Monday, May 4, 2026

 

၁၀။ ယေရှု၏ သက်သေခံတော်မူချက်

ဆုတောင်းခြင်းဖြင့် အစပြုရန်

          ဗျာဒိတ်ကျမ်း ၁၂း၁၇ “နဂါးသည် မိန်းမကို အငြိုးထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်၍၊ ယေရှု၏ သက်သေခံတော်မူချက်ကို စွဲလမ်းသော သူတည်းဟူသော ထိုမိန်းမ၌ ကြွင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်းငှာ သွား၏။နောက်ဆုံး အချိန်ကာလတွင် အမှုတော်ကို တာဝန်ခံဆောင်ရွက်မည့် အသင်းတော်သည် ယေရှု၏ သက်သေခံတော်မူချက်ကို ဘဏ္ဍာစိုး၊ မန်နေဂျာ အဖြစ်ဆောင်ရွက်ရန် အခွင့်အရေး ရရှိသူဖြစ်သည်။ ယေရှု၏ သက်သေခံတော်မူချက်သည် မည်သည့်အဓိပ္ပါယ်ရှိသနည်း။ ထိုအကြောင်းအရာများကို နားလည်ရန် နှစ်ခြင်း ဆရာယောဟန်၏ အသက်တာမှ စတင်လေ့လာကြပါစို့။

          ရှင်မဿဲခရစ်ဝင် ၃း၅၊ ၆ နှစ်ခြင်း ဆရာယောဟန်သည် ဘာသာရေးပြုပြင်၊ နိုးကြား၊ ပြောင်းလဲရမည့်ခေတ်တွင် ဘဏ္ဍာစိုးအဖြစ် အခွင့်အရေး ရရှိသူဖြစ်သည်။ “ထိုအခါ ယေရုရှလင်မြို့မှစ၍ ယုဒပြည်သူပြည်သား၊ ယော်ဒန်မြစ်နားမှာ နေသော သူပေါင်းတို့သည် ယောဟန်ထံသို့ ထွက်သွား ၍၊ မိမိအပြစ်များကို ဖော်ပြလျက် ယော်ဒန်မြစ်၌ ဗတ္တိဇံကို ခံကြ၏။ဓမ္မဟောင်းကျမ်းတွင် ဖော်ပြထားသော ကြွလာမည့် ပုရောဖက် တစ်ပါးနှင့်တူသော ကြောင့် ဂျူးလူမျိုးများသည် နှစ်ခြင်း ဆရာယောဟန် နေသောယော်ဒန်ဖြစ်နားသို့ သွားကြပါသည်။ နှစ်ခြင်းဆရာယောဟန် ၏ စားသောက်သောပုံစံ၊ အိပ်သောပုံစံ၊ သွားလာသောပုံစံ၊ ဟောပြောသော ပုံစံများသည် ပုရောဖက်ဧလိယနှင့် အလွန်တူပါသည်။

          ရှင်ယောဟန်ခရစ်ဝင် ၁း၁၉-၂၁ နှစ်ခြင်း ဆရာယောဟန် အမှုတော်ထမ်းဆောင်သော အချိန်သည်လည်း ဂျူးလူမျိုးများ မျှော်လင့်နေသော ရက်သတ္တပတ် ၇၀ အနာဂတ္တိစကား ပြည့်စုံခါနီး အချိန်ကာလ ဖြစ်ပါသည်။ “ယုဒလူတို့က၊ သင်သည် အဘယ်သူနည်းဟု ယောဟန်ကို မေးမြန်းစေခြင်းငှာ ယဇ်ပုရောဟိတ်နှင့် လေဝိလူ တို့ကို ယေရုရှလင်မြို့မှ စေလွှတ်သောအခါ၊ ယောဟန်သည် သက်သေခံလေသည်မှာ ငါသည် ခရစ်တော်မဟုတ်ဟု ထိမ်ဝှက်ခြင်းမရှိ၊ အတိအလင်း ပြောဆို၏။ ထိုသူတို့ကလည်း၊ သို့ဖြစ်လျှင် သင်သည် အဘယ်သူနည်း။ ဧလိယဖြစ်သလောဟု မေးပြန်၏။ ယောဟန်က၊ ငါသည် ဧလိယမဟုတ်ဟု ဆို၏။ ဤမည်သော ပုရောဖက်ဖြစ်သလောဟု မေးမြန်လျှင်၊ မဟုတ်ဟု ဆိုပြန်၏။

          ရှင်လုကာခရစ်ဝင် ၇း၂၇ နှစ်ခြင်း ဆရာယောဟန်သည် မိမိတို့ မျှော်လင့်နေသော ပုရောဖက် မဟုတ်လျှင်၊ မေးခွန်းက- နှစ်ခြင်း ဆရာယောဟန်သည် မည်သူနည်း။ “ကျမ်းစာ၌ လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကို ပြင်ရသော ငါ၏ တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏ ဟုဆိုရာ၌ ထိုသူကို ဆိုလိုသတည်း။ရှေးခေတ်ရှင်ဘုရင်များ တိုင်းခန်း လှည့်လည်သော အချိန်မတိုင်မီ ဘုရင်သွားမည့် လမ်းကို ကြိုတင်ပြင်ဆင် ပေးရသော သူနှင့် တူပါသည်။ သခင်ခရစ်တော် ကြွလာမည့် လမ်းအတွက် နှစ်ခြင်း ဆရာယောဟန်ကို အဘယ်ကြောင့် ရွေးချယ်သနည်း။ ထိုခေတ် ထိုအချိန်၏ အခြေအနေ မည်သို့ ရှိသနည်း။

          ရှင်ယောဟန်ခရစ်ဝင် ၁း၂၃ သခင်ခရစ်တော် ကြွလာမည့် လမ်းကို ပြင်ဆင်ပေးသော နှစ်ခြင်း ဆရာယောဟန် အကြောင်း၊ “ယောဟန်ကလည်း၊ ငါသည် ပုရောဖက် ဟေရှာယ ဟောပြောသည်နှင့်အညီ၊ ထာ၀ရဘုရား၏ လမ်းခရီးတော်ကို ဖြောင့်စေကြလော့ဟု တော၌ ဟစ်ကြော်သောသူ၏ အသံဖြစ်သည်ဟု ဆို၏။သခင်သွားမည့်လမ်းကို ပြင်ဆင်ခွင့်ရသော သူသည် ထူးခြားသော အခွင့်အရေး ရရှိသူဖြစ်သည်။ စိတ်ချယုံကြည်ရသည့် ငယ်သားဖြစ်သည်။ သခင်၏ ရှေ့ပြေးလူယုံတော်ဖြစ်သည်။

          ရှင်မဿဲခရစ်ဝင် ၃း၁-၃ နှစ်ခြင်းဆရာယောဟန်သည် သခင်ခရစ်တော်ကြွလာမည့် လမ်းခရီးကို ပြင်ဆင်ရသော ငယ်သားဖြစ်သည်။ သခင်ခရစ်တော်ကြွလာမည့် သတင်းစကားကို ကြွေးကြော်ရန် ခန့်အပ်ထားသော သူဖြစ်သည်။ “ထိုကာလအခါ ဗတ္တိဇံဆရာယောဟန်သည် ပေါ်ထွန်းလျှင်၊ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။ ထိုကြောင့် နောင်တရကြလော့ဟု ယုဒတော်၌ ဟောလေ၏။ ပုရောဖက် ဟေရှာယ ဟောဖူးသည်ကား၊ တော၌ဟစ်ကြော်သော သူ၏အသံမှာ၊ ထာ၀ရဘုရားကြွတော်မူရာ လမ်းကို ပြင်ကြလော့။ လမ်းခရီးတော်ကို ဖြောင့်စေကြလော့ ဟူသော အချက်၌ ထိုယောဟန်ကို ဆိုလိုသတည်း။

          ရှင်လုကာ ခရစ်ဝင် ၁း၁၆-၁၇ ရှင်ဘုရင် တိုင်းခန်းလှည့်လည်သော အချိန်မတိုင်မီ ကြိုပြီးဘုရင် သွားမည့်လမ်းကို ပြင်ဆင်ပေးဖို့ တာဝန်ခံသော သူနှင့်တူပါသည်။ “ဣသရေလ အမျိုးသားအများတို့ကို သူတို့ ဘုရားသခင် ထာ၀ရဘုရား ထံတော်သို့ပြောင်းလဲစေလိမ့်မည်။ အဘတို့နှင့် သားတို့ကို အသင့်အတင့် ဖြစ်စေခြင်းငှာ လည်းကောင်း၊ ငြင်းဆန်သော သူတို့ကို သူတော်ကောင်းတို့၏ သတိပညာလမ်းသို့ ပြောင်လဲစေသော အားဖြင့်၊ ထာ၀ရဘုရား အဖို့အလိုငှာ ပြင်ဆင်သော လူမျိုး ဖြစ်စေခြင်းငှာ လည်းကောင်း၊ သူသည် ဧလိယ၏ စိတ်ဝိညာဉ်တန်ခိုးနှင့် ပြည့်စုံလျက် ဘုရားသခင့် ရှေ့တော်သို့ သွားလိမ့်မည်ဟု ကောင်းကင်တမန် ပြောဆို၏။

          ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်နာခံမှုမရှိ၊ လမ်းလွဲသော သူများအတွက် ထာ၀ရဘုရားထံတော်သို့ ပြန်လာကြရန်၊ ပြုပြင်ပြောင်းလဲရန် သတင်းပေးခြင်း ဖြစ်သည်။ ကြွလာမည့် အရှင်သခင်ကို လက်ခံကြရန် ပြင်ဆင်ပေးသော သူဖြစ်သည်။ (Jသ့ည အ့န Bစေအငျအ တas ညသအ ညေ ငညညသလအေသမ dငိ ညသအ ဘမငညါ ညနတ အမကအ့ hန တas gမနအေ မနျအသမနမ).

          ရှင်မဿဲခရစ်ဝင် ၁၇း၁၁-၁၃ နှစ်ခြင်း ဆရာယောဟန်သည် တီထွင်သူ တစ်ဦးအဖြစ် အမှန်တရားကို ယူဆောင်လာသူ မဟုတ်ဘဲ မဟာပြုပြင်ပြောင်းလဲရေး လှုပ်ရှားသူဖြစ်ပါသည်။ “ယေရှုက၊ ဧလိယသည် အရင်လာ၍ အလုံးစုံတို့ကို ပြုပြင်ရသည် မှန်ပေ၏။ ငါဆိုသည်ကား၊ ဧလိယရောက်လာပြီ၊ လူများသည် သူ့ကို မသိသဖြင့် သူ့အား ပြုချင်သမျှကို ပြုကြပြီ။ ထိုနည်းတူ လူသားသည်လည်း ထိုလူများ လက်၌ ခံရမည်ဟု မိန့်တော်မူသော်၊ ဗတ္တိဇံဆရာယောဟန်ကို အမှတ်ပြု၍ မိန့်တော်မူကြောင်းကို တပည့်တော်တို့သည် နားလည်ကြ၏။ကြွလာမည့် ဘုရင်၏ ရှေ့တော်ပြေးကို ငြင်းပယ်ခြင်းသည် ရှင်ဘုရင်ကြွလာခြင်းကို လက်မခံလိုသော စိတ်သဘောဖြစ်သည်။ လမ်းခရီးပြင်ဆင်သောသူကို ငြင်းပယ်ခြင်းသည် ကြွလာမည် ဘုရင်ကို ငြင်းပယ်ခြင်းဖြစ်သည်။

နှစ်ခြင်းဆရာယောဟန်သည်-

၁။     ပုရောဖက်ထက်သာပြီး ကြီးမြတ်သောသူ ဖြစ်သည်။

          ရှင်လုကာခရစ်ဝင် ၇း၂၆ “ပုရောဖက်ကို ကြည့်ရှုခြင်းငှာ သွားသလောမှန်ပေ၏။ ပုရောဖက်ထက်ကြီးမြတ်သော သူလည်း ဖြစ်သည်ဟု ငါဆို၏။

၂။      နိမိတ်လက္ခဏာတစ်ခုမျှမပြခဲ့ပါ။

          ရှင်ယောဟန် ခရစ်ဝင် ၁ဝး၄၁-၄၂ “လူများတို့သည် အထံတော်သို့ ရောက်လာလျှင်၊ ယောဟန်သည် နိမိတ်လက္ခဏာကိုမပြ၊ သို့သော်လည်း

 

ဤသူ၏ အကြောင်းကို ယောဟန် ပြောသမျှ မှန်ပေ၏။ ဟု ဆိုကြသဖြင့်၊ ထိုအရပ်၌ လူများတို့သည် ကိုယ်တော်ကို ယုံကြည်ကြ၏။

၃။     သက်သေခံအဖြစ် ရွေးချယ်ခံရသူ ဖြစ်သောကြောင့် ယေရှု၏ သက်သေခံချက် ရှိသည်။

          ရှင်ယောဟန် ခရစ်ဝင် ၅း၃၁-၃၂ “ငါသည် ကိုယ်အကြောင်းကို သက်သေခံလျှင် ငါ့သက်သေမတည်။ ငါ၏ အကြောင်းကို သက်သေခံသောသူ တစ်ပါးရှိသေး၏။ ထိုသူ၏ သက်သေတည်ကြောင်းကို ငါသိ၏။

၄။     အလင်းတော်မဟုတ်သောသူဖြစ်၏။

          ရှင်ယောဟန် ခရစ်ဝင် ၁း၆-၈ “ယောဟန်အမည်ရှိသော သူတစ်ယောက်ကို ဘုရားသခင် စေလွှတ်တော်မူ၏။ ထိုသူကို လူအပေါင်းတို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ ရောက်မည် အကြောင်း ထိုသူသည် သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှာ လာ၏။ ထိုသူသည် အလင်းတော်မဟုတ်၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှာသာ လာ၏။

          ရှင်ယောဟန် ခရစ်ဝင် ၅း၃၅-၃၆ “ယောဟန်သည် ညှိထွန်း ၍ လင်းသော ဆီမီးဖြစ်၏။ သင်တို့သည် သူ၏ အလင်း၌ ခဏသာ မွေ့လျော်ခြင်းငှာ အလိုရှိကြ၏။ ယောဟန်၏ သက်သေထက်သာ၍ ကြီးသော သက်သေသည် ငါ၌ ရှိ၏။ အကြင်အမှုတို့ကို ငါပြီးစီးစေခြင်းငှာ ခမည်းတော်သည် ငါ့လက်သို့ အပ်တော်မူ၍၊ ငါပြုသော ထိုအမှုတို့သည်လည်း ငါဘက်၌ နေ၍၊ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည် အကြောင်းကို သက်သေခံကြ၏။

          ပုရောဖက် ယောဟန်ဟာ ဘုရားသခင် ပြဌာန်းထားတဲ့ ဥပဒေ တည်တဲ့ ခေတ်နှစ်ခေတ် ကြားဆက်စပ်ပေးတဲ့ သူဖြစ်ပါသည်။ သူဟာ ခရစ်တော် ပေါ်ထွန်းပြီး ခေတ်နဲ့ ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းတို့ အကြား ဆက်နွှယ်မှုကို ဖော်ပြဖို့ ပေါ်ထွက်လာတာဖြစ်တယ်။ သူဟာ သေငယ်တဲ့ အလင်းဖြစ်ပြီး  ပိုကြီးမားတဲ့ အလင်းဟာ သူ့ရဲ့ နောက်မှာ ပေါ်ထွက်လာမှာ ဖြစ်ပါသည်။” (Dဗယ ၂၂၀.၂)

          ရှင်ယောဟန် ခရစ်ဝင် ၅း၃၉-၄၀ “ကျမ်းစာအားဖြင့် ထာ၀ရအသက်ကို ရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကို စေ့စေ့ ကြည့်ရှုကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှာ အလိုမရှိကြ။

          ဓမ္မဟောင်းကျမ်းကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။ နှစ်ခြင်း ဆရာ ယောဟန်သည် သခင်ခရစ်တော် ထံမှ လာသော အလင်းကို သက်သေခံအရောင်ပြန်ခြင်း သာ ဖြစ်သည်။ ကြီးမြတ်သည့် အလင်းဖြစ်သော သခင်ခရစ်တော်၏ လက်ထဲတွင် သက်သေခံနှစ်ပါးဖြစ်သော အလင်းကြီးနှင့် အလင်းငယ်ရှိပါသည်။ အလင်းကြီးဖြစ်သော ဓမ္မဟောင်းကျမ်းစာနှင့် အလင်းငယ်ဖြစ်သော ပုရောဖက်နှစ်ခြင်းဆရာ ယောဟန်ဖြစ်ပါသည်။

          ရှင်ယောဟန် ခရစ်ဝင် ၅း၄၅-၄၇ “ခမည်းတော် ရှေ့၌ ငါသည် သင်တို့ကို အပြစ်တင်မည်ဟု မထင်ကြနှင့်။ သင်တို့ကို အပြစ်တင်သော သူတစ်ပါးရှိသေး၏။ ထိုသူကား သင်တို့ကိုးစားသော မောရှေပေတည်း။ သင်တို့သည် မောရှေ၏ စကားကို ယုံလျှင် ငါ့စကားကို မယုံဘဲ မနေနိုင်ကြ။ အကြောင်းမူကား၊ မောရှေသည် ငါ့အကြောင်းကို ရေးထား၏။ သူရေးထားသောစာကို သင်တို့သည် မယုံလျှင်၊ ငါ့စကားကို အဘယ်သို့ ယုံနိုင်မည်နည်းဟု ယုဒလူတို့အား မိန့်တော်မူ၏။

          မောရှေနှင့် ပုရောဖက်များ ရေးခဲ့သော ဓမ္မဟောင်းကျမ်းမှ ကြီးမြတ်သည့် အလင်းနှင့် စာပေအရေးအသားမပါသော အလင်းငယ်ဖြစ် ပုရောဖက်နှစ်ခြင်း ဆရာယောဟန် ဖြစ်ပါသည်။ အလင်းနှစ်ခုစလုံးကို လိုအပ်ပါသလား။ မည်သည့်အကြောင်းကြောင့် အလင်းငယ်ကို လိုအပ်ပါသနည်း။ အမှန်တကယ် လိုအပ်ပါသလား။ မောရှေနှင့် ပုရောဖက်များ ရေးခဲ့သော ဓမ္မဟောင်းကျမ်းစာဖြင့် အရှင်ကို လက်ခံကြလိမ့်မည်ဟု ထင်ပါသလား။ ဓမ္မဟောင်းကျမ်းကို သေသေချာချာဖတ်လျှင် မေရှိယအရှင်ကို ဂျူးလူမျိုးများ လက်ခံကြလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ဓမ္မဟောင်းကျမ်းတွင် သခင်ခရစ်တော်၏ စာရိတ္တတော်ကို ဖော်ပြထားခြင် ဖြစ်ပါသည်။ သခင်ယေရှုသည် မေရှိယ အရှင်ဖြစ်ကြောင်း ဓမ္မဟောင်းကျမ်းတွင် အသေအချာဖော်ပြထားပါသည်။ ဓမ္မဟောင်း၏ နောက်ဆုံးကျမ်း ဖြစ်သော မာလခိကျမ်းနှင့် အလင်းငယ်ဖြစ်သော ပုရောဖက် နှစ်ခြင်း ဆရာယောဟန်တို့၏ ကြားကာလအချိန်မှာ နှစ်ပေါင်း ၄၀၀-ကျော်ပါသည်။

          ရှင်မဿဲခရစ်ဝင် ၁း၇၈၊ ၇၉ လူ့ဇာတိခံယူရန် ခရစ်တော်ကြွလာသော အချိန်တွင် ဣသရေလလူမျိုးများ၏ ဝိညာဉ်ရေး အခြေအနေမှာ ညနက်အမှောင်ထု ကဲ့သို့ ဖြစ်ပါသည်။ “ထိုသနားတော်မူခြင်း ကျေးဇူးတော်အားဖြင့်၊ ကောင်းကင်မှ နေအာရုဏ်သည် ငါတို့အပေါ်သို့ တက်သဖြင့်၊ မှောင်မိုက်နှင့် သေမင်း၏ အရိပ်ထဲတွင် ရှိနေသော သူတို့၌ အလင်းပေါ်ထွက်၍၊ ငါတို့အား ငြိမ်သက်ခြင်း လမ်းကို ပြလျက် ရှိသည်ဟု ပုရောဖက် ဥာဏ်နှင့် ဟောလေ၏။

          မှောင်မိုက်နှင့် သေမင်း၏ လက်ထဲတွင် ရောက်ရှိနေသော ဣသရေလလူမျိုး၏ အရေးပေါ် လိုအပ်ချက်အတွက် အရေးအသား မဟုတ်သော အလင်းငယ်ကို ဘုရားသခင် ပြင်ဆင်ပေးခြင်း ဖြစ်ပါသည်။ လူသားသက်သေအဖြစ် ယောဟန်ကို ရွေးချယ်ပြီး ခန့်အပ်ထားခြင်း ဖြစ်ပါသည်။

နှစ်ခြင်းဆရာယောဟန်ကို ခန့်ထားသော အကြောင်းရင်းမှာ။

          ဓမ္မဟောင်းကျမ်းမှ ကြီးမြတ်သော အလင်းတော်ကို ဖော်ပြပေးရန် ဖြစ်သည်။ “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်ထင်ရှားစေရန် သက်သေခံအဖြစ် ဘုရားသခင် ကြံစည်ထားခြင်း ဖြစ်သည်။ လူဇာတိခံယူသော နှုတ်ကပတ်တော် ခရစ်တော်၏ အလင်းကြီးကို ထင်ရှားစေဖို့ ဖြစ်သည်။ နှစ်ခြင်း ဆရာယောဟန်သည် အလင်းသစ်ကို ထွန်းလင်းရန် မဟုတ်ဘဲ ဓမ္မဟောင်းကျမ်းတွင် ဖော်ပြထားသော ကတိတော် အားလုံးကို ရောင်ပြန် ဖော်ပြပေးဖို့ ဖြစ်သည်။

          ဣသရေလလူမျိုးများ၏ အခြေအနေမှာ အမြင်မှား၊ အထင်မှား၊ အတွေးတွေ မှားသော ကြောင့် အယူမှားဖြင့် ခံယူချက် လည်းမှား ခြင်းဖြစ်သည်။ အမြင်မှန်အထင်မှန် အတွေးမှန်များ ရရှိစေရန် အလင်းထွန်းလင်းပေးပြီး “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်ကို အမှန်အတိုင်း မြင်လာရန်၊ အတွေးမှန် အယူမှန်၊ ယုံကြည်ခံယူချက် အမှန်ကို အလင်းပေးပြီး ဘုရားသခင်ထံသို့ ပြန်လာရန် ဟောပြောသူ ဖြစ်သည်။

          ဣသရေလလူမျိုးတွေက သူတို့သိတယ်၊ သူတို့ရဲ့ ခံယူချက် မှန်တယ်လို့ပဲ ခံယူထားကြတယ်။ ဒါကြောင့် မေရှိယကို သူတို့ မျှော်နေကြောင်း ဝန်ခံကြတယ်။ ဘုရားသခင်ကို ချစ်ကြောင်း အကျင့်အားဖြင့် ပြသကြတယ်။ ဒါပေမယ့် ဣသရေလ လူမျိုးတွေကပဲ သခင်ခရစ်တော်ကို လက်ဝါးကပ်တိုင် တင်တဲ့သူ တွေ ဖြစ်လာပါတယ်။

          ဓမ္မဟောင်းကျမ်းမှ အလင်း ဖြစ်သည့် “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်ကို အမြင်မှား၊ နားလည်မှု မှားသောကြောင့် အပြုအမူတွင် မှားရခြင်း ဖြစ်ပါသည်။ ဓမ္မဟောင်းကျမ်းတွင် ဖော်ပြထားသော အလင်းကြီးကို နားလည်ရန် နှစ်ခြင်း ဆရာယောဟန်ကို စေလွှတ်ပါသည်။

          ရှင်မဿဲခရစ်ဝင် ၁၇း၁၁-၁၃ ပုရောဖက် ဧလိယ၏ စိတ်ဝိညာဉ်ခံယူချက်အတိုင်း ဣသရေလလူမျိုးများ စာရိတ္တကို ပြင်ဆင်ပေးရန် ပြုပြင်ပြောင်းလဲရေးအတွက် လှုပ်ရှားသူ ဖြစ်သည်။ “ယေရှုက၊ ဧလိယသည် အရင်လာ၍ အလုံးစုံတို့ကို ပြုပြင်ရသည်မှန်ပေ၏။ ငါဆိုသည်ကား၊ ဧလိယရောက်လာပြီ။ လူများသည် သူ့ကို မသိသဖြင့် သူ့အား ပြုလျင်သမျှကို ပြုကြပြီ။ ထိုနည်းတူ လူသားသည်လည်း ထိုလူများ လက်၌ ခံရမည်ဟု မိန့်တော်မူသော်၊ ဗတ္တိဇံဆရာ ယောဟန်ကို အမှန်ပြု၍ မိန့်တော်မူကြောင်းကို တပည့်တော်တို့သည် နားလည်ကြ၏။အလင်းငယ်ကို ငြင်းပယ်ခြင်း သည်  အလင်းကြီးကို လက်မခံခြင်း ဖြစ်သည်။ ဓမ္မဟောင်းကျမ်းနှင့် နှစ်ခြင်း ဆရာယောဟန်ကို ဣသရေလလူမျိုးများ ငြင်းပယ်ကြသည်။ လက်နှိပ်ဓာတ်မီး၏ အလင်းငယ်ကို အသုံးချပြီးတွေ့ မြင်လာသော မီးခလုတ်မှတစ်ဆင့် မီးအိမ်အလင်းကြီး ပေါ်ထွက်လာစေသော သဘောတရား အတိုင်း ဖြစ်သည်။ နှစ်ခြင်းဆရာယောဟန်သည် ဟေရှာယ အနာဂတ္တိကျမ်းကို နားလည်သဘောပေါက်စေရန် ဟောပြောသူဖြစ်သည်။

          သခင်ခရစ်တော် ပထမကြွလာသောအချိန် ဝိညာဉ်ရေးအမှောင်ထဲတွင် ရောက်နေသော ဣသရေလလူမျိုးများအတွက် အလင်းငယ်အဖြစ် နှစ်ခြင်းဆရာ ယောဟန်ကို ဘုရားသခင် စေလွှတ်ခဲ့ပါသည်။

 

          သခင်ခရစ်တော် ဒုတိယအကြိမ်မကြွလာမီ ဝိညာဉ်ရေး အမှောင်ထဲတွင် ရောက်နေသော ခရစ်ယာန်များ အတွက် အလင်းငယ်အဖြစ် အယ်လင်ဂျီဝှိုက်ကို ဘုရားသခင် စေလွှတ်ခဲ့ပါသည်။

          ဝိညာဉ်ရေးမှောင်မိုက်သော အခြေအနေတွင် ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုအတွက် ဘုရားသခင် စေလွှတ်သောသူ ဖြစ်ပါသည်။ အီးဂျီဝှိုက်၏ ကောက်နုတ်ချက်အရ။

          ကျွန်မသည် ပုရောဖက်တစ်ဦး မဟုတ်ပါဟု ပြောပြချက်ကြောင့် လူတို့သည် စိတ်ကသိကအောက် ဖြစ်ကြပါသည်။ ပုရောဖက်တစ်ဦး မဟုတ်ဘဲ စေတမန်တစ်ဦး ဖြစ်ပါသည်ဟု ကျွန်မပြောလိုပါသည်။ သခင်ယေရှု၏ နာမတော် ဖြင့် ရရှိသော နှုတ်ကပတ်တော် အမှန်တရားကို ရှင်းလင်းပြတ်သားစွာ ရေးသာ ဖော်ပြရန် ငယ်ရွယ်သော အချိန်အခါမှစ၍ ကျွန်မကို ရွေးချယ်ခန့်ထားပါသည်။” (၁ှM ၃၂.၁)

          ကျွန်မသည် မိမိကိုယ်ကို ပုရောဖက်ဖြစ်ပါသည်ဟု မည်သည့်အခါမျှ မပြောခဲ့ပါ။ ဘုရားသခင်သည် မိမိလူတို့အား ပေးလိုသည့် သတင်းစကားကို ယူဆောင်ရန်နှင့် ခွဲခန့်ထားသော လုပ်ငန်းကို လုပ်ဆောင်ရန် တာဝန်များစွာ ရှိနေလေရာ မိမိကိုယ်ကို မိမိသံတမန် တစ်ဦးအဖြစ်သာ ခေါ်ဆိုလိုပါသည်။” (၁ှM ၃၄.၅)

          ကျွန်မသည် ငယ်ရွယ်စဉ်ကပင် သင်သည် ပုရောဖက် တစ်ဦးဖြစ်သလားဟု မကြာခဏမေးကြပါသည်။ ကျွန်မသည် သံတမန်တစ်ဦးသာ ဖြစ်သည်ဟု ပြန်ဖြေပါသည်။ အများသောသူတို့က ကျွန်မကို ပုရောဖက်ဟု ခေါ်ကြသော်လည်း ထိုသို့ ကျွန်မကိုယ်ကို ကျွန်မ မခေါ်ပါ။ ကျွန်မ၏ ကယ်တင်ရှင်သည် ကျွန်မကို သံတမန် တစ်ဦး ဖြစ်သည်ဟု ကြေညာပါသည်။” (၁ှM ၃၂.၂)

          ဗျာဒိတ်ကျမ်း ၁၂း၁၇ အယ်လင်ဝှိုက်မှ တစ်ဆင့် သခင်ယေရှု၏ သက်သေခံချက် ရှိပါသလား။ ယောဟန်နည်းတူ သက်သေခံအဖြစ် ရွေးချယ်ထားသောသူ ဖြစ်သည်။ ယေရှု၏ သက်သေခံချက် သူမတွင် ရှိပါသည်။ “နဂါးသည် မိန်းမကို အငြိုးထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်၍ ၊ ယေရှု၏ သက်သေခံတော်မူချက်ကို စွဲလမ်းသော သူတည်းဟူသော ထိုမိန်းမ၌ ကြွင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်းငှာ သွား၏။

          ဗျာဒိတ်ကျမ်း ၁၉း၁၀ ဧလိယ၏ စိတ်ဝိညာဉ်ဖြင့် ကျန်ကြွင်းသော အသင်းတော်မှ တာဝန်ယူဟောပြောရမည့် ယေရှု၏ သက်သေခံတောမူချက်သည် မည်သည့်အရာဖြစ်သနည်း။ “ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှာ သူ၏ ခြေရင်း၌ ပျက်ဝပ်၏။ သူကလည်း၊ မပြုပါနှင့်၊ ငါကား သင်၏ လုပ်ဖော်ဆောင်ဖက်ဖြစ်၏။ ယေရှု၏ သက်သေခံတော်မူချက်ကို ဆောင်သော သင်၏ညီအစ်ကို တို့၏ လုပ်ဖော်ဆောင်ဖက်လည်း ဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့။ အကြောင်းမူကား၊ ပုရောဖက်ဟောသော စကားချက်သဘောသည် ယေရှု၏ သက်သေဖြစ်သတည်းဟု ငါ့အား ပြောဆို၏။

          ဗျာဒိတ်ကျမ်း ၂၂း၈-၉ အစေခံနာမ်ဝိညာဉ်ဖြစ်သော ကောင်းကင်တမန်များနှင့် လက်တွဲလုပ်ဆောင်ပြီး ကျမ်းစာထဲမှ ပုရောဖက်များ ဟောပြောခဲ့သော အနာဂတ္တိစကားများကို သေသေချာချာ ထပ်ပြီး ဟောပြောခြင်း ဖြစ်သည်။ “ငါယောန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကို ပြသော ကောင်းကင်တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သော ငှာ ပျက်ဝပ်၏။ သူကလည်း၊ မပြုပါနှင့်၊ ငါကား။ သင်၏ လုပ်ဖော်ဆောင်ဖက် ဖြစ်၏။ သင်၏ အစ်ကို ပုရောဖက်တို့နှင့် ဤစာစောင်၏ စကားကို စောင့်ရှောက်သော သူတို့၏ လုပ်ဖော်ဆောင်ဖက်လည်း ဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ပုရောဖက်များဟောပြောခဲ့သော အနာဂတ္တိစကားသည် သခင်ခရစ်တော်ကို သိရှိနားလည် စေရန် အထောက်အကူပေးသော ဟောပြောသွန်သင်များ ဖြစ်ပါသည်။

          နာမည်ထက်ပို၍ လေးနက်သော လုပ်ငန်းရှိပါသည်။ ကျွန်ကသခင်၏ လူများ ထံသို့ သတင်းစကား ပေးရန် စိတ်ချစွာ တာဝန်ပေးထားသော သခင်၏ သံတမန်တစ်ဦး အဖြစ်သာ ကျွန်မကိုယ်ကို ကျွန်မအသိအမှတ်ပြုပါသည်။” Lနအအနမ ၅၅ယ ၁၉၀၅. (၁ှာ ၃၆.၁)

          ပုရောဖက် ဟုတ်သည်၊ မဟုတ်သည် စသည့်လူတို့၏ ထင်မြင်ယူဆချက် ပြဿနာများနှင့် လုပ်ငန်းများကို အတားအဆီးမဖြစ်စေရန် ကျွန်မကို ပြောပြပါသည်။ ကျွန်မ၏လုပ်ငန်းသည် ပုရောဖက်တစ်ဦး၏ လုပ်ငန်းဖြစ်သော်လည်း လုပ်ရမည့် တာဝန်သည် မယုံကြည်သော မျိုးစေ့ ရှင်သန်နေသူများ၏ နှလုံးသားများကို ပုရောဖက်ဖြစ်ကြောင့် လက်ခံရန် ရှင်ပြခြင်းထက် ပိုပါသည်။” Lနအအနမ ၂၄၄ယ ၁၉၀၆. (ဗိမနျနိ အသ နိူနမျ သ် Bအေအူန ဃမနနု ဃ့ကမခ့). (၁ှM ၃၆.၂).

 

          နှစ်ခြင်းဆရာယောဟန်သည် ခရစ်တော် ပထမကြွလာခြင်းကို ပြင်ဆင်ရသော အလင်းငယ်ဖြစ်သလို အယ်လင်ဝှိုက်ကလည်း ခရစ်တော် ဒုတိယကြွလာခြင်းကို လမ်းပြသောသူ အလင်းငယ်ဖြစ်သည်။ နှစ်ခြင်းဆရာယောဟန်သည် ဓမ္မဟောင်းခေတ်နှင့် ခရစ်တော် ပထမကြွလာချိန် စပ်ကြားတွင် စေလွှတ်သောသူ ဖြစ်သည်။ အယ်လင်ဝှိုက်သည် ဓမ္မသစ်ခေတ်နှင့် ခရစ်တော် ဒုတိယကြွလာချိန် စပ်ကြားတွင် အလင်းပေးသတင်းဆောင်သောသူ ဖြစ်ပါသည်။

          ကျမ်းစာကို ဂရုပြုမှုနည်းပါးသောကြောင့် အလင်းကြီး ဖြစ်သော သမ္မာကျမ်းစာသို့ အမျိုးသမီး၊ အမျိုးသားများကို ဦးဆောင်လမ်းပြရန် အလင်းငယ်ကို ပေးခြင်း ဖြစ်ပါသည်။” (Lငအအူန hနနိ ငျ gငလနည အသ အ့န ငြဘူနယ ညေိ အ့န lသမိ has gငလနည a lနျနမ lငါ့အ အသ lad mနည ညေိ တသာနည အသ အ့န အမနအေနမ lငါ့အ - - ThRနလငနတ ညေိ HနမaldJညေ ၂၀ယ ၁၉၀၃. (Qကသအနိ ငည ဃသူစသမအနကမ ငြညငျအမပယ စယ၁၂၅) (၃ှM ၃၀.၄).

          အသစ်သော အလင်းကို တီထွင်ခြင်း မဟုတ်ပါ။ ယောဟန်ရဲ့ အခြေအနေနှင့် တူကြောင်း ဝန်ခံခြင်းဖြစ်သည်။

          သင်သည် ကျမ်းစာနှင့် အကျွမ်းမဝင်သေးပါ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လေ့လာလျှင် ကျမ်းစာစံချိန်အတိုင်း ပြည့်စုံသော ခရစ်ယာန်အသက်တာကို ရောက်ရှိရန် ဆန္ဒရှိခဲ့ပါသော် ဤသက်သေခံချက် မလိုပါ။ ဝိညာဉ်တော် အားဖြင့် မှုတ်သွင်းသော ရိုးရှင်းသည့် သွန်သင်ချက်ဖြင့် အသက်ရှင်နိုင်ရန် ဆုံးမသော သမ္မာကျမ်းစာကို ဂရုမစိုက်သောကြောင့်သာလျှင် သက်သေခံချက်ကို ပေးရခြင်း ဖြစ်သည်။

          သင့်ကို သတိပေးဆုံးမသွန်သင်ရန်နှင့် အကြံပေးရန် သက်သေခံချက်ကို ပေးရသည်မှာ သင်သည် နှုတ်ကပတ်တော်၏ အရေးကြီးသည့် အမှန်တရားကို စိတ်ဝင်တစား အာရုံပြုရန် ဖြစ်သည်။ သက်သေခံချက်များသည် အလင်းသစ်ကို ပေးဖို့ မဟုတ်ဘဲ ဖော်ပြထားပြီးသော အလင်းကို ကွက်ကွက်ကွင်းကွင်း နားလည်ရန် အတွက်သာ ဖြစ်သည်။ လူသားနှင့် ဘုရားသခင် အပေါ်ထားရှိသော တာဝန်ဝတ္တရားကို နှုတ်ကပတ်တော်တွင် ရှင်းလင်းထင်ရှားစွာ ဖော်ပြထားပြီး ဖြစ်သော်လည်း အနည်းIယ်သော သူသာလျှင် နားထောင်ကြသည်။ ထပ်ဆင့် အမှန်တရားကို ယူဆောင်လာခြင်းမဟုတ်ဘဲ သက်သေခံချက်များ အားဖြင့် ပေးထားပြီးသော အလင်းကို ရိုးရိုးလေးနားလည်ရန်နှင့် ရွေးချယ်ထားသော နည်းလမ်းဖြင့် လူတို့ ဆီသို့ ရောက်ရှိလာပြီး ဆင်ခြေပေးသော သူမရှိဘဲ စိတ်နှလုံးသားကို နိုးဆွဖော်ပြပေးရန် ဖြစ်သည်။” (၅ွှ ၆၆၅.၁).

          ဝိညာဉ်ရေးစာပေများသည် တယ်လီစကုပ်နှင့် တူပါသည်။ အယ်လင်ဝှိုက်သည် နောက်ဆုံး အချိန်ကာလတွင် နှစ်ခြင်း ဆရာ ယောဟန်နည်းတူ ဧလိယ၏ စိတ်ဝိညာဉ်မျိုးဖြင့် အမှုတော်ကို ဆောင်ရွက်သောသူ ဖြစ်သည်။ သူမရေးခဲ့သည့် ဝိညာဉ်ရေးစာပေများသည် တယ်လီစကုပ်နှင့် တူပါသည်။ ကျမ်းစာထဲမှ ပုရောဖက်များ ဟောပြောခဲ့သော အနာဂတ္တိစကားများကို ပိုပြီး နားလည်စေသော အလင်းငယ်ဖြစ်ပါသည်။

          ပုရောဖက်များ၏ ဟောပြောချက်များသည် “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်နှင့် သခင်ခရစ်တော်၏ အမှုတော်ကို အသက်တာတွင် ပို၍ နားလည်တန်ဖိုးထားစေရန် ဖြစ်သည်။ သခင်ယေရှုခရစ်တော်သည် ကျွန်တော်တို့အတွက် တန်ဖိုးဖြတ်၍ မရနိုင်သော ရတနာဖြစ်သည်။ ယေရှု၏ သက်သေခံတော်မူချက်သည် ကျွန်တော်တို့အတွက် အလင်းကြီးဖြစ်သည်နည်းတူ အသက်နှင့် လမ်းခရီးလည်း ဖြစ်သည်။ သခင်ခရစ်တော် စေလွှတ်သော အလင်းငယ်ကို ငြင်းပယ်ခြင်းသည် ထာ၀ရအသက်ကို ဆုံးရှုံး ခြင်းဖြစ်ပါသည်။ ယေရှု၏ သက်သေခံတော်မူချက် (အလင်းကြီးနှင့် အလင်းငယ်) ကို နေ့စဉ်နေ့တိုင် မှီဝဲရန် လိုအပ်ပါသည်။ မိတ်ဆွေ။

          အားလုံးအပေါ် ဘုရားသခင် ကောင်းချီးသွန်းလောင်းချပေးပါစေ။ အာမင်။

No comments:

Post a Comment