Thursday, May 7, 2026

 

(၁၆) သီတင်းခုနစ်ဆယ်၏ အနာဂတ္တိစကား (အပိုင်း - ၂ )

ဆုတောင်းပြီးမှ စတင်လေ့လာပါ။

ပြန်လည်လေ့လာခြင်း

၁။     အနာဂတ္တိစကားသည် ယေရုရှလင် မြို့ပြန်လည်ပေးရန်နှင့် တည်ဆောက်ရန် အမိန့်ကျရောက်ချိန်တွင် စတင်ခဲ့သည်။

၂။     အမိန့်တော်လေးကြိမ်တွင် (ကုရုမင်း၊ ဒါရိမင်း၊ အာတဇေရဇ်မင်း) အာတဇေရဇ်မင်း၏ ပထမအမိန့် မှန်ကန်သော သက်သေအကြောင်းရင်း သုံးချက်)။

(က) (DABAR) ဆိုသောစကားလုံးတွင် ဒံယေလကျမ်းနှင့် ဧဇရမှတ်စာကျမ်းတွင် တူညီပါသည်။

(ခ)   အခြားသော အမိန့်တော်များသည် နောက်ကျလွန်းသည် (သို့မဟုတ်) စောလွန်းပါသည်။

         (ဂ)   နိုင်ငံရေးသမားများ၏ အမည်နာမဖြင့် ခွင့်ပြုရန် တစ်ခုတည်းသော အမိန့်ဖြစ်သည်။

၃။     အာတဇေရဇ်မင်း-၁ (ပထမ)။ ၄၅၇ ဘီစီ၊ ဆောင်းဦးအချိန်။

၄။     ပထမခုနစ်သီတင်း (၄၉ နှစ်) အတိုက်အခံဖြစ်သော အလယ်အချိန်တွင် ယေရုရှလင်မြို့တော်ကို ပြန်လည်ပေးအပ်ရန်နှင့် တည်ဆောင်ရန်။

၅။     ခြောက်ဆယ့်ခုနစ်သီတင်းဖြည့်စွက်သော သီတင်းသည် ရောက်လာမည့် ဘိသိက်ခံချိန်အထိ ဦးဆောင်သွားခြင်း။

၆။     ခရစ်တော်သည် နှစ်ခြင်းခံယူချိန်တွင် ဘိသိက်ခံယူသည်။

၇။     ဤတွင် ၂၇ အေဒီ ခုနှစ်ဖြစ်ပါသည်။ ဆောင်းဦးအချိန်ကာလ မှန်ကန်သောအကြောင်းရင်းနှစ်ချက်။

(က)  ပထမအကြောင်းရင်းတွင် အာတဇေရဇ်မင်း၏ အမိန့်တော်သည် ဆောင်းဦးအချိန်ကာလတွင် ပေးခဲ့ခြင်းဖြစ်သည်။

 (ခ)   ဒုတိယအကြောင်းရင်းတွင် ပသကာပွဲနေ့သည် နွေဦးကာလသုံးနှစ်ခွဲတွင် ခရစ်တော်နှစ်ခြင်းခံယူပြီးသော အချိန်ကြောင့် ဖြစ်ပါသည်။

၈။     နောက်ဆုံးသီတင်းအချိန်တွင် (မေရှိ) ခရစ်တော်သည် အခွင့်မရဘဲ အသေသတ်ခြင်းကို ခံရလိမ့်မည်။ သို့သော် သူကိုယ်တိုင် အပြစ်ရှိသောကြောင့် မဟုတ်ပါ။

၉။     နောက်ဆုံးရလဒ်တွင် သခင်၏ လူသည် fမြို့တော်နှင့် ဗိမာန်တော်ကို ဖျက်ဆီးခဲ့ပါသည်။ သခင်သည် ခရစ်တော်ဖြစ်ပြီး သခင်၏ လူသည် ယုဒလူဖြစ်သည်။

ပဋိညာဉ်ကို အတည်ပြုခြင်း (အခန်းငယ် ၂၇)

         ခြောက်ဆယ်နှစ်သီတင်းနောက်ပိုင်းတွင် (မေရှိ) ခရစ်တော်သည် အသေသတ်ခြင်းကို ခံရလိမ့်မည်။ သို့သော် သီတင်းခုနစ်ဆယ်အတွင်းတွင် ဖြစ်သည်ဟု ကျွန်ုပ်တို့ကို မပြောထားပါ။ (အခန်းငယ် ၂၇) တွင် သူသည် အသေသတ်ခြင်းခံရမည့်အချိန်ကို တိကျစွာ ကျွန်ုပ်တို့အား ပေးထားပါသည်။

         ဒံယေလအနာဂတ္တိကျမ်း ၉း၂၇ “တစ်သီတင်းတွင် လူအများတို့နှင့် ပဋိညာဉ်ဖွဲ့ခြင်းရှိ၍၊ . . .”

         ဒံယေလအနာဂတ္တိကျမ်း ၉း၂၇ (      နှဠ) တွင် ပို၍ ကောင်းသော ဘာသာပြန်ဖြစ်ပါသည်။

         တစ်သီတင်းတွင် လူများတို့နှင့် ပဋိညာဉ်ဖွဲ့ခြင်း၌ ပို၍ ခိုင်မာစေမည်။” (NASB) ခိုင်ခံ့သော ပဋိညာဉ်တစ်ခု” (RSV)  “သန်မာသော ပဋိညာဉ်တစ်ခု(Complete Jewish Bible)တွင် “ခိုင်မာသော ပဋိညာဉ်တစ်ခုYoung’s Literal တွင် “၎င်းနောက် လူများတို့နှင့် ပဋိညာဉ်ကို အားပေးစေသည်။ခွန်အားရှိသောစကား၏ မည်သည့် ဆန့်ကျင်ဘက်ဝေါဟာရဖြစ်မည်နည်း။ ခွန်အားနည်းခြင်းစကားဖြစ်ပါသည်။ ခရစ်တော် ပြုလုပ်ခဲ့သော တစ်သီတင်း၏ ပဋိညာဉ်သည် အဘယ်ကြောင့် ခွန်အားကြီးသနည်း။ အဘယ်ကြောင့် ခွန်အားကြီးမားကြောင်း လေ့လာကြပါစို့။

         ဟေဗြဲဩဝါဒစာ ၇း၁၈-၁၉၊ ၂၈ ယဇ်ပုရောဟိတ်နှင့် ပူဇော်သကသာများတို့ ပညတ်များ။ “ပညတ်တရားသည် အဘယ်သူကိုမျှ စုံလင်ခြင်းသို့ မပိုနိုင်သည်ဖြစ်၍၊ ရှေးပညတ်တရားဟောင်းသည် အားမရှိ၊ အကျိုးကို မပေးနိုင်သောကြောင့်၊ ပယ်ရှင်းခြင်းသို့ ရောက်ရ၏။ သို့သော်လည်း၊ သာ၍မြတ်သော မျှော်လင့်ခြင်းအခွင့်သည် နေရာကျ၏။ . . .  ပညတ်တရားနောက်၌ ကျိန်ဆိုတော်မူသော ဗျာဒိတ်တောမူကား၊ အစဉ်အမြဲစုံလင်ခြင်းသို့ ရောက်သော သားတော်ကို ခန့်ထားသတည်း။

         ရှင်မဿဲခရစ်ဝင် ၂၆း၂၇၊ ၂၈ ခရစ်တော်သည် ပဋိညာဉ်ကို အတည်ပြုရန်အတွက်သော်လည်းကောင်း၊ ပို၍ ခိုင်ခံ့အောင်ပြုလုပ်ရန် လာရောက်ခဲ့ပါသည်။ ဒံယေလအနာဂတ္တိကျမ်းတွင် ဖော်ပြထားသော “ပဋိညာဉ်စကားလုံးကို လောကီနှင့် ဆိုင်သော ပဋိညာဉ်ကို မည်သည့်အခါမျှ မရည်ညွှန်းခဲ့ပါ။ ဘုရားသခင်နှင့်ဆိုင်သော “ပဋိညာဉ်ကိုသာ အစဉ်ရည်ညွှန်းခဲ့ပါသည်။ “ခွက်ကိုလည်း ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ သူတို့အားပေးတော်မူ၍ သင်တို့ရှိသမျှသည် သောက်ကြလော့။ ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့် ဆိုင်၍ လူများတို့၏ အပြစ်ကို လွှတ်စေခြင်းငှာ သွန်းသော ငါ၏ အသွေးဖြစ်၏။

         ဟေဗြဲဩဝါဒစာ ၈း၆ ယခုတွင် သူသည် အပြစ်ကို တရားသဖြင့် မှန်ကန်စွာယူဆောင်သွားနိုင်ပါသည်။ “ထိုမှတစ်ပါး၊ ယေရှုသည် သာ၍ မြတ်သော ကတိတော်တို့၌ တည်သော၊ သာ၍မြတ်သော ပဋိညာဉ်တရား၏ အာမခံဖြစ်သည်နှင့်အညီ၊ သာ၍မြတ်သော ဝတ်ပြုခြင်းအခွင့်အရာကို ရတော်မူ၏။

         ရှင်မာကုခရစ်ဝင် ၁ဝး၄၅ “လူများဆိုသောစကားလုံးကို အဓိပ္ပါယ်လေးနက်စေခြင်း၊ “အကြောင်းမူကား၊ လူသားသည် သူတစ်ပါးကို စေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကိုခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကို စွန့်၍ လူများကို ရွေးခြင်းငှာလည်းကောင်း ကြွလာသတည်းဟု မိန့်တော်မူ၏။

ဟေရှာယအနာဂတ္တိကျမ်း ၅၃း၁၁ မေရှိ (ယေရှုခရစ်) သည် သူတို့၏ အပြစ်များကို ခံယူခြင်းဖြင့် လူများတို့ကို ဖြောင့်မှန်ကြောင်း ထင်ရှားစေမည်။ “မိမိစိတ် ဝိညာဉ်ခံရသော ဝေဒနာ၏ အကျိုးကို မိမိမြင်၍ အားရလိမ့်မည်။ ထိုဖြောင့်မတ်သော ငါ၏ ကျွန်ကို သိကျွမ်းခြင်းအားဖြင့်၊ သူသည်အများသော သူတို့ကို ဖြောင့်မတ်ရာ၌တည်စေလိမ့်မည်။ သူတို့၏ အပြစ်ကို ကိုယ်တိုင်ဆောင်ရွက်ရ၏။

ခရစ်တော်အသေသတ်ခြင်းခံပြီးနောက် သတင်းသယ်ဆောင်သူများ

         ရှင်မဿဲခရစ်ဝင် ၂၃း၃၄-၃၆ ခရစ်တော် အသေသတ်ခံရသည့် နောက်ပိုင်းတွင်လည်း ယုဒလူမျိုးတို့ထံသို့ သတင်းသယ်ဆောင်သော သူတို့ကို စေလွှတ်လျက်၊ အကြောင်းမူကား ပုရောဖက်အနာဂတ္တိသီတင်းခုနစ်ဆယ်တွင် သုံးနှစ်ခွဲကျန်ရှိနေသေးသောကြောင့် ဖြစ်သည်။ ဤသတင်းစကားကို ငြင်းပယ်ပြီးသော အခါကျမှ သာလျှင် ခွက်ဖလားသည် ပြည့်စုံမည်။ “ထိုကြောင့် ဗျာဒိတ်တော်အချက်ဟူမူကား၊ ပုရောဖက်ပညာရှိကျမ်းပြုဆရာတို့ကို သင်တို့ရှိရာသို့ ငါစေလွှတ်၏။ ထိုသူအချို့တို့ကို ကွပ်မျက်၍ လက်ဝါးကပ်တိုင်၌ သတ်ကြလိမ့်မည်။ အချိုတို့ကို တရားဇရပ်၌ရိုက်၍ တစ်မြို့မှတစ်မြို့သို့ ညှန်းဆဲနှင်ထုတ်ကြလိမ့်မည်။ ထိုကြောင့် ဖြောင့်မတေ်သော အာဗေလ၏ အသွေးမှစ၍၊ အတွင်းဗိမာန်တော်နှင့် ယဇ်ပလ္လင်၏ အကြား၌ သင်တို့သတ်ကြသော ဗာရခိသား ဇာခရိ၏အသွေးတိုင်အောင် မြေကြီးအပေါ်၌ သွန်းပြီးသမျှသော သူတော်ကောင်းတို့၏ အသွေးသည် သင်တို့ခေါင်းပေါ်သို့ ရောက်လိမ့်မည်။ ငါအမှန်ဆိုသည်ကား၊ ဤအရာများတို့သည် ယခုဖြစ်သော လူများအပေါ်သို့ ရောက်ကြလိမ့်မည်။

ယဇ်ပူဇော်ခြင်းနှင့် ပူဇော်သကာတို့သည် ဆုံးခန်းသို့ရောက်ပြီ

         ဒံယေလအနာဂတ္တိကျမ်း ၉း၂၇ “ထိုသီတင်းတစ်ဝက်တွင် (ခရစ်တော်ဘိသိတ်ခံပြီးနောက် သုံးနှစ်ခွဲအချိန်၌) ယဇ်ပူဇော်ခြင်းနှင့်ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။” (ဓမ္မဟောင်းကျမ်းတွင် တိရစ္ဆာန် ပူဇော်ခြင်းကို အသုံးပြုသည်) (ယဇ်ပူဇော်ခြင်းနှင့် အတူအစားအသောက် ပူဇော်သကာကို ရည်ညွှန်းပါသည်။

ဤပူဇော်သကာနှစ်ခုစလုံးတွင် ဧကဝုဒ်ကိန်း (တစ်ခုတည်း)သာဖြစ်ပါသည်။

         ယဇ်ပူဇော်ခြင်းနှင့် ပူဇော်သကာကို အဆုံးတိုင်ယူဆောင်လာသူသည် ထိုသခင်ဖြစ်ကြောင်း သတိပြုပါ။ အမှန်အတိုင်းတည်ဆောင်ပုံအားဖြင့် (မေရှိ) ခရစ်တော်သည် အခွင့်မရဘဲအသေသတ်မှုခံရခြင်းသည် ယဇ်ပူဇော်ခြင်းနှင့် ပူဇော်သကာတို့၏ အဆုံးတိုင်ကြောင်းကို ရည်ညွှန်းသည်။ စကားရပ်နှစ်ခုတွင် တစ်ခုတည်းသော အဓိပ္ပါယ်ရှိပြီး ထူးခြားသောနေ့အတွက် တစ်ခုတည်းသော ယဇ်ပူဇော်ခြင်းနှင့် ပူဇော်သကာတို့ကို ရည်ညွှန်းသည်။ သူ၏အသေခံခြင်းသည်လည်း ဆောင်းဦးပေါက်အချိန်ကျရောက်သော ပသကာပွဲနေ့၏ တိကျေသာ နေ့ရက်၊ လ ၊အချိန်နာရီတွင် ကျရောက်ခဲ့ပါသည်။ ဤနေရာ၌ သူ၏ ဘိသိက်ခံရခြင်းတွင် သုံးနှစ်ခွဲအချိန်တိတိဖြစ်သည်။

         ဤနေရာတွင် စာမျက်နှာ၏ပုံ ၂၈ ကို ထည့်သွင်းပါ။ တိကျသော လ၊ နေ့နှင့် အချိန်နာရီကို ယဇ်ပူဇော်ခြင်းနှင့် ပူဇော်သကာအဆုံးတိုင် ရောက်ခြင်းအကြောင်းကို ပြောဆိုကြရအောင်။

         ရှင်မဿဲခရစ်ဝင် ၂၇း၅၁ ဗိမာန်တော်၏ ကန့်လန့်ကာသည် စုတ်ပြဲခြင်း။ “ထိုအခါ ဗိမာန်တော်၏ ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။ မြေကြီးလှုပ်လေ၏။ ကျောက်များတို့သည် ကွဲပြားကြ၏။

         အယ်လင်ဂျီဝှိုက်သည် အသိဉာဏ်ပေးသော ဖော်ပြချက်ကို ထပ်၍ ဖြည့်စွက်ရေးသားပါသည်။ “အလုံးစုံတို့သည် အလွန်ကြောက်လန့်ခြင်းနှင့် ရှုပ်ထွေးခြင်းဖြစ်သည်။ ယဇ်ပုရောဟိတ်မင်းသည် ယဇ်ကောင်ကို အသေသတ်ရနအချိန်ကျရောက်လာပါပြီ။ သို့သော် ဓားသည် အင်အားမရှိသော လက်မှပြုတ်ကျခဲ့သောကြောင့် သိုးကောင်သည် လွတ်မြောက်သွားပါသည်။ ဘုရားသခင်၏ သားတော်အသေသတ်ခံချိန် သရုပ်ဆောင်သောအရာသည် ဆန့်ကျင်သရုပ်ဆောင်သော အရာနှင့် တွေ့ဆုံခဲ့ပါပြီ။ ကြီးမားသော ဆက်ကပ်ပူဇော်မှုကို လုပ်ဆောင်ခဲ့ပါပြီခရစ်တော်သက်တော်စဉ်၊ စာမျက်နှာ ၇၅၇။

         ခရစ်တော်အသေသတ်ခံသည့်နေ့တွင် ဗိမာန်တော်ယဇ်ပူဇော်ခြင်းနှင့် ပူဇော်သကာလုပ်ငန်းသည်မရှိပါ။ ယုဒလူမျိုးတို့သည် သရုပ်ဆောင်ဖော်ပြခြင်းကို နားလည်သင့်ပါသည်။ သူတို့သည် ယဇ်ပူဇော်သည့် အမှုကို အဆုံးသတ်ရန် ဖြစ်သော်လည်း သူတို့သည် ဆက်လက်၍ ဘုရားသခင်၏ ရှေ့မှောက်တွင် ဆုံးခန်းတိုင် ရောက်ရှိပြီး တန်ဖိုးမရှိတော့ပါ။

ယေရုရှလင်မြို့ပျက်စီးခြင်း

         ဒံယေလအနာဂတ္တိကျမ်း ၉း၂၇ ယေရုရှလင်မြို့ ပျက်စီးခြင်းအကြောင်း နောက်ထပ်တစ်ကြိမ်ပြောဆိုခြင်း။”. . .  ရွံရှာဖွယ်သော အရာ၏ အထွတ်ပေါ်သို့ ဖျက်ဆီးသော သူသည်ရောက်၍၊ စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းသည် (ရှင်မဿဲ ၂၃း၃၈ ကို သတိရသည်) ပျက်စီးအပ်သော သူတို့ကို မလွှမ်းမိုးမီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။

         ရှင်မဿဲခရစ်ဝင် ၂၃း၃၈ ဤနေရာတွင် “လူဆိတ်ညံလျက်ကျန်ရစ်ရ၏။ဆိုသောစကားနှင့် “ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာအဓိပ္ပါယ်ဖော်ပြချက်ကို သတိရပါ။ “သင်တို့နေသောအိမ်သည် သင်တို့၌ လူဆိတ်ညံလျက် ကျန်ရစ်ရ၏။

         ရှင်မဿဲခရစ်ဝင် ၂၄း၁၅၊ ၁၆ ၏ သော့ချက်စကားလုံးသည် “ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာဖြစ်ပါသည်။ “ထိုကြောင့် ပုရောဖက်ဒံယေလဟောသည်အတိုင်း၊ ဖျက်ဆီးတတ်သော ရွံရာဖွယ်အရာသည် သန့်ရှင်းသော အရပ်ဌာန၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင်၊ ကျမ်းစာကို ကြည့်သောသူသည် နားလည်ပါစေ။ ထိုသို့မြင်ရလျှင်၊ ယုဒပြည်၌ ရှိသော သူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။

         ရှင်လုကာခရစ်ဝင် ၂၁း၂၀ ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာတို့သည် ယေရုရှလင်မြို့ကို ဖျက်ဆီးသော ရောမစစ်သည်တော်များဖြစ်သည်။ “ထိုသီတင်းတစ်ဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။

သီတင်းခုနစ်ဆယ်၏ နေ့ရက်ကုန်ဆုံးခြင်း

         အကယ်၍ ခရစ်တော်သည် အေဒီ ၂၇ ဆောင်းဦးပေါက်တွင် နှစ်ခြင်းခံယူခဲ့ပြီး အေဒီ ၃၁ နွေဦးပေါက်ချိန်တွင် အသေခံပါက သုံးနှစ်ခွဲ အချိန်ကာလသည် ယုဒလူမျိုးအတွက် အချိန်ကျန်ရှိလျက်ပင် ဖြစ်ပါသည်။

         ရှင်မဿဲခရစ်ဝင် ၁ဝး၅၊ ၆ “ထိုတစ်ကျိပ်နှစ်ပါးသော သူတို့ကို ယေရှုသည် စေလွှတ်တော်မူ၍၊ သင်တို့သည် တစ်ပါးအမျိုးသားရှိရာသို့ မသွားကြနှင့်။ ရှမာရိ်မြို့ရွာထဲသို့ မဝင်ကြနှင့်။ ဣသရေလအမျိုး၊ ပျောက်လွင့်သော သိုးများရှိရာသို့ အရင်သွားကြလော့။ထိုနောက် ယေရုရှလင်မြို့နှင့်မြို့သူမြို့သားတို့သည် နောက်ဆုံးစမ်းသပ်ချိန်အတွက် သီတင်းခုနစ်ဆယ်တွင် ပြည့်ပြည့်၀၀ရရှိမည်ဖြစ်ပါသည်။ ဤသို့အားဖြင့် သီတင်းခုနစ်ဆယ်သည် အေဒီ ၃၁ နွေဦးပေါက်အဆုံးသို့ ရောက်မည်မဟုတ်ပါ။ ခရစ်တော်အသေခံပြီးသည်နောက် ယေရုရှလင့်မြို့တော်နှင့် မိမိ၏ လူမျိုးအတွက် သုံးနှစ်ခွဲအချိန်ကျန်ပါသေးသည်။

         တမန်တော်ဝတ္ထုအခန်းကြီး ၁-၉ အထိတွင် ပင်တေကုတ္တေပွဲနေ့ နောက်ပိုင်း၌ ဧဝံဂေလိသတင်းစကားသည် ယုဒလူမျိုးထံ၌သာ ဟောကြားခဲ့ပါသည်။ အခန်းကြီး ၁၀ တိုင်အောင် နောက်ပိုင်းမှသာ တစ်ပါးအမျိုးသားများထံသို့ ရောက်သွားပါသည်။

         ရှင်မဿဲခရစ်ဝင် ၂၃း၃၄ ခရစ်တော်အသေခံပြီးသည်နောက်၊ နောက်ထပ် သတင်းသယ်ဆောင်သူများကို ယုဒလူမျိုးထံပို့ဆောင်ဦးမည်။ “ထိုကြောင့် ဗျာဒိတ်တော်အချက်ဟူမူကား၊ ပုရောဖက်ပညာရှိကျမ်းပြု ဆရာတို့ကို သင်တို့ရှိရာသို့ ငါစေလွှတ်၏။ ထိုသူအချို့တို့ကို ကွပ်မျက်၍ လက်ဝါးကပ်တိုင်၌ သတ်ကြလိမ့်မည်။ အချို့တို့ကို တရားဇရပ်၌ ရိုက်၍ တစ့်မြို့မှ တစ့်မြို့သို့ ညှဉ်းဆဲနှင်ထုတ်ကြလိမ့်မည်။

         တမန်တော်များနှင့် မိမိတို့၏ လုပ်ဖော်ဆောင်ဖက်များတို့သည် တရားဟောပြောခြင်းအားဖြင့် ဘုရားသခင်၏ အလင်းတရားသည် သူတို့အပေါ်သို့ ထွန်းလင်းစေပြီး၊ ၎င်းနောက် ပုရောဖက်၏ အနာဂတ္တိစကား မည်မျှလောက် ပြည့်စုံကြောင်းကို သူတို့သည် တွေ့မြင်ခွင့်ရရှိမည်ဖြစ်ပြီး ခရစ်တော်၏ အသက်တာနှင့် မွေးဖွားရာအကြောင်းကို သာလျှင်မကဘဲ သူ၏ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း၌လည်း တွေ့မြင်ရမည်။ ကလေးသူငယ်များတို့သည် မိမိတို့၏ မိဘများ ကျူးလွန်ခဲ့သော အပြစ်များအားဖြင့် ခံသွားရမည်မဟုတ်ဘဲ၊ နောက်ပိုင်းတွင် မိဘများတို့ကို အသိဉာဏ်နှင့် ပြည့်၀သော အလင်းတရားတို့ကို ပေးဆောင်သော အခါ၊ သားသမီးများတို့သည် မိမိတို့အားပေးထားသော ဖြည့်စွက်သည့်အလင်း တရားတို့ကို ငြင်းပယ်ခဲ့သောကြောင့် သူတို့သည် မိဘတို့၏ အပြစ်များ၌ ပါဝင်ပတ်သက်ပြီး သူတို့ ကျူးလွန်သော အပြစ်များအတိုင်းအတာအားဖြင့် ပြည့်၀လာပါသည်။(GC,p. 28).

မေးစရာမေးခွန်းမှာ။ နောက်ထပ်စမ်းသပ်ချိန်ကာလအတွင်းတွင်

မည်သည့်အရာများဖြစ်ပျက်သနည်း။

         ဤသုံးနှစ်အချိန်ကာလအတွင်း၊ ယုဒလူတို့၏ လွှတ်တော်တွင် ခရစ်တော်ကို ကိုင်တွယ်ပြုမူသကဲ့သို့ တမန်တော်တို့ကိုလည်း အလားတူပြုမူခဲ့ပါသည်။

တမန်တော်ဝတ္တုအခန်းကြီး ၃-၅၊ တွင် ယုဒလူတို့၏ လွှတ်တော်သည် ပေတရုနှင့် ယောဟန်တို့ကို သခင်ယေရှု၏ နာမတော်ဖြင့် ဧဝံဂေလိတရားဟောပြောခြင်း၌ တားမြစ်ခံရပြီး ဗိမာန်တော်ထဲတွင် ကြာပွတ်အားဖြင့် ရိုက်နက်ကြသည်။

         တမန်တော်ဝတ္ထု ၄း၁၇၊၁၈ “သို့သော်လည်း လူများအထဲ၌ သာ၍ မနှံ့မပြားစေခြင်းငှာ၊ နောက်တစ်ဖန် ထိုနာမကို အမှီပြုလျက် အဘယ်သူကို မျှမဟောမပြောနှင့်ဟူ၍ သူတို့ကို ကျပ်တည်းစွာခြိမ်းခြောက်ကြကုန်အံ့ဟု အချင်းချင်းတိုင်ပင်ပြီးမှ၊ တမန်တော်တို့ကို ခေါ်၍၊ ယေရှု၏ နာမကို အမှီပြုလျက် ဟောပြောသွန်သင်ခြင်းကို အလျှင်းပြုနှင့်ဟု အမိန့်ရှိကြ၏။

ဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိစကားပြီးဆုံးခြင်း

         ဒံယေအနာဂတ္တိကျမ်း ၉း၂၄ သော့ချက်ဖော်ပြချက်အရ အနာဂတ္တိစကားနှင့် ဗျာဒိတ်ရူပါရုံကို ဆုံးသွားစေရန် ဖြစ်ပါသည်။ (HATAM) ဆိုသော ဟေဗြဲစကားသည် စောစောကအခန်းငယ်တွင် အပြစ်များကို အဆုံးသို့ ယူဆောင်ပြီဟု ဘာသာပြန်ထားပါသည်။ ဤအကြောင်းသည် မည်သည့်အချိန်၌ ဖြစ်ပေါ်ခဲ့သနည်း။ “လွန်ကျူးခြင်းအမှုကို ဆီးတား၍၊ အပြစ်ကို တံဆိပ်ခတ်စေခြင်းငှာလည်းကောင်း၊ (အဆုံးသို့ရောက်ရန် ယူဆောင်လာခြင်း) ဒုစရိုက်အပြစ်ကို ဖြေရှင်း၍ ထာ၀ရ ကုသိုလ်ကို သွင်းစေခြင်းငှာလည်းကောင်း၊ ဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိဗျာဒိတ်တော်တို့ကို တံဆိပ်ခတ်၍၊ အလွန်သန့်ရှင်းသော အရပ်ဌာနကို လိမ်းစေခြင်းငှာလည်းကောင်း၊ သီတင်းခုနစ်ဆယ်ကို သင်၏ အမျိုးသားချင်းအဖို့နှင့် သင်၏ သန့်ရှင်းသော hfမြို့အဖို့ ဆုံးဖြတ်ခြင်းရှိ၏။

ပဋိညာဉ်တရားစွဲဆိုမှု

         သတေဖန်သည် ပုရောဖက်ကဏ္ဍတွင် ပါဝင်ခဲ့ပြီး ဣသရေလရာဇဝင်သမိုင်းကို ပြန်လည်ပြောဆိုသော အခါ၌လည်းကောင်း၊ (စပျစ်ယျာဉ်ပုံပမာစကားကို ခရစ်တော်ပြောဆိုသကဲ့သို့) ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့သော နောက်ဆုံးအခန်းတွင် နိဂုံးချုပ်ခဲ့ခြင်း။ ဤတွင် ပဋိညာဉ်တရားစွဲဆိုမှုကို ဆိုလိုပါသည်။

         ဣသရေလလူတို့သည် ဆန့်ကျင်ပုန်ကန်ထကြွသောအခါ ဘုရားသခင်သည် အိမ်ထောင်ပြုမှုနှင့် ဆိုင်သော ပဋိညာဉ်စည်းမျဉ်းဖောက်ဖျက်သကဲ့သို့ တရားစွဲမှုအတွက် ပုရောဖက်တစ်ပါးကို ထုတ်ဆောင်လာမည်ဖြစ်သည်။ ပုရောဖက်သည် ဣသရေလရာဇဝင်သမိုင်းကို လည်းကောင်း၊ဣသရေလလူတို့၏ စွဲချက်တင်မှုမတိုင်မီသော်လည်းကောင်း၊ ဘုရားသခင်၏ ကောင်းမှုပြုခြင်းတွင်အစဉ်ပြန်ပြောလေ့ရှိပါသည်။

         ဓမ္မဟောင်းကျမ်းတွင် ပုရောဖက်များတို့သည် စွဲချက်တင်မှုနှင့် မျှော်လင့်စရာရှိကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့သော်လည်း သတေဖန်အနေဖြင့် နောင်တတရားရရန် မည်သို့မျှအော်ခေါ်သံမပေးခဲ့ပါ။ အကြောင်းမှာ ယုဒအကြီးအကဲတို့သည် နောက်ဆုံးယတိပြတ် ဆုံးဖြတ်ချက်ကို အပြုလုပ်ခဲ့သောကြောင့် ဖြစ်ပါသည်။ ရှေ့ဆက်သတင်းစကားပို့သူများ (သို့မဟုတ်) အခွင့်အရေးများတို့ကို ဖော်ပြခြင်းမရှိတော့ပါ။

ငါတို့၏ အဘများ၊ သင်တို့၏ အဘများ

         တမန်တော်ဝတ္ထု ၇း၁၁၊ ၁၂၊ ၁၉၊ ၃၈၊ ၄၄၊ ၄၅ “ခါနာန်ပြည်နှင့် အဲဂုတ္တုပြည်တစ်လျှောက်လုံး၌ အစာခေါင်းပါးခြင်း၊ ကြီးစွာသော ဆင်းရဲခြင်းရှိ၍ ငါတို့အဘများ၌ စားစရာကုန်သောအခါ၊ အဲဂုတ္တုပြည်မှာ ဆန်စပါးရှိသည်ဟု ယာကုပ်သည်ကြားလျှင်၊ ငါတို့အဘများကို ပထမအကြိမ်တွင် စေလွှတ်လေ၏။ ထိုမင်းကြီးသည် ငါတို့အဆွေအမျိုးကို ပရိယာယ်ပြုသဖြင့်၊ သူငယ်များကို အသက်မရှင်စေခြင်းငှာ၊ ပစ်ထားရမည်အကြောင်း ငါတို့ အဘများကို ညှဉ်းဆဲနှိပ်စက်လေ၏။ ထိုသူသည်တောတွင် ရှိသော အစည်းအဝေး၌လည်းကောင်း၊ သိနာတောင်ပေါ်မှာ သူ့ကို နှုတ်ဆက်သော ကောင်းကင်တမန်နှင့်လည်းကောင်း၊ ငါတို့အဘများနှင့်လည်းကောင်းရှိ၏။ ထိုသူသည် ငါတို့အားအပ်ပေးခြင်းငှာ အသင်ရှင်စေသော ဗျာဒိတ်တော်ကို ခံလေ၏။ မောရှေမြင်ရသောပုံနှင့် အညီ၊ သက်သေခံတော်မူချက် ဌာပနာရာတဲတော်ကို လုပ်ရမည်အကြောင်း အမိန့်တော်ရှိသော သူမှာထားတော်မူသည်အတိုင်း၊ ထိုတဲတော်သည် တောတွင် ငါတို့အဘများ၌ရှိ၏။ နောက်ကျသော ငါတို့အဘများသည် ထိုတဲတော်ကို တစ်ပါးအမျိုးသားတို့ ပိုင်သော မြေထဲသို့ ယောရှုနှင့် အတူဆောင်သွင်းကြ၏။ ထိုတစ်ပါးအမျိုးသားတို့ကို ဘုရားသခင်သည် ဒါဝိဒ်မင်းလက်ထက်တိုင်အောင် ငါတို့ အဘများထံမှ နှင်ထုတ်တော်မူ၏။

         တမန်တော်ဝတ္ထု ၇း၅၂ သတေဖန်သည် အရှိအတိုင်း ဣသရေလလူမျိုးတို့၏ ဘိုးဘေးအမွေမှ မိမိကိုယ်ကို အဆက်အသွယ်ပြတ်တောက်လျက် နေသည်။ “ကုလားအုတ်၏ ကျောကုန်းကို ကျိုးစေသော ကောက်ရိုးသည် သားကို သတ်သည်။” “သင်တို့ဘိုးဘေးများသည် အဘယ်ပုရောဖက်ကိုမျှ မညှဉ်းဆဲဘဲနေသနည်း။ ဖြောင့်မတ်သော သူကြွလာမည် အကြောင်းအရာကို ဟောပြောပြညွှန်သော သူတို့ကို ကွပ်မျက်ကြ၏။ ထိုဖြောင့်မတ်သော သူကိုပင် ယခုလည်း သင်တို့သည် အပ်နှံ၍ အသေသတ်ကြပြီ။

         ရှင်မဿဲခရစ်ဝင် ၂၃း၃၂ ခရစ်တော်ပြောဆိုခဲ့သည်တွင် သူတို့သည် ဘိုးဘွား၏ အပြစ်ခွက်ဖလားကို ဖြည့်ကြပြီဖြစ်သောကြောင့် ဒဏ်သည်ရောက်လာမည်။ “သို့ဖြစ်၍ ဘိုးဘေးတို့၏ အကျင့်ပမာဏကို မီအောင်ကျင့်ကြလော့။

         ရှင်မဿဲခရစ်ဝင် ၂၃း၃၄၊ ၃၅ “ထိုကြောင့် ဗျာဒိတ်တော်အချက်ဟူမူကား၊ ပုရောဖက်ပညာရှိကျမ်းပြုဆရာတို့ကို သင်တို့ရှိရာသို့ ငါစေလွှတ်၏။ ထိုသူအချို့တို့ကို ကွပ်မျက်၍ လက်ဝါးကပ်တိုင်၌ သတ်ကြလိမ့်မည်။ အချို့တို့ကို တရားဇရပ်၌ ရိုက်၍ တစ်မြို့မှ တစ်မြို့သို့ ညှဉ်းဆဲနှင် ထုတ်ကြလိမ့်မည်။ ထိုကြောင့် ဖြောင့်မတ်သော အာဗေလ၏ အသွေးမှစ၍၊အတွင်းဗိမာန်တော်နှင့် ယဇ်ပလ္လင်၏အကြား၌ သင်တို့သတ်ကြသော ဗာရခိသားဇာခရိ၏အသွေးတိုင်အောင် မြေကြီးအပေါ်၌ သွန်းပြီးသမျှသော သူတော်ကောင်းတို့၏ အသွေးသည် သင်တို့ခေါင်းပေါ်သို့ ရောက်လိမ့်မည်။

ခရစ်တော်နှင့် သတေဖန်

         သတေဖန်သည် စင်စစ်အားဖြင့် ခရစ်တော်၏ ရာဇဝင်သမိုင်းကို ပြန်တင်ပြပါသည်။ ခရစ်တော်ကို ပြုမူကျင့်ကြံသကဲ့သို့ ယခုတွင် သူ၏ ကိုယ်ခန္ဓာတော်ကို ပြုမူကျင့်ကြံပါသည်။ စင်စစ်အားဖြင့် တာရှုမြို့သားရှောလုကို ခရစ်တော် ပြောဆိုခဲ့သည့်စကားမှာ “အဘယ်ကြောင့် ငါ့ကို ညှဉ်းဆဲသနည်း။

၁။     သူတို့နှစ်ဦးစလုံး (The Sanhedrin) ယုဒလွှတ်တော်သို့ အမှုစစ်ဆေး ရန်ခေါ်ဆောင်သွားခြင်း။ (မ ၂၆း၅၉။ မာ ၁၄း၅၅။ တ ၆း၁၂)

၂။     သူတို့နှစ်ဦးစလုံးမှားယွင်းသော သက်သေခံချက်များဖြင့် စွပ်စွဲခံရခြင်း။ (မာ၁၄း၅၅။ တ ၆း၁၁၊၁၃၊၁၄)

၃။     သူတို့နှစ်ဦးစလုံး ယုဒလူမျိုးတို့၏ ရာဇဝင်သမိုင်းကို ပြန်လည်ဖော်ပြခြင်း။ သူတို့နှစ်ဦးစလုံး ဘုရားသခင်သည် ပုရောဖက်များကို ပို့ဆောင်ခြင်းနှင့်မိမိ၏ တစ်ဦးတည်းသော သားကို ပို့ဆောင်ခြင်းတွင် ပြောဆိုခဲ့ခြင်း။ (မ ၂၁း၃၁-၄၄။ ၂၃း၃၂။ တ ၇)

၄။     သူတို့နှစ်ဦးစလုံး မှားယွင်းသော သက်သေထွက်ဆိုရန်အတွက် လာဘ်ငွေပေးကမ်းခြင်း။ (မ ၂၆း၆၀။ တ ၆း၁၁)

၅။     သူတို့နှစ်ဦးစလုံး မောရှေနှင့် ဗိမာန်တော်အကြောင်းကို ဆန့်ကျင်ပြောဆိုကြောင်းစွပ်စွဲခံရခြင်း။ (မ ၂၇း၄၀။ ယော၁၁း၅၀-၅၂။ တ ၆း၁၃၊ ၁၄)

၆။     သူတို့နှစ်ဦးစလုံး ယုဒခေါင်းဆောင် လူကြီးများမေရှိ (ခရစ်တော်) အမှန်တရားအကြောင်းနှင့်ပတ်သက်၍ သူတို့မကြားနိုင်ရန် မိမိတို့နားများကို ပိတ်ထားကြသည်အထိ စွပ်စွဲခံရခြင်း။ (မ ၂၃း၂၉-၃၆။ တ ၇း၅၁-၅၄)

၇။     သူတို့နှစ်ဦးစလုံး သူတို့ရန်သူများ၏ အပြစ်ကို ဖြေလွှတ်ပေးရန် ဘုရားသခင်အား ဆုတောင်းခြင်း။ (လု ၂၃း၃၄။ တ ၇း၅၈)

၈။     သူတို့နှစ်ဦးစလုံး ယေရုရှလင်မြို့အပြင်ဘက်တွင် အသတ်ခံခဲ့ရသည်။ (ဟေဗြဲ ၁၃း၁၂။ တ ၇း၅၈)

၉။     သူတို့နှစ်ဦးစလုံးအပြစ်ကင်းစင်ကြောင်းကို သူတို့၏ မျက်နှာများ အနေအထားဖြင့် တွေ့မြင်နိုင်ခြင်း။ (ယော ၁၉း၄-၆။ တ ၆း၁၅)

၁၀။  သူတို့နှစ်ဦးစလုံးတွင် လူစုလူရုံး၏ အသိဉာဏ်ရှိခြင်း။ (မ ၂၇း၂၄။ တ ၇း၅၇၊၅၈)

         ဤဆင်တူရိုးမားသောအချက်အလက်များအားဖြင့် သတေဖန်သည် ခရစ်တော်အသက်တာ၏ အတွေ့အမြင်များတွင် ပြန်လည်ဖော်ထုတ်ပြောဆိုခြင်းကို အကြံပြုထားပါသည်။ ထိုသို့ဆိုလိုရခြင်းတွင် ယုဒလူမျိုး ခေါင်းဆောင်များအနေဖြင့် ခရစ်တော်ကို ဆက်ဆံခဲ့သည့်နည်းတူ သတေဖန်ကိုလည်း အလားတူပြုမူဆက်ဆံခဲ့ပါသည်။ကျေးဇူးကရုဏာတော် ထပ်မံခံစားရသော အချိန်ကာလတွင် သူတို့သည် စိတ်နှလုံးပြောင်းလဲမှု လုံး၀မရှိခဲ့ပါ။

နောက်ဆုံးဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိစကား

         တမန်တော်ဝတ္ထု ၇း၅၅၊ ၅၆ “သူသည်လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ကောင်းကင်သိ့ စေ့စေ့ကြည့်မျှော်၍၊ ဘုရားသခင်၏ ဘုန်းတော်ကို လည်းကောင်း၊ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ယေရှုရပ်နေသည်ကိုလည်းကောင်းမြင်လျှင်၊ ကြည့်ပါ။ ကောင်းကင်ဖွင့်လှစ်သည်ကိုလည်းကောင်း၊ လူသားသည် ဘုရားသခင်၏ လက်ယာတော်ဘက်၌ ရပ်နေသည်ကိုလည်းကောင်း ငါမြင်သည်ဟုဆို၏။

         တမန်တော်ဝတ္ထု ၇း၅၄၊ ၅၇၊ ၅၈ သူတို့၏ အမှုကိစ္စသည် ပြန်ပြင်၍ မရသောကိစ္စဖြစ်ပါသည်။ သူတို့၏ စိတ်နှလုံးသည် လည်းခိုင်မာ၍ ပြုပြင်မရနိုင်သည့်အခြေအနေသို့ ရောက်ရှိပါသည်။ “ထိုစကားကို ကြားလျှင် နှလုံးကွဲပြတမတတ်ဖြစ်၍၊ သတေဖန်၌ အံသွားခဲကြိတ်ခြင်းကို ပြုကြလေ၏။ ထိုသူတို့သည် ပြင်းစွာသောအသံနှင့် ဟစ်ကြော်၍ နားကို ပိတ်ဆို့လျက် သူ့ဆီသို့ ညီညွတ်စွာတစ်ဟုန်တည်းပြေး၍၊ မြို့ပြင်သို့နှင် ထုတ်ပြီးမှ ကျောက်ခဲနှင့် ပစ်ကြ၏။ သက်သေခံတို့သည်လည်း မိမိတို့အဝတ်ကို ရှောလုအမည်ရှိသော လုလင်၏ ခြေရင်း၌ထားကြ၏။”(တစ်ပါးအမျိုးသားအတွက် ရွေးချယ်ထားသော ခွက်သည် ထိုနေရာတွင်ရှိသည်)

တစ်ပါးအမျိုးသားများထံသို့ ဧဝံဂေလိသတင်းစကား

         စပျစ်ဥယျာဉ်ပုံပမာအကြောင်းကို ခရစ်တော်ပြောပြီးသောအခါ လူမျိုးတို့သည် သားတော်ကို ငြင်းပယ်ခဲ့သောကြောင့် နိုင်ငံတော်သည် သူတို့လက်မှ နုတ်ယူပြီး အသီးကို သီးအံ့သောလူမျိုးများလက်သို့ ပေးအပ်မည်ဖြစ်သည်။ ထိုနေရာတွင် လူမျိုးဟုခေါ်ဆိုရာ (နွှံနြ) စကားလုံးဖြစ်ပြီး တစ်ပါးအမျိုးသားဟု အဓိပ္ပါယ်ပေါက်ပါသည်။ ခရစ်တော်က သီတင်းခုနစ်ဆယ်အတွင်းတွင် တစ်ပါးအမျိုးသာများထံသို့မသွားရန်၊ သို့သော်လည်း သူ့အနေဖြင့် ပြောဆိုရာတွင် နိုင်ငံတော်သည် သူတို့ထံမှနုတ်ယူ၍ တစ်ပါးအမျိုးသာများ လက်သို့ပေးအပ်ရန် ပြောဆိုပြန်ပါသည်။

         ရှင်မဿဲခရစ်ဝင် ၂၁း၄၃ “ထိုကြောင့် ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကိုသင်တို့မှ နုတ်၍ နိုင်ငံတော်၏ အသီးကို သီးအံ့သော လူမျိုးအားပေးရလတ္တံ့။

         ယုဒလူမျိုးတို့သည် ဘာသာရေးဖြင့် အုပ်ချုပ်သော အချိန်ကာလတွင် ကရုဏာတံခါးသည် မည်သည့်အချိန်ကာလ ပိတ်သွားသည်ကို အချို့သော သက်သေခံအထောက်အထားကို ရှာဖွေသင့်ပါသည်။ ၎င်းနောက်အခြားသော တံခါးသည်လည်း တစ်ပါးအမျိုးသားများထံသို့ ဧဝံဂေလိသတင်းစကားဟောပြောရန်အတွက် ပွင့်သွားမည်ဖြစ်ပါသည်။ သတေဖန်ကို ကျောက်ခဲဖြင့် ပစ်သတ်ခဲ့သော ဂိုဏ်းခေါင်းဆောင်သည် ဂျူးဘာသာကို လက်ခံထားသည့် တာရ်ှုမြို့သားရှောလုနှင့် များစွာတိုက်ဆိုင်နိုင်ပါသည်။

         တမန်တော်ဝတ္ထု ၂၂း၂၀၊ ၂၁ “ကိုယ်တော်၏ သင်သေခံဖြစ်သော သတေဖန်၏ အသွေးကို သွန်းသောအခါ အကျွန်ုပ်သည် အနား၌ နေလျက်၊ ကွပ်မျက်ခြင်းအမှုကို ဝန်ခံ၍ ကွပ်မျက်သော သူတို့၏ အဝတ်ကို စောင့်နေပါ၏ဟု လျှောက်ဆိုလျှင် သခင်ဘုရာက၊ သွားလော့။ ငါသည် တစ်ပါးအမျိုးသားတို့ရှိရာသို့ သင့်ကို ဝေးလှစွာစေလွှတ်မည်ဟု အကျွန်ုပ်အား မိန့်တော်မူသည်ဟု ပေါလုမြွက်ဆို၏။

         တမန်တော်အခန်းကြီး ၁-၁၁ အထိ။ ရိုးစင်းသော တည်ဆောက်ပုံတွင် သတေဖန်ကျောက်ခဲဖြင့် ပစ်သတ်ခံရသောအမှု၌ ဘုရားသခင်၏ ဧဝံဂေလိသတင်းစကားကို လူမျိုးနှင့် တစ်ပါးအမျိုးသားများထံသို့ ကူပြောင်းယူဆောင်သွားသော အချိန်စပ်ကြားတွင် ညွှန်ပြခြင်းဖြစ်သည်။

၁။     ယေရုရှလင်မြို့ နှင့် ယုဒပြည် (တ ၁-၆)

၂။     သတေဖန်ကျောက်ခဲဖြင့်ပစ်သတ်ခံရခြင်း (တ ၇)

၃။     ရှမာရိပြည် (တ ၈)

၄။     ရှောလု၏ အသက်တာပြောင်းလဲခြင်း (တ ၉)

၅။     တစ်ပါးအမျိုးသားများထံသို့ ဧဝံဂေလိစတင်းစကား - မြေကြီးစွန်းတိုင်အောင် (တ ၁၀-၂၈)

         တမန်တော်ဝတ္ထု ၁း၈ “ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော်ဆင်းသက်သောအခါ၊ သင်တို့သည် တန်ခိုးကို ခံရ၍ ယေရုရှလင်မြို့ မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏ သင်သေဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။

         တမန်တော်ဝတ္ထု ၁၃း၁-၃ “အန္တိအုတ်မြို့ တွင်ရှိသော အသင်းတော်၌ ဗာနဗမှစ၍ နိဂါဟုခေါ်ဝေါ်သော ရှုမောင်၊ ကုရေနေပြည်သားလုကိ၊စော်ဘွားဟေရုဒ်၏ သူငယ်ချင်းအရင်းဖြစ်သော မာနင်နှင့် ရှောလုတည်းဟူသော ပုရောဖက်ပြုသူ၊ ဆရာပြုသူရှိကြ၏။ ထိုသူတို့သည် သခင်ဘုရားဝတ်ကို ပြု၍ အစာကို ရှောင်ကြစဉ်၊ သန့်ရှင်းသောဝိညာဉ်တော်က၊ ငါခန့်ထားသောအမှုကို ဆောင်ရွက်စေခြင်းငှာ ဗာနဗနှင့် ရှောလုတို့ကို ရွေးချယ်ခွဲထားကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ အစရှောင်၍ ပတ္ထနာပြုလျက်၊ ထိုသူတို့ခေါင်းပေါ်မှာ လက်ကို တင်၍ လွှတ်လိုက်ကြ၏။

         ရှင်ပေါလု၏ တရားဝင် အမှုတော်ဆောင်ခြင်းတွင် ဤနေရာဖော်ပြခဲ့ပါသည်။ ပေါလုနှင့် ဗာနဗတို့သည် ဧဝံဂေလိသာသနာ လုပ်ငန်းကို ဆောင်ရွက်ရန် လက်တင်မင်္ဂလာကို ခံယူခဲ့ပါသည်။ ၎င်းနောက် သူတို့သည် ပိသိဒိပြည်၊ အန္တိအုတ် မြို့ သို့သွား၍ ပေါလုသည် ဗိမာန်တော်တွင် ယုဒလူမျိုးတို့အား ရှည်လျားသော တရားဟောချက်ကို ဟောကြားခဲ့ပါသည်။ (အခန်းငယ် ၁၆း၄၁) တစ်ပါးအမျိုးသာတို့သည် သူတို့အားဟောပြောပေးရန် ပေါလုကို တောင်းပန်ကြပါသည် (အခန်းငယ် ၄၂-၄၃)။ ဥပုသ်တော်နေ့နောက်အပတ်တွင် ဘုရားသခင်၏ သတင်းစကားကို နားထောင်ရန် မြို့သူမြို့ သားများအားလုံး လာရောက်နားထောင်ကြပါသည် (အခန်းငယ် ၄၄)။ ဤအကြောင်းကြောင့် ယုဒလူမျိုးတို့၏ မနာလိုဝန်တိုစိတ်တိုဆွပေးလျက် သူတို့သည်လည်း ဆန့်ကျင်ဘက်ပြောဆိုခြင်းနှင့် ဘုရားသခင်၏ နာမကို ပုတ်ခတ်ပြောဆိုကြပါသည် (အခန်းငယ် ၄၅) ။ ဤအကြောင်းကြောင့် ပေါလုတရားဟောပြောရန် လိုအပ်လာပါသည်။

         တမန်တော်ဝတ္ထု ၁၃း၄၆၊ ၄၇ “ထိုအခါ ပေါလုနှင့် ဗာနဗတို့က၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တရားတော်ကို သင်တို့အားရှေးဦးစွာ ဟောပြောရ၏။ သို့သော်လည်း သင်တို့သည် ပယ်၍ ထာ၀ရအသက်ကို မိမိတို့မခံထိုက်သည်ဟု မိမိတို့စီရင်ကြသောကြောင့်၊ ထာ၀ရဘုရားသည် မှာတော်မူသည်အတိုင်း ငါတို့သည် မျက်နှာကိုလွှဲ၍ တစ်ပါးအမျိုးသားတို့ဆီသို့ လှည့်ကြ၏။ မှာတော်မူသော ဗျာဒိတ်တော်အချက်ကား၊ သင်သည် မြေကြီးစွန်းတိုင်အောင် ကယ်တင်ခြင်းကို ပြုစိမ့်သောငှာ၊ သင့်ကို တစ်ပါးအမျိုးသားတို့ လင်းစရာဖို့ ငါခန့်ထားပါဟု ဗျာဒိတ်တော်ရှိသည်ဟု ရဲရင့်စွာပြောဆိုကြ၏။

ခရစ်ယာန်တရားတော်နှင့် ဆိုင်သော ကမ္ဘာ

         ကြွလာမည့်သခင်အကြောင်း ခရစ်ယာန်လောက၌ ဟောပြောကြသည်တွင် အသင်းတော်သည် နှစ်ထောင်းအားရတော်မူသော အချိန်၌ ကောင်းကင်သို့ လှမ်းဆွဲချီဆောင်သည့် နောက်ပိုင်းတွင် ရောက်လာမည့် အန္တီခရစ်ကို မျှော်လင့်ခြင်းဖြစ်ပြီး ခရစ်တော်ကို ဗဟိုပြုသည့်အနေအထားကဲ့သို့ အန္တီခရစ်ကို ပုရောဖက် အနာဂတ္တိကျမ်း၏ ဗဟိုပြုချက်တွင်ထားလျက် ဆိုးရွားပြင်းထန်သော အပြစ် သင်္ချိုင်းမှ လူမျိုးတို့အား အပြစ်ခွင့်လွှတ်မည်ဖြစ်ပါသည်။

         ချိုငယ်၏ အနက်အဓိပ္ပါယ်ကို ကောက်ယူသောအခါ အနာဂတ္တိအန္တီခရစ်ကဲ့သို့ နှစ်ထောင်းအားရသော အချိန်နောက်ပိုင်းတွင် တန်ခိုးကြီးလာမည်ဖြစ်ပြီး သူတို့သည် ခရစ်တော်ခန္ဓာကိုယ်ကို လက်ဝါးကပ်တိုင်တွင် ရိုက်ထားခြင်းမှ ရောမဗရင်ဂျီ၏ အသင်းတော်ကို အပြစ်မှ ခွင့်လွတ်သည်။

နှစ်ပေါင်း၂၃၀၀ ကို အဆုံးသတ်ခြင်း

         နှစ်ပေါင်း နှစ်ထောင့်သုံးရာသည် ဘီစီ ၄၅၇ တွင် အစပြုပါသည်။ ပထမနှစ်ပေါင်း ၄၉၀ သည် ဘီစီ ၄၅၇ မှ နေ၍ အေဒီ ၃၄ အထိဖြစ်ပြီး (သုညနှစ်မရှိပါ)။ ထိုကြောင့် ၂၃၀၀ အထဲမှ ၄၉၀ ကိုနုတ်ပါ။ လက်ကျန်မှာ ၁၈၁၀ ဖြစ်ပါသည်။ ထို့ကြောင့် တဲတော်ကို ဆေးကြောသည့်နေ့စွဲကို ဆုံးဖြတ်ရန် အေဒီ ၃၄ ကို ကျော်လွန်၍ ၁၈၁၀ နှစ်သို့ သွားရမည်။ ထိုနှစ်မှာ ၁၈၄၄ ခုနှစ်ဖြစ်သည်။ နောက်လာမည့်တရားဟောချက်တွင် ဗိမာန်တောဆေားကြောခြင်းအကြောင်းကို ဆက်လက်လေ့လာမည်။

ရှင်မဿဲ ၂၂း၁-၁၄ တွင် ဥပမာစကား

         အချိန်ရှိခဲ့ပါသော် ရှင်မဿဲခရစ်ဝင် ၂၂း၁-၁၄ အထိတောင်လျှောက်ကြည့်ပါ။ အဘယ်ကြောင့်ဆိုသော် သီတင်းခုနစ်ဆယ်၊ ခရစ်တော်အသေခံခြင်း၊သတင်းယူဆောင်သူများကို ထပ်မံပို့ဆောင်ခြင်း၊ တစ်ပါးအမျိုးသားများထံသို့ ဧဝံဂေလိသတင်းစကားယူဆောင်ခြင်းနှင့် အားလုံးလူတို့ပါဝင်သော တရားစီရင်ခြင်း အဖြစ်အပျက်များတွင် ပါဝင်ပတ်သက်မှုရှိကြောင်းကို ပြပါသည်။

         ရှင်မဿဲခရစ်ဝင် ၂၂း၁-၁၄ “တစ်ဖန်ယေရှုသည် ဥပမာကို ဆောင်၍ ပရိသတ်တို့အားမိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် မိမိသားအဖို့ ထိမ်းမြားမင်္ဂလာဆောင်ပွဲကို စီရင်သောမင်းကြီး နှင့် တူ၏။ ထိုမင်းကြီးသည် ဖိတ်ပြီးသော သူတို့ကို ခေါ်စေခြင်းငှာ လုလင်တို့ကို စေလွှတ်သောအခါ ထိုသူတို့သည် မလာဘဲနေကြ၏။ တစ်ဖန်အခြားသော လုလင်တို့ကို စေလွှတ်၍ ငါ့ပွဲကိုငါပြင်ဆင်ပြီ။ နွားမှစသော ဆူဖြိုးသော တိရစ္ဆာန်များကို သတ်၍ပြီးပြီ။ အလုံးစုံတို့သည် အသင့်ရှိပြီ။ မင်္ဂလာဆောင်ပွဲသို့ လာကြပါဟု ဖိတ်ပြီးသော သူတို့အားပြောကြဟု မှာလိုက်ပြန်၏။ သို့သော်လည်း ထိုသူတို့သည် နားမထောင်ဘဲ အချို့တို့သည် မိမိလယ်သို့သွားကြ၏။ အချို့တို့သည် ကုန်သွယ်ရာသို့သွားကြ၏။ ကြွင်းသော သူတို့သည်လည်း လုလင်တို့ကို ဖမ်းဆီး၍ ညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကို ပြုကြ၏။ ထိုမင်းကြီးသည် ကြာလျှင် အမျက်ထွက်၍ စစ်ချီစေသဖြင့် ၊ လူအသက်ကို သတ်သော ထိုသူတို့ကို အပြီးလုပ်ကြံ၍ သူတို့၏ မြို့ကို မီးရှို့လေ၏။ထိုနောက်မှ မင်းကြီးသည် လုလင်တို့ကို ခေါ်၍ ငါ၏ မင်္ဂလာဆောင်ပွဲသည် အသင့်ရှိ၏။ ခေါ်ဖိတ်သော သူတို့သည် မထိုက်မတန်သောကြောင့်၊ လမ်းမ လမ်းကြားသို့ သွား၍ တွေ့သမျှသော သူတို့ကို ပွဲသို့ ခေါ်ဖိတ်ကြဟု အမိန့်တော်ရှိသည်အတိုင်း၊ လုလင်တို့သည် လမ်းများသို့ ထွက်သွား၍ ကောင်းမကောင်းတွေ့သမျှသော လူအပေါင်းတို့ကို စုဝေးစေ၍ ပွဲတော်၌ အပြည့်ရှိလေ၏။  မင်းကြီးသည် ပွဲ၌ လျောင်းသောသူတို့ကို ကြည့်ရှုခြင်းငှာ ဝင်တော်မူသောအခါ၊ မင်္ဂလာဆောင်ပွဲ၏အဝတ်ကို မဝတ်သော သူတစ်ယောက်ကို မြင်လျှင်၊ အဆွေ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်မရှိဘဲ အဘယ်ကြောင့် ဝင်သနည်းဟု မေးတော်မူသည်ကို ထိုသူသည် မပြောနိုင်ဘဲနေ၏။ ထိုအခါမင်းကြီးသည် အခြံအရံတို့အား ထိုသူ၏ လက်ခြေကို တုတ်နှောင်လော့။ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ ယူသွားချလိုက်ကြဟု အမိန့်တော်ရှိ၏။ ထိုသို့ခေါ်တော်မူသော သူအများရှိသော်လည်း၊ ရွေးကောက်တော်မူသော သူနည်းသည်ဟု မိန့်တော်မူ၏။

No comments:

Post a Comment