Thursday, May 7, 2026

 

(၁၄) ဣသရေလ၏ သမိုင်းအဆင့် (၃) ဆင့်

အဆင့် (၁) (၁၄၄၅ ဘီစီ) သိနာတောင်မှ ဖမ်းဆီးချုပ်နှောင်ခြင်း

ခံရသောအချိန်အထိ။

         ထွက်မြောက်ရာကျမ်း ၁၉း၁-၆ သိနာတောင်တွင် ဣသရေလ လူမျိုးနှင့် ဘုရားသခင် ပဋိညာဉ်ပြုခြင်း။ “ဣသရေလအမျိုးသားတို့သည် အဲဂုတ္ထုပြည်မှ ထွက်သွားသောနောက်၊ တတိယလတစ်ရက်နေ့၌ သိနာတောသို့ရောက်ကြ၏။ ရေဖိဒိမ်အရပ်က ထွက်သွားပြီးမှ သိနာတောသို့ရောက်၍၊ ထိုတော၌ တောင်ရှေ့မှာတပ်ချကြ၏။ မောရှေသည် ဘုရားသခင့်ထံတော်သို့ တက်သွားလျှင်၊ ထာ၀ရဘုရားသည် တောင်ပေါ်က ခေါ်တော်မူ၍ သင်သည်ယာကုပ်အမျိုး၊ ဣသရေလသားတို့အား ပြန်ပြောရသော အမိန့်တော်ဟူမူကား၊ ငါသည် အဲဂုတ္တုပြည်လူတို့၌ ပြုသောအကြောင်း၊ သင်တို့ကို ရွှေလင်းတအတောင်ဖြင့် ထမ်း၍ ကိုယ်ဖို့သိမ်းယူသောအကြောင်းကို သင်တို့သည် သိမြင်ရကြပြီ။ ထိုကြောင့် ယခုတွင်သင်တို့သည် ငါ့စကားကို အမှန်နားထောင်၍ ငါ့ပဋိညာဉ်ကို စောင့်ရှောက်လျှင် အခြားသောလူမျိုးတကာ တို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှသည် ငါ၏ဥစ္စာဖြစ်၏။ သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသော လူမျိုးဖြစ်ရကြလိမ့်မည် ဟူသော အမိန့်တော်ကို ဣသရေလအမျိုးသားတို့ အား ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။

         ထွက်မြောက်ရာကျမ်း ၁၉း၇-၈ ဘုရားသခင်၏ အမိန့်တော်စကားကို နားထောင်ရန် ကတိပြုခြင်းဖြင့် ဣသရေလတုံ့ပြန်ကြပါသည်။ “မောရှေသည် ပြန်လာ၍ လူတို့တွင် အသက်ကြီးသူတို့ကို ခေါ်ပြီးလျှင်၊ ထာ၀ရဘုရားမှာထားတော်မူသော စကားအလုံးစုံတို့ကို ပြန်ပြောလေ၏။ လူအပေါင်းတို့ကလည်း ထာ၀ရဘုရားမိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့သည် ပြုပါမည်ဟု တညီတညွတ်တည်းပြန်ပြောကြ၏။ မောရှေသည်လည်း သူတို့၏ စကားကို ထာ၀ရဘုရားအားပြန်လျှောက်လေ၏။

         ထွက်မြောက်ရာကျမ်း ၄ဝး၃၄ သိန်တောတွင် ရှိသောတဲတော်သို့ ဘုရားသခင်၏ ဘုန်းရောင်ခြည်တော်ရောက်ရှိပြီး သူသည် ဣသရေလတို့နှင့် အတူနေထိုင်သည်။ “ထိုအခါ မိုးတိမ်သည် ပရိသတ်စည်းဝေးရာတဲတော်ကို လွှမ်းမိုး၍၊ ထာ၀ရဘုရား၏ ဘုန်းတော်သည် တဲတော်ကို ဖြည့်လေ၏။

ရှောလမုန်၏ ဗိမာန်တော်

         သက္ကရာဇ် ၉၆၀ ဘီစီဝန်းကျင်တွင် ဘုရားသခင်အတွက် ထာ၀စဉ်အိမ်တော်ကို များစွာ ဆောက်လုပ်ခဲ့ပါသည်။ ရှောလမုန်မင်းကြီးက ယေရုရှလင်မြို့တွင် ဗိမာန်တော်ကို တည်ဆောက်ခဲ့ပြီး ၎င်းယေရုရှလင် ဗိမာန်တော်တွင် ဘုရားသခင်က သူ၏ လူတွေနှင့် နေထိုင်ရန် လာရောက်ခဲ့ပါသည်။

         ဓမ္မရာဇဝင်တတိယစောင် ၈း၁၀-၁၁ ရှောလမုန်မင်းကြီး လက်ထက်အချိန်တွင် ဘုရားသခင်၏ ဘုန်းရောင်ခြည်တော်သည် ဗိမာန်တော်သို့ ရောက်ရှိပါသည်။ “ ယဇ်ပုရောဟိတ်တို့သည် သန့်ရှင်းရာဌာနထဲက ထွက်ကြသောအခါ၊ ထာ၀ရဘုရား၏ အိမ်တော်သည် မိုးတိမ်နှင့် ပြည့်၏။ ထိုသို့ ထာ၀ရဘုရား၏ အိမ်တော်သည် ဘုန်းတော်နှင့်ပြည့်လျက်၊ မိုးတိမ်တော်ကြောင့် ယဇ်ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင်ရွက်လျက် ရပ်၍ မနေနိုင်ကြ။

         ရာဇဝင်ချုပ်ဒုတိယစောင် ၃၆း၁၄-၁၆ တွင် ဣသရေလလူမျိုးထံသို့ နေ့ရောညပါ ဘုရားသခင်က စေတမန်များစေလွှတ်ခဲ့သော်လည်း နှစ်ပေါင်း ၈၀၀ ပုန်ကန်ထကြွခဲ့ပါသည်။ (ယေဇကျေလ ၉း၄-၆၊ ၈-၁၀) စေတမန်များတို့သည် ပုရောဖက်များဖြစ်၍ ယေရမိကဲ့သို့ပုဂ္ဂိုလ်မျိုးဖြစ်ပါသည်။ ထိုမှတစ်ပါး၊ ယဇ်ပုရောဟိတ်အကြီးများနှင့် ပြည်သူပြည်သားရှိသမျှတို့သည် ၊ တစ်ပါးအမျိုးသားရွံရှာဖွယ်ပြုသည်အတိုင်း၊ အလွန်ပြစ်မှားကြ၏။ ယေရုရှလင်မြို့၌ ထာ၀ရဘုရားသန့်ရှင်းစေတော်မူသော် ဗိမာန်တော်ကို ညစ်ညူးစေကြ၏။ ဘိုးဘေးတို့၏ ဘုရားသခင် ထာ၀ရဘုရားသည် မိမိလူမျိုးနှင့် မိမိနေတော်မူရာအရပ်ကို သနားသောကြောင့်၊ စောစောထ၍ အထပ်ထပ်စေလွှတ်သော တမန်တို့အားဖြင့် မှာလိုက်တော်မူသော်လည်း၊ ဘုရားသခင်၏ တမန်တို့ကို ပြက်ရက်ပြု၍ အမိန့်တော်ကိုနာမထောင်၊ ပုရောဖက်တော်တို့ကို ညှဉ်းဆဲသောကြောင့် ထာ၀ရဘုရား၏ အမျက်တော်မငြိမ်းနိုင်အောင်၊ မိမိလူမျိုးကို တွက်သဖြင့်၊

         ယေဇကျေလအနာဂတ္တိကျမ်း ၁၆း၁၅ တွင် ဣသရေလ၏ ဖောက်ပြန်မှုကို ထင်ရှားပေါ်လွင်စွာ ဖော်ပြထားပါသည်။ “သို့ရာတွင် သင်သည် ကိုယ်လှသော အဆင်းကို ကိုးစား၍ ဂုဏ်အသရေကျော်စောသောကြောင့်၊ ပြည့်တန်ဆာလုပ်၍ ခရီးသွားသောသူအပေါင်းတို့နှင့် မတရားသော မေထုန်ကို အနှံ့အပြားပြုသဖြင့် ယောက်ျား တိုင်းအခွင့်ရ၏။

ယေရုရှလင်မြို့ကို တရားစီရင်ခြင်း

         ၅၉၂ ဘီစီခုနှစ်၊ ယေဇကျေလအနာဂတ္တိကျမ်း ၁း၄ တွင် ဘုရားသခင်သည် မြောက်ဘက်အရပ်မှလာ၍ ယေရုရှလင်မြို့တွင် ကျူးလွန်ခဲ့သော မုန်းတီးရွံရှာမှုကို (ဗဘသာငညအေငသညျ) (သော့ချက်စကား) တရားစီရင်ရန်ဖြစ်သည်။ ယေဇကျေလ ၈း၁၆-၁၇ ကိုဖတ်ပါ။ မုန်းတီးရွံရှာမှုသည် မပြုမပြင်ပျက်စီးယိုယွင်းခြင်းသို့ ပို့ဆောင်နိုင်ပါသည်။ ပျက်စီးယိုယွင်းခြင်းဆိုသော ဝေါဟာရသည် အသင်းအဖွဲ့၏ အစီအစဉ်ဆုံးခန်းတိုင်မှုသော်လည်းကောင်း၊ နိုင်ငံရေးနှင့် ဘာသာရေးဘက်တွင်သော်လည်းကောင်း နှစ်ခုစလုံးပါဝင်သည့်အပြင်၊ ယေရုရှလင်မြို့ ပျက်စီးခြင်းသို့တိုင်အောင် အဓိပ္ပါယ်သက်ရောက်စေပါသည်။ မပြုမပြင်ပျက်စီးယိုယွင်းမှု၏ ဆန့်ကျင်ဘက်အဓိပ္ပါယ်မှာ မြို့ကိုသာ တည်ဆောင်ရန်မကဘဲ နိုင်ငံရေးနှင့် ဘာသာရေးအဖွဲ့အစည်းများကိုလည်း ပြန်လည်ထူထောင်ဖို့ဖြစ်ပါသည်။ “ငါကြည့်ရှု၍ ပြင်းစွာသောလေ၊ ကြီးစွာသောမိုးတိမ်၊ ထွန်းလင်းသော မီးစက်သည် မြောက်မျက်နှာမှပေါ်လာ၏။ မီးစက်ထဲက ဟရှမေလရွှေရောက်ထွက်လေ၏။”

         ယေဇကျေလအနာဂတ္တိကျမ်း ၉း၁-၆ ဖြောင့်မတ်သူနှင့် ဆိုးယုတ်သော သူတို့ကို ဗိမာန်တော်တွင်ခွဲခြားပါသည်။ “ဖျက်ဆီးသော လက်နက်ကို အသီးသီးကိုင်လျက်၊ ဤမြို့ခံရသောဒဏ်တို့ကို အနီးသို့ဆောင်ခဲ့ကြလောဟု ကျယ်သောအသံနှင့် ခေါ်တော်မူသည်ကို ငါကြား၏။ ထိုအခါ လူခြောက်ယောက်တို့သည် အသီးသီးကွပ်မျက်စရာလက်နက်ကို ကိုင်လျက်၊ တစ်ယောက်သည်လည်း ပိတ်အဝတ်ကိုဝတ်၍၊ နံပါး၌မှင်အိုးပါလျက်၊ မြောက်မျက်နှာဘက်အထက်တံခါးလမ်းဖြင့် ဝင်၍၊ ကြွေးဝါပလ္လင်အနားမှာ ရပ်နေကြ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ဘုန်းတော်သည် ကိန်းဝပ်ရာ ခေရုဗိမ်မှ အိမ်တော်တံခါးသို့တက်၍၊ ပိတ်အဝတ်ကိုဝတ်လျက် နံပါး၌မှင်အိုးပါသော သူကိုခေါ်၍ ထာ၀ရဘုရားက ယေရုရှလင်မြို့အလယ်၌ လျှောက်သွားလော့။ မြို့ထဲ၌ ပြုသမျှသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့်၊ ညည်းတွားငိုကြွေးသော သူတို့၏ နဖူးကို ထိုးမှတ်လော့ဟူ၍လည်းကောင်း၊ အခြားသောသူတို့အားလည်း ထိုသူနောက်မြို့ထဲ၌ လျှောက်သွား၍ ဒဏ်ခတ်ကြလော့။ နှမြောစုံမတ်ခြင်းမရှိကြနှင့်။ အသက်ကြီးသောသူ၊ အသက်ငယ်သောသူ၊ အပျိုမ၊ သူငယ်၊ မိန်းမတို့ကို ရှင်းရှင်းသတ်ကြလော့။ သို့ရာတွင် အမှတ်ပါသောသူကို မချဉ်းကပ်ကြနှင့်၊ ငါ၏ သန့်ရှင်းရာဌာန၌ အဦးပြုကြလော့ဟု မိန့်တော်မူသည်ကို ငါကြား၏။ သူတို့သည်လည်း၊ အိမ်တော်ရှေ့မှာရှိသော အသက်ကြီးသူတို့ကို ရှေးဦးစွာသတ်ကြ၏။

ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်စွန့်ခွာသွားခြင်း

         ယေဇကျေလအနာဂတ္တိကျမ်း ၁ဝး၉ တွင် တရားစီရင်ခွဲခြားမှုပြီးဆုံးသော အခါ ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်သည် ဗိမာန်တော်မှထွက်ခွာသွားပြီး၊ ဗိမာန်တော်အရှေ့ဂိတ်တံခါးတွင်ရပ်၍ ဖင့်နွှဲနေပါသည်။ “ထိုခေရုဗိမ်တို့သည် ငါ့မျက်မှောက်၌ အတောင်တို့ကို ဖြန့်ပြီးလျှင် မြေကြီးနှင့် ကွာ၍တက်ကြ၏။ ပြင်သို့ထွက်သောအခါ ဘီးတို့သည်လိုက်ကြ၏။ ထာ၀ရဘုရား၏ အိမ်တော်မှ ရှေ့တံခါးတမှာရပ်၍ ဣသရေလအမျိုး၏ ဘုရားသခင်ဘုန်းတော်သည် သူတို့အပေါ်မှာ တည်လျက်ရှိ၏။

         ယေဇကျေလအနာဂတ္တိကျမ်း ၁၁း၂၂-၂၃ တွင် ဘုရားသခင်၏ ဘုန်းရောင်ခြည်တော်သည် ဗိမာန်တော်နှင့် မြို့တော်မှ ထွက်ခွာသွားပါသည်။ မြို့တော်နှင့် ဗိမာန်တော်သည် ယခုအချိန်တွင် မုန်းတီးရွံရှာမှုကြောင့် ပျက်စီးခြင်းသို့ရောက်ရှိပါသည်။ ဤတွင် မုန်းတီးရွံရှာမှုဆိုသည်မှာ မပြုပြင်သော ပျက်စီးယိုယွင်းခြင်း ပင်ဖြစ်ပါသည်။ “ထိုအခါ ခေရုဗိမ်တို့သည် အတောင်တို့ကိုဖြန့်၍၊ ဘီးတို့သည်လည်းလိုက်ကြ၏။ ဣသရေလအမျိုး၏ ဘုရားသခင့် ဘုန်းတော်သည်လည်း သူတို့အပေါ်၌ရှိတော်မူ၏။ ထာ၀ရဘုရား၏ ဘုန်းတော်သည် မြို့ထဲကတက်၍၊ မြို့အရှေ့မှာရှိသော တောင်ပေါ်၌ ရပ်တော်မူ၏။

ယေရုရှလင်မြို့၏ မပြုပြင်သော ပျက်စီးယိုယွင်းခြင်း (Dနျသူအေငသည)

         ယေဇကျေလအနာဂတ္တိကျမ်း ၃၆း၁၇-၂၁ ယေရုရှလင်မြို့တွင် မပြုပြင်သော ပျက်စီးယိုယွင်းမှုသည် ဗိမာန်တော်၊ မြို့တော်နှင့် နံရံတို့ကို နေဗုခပ်နေဇာမင်း ဖျက်းဆီးခဲ့စဉ်ကဖြစ်ပါသည်။ ယေရုရှလင်မြို့သည် ဘာသာရေးနှင့် နိုင်ငံတော်တည်ရှိမှုကို ဦးစီးဆောင်ရွက်မှုတွင် ရပ်စဲသွားခဲ့ပါသည်။ “အချင်းလူသား၊ ဣသရေလအမျိုးသားတို့သည် ကိုယ့်ပြည်၌နေသောအခါ၊ အလိုအလျောက်ကျင့်ကြံပြုမှုသော အားဖြင့် ထိုပြည်ကို ညစ်ညူးစေကြ၏။ သူတို့အကျင့်ဓလေ့သည် ငါ့ရှေမှာဥတုရောက်သော မိန်းမ၏ အညစ်အကြေးကဲ့သို့ဖြစ်၏။ ထိုပြည်၌ လူအသက်ကို သတ်သောအပြစ်၊ ရုပ်တုတို့နှင့် ညစ်ညူးစေသော အပြစ်ကြောင့် ငါသည် ဒေါသအမျက်ကို သွန်းလောင်းပြီး။ အတိုင်းတိုင်းအပြည်ပြည်သို့ ငါကွဲပြားပြန့်လွင့်စေပြီ။ သူတို့ကျင့်ကြံပြုမူသည်အတိုင်း ငါစီရင်ပြီ။ သိုရာတွင် တစ်ကျွန်းတစ်နိုင်သို့ရောက်သောအခါ ဤသူတို့သည် ထာ၀ရဘုရား၏ လူဖြစ်ကြ၏။ ကိုယ်ပြည်မှ ထွက်သွားရကြ၏ဟု သူတစ်ပါးပြောဆိုသဖြင့် ငါ၏ နာမမြတ်ကိုရှုတ်ချသောကြောင့် ဣသရေလအမျိုးသားရောက်ရာ တစ်ကျွန်းတစ်နိုင်ငံ အရပ်ရပ်တို့၏ ရှုတ်ချသော ငါ၏ နာမမြတ်ကို ငါနှမြော၏။

အဆင့်(၂) သီတင်းခုနစ်ဆယ်၏ အနာဂတ္တိအချိန်

         ယေဇကျေလအနာဂတ္တိကျမ်း ၃၆း၂၂-၂၃ (ဧဇရ ၁း၁-၄) နှစ်ပေါင်းခုနစ်ဆယ်နောက်ပိုင်းတွင် ဣသရေလတို့သည် မိမိတို့ ပိုင်ဆိုင်သော မြေကို နဂိုအတိုင်းပြန်လည်ရရှိပါသည်။ ဗိမာန်တော်၊ မြို့တော်နှင့် နံရံများကိုလည်း ပြန်လည်တည်ဆောက်ကြပြီး သူတို့၏ နိုင်ငံရေးနှင့် ဘာသာရေးအဖွဲ့အစည်းတို့ကို ပြန်လည်လုပ်ကိုင်ဆောင်ရွက်နိုင်ပါသည်။ ယခုအချိန်တွင် အနာဂတ္တိအားဖြင့် ဒုတိယအကြိမ်အခွင့်အရေးပြန်ရရှိခြင်း ဖြစ်ပါသည်။ “ပေရသိရှင်ဘုရင် ကုရုနန်းစံပထမနေ့တွင် ထာ၀ရဘုရားသည် သူ့အား အမိန့်တော်တစ်ရပ် ထုတ်ပြန်စေတော်မူ၍ သူ၏ အင်ပါယာနိုင်ငံတစ်ဝန်းလုံးတွင် ဖတ်ကြားကြေညာစေတော်မူ၏။ ဤသို့ပြုတော်မူခြင်းမှာ ပုရောဖက်ယေရမိအားဖြင့် ထာ၀ရဘုရားပေးတော်မူသော ဗျာဒိတ်တော်အတိုင်း ဖြစ်ပျက်လာရန်ပင်ဖြစ်သတည်း။ ထိုအမိန့်တော်တွင် “အမိန့်ကားပေရသိဧကရာဇ်ကုရု၏ အမိန့်တော်ဖြစ်၏။ ကောင်းကင်ဗိုလ်ခြေဘုရင် ဘုရားသခင်ထာ၀ရဘုရားသည် ငါအား ကမ္ဘာတစ်ဝန်းလုံးကို အုပ်စိုးစေတော်မူ၍ ယုဒပြည် ယေရုရှလင်မြို့၌ ကိုယ်တော်အတွက် ဗိမာန်တော်တည်ဆောင်ရန် တာဝန်ကို ငါ့အားပေးအပ်တော်မူလေပြီ။ ဘုရားသခင်၏ လူမျိုးတော်ဖြစ်ကြကုန်သော သူအပေါင်းတို့သည် ယေရုရှလင်မြို့သို့သွားကြလော့။ ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိကြပါစေသော်” ဟု ဖော်ပြပါရှိလေသည်။

 ဗိမာန်တော်ပြန်လည်တည်ဆောက်ပြီးစီးခြင်း

         ဟေဂ္ဂဲအနာဂတ္တိကျမ်း ၂း၂-၃ တွင် ဖမ်းသွားခံရပြီး ပြန်လည် လွတ်မြောက်ပြီသည့်နောက်တွင် တည်ဆောက်ခဲ့သော် ဗိမာန်တော်သည် ယခင်ရှောလမုန်မင်းကြီး လက်ထက်တည်ဆောင်ခဲ့သော ဗိမာန်တော်ကဲ့သို့ပင် ထည်ဝါလှပမှုမရှိတော့ပါ။ စင်စစ်အားဖြင့် ဆောက်လုပ်ခဲ့သော ဗိမာန်တော်အတွင်းသို့ ဘုရားသခင်၏ ဘုန်းရောင်ခြည်တော်သည်လည်း မသက်ရောက်တော့ပါ။ “သင်သည် ယုဒမြို့ဝန်ရှာလသေလသားဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက်သားယောရှုမှစ၍ ကျန်ကြွင်းသော သူတို့အား ဆင့်ဆိုရမည်မှာ၊ ဤအိမ်တော်သည် ရှေးဘုန်းနှင့် ပြည့်စုံသည်ကို မြင်ဘူး၍ သင်တို့တွင် ကျန်ကြွင်းသော သူကားအဘယ်သူနည်း၊ ယခုအဘယ်အရာကိုမြင်သနည်း၊ နှိုင်းယှဉ်လျှင် သင်တို့မျက်မှောက်၌ အဘယ်မျှမဟုတ်သကဲ့သို့ ဖြစ်သည် မဟုတ်လော။

         ဟဂ္ဂဲအနာဂတ္တိကျမ်း ၂း၆-၉ နောက်ပိုင်းဆောင် လုပ်သောဗိမာန်တော်သည် အနာဂတ္တိကျမ်းဖြင့် ရှောလမုန်မင်းကြီးလက်ထက်၌ ဆောက်လုပ်ခဲ့သော ဗိမာန်၏ ဘုန်းတော်ထက် ကွာဝေးစွာသာ လွန်မည်ဟု ဟောကိန်း ထုတ်ခဲ့ပါသည်။  ယုဒလူတို့သည် ယနေ့ထက်တိုင်တိတ်ဆိတ်စွာဖြင့် အနာဂတ္တိစကားကို ခံယူရန် ကြိုးစားကြပါသည်။ အကြောင်းမှာ နောက်ပိုင်းဆောက်လုပ်သော ဗိမာန်တော်သည် ရှောလမုန်မင်းကြီးလက်ထက်ကဲ့သို့ ခမ်းနာကြီးကျယ်မှု မရှိသောကြောင့်ဖြစ်ပါသည်။ “ကောင်းကင်ဗိုလ်ခြေအရှင်ထာ၀ရဘုရားမိန့်တော်မူသည်ကား၊ ကာလမကြာမမြင့်မီ ကောင်းကင်၊ မြေကြီး၊ ပင်လယ်၊ ကုန်းတို့ကို တစ်ဖန်ငါလှုပ်ဦးမည်။ လူမျိုးအပေါင်းတို့ကိုလည်း ငါလှုပ်ဦးမည်။ လူမျိုးအပေါင်းတို့နှစ်သက်ဖွယ်သောအရာသည် ရောက်၍၊ ဤအိမ်ကို ဘုန်းနှင့် ငါပြည့်စုံစေမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာ၀ရဘုရား မိန့်တော်မူ၏။ ရွှေနှင့် ငွေကို ငါပိုင်သည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာ၀ရဘုရားမိန့်တော်မူ၏။ နှောက်တည်သော ဤအိမ်တော်သည်အရင်အိမ်တော်ထက် ဘုန်းသာ၍ ကြီးလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာ၀ရဘုရားမိန့်တော်မူ၏၊ ဤအရပ်၌လည်း ငြိမ်သက်ခြင်းကို ငါပေးမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာ၀ရဘုရားမိန့်တော်မူ၏။

         သီတင်းခုနစ်ဆယ်အချိန်အတွင်းတွင် ဘုရားသခင်သည် ထပ်လောင်း ဤသတင်းဆောင်ယူသူမြောက်မြားစွာတို့ကို ဣသရေလထံသို့ ပို့ဆောင်စေလွှတ်ခဲ့ပါသည်။ ဟဂ္ဂဲ၊ ဇာခရိ၊ ဇေရုဗဗေလ၊ ဧဇရ၊ နေဟမိ၊ မာလခိ နှင့် နောက်ဆုံးနှစ်ခြင်း ဆရာယောဟန်ကဲ့သို့သော ပုဂ္ဂိုလ်များကို စေလွှတ်ခဲ့ပါသည်။ ခရစ်တော်ပေါ်ထွန်းသော အချိန်အထိ ယုဒခေါင်းဆောင်များတို့သည် သူတို့၏ လုပ်ငန်းကို မေ့နေသော  အခြေအနေအဆင့်သို့ ရောက်သွားပါသည်။ သူတို့အနေ့ဖြင့် မည်ကဲ့သို့ ပေါ်ပေါက်ရပ်တည်ခဲ့သည်ကို နာမလည်သဘောမပေါက်သောကြောင့် မေရှိယကို ငြင်းပယ်ခဲ့ပါသည်။

အဆင်(၃) တွင် သိတင်းခုနစ်ဆယ်၏ အနာဂတ္တိစကား

နောက်ဆုံးအပတ်ဖြစ်ပါသည်

         ရှင်ယောဟန်ခရစ်ဝင် ၁း၁၄ တွင် ပုရောဖက်ဟဂ္ဂဲ၏ အနာဂတ္တိစကား ပြည့်စုံပါသည်။ “နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက်၊ ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ ဘုန်းကဲ့သို့ သူ၏ ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီး။

         ရှင်လုကာခရစ်ဝင် ၁၂း၂၇-၂၈ တွင် ရှောလမုန်မင်းကြီးနှင့် သူ၏ ဗိမာန်တော်သည် အဘယ်မျှလောက်ကြီးကျယ်ခမ်းနားကြောင်း ယုဒလူမျိုးတို့သည် အတိတ်ကဖြစ်ရပ်များနှင့် အတွေ့အကြိုးများကို ပြန်လည်စဉ်းစားပြောဆိုသော်လည်း ခရစ်တော်အနေဖြင့် ပြောဆိုခဲ့သော စကားများမှာနှင်းပင်တို့သည် အဘယ်သို့သော အားဖြင့် ကြီးပွားသည်ကို ကြည့်ရှဆင်ခြင်ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်။ ချည်ဖြစ်စေခြင်းငှာမငင်မဝင့်။သို့သော်လည်း ဘုန်းကြီးသော ရှောလမုန်မင်းကြီးအဝတ်သည် ထိုအပင် တစ်ပင်မျှ၏ အဝတ်ကိုမမီဟု ငါဆို၏။ ယုံကြည်ခြင်းအားနည်းသောသူတို့၊ ယနေ့အသက်ရှင်လျက်၊ နက်ဖြန်မီးဖိုထဲသို့ ရောက်သောတောမြက်ပင်ကို ဘုရားသခင်သည် ထိုသို့သော အဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမက သင်တို့ကို အဝတ်နှင့် ဖုံးလွှမ်းတော်မူမည် မဟုတ်လော။

         ရှင်မဿဲခရစ်ဝင်ကျမ်းနှင့် နှိုင်းယှဉ်ထားသော အပိုင်းတွင် ခရစ်တော်သည် မိမိကိုယ်တိုင်ပြောဆိုရာတွင် “ဤအရပ်ကား၊ ရှောလမုန်မင်းကြီးထက် သာ၍ ကြီးမြတ်သော သူရှိ၏။ခါပေါင်းများစွာ အမှုတော်ဆောင်ခဲ့သော အချိန်အတွင်းတွင် ခရစ်တော်သည် ဗိမာန်တော် ပရိဝုဏ်များတွင် သွန်သင်ဟောပြောခဲ့ပါသည်။ သို့သော်သူသည် ဘာသာရေးခေါင်းဆောင်များ၏ နှုတ်ဖြင့်သော်လည်းကောင်း၊ လက်ဖြင့်သော်လည်းကောင်း ပြောဆိုခဲ့သော စကားများကို ကန့်ကွက်ပြောဆိုခဲ့သည်။ ယခုတွင် ခရစ်တော်၏ ဆုံးခန်းတိုင် အမှုတော်ကို ဆောင်ရွက်ခြင်းကို ရွှေ့ပြောင်းသွားရမည်ဖြစ်ပါသည်။

         ရှင်လုကာခရစ်ဝင် ၁၉း၃၇-၃၈ တွင် သံလွင်တောင်ပေါ်မှ ဗိမာန်တော်သို့ ကြွဆင်းခဲ့ရာတွင် ခရစ်တော်သည် မြို့ထဲသို့ရွှေတံခါး၀ဘက်တွင် ဝင်လာပါသည်။ “သံလွင်တောင်ပေါ်က ဆင်းရာအရပ်သို့ ရောက်တော်မူသောအခါ၊ တပည့်တော်များအပေါင်းတို့သည် မိမိတို့မြင်ခဲ့ပြီးသော တန်ခိုးတော်များကို ထောက်၍ ဝမ်းမြောက်သောစိတ်နှင့် ဘုရားသခင်ကို ထောမနာပြု၍ ထာ၀ရဘုရား၏ အခွင့်နှင့်ကြွလာတော်မူသော ရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်းဖြစ်စေသတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဘုန်းကြီးပါစေသတည်းဟု ကြွေးကြော်ကြ၏။

         ရှင်လုကာခရစ်ဝင် ၁၉း၄၇-၄၈ တွင် ဘာသာရေးခေါင်းဆောင်များတို့သည် ခရစ်တော်ကိုဖျက်ဆီးရန် ကြိုးစားခဲ့ကြပါသည်။ “ကိုယ်တော်သည် နေ့တိုင်းဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူ၏။ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူတို့တွင် အကြီးအကဲဖြစ်သော သူတို့သည်ကိုယ်တော်ကို သတ်ခြင်းငှာရှာကြသော်လည်း၊ လူအပေါင်းတို့သည် ဒေသနာတော်ကို စေ့စေ့နားထောင်သောကြောင့် သတ်နိုင်သောအခွင့်ကို မတွေ့မရကြ။

         ရှင်မဿဲခရစ်ဝင် ၂၁း၁၂-၁၃ တွင် ခရစ်တော်သည် ဘုရားသခင်၏ ဗိမာန်တော်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး၊ ၎င်းဗိမာန်တော်ကို “ငါ့အိမ်ဟုခေါ်ဆိုကြောင်း သိရှိခဲ့ရပါသည်။ “ယေရှုသည် ဘုရားသခင်၏ ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သော သူအပေါင်းတို့ကို နှင်ထုတ်၍၊ ငွေလဲသော သူတို့၏ ခုံများကိုလည်းကောင်း၊ ချိုးငှက်ရောင်းသော သူတို့၏ ထိုင်နေရာကိုလည်းကောင်း တွန်းလှဲတော်မူလျက်၊ ငါ့အိမ်ကို ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတ္တံ့ဟု ကျမ်းစာ၌လာသော်လည်း၊ သင်တို့သည် ထိုအိမ်ကို ဓားပြတွင်းဖြစ်စေကြပြီတကားဟု မိန့်တော်မူ၏။

         ရှင်မဿဲခရစ်ဝင်ကျမ်းအခန်းကြီးသုံးခန်းဖြစ်သော ၂၁ မှ ၂၃ တွင် ခရစ်တော်သည် လူ့ဇာတိ၌ ဘုန်းတော်ရောင်ခြည်ဖြင့် ဗိမာန်တော်တွင် သွန်သင်ဆုံးမပါသည်။ သူ၏ အဓိကအချက်တွင် ဣသရေလသမိုင်းနှင့် ပုန်ကန်မှုတို့၏ ရလဒ်အဖြေကို ဆွေးနွေးရန်ဖြစ်ပါသည်။ သူသည် သင်ခန်းစာပေးသည့် ပုံပြင်အနေအထား အစဉ်အဆက်တို့ဖြင့် ဟောပြောသွန်သင်ခဲ့ပါသည်။

၁။     နှစ်ခြင်းဆရာယောဟန် ပြောဆိုခဲ့သောစကားတွင် “အသီးမသီးသောအပင် တိုင်းတို့ကို ခုတ်လှဲ၍ မီးပုံထဲသို့ပစ်ချခြင်း

၂။     လုကာ ၁၃း၆-၉ တွင် နှစ်ခြင်းဆရာယောဟန်ပြောကြားခဲ့သည့်အပင် အကြောင်းနှင့် ပတ်သက်၍ အချိန်အားဖြင့် သုံးနှစ်ကာလလွန်သွားခဲပါပြီ၊ အပင်သည် အသီးမသီးသေးပါ။ သို့သော် အမိန့်ပေးခဲ့သည်မှာ၊ အသီးသီးမည်အကြောင်း နောက်ထပ်တစ်နှစ်ဆက်၍ ထားရန်ဖြစ်ပါသည်။

၃။     တစ်နှစ်ကြာသောအချိန်တွင် ခရစ်တော်သည် သင်္ဘောသဖန်းပင်တွင် အသီးမသီးကြောင်းကို တွေ့မြင်ရပါသည်။

ရှင်မဿဲခရစ်ဝင်ကျမ်းအခန်းကြီး ၂၁း၁၈-၁၉ တွင်

သင်္ဘောသဖန်းပင်ဇာတ်ကွက်

         နံနက်အချိန်၌ မြို့သို့ပြန်စဉ်တွင် ဆာမွတ်တော်မူ၏။ လမ်းနားမှာ သင်္ဘောသဖန်းပင်တစ်ပင်ကို မြင်လျှင်၊ ထိုအပင်သို့ကြွသွား၍ အရွက်ကို သာတွေ့တော်မူသည်ရှိသော် ယခုမှစ၍ အစဉ်မပြတ် သင်၌ အသီးမသီးစေနှင့်ဟု မိန့်တော်မူလျှင် ထိုအပင်သည် ချက်ချင်းသွေ့ခြောက်လေ၏။

         ရှင်မဿဲခရစ်ဝင်ကျမ်းအခန်းကြီး ၂၁း၃၃-၄၃ တွင် စပျစ်ဥယျာဉ် အလုပ်သမားများ၏ အနေအထားဖြင့် ခရစ်တော်သည် ပုံပြင်သောဓကဖြင့် ပြောဆိုခဲ့ပါသည်။ ဤနေရာတွင် ဣသရေလ၏ သမိုင်းအဆင့်သုံးဆင့်ကို ကြည့်ကြပါစို့။ သတင်းစကားသည် ယခုအချိန် တစ်ပါးအမျိုးသားများထံသို့ သွားကြောင်းကို အလေးအနက်ဖော်ပြပါသည်။ ဤနေရာတွင် ဘုရားသခင်၏ အသစ်သော လူမျိုးအစပြုခြင်းဖြစ်ပါသည်။ ဤတွင် အခြားသော ပုံပြင်ပေးသည့်အနေအထားဖြစ်ပါသည်။  “အခြားသော ဥပမာကို နားထောင်ကြလော့။ အိမ်ရှင်တစ်ဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုး၍ စောင်းရန်းကိုလုပ်ပြီးမှ စပျစ်သီးနယ်ရာကျင်းကို တူးလေ၏။ မှီခိုရာလင့်စင်ကိုလည်း ဆောက်လေ၏။ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှား၍ အခြားသောပြည်သို့သွားလေ၏။ အသီးသီးချိန်ရောက်သောအခါ အသီးကိုခံစေခြင်းငှာ ငယ်သားတို့ကို ဥယျာဉ်စောင့်တို့ရှိရာသို့ စောလွှတ်လေ၏။ ထိုသူတို့သည် ငယ်သားများကို ဖမ်းပြီးလျှင် တစ်ဦးကို ရိုက်၍၊ တစ်ဦးကိုသတ်၍၊ တစ်ဦးကို ခဲနှင့်ပစ်ကြ၏။ နောက်တစ်ဖန် အရင်ထက်များသော အခြားငယ်သားတို့ကိုစေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ရှေ့နည်းအတူပြုကြ၏။ နောက်ဆုံး၌ ဥယျာဉ်ရှင်က၊ထိုသူတို့သည် ငါ့သားကို အားနားကြလိမ့်မည်ဟုဆို၍ မိမိသားကို စေလွှတ်လေ၏။ ဥယျာဉ်စောင့်တို့သည် သားကို မြင်လျှင်၊ ဤသူသည် အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်၍ သူ၏အမွေဥစ္စာကို လုယူကြကုန်အံ့ဟု အချင်းချင်းတိုင်ပင်၍ ဥယျာဉ်ရှင်၏သားကို ဖမ်းယူပြီးမှ ဥယျာဉ်ပြင်သို့ ထုတ်၍ သတ်ပစ်ကြ၏။ သို့ဖြစ်လျှင် ဥယျာဉ်ရှင်သည် လာသောအခါ ဥယျာဉ်စောင့်တို့ကို အဘယ်သို့ပြုမည်နည်းဟု မေးတော်မူ၏။ ပရိသတ်တို့ကလည်း ထိုလူဆိုးတို့အား ဆိုးသော ဖျက်ဆီးခြင်းကို စီရင်ပါလိမ့်မည်။ အသီးသီးချိန်တွင် အသီးကို ဆက်အံ့သော အခြားလူတို့အား ထိုဥယျာဉ်ကို ငှားပါလိမ့်မည်ဟု လျှောက်ကြ၏။ ယေရှုကလည်း၊ တိုက်ကိုတည်လုပ်သော သူများပယ်ထားသော ကျောက်သည် နောက်တစ်ဖန်တိုက်ထောင့် အထွတ်အဖျားသို့ရောက်ပြန်၏။ ထိုအမှုသည် ထာ၀ရဘုရား ပြုတော်မူသော အမှုဖြစ်၏။ ငါတို့မျက်မှောက်၌လည်း အံ့ဩဖွယ်ဖြစ်၏ ဟူသောစကားကို ကျမ်းစာ၌ သင်တို့သည် တစ်ရံတစ်ခါမျှမဖတ်ဖူးသလော။ ထိုကြောင့် ငါဆိုသည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့မှ နုတ်၍ နိုင်ငံတော်၏ အသီးကိုသီးအံ့သော လူမျိုးအားပေးရလတ္တံ့။

         ရှင်မဿဲခရစ်ဝင် ၂၂း၁-၁၄ တွင် ဗိမာန်တော်တွင် တစ်ဖန်ကြီးစွာသော စားသောက်ပွဲကြီးအကြောင်းဖြင့်ပုံပြင်ကို ခရစ်တော်ပြောဆိုသော အနေအထားဖြစ်ပါသည်။ (ဤအကြောင်းအပြည့်အစုံကို Rသဘန သ် Lင်န အတွဲလိုက် ဒီဗီဒီ ကို ကြည့်ပါ။)

         ရှင်မဿဲခရစ်ဝင် ၂၃း၂၉-၃၃ တွင် ခရစ်တော်သည် ဗိမာန်တော်ထဲ၌ စာရေးဆရာများနှင့် ဖာရိရှဲများတို့ကို “အမင်္ဂလာများ” စကားဖြင့် သွန်သင်ချက်တို့ကို နိဂုံးချုပ်ပြောဆိုသွားပါသည်။ “လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပုရောဖက်မှစ၍ ဖြောင့်မတ်သော သူတို့၏ သင်္ချိုင်းတွင်းနှင့် အရိုးအိုးတို့ကိုတည်လုပ်၍ တန်ဆာဆင်သဖြင့် ၊ ငါတို့သည် ဘိုးဘေးတို့လက်ထက်၌ ရှိလျှင်ပုရောဖက်တို့ကို သတ်သည်အမှုကို လက်မခံပြီဟု ဆိုကြ၏။ ထိုသို့ ဆိုသော် သင်တို့သည် ပုရောဖက်တို့ကို သတ်သောသူတို့၏ အမျိုးအနွယ်ဖြစ်သည်ကို ကိုယ်အဖို့ကိုယ်သက်သေခံကြ၏။ သို့ဖြစ်၍ ဘိုးဘေးတို့၏ အကျင့်ပမာဏာကို မီအောက်ကျင့်ကြလော့။ မြွေဆိုးအမျိုးတို့၊ သင်တို့သည် အပြစ်ငရဲမှ အဘယ်သို့ လွတ်နိုင်ကြမည်နည်း။

         ရှင်မဿဲခရစ်ဝင် ၂၃း၃၄-၃၆ တွင် ခရစ်တော်အသေခံပြီးနောက်ပိုင်း လူမျိုးတို့ကို ကယ်တင်ရန် ခရစ်တော်၏ ကရုဏာတော်သည် ဖင့်နွှဲခဲ့ပါသည်။ “ထိုကြောင့် ဗျာဒိတ်တော်အချက်ဟူမူကား၊ ပုရောဖက်ပညာရှိ ကျမ်းပြုဆရာတို့ကို သင်တို့ရှိရာသို့ ငါစေလွှတ်၏။ ထိုသူ အချို့တို့ကို ကွပ်မျက်၍ လက်ဝါးကပ်တိုင်၌ သတ်ကြလိမ့်မည်။ အချို့တို့ကို တရားဇရပ်၌ ရိုက်၍ တစ်မြို့မှ တစ်မြို့သို့ ညှဉ်းဆဲနှင်ထုတ်ကြလိမ့်မည်။ ထိုကြောင့် ဖြောင့်မတ်သော အာဗေလ၏ အသွေးမှစ၍ ၊ အတွင်းဗိမာန်တော်နှင့် ယဇ်ပလ္လင်၏ အကြား၌ သင်တို့သတ်ကြသော ဗာရိခိသားဇာခရိ၏ အသွေးတိုင်အောင် မြေကြီးအပေါ်၌ သွန်းပြီးသမျှသော သူတော်ကောင်းတို့၏ အသွေးသည် သင်တို့ ခေါင်းပေါ်သို့ရောက်လိမ့်မည်။ ငါအမှန်ဆိုသည်ကား၊ ဤအရာများတို့သည် ယခုဖြစ်သော လူများအပေါ်သို့ ရောက်ကြလိမ့်မည်။

         ရှင်မဿဲခရစ်ဝင် ၂၃း၃၇-၃၈ တွင် သင်သည် မေရှိယကို ငြင်းပယ်ခဲ့သောကြောင့် သင်၏ အိမ်သည် ပျက်စီးယိုယွင်းခြင်းသို့ ရောက်ရှိသွားပါသည်။ “အိုယေရုရှလင်မြို့၊ ယေရုရှလင်မြို့ သင်သည် ပုရောဖက်တို့ကို သတ်မြဲရှိ၏။ သင်တို့ရှိရာသို့ စေလွှတ်သောသူတို့ကိုလည်း ကျောက်ခဲနှင့်ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌စုရုံးသကဲ့သို့ သင်၏ သားတို့ကို စုရုံးစေခြင်းငှာ ကြိမ်ဖန်များစွာ ငါအလိုရှိပြီ။ သင်မူကား၊ မလိုမရှိ။ သင်တို့နေသော အိမ်သည် သင်တို့၌ လူဆိတ်ညံလျက်ကျန်ရစ်ရ၏။

         ရှင်မဿဲခရစ်ဝင် ၂၄း၁ တွင် ဘုရားသခင်၏ ဘုန်းရောင်ခြည်တော်သည် ဗိမာန်တော်မှ ထွက်ခွားပါသည်။ ယေရှုသည် ဗိမာန်တော်မှ ထွက်ကြွတော်မူသည်ရှိသော် တပည့်တော်တို့သည် ဗိမာန်တော်၏ တိုက်ဆောင်များကို ပြခြင်းငှာ အထံတော်သို့ ချဉ်းကပ်ကြ၏။

         ရှင်မဿဲခရစ်ဝင် ၂၄း၂-၃ တွင် ခရစ်တော်သည် ယေရုရှလင်မြို့ အရှေ့ဘက်ရှိ သံလွင်တောင်ပေါ်တွင် ဖင့်နွှဲခဲ့ပါသည်။ (ပထမဗိမာန်တော်တွင်ဘုရားသခင်၏ ဘုန်းရောင်ခြည်တော်စွန့်ခွာသွားသကဲ့သို့ ဖြစ်ပါသည်) ခရစ်တော်သည် ယေရုရှလင်မြို့၏ ပျက်စီးခြင်း (သို့မဟုတ်) ယိုယွင်းခြင်းအကြောင်းကို ပြောဆိုခြင်းဖြစ်ပါသည်။ “ယေရှုကလည်း၊ ဤအရာအလုံးစုံကို သင်တို့သည် မြင်ကြသည်မဟုတ်လော။ ငါအမှန်ဆိုသည်ကား၊ မဖြို့မချဘဲ ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှမတည်မနေရဟု မိန့်တော်မူ၏။ ထိုနောက် သံလွင်တောင်ပေါ်မှာ ထိုင်တော်မူစဉ်၊ တပည့်တော်တို့သည် အခြားသူမပါဘဲ ချဉ်းကပ်၍ ထိုအမှုအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကိုလည်းကောင်း၊ ကိုယ်တော်သည် ကြွလာ၍ ဤကမ္ဘာကုန်သော ပုပ္ပနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကိုလည်းကောင်း အမိန့်တော်ရှိပါဟု လျှောက်ကြ၏။

         ရှင်မဿဲခရစ်ဝင် ၂၄း၁၅ တွင် ပျက်စီးယိုယွင်းမှု၏ မုန်းတီးရွံရှာခြင်း ပေါ်လာသောအခါ၊ ပျက်စီးယိုယွင်းမှုသည် နီးကပ်လာပါသည်။ ဤပျက်စီးယိုယွင်းမှု၏ မုန်းတီးရွံရှာခြင်းကို ပုရောဖက်ဒံယေလ ပြောဆိုခဲ့သော စကားများပင်ဖြစ်ပါသည်။ ဤအချက်သည် ဒံယေလအခန်းကြီး ၉ နှင့် ဆက်နွှယ်ပါသည်။ “ထိုကြောင့် ပုရောဖက်ဒံယေလဟောသည်အတိုင်း၊ ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာသည် သန့်ရှင်းသော အရပ်ဌာန၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင် ကျမ်းစာကို ကြည့်သောသူသည် နားလည်ပါစေ။

         ရှင်လုကာခရစ်ဝင် ၂၁း၂၀ တွင် ပျက်စီးယိုယွင်းမှု၏ မုန်းတီးရွံရှာခြင်းသည် ရောမစစ်သည်တော်များ ယေရုရှလင်မြို့တော်ကို ဝန်းရံခြင်းဖြစ်ပါသည်။ “ယေရုရှလင်မြို့ကို ဗိုလ်ခြေများ ဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ၊ ထိုမြို့သည် ပျက်စီးခြင်းသို့ရောက်လုသည်ကို သိမှတ်ကြလော့။

         ရှင်လုကာခရစ်ဝင် ၁၉း၄၁-၄၄ တွင် ဟေဗြဲလူမျိုးအတွက် ဘုရားသခင်၏ အုပ်ချုပ်မှုတွင် နောက်ဆုံးသော အခွင့်အရေးဖြစ်ပါသည်။ “ယေရုရှလင်မြို့အနီးသို့ရောက်၍ ကြည့်မြင်လျက် ငိုကြွေးတော်မူ၍၊အချင်း မြို့၊ သင်၏ ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သောအရာတို့ကို သင်၏ လက်ထက်ယခုကာလ၌ပင် သင်သည် သိရလျှင် မင်္ဂလာရှိ၏။ ယခုမူကား၊ ထိုအရာတို့ကို သင်၏မျက်စိရှေ့မှာ မထင်ရှားစေခြင်းငှာ ဝှက်ထားလျက်ရှိ၏။ အကြောင်းမူကား၊ သင့်ကို ကြည့်ရှုပြုစုတော်မူသော ကျေးဇူးကို သင်သည် မသိမမှတ်သောကြောင့်၊ သင်၏ ရန်သူတို့သည် သင့်ပတ်လည် တွင် တပ်တည်၍ လေးမျက်နှာ၌ ဝန်းရံလျက်ချုပ်ထားပြီးလျှင်၊ သင်၏ ကိုယ်မှစ၍ သင်၏ သားသမီးတို့ကို မြေနှင့် တညီတည်းညှိသဖြင့်၊ သင်၌ ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှထပ်ဆင့်၍ မကျန်ရစ်စေခြင်းငှာ ပြုကြသော အချိန်ကာလသည် ရောက်လိမ့်မည်ဟု မိန့်တော်မူ၏။

အဆင့်(၃) ဆင့်ကို ပြန်၍ စစ်ဆေးရန်

         အဆင့် (၁)။ အဲဂုတ္တုတိုင်းပြည်တွင် ဖမ်းဆီးချုပ်နှောင်ခြင်းမှ လွတ်မြောက်လာသောအခါ သိနာတောင်တွင် ပဋိညာဉ်ဖွဲ့ကြပါသည်။ (ဖောက်ပြန်မှုနှစ်ပေါင်း (၈၀၀) ကြာပြီး လူမျိုးတကာနှင့် ရောစပ်ခဲ့ကာ သူတို့၏ မကောင်းဆိုးဝါးသော စရိုက်သို့ ပြောင်းလဲခံယူကြပါသည်။) နောက်ဆုံး အကျိုးအပြစ်သည် ဗာဗုလုန်နိုင်ငံတွင် ဖမ်းသွားချုပ်နှောင်ခြင်းဖြင့် ခံခဲ့ရပါသည်။

         အဆင့်(၂)။ ဖမ်းသွားချုပ်နှောင်ခြင်းမှ လွတ်မြောက်ခဲ့ပြီး ဗိမာန်တော်၊ မြို့နံရံများ၊ မြို့တော်နှင့် အုပ်ချုပ်မှုအောက်သို့ ပြန်လည်ရောက်ရှိသွားပါသည်။ သီတင်းခုနှစ်ပတ်အခွင့်အရေးကို ယုဒလူတို့အား ပေးကမ်းခဲ့ပါသည်။ ဤတွင် ယုဒလူတို့အတွက် ဒုတိယအကြိမ် အခွင့်အရေးပင် ဖြစ်ပါသည်။ မိမိတို့ကိုယ်ကို သီးခြားနေထိုင်ခြင်းဖြင့် တရားဥပဒေဘောင်ဝင်လောက်အောင် တုံ့ပြန်ခဲ့ကြပါသည်။

         အဆင့်(၃)။ နောက်ဆုံးမတက်သာသည့် အဆုံးတွင် သားတော်ကို စေလွှတ်ခဲ့ပါသည်။ ပုံပမာစကားအရပြောဆိုရာတွင် “အဆုံးတွင် သူ၏သားကို စေလွှတ်ခဲ့ပါသည်။

ဒုစရိုက်အပြစ်နှစ်မျိုးကို နှိုင်းယှဉ်ခဲပါသည်

         The great sin of the Jews was their rejection of Christ; the great sin of the Christian world would be their rejection of the law of God, the foundation of his government in Heaven and earth. The precepts of Jehovah would be despised and set at naught. (GC, 8822).

         ပညတ်တရားသည် လက်ဝါးကပ်တိုင်ပေါ်တွင် ရိုက်ထားပြီးဖြစ်သောကြောင့် အသင်းတော်တွင် မည်သူတစ်ဦးတစ်ယောက်မျှ စောင့်ရှောက်ရန်မလိုတော့ပါ။ ဤပညတ်သည် ယုဒလူမျိုးအတွက်သာဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ပညတ်တရားလက်အောက်တွင်မရှိတော့ဘဲ ကရုဏာတရားအောက်၌ သာလျှင် ရှိပါတော့သည်။ ထိုသို့အားဖြင့် ကျွန်ုပ်တို့သည် စာသားအောက်တွင် မရှိတော့ဘဲ ဝိညာဉ်တော်အောက်သို့ ရောက်ရှိပြီးဖြစ်သောကြောင့် လိုက်နာရမည့် အချက်မှာ “ယုံကြည်၍ ကယ်တင်ခြင်းသို့ရောက်ကြသည့် လမ်းဖြစ်ပါသည်။

         သို့သော် နိုင်ငံရေးတွင်မူ ခြားနားသော သံစဉ်ကို ကြားရပါသည်။ ဥပမာအားဖြင့် အိုင်အိုဝါပြည်နာနိုင်ငံရေးလောကတွင် အရွေးခံရသော ကိုယ်စားလှယ်သည် ဘာသာရေးနှင့် ဆိုင်သော မဲဆွယ်မှုရယူရန်အတွက် သူတို့၏ လုပ်ငန်း အစီအစဉ်တွင် ဘာသာရေးခေါင်းဆောင်များအနေဖြင့် အစိုးရသည် အကျင့်စာရိတ္တနှင့် ဆိုင်သော ဥပဒေကို အတင်းအကျပ်ပြဌာန်းရမည်။

         ရှေးဓလေ့ထုံးစံဖြစ်သော လက်ထပ်ထိမ်းမြားခြင်း၊ မွန်မြတ်သန့်စင်သော အသက်တာ၊ အပြာစာပေဆန့်ကျင်မှု အစရှိသည်တို့ဖြစ်ပါသည်။ ပညတ်တော်ဆယ်ပါးကို တရားရုံးတော်တွင် ကပ်ထားကြပြီး ယုဒခရစ်ယာန်တို့၏ တန်ဖိုးထားမှုသို့ ပြန်သွားသင့်သည်ဟု ကျယ်လောင်စွာ ပြောဆိုကြပါသည်။ စကားများတို့သည် နှစ်ဖက်ခွ ထားသော စကားများသာဖြစ်ပါသည်။ လူထုအနေဖြင့် ယုံကြည်သည်မှာ ဘုရားကျောင်းတွင်ကြားရသော စကားများ၊ အသင်းအဖွဲ့တို့၏ ရောင်ပြန်ဟပ်မှုနှင့် အသင်းတော်များတို့သည်လည်း အစိုးရချိုးဖောက်ခဲ့သော ဥပဒေကို ပြန်လည်ပြင်ဆင်ရန် ဆန္ဒရှိကြပါသည်။

         မေရိယခရစ်တော်၊ ကိုယ်တော်၏ စနစ်၊ ကိုယ်တော်၏ ရည်ရွယ်ချက်၊ ကိုယ်တော်၏ အလိုတော်၊ ကိုယ်တော်၏ လမ်းခရီးဖြစ်သော ဗိမာန်တော်ကို လက်မခံ၊ ငြင်ပယ်ခြင်းသည် မုန်းတီးရွံရှာမှုကို (ဗဘသာငညအေငသညျ) ကျင့်သုံးခြင်းဖြစ်ပြီး မပြုမပြင်ပျက်စီးယိုယွင်းခြင်း (Dနျသူအေငသည) သို့ပို့ဆောင်ခြင်းဖြစ်ကြောင်း ဣသရေလ၏ သမိုင်းအဆင့်(၃) ဆင့်ဖြင့် အသိပေးဖော်ပြထားပါသည်။

No comments:

Post a Comment