Thursday, May 7, 2026

 

 

(၁၀) သမ္မာကျမ်းစာကို အရင်းခံသော အနာဂတ္တိစကား

ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၂ ၏ လျှို့ဝှက်သော အကြံအစည်

         ရှင်ဘုရင်၏ အကြံအစည်နှင့် အတွေးအခေါ်တို့၏ ကောက်ချက်ကို ဘုရားသခင်ဖော်ထုတ်ခြင်း။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၂း၁၉ “အရှင်မင်းကြီး၊ နောက်၌ ဖြစ်လတ္တံ့သော အရာတို့ကို ကိုယ်တော်သည် စက်တော်ခေါ်၍ မြော်လင့်တော်မူ၏။ နက်နဲသောအရာကိုဖွင့်ပြတော်မူသော ဘုရားသည် နောင်ကာလ၌ ဖြစ်လတ္တံ့သောအရာတို့ကို ကိုယ်တော်အားပြတော်မူ၏။အနာဂတ်အချိန်ကို သိလိုသလား။ အဘယ်ကဲ့သို့ ဖြစ်ပျက်မည်ကို သိနိုင်ရန် သင့်ကို အိပ်မက်ပေးမည်။

         ဒံယေလ အနာဂတ္တိကျမ်းအခန်းကြီး ၂း၁ “နေဗုခဒ်နေဇာမင်းသည် နန်စံနှစ်နှစ်တွင်၊ အိပ်မက်ကို မြင်တော်မူ၍ ထိတ်လန့်ခြင်းစိတ်ရှိသော ကြောင့် စက်တော်မခေါ်နိုင်သည်ဖြစ်၍။ဘုရားသခင်သည် အိပ်မက်ကို နာမလည်နိုင်ရန် ဖန်တီးခဲ့ပါသည်။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၂း၃ “ရှင်ဘုရင်က၊ ငါသည် အိပ်မက်မြင်ပြီ၊ ထိုအိပ်မက်ကိုမသိ၊ နားမလည်သည်ဖြစ်၍ စိတ်မအီမသာရှိ သည်ဟု မိန့်တော်မူ၏။ရှင်ဘုရင်သည် မာဂုပညာရှိ၊ ဗေဒင်တတ်၊ သူပြုဆရာ၊ ခါလဒဲဆရာတို့ကို ခေါ်ယူမေးမြန်းပါသည်။

         ဒံယေလ အနာဂတ္တိကျမ်းအခန်းကြီး ၂း၂ “အိပ်မက်တော်ကို ပြန်ပြောစေခြင်းငှာ မာဂုပညာရှိ၊ ဗေဒင်တတ်၊ သူပြုဆရာ၊ ခါလဒဲဆရာတို့ကို ခေါ်ချဟု အမိန့်တော်ရှိသည်အတိုင်း၊ သူတို့သည် အထံတော်သို့ရောက်လာကြသည်ရှိသော်၊တတ်ယောင်ကားလုပ်သူတို့ကို ဘုရားသခင် ဖွင့်ချပြသခဲ့ပါသည်။ သတိထားပါ၊ စာတန်သည် ကျွန်ုပ်တို့၏ စိတ်နှလုံးထင်မြင် ချက်များကို မဖတ်နိုင်ပါ။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၂း၁၀ “ခါလဒဲဆရာတို့ကလည်း၊ အရှင်မင်းကြီး၏ အမှုအရာကို ဖြေနိုင်မည့်သူ မြေကြီးပေါ်မှာ တစ်ယောက်မျှမရှိပါ၊ အဘယ်မည်သောရှင်ဘုရင်သည် ဘုန်းတန်ခိုးကြီးသော်လည်း၊ (သင်မေးသောအရာသည် သဘာ၀မကျပါ) မာဂုပညာရှိ၊ ဗေဒင်တတ်၊ ခါလဒဲဆရာတို့ကို ဤသို့မေးမြန်းလေ့မရှိပါ။” ဗာဟီရဝါဒ ဘုရားများကို ကိုးကွယ်သော သူတို့သည် ဝှက်ထားခြင်းအမှုကို နှစ်သက်လျက် လျှို့ဝှက်သော အရာကို စောင့်ထိန်းကြပါသည်။

         ဒံယေလ အနာဂတ္တိကျမ်းအခန်းကြီး ၂း၁၁ “အရှင်မင်းကြီးမေးမြန်တော်မူသော အရာသည် ခက်ခဲသောအရာဖြစ်ပါ၏။လူပကတိနှင့်မဆက်ဆံသောဘုရားမှတစ်ပါးအဘယ်သူမျှအရှင်မင်းကြီးရှေ့တော်၌ မထုတ်မဖော်နိုင်ဟု တစ်ဖန်ပြန်ကြား လျှောက်ထားကြ၏။” နှုတ်ကပတ်တရား၏ အရှင်ဘုရားသခင်သည် လျှို့ဝှက်ထားခြင်းမပြုလဲ သူ၏ အကြံအစည်တို့ကို ထုတ်ဖော်ပြသပါသည်။

         အာမုတ်အနာဂတ္တိကျမ်း ၃း၇ “အကယ်စင်စစ် အရှင်ထာ၀ရဘုရားသည် မိမိကျွန်ပုရောဖက်တို့အား မဖော်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ။

         ဒံယေလ အနာဂတ္တိကျမ်းအခန်းကြီး ၂း၂၉ “အရှင်မင်းကြီး နောင်၌ ဖြစ်လတ္တံ့သော အရာတို့ကို ကိုယ်တော်သည် စက်တော်ခေါ်၍ မြော်လင့်တော်မူ၏၊ နက်နဲသော အရာကို ဖွင့်ပြတော်မူသော ဘုရားသည်နောင်ကာလ၌ ဖြစ်လတ္တံ့သောအရာတို့ကို ကိုယ်တော်အားဖော်ပြတော်မူ၏။

         ရှင်ယောဟန် ခရစ်ဝင် ၁း၁၄ ဘုရားသခင်ဟူ၍ အသုံးပြုထားသော ဝေါဟာရစကားကို သမ္မာကျမ်းစာထဲ၌ အခြားသော ကျမ်းချက်များတွင် လူဇာတိအဖြစ်သို့ အတူတကွ ကိန်းအောင်းကြောင်းကို သတိထားစဉ်းစားမိပါသလား။ “နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့် လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက်၊ ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ ဘုန်းကဲ့သို့ သူ၏ ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။

         ဘုရားသခင်၏ အစေခံသားသမီးတို့ကို သတ်ဖြတ်ရန် စာတန်သည် လောကီရှင်ဘုရင်တို့၏ စိတ်နှလုံးကို အသုံးပြုလျက်ရှိပါသည်။ ဒံယေလ အနာဂတ္တိကျမ်းအခန်းကြီး ၁ တွင် ဒံယေလနှင့် အပေါင်းအဖော်များတို့ကို ဘုရားသခင်ဘက်၌ သစ္စာရှိမှုကို တွေ့မြင်းရသောအခါ၊ သူတို့သည် ဖြစ်နိုင်စွမ်းသော ပြဿနာကို မြင်လာပါသည်။

         ဒံယေလ အနာဂတ္တိကျမ်းအခန်းကြီး ၂း၁၂ “ထိုစကားကိုကြားတော်မူလျှင် ပြင်းစွားအမျက်တော်ထွက်၍၊ ဗာဗုလုန်၌ မြို့ရှိသမျှသော ပညာရှိတို့ကို ပယ်ရှင်းစေဟု အမိန့်တော်ရှိ၏။ဒံယေလနှင့် အပေါင်းအဖော်များကို နိုင်ငံတော်တွင် ထင်ရှားလာအောင် ယူဆောင်လာပေးသော ပြဿနာဖြစ်ပါသည်။

         ဒံယေလ အနာဂတ္တိကျမ်းအခန်းကြီး ၂း၁၃ “ထိုအမိန့်တော်ဆင့်၍ ဒံယေလနှင့် သူ၏အပေါင်းအဖော်တို့ကို သတ်ခြင်းငှာ ရှာကြသော်၊” ဒံယေလနှင့် အပေါင်းအဖော်တို့၏ အသေသတ်ခံရမည့် နေရာတွင် ဘုရားသခင်သည် ဒံယေလနှင့် အပေါင်းအဖော်တို့ကို နိုင်ငံတော်တွင် ထင်ရှားလာအောင် ယူဆောင်လာခဲ့ပါသည်။

         ဒံယေလ အနာဂတ္တိကျမ်း အခန်းကြီး ၂း၄၈၊ ၄၉ “ဒံယေလကို ချီးမြှောက်လျက်၊ များစွာသော ဆုလာဘ် ပကာတို့ကို ပေး၍၊ ဗာဗုလုန်နိုင်ငံတွင် ဝန်ကြီးအရာ၌ လည်းကောင်း၊ ဗာဗုလုန်ပညာရှိတို့ကို အုပ်စိုးသော ဝန်အရာ၌လည်းကောင်း၊ ခန့်ထားတော်မူ၏။ ထိုအခါ ဒံယေလသည် သံတော်ဦးတင်သောကြောင့်၊ မင်းကြီးသည် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ဗာဗုလုန်နိုင်ငံတွင် ဗာဗုလုန်နိုင်ငံတွင် ဝန်အရာ၌ ခန့်ထားတော်မူ၏။ ဒံယေလသည် နန်းတော်ဦး၌ နေရလေ၏။ဒံယေလသည် ဆုတောင်ခြင်းကိုသာ အားထားခဲ့ပါသည်။ ဗေဒင်ပညာ၊ ပုံဆောင်သော ဖန်ဘောလုံး၊ လက္ခဏာ ပညာနှင့် အနာဂတ္တိဆရာ(သိုမဟုတ်) ဖဲများဖြင့် ပညာကို အမှီမပြုခဲပါ။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၂း၁၇၊ ၁၈ မိမိ “အိမ်သို့ ပြန်သွား၍၊ ထိုအကြောင်းကို မိမိအပေါင်းအဖော်ဟာနနိ၊ မိရှေလ၊ အာဇရိတို့အား ကြားပြော၍၊ ငါတို့သည် အခြားသော ဗာဗုန်လုန်ပညာရှိတို့နှင့် အတူ မသေမပျော်စေခြင်းငှာ ဤနက်နဲသော အရာ၌ ကရုဏာကျေးဇူးတော်ကို ခံရမည်အကြောင်း၊ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် ဆုတောင်းကြကုန်အံ့ဟု ပြောဆို၏။ဘုရားသခင်သည် အနာဂတ်ကာလကို သိမြင်တော်မူ၍၊ အဆုံးတိုင်ဖြစ်ပေါ်လာမည့် အရာများကို လမ်းညွှန်တော်မူ၏။ သမိုင်းအကြောင်းအရာတို့သည် စစ်တုရင်ကစားနည်းမျိုးသာလျှင် ဖြစ်ပါသည်။

အိပ်မက်ခြင်း

ဒံယေလသည် ရှင်ဘုရင်၏ အိပ်မက်ကို ဖော်ပြပေးခြင်း

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၂း၃၁ “အရှင်မင်းကြီး၊ စက်တော်ခေါ်၍ မြင်မက်တော်မူသောရူပါရုံဟူမူကား၊ ကိုယ်တော်သည် ကြည့်ရှု၍ ရုပ်တုကြီးကို မြင်တော်မူ၏။ ထူးမြတ်သောအရောင်အဝါနှင့် ပြည့်စုံ၍၊ ကြီးမြင့်သော ထိုရုပ်တုသည် ကြောက်မက်ဖွယ်သော ပုံသဏ္ဌာန် ကို ဆောင်လျက် ကိုယ်တော်ရှေ့၌ တည်ရှိ၏။

ရုပ်တုတော်ကြီး

         ဘုန်းတန်ခိုးအားဏာ၏ သမိုင်းလမ်းတစ်လျှောက်တွင် ကွာဟချက်နှင့် ကြားဖြတ်ဝင် ခြင်းမျိုးမရှိပါ။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၂း၃၇၊ ၃၈ “ အရှင်မင်းကြီး၊ ကိုယ်တော်သည် ဘုရင်တို့၏ဘုရင်ဖြစ်တော်မူ၏။ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် နိုင်ငံနှင့် တကွ တန်ခိုးအာနုဘော်အစွမ်းသတ္တိဘုန်း အသရေးကို ကိုယ်တော်အားပေးတော်မူပြီ။ လူနေရာရှိသမျှတို့နှင့်မြေကြီးသားတိရစ္ဆာန်၊ မိုးကောင်းကင်ငှက်များတို့ကို ကိုယ်တော်လက်၌ အပ်ပေး၍၊ ကိုယ်တော်သည် အလုံးစုံတို့ကို အုပ်စိုးရသော အခွင့်ရှိတော်မူ၏။ ကိုယ်တော်သည် ရုပ်တု၏ရွှေဦးခေါင်းဖြစ်တော်မူ၏။နောက်ကလိုက်လာသော နိုင်ငံသည် မေဒိ- ပေရသိနှင့်ဂရိနိုင်ငံဖြစ်ပါသည်။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၂း ၃၉ “ကိုယ်တော်နောက်၌ (အလွန်အရေးကြီးသောသမိုင်းမှတ်တိုင်း ၊ သင်္ကေတအမှတ်အသားဖြစ်ပါသည်) ကိုယ်တော်၏ နိုင်ငံလောက် မမြတ်သော နိုင်ငံတစ်ခုသည် တည်ထောင်လိမ့်မည်။ (ရှင်ဘုရင်နှင့် နိုင်ငံတော်သည် အပေးအယူလုပ်၍ ရနိုင်ပါသည်) ထိုနောက်၊ မြေကြီးတစ်ပြင်လုံးကို အုပ်စိုးသော ကြွေးဝါနိုင်ငံတည်းဟူသော တတိယနိုင်ငံသည် တည်ထောင်လိမ်မည်။ဒံယေလအနာဂတ္တိကျမ်းတွင် နိုင်ငံသုံးနိုင်ငံကို သက်သေအထောက်အထားအားဖြင့် ဖော်ပြခဲ့ပြီး ဖြစ်သောကြောင့် သမိုင်းစာအုပ်များကို ပြန်၍လေ့လာရန်ပင် မလိုပါ။

သံတည်းဟူသော စတုတ္ထနိုင်ငံတော်

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၂း၄၀ “စတုတ္ထနိုင်ငံသည် သံကဲ့သို့ ခိုင်မာသောနိုင်ငံဖြစ်လိမ့်မည်၊ သံသည် အခြားသော အရာရှိသမျှတို့ကို ချိုးဖဲ့၍ နိုင်သကဲ့သို့၊ စတုတ္ထနိုင်ငံသည် ချိုးဖဲ့နှိပ်စက်ခြင်းကို ပြုလိမ့်မည်။

ရုပ်တု၏ခြေအပိုင်း

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၂း၄၁၊ ၄၂ “ရုပ်တု၏ ခြေနှင့် ခြေချောင်းတို့သည် သရွတ်တစ်ပိုင်းသံတစ်ပိုင်းရှိသည်ကို မြင်တော်မူသည်အတိုင်း၊ အချင်းချင်းကွဲပြားသော နိုင်ငံဖြစ်လိမ့်မည်၊ သို့သော်လည်း ဖုတ်သော သရွတ်နှင့် သံရောနှောသည်ကို မြင်တော်မူသည်ဖြစ်၍၊ သံသည်ခိုင်မာခြင်းသတ္တိရှိလိမ့်မည်။ (အရာသည် ရောမ၏ ဒြပ်စပ်ဖြစ်ပါသည်) ခြေချောင်းတို့သည် သံတစ်ပိုင်း သရွတ်တစ်ပိုင်းဖြစ်သည်နှင့် အညီ၊ ထိုနိုင်ငံသည့် ခိုင်မာခြင်းနှင့်လည်းကောင်၊ ကျိုးပဲ့ခြင်းနှင့်လည်းကောင်း ဆက်ဆံလိမ့်မည်။

၁။     ခြေချောင်းဆယ်ချောင်းသည် စတုတ္ထနိုင်ငံဖြစ်ပါသည်။ ရောမအင်ပါယာ ဖြစ်ပြီး နိုင်ငံ(သို့မဟုတ်) လူမျိုးဆယ်စုကို ပိုင်းခြားမည်။

၂။     အိုးမြေသည် အထူးသောအမျိုးအစားဖြစ်ပြီး အိုးကို လုပ်သော မြေဖြစ်ပါသည်။

၃။     ခြေထောက်တွင် တည်ရှိသော သံကဲ့သို့မာကျောသည့် ရောမနိုင်ငံဒြပ်စင်သည် ခြေဖြားတွင် အိုးမြေဖြင့် ပေါင်းစပ်လျက်ရှိပါသည်။

၄။     ရောမနိုင်ငံသည် အမျိုးအစားခြားနားပြီး မတူညီခြားနားနည့် နိုင်ငံများဖြင့် ရောမအင်ပါယာကို ပေါင်းစည်းထားပါသည်။

၅။     သံသည် မိမိကိုယ်တိုင် တရားဝင်သော လုပ်ရည်ကိုင်ရည်ဆောင်ရွက်မှုရှိ သကဲ့သို့ အိုးမြေသည်လည်း မိမိ၌ ကိုယ်ပိုင်တရားဝင်သော လုပ်ရည်ကိုင်ရည် ဆောင်ရွက်မှုရှိပါသည်။ မတူညီသောအရာ နှစ်ခုပေါင်းစပ်ခြင်း၌သာ နှစ်မျိုးစလုံးအားနည်းသွားပါသည်။

၆။     ဤပေါင်းစပ်စည်းလုံးခြင်းတွင် တရားဝင်သလား၊ (သို့မဟုတ်) တရားမဝင်ဖူးလား။

လက္ခဏာသင်္ကေတအားလုံးဖြစ်ပါသည်။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၂ တွင် အားလုံးတို့သည် လက္ခဏာသင်္ကေတသာဖြစ်ပါသည်။ ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ ကျောက်တုံးနှင့်တောင်။ သို့ပါသောကြောင့် အိုးထိန်းသည်၏ အိုးမြေသည်လည်း တစ်ခုခုသော လက္ခဏာသင်္ကေတသာဖြစ်ပါသည်။ သို့သော် မည်သည့်လက္ခဏာသင်္ကေတကို ပုံဆောင်ပါသနည်း။

         ယေရမိအနာဂတ္တိကျမ်း ၁၈း၁-၆ နှင့် ယေရမိအနာဂတ္တိကျမ်း ၁၉း၁၁ တွင် အိုး၏ချိုးပဲ့ခြင်းသည် ယေရုရုလင်မြို့၏ ပျက်စီးခြင်းကို ပုံဆောင်ပါသည်။ အိုးထိန်းသည်၏ အိုးမြေသည် ဣသရေလလူမျိုးကို ပုံဆောင်ပါသည်။ ဘုရားသခင်၏ ဓမ္မဟောင်း အသင်းတော်ဖြစ်ပါသည်။ “ယေရမိသို့ ရောက်လာသော ထာ၀ရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ သင်သည်ထ၍ အိုးထိန်းသမားအိမ်သို့သွားလော့။ ထိုအရပ်၌ ငါ့စကားကို ငါကြားစေမည်ဟု မိန့်တော်မူသည်အတိုင်း၊ ငါသည်သွား၍၊ အိုးထိန်းစက်နှင့် လုပ်လျက် ရှိသော အိုးထိန်းသမားကိုတွေ့၏။ အိုးမြေဖြင့် လုပ်သောအိုးသည်၊ အိုးထိန်းသမားလက်၌ ပျက်စီးသောကြောင့်၊ သူသည် အလိုအလျောက်အသစ်ပြုပြင်၍၊ အခြားသော အိုးကိုလုပ်ပြန်လေ၏။ ထိုအခါ ထာ၀ရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ ထာ၀ရဘုရားမိန့်တော်မူသည်ကား၊ အိုဣသရေလအမျိုး၊ အိုးထိန်းသမားပြုသကဲ့သို့ သင်တို့ကို ငါမပြုနိုင်သလော။ အိုဣသရေလအမျိုး၊ အိုးမြေသည် အိုးထိန်းသမားလက်၌ ရှိသကဲ့သို့ သင်တို့သည် ငါ့လက်၌ရှိကြ၏။

ကမ္ဘာဦးကျမ်း ၂း၇

         ကမ္ဘာဦးကျမ်း ၂း၇ (ဟေရှာယအနာဂတ္တိကျမ်း ၆၄း၈ နှင့် ဟေရှာယအနာဂတ္တိကျမ်း ၄၅း၉ တွင် ကြည့်ပါ) မြေမှုန့်ဖြင့် ကိုယ်ခန္ဓာသည် စုံလင်ခြင်း သို့ဖွဲ့စည်းခဲ့သော်လည်း အသက်သဘောအားဖြင့်မရှိပါ။ သခင်ခရစ်တော်သည် မြေမှုန့်ဖြင့် ကိုယ်ခန္ဓာထဲသို့ မှုတ်သွင်းတော်မူ၍ အသက်ဝိညာဉ်ဖြစ်သော ကိုယ်ခန္ဓာသည် အသက်ဝင်လာ၍ ကိုယ်ခန္ဓာ၏ အစိတ်အပိုင်းများ စတင်လှုပ်ရှားလာပါသည်။ “ထိုနောက်၊ ထာ၀ရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကို ဖန်ဆင်း၍၊ သူ၏ နှာခေါင်းထဲသို့ ဇီ၀အသက်ကို မှုတ်တော်မူလျှင်၊ လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ၏။

         ဟေရှာယအနာဂတ္တိကျမ်း ၆၄း၈ “သို့ရာတွင် အိုထာ၀ရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့အဘဖြစ်တော်မူ၏။ အကျွန်ုပ်တို့သည် အိုးမြေဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ အိုးထိန်းဖြစ်ပါ၏။ အကျွန်ုပ်တို့ရှိသမျှသည် လက်တော်နှင့် ဖန်ဆင်းသော အရာဖြစ်ပါ၏။

         ကောလောသဲဩဝါဒစာ ၁း၁၈ အသင်းတော်သည် ခရစ်တော်၏ ကိုယ်ခန္ဓာဖြစ်ပါသည်။ “အသင်းတော်တည်းဟူသော ကိုယ်၏ ဦးခေါင်းဖြစ်တော်မူ၏။ အရာရာ၌ ထူးမြတ်ခြင်းငှာ မူလအရင်းဖြစ်၍၊ သေသော တညီတညွတ်တည်း စည်းဝေး၍နေကြ၏။

         တမန်တော်ဝတ္ထု ၂း၁ ခရစ်တော်၏ခန္ဓာကိုယ်သည် ဆက်နိုင်လျက် ရှိပါသည်။ “ပင်တေကုတ္တေပွဲ့နေ့ရောက်သောအခါ၊ ထိုသူအပေါင်းတို့သည် တညီတညွတ်တည်း စည်းဝေး၍နေကြ၏။

         တမန်တော်ဝတ္ထု ၂း၂-၄ ခန္ဓာကိုယ်အထဲသို့ သန့်ရှင်းသောဝိညာဉ်တော် ကိန်းအောင်းပါသည်။ “ထိုအခါ လေပြင်းမုန်တိုင်းကဲ့သို့ သောအသံသည် တစ်ခဏချင်းတွင် ကောင်းကင်မှလာ၍ ၊ ထိုသူတို့ နေထိုင်သော အိမ်ကို ဖြည့်လေ၏။ ထိုခဏချင်းတွင် ကွဲပြားသောလျှာတို့သည် မီးလျှာကဲ့သို့ ထင်ရှား၍၊ ထိုသူအသီးအသီးတို့ အပေါ်၌ တည်နေကြ၏။ ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းဝိညာဉ်တော်နှင့် ပြည့်၍၊ ဝိညာဉ်တော်သည် ဟောပြောသော အခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသော ဘာသာစကားအားဖြင့် ဟောပြောကြ၏။

         ကောရိန်သုဩဝါဒစာပထမစောင် ၁၂း၁၂၊ ၁၃ ယခုတွင် ခန္ဓာကိုယ်၌ အားလုံးသော ယုံကြည်သူတို့သည် ပြည့်စုံသော တူညီချက်ဖြင့် အပြန်အလှန်အကျိုးသက်ရောက်ကြပါသည်။ “ဥပမာကား၊ ကိုယ်တစ်ခုတည်း၌ အင်္ဂါအများရှိသည်ဖြစ်၍၊ ထိုတစ်ခုတည်းသော ကိုယ်၏ အင်္ဂါအပေါင်းတို့သည်များလျက်နှင့် ကိုယ်တစ်ခုတည်းဖြစ်သကဲ့သို့ ၊ ထိုနည်းတူ ခရစ်တော်ဖြစ်၏။ အကြောင်းမူကား၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် တစ်ကိုယ်တည်းထဲသို့ ဗတ္တိဇံကို ခံကြ၏။ ငါတို့ရှိသမျှသည် တစ်စိတ်တစ်ဝိညာဉ်တည်းထဲသို့လည်း သောက်ကြ၏။

ယေဇကျေလ အနာဂတ္တိကျမ်း ၃၇

         ယေဇကျေလအနာဂတ္တိကျမ်း ၃၇း၁၀၊ ၁၁ ခန္ဓာကိုယ်၌ အားလုံးသော ယုံကြည်သူတို့သည် အတူတကွလာကြ၏၊ ၎င်းနောက် အသက်ဝိညာဉ်သည် ဝင်လာ၏။ “မှာထားတော်မူသည်အတိုင်း ငါသည်ပုရောဖက်ပြု၍လေသည် သူတို့အထဲသို့ဝင်သဖြင့် သူတို့သည်အသက်ရှင်၍၊ အလွန်များသော ဗိုလ်ခြေဖြစ်လျက် မတ်တတ်နေကြ၏။ ထာ၀ရဘုရားကလည်း၊ အချင်းလူသား၊ဤအရိုးတို့သည် ဣသရေလ အမျိုးအပေါင်းဖြစ်ကြ၏။ ငါတို့ အရိုးများသည် သွေ့ခြောက်ကြ၏။ မျှော်လင့်စရာမရှိ။ ငါတို့သည် ဆုံးရှုံးကြပြီဟု သူတို့ဆိုတတ်ကြ၏။

         ဗျာဒိတ်ကျမ်း ၁၇း၁၊ ၂ အလားတူရောနှောထားသော အရာကို တင်ပြပြီး နောက်ဆုံးအချိန်ကာလတွင် ခြားနားသော လက္ခဏာသင်္ကေတအားဖြင့် ဖြစ်ပေါ်လာပါသည်။ “ဖလားခုနစ်ရှိသော ကောင်းကင်တမန်ခုနစ်ပါးတွင် တစ်ပါးသည်လာပြီးလျှင်၊ ငါ့ကို နှုတ်ဆက်၍၊ လာခဲ့ပါ။ ရေအပေါ်မှာ ထိုင်သော ပြည့်တန်ဆာကြီး၌ စီရင်ခြင်းအမှုကို ငါပြမည်။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့် ပြုကြပြီ။ မြေကြီးသားတို့သည် သူ၏ မတရားသော မေထုန်၏ စပျစ်ရည်နှင့် ယစ်မူးကြပြီဟု ပြောဆိုလျက်၊”

         အယ်လင်ဂျီဝှိုက်သည် ကျမ်းစာတော်မြတ်၏ မြင်ကွင်းမှနေ၍ တွေ့မြင်ရသည့် ပြည့်စုံသောတူညီးမှုသဘောထားကို သတိပြုပါ။ “ဘုရားသခင်၏သန့်ရှင်းသောလုပ်ငန်းကို ရုပ်တု၏ ခြေထောင်ဖြင့် ပုံဆောင်သောအဆင့်သို့ ရောက်လာပါပြီ၊ သံသည် ရွှံ့နွံနှင့် ရောစပ်ထားသောအချိန်သို့ ရောက်လာခဲ့ပါပြီ။ ဘုရားသခင်တွင် မိမိ၏ လူရှိပါသည်။ ရွေးချယ်ခြင်းခံရသောသူ၊ သန့်ရင်းခြင်းရှိရမည်ကို ကောင်းစွာသိရှိပြီးသဘောပေါက်ပါက၊ သစ်သား၊ ကောက်ရိုး၊ရိုးပြတ်တို့၏ အုတ်မြင်ပေါ်တွင် တင်ထားခြင်းဖြင့် မသန့်ရှင်းမစင်ကြယ်သော အရာများမဖြစ်စေရ။ ဘုရားသခင်၏ ပညတ်တော်ပေါ်တွင် သစ္စာရှိသော ဝိညာဉ်တိုင်း၏ ယုံကြည်ခြင်းကို သတ္တမနေ့ဥပုသ်ဖြင့်သာလျှင် ခွဲခြားသိမြင်စေပါသည်။ အကယ်၍ အစိုးရမင်းတို့သည် ဘုရားသခင်မိန့်မြွက်ခဲ့သော် ဥပုသ်တော်နေ့ကို ရိုသေလေးစားပါက၊ ဘုရားသခင်၏ ခွန်အားဖြင့် ရပ်တည်လျက် သန့်ရှင်းသော လူတို့အား ပေးခဲ့သော ယုံကြည်ခြင်းကို ခုခံကာကွယ်နိုင်မည်ဖြစ်ပါသည်။

         နိုင်ငံခေါင်းဆောင်များသည် မှားယွင်းသော ဥပုသ်တော်နေ့ကို အထောက်အခံပြုပြီး သူတို့၏ ယုံကြည်မှုဘာသာကို နုနယ်သော ပုပ်ရဟန်း မင်းကြီး၏ အယူဝါဒကို စောင့်ရှောက်ခြင်းတွင် ရောစပ်ခြင်ဖြင့် ဘုရားသခင် သန့်ရှင်းစေခြင်းနှင့် ကောင်းချီးပေးသော ဥပုသ်တော်နေ့အပေါ်တွင် သီးခြား သန့်ရှင်းစွားစောင့်ထိန်းခြင်း၌လည်းကောင်း၊ သူနှင့် သူ၏ လူစပ်ကြားတွင် မျိုးဆက် ထောင်ပေါင်းတိုင်အောင် လက္ခဏာသက်သေအဖြစ်ထားရှိခဲ့ပါသည်။

         အသင်းတော်၏ လက်မှုပညာနှင့် နိုင်ငံတော်၏ လက်မှုပညာကို ရောစပ်ရာတွင် သံနှင့် အိုးမြေတို့ဖြင့် ပုံဆောင်ထားပါသည်။ ပေါင်းစည်းခြင်းသည့် အားလုံးသော အသင်းတော်၏ အာဏာတန်ခိုးကို အားနည်းစေပါသည်။ အသင်းတော်နှင့် နိုင်ငံတော်ဘာသာကို ရင်းနှီးမြုပ်နှံခြင်းသာ ဖြစ်ပြီး ဆိုးကျိုးသာလျှင် သက်ရောက်လာပါသည်။ ဘုရားသခင်၏ စိတ်ရှည်ခြင်းအမှတ်အသားသို့ လူတို့သည် ကျော်လွှားခဲ့ပါသည်။ သူတို့၏ ခွန်အားကို နိုင်ငံရေးတွင် ရင်းနှီးမြုပ်နှံခဲ့ပြီး ပုပ်ရဟန်းမင်းကြီးနှင့် ပေါင်းစည်းခဲ့ပါသည်။ တစ်နေ့သော အခါတွင် ဘုရားသခင်၏ ပညတ်တော်ကို ပယ်ဖျက်သော သူတို့၏ ဆိုးကျိုးလုပ်ငန်းဖြင့် ဘုရားသခင်သည် သူတို့ကိုစီရင်ရန် အချိန်ရောက်လာပါမည်။

(Manuscript 63, 1899) 4BC 1168.

တောင်

တောင်သည် မြေကြီးတစ်ပြင်လုံးသို့ ပြည့်ခဲ့ပါသည်

         ဒံယေလ အနာဂတ္တိကျမ်းအခန်းကြီး ၂း၃၄၊ ၃၅ “ကိုယ်တော်သည် ကြည့်ရှုတော်မူစဉ်၊ လက်ဖြင့် မထုမလုပ်ဘဲ အလိုလိုဖြစ်သော ကျောက်တစ်လုံးသည် သံနှင့်သရွတ်ဖြစ်သော ရုပ်တု၏ ခြေကိုထိခိုက်၍ ချိုးဖဲ့သည်ရှိသော် သံ၊ သရွတ်၊ ကြေးဝါ၊ ငွေ၊ ရွှေတို့သည် ကျိုးပဲ့ကြွေမွလျက်၊ နွေကာလ၌ ကောက်နယ်တလင်းအမုန့် ကဲ့သို့ဖြစ်သဖြင့် ၊ လေတိုက်လွှင့်၍ သူတို့နေစရာမရှိ၊ ပျောက်လေ၏ ၊ ရုပ်တုကို ထိခိုက်သောကျောက်မူကား၊ တိုးပွားသဖြင့် တောင်ကြီးဖြစ်၍၊ မြေကြီးတစ်ပြင်လုံးကို ဖုံးလွှမ်းသည်ဟု မြင်မက်တော်မူ၏။တောင်သည် မြေပြင်တစ်ခုလုံးသို့ ပြည့်စေသော ခရစ်တော်၏ နိုင်ငံတော်ကို ပုံဆောင်ထားပါသည်။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၂း၄၅ “....ပျက်စီးခြင်းသို့ မရောက်နိုင်သော နိုင်ငံတစ်ခုကို ထိုမင်းကြီးများ လက်ထက်၌ ကောင်းကင်ဘုံ ရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသော လူမျိုးလက်သို့ မရောက်ရဘဲ၊ အထက်ဆိုခဲ့ပြီးသော နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်၊. . . . .”

         ရှင်မဿဲခရစ်ဝင် ၂၁း ၄၂ “ယေရှုကလည်း တိုက်ကို တည်လုပ်သော သူများပယ်ထားသော ကျောက်သည် နောက်တစ်ဖန်တိုက်ထောင့် အထွတ်အဖျားသို့ရောက်ပြန်၏။ ထိုအမှုသည် ထာ၀ရဘုရားပြုတော်မူသော အမှုဖြစ်၏။ ငါတို့မျက်မှောက်၌လည်း အံ့ဩဖွယ်ဖြစ်၏ ဟူသောစကားကိုကျမ်းစာ၌သင်တို့သည် တစ်ခါတစ်ရံမျှ မဖတ်ဖူးသလော။”   “လူလက်ဖြင့် မထုမလုပ်။ဆိုသော် အချက်တွင် ဘာကိုဆိုလိုသနည်း။

         ဟေဗြဲဩဝါဒစာ ၉း၁၁ “ယခုမှာ လူလက်ဖြင့်မလုပ်၊ ဤလောကဓာတ်နှင့် မစပ်ဆိုင်၊ သာ၍ ကြီးမြတ်စုံလင်သော တဲတော်၌ နောက်မင်္ဂလာအကျိုးတို့၏ ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်သည်၊

         ရှင်မာကုခရစ်ဝင် ၁၄း၅၈ “ဤဗိမာန်တော်ကို ငါ့ဖြိုဖျက်၍ လူတို့လက်ဖြင့် မလုပ်သော ဗိမာန်တော် တစ်ဆူကို တည်ဆောက်မည်ဟု ပြောဆိုသည်ကို အကျွန်ုပ်တို့ ကြားရပါပြီဟု သက်သေခံကြ၏။

နောက်ဆုံးခေါ်တော်မူခြင်း

         ရှင်မဿဲခရစ်ဝင် ၂၁း၄၄ “အကြင်သူသည် ထိုကျောက်အပေါ်သို့ကျ၏။ ထိုသူသည် ကျိုးလတ္တံ့။ အကြင်သူ၏ အပေါ်သို့ ထိုကျောက်သည်ကျ၏။ ထိုသူသည် ညက်ညက်ကြေလတ္တံ့ဟု မိန့်တော်မူ၏။

No comments:

Post a Comment