(၃) သေခြင်းနှင့် အသက်ရှင်ခြင်းသည် တဲတော်၌ရှိပါ၏။
လူသတ္တဝါကို ဘုရားသခင်ဖန်ဆင်းခြင်း။
ကမ္ဘာဦးကျမ်း ၁း၂၆၊၂၇။ ဖန်ဆင်းရှင်ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ပြည့်စုံပါသည်။ အပြစ်ကင်းစင်သောကြောင့် သေခြင်းလည်းမရှိပါ။ လူသတ္တဝါကို ထာ၀ရှင်သန်စေရန် ဘုရားသခင်ရည်ရွယ်တော်မူသည်။
တစ်ဖန်ဘုရားသခင်က၊ ငါတို့ပုံသဏ္ဌာန်နှင့် တညီတသဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ သားယဉ်တို့ကိုလည်းကောင်း၊ မြေတစ်ပြင်လုံးနှင့်တကွ၊ မြေပေါ်မှာ တွားတတ်သူသော တိရစ္ဆာန်အပေါင်းတို့ကို လည်းကောင်း အုပ်စိုးစေဟု အမိန့်တော်ရှိ၏။ ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင် ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်းပြီးလျှင်၊
နိစ္စဓူ၀အသက်။
ကမ္ဘာဦးကျမ်း ၂း၉ တွင် လူသား၏အပြင်ဘက်တွင် အသက်ပင်တည်ရှိပါသည်။ အသက်၏ ဘူမိနက်သန်၊ အရင်းခံပေါ်ပေါက်သော နေရာသည် လူသား၏ အတွင်းပိုင်း၌ အရင်းအမြစ်မရှိဘဲ၊ အပြင်ဘက်တွင်သာ တည်နေပါသည်။ ဘက်တရီအားသွင်း စက်နိယာမအတိုင်းဖြစ်ပါသည်။ အသက်ပင်သည် ဘက်တရီအားသွင်းစက်နှင့်တူပြီး ဘုရားသခင်သည် အားသွင်းစက် (အသက်ပင်) အတွက် ဓာတ်အားသိုလှောင်ရာ အရင်းအမြစ်ဖြစ်ပါသည်။
ထိုမြေထဲက အဆင်းလှ၍ စားဖွယ်ကောင်းသော အပင်မျိုးမျိုးကို ထာ၀ရအရှင်ဘုရားသခင်ပေါက်စေတော်မူ၏။ ထိုဥယျာဉ်အလယ်၌ အသက်ပင်လည်းရှိ၏။ ကောင်းမကောင်းသိကျွမ်းရာအပင်လည်းရှိ၏။
“The tree of life possessed the power to perpetuate life, and as long as they [Adam and Eve] ate of it, they could not die. The lives of the antediluvians were protracted because of the life-giving power of this tree. which was transmitted to them from Adam and Eve. (HL, 45.4). Healthful Living
In order to possess an endless
existence, man must continue to partake of the tree of life. Deprived of this,
his vitality would gradually diminish until life should become extinct . (PP,
60.3). Patriarchs and Prophets.
ရွေးချယ်မှု၏ စွမ်းရည်
ကမ္ဘာဦးကျမ်း ၂း၁၅-၁၇။ ထိုဥယျာဉ်အလယ်၌ ကောင်းမကောင်းကို သိ ကျွမ်းရာအပင်လည်းရှိပါသည်။ လွတ်လပ်စွာရွေးရန် အခွင့်အလမ်းအဖြစ် ထားရှိခြင်းဖြစ်ပြီး ဘုရားသခင်၏ ဆင့်ဆိုချက်ကိုနာခံရန် ရွေးချယ်နိုင်ပါသည်။ လွတ်လပ်စွားရွေးချယ်ရန် အခွင့်အလမ်းဖြင့် ဘုရားသခင်ဖန်တီးပြီး ပြဌာန်းပေးထားကြောင်း ကျမ်းစာ၌ ဖော်ပြထားပါသည်။
ကောင်းကင်အရာနှင့် ဆိုးသောအရာတို့ကို ဘုရားသခင်ခွဲခြားသတ်မှတ်ထားပြီးဖြစ်ပါသည်။ ထို့ကြောင့် လူသား၏ ကျင့်ဝတ်သိက္ခာသည် လူ့အတွင်း စိတ်ခံစားမှု၌ တည်နေခြင်းမဟုတ်ဘဲ လူသား၏ ပြင်ပမှ ဆင့်ဆိုထားသည့် အမိန့်ကို နာခံမှုအပေါ်၌သာ တည်နေပါသည်။
ထိုအခါ ထာ၀ရအရှင်ဘုရားသခင်သည် လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်နေစေခြင်းငှာ ထားတော်မူ၏။ ထာ၀ရအရှင် ဘုရားသခင်လည်း ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတစ်ပါး၊ ထိုဥယျာဉ်၌ ရှိသမျှသောအပင်တို့၏ အသီးကို သင်သည်စားရသောအခွင့်ရှိ၏။ ထိုအပင်၏ အသီးကိုကားမစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကို ပညတ်ထားတော်မူ၏။
ပညတ်တော်အလုံးစုံ။
ရှင်ယာကုပ်ဩဝါဒစာ ၂း၁၀ တွင် ပညတ်ဆင့်ဆိုချက်အားလုံးသည် အမိန့်တစ်ခုတည်းအပေါ်၌သာ တည်နေပါသည်။ တစ်ခုတည်းသော အမိန့်ကို နာခံမှုမရှိခြင်းသည် ဆင့်ဆိုချက် အလုံးစုံတို့ကို နာခံရန် ပျက်ကွက်မှုဖြစ်ပါသည်။ အခြားသော ဘုရားများကို ကိုးကွယ်မှု၊ ဘုရားသခင်၏နာမတော်ကို ရှုတ်ချမှု၊ ဖန်ဆင်းရှင်ကို ပြစ်မှားသောအမှု၊ အဖဘုရားသခင်ကို ရိုသေလေးမြတ်မှုမရှိခြင်း၊ လူသတ်မှု၊ သူတစ်ပါးသားမယားကို ပြစ်မှားမှု၊ ခိုးဝှက်မှု၊ တပ်မက်မှု နမူနာများဖြင့် သိသာထင်ရှားစေပါသည်။
အဘယ်သို့နည်းဟူမူကား၊ ပညတ်တရားအလုံးစုံကို စောင့်ရှောက်သည်တွင် တစ်စုံတစ်ခု၌မှားမိလျှင်၊ ပညတ်တရားအလုံးစုံကို လွန်ကျူးသောအပြစ်ရှိ၏။
ပညတ်တရား၊ အပြစ်တရား၊ သေခြင်းတရား။
ရှင်ယောဟန်ဩဝါဒစာပထမစောင် ၃း၄ တွင် ဒုစရိုက်ကျူးလွန်ရန် ပညတ်တရားရှိရပါသည်။ အဘယ်ကြောင့်ဆိုသော် အပြစ်ဒုစရိုက်ဟူသည်ကား ပညတ်တော်ကို လွန်ကျူးခြင်းဖြစ်ပါသည်။
ရောမဩဝါဒစာ ၆း၂၃ ပထမအပိုင်းတွင် သေခြင်းတရားတည်ရှိစေရန် အပြစ်ဒုစရိုက်ရှိရပါသည်။ ၎င်းနောက် အပြစ်ဒုစရိုက်တည်ရှိစေရန် ပညတ်တရားရှိရပါသည်။
အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် ထာ၀ရအသက်ပေတည်း။
ကမ္ဘာပေါ်တွင် မုသားစကားကို စာတန်ထပ်ပြောပါသည်။
စိတ်ပညာ၌စာတန်သည် ဆရာတစ်ခုဖြစ်ပါသည်။ စိတ်အာရုံအတွေးများကိုလည်းကျွမ်းကျင်စွာ လှုံ့ဆော်တတ်သူဖြစ်ပါသည်။ ဘုရားသခင်၏ ဆင့်ဆိုချက်ကို နာခံမှုဖြင့်သာလျှင် ကျွန်ုပ်တို့ကို ကာကွယ်မှုပေးထားပါသည်။
ကမ္ဘာဦးကျမ်း ၃း၁ တွင် ဘုရားသခင်ပြောသည့် စကားကို မှားယွင်းသော ကိုးကားပြောဆိုခြင်းဖြင့် ဧ၀သည် အမှားပြင်စရာအကြောင်းရှိစေခြင်းငှာ စတင်ချဉ်းကပ်ပါသည်။
မြွေသည် ထာ၀ရအရှင်ဘုရားသခင်ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်တကာသို့ထက် လိမ္မာသည်ဖြစ်၍၊ မိန်းမအား၊ သင်တို့သည် ဥယျာဉ်၌ ရှိသမျှသော အပင်တို့၏ အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရားသခင် မိန့်တော်မူသလောဟု မေး၏။
ကမ္ဘာဦးကျမ်း ၃း၂-၃ တွင် မမှန်သော စကားကို ဧ၀ပြင်ဆင်မည်ဟု စာတန်ကြိုသိထားပြီးဖြစ်ပါသည်။ စာတန်၏ အမှားကို ဧ၀ပြင်ဆင်ပေးသည်သာမက ထိုအသီးစားခြင်းဖြင့် ဘုရားသခင်ဆင့်ဆိုးသော သက်ရောက်လာမည့် အကျိုးအပြစ်ကိုလည်း ခံစားသွားရပါမည်။ (စာတန်၏ အမှားကိုပြင်သည်)။
မိန်းမကလည်း၊ ငါတို့သည် ဥယျာဉ်၌ရှိသော အပင်တို့၏ အသီးကို စားရသောအခွင့်ရှိ၏။ ဥယျာဉ်အလယ်၌ ရှိသောအပင်၏ အသီးကိုကား၊ သင်တို့သည် မကိုင်မစားဘဲနေကြလော့။ သို့မဟုတ် သေမည်ဟု ဘုရားသခင် အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။
ကမ္ဘာဦးကျမ်း ၃း၄ တွင် လူ့သမိုင်း၌ ပထမဦးဆုံးသော လိမ်လည်မှု။
“သင်ထာ၀ရတည်တံ့ပါသည်။”
မြွေကလည်း၊ သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။
ဘုရားသခင်၏ ဆင့်ဆိုချက်နှင့် စာတန်၏ ထုတ်ဖော်ပြောဆိုချက်များမှ သဘောထားကွဲလွဲမှုကို ဧ၀ယခုသိမြင်ရပါသည်။ သံသယမွေးခွန်းများကို ဧ၀၏ စိတ်အတွေးထဲသို့ စာတန် စိုက်သွင်းထည့်ပေးပါသည်။ စားလျှင်သေရမည်ဆိုပြီးခိုင်လုံသည့် အကြောင်းပြချမပါဘဲ ဘုရားသခင်ဘာကြောင့် ဆင့်ဆိုသနည်း။ ဘုရားသခင်၏ ပြင်ပလှုပ်ရှားမှုတွင် မည်ကဲ့သို့ ဖြစ်မည်နည်း။
ကမ္ဘာဦးကျမ်း ၃း၅ တွင် ဘုရားသခင်သိရှိပါသည်။ ဘုရားသခင်သည် သင့်အား မသိစေလိုသည့်အရာကို သူသိရှိပါသည်။ ထိုအသီးကိုစားသောနေ့မှ စ၍ သင်တို့၏ မျက်စိများသည် ပွင့်လင်းသွားပါလိမ့်မည်။ ၎င်းနောက် သင်တို့သည် ဘုရားသခင်ကဲ့သို့ဖြစ်မည်။ ဤအရာသည် ကောင်းကင်၌ပင် စာတန်၏ လိုအင်ဆန္ဒဖြစ်ကြောင်းကို သတိရပါ။ ထိုအချက်တွင် အကောင်းနှင့်အဆိုးကို သိမြင်ခြင်းပင်ဖြစ်ပါသည်။
အကြောင်းမူကား၊ ထို့အသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကို သိ၍၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတ္တံ့သည်ကို၊ ဘုရားသခင်သိတော်မူသည်ဟု မိန်းမအားဆို၏။
စာတန်သည် ဧ၀၏စိတ်ကူးအတွေးထဲသို့ အဖြေကို စိုက်ထည့်ပေးပါသည်။ ဘုရားသခင်သည် တစ်ကိုယ်ကောင်းဆန်သည်။ သင်တို့အား မျက်ကန်းဘ၀ဖြင့်သာ အစေခံရန် ဘုရားသခင်ရည်မှန်းထားပါသည်။ သူ့အစေ ကျွန်ခံရန် စည်းကမ်းများစွာချ မှတ်ပေးထားပြီး သင့်ကိုယ်ပိုင် ရွေးချယ်ဆုံးဖြတ် ပိုင်ခွင့်ကို ချုပ်ချယ်ထားပါသည်။
ကမ္ဘာဦးကျမ်း ၃း၆ တွင် လွတ်လပ်စွာရွေးပိုင် ခွင့်ကို အသုံးချလျက် အာဒံနှင့် ဧ၀နှစ်ဦးတည် တားမြစ်ထားသောအသီးကို စားကြပါသည်။
ထိုအပင်သည် စားဖွယ်ကောင်း၏၊ အဆင်းလည်းလှခြင်း၊ ပညာတိုးပွားစေလိုသောငှာ၊ နှစ်သက်ဖွယ်သော အပင်ဖြစ်ခြင်းကို မိန်းမသည် မြင်လျှင်၊ အသီးကို ယူ၍စား၏။ မိမိခင်ပွန်းအားလည်းပေး၍ သူသည်လည်း စား၏။
အာဒံ၏ပုန်ကန်မှုရလဒ်။
ကမ္ဘာဦးကျမ်း ၃း၇ တွင် (အာဒံနှင့် ဧ၀သည် ပညတ်တော်ကို ချိုးဖဲ့)
ဒုစရိုက်ပြုခြင်းကြောင့် အဝတ်ချည်းစည်းရှိခဲ့သည်။
ထိုသူနှစ်ယောက်တို့သည် မျက်စိပွင့်လင်း၍၊ မိမိတို့၌ အဝတ်အချည်းစည်းရှိသည်ကို သိမြင်လျှင်၊ မိမိတို့ဝတ်ရန်ဖို့ သင်္ဘောသဖန်းပင်အရွက်တို့ကို ချုပ်စပ်၍ ခါးစည်းကိုလုပ်ကြ၏။
ကမ္ဘာဦးကျမ်း အခန်းကြီး ၃း၁၂၊၁၃ တွင် သင်္ဘောသဖန်းရွက်၊ မိမိတို့၏ အပြစ်ကို မှန်ကန်စွာထုချေရန် ကြိုးစားအားထုတ်လျက်ရှိခြင်း။
လူကလည်း၊ကျွန်တော်၌အပ်ပေးတော်မူသော မိန်းမသည် ထိုအပင်၏ အသီးကိုပေး၍. ကျွန်တော်စားမိပါသည်ဟု လျှောက်လေ၏။ ထာ၀ရအရှင်ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ပြုပြီးသနည်းဟု မိန်းမအားမေးတော်မူလျှင်၊ မိန်းမက၊ မြွေသည်ကျွန်တော်မကို လှည့်စား၍ ကျွန်တော်မသည်စားမိပါပြီဟု လျှောက်လေ၏။
ကမ္ဘာဦးကျမ်းအခန်းကြီး ၃း၁၅ တွင် သင်၏ခေါင်းကို ကြိတ်ရန် မိန်းမ၏ အမျိုးအနွယ်ကို ငါသည်စေလွှတ်မည်။
သင်နှင့် မိန်းမကိုလည်ကောင်း၊ သင်၏ အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည် ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။
ဒုစရိုက်၏ အကျိုးဆက်သည် သေခြင်းပင်ဖြစ်သည်။
ကမ္ဘာဦးကျမ်းအခန်းကြီး ၃း၁၉ တွင် ဘုရားသခင်၏ ပညတ်တော်ကို အမိန့်နာခံမှုမရှိခြင်းသည် အပြစ်ဒုစရိုက်ဖြစ်၏။ သင်သည် အပြစ်ဒုစရိုက်ကို ပြုပါက သင်သည်သေရမည်။ ဝိညာဉ်ရေး၌အချည်းစည်း၊ ကိုယ်ကာယဘက်တွင်လည်း အဝတ်အချည်းစည်းရှိခြင်းသို့ ရောက်ရှိသောကြောင့် နောက်ဆုံးတွင် အဝတ်အချည်းစည်းရှိသည့် အခြေအနေသို့ ပိုဆောင်ခြင်းသည် ထာ၀ရသေခြင်းပင်ဖြစ်ပါသည်။
သင်ထွက်ရာမြေသို့ မပြန်မီတိုင်အောင်၊ သင်၏ မျက်နှာမှ ချွေးထွက်လျက်မ အစာကို စားရမည်။ အကြောင်းမူကား၊ သင်သည် မြေမှုန့်ဖြစ်၍၊ မြေမှုန့်သို့ပြန်ရမည်ဟု မိန့်တော်မူ၏။
(က) စိတ်ဝိညာဉ်၌ အဝတ်အချည်းစည်းရှိခြင်း။
(ခ) ကိုယ်ကာယ၌ အဝတ်အချည်းစည်းရှိခြင်း။
(ဂ) နောက်ဆုံးတွင် အဝတ်အချည်းစည်းရှိခြင်းသည် (သေခြင်းပေတည်း။)
ပြန်လည်ရွေးနုတ်သောအဖိုးအခကို တွေ့ရှိပြီ။
သင်တို့စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု ဘုရားသခင်မိန့်ဆိုထားခဲ့ပါသည်။ တားမြစ်ထားသည့် အသီးကို စားသောထိုနေ့တွင် ဘာကြောင့် ချက်ချင်းမသေသနည်း။ အဘယ်ကြောင့်ဆိုသော် ထိုနေ့တွင် မိမိတို့အဝတ် အချည်းစည်းရှိခြင်း၏ ရှက်ကြောက်မှုကို ဖုံးအုပ်ရန်အတွက် သိုးသငယ်၏ အသေခံခြင်းကြောင့် ဖြစ်ပါသည်။
ကမ္ဘာဦးကျမ်း ၃း၂၁ တွင် အဝတ်အချည်းစည်းရှိခြင်းကို သိုးသားရေဖြင့် ဖုံးကွယ်ပေးခဲ့ပါသည်။ ဤတွင် တဲတော်၏ ပထမဦးဆုံးသော ပူဇော်ခြင်းလုပ်ငန်းဖြစ်ပါသည်။
ထာ၀ရအရှင်ဘုရားသခင်သည်လည်း၊ လူလင်မယားဖို့ သားရေဖြင့် ဝတ်လုံကို လုပ်၍ ဝတ်ခြုံစေတော်မူ၏။
The instant Adam yielded to Satan’s temptation, and did the very thing which God had said he should not do, Christ, the Son of God, stood between the living and the dead, saying, “Let the punishment fall on Me. I will stand in man’s place. Give him another trial.” Transgres - sion placed the whole world under the death sentence. But in heaven there was heard a voice saying, ”I have found a ransom. “ (BEcho, May 21,1900 par. 6) The Bible Echo.
ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး ၁၉း၂၃၊၂၄ တွင် ကျွန်ုတို့၏ စိတ်ဝိညာဉ်၌ အဝတ်ဖုံးကွယ်မှုမရှိခြင်းကို ခရစ်တော်ရယူခဲ့ပါသည်။ သစ်တိုင်ပေါ်တွင် ခန္ဓာကိုယ်၌ အဝတ်မရှိခြင်းဖြင့် ရိုက်ထားခြင်းခံခဲ့ရပြီး နောက်ဆုံးတွင် အဝတ်ဖုံးကွယ်မှုမရှိခြင်းဖြင့် (သေခြင်းဝေဒနာ) အတွက် အသက်စတေးခြင်းကိုခံခဲ့ရသည်။
စစ်သူရဲတို့သည် ယေရှုကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီးမှ၊ အဝတ်တော်တို့ကို လေးပိုင်းပိုင်း၍ တစ်ယောက်တစ်ပိုင်းစီယူကြလေ၏။ အတွင်းအင်္ကျီတော်ကား၊ မချုပ်ဘဲလျက် အထက်စွန်းမှသည် အောက်စွန်းတိုင်အောင် ရက်သောအင်္ကျီဖြစ်သောကြောင့်၊ ထိုသူတို့က၊ အင်္ကျီကိုမဆုတ်ကြနှင့်။ အဘယ်သူယူရမည်ကို စာရေးတံချကြကုန်အံ့ဟု အချင်းချင်းဆိုကြ၏။ ကျမ်းစာသည်ကား၊ သူတို့သည် အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏။ ဟူသောအချက်စကားကို ပြည့်စုံစေ၍၊ စစ်သူရဲတို့သည် ထိုသို့ပြုကြ၏။
ခရစ်တော်ကို မည်သို့ ယူတင်ဝတ်ဆောင်မည်နည်း။
ဂလာတိဩဝါဒစာအခန်းကြီး ၃း၂၇ တွင် ခရစ်တော်၌ ဗတ္တိဇံခံယူခြင်းဖြင့် သူ၏ ဖြောင့်မတ်ခြင်းကို ဝတ်ရုံကို ယူတင်ဝတ်ဆောင်ကြပါသည်။
ခရစ်တော်၌ ဗတ္တိဇံကိုခံသော သူရှိသမျှတို့သည် ခရစ်တော်ကိုယူတင် ဝတ်ဆောင်သော သူဖြစ်ကြ၏။
သက်သလောနိတ်ဩဝါဒစာပထမစောင်အခန်းကြီး ၄း၁၅၊၁၆ တွင် ခရစ်တော်၌ သေလွန်သူတို့သည် အဦးထမြောက်ကြမည်။ ခရစ်တော်၌သေလွန်သူတို့သည် ကောင်းကင်တွင် ရောက်ရှိပြီးဖြစ်ပါက ခရစ်တော်ကြွလာရန်လို ဦးမည်လား။ ခရစ်ယာန်တို့၏ ယုံကြည်ခြင်းသည် မသေနိုင်သော ဝိညာဉ်တွင် မတွေ့ရဘဲ ခရစ်တော်နှင့်အတူ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း၌သာလျှင် တွေ့ရမည်။
နှစ်ခြင်းခံယူချိန်တွင် သင်သည် ခရစ်တော်အားဖြင့် ဖုံးအုပ်ခြင်းခံရမည်။ သင်သည် ခရစ်တော်၌ ရှိခြင်းဖြင့် သူ၏သေခြင်း၊ မြုပ်နှံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း၌ လက္ခဏာပုံဆောင်မှုတွင် ပါဝင်ခြင်းကြောင့် ဖြစ်ပါသည်။
ဗတ္တိဇံခံယူခြင်းဖြင့် ခရစ်တော်၏ ဖြောင့်မတ်ခြင်းနှင့် ဖုံးကွယ်မှုကို ရရှိပါသည်။ ခရစ်တော်ကို ယူတင်ဝတ်ဆောင်ခြင်းဟူသည် ခရစ်တော်နှင့်အတူ အသေခံပါသည်။ အတူမြုပ်နှံခြင်းကိုခံယူပြီး ခရစ်တော်နှင့် အတူသေခြင်းမှ ရှင်ပြန်ထမြောက်ရန် ယူတင်ဝတ်ဆောင်ခြင်းကြောင့်ဖြစ်ပါသည်။
သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တစ်ဖန်ငါတို့ဆိုသည်ကး၊ သခင်ဘုရားကြွလာတော်မူသောအခါ၊ အသင်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အရင်အဦးနေရာကျရကြမည်မဟုတ်။ သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သော သူတို့သည် အဦးထမြောက်ကြလိမ့်မည်။မျှော်လင့်ခြင်းသတင်းစကားကို စွန့်ပယ်သည့်နောက်တွင် ဧဒင်ဥယျာဉ်မှနှင်ထုတ်ခြင်းကို ခံရပါသည်။
ကမ္ဘာဦးကျမ်းအခန်းကြီ ၃း၂၂-၂၄ တွင် မသေသော ဒုစရိုက် ကျူးလွန်သူမရှိပါ။ သခင်ခရစ်တော်၌ တည်းနေခြင်းဖြင့်သာလျှင် သေခြင်းနှင့် ကင်းကွာကြပါသည်။
ထာ၀ရအရှင်ဘုရားသခင်ကလည်း၊ လူသည် ငါတို့တွင် တစ်ပါးပါးကဲ့သို့ ဖြစ်၍၊ ကောင်းမကောင်းကို သိတတ်၏။ ယခုမှာ သူသည် ထာ၀ရအသက်ကို ရခြင်းငှာ၊ လက်ကို ဆန့်လျက် အသက်ပင်၏ အသီးကိုယူ၍ မစားသင့်ဟု မိန့်တော်မူ၍၊ လူသည် မိမိထွက်သောမြေ၌ လုပ်ရမည်အကြောင်း၊ ထာ၀ရအရှင်ဘုရားသခင်သည်၊ ဧဒင်ဥယျာဉ်ထဲက လွတ်လိုက်တော်မူ၏။ ထိုသို့ လူကိုနှင်ထုတ်ပြီးလျှင်၊ အသက်ပင်လမ်းကို စောင့်ရှောက်စေခြင်းငှာ၊ မီးစက်လက်နက်နှင့်တကွ ခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။
မသေနိုင်သည့်ဒုစရိုက်ကျူးလွန်သူမရှိပါ။ (အမတအပြစ်သားမရှိပါ)
တိမောသေဩဝါဒစာပထမစောင်အခန်းကြီး ၆း၁၆ တွင် ထာ၀ရဘုရားသခင်သာလျှင် နိစ္စဓူ၀တည်မြဲပါသည်။
အဘယ်သူမျှမချဉ်းကပ်နိုင်သောအလင်းထဲ၌ နေတော်မူသော၊ အဘယ်သူမျှမမြင်ဖူးရာ၊ မမြင်နိုင်ရာဖြစ်တော်မူထသော၊ မင်္ဂလာရှိသော တစ်ပါးတည်းသောအရှင်ဖြစ်တော်မူထသော၊ ဘုရင်တကာတို့၏ဘုရင် သခင်တကာတို့၏ သခင်သည်၊ ကာလအချိန်ရောက်သောအခါ၊ သခင်ယေရှုခရစ်၏ ထင်ရှားပေါ်ထွန်းခြင်းကို ပြတော်မူလိမ့်မည်။ ထိုဘုရားသခင်သည် ထာ၀ရဂုဏ်အသရေအစွမ်း သတ္တိရှိတော်မူစေသတည်း။ အာမင်။
ရောမဩဝါဒစာအခန်းကြီး ၂း၆၊ ၇ တွင် ကျွန်ုပ်တို့၌မရှိသော မသေနိုင်သည့်အဖြစ်ကို ရှာဖွေတောင်းခံရယူရပါမည်။
ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့အကျင့်နှင့် အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတ္တံ့။ ကောင်းသောအကျင့်ကို အမြဲကျင့်၍၊ ဘုန်းအသရေကိုလည်းကောင်း၊ မဖောင်ပြန်သော ဇာတိကိုလည်းကောင်း၊ ရှာသောသူတို့အား ထာ၀ရအသက်ကို ပေးတော်မူလတ္တံ့။
တိမောသေဩဝါဒစာဒုတိယစောင်အခန်းကြီး ၁း၁၀ တွင် ဧဝံဂေလိတရားအလင်းအားဖြင့် အသက်ရှင်ခြင်းလည်းကောင်း၊ မသေနိုင်သည့်အဖြစ်ကို အလင်းတရားသို့လည်းကောင်း ခရစ်တော်ယူဆောင်လာပါသည်။
“ထိုကျေးဇူးတော်ကား၊ ငါတို့ကိုကယ်တင်သော သခင်ယေရှုခရစ်ပေါ်ထွန်းသည်အရာမှာ ယခုတင်ရှာလျက်ရှိ၏။ ထိုသခင်သည် သေခြင်းအကြောင်းကို ပယ်ရှား၍၊ အသက်ရှင်ခြင်းအကြောင်းနှင့် မဖောက်ပြန်ခြင်း အကြောင်းကို ဧဝံဂေလိတရားအာဖြင့်ထင်ရှားစေတော်မူပြီ။”
ကောရိန်သုဩဝါဒစာပထမစောင်အခန်းကြီး ၁၅း၅၃၊ ၅၄ တွင် မသေနိုင်သည့်အဖြစ်ကို ယူတင်ဝတ်ဆင်ရမည်။
ယခုမျက်မှောက်ပုပ်တတ်သော အရာသည် မပုပ်နိုင်အဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက်သေတတ်သောအရာသည် မသေနိုင်သော အဖြစ်သို့ ဝင်စားရမည်။ ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်သို့လည်းကောင်း၊ ဤသေတတ်သာအရာသည် မသေနိုင်သောအဖြစ်သို့လည်းကောင်း ဝင်စားသောအခါ၊ သေခြင်းသည် အောင်ခြင်း၌ နစ်မြုပ်ပြီဟု ကျမ်းစာ၌ လာချက်ပြည့်စုံလိမ့်မည်။
ထိုးဖောက်၍ သိလိုသောမေးခွန်းများ။
လူ့သဘာ၀အားဖြင့် လူသား၌ မသေနိုင်သည့်အဖြစ်သို့ရှိသည်ဆိုကြပါစို့။ ရှိခဲ့ပြီးသားအရာကို ထပ်၍ ပေးရန် သခင်ခရစ်တော်သည် အဘယ်ကြောင့် အသက်စတေးခံရဦးမည်နည်း။ မသေနိုင်သည့်အဖြစ်သည် ဆက်စပ်တွေးခေါ်သည့် အရာဖြစ်ပြီး ဘုရားသခင်နှင့်ရောနှောမှုမရှိပါ။ ဘုရားသခင်သည် အစဉ်တည်မြဲသောကြောင့် အတိုင်းအဆမရှိတန်ဖိုးရှိခြင်း၊ သဗ္ဗညုဥာဏ်တော်ဖြင့် ပြည့်၀ခြင်း၊ နေရာတိုင်းတွင် တည်ရှိလျက် မပြောင်းလဲနိုင်သော ဘုရားဖြစ်ပါသည်။
“ကွယ်လွန်သူများ၏ ဝိညာဉ်နှင့် ဆက်သွယ်နိုင်သည်ဟု ယုံကြည်မှုသည် စာတန်ချမှတ်ခဲ့သော အုတ်မြစ်ဖြစ်ပါသည်။
သို့သော်လှည့်စားမှုနှစ်မျိုးရှိပါသည်။
(၁) သင်သည်မသေဘဲ ဘုရားသခင်ကဲ့သို့ တူညီခြင်းဖြစ်မည်။
(၂) အကောင်းနှင့်အဆိုးကို ပိုင်းခြားသိမြင်တတ်လာမည်။
ယနေ့နောက်ပိုင်း ခေတ်သစ်ခရစ်ယာန်များ၏ အခြေခံယုံကြည်ချက် အုတ်မြစ်နှင့် အသင်းတော်အပေါ်သို့ ပေါ်ပေါက်လာသော မြင်ကွင်းဖြစ်ပါသည်။
၁။ ခရစ်တော်၏ ဝိညာဉ်ရေးဝတ်ရုံနှင့် ခြုံခြင်း။
၂။ သေခြင်းမှ ထမြောက်ပြီး အမှန်တည်းဟူသော အလင်းဝတ်ရုံဖြင့်ခြုံခြင်း။
ကျမ်းစာထဲမှရှေးအကျဆုံးဝတ္ထုတွင် အသက်ရှင်ခြင်း၊ သေခြင်းနှင့် တမလွန်အသက်တာအကြောင်း ဖော်ပြထားပါသည်။
ယေဘဝတ္ထုအခန်းကြီး ၁၄း၇-၉ တွင် သစ်ပင်ကို ခုတ်သော်လည်း၊ အငုတ်အချည်းစည်းမရှိဘဲ အတက်ပေါက်လေဦးမည်ဟု မျှော်လင့်စရာရှိ၏။ မြေထဲမှာ အမြစ်ဟောင်း၍ မြေပေါ်မှာ အငုတ်သေသော်လည်း၊ ရေငွေ့ကြောင့် အတက်ပေါက်၍ ပျိုးပင်ကဲ့သို့အညွန့်တိုနှင့်ပြည့်စုံလိမ့်မည်။
ဆောင်းရာသီတွင် အခက်အလက်များသည် ငုံနေပါသည်။ သို့သော် ရှင်ပြန်ထမြောက်ချိန်တွင် အစို့အညှောက်ထွက်ပေါ်လာပါသည်။
သေသောသူ့မည်သည့်အရပ်သို့ရောက်သနည်း။
ယောဘဝတ္ထုအခန်းကြီး ၁၄း၁၀ တွင် ယောဘ သိလို၍ မေးသောအရာကား။
“လူမူကားသေ၍ ဆွေးမြွေတက်၏။ လူသည် အသက်ချုပ်ပြီးလျှင် အဘယ်မှာရှိသနည်း။”
ရေနှင့် အလားသဏ္ဌာန်တူသည့်အဖြေ။
ယောဘဝတ္ထုအခန်းကြီး ၁၄း၁၁ တွင် ယောဘသိလိုသောအဖြေမှာ။
“အိုင်ရေပြတ်သကဲ့သို့လည်းကောင်း၊ မြစ်ရေခန်းခြောက်သကဲ့သို့လည်းကောင်း၊”
ကံစီမံရာကို လက်ခံရမည့်အခြေအနေနှင့်တူပြီး မျှော်လင့်ခြင်းမရှိ သကဲ့သို့ ထင်မြင်ရသော်လည်း နောင်လာမည့် ယောဘဝတ္ထုအခန်းကြီး ၁၄း၁၂ တွင် ဆက်လက်ဖော်ပြထားရာ၌၊
“လူသည် အိပ်ပြီးမှ နောက်တစ်ဖန်မထရ။ မိုးကောင်းကင်မကုန်မဆုံးမီတိုင်အောင်မနိုးရ။ အအိပ်အပျော်မပျက်ရ။
အိပ်ပျော်ခြင်းအမှုတွင် လူသည် သေခြင်း၏ ထိုးနှက်မူကြောင့် ခေတ္တခဏ ဤလောကနှင့် အဆက်အသွယ်ပြတ်တောက်သွားသကဲ့သို့ ကျွန်ုပ်တို့သည် အိပ်ပျော်ခြင်းမှ နိုးထလာသောအချိန်နှင့် တူညီပါသည်။ ထို့ကြောင့် သမ္မာကျမ်းစာထဲတွင် မကြာခဏ သေခြင်းကို အိပ်ပျော်ခြင်းဖြင့် ခိုင်းနှိုင်းထားပါသည်။
နှစ်ပေါင်း ၂၀၀၀ မတိုင်မိ။
၁။ ယောဘဝတ္ထု အခန်းကြီး ၇း၂၁တွင် မြေမှုန့်၌ အိပ်ပျော်နေရပါသည်။
၂။ ယောဘဝတ္ထု အခန်းကြီး ၁၄း၁၂ တွင် အိပ်ပြီးမှ နောက်တစ်ဖန်မထရ။
မိုးကောင်းကင်မကုန်မဆုံးမီတိုင်အောင်မနိုးရ။ အအိပ်အပျော်မပျက်ရ။
နှစ်ပေါင်း ၁၅၀၀မတိုင်မီ။
တရားဟောရာကျမ်းအခန်းကြီး ၃၁း၁၆ တွင် မောရှေသည် ဘိုးဘေးတို့နှင့် အတူ အိပ်ပျော်ပါသည်။
နှစ်ပေါင်း ၁၀၀၀ မတိုင်မီ။
၁။ ဆာလံကျမ်း အခန်းကြီး ၁၃း၃ တွင် အသေအိပ်ခြင်းသို့မရောက်လိုသော ဒါဝိဒ်မင်းကြီး၏ ဆုတောင်းချက်ဖြစ်ပါသည်။
၂။ ဓမ္မရာဇဝင်ဒုတိယစောင်အခန်းကြီး ၇း၁၂ တွင် ဒါဝိဒ်မင်းအသက် ကာလစေ့၍ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သည်။
နှစ်ပေါင်း ၆၀၀မတိုင်မီ။
၁။ ယေရမိ အနာဂတ္တိကျမ်းအခန်းကြီး ၅၁း၃၉ တွင် ဆိုးသော သူများနောက် တဖန်မနိုးဘဲ အစဉ်မပြတ်အိပ်ပျော်မည်။
၂။ ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၁၂း၂ တွင် မြေမှုန့်၌ အိပ်ပျော်သော သူများတို့သည် နိုးကြလိမ့်မည်။
ယေရှု၏သက်သေခံချက်။
၁။ ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး ၁၁း၁၁ တွင် အိပ်ပျော်နေသော သူ အဆွေလာ ဇရုကို နိုးခြင်းအလိုငှာ ငါသွားမည်။
၂။ ရှင်လုကာခရစ်ဝင်အခန်းကြီး ၈း၅၂ တွင် ကိုယ်တော်က သူငယ်သေသည်မဟုတ်၊ အိပ်ပျော်သည်ဟု မိန့်တော်မူသည်။
ရှင်ပေါလု၏သက်သေခံချက်။
၁။ ကောရိန်သုဩဝါဒစာ ပထမစောင်အခန်းကြီး ၁၅း၆ တွင် ခရစ်တော်၏ ရှင်ပြန်ထမြောက်ကြောင်းကို မြင်တွေ့ခဲ့သူများအချို့တို့သည် အိပ်ပျော်ကြပြီဟု ပေါလုသက်သေခံသည်။
၂။ ကောရိန်သုဩဝါဒစာ ပထမစောင်အခန်းကြီး ၁၅း၅၁ တွင် ခရစ်တော်ဒုတိယအကြိမ်ကြွလာသော အခါ ငါတို့ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်၊ တချို့သူများအသက်ရှင်လျက် ပြောင်းလဲခြင်းသို့ ရောက်မည်။
၃။ သက်သာလောနိတ်ဩဝါဒစာ ပထမစောင်အခန်းကြီး ၄း၁၃ တွင် အိပ်ပျော်သော သူတို့၏ အမှုအရာကို မသိဘဲနေစေခြင်းငှာ ရှင်ပေါလုအလိုမရှိကြောင်း သက်သေခံပါသည်။
ရှင်ပေတရုဩဝါဒစာ ဒုတိယစောင်အခန်းကြီး ၃း၄ တွင် ဘိုးဘေးများ အိပ်ပျော်သည်ဟု ထွက်ဆိုပါသည်
ဗျာဒိတ်ကျမ်း၏ သက်သေခံချက်။
ဗျာဒိတ်ကျမ်းအခန်းကြီး ၁၄း၁၃ တွင် သခင်ဘုရား၌ သေသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ထွက်ဆိုပါသည်။
ဒုက္ခဆင်းရဲခြင်းကာလရောက်လာခြင်း။
ယောဘဝတ္ထုအခန်းကြီး ၁၄း၁၃ တွင် ကိုယ်တော်သည် အကျွန်ုပ်ကို သင်္ချိုင်း တွင်း၌ ဝှက်ထားတော်မူပါစေ။ အမျက်တော် မလွန်မီတိုင်အောင် ကွယ်ကာတော်မူပါစေ။ အကျွန်ုပ်ကို အောက်မေ့စရာအချိန်ကို ချိန်းချက်တော် မူပါစေ။
အလားတူမေးခွန်းကို ပြည်လည်မေးမြန်းခြင်း။
ယောဘဝတ္ထုအခန်းကြီး ၁၄း၁၄ တွင် လူသည်သေလျှင် အသက် ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ်ပြောင်းလဲချိန်မရောက်မီ၊ ပင်ပန်းစွာ အမှုထမ်းရသော နေ့ရက်ကာလပတ်လုံး သည်းခံလျက်နေပါမည်။
ထိုးထွင်းသိလိုသော မေးခွန်းကို ယောဘဝတ္ထုအခန်းကြီး ၁၄း၁၄ နှင့် ၁၅ တွင် သေချာစွာအဖြေပေးထားပါသည်။
လူသည်သေလျှင် အသက်ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ် ပြောင်းလဲချိန်မရာက်မီ၊ ပင်ပန်းစွားအမှု ထမ်းရသော နေ့ရက်ကာလ ပတ်လုံး
သည်းခံလျက်နေပါမည်။ အကျွန်ုပ်ကိုခေါ်တော်မူပါ။ အကျွန်ုပ်ပြန်လျှောက်ပါမည်။ ကိုယ်တိုင်ဖန်ဆင်းတော်မူသောအရာကို သနားခြင်းစိတ်ရှိတော်မူပါ။
ဝတ်လုံကို ပြောင်းဝတ်ခြင်းနှင့် တူပါသည်။
ကောရိန်သုဩဝါစာ ပထမစောင်အခန်းကြီး ၁၅း၅၁-၅၅ တွင် ဖတ်ပါ။
အကျွန်ုပ်ခေါ်တော်မူပါ။
သက်သာလောနိတ်ဩဝါဒစာ ပထမစောင်အခန်းကြီး ၄း၁၅-၁၇ တွင် -သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တစ်ဖန့်ငါတို့ဆိုသည်ကား၊ သခင်ဘုရားကြွလာတော်မူသောအခါ၊ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အရင်အဦးနေရာကျရကြမည်မဟုတ်။ သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန် မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသ ကောင်းကင်၌ သခင်ဘုရားထံတော်သို့ရောက်စေခြင်းငှာ၊ ထိုသူတို့နှင့် တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ်နေရကြလိမ့်မည်။
သခင်ခရစ်တော်အမှန်လာခေါ်မည်။
No comments:
Post a Comment