Thursday, May 7, 2026

 

(၁၂) သန့်ရှင်းရာဌာနကို တစ်ဖန်ဆေးကြောသုတ်သင် ကြလိမ့်မည်။ အပိုင်း-၁။

တန်ခိုးတော်မြတ်၏ အစိအစဉ်

         ဒံယေလအခန်းကြီး ၇ နှင့် ဗျာဒိတ်ကျမ်းအခန်းကြီး ၁၃-၁၄ တွင် တန်းခိုးတော်၏ အစီအစဉ်ကို ပြန်စစ်ဆေးပြီး တရားစီရင်ခြင်းသည် ၁၇၉၈ ခုနှစ်၏နောက်ပိုင်း တစ်ချိန်ချိန်တွင် လည်းကောင်း၊ ကရုဏာတံခါးမပိတ်မီနှင့် ခရစ်တော်ဒုတိယအကြိမ် မကြွလာမီတွင်လည်းကောင်း ပြသရန်။ သို့သော်လည်း တရားစီရင်ခြင်းကို မည်သည့်အခါတွင် မှန်ကန်ထင်ရှားစွာ ဖော်ပြခြင်းကို သတ်မှတ်ထားသည့် ဘောင်အတွင်း သိမြင်နိုင်သည်။ နောင်လာမည့် သင်ကြား ပို့ချရန်အကြောင်းအရာနှစ်ခုတွင် နှစ်ပေါင်း ၂၃၀၀ အနာဂတ္တိစကားကို အဖြေရှာရန် အတွက် လေ့လာသွားမည်။

ပါးရှားနိုင်ငံမှစတင်ပါသည်

         ဒံယေလအခန်းကြီး ၂ နှင့် ၇ တွင် ဗာဗုလုန်နှင့် သက်ဆိုင်သော နိုင်ငံများ၏ အစီအစဉ်ဖြင့် စတင်ခဲ့သည်။ အဘယ်ကြောင့် ဤဗျာဒိတ်ရူပါရုံတွင် ဗာဗုလုန်နိုင်ငံနှင့် အစမပြုဘဲ မေဒိပေရသိနိုင်ငံနှင့် စတင်ခဲ့ရသနည်း။အဘယ်ကြောင့်ဆိုသော် ဗဟိုအချက်အချာဖြစ်သော အခန်းကြီးတွင် ရက်ပေါင်း ၂၃၀၀ အနာဂတ္တိစကားနှင့် ရက်ပေါင်း ၂၃၀၀ သည် ပါးရှားအင်ပါယာ အချိန်ကာလတွင် စတင်ခဲ့သောကြောင့် ဤသို့အားဖြင့် ရက်ပေါင်း ၂၃၀၀ သည် ဗျာဒိတ်ရူပါရုံ၏ အစပြုခဲ့သော အချိန်ကာလဖြစ်သည်။

နိဒါန်း

         ဒံယေလအနာဂတ္တိကျမ်း ၈း၁ အခန်းငယ် ၁ နှင့် ၂ တွင် တွေ့မြင်ခြင်း၌ လေးနက်စွာမှတ်သားထားသည်။ “ဗာလရှာဇမင်းကြီး နန်းစံသုံးနှစ်တွင်(၅၅၀ ဘီစီ) ငါဒံယေလသည် ယခင်ဗျာဒိတ်တော်ကို မြင်ပြီးသည် နောက်တဖန် ဗျာဒိတ်ရူပါရုံကို မြင်ရသော အကြောင်းအရာဟူမူကား (ဒံယေလ ၇)

         ဒံယေလအနာဂတ္တိကျမ်း ၈း၂ တွင် ဧလံပြည် ရှရှန်မြို့တော်၌ ဥလဲမြစ်နားမှာ ငါရှိစဉ် ရူပါရုံ ထင်ရှား၍။

သိုးထီး

         ဒံယေလအနာဂတ္တိကျမ်း ၈း၃ တွင် “ငါမျှော်ကြည့်သော၊ ရှည်လျားသော ချိုနှစ်ချောင်းရှိသော သိုးတစ်ကောင်သည် (နိုင်ငံတစ်နိုင်ငံ) မြစ်တစ်ဘက်၌ ရပ်နေ၏။ ထိုချိုနှစ်ချောင်း (နှစ်နိုင်ငံပါဝင်သည်) သည်မညီ၊ တစ်ချောင်းသာ၍ ရှည်၏။” (ဝံ၏ ချိုတစ်ချောင်းသည် အခြားချိုတစ်ချောင်းထက်ရှည်၏။ ၅၃၉-၅၂၂ ဘီစီအထိတွင် အုပ်စိုးသူတို့သည် မေဒိဘုရင်များဖြစ်သည်။ (သို့သော် ကုရုဘုရင်သည် တစ်ပိုင်းတွင်မေဒိဖြစ်ပြီး တစ်ပိုင်းတွင် ပေရသိဖြစ်သည်။) သို့သော် ၅၂၂ ဘီစီနောက်ပိုင်းတွင်  အုပ်ချုပ်သူများတို့သည် ပါးရှားဘုရင် များသားဖြစ်ပြီး သက္ကရာဇ် ၃၃၁ ဘီစီအထိ အုပ်ချုပ်သွားပါသည်။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၈း၃ နောက်ပိုင်းတွင် ပါးရှားနိုင်ငံသာ အုပ်ချုပ်ခဲ့ပါသည်။ “သာ၍ရှည်သော ချိုသည် နောက်ပေါက်သတည်း။ဤသားရဲ၏ တိုက်ပွဲသည် မြေကြီးပေါ်တွင် အလျားလိုက်ပီပီသာ ဖြစ်ပါသည်။ ကောင်းကင်နိုင်ငံရှိ ဘုရားသခင်အား တိုက်ခိုက်ကြောင်းကို ကိုးကားဖော်ပြခြင်းမရှိပေ။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၈း၄ တွင် ငါသည် သိုးကိုမြင်၏။ “ထိုသိုး (နံရိုးသုံးချောင်းကို ပါးစပ်တွင် ကိုက်ထားသောဝံ) သည် အနောက်၊ (ဗာဗုလုန်နိုင်ငံ ၅၃၉ ဘီစီ) တောင်၊ (အီဂျစ်နိုင်ငံ ၅၂၅ ဘီစီ) မြောက်(လုဒိနိုင်ငံ ၅၄၆ ဘီစီ) သုံးမျက်နှာသို့တိုးခွေ့သောကြောင့် အဘယ်တိရစ္ဆာန်မျှမခံနိုင်၊ အဘယ်သူမျှ သူ့လက်မှမကယ်မလွှတ်နိုင်သည် ဖြစ်၍၊ မိမိအလိုရှိသည် အတိုင်းပြုသဖြင့် ကြီးမားခြင်းသို့ ရောက်လေ၏။

ဆိတ်ထီး

         ဒံယေလအနာဂတ္တိကျမ်း ၈း၅ တွင် ဆိတ်ထီးတစ်ကောင်သည် အနောက်ဘက်မှ ရုတ်တရက်ပေါ်လာခဲ့သည်။ “ထိုအမှုကို ငါဆင်ခြင်းလျက်နေသောအခါ၊ မျက်စိနှစ်လုံးကြား၌ ထူးဆန်းသော ချိုတစ်ချောင်းရှိသော ဆိတ်တစ်ကောင်သည် အနောက်မျက်နှာကလာ၍၊ (ဂရိနိုင်ငံသည် ပထဝီအရပေရသိ၊ ပါးရှားနိုင်ငံ၏ အနောက်ဘက်တွင် တည်ရှိပြီး ဒံယေလသည် ဤဗျာဒိတ်ရူပါရုံကို မြင်သောအခါတွင် ရှုရန်အရပ်၌ ရှိသည်။) မြေကို မနင်းဘဲ မြေကြီးတစ်ပြင်လုံးကို ကျော်လေ၏။

         (ဤတွင် ပျံ့လွှားနေသော ဆိတ်သည် ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၇ မှ အတောင်လေးဘက်ရှိသော ကျားသစ်ကဲ့သို့ လျင်မြန်မှုရှိသည်ကို နှိုင်းယှဉ်ဖော်ပြပါသည်။) ဆိတ်သည် မျက်စိနှစ်လုံးအကြား၌ ထူးဆန်းသော ချိုတစ်ချောင်းရှိသည်။ (သုံးနှစ်အတွင်း ဗူနထညေိနမ အ့န gမနအေ သည် အေသင်မြို့မှနေ၍ အိန္ဒြမြစ်ဝှမ်းသို့ သူသွားရာလမ်း တစ်လျှောက်တွင် အုပ်ချုပ်သွားခဲ့ပါသည်။)

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၈း၆-၇ တွင် “ချိုနှစ်ချောင်းနှင့် မြစ်တစ်ဘက်၌ ထင်ရှားသော သိုးရှိရာသို့ ပြင်းစွာသော အဟုန်နှင့် ပြေး၍၊ အနားသို့ရောက်သောအခါ၊ ပြင်းစွာအမျက်ထွက်သဖြင့် သိုးကို ခတ်၍ သိုးချိုနှစ်ချောင်းကို ချိုးဖဲ့၏။ သိုးသည် ခံနိုင်သော တန်ခိုးမရှိသည်ဖြစ်၍၊ ဆိတ်သည် သူ့ကို မြေ၌လှဲ၍ နင်းလေ၏။ သူ့လက်မှ အဘယ်သူမျှသိုးကို မကယ်မလွတ်နိုင်။” နောင်တဖန် ဤသားရဲသည် သိုးနှင့် တိုက်သော အခါတွင် မြေကြီးနှင့် တပြေးတညီတည်းသော အလျားလိုက်တွင် လုံး၀ဥဿုံခြင်းသာလျှင်ဖြစ်သည်။ ကောင်းကင်တွင် ရှိသော ဘုရားသခင်အား၊ ဆန့်ကျင်စစ်ပြုကြောင်း ကိုးကားဖော်ပြခြင်းမရှိပေ။

ချိုကြီးကျိုးပဲ့ခြင်း၊ ချိုလေးချောင်း

         ဒံယေလအနာဂတ္တိကျမ်း ၈း၈ တွင် “သို့ဖြစ်၍၊ ထိုဆိတ်သည် အလွန်ကြီးမားခြင်းသို့ရောက်လေ၏။ (ဆိတ်ထီးသည် အလွန်ကြီးမားခြင်း သို့ရောက်လေ၏။) ခွန်အားကြီးသောအခါ ချိုကြီးကျိုးပဲ့၏။ (ဗူနထညေိနမ သည် နိုင်ငံတော် သန်မာခွန်အားကြီးသော အချိန်တွင် သူသည်ကျိုးပဲ့ခြင်းခံခဲ့ရသည်။ သူသည် အရက်သေစာသောက်စားခြင်းဖြင့် သူ၏ အသက်သည် ၃၃ နှစ်သာရှိပါသည်။) ထိုချိုအရာ၌ ထူးဆန်းသော ချိုလေးချောင်းပေါက်၍၊ မိုးကောင်းကင်လေးမျက်နှာသို့ မျက်နှာပြုကြ၏။” (ခေါင်းလေးလုံး ရှိသော ကျားသစ်နှင့် တူညီပါသည်။)

        Alexander ကွယ်လွန်သည့် နောက်ပိုင်းတွင် သူ၏ စစ်ဗိုလ်ချုပ်ကြီးလေးဦးတို့သည် အာဏာတန်ခိုးတိုက်ခိုက်ရုန်းကန်မှု များရှိခဲ့စဉ် အခိုက်တွင် နိုင်ငံသုံးနိုင်ငံသာရှိပြီး ၎င်းနောက် လေးနိုင်ငံနှင့် တစ်ခါတစ်ရံနှစ် နိုင်ငံသာ ကျန်ပါသည်။ နောက်ဆုံးတွင် ခိုင်မြဲသော နိုင်ငံလေးနိုင်ငံပေါ် ထွက်လာခဲ့ပါသည်။

         ၂၇၅ ဘီစီတွင် မင်းဆက်သုံးဆက်ပြီးသည်နောက် သူ၏ ဗိုလ်ချုပ်ကြီး သုံးယောက်မှ ဆင်းသက်လာခဲ့ပြီး နိုင်ငံတော်ကို ကောင်းမွန်စွာ ထူထောင်လာခဲ့  ပါးရှားအင်ပါယာကို ကောင်းမွန်စွာ အုပ်ချုပ်နိုင်ခဲ့ပါသည်။ Ptolomiesဗိုလ်ချုပ်ကြီး (၃၂၃- ၃၀ဘီစီ) တွင် အဲဂုတ္တုပြည်ကိုလည်းကောင်း၊ Antigonids  ဗိုလ်ချုပ်ကြီး (၂၈၃- ၁၆၈ ဘီစီ) မာကေဒေါနိပြည်ကို လည်းကောင်း၊Alexander နှင့် မသက်ဆိုင်သော လေးဆယ်မြောက်၊ ဥရောပတိုက်မင်းဆက် Attalids of Pergamum  (၂၆၃-၁၃၃ ဘီစီ) တွင် Seleucid ၏ ကုန်ကျ စရိတ်ဖြင့် Asia Minor တွင် နောက်ပိုင်း၌ ကြီးပွားလာခဲ့ပြီး ရောမကူညီမှုကြောင့် တိုးတက်လာခဲ့ပါသည်။( W.W. TARN, HEKENISTIC ) CIVILZA- TION (NEW YORK, MERIDLAN, 1971) P.6

       Roman Catholic  နှင့် Protestant  စာပေလေ့လာသူများတို့က ချိုငယ်သည် မနှစ်မြို့ဖွယ်သော ရှုရှိ(Syrian နိုင်ငံအုပ်ချုပ်သူ ANTIOCHUS EPEPHANES ဖြစ်ပြီး ၁၇၁-၁၆၃ ဘီစီတွင် အုပ်ချုပ်သည်။ သို့သော် ဤရေးသားချက်တွင် မှန်သလား။

၁။     ချိုငယ်နှစ်ခုစလုံးတွင် လက္ခဏာသင်္ကေတအတူတူပင် သက်သေ အထောက်အထားပြသခြင်း၊ (ဒံယေလ ၇း၈။ ၈း၉)။ ထူးထူးခြားခြား မှတ်သားဖွယ်သော အချက်တွင် ဒံယေလအခန်းကြီး ၇ တွင် Aramicဘာသာစကားအားဖြင့်လည်းကောင်း၊ ဒံယေလအခန်းကြီး ၈ တွင် ဟေဗြဲဘာသာ အားဖြင့်လည်းကောင်၊ နှစ်နေရာစလုံး၌ “ချိုတွင်(geren)စကားလုံးကို အတူတူသုံးခဲ့ခြင်း။

၂။     နှစ်နေရာစလုံးတွင် “ငယ်ဆိုသောစကားဖြင့် စတင်ဖော်ပြခြင်း။ (ဒံယေလကျမ်း ၇း၈။ ၈း၉)။

၃။     နှစ်နေရာစလုံးတွင် “ငယ်  သော စကားလုံးမှစတင်ပြီးနောက် “ကြီးမားလာမည်ဟု ဖော်ပြခြင်း။

၄။     နှစ်နေရာစလုံးတွင် ညှန်းပန်းနှိပ်စက်သော တန်ခိုးများဖြင့် ဖော်ပြခြင်း။ (ဒံ ၇း၂၁၊ ၂၅။ ၈း၁၀၊ ၂၄)။

၅။     နှစ်နေရာစလုံးတွင် သူတို့ညှဉ်းပန်းနှိပ်စက်ခြင်း၏ ရည်မှန်းချက်တွင် ပစ်မှတ်နေရာအုပ်စုရှိခြင်း။ (ဒံ ၇း၂၁၊ ၂၅၊ ၂၇။ ၈း၂၄) အခန်းကြီး နှစ်နေရာစလုံးတွင် ညှန်းပန်းနှိပ်စက်ခြင်းခံရသူတို့အား “ဘုရားသခင်၏ သန့်ရှင်းလူတို့ဟုခေါ်ဝေါ်ခြင်း။

၆။     နှစ်နေရာစလုံးတွင် ကိုယ့်ကိုကိုယ်ချီးမြှောက်ခြင်းနှင့် ဘုရားကို ပုတ်ခတ်ပြော ဆိုခြင်းများ ဖော်ပြခြင်း။ (ဒံ ၇း၈၊ ၁၁၊ ၂၀၊ ၂၅။ ၈း၁၀၊ ၁၁၊ ၂၅)။

၇။     နှစ်နေရာစလုံးတွင် ကောက်ကျစ်ပါးနပ်သော အသိဉာဏ်ဖြင့် လှုပ်ရှားခြင်းတွင် ဖော်ပြထားခြင်း။ (ဒံ ၇း၈ လူမျက်စိများဖြင့်၊ ဒံယေလကျမ်း ၈း၂၃-၂၅) စကားထာများကို နားလည်းခြင်း၊ ပါးနပ်ခြင်းနှင့် လိမ္မာခြင်း။

၈။     နှစ်နေရာစလုံးတွင် သူတို့၏ ရူပါရုံများကို ဘုရားသခင်၏ နောက်ဆုံးနှင့် အကြီးမားဆုံးအချိန်၌ ဆန့်ကျင်ဘက် ပြုခြင်း ပုံဆောင်ခြင်း။ (ဒံ ၇း၈- ၉၊ ၂၁-၂၂၊ ၂၅-၂၆။ ၈း၁၂-၁၄၊ ၂၅)။

၉။     နှစ်နေရာစလုံးတွင်အနာဂတ္တိအချိန်၌ သူတို့၏ လုပ်ငန်းကို နယ်နိမိတ်သတ်မှတ်ခြင်းဖြင့် ရှုထောင့်မှ နေ၍ ကြည့်ခြင်း။ (ဒံ ၇း၂၅။ ၈း၄၄)။

၁၀။  နှစ်နေရာစလုံးတွင် အချိန်ကာလအဆုံးတိုင်အောင် တိုးချဲ့ခြင်း။ (ဒံ ၇း၂၅-၂၆) နှိုင်းယှဉ်ကြည့်ပါ။ (ဒံ ၁၂း၇-၉။ ၈း၁၇-၁၉)။

၁၁။   နှစ်နေရာစလုံးတွင် သဘာ၀ထက်လွန်ကဲစွာ ဖျက်ဆီးခံရခြင်း။ (ဒံ ၇း၁၁။ ၈း၂၅)

        William Shea  “ဒံယေလစာ စောင်စာတမ်းဖက်ပွဲစာမျက်နှာ ၁၈၇ တွင် “အကယ်၍ ပုရောဖက်သည် ဤနောက်ဆုံးသော အနေအထားတွင် ခြားနားသော တန်ခိုးတော်မြတ်၌ ပုံဆောင်ရန် ဆန္ဒရှိပါက သူသည် ခြားနားသော လက္ခဏာ သင်္ကေတတို့ကို လွယ်လင့် တကူအသုံးပြုနိုင်ပါသည်။ သို့သော်လည်း အလားတူ ချိုငယ်၏ လက္ခဏာသင်္ကေတကို အသုံးပြုမည့်အစား ဒံယေဘအခန်းကြီး ၈ တွင် ဖော်ပြသည့် နောက်ဆုံးပိုင်း ဗျာဒိတ်ရူပါရုံတွင်လည်းကောင်း၊ ဒံယေလအခန်းကြီး ၇ တွင် ဖော်ပြသည့် နောက်ဆုံးဗျာဒိတ်ရူပါရုံတွင် လည်းကောင်း၊ သာမန်လူများတို့၏ ကိုယ်စားလှယ်အဆိုပြုချက်အရ နှစ်ခုစလုံး၌ အလားတူတန်ခိုးကို ရည်ညွှန်းရာ၌ အလားတူ လက္ခဏာသင်္ကေတကို အသုံးပြုခဲ့ပါသည်။

ချိုငယ်၏ မူရင်းဇာစ်မြစ်

         ဒံယေလ အနာဂတ္တိကျမ်း အခန်းကြီး ၈း၉ တွင် “ထိုချိုလေးချောင်း တွင် တစ်ချောင်းထဲက (မိုးကောင်းကင်လေးမျက်နှာတွင် ချိုလေးချောင်း) အခြားသော ချိုတက်တစ်ချောင်းပေါက်ပြန်၍၊ (သိုးသည်ကြီးမားသည်။ ဆိတ်သည်လည်းကြီးမားသည်။ ချိုငယ်သည်လည်း အလွန်ကြီးမားသည်။ ထို့ကြောင့် Antiochus Epiphanes  မဖြစ်နိုင်ပါ) တောင်မျက်နှာ (အီဂျစ်ပြည်) သို့လည်းကောင်း၊ အရှေ့မျက်နှာ (ဂရိ၊ ဟေလသပြည်၊ Asia Minor) သို့လည်းကောင်း၊ သာယာသောပြည် (အစ္စရေးနိုင်ငံ) သို့လည်းကောင်း မျက်နှာပြု၍၊ အလွန်ကြီးမားခြင်းသို့ ရောက်လေ၏။

         ရာဇဝင်ဆရာများသည် ရောမဘာသာသည် (စိတ်ကူးယဉ်) ယဉ်ကျေးမှု၊ ယဉ်ကျေးမှုသည်ASIA MINOR ESifh PERGAMUM vnf; ASIA MINOR  မှ ချေးငှားခဲ့သည်။ (ဤထက်ပိုမိုသိရှိရန် ကျွန်ုပ်၏ ဒံယေလ အခန်းကြီး ၈ ၏ မှတ်စုစာအုပ်ရှင်းပြချက်တွင် ရရှိနိုင်သည်။ ပထမအဆင့်တွင် ချိုငယ်သည် အလျားလိုက် မြေညီတွင် သာအုပ်စိုးပြီး သို့သော် နောက်ပိုင်းတွင် ဘာသာရေး အဆင့်သို့ ပြောင်းလဲပြီး ကောင်းကင်နိုင်ငံရှိ ဘုရားသခင်ကို စစ်တိုက်ခဲ့သည်။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၇ တွင် စတုတ္ထသားရဲကဲ့သို့ မြေကြီးပေါ်တွင် အုပ်စိုးပြီး သို့သော် ချိုငယ်သည် ကောင်းကင်နှင့် ဝင်ရောက်စွာ ဖက်သည်။

ကြယ်များကို ချပစ်သည်

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၈း၁၀ ယခုစစ်ပွဲသည် ကောင်းကင်ဘက်သို့ ထောင်၍ ဆန့်ကျင်ဘက်ပြုသည်။ ကောင်းကင် ဗိုလ်ခြေတိုင်အောင် ကြီးမား၍ ထိုဗိုလ်ခြေ အချို့တို့နှင့် ကြယ် အချို့တို့ကို မြေသို့ ချ၍ နင်းလေ၏။ “ကောင်းကင်ဗိုလ်ခြေတိုင်အောင် ကြီးမား၍၊ ထိုဗိုလ်ခြေအချို့တို့နှင့် ကြယ်အချို့တို့ကို မြေသို့ ချ၍ နင်းလေ၏။

         ဓမ္မရာဇဝင် ပထမစောင် ၁၇း၄၅ “ဒါဝိဒ်ကသင်သည်ဓား၊ လှံ၊ ကိဒုန်ပါလျက်ငါ့ထံသို့လာ၏။ ငါသည် သင်ကြိမ်းပသောဣသရေလ ဗိုလ်ခြေတို့၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာ၀ရဘုရား၏ နာမတော်ပါလျက် သင်ရှိရာသို့လာ၏။

ဗိုလ်ခြေသခင်နှင့် အစဉ်ပြုသော ဝတ်ကို စစ်တိုက်၍ ဆန့်ကျင်ဘက်ပြုခြင်း

         ဒံယေလ အနာဂတ္တိကျမ်းအခန်းကြီး ၈း၁၁ “ထိုမျှမက၊ ဗိုလ်ခြေသခင်တိုင် အောင် ထောင်လွှားခြင်းကိုပြုလျက်၊ (ယောရှု ၅း၁၃-၁၅ တွင် ထပ်တူထပ်မျှဖြစ်သော ဖော်ပြချက်) သူ့အားဖြင့် (ချိုငယ်အားဖြင့်) နေ့ရက် အစဉ်ပြုသော ဝတ် (ပြုရသောဝတ်နှင့်မသက်ဆိုင်ပါ) ကိုပယ်၍၊ ၎င်းနေရာတွင် (ဟေဗြဲဘာသာစကား ဗြုဥှုဠ ကို ဓမ္မဟောင်းကျမ်းတွင် ၁၇ ကြိမ်အသုံးပြုခဲ့ရာ၊ ၁၆ ကြိမ်တွင် ဘုရားသခင်သည် ကောင်းကင်ရှိတဲတော်တွင် စံမြန်းတော်မူကြောင်းကို ရည်ညွှန်းထားသည်။ ဘုရားသခင်၏ လူတို့ ဆုတောင်းသံများကို မြေကြီးပေါ်ရှိ တဲတော်သို့ ညွှန်ပြခဲ့သော်လည်း ကောင်းကင်ဘုံရှိ ဘုရားသခင်ထံမှ ဖြေကြားခဲ့သည်ကို သူတို့ကြားခဲ့ရသည်။ ဓမ္မရာဇဝင် တတိယစောင် ၈း၃၀ တွင် မည်သည့်တဲတော် ဤအချိန်တွင် မြေကြီးပေါ်တွင် တဲတော်သည် လုံးလုံးလျားလျား မရှိတော့ပါ) သန့်ရှင်းရာဌာနတော်ကို ရှုတ်ချလေ၏။

         ယောရှုမှတ်စာအခန်းကြီး ၅း၁၃-၁၅ “ယောရှုသည် ယေရိခေါမြို့ အနားမှာရှိနေစဉ် မျှော်ကြည့်၍၊ လူတစ်ယောက်သည် ဓားကို ဓားအိမ်မှ ထုတ်ကိုင်လျက်၊ ကန့်လန့်ရပ်နေသည်ကို မြင်လျှင်၊ သူ့ထံသို့သွား၍ သင်သည် ငါတို့ဘက်၌ နေသော သူလော၊ ငါတို့ရန်သူဘက်၌ နေသော သူလောဟု မေးသော်၊ ထိုသူက ထိုသို့မဟုတ်၊ ထာ၀ရဘုရား၏ ဗိုလ်ခြေကိုအုပ်စိုးသော ဗိုလ်မÈ;ဖြစ်၍ ယခုငါလာသည် ဟုဆို၏။ ယောရှုသည်လည်း မြေပေါ်မှာ ပျပ်ဝပ်ကိုးကွယ်လျက်၊ ကိုယ်တော်ကျွန်အား အဘယ်သို့မိန့်တော်မူမည်နည်းဟု မေးလျှောက်သော်၊ ထာ၀ရဘုရား၏ ဗိုလ်ခြေကို အုပ်စိုးသော ဗိုလ်မÈ;က၊ သင်၏ခြေနင်းကို ချွတ်လော့။ သင်နင်းသောအရပ်ကား မြေမြတ်ဖြစ်သည်ဟု ဆိုသည်အတိုင်း ယောရှုပြုလေ၏။

နေ့ရက်အစဉ်ပြုရသော ဝတ်သည် အဘယ်အရာနည်း

         နေ့ရက်အစဉ်။ စကားသည် “အဆက်မပြတ်သောအရာကို ဆိုလိုသည်။ ကြားဖြတ်ပြောခြင်းမရှိဘဲ တစ်ခုခုဆက်၍ ပြောခြင်းကို ဆိုလိုသည်။ နာမဝိသေသနာစကားလုံးဖြစ်ပြီး နာမ်အစားပြုရန် မရှိသောကြောင့်ဖြစ်သည်။ စကားလုံးသည် နာမဝိသေသနာဖြစ်သော်လည်း နည်းပညာအားဖြင့် နာမ်ကဲ့သို့ နားလည်သဘောပေါက်ရမည်။ မေးစရာမေးခွန်းက  ဤကဲ့သို့ဖြစ်သည်။ နေ့ရက် အစဉ်ပြုရသော ဝတ်သည်  အဘယ်အရာကိုဖြစ်သည်ကို ယူလိုက်ပါ။ သူသည်တဲတော်၏ ဝတ်ကို ဆောင်ရွက်သောကြောင့် “နေ့ရက်အစဉ်ပြုရသောဝတ်ဆိုသောစကားလုံးကို ဗိမာန်တော်နှင့် ဆိုင်သော စကားအဆက်စပ်ကို ရှာရန် သတိရပါ။

         ဗိမာန်တော်နှင့် ဆက်စပ်၍ နေ့ရက်အစဉ်ပြုရသော်လည်း အဘယ်အရာနည်း။ “နေ့ရက်အစဉ်ပြုသောဝတ်စကားလုံးသည် သန့်ရှင်းရာအရပ်ဌာနတော်နှင့် ဆက်စပ်လျက် သန့်ရှင်းရာ အရပ်ဌာန တဲတော်ရှိ ယဇ်ပုရောဟိတ်၏ ပြုစုမှုတံတိုင်းနေရာကို ဖော်ပြထားပါသည်။

         ထွက်မြောက်ရာကျမ်း ၂၈း၃၀ ယဇ်ပုရောဟိတ်မင်းကြီ၏ ဆောင်ရွက်ရသောလုပ်ငန်းသည် သန့်ရှင်းရာဌာနတွင်ဖြစ်ပြီး ဘုရားသခင်၏ လူတို့အတွက် အဆက်မပြတ်သောလုပ်ငန်းဖြစ်သည်။ “ဗျာဒိတ်ရင်ဖုံးအထဲ၌ ဥရိမ်နှင့် သုမိမ်ကို သွင်းထားရမည်။ အာရုန်သည် ထာ၀ရဘုရားရှေ့တော်သို့ ဝင်သောအခါ၊ မိမိနှလုံးပေါ်မှာ ဥရိမ်နှင့် သုမိမ်ပါသည်ဖြစ်၍၊ ဣသရေလအမျိုးသားတို့ အမှု၌ စီရင်တော်မူချက်ကို ထာ၀ရဘုရားရှေ့၊ မိမိနှလုံးပေါ်မှာဆောင်ရမည်။

         ဟေရှာယ အနာဂတ္တိကျမ်း ၇း၂၃-၂၅ “ထိုအခါ စပျစ်နွယ်ပင် တစ်ထောင်ရှိ၍၊ ငွေတစ်ထောင်အဖိုးထိုက်သော စပျစ်ဥယျာဉ်တိုင်း၊ ဆူးပင်မျိုးသက်သက်ဖြစ်ရလိမ့်မည်။ လေးနှင့် မြားကို ဆောင်လျက် ထိုအရပ်သို့သွားကြလိမ့်မည်။ မြေတစ်ပြင်လုံး၌ ဆူးပင်မျိုးသက်သက်ဖြစ်ရလိမ့်မည်။ ပေါက်တူးနှင့် တူးဆွရာ တောင်ယာရှိသမျှတို့သည် ဆူးပင်မျိုးကြောင့် အဘယ်သူမျှ မချည်းဝံ့သဖြင့်၊ နွားလွတ်၍ ကျက်စားရ၊ သိုးဆိတ်တို့ ကျော်နင်းရာဖြစ်ရကြလိမ့်မည်ဟု ဟောလေ၏။

         ထွက်မြောက်ရာကျမ်း ၂၉း၄၂ နံနက်နှင့် ညနေအချိန် ပူဇော်သကာတို့သည် ဝိသေသနစကားအားဖြင့် ဖော်ပြထားပါသည်။ “ထိုသို့ သင်တို့ သားစဉ်မြေးဆက်တို့သည် သင်နှင့် ငါတွေ့၍ နှုတ်ဆက်ရာအရပ်၊ ထာ၀ရ ဘုရားရှေ့တော်၌ ပရိတ်သတ်စည်းဝေးရာ တဲတော်တံခါးနားမှ အစဉ်မပြတ် မီးရှို့သောယဇ်ကို ပူဇော်ရကြမည်။

         ဝတ်ပြုရာကျမ်း ၆း၁၃ ယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်၏ မီးသည် အဆက်မပြတ်သော မီးအားဖြင့် မီးရှို့ရပါမည်။ “ယဇ်ပလ္လင်မီးသည် အလျှင်းမသေဘဲ အစဉ်မပြတ်လောင်ရမည်။

         ထွက်မြောက်ရာကျမ်း ၂၅း၃၀ ရှေ့တော်မုန့်။ “ငါ့ရှေ့စားပွဲပေါ်မှာ ရှေ့တော်မုန့်ကို အစဉ်တင်ရမည်။

         ဝတ်ပြုရာကျမ်း ၂၄း၈ ရှေ့တော်မုန့်။ “ထာ၀ရဘုရား၏ ပဋိညာဉ်နှင့် အညီ၊ ဣသရေလ အမျိုးသားတို့ လက်မှ ခံယူသော ထိုမုန့်ကို အာရုန်သည် ထာ၀ရဘုရားရှေ့တော်၌ ဥပုသ်နေ့တိုင်း အစဉ်အမြဲပြင်ဆင်ရမည်။

         ဝတ်ပြုရာကျမ်း ၂၄း၁-၄ မီးခုံခုနစ်တိုင်ကို ဘုရားသခင်ရှေ့တော်၌ အစဉ်မပြတ်မီးထွန်းရမည်။ “တစ်ဖန်ထာ၀ရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ ပရိသတ်စည်းဝေးရာ တဲတော်တွင် သက်သေခံချက် ကန့်လန့်ကာ ပြင်မှာ မီးခုံ၌ အစဉ်မပြတ်မီးထွန်းရာဖို့၊ သံလွင်သီးကို ထောင်း၍ ယူသော သံလွင်ဆီစစ်ကို ဣသရေလ အမျိုးသားတို့သည် သင့်ထံသို့ဆောင်ခဲ့ရမည် အကြောင်းဆင့်ဆိုလော့။ အာရုန်သည်လည်း ညဦးမှသည် နံနက်တိုင်အောင် ထာ၀ရဘုရားရှေ့တော်၌ ထိုအမှုကို စီရင်ရမည်။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော်ဖြစ်သတည်း။ စင်ကြယ်သော မီးခုံ၌ မီးခွက်များကို အာရုန်သည် ထာ၀ရဘုရားရှေ့တော်မှာ အစဉ်အမြဲ ပြင်ဆင်ရမည်။

         ထွက်မြောက်ရာကျမ်း ၃ဝး၈ ပလ္လင်ပေါ်မှာ နံ့သားပေါင်းကို အစဉ်အမြဲ ပြုရသော နံ့သာပေါင်းရှို့ခြင်းပင် ဖြစ်သည်။ “ညဦးယံ၌လည်း မီးခွက်တို့ကို ထွန်းသောအခါ ထိုပလ္လင်ပေါ်မှာ နံ့သာပေါင်းကို ရှို့ရမည်။ ထိုသို့သင်တို့သား စဉ်မြေးဆက်တို့သည် ထာ၀ရဘုရားရှေ့တော်၌ အစဉ်အမြဲပြုရသော နံ့သာပေါင်းရှို့ခြင်း ဖြစ်သတည်း။

ကယ်တင်ခြင်း၏ ဌာနချုပ်

         ချိုငယ်သည် အစဉ်အမြဲ ယူဆောင်သွားခြင်းဆိုသည်မှာ အဘယ်အရာကိုဆိုလိုသနည်း။

         ကယ်တင်ခြင်းသည် တဲတော်တွင် ဆက်၍ ဆောင်ရွက်သွားပါသည်။ ဗဟို အချက်အချာတွင် ယေရှုခရစ်တော်ဖြစ်ပြီး အသင်းတော်ကို ကယ်တင်ရန် ဆောင်ရွက်ရခြင်းဖြစ်သည်။ ကောင်းကင်တွင် ခရစ်တော်၏ အမှုဆောင်ရွက်ခြင်းကို မြေကြီးပေါ်သို့ နေရာချထားရန် ချိုငယ်သည် အဓမ္မသိမ်းယူသည်။ ထို့ကြောင့် တဲတော်၏ နေရာကို မြေကြီးပေါ်သို့ ချခဲ့သည်။

ပူဇော်သကာယဇ်ပလ္လင်

          ခရစ်တော်၌ တစ်ခါတည်းဖြင့် အလုံးစုံတို့သည် သေကြသည်ဟု သွန်သင်ချက်တွင် ရောမကာတိုလိပ်၏ စုရုံးဝတ်ပြုကိုးကွယ်မှုတွင် အတုအယောင်သာဖြစ်သည်။ စုရုံးဝတ်ပြုကိုးကွယ်မှုတွင် ခရစ်တော်၌ တစ်ခါတည်းဖြင့် အလုံးစုံ

တို့သည် ဆက်ကပ်ရာ၌ (ဟေဗြဲ ၇း၂၇) တွင် ကောင်းကင်ရှိသိုးသငယ်ကို မျှော်ကြည့်ရမည့်အစား အကြိမ်ကြိမ် အဖန်ဖန် လုပ်ဆောင်ခြင်း၌လည်းကောင်း၊ ရောမကာတိုလိပ်ယုံကြည်သူများသည် ခရစ်တော်၏ကိုယ်ခန္ဓာကို တစ်ပေါင်းတစ်စည်းယူဆချက်ဖြင့် တွေ့ရှိခြင်းတွင် ပွဲတော်မုန့်ကို သာကြည့်ရှုကြရန် ယုံကြည်သူများကို သွန်သင်ခြင်း။ ကောင်းကင်ဘုံတွင်ရှိသော ကရုဏာပလ္လင်တွင် ခရစ်တော်ထံသို့ ရဲရင့်စွာဝင်ရောက်ရမည့်အစား ယုံကြည်သူများတို့ကို လောကမြေကြီးပေါ်တွင် ရိုးရိုးကိုယ်ခန္ဓာကိုလည်းကောင်း၊ ခရစ်တော်၏အသွေးတော်ကိုလည်းကောင်း၊ စားသုံးခြင်း ဖြင့်ခွန်အားပြည့်တင်းပြီဟု ယုံကြည်ခြင်း၊ စင်စစ်အားဖြင့် တဲတော်ကိုခေါ်ဝေါ်သည့် ပန်းကဲ့သို့လည်းကောင်း၊ သို့သော် ရှေးဟောင်း ပစ္စည်းအသုံးအဆောင်များကို ထားရှိရာ၌လည်းကောင်၊ ရှေးဟောင်းပစ္စည်း၏ ဗဟိုတွင် ပွဲတော်မုန့်အဝိုင်းနှင့် ပေါင်မုန့်တို့သည် တဲတော်မှ ထွက်ပေါ်လာသည့် အရာတွင် နေရောင်ခြည်များဖြစ်သည်။ တဲတော်ကို လူထုပရိသတ်များ ရှေ့မှောက်သို့ ယူဆောင်လာသောအခါ သစ္စာရှိသူများတို့ ပွဲတော်ပေါင်မုန့်ကို ဦးညွှတ်ဝတ်ပြုဖို့ရန် သွန်သင်ခဲ့သည်။ ဤသည်တွင် နေကိုကိုးကွယ်သည့် လျှို့ဝှက်သော အရာပင်ဖြစ်သည်။ ထို့အပြင် မြေကြီးပေါ်ရှိ ရောမကာတိုလိပ် ဘုန်းကြီးသည် ဆက်ကပ်ခြင်းစကားများကို ကြေညာသောအခါ တန်ခိုးနှင့် အုပ်ချုပ်သူတို့၏ အခွင့်အရေးကို ရယူခဲ့ရာတွင် ရောမကာတိုလိပ်တို့၏ ဘာသာရေးသွန်သင်ချက်တွင် ဤစကားများကို ကြေညာသောအခါ လောကတွင် ရှိသော ယဇ်ပုရောဟိတ်သည် ပွဲတော်မုန့်နှင့် စပျစ်ရည်တို့သည် အမြင်တွင် အသွင်မပြောင်းလဲသော်လည်း ခရစ်တော်၏ အသွေးတော်အသားတော်အဖြစ်သို့ ပြောင်းလဲသွားသည်ဟူသော ယုံကြည်ချက်ဖြင့်သော်လည်းကောင်း၊ ခရစ်တော်၏ ပွဲတော်ကို စစ်မှန်သော ခရစ်တော်၏ ခန္ဓာကိုယ် အဖြစ်သို့လည်းကောင်း ပြောင်းလဲခဲ့ပါသည်။ အခြားသောနည်းဖြင့် ပြောရပါက လောကတွင် ရှိသော ယဇ်ပုရောဟိတ်သည် ဖန်ဆင်းရှင်ကို ဖန်ဆင်းရန်ဖြစ်သည်။ ဤတွင် ဘုရားကို ပုတ်ခတ်ပြောဆိုသော နေရာတွင် အပြည့်အဝဆုံးသော ဒီဂရီသို့ ရောက်ရှိသွားသည်။

မီးခုံ

အသင်းတော်သည် ယေရှုခရစ်တော်၏ မှန်ကန်သော ဧဝံဂေလိသတင်း စကားတို့ကို မဝေငှတော့ပါ။ ထို့ကြောင့် သင်တို့သည် မှောင်မိုက်တွင်းသို့ ရောက်ရကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဤအခါသမယ၌ ရှားပါးပါသည်။ အဘယ်ကြောင့် ဆိုသော် မိုး (ခေါင်) မရှိခြင်းကြောင့် ဖြစ်သည်။

ရှေ့တော်မုန့်စားပွဲ

         ရှေ့တော်မုန့်သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ပုံဆောင်၍ မုန့်ဆယ်နှစ်လုံးတို့သည်လည်း ကျမ်းစာတော်မြတ်ကို အားလုံးသော ဘုရားသခင်၏ ဣသရေလလူမျိုး၌ လိုအပ်သော အာဟာရကို ကျေနပ်အားရစွာ လုံလောက်ခြင်းတွင် ပုံဆောင်သောအချက်အလက်ပင်ဖြစ်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်မြတ်အစား အသင်းတော်သည် ရှေ့ဓလေ့ထုံးစံများအားဖြင့် ချုပ်နှောင်ခြင်းခံရသည်။ ၎င်းတို့မှာ -

၁။     ကောင်းကင်ဘုံသို့တက်လှမ်းနိုင်ရန် သေသောသူတို့၏ ဝိညာဉ်တို့ကို ကြေးချွတ်သန့်စင်ပေးရာဘုံ (PURGATORY)

၂။     မပြီးပြတ်မရေရာသောအခြေအနေ (LIMBO)

၃။     ဗြဟ္မစရိယအကျင့် (CELIBACY)

၄။     အပြစ်ဝန်ချတောင်းပန်ခြင်းတွင် ကြားနာခြင်း (ARTICULAR LONFESSIONS)

၅။     ထာ၀စဉ်လောင်နေသောငရဲJ(AN ETERNALLY BURNING HELL)

၆။     ဝါတွင်း စောင့်ထိန်းခြင်း (LENT)

၇။     စီတန်းလှည့်လည်ခြင်း (PROCESSIONS)

၈။     ညစာစားပွဲအထိမ်းအမှတ်ပွဲတော် (THE MASS)

၉။     သူတော်စင်တို့၏ မြွေတော်၊ ဓာတ်တော် (RELICS)

၁၀။  အခမ်းအနားဖြင့်သူတော်စင်တို့၏ စာရင်းသွင်းခြင်း ; (CANONIZA – TION OF SAINTS)

၁၁။   စိတ်ပုတီးစိတ်ခြင်း(THE ROSARY)

၁၂။   ရုပ်တုရှေ့တွင် အရိုအသေပေးခြင်း (BOWING BEFORE IMAGES)

၁၃။   ပြောစရာမရှိသောသဘောထားခံယူချက် (THE IMMACULATE CONCEPTION)

၁၄။   မယ်တော်မာရိကို ယူဆလက်ခံခြင်း (THE ASSUMPTION OF MARY)

၁၅။   ကလေးငယ်ကို ဂုဏ်အသရေထိပါးစေသော စကားဖြင့် နှစ်ခြင်းပေးခြင်း(BATOSM OF INFANTS BY ASPERSION)

၁၆။  (NOVENAS)

၁၇။  တနင်္ဂနွေ့တွင် ဥပုသ်စောင့်ခြင်းစသည်တို့ဖြစ်သည်။ (THE OBSERVANE OF SUNKAY)

သာမန်ဘာသာဝင်များတို့သည် သမ္မာကျမ်းစာတော်မြတ်ကို ဖတ်ရှုရန် တားမြစ်ခြင်း။ (ဥပမာ ဗီ ၁၂၂၂ တွင် COUNCLL OF TOULOUSE) နှင့် ထိုကြောင့် အသက်းတော်သည် “ဆာလောင်ငတ်မွတ်ခြင်းအစာတွင် အင်အားနည်းပါးလာသည်။ WALDENSIANS လူတို့သည် သမ္မာကျမ်းစာကို မည်ကဲ့သို့ သိမ်းဆည်းထားရှိခြင်းအကြောင်းကို ပြောကြသည်။

နံ့သာပေါင်းမီးရှို့ရာယဇ်ပလ္လင်

         ကျွန်ုပ်တို့၏ ဆုတောင်းခြင်းသည် ခရစ်တော်၏ ဖြောင့်မတ်သော ကောင်းမြတ်ခြင်းဂုဏ်နှင့်ရောစပ်ပြီး၊ ထိုအကြောင်းကြောင့် ဘုရားသခင်လက်ခံဖွယ်ရာ ဖြစ်စေသည်။ အပြစ်လွတ်ခြင်း သဘောကိုခံယူရရှိနိုင်ရန် ရောမကာတိုလိပ် အသင်းတော်သည် လောကတွင်ရှိသော ယဇ်ပုရောဟိတ် (ဘုန်းတော်ကြီး) တို့ကို ဝန်ခံတောင်းပန်ရန်ဆိုသည့် အယူအဆရှိကြသည်။ မယ်တော်မာရိနှင့်သူတော်စင်တို့ကို သွန်သင်ရာတွင် (ရောမကာတိုလိပ် ဘာသာရေးခံယူချက်တွင် ခရစ်တော်သည် တရားသူကြီးတို့၏ အတင်းအကျပ် နာခံခိုင်းသော သဘောမျိုးဖြင့် တွေ့မြင်ရခြင်းထက် အကြင်နာတရားပို၍ ရှိသည်။

         သူမ၏အကြောင်းကို သွန်သင်ရာ၌ ကျွန်ုပ်တို့၏ ကောင်းသောအမှုများ တို့သည် ကယ်တင်ခြင်းအတွက် ချီးမွမ်းထိုက်ခြင်းနှင့် အပြစ်လွှတ်ခြင်းကို ခံယူနိုင်ရန် အာပတ်သင့်ခြင်းတွင် လုပ်ဆောင်ရမည်။ သမ္မာကျမ်းစာ၌ ထုတ်ဖော်ရေးသားရာတွင် ဘုရားနှင့်လူစပ်ကြားတွင် အမှုဖျန်ဖြေရန် တစ်ဦးတည်းသာရှိသည်။ လူတည်းဟူသော ခရစ်တော် ဘုရားပင်ဖြစ်သည်။

         ပရိုတက်စတင့် (PROTESTANT) ပြုပြင်ပြောင်းလဲခြင်းတွင် ဤအရာသည် အလုံးစုံသော အချက်ပင်ဖြစ်သည်။ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည့်အယူအဆကို ပြန်၍ ပေးခြင်းပင်ဖြစ်သည်။

အကျဉ်းချုပ်ဖော်ပြခြင်း

         အကျဉ်းချုပ်ဖော်ပြရာ၌ လူသားတို့၏ တည်ရှိမှုတွင် ဝိညာဉ်များ ရုန်းကန်မှု၌ မင်းသားနှစ်ပါးရှိသည်။ တစ်ယောက်သောသူသည် ကောင်းကင်တဲတော်တွင် ကယ်တင်ခြင်းလုပ်ငန်းကို ဆက်လက်၍ဆောင်ရွက်ရာ၌ သူ၏တစ်ဦးတည်းသော အသွေးတော်ကို အဖခမည်းတော်၏ရှေ့တွင် ရှေ့နေအဖြစ် ဆောင်ရွက်လျက်ရှိသည်။ (ဆက်ကပ်ပူဇော်သောပလ္လင်) သူ၏လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ကျွေးမွေးလျက် (ရှေ့တော်မုန့်စားပွဲ) အသင်းတော်၏အလင်းကို သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးအားဖြင့် (မီးခုံတိုင်) သူ့ထံသို့နောင်တရခြင်းနှင့် ဆုတောင်းခြင်းဖြင့် လာရောက်သော သူတို့အား အပြစ်ကိုလွတ်သည် (နံ့သာပေါင်းမီးရှို့ရာရွှေယဇ်ပလ္လင်)။

         အခြားသောမင်းသားသည် ကောင်းကင်ဘုံရှိမင်းသား၏ လုပ်ငန်းကို အတင်းအဓမ္မမသိမ်းယူနိုင်ဘဲ အတုအယောင်ဖြစ်သော လုပ်ငန်းကိုသာ မြေကြီးပေါ်တွင် ဆက်လက်ထူထောင်သွားပါသည်။ (ညစာစားပွဲအထိမ်းအမှတ်ပွဲဝော်၊ ရှေးဓလေ့ထုံးစံ၊ အပြစ်ဝန်ချ တောင်းပန်ခြင်းတွင် ကြားနာခြင်း၊ ပုပ်ရဟန်းမင်းကြီး (၂သက် ၂း၃-၄ တွင် ကြည့်ပါ။) မြေကြီးပေါ်တွင် ရှိသောလူတို့အား သူ၏ အတုအယောင်အမှုတော် ဆောင်ရွက်ခြင်းတွင် အာရုံစိုက်စေရန် တဲတော်၏ တည်နေရာကို မြေကြီးသို့ချခဲ့ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းလုပ်ငန်းကို ကောင်းစွာသိရှိသဘောပေါက်ခြင်းမှ လူသားတို့၏ တည်ရှိမှုကို ကင်းမဲ့စေသောကြောင့် ခရစ်တော်၏ ကယ်တင်ခြင်းလုပ်ငန်းကို ကောင်းစွာသိရှိသဘောပေါက်စေရန် မတတ်နိုင်တော့ပါ။

ချိုအားစစ်တပ်ကို ပေးပါသည်

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၈း၁၂ “အပြစ်များသောကြောင့် (နေ့ရက်အစဉ်ကို ဆန့်ကျင်၍ နိုင်ငံရေးတန်ခိုးကို ပေးပြီးဆက်လက် စစ်တိုက်ရန် ဖြစ်သည်) နေ့ရက်အစဉ်ပြုသော ဝတ်နှင့်တကွ ဗိုလ်ခြေကိုလည်း ထိုချိုသည်ရ၍၊ သမ္မာတရားကို မြေသို့နှိမ့်ချ၏၊ ထိုသို့ပြု၍ အောင်မြင်ခြင်းသို့ရောက်လေ၏။

         (ဒံယေလအခန်းကြီး ၇ ရှိချိုငယ်နှင့်တူသည်) ဤနေရာတွင် ဗျာဒိတ်ရူပါရုံရှိသည်။ ဗျာဒိတ်ရူပါရုံသည် မေဒိပရသိနိုင်ငံ၊ ဟေလသနိုင်ငံ၊ ကမ္ဘာပေါ်ရှိ ဘာသာတရားကြီးများကို မယုံကြည်သော ရောမနိုင်ငံ၊ ပုပ်ရဟန်းမင်းကြီး၏ ရောမနိုင်ငံပါဝင်သည်။ ဤသည် ရက်ပေါင်း၂၃၀၀ ၏ အမှန်အတိုင်းဖြစ်သော ရက်များထက်လွန်ကဲပါသည်။

ဒံယေလကျမ်း ၈း၁၃-၁၄

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၈း၁၃ ယခု ဗီဒီယို ကွက်လပ်ပေါ်သည်။ ဒံယေလသည်လည်း ကောင်းကင်တွင် တည်ရှိမှုနှစ်ခုတို့၏ ပြောဆိုသံကို ကြားရသည်။ “ထိုအခါ သန့်ရှင်းသူတစ်ပါး၏ ပြောဆိုသံကို ငါကြား၏။ သန့်ရှင်းသူတစ်ပါးက အဘယ်မျှကာလပတ်လုံး (သာ၍ ကောင်းလာသည်၊ ဘယ်အချိန်ထိလည်း) ဗျာဒိတ်ရူပါရုံသည် နေ့ရက်အစဉ်ပြုသော ဝတ်ကိုပယ်ခြင်းနှင့်လည်းကောင်း၊ ဖျက်ဆီးတတ်သော လွန်ကျူးခြင်းနှင့် လည်းကောင်း၊ သန့်ရှင်းရာဌာနနှင့် ဗိုလ်ခြေကို နင်းခြင်းအလို့ငှာ။

         ဒံယလအနာဂတ္တိကျမ်းအခန်းကြီး ၈း၁၄ ရက်ပေါင်း ၂၃၀၀ အဆုံးတွင် သန့်ရှင်းရာဌာနနှင့် ဗိုလ်ခြေတို့သည် မှန်ကန်ကြောင်း ထင်ရှားစေသည်။ (သို့မဟုတ်) တရားမမျှတခြင်းမှ မျှတခြင်း အချိန်သို့ ပြောင်ဆိုခြင်းသည် ချိုငယ်၏ အုပ်စိုးသော အချိန်အတွင်းတွင် ပြီးစီးမည်။ (ဗျာ ၆း၉-၁၁ ကို ကြည့်ပါ) “ယခင်ပြောသောသူက၊ ရက်ပေါင်းနှစ်ထောင်းသုံးရာတိုင်တိုင်တည်လိမ့်မည်။ (ညနေပိုင်းနှင့်နံနက်ပိုင်းယူနစ်တစ်ခု) ထိုနောက်၊ (ရက်ပေါင်း ၂၃၀၀ အဆုံးတွင်) သန့်ရှင်းရာဌာနကို တစ်ဖန် (ဒံ ၈း၁၁ တွင် စကားလုံး MIQUDAS rS KAOESH  သို့လည်းကောင်း၊ အခန်းငယ် ၁၃-၁၄ တွင်လည်း သန့်ရှင်းရာဌာနကို ရည်ညွှန်းသည်) ဆေးကြောသုတ်သင်ကြလိမ့်မည်ဟု ပြန်၍ပြောဆို၏။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၈း၁၅-၁၉ “ငါဒံယေလသည် ထိုရူပါရုံကို မြင်၍ အနက်ကိုရှာဖွေသောအခါ၊ လူသဏ္ဌာန်ရှိသောလူတစ်ဦးသည် ငါ့ရှေ့တွင်ရပ်နေ၏။ အခြားသောသူက အိုဂါဗြေလ၊ ထိုသူသည် ယခုမြင်သော ဗျာဒိတ်ရူပါရုံကို နားလည်စေခြင်းငှာ အနက်ကို ပြန်ပြောလောဟု၊ ဥလဲမြစ်နားကြားမှာ လူအသံနှင့်ဟစ်၍ ပြောဆိုသည်ကို ငါကြား၏။ ထိုသူသည် ငါရပ်နေရာအပါးသို့လာလျှင်၊ ငါသည်ကြောက်ရွံ့၍ ပျပ်ဝပ်လျက်နေ၏။ ထိုသူက အချင်းလူသား၊ နားလည်လော့၊ ဤဗျာဒိတ်ရူပါရုံသည် အမှုကုန်ရသောကာလနှင့် ဆိုင်သည်ဟု ငါ့အားပြောဆို၏။ ထိုသို့ဆိုသောအခါ ငါသည်မြေပေါ်မှာပျပ်ဝပ်၍ မိန်းမောတွေဝေလျက်နေ၏။ ထိုသူသည် ငါ့ကိုလက်နှင့်တို့၍ ယခင်နေရာ၌မတ်တတ်နေစေပြီးလျှင်၊ ဒေါသအမျက်တော်အဆုံး၌ ဖြစ်လတ္တံ့သော အရာကို ငါကြားပြောဦးမည်၊ ချိန်းချက်သော အချိန်၌ လက်စသတ်လိမ့်မည်။

အပိုင်းတိုင်းတွင် အဓိပ္ပါယ်ဖော်ပြခြင်း

         ဗျာဒိတ်ရူပါရုံတွင် သင်သည်အောက်ပါအချက်တို့တွင် ရှိကြသည်။

၁။     ချိုနှစ်ချောင်းနှင့်ရှိသောသိုး (အခန်းငယ် ၃-၄)

၂။     ဆိတ်ထီးတစ်ကောင်နှင့်သူ၏

၃။     ထူးဆန်းသောချိုချောင်းကျိုး၍

၄။     ချိုလေးချောင်းသည် နှိမ်နင်း၏ (အခန်းငယ် ၅-၈)

၅။     ချိုငယ်သည် တိုက်ခိုက်၍

၆။     ကောင်းကင်ဗိုလ်ခြေတိုင်အောင် (အခန်းငယ် ၁၀) နှင့် နောက်ဆုံးတွင်

၇။     ဗိုလ်ခြေသခင်တိုင်အောင် (အခန်းငယ် ၁၁) ၎င်းနောက် သင်သည်

၈။     ရက်ပေါင်း ၂၃၀၀ ရှိသည်။

         ဗျာဒိတ်ရူပါရုံအဆုံးတွင် ကောင်းကင်တမန်က အနက်အဓိပ္ပါယ်ကို၊ ချိုနှစ်ချောင်းရှိသော သိုးသည် မေဒိ- ပေရသိနိုင်ငံဖြစ်ကြောင်းကို ဖော်ပြသည်။ (ငယ် ၂၀)။ သူသည်ဆက်လက်၍ ထိုဆိတ်ထီးသည် ဟေလသနိုင်ငံကို ပုံဆောင်ပြီး သူ၏ထင်ရှားသောချိုသည် သူ၏ ပထမရှင်ဘုရင်ဖြစ်သည် (ငယ် ၂၁)။ သူသည် ဆက်လက်၍ ကျွန်ုပ်တို့ကို ပြောပြသည်မှာ ထိုချိုလေးချောင်းသည် သူတို့၏ပထမရှင်ဘုရင်သေဆုံးပြီးသည်နောက် ဟေလသနိုင်ငံသည် ကွဲပြားခြင်းကို ပုံဆောင်သည် (ငယ် ၂၂)။ နောက်ဆုံးတွင် သူသည် ရှင်ဘုရင်တစ်ပါးပေါ်လာမည် (ငယ် ၂၃)။ ထိုဘုရင်သည် တန်ခိုးကြီးသော သူနှင့် သူတော်စင်တို့ကို တိုက်ခိုက်ဖျက်ဆီးမည် (ငယ် ၂၄)။ ၎င်းနောက်ထ၍ သခင်တို့၏ သခင်ကို ဆန့်ကျင်ဘက်ပြုလိမ့်မည် (ငယ် ၂၅)။

         ဒံယေလအခန်းကြီး ၈ ၏ ဖျတ်ကနဲဖြတ်သန်းခြင်းမြင်ကွင်းတွင် ဗိုလ်ခြေနှင့် ကောင်းကင်ကြယ်များကို ဗျာဒိတ်ရူပါရုံနှင့် တန်ခိုးကြီးသော သူနှင် သူတော်စင်တို့ကို ဗျာဒိတ်ရူပါရုံတွင်ပါရှိသော ရှင်းလင်းချက်သည် ထပ်တူထပ်မျှဖြစ်သည်။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၈း၂၀ ဒံယေလသည် MAREH စကားလုံးကို နားလည်းရန်၊ ဂါဗြေလကောင်းကင် တမန်သည့် CHAZOWN စကားလုံးကို စတင်ရှင်းပြသည်။ “ချိုနှစ်ချောင်းနှင့် ပေါ်လာသော သိုးငယ်သည် မေဒိရှင်ဘုရင်၊ ပေရသိရှင်ဘုရင်ဖြစ်၏။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၈း၂၁ ဆိတ်ထီးသည် ဟေလသနိုင်ငံဖြစ်သည်။ မျက်လုံးနှစ်လုံးကြားတွင် ပေါက်သောချိုကြီးသည် ပထမရှင်ဘုရင်ဖြစ်သည်။ “အမွေးကြမ်းသောဆိတ်သည် ဟေလသရှင်ဘုရင်ဖြစ်၏၊ မျက်စိနှစ်လုံးကြား၌ ရှိသောချိုကြီးသည် ပထမမင်းဖြစ်၏။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၈း၂၂ “ထိုချိုကျိုးပဲ့၍၊ သူ့အရာ၌ ချိုလေးချောင်းပေါက်သည်မှာ၊ အရင်နိုင်ငံတွင် နိုင်ငံလေးပါးတည်ထောင် လိမ့်မည်၊ အရင်နိုင်ငံ၏ တန်ခိုးနှင့် မပြည့်စုံကြ။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၈း၂၃ “ထိုနိုင်ငံတို့၏ အဆုံးစွန်သော ကာလ၌ လွန်ကျူးသော သူတို့၏ အပြစ်ပြည့်စုံသောအခါ၊ ရဲရင့်သော မျက်နှာရှိ၍ ပရိယာယ်တို့ကို နားလည်သော မင်းကြီးတစ်ပါး ပေါ်လာလိမ့်မည်။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၈း၂၄ “ထိုမင်းကြီးသည် ကိုယ်တန်ခိုးမရှိဘဲလျက် တန်ခိုးကြီးလိမ့်မည်၊ အထူးသဖြင့် ဖျက်ဆီး၍ တိုးပွားအောင်မြင်လိမ့်မည်၊ စွမ်းအားကြီးသောလူစု၊ သန့်ရှင်းသော လူစုကိုပင် ဖျက်ဆီးလိမ့်မည်။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၈း၂၅ “သူသည် လိမ္မာစွာပြုသဖြင့်၊ (ထက်မြက်သော နိုင်ငံရေးသမား) မုသားလည်း အောင်မြင်လိမ့်မည်။ စိတ်ထောင်လွှားခြင်းနှင့်တကွ (၂သက်အခန်းကြီး ၂) မိတ်သဟာယဖွဲ့သောအားဖြင့် လူများတို့ကို ဖျက်ဆီး၍၊ သခင်တို့၏ သခင်ကို ဆန့်ကျင်ဘက်ပြုလိမ့်မည်။ သို့သော်လည်း၊ လူလက်ဖြင့် ဒဏ်မခတ်ဘဲ ကျိုးပဲ့ပျက်စီခြင်းသို့ရောက်လိမ့်မည်။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၈း၂၆ “ညဦးနှင့်နံနက်ကို ဖော်ပြသော ဗျာဒိတ်ရူပါရုံစကားမှန်သည်ဖြစ်၍၊ ထိုစကားကို တံဆိပ်ခတ်လော့၊(CAHZOWN-ဒံ ၁၂း၄) တာရှည်သော ကာလတိုင်တိုင် တည်လိမ့်မည်ဟုဆို၏။

         အဓိပ္ပါယ်မဖော်ပြဘဲကျန်နေသော အရာတစ်ခုမှာ ရက်ပေါင်း ၂၃၀၀ ၏ အချိန်လိုအပ်ချက်ပင် ဖြစ်သည်။

         ဒံယေလအနာဂတ္တိကျမ်း ၈း၁၃၊ ၁၄ ၏ အသွင်အပြင်။ အစကနဦးမည်ကဲ့သို့ ဖြစ်ပေါ်လာသည်ကို မသိဘဲ မည်သည့်အချိန်တွင် ဆုံးခန်းရောက်မည်ကို မည်ကဲ့သို့ သိနိုင်မည်နည်း။ ရက်ပေါင်း ၂၃၀၀ သည် မည်သည့် အချိန်၌ အစပြုသည်ကို ရှင်းပြချက်ရှာရန် မည်သည့်နေရာတွင် သင်သည် မျှော်လင့်သနည်း။ နောက်အခန်းကြီးတွင် မည်ကဲ့သို့ဖြစ်သနည်း။

         ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၈း၂၇ “ထိုအခါ ငါဒံယေလသည် မော၍ နာလျက်နေ၏၊ တစ်ဖန်အနာမှထမြောက်၍ ရှင်ဘုရင်၏ အမှုတော်ကို ဆောင်ရွက်၏၊ မြင်ပြီးသော ဗျာဒိတ်ရူပါရုံကို ငါအံ့ဩသော်လည်း၊ ထိုအမှုကို အဘယ်သူမျှမရိပ်မိကြ။

No comments:

Post a Comment