(၄) လူအဖြစ်ဝင်စားခြင်း၏ လျို့ဝှက်ချက်ခုနစ်ချက်
ခရစ်တော်သည်
နှုတ်ကပတ်တော်၏ အာရုံနှင့် ထင်မြင်ယူဆချက်တိုင်းတွင် ဘုရားဖြစ်ပါသည်။ သူသည်
သဘာ၀တရားအားဖြင့်လည်း ဘုရားဖြစ်သည်။ သူသည် ဘုရားကဲ့သို့ (သို့မဟုတ်)
ဘုရားလည်းဖြစ်လာနိုင်သော သူမဟုတ်ပါ၊ သူသည်ဘုရားဖြစ်ပါသည်။
ရှင်ယောဟန်ခရစ်ဝင်
၁း၁ တွင် ခရစ်တော်သည် ဘုရားဖြစ်သည်။ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည်
ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။”
ရှင်ယောဟန်ခရစ်ဝင်
၈း၅၈ တွင် ခရစ်တော်သည် ဘုရားဖြစ်သည်။ “ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား
အာဗြဟံမဖြစ်မိငါဖြစ်၏ ဟု မိန့်တော်မူ၏။”
ယုဒလူမျိုးတို့သည်
ကျောက်ခဲကို ကောက်ယူ၍ သူ့ကို ကျောက်ခဲဖြင့်ပစ်သည်။ မီးလောင်နေသောချုံပုတ်တွင်
ငါသည်ဖြစ်၏ဟု သူ့ကိုယ်သူတောင်းဆို နေသည်ကို သူတို့ သိကြပါသည်။
ရှင်ယောဟန်ခရစ်ဝင်
၁၇း၅ တွင် ခရစ်တော်သည် ထင်ရှားသော ပြရုပ်မတိုင်မီတည်ရှိခဲ့ပါသည်။ “အိုအဘ၊
ဤကမ္ဘာမတည်မရှိမီ အထံတော်၌ အကျွန်ုပ်ခံစားသော ဘုန်းအသရေနှင့် ယခုတွင်လည်း
အကျွန်ုပ်ကို အထံတော်၌ ချီးမြှောက်တော်မူပါ။
ရှင်မဿဲခရစ်ဝင်
၁း၂၃ တွင် ခရစ်တော်သည် ငါတို့နှင့်အတူရှိတော်မူသော ဘုရားဖြစ်သည်။ “ဗျာဒိတ်တော်အချက်ဟူမူကား၊
ကြည့်ရှုလော့။
၄၄
သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လတ္တံ့။ ထိုသားကို
ဧမာနွေလအမည်ဖြင့် မှည့်ရကြလတ္တံ့ဟု လာသတည်း။ ဧမာနွေလအနက်ကား၊ ငါတို့နှင့်
အတူရှိတော်မူသော ဘုရားသခင်ဟု ဆိုလိုသတည်း။
ရှင်ယောဟန်ခရစ်ဝင်
၁ဝး၃၀ တွင် ခရစ်တော်သည် ခမည်းတော် ဘုရားနှင့် တစ်ဆူတည်းဖြစ်သည်။ သူသည်
လူနှင့်အလားတူမဟုတ်၊ သို့သော် စုံလင်ပြည့်စုံသော စည်းလုံး ညီညွတ်ခြင်း၏ တူညီသော
ခံစားမှုတွင် တစ်ဆူတည်းဖြစ်သည်။ လင်နှင့် မယားတို့တွင်
တစ်ကိုယ်တစ်စိတ်ဖြစ်သကဲ့သို့ ဘုရားသခင်နှင့် ခရစ်တော်သည် တူညီသော
ဆုံးဖြတ်နိုင်မှုတွင် တစ်လုံးတစ်၀တည်းဖြစ်ပါသည်။ “ငါသည် ငါ့ခမည်းတော်နှင့်
တစ်လုံးတစ်၀တည်းဖြစ်သည်ဟု မိန့်တော်မူ၏။”
ဖိလိပ္ပိဩဝါဒစာ ၂း၅-၇ တွင် ခရစ်တော်သည် လူဇာတိမခံယူမီ သူသည် ဘုရားသခင်၏
ပုံသဏ္ဌာန်တော်ပင်ဖြစ်ပါသည်။ “ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို
သင်တို့၌လည်းရှိစေကြလော့။ ထိုသခင်သည် ဘုရားသခင်၏ ဘဏ္ဌာန်တော်နှင့်
ပြည့်စုံတော်မူသည်ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သော အမှုကို လုယူခြင်းအမှုဟူ၍
မထင်မမှတ်လျက်ပင်၊ မိမိအသရေကို စွန့်၍ အစေခံကျွန်၏ ဘဏ္ဌာန်ကို ယူဆောင်လျက်၊
လူကဲ့သို့သော အဖြစ်၌ ဖွားမြင်ခြင်းကို ခံတော်မူ၏။”
“ဖွဲ့စည်း”
ဝေါဟာရကို သုံးထားသည့် (ဩမစ့န) စကားလုံးတွင် ဘုရားသခင်၏
ခိုင်မာသော (သို့မဟုတ်) အနှစ်သာရနှင့် ပြည့်ဝေသာ အချက်ကို ဆိုလိုပါသည်။
အချက်များတို့တွင် ဘုရားသခင်၊ ဘုရားသခင်အားကျိုးကြောင်း ဆက်စပ်မှုကို
တည်ဆောက်ပေးသည့် အခြားသော စကား၏ အသွင်အပြင်အားဖြင့် ပြင်ပမှ တူညီဖြင်းဖြစ်သည့် (Sခ့နာa) စကားလုံးဖြစ်သည်။
ရှင်ယောဟန်ခရစ်ဝင် ၁း၅၁ တွင် လှေခါး၏ ထိပ်တွင် သူသည် ဘုရားသခင်နေရာတွင်
လည်းကောင်း၊ အောက်ဘက်တွင် လူသားမျိုးအနွယ်
အဖြစ်ကိုလည်းကောင်း ခံယူပါသည်။ “သင်တို့အား ငါအမှန်ဆိုသည်ကား၊ နောင်ကာလ၌
ကောင်းကင်ဖွင့်လှစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် လူသား၏
အပေါ်၌ ဆင်းလျက်တက်လျက် ရှိနေသည်ကို လည်းကောင်း၊ သင်တို့သည် မြရကြလတ္တံ့ဟု
မိန့်တော်မူ၏။
ဂလာတိဩဝါဒစာ ၄း၄၊
၅ တွင် မိန်းမမှ မွေးဖွားခဲ့ပါသည်။ “အချိန်ကာလစေ့သောအခါ၊ ငါတို့သည်
သား၏အခွင့်အရာကို ခံရမည်အကြောင်း၊ ပညတ်တရားလက်၌ရှိသော ငါတို့ကို
ရွေးနုတ်စေခြင်းငှာ၊ မိန်းမဝမ်း၌ ပဋိသန္ဓေယူ၍ ပညတ်တရားအောက်၌ ဖွားမြင်
ရသောသားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏။”
ဂလာတိဩဝါဒစာ ၃း၁၆
တွင် “ကတိတော်ကို အာဗြဟံနှင့် သူ၏ အမျိုးအနွယ်၌ ထားတော်မူ၏”
“အမျိုးအနွယ်တို့”
ဟု အများသော သူတို့ကို ရည်မှတ်၍ မိန့်တော်မူသည်မဟုတ်။ သင်၏
အမျိုးအနွယ်ဟု တစ်ယောက်သော သူကို ရည်မှတ်၍ မိန့်တော်မူပါသည်။ ထိုတစ်ယောက်သော
သူကားခရစ်တော်ဖြစ်သတည်း။ “ကတိတော်တို့ကို အာဗြဟံနှင့် သူ၏ အမျိုးအနွယ်၌
ထားတော်မူ၏။ အမျိုးအနွယ်တို့ဟု အများသော သူတို့ကို ရည်မှတ်၍ မိန့်တော်မူသည်မဟုတ်။
သင်၏ အမျိုးအနွယ်ဟု တစ်ယောက်သော သူကို ရည်မှတ်၍ မိန့်တော်မူ၏။ ထိုတစ်ယောက်သော
သူကား ခရစ်တော်ဖြစ်သတည်း။”
ဗျာဒိတ်ကျမ်း၂၂း
၁၆ တွင် ခရစ်တော်သည် ဒါဝိဒ်၏ အမြစ်ဖြစ်၏။ အနွယ်လည်းဖြစ်၏။ သူသည် ဒါဝိဒ်၏
ဖခင်လည်းဖြစ်၏။ ဒါဝိဒ်၏သားလည်း ဖြစ်၏။ “ ငါယေရှုသည်၊ အသင်းတော်တို့အဖို့
ဤအရာများကို သင်တို့အား သက်သေခံစေခြင်းငှာ၊ ငါ၏ ကောင်းကင်တမန်ကို စေလွှတ်၏။
ငါသည်ကား၊ ဒါဝိဒ် ၏ အမြစ်ဖြစ်၏။ အနွယ်လည်းဖြစ်၏။ ထွန်းတောက်သော မိုးသောက်ကြယ်လည်းဖြစ်၏။
၄၆
ရှင်ယောဟန်ခရစ်ဝင်
၁း၁၄ တွင် သူ၏ တဲ(သိုမဟုတ်) တဲတော်ကို တည်ဆောက်ခဲ့ပါသည်။ “နှုတ်ကပတ်တော်သည်လည်း
လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း
ပြည့်စုံလျက်၊ ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏
ဘုန်းကဲ့သို့ သူ၏ ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။
တိမောသေဩဝါဒစာပထမစောင်
၃း၁၆ တွင် ဘုရားသခင်သည် ကိုယ်ခန္ဓာ၌ ပေါ်ထွန်းတော်မူပြီ။ “မှန်သောကိုးကွယ်ခြင်း၏
နက်နဲသောအရာသည် ကြီးစွာသောအရာဖြစ်သည်ဟု ငြင်းခုံရန်မရှိ။ ဘုရားသခင်သည် ကိုယ်ခန္ဓာ၌
ပေါ်ထွန်းတော်မူပြီ။ ဟုတ်မှန်တော်မူခြင်းအကြောင်းသည် ဝိညာဉ်တော်အားဖြင့်
ထင်ရှားပြီ။ ကောင်းကင်တမန်တို့သည် ကိုယ်တော်ကိုရှုမြင်ရကြပြီ။
တစ်ပါးအမျိုးသားတို့သည် သတင်းတော်ကို ကြားရကြပြီ။ လောကီသားတို့သည် ယုံကြည်ရကြပြီ။
ဘုန်းအသရေနှင့်တကွ အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။
ရှင်လုကာခရစ်ဝင်
၂၄း၃၉ တွင် ရှင်ပြန်ထမြောက်ပြီးသည်နောက် “ငါ့လက်ကို ကြည့်ကြလော့။
ငါ့ခြေကိုလည်းကြည့်ကြလော့။ ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကို ကြည်ရှုစမ်းသပ်ကြလော့။ ငါသည်
သင်တို့မြင်သည် အတိုင်း အရိုးအသားနှင့် ပြည့်စုံ၏။ တစ္ဆေမည်သည်ကား၊
ဤကဲ့သို့မပြည့်စုံဟု မိန့်တော်မူလျက်၊”
ရှင်ယောဟန်ခရစ်ဝင်
၂ဝး၂၄-၂၈ တွင် အခြေအနေအရ၊ ခရစ်တော် ရှင်ပြန်ထမြောက်သောညနေတွင် သောမသည်
ထိုနေရာတွင်မရှိပါ။ “ထိုသို့ ယေရှုသည် ကြွလာတော်မူသောအခါ
တမန်တော်တစ်ကျိပ်နှစ်ပါးအဝင်၊ ဒိဒုမုဟုအမည်ရှိသော သောမသည် ထိုတပည့်တော်တို့နှင့်
အတူမရှိ။ ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် သခင်ကို မြင်ရကြပြီဟု သောမအား
၄၇
ပြောဆိုကြလျှင်၊ သောမက လက်တော်၌ သံရိုက်ရာချက်ကိုမမြင်၊ သံရိုက်ရာချက်ကို
လက်ညိုးနှင့် မတို့မစမ်း၊ နံဘေးတော်ကိုလည်းလက်တော်နှင့် မစမ်းမသပ်ရလျှင်
အကျွန်ုပ်မယုံဟုဆို၏။ ထိုနောက် ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည်
တစ်ဖန်အထဲမှာရှိကြ၍ သောမလည်းပါ၏။ တံခါးများကို ပိတ်ထားစဉ်အခါ၊ ယေရှုသည်ကြွလာ၍
အလယ်မှာ ရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်းဟု မိန့်တော်မူ၏။ ထိုအခါ
သောမအား သင်၏ လက်ညှိုးကို ဆန့်၍ ငါ့လက်ကိုကြည့်လော။ သင်၏ လက်ကို ဆန့်၍ ငါ့နံဘေးကို
စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏။ သောမကလည်း
အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်ပါတကားဟု ပြန်၍လျှောက်၏။”
ဟေဗြဲဩဝါဒစာ
၂း၁၄၊ ၁၅ “ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည်
အသေခံတော်မူသောအားဖြင့်၊ သေခြင်းတရားကို အစိုးရသော သူတည်းဟူသော မာရ်နတ်၏
တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်းငှာလည်းကောင်း၊ သေဘေးကိုကြောက်၍ တစ်သက်လုံး
ကျွန်ခံရသော သူတို့ကို ကယ်လွတ်ခြင်းငှာလည်းကောင်း၊ ထိုသူငယ်တို့၏ နည်းတူ
အသွေးအသားကို ဆောင်ယူတော်မူ၏။”
လူအဖြစ်ဝင်စားခြင်းအတွက်အကြောင်းရင်းခုနစ်ချက်
အဘယ်ကြောင့်
သခင်ယေရှုသည် ကျွန်ုပ်တို့ တစ်ဦးတစ်ယောက်ကဲ့သို့ ဣသရေလစခန်းအထဲတွင် လာနေရသနည်း။
ဋ
၁-ဘုရားသခင်နှင့် အမှန်ပင်တူညီသည် ကို ထုတ်ဖော်၍ အများသိစေရန်
လူဝင်စားခြင်းဖြစ်သည်။
ဧဒင်ဥယျာဉ်အရပ်တွင်
လူသည် ဘုရားသခင်နှင့် မျက်နှာချင်းဆိုင်ဆက်သွယ် ပေါင်းသင်းခဲ့ပါသည်။ သို့သော်
လူသည် အပြစ်ဒုစရိုက်ကို
၄၈
ပြုသောကြောင့် ဘုရားသခင်သည် မိမိကိုယ်ကို ဝှက်ထားတော်မူပါသည်။ သို့မဟုတ်လျှင်
လူသည် ပျက်စီးဆုံးရှုံးသွားမည်ကို စိုးရိမ်ရသောကြောင့် ဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်နှင့် အပြစ်သားသည်
အတူတူမတည်မရှိနိုင်သောကြောင့်ဖြစ်သည်။
ထွက်မြောက်ရာကျမ်း
၃၃း၂၀ တွင် ဘုရားသခင်သည် မောရှေအား ပြောဆိုခဲ့သည်မှာ လူသည်အသက်ရှင်ပြီး ဘုရားသခင်၏
မျက်နှာတော်ကို မျက်နှာခြင်းဆိုင်ခွင့်မရှိသောကြောင့် ဖြစ်ပါသည်။ “သို့ရာတွင်
သင်သည် ငါ့မျက်နှာကို မမြင်နိုင်ရာ။ ငါ့မျက်နှာကို မြင်လျှင် အသက်ရှင်ရသောလူ
တစ်စုံတစ်ယောက်မျှမရှိဟူ၍လည်းကောင်း၊”
တရားဟောရာကျမ်း
၄း၂၃၊ ၂၄ တွင် ဘုရားသခင်သည် လောင်နေသော မီးဖြစ်ပါသည်။ “သင်တို့၏
ဘုရားသခင်ထာ၀ရဘုရားသည် သင်တို့၌ ထားတော်မူသော ပဋိညာဉ်တရားကို မေ့လျော့၍၊ သင်တို့
ဘုရားသခင် ထာ၀ရဘုရားမြစ်တားတော်မူသော အရာတို့၏ သဏ္ဌာန်ရှိသော
ရုပ်တုကိုမလုပ်မည်အကြောင်း၊ ကိုယ်ကို ကိုယ်သတိပြုကြလော့။ အကြောင်းမူကား၊ သင်တို့၏
ဘုရားသခင်ထာ၀ရဘုရားသည် လောင်သောမီး၊ အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားဖြစ်တော်မူ၏။
တိမောသေဩဝါဒစာပထမစောင်
၆း၁၅၊ ၁၆ တွင် ဘုရားသခင်သည် လူတို့မမြင်ဘူးသော (သို့မဟုတ်) မမြင်နိုင်သည့်
လက်လှမ်းမမီနိုင်သော အလင်းတွင် စံမြန်းနေထိုင်ကြောင်းကို ဖော်ပြထားပါသည်။ “မရဏာနှင့်
ကင်းလွတ်သောသူ တစ်ပါးတည်းဖြစ်တော်မူထသော၊ အဘယ်သူမျှ မချဉ်းကပ်နိုင်သော အလင်းထဲ၌
နေတော်မူထသော၊ အဘယ်သူမျှမမြင်ဖူးရာ၊ မမြင်နိုင်ရာဖြစ်တော်မူထသော၊ မင်္ဂလာရှိသော
တစ်ပါးတည်းသော အရှင်ဖြစ်တော်မူထသော၊ ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏သခင်သည်၊
ကာလအချိန်ရောက်သောအခါ၊ သခင်ယေရှုခရစ်၏
၄၉
ထင်ရှားပေါ်ထွန်းခြင်းကို
ပြတော်မူလိမ့်မည်။ ထိုဘုရားသခင်သည် ထာ၀ရဂုဏ်အသရေ အစွမ်းသတ္တိရှိတော်မူစေသတည်း။
အာမင်။”
ရှင်ယောဟန်ခရစ်ဝင်
၁၇း၃ သို့သော် ဤနေရာပြဿနာကို တင်ပြမည်။ ကင်တင်ခြင်းရရှိနိုင်ရန် ဘုရားသခင်ကို
သိကျွမ်းရမည်။ သို့သော် ဘုရားသခင်သည် မိမိကိုယ်ကို လျှို့ဝှက်ထားသောကြောင့်
အဘယ်သို့သိမြင်နိုင်မည်နည်း။ “ထာ၀ရအသက်ဟူမူကား၊ မှန်သောဘုရားသခင်
တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော
ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။”
ဓမ္မဟောင်းအချိန်တွင်
ဘုရားသခင်သည် မိမိကိုယ်ကို အရိပ်များနှင့် ပုံရိမ်များအားဖြင့် သော်လည်းကောင်း၊
လက္ခဏာသင်္ကေတများနှင့် နှုတ်ကပတ်တော်စကားများစွာဖြစ်သော ပုရောဖက်များ၊
အိပ်မက်ရူပါရုံများ၊ ဥရိမ်နှင့် သုမိမ်များဖြင့် မိမိကိုယ်ကိုဖော်ပြသော်လည်း
ဤဗျာဒိတ်ရူပါရုံများတို့သည် အပြည့်အစုံမဟုတ်ဘဲ တစ်စိတ်တစ်ပိုင်းသာဖြစ်ပါသည်။
ဘုရားသခင်သည်
မိမိ၏သဘာ၀သန့်ရှင်းသော အနေအထားဖြင့် မိမိကိုယ်ကို လူတို့အားမဖော်ထုတ်ပြသနိုင်ပါ။
ခရစ်တော်သည် လူသား၏ခန္ဓကိုယ်ကို ယူဆောင်၍ ဘုရားသခင်၏ သန့်ရှင်းသော
ဘုန်းတော်ကိုခြုံထားသောကြောင့်ဖြစ်ပါသည်။ အပြစ်သားတို့ကို
မပျက်စီးစေသောနည်းအားဖြင့် ခရစ်တော်သည် လူသားဇာတိ၌ ဘုရားသခင်အကြောင်းကို
ဖော်ထုတ်ပြသည်။
ဓမ္မဟောင်းကျမ်းတွင်
ဘုရားသခင်သည် မိမိကိုယ်ကိုနည်းလမ်းပေါင်းများစွာဖြင့် ဖော်ထုတ်ပြသနည်းဟု
ယခုနောက်ဆုံးသော နေ့ရက်များတွင် သူ၏ သားတော်အာဖြင့် ဖော်ထုတ်ပြသခဲ့ပါသည်။
ဟေဗြဲဩဝါဒစာ ၁း၁၊
၂ နောက်ဆုံးသော နေ့ရက်ကာလများတွင် သားတော်သည်
ခမည်းတော်ဘုရားအားဖော်ထုတ်ပြခဲ့ပါသည်။ “ရှေးလွန်လေပြီးသောအခါ ပုရောဖက်များအားဖြင့်
ဘိုးဘေးတို့အား အထပ်ထပ်
၅၀
အနည်းနည်းဗျာဒိတ်ပေးတော်မူသော ဘုရားသခင်သည်၊ ဤနောက်ဆုံးကာလအခါ
မိမိသားတော်အားဖြင့် ငါတို့အားဗျာဒိတ်တော်ပေးတော်မူပြီ။ ထိုသားတော်ကို
အလုံးစုံတို့၏ အမွေခံသခင်အရာ၌ ခန့်ထားတော်မူ၏။
ရှင်ယောဟန်ခရစ်ဝင်
၁း၁၄ “နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍ ကျေးဇူးတော်ကိုလည်းကောင်း၊
သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက်၊ ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌
တစ်ပါးတည်းသော သားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။”
ရှင်ယောဟန်ခရစ်ဝင်
၁း၁၈ တွင် ခရစ်တော်သည် ဘုရားသခင်၏ ရင်ခွင်ပေါ်တွင်ရှိပါသည်။ အလွန်နီးကပ်ပါသည်။
ဘုရားသခင်သည် မည်သို့တူညီသည်ကို “ဘုရားသခင်ကို အဘယ်သူမျှမမြင်စဖူးသော်လည်း၊
ခမည်းတော်၏ ရင်ခွင်၌ရှိသော တစ်ပါးတည်းသော သားတော်သည် ဘုရားသခင်ကို
ထင်ရှားစေတော်မူပြီ။”
ရှင်ယောဟန်ခရစ်ဝင်
၁၄း၈၊ ၉ တွင် ခရစ်တော်သည် အဖခမည်းတော်အား ထုတ်ဖော်ပြပါသည်။
အဖေတူသောသားကဲ့သို့ဖြစ်ပါသည်။ “ဖိလိပ္ပုကလည်း၊ သခင်၊ ခမည်းတော်ကို
အကျွန်ုပ်တို့အားပြတော်မူပါ။ ထိုသို့ပြတော်မူလျှင်
အကျွန်ုပ်တို့အလိုပြည့်စုံပါမည်ဟုလျှောက်လျှင်၊ ယေရှုကဖိလိပ္ပု၊ ဤမျှကာလပတ်လုံး
ငါသည် သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကိုမသိသေးသလော။ ငါကို မြင်သောသူသည်
ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင် ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါဟု
သင်သည် အဘယ်သို့ဆိုရသနည်း။
၅၁
ဋ၂-ကျွန်ုပ်တို့အပြစ်များအတွက်အသေခံရန်လူဝင်စားခြင်းဖြစ်သည်။
တိမောသေဩဝါဒစာပထမစောင်
၆း၁၅၊ ၁၆ ဘုရားသခင်သည် မရဏာနှင့် ကင်းလွတ်သော သူဖြစ်သောကြောင့် သူသည်အသေခံရန်
မဖြစ်နိုင်ပါ။ “မရဏာနှင့် ကင်းလွတ်သော သူတစ်ပါးတည်းဖြစ်တော်မူထသော၊ အဘယ်သူမျှ
မချဉ်းကပ်နိုင်သော အလင်းထဲ၌ နေတော်မူထသော၊အဘယ်သူမျှမမြင်ဖူးရာ၊
မမြင်နိုင်ရာဖြစ်တော်မူထသော၊ မင်္ဂလာရှိသော တစ်ပါးတည်းသော အရှင်ဖြစ်တော်မူထသော၊
ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏သခင်သည် ကာလအချိန်ရောက်သောအခါ သခင်ယေရှုခရစ်၏
ထင်ရှားပေါ်ထွန်းခြင်းကို ပြတော်မူလိမ့်မည်။ ထိုဘုရားသခင်သည် ထာ၀ရ
ဂုဏ်အသရအစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင်။”
လူသည်
အပြစ်ဒုစရိုက်ကို ကျူးလွန်သောအခါ သေခြင်းတရားကို ခံစားရသည်။ (က ၃း၁၉) သို့သော်
ဘုရားသခင်သည် မသေနိုင်သောကြောင့် သေနိုင်သော လူဇာတိကို ခံယူရန်လိုအပ်ပါသည်။
သို့မှသာလျှင် လူ၏ ကိုယ်စားအသေခံနိုင်မည်။
ခရစ်တော်သည် အမှန်စင်စစ်နှင့် စစ်မှန်စွာ အသေသတ်ခံခဲ့ပါသည်
ဟေဗြဲဩဝါဒစာ ၂း၉ တွင် ခရစ်တော်သည် စစ်မှန်စွာအသေခံခဲ့ပါသည်။ “ယေရှုသည်
ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် လူအပေါင်းတို့အတွက်ကြောင့် အသေခံရသော
အခွင့်ရှိစေခြင်းငှာ၊ ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ်းပြီးမှ အသေခံရသောကြောင့်
ခေါင်းတော်၌ ဘုန်းအသရေပတ်ရစ်လျက်ရှိသည်ကို ငါတို့မြင်ကြ၏။
ရှင်ယောဟန်ခရစ်ဝင်
၁၉း၃၀ တွင် ခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ် အသေသတ်ခြင်းကို ခံခဲ့ပါသည်။ “ယေရှုသည်
ပုံးရည်ကို ခံပြီးမှ၊
၅၂
အမှုပြီးပြီဟု မိန့်တော်မူလျက်၊ ခေါင်းတော်ကို ငိုက်ဆိုက်ညွှတ်၍ အသက်တော်ကို
စွန့်တော်မူ၏။” “သူ၏ဝိညာဉ်”
ယေရှုကလည်း ငါသည် အသက်ရှင်ခြင်းအကြောင်း၊
ထမြောက်ခြင်းအကြောင်းဖြစ်၏။ (ယော ၁၁း၅၂) ငါသည် ကိုယ့်အသက်ကို စွန်၍ နောက်တစ်ဖန်
ယူဦးမည်ဖြစ်သောကြောင့် (ယော ၁ဝး၁၇)။
အကယ်၍
ခရစ်တော်သည် မရဏာဖြစ်သော လူဇာတိကို မခံယူခဲ့ပါသော် သူသည် အသေသတ်ခြင်းခံနိုင်မည်မဟုတ်ဘဲ
ကျွန်ုပ်တို့သည်လည်း အပြစ်ထဲ၌သာလျှင် ကျင်လည်ပြီး နောက်ဆုံးတွင်
သေခြင်းအပြစ်ဒဏ်ကို သာခံရပါမည်။
ဤအကြောင်းကြောင့်
စာတန်မာရ်နတ်သည် ယုံကြည်နိုင်သော နည်းလမ်းတိုင်းကို အသုံးချ၍ ခရစ်တော်ကို
လက်ဝါးကပ်တိုင်သို့ မိမိစေတနာအလျောက် အသေခံခြင်းအမှုမရောက်ရှိအောင်
လုပ်ဆောင်ခဲ့ပါသည်။ ခရစ်တော်၏ အသက်ကို စေတနာအရ ကိုယ်ပိုင်ပေးဆပ်ခြင်းအမှုတွင်
စာတန်သည် အလိုမရှိသောကြောင့် သူ့ကိုနည်းမျိုစုံဖြင့် လုပ်ကြံနိုင်လျှင်
ဝမ်းမြောက်မည်ဖြစ်သည်။ ထိုကြောင့် စာတန်အသုံးပြုခဲ့သော နည်းများမှာ -
၁။ စုံစမ်းခြင်းတောင်ပေါ်တွင်
လှည့်စားခြင်း။
၂။ ပေတရုကို အသုံးချပြီး
မိမိစေတနာအလျောက်အသေသတ်ခံခြင်းမှ နောက်ဆုတ်စေခြင်း။
၃။ အသွင်အပြင်ပြောင်းလဲထင်ပေါ်ခြင်း။
၄။ ခရစ်တော်ထံသို့ လာသောဟေလသ
လူအားဖြင့် လောကီအမှုကို ဦးစားပေးရန် သွေးဆောင်ခြင်း။
၅။ ယုဒမှတစ်ဆင့် ခရစ်တော်ကို လူထု၏
အကြမ်းဖက်မှုဖြင့်လုပ်ကြံရန် အတင်းအကျပ်ကြံစည်ခြင်း။
၆။ ရန်သူများတို့သည် ခရစ်တော်ကို
လက်ဝါးကပ်တိုင်ပေါ်မှ ဆင်းသက်ရန် ဖိတ်ခေါ်ခြင်းဖြင့် စေတနာအလျောက် အသက်အသေခံမှုကို
စုံစမ်းခြင်း။
ဟေဗြဲဩဝါဒစား
၇း၂၇ ခရစ်တော်သည် အသေသတ်ခံပြီးသော အခါတွင် တစ်ကြိမ်တည်းပင်လျှင်
ပြီးမြောက်ခဲ့ပါသည်။ သူ၏ ဆက်ကပ်
၅၃
ပူဇော်ခြင်းသည် အပြစ်ကို နောက်ဆုံးဥဿုံဝန်ယူခဲ့ပါသည်။ သူသည် ဆင်လက်၍
မိမိကိုယ်ကို ဆက်ကပ်ပူဇော်ရန်မလိုတော့ပါ။ အမှုပြီးပြီဟု သူပြောသောအခါ ၊
စင်စစ်အားဖြင့် ဟုတ်မှန်သောစကားဖြစ်ပါသည်။ “အခြားသော ယဇ်ပုရောဟိတ်မင်းတို့သည်
ကိုယ်အပြစ်ကြောင့်လည်းကောင်း၊ လူများအပြစ်ကြောင့်လည်းကောင်း၊
နေ့တိုင်းယဇ်ပူဇော်ရသကဲ့သို့၊ ထိုသခင်သည်ယဇ်ပူဇော်စရာအကြောင်းမရှိ။
အဘယ်ကြောင့်နည်းဟူမူကား၊ မိမိကိုယ်ကို တစ်ခါတည်းယဇ်ပူဇော်၍ ထိုအမှုကို
ပြီးစေတော်မူပြီ။”
ဋ၃-အပြစ်သားများနှင့်အတူ သနားကရုဏာရှိစေရန် သူသည်
အဖခမည်းတော်ရှေ့မှောက်တွင်းဝင်ရောက်၍ ကိုယ်စားပြုခံယူသည်။
ဟေဗြဲဩဝါဒစာ ၅း၁၂
“လူတို့တွင် ရွေးကောက်သော ယဇ်ပုရော ဟိတ်မင်းမည်သည်ကား၊ ပူဇော်သက္ကာကိုလည်းကောင်း၊
အပြစ်ဖြေရာ ယဇ်လည်းကောင်းပူဇော်၍ လူတို့အတွက်ဘုရားဝတ်ကို ပြုစေခြင်းငှာ
ခန့်ထားတော်မူသော သူဖြစ်၏။ သူသည် ကိုယ်တိုင် နွမ်းရိအားနည်းခြင်းရှိသည်ဖြစ်၍ မိုက်သောသူ၊
မှားယွင်းသော သူတို့ကို သည်းခံခြင်းငှာ တတ်နိုင်၏။”
ဟေဗြဲဩဝါဒစာ ၂း၂၊
၁၁၊ ၁၄၊ ၁၇ ခရစ်တော်သည် သစ္စာနှင့် ကရုဏာ အားဖြင့် ယဇ်ပုရောဟိတ်မင်းဖြစ်လာရန်
သူသည် အခြားသော ညီအစ်ကိုများနှင့် တူညီစွာဆောင်ရွက်သွားရမည်။ “ကောင်းကင်တမန်အားဖြင့်
ထားတော်မူသော ဗျာဒိတ်တော်သည်တည်၍ ပြစ်မှားလွန်ကျူးခြင်းအမှုအမျိုးမျိုးတို့သည်
ခံထိုက်သော အပြစ်ဒဏ်ကို ခံရသည်မှန်လျှင်၊ သန့်ရှင်းစေတတ်သော သူနှင့်
သန့်ရှင်းစေအပ်သော သူများတို့သည် တစ်ပါးတည်းသော ပကတိရှိကြ၏။ ထိုကြောင့်
သန့်ရှင်းစေတတ်သော သူသည် သန့်ရှင်းစေအပ်သော သူတို့ကို ညီအစ်ကို ဟူ၍ ခေါ်စေခြင်းငှာ
ရှက်ကြောက်တော်
၅၄
မမူ။ ထိုသို့ခေါ်သောအချက်ဟူမူကား၊ ထိုသူငယ်တို့သည် အသွေးအသားနှင့်
ဆက်ဆံကြသောကြောင့်၊ ထိုကြောင့် ခရစ်တော်သည် လူတို့၏အပြစ်ဖြေစရာအကြောင်းကို စီရင်၍
ဘုရားသခင်နှင့် စပ်ဆိုင်သေ အရာတို၌ ကရုဏာနှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း
ပြည့်စုံသောယဇ်ပုရောဟိတ်အကြီးဖြစ်အံ့သောငှာ၊ မိမိညီအစ်ကိုတို့နှင့်
လုံးလုံးတူရသောကြောင်းရှိ၏။
ကိုယ်တိုင်ဒုက္ခခံစားရခြင်းထက်
သူတစ်ပါးခံရသော ဒုက္ခကို စောင့်ကြည့်ခြင်းသည် ခြားနားလှပါသည်။ နှစ်ပေါင်းများစွာ
အချိန်က အဲသရောပိနိုင်ငံတွင် သန်းပေါင်းချီသောလူထုသည် အငတ်ဘေးနှင့်
ရင်ဆိုင်ခဲ့ရသောအချိန်ကို သတိရပါ။ တယ်လီဗွီးရှင်းပေါ်၌ တွေ့မြင်ရသော လူတို့သည်
အရိုးနှင့် အရေသာ ကျန်ပါသည်။ သူတို့ကိုယ်ပေါ်တွင်လည်း ယင်ကောင်များဖြင့်
ပြည့်ကျပ်လျက် အူကြောင်းကြောင်ပုံစံများကို တွေ့မြင်ရပါသည်။ ဤ အခြေအနေမျိုးတွင်
ကျွန်ုပ်တို့ဝမ်းနည်းမိပါသည်။ သို့သော် သူတို့အနေဖြင့်တောက်လျှောက် မည်ကဲ့သို့
ခံစားသွားကြရမည်ကို ကျွန်ုပ်တို့သဘောပေါက်ပါသလား။ မှန်ပါသည်။
ကျွန်ုပ်တို့သဘောမပေါက်ပါ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ဖိနပ်ကို
ကျွန်ုပ်တို့မစီးခဲ့ဖူးသောကြောင့် ဖြစ်ပါသည်။
ခရစ်တော်သည်
ကောင်းကင်ပေါ်တွင် နေထိုင်ရန်ဖြစ်ပြီး ကျွန်ုပ်တို့ ခံစားနေရသော
ဒုက္ခဆင်းရဲခြင်းကို အဝေးမှနေ၍ ကြည့်ရှုစေလိုသည်။ ကျွန်ုပ်တို့အတွက်
ဝမ်းနည်းပေမည်။ သို့သော်လည်း ကျွန်ုပ်တို့တစ်ဦးစီ၏ နေရာတွင် ဝင်လာခြင်းဖြင့်
ကျွန်ုပ်တို့၏နာကျင်ခြင်း၊ ဝမ်းနည်းခြင်း၊ ဒုက္ခဆင်းရဲခြင်းနှင့်
သောကပူဆွေးခြင်းတို့ကို နားလည်သဘောပေါက်မည်။ ကောင်းကင်နိုင်ငံတော်တွင်
ကျွန်ုပ်တို့အတွက် ကိုယ်စားပြုသောအခါ ကျွန်ုပ်တို့လုံး၀ ဥဿုံစိတ်ချရသည်မှာ သူသည်
ကျွန်ုပ်တို့၏ ဖိနပ်များဖြင့် လမ်းလျှောက်ခဲ့ရသောကြောင့် ကျွန်ုပ်တို့ကို
နားလည်သဘောပေါက်ပါသည်။
ငါတို့သည်
ဘုရားသခင်၏ ရှေ့မှောက်တွင် - ထင်ရှားသော မိခင်အပျိုစင် မာရိ- ငါတို့အတွက်
မာတုရအသေခံတော်မူသော သူတော်စင်များ၏ ဖျန်ဖြေမှုကိုလည်း မလိုအပ်ပါ။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည် ငါတို့နှင့်
၅၅
အတူပြည့်၀သော သဘောထားအရ နားလည်မှုနှင့် ကြင်နာမှုဖြင့် ကိုယ်စားပြုရန်
နားလည်သဘောပေါက်ပါသည်။ ငါတို့အတွက် အာမခံပေးသူ တစ်ဦးတည်း (သိုမဟုတ်)
တံတားတစ်ခုတည်းသာရှိပါသည်။ ခရစ်တော်သည် အာဏာ အကြီးမြင့်ဆုံးသော
ပုပ်ရဟန်မင်းကြီးဖြစ်ပါသည်။ ကောင်းကင်နှင့် မြေကြီးနှစ်ခုကြားတွင် ရှိသော
တစ်ခုတည်သော တံတားဖြစ်ပါသည်။
တိမောသေဩဝါဒစာပထမစောင်
၂း၅ တွင် ခရစ်တော်သည် နားလည်စွာဖြင့် ကျွန်ုပ်တို့အတွက် ဝင်ရောက်ဖျန်ဖြေပေးသည်။ “ဘုရားသခင်တစ်ဆူတည်းရှိတော်မူ၏။
ဘုရားသခင်နှင့် လူတို့၏ စပ်ကြားမှား လူဖြစ်သော ယေရှုခရစ်တည်းဟူသော
အာမခံတစ်ဦးတည်းရှိ၏။”
ရှင်ယောဟန်ခရစ်ဝင် ၁၄း၆ တွင် ခရစ်တော်သည် ငါတို့အတွက်
ဝင်ရောက်ဖျန်ဖြေပေးပါသည်။ “ယေရှုက၊ ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။
အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။”
ဟေဗြဲဩဝါဒစာ ၇း၂၅၊၂၆ တွင် ခရစ်တော်သည် ငါတို့အတွက် တစ်ပါးတည်းသော
ကြားဝင်ဖျန်ဖြေသူဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သူသည် စုံလင်သော
လူတစ်ယောက်အနေဖြင့် သူ၏ ဖြောင့်မတ်သော အသက်တာကို ကျွန်ုပ်တို့၏ နေရာတွင်
အစားထိုးတင်ပြနိုင်ပါသည်။ “ထိုကြောင့် အကြင်သူတို့သည် ယေရှုခရစ်အားဖြင့်
ဘုရားသခင့်အထံတာ်သို့ ချဉ်းကပ်ကြ၏။ ထိုသူတို့၏ အမှုကို ကိုယ်တော်သည် စောင့်လျက်၊
ကာလအစဉ်အသက်ရှင်သောကြောင့် သူတို့ကိုအစဉ်ကယ်တင်ခြင်းငှာ တတ်နိုင်တော်မူ၏။ ထိုသို့သော
ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းစင်ကြယ်၍ အညစ်အကြေးနှင့် ကင်းလွတ်လျက် အပြစ်ရှိသော
သူတို့နှင့် အဆက်ဆံ၊ ကောင်းကင်သား အပေါင်းတို့ ထက်မြင့်မြတ်သော သူဖြစ်၍
ငါတို့နှင့်တော်သင့်တော်မူ၏။”
၅၆
ယဇ်ပုရောဟိတ်မည်သည်
ကျွန်ုပ်တို့အတွက် ကိုယ်စားပြုနိုင်ရန် သူသည် ဘုရားဖြစ်သည်။ ၎င်းပြင် သူသည်
စုံလင်သည့် အပြစ်မဲ့သော လူသားလည်း ဖြစ်ရပါမည်။ သို့သော် ယာကုပ်လှေခါးသည်
အခြားတန်ခိုးကြီးသော ဖြောင့်မတ်ခြင်းတရားကို ထုတ်ဖော်ပြသပါသည်။ လှေခါးသည်
မြေကြီးပေါ်တွင် မြဲမြံခိုင်ခံ့စွာချကားရုံမျှမက အမြင့်ဆုံးသေ
ကောင်းကင်ဘုံသို့လည်း ရောက်ရှိသွားပါသည်။
ဘုရားအနေဖြင့်
ခရစ်တော်သည် အဖခမည်းတော်ရှေ့မှောက်တွင် ကျွန်ုပ်တို့၏ ပြဿနာများကို
တင်ပြနိုင်သူဖြစ်ပါသည်။ လူသားအနေဖြင့် ခရစ်တော်သည် အဖခမည်းတော်ကို ကျွန်ုပ်တို့ထံ
ကိုယ်စားပြုနိုင်သူဖြစ်ပါသည်။
လူသားယဇ်ပုရောဟိတ်အနေဖြင့်
ဤသို့သော အရည်အချင်းမျိုးကို မမှီနိုင်ပါ။ (စုံလင်သော လူသားနှင့် ပြည့်စုံသော
နတ်ဘုရား) မည်သည့် လူသားယဇ်ပုရောဟိတ်စနစ်မျိုးကို မဆို ထိုစနစ်အားလုံးသည် ခရစ်ကို
ပြိုင်ဆိုင်သော စနစ်သာလျှင်ဖြစ်ပါသည်။
ရှင်ယောဟန်ဩဝါဒစာပထမစောင်
၂း၁ တွင် ခရစ်တော်သည် ဖြောင့်မတ်သည်။ ထို့ကြောင့် စုံလင်သော လူသားမျိုးနွယ်အားဖြင့်
ကျွန်ုပ်တို့အတွက် ကိုယ်စာပြုနိုင်ပါသည်။ “ချစ်သားတို့၊ သင်တို့သည် ဒုစရိုက်ကို
မပြုစေခြင်းငှာ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏။ တစ်စုံတစ်ယောက်သော သူသည်
ဒုစရိုက်ကို ပြုမိလျှင်၊ ဖြောင့်မတ်တော်မူသော အရှင်ယေရှုခရစ်တည်းဟူသော ငါတို့
အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ ရှိတော်မူ၏။”
ဋ၄-သွေးဆောင်ခြင်းမျိုးစုံခံရ၍
သွေးဆောင်ခံရသော သူတို့ကို ကူညီနိုင်ရန် လူဝင်စားခြင်းဖြစ်သည်။
ရှင်ယာကုဩဝါဒစာ
၁း၁၃ တွင် သမ္မာကျမ်းစာတော်အရ ဘုရားသခင်ကို မသွေးဆောင်နိုင်ရာ။ “အပြစ်သွေးဆောင်ခြင်းကိုခံရသောသူ
၅၇
မည်သည်ကား၊ ဘုရားသခင်သည် ငါ့ကို သွေးဆောင်တော်မူသည်ဟု မပြောစေနှင့်။
မကောင်းသောအရာသည် ဘုရားသခင်ကို မသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ
အပြစ်သို့သွေးဆောင်တော်မမူ။”
သမ္မာကျမ်းစာအရ
ဘုရားသခင်ကို မသွေးဆောင်နိုင်ရာ။ အကယ်၍ ခရစ်တော်သည် မြေကြီးပေါ်တွင်
ဘုရားကဲ့သို့ဆင်းသက်လာပါက သူသည် ဘယ်သောအခါမျှ မသွေးဆောင်နိုင်ရာ။
ဘုရားသခင်အပြစ်ပြုရန်
နတ်ဆိုးသည် မဖြားယောင်းမသွေးဆောင်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည်
လိမ်ညာလှည့်ဖြားမှုကို ချက်ချင်းတောက်လျှောက်တွေ့မြင်ပါသည်။
အကယ်၍
ခရစ်တော်သည် တစ်ခုတည်းသော လှည့်ဖြားမှုကိုသား အောင်ပွဲခံသွားပါက မတရားပါဟု
စာတန်သည် အငြင်းပွားမည်။ ခရစ်တော်သည် ဘုရားသခင်၏ တန်ခိုးတော်မြတ်ကို
အသုံးချသောကြောင့် စာတန်ကို အောင်နိုင်ပြီး ကျွန်ုပ်သည် ဖြားယောင်းသွေးဆောင်မှုကို
ခံနိုင်မည်မဟုတ်ပါ။ အကယ်၍ ခရစ်တော်သည် သူ၏ သဗ္ဗညုတရွှေဥာဏ်တော်ကိုလည်းကောင်း၊
အတိုင်းအဆမရှိတန်ခိုးကြီးခြင်းကို အသုံးပြုခြင်းဖြင့်
မည်သည့်ဖြားယောင်းသွေးဆောင်ခြင်းမျိုးကို မဆိုအောင်နိုင်ပါက သူ၏ အောင်ပွဲသည်
နာလန်မထူနိုင်အောင် ရှုံးနှိမ့်ခြင်းသာဖြစ်သွားမည်။ သူသည် သွေးဆောင်ခြင်းအပေါ်၌
အောင်ပွဲခံရာတွင် ကျွန်ုပ်တို့အပေါ်ဘာမျှ အကျိုးအမြတ်ကို လွှဲပြောင်းပေး၍မရသော
သူကဲ့သို့ဖြစ်ပါမည်။
ဟေဗြဲဩဝါဒစာ
၄း၁၄-၁၆ တွင် ခရစ်တော်သည် ကျွန်ုပ်တို့ကဲ့သို့ပင် အားလုံးတွင်
ဖြားယောင်းသွေးဆောင်ခြင်းခံရသည်သာမက တစ်ခါတစ်ရံ ကျွန်ုပ်တို့ထက်ပင် သာလွန်သည့်
ဖြာယောင်းခြင်းကို ခံခဲ့ရပါသည်။ သူသည် ယခုထက် ထိနှင့်ဘယ်သောအခါမျှ
အပြစ်ကိုမပြုသေးပါ။ တစ်ကြိမ်တစ်ခါမျှပင် မပြုခဲ့ပါ။ ကျွန်ုပ်တို့သည်
ပင်လယ်ကမ်းခြေတွင် ရှိသော ကျောက်စရစ်ခဲများနှင့် တူပါသည်။
သွေးဆောင်ခြင်းလေများအားဖြင့် ဟိုဟိုဒီဒီ ရွေ့သွားပါသည်။
၅၈
သို့သော် သခင်ခရစ်သည် သမုဒ္ဒရာကမ်းစပ်တွင် ကြီးမားသောလေ၊ ရေတိုက်စားသည့်
ကျောက်တုံးကြီးပမာဖြစ်သည်။ သွေးဆောင်ဖြားယောင်သော လှိုင်းများ ပြန်လျှောက်ကျသောအခါ
ခရစ်တော်သည် ခိုင်မြဲစွာ ရပ်တည်နိုင်သေးသည်။ သူသည် ဘယ်တော့မှ မရွေ့ပါ။
ခရစ်တော်သည်
တစ်ခါမျှ အပြစ်ဒုစရိုက်ကိုမပြုခဲ့သောကြောင့် ကျွန်ုပ်တို့ကို
နားလည်နိုင်မည်မဟုတ်ဟု အချို့က ထင်မြင်ယူဆကြပါသည်။ ခရစ်တော်သည် အပြစ်သားများ၏
အခြေအနေကို အပြစ်တစ်ခါမှ မပြုဖူးသူအနေ့ဖြင့် မည်ကဲ့သို့
ပြည့်စုံစွာနားလည်းနိုင်မည်နည်း။ ဤငြင်းခုံမှုကို နီးကပ်စွာလေ့လာကြပါစို့။
သင်သည်
သဲဗွက်ထဲတွင် နစ်မြုပ်နေပါက သင်နှင့်အလားတူ သဲဗွက်ထဲမှနေ၍
မသေချာမရေရာသောအခြေအနေတွင် သင့်ကို ကူညီဖို့ရန် ကိုယ်ချင်းစာနာသာစိတ်ရှိပါမည်လား။
သို့တည်းမဟုတ် မာကျောနေသော မြေပေါ်တွင် တစ်ဦးတစ်ယောက်သော သူ၏ လက်ထဲ၌ ကြိုးကို
ကိုင်လျက်ရပ်နေပြီး နစ်မြုပ်နေသူကို ကယ်တင်ရန် လိုလားမည်လား။ အဖြေမှာ
ထင်ရှားပါသည်။ အကယ်၍ ခရစ်တော်သည် အပြစ်ပြုခဲ့သော် သူသည် ကျွန်ုပ်တို့နှင့်အတူ
သဲဗွက်ထဲတွင် နစ်မြုပ်နေမည်ဖြစ်ပါသည်။ ၎င်းနောက် သူသည်လည်း ကျွန်ုပ်တို့ကဲ့သို့ပင်
ဆုံးရှုံးမည်ဖြစ်ပါသည်။ “ယခုမူကား၊ ကောင်းကင်ဘုံထဲသို့ ကြွဝင်တော်မူသော
ယဇ်ပုရောဟိတ်မင်းအကြီးတည်းဟူသော ဘုရားသခင်၏ သားတော်ယေရှုသည် ငါတို့၌
ယဇ်ပုရောဟိတ်မင်းဖြစ်တော်မူသောကြောင့်၊ ငါတို့သည် ဝန်ခံခဲ့ပြီးသောအရာ၌
တည်ကြည်ကြကုန်အံ့။ ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသော ဆင်းရဲဒုက္ခများကြောင့်
မကြင်နာနိုင်သော သူမဟုတ်။ ငါတို့ခံရသည်နည်းတူ၊
အမျိုးမျိုးသောစုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသော သူဖြစ်တော်မူ၏။ သို့ရာတွင်
ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။ ထိုကြောင့် ငါတို့သည်
သနားခြင်းကရုဏာကိုလည်းကောင်း၊ တော်လျော်သော မစခြင်း ကျေးဇူးတော်ကိုလည်းကောင်း
ခံမည်အကြောင်း၊ ရဲရင့်သော စိတ်နှင့် ကျေးဇူးပလ္လင်တော်သို့
တိုးဝင်ချဉ်းကပ်ကြကုန်အံ့။”
ဟေဗြဲဩဝါဒစာ ၂း၁၈
တွင် ကျွန်ုပ်တို့သည် ဖြားယောင်းသွေးဆောင်ခြင်းကို ခံရသောအခါ ခရစ်တော်သည်
ကျွန်ုပ်တို့ကို ကူညီမစလိုပါသည်။ “ထိုသို့
၅၉
စုံစမ်းနှောင့်ယှက်ခြင်းကို ကိုယ်တော်တိုင်ခံ၍ ဒုက္ခဆင်းရဲခြင်း၌
ကျင်လည်သောကြောင့်၊ စုံစမ်းနှောက်ယှက်ခြင်းအမှုနှင့် တွေ့ကြုံသော သူတို့ကို
မစခြင်းငှာတတ်နိုင်တော်မူ၏။”
ခရစ်တော်သည်
ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် ကြီးမားသော ရှေ့ဆောင်လမ်းပြဖြစ်တော်မူသည်။
ကျွန်ုပ်တို့အတွက်လွယ်ကူစေရန် လမ်းခရီးတွင် နောက်မှနေ၍
ထက်ကြပ်မကွာကင်းထောက်အနေဖြင့် လမ်းပြပို့ဆောင်ပါသည်။ စာတန်၏ အိတ်ထဲတွင် လှည့်ကွက်
(သို့မဟုတ်) ဖုံးကွယ်မှုများစွာ ရှိသည်ကို သူသိသည်။ ကျွန်ုပ်တို့တွေ့ကြုံရသော
အန္တရာယ်များ၊ စမ်းသပ်ခြင်းများ၊ ဖြားယောင်းသွေးဆောင်မှုများ၊ အားနည်းခြင်းများကို
သူသည် ရင်ဆိုင်ခဲ့ရသော်လည်း အချိန်အခါတိုင်းတွက် ကျွန်ုပ်တို့ကို
ကူညီမစနိုင်ပါသည်။
ဋ၅- အပြစ်နှင့်
ပြည့်၀သော အသွေးအသားအသွင်ဖြင့် နေထိုင်ရစေကာမူ ခရစ်တော်သည်
သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်ကြောင့် ဖြောင့်မတ်သော လူသားတို့၏ အသက်တာ၌
ဖွံ့ဖြိုးလာပြီး ကျွန်ုပ်တို့ကိုယ်စား စွပ်စွဲခံခဲ့ရပြီး ပြန်လည်
ဝေမျှပေးခဲ့ပါသည်။ ခရစ်တော်သည် အပြစ်နှင့် ပြည့်၀သော အသွေးအသားအားဖြင့် ပညတ်တော်ကို
စောင့်ထိန်းနိုင်ကြောင်းကို သက်သေပြခဲ့ပါသည်။ အတိုချုပ်ပြောရလျှင်
ကျွန်ုပ်တို့အတွက် သော်လည်းကောင်း၊ ကျွန်ုပ်တို့အထဲ၌သော်လည်းကောင်း
နေထိုင်နိုင်ရန်သူသည် လူဝင်စားခြင်းဖြစ်သည်။
မိမိတန်ခိုးတော်ကို
အသုံးပြုခြင်းဖြင့် ခရစ်တော်သည် စုံစမ်းသွေးဆောင်ခြင်းတွင် မည်သည့်အောင်ပွဲကိုမျှမအောင်မြင်ခဲ့ပါ။
သူသည် ခမည်းတာ်၏ တန်ခိုးတော်မြတ်၌ မှီခိုခြင်းအားဖြင့်သာလျှင်
အောင်မြင်နိုင်ခဲ့ပါသည်။ အကယ်၍ သူသည် ကျွန်ုပ်တို့မလိုအပ်ဘဲ
တန်းခိုးတော်အရင်းခံကို အသုံးပြုပါက ကျွန်ုပ်တိုအတွက် ခရစ်တော်သည် အဘယ်သို့
စုံလင်သော စံနမူနာပုံသက်သေဖြစ်နိုင်မည်နည်း။
၆၀
ကမ္ဘာပေါ်တွင် “အာဂလူ”
သားသည် စင်စစ်အားဖြင့် တည်ရှိခဲ့ပြီး သေချာသော တစ်နေ့တွင်
ကျွန်ုပ်တို့ကို သူနှင့် အတူပျံသန်းရန်ခေါ်ဖိတ်ခဲ့သည်ဟု ဆိုကြပါစို့။ “အာဂလူ”
သားက သူ၏ စံနမူမာအတိုင်း လျှောက်လိုက်ရန် ကျွန်ုပ်တို့ကို
ခေါ်ဖိတ်သည့်နေရာတွင် သူနှင့်အတူ တရားမျှတစွာရှိနိုင်မလား။
အမှန်စင်စစ်မဖြစ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် သူ၌သာတန်ခိုးရှိပြီး
ကျွန်ုပ်တို့တွင်မရှိပါ။ ထိုနည်းတူ ခရစ်တော်သည် သူ၏တန်ခိုးကို အသုံးပြုရာတွင်
ကျွန်ုပ်တို့၌ မလိုအပ်သောနေရာတွင် သူ၏စံနမူနာကို လိုက်လျှောက်ရန် အဘယ်သို့
မေးမြန်းတောင်းခံနိုင်မည်နည်း။
ရှင်ယောဟန်ဩဝါဒစာပထမစောင်
၂း၆ တွင် သန့်ရှင်းဖြူစင်သောအသက်တာ နေထိုင်ခြင်းစံနမူနာကို ခရစ်တော်သည်
ကျွန်ုပ်တို့ထံပေးကမ်းခဲ့ပါသည်။ “ထိုသခင်၌ ငါတည်၏ ဟုဆိုသောသူသည်၊ ထိုသခင်ကျင့်တော်
မူသည် နည်းတူကျင့်ရမည်။”
ရှင်ပေတရုဩဝါဒစာပထမစောင်
၂း၂၁ ခရစ်တော်သည် သူ၏ ပုံသက်သေကို လျှောက်လိုက်ကြရန်အလိုရှိသည်။ “အကြောင်းမူကား၊
ထိုသို့အလို့ငှာ သင်တို့ကို ခေါ်တော်မူပြီ။ ခရစ်တော်သည်
ငါတို့အတွက်ခံတော်မူသည်ဖြစ်၍ ခြေတော်ရာကို လျှောက်လိုက်စေခြင်းငှာ
ပုံသက်သေကိုထားတာ်မူပြီ။”
ရှင်ယောဟန်ခရစ်ဝင်
၁ဝး၂၇ ခရစ်တော်၏ သိုးတို့သည် သူ၏ အသံကို နားထောင်းကြပါသည်။ “ငါ့သိုးတို့သည်
ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။”
ရှင်ယုဒဩဝါဒစာအခန်းငယ်
၂၄း၂၅ တွင် သူသည် ကျွန်ုပ်တို့ ကျဆုံးခြင်းမှ ကယ်တင်နိုင်ခဲ့ပါသည်။ “ထိမ်၍
လဲခြင်းနှင့် ကင်းလွတ်စေမည်အကြောင်း သင်တို့ကို စောင့်ရှောက်ခြင်းငှာလည်းကောင်း၊
အပြစ်မရှိဘဲ
၆၁
ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံလျက်ရှိသော သင်တို့ကို ဘုန်းအသရေတော်ရှေ့၌
ဆက်သခြင်းငှာလည်းကောင်း၊ တတ်နိုင်တော်မူသော သူတည်းဟူသော၊ ငါတို့ကို
ကယ်တင်တော်မူသော အရှင်၊ တစ်ဆူတည်းသော ဘုရားသခင်သည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့်၊ ယခုမှစ၍
ကမ္ဘာအဆက်ဆက် ဘုန်းတန်ခိုးအာနုဘော်နှင့် အစွမ်းသတ္တိအာဏာစက်ရှိတော်မူစေသနည်း။
အာမင်။
ဋ၆-ခရစ်တော်သည်
အကြင်နာတရားရှိခြင်းနှင့် ဘက်မလိုက်သော တရားသူကြီးအနေဖြင့် အမှုတော်ကို
ဆောင်ရွက်နိုင်ရန် လူဝင်စားခြင်းဖြစ်သည်။
ရှင်ယောဟန်ခရစ်ဝင်
၅း၂၃၊ ၂၇ အဖခမည်းတော်သည် မည်သူ့ကိုမှတရားမစီရင်ဘဲ သားတော်၏ လက်တော်ထဲသို့
တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ရန် တာဝန်ပေးခဲ့ပါသည်။ အဘယ်ကြောင့်နည်း။ “ခမည်းတော်သည်
အဘယ်သူကိုမျှတရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို
သားတော်အားအပ်ပေးတော်မူ၏။ သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း
အပ်ပေးတော်မူ၏။
တမန်တော်ဝတ္ထု
၁၇း၃၁ ခရစ်တော်အားဖြင့် ဘုရားသခင်သည် တရားစီရင်မည်။ “အကြောင်းမူကား၊
ခန့်ထားတော်မူသောသူအားဖြင့် လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့် ညီလျော်စွာ
စစ်ကြောင့်စီရင်မည့် နေ့ရက်ကို ချိန်းချက်တော်မူပြီ။ ထိုသူကို
သေခြင်းမှထမြောက်စေတော်မူသောအားဖြင့် ခပ်သိမ်းသောလူတို့အား ယုံလောက်သော သက်သေကို
ပြတော်မူပြီဟု ပေါလုဟောပြော၏။”
ကောရိန်သုဩဝါဒစာဒုတိယစောင်
၅း၁၀ ခရစ်တော်တရားပလ္လင်ရှေ့တွင် လူတိုင်းပေါ်လာရမည်။ “အကြောင်းမူကား၊
ငါတို့ရှိသမျှသည်
၆၂
ကိုယ်ခန္ဓာ၌ ကျင့်သောအကျင့်၊ ကောင်းမကောင်းရှိသည်အတိုင်း အကျိုးအပြစ်ကို
အသီးသီးခံခြင်းငှာ၊ ခရစ်တော်၏ တရားပလ္လင်ရှေ့၌ ပေါ်လာရကြမည်။”
ရှင်ယောဟန်ဩဝါဒစာပထမစောင်
၂း၁ ကောင်းသောသတင်းဆိုသည်မှာ တရားစီရင်သောအချိန်၌ တရားသူကြီးသည်
ကျွန်ုပ်တို့အမှုကို ချေပပေးသောရှေ့နေလည်းဖြစ်ပါသည်။ “ချစ်သားတို့၊ သင်တို့သည်
ဒုစရိုက်ကို မပြုစေခြင်းငှာ ဤအရာများကို သင်တို့အားငါးရေး၍ပေးလိုက်၏။
တစ်စုံတစ်ယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင်၊ ဖြောင့်မတ်တော်မူသော
အရှင်ယေရှုခရစ်တော်တည်းဟူသော ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ရှိတော်မူ၏။”
အကျိုးအကြောင်းနှစ်မျိုးရှိပါသည်
ကျွန်ုပ်တို့၏
တရားသူကြီးအနေဖြင့်ဆောင်ရွက်ရန် ခရစ်တော်သည် အဘယ်ကြောင့်လူဇာတိကို ခံယူရန်
လိုအပ်ပါသနည်း။
ပထမအချက်တွင်၊
ကျွန်ုပ်တို့ အမှုကိုနားလည်းသော တရားသူကြီးရှိသောကြောင့် စိတ်ချယုံကြည်ရပါသည်။
သူသည် ကျွန်ုပ်တို့ကဲ့သို့ဖြစ်ပြီး ဘက်လိုက်မှုမရှိပါ။ သူသည် လူ့သဘာ၀ကိုနားလည်ပြီး
ကျွန်ုပ်တို့ကို ကြင်နာမှုရှိသကဲ့သို့ ကျွန်ုပ်တို့အတွက်
တရားမျှတစွာကိုယ်စားပြုနိုင်ပါသည်။ ခရစ်တော်သည် တရားသူကြီးဖြစ်သကဲ့သို့ သူသည်
ထောက်ခံပြောဆိုသောသူလည်းဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့သည် သူ့ဘက်တွင်ရှိပါက
စာတန်၏စွပ်စွဲမှုမှန်သမျှကို သူသည် ကျွန်ုပ်တို့အတွက် ခုခံကာကွယ်ပြောဆိုပြီး သူ၏
ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့စာရင်းတွင်ထည့်သွင်းပေမည်။
ဒုတိယအချက်တွင်၊
ခရစ်တော်သည် လူဇာတိကို ပြည့်၀စွာခံယူရခြင်း၏အကြောင်းမှာ ငါတို့၏
အတွေ့အကြုံများကိုရင်ဆိုင်ခဲ့ရပြီး တရားခွင်တွင် မည်သည့်ဆင်ခြေပေးမှုမျိုးကိုမဆို
ခွင့်ပြုမည်မဟုတ်ပါ။ ဖြားယောင်းသွေးဆောင်မှုနှင့် စမ်းသပ်တွင် ခုခံကာကွယ်ရန်
အလွန်ပြင်းထန်လှကြောင်းကို မည်သူ
၆၃
တစ်ဦးတစ်ယောက်မျှ ပြောဆိုခြင်းမရှိပါ။ (၁ကော ၁ဝး၃၁) ။ နာကျင်မှုဝေဒနာ
ခံစားရခြင်းနှင့် စိတ်ဓာတ်ကျဆင်းရခြင်းကြောင့် မူးယစ်ဆေးဝါးကို
သုံးဆောင်ရခြင်းဖြစ်ကြောင်း မည်သူမျှ ပြောဆိုမှုမပြုနိုင်ပါ။
ခရစ်တော်သည်
ဂေသရှေမာန်ဥယျာဉ်နှင့် ကရာနီကုန်းအကြောင်းကို ရိုးရိုးအားဖြင့်သာ တင်ပြထားပါသည်။
ဋ၇-ဤလောကသို့ တစ်ဖန်ကြွလာပြီး ကျွန်ုပ်တို့ကို အိမ်တော်သို့
လွယ်ကူစွာယူဆောင်သွားနိုင်ရန် ခရစ်တော်သည် လူဝင်စားခြင်းဖြစ်သည်။
ရှင်ယောဟန်ခရစ်ဝင်
၁၄း၁-၃ တွင် သူ၏ လုပ်ဆောင်မှုကြောင့် ခရစ်တော်သည် ကြွလာရန်အတွက် နေစရာနေရာကို
ပြင်ဆင်ထားပါသည်။ “ တစ်ဖန်တုံယေရှုက ၊ သင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။
ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်းယုံကြည်ကြလော့။ ငါ့အဘ၏အိမ်တော်၌
နေစရာအခန်းအများရှိ၏။ သို့မဟုတ်လျှင်မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။
သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှာ ငါသွားရ၏။ ငါသည်သွား၍
သင်တို့နေစရာအရပ်ကိုပြင်ဆင်ပြီးမှ တစ်ဖန်လာပြန်၍၊ ငါရှိရာအရပ်၌
သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့သိမ်းဆည်းမည်။”
သူသည် စုံလင်သော
အသက်တာဖြင့်နေထိုင်ခဲ့ပြီး ဤကမ္ဘာမြေကြီးပေါ်တွင် သေခြင်းဝေဒနာကိုခံခဲ့ပါသည်။
သူ့ထံသို့ နောင်တတရားနှင့် အပြစ်ဝန်ချ တောင်းပန်ခြင်းဖြင့်လာရောက်ပြီး သူ၏
ထိုက်တန်သော ဂုဏ်တော်ကိုကိုးစားပါ။
သူသည်အပြစ်ကျူးလွန်ခြင်းမှကယ်တင်သည်။
(Gကငူအ သ် sငည)
သူသည်လည်း အပြစ်၏
တန်ခိုးမှကယ်လွတ်သည်။ (ဏသတနမ သ် sငည)
သူကြွလာသောအခါ
ကျွန်ုပ်တို့ကို အပြစ်ရှေ့မှောက်မှကယ်တင်သည်။ (ဏမနျနညခန သ် sငည)
No comments:
Post a Comment