Monday, May 4, 2026

 

၁၁။ ဘုရားသခင်၏ ပညတ်

ဆုတောင်းခြင်းဖြင့် အစပြုရန်

          ပညတ်တော်ကို စောင့်ထိန်းခြင်းသည် အာရုံငါးပါး၌ အခြေခံသည့် ဆန့်ကျင် ပုန်ကန်လိုသော စိတ်သဘောကို လက်ဝါးကပ်တိုင်း ပေါ်တွင် ခရစ်တော်နှင့်အတူ လုံး၀အသေရိုက်ထားခြင်း ဖြင့် “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်ပြန်လည် နာခံရန် ဆုံးဖြတ်ခြင်း ဖြစ်သည်။

          ဗျာဒိတ်ကျမ်းတွင် ပညတ်တရားကို စောင့်ထိန်းရန် သုံးကြိမ်ဆင့်ဆိုထားပါသည်။ “ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်ကိုနာခံခြင်းသည fအသက်တာတွင် အောင်မြင်မှုအတွက် ဘုရားသခင် ရေးဆွဲထားသော မဟာဗျူဟာ ဖြစ်ပါသည်။

၁။     နဂါးသည် မိန်းမမျိုးနွယ်ကို တိုက်ခိုက်ခြင်းကြောင့် စောင့်ထိန်းပါဟု အမိန့်ပေးခြင်း ဖြစ်သည်။

          ဗျာဒိတ်ကျမ်း ၁၂း၁၇ “နဂါးသည် မိန်းမကို အငြိုးထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်၍၊ ယေရှု၏ သက်သေခံတော်မူချက်ကို စွဲလမ်းသော သူတည်းဟူသော ထိုမိန်းမ၌ ကြွင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်းငှာ သွား၏။

၂။      သခင်ခရစ်တော်၏ သည်းခံခြင်း လက်နက်ကို စွဲကိုင်ထားပါ။

          ဗျာဒိတ်ကျမ်း ၁၄း၁၂ “ဘုရားသခင်၏ ပညတ်တို့ကို လည်းကောင်း၊ ယေရှု၏ ယုံကြည်ခြင်းတို့ကို လည်းကောင်း စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌ သည်းခံစရာ အကြောင်း ရှိ၏။

၃။     ဇာတိစိတ်သဘောကို ခရစ်တော်နှင့် အတူ ကပ်တိုင်ပေါ်တွင် လုံး၀အသေရိုက်ထားခြင်းကို ပညတ်တော်စောင့်ထိန်းခြင်းဖြစ်သည်။

          ဗျာဒိတ်ကျမ်း ၂၂း၁၄ “အသက်ပင်နှင့် ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှာ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။

          ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်ကိုစာတန်သည် မလိုလားပါ။ ထို့ကြောင့် ဆန့်ကျင်ပုန်ကန်ခြင်း ဖြစ်သည်။

 

လက်ဝါးကပ်တိုင်တွင် ခရစ်တော်နှင့် အတူဆန့်ကျင်ပုန်ကန်သည့် ဇာတိစိတ် သဘောကို လုံး၀အပ်နှံခြင်း၊ သေအောင်ရိုက်ထားသည့် ခံယူချက်ဖြင့် ဆုံးဖြတ်ချက်ချသော သူကို စာတန်မလိုလားသောကြောင့် တိုက်ခိုက်မည် ဖြစ်သည်။

          ဤအကြောင်း ကျယ်ကျယ်ပြန့်ပြန့် နားလည်စေရန် အပြစ်၏မူလ အစဖြစ်ပေါ်လာသော နေရာမှ စတင်လေ့လာမည်။ ကမ္ဘာမြေကို မဖန်ဆင်းမီကပင် အပြစ်ဟူသည့် သဘောတရား တည်ရှိနေပြီးသား ဖြစ်ပါသည်။

          ယေဇကျေလ အနာဂတ္တိကျမ်း ၂၈း၁၄ အပြစ်၏ မူလအစဖြစ်ပေါ်လာပုံမှာ ကောင်းကင်တမန် အကြီးဆုံး ခေါင်းဆောင် လူစီဖာမှ စတင်လာခြင်း ဖြစ်သည်။ လူစီဖာ၏ ရာထူးနှင့် အခွင့်အာဏာအကြောင်း ကျမ်းစာတွင် “သင်သည် ဖြန့်၍ လွှမ်းမိုးသော ခေရုဗိမ် ဖြစ်လျက်၊ ငါ့အခွင့်နှင့် ဘုရားသခင်၏ သန့်ရှင်းသော တောင်ပေါ်မှာ နေရာကျ၍ မီးတောက်သော ကျောက်တို့တွင် သွားလာရ၏။ကောင်းကင်နိုင်ငံတော်တွင် လူစီဖာသည် အုပ်ချုပ်ရေး၏ အဓိက နေရာဖြစ်သော ပဋိညာဉ်သေတ္တာကို ဖြန့်၍ လွှမ်းမိုးသော ခေရုဗိမ် ရာထူး နေရာကို ရရှိပါသည်။

          ထွက်မြောက်ရာကျမ်း ၂၅း၁၇-၂၀ ဣသရေလလူမျိုးများ တောထဲလှည့်လည်စဉ် တည်ဆောက်ခဲ့သော တဲတော်နှင့် အတည်တကျ အခြေချသည့်အခါ ဗိမာန်တော် ဖြစ်လာသော တဲတော် အတွင်းပုံပမာကို ကြည့်ကြပါစို့။ “အလျား နှစ်တောင်ထွာ၊ အနံတစ်တောင်ထွာ ရှိသော သေတ္တာအဖုံးကိုလည်း ရွှေနှင့်လုပ်ရမည်။ ရွှေခေရုဗိမ် ထိုခေရုဗိမ် နှစ်ပါးကို သေတ္တာဖုံးကိုယ်ထဲက ထုတ်၍၊ သေတ္တာဖုံးအပေါ်၌ တစ်ဖက်တစ်ပါးစီ လုပ်ပြီးလျှင်၊ ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင်၍၊ သေတ္တာဖုံးကို ရှုလျက်၊ မိမိအတောင်ကို ဖြန့်၍ သေတ္တဖုံးကို မိုးရမည်။

          ကောင်းကင်နိုင်ငံ၏ အခြေခံတရား အုတ်မြစ်ဖြစ်သော ကရုဏာ ပလ္လင်ကို လွှမ်းမိုးရသည့် ရာထူးဖြစ်သည်။ သနားခြင်း ကျေးဇူးတော် ပလ္လင်ကို စောင့် ထိန်းရသော လုပ်ငန်းကို တာဝန်ယူရသည်။

          တရားဟောရာကျမ်း ၁ဝး၄-၅ ဘုရားသခင်၏ ဖွဲစည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ဖြစ်သောပညတ်တော်  ပါးကို အကုန်အစင် သဘောပေါက်နားလည်သော သူဖြစ်သည်။ “သင်တို့ စည်းဝေးသော နေ့၌ ထာ၀ရဘုရားသည် တောင်ပေါ်မှာ မီးထဲက မိန့်မြွတ်တော်မူသော ပညတ်တော် ဆယ်ပါးတို့ကို၊ အရင်စာ၌ လာသည်

 

အတိုင်း၊ ထာ၀ရဘုရားသည် ရေးထား ၍ ငါ့အားပေးတော်မူ၏။ ငါသည်လည်း လှည့်၍ တောင်ပေါ်ကဆင်းသဖြင့်၊ လုပ်ပြီးသော သေတ္တာထဲ၌ ထိုကျောက်ပြားကိုထား ၍၊ ထာ၀ရဘုရားမှာထားတော်မူသည် အတိုင်း၊ ထိုသေတ္တာထဲ၌ ယခုရှိ၏။

          လူစီဖာ၏ ရာထူးနှင့် အာဏာကို နားလည်သဘောပေါက်မည်ဟု ယူဆပါသည်။ လူစီဖာသည် ဘုရားသခင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြစ်သော ပညတ်တော်  ပါးကို လွှမ်းမိုးရသော ခေရုဗိမ်ရာထူးနှင့် တာဝန်ထမ်းဆောင်စဉ် အတွင်း စိတ်သဘောတွင် စတင်၍ လှုပ်ရှားလာသည်။ အမှားနှင့် အမှန်ကို မိမိကိုယ်တိုင် ခွဲခြားတတ်သည်။ အကောင်းနှင့် အဆိုးကိုလည်း ကိုယ်တိုင် စီရင်တတ်သည်။ ထိုကြောင့် “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်ကို ဆန့်ကျင်လိုစိတ်ဖြစ်လာပြီး မိမိကိုယ်တိုင်၏ အတွေး၊ စိတ်ကူး၊ အထင်အမြင်၊ ခံစားချက် အပေါ်အခြေခံသော အတ္တဗဟိုပြုသည့် စနစ်တစ်ခုကို သန္ဓေတည်လာခြင်းဖြင့် ကောင်းကင်နိုင်ငံတွင် ထူးဆန်းသော အပြုအမူများကို စတင်မွေးဖွားလာပါသည်။

          ဘုရားသခင်သည် ကောင်းသောအရာခပ်သိမ်းတို့၏ အရင်းအမြစ်ဖြစ်သော်လည်း လူစီဖာသည် မကောင်းမှု ဒုစရိုက်အပေါင်း၏ အရင်းအမြစ်ကို စတင်ခဲ့သူဖြစ်သည်။ အတ္တဗဟိုပြုသောစနစ်ကို ဗုဒ္ဓစာပေတွင် ဣဿမိစ္ဆရိယတရား ဖြစ်ကြောင်း ဖော်ပြသည်။ ကိုယ်ပိုင်အတွေးစိတ်ကူးနှင့် အထင်အမြင်တွင် အခြေခံခြင်း ဖြင့်  တဖြည်းဖြည်းကြီးထွားလျက် နောက်ဆုံး “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်ကိုဆန့်ကျင်ပုန်ကန်ပါသည်။

          ယေဇကျေလအနာဂတ္တိကျမ်း ၂၈း၁၆ ဤစနစ်နှစ်ခုသည် ယနေ့တိုင်ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်နေကြပါသည်။ သခင်ခရစ်တော်၏ ဝိညာဉ်ရေးစနစ်နှင့်  စာတန်၏ ဝိညာဉ်ရေးစနစ် နှစ်ခုကြားတွင် ကျွန်တော်တို့ ပါဝင်ကြသည်။ ကျမ်းစာက၊ “သို့ရတွင်၊ ကုန်သွယ်ခြင်းများပြားသော အားဖြင့်၊ အဓမ္မအမှုတို့နှင့် ပြည့်စုံ၍ ပြစ်မှားသော အပြစ်ရောက်လေပြီ။ ထိုကြောင့်၊ ဆိုးယုတ်သော သူကဲ့သို့၊ သင့်ကို ဘုရားသခင်၏ တောင်တော်ပေါ်က နှင်ထုတ်မည်။ အိုလွှမ်းမိုးသော ခေရုဗိမ်၊ မီးတောက်သော ကျောက်တို့ အထဲက သင့်ကို ငါပယ်ရှင်းမည်။ပြစ်မှားသော အပြစ်ဆိုတာ ဘာလဲ။ “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်ကို ဆန့်ကျင်ပုန်ကန်မှုသည် ပြစ်မှားခြင်း အပြစ်ဖြစ်သည်။

 

          ရှင်ယောဟန်ဩဝါဒ ပထမစောင် ၃း၈ ကောင်းကင်နိုင်ငံတွင် တန်ခိုးအာဏာ အရှိဆုံး ကောင်းကင်တမန်တစ်ပါး မည်သို့ ဖြစ်သွားသနည်း။ ပိုပြီးသဘောပေါက်ဖို့ ကျမ်းစာဆက်ဖတ်ကြပါစို့။ “မာရ်နတ်သည် ရှေးဦးစွာမှစ၍ ဒုစရိုက်ကို ပြုသော သူဖြစ်သောကြောင့်၊ အကြင်သူသည် ဒုစရိုက်ကို ပြု၏။ ထိုသူသည် မာရ်နတ်နှင့် ဆိုင်၏။ မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှာ၊ ဘုရားသခင်၏ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ၏။

          အပြစ်ဟူသည်မှာ “ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်ကိုဆန့်ကျင်ပုန်ကန်မှု ဖြစ်ပါသည်။ အပြစ်မည်သို့ ဖြစ်ပေါ်လာသနည်း။

          ရှင်ယောဟန် ဩဝါဒစာ ပထမစောင် ၃း၄ “ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်ကို နာခံလိုသော စိတ်သဘောမရှိခြင်းမှ စတင်လာခြင်းဖြစ်သည်။ “ဒုစရိုက်ကို ပြုသောသူ မည်သည်ကား၊ ပညတ်တော်ကို လွန်ကျူး၏။ ဒုစရိုက်သည်ကား ပညတ်တော်ကို လွန်ကျူးခြင်း ဖြစ်သတည်း။

          ဘုရားသခင်သည် အမှားနှင့်အမှန်ကို ပြဌာန်းပိုင်သော အာဏာရှိပြီး အကောင်းနှင့် အဆိုးကိုလည်း စီရင်နိုင်သည့် ဘုရားဖြစ်သည်။ ဖန်ဆင်းခံရသော လူဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ ဘုရားသခင်ကို စိတ်နှလုံး အကြွင်းမဲ့ချစ်လျှင် အမှန်ဖြစ်ပြီး “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်ကို လက်မခံဘဲ နေခြင်းသည် အတ္တဗဟိုပြုသော စာတန်၏ စနစ်ကို ထောက်ခံခြင်း ဖြစ်ပါသည်။

          သခင်ခရစ်တော်၏ ဝိညာဉ်ရေးစနစ်သည် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ချစ်သော စနစ်ဖြစ်ပြီး စာတန်၏ ဝိညာဉ်ရေးစနစ်သည် မိမိ၏ အာရုံငါးပါးတွင် အခြေခံသည့် အတ္တဗဟိုပြုသော စနစ်ဖြစ်ပါသည်။

          ကောင်းကင်နိုင်ငံတွင် “ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်ဖြင့် စီရင်ချက် ပညတ်တရား ရှိထားပြီးသား ဖြစ်သောကြောင့် လူစီဖာအတွက် အပြစ်သဘောကို သိနိုင်ခြင်းဖြစ်သည်။

          ယေဇကျေလ အနာဂတ္တိကျမ်း ၂၈း၁၆ ဘုရားသခင် ထာ၀ရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ မချစ်ခြင်းမှ စတင်ပြီး ဘုရားသခင်၏ ပညတ်တော် မကောင်းကြောင်း ဟောပြောလျက် လူစီဖာ၏ စနစ်သည် ပို၍ ကောင်းပါသည်ဟု ကုန်သွယ်ခြင်း ဖြင့်

 

အပြစ်စတင်ပျံ့နှံ့လာခြင်း ဖြစ်သည်။ “သို့ရာတွင်၊ ကုန်သွယ်ခြင်း များပြားသော အားဖြင့်၊ အဓမ္မ အမှုတို့နှင့် ပြည့်စုံ၍ ပြစ်မှားသော အပြစ်ရောက်လေပြီ။

          ကုန်သွယ်ခြင်း အနက်အဓိပ္ပါယ်ကို တခြားကျမ်းချက်များတွင် ဖတ်ခြင်းဖြင့် ပို၍ သဘောပေါက်လာမည်။

          ယေဇကျေလ အနာဂတ္တိကျမ်း ၂၂း၉ ကုန်သွယ်ခြင်း အနက်အဓိပ္ပါယ်တွင် ကုန်းတိုက်လိုသည့် စိတ်သဘောပါဝင်သည်။ “သင့်အလယ်၌ လူအသက်ကို သတ်လို၍ ကုန်းတိုက်သူ၊ တောင်ပေါ်မှာစားသောသူ၊ အဓမ္မအမှုကို ပြုသောသူ ရှိကြ၏။

          ဝတ်ပြုရာကျမ်း ၁၉း၁၆ ကုန်သွယ်ခြင်း အနက်အဓိပ္ပါယ်တွင် သူ့အသရေပျက်သော သတင်းကို ကြားပြောသည့် စိတ်သဘောလည်း ပါဝင်သည်။ “သူ့အသရေပျက်သော သတင်းကို ကြားပြောခြင်းငှာ၊ ကိုယ်အမျိုးသားချင်းတို့တွင် မလှည့်လည်ရ။ ကိုယ်နှင့် စပ်ဆိုင်သောသူကို သေစေခြင်းငှာ မကြံစည်ရ။ ငါသည် ထာ၀ရဘုရားဖြစ်၏။

          ကုန်သွယ်ခြင်း အနက်အဓိပ္ပါယ်တွင် သူ့အသရေပျက်စေသော သတင်းကြားပြောခြင်း လည်း ပါဝင်သည်။ လူစီဖာမည်သည့် အရာလုပ်ခဲ့သနည်း။ ကုန်သွယ်ခြင်း၊ ကုန်းတိုက်ခြင်းနှင့် သူ့အသရေပျက်အောင် ပြောခြင်းဖြင့် မိမိကိုယ်တိုင် ပျက်စီးသော နည်းဗျူဟာကို စတင်ခြင်းဖြစ်သည်။ စာတန်သည် သခင်ယေရှုခရစ်တော်၏ စရိုက်လက္ခဏာနှင့် အလွန်ကွာခြားသည်။ ဆန့်ကျင်ဘက်ဖြစ်သည်။

          ရှင်ယောဟန်ခရစ်ဝင် ၈း၄၄ စာတန်၏ စရိုက်လက္ခဏာနှင့် အလွန်တူသော ဖာရိရှဲများကို ခရစ်တော်က “သင်တို့သည် သင်တို့၏ အဖတည်းဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏။ သင်တို့ အဖ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေးဦးစွာမှစ၍ လူ့အသက်ကို သတ်သောသူဖြစ်၏။ သူ၌ သစ္စာတရားမရှိသောကြောင့် သစ္စာတရား၌ မတည်မနေ။ သူသည် မုသားစကားကို ပြောသောအခါ မိမိကတိအတိုင်း ပြော၏။ မုသားစကား၌ ကျင်လည်သောသူ ဖြစ်၏။ မုသား၏ အဘလည်း ဖြစ်၏။

          စာတန်၏ စရိုက် လက္ခဏာတွင် မုသားကို စတင်တီထွင်ပြီး မုသားစကား၌ ကျင်လည်သော မုသား၏ ဖခင် (အဘ) လည်းဖြစ်သည်။ ကုန်သွယ်ခြင်း အနက်အဓိပ္ပါယ်ကို ယနေ့ခေတ်သုံးစကားတွင်လည်း များစွာရေးထားပါသည်။

 

မည်သူများကို စာတန်လှည့်စားပြီး လိမ်ခဲ့သနည်း။

          ဗျာဒိတ်ကျမ်း ၁၂း၃ “ကောင်းကင်၌ အခြားသော နိမိတ်လက္ခဏာပေါ်လာသည်ကား၊ အဆင်းနီသော နဂါးကြီးသည် ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ခေါင်းပေါ်၌ သရဖူခုနစ်ဆူကို ဆောင်းလျက်ရှိ၏။ သူ၏အမြီးသည် ကောင်းကင်ကြယ်သုံးစုတစ်စုကို ဆွဲငင်၍ မြေကြီးသို့ ချလိုက်လေ၏။ကောင်းကင်တမန်များကို ကျမ်းစာတွင် ကြယ်များဖြင့် ပုံဆောင်သည်။

          ဟေရှာယအနာဂတ္တိကျမ်း ၉း၁၅-၁၆ နဂါး၏ အမြီးသည် ကျမ်းစာတွင် မည်သည့် အရာကို ပုံဆောင်သနည်း။ “ဦးခေါင်းကား၊ အသက်ကြီးသူနှင့် အသရေရှိသူတည်း။ အမြီးကား၊ မုသားကိုဟောပြောသော ပုရောဖက်တည်း။ ဤလူမျိုးကို လမ်းပြသော သူတို့သည် လမ်းလွဲစေခြင်းငှာ ပြကြ၏။ လိုက်သော သူတို့သည်လည်း ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။

          ကောင်းကင်တမန်များကို ကျမ်းစာတွင် ကြယ်များဖြင့် ပုံဆောင်သည်။ မုသားဖြင့် လှည့်လည်ဟောပြောခြင်းကို ကျမ်းစာတွင် အမြီးဖြင့် ပုံဆောင်သည်။

          ဗျာဒိတ်ကျမ်း ၁၂း၉ လှည့်စားပြီး လိမ်လည်သော နည်းဖြင့် ကောင်းကင်တမန်များကို ဆွဲငင်းခြင်းဖြစ်သည်။ နဂါးသည် အမြီးဖြင့် “ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်ကို ဆန့်ကျင်ပုန်ကန်မှုတွင် ပါဝင်ရန် သွေးဆောင်ခြင်းဖြစ်သည်။ “ထိုအခါ၊ ဤလောကတစ်နိုင်ငံလုံးကို လှည့်ဖြား ၍ မာရ်နတ် စာတန်အမည်ရှိသော ရှေးမြွေဟောင်း တည်းဟူသော နဂါးကြီးကိုလည်းကောင်း၊ သူနှင့်အတူ သူ၏ တမန်တို့ကိုလည်းကောင်း၊ မြေကြီးသို့ ချလိုက်ကြ၏။

          စာတန်သည် အဖခမည်းတော်ကို ခစားသော မိမိ၏မူလနေရာကို စွန့်ထွက်ပြီး ကောင်းကင်တမန်တို့ အကြားတွင် မကျေနပ်မှုများ ဖြစ်လာစေရန် လှုံ့ဆော်ပေးခဲ့သည်။ သူ၏ ရည်ရွယ်ချက် အစစ်အမှန်ကို လျှို့ဝှက်စွာ သိုဝှက်ထားသည့် နည်းလမ်းဖြင့် လုပ်ဆောင်ခဲ့သည်။”(ဏဏ ၃၇.၁)

          ကမ္ဘာ့သမိုင်း၏ နောက်ဆုံးနေ့ရက်တွင် ကျွန်တော်တို့ ရင်ဆိုင်ရမည့် အန္တီခရစ်၏ စရိုက်လက္ခဏာ ဖြစ်ပါသည်။

          စာတန်၏ လိမ်လည်သော နည်းလမ်းနောက်တစ်ခုမှာ အရာခပ်သိမ်း၏ အရင်းအမြစ်သည် ဘုရားသခင်၌ တည်နေခြင်း မဟုတ်။ မိမိတို့၏ အာရုံငါးပါးအထဲ

 

တွင်တည်ရှိနေပါသည် ဖြစ်ကြောင်း၊ ထိုကြောင့် မိမိစိတ်အတွင်းမှ အကြောင်းအရာအားလုံးကို အခြေခံလျက် အစပြုရမည်။

          လူသားအတွက် အရင်းအမြစ်သည် “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင် အနာဂတံသဥာဏ်တော်တွင် အခြေခံရန် ဖြစ်ပြီး စာတန်၏ စီမံချက် မဟာဗျူဟာနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။

          ကမ္ဘာဦးကျမ်း ၃း၁-၅ စာတန်၏ နည်းဗျူဟာသည် ကောင်းကင်မှ အစပြုခဲ့သည့် “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်ကို ဆန့်ကျင်ပုန်ကန်မှုဖြင့် ပြစ်မှားသည့် စနစ်ဖြစ်ပါသည်။ “မြွေသည် ထာ၀ရအရှင်ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်တကာတို့ထက် လိမ္မာသည် ဖြစ်၍၊ မိန်းမအား၊ သင်တို့သည် ဥယျာဉ်၌ ရှိသမျှသော အပင်တို့၏ အသီးကို မစားရဟု ဧကန်စင်စစ် ဘုရားသခင် မိန့်တော်မူသလောဟု မေး၏။ မိန်းမကလည်း၊ ငါတို့သည် ဥယျာဉ်၌ ရှိသော အပင်တို့၏ အသီးကို စားရသောအခွင့်ရှိ၏။ ဥယျာဉ်အလယ်၌ ရှိသော အပင်၏ အသီးကိုကား၊ သင်တို့သည် မကိုင်မစားဘဲ နေကြလော့ (သို့မဟုတ်) သေမည်ဟု ဘုရားသခင်အမိန့်တော် ရှိသည်ဟု မြွေအား ဆို၏။ မြွေကလည်း၊ သင်တို့သည် ဧကန်အမှန် သေရမည် မဟုတ်။ အကြောင်းမူကား၊ ထိုအသီးကို စားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကို သိ၍၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတ္တံ့သည်ကို၊ ဘုရားသခင်သိတော်မူသည်ဟု မိန်းမအားဆိုလေ၏။

၁။     သင်တို့သည် မျက်စိပွင့်လင်းမည်။ စာတန်၏ ပထမဆုံး လှုပ်ရှားမှု ကိုယ်ပိုင်စဉ်းစားစိတ်ကူးတတ်သော အတွေးကို လှုံ့ဆော်ပေးခြင်းဖြစ်သည။

၂။      ကောင်းမကောင်းကို သိမည်။ မျက်ကန်းဘ၀ဖြင့်သာ အသက်ရှင်ရန် ဘုရားသခင် အလိုရှိသောကြောင့် မျက်စိပွင့်လင်းပြီး အသက်ရှင်ရန် ဘုရားသခင်မလိုလားခြင်း ဖြစ်သည်ဟု လှည့်စားခဲ့သည်။

၃။     ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတ္တံ့။ ဘုရားနှင့် တန်းတူဖြစ်ရန် ဘုရားသခင်မလိုလားပါ။ သင်တို့သည် အကောင်းနှင့်အဆိုးကို ကိုယ်ပိုင်ခွဲခြားတတ်သည့် အချိန်မှစပြီး ဘုရားသခင်နှင့်တူလာမည်။ ဘုရားသခင်နှင့် တန်းတူဖြစ်ရန် အသီးကိုယူစားပါ။ တရားမျှတပြီး သာယာ၀ပြောသော အနာဂတ်ကို အတ္တဗဟိုပြုသည့် စနစ်အတိုင်း ချီတက်ကြပါစို့။

 

          အကောင်းနှင့်အဆိုးကို ပိုင်းခြား၊ သတ်မှတ်၊ ခွဲခြားခြင်းသည် ဘုရားသခင်၏အလုပ်ဖြစ်သည်။ ပညတ်တော်ဖြင့် ပြဌာန်းထားသည်။ ဖန်ဆင်းခြင်းခံရသော လူနှင့် ကောင်းကင်တမန်အားလုံးအတွက် “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်သည် စိတ်ချလုံခြုံပြီး အသင့်လျော်ဆုံး နေရာဖြစ်သည်။ ထိုကြောင့် ဘုရားသခင်၏ အာဏာကို မိမိကိုယ်တိုင် ဆန့်ကျင်ရန် လှည့်စားခြင်းဖြစ်သည်။

          ဘုရားသခင်၏ အလိုတော်မပါဘဲ ကျွန်ုပ်တို့၏ ကိုယ်ပိုင် အတွေးစိတ်ကူးဖြင့် အနာဂတ်တွင် သာယာ၀ပြောအောင် လုပ်ဆောင်နိုင်ကြောင်း ယနေ့ကမ္ဘာသစ်အတွေးအခေါ် (နြတ ဗါန အ့နသူသါပ) ယုံကြည်ချက်နှင့် အတူတူဖြစ်သည်။

          ရှင်မဿဲခရစ်ဝင် ၁၉း၁၇-၂ “ငါ့ကို ကောင်းမြတ်သည်ဟု အဘယ်ကြောင့် ခေါ်သနည်း။ ဘုရားသခင် တစ်ပါးတည်းသာ ကောင်းမြတ်တော်မူ၏။ အသက်ရှင်ခြင်း သို့ ဝင်စားလိုလျှင် ပညတ်တော်တို့ကို စောင့်ရှောက်လော့ဟု မိန့်တော်မူ၏။ အဘယ်ပညတ်တို့ကို စောင့်ရှောက်ရမည်နည်းဟု လျှောက်ပြန်သော် လူအသက်ကို မသတ်နှင့်။ သူ့မယားကို မပြစ်မှားနှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ မမှန်သော သက်သေကို မခံနှင့်။ မိဘကို ရိုသေစွာ ပြုလော့။ ကိုယ်နှင့်စပ်ဆိုင်သော သူကို ကိုယ်နှင့်အမျှ ချစ်လော့ဟု မိန့်တော်မူ၏။ ထိုလုလင်ကလည်း၊ ထိုပညတ် ရှိသမျှတို့ကို အကျွန်ုပ်သည်ငယ်သော အရွယ်မှစ၍ စောင့်ရှောက်ပါပြီ။ အဘယ်အကျင့် လိုသေးသနည်းဟု လျှောက်ပြန်လေ၏။ ယေရှုကလည်း၊ သင်သည် စုံလင်ခြင်းသို့ ရောက်လိုလျှင် သွားလော့၊ ကိုယ်ဥစ္စာများကို ရောင်း ၍ ဆင်းရဲသော သူတို့အား ပေးလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှ ငါ့နောက်သို့ လိုက်လော့ဟု မိန့်တော်မူ၏။ ထိုလုလင်သည် များစွာသော ဥစ္စာကို ရတတ်သောသူဖြစ်၍ ထိုစကားကို ကြားလျှင် စိတ်မသာသည်နှင့် သွားလေ၏။

          ရှင်လုကာ ခရစ်ဝင် ၂၃း၅၄-၅၆ “ထိုနေ့ကား အဖိတ်နေ့ဖြစ်၍ ဥပုသ်နေ့အချိန် နီးသတည်း။ ဂါလိလဲပြည်က ကိုယ်တော်နှင့် အတူလာသော မိန်းမများသည် သင်္ချိုင်းတော်ကို လည်းကောင်း၊ အလောင်းတော်ကို အဘယ်သို့ ထားသည်ကိုလည်းကောင်း၊ အကြည့်အရှုလိုက်လာကြ၏။ ထိုနောက်မှ ပြန်သွားပြီးလျှင် ဆီမွှေးနှင့် နံ့သာမျိုးကို ပြင်ဆင်၍ ပညတ်တော်အတိုင်း ဥပုသ်နေ့၌ အလုပ်မလုပ်ဘဲ နေကြ၏။

 

          ရှင်မာကုခရစ်ဝင် ၇း၉-၁၂ “သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသကို ကျင့်ရသော အခွင့် ရှိစေခြင်းငှာ၊ ဘုရားသခင်၏ ပညတ်တော်ကို လျောက်ပတ်စွာ ပယ်ကြသည်တကား။ မောရှေ၏ ပညတ်ကား၊ မိဘကို ရိုသေစွာ ပြုလော့။ အကြင်သူသည် မိဘကို နှုတ်ဖြင့် ပြစ်မှား၏။ ထိုသူသည် အသေသတ်ခြင်းကို ခံစေဟု လာသတည်း။ သင်တို့မူကား၊ အကြင်သူသည် ကိုယ့်မိဘကို သင်တို့အသုံးရနိုင်သမျှသော ငါ၏ ဥစ္စာသည် အလÈဝတ္ထုတည်းဟူသော ကော်ဘန်ဖြစ်စေဟု ဆို၏။ ထိုသူသည် မိဘဝတ်ကို အလျှင် မပြုရဟု မြစ်တား ၍။

          ရောမဩဝါဒစာ ၇း၇-၁၂ “သို့ဖြစ်၍ အဘယ်သို့ ပြောရမည်နည်း။ ပညတ်တရား၌ အပြစ်ရှိသလော။ အပြစ်မရှိနိုင်ရာ။ သို့ရာတွင် ပညတ်တရားအားဖြင့်သာ အပြစ်သဘောကို ငါသိရ၏။ အဘယ်သို့ နည်းဟူမူကား၊ လောဘစိတ်မရှိစေနှင့်ဟု ပညတ်တရားမဆိုလျှင်၊ လောဘသဘောကို ငါမသိ။ အပြစ်တရားသည် ပညတ်တရားအားဖြင့် အခွင့် ရ၍၊ ငါ၌ အမျိုးမျိုးသော လောဘတို့ကို ဖြစ်စေ၏။ ပညတ်တရား မရှိလျှင်၊ အပြစ်တရားသေ၏။ အထက်က ပညတ်တရား မရှိသဖြင့်၊ ငါသည် အသက်ရှင်၏။ ပညတ်တရား ပေါ်သောအခါ အပြစ်တရားသည် ရှင်ပြန်၏။ ငါလည်းသေ၏။ အသက်ရှင်ခြင်းနှင့် ဆိုင်သော ပညတ်တရားသည် သေခြင်းနှင့် ဆိုင်သည်ကို ငါတွေ့ရ၏။ အပြစ်တရာသည် ပညတ်တရားအားဖြင့် အခွင့်ရလျှင်၊ ငါ့ကို လှည့်ဖြား ၍ ထိုတရားအားဖြင့် ငါ့ကို သတ်လေ၏။ ထိုကြောင့်၊ တရားတော်သည် သန့်ရှင်းခြင်း ရှိ၏။ ပညတ်တရားလည်း သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်း ရှိ၏။

          ရှင်ယာကုပ်ဩဝါဒစာ ၂း၁၀-၁၁ “အဘယ်သို့ နည်းဟူမူကား၊ ပညတ်တရား အလုံးစုံကို စောင့်ရှောက်သည်တွင် တစ်စုံတစ်ခု၌ မှားမိလျှင်၊ ပညတ်တရား အလုံးစုံကို လွန်ကျူးသော အပြစ်ရှိ၏။ သူ့မယားကို အပြစ်မှားနှင့်ဟု ပညတ်တော်မူသောသူက၊ သူအသက်ကို မသတ်နှင့်ဟု ပညတ်တော်မူသေး၏။ သို့ဖြစ်၍ သင်သည် သူ့မယားကို မပြစ်မှားဘဲ နေသော်လည်း၊ လူအသက်ကိ သတ်လျှင်၊ ပညတ်တရားကို လွန်ကျူးသောသူ ဖြစ်၏။

          ပညတ်တရားအလုံးစုံကို စောင့်ရှောက်ခြင်းသည် ပညတ်တော်ဆယ်ပါးစလုံးကို စောင့်ခြင်း ဖြစ်သည်။

          ထွက်မြောက်ရာကျမ်း ၁၆း၂၈ “ထာ၀ရဘုရားကလည်း၊ သင်တို့သည် ငါ့ပညတ်တရားများတို့ကို အဘယ်မျှကာလပတ်လုံး ငြင်းပယ်ကြလိမ့်မည်နည်း။

 

          ထွက်မြောက်ရာကျမ်း ၂၄း၁၂ “ထာ၀ရဘုရားကလည်း၊ ငါရှိရာတောင်ပေါ်သို့ တက်၍ နေလော့။ လူများတို့အား သွန်သင်ဖို့ရာ ကျောက်ပြားပေါ်မှာ ငါရေးထားသော ပညတ်တရားများကို သင်၌ ငါအပ်ပေးမည်ဟု မောရှေအား မိန့်တော်မူလျှင်။

          တရားဟောရာကျမ်း ၄း၁၃ “သင်တို့ ကျင့်စရာဖို့ မှာထားတော်မူသော ပဋိညာဉ်တရား တည်းဟူသော ပညတ်တော် ဆယ်ပါးတို့ကို မိန်မြွက်၍ ကျောက်ပြား နှစ်ပြားပေါ်၌ ရေးထားတော်မူ၏။

          တရားဟောရာကျမ်း ၃၃း၂ “ထာ၀ရဘုရားသည် သိနာတောင်ပေါ်က ကြွတော်မူ၏။ စိရအရပ်မှ ထိုလူတို့အား နေထွက်တော်မူ၏။ ပါရန်တောင်ပေါ်က ရောင်ခြည်ထွန်းပတော်မူ၍ သန့်ရှင်းသော သူ အထောင်အသောင်းတို့နှင့် တကွ ကြွတော်မူ၍၊ ဓမ္မမီးသည် ဣသရေလလူတို့အဖို့၊ လက်ယာလက်တော်မှ ထွက်လေ၏

          ပဋိညာဉ်တရားနှင့် ပညတ်တော် ဆယ်ပါးသည် အတူတူဖြစ်ပါသည်။

          ရောမဩဝါဒ ၁၃း၈-၁၀ “အချင်းချင် ချစ်ခြင်းမေတ္တာမှတစ်ပါး အဘယ်ကြွေးမျှ မတင်စေနှင့်။ သူတစ်ပါးကို ချစ်သောသူသည် အကျင့်တရားနှင့် ပြည့်စုံပြီ။ အကြောင်းမူကား၊ သူ့မယားကို မပြစ်မှားနှင့်၊ လူအသက်ကို မသတ်နှင့်၊ သူ့ဥစ္စာကို မခိုးနှင့်၊ မမှန်သော သက်သေမခံနှင့်၊ သူ့ဥစ္စာကို တပ်မက်လိုချင်သော စိတ်မရှိစေနှင့် ဟူသော ပညတ်မှစ၍ အခြားသော ပညတ်ရှိသမျှတို့သည်၊ ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ ဟူသော ပညတ်တစ်ခု၌ အပါအဝင် ဖြစ်ကြ၏။ ချစ်ခြင်းမေတ္တာရှိသောသူသည် ကိုယ်နှင့် စပ်ဆိုင်သောသူ၏ အကျိုးကို မဖျက်ဆီးတတ်။ ထိုကြောင့်၊ ချစ်ခြင်းမေတ္တာသည် အကျင့်တရားပြည့်စုံရာ ဖြစ်သတည်း။

          ရှင်ယောဟန်ခရစ်ဝင် ၁၄း၁၅ “ငါ့ကိုချစ်လျှင် ငါပညတ်တို့ကို စောင့်ရှောက်ကြလော့။

          ရှင်ယောဟန် ခရစ်ဝင် ၁၅း၁၀ “ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေကြလိမ့်မည်။

          ရှင်ယောဟန် ဩဝါဒ ပထမစောင် ၂း၃-၄ “ထိုသခင်ကို ကိုယ်တိုင် သိကျွမ်းသည်ကို အဘယ်သို့ သိရသနည်း ဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်

 

လျှင် သိရသတည်း။ ထိုသခင်ကို ငါသိ၏ဟု ပညတ်တော်တို့ကို မစောင့်ဘဲလျက် ဆိုသောသူသည် မုသားကို သုံးသောသူ ဖြစ်၍ ထိုသူ၌ သစ္စာမရှိ။

          ရှင်ယောဟန် ဩဝါဒစာစောင် ၅း၃ “ပညတ်တော်တို့ကို စောင့်ခြင်း အရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။

          အဘယ်ကြောင့် ပညတ်စောင့်ခြင်းနှင့် သခင်ခရစ်တော်၌ တည်နေခြင်း အကြောင်းကို ပြောရသနည်း။ နောက်ဆုံးကာလအထိ သခင်ခရစ်တော်၌ စိတ်နှလုံးအကြွင်းမဲ့ တည်နေခြင်းသည် ပညတ်တော်ကို စောင့်ထိန်းခြင်း ဖြစ်သည်။ သခင်ခရစ်တော်၏ ချစ်ခြင်းမေတ္တာတွင် အဆုံးတိုင်တည်နေခြင်းသည် ပညတ်တရား အလုံးစုံကို စောင့်ရှောက်ခြင်း ဖြစ်သည်။

          သက်သာလောနိတ် ဩဝါဒစာ ဒုတိယစောင် ၂း၃ “အဘယ်သူမျှ သင်တို့ကို အဘယ်သို့သော အားဖြင့် မလှည့်ဖြားစေနှင့်။ ထိုနေ့ရက် မရောက်မီ ဖောက်ပြန်သင်းခွဲခြင်းသည် အရင်ဖြစ်၍၊ ဒုစရိုက်လူတည်းဟူသော ပျက်စီးခြင်း၏ သားသည် ပေါ်လာရလိမ့်မည်။သခင်ခရစ်တော်၏ ဝိဥာဏခန္ဓာကိုယ်ဖြစ်သော အသင်းတော်နှင့် ဝေးကွာသွားစေရန် သခင်ခရစ်တော်၏ မေတ္တာ၌ တည်နေခြင်းမှ ခွဲထွက်စေရန် ဖောက်ပြန်သွင်းခွဲခြင်း အမှုဖြင့် စာတန်လှည့်စားပါသည်။ မိမိအာရုံငါးပါး၏ အတ္တကို ဗဟိုပြုသော စနစ်၌ တည်မြဲစေရန် လှည့်စားသော သူသည် ဒုစရိုက်လူတည်းဟူသော ပျက်စီးခြင်း၏ သားဖြစ်သည်။

          သက်သာလောနိတ် ဩဝါဒစာ ဒုတိယစောင် ၂း၄ လက်ဝါးကပ်တိုင်၌ ဇာတိပကတိ စိတ်ဖြစ်သော အတ္တဗဟိုပြုစနစ်ကို သခင်ခရစ်တော်နှင့် အတူ လုံး၀ အသေရိုက်ထားခြင်း မရှိသောသူသည် ပညတ်တရားကို ဆက်ပြီး လွန်ကျူးသောသူ ဖြစ်သည်။ “ထိုသူသည် ဘုရားသခင်ဟူ၍ လည်းကောင်း၊ ဘုရားဟူ၍ လည်းကောင်း၊ ခေါ်ဝေါ်သမျှသော အရာတို့ကို ရန်ဘက်ပြု၍၊ ကိုယ်ကိုကိုယ်ချီးမြှောက်သော အားဖြင့်၊ ဘုရားသခင်၏ ဗိမာန်တော်၌ ဘုရားသခင် ကဲ့သို့ ထိုင်၍၊ ဘုရားသခင်ဖြစ်ယောင်ဆောင်လျက် ကိုယ်ကိုပြသောသူဖြစ်သတည်း။

          သက်သာလောနိတ်ဩဝါဒ ဒုတိယစောင် ၂း၆-၇ “ထိုသူသည် မိမိကာလအချိန်၌ ထင်ရှားစေခြင်းငှာ၊ ယခုဆီးတားသော အကြောင်းကိုလည်း သင်တို့ သိကြ၏။ အဘယ်သို့နည်း ဟူမူကား၊ ဝှက်ထားလျက် ရှိသော ထိုအဓမ္မအရာသည် ယခု

 

ပင်ပြုပြင်ဆဲ ရှိ၏။ သို့သော်လည်း၊ ဆီးတားသောသူသည် ပယ်ရှင်းခြင်းသို့ မရောက်မီတိုင်အောင် ဆီးတားလိမ့်မည်။

          အတ္တကို ဗဟိုပြုသည့် စနစ်ဖြင့် စာတန်သည် နောက်ဆုံးနေ့ရက် (နှစ်ပေါင်း တစ်ထောင်ချုပ်နှောင်ခံရခြင်း ပြီးဆုံးချိန်) အထိ၊ မိမိကိုယ်တိုင် အာရုံငါးပါးမှာ အခြေခံသော နည်းဗျူဟာဖြင့် “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်ဆန့်ကျင်ရေး တရားတော် ပြန့်ပွားရန် သာသနာပြုပါသည်။

          သက်သာလောနိတ်ဩဝါဒစာ ဒုတိယစောင် ၂း၈-၁၂ “ပယ်ရှင်းခြင်းသို့ ရောက်သောအခါ ထိုအဓမ္မလူသည် ထင်ရှားလိမ့်မည်။ ထိုအဓမ္မလူကို သခင်ယေရှုသည် နှုတ်ထွက်ဝိညာဉ်တော်အားဖြင့် ဖျက်ဆီး ၍၊ ကြွလာတော်မူခြင်း၏ ရောင်ခြည်အားဖြင့် ပယ်ရှားတော်မူလိမ့်မည်။ ထိုအဓမ္မလူ၏ လာခြင်း အကြောင်းဟူမူကား၊ စာတန်ပြုပြင်သောအားဖြင့် မုသားနှင့် စပ်ဆိုင်သော ထူးဆန်းသော တန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှု အမျိုးမျိုးနှင့်လည်းကောင်း၊ ပျက်စီးခြင်းသို့ ရောက်သော သူတို့တွင်၊ မတရားသော လှည့်ဖြားခြင်း အမျိုးမျိုးနှင့် လည်းကောင်း လာလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှာ သမ္မာတရား၌ မွေ့လျော်သော စိတ်ကို မခံမယူကြ။ ထိုကြောင့်၊ သမ္မာတရားကို မယုံဘဲ၊ မတရားသော အမှု၌ မွေ့လျော်သော သူအပေါင်းတို့သည်။ တရားရှုံးခြင်းသို့ ရောက်မည်အကြောင်း၊ မုသားစကားကို ယုံစိမ့်သောငှာ၊ မိစ္ဆာဒိဌိပြုပြင်အားထုတ်ခြင်း အခွင့်ကို သူတို့၌ ဘုရားသခင် လွှတ်တော်မူလိမ့်မည်။

          ဒံယေလအနာဂတ္တိကျမ်း ၇း၂၅ “အမြင့်ဆုံးသော ဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသော စကားကို ပြောလိမ့်မည်။ အမြင်ဆုံးသောဘုရား၏ သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့် ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှာ ကြံစည်လိမ့်မည်။ တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်လုံး သူသည် အခွင့်ရလိမ့်မည်။

          ဗျာဒိတ်ကျမ်း ၁၂း၁၃-၁၄ “ထိုနဂါးသည် မြေကြီးသို့ ကိုယ်ကျသည်ကို သိမြင်လေသော်၊ သားယောက်ျားကို ဖွားမြင်သော မိန်းမကို ညှဉ်းဆဲ၏။ မိန်းမသည် ထိုမြွေနှင့် လွတ်၍၊ တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး ကျွေးမွေးခြင်းကို ခံရာ အရပ်တည်းဟူသော တောအရပ်သို့ ပျံနိုင်မည် အကြောင်း၊ ရွှေလင်းတကြီး၏ အတောင်နှစ်ဖက်ကို ရလေ၏။

 

          သခင်ခရစ်တော်နှင့် စာတန်၏ ဝိညာဉ်ရေးစနစ်နှစ်ခုကြားထဲတွင် ကျွန်တော်တို့ ပါဝင်သည်။

          ဗျာဒိတ်ကျမ်း ၁၂း၁၇ “နဂါးသည် မိန်းမကို အငြိုးထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်၍ ယေရှု၏ သက်သေခံတော်မူချက်ကို စွဲလမ်းသောသူ တည်းဟူသော ထိုမိန်းမ၌ ကြွင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်းငှာ သွား၏။

          ဗျာဒိတ်ကျမ်း ၂၂း၁၄-၁၅ “အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှာ ပညတ်တော်တို့ကို ကျင့်သောသူ တို့သည် မင်္ဂလာရှိကြ၏။ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကို သတ်သောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊ ဥစ္စာပျက်ခြင်းကို နှစ်သက်၍ ပြုသော သူအပေါင်းတို့သည် ရှိကြ၏။

          ဗျာဒိတ်ကျမ်း ၂၁း၇-၈ “အောင်မြင်သောသူသည် ဤအရာတို့ကို အမွေခံရလိမ့်မည်။ ငါသည်သူ၏ ဘုရားသခင် ဖြစ်မည်။ သူသည်လည်း ငါ၏သား ဖြစ်လိမ့်မည်။ ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံရှာဖွယ်သောသူ၊ လူအသက်ကို သတ်သောသူ၊ မတရားသော မေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ်သောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊ သစ္စာပျက်သော သူအပေါင်းတို့မူကား၊ ဒုတိယသေခြင်း တည်းဟူသော ကန့်နှင့်လောင်သော မီးအိုင်ထဲ၌ မိမိတို့ အဖို့ကို ရကြလိမ့်မည် ဟူ၍ လည်းကောင်း ငါ့အား မိန့်တော်မူ၏။

          မြို့တံခါးဖြင့် အတွင်းသို့ ဝင်နိုင်ရန် ပညတ်တော်ကို ကျင့်သောသူသည် အမှားအမှန်၊ အကောင်းအဆိုးဖြင့် အလုပ်ရှုပ်မနေဘဲ သခင်ခရစ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ချစ်ပြီး သခင်စေခိုင်းသမျှ ချစ်သည့် စိတ်သဘောဖြင့် ဆောင်ရွက်သူဖြစ်သည်။ သခင်ခရစ်တော်၌ တည်နေခြင်း ဖြစ်သည်။ ဒုတိယသေခြင်း ဖြစ်သော ကန့်နှင့်လောင်သည့် မီးအိုင်ထဲတွင် ရောက်ရှိသော သူများမှာ ပညတ်တရားကို မနှစ်သက်သောသူ၊ ခရစ်တော်၌ မတည်သောသူများ ဖြစ်သည်။ မိမိအာရုံငါးပါး၌ အခြေခံသည့် အတ္တကို ဗဟိုပြုသော စနစ်အတိုင်း အသက်ရှင်နေထိုင်သူများ ဖြစ်သည်။

          ဗျာဒိတ်ကျမ်း ၁၄း၁ “ထိုနောက်မှ ငါကြည့်လျှင်၊ သိုးသငယ်သည် ဇိအုန်တောင်ပေါ်မှာ ရပ်နေ၏။ သူ၏ နာမနှင့် ခမည်းတော်၏ နာမကို နဖူး၌ အက္ခရာတင်သော သူတစ်သိန်းလေးသောင်း လေးထောင်လည်း သူနှင့် အတူရှိကြ၏။

 

          နဖူး၌ အက္ခရာတင်ထားသော အမည်နာမသည် ပညတ်တော် ဆယ်ပါးတွင် ရေးသားထားသော သခင်ခရစ်တော်၏ စာရိတ္တ ဖြစ်သည်။ “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်ကို ဆန့်ကျင်ပုန်ကန်မှုသည် ပြစ်မှားခြင်း ဖြစ်သည်။ ထာ၀ရဘုရား၏ ကောင်းမြတ်ခြင်းအမှုတွင် တည်နေရန် ငြင်းပယ်သောသူ၊ ဆန့်ကျင်သော သူဖြစ်သည်။

          ထွက်မြောက်ရာကျမ်း ၃၃း၁၈-၁၉ “တစ်ဖန်တုံ ကိုယ်တော်၏ ဘုန်းကို အကျွန်ုပ်အား ပြတော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု လျှောက်လျှင်၊ ထာ၀ဘုရားက ငါ၏ကောင်းမွန်ခြင်း ရှိသမျှကို သင်ရှေ့၌ ငါလျှောက်သွားစေမည်။ ထာ၀ရဘုရား၏ နာမတော်ကိုလည်း သင့်ရှေ့၌ ငါကြွေးကြော်မည်။ ငါသည် ကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုမည်။ သနားလိုသော သူကိုလည်း သနားမည်။

          ထာ၀ရဘုရား၏ ဂုဏ်တော်သည် ကောင်းမွန်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ စာရိတ္တဂုဏ်တော်ကို အမှန်မြင်ခြင်းဖြင့် စိတ်အတွင်း၌ အမြင်မှန်၊ အယူမှန်၊ အတွေးမှန်သို့ ပြောင်းလဲခြင်းဖြစ်သည်။ ဖြောင့်မတ်ခြင်း တရားသည် စိတ်အတွင်းမှ အစပြု ဖြစ်ပေါ်လာသည်။ မုန်ညက် အတွင်းမှ စတင်ကူးစက်သော တဆေးနှင့်တူ၏။

          ဆာလံကျမ်း ၄ဝး၆-၈ “ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သကာကို အလိုတော် မရှိသည်ဖြစ်၍ အကျွန်ုပ်နားကို ဖွင့်တော်မူပြီ။ မီးရှို့ရာယဇ်နှင် အပြစ်ဖြေရာယဇ်များကို တောင်းတော်မမူသောအခါ၊ ကျမ်းစာလိပ်၌ အကျွန်ုပ်ကို အမှန်ပြု၍ ရေးထားသည်နှင့် အညီ အကျွန်ုပ်သည် သွားပါမည်ဟု ဝန်ခံပါ၏။ အကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်၏ အလိုကို ဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။ ကိုယ်တော်၏ တရားသည်လည်း အကျွန်ုပ် နှလုံးထဲမှာ ရှိပါ၏။

          ဘုရားသခင်၏ ဂုဏ်တော်ကို အမှန်မြင်ခြင်း ဖြင့် စိတ်အတွင်းမှ အမြင်မှန်၊ အယူမှန်၊ အတွေးမှန်လာပြီး စိတ်နှလုံးအထဲတွင် ဘုရားသခင် ရေးသော ပညတ်တရားစတင်တည်နေသည့် အချိန်မှစပြီး ပြင်ပမှ ပေါ်လစီများ မလိုတော့ပါ။ သခင်ခရစ်တော်၏ စိတ်နှလုံးအထဲမှ ပြုပြင်ခြင်းတရားသည် အပြစ်သား တစ်ဦးအတွက် လုံလောက်ပါသည်။ ဘုရားသခင် ကို စိတ်နှလုံးအကြွင်းမဲ့ချစ်ပါဟု တောင်းဆိုခြင်း ဖြစ်သည်။ ပြင်ပတွင် တံခါးခေါက်သော ဘုရားသခင်ကို ဝင်ခွင့်ပေးပါ။ ဘုရားသခင်ကိုစိတ်နှလုံး အကြွင်းမဲ့ချစ်ခြင်း၊ တရားတော်၌ မွေ့လျော်ခြင်း၊ ခရစ်တော်၌ မှီခိုခြင်းကို အထင်ကြီး ဦးစားပေးခြင်းသည် ပညတ်တရား စုံလင်ခြင်း ဖြစ်သည်။

 

          ပညတ်တရားစောင့်ထိန်းခြင်းသည် လက်ဝါးကပ်တိုင်၌ ဇာတိစိတ်သဘောကို လုံး၀ အသေရိုက်ထားခြင်း ဖြစ်သည်။ ဧလိယ၏ စိတ်ဝိညာဉ်မျိုး ဖြစ်ပါသည်။

          ထိုကြောင့် လက်ဝါးကပ်တိုင်းပေါ်တွင် ခရစ်တော်နှင့်အတူ လုံး၀အသေရိုက်ထားခြင်းဖြင့် “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်ပြန်လည်နာခံရန် ရွေးချယ်ဆုံးဖြတ်ကြပါ မိတ်ဆွေ။

          အားလုံးအပေါ် ဘုရားသခင် သွန်းလောင်းချပေးသော ကောင်းချီးမင်္ဂလာ မိတ်ဆွေ ကိုယ်တိုင် ပိုင်ဆိုင်နိုင်ပါစေ။ အာမင်။

No comments:

Post a Comment