(၅) အသေသတ်ခြင်းခံရသော ဘုရားသခင်၏သိုးသငယ်
လူအဖြစ်ဝင်းစားခြင်းအတွက်အကြောင်းပြချက်
လွန်ခဲ့သော
သင်ခန်းစာတွင် ခရစ်တော်လောကသို့ကြွလာပြီး ကျွန်ုပ်တို့၏ စခန်းအတွင်း၌ လူကဲ့သို့
စုံလင်သည့်အသက်တာဖြင့် နေထိုင်ခဲ့ရခြင်း၏ အကြောင်းပြချက်များစွာ လေ့လာရပါသည်။
၁။ ပထမတွင် ဘုရားသခင်၏
အကျင့်စာရိတ္တသည် အမှန်စင်စစ် မည်ကဲ့သို့ တူညီကြောင်းကို ဖော်ထုတ်ပြသရန်
ရောက်ရှိခဲ့ခြင်းဖြစ်သည်။
၂။ ဒုတိယတွင် သူ့အနေနှင့်အသေခံနိုင်ရန်
သေဆုံးရမည့်လူသားဘ၀ကို ခံယူခြင်းဖြစ်သည်။
၃။ တတိယတွင် သူသည် စုံစမ်းခြင်းကို
အမှန်တကယ်ခံနိုင်ရန် လူ့အသွေးအသားကို ရယူခြင်းဖြစ်ပါသည်။
၄။ စတုတ္ထတွင်
လူသားမျိုးနွယ်စင်စစ်ခံယူခဲ့ပြီး
ကျွန်ုပ်တို့အနေဖြင့် စိတ်ချနိုင်ရန် သူသည် ကိုယ်ချင်းစာနာမှုရှိခြင်းနှင့်
စိတ်အတွင်းနားလည်မှုဖြင့် ကျွန်ုပ်တို့ကို နားလည်သဘောပေါက်စေပါသည်။
၅။ ပဉ္စမတွင် တရားသူကြီးနေရာတွင်အမှုဆောင်ရွက်နိုင်ရန်
လူ့သဘာ၀ကို ခံယူခဲ့ခြင်းဖြစ်ပါသည်။
၆။ ဆဌမတွင် သူသည် လူ့သဘာ၀ကို
ခံယူခြင်းဖြင့် စုံလင်သော လူသားမျိုးနွယ်စစ်စစ်တည်ရှိစေရန် ကျွန်ုပ်တို့စိတ်အတွင်းသို့
ထင်မှတ်စေခြင်းကို ဝေမျှနိုင်ရန်ဖြစ်ပါသည်။
၇။ နောက်ဆုံးတွင် သူသည် လူ့ဘ၀ကို
ခံယူခြင်းဖြင့် ကျွန်ုပ်တို့ နေထိုင်စရာ အရပ်ကို ပြင်ဆင်နိုင်ရန်ဖြစ်ပြီး
ကျွန်ုပ်တိုကို သူ့ထံသို့ စုသိမ်းရန် တစ်ဖန်ပြန်လည် ကြဆင်းရန်ဖြစ်ပါသည်။
ပရိဘောဂနှစ်စုအကြောင်း
ယခုအချိန်တွင်
သခင်ခရစ်တော်၏ အသက်အသေခံခြင်းနှင့် သေခြင်းမှရှင်ပြန်ထမြောက်ခြင်းကို ပုံဆောင်သည့်
ယဇ်ပူဇော်ရာပလ္လင်နှင့် ရေအင်တုံတည်ရှိရာ ဗိမာန်တော်၏ ပရိဝုဏ်အတွင်းသို့
ခရစ်တော်နှင့် အတူဝင်ရောက်လေ့လာကြပါစို့။ ဗိမာန်တော်၏ ပုရိဝုတ်အတွင်း၌ ပရိဘောကနှစ်မျိုးရှိပါသည်။
ယဇ်ပူဇော်ရာပလ္လင်နှင့် ရေအင်တုံကို စည်းစနစ်တကျထားရှိကြောင်းတွေ့ရပါသည်။
ယဇ်ပုဇော်ရာပလ္လင်သည် ခရစ်တော်၏ အသေခံခြင်းကို ပုံဆောင်ပြီး ရေအင်တုံသည်လည်း
သေခြင်းမှ ထမြောက်တော်မူသည့် ခရစ်တော်ကို ပုံဆောင်ပါသည်။
ခရစ်တော်သည်
အဘယ်ကြောင့် သန့်ရှင်းစုံလင်သော အသက်တာနှင့် အသက်အသေခံရပါသနည်း။
၁။ ပညတ်တော်သည် အပြစ်ကင်းစင်သော
စုံလင်ခြင်းကို တောင်းဆိုပါသည်။ “နားထောင်ပြီးအသေခံပါ”
၂။ ကျွန်ုပ်တို့သည် ပညတ်တရားကို
ချိုးဖဲ့၍ ပညတ်တရားအလိုရှိသော အချက်ကို မပေးကမ်းနိုင်ပါ။
၃။ အပြစ်သည်
ပညတ်တော်ကိုလွန်ကျူးပြီး၊ အပြစ်၏ အခကားသေခြင်းပေတည်း။
၄။ ကျွန်ုပ်တို့သည်
ဒုစရိုက်အပြစ်ပြုသူဖြစ်သောကြောင့် အားလုံးတို့သည် သေခြင်းစာရင်းတွင် ရှိကြပါသည်။
၅။ ပညတ်တရားအလိုရှိသည့်
ကျွန်ုပ်တို့အတွက် စုံလင်သော အသက်တာမျိုးတွင် နေထိုင်ပေးမည့် ပုဂ္ဂိုလ်ကိုလည်း
လိုအပ်ပါသည်။
၆။ ဤအချက်တွင် ခရစ်တော်သည်
ကျွန်ုတို့နှင့် အတူလာရောက်နေထိုင်ခဲ့စဉ် အချိန်က တဲတော်စခန်းတွင် ပြုမူခဲ့ပါသည်
၇။ ထိုနောက် ပညတ်တရားကို
လွန်ကျူးခြင်းကြောင့် သေခြင်းတရာ၏ အကျိုးရလဒ်ကို ပေးဆပ်ရန် ပုဂ္ဂိုလ်ကိုလည်း
အလိုရှိပါသည်။
၈။ အခြားသောနည်းအားဖြင့် ပြောရလျှင်
ကျွန်ုပ်တို့အသက်ရှင်ရပ်တည်နိုင်ရန် အတွက်သော်လည်းကောင်း၊
အသေခံရန်အတွက်သော်လည်းကောင်း ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် လိုအပ်ပါသည်။
ကမ္ဘာဦးကျမ်းအခန်းကြီး ၂၂
၁။ ကမ္ဘာဦးကျမ်းအခန်းကြီး ၂၂း၂ တွင်
အာဗြဟံ၏ တစ်ဦးတည်းသောသား။ “သင်သည် အလွန်ချစ်သော တစ်ယောက်တည်းသော သားဣဇာက်ကို ယူ၍၊
မောရိပြည်သို့သွားလော့။ ငါပြလတ္တံ့သော တောင်ပေါ်မှာ၊ သူ့ကို မီးရှို့ရာယဇ်ပြု၍
ပူဇော်လော့ဟု မိန့်တော်မူ၏။”
၂။ ကမ္ဘာဦးကျမ်းအခန်းကြီး ၂၂း၄ တွင်
ခံစားရသော ပူပန်သောက ဒဏ်ချက် ၃ ရက်ကြာပါသည်။ “သုံးရက်မြောက်သောနေ့၌ မျှော်ကြည့်၍ ၊
ထိုအရပ်ကို အဝေးကမြင်လျှင် ၊”
၃။ ကမ္ဘာဦးကျမ်း ၂၂း၅ ၊ ၆ သားဣဇာက်သည်
ယဇ်ရှို့စရာထင်းကို သယ်ဆောင်သူဖြစ်ပြိး အာဗြဟံက မီးနှင့်ဓားကို မိမိလက်၌ ကိုင်လျက်
နှစ်ယောက်အတူ သွားကြပါသည်။ “ငယ်သားနှစ်ယောက်တို့အား၊
သင်တို့သည် ဤအရပ်၌ မြည်းနှင့်အတူနေရစ်ကြလော့။ ငါသည် သားနှင့်အတူ ထိုအရပ်သို့သွား၍
၊ ကိုးကွယ်ခြင်းကို ပြုအံ့။ ထိုအမှုပြီးမှ ၊ သင်တို့ဆီသို့ပြန်လာဦးမည်ဟု ဆိုလေ၏။
ထိုအခါ ယဇ်ရှို့စရာထင်းကိုယူ၍ ၊ သားဣဇာက်အပေါ်မှာတင်ပြီးလျှင်၊ မီးနှင့် ဓားကို
မိမိလက်၌ကိုင်လျက် နှစ်ယောက်အတူသွားကြ၏ ။” ထိုနောက် သူ၏ ချစ်သော သားကို သတ်ရန်
လက်ကိုမြှောက်လိုက်ပါသည်။
၄။ ကမ္ဘာဦးကျမ်းအခန်းကြီး ၂၂း၁၂-၁၄
တွင် တောင်ပေါ်မှာဣဇာက်ကိုယ်စား သိုးထီးတစ်ကောင်ကို ထာ၀ရဘုရားပြင်ဆင်တော်မူသည်။
အစားထိုးအသေခံခြင်းနမူနာဖြစ်ပါသည်။ “ထိုလုလင်ကိုမထိမခိုက်နှင့်။ အလျှင်မပြုနှင့်။
သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည်ဟု ယခုငါသိ၏။ အကြောင်းမူကား၊ သင်၏သား ၊
သင်၌တစ်ယောက်တည်းသောသူကို ငါတောင်း၍၊ သင်သည် ငါ့ကိုမငြင်းဟု မိန့်တော်မူ၏။ ထိုအခါ
အာဗြဟံသည် မျှော်ကြည့်၍ ၊ မိမိနောက်မှာ ချုံပုတ်၍ ချိုညိလျက်ရှိသော
သိုးကိုမြင်လေ၏။ ထိုသိုးကို သွား၍ ယူပြီးလျှင် ၊ မိမိသားကိုယ်စားမီရှို့ရာယဇ်ပြု၍
ပူဇော်လေ၏။ ထိုအရပ်ကို ယေဟောဝါယိရေဟု အာဗြဟံသမုတ်လေ၏။ ထိုသို့နှင့်အညီ
တောင်ပေါ်မှာထာ၀ရဘုရားပြင်ဆင်တော်မူမည်ဟု ယနေ့တိုင်အောင် ဆိုလေ့ရှိသတည်း။”
ဝတ်ပြုရာကျမ်း ၁၇း၁၁ တွင် “အကြောင်းမူကား၊ ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်၏။
သင်တို့ပြုသောအပြစ်ကို ဖြေစေခြင်းငှာ၊ ထိုအသွေးကို သင်တို့အားယဇ်ပလ္လင်ပေါ်မှာ
ငါပေးပြီး။ လူအပြစ်ကို ဖြေသောအရာကား အသွေးဖြစ်သတည်း။”
၅။ တတိယနေ့တွင်
ဣဇာက်နည်းတူထမြောက်သောအုပ်စု။ ဟေဗြဲဩဝါဒစာ ၁၁း၁၇-၁၉ တွင် “အာဗြဟံသည်
စုံစမ်းတော်မူခြင်းကို ခံရသော အခါ ယုံကြည်ခြင်းအားဖြင့် ဣဇာက်ကိုပူဇော်၏။ ဣဇာက်၌သာ
သင်၏ အမျိုးတည်လိမ့်မည်ဟူသော ဗျာဒိတ်တော်မှစ၍ ၊ ကတိတော်များကို ခံရသောသူသည် မိမိ၌
တစ်ယောက်တည်းသော ထိုသားကို ပူဇော်၏။ ထိုသို့ပူဇော်သောအခါ သေခြင်းမှ
ထမြောက်စေခြင်းငှား၊ ဘုရားသခင်တတ်နိုင်တော်မူသည်ကို သူသည် အောက်မေ့၏။ ထိုသားကို
ပုံစကားအားဖြင့် သေခြင်းထဲကရ၏။
ထွက်မြေက်ရာကျမ်းအခန်းကြီး ၁၂
ထွက်မြောက်ရာကျမ်းအခန်းကြီး ၁၂း၅-၇ တွင် ပသခါသိုးသငယ် ပူဇော်ခြင်းပွဲတော်။
အသက် ၁၂ နှစ်နှင့် အထက်ယောက်ျားအားလုံး ယေရုရှလင်မြို့တွင် ပသခါပွဲတော်အတွက်
စုရုံးကြပါသည်။ (ထွက်မြောက်ရာကျမ်း ၂၃း၁၇) ပသခါသိုးသငယ် (ခရစ်တော်)
အသေသတ်ခံရမည့်ပွဲတော်အတွက် လ၊ ရက်၊ အချိန်နာရီတိတိကျကျကို သတ်မှတ်ပေးထားပါသည်။ “သိုးသငယ်ဖြစ်စေ၊
ဆိတ်သငယ်ဖြစ်စေ၊ သင်တို့ယူသောအကောင်သည် အပြစ်မပါ၊ အခါမလည်သောအထီးဖြစ်ရမည်။
ထိုသိုးသငယ်တို့ကို၊ ထိုလဆယ်လေးရက်တိုင်အောင် စောင့်ထားပြီးမှ ညဦးအချိန်၌
ဣသရေလအမျိုးအစည်းအဝေး ပရိသတ်အပေါင်းတို့သည် သတ်ရကြမည်။ သိုးသငယ်၏ အသားကိုစားရသော
အိမ်၏ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဘက်၌၊ သိုးသငယ်၏ အသွေးကို ယူ၍ ထိုးရမည်။”
ပသခါသိုးသငယ်ကို
သတ်ခြင်းသည် အရေးကြီးသော အလုပ်ဖြစ်သော်လည်း သားဦးတို့ကို သေခြင်းမှ ကာကွယ်ရန်
မလုံလောက်ပါ။ သိုးသငယ်၏ အသွေးတော်ကို တံခါးတိုင်နှင့် တံခါးထုပ်ပေါ်တွင် လူတိုင်း၏
အိမ်၌သုတ်လိမ်းထားရန် လိုအပ်ပါသည်။
ကောရိန်သုဩဝါဒစာပထမစောင်အခန်းကြီး
၅း၇ တွင် ကျွန်ုပ်တို့၏ ပသခါ သိုးသငယ်ခရစ်တော်သည် သတ်မှတ်ထားသည့် နီဆန်းလ ၁၄ရက်
၃နာရီအချိန် တိတိကျကျတွင် အသေသတ်ခံရပါသည်။ “သင်တို့သည် တဆေးမဲ့ဖြစ်သည်နှင့်အညီ၊
အသစ်သော မုန့်စိမ်းဖြစ်မည်အကြောင်း၊ ဟောင်းသောတဆေးကို သုတ်သင်ပယ်ရှင်းကြလော့။
အကြောင်းမူကား၊ ခရစ်တော်တည်းဟူသော ငါတို့ပသခါသိုးသငယ်သည် ငါတို့အဖို့
ယဇ်ပူဇော်ရာဖြစ်၏။”
ရက်သတ္တပတ်ခုနစ်ဆယ်
ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး
၉း၂၆၊ ၂၇ တွင် ရက်သတ္တပတ်ခုနစ်ဆယ်အတွင်း မေရှိယသည် အခွင့်မရဘဲ့အသေသတ်ခြင်းကို
ခံရမည်။ ဤအနာဂတ္တိစကားသည် ခရစ်တော်အသေသတ်ခြင်းခံရမည့် နေ့ ၊ ရက်၊ လ၊ အချိန် လာမည့်
သင်ခန်းစာများတွင် တိတိကျကျလေ့လာမည်။ “ထိုသီတင်း ခြောက်ဆယ်နှစ် သီတင်းလွန်းပြီးမှ
ခရစ်တော်သည် အခွင့်မရလဲအသေသတ်ခြင်းကို ခံရလိမ့်မည် ၊ ထိုနောက်မှလာသော သခင်၏
လူတို့သည် မြို့တော်ကိုလည်းကောင်း၊ သန့်ရှင်းရာဌာနကိုလည်းကောင်း
ဖြိုဖျက်ကြလိမ့်မည်၊ ရေလွမ်းမိုးသောအားဖြင့် ဆုံးရှုံးခြင်းဖြစ်လိမ့်မည်။
အဆုံးတိုင်အောင် စစ်တိုက်ခြင်း၊ ပျက်စီးရာနှင့်ဆိုင်သော
စီရင်ဆုံးဖြတ်ခြင်းရှိလိမ့်မည်။ တစ်သီတင်းတွင် လူအများတို့နှင့်
ပဋိညာဉ်ဖွဲ့ခြင်းရှိ၍၊ ထိုသီတင်းတစ်ဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို
ပပျောက်စေလိမ့်မည်၊ ရွံရှာဖွယ်သောအရာ၏ အထွတ်ပေါ်သို့ ဖျက်ဆီးသော သူသည်ရောက်၍၊
စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းသည် ပျက်စီးအပ်သော သူတို့ကို
မလွှမ်းမိုးမီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။
လက်ဝါးကပ်တိုင်ပေါ်၌ အသေးစိတ်ဖြစ်ပျက်ခဲ့သော ခရစ်တော်အကြောင်းများ
All is terror and confusion. The priest is about to slay the victim; but the knife drops from his nerveless hand, and the lamb escapes. Type has met antitype in the death of God’s Son. The great sacrifice has been made. (DA , 757)
ဂျူးလူမျိုးတို့သည်
ယဇ်ပူဇော်မှုကို အမှန်ပင်ဆက်လက်ဆောင်ရွက်ကြပါသည်။ လွတ်မြောက်သွားသည့် သိုးသငယ်က
မည်သည့်အရာကို ပုံဆောင်ကြောင်း သိရှိနားလည်လျှင် ထိုနေရာ၌ပင်ယဇ်ပူဇော်မှုကို
အမှန်ရပ်ဆိုင်းမည် ဖြစ်သည်။
နံနက်နှင့် ညဦးယံပူဇော်သကာ
ထွက်မြောက်ရာကျမ်းအခန်းကြီး
၂၉း၃၈၊ ၃၉ တွင် နံနက်နှင့် ညဦးယဇ်ပူဇော်သကာသည် ခရစ်တော်ကို ညွှန်ပြပါသည်။ “ယဇ်ပလ္လင်ပေါ်မှာ
ပူဇော်ရသောအရာဟူမူကား၊ အခါမလည်သော သိုးသငယ်နှစ်ကောင်ကိုယူ၍၊ နေ့တိုင်းအစဉ်မပြတ်
နံနက်ယံ၌တစ်ကောင်၊ ညဦးယံ၌ တစ်ကောင်ကို ပူဇော်ရမည်။”
ဝေဒနာခံစားရသည့်အစေခံ
ဟေရှာယအနာဂတ္တိကျမ်းအခန်းကြီး
၅၃း၄-၆ တွင် ဝေဒနာခံရသော အစေခံသည် ခရစ်တော်ခံရသည့် ဒုက္ခဝေဒနာကို ပုံဆောင်ပါသည်။ “သို့သော်လည်း ထိုသူသည် ငါတို့အနာရောဂါဝေဒနာများကို
ယူတင်ဆောင်ရွက်လေ၏။ ဒဏ်ခတ်တော်မူခြင်းကိုလည်းကောင်း၊ ဘုရားသခင်ဆုံးမ၍
နှိမ့်ချတော်မူခြင်းကိုလည်းကောင်း ခံရေသာ သူဖြစ်သည်ဟု ငါတို့သည် ထင်မှတ်ကြပြီ။
ထိုသူသည် ငါတို့လွန်ကျူးသောအပြစ်များကြောင့်၊ နာကျင်စွာထိုးခြင်း၊
နှိပ်စက်ခြင်းကိုခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကို ဖြစ်စေသော
ဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍
သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏။ ငါတို့ရှိသမျှသည် သိုးကဲ့သို့လမ်းလွဲလျက်
၊ ကိုယ်လမ်းသို့ အသီးသီးလိုက်သွားကြသည်ဖြစ်၍ ထာ၀ရဘုရားသည် ခပ်သိမ်းသော ငါတို့၏
အပြစ်များကို သူ့အပေါ်တင်တော်မူ၏။
တမန်တော်ဝတ္ထုအခန်းကြီး
၈း၃၂-၃၆ တွင် ဖိလိပ္ပုနှင့် အဲသယောပိပြည်သားအမတ် “ကျမ်းစာ၌ ဖတ်သောအချက်ဟူမူကား၊
အသေသတ်ခြင်းငှာ ဆောင်သွားသောသိုးကဲ့သို့ သူ့ကိုဆောင်သွား၍၊ သိုးသငယ်သည်
အမွေးညှပ်သော သူရှေ့မှာ မမြည်ဘဲနေသကဲ့သို့ သူသည်နှုတ်ကို မဖွင့်လဲနေ၏။
နှိမ့်ချခြင်းကိုခံရစဉ်တွင် သူတစ်ပါးတို့သည် ထိုသူကို မတရားသဖြင့်စီရင်ကြ၏။ ထိုသူ၏အသက်ကို မြေကြီးက သိမ်းရုပ်သည်ဖြစ်၍၊ သူ၏အမျိုးအနွယ်ကို အဘယ်သူပြညွှန်မည်နည်းဟု ကျမ်းစာလာသတည်း။ ထိုအမတ်ကလည်း၊ ပုရောက်ဖက်သည် အဘယ်သူကို ရည်မှတ်၍ ဤသို့ဆိုပါသနည်း။ ကိုယ်ကိုတည်းဆိုလိုသလော။ သူတစ်ပါးကို တည်းဆိုလိုသလောဟု တောင်းပန်လျက်၊ ဖိလိပ္ပုအားမေးမြန်းလျှင်၊ ဖိလိပ္ပုသည် မိမိနှုတ်ကိုဖွင့်၍ ထိုကျမ်းစာချက်ကို အစွဲပြုလျက် ယေရှု၏အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟောလေ၏။ ထိုသို့လမ်း၌ သွားကြစဉ် ရေရှိရာသို့ရောက်၍ အမတ်ကလည်း၊ ဤအရပ်တွင်ရေရှိပါ၏။ အကျွန်ုပ်ကိုဗတ္တိဇံမခံစေခြင်းငှာ မည်သည့်အကြောင်းဆီတားပါသနည်းဟု ပြောဆိုလျှင်၊”
ရှင်ပေတရုဩဝါဒစာပထမစောင်
အခန်းကြီး ၂း၂၃၊ ၂၄ “ကဲ့ရဲ့ခြင်းကို ခံရသောအခါ ပြန်၍မကဲ့ရဲ့၊ အသေခံရသောအခါ
ခြိမ်းခြောက်ခြင်းကိုမပြု။ တရားသဖြင့် စီရင်တော်မူသောသူ၌
ကိုယ်ကိုကိုယ်အပ်နှံတော်မူ၏။ ငါတို့သည် အပြစ်နှင့်ဆိုင်သောအရာ၌အသေဖြစ်၍၊
ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်စေမည်အကြောင်း၊ ငါတို့အပြစ်များကို ကိုယ်တော်တိုင်
သစ်တိုင်မှာခံတော်မူပြီ။ ဒဏ်ချက်တော်များအားဖြင့် သင်တို့သည် အနာ
ပျောက်လျက်ရှိကြ၏။”
မွှေးကြိုင်သောရနံ့
တောလည်ရာကျမ်း
၁၅း၂ ၊ ၃ “သင်တို့နေရာဖြစ်သော ငါပေးသော ပြည်သို့ရောက်၍ နေကြသောအခါ၊ သစ္စာကတိရှိ၍
ပူဇော်သည်လည်းကောင်း၊ အလိုလိုပူဇော်လည်းကောင်း၊ ပွဲသဘင်ခံ၍ ပူဇော်သော်လည်းကောင်း၊
မီးရှို့ရာယဇ်အစရှိသော အခြားသော ယဇ်ကိုမီးဖြင့် ပူဇော်၍၊ သိုးနွားအားဖြင့်
ထာ၀ရဘုရားအဖို့မွေးကြိုင်သောအနံ့ကို ပြုခြင်းငှာ အလိုရှိလျှင်၊”
ဧဖက်ဩဝါဒစာအခန်းကြီး ၅း၂ တွင် ခရစ်တော်၏ ဆက်ကပ်ပူဇော်မှုသည် ခမည်းတော်အတွက် မွှေးကြိုင်သောရနံ့ဖြစ်ပါသည်။ “ခရစ်တော်သည်
ငါတို့ကို ချစ်တော်မူသော အားဖြင့် ဘုရားသခင်ရှေ့တော်၌ မွှေးကြိုင်သော
အနံ့ရှိစေခြင်းငှာ၊ ကိုယ်ကိုကိုယ်ဆက်ကပ်၍ ယဇ်ပူဇော်လျက်၊ ငါတို့အတွက်
စွန့်တော်မူသည်နည်းတူ၊ သင်တို့သည် မေတ္တာတရား၌ ကျင်လည်ကြလော့။”
အပြစ်အနာအဆာကင်းစင်သောသိုးသငယ်
ဝတ်ပြုရာကျမ်းအခန်းကြီး
၂၂း၂၀-၂၂ တွင် သိုးသငယ်သည် အနာအဆာနှင့် ကင်းစင်ရမည်။ အရိပ်သည် ပုံရိပ်အမှန်ကို
ရောင်ပြန်သကဲ့သို့ ပုံဆောင်သည့် သိုးသငယ်သည်လည်း ခရစ်တော်နည်းတူ
အပြစ်အနာအဆာကင်းရမည်။ ဓမ္မဟောင်းကျမ်းတွင် သိုးတိရစ္ဆာန်၏
ကိုယ်ခန္ဓာမှာစင်းလုံးချောဖြစ်ခြင်းသည် စာရိတ္တချို့ယွင်းမှုမရှိသော သခင်ခရစ်တော်ကို
ပုံဆောင်ပါသည်။
“အပြစ်ပါသော အကောင်းကို မပူဇော်ရ။ ပူဇော်လျှင်
စိတ်တော်နှင့်မတွေ့။ သစ္စာကတိရှိ၍ပြုသော ပူဇော်သကာ၊ အလိုလိုပြုသောပူဇော်သကာသိုး၊
ဆိတ်၊နွားကို ထာ၀ရဘုရားအားယဇ်ပူဇော်လျှင် စိတ်တော်နှင့် တွေးခြင်းငှာ စုံလင်မည်။
အပြစ်တစ်စုံတစ်ခုမျှမရှိရ။ မျက်စိကန်းသော အပြစ်၊ အရိုးကျိုးသောအပြစ်၊
အင်္ဂါချို့တဲ့သောအပြစ်၊ မြင်းဖုရှိသောအပြစ်၊ ဝဲနာ၊
ယားနာစွဲသောအပြစ်တစ်စုံတစ်ခုရှိလျှင် ထာ၀ရဘုရားအား မပူဇော်ရ။ ယဇ်ပလ္လင်ပေါ်မှာ
ထာ၀ရဘုရားအား မီးဖြင့် ပူဇော်သကာမပြုရ။”
အပြစ်အနာအဆာကင်းစင်သော ယဇ်ပုရောဟိတ်
ဝတ်ပြုရာကျမ်းအခန်းကြီး
၂၁း၁၇-၂၁ တွင် ယဇ်ပုရောဟိတ်သည် ကိုယ်ကာယတွင် အပြစ်အနာအဆာမရှိစေရ။ “သင်၏အမျိုးအစဉ်အဆက်တွင်
ကိုယ်၌ အပြစ်ရှိသောသူသည် မိမိဘုရားသခင်၏ ပွဲတော်ကို ဆက်ကပ်အံ့သောငှာ
မချဉ်းမကပ်ရ။ မျက်စိကန်းသောသူ၊ ခြေဆွံ့သောသူ၊ နှာခေါင်းပိသောသူ၊
အင်္ဂါပိုလွန်သောသူ၊ လက်ကျိုးသောသူ၊ ခြေကျိုးသောသူ၊ ကျောကုန်းသောသူ၊ ပုသောသူ၊
မျက်စိနာသောသူ၊ ဝဲစွဲသောသူ၊ ယားနာစွဲသောသူ၊ ဝှေးစေ့ပျက်သောသူသည် မချဉ်းမကပ်ရ။
ဟေဗြဲဩဝါဒစာအခန်းကြီး
၇း၂၆၊ ၂၇ တွင် သခင်ခရစ်တော်သည် သိုးသငယ်ဖြစ်သည်နည်းတူ
ယဇ်ပုရောဟိတ်လည်းဖြစ်တော်မူပါသည်။ အနာအဆာနှင့် ကင်းလွတ်သော ယဇ်ပုရောဟိတ်အနေဖြင့်
ခရစ်တော်သည် သိုးသငယ်အလား၊ မိမိကိုယ်တိုင်ဆက်ကပ်ပူဇော်ပြီးမှ မိမိကိုယ်တိုင်၏
အသွေးတော်ကို အသက်ရှင်သော ယဇ်ပုရောဟိတ်အနေဖြင့်ယူဆောင်၍
ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်းတွင် ဗိမာန်တော်အတွင်း သန့်ရှင်းရာဌာနသို့
ယူဆောင်သွားပါသည်။ ရောမဗရင်ဂျီ ဘာသာ၏ ယူဆချက်နှင့်နှိုင်းယှဉ်ထားရာတွင် သူ၏
ဆက်ကပ်ပူဇော်ခြင်းသည် သဘာ၀အာဖြင့် တစ်ကြိမ်တည်းနှင့်လူအားလုံးအတွက် ပူဇော်သကာအဖြစ်
ဆောင်ရွက်ခဲ့ပါသည်။ “ထိုသို့သော
ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းစင်ကြယ်၍ အညစ်အကြေးနှင့် ကင်းလွတ်လျက် အပြစ်ရှိသော
သူတို့နှင့် မဆက်ဆံ၊ ကောင်းကင်သားအပေါင်းတို့ထက် မြင့်မြတ်သော သူဖြစ်၍၊
ငါတို့နှင့်တော်သင့်တော်မူ၏။ အခြားသောယဇ်ပုရောဟိတ်မင်းတို့သည် ကိုယ်အပြစ်ကြောင့်လည်းကောင်း၊
လူများအပြစ်ကြောင့်လည်းကောင်း၊ နေ့တိုင်းယဇ်ပူဇော်ရသကဲ့သို့ ထိုသခင်သည်
ယဇ်ပူဇော်စရာအကြောင်းမရှိ။ အဘယ်ကြောင့်နည်းဟူမူကား၊
မိမိကိုယ်ကိုတစ်ခါတည်းယဇ်ပူဇော်၍ ထိုအမှုကို ပြီးစေတော်မူပြီ။”
ရှင်ပေတရုဩဝါဒစာ
ပထမစောင့်အခန်းကြီး ၁း၁၈-၂၀ တွင် သခင်ခရစ်တော်သည် စာရိတ္တချို့ယွင်းမှုမရှိပါ။ “မိစဉ်ဘဆက်ကျင်လည်သော
အချည်းနှီးကျင့်ကြံပြုမူခြင်းမှ၊ ရွှေငွေအစရှိသော ဖောက်ပြန်ပျက်စီးတတ်သော
ဥစ္စာနှင့် သင်တို့ကို ရွေးတော်မူသည်မဟုတ်။ အဘယ်အပြစ်
မျှမရှိ၊ အညစ်အကြေးနှင့် ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အသွေးတော်မြတ်နှင့်
ရွေးတော်မူသည်ကို သိမှတ်ကြလော့။ ထိုခရစ်တော်ကား ဤကမ္ဘာမတည်မရှိမီ
ခန့်ထားတော်မူခြင်းကို ခံနှင့်သည်းဖြစ်၍ ၊ ကိုယ်တော်အားဖြင့် ဘုရားသခင်ကို
ယုံကြည်သော သင်တို့အဖို့၊ ဤနောက်ဆုံးသောကာလ၌ ထင်ရှားတော်မူပြီ။”
ဟေဗြဲဩဝါဒစာအခန်းကြီး
၄း၁၅ တွင် ခရစ်တော်သည် ဒုစရိုက်နှင့် ကင်းစင်သောကြောင့် သူသည် ပြည့်စုံသော
ယဇ်ကောင်းနှင့် ယဇ်ပုရောဟိတ်ဖြစ်ပါသည်။ “ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသော
ဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ်။ ငါတို့ခံရသည်နည်းတူး
အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသော သူဖြစ်တော်မူ၏။
သို့ရာတွင် ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။”
ကောရိန်သုဩဝါဒစာဒုတိယစောင်
၅း၂၁ “အဘယ်ကြောင့်နည်းဟူမူကား ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သော သူကို
ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည်
ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သော သူဖြစ်မည်အကြောင်းတည်း။”
ဂလာတိဩဝါဒစာ ၃း၁၃
“ထိုကြောင့် ဘုရားသခင်ရှေ့တော်၌ ပညတ်တရားအားဖြင့်
အဘယ်သူမျှဖြောင့်မတ်ရာသို့မရောက်နိုင်ဟု ထင်ရှားလျက်ရှိ၏။ သစ်တိုင်၌
ဆွဲထားခြင်းကိုခံရသော သူတိုင်း ကျိန်ခြင်းကို ခံရသောသူဖြစ်သည်ဟု ကျမ်းစာလာသည်နှင့်အညီ၊
ခရစ်တော်သည် ငါတို့အတွက်ကြောင့် ကျိန်ခြင်းကို ခံရသောသူဖြစ်၍၊ ငါတို့ကို ပညတ်တရား၏
ကျိန်ခြင်းမှ ရွေးနုတ်တော်မူပြီ။”
လူသားတိုင်းအတွက်ပေါင်းစည်းထားသည့်လုပ်ငန်း
ဣသရေလစခန်းအတွင်းနေထိုင်ခဲ့သည့်
ခရစ်တော်၏ အသက်တာနှင့် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခြင်းသည် ပေါင်းစည်းထားသော
လုပ်ငန်းဖြစ်ပါသည်။ လူသားတိုင်းအတွက် ဒုစရိုက်နှင့် ကင်းစင်သောအသက်တာကို
ပေးခဲ့ပြီးမှ သာလျှင် လူသားတိုင်းအတွက် အသက်သေခံခဲ့ပါသည်။
ဟေဗြဲဩဝါဒစာအခန်းကြီး
၂း၉ “ယေရှုသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် လူအပေါင်းတို့အတွက်ကြောင့်
အသေခံရသော အခွင့်ရှိစေခြင်းငှာ ၊ ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်ပြီးမှ၊
အသေခံရသောကြောင့် ခေါင်းတော်၌ ဘုန်းအသရေပတ်ရစ်လျက်ရှိသည်ကို ငါတို့မြင်ကြ၏။”
တိမောသေဩဝါဒစာပထမစောင်
၂း၅၊ ၆ “ဘုရားသခင်တစ်ဆူတည်း ရှိတော်မူ၏။ ဘုရားသခင်နှင့်လူတို့၏ စပ်ကြားမှာ
လူဖြစ်သော ယေရှုခရစ်တည်းဟူသော အာမခံတစ်ဦးတည်းရှိ၏။ ထိုအာမခံသည် လူအပေါင်းတို့ကို
ရွေးအံ့သောငှာ ကိုယ်ကို ကိုယ်စွန့်တော်မူပြီ။ ကာလအချိန်တန်မှ သက်သေခံခြင်းရှိ၏။”
ရှင်ယောဟန်ဩဝါဒစာ
ပထမစောင် ၂း၂ “ထိုသခင်သည် ငါတို့၏ အပြစ်မက၊ လောကီသားအပေါင်းတို့၏
အပြစ်ဖြေစရာအကြောင်း ဖြစ်တော်မူ၏။”
Upon Christ as our substitute and surety was laid the iniquity of us all. He was counted a transgressor , that He might redeem us from the condemnation of the law. The guilt of every descendant of Adam was pressing upon His heart. The wrath of God against sin, the terrible manifestation of His displeasurebecause of iniquity, filled the soul of His Son with consternation. All His life Christ had been publishing to a fallen world the good news of the Father’s mercy and pardoning love. Salvation for the chief of sinners was His theme. But now with the terrible weight of guilt He bears, He cannot see the Father’s reconciling face. The withdrawal of the divine countenance from the Saviour in this hour of supreme anguish pierced His heart with a sorrow that can never be fully understood by man. So great was this agony that His physical pain was hardly felt. (DA, 753,1)
ဆက်ကပ်ပူဇော်မှုကို ကိုယ်ပိုင်တောင်းဆိုပါ
ရှင်ယောဟန်
ခရစ်ဝင် အခန်းကြီး ၃း၁၄-၁၆ တွင် တောထဲမှ မောရှေမြှောက်တင်ထားသည်မြွေ။
ဣသရေလစခန်းအတွင်းနေထိုင်ခဲ့သည့် ခရစ်တော်၏အသက်တာနှင့် လက်ဝါးကပ်တိုင်ပေါ်တွင်
အသေခံခြင်းဖြင့် လူသားတိုင်း၏ ကယ်တင်ခြင်းသည် စိတ်ချရပြီလား။ စိတ်မချရပါ။
သန့်ရှင်းရာဌာနတွင် သူ့ထံသို့လာခြင်းဖြင့် ဤလောကတွင် ခရစ်တော်ဆောင်ရွက်ပေးခဲ့သည့်
အမှုအားလုံးနှင့် ကိုယ်ပိုင်သက်ဆိုင်မှုရှိစေရန် ကျွန်ုပ်တို့ကိုယ်တိုင် တောင်းဆိုရမည်။
“မောရှေသည် တော၌မြွေကိုမြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထားခြင်းကိုခံရမည်။
အကြာင်းမူကား၊ ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်။
ထာ၀ရအသက်ကို ရမည်အကြောင်းတည်း။ ဘုရားသခင်၏သားတော်ကို ယုံကြည်သော သူအပေါင်းတို့သည်
ပျက်စီးခြင်းသို့မရောက်၊ ထာ၀ရအသက်ကို ရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသော
သားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။”
ရေအင်တုံ
ဣသရေလစခန်းအတွင်းနှင့်
ဗိမာန်တော်ပုရိဝုဏ်အတွင်း အမှုတော်သည် လောက၌ ခရစ်တော်ဆောင်ရွက်ပေးခဲ့သော
ကောင်းမှုများဖြစ်ပါသည်။ ထို့ကြောင့် ရေအင်တုံသည်
သခင်ခရစ်တော်ကောင်းကင်သန့်ရှင်းရာဌာနသို့ ပြန်လည်မတက်ကြွမီ အမှုတော်တစ်ခုကို
ပုံဆောင်ထားပါသည်။
၁။ ယေရှုသည် ဣသရေလစခန်းအတွင်း၌
ဒုစရိုက်ကင်းစင်သော အသက်တာဖြင့် အသက်ရှင်ပေးခဲ့ပါသည်။
၂။ ဗိမာန်တော်
ပုရိဝုဏ်အတွင်းယဇ်ပလ္လင်၌ ကိုယ်စားပြု အသက်အသေခံခဲ့ပါသည်။
၃။ ဗိမာန်တော်
ပုရိဝုဏ်အတွင်းရေအင်တုံမှ ရှင်ပြန်ထမြောက်ခဲ့ပါသည်။
၄။ ထိုနေရာမှတစ်ဆင့်
သန့်ရှင်းရာဌာနအတွင်းဝင်ရောက်ပြီး လူသားလိုသမျှ တောင်းဆိုသော အသေခံခြင်းနှင့်
စင်ကြယ်သောအသက်တာကို လွှဲပြောင်းပေးပါသည်။
သတ္တဝါအသေကောင်အားတို့မိ၊
ထိမိသောသူကို မစင်ကြယ်မသန့်ရှင်းသောသူဟု သတ်မှတ်ပါသည်။ အကြောင်းမူကား၊ အသေကောင်သည်
မစင်ကြယ်သောကြောင့်ဖြစ်ပါသည်။ သို့သော် သင်္ချိုင်းမှ ထမြောက်လာသော ခရစ်တော်သည်
သန့်ရှင်းသောကြောင့် နောက်တစ်ဖန်သေခြင်းနှင့် ကင်းလွတ်ပါသည်။ စင်ကြယ်သန့်ရှင်းမှုမရှိသော
သေခြင်းကို တစ်ကြိမ်တည်းနှင့်အပြီး ခရစ်တော်ဆေးကြောခဲ့ပါသည်။
တိတုဩဝါဒစာအခန်းကြီး
၃း၅ “ငါတို့ကျင့်သော ဖြောင့်မတ်ခြင်း အကျင့်အားဖြင့် မဟုတ်ဘဲ၊
မိမိသနားခြင်းကရုဏာတော်နှင့် အညီ ဒုတိယမွေးခြင်းနှင့်ဆိုင်သော
ဆေးကြောခြင်းအားဖြင့်လည်းကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏
အသစ်ပြုပြင်ခြင်းအားဖြင့်လည်းကောင်း၊ ငါတို့ကို ကယ်တင်တော်မူ၏။
“အသစ်ပြုပြင်ခြင်း”
ဟူသည့် ဝေါဟာရမှာ စိတ်ဝင်စားဖွယ်ကောင်းပါသည်။
သေခြင်းတရားကို ခရစ်တော် ဆေးကြောခြင်းဖြင့် အသစ်ဖြစ်ပေါ်လာသော
သန့်ရှင်းခြင်းအသက်ဖြစ်ပါသည်။
ရှင်မဿဲခရစ်ဝင်အခန်းကြီး
၁၉း၂၈ “ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်သောကာလ၌
လူသားသည် ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောအခါ၊
ငါ့နောက်သို့လိုက်ကြသော သင်တို့သည် တစ်ဆယ်နှစ်ခုသော ပလ္လင်ပေါ်မှာ ထိုင်လျက်၊
ဣသရေလ လူတစ်ဆယ့်နှစ်မျိုးကို စင်ကြောစီရင်ရကြလတ္တံ့။”
ရှင်မာကုနှင့်
ရှင်လုကာခရစ်ဝင်ကျမ်းနှိုင်ယှဉ်ဖော်ပြမှုတွင် အသစ်ပြုပြင်ခြင်းကို
ဖော်ပြမှုမရှိသော်လည်း လာမည့်အသက်တာဟု အစားထိုးသုံးနှုန်းထားပါသည်။ (မာကု ၁ဝး၃၀။
လုကာ ၆း၄) “အသစ်ပြုပြင်ခြင်း” ဟူသည့်ဝေါဟာရကို ရောမအခန်းကြီး ၆း၄ နှင့် ၇း၆ တို့တွင်
တွေ့နိုင်ပါသည်။
ရောမဩဝါဒစာ
၆း၄ တွင် “ထိုကြောင့် အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသောအားဖြင့် ထိုသခင်နှင့်အတူ
သင်္ဂြိုဟ်ခြင်းကို ခံရကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏
ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှ ထမြောက်တော်မူသနည်းတူ ငါတို့သည်လည်း အသစ်သော အသက်၌
ကျင်လည်ရကြသတည်း။”
နောက်တစ်ဆင့် ခရစ်တော်ဝင်ရောက်သည့်အရပ်သည် သန့်ရှင်းရာဌာနဖြစ်ပါသည်။
ကျွန်ုပ်တို့ လူသားတစ်ဦးစီတောင်းဆိုနိုင်ရန်အတွက် ခရစ်တော်၏
ကြားဝင်အမှုဆောင်ရွက်ပေးသည့်အကြောင်း သတင်းကောင်းကို လာမည့် သင်ခန်းစာတွင်
ဆက်လက်လေ့လာကြပါစို့။
No comments:
Post a Comment