(၁၅) သီတင်းခုနစ်ဆယ်၏ အနာဂတ္တိစကား (အပိုင်း - ၁)
ဆုတောင်းပြီးမှ စတင်လေ့လာပါ။
ဒံယေလအနာဂတ္တိကျမ်း
၉း၂၅-၂၇ “ထိုကြောင့် ယေရုရှလင်မြို့ကို တစ်ဖန်တည်ထောင်ပြုစုစေခြင်းငှာ
အမိန့်တော်ရှိသည့်နေ့မှစ၍ ခရစ်တော်သခင်၏ လက်ထက်တိုင်အောင်၊ ခုနှစ်ဆယ်သီတင်းနှင့်
ခြောက်ဆယ်နှစ်သီတင်းကြာလိမ့်မည်ဟု သတ်မှတ်နားလည်လော့။ အနှောင့်အယှက်ခံရသောကာလ၌
မြို့လမ်းကို တစ်ဖန်တည်ထောင်ပြု စု ရမည်ဟု စီရင်ဆုံးဖြတ်ခြင်းရှိ၏။
ထိုသီတင်းခြောက် ဆယ်နှစ်သီတင်းလွန်ပြီးမှ ခရစ်တော်သည် အခွင့်မရဘဲ အသေသတ်ခြင်းကို
ခံရလိမ့်မည်။ ထိုနောက်မှလာသော သခင်၏ လူတို့သည် မြို့တော်ကိုလည်းကောင်း၊
သန့်ရှင်းရာဌာနကိုလည်းကောင်း ဖြိုဖျက်ကြလိမ့်မည်။ ရေလွှမ်းမိုးသော အားဖြင့်
ဆုံးရှုံးခြင်းဖြစ်လိမ့်မည်။ အဆုံးတိုင်အောင် စစ်တိုက်ခြင်း၊ ပျက်စီးရာနှင့်
ဆိုင်သော စီရင်ဆုံးဖြတ်ခြင်းရှိလိမ့်မည်။ တစ်သီတင်းတွင် (လည်မည့်အရှင်သည်)
လူအများတို့နှင့် ပဋိညာဉ်ဖွဲ့ခြင်းရှိ၍ ထိုသီတင်းတစ်ဝက်ကို ယဇ်ပူဇော်ခြင်းနှင့်
ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။ ရွံရှယ်ဖွယ်သော အရာ၏ အထွတ်ပေါ်သို့
ဖျက်ဆီးသောသူသည် (သော့ချက်စကား) ရောက်၍၊ စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းသည်
ပျက်စီးအပ်သော သူတို့ကို မလွှမ်းမိုးမီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု
ပြောကြား၏။”
အမိန့်တော်
ဒံယေလအနာဂတ္တိကျမ်း
၉း၂၅ “ထိုကြောင့် ယေရုရှလင်မြို့ကို တစ်ဖန်တည်ထောင်ပြုစုစေခြင်းငှာ
အမိန့်တော်ရှိသည့်နေ့မှစ၍ .......”
“ယနေ့မှစ၍.... ထိုသို့တိုင်အောင်” ပုံသေကိန်းဖြစ်သော သီတင်းခုနစ်ဆယ်သည် သေချာသည့် အစနှင့်အဆုံး၏ ညွှန်ပြကိန်းကို ပြသထားပါသည်။
အမိန့်တော်ဆိုသည့်စကား၌ ဒံယေလအနာဂတ္တိကျမ်း ၉း၂၃ တွင် အသုံးပြုပြီး ဒံယေလသည်
မကြာမီစတင်ဆုတောင်းသောအခါ၌ ဂါဗြေလသည် ဒံယေလ ဗျာဒိတ်ရူပါရုံ အမိန့်တော်ကို
နားလည်ရန်ကူညီသည်။
တည်ထောင်ပြုစုစေခြင်း
ယေရုရှလင်မြို့ကို
တည်ထောင်ရန် နှင့် ပြုစုရန် ဆိုသည့်စကားတို့သည် မည်သည့်အရာကို ဆိုလိုပါသနည်း။
ဤအချက်ကို ကျွန်ုပ်တို့နားလည်ရန် ယေရုရှလင်မြို့ဆိုသည့် စကားသည် မည်သည့်အရာကို
ဆိုလိုပါသနည်း။ ယေရုရှလင်မြို့သည် သဘာ၀မြို့၏ အဆောင်အဦနှင့် နံရံများသာလျှင်မကဘဲ၊
လူမှုရေး၊ ဘာသာရေးနှင့် နိုင်ငံရေးလှုပ်ရှားမှု၏ တည်ရှိမှုတွင် လူသား၊
ကုန်သွယ်ခြင်း၊ အုပ်ချုပ်သူများ၊ ရာဇဝတ်တရားသူကြီးများ၊ တရားသူကြီးများ၊
တရားဥပဒေနှင့် ဘာသာရေးဥပဒေများပါဝင်သည်။ အသိုက်အဝန်းအစီအစဉ်အရ
လုပ်ကိုင်ဆောင်ရွက်နိုင်ရန် မြို့တော်သည် မိမိ၏ နိုင်ငံအပေါ်တွင် ကိုယ်ပိုင်
အုပ်ချုပ်မှုအပြင် တရားဝင်၍ လွတ်လပ်သော အချုပ်အခြာအာဏာရှိရမည်။ ယေရုရှလင်မြို့၏
ဖမ်းဆီးခံထားရခြင်းသည် သဘာ၀မြို့ပျက်စီးခြင်းထက် ပါဝင်ပတ်သက်ပါသည်။ စင်စစ်အားဖြင့်
မြို့တော်သည် ၆၀၅ ဘီစီတွင် သဘာ၀မြို့ကို နေဗုခဒ်နေဇာမင်းကြီးက စစ်တပ်ဖြင့်
ဝန်းရံထား၍ သဘာ၀မြို့သည် ပျက်စီးခြင်းမတိုင်မီအုပ်ချုပ်မှုတွင် ဆုံးရှုံးခဲ့ပါသည်။
ရှင်ဘုရင်သည် ယောယကိမ်ကိုသော်လည်းကောင်း၊ ဘုရင်အမျိုးအနွယ်နှင့်
ဘုရင့်သားတော်ကိုသော်လည်းကောင်း ဖမ်းသွားပါသည်။ ယေရုရှလင်မြို့သည် သူမ၏ နိုင်ငံရေး
ဆိုင်ရာအုပ်ချုပ်တွင် ဆုံးရှုံးခဲ့ပါသည်။ ယေရုရှလင်မြို့သည် ဤအချိန်၌
ဖျက်ဆီးခြင်းမခံခဲ့ရေသာ်လည်း နှစ်ပေါင်းခုနစ်ဆယ်ဖမ်းဆီးသွားခြင်းသည် ဤအချိန်တွင်
စတင်ခဲ့ပါသည်။
ဓမ္မရာဇဝင်စတုတ္ထစောင် ၂၄း၁၄-၁၆ နေဗုခဒ်နေဇာမင်းသည် ယေရုရှလင်မြို့ကို သိမ်းယူ၍ လူတို့ကို ဖမ်းဆီးခဲ့ပါသည်။ ဤနေရာတွင်ယေရုရှလင်သည် နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးနှင့်စစ်ရေးခေါင်းဆောင်များ ဖြစ်လာပါသည်။ “ယေရုရှလင်မြို့သားမÈ;မတ်၊ ခွန်အားကြီးသော သူရဲ တစ်သောင်း၊ အထူးထူးအပြားပြားသော ဆရာသမားအပေါင်းတို့ကို သိမ်းသွား၍၊ သားမညဆင်းရဲသားမှတစ်ပါး အဘယ်သူမျှမကျန်ကြွင်းရ၊ ယေခေါနိနှင့် မယ်တော် အစရှိသော မိဖုရားများ၊ အရာရှိများ၊ အားကြီးသော၊ ပြည်သားများအပေါင်း - - - - ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ လက်ရသိမ်းသွားလေ၏။”
ဓမ္မရာဇဝင်စတုတ္ထစောင်
၁၄း၂၂ တည်ထောင်ပြုစုစေခြင်းတစ်ခုနှင့် တစ်ခုတော် စပ်မှုရှိသော်လည်း ခြားနားမှု
နှစ်မျိုးရှိသည်။ “ထိုမင်းသည် ခမည်းတော်သေသည်နောက် ဧလတ်မြို့ကို ပြုစု၍
ယုဒနိုင်ငံထဲသို့သွင်းပြန်၏။” အမိန့်ဒီဂရီပေးရာတွင် မှန်ကန်သည့် ဘက်၌ ဖြစ်စေရန်
အဆောက်အဦနှင့် နိုင်ငံရေးအုပ်ချုပ်မှု စနစ်တို့ကို မိန့်ခွန်းပြောရမည်ဖြစ်သည်။
အမိန့်ဒီစရိ ၄ ခု
၁။ ကုရုမင်းကြီး။ ၅၃၆ ဘီစီတွင်
(ဧဇရမှတ်စာ ၂း၁-၄။ ယေဇကျေလအနာဂတ္တိကျမ်း ၃၆း၂၃) ဗိမာန်တော်ကိုသာ ပြန်လည်တည်ဆောက်ရန်
ခွင့်ပြုခဲ့ပါသည်။ ယေရုရှလင်မြို့ကို ပြန်၍တည်ဆောက်ရန် ခွင့်မပြုခဲ့ပါသည်။
ယေရုရှလင်မြို့ကို ပြန်၍တည်ဆောက်ရန်နှင့် ပြန်လည်ပေးအပ်ရန် ကိစ္စတွင်
ဘာမျှမပြောပါ။
၂။ ဒါရိမင်း-၁။ ၅၂၀ ဘီစီတွင် (ဧဇရမှတ်စာ ၆း၃-၁၂။ နေ ၂။ ဟဂ္ဂဲ) ၅၃၆ ဘီစီတွင် ဘုရားသခင်၏ လူတို့သည် ယေရုရှလင်သို့ ပြန်သွားခဲ့ရာ ရှမာရိလူတို့သည် ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ဖို့ရန် ရပ်နားစေခဲ့ပါသည်။ ၁၆ နှစ်နောက်ပိုင်းတွင် ဒါရိမင်းကြီးသည် ကုရုမင်းကြီး၏ အမိန့်တော်ကို အတည်ပြုပေးခဲ့ပါသည်။ ဤအမိန့်ဒီဂရီတွင်လည်း မြို့တော်ကို ပြန်လည်တည်ဆောက်ခြင်းနှင့် ပြန်လည်ပေအပ်ခြင်းတွင်လည်းကောင်း၊ ပြည်သူနှင့် ဘာသာရေးအဆောက်အဦးအနေအားဖြင့် လည်းကောင်း ဘာမျှမပြောဆိုခဲ့ပါ။
၃။ ဘုရင်အာတေဇရစ်-၁။ ၄၄၅ ဘီစီ၏
ဆောင်းဦးကာလအချိန်တွင် (ဧဇရမှတ်စာ ၇း၁၂-၂၆ ) ဧဇရမှတ်စာ ၆း၁၄-၁၅ တွင် ဖော်ပြချက်အရ
ဤအမိန့်ဒီဂရီသည် တတိယအကြိမ်ဖြင့် ပါးရှားဘုရင်များက ပေးခဲ့ပြီး အခြားသော
အမိန့်ဒီဂရီနှစ်ခုတွင် သမိုင်းနှင့် မသင့်လျော်ပါ။
၄။ ဘုရင်အာတေဇရဇ်-၁။ ၄၄၅ဘီစီအချိန်၌
၄၅၇ ခုနှစ်အမိန့်ဒီဂရီနောက်ပိုင်းတွင် ယုဒလူမျိုးတို့၏ ရန်သူများသည် မြို့ကို
ပြန်လည် တည်ဆောက်ခြင်းလုပ်ငန်းနှင့် ပြန်လည်ပေးအပ်ခြင်းတွင် မိမိတို့အာဏာ တန်ခိုးရှိသရွေ့
ရပ်နားထားခဲ့ပါသည်။ သူတို့သည် ပုံမှန်အတိုင်း ဘုရင်မင်းမြတ်ကို စာအားဖြင့်
ရေးသားတိုင် ကြားသောကြောင့် နောက်ဆုံးတွင် အဆောင်အဦကို ပြန်လည်တည်ဆောက်ခြင်းနှင့်
ပြန်လည်ပေးအပ်ခြင်း အခွင့်တို့ကို ပြန်လည်ရုပ်သိမ်းခံခဲ့ရပါသည်။ ဤနေရာတွင်
အမိန့်ဒီဂရီ သက်သက်သာမဟုတ်ဘဲ ပထမဆုံးပေးခဲ့သော အမိန့်ဒီဂရီဖြစ်သည်။
ပုရောဖက်ယေရမိကို ပေးခဲ့သော အခွင့်ဖြစ်သည့် ယေရုရှလင်မြို့သို့ ပြန်သွား၍
မြို့နှင့် နံရံတို့ကို ပြန်လည်တည်ဆောက်ခြင်းတွင် ပြန်လည်၍
အခိုင်အမာမြို့ခြင်းမျှသာ ဖြစ်သည်။
ဧဇရမှတ်စာ ၇း၁၃
တွင် (DABAR) ဆိုသောစကားသည် ဘုရင်အာတေဇရဇ်၏ ထိုအမိန့်ဒီဂရီကို
ညွှန်ပြထားပါသည်။”ငါ့နိုင်ငံ၌ ရှိသော ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်၊
လေဝိသားတို့တွင် ယေရုရှလင်မြို့သို့ ကိုယ်အလိုအလျောက်သွားချင်သော သူရှိသမျှတို့သည်
သင်နှင့် အတူလိုက်ပါရမည်အကြောင်း ငါ့အမိန့်တော်ရှိ၏။”
အကျိုးအကြောင်းသုံးချက်အတွက် အမှန်တစ်ခု
သက္ကရာဇ် ၄၅၇ ခုနစ်တွင် ဘုရင်အာတဇေရဇ်-၁ ထုတ်ပြန်သော အမိန့်ဒီဂရီသည် အကြောင်းရင်းသုံးရပ်တွင် အမှန်တစ်ခုဖြစ်ရမည်။
ပထမအချက်အနေဖြင့်
- အခြားသော အမိန့်ဒီဂရီသည် ခရစ်တော်၌ ပြည့်စုံရန်စောလွန်းသည် (သို့မဟုတ်)
နောက်ကျလွန်းသည်ဟု ထင်ကြသည်။ နှစ်ပေါင်း ၄၉၀ ကို ၅၃၆ တွင် အစပြုပါက
ကျွန်တော်တို့သည် ၄၆ ဘီစီ ခုနှစ်တစ်ဝိုက်တွင်ရှိမည်။ အကယ်၍ ၅၂၀ ခုနှစ်တွင်
အစပြုပါက ကျွန်တော်တို့သည် ၃၀ ဘီစီတစ်ဝိုက်တွင်ရှိမည်။ အကယ်၍ ၄၄၅ ဘီစီတွင်
အစပြုပါက ကျွန်တော်တို့သည် ၄၅ ဘီစီတစ်ဝိုက်တွင် ရှိပါက ဝေးစွာနောက်ကျလွန်းသည်။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည် အသေခံပြီးသည်နောက် ကောင်းကင်သို့ ၃၁ ဘီစီတွင်
တက်ကြွခဲ့သည်။
ဒုတိယအချက်အနေဖြင့်
(ဧဇရမှတ်စာ ၇း၁၃။ ဒံယေလ ၉း၂၃) တွင် အသုံးပြုသောစကားအတိုင်းကိုသာ တွေ့မြင်ရသည်။
တတိယအချက်အနေဖြင့်
ဤအမိန့်ဒီဂရီတစ်ခုတည်းသာ ဣသရေလ လူမျိုးတို့၏ အဆောက်အဦးနှင့် နိုင်ငံရေးအားဖြင့်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွင် ပြန်လည် တည်ဆောက်ခြင်းနှင့် ပေးအပ်ခြင်းကို
ခွင့်ပြုခဲ့ပါသည်။
ဧဇရမှတ်စာ ၇း၁၂
တွင် “ဘုရင်တို့၏ ဘုရင်အာတဇေရဇ်သည် ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင့်
တရားကျမ်းတတ်ဆရာ၊ ယဇ်ပုရောဟိတ်ဧဇရ၌ ခပ်သိမ်းသော မင်္ဂလာဖြစ်စေသောဟူ၍ ဤမည်သော
ကာလတွင် မှာလိုက်၏။”
ဧဇရမှတ်စာ
၇း၁၃-၁၄”ငါ့နိုင်ငံ၌ ရှိသော ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့တွင်
ယေရုရှလင်မြို့သို့ ကိုယ်အလိုအလျောက်သွားချင်သော သူရှိသမျှတို့သည် သင်နှင့်
အတူလိုက်သွားရမည် အကြောင်း ငါအမိန့်တော်ရှိ၏။ အကြောင်းမူကား၊ သင်၏
ဘုရားသခင့်တရားကို သင်လေ့ကျက်သည်အတိုင်း၊ ယုဒပြည်ယေရုရှလင်မြို့၌ တရားအမှုများကို
မေးမြန်းစစ်ဆေးစေခြင်းငှာလည်းကောင်း။”
ဧဇရမှတ်စာ ၇း၂၅-၂၆ “သင်ဧဇရသည်လည်း သင်၏ ဘုရားသခင့် တရားကို နားလည်သော မြစ်အနောက်ဘက်သား အပေါင်းတို့တွင် တရားမှုကို စီရင်စေခြင်းငှာလည်းကောင်း၊ မသိသောသူတို့ကို သွန်သင်စေခြင်းငှာ လည်းကောင်း၊ မင်းများ၊ တရားသူကြီးများကို သင်၏ ဘုရားသခင့်ဉာဏ်နှင့် သင်ပြည့်စုံသည်အတိုင်းခန့်ထားလော့။ သင်၏ဘုရားသခင့်တရားနှင့် ရှင်ဘုရင်အမိန့်တော်ကို ငြင်းဆန်သောသူမည်သည်ကား အသေသတ်ခြင်း၊ နှင်ထုတ်ခြင်း၊ ဥစ္စာသိမ်းယူးခြင်း၊ ထောင်ထဲမှာလှောင်ထားခြင်းတည်းဟူသော ရာဇဝတ်တစ်စုံတစ်ခုကို အလျင်အမြန်ခံစေဟု အမိန့်တော်စာ၌ပါသတည်း။”
ကျွန်တော်တို့ နေစွဲကို သိနိုင်မည်လား
၄၅၆ ဘီစီခုနှစ်သည်
ရှေးအချိန်နေ့စွဲများကို အလွန်ခိုင်မာစွာ ထူထောင်ခဲ့သော အချိန်ဖြစ်ပါသည်။
သမိုင်းအရသော်လည်းကောင်း၊ သမ္မာကျမ်းစာအရသော်လည်းကောင်း၊ ရှေးဟောင်းသုတေသနပညာရပ်
သော်လည်းကောင်း၊ နက္ခတ်ပညာရပ် သော်လည်းကောင်း ပေးထားသော အချက်အလက်အရာများ အားလုံး၏
နေ့စွဲများကို တိကျမှန်ကန်စွာ ညွှန်ပြထားပါသည်။Siegfried
Hour ESifh Kemeth Wood တို့ရေးသားသော ဧဇရမှတ်စာအခန်းကြီး ၇ ၏ သမိုင်းဝင်
ဖြစ်ရပ်များကို ခေတ်ကာလသတ်မှတ်သည့် ပညာရပ်စာအုပ်။
ခုနစ်သိတင်းနှင့် ခြောက်ဆယ်နှစ်သိတင်း
ဒံယေလအနာဂတ္တိကျမ်း
၉း၂၅ တွင် ခရစ်တော်သခင်၏လက်ထက် တိုင်အောင် ခုနစ်သီတင်းနှင့်
ခြောက်ဆယ်နှစ်သီတင်းကြာလိမ့်မည်ဟု သိမှတ်နားလည်လော့. . . .လမ်းနှင့် နံရံ။
အဘယ်ကြောင့် ခုနစ်သီတင်းနှင့် ခြောက်ဆယ်နှစ်သီတင်းတို့ကို ခွဲခြားစွာ တင်ပြရသနည်း။ အဘယ်ကြောင့် ခြောက်ဆယ်ကိုးသီတင်းဖြင့် သာမတင်ပြသနည်း။ အဖြေသည်လွယ်ပါသည်။ ပထမခုနစ်သီတင်း (၄၉) နှစ်သည် ယေရုရှလင်မြို့တော်ကို ဆောက်လုပ်ခြင်းနှင့် ပြန်လည်ပေးအပ်ခြင်းနှင့် ဆက်စပ်မှုရှိခဲ့ပါသည်။
ဒံယေလအနာဂတ္တိကျမ်း
၉း၂၅ တွင် အနှောင့်အယှက်ခံရသော ကာလ၌မြို့လမ်းကို တစ်ဖန်တည်ထောင်ပြုစုရမည်ဟု
စီရင်ဆုံးဖြတ်ခြင်းရှိ၏။
မေရှိယဘုရင် (ခရစ်တော်သခင်)
မေရှိယစကား၏
အဓိပ္ပွါယ်သည် “ဘိသိက်ပေးခြင်း” ကို ဆိုလိုသည်။ မေရှိယသည် ဘိသိက်ခံပြီးသောအခါ
ကျွန်ုပ်တို့တွေ့ရှိလာရမည်ဖြစ်သည်။ သူ၏ အမည်ကိုလည်း ဘုရင့်သားတော်ဟုခေါ်ဆိုပါသည်။
ဒံယေလကျမ်းတွင် ခရစ်တော်ကို “ဗိုလ်ခြေသခင်”ဟု ခေါ်ဆိုပါသည်။ “ပဋိညာဉ်ဖွဲ့ခြင်းနှင့် ဆိုင်သောမင်း”
“ကြီးမြတ်သော မင်းဖြစ်သော မိက္ခေလ”
နှင့် “မင်းတကာတို့၏မင်း” ဟေရှာယက “ငြိမ်သက်ခြင်းအရှင်” ဟုခေါ်ဆိုပါသည်။ တမန်တော်ဝတ္ထုတွင် ပေတရုက “သခင်”ဟု နှစ်ကြိမ်ခေါ်ဆိုခဲ့သည်။
ဒံယေလအခန်းကြီးများတွင်
“မင်း”
ဆိုသောစကားကို အမြဲလိုလို “ခရစ်တော်”
ကိုရည်ညွှန်းပါသည်။
ရှင်ယောဟန်ခရစ်ဝင်
၁း၃၂ တွင် ခရစ်တော်နှစ်ခြင်းခံယူခဲ့ပါသည်။ “ထိုမှတစ်ပါး ဝိညာဉ်တော်သည်
ကောင်းကင်မှချိုးငှက်ကဲ့သို့ ဆင်းသတ်၏ ထိုသူ၏ အပေါ်၌နားတော်မူသည်ကို ငါမြင်ရပြီ။”
ရှင်ယောဟန်ခရစ်ဝင် ၁း၄၀-၄၁ တွင် ပေတရုကို အန္ဒြေက “ငါတို့သည် မေရှိယကိုတွေ့မြင်ခဲ့ပြီ” “ယောဟန်၏စကားကို ကြား၍ နောက်တော်သို့ လိုက်သော သူနှစ်ယောက်တို့တွင် တစ်ယောက်ကား ရှိမုန်ပေတရုညီအန္ဒြေပေတည်း။ ထိုသူသည် မိမိအစ်ကိုရှိမုန်ကို ရှေးဦးစွာတွေ့လျှင် ငါတို့သည် မေရှိ (ခရစ်တော်ဟု ဘာသာပြန်ဆိုထားပါသည်)။ (ဃျွှံနနြီ ဆိုသောစကားကို မည်သည့်နေရာမှရသနည်း) ကို တွေ့မြင်ကြပြီဟု ပြောဆိုလျက်။”
ရှင်လုကာခရစ်ဝင်အခန်းကြီး
၃ တွင် ခရစ်တော်နှစ်ခြင်းခံယူသည်။ ရှင်လုကာခရစ်ဝင်အခန်းကြီး ၄း၁-၁၁ တွင် ခရစ်တော်၏
စုံစမ်းရခြင်းကို တွေ့ရသည်။ ၎င်းနောက် ခရစ်တော်သည် ဂါလိလဲပြည်တွင် သာသနာလုပ်ငန်း
ကို စတင်ခဲ့သည်။
ရှင်လုကာခရစ်ဝင်
၄း၁၄ တွင် ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့် ဂါလိလဲပြည်သို့ပြန်၍ သတင်းတော်သည်
ပတ်ဝန်းကျင်အရပ်တို့၌ အနှံ့အပြားကျော်ဇောလေ၏။ ထိုနောက် ခရစ်တော်သည် သူ၏
လူထုသာသနာလုပ်ငန်းကို
ရှင်လုကာခရစ်ဝင်
၄း၁၈-၁၉ တွင် ပါဝင်သောစကားများအားဖြင့် စတင်ခဲ့ပါသည်။ “ထာ၀ရဘုရား၏ ဝိညာဉ်တော်သည်
ငါ့အပေါ်၌တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သတင်းကို
ကြားပြောစေခြင်းငှာ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ ကြေမွေသော သူတို့၏ အနာကို
ပျောက်စေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက် ရှိသောသူတို့အား
လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသော သူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်းကို
ပြစေခြင်းငှာလည်းကောင်း၊ညှဉ်းဆဲခံရသော သူတို့ကို ကယ်မစေခြင်းငှာလည်းကောင်း၊
ထာ၀ရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှာလည်းကောင်း၊ ငါ့ကို
စေလွှတ်တော်မူပြီဟု လာသတည်း။”
တမန်တော်ဝတ္ထု ၁ဝး၃၆-၃၈ တွင် ခရစ်တော်သည် နှစ်ခြင်းမင်္ဂလာခံယူလာအချိန်၌ သန့်ရှင်းသော ဝိညာဉ်တော်ခံရသောအခါတွင် ဘိသိက်မင်္ဂလာကို ခံယူခဲပါသည်။ “အလုံးစုံတို့ကို အစိုးရတော်မူသော သခင်ယေရှုခရစ်အားဖြင့် ရန်ငြိမ်းခြင်းတရားတည်းဟူသော ဧဝံဂေလိတရားကို ဟောတော်မူလျက်၊ ဣသရေလအမျိုးသားတို့အား ပေးလိုက်တော်မူသော တရားတော်နှင့်အညီ၊ ယောဟန်သည် ဗတ္တိဇံတရားကို ဟောသည်နောက် ဂါလိလဲပြည်မှစ၍ ယုဒပြည်အရပ်ရပ်တို့၌ နှံ့ပြားသောအကြောင်းအရာကို သင်တို့သည်သိကြ၏။ ထိုအကြောင်းအရာဟူမူကား၊ ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် လည်းကောင်း၊ တန်ခိုးတော်နှင့်လည်းကောင်း၊ နာဇရက်မြို့သား ယေရှုကို ဘိသိတ်ပေးတော်မူသဖြင့်၊ ထိုသူသည် ဘုရားသခင်၏ အခွင့်တော်နှင့် ကျေးဇူးပြုလျက်၊ မာရ်နတ်ညှဉ်းဆဲသော သူအပေါင်းတို့အား ချမ်းသာကို ပေးလျက်လှည့်လည်တော်မူ၏။”
ရှင်လုကာခရစ်ဝင်
၃း၁-၂ ခရစ်တော်နှစ်ခြင်းခံသောနေ့စွဲသည် ၂၇ အေဒီဆောင်းဦးအချိန်၌ဖြစ်သည်။
ဆောင်ဦးအချိန်၌ ဖြစ်ကြောင်းကို ကျွန်တော်တို့မည်ကဲ့သို့သိသနည်း။
ရိုးရိုးရှင်းရှင်း ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အာတဇေရဇ်၏ အမိန့်ဒီဂရီသည် ဆောင်းဦးအချိန်၌ဖြစ်ပြီး
မေရှိယသည်လည်း ၄၈၃ ဘီစီနောက်ပိုင်းတွင် ဘိသိက်ပေးခဲ့ပါသည်။ ထို့အပြင်
ခရစ်တော်နှစ်ခြင်း ခံယူပြီးသည်နောက် ဆောင်းဦးပေါက်သုံးနှစ်ခွဲအချိန်တွင်
ဖြစ်ပါသည်။ “ကဲသာ ဘုရင်တိဗေရိနန်းစတစ်ဆယ့်ငါးနှစ်တွင် ယုဒပြည်၌ ပုန္တိပိလတ်သည်
မြို့ဝန်အရာ၊ ဂါလိလဲပြည်၌ ဟေရုဒ်ညီဖိလိပ္ပိုသည် စော်ဘွားအရာ၊ ဣတုရဲပြည်နှင့်
တရာခေါနိတ်ပြည်၌ ဟေရုဒ်ညီဖိလိပ္ပိုသည် စော်ဘွားအရာ၊ အဘိလင်ပြည်၌ လုသာနိသည်
စော်ဘွားအရာ၊ အန္နနှင့် ကယာတို့သည် ယဇ်ပုရောဟိတ်မင်းအရာ၊ အသီးသီးရှိကြသောအခါ၊
တော၌ရှိသော ဇာခရိ၏ သားယောဟန်သည် ဘုရားသခင်၏ ဗျာဒိတ်တော်ကို ခံရ၏။”
ရှင်မဿဲခရစ်ဝင်
၁ဝး၅-၆ အဘယ်ကြောင့် ခရစ်တော်၏ သာသနာပြုလုပ်ငန်းသည် ဣသရေလအမျိုးအတွက်သာလျှင်
ဖြစ်ရသနည်း။ အဘယ်ကြောင့် ဆိုသော် သီတင်းခုနစ်ဆယ်အနာဂတ္တိစကားသည်
ယေရုရှလင်မြို့ကိုဆိုသည့် လူတို့နှင့် ဒံယေလမြို့ အချိန်ကာလအတွက်ဖြစ်ပါသည်။
ခရစ်တော်၏ သာသနာပြုလုပ်ငန်းသည် ယုဒ၏ လူမျိုးအတွက်သာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်
သီတင်းခုနစ်ဆယ်သည် မကုန်ဆုံးသေးသောကြောင့် ဖြစ်သည်။ “ထိုတစ်ကျိပ်နှစ်ပါးသော
သူတို့ကို ယေရှုသည် စေလွှတ်တော်မူ၍၊ သင်တို့သည် တစ်ပါးအမျိုးသားတို့
ရှိရာသို့မသွားကြနှင့်၊ ရှမာရိမြို့ရွာထဲသို့ မဝင်ကြနှင့်။ ဣသရေလအမျိုး၊
ပျောက်လွင့်သော သိုးများရှိရာသို့ အရင်သွားကြလော့။”
ဒံယေလအနာဂတ္တိကျမ်း
၉း၂၆ “ထိုသီတင်းခြောက်ဆယ်နှစ် သီတင်းလွန်ပြီးမှ (မည်သည့်တိတိကျကျအဖြေကို
မဖော်ပြပါ) ခရစ်တော်သည် အခွင့်မရဘဲ အသေသတ်ခြင်းကို ခံရလိမ့်မည်။”
မိမိကိုယ်တိုင်အဖို့မဟုတ်ပါ။
ခရစ်တော်သည်
ကိုယ်စားပြုအသေသတ်ခံရခြင်းဖြစ်သည်။
ဟေရှာယအနာဂတ္တိကျမ်း
၅၃း၅ ခရစ်တော်အသေသတ်ခံရခြင်းသည် သူ၏သေခြင်းတွင် ကိုယ်တိုင်အတွက်မဟုတ်ဘဲ
ကျွန်တော်တို့အတွက်သာလျှင် ဖြစ်သည်။ “ထိုသူသည် ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့်
နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကို
ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည်
အနာပျောက်လျက်ရှိကြ၏။”
ဟေရှာယအနာဂတ္တိကျမ်း
၅၃း၈ အသက်ရှင်သော လူတို့၏ နေထိုင်သည့် နေရပ်တွင် သူသည် ဖြတ်တောက်မှုခံရသည်။ “မတရားစွာ
စီရင်ခြင်းအားဖြင့် သူ့ကို ထုတ်သွားကြ၏။ အသက်ရှင်သော သူတို့၏ နေရာမှာ သူ့ကို
သုတ်သင်ပယ်ရှင်းသည်ဖြစ်၍ သူ၏ အမျိုးအနွယ်ကို အဘယ်သူပြညွှန် မည်နည်း။
ငါ၏လူမျိုးအပြစ်ကြောင့် ဒဏ်ခံတော်မူခြင်းကို ခံလေ၏။
သခင်၏လူများ
ဒံယေလအနာဂတ္တိကျမ်း ၉း၂၆ လာမည့် သခင်၏ လသည် (အနာဂတ္တိစကားပေးခဲ့သည်အတိုင်း) မြို့တော်နှင့် သန့်ရှင်းရာဌာနကိုလည်း ကောင်း ဖြိုဖျက်ကြလိမ့်မည်။ (ယေရုရှင်လင်မြို့တော်သည် နောက်တစ်ကြိမ် ဖြိုဖျက်ခံရဦးမည်ကို ဤနေရာတွင် သတိပြုပါ) ခရစ်တော်သည် အခွင့်မရဘဲ အသေသတ်ခြင်းကို ခံရလိမ့်မည်ဟု ပြောဆိုပြီးသည်နောက် ဆိုသည့်နေရာတွင်မှန်ကန်တိကျပါသည်။ ၎င်းနောက် သခင်၏ လူတို့သည် မြို့တော်ကို ဖြိုဖျက်ကြောင်းကို သိရှိရပါသည်။ မိမိကိုယ်ကို အသေသတ်ခြင်းအားဖြင့် မြို့တော်ကို ဖြိုဖျက်၏) ၎င်းနောက်အဆုံးတွင် မြို့တော်သည် ရေလွှမ်းမိုးခြင်း အားဖြင့် (စစ်တပ်၏ ကျူကျော်ဝင်ရောက်ခြင်းသည် ကျမ်းစာတွင် ရေလွှမ်းမိုးခြင်းကို ပုံဆောင်ပါသည်။ ဟေရှာယအနာဂတ္တိကျမ်း ၈း၇-၈ “အဆုံးတိုင်အောင် စစ်တိုက်ခြင်း၊ ပျက်စီးရာနှင့် ဆိုင်သော (သော့ချက်စကား မဿဲ ၂၃း၃၈) စီရင်ဆုံးဖြတ်ခြင်းရှိလိမ့်မည်။ (ကြိုတင်ဆုံးဖြတ်ထားသည်။)
သခင်နှင့်ပတ်သက်၍ သုံးသပ်ချက်သုံးချက်
(၁) သတ္တမနေ့အသင်း၏
ရိုးရာသုံးသပ်ချက်တွင် သခင်သည်၊ တိတုနှင့် သူ၏အပေါင်းပါတို့၌ အေဒီ ၇၀ ခုနှစ်တွင်
ယေရုရှင်လင်မြို့ကို ပြိုပျက်သော ရောမ၏ စစ်သည်တော်ကို ဆိုလိုသည်။
(၂) သခင်သည်
အနာဂတ်အန္တိခရစ်ဖြစ်ပြီး လူတို့သည် ယုတ်မာသော နောက်လိုက်သူများ ဖြစ်ကြသည်။
(၃) သခင်သည်
ခရစ်တော်ဖြစ်ပြီး လူတို့သည် ရောမလူတို့ဖြစ်ကြသည်။ ဤအချက်များတွင် မည်သည့်အချက်တွင်
မှန်သနည်း။
သုံးသပ်ချက်နံပါတ်
၁ တွင် မကျော်လွှားနိုင်သော ပြဿနာကဲ့သို့ ပေါ်လွင့်ပါသည်။ အခန်းငယ် ၂၇ တွင်
ပေါ်လာမည့်သခင်သည် အရာသုံးခုကို လုပ်ဆောင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
(၁) တစ်သီတင်းတွင်
လူအများတို့နှင့် ပဋိညာဉ်ဖွဲ့ခြင်းတွင် အတည်ပြုခြင်း။
(၂) နောက်ဆုံးထိုသီတင်းတစ်ဝက်တွင်
ယဇ်ပူဇော်ခြင်း၊ ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။
(၃) ယေရုရှလင်မြို့တော်ကို
ပျက်စီးယိုယွင်းစေမည်။
တိတုသည် ဤစံနှုန်းများတွင် တစ်ခုတည်းသာလျှင် သင့်လျော်ပါသည်။ သူသည် ယေရုရှလင်မြို့တော်ကို ပျက်စီးယိုယွင်းစေခဲ့ပါသည်။ တိတုသည်တစ်သီတင်းအတွက် ယုဒလူမျိုးနှင့် ပဋိညာဉ်ဖွဲ့သည်ကို အတည်မပြုခဲ့ပါ။ သူသည် ယဇ်ပူဇော်ခြင်းနှင့် ပူဇော်သကာတို့ကို အဆုံးတိုင်အောင် ယူဆောင်ခဲ့ရာတွင် မှန်ပါသည်။ သို့သော် ပြဿနာတွ၍ တိတုသည် နောက်ဆုံးသီတင်း တစ်ဝက်တွင်မပြုဘဲ အနှစ် ၇၀ တွင် သာဆောင်ရွက်ခဲ့ပါသည်။ တိတုသည် တစ်သီတင်းလုံးတွင် ယုဒလူမျိုးတို့နှင့် ပဋိညာဉ်ဖွဲ့ခြင်း၌ အတည်မပြုခဲ့ပါ။
ထိုကြောင့်
ထိုယုဒလူမျိုးတို့သည် (သခင်၏လူ-သူသည် မိမိဒေသအရပ်သို့ ကြွလာသော်လည်း၊
မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။) မိမိတို့၏ မြို့တော်ကို ဖျက်ဆီးခဲ့သော
လူများဖြစ်ကြောင်းကို ကျွန်တော်ပြောဆိုနေသလား။ ဤနေရာတွင် ရှေ့နောက်မညီသော
အယူအဆတိုက်တွန်းချက်ကဲ့သို့ ပေါ်လွင်ပါသည်။ သို့သော် ပိုမို၍
နီးကပ်စွာကြည့်ရှုကြစို့။ ဓမ္မဟောင်းကျမ်းမှ နှိုင်းယှဉ်ဖော်ပြခြင်းအားဖြင့်
ကျွန်တော်တို့ နာလည်းရန်အတွက် အထောက်အကူရကောင်း ရရှိမည်ဖြစ်ပါသည်။
ယေရုရှလင်မြို့ ပထမအကြိမ်ပျက်စီးခြင်း
ပထမအကြိမ်ယေရုရှလင်မြို့ကို
မည်သူဖျက်ဆီးခဲ့သနည်း။ ဘုရားသခင်လား။ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာလား။ (သို့မဟုတ်)
ဣသရေလလူမျိုးများလား။
(၁) ဒံယေလအနာဂတ္တိကျမ်း
၉း၁၄ ယေရုရှလင်မြို့တော်ကို ဘုရားသခင်ဖျက်ဆီးခဲကြောင်း အသေးစိတ်ဖော်ပြပါသည်။
ထာ၀ရဘုရားသည် ဘေးဥပဒ်ကို စောင့်၍၊ အကျွန်ုပ်အပေါ်သို့ ရောက်စေတော်မူပြီ။
(၂) ရာဇဝင်ချုပ်ဒုတိယစောင်
၃၆း၁၇-၂၀ နေဗုခတ်နေဇာမင်းကြီးသည် မြို့တော်ကို ဖျက်ဆီးကြောင်းပြောပါသည်။
ခါလဒဲရှင်ဘုရင်ကို စစ်ချီစေတော်မူ၏။ ထိုဘုရင်သည် သန့်ရှင်းရာဌာနအိမ်တော်၌
လူပျိုတို့ကို ထားနှင့် သတ်၏။
(၃) ဒံယေလအနာဂတ္တိကျမ်း ၉း၁၁၊၁၄၊၁၅ ဣသရေလလူတို့၏ အပြစ်ကြောင့် မြို့တော်နှင့် ဗိမာန်တော် ဖျက်ဆီးခံရခြင်းကို ဖော်ပြထားပါသည်။
ယေရမိအနာဂတ္တိကျမ်း
၃၈း၂၁-၂၃ ဇေဒကိဘုရင်အား ပုရောဖက် ယေရမိပြောဆိုနေသည်။ “သို့မဟုတ် ကိုယ်တော်က
ငါမထွက်မသွားဟု ငြင်းလျှင်၊ အကျွန်ုပ်အား ထာ၀ရဘုရားပြတော်မူသော အရာဟူမူကား .....
ဤမြို့ကို မီးရှို့စေတော်မူမည်ဟု လျှောက်၏။”
ယေရှရှလင်မြို့ဒုတိယအကြိမ်ပျက်စီးခြင်း
ယခုအချိန်တွင်
ယေရုရှလင်မြို့တော်ကို ဒုတိယအကြိမ်ဖျက်ဆီးခြင်းကို ပြောဆိုကြစို့။
တစ်ခုကတော့ရှင်းပါသည်။ ယေရုရှလင်မြို့တော်၏ ကံကြမ္မာသည် မေရှိ၏ သာသနာလုပ်ငန်းနှင့်
ဖျက်ဆီးဖျက်သိမ်း၍ မရနိုင်သော ဆက်စပ်မှုဖြစ်ပါသည်။
သခင်ဆောင်ရွက်ခဲ့သည့်နောက်ပိုင်းတွင် ယေရုရှင်မြို့တော်၏ ပျက်စီးခြင်း၌
ချက်ချင်းနှစ်ကြိမ် ပေါ်ပေါက်ပါသည်။
ဒံယေလအနာဂတ္တိကျမ်း
၉း၂၆ တွင် (မေရှိ) ခရစ်တော်သည် အခွင့်မရဘဲ အသေသတ်ခံရပြီး ယေရုရှလင်မြို့သည်လည်း
ဖျက်ဆီးခြင်းခံရမည်။
ဒံယေလအနာဂတ္တိကျမ်း
၉း၂၇ တွင် မေရှိသည် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ပူဇော်ခြင်းကို ပပျောက်စေပြီ။
ယေရုရှလင်မြို့သည်လည်း ဖျက်ဆီးခြင်းခံရမည်။
မေးစရာမေးခွန်းကတော့
ဧဝံဂေလိသတင်းစကားများတွင် ယုဒလူမျိုးတို့သည် ခရစ်တော်နှင့် ယေရုရှလင်မြို့တော်ကို
ဖျက်ဆီးရာ၌ ဆက်စပ်မှုရှိပါသလား။ အဖြေမှာ ဟုတ်ပါကြောင်းပဲ့တင်သံပြုပါသည်။
ဆာလံ ၁၁၈
ဆာလံကျမ်း ၁၁၈း၂၂-၂၃ ဤဆာလံကျမ်းသည် တိုက်ကို တည်လုပ်သော သူများပယ်ထားသော ကျောက်အကြောင်းဖြစ်ပါသည်။ “တိုက်ကို တည်လုပ်သောသူများပယ်ထားသော ကျောက်သည် နောက်တစ်ဖန် တိုက်ထောင့် အထွတ်ဖျားသို့ ရောက်ပြန်သည်။ ထိုအမှုသည် ထာ၀ရဘုရားပြုတော်မူသော အမှုဖြစ်၏။ ငါတို့ မျက်မှောက်၌လည်း အံ့ဩဖွယ်ဖြစ်ပါ၏။”
ရှင်မဿဲခရစ်ဝင်
၂၁း၄၂ ဤဆာလံကျမ်းဖြင့် ခရစ်တော်သည် မိမိအား ယုဒလူမျိုးတို့၏ ငြင်းပယ်ခြင်းကို
ဖော်ပြခြင်းဖြစ်ပါသည်။ “ယေရှုကလည်း တိုက်ကို တည်လုပ်သော သူများပယ်ထားသော ကျောက်သည်
နောက်တစ်ဖန် တိုက်ထောင့် အထွတ်အဖျားသို့ ရောက်ပြန်၏။ ထိုအမှုသည် ထာ၀ရဘုရား
ပြုတော်မူသော အမှုဖြစ်၏။ ငါတို့မျက်မှောက်၌လည်း အံ့ဩဖွယ်ဖြစ်၏။”
ဆာလံကျမ်း ၁၁၈း၂၆
ဆာလံကျမ်းအခန်းကြီး ၁၁၈ သည် မေရှိ၏ ကယ်တင်ရှင်ပမာ ဆာလံကျမ်းဖြစ်သည်။
အီစတာပွဲတော်မတိုင်မီ ကျရောက်သော တနင်္ဂနွေနေ့တွင် ခရစ်တော်သည် ယေရုရှင်လင်မြို့ထဲသို့
အောင်မြင်စွာ ဝင်ရောက်လာသောအချိန်၌ ထာ၀ရဘုရားသခင်၏ နာမတော်အားဖြင့်
ဝင်ရောက်လာသကဲ့သို့ လူထုပရိသတ်တို့သည် တစ်ခဲနက်ကောင်းချီးဩဘာပေးကြသည်။ “ထာ၀ရဘုရား၏
အခွင့်နှင့် ကြွလာသောသူသည် မင်္ဂလာရှိစေသတည်း။ ထာ၀ရဘုရား၏ အိမ်တော်ထဲက
အကျွန်ုပ်တို့သည် ကိုယ်တော်ကို ကောင်းချီးပေးကြပါ၏။”
ရှင်လုကာခရစ်ဝင်
၁၉း၃၇-၄၄ ဤနေရာတွင် အဓိကအတွေးအခေါ် သုံးချက်ရှိသည်။
(၁) ထာ၀ရဘုရားသခင်၏
အခွင့်နှင့် ကြွလာသောသူသည် မင်္ဂလာရှိစေသတည်းဟု လူထုပရိသတ်တို့သည် သီချင်းကို
သီဆိုချိန်တွင် ခရစ်တော်သည် ယေရုရှင်လင်မြို့ထဲသို့ဝင်လာသည်။ (အခန်းငယ် ၃၇၊ ၃၈)
(၂) ၎င်းနောက်
ခရစ်တော်သည် ယုဒလူမျိုးတို့သည် သူ့အားငြင်းပယ်ခြင်း အကြောင်းကို ပြောဆိုသည်။
(အခန်းငယ် ၃၉၊ ၄၂)
(၃) နောက်ဆုံးတွင် ယေရုရှလင်မြိုတော် ဖျက်ဆီးခြင်းအကြောင်းကို ပြောဆိုသွားသည်။ (အခန်းငယ် ၄၃၊ ၄၄) ဤသည်ကား ဒံယေလအနာဂတ္တိကျမ်း ၉း၂၆ ၏ တိကျသော အစီအစဉ်ဖြစ်ပါသည်။
(၁) သခင်သည် လာသည်။
(၂) ခရစ်တော်သည်
အခွင့်မရဘဲ အသေသတ်ခြင်းကို ခံရလိမ့်မည်။
(၃) မြိုတော်နှင့်
ဗိမာန်တော်သည် ပျက်စီးမည်။
“သံလွင်တောင်ပေါ်က
ဆင်းရာအရပ်သို့ ရောက်တော်မူသောအခါ၊ တပည့်တော်များအပေါင်းတို့သည် မိမိတို့
မြင်ခဲ့ပြီးသော တန်ခိုးတော်များကို ထောက်၍ ဝမ်းမြောက်သောစိတ်နှင့် ဘုရားသခင်ကို
ထောင်မနာပြု၍၊ ၃၇) ထာ၀ရဘုရား၏ အခွင့်နှင့် ကြွလာတော်မူသော ရှင်ဘုရင်သည်
မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်းဖြစ်စေသတည်း။ ကောင်းကင်ဘဝဂ်ဝယ်
ဘုန်းကြီးပါစေသတည်းဟု ကြွေးကြော်ကြ၏။ ၃၈) လူအစုအဝေး၌ ပါသော ဖာရိရှဲအချိုတို့က
အရှင်ဘုရား၊ ကိုယ်တော်၏ တပည့်တို့ကို ဆုံးမပါဟု လျှောက်ကြသော်၊ ၃၉) ယေရှုကလည်း
ငါဆိုသည်ကား၊ ဤသူတို့သည် တိတ်ဆိတ်စွာနေလျှင့် ကျောက်ခဲတို့သည်
ချက်ချင်းကြွေးကြော်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ ၄၀) ယေရုရှလင်မြိုအနီးသို့ ရောက်၍
ကြည့်မြင်လျက် ငိုကြွေးတော်မူ၏။ ၄၁) အချင်း မြို၊ သင်၏ ငြိမ်သက်ခြင်းနှင့်
စပ်ဆိုင်သော အရာတို့ကို သင်၏လက်ထက် ယခုကာလ၌ပင် သင်သည် သိရလျှင် မင်္ဂလာရှိ၏။
ယခုမူကား၊ ထိုအရာတို့ကို သင်၏ မျက်စီရှေ့မှာ မထင်ရှားစေခြင်းငှာ ဝှက်ထားလျက်ရှိ၏။
၄၂) အကြောင်းမူးကား၊ သင့်ကို ကြည့်ရှုပြုစုတော်မူသော ကျေးဇူးကို သင်သည်
မသိမမှတ်သောကြောင့် သင်၏ ရန်သူတို့သည် သင့်ပတ်လည်တွင် တပ်တည်၍ လေးမျက်နှာ၌
ဝိုင်းရံလျက်ချုပ်ထားပြီးလျှင်၊ ၄၃) သင်၏ ကိုယ်မှစ၍ သင်၏သားသမီးတို့ကို မြေနှင့်
တစ်ညီတည်းညှိသဖြင့် သင်၌ ကျောက်တစ်ခုပေါ်မှာတစ်ခုမျှ ထပ်ဆင့်၍ မကျန်ရစ်စေခြင်းငှာ
ပြုကြသော အချိန်ကာလသည် ရောက်လိမ့်မည်ဟု မိန့်တော်မူ၏။ ၄၄။
ရှင်မဿဲခရစ်ဝင် ၂၁ တွင် ခရစ်တော်သည် ဘုရားသခင်၏ ဗိမာန်တော်သို့လာ၏။ “ငါ့အိမ်” ဟု ခေါ်ဆိုသည်။ ၎င်းနောက် သင်္ဘောသဖန်းပင်၏ အဖြစ်အပျက်ဇာတ်လမ်းတွင် သူသည် စပျစ်ဥယျာန်အလုပ်သမားများအကြောင်းကို ဖော်ပြထားပါသည်။ (၂၁း၃၃-၄၃)။ ၎င်းနောက် ကျမ်းပြုဆရာနှင့်
ဖာရိရှဲတို့ကို အမင်္ဂလာစကားဖြင့် ကြေညာပြီး ဗိမာန်တော်မှ ထွက်ခွာသွားသော အခါ “သင်တို့နေသော
အိမ်သည် သင်တို့၌ လူဆိတ်ညံလျက်ကျန်ရစ်ရ၏။” ဟု ပြောဆိုလေ၏။ ၎င်းနောက် ဗိမာန်တော်မှ ထွက်ခွာ၍
ယေရုရှလင်မြိုတော်၏ ဖျက်ဆီးခြင်းအကြောင်းကို ပြောဆိုပါသည်။ (၂၄း၁-၃)
ယုဒ၏ လူတို့သည်
မိမိတို့၏ သံခြေကျင်းများကို မိမိတို့သာ ပြုလုပ်ကြပါသည်။ ကလဲ့စားချေသောခွက်ကို
သူတို့အနေနှင့်သာ ဖြည့်စွက်ထားပါသည်။ လုံး၀ဥဿုံဖျက်ဆီးခြင်းတွင် လူမျိုးအနေနှင့်
ကျရောက်ခဲ့ရာတွင် လည်းကောင်း၊ သူတို့၏ အစုအဝေးကွဲသွားရာ၌လည်း သူတို့နောက်သို့
လိုက်ပါလာသော အမင်္ဂလာများတို့သည်လည်းကောင်း၊ မိမိတို့၏ လက်များဖြင့် ကြဲခဲ့သော
မျိုးစေ့တို့ကိုသာ ပြန်ရိတ်သိမ်းလျက်ရှိသည်ဟု ပုရောဖက်ကပြောဆိုသည်။ “အိုဣသရေလ၊
သင့်ကို ကယ်တင်နိုင်သော အရှင်ငါ့ကို သင်သည် သင်သည် ဆန့်ကျင်ဘက်ပြုသောကြောင့်
အကျိုးနည်းရှိ၏။” “အိုဣသရေလ၊ သင်သည် ကိုယ်ပြုသော ဒုစရိုက်အပြစ်အားဖြင့် အကျိုးနည်းရှိသောကြောင့်
သင်၏ ဘုရားသခင် ထာ၀ရဘုရားထံတော်သို့ ပြန်လော့” (ဟောရှေအနာဂတ္တိကျမ်း ၁၃း၉။ ၁၄း၁)။
“ထိုသူတို့၏ စိတ်ဝေဒနာခံစားခြင်းတို့တွင် ဘုရားသခင်၏ တိုက်ရိုက်အမိန့်ဒီကရီအားဖြင့် အပြစ်ဒဏ်ကျရောက်ခြင်း၌ ပုံဆောင်ပါသည်။ ကြီးမားသော ဖြားယောင်းသွေးဆောင်သူသည် မိမိ၏ လုပ်ငန်းဆောင်ရွက်မှုကို ဖုံးကွယ်ဝှက်ထားရန်ပင်ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းနှင့် ကရုဏာတော်ဖြင့် ခေါင်းမာစေသော ငြင်းပယ်မှုတွင် ယုဒလူတို့သည် ဘုရားသခင်၏ ကွယ်ကာမှုကို မိမိတို့ ထံမှ နုတ်ထွက်သွားရန်အကြောင်း ဖြစ်စေပါသည်။ ၎င်းနောက် စာတန်မာရ်နတ်ကို မိမိတို့လိုအင်ဆန္ဒအတိုင်း အုပ်စိုးရန် ခွင့်ပြုခဲ့ပါသည်။” (GC, p , 35).
ထိုကြောင့်
ယေရုရှလင်မြိုတော်ကို ဒုတိယအကြိမ်တွင် မည်သူဖျက်ဆီးခဲ့ပါသနည်း။ ဘုရားသခင်လား၊
(သို့မဟုတ်) တိတုလား၊ (သို့မဟုတ်) ယုဒလူမျိုးလား။ အားလုံးသောအချက်သုံးချက်တွင်
သင်တို့သည် မည်သည့်ရှုထောင့် ဘက်တွင် ကြည့်ရှုသည့်အပေါ်တွင် မူတည်ပါသည်။
No comments:
Post a Comment