေါ်သို့ အပြစ်ကို လွှဲပြောင်းစေခဲ့သည်။

၃။     ထိုနောက်မှ အပြစ်သားဖြစ်သူသည် သိုးငယ်ကို အသေသတ်ပါသည်။ တစ်နည်းအားဖြင့် ဓားစာခံယဇ်ကြောင်သည် နောင်တရသော အပြစ်သား၏ သေဒဏ်ရလဒ်ကို ခံယူခဲ့ပါသည်။

၄။     ဖြောင့်မတ်သော သူ၏ တောင်းဆိုချက်သည် ပြီးဆုံးသွားပါသည်။ အဘယ်ကြောင့်ဆိုသော် အပြစ်သည် သေခြင်းအားဖြင့် ဒဏ်ခတ်ခြင်းခံရပါသည်။ သို့သော် အပြစ်သားသည် အသေမခံရပါ၊ ကိုယ်စားပြုသည့် ယဇ်ကောင်းသာလျှင် သေရပါသည်။

         ပညတ်တရားနှင့်ပတ်သက်သော ပဋိညာဉ်တရားသည် ဒုစရိုက် အပြစ်နှင့် အကျိူးရလဒ်ကို  ညွှန်ပြခဲ့ပြီး ဝိနည်းအထုံးအဖွဲ့နှင့် ပတ်သက်သော ပဋိညာဉ်တရားသည် ကုစားခြင်းကို ပေးဆောင်ခဲ့ပါသည်။

         ဥပဒေအရဖယ်ရှား၍ မရနိုင်သော ဒုစရိုက်အပြစ်

အပြစ်သားသည် အိမ်တော်သို့ အမှန်တကယ်လွတ်ငြိမ်းချမ်းသားခွင့်ဖြင့် မသွားနိုင်ပါ။ ဟုတ်နိုင်သလား။ (မှန်၊မမှန်) အမှန်စင်စစ် ဒုစရိုက်အပြစ်သည် (ဟေဗြဲဩဝါဒစာ ၁ဝး၄) ဥပဒေအရ ဖယ်ရှား၍ မရနိုင်ပါ။ “အကြောင်းမူကား၊ နွား၊ ဆိတ်၏ အသွေးသည် အပြစ်ကို မပယ်နိုင်ရာ။

လူသားများအတွက် တရားဝင်အပြစ်လွတ်ခြင်းကို ဖန်ဆင်းရှင်၏ အသွေးတော်ဖြင့်သာလျှင် ဖယ်ရှား ၍ ရနိုင်ပါသည်။ ဝိနည်းအထုံးအဖွဲ့နှင့် ပတ်သက်သော ပဋိညာဉ်စနစ်သည် (အကြွေး၊ သင့်ကိုငါပေးစရာရှိသည့်) Iဥ္လ့s စနစ် ဖြစ်ပါသည်။ နောင်တရသော အပြစ်သားသည် ဗိမာန်တော်သို့ ရောက်သောအခါတိုင်း မိမိတို့အပြစ်ကို ယဇ်ကောင်ပေါ် ဝန်ချတောင်းပန်လျက် ၎င်းနောက် အသေသတ်ပါသည်။ ခရစ်တော်က “ကျွန်ုပ်ပေးဆပ်ခြင်းဖြင့် အပြစ်ဒဏ်ကို လွှဲပြောင်းလျှော့ပေါ့စေပါသည်။တစ်နည်းအားဖြင့် အာမခံသူ (Iဥ္လ့s လာမည့် အချိန်တွင်ပေးမည်) ခရစ်တော်၏ ကတိတော်ကြောင့် တရားခံတစ်ဦး၏ အပြစ်ဒဏ်ကို ရွှေ့ဆ်ိုင်းသည်၊ (သို့မဟုတ်)  ဓမ္မ ဟောင်းကာလ၏ ဝိနည်းအထုံးအဖွဲ့ တစ်ခုလုံးနှင့် ပတ်သက်သော ပဋိညာဉ် စနစ်တွင် မေရှိယသည်လည်း နောက်ဆုံးကြွလာပြီးရှင်း ပေးမည့် ကတိတော် အပေါ်တွင် မူတည်ပါသည်။ ဓမ္မ ဟောင်းအချိန်သည် ဧရာမ အကြွေးစနစ်ကြီးဖြစ်ပါသည်။

ကောလောသဲဩဝါဒစာ ၂း၁၃ တွင် ထိုစနစ်ကြီးကို ရည်ညွှန်းထားပါသည်။ “ ဒုစရိုက်အပြစ့်လည်းကောင်း၊ ဇာတိပကတိ၏ အရေဖျား လှီးခြင်းကို မခံရသော အဖြစ်၌လည်းကောင်း သေလျက်ရှိနေသော သင်တို့ကို ခရစ်တော်နှင့် အတူအသက်ရှင်စေ၍၊ သင်တို့အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ၏။ ငါတို့နှင့် ဆန့်ကျင်းဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သော လက်မှတ်ကို ချေ၍၊ လက်ဝါးကပ်တိုင်မှာရိုက်ထားလျက်၊ ငါတို့စပ်ကြားထဲက ပယ်ရှင်းတော်မူပြီ။

         (ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သော လက်မှတ်) ဘာသာပြန်အမျိုးမျိုးတွင် ထိုဝေါဟာရ၏ အဓိပ္ပါယ်။ “ကိုယ်တိုင် ပြင်ဆင်ပြီး ကြွေးမြီစားမှ လက်မှတ်ရေးထိုးသော အကြွေးလက်မှတ်။

         နောက်တရသော ဓမ္မဟောင်းကာလသူတော်စင်များ၏ အကြွေးအားလုံးကို ခရစ်တော်သည် ကပ်တိုင်ပေါ်တွင် ရိုက်ထားခဲ့ပါသည်။ ဤလောက၏ အပြစ်များကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ် (ယောဟန် ၁း၂၉) ဟုခေါ်ဆိုရခြင်း၏ အကြာင်းရင်းဖြစ်သည်။ ခရစ်တော်၏ အသွေးတော်အားဖြင့် ကျွန်ုပ်တို့၏ အပြစ်အားလုံးကို ဆေးကြောပါသည်။ (၁ယော ၁း၇)

         သခင်ခရစ်တော်လူ့ဇာတိခံ ယူရန်ကြွလာသောအချိန်တွင် ကမ္ဘာပေါ်ရှိ အပြစ်အကြွေးများသည် ကြောက်ခမန်းလိလိ အချိုးအစားအတိုင်း စုပုံလာပါသည်။ ခရစ်တော်ကြီးပြင်းလာသည့် နှစ်ပေါင်း ၃၀ ကျော်အချိန်တွင် အပြစ်အကြွေးများကို ဥပဒေသအရဖယ်ရှား၍ မပြီးသေးပါ။ လက်ဝါးကပ်တိုင်အသက်အသေမခံရသေးသောကြောင့် ဖြစ်ပါသည်။

         သိနာတောင်နှင့် ဂေါလဂေါသတောင် နှစ်ခုကြားတွင် သန်းနှင့်ချီသောသိုးများမှာ နံနက်နှင့် ညဦးယံပူဇော်သကာအဖြစ် စတေးခံရသော်လည်း အပြစ်ကိုမူ တရားဝင် ရွှေပြောင်း၍ မရပါ။ သူတော်စင်များ၏ နောင်တနှင့် ဝန်ချတောင်းပန်မှုကို ဘုရားသခင်သည် ကတိထားတော်မူသော မေရှိယ၏ ကောင်းမှုအားဖြင့်သာ လက်ခံတော်မူပါသည်။ သခင်ခရစ်တော်လာပြီး ကိုယ်စားပြုသော အသက်အသေခံခြင်း မအောင်မြင်ပါက သိုးပူဇော်သော သူ၌သာလျှင် တာဝန်ရှိပါသည်။

         ဓမ္မဟောင်းခေတ်၏ ဝိနည်းအထုံးအဖွဲ့စနစ်သည် ကြွလာမည့် မေရှိယကို ညွှန်ပြသော အရိပ်သဏ္ဌာန်ဖြစ်ပါသည်။ ကြွလာမည့်နေမင်းကြီး၏ အလင်းကို ရောင်ပြန်ဟပ်ပေးသော လမင်းကြီး၏ အရောင်သဏ္ဌာန်ဖြစ်ပါသည်။

  ဤစနစ်သည် တန်ဖိုးကြီးမားပြီး လေးလံလွန်ပါသည်။ ကုန်ဆုံးသွားသော အချိန်တိုင်းတွင် နာကျင်မှုနှင့် ဝေဒနာကိုသာ ဖြစ်ပေါ်စေသည်။ သေခြင်းသို့ ပို့ဆောင်နေသော ဒုစရိုက်အပြစ်၏ အလွန့်အလွန်ဆိုးရွားသော အကျိုးဆက်ကို ဘုရားသခင်ဖော်ပြတော်မူခြင်းဖြစ်သည်။

ကောလောသဲဩဝါဒစာ ၂း၁၅

         ကောလောသဲဩဝါဒစာ ၂း၁၅ လက်ဝါးကပ်တိုင်ပေါ်တွင် ခရစ်တော်အသက်အသေခံချိန်၌ ဘုရားသခင်သည် တရားမျှတမှုရှိပြီး အပြစ်သားများကိုလည်း ကယ်တင်နိုင်ကြောင်း၊ လောက၏ အာဏာစက်တန်းခိုး များအပေါ် အောင်မြင်ခြင်းဖြင့် သက်သေပြခဲ့ပါသည်။ “အထွတ်အမြတ်၊ အာဏာစက်များကို လုယူလျှင်၊ ထင်ရှားစွာ ထုတ်ပြ၍ လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကို ခံတော်မူပြီ။

မောရှေ၏ပြစ်မှု

         ရှင်ယုဒဩဝါဒစာ ၉ တွင် မောရှေ၏ ကိုယ်ခန္ဓာကို အကြောင်းပြု၍ မာရ်နတ်နှင့် ငြင်းခုံသော စံနမူနာကို ကြည့်ပါ။ “ကောင်းကင်တမန်မင်း မိက္ခေလမူကား၊ မောရှေ၏ ကိုယ်ကိုအကြောင်းပြု၍ မာရ်နတ်နှင့် ငြင်းခုံသောအခါ၊ ကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကို မပြုဝံ့ဘဲ၊ ထာ၀ရဘုရားသည် သင့်ကို ဆုံးမတော်မူစေတည်းဟူ၍သာ ပြောဆို၏။

ရှင်မဿဲခရစ်ဝင် ၂၇း၅၀-၅၃ တွင် “အမှုပြီးပြီဟု ကြွေးကြော်သောအသံသည် သူပေးဆပ်ရမည့် အပြစ်အကြွေးအားလုံးကို တရားဝင်ပေးဆပ်နိုင်ရန် ကြိုးစားခဲ့သော လုပ်ငန်း (Iဥ္လ့s) စနစ်ပြီးဆုံးကြောင်း ပြောဆိုမှု ဖြစ်ပါသည်။ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် သင်္ချိုင်းတွင်မှ သေလွန်ခဲ့သော သန့်ရှင်းသူများ ထမြောက်ကြပြီး ရက်ပေါင်းလေးဆယ် နောက်ပိုင်း ခရစ်တော်ကောင်းကင်နိုင်ငံတော်သို့ ပြန်သွားသော အချိန်တွင် ခရစ်တော်နှင့် အတူလိုက်ပါသွားကြသည့် ကြီးမားသော ရိတ်သိမ်းခြင်း၏ အဦးသီးသော အသီးများဖြစ်ပါသည်။ “ယေရှုသည် ကြီးသောအသံနှင့် တစ်ဖန်ကြွေးကြော်ပြီးလျှင်၊ အသက်တော်ကို လွှတ်တော်မူ၏။ ထိုအခါ ဗိမာန်တော်၏ ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။ မြေကြီးလှုပ်လေ၏။ ကျောက်များတို့သည် ကွဲပြားကြ၏။ သင်္ချိုင်းတွင်းတို့သည် ပွင့်လစ်သဖြင့် ကျိန်းစက်လျက်ရှိသော သန့်ရှင်းသူတို့၏ အလောင်းများစွာတို့သည် ထကြ၍၊ ကိုယ်တော်ထမြောက်တော်မူသည်နောက်၊ ထိုသူတို့သည် သင်္ချိုင်းတွင်းမှ ထွက်၍ သန့်ရှင်းသော မြို့ထဲသို့ဝင်ပြီးလျှင်၊ လူများစွာတို့အား ထင်ရှားကြ၏။

ဓမ္မဟောင်းစနစ်အောက်တွင် လူသားအတွက် လုံခြုံမှုရှိသလား

Many regard the Jewish economy as an age of darkness. They have received the erroneous idea that repentance and faith had no part in the Hebrew religion, which they claim consisted only of forms and ceremonies. But the children of Israel were saved by Christ as virtually as is the sinner of today. By faith the saw Christ in those type and shadows which pointed forward to his first advent and death, when type should meet anti – type. They rejoiced a Saviour to come, typified by sacrificial offerings, while we rejoice in a Saviour who has come. That which was expectation to ancient Israel, is certainty to modern Israel. The world’s Redeemer was in close connection with his people then, being enshrouded in that cloudy pillar. Let us not say, then, that they had not Christ in the Jewish age.{ST, April 22, 1880 par. 13}.

၁၄၅

         သခင်ခရစ်တော်သည် ပေးဆပ်နိုင်ရန်ကြိုးစားခဲ့ရသော (အကြွေး၊ သင့်ကို ငါပေးစရာရှိသည်) (Iဥ့”s) စနစ်တစ်ခုလုံးကို လက်ဝါးကပ်တိုင်ပေါ်တွင် ရိုက်ထားခဲ့ပါသည်။

         ဟေဗြဲဩဝါဒစာ ၇း၁၈၊၁၉ တွင် ခရစ်တော်သည် ကြွလာပြီး ပေးဆပ်ခဲ့ခြင်းကြောင့် ဝိနည်းအထုံးအဖွဲ့နှင့် ပတ်သက်သော ပဋိညာဉ်တရားသည် လက်ဝါးကပ်တိုင်တွင် ဆုံးခန်းတိုင်ရောက်ပါသည်။ “ပဋိညာဉ်တရားသစ်ဟူ၍ မိန့်တော်မူသည်တွင် ပထမပဋိညာဉ်တရားကို ဟောင်းစေတော်မူ၏။ ရွေ့လျော်၍ ဟောင်းသောအရာမည်သည်ကား၊ ကွယ်ပျောက်ခြင်းသို့ ရောက်လုနီးသတည်း။

ကောလောသဲဩဝါဒစာ ၂း၁၆၊ ၁၇

         ကောလေသဲဩဝါဒစာ ၂း၁၆ ၁၇ ဤကျမ်းချက်သည် ဝိနည်းအထုံးအဖွဲ့နှင့် ပတ်သက်သော ပဋိညာဉ်တရားကို ရည်ညွှန်းပါသည်။ “ထိုကြောင့် စားသောက်ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တိုကို စောင့်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှ မစစ်ကြောမစီရင်စေနှင့်။ ထိုအရာတို့သည် နောက်ဖြစ်လတ္တံ့သော အရာတို့၏ အရိပ်ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ ကိုယ်ဖြစ်၏။

         ဤကျမ်းချက်ကို အသုံးပြုလျက် များစွာသော ခရစ်ယာန်များက ကိုယ်ကျင့်ပညတ်တရားနှင့် ပတ်သက်သော ပဋိညာဉ်တရားကို ခရစ်တောသည် လက်ဝါကပ်တိုင်ပေါ်တွင် ရိုက်ထားခဲ့ကြောင့်၊ ထို့ကြောင့် စားသောက်ခြင်းအမှုတွင် ခရစ်ယာန်များနှင့် မသက်ဆိုင်တော့ပါ။ သတ္တမနေ့ဥပုသ်ကိုလည်း စောင့်ထိန်းရန် မလိုတော့ဟု ပြောဆိုကြပါသည်။

         There are many who try to blend these two systems, using the texts that speak of the ceremonial law to prove that the moral law has been abolished; but this is a perversion of the Scriptures. The distinction between the two systems is broad and clear. The ceremonial system was made up of symbols pointing to  Christ, to His sacrifice and His priesthood. This ritual law, with its sacrifices and ordinances, was to be performed by the Hebrews until type met antitype in the death of Christ, the Lamb of God that taketh away the sin of the world. Then all the sacrificial offerings were to cease. It is this law that Christ “took ....out of the way, nailing to His cross.” Colossians 2;14 {pp,365.1}

အသောက်အစား

ဤသောက်အစားသည် ကျွန်ုပ်တို့နေစဉ်စားသုံးသည့် အသောက်အစားဖြင့် လုံး၀သက်ဆိုင်မှုမရှိပါ။ ဝိနည်းအထုံးအဖွဲ့ နှင့် ပတ်သက်သော ပဋိညာဉ်တရား၌ ပြဌာန်းထားသည့် အသောက်အစားဖြင့် ပူဇော်သကားများကိုသာ ရည်ညွှန်းခြင်းဖြစ်ပါသည်။ (ထွက်မြောက်ရာကျမ်း ၂၉း၃၉၊ ၄၀။ ဝတ်ပြုရာကျမ်း ၂၃း၁၃၊ ၁၇၊ ၁၈။ ထွက်မြောက်ရာကျမ်း ၁၂း၈။ ဝတ်ပြုရာကျမ်း ၃း၁၁-၁၆။ တောလည်ရာကျမ်း ၂၈)။

         ထွက်မြောက်ရာကျမ်း ၂၉း ၃၈- ၄၁ တွင် အသောက်အစားပူဇော်သကာ အကြောင်းဖြစ်ပါသည်။ “ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ရသောအရာဟူမူကား၊ အခါမလည်သော သိုးသငယ်နှစ်ကောင်ကို ယူ၍၊ နေ့တိုင်းအစဉ်မပြတ် နံနက်ယံ၌တစ်ကောင်၊ ညဦးယံ၌ တစ်ကောင်းကို ပူဇော်ရမည်။ သိုးသငယ်တစ်ကောင်းကို ပူဇော်သောအခါ၊ သံလွင်သီးကိုထောင်း၍၊ ရသော သံလွင်ဆီသုံးလောဃနှင့် ရောသော မုန့်ညက်တဩမဲကိုလည်းကောင်း၊ သွန်းလောင်းရာ ပူဇော်သကာဖို့ စပျစ်ရည်သုံးလောဃကိုလည်းကောင်း၊ သိုးသငယ်နှင့် အတူပူဇော်ရမည်။ အခြားသော သိုးသငယ်ကိ ညဦးယံ၌ ပူဇော်သောအခါ၊ နံနက်ယံ၌ဘောဇဉ်ပူဇော်သကား၊ သွန်းလောင်းရာ ပူဇော်သကာပါသည် နည်းတူပါလျက်၊ ထာ၀ရဘုရားအား မီးဖြင့် ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သကာပြုရမည်။

         ဟေဗြဲဩဝါဒစာ ၉း၉- ၁၂ တွင် ယဇ်ပူဇော်သော အခမ်းအနား၌ အသောက်အစားပူဇော်သကာ အမျိုးမျိုးပါဝင်ပါသည်။ “ထိုတဲတော်ကား ပူဇော်သကာနှင့် ယဇ်များကို ပူဇော်သော ကာလတည်းဟူသော မျက်မှောက်ကာလပတ်လုံး ပုံပမာဖြစ်၏။ ထိုပူဇော်သကာနှင့် ယဇ်များတို့သည့် ကိုယ်ကို ကိုယ်သိသော စိတ်ကို ထောက်လျှင်လည်း၊ ဝတ်ပြုသောသူအား စုံလင်ခြင်း အကျိုးကို မပေးနိုင်သည်ဖြစ်၍၊ စားစရာ၊ သောက်စရာ၊ အမျိုးမျိုးသော နှစ်စရာတည်းဟူသော၊ ကိုယ်ခန္ဓာနှင့် ဆိုင်သော အထုံးအဖွဲ့များနှင့်တကွ အသစ်ပြုပြင်ခြင်းကာလတိုင် ရုံမျှသာတည်းရကြ၏။ ယခုမှာ လူလက်ဖြင့်မလုပ်၊ ဤလောကဓာတ်နှင့်မစပ်ဆိုင်၊ သာ၍ ကြီးမြတ်စုံလင်သေ တဲတော်၌၊ နောက်မင်္ဂလာအကျိုးတို့၏ ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်သည်၊ ငါတို့အဖို့ ထာ၀ရရွေးနုတ်ခြင်း ကျေးဇူးကို ခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့်မဟုတ်၊ မိမိအသွေးတော်နှင့် သန့်ရှင်းရာဌာနထဲသို့ တစ်ခါတည်းဝင်တော်မူ၏။

         ဟေဗြဲဩဝါဒစာ ၁ဝး၁-၄ တွင် ပြုပြင်ပြောင်းလဲခြင်းအချိန်ကာလ ဆိုသည်မှာ “ခရစ်တော်ကြွလာတော့မည် အကြောင်းကိုဆိုလိုပါသည်။ “တစ်နည်းကား၊ပညတ်တရားသည် နောက်ဖြစ်လတ္တံ့သော မင်္ဂလာအကျိုးတို့၏ သေချာသော ပုံသဏ္ဌာန်ကိုမပြ၊ အရိပ်ကို သာပြသည်ဖြစ်၍၊ နှစ်စဉ်မပြတ်ပူဇော်သော ယဇ်အားဖြင့် အထံတော်သို့ ချဉ်းကပ်သော သူတို့ကို စုံလင်ခြင်းအဖြစ်၌မတည်စေနိုင်ရာ။ တည်စေနိုင်လျှင်၊ ဝတ်ပြုသောသူတို့သည် တစ်ခါတည်းနှင့် စပ်ကြယ်ခြင်းသို့ရောက်ပြီးမှ၊ နောက်တစ်ဖန် သံဝေဂတရားရစရာအကြောင်း အလျှင်မရှိသည် ဖြစ်သောကြောင့် ၊ ထိုယဇ်တို့ကို တစ်ခါတည်းသာ ပူဇော်၍၊ နောက်တစ်ဖန်မပူဇော်လဲနေရကြမည် မဟုတ်လော။ ယခုမူကား၊ ယဇ်ပူဇော်သည်တွင် အပြစ်များကို နှစ်တိုင်းအောင် မေ့ခြင်းရှိ၏။ အကြောင်းမူကား၊ နွား၊ ဆိတ်၏ အသွေးသည် အပြစ်ကို မပယ်နိုင်ရာ။

ဘာသာရေးပွဲတော်များ

        ] Rod du Preez a&;om;onf Judging the sabbathစာအုပ်ကို ဖတ်ရန် ထောက်ခံလိုပါသည်။ ဤစာအုပ်တွင် ဃ့ag (စားသောက်ပွဲ) ဆိုသော ဝေါဟာရကို ဘုရားဖူးပွဲတော်များဖြစ်သည့် ပသခါပွဲ၊ တဆေးမဲ့မုန့်ပွဲ (အဇုမ)၊ ပင်တေကုတ္ထေပွဲ၊ သကေနေပွဲ (တဲတော်)၊ ပွဲတော်နေ့များကို ဖော်ပြရန် မရောနှော (သီးခြားစွာ) အသုံးပြုခဲ့ပါသည်။ ခ့ag (စားသောက်ပွဲ) ဆိုသော ဝေါဟာရကို နောက်တစ်မျိုး hနသမအန  သို့ဘာသာပြန်ပြီး (ကောလောသဲ ၂း၁၆) တွင် ဖော်ပြထားပါသည်။ စားသောက်ပွဲများကို ဆိုလိုပါသည်။ ဓမ္မဟောင်းကျမ်း ကဲ့သို့ပင် ဓမ္မသစ်ကျမ်းတွင်လည်း ပသခါပွဲ၊ ပင်တေကုတ္တေပွဲနှင့် သကေနေပွဲတို့ကို သီးခြားစွာအသုံးပြုထားပါသည်။ စင်စစ်အားဖြင့် ဓမ္မသစ်ကျမ်းတွင် တံပိုးမှုတ်ပွဲ၊အပြစ်ဖြေရာပွဲ၊ အသီးသီးသော အသီးပွဲများတွင် စကားအားဖြင့် တစ်ခါမျှမရည်ညွှန်းခဲ့ပါ။ သို့ဖြင့် ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းတွင် ပြည့်စုံစွာတူညီခြင်းရှိခဲ့ပါသည်။When the Saviour yielded up His life on Calvary, the significance of the Passover ceased, and the ordinance of the Lord’s Supper was instituted as a memorial of the same event of which the Passover had been a type.(PP, 539. 3)

လဆန်းနေ့

တောလည်ရာကျမ်း ၂၈း၁၁-၁၅ လဆန်းနေ့ပွဲတော်။

         လဆန်နေ့ကျင်းပခြင်း လ ဆိုသည့် kသိနျ့ စကားတွင် လဆန်းနေ့ အဓိပ္ပါယ်ကို ဆိုလိုပါသည်။ ယုဒလူမျိုးတို့၏ ယုံကြည်ကိုးကွယ်မှုနှစ်တစ်နှစ်တွင် ခုနစ်လရှိပြီး မတ်လ၊ ဧပြီလ မှ အစပြုပြီး စက်တင်ဘာလ၊ အောက်တိုဘာလတွင် ကုန်ဆုံးသွားပါသည်။ လဆန်းနေ့ကို လစဉ်အစပြုသည့် နေ့ကို သတ်မှတ်ထားပါသည်။ ဤခုနှစ်၊ လ၏ ဖော်ပြချက်တွင် ခရစ်တော်အားဖြင့် ပြည့်စုံခဲပြီး ဤအကြောင်းကြောင့် လဆန်းနေ့ကို ကျွန်ုပ်တို့ ကျင်းပရန်မလိုတော့ပါ။ “လဆန်းတစ်ရက်နေ့၌၊ အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါမလည်၊ အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို ထာ၀ရဘုရားအား မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။ နွားတစ်ကောင်အဖို့၊ ဆီရောသော မုန့်ညက်သုံးကြမဲ၊ သိုးတစ်ကောင်းအဖို့၊ ဆီရောသော မုန့်ညက်နှစ်ဩမဲ၊ သိုးသငယ်တစ်ကောင်းအဖို့၊ ဆီရောသော မုန့်ညက်တဩမဲစီတည်းဟူသော ဘောဇဉ်ပူဇော်သကာနှင့်တကွ၊ ထာ၀ရဘုရားအား မီးဖြင့် ပူဇော်၍ မီးရှို့ရာယဇ်ကို ပြုရမည်။ သွန်းလောင်းရာ ပူဇော်သကာဖို့ကား၊ နွားတစ်ကောင်နှင့် စပျစ်ရည်ခြောက် လောဃ၊ သိုးတစ်ကောင်းနှင့်လေးလောဃ၊ သိုးသငယ်တစ်ကောင်နှင့် သုံးလောဃကို ပူဇော်ရမည်။ ထိုသို့လတိုင်း အစဉ်မပြတ်မီးရှို့ရာယဇ်ကို ပူဇော်ရမည်။ နေ့တိုင်း အစဉ်ပူဇော်သော မီးရှို့ရာယဇ်၊ သွန်းလောင်းရာ ပူဇော်သကာမှ တစ်ပါး၊ အပြစ်ဖြေရာယဇ်ဖို့ ထာ၀ရဘုရားအား ဆိတ်သငယ်တစ်ကောင်ကိုလည်း ပူဇော်ရမည်။

ဥပုသ်နေ့

         ကောလောသဲဩဝါဒစာ ၂း၁၆၊ ၁၇ ဤကျမ်းချက်တွင် ဖော်ပြထားသော နေ့သည် မည်သည့် ဥပုသ်တို့ကို ဆိုလိုပါသနည်း။ ပညတ်တော်ဆယ်ပါးမှ ဥပုသ်တော်နေ့လား၊ (သို့မဟုတ်) ဝိနည်းအထုံးအဖွဲ့မှ ဥပုသ်တော်နေ့လား။

၁။     ဤဥပုသ်တော်နေ့များသည် သတ္တမနေ့ဥပုသ်နှင့် လုံး၀သက်ဆိုင်မှုမရှိပါ။

၂။     ဝိနည်းအထုံးအဖွဲ့ ပဋိညာဉ်စနစ်မတိုင်မီ ဖန်ဆင်းခြင်းကာလတွင် သတ္တမနေ့ ဥပုသ်တည်ထောင်ထားပြီးဖြစ်ပါသည်။

၃။     သတ္တမနေ့ဥပုသ်သည် ကြွလာမည့် မေရှိယကို ညွှန်ပြသော အရိပ်မဟုတ်ပါ။ သို့သော် ဖန်ဆင်းခြင်းကို ပြန်၍ ညွှန်ပြသော အထိမ်းအမှတ်ပင်ဖြစ်ပါသည်။

တံပိုမှုတ်သောပွဲတော်နေ့၊ အပြစ်ဖြေရာနေ့၊ ဥပုသ်နေ့နှင့် ဆိုင်သော နေ့နှင့် ဂျူဗလီနှစ်များသည် ဝိနည်းဆိုင်ရာ အထုံးအဖွဲ့များကို ရည်ညွှန်းခြင်းဖြစ်ပါသည်။ “ထိုကြောင့် စားသောက်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှ မစစ်ကြောမစီရင်စေနှင့်။ ထိုအရာတို့သည် နောက်ဖြစ်လတ္တံ့သောအရာတို့၏ အရိပ်ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ ကိုယ်ဖြစ်၏။

         ဝတ်ပြုရာကျမ်း ၂၃း၃ တွင် သတ္တမနေ့ဥပုသ်သည် ပွဲတော်ဥပုသ်နေ့များနှင့် မတူပါ၊ ခြားနားသည်။ “ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်သည် ငြိမ်ဝပ်စွာနေရသော ဥပုသ်နေ့၊ ဓမ္မစည်းဝေးခြင်းကို ပြုရသော နေ့ဖြစ်၏။ ထိုနေ့၌ သင်တို့သည် အလုပ်မလုပ်ရကြ။ သင်တို့ နေရာအရပ်ရပ်၌ ထာ၀ရဘုရား၏ ဥပုသ်နေ့ဖြစ်၏။

         ဝတ်ပြုရာကျမ်း ၂၃း၃၇၊ ၃၈ တွင် “ဤရွေ့ကား၊ ထာ၀ရဘုရား၏ ဥပုသ်နေ့၊ ထာ၀ရဘုရားအား ဆက်ကပ်ရသော အလှူဒါန၊ သစ္စာကတိနှင့် ဆိုင်သော ပူဇော်သကာ၊ အလိုလိုပြုသော ပူဇော်သကာမှတစ်ပါး၊ နေ့ရက်အသီးအသီးတို့၌ ထာ၀ရဘုရားအား မီးဖြင့် ပြုသော ပူဇော်သကာ၊ မီးရှို့ရာ ယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ ယဇ်ပူဇော်ခြင်း၊ သွန်းလောင်းရာပူဇော်သကာကို ပြုစေခြင်းငှာ စီရင်သော ဓမ္မစည်းဝေးခြင်း၊ ထာ၀ရဘုရား၏ ပွဲတော်များ ဖြစ်သတည်း။

ဖြစ်လာမည့်အရာ၏ ပုံရိပ်

         ကောလောသဲဩဝါဒစာ ၂း၁၇ တွင် နောင်ဖြစ်လတ္တံ့သော အရာတို့သည် ရှင်ပေါလုအချိန်ကာလမှ အနာဂတ်တွင်လာမည့် အရာမဟုတ်ပါ။ သို့သော် ဤပွဲတော်များအစပြု တည်ထောင်သော အချိန်မှစ၍ အနာဂတ္တိအချိန်ကို ရည်ညွှန်းခြင်းဖြစ်ပါသည် “ထိုအရာတို့သည် နောက်ဖြစ်လတ္တံ့သောအရာတို့၏ အရိပ်ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ ကိုယ်ဖြစ်၏။

         ဟေဗြဲဩဝါဒစာ ၁ဝး၁ တွင် ပေါလုသည် ကောလောသဲဩဝါဒစာ ၂း၁၇ နည်းတူ ကောက်နုတ်ချက်ပေးထားပါသည်။” တစ်နည်းကား၊ ပညတ်တရားသည် နောက်ဖြစ်လတ္တံ့သော မင်္ဂလာအကျိုးတို့၏ သေချာသော ပုံသဏ္ဌာန်ကိုမပြ၊ အရိပ်ကိုသာ ပြသည်ဖြစ်၍၊ နှစ်စဉ်မပြတ်ပူဇော်သော ယဇ်အားဖြင့် အထံတော်သို့ ချဉ်းကပ်သော သူတို့ကို စုံလင်ခြင်းအဖြစ်၌ မတည်စေနိုင်ရာ။

၁။     အရိပ်တူသော ဝေါဟာရကို အသုံးပြုထားပါသည်။

၂။     လာလတ္တံ့သော ဝေါဟာရကိုလည်း အသုံးပြုထားပါသည်။

၃။     မင်္ဂလာအကျိုးတို့၏ သေချာသော ပုံသဏ္ဌာန်ဆိုသည်မှာ အခြေအမြစ်ဆိုသည့် ဝေါဟာရဖြစ်ပါသည်။ (ကောလောသဲဩဝါဒစာ ၂း၁၇)

၄။     ထိုကြောင့် အထက်ကျမ်းချက်တွင် ဖော်ပြသော ပညတ်တရားသည် ဝိနည်းအထုံးအဖွဲ့နှင့် ဆိုင်သော ပဋိညာဉ်တရားဖြစ်ပါသည်။

         ရှင်မဿဲခရစ်ဝင် ၁၁း၁၄ တွင် နှစ်ခြင်းဆရာယောဟန်ကို ရည်ညွှန်းပြီး ခရစ်တော်ပြောဆိုရာတွင် ကြွလာမည့် ပုရောဖက်ဧလိယအဖြစ် သူသည် ရောက်လာခဲ့ပါပြီ။ သူ၏ သာသနာလုပ်ငန်းကို ပြီးစီးအောင် ဆောင်ရွက်ခဲ့ပါသည် ဟု ခေါ်ဆိုသကဲ့သို့ ပေါလုရည်ညွှန်းခြင်းဖြစ်ပါသည်။ “သင်တို့သည် ငါ့စကားကို နာခံနိုင်လျှင်၊ ဤသူကား လာလတ္တံ့သော ဧလိယဖြစ်သတည်း။

Christ is the substance, or body, which casts its shadow back into former dispensations. When Christ died, the shadow ceased. At the death of Christ, the typical system was done away; but the law of God, whose violation had made the plan of salvation necessary, was magnified and made honourable . {BEcho , July 15, 1893 par.8}.

No comments:

Post a Comment