(၁၁) တရားစီရင်ခြင်း၏ သမိုင်းဖြစ်စဉ်
ဆုတောင်း
တမန်တော်တို့၏ ယုံကြည်မှုအယူဝါဒ
တမန်တော်တို့၏
ယုံကြည်မှုအယူဝါဒ (တမန်တော်များအားဖြင့် ပေါင်းစပ်ပါဝင်ခြင်းမဟုတ်ပေ)။ သို့သော်
ထိုသူတို့သေဆုံးပြီးရာ စုနှစ်များစွာကြာမှ သာလျှင် ပေါ်ပေါက်လာပါသည်။
ခရစ်တော်ပြောဆိုသည်အတိုင်း “ကောင်းကင်သို့ တက်ကြွပြီး၊ ဘုရားသခင်၏ လက်ယာဘက်တွင်
ထိုင်တော်မူသော အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်တော်မူ၏။”
၎င်းအချိန်မှစ၍ အသက်ရှင်သောသူနှင့် သေသော သူတို့ကို
တရားစီရင်ရန်ကြွလာမည်။
သခင်ခရစ်တော်ဒုတိယအကြိမ်ကြွလာချိန်တွင်
တရားစီရင်ခြင်းအမှု စတင်ပါမည်လား၊ (သို့မဟုတ်) ခရစ်တော်မကြွလာမီ အချိန်တွင်လား၊
တရားစီရင်ခြင်းအမှုကိစ္စကို ကောင်းကင်တွင် စတင်မည်လား၊ (သို့မဟုတ်)
ခရစ်တော်မြေကြီးအပေါ်သို့ ပြန်လည်ဆင်းသက်ကြွလာမည့် အချိန်တွင်လား။
ဤအရေးကြီးလှသော
အချက်များကို သမ္မာကျမ်းစာတွင် မည်ကဲ့သို့ သွန်သင်ထားကြောင်းနားလည်နိုင်ရန်
ဒံယေလအနာဂတ္တိကျမ်းအခန်းကြီ (၇) ကို ဖွင့်ပြီး အတူတူလေ့လာကြပါစို့။
နိဒါန်းပျိုးစင်းနေရာ
ရူပါရုံမြင်းကွင်းများကို အခန်းငယ် (၁-၁၄) တွင် တင်ပြထားပါသည်။
ဒံယေလအနာဂတ္တိကျမ်း ၇း၁-၃ “ဗာဗုလုန်ရှင်ဘုရင် ဗေလရှာဇာ နန်းစံပထမနှစ်တွင် ဒံယေလသည် အိပ်မက်ကို မြင်၍ အိပ်ပျော်စဉ်၊ စိတ်ထဲ၌ အာရုံပြုပြီးမှ မြင်မက်သောအရာတို့ကို ရေးထားသောအချက်ကား၊ငါဒံယေလသည် ညဉ့်အခါ အာရုံပြု၍၊ မိုးကောင်းကင်လေးမျက်နှာ၌လေတို့သည် မဟာသမုဒ္ဒရာပေါ်မှာ အချင်းချင်းတိုက်ကြလျှင်၊ သဏ္ဌာန်ချင်း မတူသော သားရဲလေးကောင်တို့သည် သမုဒ္ဒရာထဲက ထွက်လာကြ၏။ ပထမသားရဲသည် ခြင်္သေ့နှင့် တူ၏၊ ရွှေလင်း တအတောင်းလည်းရှိ၏။”
မဟာသမုဒ္ဒရာ
ဟေရှာယအနာဂတ္တိကျမ်း
၁၇း၁၂၊ ၁၃ တွင် ကြီးသော သမုဒ္ဒရာ အကြောင်းဖော်ပြထားပါသည်။ “သမုဒ္ဒရာမြည်သံကဲ့သို့
မြည်တတ်သော လူများအလုံးအရင်းတို့လည်ကောင်း၊ အားကြီးသော ရေတို့သည် ဟုန်းသကဲ့သို့
ဟုန်းတတ်သော လူမျိုးတို့သည် ဟုန်းကြသော်လည်း ဆုံးမတော်မူသောကြောင့် အဝေးသို့ ပြေးသွားကြလိမ့်မည်။
တောင်ပေါ်မှာ လေတိုက်၍ လွှင့်သော ဖွဲကဲ့သို့လည်းကောင်း၊ လေပွေ၌ ပါသွားသော
အမှိုက်ကဲ့သို့လည်းကောင်း၊ သူတို့သည် နှင်ခြင်းကို ခံရကြလိမ့်မည်။”
ခြင်္သေ့
ဒံယေလအနာဂတ္တိကျမ်း
၇း၄ တွင် ပထမသားရဲသည် ခြင်္သေ့နှင့် တူပါသည်။ ရှေးဗာဗုလုန်မြို့အဝင်၀တိုင်းတွင် “လူခြင်္သေ့”
ရုပ်တုများကို တွေ့ရှိရပါသည်။ ယေရမိအနာဂတ္တိကျမ်းအခန်းကြီး
၄း၇ တွင်လည်း ယုဒပြည်ကို ဗာဗုလုန်နိုင်ငံတိုက်ခိုက်သိမ်းယူသောအခါ
အလွန်ဆာငတ်ခင်မွတ်နေသော ခြင်္သေ့ရုပ်တုများဖြင့် ပြည့်၀သည်ကို
နှိုင်းယှဉ်ထားပါသည်။ (ရွှေလင်းတအတောင်လည်းရှိ၏။ တိုက်ခိုက်မှုတွင် အောင်နိုင်ရန်
လျက်မြန်ခြင်းကို ပုံဆောင်ပါသည်။)
ငါကြည့်ရှု၍ နေစဉ် သူ၏ အတောင်ကို နုတ်ကြ၏။ မြေမှကိုယ်ကို ချီကြွလျက် လူကဲ့သို့ ခြေဖြင့်မတ်တတ်ရပ်၍၊ လူ၏စိတ်သဘောကိုလည်းရ၏။(Richard)
the Lion Hearted: the Wizard of Oz) “ငါကြည့်ရှ၍ နေစဉ်၊ သူ၏
အတောင်ကို နုတ်ကြ၏၊ မြေမှကိုယ်တိုင်ချီကြွလျက် လူကဲ့သို့ ခြေဖြင့် မတ်တတ်ရပ်၍
လူစိတ်သဘောကိုလည်းရ၏၊ ဒုတိယသားရဲသည် ဝံနှင့်တူ၏။”
ဝက်ဝံ
ဒံယေလအနာဂတ္တိကျမ်း
၇း၅ တွင် ဝံနှင့် တူသော ဒုတိယ သားရဲသည် တစ်ဘက်တွင် ကိုယ်ကို ချီကြွ၏။ ပါးစပ်လည်း
နံရိုးသုံးချောင်းကို ကိုက်လျက်နေ၏။ (နောက်တစ်ကြိမ်တရားဟောချက် အတွက်သတိရပါ)
သွားနှင့် ပါးစပ်ကြားတွင် ရှိသော နံရိုးသုံးချောင်းတွင် (၁) လေးဒီယား
(ရှေးတူရကီအနာတိုးလီးယားနိုင်ငံ) ၅၄၇ ဘီစီတွင် တိုက်ခိုက်သိမ်းယူခဲ့ပါသည်။ (၂)
ဗာဗုလုန်နိုင်ငံကို ၅၃၉ ဘီစီတွင် အောင်မြင်ခဲ့ပါသည်။ (၃) အဲဂုတ္တုနိုင်ငံကို ၅၂၅ ဘီစီတွင်
အဓမ္မလက်နက်ချစေခဲ့ပါသည်။ “တစ်ဘက်၌ ကိုယ်ကိုကိုယ်ချီကြ၏။ ပါးစပ်၌
နံရိုးသုံးချောင်းကို ကိုက်လျက်ရှိ၏။
သင်ထလော့၊ အသားများကို ကိုက်စာလော့ဟု
သူ့အားပြောကြ။”
ကျားသစ်
ဒံယေလအနာဂတ္တိကျမ်း ၇း၆ တစ်ဖန်ငါကြည့်ရှုပြန်၍ ကျားသစ်နှင့်တူသော သားရဲတစ်ကောင်သည် ထင်ရှားလာ၏။ ကျောပေါ်မှာ ငှက်အတောင် (၄) ခုသည် ပိုမို၍ မြန်ဆန်သော အဓိပ္ပါယ်တင်ပေါ်သည်။ (Alexander The Great) onf (Near East) အရှေ့အလယ် ပိုင်းနိုင်ငံများဖြစ်သည်။ (အဲဂုတ္ထု တိုင်းပြည်မှစ၍ အိန္ဒိယနိုင်ငံ၊ အိန္ဒုမြစ်ဝှမ်းအထိ ၅၄၇ ဘီစီတွင် (၃) နှစ် အချိန်တိုအတွင်း အုပ်ချုပ်ခဲ့ပါသည်။ “တစ်ဖန်ငါကြည့်ရှုပြန်၍၊ ကျားသစ်နှင့် တူသော သားရဲတစ်ကောင်သည် ထင်ရှား၏။ ကျောပေါ်မှာ ငှက်အတောင်လေးခုရှိ၏။ ခေါင်းလေးလုံးနှင့် ပြည့်စုံ၏။အုပ်စိုးရသော အခွင့်လည်းရှိ၏။” ဒံယေလအနာဂတ္တိကျမ်း ၈း၅ တွင် (ဆိတ်တစ်ကောင်သည် မြေကိုမနင်းဘဲ မြေကြီးတစ်ပြင်လုံးကို ကျော်လွှား၏။) ထိုသားရဲသည်လည်း ခေါင်းလေးလုံးရှိပါသည်။ (နောက်တစ်ကြိမ်တရားဟောချက်အတွက် သတိရပါ)Alexander The Great သေဆုံးသည့်နောက်ပိုင်းတွင် ဟေလသ (ဂရိ) နိုင်ငံသည် လေးပိုင်းပိုင်းခြား၍ နိုင်ငံတော်ကို တည်ထောင်ပြီး ကိုယ်ပိုင်အုပ်ချုပ် ရေးအာဏာကိုလည်း အပ်နှင်းထားပါသည်။ သားရဲသုံးကောင်တွင် ပထမ သားရဲကို နားလည်နိုင်ရန် သမိုင်းကြောင်းကို ကြည့်စရာမလိုပါ။ ဒံယေလ အနာဂတ္တိကျမ်း ၅ တွင် ပထမသားရဲနှစ်ကောင်မှာ ဗာဗုလုန်နိုင်ငံနှင့် မေဒိပေရသိနိုင်ငံဖြစ်ပြီး ဒံယေလအနာဂတ္တိကျမ်း ၈ တွင် တတိယနိုင်ငံသည် ဟေလသနိုင်ငံဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဒံယေလအနာဂတ္တိကျမ်း
၇း၇ “ထိုညဉ့်အခါ၊ တစ်ဖန်ငါသည် အာရုံပြုစဉ်၊ ကြီးစွာသော ခွန်အားနှင့် ပြည့်စုံ၍
အလွန်ကြောက်မက်ဖွယ်သော စတုတ္ထသားရဲသည် ထင်ရှား၏။ ကြီးစွာသောသံသွားလည်းရှိ၏။”
“ရောမ
နိုင်ငံတည်းဟူသောသံနိုင်ငံတော်”ဟု ရောမအင်ပါယာ၏ ရာဇဝင်ဆရာ (Edawd Gibbon)ကရေးသားခဲ့ပါသည်။) သူသည် ရောမအင်ပါယာ၌
အရေးနှိမ့်ကျဆုံးမှုတွင် ရာဇဝင်အတွဲ ၅ တွဲ ရေးသားဖော်ပြခဲ့ပါသည်။
ဝါးမြို့ဖျက်ဆီးခြင်း၊ အစိတ်စိတ် အမြွာမြွာဖျက်ဆီးခြင်း။ ကျန်ကြွင်းသော
နေရာများကိုလည်း ခြေဖြင့်နင်းချေ၍ ဖျက်ဆီးပါသည်။
ချိုဆယ်ချောင်း
ဒံယေလအနာဂတ္တိကျမ်း
၇း၇ ချိုဆယ်ချောင်းသည် အရင်သားရဲ ရှိသမျှတို့ထက်ထူးခြား၏။ ချိုဆယ်ချောင်းရှိ၏။
(ချိုဆယ်ချောင်းသည် စတုတ္ထသားရဲ၏ ခေါင်းပေါ်တွင် ပေါက်သော ရုပ်တု၏
သံခြေထောက်နှင့်လည်းတူ၏။)
“ကိုယ်စားချိုးဖဲ့၍ ကြွင်းသောအရာကို ခြေဖြင့်နင်းချေ၏။ သူသည်
အရင်သားရဲရှိသမျှတို့ထက်ထူးခြား၏ ၊ ချိုဆယ်ချောင်းလည်းရှိ၏။”
၁၇၀
1/(the Alemanni - *smrPDEdkifiH)? 2/ (the Franks - jyifopfEdkifiH)? 3/ (the Burgundians - qGpfZmvefEdkifiH)? 4/ (the Suevi - ay:wl*DEdkifiH)? 5/ (the Visigoths - pydefEdkifiH?)? 6/ (the Sexons - t*FvefEdkifiH)? 7/ (the Lombards - [efa*&DEdkifiH)? 8/ (the Heruli - tDwvDEdkifiH - 493) 9/ (the Vandals - vpfAsm;tD*spfEdkifiH - 534) ? 10/ (the Ostrogoths - *&dEdkifiH - 538)/
၄ ရာစုတွင်
နေထိုင်သူရာဇဝင်ဆရာ Jနမသာန က ရောမအင်ပါယာ ပြိုကွဲရသောအကြောင်းကို ဤကဲ့သို့ရေးသားခဲ့ပါသည်။ ထို့ပြင်
စတုတ္ထနိုင်ငံသည် ရောမနိုင်ငံနှင့် သာ သက်ဆိုင်သော သံနိုင်ဖြစ်ပြီး
အရာခပ်သိမ်းတို့ကို နှိပ်ကွပ်ခဲ့၍ အစိတ်စိတ်အမြွှာမြွှာပျက်စီးခဲ့ပါသည်။ သို့သော်
၎င်းအချိန်တွင် ခြေထောင်နှင့် ခြေဖျားတွင် သံနှင့် သရွတ် ရောနှောထားပါသည်။
ဤကဲ့သို့ ဖြစ်ပျက်ချိန်တွင် Jနမာသန နေထိုင်ခဲပါသည်။
ချိုငယ်
ဒံယေလ
အနာဂတ္တိကျမ်း ၇း၈ “ထိုချိုတို့ကို ငါကြည့်ရှုစဉ်၊ ချိုများအလယ်၌
ချိုငယ်တစ်ချောင်းသည် ပေါက်ပြန်၏။” (ရောမအင်ပါယာထဲမှ အစိတ်အပိုင်းဆယ်ခု) “ထိုချိုငယ်ရှေ့မှာ
အရင်ချိုသုံးချောင်းကို အမြစ်နှင့်တကွနုတ်လေ၏၊” ၈။ (the Heruli - အီတလီနိုင်ငံ - ၄၉၃) ၉။ (the Vandals - လစ်ဗျားအီဂျစ်နိုင်ငံ - ၅၃၄) ၊ ၁၀။ (the Ostrogoths - ဂရိနိုင်ငံ
- ၅၃၈) “ထိုချိုငယ်သည် လူမျက်စိကဲ့သို့သော မျက်စိနှင့်လည်းကောင်း၊ ကြီးစွာသော
စကားကို ပြောတတ်သောနှုတ်နှင့်လည်းကောင်း ပြည့်စုံ၏။” ဤချိုငယ်သည် မည်မျှကြာရှည်စွာ အုပ်စိုးသွားမည်ကို
မသိရသော်လည်း၊ ရူပါရုံတွင် ရှင်းလင်းစွာ ဖော်ပြချက်အရ ပိုမို၍
ထင်ရှားလာမည်ဖြစ်ပါသည်။
တရားစီရင်ခြင်း
ဒံယေလအနာဂတ္တိကျမ်း ၇း၉၊ ၁၀ “ထိုအခါ ငါကြည့်ရှုစဉ်၊ ရာဇပလ္လင်များကို တည်ထားလျက်ရှိ၍၊” (ကောင်းကင်နိုင်ငံတော်တရားသူကြီးအဖွဲ့) “အသက်ကြီးသော သူတစ်ဦးသည် ထိုင်တော်မူ၏။” (ယခင်အချိန် ဤကဲ့သို့ထိုင်မည်မဟုတ်ပေ) “အဝတ်တော်သည် မိုးပွင့်ကဲ့သို့ဖြစ်၏။ ဆံပင်တောသည် ဖြူသောသိုးမွေးနှင့်တူ၏။ ပလ္လင်တော်သည် မီးလျှံဖြစ်၏။ ပလ္လင်တော်အောက်၌ မီးစက်လှည်းဘီးရှိ၏။ မျက်နှာတော်မှာ မီးရောင်ခြည်ထွက်လေ၏။ အတိုင်းမသိများစွာသော သူတို့သည် အမှုတော်ကို ဆောင်ရွက်၍၊ ကုဋေသင်္ချေမက ရှေ့တော်၌ ခစား၍ နေကြ၏။ တရားစီရင်ခြင်းငှာ ပြင်ဆင်၍၊ စာစောင်များကို ဖွင့်ထား၏။” (တရားစီရင်ခြင်းအမှုသည် ခရစ်တော်ပြန်လည် မကြွလာမီအချိန်တွင် ကောင်းကင်နိုင်ငံတော်၌ အစပြုသည်မှာ ထင်ရှားပါသည်။)
ဒံယေလအနာဂတ္တိကျမ်း
၇း၁၃၊ ၁၄ “ထိုညဉ့်အခါ ငါသည် အာရုံပြု၍ ၊ လူသားနှင့် တူသော သူတစ်ဦးသည်
မိုးတိမ်ကိုစီးလျက်၊” (ထိုအချိန်က ထိုနေရာကို ရောက်ဖူးမည်မထင်ပေ) ထိုနောက်တွင် (မိုးတိမ်များ -
ကောင်းကင်တမန်များ) သူ့ရှေ့တော် အနီးသို့ ခေါ်ဆောင်လာပါသည်။ “အသက်ကြီးသောသူ၏ အထံတော်သို့ရောက်လေ၏။
ထိုသူကို အထံတော်ပါးသို့ သွင်းကြ၏။ ၁၄၊ (ထိုနေရာသို့ မည်သည့်အရာကို
လက်ခံရန်သွားသနည်း) “အရပ်ရပ်တို့၌ နေ၍၊ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသော
လူမျိုးတကာတို့ကို အုပ်စိုးစေခြင်းငှာ၊ ထိုသူသည် နိုင်ငံနှင့်တကွ
အာဏာစက်တန်ခိုးကိုရ၏။ အာဏာစက်တော်သည် ကမ္ဘာအဆက်ဆက်တည်၏။ နိုင်ငံတော်သည်
ပျက်စီးခြင်းသို့ မရောက်နိုင်ရာ၊”
ဒံယေလ၏ ပူဆွေးသောက- အတိုချုပ်ရှင်းပြချက်
ဒံယေလအနာဂတ္တိကျမ်း ၇း၁၅-၁၈ ဒံယေကိုပူဆွေးသောက ဖြစ်စေသော ရူပါရုံကြောင့် ကောင်းကင်တမန်ဂါဗြေလအား မိမိ၏ ရူပါရုံအဓိပ္ပာယ်ကို ရှင်းပြရန် တောင်းဆိုခဲ့ပါသည်။ ၎င်းနောက် ကောင်းကင်တမန်ဂါဗြေလသည် သူ၏ ရူပါရုံကို အတိုချုပ်ရှင်းပြခဲ့ပါသည်။ “ငါဒံယေလသည် ကိုယ်ခန္ဓာတုန်လှုပ်၍၊ ထိုရူပါရုံကြောင့် စိတ်ပူပန်ခြင်းရှိလျှင်၊ အနား၌ ရပ်နေသော သူတစ်ယောက် ထံသို့သွား၍ ယခုမြင်သမျှကား၊ အဘယ်သို့ ဆိုလိုသနည်းဟု မေးမြန်းသော်၊ ထိုသူက ဤသားရဲလေးကောင်တို့သည် မြေကြီးအပေါ်မှာ ပေါ်လတ္တံ့သော နိုင်ငံလေးပါဖြစ်၏။ (ဒံယေလအနာဂတ္တိကျမ်း ၇း၂၃ တွင် ဖော်ပြထားသော နိုင်ငံလေးနိုင်ငံဖြစ်ပြီး စတုတ္ထသားရဲကို “နိုင်ငံ”ဟု ခေါ်ဆိုသည်။ ဒံယေလအနာဂတ္တိကျမ်း ၂း၃၈၊ ၃၉ ကို လည်းကြည့်ပါ။) မြေကြီးပေါ်တွင် ပေါ်လာပါသည်။ “သို့သော်လည်း အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသူတို့သည်” (သခင်ယေရှုသည် သူ၏သန့်ရှင်းလူတို့ကို ပေးကမ်းရန်) “နိုင်ငံကို သိမ်းယူ၍ ကမ္ဘာအဆက်ဆက်ခံစားကြလတ္တံ့ဟု အနက်အဓိပ္ပါယ်ကို ကြားပြော၏။”
ဒံယေလသိမြင်နားလည်ရန် အလိုရှိသည်
ဒံယေလအနာဂတ္တိကျမ်း
၇း၁၉-၂၀ ဒံယေလက စတုတ္ထသားရဲ၊ ချိုဆယ်ချောင်းနှင့် ချိုငယ်အကြောင်းကို
သိမြင်နားလည်ရန် အလိုရှိပါသည်။”ထိုအခါ အခြားသောသားရဲထက်ထူးခြား၍
အလွန်ကြောက်မက်ဖွယ်ဖြစ်လျက်၊ သံသွားနှင့်လည်းကောင်း၊ ကြေးဝါလက်သည်း
ခြေသည်းနှင့်လည်းကောင်း ပြည့်စုံသဖြင့်၊ ကိုယ်စား၍ချိုးဖဲ့၍ ကြွင်းသမျှကို
ခြေဖြင့်နင်းချေတတ်သော စတုတ္ထသားရဲကား၊ အဘယ်သို့ ဆိုလိုသည်ကိုလည်းကောင်း၊
သူ၏ခေါင်း၌ရှိသော ချိုဆယ်ချောင်းကား၊ အဘယ်သို့ဆိုလိုသည်ကိုလည်းကောင်း၊ နောက်ပေါက်၍
အရင်ချိုသုံးကြောင်းကို နုတ်၍၊ ကြီးစွာသောစကားကို ပြောတတ်သော နှုတ်နှင့်
မျက်စိရှိသဖြင့်၊ မိမိအဖော်တို့ထက် သာ၍ ရဲရင့်သော မျက်နှာအဆင်းရှိသော
ချိုတစ်ချောင်းကား၊ အဘယ်သို့ဆိုလိုသည်ကို လည်းကောင်းသိခြင်းငှာ ငါအလိုရှိ၏။”
ဒံယေလသိမြင်နားလည်းရန်အလိုရှိသည်
ဒံယေလအနာဂတ္တိကျမ်း ၇း၂၃-၂၅ စတုတ္ထသားရဲ၊ ချိုဆယ်ချောင်းနှင့် ချိုးငယ်တို့အကြောင်းကို ဂါဗြေလကပြည့်စုံစွာ ရှင်းပြခဲ့ပါသည်။ မှတ်သားရန်အချက်များမှာ ဒံယေလအနာဂတ္တိကျမ်း ၇ တွင် ရောမအင်ပါယာသည် အဆင့် (ခေတ်) သုံးဆင့်ရှိကြောင်းကို ရှင်းလင်းစွာတွေ့မြင်ရပါသည်။ သို့ဖြစ်၍
(၁) စတုတ္ထသားရဲသည်
မြေကြီးပေါ်တွင် နိုင်ငံ ၄ နိုင်ငံကို ပုံဆောင်သည်။ ၎င်းသည် အခြားသော
နိုင်ငံရှိသမျှတို့ ထက်ခြားနား၍ ထိုနိုင်ငံသည် မြေကြီးရှိသမျှကို
ကိုက်စားချိုးဖဲ့နင်းချေလိမ့်မည်။ “(၂၄)၊ ထိုနိုင်ငံ၌ ပေါက်သောချိုဆယ်ချောင်းသည့်
ပေါ်လတ္တံ့သော မင်းကြီးဆယ်ပါးဖြစ်၏။”
(၂) ချိုဆယ်ချောင်းသည်
ပေါ်လတ္တံ့သော မင်းကြီးဆယ်ပါးဖြစ်၍ နိုင်ငံထဲမှ ထွက်ပေါ်လာပါသည်။
(၃) သူတို့နောက်
အခြားသောမင်းကြီးပေါ်လာလိမ့်မည်။ (၄၇၆ ခုနစ်နောက်ပိုင်းတွင် ပေါ်လာမည်) “သူတို့နောက်
အခြားသော မင်းကြီးပေါ်လာလိမ့်မည်၊ အရင်မင်းကြီးထက်ထူးခြား၍ သုံးပါးတို့ကို
နှိမ့်ချလိမ့်မည်။” “အမြင့်ဆုံးသော ဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသော စကားကို ပြောလိမ့်မည်၊
အမြင့်ဆုံးသော ဘုရား၏သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်၊ ကာလအချိန်နှင့်
ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှာ ကြံစည်လိမ့်မည်၊ တစ်ကာလ၊ နှစ်ကာလ၊
ကာလတစ်ဝက်ပတ်လုံး သူသည် အခွင့်ရလိမ့်မည်။”
ရှင်ယောဟန်ခရစ်ဝင်
၁ဝး၃၃ “ယုဒလူတို့က၊ ကောင်းသောအမှုကြောင့် ခဲနှင့်ပစ်မည်မဟုတ်။ သင်သည် လူဖြစ်လျက်ပင်
ဘုရားသခင်ဖြစ်ယောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူးသော စကားကြောင့် ခဲနှင့်ပစ်မည်ဟု
ဆိုကြ၏။”
ရှင်မာကုခရစ်ဝင် ၂း၇ “ဤသူသည် ဘုရားကို လွန်ကျူး၍ အဘယ်ကြောင့် ဤသို့ပြောရသနည်း။ ဘုရားသခင်မှတစ်ပါး အဘယ်သူသည် အပြစ်ကိုလွှတ်နိုင်သနည်းဟု စိတ်ထဲမှာ ထင်မှတ်ကြ၏။”
ချိုငယ်၏ ထင်ရှားသော လက္ခဏာကိုပြန်လည်ဆန်းစစ်ကြည့်ခြင်း
၁။ ချိုငယ်သည် စတုတ္ထသားရဲမှ
ပေါ်လာပါသည်။ (ဒံ ၇း၈) စတုတ္ထသားရဲသည် ရောမနိုင်ငံကို ပုံဆောင်ထားပါသည်။
ထိုကြောင့် ချိုငယ်သည် ရောမနိုင်ငံ၏ တန်ခိုးအာဏာဖြစ်ရမည်။
၂။ ချိုငယ်သည် ချိုဆယ်ချောင်းမှ
ထွက်လာပါသည်။ ချိုဆယ်ချောင်းသည် အနောက်ဥရောပတိုက်၏ အစိတ်အပိုင်းဖြစ်ပြီး
ချိုငယ်သည် အနောက် ဥရောပတွင် ပေါ်လာပါသည်။ (ဒံ ၇း၈) မှတ်သားဖွယ်ရာအချက်မှာ
ပထမထူးခြားသော ဝိသေသလက္ခဏာနှစ်ခုမှ ဤချိုငယ်အား ကမ္ဘာမြေပုံ၏ တည်နေရာဖြစ်သော
အနောက်ပိုင်းဥရောပတွင် ကန့်သတ်ထားပါသည်။
၃။ ချိုငယ်သည် ချိုဆယ်ချောင်းနောက်ပိုင်းတွင်
ပေါ်လာပါသည်။ (ဒံ ၇း၂၄) ရာဇဝင်ဆရာများ၏ ဖော်ပြရေးသားချက်များအရ ချိုဆယ်ချောင်းသည်
သက္ကရာဇ် ၄၇၆ အေဒီတွင် ပြည့်စုံသွားပါသည်။ သို့ပါသောကြောင့် ဤချိုငယ်သည် ၄၇၆ အေဒီ
နောက်ပိုင်းတစ်ချိန်ချိန်တွင် တန်ခိုးတက်လာမည်ဟု ကောက်နုတ်ချက်ချရသည်။
၄။ ပထမချိုငယ်သည်
ချိုဆယ်ချောင်းထဲမှ အရင်ချိုသုံးချောင်းကို အမြစ်နှင့် တကွ နုတ်လေ၏။ (ဒံ ၇း၈)
အဓိပ္ပါယ်ဆိုလိုသည်မှာ ဤနိုင်ငံသုံးနိုင်ငံသည် ကမ္ဘာသမိုင်းတွင် အမြစ်မှနေ၍
နုတ်ပယ်ခြင်းခံရပါသည်။ အခြားသော စကားဖြင့် ပြောရလျှင် ဆယ်နိုင်ငံထဲမှ
သုံးနိုင်ငံသည် ကမ္ဘာသမိုင်းမှ ပျောက်ကွယ်သွားမည်။ ဤအချက်ကား ရိုရှင်းစွာ
မှန်ကန်ပါသည်။ ၈။ (the Heruli - - အီတလီနိုင်ငံ - ၄၉၃) ၉။ (the Vandals - လစ်ဗျားအီဂျစ်နိုင်ငံ - ၅၃၄) ၊ ၁၀။ (the Ostrogoths ဂရိနိုင်ငံ - ၅၃၈ တွင်လည်းကောင်း)
အမြစ်မှ နုတ်ပယ်ခြင်းခံခဲ့ရပါသည်။
၅။ ချိုငယ်သည် အမြင့်ဆုံးသော ဘုရားကို ဆန့်ကျင်ဘက်ပြုမည်။ (ဒံယေလ ၇း၂၁-၂၅) နှင့် တူညီသော အနာဂတ္တိစကားကို ဗျာဒိတ်ကျမ်း ၁၃း၅ တွင်လည်း ဘုရားသခင်အားစော်ကားသော အမူအရာပင်ဖြစ်ပါသည်။ ကျမ်းစာတော်မြတ်အရ ဤစော်ကားသော အမူအရာသည် ဘာကိုဆိုလိုသနည်း။ အုပ်ချုပ်သူ၏ အထူးအခွင့်အရေးနှင့် ဘုရားသခင်၏လုပ်ကိုင် ဆောင်ရွက်မှုတို့ကို ကျင့်သုံးနိုင်သည်ဟု ထင်မှတ်၍ လူသား၏ တန်ခိုးဖြင့် လောကတွင် နေထိုင်ပြီး ဘုရားဖြစ်ကြောင်းထင်မှတ်ကြပါသည်။(ယော ၁ဝး၃၀-၃၃။ မာကု ၂း၇ ကိုကြည့်ပါ)
“အသင်းတော်တွင် အာဏာကြီးမားသော ပုဂ္ဂိုလ်သည်
ရောမပုပ်ရဟန်းမင်းဖြစ်သည်။ စိတ်သဘောပေါင်းစည်းခြင်း အကြောင်းကြောင့် အသင့်တော်၏
အလိုဆန္ဒနှင့် မိမိကိုယ်တိုင် ဘုရားသခင်ကဲ့သို့ထင်မှတ်သော
ရောမပုပ်ရဟန်းမင်းကြီးကို လုံးလုံးလျားလျားနာခံမှုနှင့် လိုက်နာမှုတွင်
ယုံကြည်ခြင်း တစ်ခုတည်းဖြင့်သာ ပြည့်စုံစွာ လိုက်နာရန် လိုအပ်ပါသည်။”
Pope Leo Xiii.
၆။ ချိုငယ်သည် ဘုရားသခင်၏ လူတို့ကို
ဆန့်ကျင်၍ ညှဉ်းဆဲနှိပ်စက်ခြင်း တန်ခိုးဖြစ်သည်။ ထိုအချက်ကို ဒံ ၇း၂၁ တွင်
ဖော်ပြပြီး အခန်းငယ် ၂၅တွင် လည်း အလားတူပြန်၍ ဖော်ပြပြန်ပါသည်။
ညှဉ်းဆဲနှိပ်စက်ခြင်းသည် စုံစမ်းမေးမြန်းခြင်အနေနှင့်လည်း ပတ်သက်၍ လုပ်ဆောင်ခြင်း
သို့ဆောင်ရွက်မှုတွင် ပုပ်ရဟန်းမင်းကြီးဂျွန်ပေါလ်တတိယမြောက်၏။ ရေးသားခဲ့သော
သတိကြီးစွာဖြင့်မူကြမ်းတောင်းပန်စာတွင်ပါ ရှိသောအသင်းတော်တွင် အချို့သော သူတို့၏
လမ်းလွှဲစေသော အသင်းဝင်တစ်ခု နောက်သို့လိုက်နာခြင်းမဟုတ်ဘဲ
အများနှင့် ဆန့်ကျင်သော ဝါဒကို အမြစ်မှ နုတ်ပယ်ရန် တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။
(ပီရူးနိုင်ငံ၊ လိုင်းမာမြို့တွင် စုံစမ်းမေးမြန်းခြင်းဆိုင်ရ နန်းတော်သို့
အလည်အပတ်ရောက်ခဲ့သောအကြောင်းကိုသာ ပြောခြင်းဖြစ်ပါသည်။
၇။ ချိုငယ်သည်
ရဲဝံ့သောတင်ပြချက်ရှိပြီး ဘုရားသခင်၏ သန့်ရှင်းသော ပညတ်တော်ကို ပြောင်းလဲရန်
တတ်နိုင်ခြင်း (ဒံ ၇း၂၅) အချက်တွင် အလေးအနက်ဖော်ပြပါသည်။ အဘယ်ကြောင့်ဆိုသော်
ကောင်းကင်တမန် လူစီဖာသည်လည်း ဘုရားသခင်၏ ပညတ်တော်တို့ကို ပြောင်းလဲလိုပါသည်။
၈။ ဤတန်ခိုးအာဏာသည် တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်အချိန်ကို အုပ်စိုးရန် ကြံစည်လိမ့်မည်။ (ဒံ ၇း၂၅) ဤအချိန်သည် ၄၂-လ (သို့မဟုတ်) ၁၂၆၀ ရက်ဖြစ်သည်။ (ဗျာ ၁၃း၅၊ ၆။ ၁၂း၆၊ ၁၃-၁၅ ကိုကြည့်ပါ) ကျမ်းစာ၏ အနာဂတ္တိစကားတွင် တစ်ရက်သည် တစ်နှစ်နှင့် ညီမျှသောကြောင့် တန်ခိုးအာဏာသည် နှစ်ပေါင်း ၁၂၆၀ အုပ်စိုးခဲ့ပါသည်။
တန်ခိုးအာဏာကို ယူဆောင်သွားခြင်း
ဒံယေလအနာဂတ္တိကျမ်း
၇း၂၆၊ ၂၇ “ထိုနောက်မှ တရားစီရင်ခြင်း ဖြစ်လိမ့်မည်။ ထိုအခါ သူ၏ တန်းခိုးအာဏာကို
နုတ်၍ ရှင်းရှင်းဖျက်ဆီးကြလိမ့်မည်။ ကောင်းကင်အောက်၌ နိုင်ငံနှင့်တကွ
အာဏာစက်ဘုန်းတန်းခိုး ရှိသမျှကို အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသော
အမျိုးသားတို့သည် ရကြလိမ့်မည်။ ထိုဘုရားသခင်၏ နိုင်ငံတော်သည် ထာ၀ရနိုင်ငံဖြစ်၏။
မင်းကြီးအပေါင်းတို့သည် တိုးဝင်၍ ကျွန်ခံရကြလိမ့်မည်။”
တရားစီရင်းခြင်းအကြောင်း
လေးနက်စွာဖော်ပြရာတွင် နှစ်ပေါင်းတစ်ထောင် အတွင်း၌ တရားစီရင်ခြင်းကဲ့သို့
ချိုငယ်သာလျှင်မကပါ၊ ခေါင်းဖြတ်စတေးခံရသော သူများကဲ့သို့ မဟုတ်ပါ။ ဥပုသ်နေ့သည်လည်း
ယုဒလူမျိုးအတွက် ချန်လှပ်ထားခြင်းမကပါ။ ဘုရားသခင်သည် ပညတ်တော်နှင့် ပညတ်တော်
အလုံးစုံတို့ကို ယုဒလူမျိုးတို့အား ပေးထားခဲ့ပါသည်။
ဗျာဒိတ်ကျမ်းမြင်ကွင်း
ဗျာဒိတ်ကျမ်း ၁၂း၁-၅ ချိုဆယ်ချောင်း နဂါးသည် ရောမအင်ပါယာကို ပုံဆောင်ထားကြောင်း ပေါ်လွင် ထင်ရှားပါသည်။ “ကောင်းကင်၌ ကြီးစွာသော နိမိတ်လက္ခဏာဟူမူကား၊ မိန်းမတစ်ဦးသည် နေကို ဝတ်လျက်၊ လကို ခြေဖြင့် နှင်းလျက်၊ မိမိခေါင်းပေါ်၌ ကြယ်ဆယ်နှစ်လုံးဖြင့် ပြီးသော သရဖူကို ဆောင်းလျက် ပေါ်လာ၏။ ထိုမိန်းမသည် ကိုယ်ဝန်ဆောင်၍ ဖွားအံ့သော ဝေဒနာပြင်းသောကြောင့် ဟစ်အော်လေ၏။ ကောင်းကင်၌ အခြားသော နိမိတ်လက္ခဏာပေါ်လာသည်ကား၊ အဆင်းနီသော နဂါးကြီးသည် ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ခေါင်းပေါ်၌ သရဖူခုနစ်ဆူကို ဆောင်းလျက်ရှိ၏။ သူ၏အမြီးသည် ကောင်းကင်ကြယ်သုံးစု တစ်စုကို ဆွဲငင်၍ မြေကြီးသို့ ချလိုက်လေ၏။ သားကို ဖွားလုသော မိန်းမသည် ဖွားသောအခါ၊ နဂါးသည် ထိုသားကို ကိုယ်စားမည့်အကြံနှင့် မိန်းမရှေ့၌ ရပ်နေ၏။ ထိုမိန်းမသည် လူမျိုးတကာတို့ကို သံလှံတံနှင့် အုပ်စိုးလတ္တံ့သော သားယောက်ျားကို ဖွားမြင်၏။ ထိုသားကို ဘုရားသခင့်ထံသို့လည်းကောင်း၊ ပလ္လင်တော်သို့လည်းကောင်း ချီယူဆောင်မူ၏။”
ရှင်မဿဲခရစ်ဝင်
၂း၁၆၊ ၁၇ “ထိုအခါ ဟေရုမင်းကြီးသည် မာဂုပညာရှိတို့ လှည့်ဖြားသည်ကိုသိလျှင်၊
ပြင်းစွာအမျက်ထွက်၍ လူကို စေလွှတ်သဖြင့်၊ မာဂုပညာရှိတို့၌ စေ့စေ့မေးမြန်းပြီးသော
ကြယ်၏ အချိန်ကာလကို ထောင်၍၊ ဗက်လင်မြို့မှစသော ကျေးလက်ရှိသမျှတို့၌
နှစ်နှစ်အရွယ်မှစ၍၊ ထိုအရွယ်အောက် ယုတ်သော သူငယ်ယောက်ျားအပေါင်းတို့ကို သတ်စေ၏။
ပုရောဖက်ယေရမိဟောဖူးသည်ကား၊”
ဗျာဒိတ်ကျမ်း
၁၃း၁၊ ၂ ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၇ ကို ကိုးကားထားသောအချက်ကို ပေးထားပါသည်။ “ပင်လယ်နား၌
သဲပေါ်မှာ ငါရပ်၍၊ သားရဲတစ်ကောင်သည် ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ
ချိုပေါ်၌ သရဖူ ဆယ်ဆူကိုဆောင်လျက်၊ ပင်လယ်ထဲကတက်သည်ကို မြင်၏။ ထိုသို့ ငါမြင်သော
သားရဲသည် ကျားသစ်နှင့်တူ၏။ သူ၏ ခြေသည် ဝံခြေကဲ့သို့ ဖြစ်၏။ သူ၏ နှုတ်သည်လည်း
ခြင်္သေ့နှုတ်ကဲ့သို့ဖြစ်၏။ နဂါးသည် မိမိတန်ခိုးနှင့် မိမိပလ္လင်ကိုလည်းကောင်း၊
ကြီးစွာသော အာဏာစက်ကိုလည်းကောင်း သားရဲ၌အပ်ပေး၏။”
ဗျာဒိတ်ကျမ်း ၁၃း၅၊ ၇ ချိုငယ်ကဲ့သို့ပင် လုပ်ဆောင်မှုနှင့် အချိန်သည် တူညီပါသည်။ “ထိုသားရဲသည်လည်း ကြီးစွာသော စကားကိုလည်းကောင်း၊ ဘုရားသခင်ကို ပြစ်မှားသော စကားကိုလည်းကောင်း ပြောတတ်သော နှုတ်နှင့် ပြည့်စုံ၍ လလေးဆယ်နှစ်လပတ်လုံး စီရင်ရသော အခွင့်ကိုရ၏။ သန့်ရှင်းသူတို့ကို စစ်တိုက်၍ နိုင်ရသော အခွင့်ကိုရ၏။”
ဗျာဒိတ်ကျမ်း
၁၃း၆ ချိုငယ် (သို့မဟုတ်) သားရဲ၏ ကဏ္ဍာန်ကို လာမည့်တရားဟောချက်တွင် ကြားရပါမည်။
ဤအချက်တွင် ဒံယေလ အခန်းကြီး ၈ တွင် ပါဝင်သော ချိုငယ်၏ ထူးခြားသည့်
ဝိသေသများဖြစ်ပါသည်။ “ဘုရားသခင်ကို ပြစ်မှားသောစကားအားဖြင့် နာမတော်နှင့်
တဲတော်ကိုလည်းကောင်း၊ ကောင်းကင်သားတို့ကိုလည်းကောင်း ပြစ်မှားခြင်းငှာ နှုတ်ကို
ဖွင့်ထား၏။”
ဗျာဒိတ်ကျမ်း
၁၄း၆၊ ၇ ဤတရားစီရင်ခြင်းသည် ဒုတိယကြွလာခြင်း မတိုင်မီ
အကြောင်းရင်းနှစ်ချက်ဖြစ်ပါသည်။ “မြေကြီးပေါ်မှာ နေသောသူတည်းဟူသော
အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာ၀ရဧဝံဂေလိတရားကို
ဟောရေသာ ကောင်းကင်တမန် တစ်ပါးက၊ ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။
တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့်
စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ကို ကိုးကွယ်ကြလော့ဟု ကြီးသော အသံနှင့်
ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက်ရှိသည်ကို ငါမြင်၏။”
၁။ ပထမဘုရားသခင်၏ တရားစီရင်သော
အချိန်သည် ထာ၀ရဧဝံဂေလိ သတင်းစကားဟောပြောချိန်တွင် ရောက်လာပါသည်။
၂။ ဒုတိယတွင်
ဧဝံဂေလိတရားဟောပြောပြီးသောကြောင့် လည်းကောင်း၊ ဒုတိယနှင့် တတိယကောင်းကင်
တမန်သတင်းစကားတို့သည်လည်း ကြွေကြော်ပြီး၊ ခရစ်တော်သည် ကောင်းကင်မှ မိုးတိမ်ကို
စီး၍ ကြွလာခြင်း ရှိသလား။
၁၇၉
ဒံယေလအနာဂတ္တိကျမ်း ၇ ကို ပြန်လည်စစ်ဆေးခြင်း
၁။ ဗာဗုလုန် (၆၀၆- ၅၃၉ ဘီစီ)
၂။ မေဒိ-ပေရသိ (၅၃၉- ၃၃၁ ဘီစီ)
၃။ ဟေလသ ( ၃၃၁- ၁၆၈ ဘီစီ)
၄။ ရောမအင်ပါယာ (၁၆၈ ဘီစီ - ၄၇၆
အေဒီ)
၅။ ရောမခွဲခြမ်းခြင်း (၄၇၆- ၅၃၈
အေဒီ)
၆။ ချိုငယ် (၅၃၈- ၁၇၉၈ အေဒီ)
၇။ တရားစီရင်ခြင်း(၊)
၈။ အချိန်ရောက်လာ၍
သန့်ရှင်းသူတို့သည် နိုင်ငံတော်ကို ရရှိသည်။(၊)
No comments:
Post a Comment